← Chapters

ပျောက်ဆုံးမူ နှင့် ရှာတွေ့မူ

Vol. 46 Ch. 680

ပျောက်ဆုံးမူ နှင့် ရှာတွေ့မူ

Vol. 46 Ch. 680

လူတိုင်းဟာ..ဒီစကားလုံးတွေကြောင့် ဆွံ့အသွားခဲ့ကြတယ်..။ဘဝတစ်လျောက်လုံး အချိန်အကြာကြီး ရှင်သန်ပြီး..အဖြစ်အပျက်‌တွေ အများကြီးကို မြင်ခဲ့တွေ့ခဲ့ရတဲ့ နိုတစ်တောင် အံ့ဩသင့်နေခဲ့ပါတယ်..။ဆန်နီဟာ ကတ်စီကို မျက်လုံးတွေ ကျဉ်းမြောင်းပြီး စိုက်ကြည့်နေခဲ့တယ်..။အကုန်လုံး..သေဆုံးသွားကြတာလား..။

အကုန်လုံးလေ…

မော်ဒရက်က အဲဒီနယ်မြေတစ်ခုလုံးကို ရှင်းလင်းပစ်လိုက်တာလား..။ထောင်ချီ ၊ သောင်းချီတဲ့ လူတွေကိုလေ..။သာမန်လူတွေ ..နိုးထသူတွေ ၊ တက်ရောက်သူတွေ အပြင်..အထွတ်အထိပ်သူတော်စင်ဖြစ်တဲ့ မြောက်ဘက်ရှင်မတောင် ပါဝင်နေပါသေးတယ်…။

ရုတ်တရက်ဆိုသလိုပဲ..သူက ကျောချမ်းသွားခဲ့တယ်..။

ဒါပေါ့..သူတစ်ချိန်က အောက်ဘက်ကောင်းကင်မှာကြားခဲ့ရတဲ့ အသံရဲ့ ပိုင်ရှင်ဖြစ်တဲ့..ဘာမှမရှိတဲ့ မင်းသားဟာ..တယ်ရာတစ်ကောင်ရဲ့ ခန္တာကိုယ်ထဲကို ဝင်ရောက်လာပြီးနောက်မှာ အတော်လေး အားကောင်းလာမယ်ဆိုတာကို သူသေချာသိထားပါတယ်..။မော်ဒရက်က..မျှော်လင့်ချက်ရဲ့ လွှမ်းမိုးမူကို ခံထားရမယ်ဆိုရင်တောင် လုံးဝ အသိစိတ်ကင်းမဲ့နေမှာ မဟုတ်ဘူးဆိုတာကိုလည်း သူသိထားပါသေးတယ်..။

ဒါပေမဲ့ ဒီလောက် အတိုင်းအတာ ပမာဏအထိ သတ်ဖြတ်တာကတော့..။မော်ဒရက် အနေနဲ့ ဒီလိုအရာမျိုးအထိအောင် ကျူးလွန်လိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ..။သူက ဘာလို့ ဒီလိုလုပ်ရတာလဲ..။စွန့်ပစ်ခံထားရတဲ့ မင်းသားက..ဘယ်ပန်းတိုင်နောက်ကို လိုက်နေခဲ့တာလဲ..။သူက သွေးအေးစွာ တွက်ချက်ထားတဲ့ အကြောင်းပြချက်တွေမရှိပဲ..ဘယ်တော့မှ မရက်စက်တတ်ပါဘူး..။ဒါမှမဟုတ် အနည်းဆုံးတော့ အတိတ်မှာ ဒီလိုအရာမျိုးကို မလုပ်ခဲ့ဖူးပေ..။မော်ဒရက် လုပ်ဆောင်တဲ့ မွန်းစတားတစ်ကောင်လို လုပ်ရပ်တိုင်းက..တွက်ချက်မူတွေ အပြည့်နဲ့ လုပ်ဆောင်သွားခဲ့တာပါ..။

