အခန်း (၆၈၁)
Vol. 46 Ch. 681
မကြာခင်မှာပဲ သူတို့လေးယောက်က ဆန်နီရဲ့ အခန်းထဲမှာ စုဝေးလိုက်ကြတယ်..။အခန်းထဲက စားပွဲပေါ်မှတော့ အစားအသောက်တွေ များစွာ နဲ့ မွှေးကြိုင်တဲ့ ဝိုင်ခရားတစ်လုံး ရှိနေခဲ့ပါတယ်..။သူတို့က မြိန်ရည် ရှက်ရည်စားသောက်ပြီး..အရေးကြီးတာတွေ ဆွေးနွေးတာကို ရှောင်တိမ်းဖို့အတွက် ကြိုးစားနေခဲ့ကြတယ်..။သို့ပေမယ့် မကြာခင်မှာပဲ..လေးနက်တဲ့ ဆွေးနွေးမူတွေကို ပြုလုပ်ဖို့အတွက် အချိန်ကြလာခဲ့ပါပြီ..။
ဒီလိုလုပ်တာက သူတို့ရဲ့ အတွေ့အကြုံတွေကို ပြန်လည်ရောက်ရှိသွားစေမှာ ဖြစ်တဲ့အတွက် ဘယ်သူကမှ ဒီလိုလုပ်ဖို့အတွက်ကို မပျော်ရွှင်ခဲ့ပေ..။ဒါက အိပ်မက်ဆိုးထဲမှာ ရရှိခဲ့တဲ့..အနာတွေ မကျတ်သေးခင်မှာ ပြန်လည်း ပွင့်ထွက်သွားစေနိုင်တာပါ..။သူတို့တွေဆီမှာ မမြင်ရတဲ့ အမာရွတ်တွေက အများကြီးပါပဲ..။သူတို့လေးယောက်ထဲက ဘယ်သူကမှ.ဒီသုံးလအတွင်းမှာ သက်သောင့်သက်သာ မရှင်သန်ခဲ့ကြရပေ..။
အယ်ဖီက သူမရဲ့ ပန်းကန်အလွတ်ကို ကြည့်ပြီး..သက်ပြင်းချလိုက်တယ်..။
“ငါတို့က အလုပ်မလုပ်ခင်မှာ ရက်အနည်းငယ်လောက် အနားယူလို့ မရဘူးလား..။ငါတို့ ခနလောက် အပန်းဖြေလို့လည်း..ကမ္ဘာကြီး ပြိုကျပျက်ဆီးသွားမှာ မဟုတ်ဘူးလို့ ထင်တာပဲ..”
ဆန်နီ သူ့ သူငယ်ချင်းတွေကို ကြည့်လိုက်တယ်..။ဒဏ်ရာတွေနဲ့ ကလေးမလေး. ၊ ပျက်ဆီးနေတဲ့ မျက်နှာနဲ့..မသန်စွမ်း နဲ့ မျက်လုံးတွေကို အနက်ရောင်အဝတ်နဲ့ ဖုံးအုပ်ထားရတဲ့ မိန်းမလှလေးတို့ကို မြင်တဲ့အချိန်မှာ သူ ခေါင်းခါယမ်းလိုက်မိပါတယ်..။
“တကယ်လို့ ငါတို့သာ အဲလိုလုပ်မယ်ဆိုရင် နိုတစ်က စိတ်မရှည်ဖြစ်လာလိမ့်မယ်..။ငါက ငါ့ရဲ့သူငယ်ချင်းတွေကို ပြန်ရှာတွေ့ရင် သူ့ကို အဖြေပေးမယ်လို့ ပြောထားတာလေ..။သူက ငါ့ကို သတ်ပြီး..ငါ့ရဲ့ ဝိဉာဉ်ကို သဘော်သား အရုပ် ဒါမှမဟုတ် တံမြက်စည်းထဲကို ထည့်ပြီး ဓားတွေကို သူ့ဆီ ယူမလာခိုင်းတာကိုတောင် အတော်လေး ကျေးဇူးတင်ဖို့ကောင်းနေပြီလေ..။ဒီတော့ ငါတို့ အချိန်ဆွဲမနေတာ ပိုပြီး ကောင်းလိမ့်မယ်..”
