ဂျိချန်းဖန် တစ်ယောက်နဲ့တင် လုံလောက်ပြီ
Vol. 8 Ch. 75
အရှေ့ပင်လယ် ၌ လှိုင်းလုံးများ ထကြွနေကာ
အဆုံးမဲ့ပင်လယ်သည် ကမ္ဘာအဆုံးထိ ကျယ်ပြန့်နေဟန်ရှိ၏။
နေဝင်ချိန် ဆည်းဆာရောင်သည် ပင်လယ်ပေါ်တွင် ထွန်းလင်း နေကာ လှိုင်းများကလည်း ဆောင်းဦး နှင်းရည်စက်ကဲ့သို့ အေးစက်ကြည်လင်နေချေ၏။
“ရွှန်—“
ထိုအချိန်တွင် အလင်းတန်း သုံးခု တောက်ပလာပြီး ချက်ချငိး ပျောက်ကွယ်သွားသည်။။သူတို့သည် လီပေါ် တောင် သို့ အလွန်လျင်မြန်သော အရှိန်ဖြင့် အလုအယက် သွားနေကြကာ
ဂျိချန်းဖန် နှင့်လုရွှယ်ချီ၊ ကျန်းရှောင်ဖန် တို့ဖြစ်ကြသည်။ သူတို့သွားနေစဉ် တခြား အလင်းတန်းနှစ်ခု ပေါ်လာသဖြင့် သူတို့သည် သူတို့၏ ဓား ထိန်းချုပ်ရေး နည်းစနစ်၏အရှိန်ကို လျှော့ချလိုက်ကာ သူတို့၏ အကြည့်က အဝေးကို စိုက်ကြည့်နေ၏။ထိုအခါ သူတို့သည် လေထဲမှာ ရပ်နေသော အမျိုးသမီး နှစ်ဦးကို တွေ့လိုက်ရသည်။
အမျိုးသမီး တစ်ဦးက အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထား၏။ သူမ၏ လှပသော ခန္ဓာကိုယ်သည် အနည်းငယ် အရပ်ရှည်ကာ သူမ၏ ပြီးပြည့်စုံသော မျက်နှာကို အနက်ရောင် မျက်နှာဖုံးဖြင့် ဖုံးအုပ်ထားသည်။သူမက လျှို့ဝှက်ဆန်းကြယ်ဟန်ရှိနေသည်။
သို့ သော် အခြား အမျိုးသမီးက အစိမ်းရောင် ဝတ်စုံ ဝတ်ဆင်ထား၏။ သူမ၏ ချောမောသော မျက်နှာက အနည်းငယ် နူးညံ့သည်၊ အပြည့်အဝ ရင့်ကျက်ခြင်း မရှိသေးသော်လည်း သူမ၏ ပုံပန်းသဏ္ဍာန်က ပြစ်ချက်မရှိပေ။ သူမသည် သရဲဘုရင် ဂိုဏ်း ၏ ဂိုဏ်းသခင်မ လေး ပိယောင် မှတစ်ပါး အခြားသူ မဟုတ်ပေ။
“သူတို့လား?” ကျန်းရှောင်ဖန် အနည်းငယ် အံ့အားသင့်စွာ ပြောလိုက်သည်။
“ဖျတ်—“
လုရွှယ်ချီ သည် ထျန်းယာဓား ကို မဆိုင်းမတွ ဆုပ်ကိုင်လိုက်ကာ ယိုဂျီ နှင့် ပိယောင် ကို သတိကြီးစွာ စောင့်ကြည့်နေသည်၊ သူမ၏ ချောမောသော မျက်နှာကလည်း ရေခဲကဲ့သို့ အေးစက်သွားလေသည်။
ဒီမြင်ကွင်းကို မြင်လိုက်ရတော့ ဂျိချန်းဖန် အနည်းငယ် စဉ်းစားလိုက်ကာ လုရွှယ်ချီနှင့် ကျန်းရှောင်ဖန်ကို လှည့်ကြည့်လိုက်ကာ သူက ညင်သာစွာ ပြောလိုက်သည်- “ရွှယ်ချီ၊ မင်းတို့ နှစ်ယောက် အရင်သွားနှင့်။”
ဒါကို ကြားလိုက်ရတော့ လုရွှယ်ချီ မျက်မှောင်ကြုတ်လိုက်ကာ
သူမ စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်- “အစ်ကို ဂျိ၊ ကျွန်မ ဒီမှာ ရှင်နဲ့ အတူ နေခဲ့မယ်...”
