← Chapters

နဂါးတစ်ကောင်ကို သတ်ဖို့..

Vol. 46 Ch. 683

နဂါးတစ်ကောင်ကို သတ်ဖို့..

Vol. 46 Ch. 683

ကိုင်က အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ သက်ပြင်းချလိုက်တယ်..။ သူက တစ်ဖက်ကိုလှည့်ပြီး..သူ့ရဲ့ အနက်ရောင် သစ်သားမျက်နှာဖုံးကို ကောက်ကိုင်လိုက်ကာ..အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့ပါတယ်..။နောက်ဆုံးမှာတော့..သူ စကားစပြောလာခဲ့တယ်..။

“ငါက ဆင်စွယ်ရောင်မြို့ရဲ့ စစ်တပ်ဖြစ်တဲ့ နေနတ်သား စစ်တပ်ရဲ့ စစ်ဗိုလ်တစ်ယောက်ရဲ့ ခန္တာကိုယ်ထဲကို ပို့ဆောင်ခြင်းခံခဲ့ရတာ..။ငါတို့ အိပ်မက်ဆိုးထဲကို ဝင်ရောက်ချိန်တုန်းက အချိန်တွေနောက်ပြန်စီးဆင်းတဲ့ အချိန်မှာ အပျက်အဆီးထဲကနေ ဖြစ်တည်လာတဲ့ အဲ့မြို့ကို မင်းတို့ မြင်ဖူးခဲ့မှာပဲ..။ဒါက ငြိမ်းချမ်းမူ ၊ လှပမူ နဲ့ အသက်ဓာတ်တွေ ပြည့်နှက်နေတဲ့ နေရာတစ်ခုပဲ..။အဲဒီမှာနေကြတဲ့ လူတွေကလည်း..နွေးထွေး ၊ ကြင်နာ ပြီး သူတို့ရဲ့ အိမ်နီးချင်းတွေကို ဂရုစိုက်လေ့ရှိကြတယ်..။သယံဇာတ ကြွယ်ဝတဲ့ ကျွန်းတွေက ဒါဇင်နဲ့ချီရှိပြီး အဲဒီကျွန်းတွေကို အဖြူရောင်ကျောက်တုံးနဲ့ တည်ဆောက်ထားတဲ့ တံတားတွေ ၊ ပေါင်းကူတွေနဲ့ ဆက်သွယ်ပေးထားကြတယ်..”

လူငယ်လေးဟာ တစ်ခနလောက်ရပ်တန့်လိုက်ပြီး သူ့ရဲ့ နာကျင်နေတဲ့ အသံကြိုးတွေကို ရှင်းလင်းဖို့အတွက် ပျားရည် လဖက်ရည်ကို တစ်ငုံသောက်လိုက်ပါတယ်..။ယင်းနောက် သူက မျက်နှာဖုံးကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်ပြီး.. ခနလောက်တွေဝေနေပြီးကာမှ ဆက်ပြောလာခဲ့တယ်..။

“အနည်းဆုံးတော့..အစပိုင်းမှာ ငါက အဲလိုထင်ထားခဲ့တာပဲ..။နောက်ကို ပြန်ကြည့်မယ်ဆိုရင် ငါက အတော်လေးကို တုံးအခဲ့တာ..။ဒါပေမဲ့ ဆင်စွယ်ရောင် မြို့တော် နဲ့ လူတွေရဲ့ အသွင်အပြင်က တစ်စုံတစ်ယောက်ကို အလွယ်တကူပဲ လွဲမှားစေနိုင်တယ်လေ..။အထူးသဖြင့် ဒီမှော်ဆန်တဲ့ အပြင်ပန်းကြွားဝါမူတွေ နဲ့ ဒီအရာတွေကို ဖျက်ဆီးပစ်ချင်နေတဲ့ လူတွေရဲ့ ယုတ်ညံ့မူကို ကြည့်ခဲ့ရတဲ့ အချိန်မှာပဲ..။ရက်စက်ပြီး ရူးသွပ်နေတဲ့ လူသတ်သမားတွေ….စစ်ဘီလူးတွေ..”

