← Chapters

ဓားတစ်သောင်းမူလပြန်ခြင်း ဓားကွက်

Vol. 8 Ch. 72

ဓားတစ်သောင်းမူလပြန်ခြင်း ဓားကွက်

Vol. 8 Ch. 72

“ရွှမ်း—“

ဓား မြည်သံ တစ်ခုသည် မြင့်မြတ်သော မြို့တော် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွား၏။

ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ ရေတွက်မရသော ဓားများ ကောင်းကင်ယံသို့ တက်သွားသည်ကို တွေ့လိုက်ရသည်။ထို့နောက်ထိုဓားများက အဆုံးမဲ့ ဓားအလင်းတန်း ကို သယ်ဆောင်လာကာဖန်းယွဲ့ မြင့်မြတ်သော မြို့တော်ကို ဖုံးအုပ်ထားသော သွေးရောင် အလင်းတန်းကို မဆိုင်းမတွ ခုတ်ဖြတ်သွားသည်...

ချက်ချင်းဆိုသလို အထက်ကောင်းကင်တစ်ခုလုံးသည် ဓားချီဖြင့် လုံးဝ ဖုံးလွှမ်းသွား၏။စူးရှပြီး တောက်ပသော ဓားအလင်းတန်းသည် တဖြည်းဖြည်း ပတ်ပတ်လည်တွင် နယ်ပယ်တစ်ခုကို ဖြစ်ပေါ်စေသည်။( /TL note :နယ်ပယ်= Domain Expansion)

ထိုအရာက က ဂျိချန်းဖန် ၏ ဓားနယ်ပယ် ပင်ဖြစ်၏။

“ရွှမ်း—“

ဓားချီက ရိုက်ခတ်သွားကာ ပတ်ဝန်းကျင်က သရဲတစ္ဆေများ ချက်ချင်း ဝိညာဉ် ပျောက်ကွယ်ပြီး ပျက်စီးသွားသည်!

ကောင်းကင်လည်း ထို အချိန်မှာ ပြန်လည်ကြည်လင်လာကာ

ဖျော့တော့သော နေရောင်ခြည်သည် ဖန်းယွဲ့ မြို့တော် ထဲသို့ ထွန်းလင်းလာသည်။ ကျင့်ကြံသူများ အသက်ရှင်ရန် မျှော်လင့်ချက် တစ်စွန်းတစ်စကို ခံစားလိုက်ရ၏။

“ကျင်းယွမ် ဂိုဏ်း ရဲ့ ရှန်ကျင်း အကြီးအကဲ ၊ ကျွန်တော်တို့ကိုကယ်ပါအုံး”

“ကျွန်တော် မသေသေးဘူး ကယ်ပါဦး”

“အဲဒီ ခွေးသားကြီး ဖန်းယွဲ့ လုပ်ရက်လိုက်တာ”

ထို အချိန်မှာ သေခြင်းနှင့်ရှင်ခြင်းကြား ရောက်နေသော လူတိုင်း ကဘိုး‌ေဘးဖန်းယွဲ့ ကို မကျိန်ဆဲဘဲ မနေနိုင်ကြပေ။ ထိုက အရင်တုန်းကနဲ့ သိသိသာသာ ကွာခြားနေ၏။ မကြာသေးခင်က သူတို့ ဖန်းယွဲ့ ကို ကာကွယ်နေကြတုန်းပါ သို့သော် နောက်တစ်စက္ကန့်မှာ သူတို့ ကာကွယ်ခဲ့တဲ့ ဖန်းယွဲ့ ဘိုးဘေး က သူတို့ရဲ့ အသက်ကို ယူချင်ခဲ့သည်။

ဒါ ဘယ်လောက်တောင် ရယ်စရာ ကောင်းလိုက်ပါသလဲ။

ကျိုးယိရှန်းက ရှောင်ဟွမ် ကို ပွေ့ဖက်ပြီး ထောင့်တစ်နေရာမှာ ပုန်းနေကာ သူ၏ အမူအရာက အနည်းငယ် မရေမရာ ဖြစ်နေသည်၊ သူ၏ လက်ထဲတွင် အသက်ကယ်အဆောင် တစ်ခုကို ဆုပ်ကိုင်ထားသည်၊ တစ်ခုခု မှားယွင်းသွားလျင် သူ၏ လက်ထဲက မြေကြောရှုံ့ အဆောင် ကို ချက်ချင်း အသက်သွင်းပြီး ရှောင်ဟွမ် နဲ့အတူ ဖန်းယွဲ့ မြို့ မှ ထွက်ပြေးဖို့ စီစဉ်ထားသည်...