“ရပါတယ်။” ဂျိချန်းဖန် သူ၏ လက်ကို အသာ ဝှေ့ယမ်းလိုက်၏။
“သူတို့ ငါ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။”
ဒါကို ကြားလိုက်ရတော့ ယိုဂျိီ၏ အမူအရာ အနည်းငယ် အေးစက်သွားသည်။
သူ သူမ တို့ကို တိုက်ခိုက်ချင်နေသည်လော။
ဂျိချန်းဖန်သည် ယိုဂျီ၏ သတိကြီးမှုကို လျစ်လျူရှုလိုက်ကာ သူ၏ အကြည့်သည် ကျန်းရှောင်ဖန်ဆီသို့ လှည့်သွား၏။ သူက ထပ် ပေါင်းပြောလိုက်သည်- “ရှောင်ဖန်၊ မင်းတို့ နှစ်ယောက် လီပေါ် တောင် ကို အရင်သွားနှင့်။”
“ဟုတ်ကဲ့။” ကျန်းရှောင်ဖန် ရိုးသားစွာ ခေါင်းညိတ်လိုက်သည်။
သူသည် ဂျိချန်းဖန်၏ စကားကို အမြဲတမ်း အလေးထား နားထောင်ဆုံးသူ ဖြစ်၏။
ကျန်းရှောင်ဖန် လုရွှေချီကို တစ်ချက် ကြည့်လိုက်သည်၊ သူ သူမကို သူ့နဲ့အတူ သွားဖို့ မတိုက်တွန်းရဲပေ။ ဘာပဲဖြစ်ဖြစ် ဤ အစ်မကြီးသည် ဂျိချန်းဖန်မှလွဲ၍ လူတိုင်းကို အေးစက်စွာဆက်ဆံတတ်သည်ပင်။
မထွက်ခွာမီ
ကျန်းရှောင်ဖန်သည် ပိယောင်ကိုလည်း အံ့အားသင့်စွာ ကြည့်လိုက်၏ ထို့နောက် သူ၏ အကြည့်က နောက်ဆုံးတွင် ဂျိချန်းဖန်ဆီသို့ ပြန်လည် ရောက်ရှိလာသည်၊ သူ၏ အမူအရာက အနည်းငယ် ကြောင်တက်တက်ဖြစ်နေ၏။
“ရွှယ်ချီ၊ မင်း အရင်သွားနှင့်။”
“စကားနားထောင်နော်~”
ဂျိချန်းဖန် ညင်သာစွာ ပြောလိုက်မှသာ လုရွှယ်ချီ သူမ၏ နှုတ်ခမ်းများကိုတင်းတင်း စေ့လိုက်ကာ နောက်ဆုံးတော့ သူမ ထွက်ခွာသွားတော့သည်။
“ဝှစ်—“
အလင်းတန်း နှစ်ခု တစ်ခုပြီးတစ်ခု လီပေါ် တောင် ဆီသို့ ပျံသန်းသွားသည်ကို ကြည့်ပြီးနောက် ဂျိချန်းဖန်က ယိုဂျီနှင့် ပိယောင်ကို လှည့်ကြည့်လိုက်သည်။
လုရွှယ်ချီနှင့် အခြားသူ လုံးဝ ထွက်ခွာသွားသည်အထိ စောင့်ဆိုင်းပြီးနောက် သူသည် စပ်ဖြီးဖြီး အပြုံးဖြင့် ပြောလိုက်သည်-
“ ဟေး ကောင်မလေးတွေ ၊ ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီ။”
ဂျိချန်းဖန်၏ ပြုံးနေသော အကြည့်ကို ရင်ဆိုင်ရသောအခါ ယိုဂျီ သူမ၏ နှုတ်ခမ်းကို အနည်းငယ် ကိုက်လိုက်သည်။ သူမ သူ့ကို ပြင်းပြင်းထန်ထန် စူးစိုက်ကြည့်လိုက်ကာ ထိုလူ၏ ဆိုလိုရင်းကို သူမရဲ့ နှလုံးသားထဲမှာ နားလည်လိုက်သည်...
