ဇနီးမောင်နှံ တွဲဖက်နှစ်ယောက်တိုက်ပွဲ
Vol. 8 Ch. 79
“ဝှမ်း—“
တောက်ပသော ဓားအလင်းသည် အလွန်လျင်မြန်သော အရှိန်ဖြင့် ကောင်းကင်ကို ဖြတ်၍ ပြေးသွားသည်။
လူတိုင်း၏ အကြည့်အောက်တွင်
အဆိပ် တစ်သောင်း ဂိုဏ်းမှ ရှန်ကျင်းအဆင့် ကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် သွေး နတ်ဆိုးသည် ဓားတစ်ချက်တည်းဖြင့် ခေါင်းဖြတ် အသတ်ခံလိုက်ရ၏။
“ကျစ်—“
ပူနွေးနေသောသွေးများပန်းထွက်လာကာခေါင်းပြတ်နေသော အလောင်းတစ်ခု ကောင်းကင်မှ ပြုတ်ကျလာသည်။
လူတိုင်းက သူတို့၏ ရှေ့က မြင်ကွင်းကို မှင်တက်စွာ ကြည့်နေကြ၏။
အခြားတစ်ဖက်တွင် တာအိုသခင် ချန်စုန်နှင့် တုန်းမူ တို့ကြားက တိုက်ပွဲလည်း ရပ်တန့်သွားသည်။ သူတို့ သွေး နတ်ဆိုး ၏ ခေါင်းပြတ်နေသော အလောင်းကို သတိပြုမိကြသောအခါ သူတို့ မျက်လုံးများ မထိန်းနိုင်အောင်ပင် ပြူးကျယ်သွားကြသည်။
ဒီမြင်ကွင်းသည် အချိန်အတော်ကြာအောင်ထိ တိတ်ဆိတ်နေခဲ့သည်။
လူတိုင်း မော့ကြည့်လိုက်သောအခါ ဂျိချန်းဖန်ကို ကို လူတိုင်း တွေ့လိုက်ရသည်။ သူ၏ ပုံရိပ်သည် အလွန် ခန့်ညားပြီး သူ၏ဓားချက်ကလူတိုင်းကို အံ့အားသင့်စေခဲ့သည်။
အချိန်အတော်ကြာ တိတ်ဆိတ်ပြီးနောက် လမ်းမှန်ဂိုဏ်း ဘက်က မယုံနိုင်စရာ ဆွေးနွေးသံများ ချက်ချင်း ပေါက်ကွဲထွက်လာသည်-
“အိုးဘုရားရေ! သူ၊ သူ သွေး နတ်ဆိုး ကို ဓားတစ်ချက်တည်းနဲ့ သတ်လိုက်တာလား?!”
“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ! သူ ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်ရတာလဲ?!”
“ဂိုဏ်းထဲကို ဝင်ရောက်ပြီး ငါးနှစ်အတွင်း ရှန်ကျင်းအဆင့်ရောက်အောင်ကျင့်ကြံနိုင်ခဲ့တယ်၊ ပြီးတော့ ဝါရင့် ကျွမ်းကျင်သူတစ်ဦးကိုတောင် ဓားတစ်ချက်တည်းနဲ့ သတ်နိုင်တယ်။ သူက ဘယ်သူလဲ ရှေးဟောင်း ဓား နတ်ဘုရားတစ်ပါး ရဲ့ ပြန်လည် မွေးဖွားခြင်းများလား”
လူတိုင်း မယုံကြည်နိုင်စွာ ကောင်းကင်ယံရှိ ပုံရိပ်ကို မော့ကြည့်လိုက်ကြသည်။
ကျန့်ပူယီ ၏ ပါးစပ်သည် အပေါ်သို့ ကွေးညွတ်နေကာစူးရူ ၏ လှပသော မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင် ပေါ်လာသည်။
သူမ ဂျိချန်းဖန်ကို မယုံကြည်နိုင်စွာ ကြည့်ကာေတွးလိုက်သည်။ သူ ဒီလောက် အစွမ်းထက်နေပြီလို့ လုံးဝ မမျှော်လင့်ခဲ့ပေ။
တကျူး တောင်ထွတ် မှ လူတိုင်း မှင်တက်သွားကြသည်။
သူတို့ ထိုပုံရိပ်ကို မှင်တက်စွာ စိုက်ကြည့်နေကြကာ အချိန်အတော်ကြာ စကားမပြောနိုင် ဖြစ်နေသည်။
“ဂျိချန်းဖန် လုပ်တာ ကောင်းတယ်!”