ကတစ်စီက သူမရဲ့ခေါင်းကို အနည်းငယ်လှည့်လာပြီး သာယာဖွယ် အသံနဲ့ မေးလာခဲ့တတယ်..။သူမရဲ့ အသံက ထူးဆန်းပြီး မရင်းနှီးတဲ့ ပုံစံအဖြစ် ရှိနေတုန်းပါပဲ..။
“အဖြေလား…။ဘာအတွက် အဖြေလဲ..”
ဆန်နီ မျက်နှာရှုံ့မဲ့သွားခဲ့ပြီး အဝေးကို ကြည့်လိုက်တယ်..။
“..ဟုတ်သားပဲ…။အိပ်မက်ဆိုးထဲမှာ ဘယ်လို ပဋိပက္ခတွေ ဖြစ်နေကြတာလဲ ဆိုတာကိုတော့ နင်သိထားလောက်ပြီး ဖြစ်မှာပါ..။နိုတစ်က နတ်ဘုရားတွေနဲ့ ဆန့်ကျင်ပြီး အလိုရမ္မက်နတ်ဆိုး..ဖြစ်တဲ့ မျှော်လင့်ချက်ကို လွတ်ပေးဖို့ အစီစဉ်ဆွဲနေခဲ့တာပါ..။သူက တစ်ခြား အင်မော်တယ်တွေကို သတ်ပြီး သူမရဲ့ အချုပ်အနှောင်တွေကနေ လွတ်ပေးချင်နေတာလေ..။ပြီးတော့ ငါတို့က သူ့ကို ကူညီမှာလား ဒါမှမဟုတ်..မျှော်လင့်ချက်လွတ်မြောက်သွားမှာကနေ တားဆီးမှာလား ဆိုတာကို ရွေးချယ်ရလိမ့်မယ်..။ပထမတစ်ခုက..ရူးသွပ်တယ်လို့ ထင်ရပေမယ့်..ဒုတိယတစ်ခုကတော့ မဖြစ်နိုင်သလောက်ပဲလေ..။သူမက အကျဉ်းထောင်ထဲကနေတောင် ကမ္ဘာကြီးကို ရူးသွပ်အောင် လုပ်ထားပြီးသွားပြီ မဟုတ်ဘူးလား..”
သူက တစ်ခနလောက် ငြိမ်သက်သွားပြီးကာမှ ထပ်ပြောလိုက်တယ်..။
“အင်မော်တယ် တစ်ယောက်ချင်းစီတိုင်းက..မျှော်လင့်ချက်ရဲ့ ထာဝရချုပ်နှောင်မူတွေကို ကိုယ်စားပြုထားခဲ့တာလေ..။သူတို့ကို..နေနတ်ဘုရားရဲ့ ဓားတွေနဲ့ပဲ သတ်ဖြတ်လို့ ရလိမ့်မယ်..။လတ်တလောမှာတော့ ကျန်ရှိနေတဲ့ ဓားလေးချောင်းထဲက နှစ်ချောင်းက ငါ့ဆီမှာ ရှိနေပြီးပြီ..။နိုတစ်က တတိယတစ်ချာင်း ဘယ်မှာထားထားတာလဲ ဆိုတာကို သိပြီး..လေးခုမြောက်ကတော့ ဆိုဗန် ရဲ့လက်ထဲမှာ ရှိနေတယ်လေ..။သူမက သူမရဲ့သေဆုံးမူနဲ့ ထိုက်တန်တဲ့သူ ဘယ်သူမဆို ဓားကို လာယူလို့ ရကြောင်း လမ်းဖွင့်ပေးထားတယ်..။ဒီတော့..သူတော်စင်တွေနဲ့ စစ်ပွဲဆင်နွဲမယ့် သူ့ရဲ့ အစီအစဉ်က လုံးဝ ရူးသွပ်နေတာမျိုးတော့ မဟုတ်ဘူး..”
ဆန်နီသက်ပြင်းချပြီး သူ့အတွက် လဖက်ရည်တစ်ခွက်ကို ငှဲ့လိုက်ပါတယ်..။
“ဒီတော့..ငါတို့က သူ့ရဲ့ ဒီရူးသွပ်မူကို ကူညီပေးမှာလား..မကူညီပေးဘူးလား..ဆိုတာကို ဆုံးဖြတ်ရလိမ့်မယ်..”
