← Chapters

ဖန်သားရောင် ဓား…

Vol. 46 Ch. 676

ဖန်သားရောင် ဓား…

Vol. 46 Ch. 676

အပျက်အစီးတွေ ကြားထဲမှာပဲ..ဆန်နီ ၊ ကိုင် နဲ့ အယ်ဖီ တို့ဟာ စိတ်ရှုပ်ထွေးတဲ့ အမူအရာတွေနဲ့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေခဲ့ကြတယ်..။ရန်သူလာရင် အဆင်သင့်ဖြစ်နေစေဖို့ အတွက် သူတို့ရဲ့ လက်နက်တွေကို လေပေါ်မှာ မြှောက်ထားကြဆဲပါပဲ..။သို့ပေမယ့်..ပတ်ဝန်းကျင်မှာ ဘာရန်သူမှ ရှိမနေခဲ့ပေ..။

လုံးဝကို တိတ်ဆိတ်နေခဲ့တာပါ..။

ဆန်နီ ဟာ ပျက်ဆီးနေတဲ့ ခန်းမကြီးကို သတိနဲ့ ကြည့်ရူနေခဲ့ပြီးမှ..မြစိမ်းရောင် အဆောင်ကို ဖြည်းညှင်းစွာ ထုတယူလိုက်ပါတယ်..။ယင်းနောက် ကလေးမလေးကို မေးခွန်းထုတ်တဲ့ အမူအရာနဲ့ ကြည့်လိုက်ပြီး..

“အယ်ဖီ…ငါ့ကို ပြောပါဦး..ဒီ ဘုရားကျောင်းရဲ့ တစ်နေရာရာမှာ သူတော်စင်တစ်ယောက် အိပ်ပျော်နေတာ မရှိဘူးလား..”

သူမ မျက်မှောင်ကျုတ်ပြီး ခေါင်းခါယမ်းလိုက်တယ်..။

ဆန်နီ စိတ်ရှုပ်ထွေးသွားခဲ့ပြီး..

“အာ..ချားလစ် ဘုရားကျောင်းထဲမှာ ဖန်းဆီးထားတဲ့ ထိပ်လန့်စရာ သတ္တဝါတွေရော မရှိဘူးလား..။ပြီးတော့ ငါတို့ တစ်ခုခုကို လွတ်သွားအောင် လုပ်လိုက်မိသေးလား..။ဒါမှမဟုတ် ရှေးဟောင်း ကျိန်စာမျိုးတွေပေါ့..”

ကလေးမလေးဟာ သူမရဲ့ နှာဖူးပေါ်က ချွေးတွေကို အရင်သုတ်လိုက်တယ်..။ယင်းနောက် ညှင်သာတဲ့ ကလေး အသံလေးနဲ့ ပြောလာခဲ့ပါတယ်..။

“ငါ သိသလောက်တော့ မရှိဘူး..အာ…မရှိဘူး..ဘာသတ္တဝါမှ မရှိဘူး..ဒါမှမဟုတ် ကျိန်စာတွေရောပဲ..”

ဆန်နီ အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်တယ်..။

“ဒီတော့..ငါတို့…တကယ် နိုင်သွားကြတာလား..။ဒီလောက်လေးနဲ့လေ..”

အယ်ဖီက သူ့ကို စိုက်ကြည့်လိုက်ပြီး ဒေါသတကြီးပြောလိုက်တယ်..။

“ဒီလောက်လေးနဲ့ ဆိုတာ နင်ဘာကိုဆိုလိုတာလဲ..။ငါတို့က..နိုးထသူ အယောက်လေးငါးဆယ်ကို သတ်ပစ်ပြီး နင်တစ်ယောက်ထဲနဲ့တင် တက်ရောက်မူအဆင့် ချန်ပီယံ သုံးယောက်ကို အနိုင်ယူခဲ့တာလေ..။ဒါတောင် လုံးဝဖျက်ဆီးလို့ မရနိုင်တဲ့ ချားလစ် ဖလားကြီးကို ဖျက်ဆီးပစ်လိုက်တာကို မပြောသေးဘူး..။စကားမစပ်..ဒီအရာတွေက နင့်အတွက် လုံလောက်အောင် မခက်ခဲသေးတာလား..နတ်မိစ္ဆာ အရူး..”