ဒီလို အရာမျိုးက ဘယ်လိုလုပ်ပြီး လက်တွေ့ကျနိုင်မှာလဲ..။သူ့ရဲ့ ခုနစ်ခုမြောက် အမြုတေကို ဖန်တီးရမယ်ဆိုရင်တောင် ဒီလောက်ပမာဏအထိ ရောက်အောင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ မလိုအပ်ပါဘူး..။

ဆန်နီ အနေနဲ့ ဘယ်လို ခံစားရမလဲဆိုတာကိုတောင် မသိတော့ပေ..။တစ်ဖက်မှာတော့..ချိန်းအရှင်သခင် တစ်ယောက်ရဲ့သေဆုံးမူက..သူ့ရဲ့အစီအစဉ်တွေအတွက် အကျိုးရှိစေပါတယ်..။ဒီလိုတွေးကြည့်ရင်တော့..အိပ်မက်ဆိုးကို အနိုင်ယူဖို့အတွက် သူတို့လေးယောက်လုပ်ဆောင်တာထက်တောင် ပိုပြီး အောင်မြင်အောင် လုပ်ဆောင်ပြီးထားခဲ့ပြီးပါပြီ..။သို့ပေမယ့် တစ်ဖက်မှာတော့..ဆန်နီဟာ အကူအညီမဲ့စွာပဲ မော်ဒရက်နဲ့ ပတ်သက်ပြီး မသက်မသာ ဖြစ်နေသလို ခံစားနေခဲ့ရပါတယ်..။

ဗာလာ ရဲ့ မင်းသားက ဘာတွေများ စီစဉ်နေခဲ့တာလဲ..။

သူ့ရဲ့ အတွေးတွေက နိုတစ်ရဲ့ သက်ပြင်းချသံနဲ့အတူပဲ အဆုံးသတ်သွားခဲ့တယ်..။

“အားလုံးက သေကုန်ကြပြီ..အင်း..ဒီလိုမျိုး နောက်ဆုံးတစ်ခေါက်ဖြစ်ပျက်တုန်းက ဘယ်လိုမျိုးလဲဆိုတာကိုတောင် သိပ်မမှတ်မိတော့ဘူး..။ဒါပေမဲ့ ငါ ငယ်ရွယ်စဉ်တုန်းက….သူရဲကောင်းတွေရဲ့ ခေတ်မှာဆိုရင် ဒီလိုမျိုး အဖြစ်အပျက်ဆိုတာက ပုံမှန်ပဲ..။ငါတောင် သိပ်မမှတ်မိတော့ဘူး..။လူသားချန်ပီယံတွေက သူတို့ရဲ့ တာဝန်တွေနဲ့ မကိုက်ညီကြတော့ဘူး ဆိုရင် ဒီလိုအရာမျိုးတွေက ဖြစ်တတ်တယ်လေ..”

သူက အဝေးကို နက်မှောင်တဲ့အမူအရာနဲ့ ကြည့်လိုက်ပြီး သုန်မုန်စွာ ထပ်ပြောလိုက်တယ်..။

“ပြီးတော့..ဒီနိုင်ငံကြီးရဲ့ ချန်ပီယံတွေဖြစ်ကြတဲ့ ငါတို့တွေက..အချိန်အတော်ကြာကတည်းက မကိုက်ညီကြတော့တာလေ..။တကယ်လို့ အရှင်သခင်တွေကို ချန်ပီယံတွေလို့ ခေါ်နိုင်သေးတယ် ဆိုရင်ပေါ့..။ဒါကိုတွေးကြည့်ရင်တော့..ဒီလိုမျိုး စောပြီး မဖြစ်လာခဲ့တာတောင် အတော်လေး အံ့ဩဖို့ကောင်းနေပြီ..”

သူ နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြီး ကတ်စီဘက်ကို လှည့်ကြည့်လိုက်တယ်..။သူ့ကြည့်ရတာတော့..ဒီထူးဆန်းတဲ့ စကားနဲ့ ပတ်သက်ပြီး ရှင်းပြချင်တဲ့ ပုံစံ ရှိမနေခဲ့ပါဘူး..။

“ အမှာစကားကို ယူဆောင်လာပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်..။တကယ်လို့ မြောက်ဘက်က လူတိုင်းသေဆုံးသွားပြီဆိုရင် မင်းတစ်ယောက်တည်းပဲ ကျန်ရစ်တော့မယ်ထင်တယ်..”

