ပြောင်းလဲလာတဲ့ လေထု
Vol. 46 Ch. 678
သူတို့သုံးယောက်က မြင့်မြတ်နယ်မြေကို ဝင်ရောက်လာခဲ့ကြတယ်..။ယင်းနောက်မှာတော့ လှပတဲ့ ဉယျာဉ်လေးကို ဖြတ်ပြီး ရင်းနှီးတဲ့ သစ်သား တံခါးကနေ တဆင့် မှော်ဆရာရဲ့ ခြံဝန်းထဲကို ဝင်ရောက်လာခဲ့ကြပါတယ်..။အယ်ဖီကတော့ ဆန်နီရဲ့ ပုခုံးပေါ်မှာ ထိုင်နေဆဲဖြစ်ပြီး..သိချင်စိတ်ဖြစ်တဲ့ အမူအရာနဲ့ ကြည့်နေခဲ့တယ်..။
သို့ပေမယ့် အထဲမှာရှိနေတဲ့ အခန်းတွေက ဆန်နီ ပြီးခဲ့တဲ့ တစ်ခေါက်က မြင်ခဲ့တဲ့ အချိန်ကနဲ့ အတော်လေးကို ကွာခြားသွားခဲ့ပါပြီ..။
ဇိမ်ခံပရိဘောဂ တွေ နဲ့ နံရံတွေမှာ လှပစွာ အလှဆင်ထားတဲ့ အရာတွေက လုံးဝ မရှိတော့ပေ..။အဲဒီအစား..သူတို့ကို..ကျောက်သားကျောက်စိုင်တွေ ၊ ကြမ်းပြင်ပေါ်မှာ ကျိုးပဲ့ပြီး လဲလျောင်းနေတဲ့ သဘော်သား ရုပ်ထုတွေ ၊ သူတို့ရဲ့ လက်တွေ နဲ့ သူတို့ရဲ့ ခန္တာကိုယ် အပိုင်းအစတွေကသာ ကြိုဆိုနေခဲ့ပါတယ်..။
ပင်မအခန်းကြီးရဲ့ ကြမ်းပြင်တစ်ခုလုံးကို ..ဆန်းကျယ်တဲ့ အဝိုင်းပုံစံ ရူးစ်တွေနဲ့ ဖုံးအုပ်ထားခဲ့ပြီး..အားကောင်းတဲ့ ဝိဉာဉ်အဆီအနှစ်တွေက ဒီထဲကို စီးဝင်ပျောက်ကွယ်သွားခဲ့ကြပါတယ်..။နိုတစ်ကတော့.. ဒီစက်ဝိုင်းကြီးရဲ့ အလယ်မှာ..မျက်လုံးတွေကို မှိတ်ပြီး ထိုင်နေခဲ့တယ်..။နှစ်လိုဖွယ်ကောင်းတဲ့ လွတ်လပ်တဲ့ အပြုံးတစ်ခု ရှိမနေခဲ့တာကြောင့် သူ့ရဲ့ လှပတဲ့ မျက်နှာက နိမိတ်မကောင်းပဲ ၊ ထူးဆန်းစွာ ကြောက်ဖို့ကောင်းနေခဲ့တယ်..။
သူတို့ရဲ့ ခြေလှမ်းတွေကို ကြားနေခဲ့တာကြောင့် မှော်ဆရာဟာ အသက်ကို ဖြည်းညှင်းစွာ ရူထုတ်လိုက်တယ်..။ဝိဉာဉ် အဆီအနှစ်တွေ စီးဆင်းမူက တဖြည်းဖြည်း ပါးလွှာပြီး ပျောက်ကွယ်သွားခဲ့ကာ..နောက်ဆုံးမှာ သူ့ရဲ့ ခန္တာကိုယ်ထဲကို ပြန်ဝင်သွားခဲ့ပါတယ်..။သူက ခေါင်းကို လှည့်လာပြီး မျက်လုံးတွေကို ဖွင့်လိုက်တယ်..။သူ့ရဲ့ မျက်လုံးတွေက လရောင်တွေနဲ့ ပြည့်နှက်နေသလိုပဲ..အမှောင်ထုထဲမှာ တောက်ပနေခဲ့ပါတယ်..။
ယင်းနောက် ဒီမျက်လုံးတွေက လူသားမျက်လုံးတွေအဖြစ် အသွင်ပြောင်းလဲသွားခဲ့ပါပြီ..။နိုတစ်က ခါတိုင်းလိုပဲ ဖော်ရွေစွာ ပြုံးလိုက်ပြီး..
