ကြီးမားတဲ့ ဆုံးဖြတ်ချက်..
Vol. 46 Ch. 688
အချိန်အတော်ကြာတဲ့ အထိ အားလုံးတိတ်ဆိတ်နေပြီးတဲ့နောက်မှာတော့ အယ်ဖီက စတင်ပြောလာခဲ့တယ်…။
“..ငါ ဆိုလိုတာက ရွေးချယ်စရာလည်း အများကြီး ရှိနေတာ မဟုတ်ဘူးလေ..ဟုတ်တယ်မလား..။သေချာတာကတော့..အင်မော်တယ်သူတော်စင် သုံးယောက်နဲ့ ရင်ဆိုင်ဖို့ဆိုတာက သိပ်တော့ ပျော်စရာကောင်းမှာ မဟုတ်ဘူး..။ဒါပေမဲ့ အဆုံးသတ်မှာ သူတို့က တစ်နည်းနည်းနဲ့ ကျရှုံးခဲ့ကြတယ်ဆိုတာကို ငါတို့က သိထားကြပြီးပြီ ဆိုတော့..ဒါက မဖြစ်နိုင်တဲ့ အရာမျိုးတော့ မဟုတ်ဘူး..။ပြီးတော့ ငါတို့က တစ်ခြားတစ်ဖက်မှာ ရပ်တည်လိုက်ရင် ဘာဖြစ်မလဲ ဆိုတာကိုတောင် မသိနိုင်ဘူးလေ..။ငါတို့က မျှော်လင့်ချက် အကျဉ်းထောင်ထဲကနေ လွတ်မြောက်မလာအောင် ဘယ်လိုသွားပြီးလုပ်ရမှာလဲ..။နိုတစ်ကို သတ်ရမှာလား..။အဲတာက ရှောင်လွှဲလို့ မရနိုင်မယ့် အရာကို အနည်းငယ် ကြံ့ကြာသွားအောင်ပဲ လုပ်နိုင်လိမ့်မယ်..။ဒီ သောက်ကျိုးနဲ ကမ္ဘာကြီးတစ်ခုလုံးက သူမရဲ့ လွှမ်းမိုးထားမူနဲ့တင် ပြိုလဲကျလုနီးပါး ဖြစ်နေခဲ့ကြပြီလေ..။မျှော်လင့်ချက်..သူမက တကယ်ကြောက်ဖို့ကောင်းတာပဲ..”
သူမက တစ်ခနလောက် တွေဝေနေခဲ့ပြီးကာမှ..အနည်းငယ် စိတ်ရှုပ်ထွေးတဲ့ အမူအရာနဲ့ မေးလာခဲ့ပါတယ်..။
“အရိုးသားဆုံးပြောရရင်..သူမက ဘာလဲဆိုတာကိုတောင် ငါသေချာမသိဘူး..။သူမက ဒီနယ်မြေတစ်ခုလုံးကို ရူးသွပ်သွားလောက်အောင် လုပ်နိုင်တယ်ဆိုတော့ ဘယ်လောက်တောင် အားကောင်းတဲ့ ဒီမွန်တစ်ကောင် ဖြစ်နေလို့လဲ..။သူမက မစင်ကြယ်ခြင်း အဆင့်လား..”
ဆန်နီ သက်ပြင်းချလိုက်ပြီး သူ့ရဲ့ နှာဖူးတွေကို နိုပ်နယ်နေခဲ့တယ်..။
“မဟုတ်ဘူး..တကယ်လို့ ပြောရမယ်ဆိုရင် သူမက နတ်ဘုရားအဆင့်ပဲ..။သူမက ဒီမွန်တစ်ကောင် မဟုတ်ဘူး..ဒဲလ်မွန် တစ်ယောက်ပဲ..။ဒဲလ်မွန်တွေကလည်း နတ်ဘုရား အငယ်စားတွေလိုမျိုးပဲ..သူတိုက သူတို့ကိုယ်တိုင် ဖန်တီးထားခဲ့ကြတာ..။သူတို့က ဘယ်ကမှန်းမသိ ပေါ်ထွက်လာခဲ့ကြပြီး နတ်ဘုရားတွေနဲ့ တူညီတဲ့ စွမ်းအားတွေကို တူညီထားကြတယ်လေ..။အခိုက်အတန့်ကတောင်မှ. အကြောင်းပြချက်တစ်ချို့ကြောင် .ဒဲလ်မွန်ဆိုတဲ့ စကားကို လုံးဝ အသုံးမပြုလောက်တဲ့ အထိကို ထူးဆန်းတယ်..။ဘာပဲဖြစ်ဖြစ်..နတ်ဘုရားတွေ နဲ့ ဒဲလ်မွန်တွေက နောက်ဆုံးမှာ ကြီးကျယ်တဲ့ စစ်ပွဲကြီးကို ဆင်နွဲခဲ့ကြတဲ့ပုံပဲ..။ပြီးတော့ မျှော်လင့်ချက်ရဲ့ အကျဉ်းကျမူ နဲ့ လွတ်မြောက်မူက..ဒီစစ်ပွဲကြီးရဲ့ နိဒါန်းဖြစ်နေနိုင်တယ်လို့ ငါထင်တယ်..”