မျက်မမြင် အမျိုးသမီးက..တစ်ခနလောက် တွေဝေနေပြီးကာမှ ခေါင်းညိမ့်လိုက်တယ်..။

နိုတစ် ခနလောက် ရပ်တန့်နေပြီးကာမှ…

“အာ..ကောင်းပြီလေ..ငါတကယ် စိတ်မကောင်းပါဘူး..။ဘာတွေပဲဖြစ်ဖြစ်..မင်းကို ငါ့ရဲ့ မြင့်မြတ်နယ်မြေမှာ‌ နေထိုင်ဖို့အတွက် ကြိုဆိုပါတယ်..။ဒီနေရာက လမ်းပျောက်သူတွေ ၊ အထီးကျန်သူတွေ နဲ့ သွားစရာနေရာမရှိတဲ့ လူတွေအတွက်..နေထိုင်စရာ နေရာတစ်ခုပဲလေ..။တကယ်လို့ တစ်ခုခုလိုအပ်တာရှိရင်..တောင်းဆိုလို့ရတယ်..”

ပြီးတာနဲ့ စကားထပ်ပြောချင်စိတ် ပျောက်ဆုံးသွားတဲ့ အတိုင်း သူက တစ်ဖက်ကို လှည့်သွားခဲ့ပါတယ်..။သို့ပေမယ့် အဲ့အချိန်မှာပဲ ကတ်စီက ရုတ်တရက် ပြောလာခဲ့တယ်..။

“အမှန်တကယ်တော့ ကျွန်မ လိုအပ်တာ တစ်ခုခု ရှိပါတယ်..”

မှော်ဆရာဟာ ရပ်တန့်လိုက်ပြီး..သူမကို မျက်မှောင်ကျုတ်ကာ ကြည့်လိုက်တယ်..။ပြီးမှ အနည်းငယ်အံ့ဩသင့်တဲ့ အသံနဲ့ ပြောလိုက်ပါတယ်..။

“တကယ်လား..။အိုး..ဒါဆိုလည်း ပြောပါဦး..ငါကူညီပေးနိုင်မယ်ဆိုတာ သေချာပါတယ်..”

ငယ်ရွယ်တဲ့ မိန်းမလှလေးဟာ..သူမရဲ့ ဓားလက်ကိုင်ပေါ်မှာ လက်တင်ထားလိုက်တယ်..။ပြီးတဲ့နောက်မှာ သာယာဖွယ်အသံနဲ ပြောလာခဲ့ပါတယ်..။

“ကျွန်မက ကျွန်မရဲ့ သူးငယ်ချင်းတွေကို ရှာဖွေချင်တာပါ..။တကယ်လို့ အဆင်ပြေနိုင်မယ်ဆိုရင် ကူညီပြီး ရှာဖွေပေးဖို့ တောင်းဆိုပါရစေ အရှင်နိုတစ်..”

နိုတစ်က အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်ပြီး ဆန်နီ ၊ ကိုင် နဲ အယ်ဖီတို့ကို ထူးဆန်းတဲ့ အမူအရာနဲ့ ကြည့်လိုက်တယ်..။နောက်ဆုံးမှာတော့ သူ သိချင်စွာ ပြန်ပြောလိုက်ပါတယ်..။

“ဒါပေါ့..ဝမ်းသားစရာပဲ..။ဒါပေမဲ့..မင်း မင်းလည်း…မင်းရဲ့ သူငယ်ချင်းတွေ ဘယ်လိုပုံစံရှိတယ် ၊ ဘယ်မှာနေတယ် နဲ့ နာမည်ဘယ်လိုခေါ်တယ် ဆိုတာကို မသိတာတော့ မဟုတ်ပါဘူးနော်..။ဒီလိုဆိုရင်တော့ သူတို့ကို ရှာဖွေရတာက နည်းနည်းခက်ခဲလိမ့်မယ်..”