“ခွမ်း”

ပျံသန်းသော ဓားများ တိမ်တိုက်များဆီသို့ လှည့်ပတ်ကာ တက်သွား၏။

နဂါးသတ်ဓား ၊ အမှောင်ဆီးနှင်းဓား၊ ထျန်းယား ဓားနှင့် ရေခဲနတ်ဘုရားဓားစသော မြင့်မြတ်သော ဓားလေးချောင်းသည် ပြင်းထန်သော ဓားအလင်းတန်းကို ထုတ်လွှတ်ကာ ဓားချီများ ထွက်ကာ အဆက်မပြတ် လှည့်ပတ်နေသည်။

ရှီဟောင် ၏ ရေခဲနတ်ဘုရားဓား သည် ကိုးကောင်းကင် နတ်လက်နက် မဟုတ်သော်လည်း

၎င်းကို နှစ်တစ်သောင်း သက်တမ်းရှိ ရေခဲ ပုံဆောင်ခဲများမှ သန့်စင်ဖန်တီးထားခြင်းဖြစ်ကာ ၎င်း၏ စွမ်းအားက အလွန် ကြောက်မက်ဖွယ်ကောင်းသည်။

“ခင်ဗျား၊ ကျွန်တော့်ရဲ့ ဒီဓားကို ရင်ဆိုင်ရဲလား?”

ဂျိချန်းဖန် ဘိုးဘေးဖန်းယွဲ့ ကို အေးစက်စက် အကြည့်ဖြင့် ကြည့်လိုက်၏။

ဂျိချန်းဖန်က လေထဲမှာ ရပ်နေကာ လက်တစ်ဖက်ကို နောက်ပစ်ထားသည်၊ ကျန်တစ်ဖက်က လက်ညှိညွှန်လျက် ဓားများကို ထိန်းချုပ်နေသည်။

“ခွမ်း —“

ပတ်ပတ်လည်တွင် ရေတွက်မရသော ဓားများသည် သူ၏ ခန္ဓာကိုယ်ကို ဝိုင်းရံထားကာ အဆက်မပြတ် ထက်ရှသော ဓားချီကို ထုတ်လွှတ်နေ၏။၊ ယင်းဓားတို့သည် “ဓားတစ်သောင်းမူလပြန်ခြင်း” ဓားကွက်ကို ဖွံစည်းနေသည်ပင်။

ဒီမြင်ကွင်းကို မြင်လိုက်ရသော

ဖန်းယွဲ့ ဘိုးဘေး ၏ မျက်လုံးများ အနည်းငယ် မှေးစင်းသွား၏။

ဖန်းယွဲ့၏ ဝတ်ရုံများလည်း လွင့်ပျံနေကာ၊ သူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် သွေးချီများလည်း ထွက်ပေါ်နေသည်။ထိုပုံစံမှာ ပြိုင်ဘက်ကင်းသော သွေး နတ်ဆိုး တစ်ပါးကဲ့သို့ဖြစ်၏။သူက ပြောလိုက်၏

“ဓားတစ်သောင်းမူလပြန်ခြင်း နဲ့ အမှောင်ဆီးနှင်းဓား၊ ကျင်းယွမ် ဂိုဏ်းမှာ မင်းလို ဓား အင်မော်တယ် တစ်ဦး ဘယ်တုန်းက ပေါ်လာခဲ့တာလဲ?”