ကတ်စီ ဟာ သူရှင်းပြနေတာတွေကို မအံ့ဩတဲ့ အမူအရာနဲ့ ခေါင်းညိမ့်လိုက်ပါတယ်..။ယင်းနောက် သူမက ခနလောက်တွေဝေနေပြီး ပြောလာခဲ့တယ်..။
“ဒါဆိုရင်တော့ ပထမဆုံး..ငါတို့က အိပ်မက်ဆိုးထဲမှာ ကွဲကွာနေစဉ်အဖြစ်အပျက်တွေကို မျှဝေဖို့လိုအပ်တယ်..။ငါတို့ မှာ အချက်အလက်တွေ အများကြီး ပိုင်ဆိုင်ထားမယ်ဆိုရင်..ငါတို့ရဲ့ ဆုံးဖြတ်ချက်တွေ အတွက် ပိုပြီးကောင်းမွန်နိုင်တယ်လ..”
ဆန်နီ လဖက်ရည်တစ်ငုံသေ◌ာက်လိုက်ပြီး ပုခုံးတွန့်လိုက်ပါတယ်..။ဒါကလည်း သူလုပ်ချင်နေတဲ့ အရာပါပဲ..။သူက သူ့ သူငယ်ချင်းတွေရဲ့ မျက်နှာကို ကြည့်လိုက်ပြီး မြစိမ်းရောင် အဆောင်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်တယ်..။
“ဒီလိုဆိုရင်တော့…ငါကပဲစရတော့မယ် ထင်တယ်..”
အယ်ဖီ ၊ ကိုင် နဲ့ ကတ်စီ တို့ဟာ သူ့ဘက်ကို လှည့်လိုက်တယ်..။သူတို့ရဲ့ မျက်နှာပေါ်မှာသိချင်စိတ်တွေ ထွက်မလာအောင် တော့ သတိထားနေကြရပါတယ်..။သူတို့ကို ဘယ်သူက အပြစ်တင်နိုင်မှာလဲ..။သူတို့လေးယောက်ထဲမှာ..ဆန်နီ ရဲ့ အခြေအနေက ပုံမှန် မဖြစ်ဆုံးပါပဲ..။
သူ တစ်ခနလောက် တွေဝေနေပြီးကာမှ..ပြောလိုက်တယ်..။
“နင်တို့ သတိထားမိတဲ့ အတိုင်းပဲ..အခိုက်အတန့်က ငါ့ကို နတ်မိစ္ဆာတစ်ကောင်ရဲ့ ခန္တာကိုယ်ထဲကို ပို့လွှတ်လိုက်တာ..။အတိအကျပြောရရင် အရိပ်နတ်မိစ္ဆာတစ်ကောင်ပေါ့..။ငါက စစ်ပွဲကိုးကွယ်သူတွေရဲ့နယ်မြေဖြစ်တဲ့ အနောက်ဘက်ကို ရောက်သွားခဲ့တာလေ..။ပိုပြီးဆိုးဝါးတာက..ငါ အသိစိတ်ဝင်ပြီး စက္ကန့်ပိုင်းလောက်အကြာမှာပဲ..အနီရောင်ဝတ်စုံဝတ်ထားတဲ့ မိန်းမလှလေး တစ်ယောက်ဆီမှာ ဖမ်းမိသွားခဲ့တယ်..။အဲဒီ အမျိုးသမီးက…ဆိုဗန်ပဲ..။စစ်ပွဲနတ်ဘုရားရဲ့ အထွတ်အထိပ်အဆင့်..အမျိုးးသမီး ဘုန်းတော်ကြီး..။သူမက ငါ့ကို အလွယ်တကူပဲ အနိုင်ယူနိုင်ခဲ့တယ်လေ..ဒါပေမဲ့.. ငါ့ကို မသတ်ဖို့ ဆုံးဖြတ်ခဲ့တယ်..”စ
