← Chapters

မင်းက နဂါးတစ်ကောင်ဖြစ်လာရမယ်..

Vol. 46 Ch. 684

မင်းက နဂါးတစ်ကောင်ဖြစ်လာရမယ်..

Vol. 46 Ch. 684

ကိုင်က သူ့ရဲ့ခွက်ထဲကို လဖက်ရည်ထပ်ငှဲ့လိုက်ပြီး ခွက်ကို လက်နှစ်ဖက်နဲ့ ကိုင်ထားခဲ့ကာ..အဝေးကို ကြည့်လိုက်ပါတယ်..။သူက အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ..နိမိတ်မကောင်းလှတဲ့ ဇာတ်လမ်းကို ဆက်ပြီးပြောလိုက်တယ်..။

“တိုက်ပွဲတွေ ၊သွေးချောင်းဆီးမူတွေ ရက်သတ္တပတ်ပေါင်းများစွာ ကြာပြီးတဲ့ အချိန်မှာတော့..ငါတို့က စစ်ဘီလူးတွေကို နောက်ဆုတ်သွားတဲ့အချိန်အထိ တိုက်ထုတ်နိုင်ခဲ့ကြတယ်..။ငါ့ရဲ့ တပ်ဖွဲ့တွေကလည်း..အနားယူဖို့ အားပြန်ဖြည့်ဖို့အတွက်..ကြမ်းတမ်းခက်ခဲတဲ့ စစ်ပွဲကြီးကနေ..ဆင်စွယ်ရောင်မြို့တော်ကို ပြန်လာခဲ့ကြတယ်လေ..။လူအုပ်ကြီးက..ငါတို့ကို နှင်းဆီပန်းပွင့်တွေနဲ့ ကြိုဆိုခဲ့ကြပြီး ငါတို့တဲ့ နာမည်တွေကို သံပြိုင်သီဆိုခဲ့ကြတယ်..။အထူးသဖြင့် ငါ့ရဲ့နာမည်ကတော့ တစ်ခြားလူတွေထက်ကို ပိုပြီး ကျယ်လောင်နေခဲ့တာပေါ့..။အာ..ဘယ်လောက်တောင် လှပလိုက်တဲ့ မြင်ကွင်းလဲ..။ငါတို့ အနိုင်ရပြီး အိမ်ကိုပြန်လာတဲ့ အချိန်မှာ အရာအားလုံးက..တကယ်ကိုကောင်းမွန်ခဲ့တယ်..။အချိန်အတော်ကြာတဲ့အထိ ငါတို့က..လှပတဲ့ မြို့နဲ့ မြို့သားတွေရဲ့ နွေးထွေးမူတွေကို ခံစားခဲ့ကြတယ်လေ..”

သူက လဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး အနည်းငယ်ခေါင်းခါယမ်းလိုက်ပါတယ်..။

“ဆင်စွယ်ရောင်မြိုတော်ကို ငါပိုပြီး စူးစမ်းလေလေ..သူ့ရဲ့ ကြွယ်ဝချမ်းသာမူ နဲ့ ဘဝနေထိုင်ပုံကို ပိုပြီးသဘောကျလာလေလေပဲ..။အဲဒီမှာရှိနေတဲ့ လူတွေက..စိတ်ကျေနပ် ပျော်ရွှင်နေကြပြီး..တစ်ခြားလူတွေအပေါ်မှာလည်း ရိုးသားတဲ့ကြင်နာမူတွေ ၊ ချစ်ခြင်းမေတ္တာတွေ ၊ လေးစားမူတွေ နဲ့..ဆက်ဆံခဲ့ကြတယ်..။သူတို့ကြည့်ရတာ ကမ္ဘာကြီးကိုတောင် ဂရုစိုက်ဖို့ မလိုအပ်သလိုပဲလေ..။ပြီးတော့ ဒီအတွက်လည်း အကြောင်းပြချက် ရှိနေသေးတယ်..။ဆင်စွယ်ရောင်မြို့တော်က လူတွေ ဒီလောက်အထိ ပျော်ရွှင်ပြီး နေထိုင်နိုင်ကြတာက..သူတို့က အရမ်းကို သန်မာတဲ့ ဆေဗီရက် ဆိုတဲ့ နဂါးတစ်ကောင်က ကာကွယ်ပေးထားတာကြောင့်ပဲလေ..။နေနတ်ဘုရားရဲ့ စစ်မှန်တဲ့ မျိုးဆက်..။သူတို့ရဲ့ အရှင်သခင်..သူတို့ရဲ့ ကာကွယ်သူ..”