ဖန်းယွဲ့ လေသံက အနည်းငယ် လေးလံနေကာ သူတွေးနေ၏။ သူသာ သွေးသန့်စင်ခြင်းမဟာတာအို ကို မကျင့်ကြံခဲ့လျင် သူ သည် သူ့ရှေ့က ဒီလူငယ်အတွက် ပြိုင်ဘက် ဖြစ်မည် မဟုတ်ပေ။

ဒါကို ကြားလိုက်ရတော့ ဂျိချန်းဖန် ညင်သာစွာ ပြုံးလိုက်ကာ

သူ ဖန်းယွဲ့ ၏ မေးခွန်းကို မဖြေဘဲ တည်ငြိမ်စွာ တစ်လှမ်း ရှေ့သို့ တိုးလိုက်သည်။

“ဖျတ်—“

ဓားအလင်းတန်းတစ်ခုက ကောင်းကင်သို့ ဓားဆန္ဒတစ်ခု ဖောက်ထွက်သွား၏။

“ကျင်းယွမ် ဂိုဏ်းက ဂျိချန်းဖန်၊ တာအိုမိတ်ဆွေ ဖန်းယွဲ့ကို စိန်ခေါ်ပါတယ်၊ လာပြီးအသေခံလော့ “

ဂျိချန်းဖန်၏ ရှင်းလင်းသော အသံသည် ပတ်ဝန်းကျင် ကောင်းကင်နှင့် မြေကြီး တစ်လျှောက် ပဲ့တင်ထပ်သွားသည်။

ချက်ချင်းဆိုသလို ဖန်းယွဲ့ မြို့တော်မှကျင့်ကြံသူများ သည် လုံးဝ အံ့အားသင့်သွားသည်။

ရေတွက်မရသော လေလွင့် ကျင့်ကြံသူများ၏ မျက်လုံးများ ကောင်းကင်ယံက ဝတ်ရုံဖြူဝတ် ပုံရိပ်ကို စိုက်ကြည့်နေကြသည်၊ သူတို့၏ မျက်လုံးများတွင် ထိတ်လန့်မှု အရိပ်အယောင် များပေါ်လာတာ တွေ့လိုက်ကြသည်။

“ကျင်းယွမ် ဂိုဏ်းမှ ဂျိချန်းဖန် ဒါ ကျင်းယွမ် ဂိုဏ်းက ဘယ် အကြီးအကဲလဲ ဘာလို့ ငါ တစ်ခါမှ မကြားဖူးတာလဲ”

“ကျွန်တော်လည်း မကြားဖူးဘူး။ ကျင်းယွမ် ဂိုဏ်းမှာ ဂျိချန်းဖန်းဆိုတဲ့ ရှန်ကျင်းအဆင့်အကြီးအကဲတစ်ယောက်ရှိပုံမရဘူးနော်”

“တောင်ထွတ် သခင် ခုနစ်ပါးထဲက တစ်ယောက်မှ ဂျိ မျိုးရိုးနဲ့ မရှိဘူး...”

ပတ်ဝန်းကျင်က လေလွင့် ကျင့်ကြံသူများ စိတ်အားထက်သန်စွာ ဆွေးနွေးကြ၏။

ရှီဟောင်က ထိုပုံရိပ်ကို မှင်သက်စွာ စိုက်ကြည့်နေကာ သူ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင် ပေါ်လာ၏။ထိုကဲ့သို့‌သော လူမျိုးထံ၌သာ နောက်လိုက်လုပ်ရန် ထိုက်တန်သည်ပင်။ ထိုကဲ့သို့ လူမျိုးသာလျှင် ကျင်းယွမ် ဂိုဏ်းကိုအဆုံးမဲ့ ဂုဏ်ကျက်သရေများ ရရှိရန် ဦးဆောင်နိုင်မည်ဖြစ်၏။

လုရွှယ်ချီ၏ မျက်လုံးများတွင်သိမ်မွေ့သော အလင်းတစ်ချက် လင်းလက်သွားကာ သူမ ဂျိချန်းဖန်၏ နောက်ကျောကို တိတ်ဆိတ်စွာ ကြည့်နေသည်၊ သူမ၏ စိတ်ထဲမှာ မကြာသေးမီက ကျင်းပခဲ့သော တောင်ထွတ် ခုနစ်ခု ပြိုင်ပွဲ ကို ပြန်လည် အမှတ်ရနေပုံရသည်၊ အဲဒီအချိန်က...

