ပါရမီရှင်ကဆိုတာ ငါ့ရှေ့မှာဘာမှမဟုတ်ဘူး
Vol. 8 Ch. 73
သူတို့၏ မျက်စိရှေ့မှာ ပေါ်ပေါက်လာသော အရာအားလုံးက လူတိုင်းကို လုံးဝ အံ့အားသင့်စေခဲ့သည်။
ဖန်းယွဲ့ ဘိုးဘေး က သွေးသန့်စင်ခြင်း မဟာအစီအရင် ကို အသက်သွင်းပြီး သူတို့ အားလုံးကို သန့်စင်ဖို့ ရည်ရွယ်ခဲ့ပြီး ထို့နောက် ဖန်းယွဲ့ ဘိုးဘေး ကို ဂျိချန်းဖန် က မြို့ရို့းတွင် သံမှိုရိုက်သကဲ့သို့ ရိုက်သွင်းလိုက်၏။
လူတိုင်း အံ့အားသင့်စွာ ဂျိချန်းဖန်ကို ကြည့်လိုက်ကြကာ
သူတို့၏ မျက်လုံးများတွင် မယုံကြည်နိုင်ကြသော အရိပ်အယောင်များ ပေါ်ပေါက်လာသည်။
ကျိုးယိရှန်းသည်လည်း သူ၏ ‘နတ်ဘုရား လမ်းညွှန်“ တောင်ဝှေးကို ကိုင်ဆောင်ကာ ထောင့်တစ်နေရာမှ ထွက်လာသည်။ သူက သူ၏ မုတ်ဆိတ်ကို ညင်သာစွာ ပွတ်သပ်လိုက်ကာ ပြောလိုက်သည်-
“ဒီနေ့ မြင်တွေ့လိုက်ရတဲ့ ဓားတစ်သောင်းမူလပြန်ခြင်း ဓားကျင့်စဉ်က လဝက်အတွင်း နတ်ဘုရားနယ်မြေတစ်ခုလုံးကို တုန်လှုပ်စေမှာ သေချာတယ်”
ကျိုးယိရှန်းဆီက သည်မျှလောက် မြင့်မားတဲ့ အကဲဖြတ်ချက်ကို မြင်တွေ့လိုက်ရတဲ့အခါ ပတ်ဝန်းကျင်မှ လေလွင့် ကျင့်ကြံသူများ ပို၍ပင် စိတ်လှုပ်ရှားလာကြသည်။သူတို့၏အတွေးများမှာ
ထိုကဲ့သို့ မြင်ကွင်းမျိုးကို ကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်းက သူတို့ သေသွားရင်တောင် တန်ဖိုးရှိပါသည်ဟူ၍ပင်ဖြစ်၏။
လေလွင့် ကျင့်ကြံသူတစ်ဦးသည် မြို့ရိုးကို ညွှန်ပြကာ သူ၏ မျက်နှာက စိတ်လှုပ်ရှားမှုဖြင့် နီရဲနေ၏။ သူက စိတ်လှုပ်ရှားစွာပြောလိုက်သည် - “ကြည့် မြန်မြန် ကြည့် ကျွန်တော့်ရဲ့ မှော်ပစ္စည်း က ဖန်းယွဲ့ ဘိုးဘေး ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရိုက်သွင်းခံထားရတယ! ကျွန်တော်လည်း သူ့ကို သတ်တဲ့ နေရာမှာ ပါဝင်ခဲ့တယ်”
“ကျွန်တော့်ဟာလည်းပဲ”
“ငါ့ဟာလည်းပဲ”
“ငါ ဆုံးဖြတ်လိုက်ပြီ၊ ငါ့ရဲ့ မှော်ပစ္စည်းကို မြို့ရိုးပေါ်မှာ ဒီအတိုင်းပဲ ရိုက်သွင်းထားလိုက်တော့မယ်။ ပြန်မယူတော့ဘူး”
လေလွင့် ကျင့်ကြံသူတစ်ဦး စိတ်လှုပ်ရှားစွာ ကြေညာလိုက်၏။
ဖန်းယွဲ့ ဘိုးဘေး ကို သတ်တဲ့ ကြီးကျယ်တဲ့ တိုက်ပွဲမှာ ကိုယ်တိုင် ပါဝင်ခဲ့ရတာဟာ သူ့ဘဝ၏ အမြင့်မားဆုံးဂုဏ်ကျက်သရေပင်
ထိုစကားကို ကြားလိုက်ရသော ပတ်ဝန်းကျင်က လေလွင့် ကျင့်ကြံသူများလည်း သူတို့ရဲ့ မှော်ပစ္စည်းတွေကို ပြန်မယူတော့ဘဲ မြို့ရိုးပေါ်မှာ ဒီအတိုင်းပဲ ရိုက်သွင်းထားဖို့ ရွေးချယ်လိုက်ကြသည်၊ ဘာပဲဖြစ်ဖြစ်...