လူငယ်လေးဟာ ကျောချမ်းသွားခဲ့ပြီး အက်ကွဲနေတဲ့ အသံနဲ့ ဆက်ပြောလာခဲ့တယ်..။

“နဂါးကြီးက သူတို့ကို ကာကွယ်ပေးတယ်…၊ အစာရေစာ ပေါကြွယ်ဝအောင် လုပ်ပေးတယ်..ပြီးတော့ သူ့ရဲ့ ဉာဏ်ပညာနဲ့ လမ်းညွှန်ပေးတယ်..။ဒါကြောင့်လည်း ဆင်စွယ်ရောင်မြို့တော်က..လုံခြုံ ..သာယာဝပြောပြီး..ကြိုဆိုမူတွေနဲ့ ပြည့်နှက်နေခဲ့တာလေ..။ဒါကြောင့်ပဲ သူ့ရဲ့ မြို့သားတွေက အရမ်းကို ကြင်နာပြီး ပျော်ရွှင်နေကြတာပဲ..။ဒါက သူဖန်တီးထားခဲ့တဲ့ သုခဘုံလေးတစ်ခုပဲလေ..”

ကိုင်က သူ့ရဲ့ လဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး ခါးသက်စွာ ပြုံးလိုက်တယ်..။

“..အမှန်ပြောရရင် နားထောင်ရတာ အရမ်းကောင်းမွန်နေတယ်မလား..ဟုတ်တယ်ဟုတ်..။အာ..ဒါပေမဲ့..ဒါက အပေါ်ယံမှာ မြင်နေရတဲ့ အရာတွေပဲ..”

သူ တစ်ခနလောက် တိတ်ဆိတ်နေပြီးကာမှ သက်ပြင်းချလိုက်တယ်..။

“အစပိုင်းကတော့ ငါက အဲတာကိုပဲ ခံစားမိတာ..။အနည်းငယ် မရေရာတဲ့ မှားယွင်းမူလေးက ရှိနေတယ်..။ဒါက ဒီ ပျော်ရွှင် ၊ကြင်နာပြီး လှပတဲ့ လူတွေက တစ်ခုခုတော့ လွဲမှားနေကြသလိုပဲလေ..။သူတို့ရဲ့ ရိုးသားတဲ့ အပြုံးတွေအောက်မှာ တစ်ခုခုကို ဖုံးကွယ်ထားသလို ခံစားနေခဲ့ရတယ်..။ငါက ဒီတိုင်း ထင်ယောင်ထင်မှားဖြစ်နေတာပါ ဆိုပြီး ဒီအရာကိုလျစ်လျူရူထားခဲ့လိုက်တယ်လေ..။အစစ်အမှန်ကမ္ဘာကနေ ငါ ယူဆောင်လာခဲ့တဲ့ သံသယလွန်ကဲတဲ့ စိတ်ကြောင့်လို့ပဲ ထင်ထားခဲ့တာ..။ဒါပေမဲ့..ငါ သူတို့နဲ့ အချိန်အများကြီး ကုန်ဆုံးလေလေ..သူတို့ရဲ့ ထူးဆန်းတဲ့ အချက်အလက်တွေကို သတိထားမိလာလေလေပဲ..။ပြီးတော့ မကြာခင်မှာပဲ..ကြောက်မက်ဖွယ် သံသယတစ်ခုက ငါ့ရဲ့ နှလုံးသားကို ဖမ်းဆုပ်သွားခဲ့တယ်..”

ကိုင်က သူတို့ကို ကြည့်လိုက်ပြီး နက်မှောင်တဲ့ လေသံနဲ့..

“သူတို့ရဲ့ တောက်ပနေတဲ့..မျက်လုံးတွေအောက်မှာ ရူးသွပ်မူတွေ ပုန်းအောင်းနေကြတယ်ဆိုတဲ့ သံသယပဲ..။စစ်ဘီလူးတွေ ကူးစက်ခံထားရတာနဲ့တူညီတဲ့ ရူးသွပ်မူမျိုး..သူတို့က ပုံသဏ္ဍာန်ပဲ ပြောင်းလဲသွားခဲ့တာ..။ငါက ဒီလောက်အထိ စိတ်အနှောက်အယှက်ဖြစ်ပြီး ကြောက်ရွံ့နေတဲ့ ခံစားချက်မျိုးကို ဘယ်တုန်းကမှ မခံစားခဲ့ဖူးဘူး..။အမှန်တော့ ငါက ရက်အနည်းငယ်လောက်ကြာအောင် ဒီအမှန်တရားကို မသိချင်ယောင်ဆောင်နေခဲ့သေးတယ်..။ဒါပေမဲ့ ဒီသံသယတွေက ငါ့ရဲ့ နှလုံးသားထဲမှာ ကြီးထွားလာနေခဲ့ပြီလေ..။ဒီတော့.ငါက စစ်ဆေးကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်..။ဒီအရာကို အတည်ပြုဖို့က သိပ်မခက်ခဲလိုက်ပါဘူး..”