ကိုင် ခေါင်းခါယမ်းလိုက်တယ်..။

“ဆင်စွယ်ရောင်မြို့တော်က လူတွေက ငါတို့လို နိုးထခြင်း ကမ္ဘာမှာ ရှိနေတဲ့ လူတွေနဲ့ အတူတူပဲ..။သူတို့မှာ တူညီတဲ့ တန်ဖိူးတွေ ၊ အကြံဉာဏ်‌တွေ ၊ သင့်တော်မူတွေနဲ့ လူသားတွေအပေါ်လေးစားမူတွေ ရှိကြတယ်..။အာ..အခုငါ အသံထွက်ပြောလိုက်မှပဲ..ဒီအချက်မှာ သူတို့က ငါတို့ ကမ္ဘာက လူတွေထက်တောင် ပိုပြီး ကောင်းမွန်နေကြတာကို သတိထားမိတော့တယ်..။ငါပြောချင်တာက သူတို့ကတကယ်ကို လူကောင်းတွေပဲ..။ဒီမြို့ကြီးက လူသားမြို့တွေ အားလုံး စံနမူနာယူထိုက်တဲ့ မြို့တစ်ခု အဖြစ် ဒါကြောင့် ရှိနေခဲ့တာပဲ..။ဒီအိပ်မက်ဆိုးကြီးထဲမှာ ဒီမြို့ကို ဖျက်ဆီးပစ်ချင်တယ်ဆိုတဲ့ လူတစ်ယောက်ရှိနေတယ် ဆိုတာက တကယ်ကို အံ့ဩစရာပါပဲ..။

သူ့ရဲ့ မျက်လုံးတွေက မှေးမှိန်သွားခဲ့တယ်..။

“တစ်ဖက်မှာတော့..နတ်ကိုးကွယ်တဲ့ အဖွဲ့ရဲ့ နောက်လိုက်တွေက..မကောင်းဆိုးဝါးအဖွဲ့လို့ လူတွေထင်ထားခဲ့သလိုမျိုး အတိအကျဖြစ်နေခဲ့တယ်..။ရက်စက်ပြီး ညှာတာမူကင်းမဲ့တဲ့ စစ်ပွဲ ကိုးကွယ်သူတွေက..သတ်ဖြတ်မူကို ကိုးကွယ်ဖို့အတွက် အားလုံးကို သတ်ဖြတ်ဖို့ စီစဉ်ထားခဲ့ကြတယ်..။သူတို့က အပြစ်မဲ့တဲ့ လူတွေကို သတ်ဖြတ်ခြင်းအားဖြင့်.သူတို့သတ်ခဲ့တဲ့ လူတွေ နဲ့ အရူးတွေကို..ကယ်တင်ခြင်း လက်ဆောင်ပေးအပ်နေမယ်လို့ ယုံကြည်ထားခဲ့ပါတယ်..။ဒါဆိုရင် ငါက ဘာလို့ အချိန်အေတော်ကြာထဲ့အထိ အမှန်တရားကို မမြင်နိုင်ခဲ့တာလည်း ဆိုတာကို သိလောက်မှာပါ..”

လူငယ်လေးဟာ နောက်ထပ်လဖက်ရည်တစ်ခွက်သောက်လိုက်ပြီး..သူ့ရဲ့ မျက်နှာဖုံးကို ထပ်မံစိုက်ကြည့်နေလိုက်ပါတယ်..။

