ကောင်းကင်က ငါ ဂျိချန်းဖန်ကို မမွေးဖွားခဲ့ဘူးဆိုရင်၊ ဓား တာအိုလမ်းစဉ် ဟာ ထာဝရ ညလို မှောင်မိုက်နေလိမ့်မယ်
Vol. 8 Ch. 80
ပြီးသွားပြီ။
သူ သံပြားကို ကန်မိပြီ။
ထိုအသံများက တုန်းမူ၏ စိတ်ထဲတွင်ပေါ်လာသော အသံများပင်။
တုန်းမူ သည် သွေး နတ်ဆိုး နှင့် ပိုင်ကျူးကျီ တို့၏ အပိုင်းပိုင်း ဖြစ်နေသော အလောင်းများကို မှင်တက်စွာ စိုက်ကြည့်လေ၏။
တစ်ယောက်က ခေါင်းဖြတ်ခံရသည်။
အခြားတစ်ယောက်ကတော့ အလောင်းတောင် မကျန်တော့ပေ။
နောက်ဆုံးတော့ သူ တစ်ယောက်တည်းသာ အသက်ရှင်ကျန်ခဲ့သည်လော။
ပြေးရမည် ဟူ၍ တုန်းမူ စိတ်ဆုံးဖြတ်လိုက်ကာ
သူ လူတိုင်း၏ အာရုံစိုက်မှု အခြားတစ်နေရာတွင် ရှိနေသည်ကို အခွင့်ကောင်းယူကာ ခိုးကြောင်ခိုးဝှက် ထွက်ပြေးသွားသည်...
ဂျိချန်းဖန်က ကြောက်စရာကောင်းလွန်းပါသည်။
သွေး နတ်ဆိုး တစ်ချက်တည်းဖြင့် ခေါင်းဖြတ်ခံရကာပိုင်ကျူးကျီ သည် မိုးကြိုးဖြင့် အကင်ခံလိုက်ရ၏။
တစ်ယောက်စီ၏ သေဆုံးမှုက နောက်တစ်ယောက်ထက် ပို ၍ကြေကွဲဖွယ် ကောင်းသည်။
တုမ်းမူ နောင်တရမိ၏။
သူ နောက်လှည့်ကြည့်လိုက်သောအခါ ချန်စုန် သူ့ကို သတိပြုမိပုံရသည်ကို တွေ့လိုက်ရသည်။သို့သော် ကံကောင်းစွာဖြင့် ချန်စုန် အသံမပြုခဲ့ပေ။
တုမန်းမူ အဖိုးအို သက်ပြင်းချလိုက်သည်။
သူ မျက်ရည်မကျဘဲ ငိုချင်စိတ် လည်းဖြစ်ပေါ်မိ၏။ချန်စုန့်က လူကောင်းတစ်ယောက်ပဲ။သူ တကယ်ကို စိတ်ရင်းမှန်နဲ့ အဆိပ် တစ်သောင်း ဂိုဏ်း ကို ဝင်ချင်ခြင်းဖြစ်ပေမည်။
သူ ပြန်ရောက်ပြီးနောက် သူ အဆိပ် နတ်ဘုရား ကို အစီရင်ခံကာ ချန်စုန့်၏ မယိမ်းမယိုင် သစ္စာရှိမှုကို ရှင်းပြရပေအုံးမည်။
သို့သော် တကယ်တမ်းက
ချန်စုန့်က ချန်းဖန် သည် အဆိပ် တစ်သောင်း ဂိုဏ်းသား အားလုံးကို သတ်ပစ်လိမ့်မည်ကို ကြောက်နေခြင်းသာ။ ထိုအရာက သူ၏ အစီအစဉ်ကို ထိခိုက်စေမှာ ဖြစ်သည်။
အစီအစဉ်အရဆိုလျင်