ယိုဂျီ မလွှဲသာမရှောင်သာ သူမ၏ မျက်နှာဖုံးကို ချွတ်လိုက်ရာ
ပြစ်ချက်ကင်းသော မျက်နှာလေးတစ်ခု ပေါ်လာသည်။
အကြောင်းတစ်ခုခုကြောင့်သူမ ဂျိချန်းဖန်ရှေ့မှာ သူမ၏ မျက်နှာဖုံးကို ချွတ်ဖို့ အရင်ကလောက် တုန့်ဆိုင်းခြင်းမရှိတော့ပေ။ ပီယောင်၏ ကြည်လင်သော မျက်လုံးများက ဂျိချန်းဖန်ကို ကြည့်နေကာ သူမ စပ်စုစွာ မေးလိုက်သည်- “ရှင် ကျယ်ရှီ တောင် ကို သွားမှာ မဟုတ်ဘူးလား ဘာလို့ လီပေါ် တောင် ကို ဒီလောက် မြန်မြန် ပြန်ရောက်လာတာလဲ”
ဒါကို ကြားလိုက်ရတော့ ဂျိချန်းဖန် ပီယောင်ကို ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်- “ငါတို့ ကျယ်ရှီ တောင် ကနေ ဒီကို လာခဲ့တာပဲ ရှိသေးတယ်။”
ယိုဂျီ နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်- “ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ကျယ်ရှီ တောင် က အရှေ့ပင်လယ် မှာ လီပေါ် တောင် နဲ့ အနည်းဆုံး လီ ပေါင်းတစ်သောင်းကိုးထောင် ဝေးတယ်။”
“အဲဒါကို ရှင်တို့ ကုန်းဆန်း တောင် ကနေ ကျယ်ရှီ တောင် ကို သွားခဲ့တဲ့ ခရီးနဲ့ ပေါင်းလိုက်ရင် စုစုပေါင်း လီပေါင်း သုံးသောင်း နီးပါး ရှိတယ်...”
လီပေါင်း သုံးသောင်း အကွာအဝေး။
ရှန်ကျင်းအဆင့် တစ်ဦးအတွက်တောင် အနည်းဆုံး ရက်ပေါင်းများစွာ ကြာနိုင်တယ်၊ ဒါပေမယ့် ဂျိချန်းဖန်က နှစ်ရက်တောင် မပြည့်ဘဲ အချိန်ယူခဲ့တယ်လို့ ပြောနေသည်လော
ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။
ဂျိချန်းဖန် ယိုဂျီကို ပြုံးပြုံးလေး ကြည့်လိုက်ကာ သူထပ်ရှင်းပြခြင်းမရှိတော့ပေ။
ထို မြင်ကွင်းကို မြင်လိုက်ရတော့ ယိုဂျီ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာတွေးလိုက်၏။
ဂျိချန်းဖန်နှင့် သူ၏ ဓား ထိန်းချုပ်ရေး နည်းစနစ် အရှိန်အရဆိုရင် လီပေါင်း သုံးသောင်းကို နှစ်ရက်အတွင်း ဖြတ်ကျော်တာ ဖြစ်နိုင်ခြေရှိပါသည်။
ပီယောင်လည်း လည်း ထိုသည်ကို သတိထားမိပုံရပါ၏။သို့သော်
သူမအများကြီးမ တွေးခဲ့ပါချေ။ထိုအစားသူမက ဂျိချန်းဖန်နှင့် အခြားသူများ ကျယ်ရှီ တောင် မှာ ဘာလုပ်ခဲ့လဲဆိုတာကို ပို စပ်စုချင်သည်။
ပီယောင် စပ်စုစွာ မေးလိုက်သည်- “ရှင် ကျယ်ရှီ တောင် မှာ တစ်ရက်တောင် မနေခဲ့ဘူး မဟုတ်လား?”
