← Chapters

ညဘုရားကျောင်းရဲ့ နတ်ဆရာမ..

Vol. 46 Ch. 687

ညဘုရားကျောင်းရဲ့ နတ်ဆရာမ..

Vol. 46 Ch. 687

ကိုင် နဲ့ အယ်ဖီတို့လည်း မေးခွန်းတွေအများကြီး ရှိနေကြပုံရပေမယ့် အနည်းဆုံးတော့ အခုချိန်မှာ တိတ်တိတ်နေကြဖို့သာ ရွေးချယ်ထားခဲ့ကြတယ်..။ဒါပေါ့ သူတို့လည်း မော်ဒရက်က ဘယ်လိုလူမျိုးလည်း ဘယ်လောက်သန်မာလည်း ဆိုတာကို အကြမ်းဖျင်းတော့ သိထားကြပြီးသားပါ..။ဆန်နီ နဲ့ ကတ်စီတို့က သူတို့ ညဘုရားကျောင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို သူတို့ရဲ့ သူငယ်ချင်းတွေ နဲ့ မီးစောင့်ရှောက်သူတွေကို အသေးစိတ်ပြောပြထားခဲ့ကြပါတယ်..။ဒီတော့ သူတို့တွေကလည်း ဘာမှမရှိတဲ့ မင်းသား နဲ့ ရင်ဆိုင်ရတဲ့ အချိန်ကြရင် ဘယ်လိုတွေ ကြုံတွေရမလဲ ဆိုတာကို ကောင်းကောင်းသိထားကြပြီးသားပါ..။

သို့ပေမယ့် ဆန်နီ ကိုယ်တိုင်တောင်မှ မော်ဒရက်ရဲ့ ဂဏ္ဍစွမ်းရည်က ဘယ်လိုအလုပ်လုပ်တာလဲ ဆိုတာကို ဝေဝေဝါးဝါးပဲနားလည်ထားခဲ့ပါတယ်..။ကတ်စီ လည်း ဒီအတိုင်းပါပဲ..။ဒီတော့..အိပ်မက်ဆိုးထဲကို ရောက်လာပြီးနောက်ပိုင်း သူက ဘယ်လောက်အထိတောင် သန်မာလာခဲ့တာလဲ ဆိုတာကို သိလိုက်ရတဲ့ အချိန်မှာ..သူ့အတွက် အံ့ဩသင့်စရာဖြစ်ခဲ့ရပါတယ်..။

‘မှန်သားရဲ တုန်းက နတ်ဆိုးတစ်ကောင် အဖြစ်ရှိနေခဲ့တယ်..။သူက နတ်ဆိုးတစ်ကောင် အဖြစ် ဖန်တီးခြင်း ခံထားခဲ့ရတာလား..ဒါမှမဟုတ်..သူတော်စင်လိုမျိုး အားကောင်းတဲ့ အိပ်မက်ဆိုးတွေနဲ့ သတ်ဖြတ်ပြီးကာမှ..အမြုတေတွေ အများကြီးကို ပိုင်ဆိုင်နိုင်ခဲ့တာလား..။တကယ်လို့ ပထမတစ်ခုကသာ အမှန်ဆိုရင်..မော်ဒရက်က တစ်ချိန်တုန်းက..တယ်ရာတစ်ကောင် ဖြစ်ခဲ့ဖူးတယ်လို့ ဆိုလိုတာပါပဲ..။ဗာလာကလန်က သူ့ကို အကျဉ်းချမထားခင် အချိန်တုန်းကလည်း သူ့မှာ အလင်းပြန်သတ္တဝါတွေ အများကြီးရှိခဲ့ပါသေးတယ်..။ဘုရားသခင်တို့..အန်ဗီ ရဲ့ ပထမဆုံးသားက အရင်တုန်းက ဘယ်လောက်တောင် အန္တရာယ်များတဲ့ လူတစ်ယောက်ဖြစ်ခဲ့တာလဲ..’