“အာ..ဆန်းလပ်စ်..သူငယ်ချင်းကြီး..။မင်းပြန်လာပြီလား..။ထိုင်ပါဦး..တစ်ခုခု သောက်ပါဦး..ကြိုဆိုပါတယ်..”
သူ မတ်တတ်ထရပ်လိုက်ပြီး..လက်တစ်ဖက်ဆန့်တန်းကာ..သက်သောင့်သက်သာရှိတဲ့ ထိုင်ခုံတွေမှာ ထိုင်ကြဖို့ ကမ်းလှမ်းလိုက်ပါတယ်..။ယင်းနောက် အထွတ်အထိပ်အဆင့် ပညာရှင်ရဲ့ မျက်နှာမှာ..အံ့ဩမူတွေ ပေါ်လာခဲ့တယ်..။ပြီးတာနဲ့ သူက ဘာမှမရှိတဲ့ ပတ်ဝန်းကျင်ကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်ပါတယ်..။
“အိုး..ဟုတ်သားပဲ…ငါက ပြန်ပြင်ဆင်နေခဲ့တာ..”
နိုတစ် သက်ပြင်းချလိုက်ပြီး..လက်တွေကို အတူတကွ တီးလိုက်တယ်..။
“ကောင်းပြီလေ..ဘာပဲဖြစ်ဖြစ်ပေါ့..’အရုပ်တွေ..ငါ့ ဧည့်သည်တွေအတွက် သောက်စရာ ယူလာပေးစမ်း..။သူတို့က ခရီးထွက်ထားရတော့ အတော်လေးပင်းပန်နေကြတော့မယ်..”
သူ့ရဲ့ အသံက ခြံဝန်းတစ်ခုလုံးကို ပဲ့တင်ထွက်သွားခဲ့ပေမယ့် ဘာမှတော့ ဖြစ်မလာခဲ့ပါဘူး..။
သူက တွေဝေနေခဲ့ပြီးမှ..ကြမ်းပြင်မှာ ကျိုးပဲ့နေတဲ့ အရုပ်တွေကို ကြည့်ကာ..ခြေထောက်တွေကို ရွေ့ရှားလိုက်ပါတယ်..။
“အာ..ဘယ်လောက်ကံဆိုးလိုက်လဲ..”
မှော်ဆရာက ခေါင်းခါယမ်းလိုက်ပြီး..သူတို့သုံးယောက်ကို အပြုံးလေးနဲ့ ကြည့်လာခဲ့တယ်..။
“ဘာပဲဖြစ်ဖြစ်..ကြိုဆိုပါတယ်..”
သူ အနည်းငယ်စိတ်ဝင်စားသွားခဲ့ပြီး အယ်ဖီကို ကြည့်ကာ မျက်တောင် အနည်းငယ် ခတ်လိုက်ပါတယ်..။
“အာ..မင်းက ကလေးတစ်ယောက်ကို ခေါ်လာခဲ့တာလား..။ဘယ်လောက် စိတ်ဝင်စားဖို့ ကောင်းလဲ..။သူက ကိုက်တော့ မကိုက်တတ်ပါဘူးလား..”
ဆန်နီ မျက်မှောင်ကျုတ်လိုက်ပေမယ့် သူ ဘာမှမ ပြောနိုင်သေးခင်မှာပဲ အယ်ဖီက ဒေါသတကြီး ဝင်ပြောလာခဲ့ပါတယ်..။
“ငါက ကလေးတစ်ယောက် မဟုတ်ဘူး..။ငါက အသက် ၁၂ နှစ် ရှိနေပြီ..။အာ…အဲလောက်နီးပါးပဲ..”
နိုတစ်က သူ့ကို သံသယနဲ့ကြည့်လိုက်ပြီး..
“..ဒါက စကားပြောတယ်ဟ..။ဘယ်လောက် ထူးဆန်းလိုက်လဲ..”