ကျန့်လင်းအာ ၏ ချောမောသော မျက်နှာ နီရဲ နေ၏။သူမ အနီရောင် ဝတ်စုံ ဝတ်ဆင်ထားကာ နတ်သမီးတစ်ပါးကဲ့သို့ ပျံဝဲ နေကာ သူမကို ပို၍ပင် ချစ်စရာကောင်းအောင် လုပ်နေသည်။
ဒီအချိန်မှာ
သူမ၏ နှလုံးသားထဲ စိတ်ဆိုးမှု ခံစားချက်ကလုံးဝ ပျောက်ကွယ်သွားပြီဖြစ်၏
ရိုးရိုးလေး ပြောရလျင်
ဒီကောင်မလေးသည် သူ၏ ခန့်ညားမှုကြောင့် လုံးဝ ကျရှုံးသွားပြီ ဖြစ်သည်။
လမ်းမှန် ဂိုဏ်းမှ အားပေးမှုများနှင့် နှိုင်းယှဉ်ပါက နတ်ဆိုး လမ်းစဉ်မှ လူများ အမူအရာကား အတိအလင်း ဆန့်ကျင်ဘက် ဖြစ်သည်။
ရေတွက်မရသော နတ်ဆိုး လမ်းစဉ် တပည့်များသည် သွေး နတ်ဆိုး ၏ ခေါင်းပြတ်နေသော အလောင်းကို ထိတ်လန့်တကြား ကြည့်နေကြကာ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်လာသည်-
“ဘိုးဘေး သေသွားပြီလား”
“သူ ကျင်းယွမ် ဂိုဏ်း က လူရဲ့ အသတ်ခံလိုက်ရတာလား”
“ပြေး ပြေး”
နတ်ဆိုး လမ်းစဉ် ဂိုဏ်းသားများ ပြန့်ကျဲကာထွက်ပြေးသွားကြသည်။ပိုင်ကျူးကျီ သူ၏ ရှေ့က အရာအားလုံးကို အံ့အားသင့်စွာ ကြည့်နေသည်။ သွေးနတ်ဆိုး သည် ဂျိချန်းဖန်၏ ဓားဖြင့် တိုက်ရိုက် အသတ်ခံလိုက်ရလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ခဲ့ ပေ။
“မင်း...”
ပိုင်ကျူးကျီ သည် ဂျိချန်းဖန်ကို ကြောက်ရွံ့မှု ဖြင့် ကြည့်လိုက်သည်။ သူ လှည့်ပြီး မဆိုင်းမတွ ပြေးချင်သော်လည်း မပြေးခင် တုန်းမူ အဖိုးအို ကိုလည်း သတိပေးလိုက်သည်-
“တုန်းမူ သွားကြစို့”
“ဖျော—“
ထိုအချိန်တွင်
တောက်ပသော အပြာရောင် ဓားအလင်းတစ်ခု လင်းလက်ကာပြန် ပျောက်ကွယ်သွား၏။အသင့်ပြင်ထားသော ထျန်းယား ဓား သည် ချက်ချင်း ခုတ်ချလိုက်သည်။
အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသော အေးစက်သော ကောင်မလေးသည် နတ်သမီး တစ်ပါးကဲ့သို့ ပျံဝဲနေကာ၊ သူမ၏ နတ် လက်နက်ကို ကိုင်ဆောင်ထားသည်၊ ထို့နောက်သူမ၏ အေးစက်သော အသံသည် ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါသွားစေသည်-
“ ကောငကင်ကိုးထပ်၏ မိုးကြိုးများ နတ်ဘုရားများ၏လမ်းညွှန်မှုဖြင့် ကမ္ဘာ ပေါ်သို့ကျဆင်းပါ စေ”သူမ၏ အသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ကမ္ဘာကြီး ပြောင်းလဲသွားသည်။
လီပေါ် တောင် ပေါ်တွင် မိုးကြိုးမုန်တိုင်း တိမ်တိုက်များ စုဝေးလာကာ အားကောင်းမိုးကြိုးများသည်တိမ်တိုက်များအတွင်း အဆက်မပြတ် လင်းလက်နေသည်၊ ထွက်ပြေးနေသော ပိုင်ကျူးကျီကိုလည်း မိုးကြိုးတစ်ခုက ချိန်ရွယ်ထား၏။
“ကျစ်!”
ပိုင်ကျူးကျီ တိုးတိုးလေး ကျိန်ဆဲလိုက်သည်။
ကျစ် သွေး နတ်ဆိုး၊ ဘာလို့ အကြောင်းမဲ့ သူတို့ကို တိုက်ခိုက်တာလဲ။
“ဗုန်း!!”
