← Chapters

ညဘုရားကျောင်း..

Vol. 46 Ch. 685

ညဘုရားကျောင်း..

Vol. 46 Ch. 685

ကိုင်က သူ့ရဲ့ ဇာတ်လမ်းကို ပြောပြလို့ ပြီးဆုံးသွားတဲ့ အချိန်မှာတော့ အားလုံးက အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ကြတယ်..။နောက်ဆုံးမှာတော့ လူငယ်လေးက. သက်ပြင်းချပြီး..သစ်ခေါက်တွေနဲ့ ဖုံးအုပ်ထားတဲ့ သူ့ရဲ့ လက်တွေကို ဆန့်တန်းလိုက်တယ်..။သူ့ရဲ့ပုံစံက လူသားတစ်ယောက်ထက် သဘော်သားရုပ်တွေနဲ့တောင် တူနေခဲ့ပါပြီ..။သူက လက်ချောင်းလေးတွေကို လှုပ်ရှားကြည့်လိုက်ပြီးကာမှ..တောက်ပစွာပြုံလိုက်ပြီး..

“နိုတစ်က ငါ့ရဲ့ ဒဏ်ရာတွေကို ကုသတဲ့နေရာမှာ အတော်လေးကောင်းမွန်အောင် လုပ်ပေးခဲ့တာပဲ..။သူပြောခဲ့သလိုပဲ..ငါ့ရဲ့ ဒဏ်ရာတစ်ချို့က ကျန်နေသေးတယ်ဆိုပေမယ့်..ငါက အရင်ကလောက်ကို ပြန်ပြီးသန်မာနေခဲ့ပြီ..။မဟုတ်ဘူး..ဒီလက်တွေက ဝိဉာဉ်အဆီအနှစ်တွေကို ပိုခံစားနိုင်ပြီး ၊ မာကျောတာကြောင့် အရင်ကထက်တောင် ပိုပြီး သန်မာလာတယ်လို့ ပြောလို့ရတယ်..။ငါက နေမင်းသား တပ်ဖွဲ့မှာရှိစဉ်တုန်းကလည်း..မှတ်သားမူတွေ အများကြီးကို စုဆောင်းနိုင်ခဲ့တယ်လေ..။အကျဉ်းချုပ်ပြောရရ၍်..ငါ့ရဲ့ တိုက်ပွဲစွမ်းရည်တွေက..အိပ်မက်ဆိုးထဲကို ဝင်လာတုန်းကနဲ့ စာရင် အများကြီး တိုးတက်လာခဲ့ပြီ..။ငါ တွေ့ကြုံထားရတဲ့ အတွေ့အကြုံတွေနဲ့ ရရှိထားတဲ့ သင်ခန်းစာတွေကိုတော့ ပြောနေစရာတောင် မလိုတော့ဘူး..။ရှေ့ဆက်ပြီး ဘာပဲရောက်လာပါစေ ငါကတော့ အဆင်သင့်ဖြစ်နေပြီ..”

ဆန်နီ တစ်ခနလောက် တွေဝေနေပြီးကာမှ ပြောလိုက်တယ်..။

“ဆင်စွယ်ရောင်မြို့ရဲ့ နောက်ထပ် တက်ရောက်မူအဆင့် ကရော..။နေမင်းသားလား..။မင်းသူ့ကို တွေ့ပြီးပြီလား..”

ကိုင် မျက်မှောင်ကျုတ်လိုက်ပြီး လက်ဟန်အမူအရာတစ်ချို့ ပြုလုပ်လိုက်တယ်..။

“အင်း..အဲလိုထင်တာပဲ..။နေမင်းသားက ဆေးဗားရက်ရဲ့ အစ်ကို ဖြစ်လောက်တယ်..။လူတွေကြားထဲမှာတော့ သူ့ရဲ့ ဝိဉာဉ်က..သတ္တုရုပ်ထုကြီးထဲကို ဝင်ရောက်ပြီး ဆင်စွယ်ရောင်မြို့ကို ကာကွယ်နေတာလို့ ပြောကြတယ်လေ..။ငါသူ့ကို အဝေးကနေ တစ်ခေါက်မြင်ဖူးတယ်..။ပြီးတော့ အရိုးသားဆုံးပြောရရင်..အဲဒီအရာက အာရုံခံစားနိုင်စွမ်းရှိရဲ့လား ဆိုတာကို ငါလည်း သေချာမသိဘူး..”