သူ့ရဲ့ ရွံစရာကောင်းတဲ့ မျက်နှာပေါ်မှာ ခါးသက်မူတစ်ခု ပေါ်လာခဲ့ပါတယ်..။

“မင်းသိတဲ့အတိုင်း ဆင်စွယ်ရောင်မြို့တော်က အမှန်တကယ်ပဲ နဂါးကြီးကြောင့် သယံဇာတ ပေါကြွယ်ဝ ၊ လုံခြုံပြီး လှပတဲ့ မြို့တစ်မြို့ ဖြစ်နေခဲ့တာပဲ..။အဲဒီမှာ ရှိနေတဲ့ လူတွေကို အမှန်တကယ်ပဲ နဂါးကြီးက ကာကွယ်ပေးထားခဲ့တာ..။အပြန်အလှန်အနေနဲ့ နဂါးကြီးက တစ်ခုတည်းကိုပဲ တောင်းဆိုထားခဲ့တယ်လေ..”

လူငယ်လေးရဲ့လက်ထဲက ဖန်ခွက်ဟာ..အားသက်ရောက်မူကြောင့် ကွဲကြေလုနီးပါး အက်ကွဲသွားခဲ့တယ်..။

“သူ့ကို အစာကျွေးဖို့..”

သူတစ်ခနလောက် အံကိုကြိတ်ထားပြီးမှ တိတ်တဆိတ်ပြောလိုက်တယ်..။

“သူ့ကို လူသားတွေရဲ့ အသွေးအသား ကျွေးဖို့..။သူ့အတွက် တစ်လကို လူခုနစ်ယောက် ကျွေးရမယ်..။ပြီးတော့ ကြင်နာ နွေးထွေးကြတဲ့ ဆင်စွယ်ရောင်မြို့သားတွေက ဒီအရာကိုပဲ အရမ်း ပျော်ရွှင်နေခဲ့ကြတယ်လေ..။အရမ်းကို ကျေနပ်အားရနေကြတာတောင် ဖြစ်နိုင်တယ်..။နဂါးတစ်ကောင်ရဲ့ စားသုံးခြင်းကို ခံရတာက..မြင့်မြတ်တဲ့ ဂုဏ်ယူမူတစ်ခုဖြစ်ပြီး..သူတို့ချစ်ရတဲ့ လူတွေကို စတေးခံအဖြစ် ရွေးချယ်ခံရတာကိုလည်း..အောင်ပွဲတစ်ခုအဖြစ် ခံစားနေခဲ့ကြတယ်..”

လူငယ်လေးက တိတ်ဆိတ်သွားပြီးကာမှ..အက်ကွဲတဲ့ လေသံနဲ့..

“..နဂါးကြီးက သူ့ကို ဘယ်သူတွေကျွေးရမလဲ ဆိုတာနဲ့ပတ်သက်ပြီး ဘယ်တုန်းကမှ မရွေးချယ်ခဲ့ဘူး..။ဒါပေမဲ့ ဆင်စွယ်ရောင်မြို့တော်က လူတွေက..နဂါးကြီးကို စိတ်ကျေနပ်စေဖို့အတွက်..အကောင်းဆုံး ၊ အမြင့်မြတ်ဆုံးတွေကိုပဲ ရွေးချယ်ခဲ့ကြတယ်..။အလှပဆုံး ၊ အရည်အချင်း အရှိဆုံး ၊ အရိုးသားဆုံး..၊ပြီးပြည့်စုံဆုံးတွေကိုပေါ့..။ပြီးတော့..အဲံအချိန်မှာလည်း ပြင်းထန်ကြမ်းတမ်းတဲ့ စစ်ပွဲကနေ ပြန်လာတဲ့ ငယ်ရွယ်တဲ့ သူရဲကောင်းတွေ ရှိနေခဲ့ကြတယ်လေ..။လလည်ချိန်ကလည်း ရောက်လာခဲ့ပြီဆိုတော့..သူတို့က ငါနဲ့ ငါ့ရဲ့ သစ္စာအရှိဆုံး အရဲရင့်ဆုံး စစ်သည်ခြောက်ယောက်ကို ရွေးချယ်ခဲ့ကြတယ်..”