သူ က နတ်ဆိုး ဂိုဏ်း၏ သူလျှိုအဖြစ် ဟန်ဆောင်ပြီး ကျင်းယွမ် တောင် ကို လှည့်ဖြားခေါ်ဆောင်ကာ လုံးဝ ရှင်းပစ်ဖို့ ဖြစ်သည်၊ သို့သော် အဆိပ် တစ်သောင်း ဂိုဏ်း သည် ဤနေ့ လီပေါ် တောင် တွင် အလွန်အမင်း ဆုံးရှုံးမှုများ ခံစားရမယ်ဆိုလျှင်ထိုအရာက အစီအစဉ်ကို ထိခိုက်စေဖို့ ဖြစ်နိုင်ခြေ အလွန်များ၏။
ထို့ကြောင့် ချန်စုန့် အသံမပြုခဲ့ခြင်း ဖြစ်သည်ပင်။
သို့သော် ဂျိချန်းဖန်သည် တုန်းမူ အဖိုးအို ကို သတိပြုမိနှင့်ပြီး ဖြစ်သည်။
“ဝှစ်--“
သူ တျန်းယာ ဓား ကို ကိုင်ကာ သူ၏ ဦးခေါင်းကို အနည်းငယ် လှည့်လိုက်ကာ ထွက်ပြေးရန် ပြင်ဆင်နေသော တုန်းမူ အဖိုးအို ကို စိုက်ကြည့်နေသည်...
“သေစမ်း”
တုန်းမူ အဖိုးအို စိတ်ထဲမှ ကျိန်ဆဲလိုက်၏။ရုတ်တရက်
ဂျိချန်းဖန်၏ အေးစက်စက် အကြည့်ကို မြင်လိုက်ရသောအခါ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် တောင့်တင်းသွားသည်
သူက ယမမင်းကိုမြင်လိုက်ရသကဲ့သို့ကြက်သီးမွှေးများပင်
ထောင်ထသွား၏။
“ပြေး!”
တုန်းမူ အဖိုးအို မဆိုင်းမတွ ကောင်းကင်ကို ပျံသန်း ထွက်ပြေးသွားသည်။
“ဝှမ်း--“
ဒါပေမယ့် ထိုအချိန်မှာပဲ
တောက်ပသော ဓားအလင်းတစ်ခု သူ၏ နောက်ကျောကနေ ရုတ်တရက် လင်းလက်လာသည်ကိုခံစားမိလိုက်၏။ထိုအခါ တုန်းမူအဖိုးအို က ဂျိချန်းဖန် သည် သူ၏ လက်ကို ဖြည်းညှင်းစွာ မြှောက်နေသည်ကို မြင်လိုက်ရသည်၊ သူ၏ လက်ထဲက ဓားကို လှုပ်ရှားမှု ပြုလုပ်နေပြီး ဖြစ်ကာ တုန်းမူ၏ အသက်ကို ရိတ်သိမ်းတော့မည့်အလား ဖြစ်နေသည်
“အား” တုန်းမူ အဖိုးအို ထိတ်လန့်သွားစဉ်မှာပင်
ကြည်လင်သော အသံတစ်ခုက ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါသွား စေ သည်။
“ကောင်းကင်က ငါ ဂျိချန်းဖန်ကို မမွေးဖွားခဲ့ဘူးဆိုရင်၊ ဓား တာအိုလမ်းစဉ် ဟာ ထာဝရ ညလို မှောင်မိုက်နေလိမ့်မယ်”
စကားများ ဆုံးသည်နှင့် တစ်ပြိုင်နက် တျန်းယာ ဓားသည် ပြင်းထန်စွာ ထိုးသွင်းလိုက်ကာ အသင့်အနေအထား ရှိသော နဂါး သတ် ဓား သည်လည်း လေကို ချက်ချင်း ဖြတ်ကျော်သွား၍ တုန်းမူ ဆီသို့ တည့်တည့် ဦးတည်သွား၏။
“ဝုန်း—“
