မြောက်ဘက်ကနေ လာတဲ ဆတ်သား…
Vol. 46 Ch. 679
မှော်ဆရာကိုကြည့်ရတာ တုန်လှုပ်နေခဲ့တယ်..။မဟုတ်ဘူး..ဒီထက်ပြောရရင် သူ့ကြည့်ရတာ တစ်ခုခုကို ပြသနာ တက်နေတဲ့ပုံပါပဲ..။နိုတစ်က တံခါးဆီကို တစ်ခနလောက်ကြည့်လိုက်ပြီး..မျက်မှောင်ကျုတ်ကာ ပြောလိုက်တယ်..။သူ့ရဲ့ အသံကတော့ ဘာခံစားချက်မှ မပါဝင်ခဲ့ပါဘူး..။
“..ဒါဆိုလည်း ဘယ်သူက ငါတို့တံခါးကို လာခေါက်နေလည်း ဆိုတာကို ကြည့်ကြတာပေါ့..”
ဒီလိုပြောပြီးတာနဲ့ သူက ဖန်ခွက်ကို ချလိုက်ပြီး..ဘေးကို လွင့်ပစ်လိုက်ကာ ထွက်ပေါက်ဆီကို လျောက်သွဦးလိုက်ပါတယ်..။
ဆန်နီ ၊ အယ်ဖီ နဲ့ ကိုင်တို့လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး နောက်ဘက်ကနေ လိုက်သွားခဲ့တယ်..။မြင့်မြတ်နယ်မြေကို ဘယ်သူပဲလာပါစေ..သူတို့က မှော်ဆရာရဲ့ ဧည့်ဝတ်ကျေပွန်မူကို ခံစားကြရပါတယ်..။ဒီတော့..နောက်ထပ် အသစ်ရောက်ရှိလာတဲ့ လူက သူတို့ကိုပါ စိတ်ပူပန်စေတာ အမှန်ပါပဲ..။
နိုတစ်ကို ဒီလောက်အထိသက်ရောက်လာအောင် ဘယ်သူလုပ်နိုင်တာလဲ..။ဒါမှမဟုတ်..သူပြောခဲ့တဲ့ ပြောင်းလဲမူဆိုတာက..ဒီထူးဆန်းတဲ့ အပြုအမူအတွက်..စစ်မှန်တဲ့ အကြောင်းပြချက်ပဲလား..။ဧည့်သည်ရောက်တာက ဒီတိုင်း တိုက်ဆိုင်မူတစ်ခုပဲ ဖြစ်နေတာလား..။
သူတို့က မကြာခင်မှာ သိရပါတော့မယ်..။
နိုးထသူ သုံးယောက်နဲ့ အင်မော်တယ် သူတော်စင်တို့ဟာ..မြင့်မြတ်နယ်မြေရဲ့ မြက်ခင်းတွေပေါ်မှာ ဖြတ်သန်းရင်း..ရှေးဟောင်းကျောက်တိုင်ကြီးတွေ ကြားထဲကနေ ဖြတ်လျောက်သွားခဲ့ကြတယ်..။အဲဒီမှာတော့..အနက်ရောင်အဝတ်အစား နဲ့ ထည်ဝါတဲ့ ပုံရိပ်တစ်ခုက သူတို့ကို စောင့်ကြိုနေခဲ့ပါတယ်..။ဒါက သူတို့တွေ ဘယ်သူမှ မသိကြတဲံ..အမျိုသမီးငယ်လေး တစ်ယောက်ပါ..။
အမျိုးသမီးငယ်လေးက အရပ်ရှည်သွယ်လျပြီး အဖြူရောင် အသားအရည်ရှိပါတယ်..။သူမရဲ့ ဆံပင်တွေက ပိတုန်းရောင်လို နက်မှောင်နေခဲ့ပြီး..လေထဲမှာ လွင့်ပျံနေခဲ့တယ်..။သူမရဲ့ မျက်နှာက သဘာဝတရားကို လွန်ဆန်နိုင်လောက်တဲ့ အထိ လှပနေခဲ့ပြီး..ထည်ဝါမူ ၊ ကျက်သရေရှိမူတွေနဲ့ ပြည့်စုံနေခဲ့ပါတယ်..။သို့ပေမယ့် သူမရဲ့ ချောမောတဲ့ မျက်နှာပေါ်မှာ အားနည်းချက်တစ်ခု ရှိနေခဲ့တယ်..။အဲတာကတော့ သူမရဲ့ မျက်လုံးတွေကို..သူမဝတ်ဆင်ထားတဲ့ အဝတ်အစားနဲ့ ဆင်တူစွာပဲ..အနက်ရောင် အစနဲ့ တင်းကြပ်စွာ စည်းထားခဲ့ရယ်..။