မိုးကြိုးပစ်ချမှုသည် သူ့ထံသို့ရောက်ရဇိလာ၏။ ထိုမိုးကြိုးသည် ရှန်ကျင်းအဆင့် ကျွမ်းကျင်သူ တစ်ဦးဖြစ်သော ပိုင်ကျူး ကျီ ကို အသက်သေစေနိုင် လောက်သော ဒဏ်ရာ မပေးနိုင်သော်လည်း သူ့ကို ပြင်းထန်စွာ ဒဏ်ရာရစေဖို့ လုံလောက်သည်။
“ဗုန်း—“
နဂါးတစ်ကောင်ကဲ့သို့သော မိုးကြိုးသည် မြေပြင်ပေါ်ရှိ ပိုင်ကျူးကျီ ကို ချက်ချင်း ဝါးမြိုလိုက်သည်။
“အား အား အား!!”
အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
ပိုင်ကျူးကျီ သည် လျှပ်စီးပင်လယ်ထဲတွင် လုံးဝ နစ်မြုပ်သွားကာ
သူ ပြင်းထန်စွာ ဒဏ်ရာရသွားသည်။
“မင်းက သေချင်နေတာပဲ”
ပိုင်ကျူးကျီ သည် လုရွှေချီကို မကျေမနပ် မျက်လုံးများဖြင့် စိုက်ကြည့်ကာသူမကို သတ်ဖို့ စိတ်ပိုင်းဖြတ်လိုက်ပါပြီ
အနာဂတ်မှာ သူ အခွင့်အရေး ရခဲ့လျင်သူ သေချာပေါက် သတ်မည်ဖြစ်၏။
ပိုင်ကျူးကျီ ၏ အတွေး ပေါ်လာရုံ ရှိသေးသည်။
ဒါပေမယ့် နောက်တစ်ခဏမှာ
ပို၍ပင် အေးစက်သော အသံတစ်ခု သူ၏ နားထဲမှာ ပဲ့တင်ထပ်လာသည်။
“ရွှယ်ချီ၊ မင်းရဲ့ဓားကို ငါ့ကို ခဏ ပေးပါဦး။”
ဂျိချန်းဖန်သည် ထျန်းယား ဓား ကို နောက်ပြန်လှည့်ပြီး ယူလိုက်သည်၊ထို့ နောက်သူ၏ တစ်ကိုယ်လုံး မှော်စွမ်းအားများ ပေါက်ကွဲထွက်လာကာသူ ကျယ်လောင်စွာ မန္တန် ရွတ်ဆိုသည်-
“ကောင်းကင်ကိုးထပ်မှ နတ်မိုးကြိုးများ…”
“ဟမ် ” ပိုင်ကျူးကျီ အကြီးအကျယ် ထိတ်လန့်သွားသည်။
မမဖြစ်နိုင်ဘူးလာ။
မိုးကြိုးတွေ ထပ်လာဦးမှာလား။
သူ ဂျိချန်းဖန်ကို ထိတ်လန့်သော မျက်လုံးများဖြင့် ကြည့်နေကာ၊ငိုတော့မလို ဖြစ်နေကာတွေးလိုက်၏။
*တောင်းပန်ပါတယ်၊ ကျွန်တော် မှားသွားပါတယ်။*
ဒါပေမယ့် ကံမကောင်းစွာဖြင့် အရမ်း နောက်ကျသွားပြီ။
“နတ်ဘုရားတို့၏အစွမ်းဖြင့် လမ်းညွန်ေပးပါ”
ဂျိချန်းဖန်၏ ရှင်းလင်းသော အော်ဟစ်သံ ထွက်လာသည်နှင့်အမျှ
နောက်ထပ် မိုးကြိုး ဓားတစ်ခုက ပေါ်လာသည်။
ဒီ မိုးကြိုး ဓား သည် လုရွှယ်ချီ၏ ယူကျင်းအဆင့် ၏ စွမ်းအား ကဲ့သို့မဟုတ်ဘဲ စစ်မှန်သော ရှန်ကျင်းအဆင့်၏စွမ်းအားဖြစ်၏။
ပိုင်ကျူးကျီ သည် ပြင်းထန်စွာ ဒဏ်ရာရနေပြီးသား ဖြစ်၍
ထို မိုးကြိုးသည် သူ၏ အသက်ကို လုံးဝ အဆုံးသတ်ဖို့ လုံလောက်သည်။
“မဖြစ်ဘူး” ပိုင်ကျူးကျီ သည် ကောင်းကင် မှ ကျလာသော မိုးကြိုးကို ကြောက်ရွံ့မှု ဖြင့် ကြည့် နေကာ သူ သေခြင်းတရားကို မြင်လိုက်ရသကဲ့သို့ ဖြစ်သည်။