သူ တစ်ခနလောက်တွေဝေနေပြီးကာမှ ထပ်ပြောလိုက်တယ်..။

“မင်းလည်း အဲဒီအရာကြီးကို မြင်ဖူးတာပဲ..။ငါကတော့ အဲတာကြီးက သဘော်ပျက်ကျွန်းရဲ့ အောက်ဘက်မှာ ချိန်းကြိုးနဲ့ ဆွဲထားတဲ့ အလောင်းကြီးလို့ ထင်တယ်..။ဘယ်လိုခွန်အားမျိုးက အဲဒီအရာကြီးကို ဖျက်ဆီးပစ်နိုင်ခဲ့တာလဲ ဆိုတာကို ငါနားမလည်တော့ဘူး..။သူက အနည်းဆုံးတော့ မီတာ ကိုးဆယ်လောက် ရှည်တယ်..။သူ့ရဲ့ ခန္တာကိုယ်က ခိုင်ခံ့တဲ့ သံမဏိတွေနဲ့ဖန်တီးထားခဲ့တာ..။သူက..သူက သက်ရှိတစ်ကောင်တောင် ဟုတ်မနေဘူးလေ..။ဒီတော့ သူ့ကို ဒဏ်ရာရအောင်..ထိခိုက်အောင် လုပ်ဖို့ဆိုတာက မဖြစ်နိုင်လောက်ဘူး..”

ဆန်နီ တစ်ခနလောက် တိတ်ဆိတ်နေပြီးကာမှ ပြောလိုက်တယ်..။

“သတ်လို့မရတာ ဒါမှမဟုတ် ဖျက်ဆီးလို့ မရတဲံအရာဆိုတာ မရှိဘူး..။နတ်ဘုရားတွေတောင် မှ မသေနိုင်ဘူးဆိုတာ မရှိဘူး..။ဒါကြောင့်လည်း..ချိန်းအရှင်သခင်သုံးယောက်က အနာဂတ်ကာလမှာ အသတ်ခံထားကြရတာလေ..။ငါတို့က ဆင်စွယ်ရောင်ကျွန်းပေါ်မှာ ဆေးဗားရက်ဖြစ်တဲ့ နဂါးတစ်ကောင်ရဲ့ အရိုးတွေကို မြင်တွေ့ခဲ့ရပြီးပြီ..ပြီးတော့ သူ့ရဲ့ ညီကိုရောပဲ..။ဆိုဗန်ကလည်း နိုတစ်ရဲ့ သဘော်ပေါ်မှာ ရှိနေခဲ့တာ..။ဒါပေမဲံ ဘာတွေအတိအကျဖြစ်ခဲ့တာလဲ..။သူတို့က ဘယ်လို ကျရှုံးသွားတာလဲ..ပြီးတော့ မျှော်လင့်ချက်က ဘယ်လိုလွတ်မြောက်သွားတာလဲ..။နိတစ် နဲ့ မြောက်ဘက်ရှင်မကရော ဘာတွေဖြစ်သွားကြတာလဲ..။ဆင်စွယ်ရောင်မြို့တော်က ဘယ်လိုဖျက်ဆီးခံလိုက်ရတာလဲ..။အဲဒီတာဝါကြီးက ချိန်းကြိုးတွေကနေ ဘယ်လိုလုပ် လွတ်ထွက်သွားခဲ့တာလဲ..”

ဘယ်သူကမှ ပြန်မဖြေခဲ့ပေ..။တစ်ခြားလူတွေကလည်း သူ့လိုပဲ..ရှုပ်ထွေးနေခဲ့ကြပါတယ်..။အချိန်တစ်ချို့ကြာပြီးတဲ့နောက်မှာမှ..ကတ်စီက နောက်ဆုံးမှာ ပြောလာခဲ့ပါတယ်..။

“ငါ ဖြစ်ခဲ့တာလဲ ဆိုတာကိုတော့ ငါ အတိအကျမသိဘူး..။ဒါပေမဲ့ ငါ သိတာတစ်ခုကတော့…ငါတို့ရောက်ရှိလာခဲ့တာကြောင့် ဒီအဖြစ်အပျက်တွေက အမြန်ဖြစ်လာတော့မယ် ဆိုတာပဲ..”

သူတို့က သူမဘက်ကို လှည့်လိုက်ပြီး ငြိမ်သက်နေခဲ့တယ်..။ဆန်နီ မေးလိုက်ပါတယ်..။

“..နင့်ရဲ့ ဇာတ်လမ်းပဲကျန်တော့တယ်..။ပြီးတော့ အရိုးသားဆုံးပြောရရင် နင့်ရဲ့ ဇာတ်လမ်းကို ငါ စိတ်အဝင်စားဆုံးပဲ..။ဘာလို့လဲဆိုတော့..အခိုက်အတန့်နဲ့အတူ ဒီကိုရောက်လာခဲ့တဲ့ ငါးယောက်မြောက်လူကို စိတ်ပူနေရလို့လေ..။မော်ဒရက်..သူက မျိုးစေ့ထဲကို ငါတို့နဲ့ အတူ ရောက်လာခဲ့တာပဲ..ဟုတ်တယ်မလား..”

