← Chapters

ကံတရား စီးဆင်းမူ

Vol. 46 Ch. 677

ကံတရား စီးဆင်းမူ

Vol. 46 Ch. 677

ဘာမှမရှိတော့တဲ့ ချားလစ် ဘုရားကျောင်းရဲ့ အပြင်ဘက်မှာတော့..အာရုဏ်ဦးအချိန်က ကမ္ဘာကြီးကို လှပတဲ့ အလင်းရောင်ပေးစွမ်းဖို့ ကြိုးစားနေခဲ့ပါတယ်..။ဆန်နီက မြေကြီးပေါ်မှာ ထိုင်ရင်း မြေကြီးပေါ်မှာ ချထားတဲ့..အိုဒါချီဓားနဲ့..အက်ကွဲကြောင်းတွေဖြစ်ပေါ်နေတဲ့ လှံရှည်ကို စိုက်ကြည့်နေခဲ့တယ်..။

ကိုင်က သူ့ရဲ့ အကာအကွယ်ကို ရုတ်သိမ်းလိုက်ပြီး..အနားမှာ ရပ်နေခဲ့ပါတယ်..။သူ့ရဲ သစ်သားမျက်နှာဖုံးက အခုဆိုရင် နတ်ဘုရား မီးတောက်တွေရဲ့ အပူချိန်ကြောင့် အနက်ရောင်ဖြစ်နေခဲ့ပါပြီ..။သူ့ရဲ့ အကြည့်တွေက ဝေဝါးနေခဲ့တယ်..။

အယ်ဖီကလည်း အနားမှာ ရှိနေခဲ့တာပါ..။သူမက များပြားလှတဲ့ လက်နက်ပုံကြီးရှေ့မှာ ရပ်နေခဲ့တယ်..။တစ်ချို့က အကောင်းအတိုင်းရှိနေပြီး..တစ်ချို့က တော့ မီးကြောင့် ကျိုးကြေကာ..အရည်ပျော်နေခဲ့ကြပါပြီ..။ကလေးမလေးဟာ..နွမ်းနယ်ပြီး ဒဏ်ရာတွေနဲ့ ပြည့်နှက်နေပေမယ့်..လက်နက်တွေတစ်ခုပြီးတစ်ခု ကောက်ယူရင်း..ကျောက်ထူတဲ့ မြေကြီးထဲကို ဆုံးဖြတ်ချက် ပြတ်သားစွာ ထိုးစိုက်နေခဲ့တယ်..။

ဘုရားကျောင်းရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ဓားသချ်ိုင်းက သူမရဲ့ ကြိုးစားအားထုတ်မူကြောင့်..အတော်လေးကို များပြားနေခဲ့ပါပြီ..။

ဆန်နီဟာ အယ်ဖီကို အတော်ကြာအောင် ကြည့်နေပြီးမှ သက်ပြင်းချလိုက်တယ်..။ဒီလက်နက်အများစုက နိုးထမူအဆင့် မှတ်သားမူတွေသာ ရှိပေမယ့်..မှော်စွမ်းအားတွေ ပါဝင်တဲ့ လက်နက်တွေ အများကြီးကို ဒီတိုင်း ထားခဲ့ရတာက သိပ်ပြီး သဘောတူချင်စရာ မကောင်းပါဘူး..။သို့ပေမယ့် ကလေးမလေး ဒီလို ဖြုန်းတီးမူမျိုး လုပ်နေတာကို သူ တားဆီးသွားမှာ မဟုတ်ပေ..။ဒါက သူမကို စိတ်သက်သာရာရစေတာ ဒါမှမဟုတ်..ဒီလို မြုပ်နှံရင်း သူမရှာဖွေနေတဲ့အရာက ဘာပဲဖြစ်ဖြစ်..သူမ အဆင်ပြေနေသ၍ ဒါက အဆင်ပြေပါတယ်..။

