← Chapters

မြူတွေကြားက သတ္တဝါ..

Vol. 46 Ch. 686

မြူတွေကြားက သတ္တဝါ..

Vol. 46 Ch. 686

အချိန်ကအတော်နောက်ကျနေပြီ ဖြစ်တာကြောင့် အမှောင်ထုက ကျောက်တုံးခန်းမလေးရဲ့ အထဲကို ဝင်ရောက်လာခဲ့ပါပြီ..။ကတ်စီက ငြိမ်သက်စွာ ထိုင်နေခဲ့တယ်..။သူမတဲ့ မျက်နှာလေးက..စိတ်ရှုပ်ထွေးမူတွေကြောင့် အနည်းငယ်ပျက်ယွင်းနေခဲ့တယ်..။ယင်းနောက် သူမက လေးလံစွာ သက်ပြင်းတစ်ချက်ချလိုက်ပါတယ်..။

“ငါ အိပ်မက်ဆိုးထဲကို ဝင်ရောက်ပြီး မကြာခင်မှာပဲ..အဲတာက စတင်လာခဲ့တာ..။အစတုန်းကတော့ အဲဒီအရာကို ဘယ်သူကမှ အာရုံမစိုက်ခဲ့ကြဘူး..။အဲဒီ ထူးဆန်းတဲ့ ကောလဟာလ တွေက ဘုရားကျောင်းထဲအထိကို ရောက်လာခဲ့တာ..။လူတွေက နေဝင်သွားတဲ့အချိန်မှာ ဒီလို ကြောက်စရာ ပုံပြင်တွေကို ပြောနေကြပဲလေ..။အဲတာက မြူတွေကြားထဲက နေ သာယာတဲ့ အသံတွေထွက်ပေါ်လာတယ် ဆိုတဲ့ ကောလဟာလပဲ..”

သူမက တစ်ခနလောက် အံကိုကြိတ်ထားခဲ့တယ်..။

“အရှင်မရဲ့ ဝေဒနာတွေက ပိုမိုဆိုးဝါးလာခဲ့တာကြောင့်သာ မဟုတ်ရင် ငါတို့က တစ်ခုခု လုပ်နိုင်ခဲ့လောက်တယ်လေ..။ဘာပဲဖြစ်ဖြစ်..ဒီကမ္ဘာကြီးထဲမှာ..ကြောက်စရာပုံပြင်တွေက အမှန်တကယ်ဖြစ်လာတတ်တာပဲ မဟုတ်ဘူးလား..။ပြီးတော့ ဒီတစ်ခုက ကျန်တဲ့ပုံပြင်တွေထက်စာရင် အတော်လေးကို နိမိတ်မကောင်းဘူး ဖြစ်နေခဲ့တာ..။ဘာလို့လဲဆိုတော့ ဒီပုံပြင်မှာ မြူတွေ ပါဝင်နေလို့ပဲ..။ညဘုရားကျောင်းက..ဟောလိုးတောင်တန်းရဲ့ အစပ်နားမှာ တည်ဆောက်ထားတာကြောင့်..မြူခိုးတွေက သူ့ကို အမြဲတမ်းဝန်းရံနေခဲ့တာလေ..။ဒါပေမဲ့ သူမက ဒီအရာတွေကို အလေးမထားသလို ဂရုလည်း မစိုက်တော့ဘူး..။ဒီတော့ ငါတို့လည်း ဂရုမစိုက်ပဲ နေခဲ့ကြတယ်..”

ကတ်စီ သုန်မုန်စွာ ခေါင်းခါယမ်းလိုက်ပြီးကာမှ ဆက်ပြောလာခဲ့ပါတယ်..။သူမရဲ့ အသံက အခန်းတစ်ခုလုံး နဲ့ နားထောင်သူ သုံးယောက်စလုံးကို ဖုံးလွှမ်းနေစေခဲ့တယ်..။