ကတ်စီ လေးလံစွာ သက်ပြင်းချလိုက်ပြီး အဝေးကို ကြည့်လိုက်တယ်..။အတော်ကြာပြီးကာမှ သူမပြောလာခဲ့ပါတယ်..။

“ဟုတ်တယ်..ဟုတ်တယ် သူရောက်လာခဲ့တယ်..”

မျက်မမြင် မိန်းကလေးက..အတော်ကြာအောင် တိတ်ဆိတ်ရင်း သူမရဲ့ အတွေးတွေကို စုစည်းနေခဲ့တယ်..။ယင်းနောက် သူတို့ကို ပြန်ကြည့်လိုက်ပြီး..

“နင်တို့ သုံးယောက်နဲ့ မတူတာက..ငါ အိပ်မက်ဆိုးကို ရောက်ရှိလာတဲ့ အချိန်မှာ ဆိုးဝါးတာတွေ မဖြစ်ရဘူး..။အနည်းဆုံးတော့ စတင်တဲ့အချိန််မှာပေါ့..။ငါက ညဘုရားကျောင်းရဲ့ အမြင့်မြတ်ဆုံးသခင်မကို ခစားရတဲ့ အမျိုးသမီးဘုန်းတော်ကြီး တစ်ယောက်အဖြစ် ပို့ဆောင်ခြင်းခံခဲ့ရတာ..။မြောက်ဘက်ရှင်မပေါ့..။ဒီဘက်ခေတ်မှာတော့ ညဘုရားကျောင်းက..အနက်ရောင်ကောင်းကင် နတ်သမီးကို ပဲ ကိုးကွယ်ယုံကြည်နေခဲ့ကြသေးတယ်..။အမှောင်ထု ၊ ကြယ်တွေ နဲ့ လမ်းပြမူတွေရဲ့ နတ်သမီး..။ပြီးတော့..ဘုရားကျောင်းအဆောက်အဦးထဲကို ဘယ်အလင်းရောင်ကိုမှ ဝင်ခွင့်မပြုထားဘူး..”

သူမက သူမရဲ့ မျက်လုံးကို စည်းထားတဲ့ အဝတ်ကိုထိကြည့်လိုက်ပြီး..လက်ကို အောက်ချလိုက်ပါတယ်..။

“တပည့်တွေအားလုံးက..ဘုန်းတော်ကြီးဖြစ်မလာခင်မှာ သူတို့ရဲ့ မျက်လုံးကို အမြင်အာရုံကွယ်ပျောက်အောင် ပြုလုပ်ကြရပြီး..အမှောင်ထုထဲမှာ နှစ်တွေကြာအောင် နေကြရတယ်..။အဲဒီအကြောင်းပြချက်ကြောင့်ပဲ..သူတို့က မျက်မမြင် တွေအဖြစ်ကျော်ကြားကြတယ်လေ..။မျက်မမြင် အများကြီးက..ရှေးဖြစ်ဟော နဲ့ တွက်ချက်မူ စွမ်းအားတွေကို ပိုင်ဆိုင်ထားခဲ့ကြတယ်..။အများစုအတွက်တော့ ..အလင်းရောင်မရှိတဲ့ ဘုရားကျောင်းထဲကို ဝင်ရောက်ခွင့်ရဖို့က ဆိုးဝါးတဲ့ စမ်းသပ်မူတွေ ကျော်ဖြတ်ရတယ်လို့ ခံစားကြရတယ်လေ..။ဒါပေမဲ့ ငါ့အတွက်တော့..ဒါက ထူးဆန်းလောက်အောင်ကို ချောမွေ့နေခဲ့တယ်..။ငါက ငါနဲ့ ဆင်တူတဲ့လူတွေကို ရှာတွေ့ယုံတင်မကပဲ..ဒီလို အမြင်အာရုံကွယ်ပျောက်မူက..ကံတရားအစား ရွေးချယ်မူတစ်ခု ဖြစ်နေခဲ့တယ်လေ..”