“သေစမ်း သေစမ်း” တုန်းမူ စိတ်ထဲမှ ကျိန်ဆဲလိုက်၏။ သူ ထွက်ပြေး၍ လွတ်မည်မဟာတ်သောကြောင့် ဓားချက်ကို တားဆီးဖို့ ကြိုးစားရမည်။
မဟုတ်လျှင်သူ သေချာပေါက် သေ ပေလိမ့်မည်။
ဒါပေမယ့် ရိုးရိုးသားသား ပြောရရင် တုန်းမူ အဖိုးအို မှာ မျှော်လင့်ချက်မရှိတော့ချေ။
သို့သော် သူ့တွင် ရွေးချယ်စရာ မရှိပေ။
သူ မတားနိုင်ရင်တောင် တားဆီးရ ပေမည်။
ရူးသွပ်သောအမူအရာတစ်ခု တုန်းမူ အဖိုးအို ၏ မျက်နှာတွင် ပေါ်လာသည်။
ထို့နောက်သူက သူ၏ မှော်ပစ္စည်း ကို ထုတ်ကာ တစ်ချိန်တည်းမှာပင် သူ၏ လျှာဖျားကို ကိုက်လိုက်၍ အသက်သွေးတစ်ပွက်ကို ထွေးထုတ်လိုက်သည်။
ထိုအရာက မှော်ပစ္စည်း ကို သွေးဖြင့် ယဇ်ပူဇော်ခြင်းပင်ဖြစ်၏။
“လာစမ်း ငါ၊ တုန်းမူ၊ မတားနိုင်ဘူးဆိုတာမဖြစ်နိုင်ဘူး”
ဟူ၍ တုန်းမူက ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
“ရွှမ်း--“
နဂါး သတ် ဓား သည် တောက်ပသော ဓားအလင်းအဖြစ် ပြောင်းလဲသွားကာနဂါးတစ်ကောင်အဖြစ်ပြောင်းလဲသွားသကဲ့သို့ ပင်အသကိဝင်လာ၏။
“ဂျိမ်း!!”
ဓားထိပ်သည် တုန်းမူ ၏ မှော်ပစ္စည်း ကို ပြင်းထန်စွာ ထိမှန်လိုက်နှင့်မျက်စိကျိန်းလောက်သော ဓားအလင်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
ပတ်ဝန်းကျင်မှ လူတိုင်း ထိုဓားအလင်းကြောင့် လန့်သွားကြ၏။
“ခရက် ခရက်—“
ချက်ချင်းဆိုသလို တုန်းမူ အဖိုးအို ၏ မှော်ပစ္စည်း မှ ရုတ်တရက် ကွဲအက်သံ ထွက်ပေါ်လာကာခဏအတွင်း မှော်ပစ္စည်း ရုတ်တရက် ကွဲကြေသွား၏။ထိုအခါနဂါးသတ် ဓား ကကောင်းကင်ယံကို ဖြတ်၍ တုန်းမူထံခုတ်ပိုင်းလိုက်၏။
“မကောင်း တော့ဘူး!”
ထိုမြင်ကွင်းကို မြင်လိုက်ရ သော တုန်းမူ အဖိုးအို ၏ နှလုံးသား ထိတ်လန့်သွားကာ သူ၏ ခန္ဓာကိုယ်ကို အမြန် လိမ်၍ရှောင်လိုက်သည် သို့သော် အဲဒီ လိမ်လိုက်ရုံနဲ့ ဂျိချန်းဖန်၏လက်မှမလွတ်နိုင်ပါချေ။ သို့သော် အစီအစဉ်ကြောင့်
ဂျိချန်းဖန်သူ့ကို အသက်ရှင်သန်ခွင့် ပေးလိုက်သည်။
“ရှဲ—“
နဂါး သတ် ဓား သည်တုန်းမူ အဖိုးအို ၏ လက်တစ်ဖက်ကို ဒီ တိုက်ရိုက် ဖြတ်တောက်ခံလိုက်၏။ထိုအခါ
“အား!!”