သူ အနည်းငယ်စိတ်ဝင်စားသွားပြီး တွေးကြည့်လိုက်တယ်..။

“ကောင်းပြီလေ…နင်ဒီလိုပြောမှ..ဒါက နည်းနည်း ခက်ခဲတဲ့အရာတစ်ခုလို ဖြစ်သွားတော့တယ်..”

သူတို့သုံးယောက်စလုံး…အထူးသဖြင့် ဆန်နီက တကယ်ကို မယုံနိုင်စရာ အခြေအနေကို ဆောက်ရွက်နိုင်ခဲ့ကြတာပါ..။သို့ပေမယ့် ဒါက အတော်လေးကို ထူးဆန်းသလို ခံစားနေခဲ့ရတယ်..။သူက လက်ချောင်းတွေ ၊ ခန္တာကိုယ် အစိတ်အပိုင်း ဒါမှမဟုတ် နှလုံးတွေ တစ်ခုမှ ဆုံးရှုံးခြင်း မရှိခဲ့ပါဘူး..။

ကောင်းပြီလေ…သူက ဦးချိုတစ်ဝက်တော့ ဆုံးရှုံးခဲ့ပါတယ်..။ဒါကလည်း ထည့်တွက်ဖို့ လိုအပ်တယ်မလား..။

အမှန်တော့ ဒီ တိုက်ပွဲက အနိုင်ရဖို့ လွယ်ကူတာ မဟုတ်ပါဘူး..။သို့ပေမယ့်..သူ ထင်ထားသလောက်တော့ ပေးဆပ်ခဲ့ရတာမျိုး မရှိခဲ့ပေ..။

တက်ရောက်မူအဆင့် သုံးယောက်ဆိုတာက ဟာသမဟုတ်ပါဘူး..။အကြောက်အလန့်ကင်းတဲ့ စစ်ပွဲမိန်းမပျိုတွေ ဆိုရင်တော့ ပြောစရာတောင် မလိုတော့ပေ..။ကံကောင်းချင်တော့ ဆန်နီက သူတို့ကို ချားလစ် ဖလားကြီး ပေါက်ကွဲပြီးတဲ့ အချိန်ကြမှသာ ရင်ဆိုင်ခဲ့ရတာပါ..။ပြီးတော့..သူက ချားလစ်ဖလားကြီးကို ထိခိုက်အောင်လုပ်ပြီး နတ်ဘုရားမီးတောက်တွေကို ပေါက်ကွဲထွက်စေနိုင်ခဲ့တယ် ဆိုတာက..စစ်မှန်တဲ့ မှော်စွမ်းအားတွေကို မြင်နိုင်စွမ်းရှိတဲ့ သူ့ရဲ့ စွမ်းရည်ကြောင့်ပါပဲ..။

ဒီတော့..ဒီမှာ အနိုင်ရရှိခဲ့တာက…အနီရောင်တိုက်ပွဲကွင်းပြင်မှာ အသက်ရှင်သန်ခဲ့တဲ့ နေ့ရက်တွေနဲ့ …မရေမတွက်နိုင်တဲ့ အိပ်မက်ဆိုးတွေကနေ တတိယအရိပ်ကို ရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေ ကြောင့်ပါပဲ..။

..ပြီးတော့ ကံကောင်းမူ အနည်းငယ် ကြောင့်လည်း ပါဝင်ပါတယ်..။

သူ သက်ပြင်းချလိုက်ပြီး သံသယဖြစ်စွာ မေးလိုက်တယ်..။

“ဒီတော့…ဘာလဲ..။ငါတို့က ဒီတိုင်း…သွားလို့ရပြီလား..”

အယ်ဖီက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီးကာမှ..သူမရဲ့ အကြည့်က ကြမ်းပြင်ပေါ်မှာလှဲနေတဲ့ ဆံပင်အဖြူနဲ့ အမျိူးသမီးဆီမှာ ရပ်တန့်သွားခဲ့ပါတယ်..။သူမရဲ့ မျက်နှာက အနည်းငယ် သုန်မုန်နေခဲ့ပြီး ရိုးရှင်းစွာ ပုခုံးတွန့်လိုက်တယ်..။

“မီးတောက်တွေနဲ့ ဆက်ပြီး အကင်မခံချင်ရင်ပေါ့…။ပြီးတော့ ငါတော့ ထွက်သွားသင့်တယ်လို့ ထင်တယ်..”