သူမရဲ့ နှုတ်ခမ်းမှာ ဖြူဖျော့တဲ့ အပြုံးတစ်ခုပေါ်လာခဲ့တယ်..။

“..ဒါပေမဲ့..အရှင်မက ငါ့အတွက် သက်သောင့်သက်သာ အဖြစ်ဆုံးပဲ..။ညဘုရားကျောင်းရဲ့ နတ်ဆရာမဖြစ်တဲ့ မြောက်ဘက်ရှင်မက မကြင်နာတတ်တဲ့သူတစ်ယောက် မဟုတ်ဘူး..။သူမက ငါ့ကို ကောင်းကောင်းဆက်ဆံပေးသလို..သူမရဲ့ အသိပညာတွေ ဉာဏ်ပညာတွေကိုလည်း သင်ကြားပေးခဲ့သေးတယ်..။ဒါပမေဲ့ သူမကလည်း ကျန်တဲ့ ချိန်းအရှင်သခင်တွေလို..ရူးသွပ်မူတွေရဲ့ လွှမ်းမိုးမူကို ခံနေခဲ့ရတယ်လေ..။သူမက အလေးမထားမူကို ရူးသွပ်နေခဲ့တာ..။ရာစုနှစ်တွေကြာအောင် အရှင်မက ကမ္ဘာကြီးမှာဖြစ်ပျက်နေတာတွေကို စိတ်မဝင်စားတော့ဘူး..။ဒါမှမဟုတ် သူမကိုယ်တိုင်ကိုတောင် စိတ်မဝင်စားတော့ဘူးလေ..။ဒါကြောင့်ပဲ..သူမက အကူတွေကို လိုအပ်နေခဲ့တာ..။ငါက သူတို့ထဲကတစ်ယောက်ပဲ..”

ကတ်စီရဲ့ မျက်နှာပေါ်က အပြုံးက တဖြည်းဖြည်းချင်းပျောက်ကွယ်သွားခဲတ့ယ်..

“ဒါက သူမအနေနဲ့..တာဝန်ယူမူ မရှိဘူး..စွမ်းအားမရှိဘူး လို့ ဆိုလိုတာမဟုတ်ဘူးနော်..။မျှော်လင့်ချက်ဘုရင့်နိုင်ငံတော်ရဲ့ မြောက်ဘက်ပိုင်းနယ်မြေတွေက သူမရဲ့ ဩဇာသက်ရောက်မူ နဲ့ ကာကွယ်မူအောက်မှာ ရှိနေကြတာ..။အဲဒီမှာ ညဘုရားကျောင်းရဲ့ အကာအကွယ်ပေးမူ နဲ့ လမ်းညွှန်မူအောက်မှာ ရှိနေကြတဲ့ ကျေးရွာတွေ ၊ မြို့တွေ အများကြီးပဲ..။အဲဒီမှာ သာမန်လူသားတွေ နေထိုင်နေကြတာ..။မြောက်ဘက်ရှင်မက မျက်မမြင် ဘုန်းတော်ကြီးတွေကို အုပ်ချုပ်ရုံတင်မကပဲ..သာမန်လူသား စစ်သည်တော်တွေ နဲ့ နိုးထသူတွေ အတူတူဖွဲ့စည်းထားတဲ့ စစ်တပ်ကိုပါ အုပ်ချုပ်နေခဲ့တာ..”

သူမက အနည်းငယ်သက်ပြင်းချလိုက်ပြီး..

“သူတို့ရဲ့ အရေအတွက်က..ဆင်စွယ်ရောင်မြို့တော်နဲ့ အနီရောင် အဆောက်အဦး မှာရှိနေတဲ့ အင်အားလောက် မများပေမယ့်..သူတို့ရဲ့ သန်မာမူနဲ့ အရှင်မရဲ့ ဟောကိန်းထုတ်နိုင်တဲ့ စွမ်းရည်တွေကြောင့်..မြောက်ဘက်ပိုင်းက ဘယ်တုန်းကမှ တိုက်ခိုက်မခံခဲ့ရဘူး..။လူတွေက အိပ်မက်ဆိုးသားရဲ တွေရန်ကို ကြောက်ရတယ်ဆိုတာလည်း အတော်ကို ရှားပါးတယ်..”

ကတ်စီ တိတ်ဆိတ်သွားခဲ့တယ်..။သူမရဲ့ လှပတဲ့ မျက်နှာက ဖြည်းညှင်းစွာ မျက်မှောင်ကျုတ်လာခဲ့ပါတယ်..။

“..ဒါပေမဲ့..မြောက်ဘက်ရှင်မက ပိုပိုပြီး အလေးအနက်မရှိဖြစ်လာခဲ့တယ်..။ပြီးတော့ စတင်ပြီးတော့ ပြောင်းလဲလာခဲ့တယ်လေ..။ဒါတောင်မှ..ငါ ဘုရားကျောင်းကို ရောက်ရှိတဲ့အချိန်မှာ..အခြေအနေတွေက အနည်းနဲ့အများတော့ ကောင်းမွန်နေသေးတယ်လေ..”

သူမရဲ့ မျက်နှာက ပိုမိုနက်မှောင်ကာ မသက်မသာဖြစ်လာခဲ့ပါပြီ..။မျက်မမြင် မိန်းကလေးက တွေဝေနေပြီးကာမှ..သုန်မုန်တဲ့အသံနဲ့ ပြောလိုက်တယ်..။

“အဲဒီမတိုင်ခင် အထိပေါ့..”

အပိုင်း ( ၆၈၅ ) ပြီး၏။

All Chapters