ကတ်စီ တစ်ခနလောက် ငြိမ်သက်နေပြီးကာမှ..အနည်းငယ် စိတ်ရှုပ်ထွေးတဲ့အမူအရာနဲ့ ပြန်ဖြေလာခဲ့ပါတယ်..။

“..ကျွန်မက ဘယ်လိုလုပ် မသိပဲနေမှာလဲ..။ကျွန်မရှာနေတာက..လက်လေးချောင်းနဲ့ နတ်မိစ္ဆာတစ်ကောင် ၊ အက်ကွဲတဲ့ အသံနဲ့ မသန်စွမ်းတစ်ယောက် ၊ ပြီးတော့ ကလေးမလေး တစ်ယောက်ပါ..။သူတို့ရဲ့ နာမည်တွေက ဆန်းလပ်စ် ၊ နိုက်တင်ဂေး နဲ့ ဝံပုလွေစောင့်ရှောက်သူ တွေပါ..။သူတို့က အရှင့်ရဲ့ မြင့်မြတ်နယ်မြေထဲမှာပဲ ရှိပါလိမ်မ့ယ်..ဒါမှမဟုတ် အနည်းဆုံးတော့..သိပ်မကြာခင်ကပဲ..ဒီကို လည်ပတ်သွားခဲ့ကြလောက်မှာပါ..”

နိုတစ်က တောက်ပစွာ ပြုံးလိုက်တယ်..။

“မင်း နာမည်တွေ နေရာတွေသိတယ်မလား ဟုတ်တယ်မလား..။ကိုယ့်သူငယ်ချင်းရဲ့ အကြောင်းအရာတွေကို မသိဘူးဆိုတာက အတော်လေးကို ထူးဆန်းတယ်လေ..။ဘုရားသခင်တို့ နောက်ဆုံးတော့..ပုံမှန်လူတစ်ယောက်ကို တွေ့ရပြီ..ခနလေး..လက်လေးချောင်း နတ်မိစ္ဆာ..မင်းပြောတာက..။လက်လေးချာင်း …လက်လေးချောင်း….ဟင်..”

မှော်ဆရာရဲ့ အသံဟာ တိုးညှင်းသွားခဲ့ပြီး ဆန်နီရဲ့ ဘက်ကို လှည့်ကာ တစ်ခုခုပြောဖို့ ကြိုးစားနေခဲ့တယ်..။

သို့ပေမယ့် သူ စကားမပြောနိုင်ခင်မှာပဲ..သေးငယ်တဲ့ ခြေထောက်တစ်စုံက မြက်ခင်းပြင်ပေါ်မှာ ပြေးလွှားနေတဲ့ အသံကို ကြားလိုက်ရပါတယ်..။ပြီးတာနဲ့ သေးငယ်တဲ့ ပုံရိပ်လေးဟာ မိန်းမငယ်‌ေလေးနဲ့ တိုက်မိသွားခဲ့ပြီး သူမရဲ့ လူသားမဆန်တဲ့ ခွန်အားတွေနဲ ပွေ့ဖက်ထားခဲ့တယ်..။

“ကတ်စီ…နင် အသက်ရှင်နေသေးတာပဲ..”

မျက်မမြင် မိန်းကလေးက အနာဂတ်ကို စက္ကန့်အနည်းငယ် ကြိုတင်မြင်နိုင်တာကြောင့်..အယ်ဖီက သူမကို လာဖက်တော့မယ်ဆိုတာကို သိနေပေမယ့်လည်း..သူမရဲ့ လှပတဲ့မျက်နှာပေါ်မှာ ဝမ်းသာအားရတဲ့ အမူအရာတစ်ခုကို တွေ့မြင်နေရပါသေးတယ်..။သူမက စက္ကန့်အနည်းငယ်လောက် ငြိမ်သက်နေပြီးကာမှ..သူမရဲ့လက်တွေနဲ့ ကလေးမလေးရဲ့ ဦးခေါင်းကို ဖက်ထားခဲ့တယ်..။

“အာ..ဟုတ်တယ်..ဟုတ်တယ် ငါပါ..။ငါလည်း နင့်ကို တွေ့ရတာ အရမ်းဝမ်းသာတယ် အယ်ဖီ..”