ပြီးတော့ ပိုပြီး အရေးကြီးတာက..အနာဂတ်မှာ သူက ဘယ်လောက်တောင် အန္တရာယ်များတဲ့ လူတစ်ယောက်ဖြစ်လာဦးမှာလဲ…

“ဘာပဲဖြစ်ဖြစ်..မော်ဒရက်ရဲ့ ခန္တာကိုယ်ကို ဖျက်ဆီးပစ်ဖို့ ဆိုတာက အရမ်းခက်ခဲတဲ့ အလုပ်တစ်ခုတော့ မဟုတ်ဘူး..။ဘာပဲဖြစ်ဖြစ်..သူက စုံစမ်းဖို့လွှတ်လိုက်တဲ့ ပထမဆုံး အမျိုးသမီး ဘုန်းတော်ကြီးရဲ့ ခန္တာကိုယ်နဲ့ပဲ ပေါ်လာခဲ့တာလေ..။ဒါပေမဲ့ ဒါပေါ့..သူက နောက်ထပ်ခန္တာကိုယ်တစ်ခုကို အချိန်မရွေးယူနိုင်တာကြောင့်..ဒီလို ဖျက်ဆီးပစ်လိုက်တာကလည်း အသုံးမဝင်ဘူး..။တိုက်ပွဲအတွင်း ဖရိုဖရဲ ဖြစ်နေတဲ့ အချိန်မှာ.. သူ့မှာဘယ်လိုစွမ်းအားတွေ ပိုင်ဆိုင်ထားလဲဆိုတာကို ငါ့အနေနဲ့ ညဘုရားကျောင်းက လူတွေကို မရှင်းပြနိုင်ခဲ့ဘူးလေ..။ပြီးတော့ ဒီထပ်ပိုတာက..”

သူမက သုန်မုန်စွာ ခေါင်းခါယမ်းလိုက်ပြီး..

“အဲ့အချိန်မှာ ငါက ဘယ်အရာကို လုပ်ရမှာလဲ ဆိုတာကို သေချာမသိခဲ့ဘူး..။ငါက အိပ်မက်ဆိုးထဲမှာ နေထိုင်တဲ့ လူတွေကို ကူညီပေးပြီး..နိုးထခြင်းကမ္ဘာကနေ လာတဲ့ နိုးထသူကို သတ်ဖို့ကြိုးစားရမှာလား..။ငါတို့က တစ်ဖက်တည်း ရှိနေသင့်ကြတာ မဟုတ်ဘူးလား..။မော်ဒရက်က ဘယ်လောက်ပဲ ဆိုးယုတ်ပါစေ ၊ အတိတ်က သူနဲ့ ငါတို့ကြားထဲမှာ ဘာတွေပဲဖြစ်ခဲ့ပါစေ..ဒီအိပ်မက်ဆိုးထဲမှာတော့..ငါတို့တွေ အကုန်လုံးက တူညီတဲ့ ပန်းတိုင်ကိုပဲ လျောက်လှမ်းကြရမှာ မဟုတ်ဘူးလား..”

မျက်မမြင် မိန်းကလေးက သက်ပြင်းချလိုက်တယ်..။

“ဒီတော့ ..သွေးစွန်းတိုက်ပွဲတွေ ပြီးဆုံးသွားတဲ့နောက်မှာ..မော်ဒရက်က ငါတို့ရဲ့ထောင်ခြောက်ကနေ လွတ်မြောက်ပြီး ပျောက်ကွယ်သွားခဲ့တယ်..။အဲတာပြီးတဲ့နောက်မှာတော့..သူ့ရဲ့လှည့်စားမူကြောင့် ငါတို့ အာရုံပျံ့နေတဲ့ အချိန်မှာ..အစုလိုက် အပြုံလိုက်သတ်ဖြတ်မူကြီး ဖြစ်ပျက်ခဲ့တယ်ဆိုတာကို သိခဲ့ရတယ်..။သူ့ရဲ့ အလင်းပြန်သားရဲတွေ သတ်ဖြတ်ခဲ့တဲ့ ပျက်စီးနေတဲ့ မြို့ကြီးကို မြင်ပြီးတဲ့နောက်မှာတော့..သူနဲံ ငါက တစ်ဖွဲ့တည်းလို့ တွေးနေတဲ့ ငါ့ရဲ့ အတွေးတွေက ပျောက်ကွယ်သွားခဲ့တယ်လေ..။ဝမ်းနည်းစရာက..အဲ့အချိန်မှာ အရမ်းနောက်ကျသွားခဲ့ပြီ..”