သူတို့ရဲ့ မှော်ပစ္စည်းတွေကို ပြန်ယူရင် နာမည်ကြီးတော့မှာမဟုတ်ချေ။
ဒါပေမယ့် ပြန်မယူဘူးဆိုလျှင်တော့သမိုင်းမှာ အမှတ်ရစရာ ဖြစ်သွားမှာ သေချာပါသည်။
“ဝှစ်––“
ဓားအလင်းတန်းတစ်ခုလင်းလက်ပြီးနောက်ချက်ချင်းပျောက် ကွယ်သွား၏။
ဂျိချန်းဖန်သည် လုရွှယ်ချီ နှင့် ဂိုဏ်းတူညီအကို နှစ်ယောက်၏ မှော်ပစ္စည်းများကို ထိန်းချုပ်ရင်း ဖန်းယွဲ့ မြို့တော်ဆီသို့ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့ကာ သူ၏ အကြည့်ကို မြို့တော် တစ်လျှောက် ဝှေ့ယမ်းလိုက်သည်။ ထို့နောက် ပြောလိုက်သည်- “အစ်ကိုကြီး ရှီ၊ ကျွန်တော် အကူအညီ လိုအပ်တဲ့ ကိစ္စတစ်ခု ရှိတယ်။”
သူ ပြောရင်းဆိုရင်း ရေခဲ နတ်ဘုရား ဓား ကို ကမ်းပေးလိုက်၏။
“ဘာများလဲ ညီငယ်၊ လွတ်လွတ်လပ်လပ် ပြောပါ”
ရှီဟောင် သူ၏ ရေခဲ နတ်ဘုရား ဓား ကို ယူလိုက်ကာ ဂျိချန်းဖန်ကို စပ်စုစွာ ကြည့် နေလိုက်သည်။
ဂျိချန်းဖန် ညင်သာစွာ ပြောလိုက်သည်- “ဒီ ဖန်းယွဲ့ မြို့တော် ဟာ ဘိုးဘေးဖန်းယွဲ့ ရဲ့ လက်အောက်ခံနယ်မြေ ဖြစ်တဲ့အတွက် သူ့ရဲ့ နောက်လိုက် တွေ အများကြီး ကျန်နေနိုင်တယ်။ အဲဒါတွေကို စာရင်းပြုစုဖို့ အစ်ကိုကြီး ရှီ ကို အကူအညီ တောင်းချင်တယ်”
“နောက်ပြီး ဒီ ဖန်းယွဲ့ မြို့တော် ကိုလည်း တစ်ယောက်ယောက်က လွှဲပြောင်းယူဖို့ လိုအပ်တယ်။ မဟုတ်ရင် ပြဿနာတွေ ဖြစ်လာနိုင်တယ်”
ရိုးရှင်းစွာ ပြောရလျှင်
ဒါဟာ တိုက်ပွဲ့၏ ဆုလာဘ် တွေကို စာရင်းပြုစုဖို့ တစ်ယောက်ယောက် လိုအပ်တယ်လို့ ဆိုလိုခြင်းဖြစ်၏။
ဒါကို ကြားလိုက်ရတော့ ရှီဟောင် သူ၏ ရင်ဘတ်ကို ပုတ်ကာပြောလိုက်သည်။
“စိတ်မပူပါနဲ့ ညီလေးဂျိ၊ ဒီကိစ္စကို အကို တာဝန်ယူမယ်”
လုံရှိုးတောင်ထွတ် ၏ အကြီးဆုံး တပည့် ဖြစ်သော ရှီဟောင်သည် ဤ မြို့တော် ကို ကောင်းကောင်း စီမံခန့်ခွဲနိုင်တဲ့ စွမ်းရည် ရှိတာ သေချာပါ၏။
“ညီငယ် ဂျိ၊ အကိုက ဒီ ဖန်းယွဲ့ မြို့ ကို နောက်ပိုင်း ဘယ်လိုမျိုး စီမံခန့်ခွဲရမလဲသာမသိတာ”
သူ ဒီမှာ အမြဲတမ်း နေပြီး စီမံခန့်ခွဲနေလို့ မရပါချေ။