“ငါက အတော်လေးကို တုံးအတာပဲ.။ ငါ့ကိုယ်ငါ ဒဏ္ဍာရီ ပုံပြင်ထဲက..သူရဲကောင်းတစ်ယောက်လို့တောင်..ထင်သွားခဲ့သေးတယ်..။လှပတဲ့ နိဗ္ဗာန်ဘုံလေးကို မိစ္ဆာတွေ လက်ထဲကနေ ကာကွယ်ပေးရမယ့် ခမ်းနားတဲ့ စစ်သည်တော်တစ်ယောက်အဖြစ်ပေါ့..။ဆင်စွယ်ရောင် မြို့ရဲ့ ကံတရားက အိပ်မက်ဆိုးရဲ့ စစ်မှန်တဲ့ ပဋိပက္ခလို့ ငါ အထင်မှားသွားခဲ့တာ..။ပြီးတော့..ဒီမြို့ကို ကာကွယ်ဖို့အတွက် စေလွှတ်ခြင်းခံခဲ့ရတာလို့လည်း ငါ့ကိုယ်ငါ ပြောခဲ့သေးတယ်လေ..။ငါ့ရဲ့ တာဝန်တွေ ကို မစွန့်ပယ်နိုင် ၊ စစ်ပွဲကနေ ထွက်ပြေးတဲ့ သူလည်း မဖြစ်ချင်တာကြောင့်..ငါက နေနတ်သား စစ်တပ်နဲ့ပဲ အတူရှိနေခဲ့တယ်လ..။ပြီးတော့..မကြာခင်မှာ မင်းတို့လည်း ဒီစစ်ပွဲမှာလာရောက် ပူးပေါင်းလိမ့်မယ်လို့ ထင်ထားခဲ့သေးတယ်..”

ကိုင် အောက်ကို ကြည့်လိုက်ပြီး..လေးလံစွာ သက်ပြင်းချလိုက်တယ်..။

“..ပြီးတော့..မကြာခင်မှာပဲ..ငါက တပ်ဖွဲ့ရဲ့သူရဲကောင်းအဖြစ် သူသိများထင်ရှားလာခဲ့တယ်လေ..”

သူ့ရဲ့ ပုံပျက်နေတဲ့ မျက်မှာက တစ်ခနလောက် ရှုံ့မဲ့သွားခဲ့ပြီးကာမှ..လူငယ်လေးဟာ ခံစားချက်တွေကို ထိန်းပြီး ဝမ်းနည်းစွာ ပြုံးလိုက်တယ်..။

“ဒီလိုကြားရတာ နည်းနည်းတော့ အံ့ဩစရာကောင်းလိမ့်မယ်ဆိုတာ ငါသိပါတယ်..။မင်းတို့နဲ့ မတူတဲ့ အချက်က ငါက ဘယ်တုန်းကမှ အကြောက်အလန့်ကင်းတဲ့ စစ်သည်တော်တစ်ယောက် မဖြစ်ခဲ့ဖူးဘူးလေ..။ငါက ဘယ်တုန်းကမှ..လူအုပ်ကြီးကို ဦးဆောင်နိုင်တဲ့ လူတစ်ယောက်မဖြစ်ခဲ့ဖူးဘူး..။ငါ့လုပ်ခဲ့တဲ့ အရဲရင့်ဆုံး လုပ်ရပ်ဆိုလို့..ကြက်သွေးရောင် ထိပ်ဖျား တိုက်ပွဲမှာ ဆူးချွန်ဆတ်သားတွေနဲ့ တိုက်ခိုက်ခဲ့ရတာပဲ..။အဲ့အချိန်တုန်းကတောင် ငါက ကတ်စီကြောင့် အသက်ရှင်သန်နိုင်ခဲ့တာလေ..။ဒီတော့ အခုလို အကြောက်အလန့်ကင်းတဲ့ စစ်သူကြီး အဖြစ် ထင်ရှားလာတဲ့အပေါ်မှာ ငါ့ကိုယ်ငါလည်း အံ့ဩသင့်ခဲ့ရတယ်..”

ကိုင်က သူတို့ကို ကြည့်ပြီး အနည်းငယ် တွေဝေနေခဲ့တယ်..။ယင်းနောက် မသေချာတဲ့ လေသံနဲ့..