လှပတဲ့ အနက်ရောင် အဝတ်အစား ၊ အပြစ်ကင်းတဲ့ အဖြူရောင် အသားရေ ၊ နူးညံ့သိမ်မွေ့တဲ့ မျက်နှာ နဲ့ မျက်လုံးကို တင်းကြပ်စွာ စည်းထားရတာတွေကို နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင်..သူမရဲ့ တည်ရှိမူက..မချင့်မရဲဖြစ်မူ ၊ နိမိတ်မကောင်းမူ နဲ့ စိတ်အနှောင်အယှက် အနည်းငယ်ဖြစ်မူတွေကို ခံစားနေခဲ့ရပါတယ်..။
သို့ပေမယ့် ဆန်နီကတော့..ငယ်ရွယ်တဲံ အမျိုးသမီးလေးရဲ့ အလှအပ ဒါမှမဟုတ်..သူမရဲ့ အဝတ်အစားကို လုံးဝကို ဂရုမစိုက်ပါဘူး..။အဲဒီအစား သူ့ရဲ့မျက်လုံးတွေက အချက်အလက်တစ်ခုတည်းကိုသာ ဦးတည်ထားခဲ့ပါတယ်..။
အဲတာကတော့..သူမရဲ့ လှပတဲ့ ခါးမှာ..လည်သာခါးပတ်တစ်ခု ရှိနေခဲ့ပြီး..ဓားအိမ်တစ်ခုကိုပါ ချိတ်ဆွဲထားခဲ့ပါတယ်..။သူက ဒီဓားကို ချက်ချင်းဆိုသလို ပဲ မှတ်မိလိုက်တယ်..။
‘တိတ်တဆိတ်…တိတ်တဆိတ် ကခုန်သူလား..’
ဆန်နီတစ်ခနလောက် နက်ရှိုင်းပြီး ကျယ်ပြန့်တဲ့ စိတ်သက်သာရရမူတွေ လွှမ်းမိုးသွားသလို ခံစားလိုက်ရပါတယ်..။သူမက အသက်ရှင်နေသေးတယ်…ကတ်စီက အသက်ရှင်နေသေးတယ်..သူတို့အားလုံး..။ပြီးတော့ သူတို့အားလုံးက ကြောက်မက်ဖွယ်အိပ်မက်ဆိုးထဲမှာ ရှိနေသးတယ် ဆိုပေမယ့်..အခုဆိုရင် နောက်ဆုံးမှာ လေးယောက်လုံ ပြန်လည်ဆုံစည်းနိုင်ခဲ့ကြပါပြီ..။
ဒါက..သူတောင် မသိလိုက်ပဲ သူ့ရဲ့ နှလုံးသားကို တစ်ချိန်လုံးဖိထားခဲ့တဲ့ ဆိုးဝါးတဲ့ ဖိအားကြီးက ရုတ်တရက် ပျောက်ကွယ်သွားသလို ခံစားလိုက်ရတာပါ..။
အယ်ဖီက သူ့ရဲ့ ဦးချိုကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့တာကို ဆန်နီ ခံစားလိုက်ရတယ်..။ကိုင်ကို ကြည့်လိုက်တဲ့ အချိန်မှာလည်း..သစ်သားမျက်နှာဖုံးအောက်က လူငယ်လေးရဲ့ မျက်လုံးတွေက တောက်ပနေတာကို ခံစားခဲ့ရပါတယ်.။သူတို့နှစ်ယောက်လည်း ကတ်စီကို ချက်ချင်းမှတ်မိခဲ့ကြတဲ့ ပုံပါပဲ..။