အယ်ဖီက သူပြောနေတာတွေကို သေချာနားထောင်နေခဲ့တယ်..။ယင်းနောက် ပင်ပန်းစွာပဲ ပြောလာခဲ့ပါတယ်..။
“အိုး ..ကောင်းပြီလေ…ဘာပဲဖြစ်ဖြစ်..ဒါက ငါပြောချင်တဲ့အချက်ကို သက်သေပြပေးလိုက်တာပဲ..။ဒီလို အရာမျိုးကို ချိန်းကြိုးတွေနဲ့ အကျဉ်းချထားတာနဲ့ယှဉ်လိုက်ရင်…အာ..အင်မော်တယ် သူတော်စင်သုံးယောက်ကို သတ်ရတာက ရုတ်တရက် ကြီး လွယ်ကူသွားသလို မခံစားရဘူးလား..”
ကိုင်က အနည်းငယ်လှုပ်ရှားလာခဲပြီး..အက်ကွဲနေတဲ့ အသံနဲ့ပြောလာခဲ့တယ်..။သူ့ရဲ့ အသံက ကျောက်တုံးအခန်းထဲမှာ ပဲ့တင်ထပ်သွားခဲ့ပါတယ်..။
“ငါတို့ ကြည့်ရူတဲ့ ပုံစံက မှားနေပြီလို့ ထင်တယ်နော်..။မေးခွန်းက ငါတို့ ဘာလုပ်သင့်လဲ ဆိုတာမဟုတ်ဘူး..အဲတာက ငါတို့ ဘာလုပ်သင့်တယ် ဆိုတာပဲဖြစ်သင့်တယ်..။အဲလို မထင်လူးလား..။ဟုတ်တယ် အိပ်မက်ဆိုးကို ဖြေရှင်းဖို့အတွက် တိကျတဲ့နည်းလမ်းတော့ မရှိဘူး..ဒါပေမဲ့ တစ်ချို့မြေရှင်းချက်တွေက..မမှန်ကန်နိုင်သလို ..တစ်ချို့ဖြေရှင်းချက်တွေကလည်း မှားနေတာမျိုး မဟုတ်ပြန်ဘူး..။ဒီကုန်းမြေတစ်ခုလုံးက ချုပ်နှောင်မူတွေကနေ လွတ်မြောက်ဖို့ကြိုးစားနေတဲ့ မျှော်လင့်ချက်ကြောင့်..ငရဲတစ်ခုလိုဖြစ်နေခဲ့ပြီ..။အဲတာက သူမ မလွတ်မြောက်လာမချင်း ပြောင်းလဲသွားမယ့် အရာမဟုတ်ဘူး..”
သူက ရှေ့ကိုတိုးလိုက်ပြီး..မျက်မှောင်ကျုတ်ကာ သုန်မုန်တဲံ အမူအရာနဲ့ ပြောလိုက်တယ်..။
“အနီရောင် အဆောက်အဦး ၊ ဆင်စွယ်ရောင်မြို့တော် နဲ့ သူမရဲ့ နိုင်ငံက နယ်မြေတွေအားလုံးမှာ ရူးသွပ်မူတွေ ကြီးစိုးနေပြီး..လူသားတွေအားလုံးကို ဖောက်ပြန်ပျက်ဆီးတဲ့ လမ်းကြောင်းကို ခေါ်ဆောင်သွားနေခဲ့ပြီ..။သေချာတာကတော့..ငါတို့ သူ့ကို ထိန်းသိမ်းထားရင်းနဲ့လည်း အနိုင်ယူနိုင်တာပဲ..။ဒါပေမဲံ ငါတို့ လုပ်သင့်ရဲ့လား..။ငါတို့က ဒီလိုလုပ်ပြီး ရလာတဲ့ ရလာဒ်အပေါ် စိတ်းချမ်းသာ နိုင်မှာလား..။မင်းတို့ ငါ့ကို ငတုံးလို့ ပြောလည်းရတယ်..ဒါပေမဲ့..အခိုက်အတန့်က အိပ်မက်ဆိုးကို ဖြေရှင်းဖို့အတွက် စိန်ခေါ်သူတွေကို နည်းလမ်းမပေးထားခဲ့ပေမယ့်..ငါတို့ ဘာကြောင့် လုပ်မှာလဲ ဆိုတာက အရေးကြီးနေတုန်းပဲလို့ ငါထင်တယ်..။ငါတို့က ငါတို့ရဲ့ လုပ်ရပ်တွေ နဲ့ အကျိုးဆက်တွေ အတွက် တာဝန်ရှိနေတုန်းပဲ..။ဒီတော့..ငါတို့က မှန်ကန်တဲ့ အရာကိုပဲ လုပ်ဖို့ လိုအပ်တယ်လို့ ငါထင်တယ်..”