သူမ သည်လည်း ဒီလိုပဲ စိတ်ဓာတ် ထက်သန်ပြီး ရည်မှန်းချက် ကြီးမားခဲ့သည်။

ကျန်းရှောင်ဖန် ပတ်ဝန်းကျင်က လေလွင့် ကျင့်ကြံသူများ ဆွေးနွေးနေသည်ကို နားထောင်ပြီး အနည်းငယ် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်- “သတ္တမမြောက် အစ်ကိုကြီးက အကြီးအကဲ မဟုတ်ဘူး၊ သူက ကျင်းယွမ် ဂိုဏ်းကို ရောက်တာ ငါးနှစ်တောင် မပြည့်သေးတဲ့ တပည့်တစ်ယောက်ပါပဲ...”

ဒီစကားတွေ ထွက်လာသည်နှင့် ပတ်ဝန်းကျင်က လေလွင့် ကျင့်ကြံသူများ ချက်ချင်း အကြီးအကျယ် ထိတ်လန့်သွားကြ၏။

ဘာ…

ငါးနှစ်တောင် မပြည့်သေးဘူး ဝင်ခဲ့တာလား....

ဒါ...

သူတို့ ဂျိချန်းဖန်၏ နောက်ကျောကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြကာတွေးလိုက်ကြ၏။

ငါးနှစ်တောင် မပြည့်သေးဘဲ ဒီလို ကျင့်ကြံမှု ရှိနေတာလား

ဟူး— ဒါ ဘယ်လို ပါရမီရှင် မျိုးလဲ…

ထောင့်တွင်ရပ်နေသော ကျိုးယိရှန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားကာ သူ၏ နှလုံးသားသည်လည်း ကျန်းရှောင်ဖန်၏ စကားကြောင့် အလွန် ထိတ်လန့်သွားသည်။

ငါးနှစ်တောင် မပြည့်သေးဘဲ ရှန်ကျင်း ကျင့်ကြံမှု ရှိနေပြီလား? ဒါ...

ကျိုးယိရှန်း ဂျိချန်းဖန်ကို ကြည့်လိုက်ကာ သူ၏ နှလုံးသားထဲတွင် အနည်းငယ် သက်ပြင်းချလိုက်သည်— ဒီကလေးက အနာဂတ်မှာ ခေတ်တစ်ခေတ်ကို ဦးဆောင်မယ့်သူ ဖြစ်မှာ သေချာတယ်!

“ရွှမ်း ”

ကောင်းကင်ယံမှာ ဓားပေါင်း တစ်သောင်း က ကောင်းကင်ယံသို့ တက်လှမ်းသွားကာ မိုးရေစက်များကဲ့သို့ ကျလာသည် နောက်ဆုံးတွင် လေထဲမှာ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွား၏။

ထိုဓားကွက်ကို ဓားတစ်သောင်းမူလပြန်ခြင်း ဟူ၍ အမည်ပေးထားသည်။

“ရွှတ်”

ချက်ချင်းဆိုသလို အမှောင်ဆီးနှင်းဓား အပါအဝင် ကိုးကောင်းကင်နတ်လက်နက် ဓားလေးချောင်း ပါဝင်သော ဓားအလင်းတန်းသည် ဘိုးဘေးဖန်းယွဲ့ ကိုချက်ချင်း ခုတ်ပိုင်းသွားသည်။

“မဟုတ်ဘူး ”

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ဘိုးဘေးဖန်းယွဲ့ အကြီးအကျယ် ထိတ်လန့်သွားက သူ၏ လက်ထဲမှ ဝိညာဉ် တစ်ရာ နဖူးစည်း ကို လျင်မြန်စွာ လှုပ်ယမ်းလိုက်၏။ ထို့‌နောက်ကြောက်မက်ဖွယ် သွေးချီများကို စုစည်းလိုက်ကာ သူ့ရှေ့တွင် သွေးဒိုင်းကာတစ်ခုကိုဖြစ်ပေါ်စေလိုက်သည်။

“ဝုန်း—“

ဧရာမ ဓားသည် ဒေါင်လိုက် ကျဆင်းလာကာ ယင်းဓား၏ ထက်ရှသော ဓားသွားပြီး ဘိုးဘေးဖန်းယွဲ့ ၏ ဒိုင်းကာကို ဖြည်းဖြည်းချင်း ချိုးဖျက်သွား၏။ထိုအခါ ဖန်းယွဲ့က အော်ဟစ်လိုက်သည်-

“မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး”