ကိုင် ခါးသက်စွာ ပြုံးလိုက်ပြီး..

“ဘယ်လို ဆုလာဒ်မျိုးလဲ..။သူတို့ကို ကြည့်နေရတာက ငါမြင်ဖူးသမျှထဲမှာ ရွံစရာအကောင်းဆုံး မြင်ကွင်းပဲ..။မိဘတွေက သူတို့ရဲ့ ကလေးတွေကို တောက်ပတဲ့အပြုံးတွေနဲ့ သေခြင်းတရားဆီကို တွန်းပို့တာ..။ယောက်ကျားတွေက သူတို့ရဲ့ မိန်းမတွေကို နဂါးပါးစပ်ထဲ ကျေကျေနပ်နပ်ကြီး ထိုးအပ်လိုက်တာ..။သူငယ်ချင်းတွေ ၊ မိတ်ဆွေတွေက..သူတို့ရဲ့ ဆွေမျိုးတွေကို ဆာလောင်တဲ့ နဂါးကြီးက စားသုံးသွားတဲ့ အတွက် သီချင်းဆို ၊ ရယ်မောပြီး အောင်ပွဲခံနေခဲ့ကြတာလေ..။ကလေးငယ်လေးတွေကပဲ ဒီပျော်ရွှင်မူကို မခံစားရပဲ..သူတို့ရဲ့ အမေ ၊ အဖေ ၊ အစ်ကို ၊ အစ်မတွေ ဆုံးရှုံးရတဲံ အတွက် ငိုကြွေးနေခဲ့ကြတာ..။ဒါပေမဲ့ ဒီလို ငိုနေတဲ့ ကလေးတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးပြီး..သူတို့ရဲ့ အပြုအမူက ဘယ်လောက် တောင် ရိုင်းစိုင်းလည်း ဆိုတာကို သင်ကြားပေးခြင်း ခံခဲ့ရတယ်လေ..”

သူက မျက်နှာရှုံ့မဲ့သွားခဲ့ပြီး ခွက်ကို အောက်ချကာ အဝေးကိုကြည့်လိုက်တယ်..။

“တစ်မြို့လုံးက ရူးသွပ်နေခဲ့ကြတာ..။ဖြစ်နိုင်တာက ..ဖြစ်နိုင်တာက..ဒါက သုခဘုံအတွက် ပေးဆပ်ရတဲ့ သေးငယ်တဲ့ တန်ကြေးတစ်ခုပဲလို့ တစ်စုံတစ်ယောက်က ငြင်းခုန်နိုင်တယ်လေ..။ဒါပေမဲ့ သွေးတွေနဲ့တည်ဆောက်ထားတဲ့ သုခဘုံက ဘယ်လောက်များ တန်ဖိုးရှိမှာမို့လို့လဲ..။ဒါက တန်ဖိုးမရှိဘူး..လုံးဝ တန်ဖိုးမရှိဘူး..။တကယ်လို့ တန်ဖိုးရှိတယ်ဆိုရင်တောင် အဲဒီခွေးသားတွေက..ပျော်ရွှင်မူတွေ ကို မဖော်ပြပဲ ယစ်ပူဇော်ပူကို လုပ်လို့ ရတယ်လေကွာ..။သီချင်းတွေမဆိုပဲ..၊ ကြင်နာမူ ၊ နွေးထွေးမူ အပြင် သူတို့ရဲ့ မျက်နှာပေါ်မှာ ဖြစ်ပေါ်နေတဲ့ ရိုးသားတဲ့ အပြုံးတွေ မရှိပဲ..ပြုလုပ်နိုင်ကြတာပဲ မဟုတ်ဘူးလား..”

ကိုင်က အသက်ကို ပြင်းပြင်းရူပြီး အချိန်အတော်ကြာအောင် ငြိမ်သက်နေခဲ့တယ်..။ယင်းနောက် ပုခုံးတွန့်လိုက်ပြီး..