သို့ပေမယ့် ဒါက သူ့ကို အတွေးနက်သွားစေခဲ့တယ်..။

အနာဂတ်မှာတော့ ချာလစ်ဘုရားကျောင်းရဲ့ ပတ်ဝန်းကျင်မှာ ဒီလိုဓားသချိုင်းမျိုး မရှိတာကိုတော့ သူ သိထားပြီးသားပါ..။ဆိုလိုတာကတော့..ခန်းမကြီးရဲ့ အထဲမှာ အသတ်ခံခဲ့ရတဲ့ စစ်ပွဲမိန်းမပျိုတွေအတွက် ဘယ်သူကမှ ဒီလို နောက်ဆုံး ညှာတာမူ မလုပ်ပေးကြဘူး ဆိုတာပါပဲ..။ဒါကြောင့်ပဲ သူတို့တွေက ဒေါသထွက်နေတဲ့ တစ္ဆေတွေအဖြစ် ပြောင်းလဲသွားခဲ့ကြတာလား..။

…ဖြစ်နိုင်ပါတယ်..။ဒါမှမဟုတ်..ဓားတွေက နောက်ပိုင်းအချိန်တွေရောက်မှ..အခိုးခံရတာ ဒါမှမဟုတ် ဖျက်ဆီးခံရတာလည်း ဖြစ်နိုင်တာပါပဲ..။ဘာပဲဖြစ်ဖြစ်..ကျန်တဲ့ အုတ်ဂူတွေကိုလည်း အနာဂတ်မှာ သူ မမြင်တွေ့ခဲ့ရပေ..။

ဒိတော့..အိပ်မက်ဆိုးတွေ နဲ့ အိပ်မက်ကမ္ဘာရဲ့ အမှန်တကယ် ဆက်စပ်မူက ဘယ်လိုမျိုး ဖြစ်နိုင်မလဲ..။

အစတုန်းကတော့..အိပ်မက်ဆိုးတွေက ..အတိတ်ကို ပြန်ပြီး ဖန်တီးထားတယ်လို့ပဲ ဆန်နီ ယုံကြည်ထားခဲ့တာပါ..။သို့ပေမယ့် အခုတော့..သူက မသေချာတော့ပေ..။ဘာပဲဖြစ်ဖြစ်..ချားလစ်ဘုရားကျောင်းက အနာဂတ်က ပုံစံအတိုင်း တစ်ပုံစံတည်း ဖျက်ဆီးခံလိုက်ရတာပါ..။ဆိုလိုတာကတော့..သူက တစ်ချိန်လုံး ဒီအရာကို ဖျက်ဆီးခဲ့တဲ့ လူဖြစ်နေခဲ့တာပါပဲ..။

အိပ်မက်ဆိုး မျိုးစေ့က အမှန်တကယ်ပဲ အတိတ်ကို ပြန်သွားလို့ ရတဲ့ ခရီးသွား ပေါ်တယ် တစ်ခု ဖြစ်နေခဲ့တာလား..။

ဆန်နီ ခေါင်းခါယမ်းလိုက်တယ်..။

မဟုတ်ဘူး..ဒါက အဓိပ္ပာယ်မရှိပေ..။တကယ်လို့ ဒါသာ အမှန်ဆိုရင်..နိုးထသူတွေက သူတို့ရဲ့ အိပ်မက်ဆိုးကို အနိုင်ယူပြီးတဲ့ အချိန်တိုင်းမှာ နိုးထခြင်း ကမ္ဘာမှာ အများကြီး ပြောင်းလဲမူတွေ ဖြစ်နေပါလိမ့်မယ်..။ဆက်နွယ်မူကို ရှာဖွေဖို့ဆိုတာက အလွယ်လေးပါပဲ..။သူလုပ်ဖို့လိုအပ်တာဆိုလို့ မြင့်မြတ်နယ်မြေက ကျောက်တိုင်ကြီးတွေဆီကို သွားပြီး သူ့ရဲ့ နာမည်ကို ထွင်းထုကာ..မျိုးစေ့အပြင်ဘက်မှာ အမှန်တကယ်‌ေပါ်နေလား ဆိုတာကို စစ်ဆေးကြည့်ဖို့ပါ..။