“မင်းတို့သိတဲ့အတိုင်း..ဆင်စွယ်ရောင် မြို့တော် နဲ့ အနီရောင် အဆောက်အဦးတို့ကြားထဲက စစ်ပွဲက..ရာစုနှစ်တွေကြာအောင် ဖြစ်ပွားခဲ့တာလေ..။သူ့ရဲ့ သွေးဆာနေတဲ့ ဒီရေလှိုင်းတွေက..ပင်လယ်လှိုင်းတွေလိုပဲ..သွားလိုက်.ပြန်လိုက် ဖြစ်နေခဲ့တာ..။တစ်ခါတစ်လေ ဆိုရင်..ဆယ်စုနှစ်တွေကြာအောင်..တိုက်ပွဲငယ်တွေလောက်ပဲ ဖြစ်ပွားပြီး တစ်ခါတစ်လေဆိုရင်တော့..ဆိုးဝါးကြမ်းတမ်းတဲ့ တိုက်ပွဲတွေက နေ့စဉ်ရက်ဆက် ဖြစ်နေတာမျိုးတွေ ရှိတယ်..။တစ်ခါတစ်လေဆိုရင်..သာမန် စစ်သည်တွေနဲ့ နိုးထသူ အရာရှိတွေပဲ တိုက်ခိုက်ကြပြီး..တစ်ခါတစ်လေ ဆိုရင် တိုက်ပွဲကွင်းပြင်ထဲကို တက်ရောက်မူအဆင့် ချန်ပီယံတွေက လာရောက်ဖျက်ဆီးလေ့ ရှိကြတယ်..။တစ်ခါတစ်လေ ဆိုရင်တော့..အထွတ်အထိပ်အဆင့်..အရှင်သခင်တွေတောင် လာရောက်တိုက်ခိုက်ကြတယ်လေ..”

သူ တစ်ခနလောက် ရပ်တန့်သွားခဲ့ပြီး..လဖက်ရည်တစ်ငုံသောက်လိုက်တယ်..။ယင်းနောက် သာမန်လေသံနဲ့ပဲ ဆက်ပြောလာခဲ့ပါတယ်..။

“အဲ့အချိန်မှာ..ငါက ..အတော်အတန်ငြိမ်သက်နေတဲ့ အချိန်ကာလကနေ..စစ်လိုလားသူတွေက ကြီးမားတဲ့တိုက်ပွဲကြီးကို ဆင်နွဲတော့မယ့် အချိန်ကာလကြားထဲကို ရောက်သွားခဲ့တာ..။ပြီးတော့ အစောပိုင်းအချိန်မှာပဲ..ငါက မမျှော်လင့်ထားတဲ့ အမှန်တရားကို တွေ့ရှိခဲ့တယ်လေ..”

သူက သူတို့ကို ကြည့်လိုက်ပြီး တစ်စက္ကန့်လောက် စဉ်းစားလိုက်တယ်..။သူ့ကြည့်ရတာ စကားလုံးတွေကို သေချာ ရွေးချယ်နေတဲ့ အတိုင်းပါပဲ..။

“မင်းတို့သိတဲ့အတိုင်း…နတ်ဘုရားတွေ ရှင်သန်ပြီး ကမ္ဘာကြီးကို မှော်ပညာတွေ ကြီးစိုးထားတဲ့ ခေတ်က..စစ်သည်တော်တွေက..ငါတို့နိုးထခြင်းကမ္ဘာက လူသားတွေထက် တိုက်ပွဲအတွင်းမှာ ပို အသိပညာကြွယ်ဝ ၊ ပိုအားကောင်း ပြီး..ပိုကျွမ်းကျင်ကြတယ်လို့ ငါက အမြဲတမ်းထင်ထားခဲ့တာလေ..။ဒါပေမဲ့ အမှန်တော့ အဲဒီလို မဟုတ်ဘူး..။သူရဲကောင်းခေတ်လို့ ခေါ်ကြတဲ့ အစောပိုင်းကာလတုန်းကတော့ သူတို့က ပိုပြီး အားကောင်းချင် အားကောင်းကြမှာပါ..။ဒါပေမဲ့ အခုကာလကတော့..သူတို့အများစုက ငါတို့ထက်တောင် အများကြီး ပိုအားနည်းကြသေးတယ်..။အနည်းဆုံးတော့..မေ့ပျာက်ကုန်းမြေပေါ်ကို အပို့ခံရပြီး..သန်မာလာကြတဲ့ လူတွေထက်ပေါ့..”

ဆန်နီဟာ ဒီစကားကြောင့် အံ့ဩစွာ မျက်ခုံးပင့်တင်လိုက်ပါတယ်..။သူ့ရဲ့ အမူအရာကိုသတိထားမိသွားတဲ့ ကိုင်က..ခေါင်းကို အနည်းငယ် စောင့်လာခဲ့ပြီး..

