← Chapters

လီပေါ် တောင်တွင် သူရဲကောင်းများ ဆုံဆည်းကြခြင်း

Vol. 8 Ch. 74

လီပေါ် တောင်တွင် သူရဲကောင်းများ ဆုံဆည်းကြခြင်း

Vol. 8 Ch. 74

အရှေ့ပင်လယ် မှ လီပေါ် တောင်

အထက်လမ်းစဉ်မှဖြောင့်မတ်သော ဂိုဏ်း များမှသူရဲကောင်းများ စုဝေးကြကာ အမျိုးမျိုးသော သိုင်းပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြ‌ လေသည်။

၎င်းတို့ထဲမှ ကျင်းယွမ် ဂိုဏ်းသည် ယင်းတို့၏ ထိပ်တန်း ကျွမကျင်သူ များစွာကို ခေါ်ဆောင်လာခဲ့၏။ တောင်ထိပ်ခေါင်းဆောင် အဆင့် ပုဂ္ဂိုလ် သုံးဦးပင် ပါဝင်သည်- တကျူး တောင်ထွတ် မှ ကျန့်ပူယီ နှင့် သူ၏ ဇနီး စူးရူ ၊ နဂါးခေါင်း တောင်ထွတ် မှ တာအိုသခင် ချန်စုန့် တို့ဖြစ်၏။

ထိုအချိန်တွင် အထက်လမ်း ဂိုဏ်းများ၏ အဓိက စခန်းအတွင်း၌

ကျင်းယွမ် ဂိုဏ်း မှ ခေါင်းဆောင် သုံးဦးသည် ထျန်းယင် ဘုရားကျောင်း နှင့် ဖန်းရှန်း ချိုင့်ဝှမ်း မှ တပည့်များကို လက်ခံတွေ့ဆုံနေ၏။

“အော်မိတော်ဖု”

“တပည့် ဖာရှန် နှင့် ဖာရှမ်း တို့က အကြီးအကဲ ကျန့်၊အကြီအကဲစူးနှင့် အကြီးအကဲ ချန်စုန့် တို့ကို ဂဂါဝရပြုပါတယ်”

“ဖန်းရှန်း ချိုင့်ဝှမ်း မှ တပည့် လီရှင်း နှင့် ယန်ဟုန် တို့က အကြအကဲ ၃ ဦးကို အရိုအသေပြုပါတယ်”

ထျန်းယင် ဘုရားကျောင်း နှင့် ဖန်းရှန်း ချိုင့်ဝှမ်း မှ တပည့်များသည် ကျန့်ပူယီနှင့် အခြား နှစ်ဦးအား ဦးညွှတ်ကာ အရိုအသေပြုကြသည်။ ကျန့်ပူယီနှင့် အခြား နှစ်ဦးတို့က သူတို့ကို အဘယ်ကြောင့် ခေါ်ယူခဲ့သည်ကို သူတို့ သိကြပုံရ၏။

“ တူ လေးတို့ အရိုအသေ ပေးဖို့ မလိုအပ်ပါဘူး။”

တာအိုသခင် ချန်စုန့်၏မျက် အမူအရာက အနည်းငယ် အေးစက်စက်ဖြစ်နေ၏။

သူ၏ ပုံသဏ္ဍာန်သည် အနည်းငယ်ထူးခြားသော အရှိန်အဝါတစ်မျိုးကို ထုတ်လွှတ်နေပြီး ထို တပည့်များအားကြောက်ရွံ့စေသည်။

မည်သို့ပင်ဆို‌ စေကာမူ သူသည် ကျင်းယွမ် ဂိုဏ်း ၏ စည်းကမ်းထိန်းသိမ်းရမှူးဖြစ်ရာ တာအိုသခင် ချန် သည် အေးစက်စက် အရှိန်အဝါကို ထုတ်လွှတ်နေတတ်သည်။ ထို့ကြောင့်လည်း ကျင်းယွမ် ဂိုဏ်း တပည့်များက သူ့ကို ကြောက်ရွံ့ကြခြင်း ဖြစ်၏။