သို့ပေမယ့် ခနအကြာမှာတော့..ဆန်နီရဲ့ ကျေနပ်မူတွေက ပျောက်ကွယ်သွားခဲ့တယ်..။
သူတို့က ကတ်စီနဲ့ တွေ့ဖို့ ဒီနေရာကိုဘယ်လို ရောက်လာခဲ့ကြတာလဲဆိုတာကို သိနေခဲ့တာကြောင့် နိုတစ်ကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်ပါတယ်..။မှော်ဆရာရဲ့ မျက်နှာကတော့ ဖြူဖျော့နေတုန်းပါပဲ..။ဒါက သူတို့နဲ့မတူပဲ..မျက်မမြင် မိန်းကလေး အပေါ်မှာ နွေးထွေးတဲ့ ခံစားချက်တွေ ရှိမနေခဲ့ပေ..။
ဒီအခြေအနေက အတော်လေး ထူးဆန်းပြီး အန္တရာယ်များပါတယ်..။
သူ့ရဲ့ အကြည့်ကို ခံစားမိတဲ့အလား..နိုတစ်က..မျက်မှောင်ကျုတ်ပြီး မိန်းမလှလေးကို အေးစက်စွာမေးလိုက်တယ်..။
“ညဘုရားကျောင်းက မျက်မမြင်တစ်ယောက်ပါလား..။မင်းလို ဘာမှမမြင်ရတဲ့ အမျိုးသမီး ဘုန်းတော်ကြီးတစ်ယောက်က..တောက်ဘက်ကို တစ်ယောက်တည်း ခရီးထွက်လာဖို့ဆိုတာ အရမ်းဝေးကွာလွန်းတယ် မဟုတ်ဘူးလား..။ပြောပါဦး မိန်းကလေး..မင်းက ဘာကိုအလိုရှိတာလဲ..”
ကတ်စီ တစ်ခနလောက် တွေဝေနေခဲ့ပြီးကာမှ..အနည်းငယ် အရိုအသေပေးလိုက်တယ်..။သူမ စကားပြောလာခဲ့တဲ့အချိန်မှာတော့..သာယာနာဖွယ်ကောင်းပြီး မရင်းနီးတဲ့ အသံတစ်ခုက ထွက်ပေါ်လာခဲ့ပါတယ်..။
“နှုတ်ဆက်ပါတယ်..အရှင်နိုတစ်..။ကျွန်မက မြောက်ဘက်ကတစ်ယောက်ဖြစ်တဲ့ အရှင်မ ဆီကနေ အမှာစကားကို ယူဆောင်လာခဲ့တာပါ..”
မှော်ဆရာက မျက်နှာရှုံ့မဲ့သွားခဲ့ပြီး..
“အိုး..ဟုတ်လား..။အဲဒီ ကြောက်စရာ အမျိုုးသမီးက ငါ့ဆီကနေ ဘာလိုချင်နေတာလဲ..”
မျက်မမြင် မိန်းကလေးက တစ်ခနလောက် တိတ်ဆိတ်နေပြီးကာမှ..ခေါင်းကို အနည်းငယ် ငုံ့လိုက်ပါတယ်..။
“သူမက ဘာမှမလိုချင်ပါဘူး အရှင်..နိုတစ်..။ကျွန်မရဲ့ သခင်ဖြစ်တဲ့ မြောက်ဘက်အရှင်မက..သေဆုံးသွားပါပြီ…”
….
နိုတစ် အနည်းငယ် တုန်လှုပ်သွားခဲ့တယ်..။သူက ကတ်စီကို ဖြူဖျော့တဲ့ မျက်နှာနဲ့စိုက်ကြည့်နေရင်း လက်တွေကို တုန်ရီစွာမြှောက်ကာ ခေါင်းကိုကိုင်ထားလိုက်ရပါတယ်..။တစ်ခနကြာပြီးတဲ့နောက်မှာတော့ သူ ထပ်ပြောလာခဲ့တယ်..။
“မင်း ဘာတွေပြောနေတာလဲ…သူမ အမှာပါးလိုက်တဲ့အရာ အတိအကျက ဘာလဲ..”