“ဒီနေရာမှာက..အနာဂတ်ကာလလောက် အိပ်မက်ဆိုးသားရဲတွေ မရှိကြဘူးလေ..။ငါတို့လိုမျို အခိုက်အတန့်မရှိ ၊ အိပ်မက်ဆိုး မရှိ ၊ အိပ်မက်ကမ္ဘာရဲ့ စမ်းသပ်မူတွေလည်းမရှိ ၊ ထွက်ပေါက်တွေလည်း မရှိကြဘူး..။ငါတို့ တစ်ယောက်ချင်းစီတိုင်းက.သွေးစွန်းတဲ့ တိုက်ပွဲတွေ ၊ အရှုပ်အထွေးတွေ ၊ ဘာမှန်းမသိနိုင်တဲ့ ထိပ်လန့်စရာတွေ ဆီကို..နောက်ဆုတ်ဖို့ ဒါမှမဟုတ် အရှုံးပေးဖို့ ရွေးချယ်စရာ မရှိပဲ..ပို့ဆောင်ခြင်းခံထားကြရတာ..။အခိုက်အတန့်က ရက်စက်တဲ့ ဆရာတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်..သူ့ရဲ့ သင်ခန်းစာတွေက အတော်လေးကို သက်ရောက်မူ ရှိတယ်..။ပိုသန်လာမှာလား ဒါမှမဟုတ် သေဆုံးမှာလား..။ငါတို့အတွက် တစ်ခြားနည်းလမ်းဆိုတာ မရှိခဲ့ဘူး..။ဒီတော့..အစစ်အမှန်ကမ္ဘာပေါ်က နိုးထသူ အများစုက..ဒီဘက်ခေတ်မှာရှိကြတဲ့ သာမန်နိုးထသူတွေထက်.. တိုက်ပွဲအတွေ့အကြုံတွေ ပိုများကြတယ်လေ..”

သူ သက်ပြင်းချလိုက်ပြီး ဝမ်းနည်းးစွာ ပဲ ထပ်ပြောလိုက်တယ်..။

“ဒါကြောင့်ပဲ..ငါ့လို နိမ့်ကျတဲ့ ဂဏ္ဍစွမ်းရည်နဲ့ တိုက်ပွဲစွမ်းရည် နည်းပါးတဲ့ လူတစ်ယောက်ကတောင် ရှင်သန်နေနိုင်ခဲ့တာပဲ..။ငါက ငါ့ရဲ့တပ်သားတွေကို ဦးဆောင်ပြီး..အောင်နိုင်မူတွေ ဖော်ဆောင်နိုင်ခဲ့တယ်..။သူတို့ကို စစ်ဘီလူးတွေရဲ့ များပြားလှတဲ့ အင်အားတွေကြားထဲမှာတောင် အသက်ရှင်သန်နိုင်အောင် ထားနိုင်ခဲ့တယ်လေ..။ပြီးတဲ့နောက်မှတော့ ငါ့ရဲ့ တပ်ဖွဲ့ပေါ်လာတဲ့ နေရာတိုင်းမှာ..ထိခိုက်ပျက်စီးမူတွေ ဖြစ်အောင် လုပ်နိုင်ခဲ့ပြီး သူတို့ကိုပါ ကျန်တဲ့တိုက်ပွဲတွေမှာ ရှင်သန်စေခဲ့တယ်..”

ကိုင် အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးမှ..သူ့ရဲ့ အကျည်းတန်တဲ့ အသံနဲ့ ထပ်ပြောလာခဲ့တယ်..။အထူးသဖြင့် ဒီအသံက ရုတ်တရက် ပိုမိုအက်ကွဲပြီး ကြမ်းတမ်းလာခဲ့ပါတယ်..။

“ပြီးတော့ အဲလိုကနေ..ငါက မြို့ရဲ့ အရှင်သခင်..ဖြစ်တဲ့ ဆေးဗားရက် , ဆင်စွယ်ရောင် နဂါးရဲ့ အာရုံစိုက်မူကို ရရှိခဲ့တာပဲ…”

အပိုင်း ( ၆၈၃ ) ပြီး၏။

All Chapters