လူတွေက အရူးတွေ မဟုတ်ကြပေ..။အခုလောက်ဆိုရင် သူတို့က သိပြီးနေလောက်ကြပါပြီ..။အိပ်မက်ဆိုးတွေဆိုတာက ရိုးရှင်းစွာပဲ အတိတ်ကို ပြန်ဖန်တီးထားခဲ့တာဖြစ်ပြီး အမှန်တကယ် အတိတ်မဟုတ်ကြပေ..။

သို့ပေမယ့်..ချားလစ်ဘုရားကျောင်းကြီး အဆုံးသတ်သွားခဲ့တဲ့ ပုံစံက အရမ်းကို သဘာဝဆန်လွန်းပါတယ်..။သဘောတရားအရဆိုရင်တော့..နိုးထခြင်းကမ္ဘာက နိုးထသူတွေ ထွက်ပေါ်လာမူဟာ..အတိတ်မှာဖြစ်ပျက်ခဲ့တဲ့ အရာတွေအားလုံးကို ပြောင်းလဲသွားစေနိုင်ပါတယ်..။ပြီးတော့ အခုထိ…အနည်းဆုံးတော့ အခုထိ ဘာမှမပြောင်းလဲသေးပါဘူး..။

ဒီအတွက်တော့ သူက နည်းလမ်းနှစ်ခုကို စဉ်းစားမိခဲ့တယ်..။တစ်ခုက အဆင်ပြေပြီး တစ်ခြားတစ်ခုကတော့ ကြောက်ဖို့ကောင်းပါတယ်..။

ပထမဆုံး ရှင်းပြနိုင်မူကတော့..သူက အနာဂတ်မှာ ရှိနေတဲ့ အသိပညာတွေကို သိရှိထားတာကြောင့် ဖြစ်ပေါ်လာတဲ့ ရိုးရှင်းတဲ့ ဖြစ်စဉ်တစ်ခုပါပဲ..။ဆန်နီက ချားလစ် ဖလားကြီးကို ဖျက်ဆီးဖို့ စဉ်းစားမိခဲ့တယ်ဆိုတာ အနာဂတ်မှာ ဒီအရာကြီး ဖျက်ဆီးခံရပြီးတာကို မြင်ထားပြီးတဲ့ အတွက်ကြောင့်ပါ..။ဒီတော့ ဒီလို လည်ပတ်မူက..နိမိတ်မကောင်းတဲ့ အကြောင်းပြချက်တွေမပါဝင်ပဲ..နည်းလမ်းကျတဲ့ ဆက်နွယ်မူကြောင့်ပါပဲ..။

ဒုတိယ ရှင်းပြချက်ကတော့..အနည်းငယ် စိုးရိမ်ဖို့ ကောင်းနေခဲ့တယ်..။အနည်းဆုံးတော့ ဆန်နီ အတွက်ပါ..။သူက တစ်ခြားလူတွေထက် ကံတရား အကြောင်းကို ပိုပြီး နားလည်ပါတယ်..။ဒီအရာကနေ လွတ်မြောက်အောင် လုပ်ဖို့မပြောနဲ့ …ကံတရားကို ပြောင်းလဲပစ်ဖို့တောင် ဘယ်လောက်အထိ ခက်ခဲလဲ ဆိုတာကို သူက သိထားပြီးသားပါ..။ဒီတော့…ဒီတော့ တကယ်လို့ ကံတရားကသာ အရာအားလုံးကိုဆွဲထုတ်ယူပြီး ၊ ဖြစ်တည်မူအားလုံးကို လွှမ်းမိုးထားရင်း..အရာရာတိုင်းကို ဦးတည်ချက်တစ်ခုခုဆီ တွန်းပို့နေခဲ့တာ ဆိုရင်ရော..။