ဒါကို ကြားလိုက်ရတော့ ဂျိချန်းဖန် ခဏလောက် စဉ်းစားပြီး ပြောလိုက်သည်- “ရပါတယ်။ ကျွန်တော်တို့ ကျင်းယွမ် ဂိုဏ်းကို ပြန်ရောက်တဲ့အခါ ဂိုဏ်းခေါင်းဆောင်ကြီး ကို သတင်းပို့ပြီး ဂိုဏ်းက အကြီးအကဲ တစ်ဦးကို လာရောက် အုပ်ချုပ်
ခိုင်းလို့ရပါတယ်...”
ဖန်းယွဲ့ မြို့တော် ကို လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာ တည်ထောင်ခဲ့တာ ဖြစ်သည်။
၎င်း၏ အရွယ်အစားသည် နတ်ဘုရားနယ် မြေ တွင် အကြီးဆုံး မြို့တော် ဖြစ်လာခဲ့ပြီး အရေးပါသော မြို့တစ်ခုဟူ၍ ယူဆနိုင်သည်။ ကျင်းယွမ် ဂိုဏ်းကသာ လွှဲပြောင်းယူလိုက်လျှင်
ထိုအရာက အနာဂတ်မှာ ကျင်းယွမ် ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ကို သိသိသာသာ တိုးမြှင့်ပေးမှာ သေချာသည်ပင်။
“ကောင်းပြီ။” ရှီဟောင် ခေါင်းညိတ်လိုက်သည်။
ထိုအချိန်၌ ကျိုးယိရှန်းသည် သူ၏ ‘နတ်ဘုရား လမ်းညွှန်’ တောင်ဝှေး ကို ကိုင်ဆောင်ကာ လျှောက်လာကာ ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်-
“မင်းတို့ ကျင်းယွမ် ဂိုဏ်းကို ပြန်ဖို့ စီစဉ်နေတာလား?”
“အကြီးအကဲမှာ အကြံဉာဏ် ပေးစရာ တစ်ခုခုများရှိလို့လား?” ကျန်းရှောင်ဖန် စပ်စုစွာ မေးလိုက်သည်။
သူက ကျိုးယိရှန်း ပြောစရာ တစ်ခုခု ရှိပုံရသည်ကို သိလိုက်ကာ
ရှီဟောင်နှင့် အခြားသူများကလည်း ကြည့်လိုက်ကြသည်။
“ဟဲဟဲ~” ကျိုးယိရှန်း ပြုံးပြီး သူ၏ မုတ်ဆိတ်ကို ပွတ်သပ်လိုက်ကာ နက်နဲစွာ ပြောလိုက်သည်-
“မကြာသေးခင်က အထက်လမ်းစဉ်ဖြောင့်မတ်တဲ့ အမှန်တရားဘက်တော်သား ဂိုဏ်းတွေနဲ့ နတ်ဆိုးကျင့်ကြံသူဂိုဏ်းတွေက လီပေါ်တောင် (ရှေ့ပိုင်းက လွှေ့ပေါ် တောင် ဟုသုံးခဲ့ ၊ သို့သော် စာဖတ်သူများဖတ်ရ အဆင်ပြေစေရန် ပြောင်းလိုက်ခြင်းဖြစ်ပါ၏) ကို ရတနာ တွေပေါ်လာ တယ်ဆိုပြီး အကြီးအကဲတွေ လွှတ်လိုက်ကြတယ်လေ မင်းတို့မသိကြဘူးလား “
ဒါကို ကြားလိုက်ရတော့ အကုန်လုံး အံ့အားသင့်သွားကြ၏။
ကျန်းရှောင်ဖန် ခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်- “အကြီးအကဲ ကျွန်တော်တို့ ကျင်းယွမ် ဂိုဏ်းကနေ ထွက်လာတာကြာပြီ ၊ ဂိုဏ်းက စီစဉ်ပေးထားတဲ့ အပြင်ဘက်က အလုပ်တွေကို ပြီးအောင် လုပ်နေတာ၊ ဒါကြောင့် ဒီကိစ္စကို မသိပါဘူး...”