ဆိုဗန်အကြောင်းကို ပြောတဲ့ အချိန်မှာတော့ အယ်ဖီရဲ့ မျက်လုံးတွေက တောက်ပလာခဲ့ပါတယ်..။ကိုင်လည်း သူပြောဆိုတာတွေကြောင့် တုန်လှုပ်နေခဲ့တယ်..။ဘာပဲဖြစ်ဖြစ်..သူက စစ်တပ်ရဲ့ အရာရှိဖြစ်ခဲ့ပြီး ဆိုဗန်ရဲ့ တပ်နဲ့ သွေးသံတရဲရဲ စစ်ပွဲတွေကို ဆင်နွဲခဲ့တာပါ..။ဆင်စွယ်ရောင်မြို့တော်က စစ်သားတွေ အတွက်တော့..ဒီနာမည်က သေဆုံးခြင်း ၊ ထိပ်လန့်ခြင်း စွမ်းအားတွေကို ကိုယ်စားပြုထားပါတယ်..။သူတို့အတွက်တော့ ဆိုဗန် ဆိုတာက ကြောက်မက်ဖွယ် ဒဏ္ဍာရီ တစ်ခုလိုပါပဲ..။
ဆန်နီ ရဲ့ မျက်နှာက နက်မှောင်သွားခဲ့တယ်..။
“ပြီးတဲ့နောက်မှာတော့..ငါက အနီရောင်အဆောက်အဦးကြီး ဆီကို ရောက်သွားခဲ့တယ်..။အဲဒီနေရာကို မျှော်လင့်ချက်က ပြဇာတ်ရုံအဖြစ် တည်ဆောက်ထားခဲ့ပေမယ့်..စစ်ဘီလူးတွေကတော့ လူသတ်ကွင်းနေရာအဖြစ် ပြောင်းလဲထားခဲ့တာလေ..။အဲဒီက အကျဉ်းထောင်မှာ ထောင်နဲ့ချီတဲ့ အိပ်မက်ဆိုးသားရဲတွေအပြင် ..ကံဆိုးတဲ့လူသားအနည်းငယ်ကိုပါ အကျဉ်းချထားခဲ့တယ်..။နေ့ရက်တိုင်းမှာ ငါတို့က တစ်ယောက်ကို တစ်ယောက်သတ်ဖြတ်ဖို့ တွန်းအားပေးခြင်းခံရတယ်..။အသက်ရှင်ကျန်ရစ်တဲ့လူတွေကတော့..စစ်ဘီလူးတွေနဲ့ ကိုယ်တိုင်တိုက်ခိုက်ခွင့်ဆိုတဲ့ ဂုဏ်ယူစရာ အခွင့်အရေးကို ပေးခံရတယ်..။တကယ်လို့ ငါတို့က အဲဒီအဆင့် ကို တစ်နည်းနည်းနဲ့ ရှင်သန်နိုင်မယ်ဆိုရင်တော့…ကောင်းပြီလေ..ငါတို့ နောက်တစ်ရက် အသက်ရှင်ခွင့်ရတာပေါ့..။အဲဒီဖြစ်စဉ်ကြီးက နေ့ရက်တိုင်းမှာ ထပ်ကာတလဲလဲဖြစ်နေတာ..”
သူက အတော်ကြာအောင် တွေဝေနေပြီးကာမှ ထပ်ပြောလိုက်တယ်..။
“နှစ်လ…ငါ အဲဒီ ငရဲလို နေရာမှာ နှစ်လကြာအောင် နေခဲ့ရတဘ်..။ဒါပေါ့ ဆင်စွယ်ရောင်မြို့က လူငယ်လေး အယ်ယက်ကြောင့်သာ မဟုတ်ရင် ငါ အစောကြီးကတည်းက သေနေလောက်ပြီး..။သူ့ရဲ့ ကုသရေးစွမ်းရည်က ငါ့ကို အသက်ရှင်အောင် ထိန်းပေးထားတဲ့အချိန်မှာ..ငါက သူ့ကို တိုက်ပွဲထဲမှာ ရှင်သန်အောင် ကာကွယ်ပေးထားတယ်..။ငါတို့နစ်ယောက်အတူတကွ.. တစ်ရက်ပြီး တစ်ရက်..တစ်ပတ်ပြီး တစ်ပတ် သတ်ဖြတ်မူတွေကို တောင့်ခံလာခဲ့ကြရင်း လွတ်မြောက်နိုင်မယ့် လမ်းကို ရှာဖွေခဲ့ကြတယ်..။ပြီးတော့ နှစ်လကြာပြီးတဲ့နောက်မှာ ငါက နည်းလမ်းကို ရှာတွေ့ခဲ့တယ်..”