ကတ်စီ ခေါင်းကို ငုံ့ထားခဲ့ပြီး တီးတိုးဆက်ပြောလာခဲ့တယ်..။

“မြို့သူမြို့သားတွေရဲ့ ဝိဉာဉ်တွေကို စားသုံးပြီးတဲ့နောက်မှာ..အလင်းပြန်မူတွေက အများကြီး ပိုအားကောင်းလာခဲ့တယ်..။မော်ဒရက်က ပုန်းလျို့ ကွယ်လျိုးနေဖို့လည်း ထပ်ပြီး မလိုအပ်တော့ဘူးလေ..။သူက မကြာခနဆိုသလို ဆိုးဆိုးဝါးဝါး တိုက်ခိုက်လာခဲ့ပြီး..သူ့ ဖျက်ဆီးနိုင်တဲ့ သားကောင် အရေအတွက်ကလည်း ဖြည်းဖြည်းချင်း များပြားလာခဲ့တယ်..။သူလူတွေ ပိုပြီး သတ်လေလေ..သူက ပိုပြီး အန္တရာယ်များလာလေလေပဲ..။ဒါပေါ့..သူက လုံးဝသတ်လို့ မရနိုင်တဲ့ လူတစ်ယောက်ဖြစ်နေတာတော့ မဟုတ်ဘူး..။ညဘုရားကျောင်းရဲ့ နိုးထသူတွေကြားထဲမှာ..သူကို ဖမ်းဆီးထိန်းသိမ်းနိုင်တဲ့ နည်းလမ်းတွေကို ပိုင်ဆိုင်ထားတဲ့ လူတွေ အများကြီးပဲ..။အထူးသဖြင့်..ငါ့လို မျက်မမြင်တွေအပေါ်မှာ..သူ့ရဲ့ စွမ်းရည်တွေက သက်ရောက်နိုင်စွမ်းမရှိဘူးလေ..။ဒါပေမဲ့ မော်ဒရက်က ဒါကို ကောင်းကောင်းသိထားပြီးသား..။ဒါကြောင့် သူက သူ့ကို ခြိမ်းခြောက်နိုင်တဲ့ လူတွေ မရှိတော့တဲ့ အချိန်ကြမှ..ရောက်ရောက်လာခဲ့တာ..”

သူမက တစ်ခနလောက် ငြိမ်သက်သွားပြီးကာမှ..

“နောက်ဆုံးတော့..အသက်ရှင်နေသေးတဲ့ လူတွေအားလုံးက အရမ်းကိုကြောက်ရွံ့နေခဲ့ကြတယ်..။သူတို့က နေအိမ်တွေကို စွန့်ခွာပြီး..ညဘုရားကျောင်းဆီကို ရောက်လာကြရင်း..အရှင်မက သူတို့ကို ကာကွယ်ပေးမယ်လို့ မျှော်လင့်ခဲ့ကြတယ်လေ..။စစ်တပ်နဲ့ အမျိုးသမီး ဘုန်းတော်ကြီးတွေကလည်း စိတ်ဓာတ်တွေ ကျဆင်းခဲ့ကြတယ်..။ငါတို့တွေကလည်း မြောက်ဘက်ရှင်မကို ပါဝင်ပတ်သက်ပေးဖို့ အတွက် အသနားခံခဲ့ကြတယ်လေ..။ဘာပဲဖြစ်ဖြစ် သူမက အထွတ်အထိပ်အဆင့် တစ်ယောက်ဖြစ်ပြီး ပြိုင်ဖက်ကင်းတဲ့ နတ်ဆရာမ တစ်ယောက်ပဲ မဟုတ်လား..။ပြီးတော့ သူမက ဘာကိုမှ အလေးမထားတော့တဲ့ တိုင်အောင်..အဲဒီသတ္တဝါကို သူမကိုယ်တိုင် ရင်ဆိုင်ပေးမယ်လို့ အရှင်မက ကတိပေးခဲ့တယ်..။အဲဒီနေ့မှာပဲ..လူတွေက စိတ်သက်သာရာရပြီး အောင်ပွဲခံမူတွေ ပြုလုပ်ခဲ့ကြတယ်လေ..”