ထိုသို့ပြောပြီးနောက် ကျန်းရှောင်ဖန်က ဂျိချန်းဖန်ကို ကြည့်လိုက်သည်။
“သတ္တမမြောက် အစ်ကိုကြီး၊ နောက်ထပ် ကျွန်တော်တို့ လီပေါ် တောင် ကို သွားသင့်လား ဒါမှမဟုတ် ကျင်းယွမ် ဂိုဏ်းကို ပြန်သင့်လား?”
လုရွှယ်ချီလည်း ကြည့်လိုက်ကာ သူ၏ အဖြေကို စောင့်မျှော်နေပုံရသည်။
ဒါကို ကြားလိုက်ရတော့ ဂျိချန်းဖန် စဉ်းစားဟန်ဖြင့် ပြောလိုက်၏
“ကျွန်တော်တို့ ကျင်းယွမ် ဂိုဏ်းက အကြီးအကဲတွေ အားလုံး လီပေါ် တောင် ကို သွားကြပြီဆိုရင် လမ်းကြုံ သွားကြည့်လို့လည်း အဆင်ပြေပါတယ်”
သူ လီပေါ် တောင် ကိစ္စကို သိတာ ကြာပါပြီ။သို့သော်
သူ ထိုကိစ္စကို ထုတ်ပြောဖို့ အခွင့်အရေး ရှာမတွေ့သေးခြင်းပင်။
သူက ကျိုးယိရှန်း ထိုအချိန်မှာ ပြောလိုက်လိမ့်မည်ဟု မမျှော်လင့်ခဲ့မိပါချေ။
ဒါပေမယ့် ဒါလည်း ကောင်းပါသည် ထိုလူက သူ၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးခဲ့သည်။
ဂျိချန်းဖန် ထို့နောက် ရှီဟောင်ကို ကြည့်လိုက်ကာ ပြောလိုက်သည်-
“အစ်ကိုကြီး ရှီ ဒီမြို့ ကို စောင့်ကြပ်ဖို့ အကိုကြီးကို ဒီမှာ ထားခဲ့ရတော့မှာကို စိုးရိမ်မိတယ်။ မဟုတ်ရင် အခြေအနေထိန်းဖို့ တစ်ယောက်မှ မရှိရင် အဲဒီ လေလွင့် ကျင့်ကြံသူတွေ ပြဿနာ ရှာမှာကို စိုးရိမ်ရတယ်။”
“ကောင်းပြီ။” ရှီဟောင်ခေါင်းညိတ်လိုက်ကာသဘောတူလိုက်၏။
သူတို့ လေးယောက်ထဲမှာ သူသာလျှင် မြို့တော် မှာ နေပြီး စောင့်ကြပ်ဖို့ အသင့်တော်ဆုံး ဖြစ်၏။ တခြားသူတွေကတော့ သိပ် မသင့်တော်ပါချေ။
ကျန်းရှောင်ဖန်က ရိုးသားပြီး ထိုကိစ္စတွေကို မကိုင်တွယ်တတ်ပါ ချေ။ လုရွှယ်ချီက သဘာဝအတိုင်း အေးစက်စက်နှင့် ဖြစ်ပြီး ထိုကိစ္စတွေကို စီမံခန့်ခွဲမှာ မဟုတ်ပါ ချေ၊ ဂျိချန်းဖန်ကတော့ ပိုပြီးတောင် မဖြစ်နိုင်ပါ။
သူ အနာဂတ်မှာ ကျင်းယွမ် ဂိုဏ်းခေါင်းဆောင် ဖြစ်လာလျှင်ပင်