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့တဲ့ ကိုင်ကလည်း ပတ်ဝန်းကျင်းကို လှည့်ပတ်ကြည့်နေခဲ့ပါတယ်..။သို့ပေမယ့် သူ့ရဲ့ အကြည့်တွေက ပျက်ဆီးနေတဲ့ ခန်းမကြီးရဲ့ နံရံတွေကို ကျော်ပြီး ကြည့်နေခဲ့တာပါ..။ယင်‌ေးနာက် သူက ခေါင်းကို ပြန်ငုံ့ထားလိုက်တယ်…။

လူငယ်လေးက တစ်ခနလောက် စဉ်းစားပြီးကာမှ အက်ကွဲတဲ့ လေသံနဲ့ တိုးညှင်းစွာ ပြောလိုက်ပါတယ်..။

“ဂိုဏ်းမှာ…ဂိုဏ်းမှာ လေ့ကျင့်ပေးထားတဲ့ တစ်ခြား ကလေးတွေရော မရှိဘူးလား..။ငါတို့က သူတို့ကို ပါ ခေါ်သွားဖို့ လိုတယ်မလား..”

ဆန်နီ တုန့်ခနဲဖြစ်သွားခဲ့ပြီး သူ့ရဲ့ ဦးခေါင်းကို ရှက်ရွံ့စွာ ကုတ်လိုက်ပါတယ်..။

“အိုး..ဟုတ်သားပဲ..။ငါ…အာ..အဲတာကို မတွေးလိုက်မိဘူး..။စစ်ပွဲ အမျိုးသမီးတွေက..မိဘမဲ့ကလေးတွေကို စောင့်ရှောက်ထားတယ်လို့ လူသိများတယ်မလား..။သူတို့က ဘယ်မှာလဲ…”

ကလေးတစ်သိုက်ကို ဂရုစိုက်ပေးရမှာကို တော့ သူလည်း သိပ်ပြီး ပျော်ရွင်တာ မဟုတ်ပါဘူး..။အထူးသဖြင့် သူက သူတို့ရဲ့ အရင်စောင့်ရှောက်သူတွေကို သတ်ဖြတ်ပြီးတဲ့ အချိန်မှာပါ..။သို့ပေမယ့် သူတို့ကို ဒီနေရာမှာပဲ..ထားခဲ့ဖို့ဆိုတဲ့ အကြံဉာဏ်က ကောင်းတဲ့ အကြံတော့ မဟုတ်ပေ..။သူတို့က အိပ်မက်ဆိုးရဲ့ စိတ်ကူးယဉ်ပုံရိပ်တွေ ဟုတ်ဟုတ် မဟုတ်ဟုတ်ပါ..။

ဘာပဲဖြစ်ဖြစ် အဆုံးမှာတော့..နိုတစ်က ဒီကလေးတွေကို မြင့်မြတ်နယ်မြေမှာ စောင့်ရှောက်ထားမှာပါပဲ..။

အယ်ဖီရဲ့ ကလေးဆန်တဲ့ မျက်နှာက တဖြည်းဖြည်းငြိမ်သက်သွားခဲ့တယ်..။ပြီးတော့ သူမက ကိုင် အစောက ကြည့်နေခဲ့တဲ့ နေရာကို လှမ်းကြည့်လိုက်ပါတယ်..။သူမက အဝေးကို လှည့်လိုက်ပြီး ထူးဆန်းတဲ့ လေသံနဲ့ပြောလာခဲ့တယ်..။

“အာ..အစတုန်းကတော့ ငါနဲ့ အတူ ကလေးတစ်ချို့ ရှိနေခဲ့သေးတယ်..။ဒါပေမဲ့…သူတို့က ကောင်းပြီလေ..သူတို့က မကျော်လွှားနိုင်ခဲ့ကြဘူး..”

သူမက ဆည်းဆာချိန်အမြုတေကို ရုတ်သိမ်းလိုက်ပြီး ..ကျောက်တုံးတွေပေါ်မှာ ပျံ့ကျဲနေတဲ့ ဓားတွေထဲက တစ်ချောင်းကို ကောက်ယူလိုက်ပါတယ်..။