ဆန်နီ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်တယ်..။
“ဘယ်အရာက မှန်ကန်ပါတယ်လို့ ဘယ်သူကပြောမှာလဲ..။မျှော်လင့်ချက်ကို လွှတ်ပေးလိုက်တာနဲ့..ဒီမှာရှိနေတဲ့ လူတွေအားလုံး ချက်ချင်းမသေဆုံးသွားနိုင်ပါဘူးလို့ မင်းပြောနိုင်လား..။ငါ့ရဲ့ ကိုယ်ပိုင်အမြင်အရတော့..နှစ်ပေါင်းထောင်ချီကြာအောင်..ချုပ်နှောင်ခံထားရမယ် ဆိုရင် နည်းနည်းတော့ ဒေါသထွက်မိမှာပဲ…”
ကိုင်က ခနလောက် တွေဝေသွားပြီး ခေါင်းခါယမ်းလိုက်တယ်..။
“မင်းပြောတာ မှန်ပါတယ်..။ဘယ်အရာက အမှန်လဲ ဆိုတာကို ငါ သိနိုင်မှာ မဟုတ်ဘူး..။ဒါပေမဲ့ ဘယ်အရာက မှားနေလဲ ဆိုတာကိုတော့ ငါသိသေးတယ်လေ..။ပြီးတော့ ဒီမှာ ငါမြင်တွေ့နေရတဲ့ အရာတွေ အားလုံးက…လုံးဝ..လုံးဝကြီးကို မှားယွင်းနေတယ်..”
ဆန်နီ သူ့ကို စိုက်ကြည့်လိုက်ပြီး ပုခုံးတွန့်လိုက်တယ်..။
“ကောင်းပြီလေ..ငါက ဒါကို သဘောမတူတာတော့ မဟုတ်ပါဘူး..။အမှန်တော့ ငါလည်း ဒီနေရာကြီးကို အတော်မုန်းနေပြီ..။တကယ်လို့ ငါစိုးရိမ်နေခဲ့သလိုမျိုး မျှော်လင့်ချက်က ဒီလူတွေအားလုံးကို သတ်ပစ်လိုက်မယ်ဆိုရင်တောင် ငါက ဂရုစိုက်နေမှာ မဟုတ်ဘူး..။ဒီခွေးသားတွေက ထိုက်တန်ကြတယ်..”
သူ တစ်ခနလောက် စောင့်ဆိုင်းနေပြီးကာမှ ကတ်စီ ဘက်ကို လှည့်လိုက်တယ်..။
“နင်ရောဘယ်လိုလဲ..။နင် အတော်လေး ငြိမ်နေပါလား..”
မျက်မမြင် မိန်းကလေးဟာ အတော်ကြာအောင် တွေဝေနေပြီးကာမှ..ပုံမှန်အတိုင်းပဲ ပြောလိုက်ပါတယ်..။
“ငါက နင် ဘာပဲဆုံးဖြတ်ပါစေ လိုက်လုပ်ဖို့ ဆန္ဒရှိတယ်..။ငါ နင့်ရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်တယ် ဆန်နီ..”
သူ မျက်မှောင်ကျုတ်လိုက်ပြီး သူမကို နက်မှောင်တဲ့ အမူအရာနဲ့ သေချာကြည့်လိုက်တယ်..။
“ဘာလို့လဲ..။နင့်မှာ ထင်မြင်ချက် တစ်ခုခု မရှိဘူးလား..”