ဟုတ်ပါသည်။

သူသည် နူးညံ့သိမ်မွေ့သော အခိုက်အတန့်များလည်း ရှိခဲ့ သော်လည်း သူ၏ နူးညံ့သိမ်မွေ့မှုကို ဂျိချန်းဖန်နှင့် ဝမ်ကျန့်ယိ တို့သာ မြင်နိုင်ကြသည်။ သူတို့ နှစ်ဦးအပြင် ဂိုဏ်းခေါင်းဆောင် တောက်ရွှမ်း ပင်လျှင် သူ့ထံမှ နူးညံ့သော ခံစားချက် တစ်စွန်းတစ်စကို မြင်နိုင်မည် မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် လက်ရှိ ချန်စုန့်သည် တောက်ရွှမ်းအပေါ် လေးစားမှုခံစားချက်သာ ရှိသည်။

“တူ‌ လေးတို့ ၊ တူလေးတို့က ဂျိချန်းဖန်တို့နဲ့အတူ လင်းနိူ့တစ်သောင်းဂူထဲ ဝင်သွားတယ်မဟုတ်ဘူးလား၊ ဘာလိူ့ တူလေးတို့ပဲ ပြန်ရောက်လာတာလဲ သူတို့‌ ကရော ဘာ်နေရာမှာလဲ။”

စူးရူ က စိုးရိမ်တကြီး မေးလိုက်၏။

ကျန့်ပူယီ ကလည်းဘေးမှာ ထိုင်နေကာ သူ၏ မျက်နှာက အနည်းငယ် မှုန်မှိုင်းနေကာ သူ၏ အကြည့်က သူ့ရှေ့က လူငယ်များကို လေးနက်စွာ ကြည့်နေ၏။

တာအိုသခင် ချန်စုန့်၏ အမူအရာသည်လည်း အနည်းငယ် မနှစ်မြို့ဟန် ဖြစ်နေသည်။

သူ၏ စူးရှသော အကြည့်သည် လီရှင်းနှင့် အခြားသူများ အကြား ကူးလူး ဖြတ်သန်းသွားနေကာ လေးလံသောရှန်ကျင်း အော်ရာ တစ်ခုက ပတ်ဝန်းကျင်တွင်ဖြစ်ပေါ်နေလေ၏။

“ဟမ့်—“

လီရှင်း၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေသည် သို့သော် သူ ဘာမှ ရှင်းပြခြင်း မရှိပေ။

သူ့ကို အကြိမ်ကြိမ် မျက်နှာပျက်စေခဲ့သော ဂျိချန်းဖန်အပေါ် သူ ကောင်းသော ခံစားချက် မရှိပေ။

“အော်မိတော်ဖော်”

ဖာရှန် သူ၏ လက်များကို ဆုဒြာသဏ္ဍာန် ကွေးညွှတ်လိုက်ကာ ရှေ့သို့ တိုးလာပြီး ပြောလိုက်သည်- “အကြီးအကဲ စူး၊ စိတ်မပူပါနဲ့။ အစ်ကိုကြီး ဂျိရဲ့ စွမ်းအားက ရှန်ကျင်းအဆင့်မှာပါ”

သူ ပြောပြီးနောက်

ဖာရှန် သူတို့ လင်းနို့ဂူ မှာ မြင်ခဲ့၊ ကြားခဲ့ရသမျှ အားလုံးကို ပြန်ပြောပြခဲ့သည်။

“အကြီးအကဲများ ဒီလိုဖြစ်ပျက်ခဲ့တာပါ ။ အစ်ကိုကြီး ဂျိနဲ့ တခြားလူတွေက လင်းနို့ ဂူ အလယ်က ခံစားချက်ကင်းမဲ့ ပင်လယ် ထဲကို ဝင်ရောက်သွားကြပါတယ် ။ကျွန်တော်တို့ အဲဒီကို ရောက်တဲ့အခါ မြေပြင်ပေါ်မှာ နတ်ဆိုး ကျင့်ကြံသူ ဆယ်ဦးကျော်ရဲ့ အလောင်းတွေပဲ ရှိတော့တယ်...”