ကလေးမလေးဟာ ကတ်စီကို မော့ကြည့်လိုက်ပြီး..မကျေနပ်တဲ့ မျက်နှာအမူအရာဖြစ်သွားခဲ့ပါတယ်..။

“ဘယ်လိုငရဲလဲ ကတ်စီ..။ဒါက ဘယ်လိုလုပ် မျှတတော့မှာလဲ..။ဆန်နီက အရပ်ပုပေမယ့် အခု အရပ်ရှည်လာတယ်..။ကိုင်က ရုပ်ချောပေမယ့် ..အခုက အတော်ရုပ်ဆိုးသွားပြီ..။ပြီးတော့ ငါ.. ငါ့အကြောင်းကတော့ မပြောနဲ့တော့..။ဒါပေမဲ့..နင်က အရင်ကတည်းက လှပတာကို အခုဆို ပိုတောင်လှနေသေးတယ်လေ..။ဒါက မျှတမူမရှိဘူး..”

မိန်းမငယ်လေးဟာ ညှင်သာစွာပြုံလိုက်ပြီး..ကလေးမလေးကို တင်းကြပ်စွာ ဖက်ထားခဲ့ပါတယ်..။

“..ဘာလို့လဲ..။နင်လည်း အခုပိုပြီး လှလာတာပဲကို..”

နိုတစ်က သူတို့ကို ကြည့်နေပြီးကာမှ..ဆန်နီကို ဖော်ပြလို့ မရနိုင်တဲ့ အမူအရာနဲ့ ကြည့်လိုက်တယ်..။အင်မော်တယ် မှော်ဆရာက..စက္ကန့်အနည်းငယ်လောက် တွေဝေနေပြီးကာမှ..သိချင်စွာ မေးလာခဲ့ပါတယ်..။

“အာ..ဆန်းလပ်စ်..အဲဒီလှပတဲ့ အမျိုးသမီး ဘုန်းတော်ကြီးကရော မင်းသူငယ်ချင်းတွေထဲက တစ်ယောက်ပဲလား..”

ဆန်နီ သူ့ကို ကြည့်လိုက်ပြီး..မြစိမ်းရောင် အဆောင်ကို မြှောက်ကာ ပြောလိုက်တယ်..။

“ဟုတ်တယ်..ကျွန်တော် ရှာချင်နေတဲ့ နောက်ဆုံးသူငယ်ချင်းပဲ..။သူမရဲ့ နာမည်က ကျရှုံးမူ သံစဉ်..”

နိုတစ် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ တစ်ဖက်ကို လှည့်သွားကာ..တစ်ယောက်တည်းကြားနိုင်လောက်တဲ့ အသံနဲ့ တီးတိုးပြောလိုက်ပါတယ်..။

“လနတ်ဘုရားတို့…ငါက ငါ့ရဲ့ မိတ်ဆွေဖွဲ့တဲ့ ကျွမ်းကျင်မူကို မြှင့်တင်ဖို့ လိုအပ်နေပြီထင်တယ်..။မဟုတ်ရင်တော့..ဒီမျှော်လင့်ချက် ဘုရင့်နိုင်ငံတော်မှာ ငါ့ကိုယ်ငါ အဖော်ရွေဆုံး လူတစ်ယောက်လို့ ခေါ်နိုင်မှာ မဟုတ်တော့ဘူး..”

ဆန်နီဟာ ဒီစကားတွေကို ကြားပြီး ပြုံးလိုက်တယ်..။သူ့မှာက ဒီလိုဖြစ်ဖို့ အကြောင်းပြချက် ရှိပြီးသားပါ..။

သူတို့ရဲ့ အဖွဲ့ငယ်လေးက နောက်ဆုံးမှာတော့..အတူတကွ ပြန်ဆုံနိုင်ခဲ့ကြပါပြီ..။

အပိုင်း ( ၆၈၀ ) ပြီး၏။

All Chapters