ဆန်နီ အသက်ကို ဖြည်းညှင်းစွာ ရူသွင်းလိုက်ပြီး..ပုံမှန်အသံနဲ့ ပြောလိုက်တယ်..။
“ဒီကလေးကို အယ်ဖီလို့ေ ခါ်တယ်..။သူမက အရှင့်ကိုပြောပြထားတဲ့ သူငယ်ချင်းတွေထဲက တစ်ယောက်ပဲ.”
မှော်ဆရာရဲ့ အပြုံးကတော့ သူ့ရဲ့ မျက်နှာပေါ်မှာ ရှိနေဆဲပါပဲ..။သူ အယ်ဖီကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်ပြီးမှ..ကိုင်ကို မသိမသာ လှမ်းကြည့်လိုက်တယ်..။
“ဒီတော့..အာ…မင်းရဲ့ သူငယ်ချင်းတစ်ယောက် ငါ့ရဲ့ မြင့်မြတ်နယ်မြေက ကျပမ်းရွေးထားတဲ့ မသန်စွမ်းတစ်ယောက်ဖြစ်ပြီး နောက်တစ်ယောက်က ကလေးတစ်ယောက်ဖြစ်နေတာပေါ့..”
ဆန်နီ ခေါင်းညိမ့်လိုက်တယ်..။
နိုတစ်က သူ့ရဲ့မေးစေ့ကို ပွတ်နေရင်း သိချင်စွာ ထပ်ပြောလိုက်ပါတယ်..။
“ဆန်းလပ်စ်..အာ..မင်းက သူငယ်ချင်းအသစ်တွေ ဖန်တီးနေတာ မဟုတ်ဘူးဆိုတာ သေချာရဲ့လား..။ငါအနေနဲ့ မင်းအပေါ်မှာထားတဲ့ မိတ်ဆွေဆက်ဆံရေးကို ပိုပြီးတန်ဖိုးထားဖို့အတွက်ပေါ့..။တကယ်လို့ ဒီလိုဆိုရင်တော့ ငါမင်းကို ပြောထားရဦးမယ်..။ငါက ငါတို့ရဲ ဆက်ဆံရေးကို တန်ဖိုးထားထားပြီးးသားပါ..။မင်းက ငါ့လောက်..လှပမူ ၊ ချမ်းသာကြွယ်ဝမူ ၊ ဉာဏ်ပညာရှိမူ ၊ ရက်ရောမူ နဲ့ ကြည်နူးဖွယ်ရာတွေ မရှိဘူး ဆိုပေမယ့်..မင်းအနေနဲ့ စိတ်မလုံခြုံဖြစ်စရာ မလိုပါဘူး..”
ဆန်နီ အံကိုကြိတ်ထားရင်း ဒေါသတကြီး ပြန်ပြောလိုက်တယ်..။
“ငါက…ခနလေး…ငါဆိုလိုတာက ငါသူတို့ကို သူငယ်ချင်းအသစ်လုပ်ပြီး ခေါ်လာတာ မဟုတ်ဘူးဆိုတာ သေချာတယ်..။မင်းက ငါ နဲ့ ငါ့သူငယ်ချင်းတွေ အကြောင်းကို အမှန်တကယ် သိချင်တယ် ဆိုတာ သေချာရဲ့လား..”
နိုတစ်က မျက်ခုံးပင့်တင်သွားခဲ့ပြီး ရိုးသားတဲ့ အကြည့်နဲ့ ကြည့်နေခဲ့တယ်..။
“ကောင်းပြီလေ..ဒါပေါ့..”
ဆန်နီ သူ့ကို တစ်ခနလောက် ကြည့်နေပြီးကာမှ..ပြောလိုက်ပါတယ်..။
“ဒီလိုဆိုရင်လည်း…ငါ နဲ့ ငါ့ရဲ့ သူငယ်ချင်းတွေက အမှန်တကယ်ပဲ..နတ်မိစ္ဆာ ၊ မသန်စွမ်း နဲ့ ကလေးတစ်ယောက် မဟုတ်ကြဘူး..။ငါတို့က နတ်ဘုရားတွေ သေဆုံးပြီး ဒီကမ္ဘာကြီး ဖျက်ဆီးခံရပြီးတဲ့နောက်မှာ..အိပ်မက်ဆိုးအခိုက်အတန့်ဆိုတဲ့ အရာက ငါတို့ကို စမ်းသပ်ဖို့အတွက် ငါတို့ရဲ့ ဝိဉာဉ်တွေကို ဒီကို ပို့လိုက်တာပဲ..။အိုး..ပြီးတော့ ဒီနေရာလား..။ဒီနေရာက အစစ်အမှန်မဟုတ်ဘူး..။မင်းလည်း အစစ်အမှန်မဟုတ်ဘူး..။ဒါတွေ အားလုံးက အခိုက်အတန့်က ငါတို့ သုံးယောက်ကို စမ်းသပ်ဖို့အတွက် ပြန်ဖန်တီးထားခဲ့တာပဲ..။မဟုတ်ဘူး.. အမှန်တော့ ငါတို့ ငါးယောက်..။ဒါက အရိုးသားဆုံး အမှန်တရားပဲ..”