“အင်း၊ ဘိုးဘေးဖန်းယွဲ့လို လူ တစ်ဦးကို သတ်ဖို့ တစ်ရက်က လုံလောက်ပါတယ်။” ဂျိချန်းဖန် ခေါင်းညိတ်လိုက်၏။သူ၏ပုံစံက အရေးမပါသော ကိစ္စကို ပြောသကဲ့သို့ ဖြစ်သည်။
“မဖြစ်နိုင်ဘူး...” ယိုဂျီ ပြန်လည် ပြောဆိုချင်သော်လည်း ဂျိချန်းဖန်၏ ကြောက်မက်ဖွယ် ခွန်အားကို စဉ်းစားမိသောအခါ သူမ ရုတ်တရက် စကားပြော ရပ်လိုက်သည်။
ဂျိချန်းဖန်၏ ခွန်အားကို ကြည့်ခြင်းအားဖြင့် ဖန်းယွဲ့ ကို သတ်တာ တကယ်ပဲ ခက်ခဲတဲ့ အလုပ် မဟုတ်ပေ။
ယိုကျိ၏ နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှားသွားကာ
သူမ၏ မျက်လုံးများ သူမရှေ့က ဂျိချန်းဖန်ကို ကြည့်နေသည်၊ အကြောင်းတစ်ခုခုကြောင့်... သူမ ဒီလူကို အပြစ်တင်ချင်ရုံပါပဲ။
ဂျိချန်းဖန် ညင်သာစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်- “ငါ သွားတော့မယ်။ အနာဂတ် အထက်လမ်းနဲ့ နတ်ဆိုး တာအို စစ်ပွဲ မှာ မင်းတို့ကို ငါ မတွေ့ရဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင်...”
“ငါက သနားမှာ မဟုတ်ဘူး!”
နောက်ဆုံး ဝါကျသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်ကာကျန်နေခဲ့၏။
…
…
လီပေါ် တောင်။
အထက်လမ်း ဂိုဏ်း များ နှင့် နတ်ဆိုး ဂိုဏ်းများ ရင်ဆိုင်နေကြသည်။
“ဝီးးး—“
သို့သော် ထိုအချိန်မှာ သွေးနီရောင် အလင်းတန်း တစ်ခု ရုတ်တရက် လင်းလက်ပြီး ပေါ်လိုက်ပျောက်လိုက်ဖြစ်ကာ နီးကပ်လာ၏။
တစ်စုံတစ်ယောက်က မှော်ပစ္စည်းကို ထိန်းချုပ်ပြီး ချဉ်းကပ်လာပုံရသည်
နတ်ဆိုး ဂိုဏ်းမှ လူတိုင်း ထိုသွေးနီရောင် အလင်းတန်းကို မြင်လိုက်ကြသည်။ ကျင့်ကြံမှု နိမ့်သော နတ်ဆိုးလမ်းစဉ်၏ တပည့်အချို့ ထိတ်လန့်သွားကြသည်၊ တစ်ယောက်ပြီးတစ်ယောက် အာမေဋိတ် ပြုကြသည်-
“ဒါ ငါတို့ နတ်ဆိုး လမ်းစဉ်ရဲ့ ဘိုးဘေး တစ်ဦး တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတာများလား?”