တစ်ချို့သော အဖြေထုတ်မူတစ်ခုဆီကို ဦးတည်နေတာမျိုး…

တကယ်လို့ ဒီလိုသာဆိုရင်တော့..ဖြစ်ပျက်နေတဲ့ အသေးစိတ်အချက်အလက်လေးတွေကို ပြောင်းလဲကြည့်လို့ ရကောင်းရနိုင်ပေမယ့်..အဆုံးသတ်ကတော့ မလွဲသာ မရှောင်သာ နဲ့ မလွတ်မြောက်နိုင်စွာပဲ…တစ်ထပ်တည်း ဖြစ်သွားမှာပါ..။ဒါက..ဒါက ဆန်နီအတွက်တော့ ယုံကြည်မူကို ကျော်လွန်တဲ့အထိ ကြောက်လန့်စေတဲ့ အရာတစ်ခုပါပဲ..။

ဘာပဲဖြစ်ဖြစ်..သူက ကံတရားကို သူ့ရဲ့ ရန်သူတော်အဖြစ်..သတ်မှတ်ထားခဲ့တာပါ..။ပြီးတော့ အခုချိန်မှာ..ဒီရန်သူက အရာရာတိုင်းထက်ကို ကြောက်ဖို့ကောင်းနေခဲ့ပါတယ်..။

သုုန်မုန်နေတဲ့ အမူအရာနဲ့ပဲ..သူက အယ်ဖီကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်ပြီး..မြေကြီးပေါ်ကနေ ထရပ်လိုက်တယ်..။ပြီးတာနဲ့ လက်နက်ပုံတွေရှိရာကို လမ်းလျောက်သွားလိုက်ကာ..လက်နက်တစ်ချောင်းကို ကောက်ယူပြီး မြေကြီးပေါ်ကို ထိုးစိုက်လိုက်တယ်..။

ကလေးမလေးဟာ အသက်ကို အမောတကော ရူနေရပြီး အချိန်မရွေးလဲကျသွားတော့မယ့် အတိုင်းပါပဲ..။သူမက ဆန်နီကို ခေါင်းမာတဲ့ အမူအရာနဲ့ ကြည့်လိုက်ပြီး…

“နင် ဘာလုပ်နေတာလဲ…”

ဆန်နီ နောက်ထပ် ဓားတစ်ချောင်းကို ကောက်ယူကာ ပုခုံးတွန့်လိုက်တယ်..။

“..ကူညီပေးနေတာလေ..။နင်က ဗိုက်ဆာနေတာပဲ..မဟုတ်ဘူးလား..။ငါ တို့ ဒီဟာ ကို မြန်မြန်ပြီးသွားတော့ နင်လည်း မြန်မြန်စားလို့ရတာပေါ့..။လူတိုင်း အဆင်ပြေတာပဲလေ..မဟုတ်ဘူးလား..”

အယ်ဖီ ခနလောက်တွေဝေနေပြီးကာမှ တစ်ဖက်ကို လှည့်ကာ ဖြည်းညှင်းစွာ ခေါင်းညိမ့်လိုက်တယ်..။သူတို့က အတူတကွ..ဓားတွေကို မြုပ်နှံပေးနေတဲ့ အချိန်မှာပဲ…ကိုင်ကပါ လာပြီး ကူညီပေးခဲ့ပါတယ်..။

မကြာခင်မှာပဲ လက်နက်ပုံကြီးက ပျောက်ကွယ်သွားပြီး..ဘုရားကျောင်း ပတ်ဝန်းကျင်မှာ ရှိနေတဲ့ မရေမတွက်နိုင်တဲ့ ဓားတွေ ကြားထဲကို ရောက်သွားခဲ့ကြပပါပြီ..။

သူတို့လုပ်ခဲ့တဲ့ အရာက ကံကြမ္မာကို နည်းနည်းလောက်အဖြစ် ပြောင်းလဲပစ်နိုင်မလားဆိုတာကိုတော့ ဆန်နီလည်း မသိတော့ပေ..။