ဒါကို ကြားလိုက်ရတော့ စူးရူ သက်ပြင်းချလိုက်သည်။

ဒီလိုဆိုရင် ဂျိချန်းဖန်နှင့် အခြားသူများ အန္တရာယ် ရှိမှာ မဟုတ်ပေ။

ကျန့်ပူယီ လည်း စိတ်သက်သာရာ ရသွားသည်။

တာအိုသခင် ချန်စုန့်က လီရှင်းကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

သူ က ဤ ကောင်လေး အနည်းငယ် ထူးဆန်းနေသည်ကို သတိပြုမိသည်၊ အထူးသဖြင့် ဂျိချန်းဖန် အကြောင်းကိုမေးသောအချိန်တွင်ပင်။

ဒီကလေး ဂျိချန်းဖန်နဲ့ ပဋိပက္ခ တစ်ခုခု ရှိခဲ့သည်လော။

ချန်စုန့်၏ မျက်လုံးများ လင်းလက်သွားကာ သူ မေးခွန်း တစ်ခု နှစ်ခု မေးဖို့ လုပ်နေစဉ်

ရုတ်တရက် အပြင်ဘက်မှ တပည့်တစ်ဦး၏ ထိတ်လန့်တကြား အသံ ထွက်ပေါ်လာသည်။

“ဆရာ၊ ဆရာမ၊အကြီးအကဲ ချန်စုန့်၊ နတ်ဆိုး ကျင့်ကြံသူတွေ ကတိုက်ခိုက်နေပါတယ်”

ထိုစကားများကို ကြားလိုက်ရလျှင် ချက်ချင်းချန်စုန့်နှင့်အခြားနှစ်ဦး ၏ ချက်ချင်းမျက်နှာထားများ တင်းမာသွားကြ၏။

သူတို့ တစ်ချိန်တည်းမှာ ထရပ်ပြီး အပြင်သို့ အမြန် လျှောက်သွားကြသောအခါ

ဖာရှန်၊ လီရှင်းနှင့် အခြားသူများ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြကာ သူတို့လည်း ထရပ်ပြီး အပြင်သို့ လျှောက်သွားကြ၏။

အထက်လမ်း ဂိုဏ်းများ၏ အဓိက စခန်းအပြင်ဘက် သစ်တောထဲတွင်

နတ်ဆိုး ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက်က မှော်ပစ္စည်းများ ကိုင်ဆောင်ထားကြကာ ခြိမ်းခြောက်နေသော ပုံစံဖြင့် ဝိုင်းရံထားကြ၏။ သူတို့ တစ်ဦးစီတွင် ကြမ်းတမ်းသော ပုံစံ ရှိကြကာ သူတို့ ပတ်ပတ်လည်တွင် နတ်ဆိုး ချီ များထူထပ်စွာ လှည့်ပတ်နေသည်၊ အချို့မှာ အဆိပ်ချီ များ ပင် ထုတ်လွှတ်နေသည်...

သံသယဖြစ်စရာ မရှိလောက်အောင်ပင် သူတို့ အားလုံးသည် အဆိပ် တစ်သောင်း ဂိုဏ်း မှ ထိပ်တန်း တပည့်များ ဖြစ်ကြသည်။

“ကျန့်ပူယီ အပြင်ထွက်လာပြီး ဒီ ဘိုးဘေးဆီမှာ လာ အသေခံလိုက်စမ်း”

ရုတ်တရက် ဒေါသတကြီး အော်သံသည် တောင်ပေါ် သစ်တော များတစ်လျှောက် ပဲ့တင်ထပ်သွားသည်။

ထိုစကားကို ကြားလိုက်ရသည်နှင့် ကျန့်ပူယီ၏ မျက်နှာ ချက်ချင်း မှောင်မည်းသွားကာ သူ အဝေးကို စိုက်ကြည့်လိုက်သည်။ထို့နောက် ချီယန် နတ် ဓား ကိုကိုင်ဆောင်ကာ တပည့်များ၏ ရှေ့သို့ ကာကွယ်ရန်ချက်ချင်း တက်လာခဲ့လိုက်၏။

“ဝှစ်—“

သွေးရောင် အလင်းတန်း တစ်ခု ဖျပ်ခနဲပေါ်လာ၏။ထို့ ကြောင့်အပြင်ကို ကြည့်လိုက်သောအခါ သွေးနီရောင် ဝတ်စုံ ဝတ်ဆင်ထားသော အဖိုးအိုတစ်ဦး အဝေးမှာ ပေါ်လာသည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သိပ်သည်းသော သွေး ချီများ ဖြင့် ပြည့်နှက်နေကာ သူ့ပတ်ပတ်လည်တွင် ဆန်းကြယ်သော စုပ်ယူအား တစ်မျိုးကရှိနေ၏၊ ယင်းက လူများ၏ သွေးကို အဝေးမှ စုပ်ယူနိုင်မည့်အလားပင် ပြင်းထန်လှ၏။