“အချိန်တွေတဖြည်းဖြည်း ကုန်ဆုံးသွားတဲ့ အချိန်မှာ ကောလဟာလတွေက ပြောင်းလဲလာခဲ့တယ်..။အဲတာက မြူတွေကြားထဲက အသံကို နားထောင်တဲ့ လူတိုင်းက သဲလွန်စမရှိစွာ ပျောက်ဆုံးကုန်ကြတယ်လို့ ပြောလာပြီး ပိုမိုကြောက်ဖို့ကောင်းလာခဲ့ကြတယ်လေ..။အဲ့အချိန်မှာပဲ မျက်မမြင်တွေက စိုးရိမ်လာခဲ့ကြတယ်..။သူတိုက ဒီသတ္တဝါဟာ သူတို့ရဲ့ ကုန်းမြေပေါ်ကို ချေခြလာခဲ့ပြီးလို့ ခံစားနေခဲ့ကြရတာလေ..။ဘာပဲဖြစ်ဖြစ် မျက်မမြင် အများစုက..ကြိုတင်ဟောကိန်းထုတ်တဲံ စွမ်းရည်ကို မြင့်မားစွာ တတ်မြောက်ထားကြတာလေ..။သူတို့က ဒီအရာက မသက်မသာဖြစ်စေ ပြီး ခြိမ်းခြောက်နိုင်လောက်တဲ့ အန္တရာယ်ရှိတယ်ဆိုတာကို ခံစားမိနေခဲ့ကြတယ်..။ဒီတော့ ဘုန်းတော်ကြီးတစ်ယောက်ကို နိုးထသူ အစောင့်အကြပ်တွေ ဝန်းရံပြီး သွားရောက်စုံစမ်းစေခဲ့တယ်..။ပြီးတော့ တစ်ချိန်တည်းမှာပဲ..ကြိုတင်ဟောကိန်းတစ်ခု ထုတ်ဖို့ ပါ ဆုံးဖြတ်ခဲ့ကြတယ်လေ..”

သူမ တစ်ခနလောက်‌ တွေဝေနေခဲ့ပြီးကာမှ..

“ကြိုတင်ဟောကိန်းက ဘာရလာဒ်မှ မပြခဲ့ဘူး..။ပြီးတော့ အမျိုသမီးဘုန်းတော်ကြီးကလည်း ဘာ သဲလွန်စမှ မရရှိခဲ့ဘူးလေ..။အမှန်တော့ သူမက လုံးဝကို ပြန်မလာနိုင်ခဲ့တာ..။သူမ နဲ့ အဖွဲ့သားတွေက အရိပ်အယောင်တောင် မတွေ့ရပဲ ပျောက်ကွယ်သွားခဲ့ကြတယ်..။ဒါက သူတို့အနေနဲ့ ဘယ်တုန်းကမှ မတည်ရှိခဲ့ကြတဲ့ အတိုင်းပဲ..။ဒါက ကောလဟာလတွေနဲ့ တစ်ထပ်တည်းပဲလေ…ဒါပေမဲ့ အဲ့အချိန်မှာတော့ ဒီအရာကို ကောလဟာလ သက်သက်ပဲလို့ ဘယ်သူကမှ မထင်ကြတော့ဘူး..”

မျက်မမြင် မိန်းမငယ်လေးဟာ ကျောချမ်းသွားခဲံပြီး မှ ပုံမှန်လေသံနဲ့ဆက်ပြောလိုက်တယ်..။

“နောက်ဆုံးမှာတော့..ငါတို့က သတိထားလာခဲ့ကြတယ်..။စစ်တပ်တွေကို စုဆောင်းခဲ့ပြီး ဒီသတ္တဝါကို ရှာဖွေမယ့် မုဆိုးအဖွဲ့တွေ အများကြီးကို ပို့လွှတ်ခဲ့တယ်လေ..။သာမန် စစ်သည်တော်တွေ ၊ နိုးထသူ စစ်သည်တွေ ၊ တက်ရောက်သူ ချန်ပီယံတွေ နဲ့ မျက်မမြင်တွေ အားလုံးက ဒီသတ္တဝါကို ဖမ်းဆီးဖို့အတွက် စိတ်အားထက်သန်နေခဲ့ကြတာ..။ဒါပေမဲ့ ငါတို့ အစွမ်းကုန်ကြိုးစားသည့်တိုင်အောင် ကျရှုံးခဲ့ကြတယ်..။ငါတို့က ဘယ်လိုလုပ် မြူနှင်းတွေကို သွားဖမ်းလို့ ရမှာလဲ..”