“စစ်ပွဲမိန်းမပျိုတွေက ဆိုးဝါးတဲ့ လူတွေတော့ မဟုတ်ကြပါဘူး..။နင် သိတယ်မလား..အနည်းဆုံးတော့ သူတို့က အစပိုင်းမှာ ဒီလို မဆိုးဝါးကြဘူး..။ဒါပေမဲ့ တစ်ဝက်တစ်ပျက်ကို ရောက်လာတဲ့ အချိန်မှာတော့ ဂိုဏ်းက ပြောင်းလဲသွားခဲ့တယ်..။ငါ ယူထားတဲ့ ခန္တာကိုယ်ပိုင်ရှင် မိန်းကလေးက..သူတို့လက်ထဲကို ရောက်သွားတဲ့ အချိန်ကစပြီး..သူတို့…သူတို့အားလုံးက ရူးသွပ်သွားကြတဲ့ အတိုင်းပဲ…”

သူမ က နောက်ထပ် အလောင်းကောင် တစ်ခုဆီကိုလျောက်သွားလိုက်တယ်..။ပြီးတာနဲ့ အလေားင်းကို စိုက်ကြည့်နေပြီးကာမှ နောက်ထပ် ဓားတစ်ချောင်းကို ကောက်ယူလိုက်ပါတယ်..။

“သူတို့က ဆိုဗန် ဆိုတဲ့ တစ်ယောက်ကို သတ်ဖြတ်နိုင်တဲ့ စစ်သည်တော်တစ်ယောက်ကို ဖန်တီးဖို့အတွက်ပဲ စိတ်စွဲလမ်းနေခဲ့ကြတာလေ..။ဒီတော့ သူတို့ရဲ့ လေ့ကျင့်မူတွေက..ကြမ်းတမ်း၊ ရက်စက်ပြီး..လူသားမဆန်လောက်အောင်ကို ခက်ခဲလာခဲ့တယ်..။သူတို့ကတော့ ဒီအရာကို လေ့ကျင့်မူလို့ ပြောကြတာပဲ..။လေ့ကျင့်ခဲ့တဲ့ ကလေးတွေအားလုံးမှာ လက်တစ်ဆုပ်စာလောက်ကပဲ ရှင်သန်နိုင်ကြတယ်လေ..။ဒီအသုတ်ထဲမှာတော့..အာ..ငါက တစ်ယောက်တည်းသော သူပဲ..”

အယ်ဖီ သက်ပြင်းချပြီး ရပ်တန့်လိုက်တယ်..။ပြီးတော့..ဆံပင်အဖြူနဲ့ စစ်ပွဲမိန်းမပျိုကို ရှုပ်ထွေးတဲ့အမူအရာနဲ့ စိုက်ကြည့်နေခဲ့ပါတယ်..။

“ထူးဆန်းတယ်မလား..ဟုတ်တယ်နော်..။သူတိုက ငါတို့ကို မုန်းတီးနေတာမျိုးလည်းမဟုတ်ဘူး..။ဆန့်ကျင်ဖက်အနေနဲ့ သူတို့က ငါတို့ကို အကောင်းဆုံး စောင့်ရှောက်ပေးနေတယ်လို့တောင် ထင်ရတယ်..။ဒါပေမဲ့ ငါတို့ကို သတ်ဖြတ်တာကိုတော့ မရပ်နိုင်ခဲ့ကြဘူး..”

သူမက တစ်ခနလောက် တိတ်ဆိတ်ပြီးကာမှ..ထပ်ပြောလာခဲ့ပါတယ်..။

“ပြီးတော့ ဒီမိန်းကလေးတွေကလည်း သူတို့ကို နိုပ်စက်ညှင်းပန်းပြီး သတ်ဖြတ်ခံနေကြရတာတောင် သူတို့ကို သတ်ဖြတ်တဲ့သူတွေကို မမုန်းနိုင်ကြဘူး..။လူသားတွေက အတော်လေးကိုထူးဆန်းကြတယ်နော်…ဟုတ်တယ်မလား..”

ကလေးမလေးဟာ အတော်ကြာအောင် တိတ်ဆိတ်သွားပြီးကာမှ..ရုတ်တရက် ပြုံးလိုက်တယ်..။

“ဒီတော့ ဟုတ်တယ်..။ငါ ဒီနေရာကနေ အရမ်းကို ထွက်သွားချင်တယ်..။တကယ်လို့ ဘာမှ လုပ်စရာမရှိတော့ဘူး ဆိုရင်လည်းသွားကြတာပေါ့..”