“ဘာပဲဖြစ်ဖြစ်..ငါတို့ကို ဆင်စွယ်ရောင် မြို့တော်နဲ့ ကပ်လျက်မှာရှိနေတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို ခေါ်သွားပြီး အဖြူရောင် ချောက်နက်တစ်ခုမှာ ချည်နှောင်ထားခဲ့ကြတယ်..။လူအုပ်ကြီး ပျောက်ကွယ်သွားပြီး မကြာခင်မှာပဲ..ငါတို့က ပြင်းထန်တဲ့လေတိုးသံတွေကို ကြားလိုက်ရတယ်လေ..။နဂါးကြီးက ချောက်ကမ်းပါးရှေ့ကနေ ပေါ်ထွက်လာခဲ့တယ်..။သူ့ရဲ့ ပုံစံက..ဒဏ္ဍာရီတွေထဲက အတိုင်းပဲ..ကြီးကျယ်မြင့်မြတ်ပြီး ထည်ဝါနေခဲ့တာ..။ကြီးမြတ်တဲ့ သားရဲကြီးက ဆင်စွယ်ရောင် ကြေးခွံတွေ ရှိပြီး ၊ တောက်ပတဲ့ မျက်လုံးတွေက..ဉာဏ်ပညာထက်မြက်မူ ၊ မြင့်မြတ်မူ နဲ့ အသိပညာတွေကို ကိုယ်စားပြုနေသလိုပဲ..”

တစ်ချိန်လုံး မျက်လုံးပြူးကျယ်စွာ နားထောင်နေတဲ့ အယ်ဖီက လက်ချောင်းတွေကို ကိုက်နေခဲ့တယ်..။နောက်ဆုံးမှာတော့ သူမ နောက်ထပ် သည်းမခံနိုင်တော့ပဲ ကလေးဆန်တဲ့ လေသံနဲ့ မေးလာခဲ့ပါတယ်..။

“နင် ဘယ်လို သောက်ကျိုးနဲနည်းလမ်းနဲ့ အသက်ရှင်လာခဲ့တာလဲ..။ဘာလို့ နဂါးရဲ့ မီးတောက်တွေက နင့်ကို မသတ်ခဲ့တာလဲ..”

ကိုင်ရဲ့ ပုံပျက်နေတဲ့ မျက်နှာပေါ်မှာ ဝမ်းနည်းတဲ့ အပြုံးတစ်ခုပေါ်လာခဲ့တယ်..။

“ငါဘယ်လို အသက်ရှင်ခဲ့တာလဲ..။အိုး..အမှန်တော့ ဒါက ရိုးရှင်းပါတယ်..။ဆေဗီရက် ပေါ်လာတဲ့ အချိန်မှာ ငါက ချည်နှောင်ထားတာတွေကနေ လွတ်မြောက်နေပြီး ငါ့ရဲ့ လူတွေကို ကာကွယ်ပေးဖို့ ကြိုးစားခဲ့တယ်..။ငါက နောက်ဆုံး ထွက်သက်အထိ တိုက်ခိုက်ဖို့တောင် အဆင်သင့်ဖြစ်နေခဲ့ပြီ..။ဒါကို ကြည့်ပြီး နဂါးကြီးက ငါ့ကို စကားပြောလာခဲ့တယ်လေ..”

သူ့ အပြုံးက ဖြည်းညှင်းစွာ ပျောက်ကွယ်သွားပြီး..ဒေါသထွက်မူ ၊ ရှက်ရွံ့မူနဲ့ နောင်တတရားတွေ ဖြစ်ပေါ်လာခဲ့ပါတယ်..။

“ဆင်စွယ်ရောင် နဂါး ဆေဗီရက်က..ဆင်စွယ်ရောင် အရှင်သခင် ဆေးဗားရက် ဖြစ်တယ်ဆိုတာကိုတော့ နင်တို့ ခန့်မှန်းမိမှာပါ..။သူက မျှော်လင့်ချက်ကို ချုပ်နှောင်ထားတဲ့ ခြေကျင်းတွေထဲက တစ်ခုပဲ..။နဂါးအသွင်ကို ပြောင်းလဲနိုင်တဲ့ စွမ်းရည်ရှိတဲ့ အထွတ်အထိပ်အဆင့်တစ်ယောက်..။သူက လူသားတစ်ယောက်ပဲ..ဒါမှမဟုတ် တစ်ချိန်တုန်းကတော့ လူသားတစ်ယောက်ဖြစ်ခဲ့ဖူးတယ်..။ပြီးတော့ သူက ငါ့ကို စကားပြောခဲ့တယ်လေ..”