မှော်ဆရာက သူ့ကို ပြူးကျယ်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေခဲ့တယ်..။ယင်းနောက် သူက သက်ပြင်းချလိုက်ပြီး ခေါင်းခါယမ်းလိုက်ပါတယ်..။
“ဆန်းလပ်စ်..ငါ့ကို လှောင်ပြောင်ဖို့အတွက် ဒီလို တုံးအတဲ့ အလိမ်အညာတွေကို ဖန်တီးဖို့မလိုပါဘူး..။တကယ်လို့ မင်း ငါ့ကို မပြောချင်ဘူး ဆိုရင်လည်း မပြောလို့ ရတယ်လေ..”
သူက နှုတ်ခမ်းကို ကိုက်ထားရင်း အဝေးကို ကြည့်လိုက်တယ်..။
“…အရမ်း ကလေးဆန်တာပဲ..။ဒီတော့ အားလုံးအဆင်ပြေသွားပြီလို့ ယူဆလိုက်မယ်..။မင်းကသူငယ်ချင်း အသစ်နဲ့ ပြန်ရောက်လာခဲ့ပြီ ဆိုမှတော့ မင်းက ချားလစ်ဘုရားကျောင်းထဲမှာ သူ့ကို တွေ့ခဲ့တာပဲဖြစ်ရမယ်..။ပြီးတော့ စစ်ပွဲမိန်းမပျိုတွေ သတိမထားခင်မှာပဲ ဖန်သားရောင်ဓားကို ယူလာနိုင်ခဲ့ကြတာလား..”
ဆန်နီ တုန်လှုပ်သွားခဲ့ပြီး..လည်ချောင်းကို ရှင်းကာ စက္ကန့်အနည်းငယ်လောက် ငြိမ်သက်နေခဲ့ပါတယ်..။နောက်ဆုံးမှာတော့..သူက သာမန်လေသံနဲ့ပဲ ပြောလိုက်တယ်..။
“အာ..ကောင်းပြီလေ…အမှန်တော့..အဲလိုမဟုတ်ဘူး..။ငါတို့က အယ်ဖီ နဲ့ ဓားကို ယူလာခဲ့တယ်…ဒါပေမဲ့..”
နိုတစ်က သူ့ကို အံ့ဩစွာကြည့်လိုက်ပြီး..
“ဒါပေမဲ့ ဘာဖြစ်လဲ..”
ဆန်နီချောင်းဆိုးလိုက်ပြီး..
“ငါတို့က..ချားလစ် ဘုရားကျောင်းကို ဖျက်ဆီးပြီး..စစ်ပွဲမိန်းမပျိုတွေ အားလုံးကို သတ်ခဲ့တာ..”
မှော်ဆရာကသူ့ကို စိုက်ကြည့်ပြီး အံ့ဩသင့်စွာ ပြောလိုက်တယ်..။
“..မင်း..ဘာလုပ်ခဲ့တာ…”
ကိုင် သက်ပြင်းချလိုက်ပြီး သူ့ရဲ့ အသံကြိုးတွေကို တင်းကာ ပြောလာခဲ့ပါတယ်..။
“ငါတို့မှာလည်းရွေးချယ်စရာ မရှိဘူးလေ..။မိန်းမပျိုတွေက ငါတို့ ဖန်သားရောင်ဓားကို ပြန်ယူဖို့ အတွက် အခွင့်အရေးပေးခဲ့ပေမယ့်..အယ်ဖီကိုတော့ ဘယ်တော့မှ လွှတ်ပေးမှာမဟုတ်ဘူး..။ဒါက သူတို့ဂိုဏ်းရဲ့ စည်းကမ်းပဲ..။ဒီတော့..အဲဒီအစာ..ဂိုဏ်းတစ်ခုလုံးကို ရှင်းပစ်ရတော့တာပေါ့..”