ထို အဘိုးအိုကား အဆိပ် တစ်သောင်း ဂိုဏ်း မှ သွေးနတ်ဆိုးဖြစ်ချေ၏။

“ဝှစ် ဝှစ်—“

ထိုအချိန်တွင် အလင်းတန်းတစ်ခု ထပ်မံ လင်းလက်လာကာ

ရုပ်ရည် ကြမ်းတမ်းကာအရပ်ပုသော လူပုတစ်ဦး သွေးနတ်ဆိုး အကြီးအကဲ၏ ဘေးတွင်ပေါ်လာ၏။ထိုသူကား

အဆိပ် တစ်သောင်း ဂိုဏ်း မှ ပိုင်ကျူးကျီ ဖြစ်၏။

ထိုနှစ်ဦးက အဆိပ် တစ်သောင်း ဂိုဏ်း ရဲ့ အကြီးအကဲ အဆင့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ချွင်းချက်မရှိ သူတို့၏ ကျင့်ကြံမှုသည် ရှန်ကျင်းအဆင့် များ ဖြစ်ကြ၏။။ နတ်ဘုရား မြေ တွင်ပင် ဒေသတစ်ခုကို လွှမ်းမိုးနိုင်သူများ ဖြစ်‌ကြပေသည်။

“‌ ခွေးနတ်ဆိုးလား ဪ မှားလို့ သွေးနတ်ဆိုးလား မင်းလွန်ခဲ့တဲ့နှစ် တွေက တိုက်ပွဲကိုမေ့ပြီလား ဒါမှမဟုတ် ရှုံးရတာ အရသာတွေ့သွားလို့ ငါ့ကိုလာရှာတာလား ”

ကျန့်ပုယီ လက်တစ်ဖက်ကို နောက်ပစ်ပြီး ရပ်ကာ စကားနာထိုးလိုက်၏။ သူ သွေးနတ်ဆိုး ကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်နေကာ အထက်လမ်း ဂိုဏ်း တောင်သခင်တစ်ဦး၏ ဟန်ပန်ကို အပြည့်အဝ ပြသနေချေသည်။

“ဟ ဟ”

သွေးစုပ် ဘိုးဘွား နတ်ဆိုး က ရယ်ကာ မဲ့ပြုံး ပြုံးလိုက်၏။ သူ၏ အကြည့်က အလွန် မှုန်မှိုင်းနေကာ ကျန့်ပူယီကို ပြောလိုက်သည်-

“ငါ့ တပည့်၊ ကျန်းလောင်ဆန်း သွေးသန့်စင်ခန်းမ ကို သွားခဲ့တယ်၊ ဒါကို မင်းရဲ့ ကျင်းယွမ် ဂိုဏ်း တပည့်က ရုတ်တရက် သတ်ပစ်လိုက်တယ်။ ဒီနေ့ မင်း ငါ့ကို ရှင်းပြချက် မပေးဘူးဆိုရင် ဒီကိစ္စပြီးဖို့ မတွေးနဲ့‌ တော့”

“ဟုတ်တယ် ငါလည်း မတိုက်ခိုက်ရတာကြာပြီ ”

ပိုင်ကျူးကျီ ကလည်း စကားကို ထောက်ခံကာထပ်ဆောင်းပြောလိုက်၏။

သူ၏ မျက်လုံးများတွင် ကြမ်းတမ်းမှုများ ပြည့်နေကာ အထက်လမ်းဂိုဏ်းတပည့်များကို လျှာသပ်ကာ ကြည့်ရှုနေချေသည်။

“လူသတ်သမားကို လွှဲပေးစမ်း”