ဆန်နီသူ့ရဲ့လည်ပင်းက ဆိုးဝါးတဲ့ အမာရွက်ကို ကိုင်ကြည့်လိုက်ပြီး…
“အဲ့အချိန်မှာ ငါက တက်ရောက်မူအဆင့် အကျဉ်းထောင်စောင့်ကို လှည့်စားပြီး ငါ့လည်ပင်းကို ဖြတ်အောင် လုပ်ခဲ့ရတယ်..။လည်ပတ်ကနေ လွတ်သွားတဲ့အချိန်မှာ..ငါသူ့ကိုသတ်ပြီး..အယ်ယက်ရဲ့ အကူအညီနဲ့ ငါ့ရဲ့ ဦးခေါင်းကို ပြန်တပ်ခဲ့တယ်လေ..”
လဖက်ရည်ကို သောက်နေတဲ့ ကိုင်က ဒီစကားကို ကြားပြီး ပါးစပ်ထဲက ပြန်ထွက်သွားခဲ့ပါတယ်..။
“ဘာ…”
စည်သွပ်ဗူးကို စားနေတဲ့ အယ်ဖီကတော့ ငြိမ်ပြီးနားထောင်နေခဲ့ပါတယ်..။သို့ပေမယ့် သူမရဲ့ မျက်လုံးတွေကတော့ ပြူးကျယ်နေခဲ့တာပါ..။ကတ်စီတောင်မှ အံ့ဩနေခဲ့ပုံပါပဲ..။
ဆန်နီ ရယ်မောလိုက်ပြီး..
“အာ..နင်သိတယ်မလား..။အဲဒီ အထွတ်အထိပ်အဆင့် ဆိုဗန်က တကယ်တော့ ငါသူမကို မီးစောင့်ရှောက်သူတွေနဲ့ သဘော်ပျက်ကြီးကိုကာကွယ်နေတဲ့ သဘော်သားစောင့်ရှောက်သူတွေကို သတ်တုန်းက သတ့်ခဲ့ဖူးတယ်..။သူမက အဲဒီမှာ ပျက်ပြားခြင်းအဆင့် မွန်းစတားကြီးရဲံ လက်ခံကောင် ခန္တာကိုယ်ဖြစ်နေခဲ့တာလေ..။အဲ့အချိန်မှာငါက အကာအကွယ်တစ်ခုကို ရရှိခဲ့တာပဲ..။အဲဒီအကာအကွယ်က အဆီအနှစ်တွေ ရှိနေသ၍ အသက်ပြန်ရှင်နိုင်တဲ့ စွမ်းရည်ကို ပေးစွမ်းနိုင်တယ်..။ပြီးတော့ ငါ့မှာ အဆီအနှစ်တွေကို ပြန်ဖြည့်တင်းနိုင်တဲံ နည်းလမ်းတစ်ချို့ ရှိနေတာကြောင့်..အယ်ယက်က ငါ့ရဲ့ ခေါင်းကို ပြန်မဆက်ပေးခင်အချိန်အထိ အသက်ရှင်သန်နေနိုင်ခဲ့တယ်လေ..”
အယ်ဖီက နောက်ဆုံးမှာ..စားနေတဲ့ အရာကို မြိုချလိုက်ပြီး..ကိုင်ကို မျက်လုံးပြူးကျယ်စွာ ကြည့်လိုက်ပါတယ်..။
“ကိုင်…ကျေးဇူးပြုပြီး သူလိမ်နေတာလို့ ငါ့ကို ပြောစမ်းပါ..”
လူငယ်လေးဟာ မျက်တောင် အကြိမ်အနည်းငယ် ခတ်လိုက်ပြီးကာမှ ခေါင်းခါယမ်းလိုက်တယ်..။ကလေးမလေးဟာ သေးငယ်တဲ့ အသံလေးနဲ့ ကျိန်ဆဲလာခဲ့ပါတယ်..။
“ရူးနေတဲ့ ခွေးသားလေး…သူက ရူုးနေပြီ…”
ဆန်နီ ပုခုံးတွန့်လိုက်ပြီး..
“ဘာလဲ..။အဲတာက အရူးသွပ်ဆုံးအပိုင်း မဟုတ်သေးဘူး..။ဘာပဲဖြစ်ဖြစ်..အယ်ယက်နဲ့ ငါက အနီရောင် အဆောက်အဦးကနေ လွတ်မြောက်လုနီးပါး ဖြစ်ခဲ့တယ်..။ဒါပေမဲ့ နောက်ဆုံးအခိုက်အတန့်မှာပဲ ဆိုဗန် ဖမ်းတာကို ခံလိုက်ရတယ်လေ..။အဲဒီ ကျိန်စာသင့်နေတဲ့ မိစ္ဆာမ..”