နိုတစ်က သူတို့ကို မျက်လုံးပြူးကျယ်ပြီး ကြည့်နေခဲ့တယ်..။သူ့ရဲ့ မျက်နှာကတော့ ဖြူဖျော့နေခဲ့ပါပြီ..။သူ အနည်းငယ် လှုပ်သွားပြီးပြောလာခဲ့တယ်..။
“ဒါပေမဲ့..မင်းက မိန်းမပျိုတွေအားလုံကို သတ်ခဲ့တယ် ဆိုတာ ဘာကိုဆိုလိုတာလဲ..။မင်းက သူတို့အားလုံးကို ဘယ်လိုလုပ် သတ်နိုင်တာလဲ..။သူတို့ရဲ့ ဂိုဏ်းခေါင်းဆောင် အထွတ်အထိပ်အဆင့်ကရော…မင်းတို့က သူမကိုလည်း သတ်ခဲ့တာလား..”
သူတို့သုံးယောက်က တစ်ယောက်ကို တစ်ယောက်စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်တယ်..။ယင်းနောက် အယ်ဖီက ဝင်ပြောလိုက်ပါတယ်..။
“အာ..လေးစားဖို့ကောင်းတဲ့ မိခင်ကြီးက အနီရောင်ဂိုဏ်းရဲ့ နောက်ဆုံးသော အထွတ်အထိပ်အဆင့် ဖြစ်ခဲ့တာပဲ..။သူက လွန်ခဲ့တဲ့ နှစ်နှစ်ရာလောက်ကတည်းက သေဆုံးသွားခဲ့ပြီ.။ဒီတော့ မိန်းမပျိုတွေထဲမှာ အထွတ်အထိပ်အဆင့် တစ်ယောက်မှ မရှိကြဘူး..”
မှော်ဆရာဟာ အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်တယ်..။
“ခနလေး…တကယ်လား..။ဟင်..ဒီတော့ သူမက ဒီလိုပဲ သေသွားပြီပေါ့..။ဘယ်လောက် ပျင်းစရာကောင်းလိုက်လဲ..”
ဆန်နီ သူ့ကို စိုက်ကြည့်နေခဲ့တယ်..။ဒီအရူးက လူတွေဆိုတာ ဒီလိုပဲ မကြာခန သေဆုံးတတ်တယ်ဆိုတာ ကို မေ့နေတာလား..။လူတွေက သူတို့လို အင်မော်တယ်တွေနဲ့ မတူပါဘူး..။ဒီ သမားတော်ယောင် က တကယ်ပဲ ဘယ်လောက်အထိ ရူးသွပ်နေခဲ့တာလဲ..။
ယင်းနောက် သူ ကိုယ့်ကိုကို ရပ်တန့်လိုက်တယ်..။မဟူတ်ဘူး..ဒါက မဟုတ်သေးပေ..။နိုတစ်က အရူးမဟုတ်ပါဘူး..။သူက လူတွေကိုကစားရတာကိုပဲ သဘောကျတာပါ..။ဒီအင်မော်တယ်က သူ့ရဲ့ နယ်မြေထဲမှာ အထွတ်အထိပ်အဆင့် တစ်ယောက်ရှိလား မရှိဘူးလား ဆိုတာကို မသိစရာ အကြောင်းမရှိပေ..။ဒီတော့ ရည်ရွယ်ချက်က တစ်ခုတည်းပဲ….
ဆန်နီ ရှေ့ကိုတိုးလိုက်ပြီး ပြောလိုက်တယ်..။
“ငါတို့ကို လာမစော်ကားနဲ့..။မင်းက ချားလစ် ဘုရားကျောင်းမှာ အထွတ်အထိပ်အဆင့် တစ်ယောက်မှ မရှိဘူးဆိုတာကို သိထားပြီးသားပဲ..။တကယ်လို့ မင်းသာဆန္ဒရှိမယ်ဆိုရင် အဲဒီနေရာတစ်ခုလုံးကို ဖျက်ဆီးပြီး ဖန်သားရောင်ဓားကို ယူလို့ရတယ် ဆိုတာကိုလည်း မင်းသိထားသေးတယ်..။ငါတို့သုံးယောက်က နိုးထသူတွေထဲမှာ အသန်မာဆုံးဖြစ်နိုင်ပေမယ့်..ချိန်းအရှင်သခင်တစ်ယောက် မလုပ်နိုင်တဲ့ အရာကိုတော့ လုပ်နိုင်စရာ အကြောင်းမရှိဘူး..”