တုန်းမူ နာကျင်စွာ အော်ဟစ်လိုက် သော်လည်းထိုအထဲတွင် စိတ်သက်သာရာရမှု အရိပ်အယောင် များပါဝင်နေသည်။
သူ အသက်ရှင်ခဲ့သည်လော။
ဟားဟားဟားဟား။ သူ အသက်ရှင်ခဲ့သည်။
တုန်းမူ ၏ မျက်နှာ ဖြူဖပ်ဖြူလျော်မျက်နှာတွင် သွေးရောင်အနည်းငယ်လွှမ်းလာကာ သူ သူ၏ ပြတ်သွားသော လက်ကို ဆုပ်ကိုင်လိုက်သည်ထို့ေနာက် ဂျိချန်းဖန်ကို လှည့်ကြည့်လိုက်ကာ ကျယ်လောင်စွာ ရယ်မောသည်-
“ဟားဟားဟားဟား!”
“ကလေး၊ မင်းမှာ ဒီလောက်ပဲ ရှိတာလား”
“…”
ဂျိချန်းဖန် ထူးဆန်းစွာ ကြည့်နေကာ
တုန်းမူ ၏ မာနထောင်လွှားမှုကို ရင်ဆိုင်ရသောအခါ သူ၏ အမူအရာ မပြောင်းလဲဘဲ တစ်လှမ်း ရှေ့သို့ တိုးလိုက်၏။
တုန်းမူ အဖိုးအို ချက်ချင်း ထိတ်လန့်သွားကာ
သူ၏ မျက်နှာ ဖြူဖပ်ဖြူလျော် ဖြစ်သွား၏။ထို့နောက်
သူ၏ တစ်ကိုယ်လုံးက ချက်ချင်း အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ လီပေါ် တောင် ၏ အနက်ပိုင်းဆီသို့ထွက်ပြေးသွား၏။
“သူ့ ခွန်အား လောက်နဲ့ ကို့ ဓားချက်ကို တားဆီးခဲ့တယ်လို့ မထင်ပါနဲ့နော်” ဂျိချန်းဖန် ဝေခွဲမရသော အမူအရာဖြင့် လုရွှယ်ချီအပြောလိုက်သည်။
“ဟမ်” ရွှယ်ချီ ရှုပ်ထွေးစွာ ကြည့်ကာတွေးလိုက်၏။
တကယ်တော့ဂျိချန်းဖန်ခုလေးတင် ခွန်အားကိုထိန်းထားခဲ့သည်၊ မဟုတ်ရင်... အဲဒီ တုန်းမူ က ဘယ်လိုလုပ် လက်တစ်ဖက်ပဲ ဆုံးရှုံးရမှာလဲအနည်းဆုံးတော့ သူ ခေါင်းပြတ်သွားမည်ဖြစ်သည်။
…
…
အောက်ဘက်မှ လမ်းမှန် ဂိုဏ်းမှ ကျင့်ကြံသူများ လုံးဝ မှင်တက်သွားကြသည်။
ဒါဆို မင်း တစ်ယောက်တည်းက နတ်ဆိုး ဂိုဏ်းက ရှန်ကျင ကျွမ်းကျင်သူ သုံးယောက်ကို ရင်ဆိုင်နိုင်တာလား
ဒါဆို ငါတို့ ဒီကို လာရခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
ကျန့်ပူယီ၏ ပါးစပ် ကပြုံးချင်နေသည်ကို ထိန်းချုပ်လို့ မရနိုင်တော့ပေ။စူးရူကတော့ ချန်းဖန်ကို မှင်တက်စွာ စိုက်ကြည့်နေကာစဉ်းစားခန်းဝင်နေလေ၏
*ငါတို့ရဲ့ ဒီ တပည့်က နည်းနည်း အစွမ်းထက်တယ်*
လူအုပ်ထဲမှာ ဇူရှုရှု စိတ်လှုပ်ရှားစွာ စာအုပ်ငယ်လေး တစ်အုပ်ကို ဆွဲထုတ်လိုက်သည်၊ထိုစာအုပ် အဖုံးပေါ်မှာ စာလုံးကြီးများစွာ ရေးထားသည်—
【ဂျိချန်းဖန်၏ လွှမ်းမိုးသော စကားများ】
သူ အမြန် ဘောပင်ကို ဆွဲထုတ်ပြီး စာအုပ်ငယ်ထဲမှာ အပြင်းအထန် ရေးနေသည်။
“ကောင်းကင်က ငါ ဂျိချန်းဖန် ကို မမွေးဖွားခဲ့ဘူးဆိုရင်၊ ဓား တာအို လမ်းစဉ်ဟာ ထာဝရ ညလို မှောင်မိုက်နေလိမ့်မယ်!”