သူ့မျက်နှာပေါ်က အပြုံးတွေဟာ ပျောက်ကွယ်သွားပြီး အမုန်းတရားတွေနဲံ အစားထိုးသွားခဲ့ပါပြီ..။
“သူမက..အယ်ယက်ကို သတ် ၊ ငါ့ရဲ့ နှလုံးသားကို ဖောက်ယူပြီး အောက်ဘက်ကကောင်းကင်ဆီကို လွင့်ပစ်ခဲ့တာ..။ကံကောင်းချင်တော့ ဒီ နတ်မိစ္ဆာရဲ့ ခန္တာကိုယ်မှာ နှလုံးက နှစ်ခု ရှိနေခဲ့တာလေ..။ဒီတော့ ငါက ချက်ချင်း မသေဆုံးခဲ့ဘူး..။ဆိုဗန်က ဒီအရာကို မသိတာလား..ဒါမှမဟုတ် ဂရုမစိုက်တာလား မသိပေမယ့်..ငါ အောက်ဘက်ကောင်းကင်ကို ပြုတ်ကျရင် သေဆုံးမယ်လို့ ထင်နေတာ အမှန်ပဲ..။ဒါပေမဲ့ ငါက မှတ်ဉာဏ်တွေရဲ့ ကျေးဇူးကြောင့်..ကျွန်းရဲ့အောက်ဘက်ကို ရောက်အောင်သွားနိုင်ခဲ့ပြီး အသက်ရှင်နိုင်ခဲ့တယ်..”
သူ သက်ပြင်းချလိုက်ပြီး..
“ငါ အသက်ရှင်ခဲ့ပေမယ့် အကောင်းဆုံး အနေအထားနဲ့တော့ မဟုတ်ဘူး..။အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာမှာပေါ့..။ငါ့မှာ ကျန်ရှိနေတဲ့ တစ်ခုတည်းသော နှလုံးသားက ငါ့ရဲ့ ခန္တာကိုယ်ကို မောင်းနှင်ဖို့ မလုံလောက်ခဲ့ဘူးလေ..။ဒီတော့ ငါက ဖြည်းညှင်းစွာပဲ သေဆုံးရတော့မှာ..။ငါက တောက်ဘက်ကို ခရီးဆက်ရင်း ဆုံမှတ်ကို အရောက်လာဖို့ ကြိုးစားခဲ့တယ်..။ဒါပေမဲ့ ငါ အရောက်မလာနိုင်ခင်မှာပဲ..တောင်ဘက်ပိုင်းက ကျွန်းပေါ်မှာ နိုတစ်ကို တွေ့ခဲ့ရတယ်လေ..”
ဆန်နီ ခါးသက်စွာ ပြုံးလိုက်ပြီး..
“ဒီ ရူးနေတဲ့ ခွေးသားက ငါ့ကို မြင်တုန်းက အတော်ပျော်သွားခဲ့တာ..။သူက ငါတို့ကို ကံတရားက ဆုံဆည်းစေခဲ့တာလို့ပဲ ထင်ခဲ့တာလေ..။ပြီးတော့ အမှန်တကယ်ပဲ ဆုံစေခဲ့တာလား ဆိုတာကို ဘယ်သူ သိမှာလဲ..။ငါ နဲ့ နိုတစ်တို့က အပေးအယူလုပ်ခဲ့ကြတယ်..။သူက ငါ့ရဲ့ ပျောက်ဆုံးနေတဲ့ နှလုံးသားကို ဖန်တီးပေးမှာဖြစ်ပြီး..ငါကတော့ အနီးနားက ခံတပ်ထဲက သားရဲဆီကနေ..ဖန်သားရောင်ဓားရဲ့တည်နေရာကို ရှာပေးရမှာလေ..။နင်သိတဲ့အတိုင်းပဲ..အဲဒီ တယ်ရာက..ချိန်းအရှင်သခင်တစ်ယောက်ဆီမှာ အရိပ်အဖြစ် ရှိနေခဲ့ဖူးတယ်..။ဒီတော့..သူ့ကို တွေ့ဆုံဖို့ဆိုတာ ငါ့လို အရိပ်နတ်မိစ္ဆာထက်ပိုသင့်တော်တဲ့သူ မရှိတော့ဘူးလေ..”