သူက အင်မော်တယ်ကို စိုက်ကြည့်ပြီး ပြောလိုက်တယ်..။သူ့လက်ထဲမှာ ရှိနေတဲ မြစိမ်းရောင် အဆောင်ကတော့ ကွဲကြေလုနီးပါး ဖြစ်နေခဲ့ပါပြီ..။
“ဒီတော့…နိုတစ်..ငါ့ရဲ့ သူငယ်ချင်း…မင်းကိုယ်တိုင်သွားမယ့် အစား ငါနဲ့ ကိုင်ကို အဲဒီကို လွှတ်ရတဲ့ အကြောင်းပြချက်ကို ဘာလို့ အခု မရှင်းပြတာလဲ..။ပြီးတော့ မင်းပြောမယ့်စကားကို ဂရုစိုက်ပေးပါ..ဘာလို့လဲဆိုတော့ ငါတို့ရဲ့ လှပတဲ့ သူငယ်ချင်း ဆက်ဆံရေးက ဒီအပေါ်မှာ မူတည်နေတာကြောင့်ပဲ..”
နိုတစ်က အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ..သူ့ကို မဖော်ပြနိုင်တဲ့ အမူအရာနဲ့ စိုက်ကြည့်လိုက်တယ်..။ယင်းနောက် သူ သက်ပြင်းချပြီး လက်ဝေ့ယမ်းလိုက်ပါတယ်..။
“..ကောင်းပြီ..ကောင်းပြီ..။မင်းက ပျင်းချင်တယ်ဆိုတော့လည်း ငါ အမှန်အတိုင်းပြောပြမယ်..။ဘာမှ စိတ်ဆိုးနေစရာ မလိုဘူး..”
သူ က နောက်တစ်ကြိမ် လက်ခုပ်တီးလိုက်တဲ့ အချိန်မှာတော့..ကြမ်းပြင်ပေါ်မှာ တစ်စစီ ဖြစ်နေကြတဲ့ သဘော်သား အရုပ်တွေက..ရုတ်တရက် ထလာခဲ့ကြပြီး သူတို့ရဿဲ့ လက်တွေက ခန္တာကိုယ်နဲ့ အလိုလျောက် ချိတ်ဆက်သွားခဲ့ကြပါတယ်..။ယင်းနောက် သူတို့ထဲက တစ်ယောက်က တစ်ခနလောက် ပျောက်ကွယ်သွားပြီးမှ..ဝိုင်အပြည့်ထည့်ထားတဲ့ ငွေရောင် ခွက်တစ်ခွက်နဲ့အတူ ပြန်ရောက်လာခဲ့တယ်..။သူက မှော်ဆရာကို ကြောက်လန့်တကြား လာဆက်သလိုက်ပါတယ်..။တစ်ခြား အရုပ်တွေကတော့..နောက်ကို ဝေးဝေးဆုတ်ပြီး နံရံတွေ အနားမှာသာ နေနေခဲ့ကြတယ်..။
နိူတစ် ဖန်ခွက်ကို ယူလိုက်ပြီး..တစ်ငုံသောက်လိုက်ကာ အဝေးကို သုန်မုန်တဲ့ အကြည့်နဲ့ကြည့်နေခဲ့တယ်..။
“ဟုတ်တယ်..။ငါ ချားလစ် ဘုရားကျောင်းကို ဖျက်ဆီးလို့ရတယ် ၊ မင်းရဲ့သူငယ်ချင်းကို ကယ်ပြီး ဓားကို ပြန်ယူလို့ ရတယ် ဆိုတာ အမှန်ပဲ..။ဒါက အထွတ်အထိပ်အဆင့် ပညာရှင် ရှိရှိမရှိရှိ သိပ်ပြီး ခက်ခဲတဲ့အရာတစ်ခု မဟုတ်ဘူး..။ဒါပေမဲ့..”