ပတ်ဝန်းကျင်က နတ်ဆိုး ကျင့်ကြံသူများ လည်း တစ်ညီတည်း တစ်ညွတ်တည်းအော်ဟစ်လိုက်ကြသည်။

ဒီမြင်ကွင်းကို မြင်လိုက်ရသောအထက်လမ်း ဂိုဏ်း တပည့်များ အားလုံး သူတို့၏ မှော်ပစ္စည်းများကို တင်းတင်း ဆုပ်ကိုင်ထားလိုက်ကြကာ မည်သည့်အချိန်မဆို တိုက်ပွဲ အတွက် အသင့်ပြင်ထားကြ၏။

“ဟဲဟဲ~”

ကျန့်ပူယီ ညင်သာစွာ ပြုံးလိုက်သည်။ထို့နောက်

သူက လူအုပ်ထဲက ဖာရှန်ကို ကြည့်လိုက်ပြီး မေးလိုက်သည်- “ တူတော် ဖာရှန်၊ မင်းတို့ လွန်ခဲ့တဲ့ ရက်ပိုင်းက လင်းနို့ ဂူ ကို ဝင်ရောက်တုန်းက ဒီ သွေးနတ်ဆိုးရဲ့ တပည့် ကျန်းလောင်ဆန်းနဲ့တွေ့ခဲ့သလား “

ဖာရှန်၏ ချက်ချင်း နားလည်သွားကာ ရှေ့သို့ တိုးလျက် ‌ ပြောလိုက်၏ “အော်မိတော်ဖော် အကြီးအကဲ ကို သတင်းပို့ပါတယ်၊ သွေးသန့်စင် ခန်းမ ပျက်စီးသွားပြီ ဖြစ်ပါတယ်။ သူ ပြောတဲ့ ဒီ ကျန်းလောင်ဆန်းကတော့ ဒီကိုရင် မှန်မှန်ကန်ကန် မှတ်မိတယ်ဆိုရင် အစ်ကိုကြီး ဂျိရဲ့ ဓားတစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရပုံရပါတယ်...”

“ဟားဟားဟားဟား”

ကျန့်ပူယီ ချက်ချင်း ရယ်မောလိုက်ကာ လှောင်ပြောင်လိုက်သည်-

“သွေးနတ်ဆိုး၊ မင်း ကြားလိုက်လား”

“မင်းရဲ့ တပည့်ကို ငါ့ တကျူး တောင်ထွတ် ရဲ့ တပည့်က ဓားတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တယ်တဲ့ ၊ ဘယ်လိုလဲ ဟားဟားဟားဟား ”

ထိုစကားကိုကြားလိုက်ရသော သွေးနတ်ဆိုးက ချက်ချင်း ဒေါသထွက်လာ၏။

သို့သော် ပတ်ဝန်းကျင်က နတ်ဆိုး ကျင့်ကြံသူများ အားလုံး ထိတ်လန့်သွားကြ၏။

“ဘာ သွေးသန့်စင်ရေး ခန်းမ ပျက်စီးသွားတာလား ”

“ မဖြစ်နိုင်ပါဘူးနော် ”

“သွေးသန့်စင်ရေး ခန်းမ ရဲ့ ခန်းမသခင် အဘိုးကြီး နျန် ရဲ့ ကျင့်ကြံမှုက နက်နဲပြီး ခန့်မှန်းလို့ မရဘူး၊ ရှန်ကျင်းအဆင့်ဘိုးဘေးတွေ နဲ့ နှိုင်းယှဉ်နိုင်တယ်။ သူ့မှာ သွေးနီ နတ်ဆိုးမျက်လုံး မှော်ပစ္စည်းလည်း ရှိတယ်လေ...”

“ဟုတ်တယ်!”

“ကျယ်ရှီ တောင်က ဖန်းယွဲ့ ဘိုးဘေးက လည်း သွေးသန့်စင် ခန်းမ ကို ဝင်သွားတယ်လို့ ကြားတယ်။ သူ အဲဒီမှာ ရှိနေတာနဲ့ သွေးသန့်စင် ခန်းမ က ဘယ်လိုများ ပျက်စီးနိုင်မှာလဲ”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ဒီ အထက်လမ်း ဂိုဏ်းက လူတွေ လျှောက်ပြောနေတာပဲ ဖြစ်ရမယ်”

နတ်ဆိုး ကျင့်ကြံသူများ သူတို့အချင်းချင်း တီးတိုး ပြောဆိုလိုက်ကြသည်။

All Chapters