“ငါ သွေးသန့်စင်ခြင်း မဟာတာအို ကို ကျင့်ကြံထားတယ်၊ ဘယ်သူက ငါ့ကို သတ်နိုင်မှာလဲ၊ ဘယ်သူက ငါ့ကို သတ်နိုင်မှာလဲ”

ဖန်းယွဲ့ သည် ရူးသွပ်သွားကာ သူ၏ မျက်လုံးများမှ သွေးများယိုစီးကျလာကာ သွေးချီများစုစည်းလိုက်၏။

“ငါ့အတွက် ဖျက်ဆီးပစ်စမ်း ”

ဘိုးဘေးဖန်းယွဲ့ သည် သူ၏ ခန္ဓာကိုယ်ထဲက စွမ်းအင်သွေး အားလုံးကို စုစည်းလိုက်သောကြောင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်း ခြောက်သွေ့သွားသည်။ သူ၏ ရဲရဲနီနေသော မျက်လုံးများ သည်လုံးဝရူးသွပ်သွားမှုကို ဖော်ပြနေခဲ့ပြီးဖြစ်၏။

“ဝုန်း—“

ဖန်းယွဲ့ ဘိုးဘေး သည် သူ၏ အသက်သွေးများအားလုံးကို လောင်ကျွမ်းစေကာ ဂျိချန်းဖန်၏ ဓားကို တားဆီးခဲ့သော်လည်း တားဆီးမရနိုင်ခဲ့ပေ။

“ဝီ”

အမှောင်ဆီးနှင်းဓားက အတားအဆီး အလွှာများကို ဖြတ်ကျော်သွားကာ ဖန်းယွဲ့ ၏ နှလုံးသားကို ထိုးဖောက်ဝင်ရောက်သွား၏။

“ဖုန်း—“

ထို့နောက် သူ့ကို မြို့ရိုးတွင် ဓားဖြင့် ချိတ်ဆွဲထားလိုက်သည်။

ထိုအချိန်တွင် ဖန်းယွဲ့ နားလည်သဘောပေါက်သွားသောအရာ

က သူ သွေးသန့်စင်ခြင်း မဟာတာအိုကို ကျင့်ကြံခဲ့ရင်တောင် ဒီလူငယ်ရဲ့ ပြိုင်ဘက် မဟုတ်ခဲ့ခြင်းကိုပင်။

“ဝှီး”

တစ်ချိန်တည်းမှာပင် ပျံသန်းသော ဓား ထောင်ပေါင်းများစွာ ကျဆင်းလာကာ ဖန်းယွဲ့ဘိုးဘေး ကို ထပ်မံ၍ ထိုးဖောက်သွား၏

ထိုအရာက ဖန်းယွဲ့ ၏ အလောင်းကို ပင် တစစီဖြစ်လုနီးနီး ဖြစ်သွားစေ၏။

ဖန်းယွဲ့မြို့တော်တစ်ခုလုံး တိတ်ဆိတ်သွားကာ

လူတိုင်း မှင်သက်စွာ စိုက်ကြည့်နေကြသည်။

မြို့ရိုးပေါ်တွင် ဓားများ စိုက်ဝင်‌ နေကာ ဖန်းယွဲ့ ၏ ခြောက်သွေ့နေသော ရုပ်အလောင်းကို ဓားများ ဖြင့် ထိုးဖောက်ကာ မြို့ရိုး၌ ခိုင်မြဲစွာ ရိုက်နှက်ထားလိုက်၏။

“ပြန်လာခဲ့။”

ဂျိချန်းဖန် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ကာ နတ်ဓားလေးချောင်းကို ပြန်ခေါ်လိုက်သည်။

သူ၏ အကြည့်သည် အောက်မှ ဖန်းယွဲ့ မြို့တော်တစ်ခုလုံးကို ဖုန်းအုပ်ထားသော မဟာအစီအရင်ကိုကြည့်ကာ ဓားဖြင့်ပိုင်းချလိုက်၏။

“ဗြိ”

နောက်တစ်ခဏတွင် ကျယ်ပြောသော ဓားချီများ စီးဆင်းလာကာ ဓားချီသည် မဟာအစီအရင် ကို ချက်ချင်း ဆုတ်ဖြဲ ဖျက်ဆီးပစ်လိုက်တော့သည်။

All Chapters