လူငယ်လေးက သက်ပြင်းချလိုက်ပြီး..

“သူက ငါ့ရဲ့ အပြုအမူကို ကြည့်ပြီး သဘောကျနေခဲ့တာ..။ ငါတို့ စကားပြောတဲ့ အချိန်မှာ သူငါ့ကို ပြောခဲ့တဲ့ စကားက စိတ်ဓာတ်ကျသွားစေခဲ့တယ်လေ..။မင်းသိတဲ့ အတိုင်းပဲ အရာအားလုံးက မှားယွင်းနေခဲ့တာ..။နဂါးကြီးက ဆင်စွယ်ရောင်မြို့က လူတွေကို သူ့အတွက်စတေးဖို့ ဘယ်တုန်းကမှ မတောင်းဆိုခဲ့ဖူးဘူး..။သူတို့ကိုယ်တိုင်ကပဲ ပုံပြင်တွေ ဖန်တီးပြီး..စတေးခံရမယ့် အရေအတွက်ကိုလည်း သူတို့ကိုယ်တိုင်ပဲ ရွေးချယ်ကြတာ..။ပြီးတာနဲ့ သူတို့ရဲ့ ကိုယ်ပိုင်စိတ်ဆန္ဒနဲ့ပဲ စတေးခဲ့ကြတယ်လေ..။ဘာလို့လဲ ဆိုတော့ ဒီလိုလုပ်လိုက်ခြင်းအားဖြင့်..သူတို့က နဂါးကြီးနဲ့ ဆက်နွယ်နိုင်ပြီး..နဂါးကြီးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီလို့ ယုံကြည်ထားကြလို့ပဲ..။ပြီးတော့ နဂါကြီးကနေ လုံခြုံသွားကြပြီလို့ ယုံကြည်ထားကြတာ..”

ကိုင် ခေါင်းခါယမ်းလိုက်တယ်..။

“ဆေဗီရက်..ဆေးဗားရက်…သူက အချန်အတော်ကြာကတည်းက..သူ့ရဲ့ တစ်စိတ်တစ်ပိုင်းကို ပျောက်ဆုံးနေခဲ့တာလို့ ငါထင်တယ်..။အစတုန်းကတော့ သူက လူတွေအတွက် ကောင်းမွန်တဲ့ အရှင်သခင်တစ်ယောက်ဖြစ်ချင်ခဲ့တာ..။ပြီးတော့ သူက အထွတ်အထိပ်အဆင့် ပုံစံနဲ့လည်း လူတွေကြားထဲကို တစ်ခါတစ်ရံမှ ပေါ်ထွက်လာလေ့ရှိတယ်လေ..။ဒါပေမဲ့ ရာစုနှစ်တွေကြာပြီးတဲ့နောက်မှာ လူတွေက သူ့ရဲ့ လူသားပုံစံထက်..နဂါးပုံစံနဲ့ ရောက်လာတာကို ပဲ ပိုပြီးသဘောကျတာကို သိလိုက်ရတယ်..။ဒါက သူတို့အနေနဲ့တစ်ခြားတစ်ခုခုကို လိုအပ်နေသလိုပဲ..။သူတို့ထက် ကြီးမားတဲ့ အရာတစ်ခုခုပေါ့..။ပြီးတော့ အချိန်အတော်ကြာပြီးတဲ့နောက်မှာ..သူက လူသားပုံစံကို လုံးဝ စွန့်လွတ်လိုက်တယ်..။အဲ့နောက်မှာတော့..ယဇ်ပူဇော်ပူတွေက စတင်လာခဲ့တယ်လေ..”