ကတ်စီရဲ့ မျက်နှာက နက်မှောင်လာခဲ့ပြီး..

“ပြီးတော့ အချိန်အတော်ကြာတဲ့အချိန်မှာ လူတွေက ဆက်လက်ပြီး ပျောက်နေခဲ့ကြတယ်..။ပထမက တစ်ခါပျောက်ရင် တစ်ယောက်နှစ်ယောက် လောက်ပဲ ပျောက်တာ ဆိုပေမယ့်..နောက်ပိုင်းမှာ တစ်ရက်ကို တစ်ရွာလောက်အထိ ပျောက်သွားတာကို ငါတို့ တွေ့လာရတယ်လေ..။အဲဒီနေရာမှာ တစ်ခါမှ လူတွေ မနေထိုင်ခဲ့ကြတဲ့အတိုင်းပဲ..။အဲဒီမှာရှိနေတဲ့ ယေကျာ်းတွေ ၊မိန်းမတွေ နဲ့ ကလေးတွေ အကုန်လုံးကို မြူတွေက သယ်ဆောင်သွားခဲ့ကြတာ..”

သူမက တစ်ခနလောက် တိတ်ဆိတ်နေပြီးကာမှ..သုန်မုန်စွာ ထပ်ပြောလိုက်တယ်..။

“ပြီးတော့..မုဆိုးအဖွဲ့တွေပါ စတင်ပြီး ပျောက်လာခဲ့ကြတယ်..။အားကောင်းတဲ့ အတွေ့အကြုံရှိ စစ်သည်တော်တွေ ..အပြင် ငါတို့က တက်ရောက်သူတွေကိုပါ ဆုံးရှုံးခဲ့ရတာ..။ဒါပေမဲ့ အဆိုးဆုံး အပိုင်းက..သတ္တဝါတစ်ကောင်ကောင်ရဲ့ လှုပ်ရှားမူမျိုးကို လုံးဝ မတွေ့ကြရသေးတာပဲ..။အနည်းဆုံးတော့ ငါတို့ထဲက ဘယ်သူကမှ မမြင်ဖူးခဲ့ဘူး..။သူက တစ်နေ့မှာ အနောက်ဘက်အရပ်က ခံတပ်ကို တိုက်ခိုက်ပြီး နောက်တစ်နေ့မှာ အရှေ့ဘက်က တစ်စုံတစ်ယောက်ကို ခေါ်ဆောင်သွားနိုင်တယ်..။အဲဒီအရာက တစ်ချိန်တည်းမှာတင် နေရာမျိုးစုံက ပေါ်ထွက်လာနေသလိုပဲ..။အဲတာကြောင့် ငါတို့က အင်အားတွေကို ဖြန့်ကျဲမထားတော့ပဲ..ကျွန်းတစ်ခုပေါ်မှာပဲ စုဆောင်းထားခဲ့တယ်..။ပြီးတော့ ငါတို့က ဒီသတ္တဝါကို ထောင်ချောက်ဆင်ထားခဲ့တယ်လေ..။ငါတို့ လုပ်ဖို့လိုအပ်တာဆိုလို့ ငါးစာချထားဖို့ပဲ..။ပြီးတော့ ငါက ငါးစာအဖြစ် ပါဝင်ပေးခဲ့သေးတယ်..”

မျက်မမြင် အမျိုးသမီးငယ်လေးဟာ ခေါင်းခါယမ်းလိုက်ပြီး..

“ဒါပေါ့..အဲ့တုန်းကတော့ မြူတွေထဲက သတ္တဝါက ငါတွေ့ဖူးခဲ့တဲ့ အိပ်မက်ဆိုးသတ္တဝါတွေထက် အများကြီး တွက်ချက်တတ်ပြီး လှည့်စားတတ်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး..။ဒါပေမဲ့ ငါ မကြာခင်မှာပဲတွေ့လိုက်ရတယ်..။ဘာလို့လဲဆိုတော့..အဲ့အချိန်မှာ ငါသူ့ကို တွေ့လိုက်ရလို့ပဲ..။ငါ သူကိုတွေ့လိုက်ရတဲ့ အချိန်မှာ..သူ့အတွက် ငါတို့ဆင်ထားတဲ့ ထောင်ခြောက်က..စစ်ပွဲမင်းသားကငါတို့ကို ဖြားယောင်းထားတဲ့ ထောင်ခြောက်တစ်ခု ပြန်ဖြစ်နေတာကို သိလိုက်ရတယ်လေ..”