ကတ်စီ တစ်ခနလောက် တိတ်ဆိတ်သွားပြီးကာမှ..ရိုးရှင်းစွာပဲ ခေါင်းခါယမ်းလိုက်ပါတယ်..။
‘ချီးတဲ့မှပဲ..’
ဒါပေါ့..မျက်မမြင် မိန်းကလေးက ဘာလို့ ပြောဖို့ တွန့်ဆုတ်နေခဲ့တာလဲ ဆိုတာကို သူ သိထားပြီးသားပါ..။သူမက ပြန်ပြီး မမျှဝေချင်တဲ့ အနာဂတ်အကြောင်းကို သိထားပြီးလောက်ပါပြီ..။ပြီးတော့ သူမက ဘယ်လိုဖြစ်ချင်တယ်..ဘာတွေကို ရှောင်ရှားသင့်တယ်လို ပြောလိုက်ရင် သူတို့ရဲ့ အတွေးအခေါ်တွေကို သက်ရောက်သွားစေနိုင်တယ် ဆိုတာလည်း သိထားပါသေးတယ်.။
သူမရဲ့ ကိုယ်ပိုင်အမြင် ကလည်း..ဒီအသိပညာတွေရဲ့ လွှမ်းမိုးခြင်းကို ခံထားရပြီးသားပါ..။ဒီတော့..ကတ်စီက ဒီဆုံးဖြတ်ချက်ချတဲ့အပေါ်မှာ လုံးဝ ဘေးဖယ်နေဖို့ ဆုံးဖြတ်ထားခဲ့တယ်..။ကြည့်ရတာတော့..သူမက မေ့ပျောက်ကုန်းမြေ ကနေ ပြန်လာပြီးနောက်မှာ..သူမရဲ့ အမြင်အာရုံနဲ့ နောက်ဆက်တွဲတွေက သူတို့အပေါ်မှာ သက်ရောက်ခံရမှာကို စိုးရိမ်နေခဲ့တဲ့ ပုံပါပဲ..။
“သောက်ကျိုးနဲ နတ်ဆရာမတွေ..’
ဆန်နီ သက်ပြင်းချလိုက်ပြီး အယ်ဖီ နဲ့ကိုင်ကို ကြည့်လိုက်တယ်..။
“ကောင်းပြီလေ..အများကြီးတော့ ဆွေးနွေးစရာ မရှိပါဘူး..။မင်းတို့ နှစ်ယောက်စလုံးက နိုတစ် နဲ့ ပူးပေါင်းဖို့ စိတ်အား ထက်သန်နေကြတယ်..။ငါလည်း အဲလိုလုပ်ချင်တယ်လို့ ထင်တာပဲ..။သူက အရူးတစ်ယောက် ဖြစ်နိုင်ပေမယ့်..အနည်းဆုံးတော့ ငါတို့ သိထားတဲ့ အရူးတစ်ယောက်ပဲလေ..။ပြီးတော့..အာ ငါက ဒီငနဲကို နည်းနည်းတော့ သဘောကျတယ်..။သူက မရိုးသာ ၊ လိမ်ညာ ၊ လှည့်ပတ် ၊ ရူးသွပ်ပြီး..ယုတ်မာတဲ့ လူလိမ်ကောင် တစ်ယောက် ဖြစ်တယ်ဆိုပေမယ့်လည်း..ဘယ်သူကမှ ပြီးပြည့်စုံနေတာ မဟုတ်ဘူးလေ..။သိတယ်မလား..”
အယ်ဖီက တခစ်ခစ် ရယ်မောလိုက်ပြီး..
“ဝိုး..ဒီ ဂုဏ်ဒြပ်တွေက တစ်ယောက်ယောက်ကိုတောင် သတိရသွားစေတာပဲ..။ဟင်..အဲတာက ဘယ်သူဖြစ်လောက်မလဲ..”
ယင်းနောက် သူမက ဆန်နီကို ကြည့်ပြီး မေးလိုက်တယ်..။
“ဒါဆို ဆုံးဖြတ်ပြီးသွားပြီပေါ့..။ဒီတော့ ငါတို့က ဒီသတင်းကောင်းကို ယုတ်မာတဲ့ လူလိမ်ကောင်ကို သွားအသိပေးကြတော့မလား..။သိတယ်မလား..သူက ငါတို့ရဲ့ ဝိဉာဉ်ကို အသုံးအဆောင်ပစ္စည်းတွေထဲ ထည့်သွင်းဖို့အတွက် ငါတို့ကို သတ်စရာတောင် မလိုအပ်ဘူးလေ..”