လူငယ်လေးက အချိန်အတော်ကြာအောင် တွေဝေနေပြီးကာမှ..ဆက်ပြောလာခဲ့တယ်..။

“ငါက သူ့ကို ငါတို့ရဲ့ အသက်ကို ချမ်းသာပေးဖို့ တောင်းဆိုခဲ့တယ်..။ဒါပမဲ့ သူက ငြင်းဆန်ခဲ့တယ်လေ..။သူပြောတာက..သူက မလိုလားတဲ့ ယဇ်ပူဇော်မူတွေကို ဘယ်တော့မှ လက်မခံတာကြောင့် ငါက လွတ်မြောက်နိုင်တယ်တဲ့..။ဒါပေမဲ့ ကျန်တဲ့ ခြောက်ယောက်ကတော့..သူတို့က တွေဝေနေကြတာလား..ရူးးသွပ်နေကြတာလားဆိုတာ နားမလည်နိုင်တော့ဘူး..။သူတို့က သူတို့ကိုယ်သူတို့ လွတ်မြောက်ဖို့အတွက်တောင် မကြိုးစားခဲ့ကြဘူးလေ..။ငါက သူတို့အသက်ကို ချမ်းသာပေးဖို့ ဘယ်လောက်ပဲတောင်းဆိုပါစေ ငြင်းပယ်ခံလိုက်ရတယ်..။ဒါက သူ့ပြည်သူတွေရဲ့ အလိုဆန္ဒဖြစ်ပြီး သူတို့တွေ လိုအပ်နေတဲ့အရာပဲ..။သူတို့က သူ့နဲ့ ဆက်နွယ်လို မရနိုင်ပေမယ့် သူက သူတို့နဲ့ ဆက်နွယ်ထားခဲ့တာ..။ပြီးတော့ ဘယ်လိုမှ အလုပ်မဖြစ်တဲ့ အဆုံးမှာ..ငါက ရူးမိုက်စွာပဲ သူ့ကို တားဆီးဖို့ ကြိုးစားခဲ့တယ်..”

သူက ခါးသက်စွာ ပြုံးလိုက်ပြီး

“ဒါပေမဲ့ ငါက ဘယ်လိုလုပ် နဂါးတစ်ကောင်ကို အနိုင်ယူနိုင်မှာလဲ..။ငါကိုယ်တိုင်က နဂါးတစ်ကောင် မဟုတ်ဘူးလေ..။သူက ငါ့ကို အမြီးနဲ့တစ်ချက်ရိုက်ပြီး ဖယ်ရှားခဲ့တယ်..။ဒါက ငါ့ရဲ့ နံရိုးတွေကို ကျိုးကြေသွားစေပြီး သေလုနီးပါးတောင် ဖြစ်သွားစေခဲ့တယ်လေ..။ဒါပေမဲ့ ငါ မသေသွားခဲ့ပဲ..မလှုပ်နိုင်ပဲ ရှိနေခဲ့တာ..။ငါက နဂါးကြီးတစ်ဖက်ကို လှည့်ပြီး ငါ့စစ်သည်တွေကို အသက်တစ်ချက်ရူရုံနဲ့ ပြာအဖြစ်ပြောင်းလဲသွားစေခဲ့တာကို ပဲ ကြည့်နေခဲ့ရတယ်..။

ကိုင် အချိန်အတော်ကြာအောင် မလှုပ်မယှက်ရှိနေခဲ့တယ်..။အတော်ကြာပြီးကာမှ သူက ထပ်ပြောလာခဲ့ပါတယ်..။

“ဒေါသ ၊ ဝမ်းနည်းမူ နဲ့ စိတ်ပျက်အားငယ်မူတွေ လွှမ်းမိုးနေတဲ့ ငါက သူ့ကို ကျိန်ဆဲရင်း လူတွေကို အရာအားလုံး အမှန်အတိုင်း ပြောပြလိုက်မယ်လို့ အော်ပြောခဲ့တယ်..။အဲ့ကနေ တဆင့် သူတို့ကို ပြောင်းလဲစေလိမ့်မယ်လို့ ငါ ထငိထားခဲ့တာလေ..။ဒါပေမဲ့ သူက ငါ့ကို ပင်ပန်းစွာ ကြည့်လိုက်ပြီး..ပြောလာခဲ့တယ်..။အဲတာက ငါ မင်းကို စောင့်ကြည့်နေမယ်တဲ့..။ပြီးတဲ့နောက်မှာတော့..ဆင်စွယ်ရောင် နဂါးကြီးက ထွက်သွားပြီး..ဘာမှမရှိတဲ့ ကျွန်းကြီးပဲ ကျန်ရစ်ခဲံတော့တယ်လေ..”

သူ အောက်ကို ငုံ့ကြည့်လိုက်ပြီး..

“ငါက လှုပ်ရှားဖို့အတွက် အတော်လေး ထိခိုက်ဒဏ်ရာရထားခဲ့တာ..။အဲဒီမှာ နာကျင်မူတွေနဲ့ တစ်ညတာကို သည်းခံခဲ့ရတယ်..။မနက်ခင်းရောက်တဲ့ အချိန်မှာတော့ ဆင်စွယ်ရောင်မြို့သားတွေ ရောက်လာခဲ့ကြတယ်လေ..။သူတို့က ငါအသက်ရှင်နေတာကို မြင်သွားခဲ့ကြတဲ့ အချိန်မှာ..