သို့ပေမယ့် ဒါက ပြောင်းလဲနိုင်လိမ့်မယ်လို့တော့ သူမျှော်လင့်မိပါတယ်..။

…

နောက်တစ်ရက် မနက်ခင်းမှာတော့..မြင့်မြတ်နယ်မြေမှာ နေထိုင်ကြတဲ့ လူတွေဟာ အတော်လေး ထူးဆန်းတဲ့ အရာတစ်ခုကို မြင်တွေ့ခဲ့ကြရတယ်..။သစ်သားမျက်နှာဖုံးကို ဝတ်ဆင်ထားပြီး သစ်ခေါက်လို အသားအရည် ရှိတဲ့ လူတစ်ယောက်က ..ကျွန်းရဲ့ နူးညံ့တဲ့ မြက်ခင်းပြင်ပေါ်ကို အားစိုက်ထုတ်စရာ မလိုပဲ သက်သောင့်သက်သာ ကျဆင်းလာခဲ့တယ်..။သူ့ရဲ့ ကြီးမားတဲ့ ခန္တာကိုယ်ပေါ်မှာတော့ .ပိုးချည်ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားခဲ့ပါတယ်..။

ခနအကြာမှာတော့ လက်လေးချောင်း နတ်မိစ္ဆာတစ်ကောင်က..ကျွန်းအောက်ဘက်ကနေ တက်လာခဲ့ပြီး သူ့အနားကို ရောက်လာခဲ့တယ်..။သို့ပေမယ့် ဒါအကုန် မဟုတ်သေးပါဘူး..။

နတ်မိစ္ဆာရဲ့ ပုခုံးပေါ်မှာတော့ အသက်..အသက် ၁၁ ၊ ၁၂ နှစ် အရွယ် ပိန်လှီနေတဲ့ ကလေးမလေးတစ်ယောက် ရှိနေခဲ့တယ်..။ကလေးမလေးက သူမရဲ့ သေးငယ်တဲ့ လက်ကလေးတွေနဲ့ နတ်မိစ္ဆာရဲ့ ဦးချိုကို ကိုင်ထားပြီး ခြေထောက်ကို ဝေ့ယမ်းကာ တွဲလောင်းချထားခဲ့ပါတယ်..။

“ကျား…မြန်မြန်သွား…”

အယ်ဖီရဲ့ ရယ်မောသံကို နားထောင်နေရင်း ဆန်နီ အံကိုကြိတ်ထားခဲ့ရတယ်..။ယင်းနောက် စိတ်အနှောက်ယှက်ဖြစ်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ်..။

“နင့်ရဲ့ ခြေထောက်တွေ လှုပ်နေတာကို ရပ်ပေးနိုင်မလား..။ငါက နင့်ရဲ့ မြင်းမဟုတ်ဘူးလေ…ချီးပဲ…”

မုဆိုးမိန်းကလေးက နားမထောင်တာကြောင့် သူ့ရဲ့ လက်နှစ်ဖက် နဲ့ သူမရဲ့ ခြေထောက်တွေကို ချုပ်နှောင်ထားခဲ့ပါတယ်..။

…ကလေးမလေးရဲ့ သန်မာလွန်းတဲ့ ခွန်အားကြောင့် ဒီလို ချုပ်ထားရတာက လွယ်ကူတာတော့ မဟုတ်ပါဘူး..။

“အိုး…ငါ့ ဒဏ်ရာတွေ..”