ဇူရှုရှု ကိုယ့်ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
သူ ဒီနေ့နောက်ပိုင်း အစ်ကိုကြီး ဂျိဟာ နတ်ဘုရားကုန်း မြေ တိုက်ကြီး တစ်ခုလုံးမှာ နာမည်ကြီးလာတော့မယ်လို့ ကြိုတင်သိမြင်မိသည်။
“ဖြစ်နိုင်တာက ငါ့ရဲ့ စာအုပ်လည်း အဲဒီအခါကျရင် နတ်ဘုရား နယ်မြေ တစ်လျှောက်လုံး ပျံ့နှံ့သွားနိုင်မလား?” ဇူရှုရှု စဉ်းစားလိုက်၏။
*ငါအစွမ်းကခေတ်အဆက်ဆက် မှတ်မိနိုင်လောက်အောင် မကြီးတဲ့အတွက် ငါ တခြား နည်းလမ်း ရှာရမယ်*
တွေးပုံကရိုးရှင်းပါသည် “မိမိ၏စွမ်းရည်က ခေတ်အဆက်ဆက် မမှတ်မိစေနိုင်ရင် ၊ မှတ်မိစေနိုင်တဲ့သူရဲ့ ဝတ်ရုံစကို ဆွဲကိုင်ထားလိုက်ရုံပဲလေ၊ မဟုတ်ပေလော “
ဇူရှုရှု ခဏတာ စဉ်းစားကာ
သူ သူ၏ ဘောပင်ကို ကောက်ယူပြီး စာအုပ်ငယ်၏ အဖုံးပေါ်မှာ စာလုံးအချို့ ထပ်ထည့်လိုက်သည်။
ဂျိချန်းဖန်၏ လွှမ်းမိုးသော စကားများ—
ရေးသားသူ: ဂျိချန်းဖန်၏ ညီငယ် ဇူရှုရှု။
“ကောင်းပြီ! ပြီးပြည့်စုံပြီ!”
ကျင့်ရှူးရှူး စာအုပ်ငယ်ကို ပိတ်လိုက်ကာ
သူ၏ မျက်နှာပေါ်မှာ စိတ်လှုပ်ရှားမှု အရိပ်အယောင်များက ပေါ်လာသည်။ထို့နောက်စိတ်ထဲကပြောလိုက်သည်။
“အစ်ကိုကြီး ဂျိ၊ အကိုကြီး ပိုပြီး ကြိုးစားရမယ်
အကိုကြီးကို ခေတ်အဆက်ဆက် မမှတ်မိကြရင် ညီငယ်ဖြစ်တဲ့ကျွန်တော်က ဘယ်လိုလုပ် ခေတ်အဆက်ဆက် မှတ်မိခံရမှာလဲ။အကိုကြီးရဲ့ ညီငယ်၏ အရာအားလုံးက အကိုကြီးအပေါ်မှာ မူတည်နေတယ်”