“ဟားဟားဟားဟား! အခု ငါတို့ ရှန်ကျင်း ကျွမ်းကျင်သူ လေးယောက် ရှိပြီ၊ အထက်လမ်း ဂိုဏ်း တွေက ဘယ်သူ တွေနဲ့ ငါတို့ကို တိုက်ခိုက်မှာလဲ”
“ဟုတ်တယ်။”
နတ်ဆိုး လမ်းစဉ်၏ တပည့်များ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်။
သိုသော် နက်နဲသော ကျင့်ကြံမှု ရှိသူများ၏ အမူအရာက ထူးဆန်းနေ၏။သူတို့ သွေးနီရောင် အလင်းတန်းကို ရှင်းရှင်းလင်းလင်း မြင် နေကြသည်၊ မှော်ပစ္စည်းကို ထိန်းချုပ်နေသော ပုဂ္ဂိုလ်သည် ကျင်းယွမ် ဂိုဏ်း တပည့် ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦး ဖြစ်နေသည် မဟုတ်ပါလော။
“ရွှတ်—“
တစ်ချိန်တည်းမှာပင် သွေးနီရောင် အလင်းတန်း၏ နောက်တွင် တောက်ပသော အပြာရောင် ဓားသက်တံ တစ်ခု လင်းလက်ပြီး လိုက်လာ၏။
ဒါက အထက်လမ်း ဂိုဏ်း ကျွမ်းကျင်သူတစ်ဦးက နတ်ဆိုး ကျင့်ကြံသူ တစ်ကို လိုက်ဖမ်းနေသကဲ့သို့ ဖြစ်နေသည်...
အထက်လမ်း ဂိုဏ်း တပည့်များ၏ အမူအရာ ပြောင်းလဲသွားကာ ၊ စုန့်ဒါရန်ကလည်း ချက်ချင်း ပြောလိုက်သည်- “တကျူး တောင်ထွတ် တပည့် တွေ၊ ငါ့ နောက်ကို မြန်မြန် လိုက်ခဲ့ပြီး ဒီ မကောင်းဆိုးဝါးကို တားဆီးကြ!”
သူ ပြောပြီးသည်နှင့် တစ်ပြိုင်နက် တကျူး တောင်ထွတ် တပည့်များ အားလုံး လုပ်ဆောင်ရုံသာမက၊ သူတို့၏ မှော်ပစ္စည်းများကို ထိန်းချုပ်ပြီး သွေးနီရောင် အလင်းတန်းကို တိုက်ခိုက်လိုက်၏။ ပတ်ပတ်လည်က အခြား ဂိုဏ်း တပည့်များလည်း လျင်မြန်စွာ တုံ့ပြန်ကြကာ
“ရွှတ်!”
မှော်ပစ္စည်း အများအပြား သွေးနီရောင် အလင်းတန်းဆီသို့ တိုက်ရိုက် တိုက်ခိုက်လိုက်ကြ၏။
ဒီမြင်ကွင်းကို မြင်လိုက်ရ သောအခါ သွေးနီရောင် အလင်းတန်းအတွင်းက လူက အနည်းငယ် အံ့အားသင့်သွားသည်။
သူ ရုတ်တရက် ဖြစ်ပေါ်လာသော အဖြစ်အပျက်ကြောင့် စိတ်ရှုပ်ထွေးသွားပုံရ၏။
ကျန်းရှောင်ဖန်: “…”
“ဗုန်း—“
သို့သော်ခဏအတွင်း
ကျန့်ပူယီ၏ အမူအရာ ပြောင်းလဲသွား၏။