ကတ်စီ အံကိုကြိတ်ထားခဲ့ပြီး..

“ဘာလို့လဲဆိုတော့ ငါတို့ရဲ့ အင်အားစုတွေ ဒီနေရာမှာ ဝန်းရံထားတဲ့အချိန်မှာ မြောက်ဘက်ပိုင်းက အကာအကွယ် ကင်းမဲ့နေခဲ့တယ်..။ဒီတော့..အကာအကွယ်ကင်းမဲ့နေတဲ့ မြို့တွေထဲက တစ်မြို့က မြူတွေရဲ့ သယ်ဆောင်သွားခြင်းကို ခံခဲ့ရတယ်လေ..။ထောင်နဲ့ ချီတဲ့ ဝိဉာဉ်တွေ အားလုံးက အသတ်ခံခဲ့ရတာ..”

ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။သူက ရှေ့ကို တိုးပြီး သူမကို ထိုးဖောက်မတတ် စိုက်ကြည့်လိုက်ပါတယ်..။

“ဘာလဲ..ဘယ်လိုမျိုးလဲ..။တကယ်လို့ သူက ညဘုရားကျောင်းက လူတွေနဲ့ တိုက်ပွဲဖြစ်နေခဲ့တာဆိုရင်..အဲ့ခွေးသားက ဘယ်လိုလုပ် တစ်ပြိုင်နက်တည်း ခံတပ်ကို တိုက်ခိုက်နေနိုင်ရတာလဲ..”

သူမက တစ်ခနလောက် တွေဝေနေပြီးကာမှ…မသေချာစွာ ထပ်ပြောလိုက်တယ်..။

“အဲဒီ မော်ဒရက်က အနာဂတ်မှာ ရှိနေတုန်းကလိုမျိုး မဟုတ်ဘူး..။သူက တစ်နည်းနည်းနဲ့ အတော်လေးကို အားနည်းနေခဲ့တယ်..။ဒါက သူ့မှာ အမြုတေ ခြောက်ခု ရှိမနေတဲ့ အတိုင်းပဲ..။ဒါပေမဲ့ ထူးဆန်းတာက သူ့ကို သတ္တဝါငါးကောင်က ကူညီပေးနေခဲ့တယ်..။အဲတာက နင် မျှော်လင့်ချက်ကျွန်းမှာ သတ်ခဲ့တဲ့..သေးငယ်တဲ့ အကောင်လိုမျိုးပဲ..။ငါတို့ မင်းသားနဲ့ကိုယ်တိုင် တိုက်ခိုက်ခဲ့ရတဲ့ အချိန်မှာ အဲဒီသတ္တဝါငါးကောင်က ငါတို့ မကာကွယ်ထားတဲ့ နေရာက လူတိုင်းကို သတ်ဖြတ်ခဲ့တာပဲ..”

ဆန်နီက နောက်ကို ပြန်မှီပြီး အံ့ဩသင့်သွားခဲ့တယ်..။

“ဘာလဲ..”

‘ငါးယောက်လား…အလင်းပြန်မူ ငါးခု..။သူက သူ့ဝိဉာဉ်ကို စုပ်ဖြဲပြီး ဖန်တီးထားခဲ့တာလား..တစ်ခုချင်းစီကို ဝိဉာဉ်အမြုတေ တစ်ခုစီ ပေးပြီးတော့..’

ရုတ်တရက် ဆန်နီ ရဲ့ စိတ်ထဲမှာ ကြောက်မက်ဖွယ် အတွေးတစ်ခု ဝင်လာခဲ့တယ်..။

‘မဟုတ်ဘူး..မဟုတ်ဘူး..မဖြစ်နိုင်တာ..’