သူက ငပျင်းခေါင်းဆောင် ဖြစ်လာနိုင်ချေ များ၏။
ထို့ကြောင့် ရှီဟောင်က ထိုမြို့၌ ကျန်နေခဲ့ပြီး ကျန်သူများက အရှေ့ပင်လယ် မှ လီပေါ် တောင် သို့ သူတို့၏ ခရီးကို ဆက်ခဲ့ကြသည်။
အမြီးသုံးချောင်း နှင့် အမြီးခြောက်ချောင်း တို့သည်လည်း ရှီဟောင်ကို ကူညီရန် ဖန်းယွဲ့မြို့တော်တွင် ကျန်နေခဲ့ကြ၏။
ဘာပဲဖြစ်ဖြစ် ဂျိချန်းဖန် ပေးခဲ့သော ဆေးလုံးများ ကြောင့် အမြီးခြောက်ချောင်း ၏ ခန္ဓာကိုယ်ထဲက အအေး အဆိပ်က လောလောဆယ်အတွက် အန္တရာယ် သိပ်မပေးနိုင် တော့ပေ။
ထိုအချိန်မှစ၍ ဖန်းယွဲ့ မြို့တော် သည် ကျင်းယွမ် ဂိုဏ်း၏ တရားစီရင်ပိုင်ခွင့်အောက်သို့ တရားဝင် ကျရောက်ခဲ့သည်။
ဆယ်စုနှစ်များစွာ ကြာပြီးနောက်
တစ်စုံတစ်ယောက်က ‘ဖန်းယွဲ့’ အမည်ကို ‘ဝမ်ကျန်း (ဓားတစ်သောင်း) အဖြစ် ပြောင်းလဲဖို့ အဆိုပြုခဲ့သည်။
ထိုအခါ ထိုနေ့ ဖြစ်ပျက်ခဲ့သမျှ အားလုံးကို အမှတ်ရ စေရန်အတွက် အဆိုပြုချက်ကို နောက်ဆုံးတွင် လက်ခံခဲ့သည်...
ထို့ကြောင့်
ဖန်းယွဲ့ မြို့တော် ကို တရားဝင် ဝမ်ကျန်း မြို့တော် ဟု အမည်ပြောင်းလဲခဲ့သည်။(ဓားတစ်သောင်း မြို့တော်)
မြို့ရိုးပေါ်မှာ ရိုက်သွင်းထားတဲ့ မှော်ပစ္စည်းပေါင်း တစ်သောင်းဟာ ဝမ်ကျန်း နတ်ဘုရား မြို့တော်၏ထင်ရှား သော ဗိသုကာလက်ရာ ဖြစ်လာခဲ့သည်၊ နတ်ဘုရား နယ်မြေ တစ်လျှောက်က ဓား ကျင့်ကြံသူများ အားလုံး သည် ဝမ်ကျန်း မြို့တော် ကို သူတို့၏ တစ်ခုတည်းသော ဓားနယ်ပယ်၏ မြင့်မြတ်နယ်မြေဟု သတ်မှတ်ခဲ့ကြ၏။ နေ့တိုင်း မရေမတွက်နိုင်သော လူများသည် မြို့ရိုးအောက်တွင် ခြေထောက်ချိတ် ထိုင်နေကြကာ ဓား ဆန္ဒကို ခံစားနေကြ၏။ သူတို့သည် ‘အရှင်သခင် ဂျိ’ ငယ်စဉ်က ဖန်တီးခဲ့သော ဓားတစ်သောင်းမူလပြန်ခြင်း ဓားပညာရပ် ကို နားလည်ဖို့ ကြိုးစားနေကြနေလေသည် ၊ ဤ ကားအနာဂတ်၌ ဖြစ်လာမည့်အကြောင်းများတည်း။.