သူက သွေးနီရောင် အလင်းတန်းသည် သူ၏ တကျူး တောင်ထွတ် မှ အဋ္ဌမမြောက် တပည့် ဖြစ်သည်ကို မြင်လိုက်ရသည်၊ သို့သော် သူ ဘာမှ မပြောမီ စုန့်ဒါရန်က ရုတ်တရက်ကျယ်လောင်စွာအော်ဟစ်လိုက်သည့်အတွက် ကြောင့် သူ့ပတ်ပတ်လည်က လူအများအပြား တိုက်ခိုက်ခဲ့ကြသည်။ထိုအရာကအလွန် ရယ်စရာ ကောင်းသည်။
“ဖျတ်—“
ကံကောင်းစွာဖြင့်၊ ဒီ အရေးပါတဲ့ အခိုက်အတန့်မှာ
တောက်ပသော အပြာရောင် ဓားအလင်းတန်းတစ်ခုက ရုတ်တရက် ပေါက်ကွဲထွက်လာကာ စိတ်ရှုပ်ထွေးနေသော ကျန်းရှောင်ဖန်ကို ကယ်တင်လိုက်သည်။
“အစ်မကြီး လု”
ကျန့်လင်းအာသည် စိတ်ရှုပ်ထွေးနေသော ပုံစံဖြင့် ကြည့်လိုက်သည်။
သူမ သွေးနီရောင် အလင်းတန်းကို လှည့်ကြည့်လိုက်သောအခါ ထိုအလင်း ပျောက်ကွယ်သွားသည်ကိုသာ မြင်လိုက်ရကာ တုံးအအ ပုံစံရှိသော လူငယ်တစ်ဦး လူတိုင်းရှေ့မှာ ပေါ်လာသည်။
“ရှောင်ဖန်”
တကျူး တောင်ထွတ် အဖွဲ့ ချက်ချင်း အံ့အားသင့်သွားသည်။
ကျန်းရှောင်ဖန် မျက်နှာငယ်ဖြင့် စုန့်ဒါရန်နှင့် သူ၏ အဖွဲ့ကို လှမ်းကြည့်လိုက်ကာ သူ ရိုးသားစွာ ပြောလိုက်သည်- “အစ်ကိုကြီး၊ ခင်ဗျား ဘာလို့ ကျွန်တော့်ကို တိုက်ခိုက်တာလဲ...?”
“...” စုန့်ဒါရန်နှင့် သူ၏ အဖွဲ့ တိတ်ဆိတ်နေကြ၏။
“အဓိပ္ပာယ်မရှိတာ မြန်မြန် ပြန်လာခဲ့” ကျန့်ပူယီ ဒေါသတကြီး ဆူပူကြိမ်းမောင်းလိုက်သည်။
နတ်ဆိုး ကျင့်ကြံသူတွေ ရှေ့မှာ အတွင်း ပဋိပက္ခ ဖြစ်နေတာလား
သူ ကျန့်ပူယီ၏ မျက်နှာသည် ဤ မလိမ္မာသော တပည့်များကြောင့် လုံးဝ ဆုံးရှုံးလုနီးပါး ဖြစ်နေပြီဖြစ်၏။
“ရှောင်ဖန်၊ မြန်မြန် လာခဲ့” စူးရူ ညင်သာစွာ လက်ယပ်ခေါ်လိုက်သည်။
“ဟုတ်...” ကျန်းရှောင်ဖန် ဝမ်းနည်းနေသော ပုံစံဖြင့် လျှောက်လာသည်။
စူးရူ သူ့ကို အမြန် ဆွဲခေါ်ပြီး ခဏတာ နှစ်သိမ့်ပေးလိုက်သည်။
ဒါက တခြားသူ မည်သူ၏ အမှားမှ မဟုတ်ပါချေ။
အပြစ်တင်စရာ ရှိရင် ကျန်းရှောင်ဖန်၏ မှော်ပစ္စည်းကို အပြစ်တင်ရမည်ဖြစ်သည်ပင်။
ထျန်းလင်အာ စပ်စုစွာ မေးလိုက်သည်- “ရှောင်ဖန်၊ မင်းရဲ့ ဓား ထိန်းချုပ်ရေး နည်းပညာ အရှိန်က ဘာလို့ ဒီလောက် မြန်နေတာလဲ ရှန်ကျင်း ကျွမ်းကျင်သူ နဲ့ နှိုင်းယှဉ်နိုင်တယ်နော်။”