မျက်မမြင်မိန်းကလေးက အောက်ကို ကြည့်နေတုန်းပါပဲ..။သူမက ခေါင်းကိုတောင် မမြှောက်ပဲ ပြန်ဖြေလာခဲ့တယ်..။
“ဒီ စကားသုံးလုံးထဲပါ…။ငါ သေပြီ..”
မှော်ဆရာက ပြန်ငြင်းခုန်လိုက်တယ်..။
“ညဘုရားကျောင်းကနေ မြင့်မြတ်နယ်မြေကို ခြေထောက်နဲ့လာမယ်ဆိုရင်..အသက်ရှင်လျက်ရောက်လာနိုင်ရင်တောင်..အနည်းဆုံး ရက်သတ္တပတ်တွေကြာမှာပဲ..။သူမ မင်းကို လွှတ်လိုက်တုန်းက သေနေပြီလား..ဟင်..”
ကတ်စီ တိတ်တဆိတ်ပဲခေါင်းခါယမ်းလိုက်တယ်..။
“ဟင့်အင်..သူမက အသက်ရှင်နေဆဲပါ..”
နိုတစ် ဒေါသတကြီး အံကိုကြိတ်ထားခဲ့တယ်..။
“အဲဒီအမျိုးသမီး..အရမ်းမောက်မာတယ်..။တကယ်လို့ သူမသေတော့မယ် ဆိုတာသိရင်လည်း အနည်းဆုံးတော့ စကားသုံးလုံးထက်ပိုပြီး ပြောခဲ့လို့ရတယ်လေ..။ငါတို့..ငါတို့ အရာအားလုံးကို အတူတူမျှဝေပြီးတဲ့နောက်မှာ..အာ…သူမက အဆုံးအထိအောင်ကို စိတ်အနှောက်အယှက်ဖြစ်စရာကောင်းနေဆဲပါလား..”
မှော်ဆရာရဲ့ အသံက..ကတ်စီယူဆောင်လာခဲ့တဲ့ သတင်းကြောင့် အတော်လေး မခံမရပ်နိုင်ဖြစ်နေသလိုကို ဆန်နီ ခံစားနေခဲ့ရပါတယ်..။ဒါက သူ့အနေနဲ့ မြောက်ဘက်ရှင်မကို တစ်ချိန်လုံး သူကိုယ်တိုင်သတ်ဖို့ မကြံစည်နေခဲ့တဲ့ အတိုင်းပါပဲ..။အင်မော်တယ်တွေက အမှန်တကယ်ပဲ ထူးဆန်းကြတဲ့ လူတွေပါ..။
သို့ပေမယ့် ဆန်နီ ကိုယ်တိုင်လည်း အံ့ဩသင့်ရပါတယ်..။မြောက်ဘက် ချိန်းအရှင်သခင်တွေထဲက တစ်ယောက် က သေသွားပြီလား..။ဒီလိုပုံစံနဲ့ပဲလား..။နှစ်ပေါင်းထောင်ချီကြာအောင်..တာဝန်ထမ်းဆောင်ပြီးတဲ့နောက်မှာ တစ်စုံတစ်ယောက်က ကျန်တဲ့လေးယောက်တောင် မသိလိုက်ပဲ..မသေနိုင်တဲ့ အထွတ်အထိပ်အဆင့် အင်မော်တယ်ကို သတ်နိုင်ခဲ့တာလား..။
ရုတ်တရက် သူ့နှလုံးသားထဲမှာ မသက်မသာဖြစ်မူကို ခံစားလိုက်ရတယ်..။ဒါက ချိန်းအရှင်သခင်တွေထဲက တစ်ယောက် မဟုတ်ဘူးဆိုရင်..ညဘုရားကျောင်းက အရှင်မကို ဘယ်သူက သတ်နိင်ဦးမှာလဲ..။
ဓားခုနစ်ချောင်းထဲက တစ်ချောင်းကို ပိုင်ဆိုင်ထားတာက ဘယ်သူရှိရဦးမှာလဲ…
သူကတော့ တစ်ယောက်တည်းကိုပဲ သိပါတယ်..။
သူ့အတွေးတွေကို သိနေတဲ့အလား..နိုတစ်က ကတ်စီကို စိုက်ကြည့်ကာ တုန်ရီနေတဲ့လေသံနဲ့ ဒေါသတကြီးမေးလာခဲ့တယ်..။
“ဒီတော့ အဲတာက ဘယ်သူလဲ..။ဘယ်သူက သူမကို သတ်တာလဲ..။ဆိုဗန်လား…ဒါမှမဟုတ် ဆင်စွယ်ရောင် အရှင်သခင်လား..”