နောက်ဆုံး အခိုက်အတန့်အထိ ပိုင်ကျူးကျီ ၏ နှလုံးသားထဲမှာ အတွေးတစ်ခု ရှိနေဆဲဖြစ်သည်။
ဪ သွေး နတ်ဆိုး၊ ဘာလို့ အကြောင်းမဲ့ သူတို့ကိုသွားတိုက်ခိုက်တာလဲ။
“ဗုန်း—“
ပတ်ဝန်းကျင်က သစ်တောသည် လျှပ်စီးဖြင့် လုံးဝ ဝါးမြိုခံလိုက်ရကာ အနီးအနားက ဧရိယာ တစ်ဝက်နီးပါး လျှပ်စီးပင်လယ် ဖြစ်သွားသည်။
လူတိုင်း မှင်တက်စွာ စိုက်ကြည့်နေကြ၏။
သူတို့ မြင်လိုက်ရသည်က
ပိုင်ကျူး ကျီ သည် ပြာအဖြစ် လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။
“အော်မီတာ်ဖော်!” မဟာဗလမထေရ် အာမေဋိတ် မပြုဘဲ မနေနိုင်ပေ- “ဒါ ကျင်းယွမ် ဂိုဏ်း ရဲ့ မိုးကြိုး ဓားကျင့်စဉ်လား ဒါဟာ တကယ်ကို နက်နဲပြီး ပြိုင်ဘက်ကင်းလှပါတယ်”
သူတို့ ပတ်ပတ်လည်က အခြားသူများ ခေါင်းညိတ်လိုက်ကြသည်။
ဟုတ်ပါသည်၊ သူတို့ အများစု ကောင်းကင်ယံရှိ ကောင်လေး ကို ကြည့်နေကြသည်။ ကောင်လေး၏ ဘေးမှာ အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသော အေးစက်သော ကောင်မလေးတစ်ဦး ရပ်နေ၏။ထို နှစ်ဦးသည် ကောင်းကင်မှတွဲဖက် သောစုံတွဲကဲ့သို့ ဖြစ် နေသည်။
ဒီတစ်ခါ၊ ဇနီးမောင်နှံ နှစ်ယောက် တွဲပြီးတိုက်ရင် ရှန်ကျင်းအဆင့် ကျွမ်းကျင်သူ တစ်ဦးတောင် မနိုင်လောက်ပါချေ။
တစ်စုံတစ်ဦးက သူတို့ ဘေးနားရှိ ကျန့်လင်းအာကို ကြည့်လိုက် သောအခါ အနီရောင် ဝတ်စုံ ဝတ်ဆင်ထားသော ကောင်မလေးက ဒေါသတကြီး ခြေဆောင့်နေသည်ကိုသာ တွေ့လိုက်ရ၏ သူမ၏ မျက်နှာတွင်လည်း ခံပြင်းမှုများက ပြည့်နှက်နေသည်။
ဒီမြင်ကွင်းကို မြင်လိုက်ရတော့ ကျန့်ပူယီက တိတ်ဆိတ်နေကာ
စူးရူက ခေါင်းခါရင်း ကူကယ်ရာမဲ့ ဖြစ်နေသည်။ထို့နောက်တွေးလိုက်၏ ။လင်းအာက ဆိုးသွမ်းတဲ့မိန်းကလေးတစ်ယောက်ပဲ။
လင်ကျင်းရူကလည်း ဂျိချန်းဖန်၏ နောက်ကျောကို မှင်တက်စွာ စိုက်ကြည့်နေကာ သူ၏ လက်ထဲက ဓားရှည်ကို တင်းကျပ်စွာဆုပ်ကိုင်မိလိုက်သည်။ထို့နောက်ဂျိချန်းဖန် ပြောခဲ့ဖူးသော စကားများ ရုတ်တရက် သူ၏ စိတ်ထဲမှာ ပဲ့တင်ထပ်လာသည်— “ ငါအလွယ်တကူအနိုင်ယူနိုင်တဲ့သူကို ငါ့ပြိုင်ဘက်လို့ ဘယ်တော့မှမသတ်မှတ်ဘူး”
လင်ကျင်းယွီ တိတ်ဆိတ်စွာ ထို ပုံရိပ်ကို မော့ကြည့်၏။
ဟုတ်ပါသည်။သူ ဂျိချန်းဖန်ကို လိုက်မမီ ပါတော့ချေ။ထို့ကြောင့် နောက်မှနေ၍ ဝေးမှ မျှော်ကြည့်ရုံသာရှိတော့သည်။