ကျန်းရှောင်ဖန် မြန်ဆန်စွာ ရှင်းပြလိုက်သည်- “ဒါက သတ္တမမြောက် အစ်ကိုကြီးသင်ပေးတာပါ။ သူက ဓား ထိန်းချုပ်ရေး နည်းပညာ ကို ဖန်တီးခဲ့ပြီး ကျွန်တော်၊ အစ်မကြီး လုနဲ့ အစ်ကိုကြီး ရှီဟောင် ကို သင်ပေးခဲ့တာပါ။”
လုရွှယ်ချီ လူအုပ်ကို ကြည့်လိုက်သောအခါသူမ ဝမ်မင် ဦးဆောင်သော ရှောင်ကျူး တောင်ထွတ် တပည့်များကို တွေ့လိုက်ရသော်လည်း သူမ၏ ဆရာမ၊ ဂရန်းမာစတာ ရွှယ်ယွဲ့ ကို မတွေ့ခဲ့ပေ။
လုရွှယ်ချီ၏ သည် ကျန့်ပူယီထံသွားကာ ပြောလိုက်သည်- “ဦးရီးတော်ကျန့် ကျွန်မတို့ ဒီကို လာတဲ့ လမ်းမှာ သရဲဘုရင် ဂိုဏ်း ရဲ့ မြင့်မြတ်တမန်တော် ဗာမီလီယံငှက်နဲ့ တွေ့ခဲ့ပြီး အစ်ကို ဂျိက သူ့ကို တားဆီးဖို့ တစ်ယောက်တည်း နေခဲ့တယ်...”
“ဘာ”
ကျန့်ပူယီပင် စကားမပြောမီ ချန်စုန့်၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားကာ သူ ချက်ချင်း သူ၏ ဓားကို ဆွဲထုတ်လိုက်သည်။
သူသည် ‘ဘယ်သူ ငါ့ ဂျိချန်းဖန်ကို အနိုင်ကျင့်ရဲလဲ’ ဆိုသော ပုံစံပင်ပေါ်ပေါက်လာ၏။
ရှီဟောက် : “ ဆရာ၊ ကျွန်တော် ဘယ်သွားခဲ့လဲ မေးပါဦးလား”
“ဖျတ်—“
ထိုအချိန်တွင်။
ပုံရိပ်တစ်ခု ရုတ်တရက် သစ်တောထဲမှာ ပေါ်လာ၏။
ရှေ့ကို ကြည့်လိုက်သောအခါ အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော ထူးဆန်းသော ပုံရိပ်တစ်ခု နတ်ဆိုး လမ်းစဉ် တပည့်များ၏ ရှေ့ဆုံးတွင် ပေါ်လာကာ ထိုလူကပြောလိုက်သည်-
“ဟဲဟဲဟဲဟဲ”
“ဝမ်ကျန့်ယိ ဘယ်မှာလဲ အဲဒီ ဝမ်ကျန့်ယိ ဆိုတဲ့ ကောင် ဘယ်ရောက်သွားတာလဲ သူ သေသွားပြီလို့ ကြားတယ် ”
တုန်းမူ အဖိုးအို ကထိုစကားများကိုပြောလိုက်ခြင်းဖြစ်၏။
ထိုအခါ ချန်စုန့်ဒေါသထွက်သွား၍ တိုက်ခိုက်ရန်ပြင်လိုက်စဉ်
“ရွှမ်း—“
အဝေးမှ ဓားအလင်းတန်း တစ်ခုထွက်ပေါ်လာပြီး လူတိုင်း၏ ရင်ထဲကို ထိမိသွားစေသော စကားသံတစ်ခုထွက်ပေါ်လာသည်-
“နတ်ဆိုးကျင့်ကြံသူတွေ ၊ မင်းတို့ကို တိုက်ဖို့ ကျင်းယွမ်ဂိုဏ်းက အကြီးအကဲတွေမလိုဘူး၊ ငါ ဂျိချန်းဖန် တစ်ယောက်နဲ့တင်လုံလောက်တယ်။”