မျက်မမြင် မိန်းကလေးက ဖြည်းညှင်းစွာပဲ ခေါင်းခါယမ်းလိုက်တယ်..။
“တစ်ယောက်မှမဟုတ်ပါဘူး..။အဲတာက သတ္တဝါတစ်ကောင်ပါ..။မြူတွေ ကြားထဲကနေ ထွက်လာတဲ့ သတ္တဝါတစ်ကောင်ပါ..”
မှော်ဆရာ ရယ်မောလိုက်တယ်..။
“ငါသိပြီ..။ဒီတော့ ဆင်စွယ်ရောင်ဓားက..သူတို့ထဲက တစ်ယောက်လက်ထဲမှာ ရောက်နေခဲ့တာပေါ့..။အာ..သူမသာ ဆန္ဒရှိမယ်ဆိုရင် ကိုယ့်ကိုကို ကယ်တင်လို့ ရနိုင်တယ်လေ..။ဒါပေမဲ့ သူမက အချိန်အတော်ကြာကတည်းက ဒီလို အရာတွေကို စိတ်မဝင်စားတော့တာပဲ..မဟုတ်ဘူးလား..။ဒါက ဒါက သူမရဲ့ ရူးသွပ်မူပဲ..”
နိုတစ် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ..ရုတ်တရက် မေးလာခဲ့တယ်..။သူ့ရဲ့ မျက်လုံးတွေကတော့ သူ့ရဲ့ ကိုယ်ပိုင်ရူးသွပ်မူတွေနဲ့ တောက်ပနေခဲ့ပါတယ်..။
“ဒီတော့..မြောက်ဘက်က ကစဉ့်ကလျားဖြစ်နေကြပြီပေါ့…။ညဘုရားကျောင်းမှာ ခေါင်းဆောင်မရှိတော့..သူ့ရဲ့ စစ်တပ်က အုပ်ချုပ်သူ အသစ်လိုနေပြီပဲ..။ထောင်နဲ့ချီတဲ့ တပ်သားတွေ ၊ ရာနဲ့ချီတဲ့ နိုးထသူစစ်သည်တော်တွေ က အမူတော်ထမ်းရွက်ပြီး..သူတို့ရဲ့ မိသားစုတွေကို ကယ်တင်ပေးဖို့အတွက် တစ်စုံတစ်ယောက်ကို မျှော်လင့်နေလောက်ပြီ..ဟုတ်တယ်မလား..”
ကတ်စီ ခနလောက် တွေဝေနေပြီးကာမှ..ထပ်မံခေါင်းခါယမ်းလိုက်ပါတယ်..။
“မဟုတ်ပါဘူး..”
နိုတစ် မျက်ခုံးပင့်တင်လိုက်တယ်..။
“ဘာလဲ..ဘာလို့ မဟုတ်တာလဲ..”
သူမ ရိုးရှင်းစွာပဲ ပြန်ဖြေလာခဲ့တယ်..။
“သူတို့တွေလည်း သေကုန်ကြပါပြီ..”
မှော်ဆရာဟာ အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်တယ်..။
“ဟင်…ဘယ်သူတွေ သေကုန်တာ..”
အမျိုးသမီးဟာ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေခဲ့ပြီး..ပုံမှန်လေသံနဲ့ ပြန်ဖြေလိုက်ပါတယ်..။
“အားလုံး…။တပ်သားတွေ ၊ အမျိုးသမီး ဘုန်းတော်ကြီးတွေ ၊ နိုးထသူတွေ နဲ့ မိသားစုတွေ ..။အားလုံးက သေဆုံးသွားကြပါပြီ..။မြောက်ဘက်ပိုင်းမှာ ဘာမှမရှိတော့ပါဘူး..။အဲဒီ သတ္တဝါကပဲ အကုန်လုံးကို သတ်သွားခဲ့တာပါ…”
အပိုင်း ( ၆၇၉ ) ပြီး၏။