သူ့ရဲ့ ရွံစရာမျက်နှာပေါ်မှာ ဖျော့တော့တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်..။

“..သူတို့က အံ့ဩမူ ၊ ကြောက်ရွံ့မူ ၊ နဲ့ စိတ်ဆိုးဒေါသထွက်မူတွေ ဖြစ်ပေါ်ခဲ့ကြတာ..။ပြီးတာနဲ့ ငါ့ကို ဖမ်းဆီးပြီး မီးလောင်တိုက်သွင်းခဲ့ကြတယ်..။ငါ ဘာပဲပြောဖို့ ကြိုးစားပါစေ..၊ သူတို့နားလည်ဖို့အတွက် ငါ ဘယ်လောက်ပဲ ကြိုးစားပါစေ..သူတို့က နားမထောင်ကြဘူး..။သူတို့က အကြောက်တရားနဲ့ အမုန်းတရားတွေပဲ ပြည့်နှက်နေကြတယ်..။နဂါးကြီး ပြောတာက အမှန်တရားပဲ..။သူပြောတာတွေက အမှန်တရားတွေ ဆိုတာကို ငါ ကိုယ်တိုင် မြင်တွေ့လိုက်ရတယ်..။

ကိုင် လဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး တစ်ငုံသောက်ကာ အောက်ကို အောက်ကို ပြန်ချထားလိုက်ပါတယ်..။

“ငါ မသေဆုံးခင်မှာပဲ ငါ့ကို ချည်နှောင်ထားတာတွေကနေ လွတ်မြောက်နိုင်ခဲ့တယ်..။ဒီတော့ ဆိုးဆိုးဝါးဝါးလောင်ကျွမ်းခံထားရတဲ့ ငါက..ကောင်းကင်ပေါ်ကို အလင်းတန်းတစ်ခုလို ပျံသန်းပြီး ထိုးတက်သွားခဲ့တယ်လေ..။ငါက မြို့နဲ့ ဝေးရာဆီကို ပျံသန်းပြီး အသက်ရှင်နိုင်ခဲ့တယ်..။မသန်စွမ်းဘဝ နဲ့ စိတ်ထိခိုက်ရင်း သံလက်ဝါးကျွန်းအထိ ရောက်အောင် ခရီးဆက်လာနိုင်ခဲ့တယ်..။ပြီးတော မြင့်မြတ်နယ်မြေမှာ ဆန်နီ နဲ့ တွေ့ခဲ့ရတာပဲ..။အရှင်နိုတစ်က ငါ့ရဲ့ လောင်ကျွမ်းနေတဲ့ အရည်ပြားတွေ နဲ့ ပျက်ဆီးသွားတဲ့ ကြွက်သားတွေ နေရာမှာ..မှော်စွမ်းအားတွေ ပါဝင်တဲ့ သစ်သား ၊သစ်ခေါက်တွေ နဲ့ အစားထိုးပေးခဲ့တယ်..။ပြီးတော့ အခု ငါဒီမှာ အကောင်းအတိုင်းရှိနေနိုင်ခဲ့တယ်လေ..”

သူ သက်ပြင်းချလိုက်ပြီး သူတို့ကို ကြည့်ကာ ပြုံးလိုက်တယ်..။

“ကံကောင်းချင်တော့ ငါ့ကို ပြန်လည်ထူထောင်ပေးမယ့် သူငယ်ချင်းတွေ ရှိနေခဲ့တယ်လေ..။အဲတာက မင်းတို့ပဲ..။မင်းတို့ ဆုံးဖြတ်တဲ့ ဘယ်အရာကို မဆို ငါလိုက်လုပ်မယ်..။ဒါပေမဲ့ ငါမှာပြောစရာ တစ်ခုတော့ရှိတာပေါ့..။အဲတာက တကယ်လို့ နိုတစ်ကသာ အရှင် ဆေးဗားရက်ကို သတ်ပြီး နဂါးအုပ်ချုပ်မူကို အဆုံးသတ်ချင်တယ်ဆိုရင်..ငါက ဝမ်းမြောက်ဝမ်းသာနဲ့ကို ကူညီပေးလိုက်ချင်တာ..”

အပိုင်း ( ၆၈၄ ) ပြီး၏။

All Chapters