နတ်ဘုရား ကဏ္ဍစွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ သူနဲ့ မော်ဒရက်တို့ရဲ့ လမ်းကြောင်းက ကျန်တဲ့ နိုးထသူတွေနဲ့ အနည်းငယ်ကွဲပြားပါတယ်..။အဆင့်နိမ့် ကဏ္ဍစွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ လူတွေနဲ့ မတူတာက..သူတို့က ဝိဉာဉ်အပိုင်းအစ ဒါမှမဟုတ် အရိပ်အပိုင်းအစ‌ တွေကို စုပ်ယူပြီး..အမြုတေ ခုနစ်ခုလောက် ဖန်တီးနိုင်တာပါပဲ..။သို့ပေမယ့် သူတို့ ဖန်တီးနိုင်တဲ့ အမြုတေအရေအတွက်က အကန့်အသတ်ရှိနေပါသေးတယ်..။ပြီးတော့ အဲဒီထက်ပိုပြီး အားကောင်းလာဖို့အတွက်ဆိုရင် သူတို့လည်း တစ်ခြားလူတွေလို အိပ်မက်ဆိုးကို စိန်ခေါ်ကြရမှာပါ..။ဒီတော့ မော်ဒရက်ရဲ့ သတ်ဖြတ်မူတွေက အဓိပ္ပာယ်မရှိပါဘူး..။ဘာပဲဖြစ်ဖြစ် သူက အနာဂတ်မှာကတည်းက တယ်ရာတစ်ကောင် ဖြစ်နေခဲ့ပြီးပါပြီ..။

သို့ပေမယ့် သားရဲ တွေရဲ့လမ်းကြောင်းကတော့ လုံးဝကို ကွဲပြားထွက်သွားပါပြီ..။ဒါက လုံးဝ ပြောင်းပြန်နီးပါးပါပဲ..။သူတို့က အပိုင်းအစတွေကို စုပ်ယူပြီး ဝိဉာဉ်အမြုတေ အသစ်တွေကို ဖန်တီးကြတာ မဟုတ်ပေ..။အဲဒီအစား သူတို့က သူတော်စင်လိုမျိုး အဆင့် မြှင့်တင်ကြရတာပါ..။ဉပမာအနေနဲံ..တက်ရောက်မူ အဆင့်ကို ရောက်ဖို့အတွက် မှတ်သားမူတွေကို စုပ်ယူပြီး အဆင့်တက်ရတာမျိုးပါ..။

တကယ်လို့ မော်ဒရက်ရဲ့ အလင်းပြန်သားရဲ တွေကလည်း သူတော်စင်နဲ့သာ တူညီနေမယ်ဆိုရင်..။သူတို့က အဆင့်တက်ဖို့အတွက် အပိုင်းအစ ပမာဏတစ်ခုကို လိုအပ်မယ်ဆိုရင်..။ဒါဆိုရင်တော့ သူတို့ဝါးမြိုနိုင်တဲ့ အရေအတွက်က အကန့်အသတ်ရှိနေမှာ မဟုတ်ပါဘူး..။သူတို့ရဲံ အဆင့်တက်ရောက်မူက..ဆန်းကျယ်တဲ့ နတ်ဘုရားအဆင့်ကို ရောက်တဲ့ အထိ အကန့်အသတ်ရှိမှာ မဟုတ်တော့ပေ..။

ဒီတော့ တကယ်လို့..ဘာမှမရှိတဲ့ မင်းသားကသူ့ရဲ့ အမြုတေခြောက်ခု ထဲက ငါးခုကို စတေးပြီး..နိုးထမူအဆင့် သားရဲတွေ ဖန်တီးထားခဲ့တယ်ဆိုရင်…

..ဒါဆို အခုလို ဝိဉာဉ် ထောင်ပေါင်းများစွာကို စားသုံးပြီးတဲ့ အချိန်မှာ ဒီသားရဲတွေရဲ့ အဆင့်က ဘယ်လောက်အထိ‌ေတာင် ရောက်နေပြီလဲ…။

အပိုင်း ( ၆၈၆ ) ပြီး၏။

All Chapters