ဆန်နီ တွေဝေနေပြီးကာမှ..ကိုင်ကို အယ်ဖီအနားကို သွားဖို့ အချက်ပြလိုက်ပါတယ်...။သူမက ဘာမှမဖြစ်သလို ဟန်ဆောင်နေခဲ့ပေမယ့်..ဒီနောက်ကွယ်မှာတော့ ဘုရားကျောင်းထဲမှာ ဖြစ်ပျက်ခဲ့တာတွေ ၊ ဘုရားကျောင်းကို သူတို့လုပ်ခဲ့တာတွေအတွက် စိတ်အနှောက်အယှက်ဖြစ်နေရတာ သေချာပါတယ်..။

ယင်းနောက်သူ တစ်ဖက်ကို လှည့်ပြီး..ချားလစ် ကျောက်တုံးကြီး ရှိနေတဲ့ နေရာကို ဦးတည်သွားလိုက်တယ်..။

သူ အနားကို ကပ်သွားတဲ့အချိန်မှာတော့ နတ်ဘုရားမီးတောက်ရဲ့ အပူချိန်က မခံမရပ်နိုင်လောက်အောင် ပါပဲ..။ဆန်နီဟာ နောက်တစ်ကြိမ်ဆိုသလိုပဲ..မြေအောက်ကမ္ဘာလက်နက်ရဲ့ တိုးမြှင့်မူ စွမ်းရဉ်တွေကို အသက်သွင်းလိုက်တယ်..။ယင်းနောက် လောင်ကျွမ်းနေတဲ့ ကျောက်တုံး အပိုင်းအစတွေကြားထဲမှာ ဂရုတစိုက်သွားလာလိုက်ပါတယ်..။

အရင်က ချားလစ်ဖလားကြီး ရှိနေခဲ့တဲ့ နေရာမှာတော့ မီးတောက်တွေနဲ့ ဝန်းရံခြင်းခံထားရတဲ့ ဖန်သားရောင် ဓားတစ်လက် ရှိနေခဲ့တယ်..။ဒီဓားက အဖြူရောင် မီးအလင်းတန်းတွေကို အလင်းပြန်နေခဲ့ပါတယ်..။အက်ကြောင်းတွေနဲ့ ပြည့်နေတဲ့ ကြမ်းပြင်ရဲ့ အခြေအနေကို ကြည့်ရသလောက်တော့ ဒီဓားက ပေါက်ကွဲမူတွေရဲ့ ဗဟိုချက်ဖြစ်ခဲ့တဲ့ ပုံပါပဲ..။

သို့ပေမယ့် သူ့ရဲ့ မျက်နှာပြင်ပေါ်မှာတော့ ခြစ်ရာတစ်ခုမှ ရှိမနေခဲ့ပေ..။

ဆန်နီ တစ်ခနလောက် တွေဝေနေခဲ့ပြီးကာမှ..ရှေ့ကိုတိုးပြီး..ဖန်သားရောင် ဓားကို ကောက်ကိုင်လိုက်တယ်..။ဒါက ပေါ့ပါးပြီး ထိတွေ့ရတာ အေးးစက်နေခဲ့ပါတယ်..။ဒါက သူအရင်က တွေ့ခဲ့ရတဲ့ အတိုင်းပါပဲ..။ဆန်နီ ဟာ သေချာစေဖို့အတွက် ဖန်သားရောင် ဓားရဲ့ အတွင်းထဲကို ကြည့်လိုက်ပါတယ်..။အထဲမှာတော့ ကံတရားကြိုးလေးတစ်ချောင်းက အဝိုင်းပုံသဏ္ဍာန် အဆုံးမရှိ ကွင်းဆက်ဖြစ်နေတာကို တွေ့လိုက်ရတယ်..။

တကယ်လို့ သူက ဒီဓားကို အိပ်မက်ဆိုးတွေထဲမှာ မမြင်ဖူးထားခဲ့ဘူး ဆိုရင်တောင်..တစ်ချက်မြင်လိုက်တာနဲ့တင် ဘာလဲ ဆိုတာကို တစ်ခါတည်း မှတ်မိလောက်မှာပါ..။

အင်မော်တယ်တစ်ယောက် သေဆုံးဖို့အတွက် သော့တစ်ချောင်း ..။ဆင်စွယ်ရောင် အရှင်သခင်ရဲ့ သေဆုံးမူအတွက်…။

…သူက ဒါကို တွေ့ခဲ့ပါပြီ…။

အပိုင်း ( ၆၇၆ ) ပြီး၏။

All Chapters