ကတ်စီ အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ ဆက်ပြောလာခဲ့တယ်..။သူမရဲ့ အသံက ဝမ်းနည်းမူတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။

“..ဒါပေမဲ့ အားလုံး အောင်ပွဲခံနေကြတဲ့ အချိန်မှာပဲ အရှင်မက ငါ့ကို လျို့ဝှက်ချက်တစ်ခု ပြောပြပြီး..အရှေ့ဘက်မှာရှိတဲ့ သူမရဲ့ သူငယ်ချင်းဟောင်း နိုတစ် ဆီကို ..အမှာစကား ပို့ပေးဖို့ ကမ်းလှမ်းခဲ့တယ်..။အဲတာက ဒီတိုင်း ‘ငါသေပြီ ‘ ဆိုတဲ့စကားသုံးလုံးတည်းပဲ…”

သူမက တစ်ခနလောက် ရပ်တန့်နေပြီးကာမှ တစ်ဖက်ကို လှည့်သွားခဲ့တယ်..။သူမရဲ့ လှပတဲ့ မျက်နှာလေးကတော့ သုန်မုန်နေတုန်းပါပဲ..။

“ဒါပေါ့ ငါ့အနေနဲ့ တုန်လှုပ်ခြောက်ခြားသွားခဲ့တာပေါ့..။သူမရဲ့ မသေနိုင်တဲ့ အင်မော်တယ်စွမ်းရည်ကရော..။ဒီလူတွေကို သူမ ကာကွယ်ပေးပါမယ်လို့ ကတိပေးထားတဲ့ အရာကြတော့ရော..။သူမက ဝမ်းနည်းစွာ ပြုံးပြီး သူတို့အားလုံးလည်း သေကြရလိမ့်မယ်ဆိုတာကို ငါ့ကို ပြောပြခဲ့တယ်..။ပြီးတော့ အဲတာက ပိုကောင်းတဲ့ နည်းလမ်းဖြစ်တယ်ဆိုတာရောပဲ..”

ကတ်စီရဲ့ နှုတ်ခမ်းကနေ လေးလံတဲ့ သက်ပြင်းချသံထွက်ပေါ်လာခဲ့ပါတယ်..။

“ငါ နောက်တစ်ရက် မနက်ခင်းမှာပဲ တောင်ဘက်ကို တစ်ယောက်တည်း ခရီးထွက်လာခဲ့တယ်..။မျက်မမြင် တစ်ယောက်က အကူအညီမပါပဲ..မျှော်လင့်ချက် နိုင်ငံတော်ရဲ့ တောအုပ်တွေထဲမှာ ခရီးသွားရတာက မလွယ်ကူခဲ့ဘူးလေ..။ဒါပေမဲ့ ငါက တစ်နည်းနည်းနဲ့ အသက်ရှင်သန်နိုင်ခဲ့တယ်..။ဒါက ကံတရားကြောင့်လား ဒါမှမဟုတ် မြောက်ဘက်ရှင်မက မော်ဒရက် ငါ့ကို မနှောက်ယှက်နိုင်အောင် တားဆီးပေးထားခဲ့လို့လား ဆိုတာကို ငါ မသိတော့ဘူး..။ငါက လမ်းတစ်လျောက်လုံးမှာ သန်မာတဲ့ အိပ်မက်ဆိုးသားရဲတွေ နဲ့ တစ်ခြား အန္တရာယ်တွေကိုလည်း..ရင်ဆိုင်ခဲ့ရတယ်..။ငါက ဒီအရာတွေ အားလုံးကို ကျော်ဖြတ်ပြီး နောက်ဆုံးမှာမြင့်မြတ်နယ်မြေ ဆီကို ရောက်လာနိုင်ခဲ့တယ်လေ..။ပြီးတော့ ငါရောက်တဲ့ နေ့မှာပဲ..တစ်ခုခု ပြောင်းလဲသွားခဲ့ပြီ ဆိုတာကို ခံစားလိုက်ရတယ်..”