အယ်ဖီက သနားစရာ ကောင်းတဲ့ မျက်နှာနဲ့ အတူပဲ ညဉ်းညူလိုက်တယ်..။

“အိုး..မဟုတ်ဘူး..ကျေးဇူးပြုပြီး သမီးကို နာကျင်အောင် မလုပ်ပါနဲ့..အန်ကယ် ဒီမွန်…။သမီဂ ကောင်းကောင်းနေပါ့မယ်..။သမီး ဂတိပေးပါတယ်..။သမီးက ဒဏ်ရာတွေကနေလည်း မြန်မြန်သက်သာလာအောင် လုပ်ပါ့မယ်..။ဒေါသမထွက်ပါနဲ့…”

လူတွေက ကလေးမလေးရဲ့ ဒဏ်ရာတွေ ၊ အညိုအမဲတွေ ပြည့်နှက်နေတဲ့ ခန္တာကိုယ်ကို ကြည့်ရင်း ဆန်နီကို ဒေါသတကြီး ကြည့်လာကြတဲ့ အချိန်မှာတော့..ဆန်နီ ဒေါသတကြီး ပြောလာခဲ့တယ်..။

“ငါ ဘာမှမလုပ်ဘူး..သူမ ညာနေတာ..။ရပ်လိုက်တော့ အယ်ဖီ…။ဒါက ရယ်စရာ မကောင်းဘူး..”

ကလေးမလေးဟာ..အားရပါးရ ရယ်မောလိုက်တယ်..။ယင်းနောက် ကလိမ်ကျတဲ့ အပြုံးနဲ့ ပြုံးလိုက်ပြီး..

“ဟုတ်ကဲ့ပါ..ဦးလေး…ဦးလေး ပြောသမျှ အားလုံး လုပ်ပေးပါ့မယ်..”

ဒီလိုပြောပြီးတဲ့ နောက်မှာတော့ သူမက မြင့်မြတ်နယ်မြေက ကျောက်တိုင်ကြီးတွေကို ကြည့်ပြီး ခနလောက်တွေဝေနေပြီးကာမှ..တီးတိုးကပ်ပြောလာခဲ့ပါတယ်..။

“..ဒီတော့ ငါပြောကြည့်ရအောင်..။အိပ်မက်ဆိုးထဲမှာ ရှိနေတဲ့ လူတိုင်းက အလိုဆန္ဒ နတ်ဆိုးကြောင့် ရူးသွပ်နေကြတာပေါ့..။ပြီးတော့ အနိုင်ယူနိုင်ဖို့အတွက် ငါတို့က ရူးနေတဲ့ အထွတ်အထိပ် မှော်ဆရာရဲ့ အကူအညီနဲ့ သူမကို လွှတ်ပေးရမယ်..။သူက နတ်ဘုရားတွေကို ဆန့်ကျင်ပြီး ကျန်တဲ့ ချိန်းအရှင်သခင် လေးယောက်နဲ့ စစ်ခင်းချင်နေတဲ့သူပဲ..။ပြီးတော့ နင်တို့ကို ချားလစ်ဘုရားကျောင်းကို ပို့ခဲ့တာလည်း အဲဒီ နိုတစ် ဆိုတဲ့ ငနဲပဲ..။ငါတို့က အခုဒီမှာ သူ့ကို လာတွေ့တာပေါ့..”

ဆန်နီရဲ့ သားရဲတစ်ကောင်လို မျက်နှာဟာ နက်မှောင်သွားခဲ့ပြီး အရှေ့ကိုကြည့်ကာ ပြန်ပြောလိုက်တယ်..။

“အနည်းနဲ့ အများတော့ မှန်ပါတယ်..။ငါတို့မှာ သူနဲ့ ဆွေးနွေးစရာရှိတယ်..”

သူက တစ်ခနလောက် ရပ်တန့်နေပြီးကာမှ..ထပ်ပြောလာခဲ့တယ်..။သူ့ရဲ့ မျက်လုံးတွေထဲမှာတော့..သက်ဖြတ်လိုတဲ့ မီးတောက်တွေ ထွက်ပေါ်နေခဲ့ပါပြီ..။

“…ဘာလို့လည်း ဆိုတော့ ..အဲဒီ ခွေးသား နိုတစ်က..ငါ့ကို နောက်တစ်ကြိမ် လိမ်သွားပြန်ပြီ ဆိုတာ ငါသေချာ သိနေလို့ပဲ…”

အပိုင်း ( ၆၇၇ ) ပြီး၏။

All Chapters