သူက အနောက်ဘက်ကို နက်မှောင်နေတဲ့ အကြည့်တွေနဲ့ကြည့်လိုက်ပြီး..
“..တကယ်လို့ ငါကိုယ်တိုင်လှုပ်ရှားလိုက်မယ်ဆိုရင်..တစ်ခြားလေးယောက်က ဒါကို သတိထားမိသွားလိမ့်မယ်..။ပြီးရင်..သူတို့က ငါဘာလို့ ဒီလိုလုပ်တာလဲ ဆိုတာကို နားလည်သွားကြလိမ့်မယ်လေ..။ပြီးတော နောက်ထပ် ငါ ဘာလုပ်တော့မယ် ဆိုတာကိုရောပေါ့..။ဒါပေါ့ သူတို့က နောက်ဆုံးမှာ ငါ့ရဲ့ရည်ရွယ်ချက်ကို သိကြမှာပဲ ဆိုပေမယ့်..အခုချိန်မှာ ဒီအရာကို ထုတ်ဖော်လိုက်တာက ပြသနာ ရှိနိုင်တယ်လေ..”
ဆန်နီ ကိုင်ကို မသိမသာ လှမ်းကြည့်လိုက်တယ်..။လေးသည်တော်ကလည်း အနောက်အရပ်ကိုသာ ကြည့်နေခဲ့ပါတယ်..။
ဆင်စွယ်ရောင် မြို့တော်က အနောက်အရပ်မှာ ရှိနေခဲ့တာပါ..။အနီရောင် အဆောက်အဦးကလည်း အဲ့ဘက်မှာပါပဲ..။
သူ တွေဝေနေပြီးကာမှ ပြောလိုက်တယ်..။
“ဒီတော့..တစ်ခြား ချိန်းအရှင်သခင်တွေက မင်းကို ပူးပေါင်းပြီး တိုက်ခိုက်မှာကို ကြောက်တာကြောင့် အပြင်ကို ကိုယ်တိုင် မထွက်ရဲဘူးပေါ့..”
နိုတစ်က သူ့ဘက်ကိုလှည့်ပြီး ပြုံးလိုက်တယ်..။
“အကြောက်တရားလား..။အဲလိုသိမ်ဖျင်းတဲ့ အရာမျိုး မရှိဘူး..။ဒါက ရိုးရှင်စွာနဲ့ အဆင်ပြေချောမွေ့အောင်ပဲ..။မင်းသိတယ်မလား..”
ရုတ်တရက် မှော်ဆရာက တိတ်ဆိတ်သွားခဲ့တယ်..။သူ့မျက်နှာက သုန်မုန်သွားခဲ့ပြီး အလင်းရောင် အောက်ကနေတဆင့် အဝေးကို လှမ်းကြည့်လိုက်ပါတယ်..။
ဒီတစ်ကြိမ်မှာတော့ ဟန်ဆောင်နေတာ မဟုတ်ပါဘူး..။အခန်းထဲမှာရှိတဲ့ အပူချိန်က ရုတ်တရက်ထိုးကျသွားခဲ့တာကြောင့် တစ်ခုခု အမှန်တကယ် မှားယွင်းနေတယ်ဆိုတာကို ဆန်နီ ခံစားရပါတယ်..။ဒါက ပိုမို နက်မှောင်သွားခဲ့ပြီး လေထုကလည်း တင်းမာနေခဲ့တယ်..။
နိုတစ်က ခေါင်းကို ဖြည်းဖြည်းချင်းလှည့်လာပြီးမှ..တီးတိုးပြောလာခဲ့တယ်..။
“တစ်ခုခု..တစ်ခုခု ပြောင်းလဲနေပြီ…မဟုတ်ဘူး..မဖြစ်နိုင်တာ..”
သူက တံခါးတွေဆီကို ကြည့်ပြီး ကာမှ မသက်မသာအမူအရာနဲ့ ထပ်ပြောလိုက်ပါတယ်..။
“ငါတို့မှာနောက်ထပ် ဧည့်သည်တစ်ယောက် ရှိနေပြီ..။မြောက်ဘက်ကနေ လာတဲ့ ဧည့်သည်…”
အပိုင်း ( ၆၇၈ ) ပြီး၏။