သူမရဲ့ မျက်နှာပေါ်မှာ နက်မှောင်တဲ့ အမူအရာတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်..။

“အရှင်မက သေဆုံးသွားပြီး..မျှော်လင့်ချက်ရဲ့ အကျဉ်းထောင်မှာ နောက်ထပ် အားနည်းချက်တစ်ခု ဖြစ်ပေါ်သွားခဲ့ပြီ..။ကျရောက်လာတော့မယ့် ကပ်ဘေးက ..ပိုမိုမြန်ဆန်လာတော့မယ်လို့ ဆိုလိုတာပဲ..။ကျန်တာ..ကျန်တာကတော့..နင်တို့အားလုံး သိကြပါတယ်..”

ဆန်နီဟာ..ကတ်စီရဲ့ အသံထဲမှာ နက်ရှိုင်းတဲ့ ဝမ်းနည်းပူဆွေးမူတွေ တစ်ခနလောက် ပေါ်လာပြီး ပျောက်ကွယ်သွားခဲ့တာကို ခံစားမိလိုက်ပါတယ်..။ပြီးတော့ ငယ်ရွယ်တဲ့ မျက်မမြင် အမျိုးသမီးလေးဟာ ပြုံးလိုက်ပြီး..

“ဒီတော့..အခု..ငါတို့က ကျန်တဲ့ ချိန်းအရှင်သခင်တွေနဲ့ စစ်ပွဲမှာ နိုတစ်ကို ထောက်ခံမှာလား မထောက်ခံဘူးလား ဆိုတာကို ဆုံးဖြတ်ဖို့ လုံလောက်အောင် သိထားကြပြီလို့ ထင်တာပဲ..”

သူ မျက်မှောင်ကျုတ်လိုက်ပြီး သုန်မုန်နေတဲ့လေသံနဲ့…

“ငါတို့ မသိသေးတဲ့ အရာတစ်ခု ရှိသေးတယ်..။အရာအားလုံးကို ပြောင်းလဲပစ်နိုင်တဲ့ အရာတစ်ခုခုပေါ့..။မော်ဒရက်.. သူ့ရဲ့ပန်းတိုင်က ဘာလဲ..။ချိန်းအရှင်သခင် လေးယောက် စစ်ပွဲဖြစ်နေတဲ့ အချိန်ကြရင် သူက ဘာလုပ်ဖို့ စီစဉ်ထားတာလဲ..။”

ကတ်စီ တွေဝေနေပြီးကာမှ..ဖြည်းညှင်းစွာ ခေါင်းခါယမ်းလိုက်တယ်..။

“အဲတာတော့ ငါမသိဘူး..။သူကိုယ်တိုင်လည်း အိပ်မက်ဆိုးရဲ့ ပဋိပက္ခကို သိထားပြီးလောက်ပြီလို့ ငါထင်တယ်..။ဒါမှမဟုတ် ငါတို့တောင် မခန့်မှန်းနိုင်တဲ့ နည်းလမ်းတွေနဲ့ သိထားခဲ့ပြီးတာလည်း ဖြစ်နိုင်တာပဲ..။ဘာပဲဖြစ်ဖြစ် သူက ဒီမျိုးစေ့ကို ရှာတွေ့ခဲ့တဲ့ လူဖြစ်ပြီး..ငါတို့ကို ကွက်ကျော်ရိုက်ပြီး ဓားကို ယူသွားတဲ့အပြင်..၊ ငါတို့ကို ဒီအိပ်မက်ဆိုးထဲလာဖို့အတွက်ပါ..ကြိုးကိုင်ခြယ်လှယ်သွားခဲ့တာလေ..။ဒါပေမဲ့ သူ့ပန်းတိုင်က ဘာပဲဖြစ်နေပါစေ..သူက မာစတာ တစ်ယောက်ဖြစ်ချင်ယုံတင် မဟုတ်ဘူးလို့တော့ ငါထင်တယ်..။သူက ဒီနေရာမှာ လုပ်ချင်တာ တစ်ခုခု ရှိနေသေးတဲ့ပုံပဲ..”

ဆန်နီ အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ စိတ်ရှုပ်စွာတစ်ဖက်ကို လှည့်ဿွားခဲ့တယ်..။

“ကောင်းပြီလေ..ဒါဆိုလည်း..ငါတို့ရဲ့ ကံတရားကို ရွေးချယ်ဖို့ အချိန်ကြပြီလို့ ငါထင်တယ်..”

အပိုင်း ( ၆၈၇ ) ပြီး၏

All Chapters