သူမက သွားဖို့ အတွက် အဆင်သင့်ဖြစ်နေတဲ့ အချိန်မှာပဲ..ဆန်နီက သူမကို လက်ဟန်ပြပြီး တားဆီးထားလိုက်တယ်..။
နောက်လာမယ့် အပိုင်းကတော့ သူအများကြီးစဉ်းစား ထားခဲ့ရတာပါ..။ဒီလုပ်ရပ်က မှန်ကန်ရဲလား ဒါမှမဟုတ် ကြီးမားတဲ့ အမှားကြီးလား ဆိုတာကို သူမသိပေ..။သူက မသေချာသေးဘူး ဆိုပေမယ့်..သူ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်က အဆုံးသတ်မှာ မှန်ကန်လိမ့်မယ်လို့ ခံစားနေခဲ့ရပါတယ်..။
အနည်းဆုံးတော့ သူ အဲလိုခံစားနေခဲ့ရတယ်..။
ဘာပဲဖြစ်ဖြစ်…နောက်ပြန်လှည့်လို့ မရတော့တဲ့ အခြေအနေမှာ ရောက်နေခဲ့ပါပြီ..။
ဆန်နီ ခနလောက် တိတ်ဆိတ်နေပြီးကာမှ..သူ့ရဲ့ သူငယ်ချင်းတွေကို လေးနက်တဲ့ အမူအရာနဲ့ကြည့်လိုက်တယ်..။
“ငါတို့ ဒါကို မလုပ်ခင်မှာ ..ငါ မင်းတို့ကို ပြောစရာ တစ်ခု ရှိတယ်..”
အယ်ဖီနဲ့ ကိုင် တို့က သူ့ကို အံ့ဩသင့်ကာ ကြည့်နေခဲ့ကြတယ်..။ကတ်စီကတော့..ရုတ်တရက် မျက်ခုံးပင့်တင်သွားခဲ့ပါတယ်..။
ဒါပေါ့ သူမက ဆန်နီ ဘာပြောတော့မှာလည်း ဆိုတာကို ကြိုသိထားပြီးပါပြီ..။
ကိုင်က သူ့ကို ကြည့်ပြီး ပြုံးလိုက်တယ်..။
“အိုး..အဲတာဘာလဲ..”
ဆန်နီ သက်ပြင်းချပြီး တစ်ဖက်ကို လှည့်သွားခဲ့တယ်..။ယင်းနောက် သူတို့ကို မျက်နှာမူကာ ပုခုံးတွန့်လိုက်ပြီး..
“အာ..ဒါက သိပ်တော့မလေးနက်ပါဘူး..။ဒီတိုင်း..ကောင်းပြီလေ..အမှန်တရားကို ပြောပြဖို့ပေါ့..”
သူက မြစိမ်းရောင် အဆောင်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်ပြီး..
“ငါ့ရဲ့ အားနည်းချက်က လိမ်ပြောလို့ မရတာပဲ..။ငါ့မှာ ပထမအိပ်မက်ဆိုးကတည်းက ရရှိထားခဲ့တဲ့ အစစ်အမှန်နာမည်တစ်ခု ရှိတယ်..။ငါ့ရဲ့ ဂဏ္ဍစွမ်းရည်က နတ်ဘုရားအဆင့်ပဲ..။ငါ့မှာ ဝိဉာဉ်အမြုတေ သုံးခုရှိတယ်..အာ..အမှန်တော့ အရိပ်အမြုတေပဲ..။ဒီတော့ သဘောတရားအရတော့ ဒါက ငါ့ကို နတ်မိစ္ဆာတစ်ကောင် ဖြစ်စေတယ်..။ဒါ့ကြောင့် ဒီလို ရုပ်ဆိုးတဲ့ ခန္တာကိုယ်ထဲကို ရောက်နေခဲ့တာ..။ငါက ငါ့ရဲ့ ဂဏ္ဍစွမ်းရည် ဆက်ခံမူကို ဖွင့်လှစ်ပြီးသွားပြီ..။ငါက..ဒဲလ်မွန် ခုနစ်ပါး ထဲက တစ်ပါးရဲ့ အမွေအနှစ်ကို ဆက်ခံထားခဲ့တာ..။အိုး..ပြီးတော့..ငါ ဒါကို ဘယ်လိုပြောရမလဲ..ငါက အရှင် ခွေးသား များ ဖြစ်နေမလား..။အဲ့တစ်ခုအတွက်တော့ စိတ်မကောင်းပါဘူး…ကိုင်…”
အပိုင်း ( ၆၈၈ ) ပြီး၏။