သူက အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ..လေးလံစွာ သက်ပြင်းချလိုက်ပါတယ်..။
“ပြသနာက..ဒီသားရဲက ရာစုနှစ်တွေကြာအောင် အထီးကျန်နေခဲ့တဲ့ အပြင်..မျှော်လင့်ချက်ရဲ့ အဆိပ်တွေလည်း မိနေခဲ့တာကြောင့်..လုံးဝကို ရူးသွပ်နေခဲ့ပြီ..။ဒီတော့ အဲတာက ငါ့ကို တိုက်ခိုက်ခဲ့တယ်လေ..။ဒီ တယ်ရာ က အိပ်မက်နဲံ အိပ်မက်ဆိုး စွမ်းရည်တွေကို ပိုင်ဆိုင်ထားတာကြောင့် ငါ့ကို ရာနဲ့ချီတဲ့ အိပ်မက်ဆိုးတွေထဲကို ပို့ပေးခဲ့တယ်..။အိပ်မက်ဆိုးတစ်ခုချင်းစီတိုင်းမှာ ငါက ဆိုးဆိုးဝါးဝါးကို ခံစားရပြီး အဆုံးမှာ အသတ်ခံခဲ့ရတယ်လေ..။မယုံနိုင်စရာ ဝမ်းနည်းမူတွေလည်း ခံစားခဲ့ရသေးတယ်..။ကံကောင်းချင်တော့ ငါ ဒီအိပ်မက်ဆိုးတွေ အများကြီးကို မေ့သွားခဲ့ပါပြီ…။ဟုတ်တယ်..အများစုကိုပေါ့..”
ဆန်နီ လဖက်ရည်တစ်ငုံသောက်လိုက်ပြီး ခေါင်းခါယမ်းလိုက်တယ်..။
“အာ..ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ ငါ အိပ်မက်ဆိုးတွေထဲကလည်း လွတ်မြောက်ခဲ့တယ်..။ပြီးတော့ တယ်ရာကိုလည်း သတ်နိုင်ခဲ့တယ်လေ..။နိုတစ်က ငါ့ရဲ့ နှလုံးသားကို အစားထိုးပေးခဲ့ပြီး..ငါ့ကို မြင့်မြတ်နယ်မြေဆီကို ခေါ်လာခဲ့တာ..။ဒီကိုရောက်တော့ ကိုင်နဲ့တွေ့ခဲ့တာပဲ..။ပြီးတော့ ငါတို့က ချားလစ်ဘုရားကျောင်းကနေ အယ်ဖီကို ကယ်ပြီး ဖန်သားရောင် ဓားကို သွားယူခဲ့ကြတယ်..။ပြီးတော့ အခု ဒီကို ရောက်နေတာပဲ..”
သူက သူ့ခေါင်းကိုကုတ်လိုက်ပြီး အတွေးနက်စွာနဲ့…
“အကျဉ်းချုပ်ပြောရရင်..ဒါက ဆိုးဝါးခဲ့တယ်လို့တော့ ငါထင်တာပဲ..”
အယ်ဖီ ကျိန်ဆဲလိုက်ပြီး..နောက်ထပ် ဆီသွပ်အစားအသောက်တွေကို ပါးစပ်ထဲ ထပ်ထည့်လိုက်တယ်..။သူမက ဒေါသတကြီး ဝါးပြီး..စားပွဲပေါ်ကို အမှုန်တွေကျနေစေခဲ့ပါတယ်..။
“..အဲတာထက် ဘယ်လို ငရဲက ပိုပြီး ဆိုးနိုင်ဦးမှာလဲ…”
ဆန်နီ သူမကို ခနလောက်ကြာအောင် စိုက်ကြည့်ပြီးကာမှ ပုခုံးတွန့်လိုက်တယ်..။
“ငါ မသိဘူးလေ..။ငါက ပိုးကောင်တစ်ကောင် ရဲ ခန္တာကိုယ် ထဲလည်း ရောက်သွားနိုင်တာပဲ..။ဒါမှမဟုတ် အဆိုးဝါးဆုံး ဆိုရင်တော့ ကလေးတစ်ယောက်ရဲ့ ခန္တာကိုယ်ထဲကိုပေါ့..”
အပိုင်း ( ၆၈၁ ) ပြီး၏။