← Chapters

ယုံကြည်မူ

Vol. 46 Ch. 689

ယုံကြည်မူ

Vol. 46 Ch. 689

ထွက်ခွာဖို့အတွက် မတ်တတ်ရပ်နေပြီဖြစ်တဲ့ အယ်ဖီဟာ..အံ့ဩသွားခဲ့ပြီး ဖြည်းညှင်းစွာပဲ ပြန်ထိုင်လိုက်ပါတယ်..။ကိုင်က သူ့ရဲ့ သစ်သားမျက်နှာဖုံးကို စားပွဲပေါ်မှာတင်လိုက်ပြီး သူ့ကို ပြူးကျယ်နေတဲ့ မျက်လုံးတွေနဲ့ကြည့်နေခဲ့တယ်..။သူ ဘာပြောတော့မှာလဲ ဆိုတာကို အားလုံး သိပြီးသားဖြစ်တဲ့ ကတ်စီတောင်မှ..အနည်းငယ် အံ့ဩသင့်နေခဲ့ပုံပါပဲ..။

အခန်ထဲမှာ တိတ်ဆိတ်မူသာ ကြီးစိုးနေခဲ့ပြီး..သူ့ကို ထိုးဖောက်မတတ် အကြည့်တွေနဲ့ စိုက်ကြည့်နေကြတယ်လို့ ဆန်နီ ခံစားနေခဲ့ရတယ်..။

သူက လည်ပင်းကို ပွတ်လိုက်ပြီး..ရှက်ရွံ့စွာ ချောင်းဆိုးကာ အကြည့်လွှဲလိုက်ပါတယ်..။

“ဟုတ်တယ်..အနည်းနဲ့အများတော့ အဲတာက ငါပြောချင်တဲ့ အရာပဲ..”

ဒါပေါ့ သူ့ရဲ့ လျို့ဝှက်ချက်ကို သူငယ်ချင်းတွေကို ပြောပြဖို့ ဆိုတာက လွယ်ကူတဲ့ ဆုံးဖြတ်ချက်တစ်ခု မဟုတ်ပါဘူး..။အမှန်တော့ ဒါက ဆန်နီ ယုံကြည်ထားတာတွေ အားလုံးနဲ့ ဆန့်ကျင်ပြီး ထုတ်ပြောခဲ့ရတာပါ..။သူ့ရဲ့ ခန္တာကိုယ်ထဲမှာ ရှိနေတဲ့ အလိုလိုသိစိတ်က..သူ အမှားကြီးတစ်ခု ကျူးလွန်မိပြီ ဆိုတာကို အော်ဟစ်ပြောဆိုနေခဲ့တယ်..။

သို့ပေမယ့် အလိုလိုသိစိတ် တိုင်းကလည်း ကောင်းမွန်တဲ့ အကြံဉာဏ်ပေးသူ မဟုတ်ပါဘူး..။မဟုတ်ရင် ဆုံးဖြတ်ချက်တွေ ချဖို့အတွက် တည်ရှိနေတဲ့ ဦးနှောက် နဲ့ ဉာဏ်ရည် ရှိနေတာက ဘာအတွက် ဖြစ်နိုင်ဦးမှာလဲ..။

အရေးကြီးတဲ့ အချက်တစ်ချက်က..ဆန်နီက သူ့ရဲ့ မယုံကြည်တတ်တဲ့ သဘောသဘာဝကြောင့်..သူ့ရဲ့ ဆက်ဆံရေးတွေကို တစ်ကြိမ်ထိခိုက်ပြီးခဲ့ပါပြီ..။မေ့ပျောက်ကုန်းမြေပေါ်မှာတုန်းက သူက လျို့ဝှက်အချို့ကို လိုတာထက်ပိုထိမ်းသိမ်းထားခဲ့မိတယ်..။ဒါကြောင့်လည်း တစ်ခြားလူတွေက သူ့ရဲ့ လှည့်ဖျားမူတွေကို ဘယ်လိုမြင်မလဲဆိုတာကို နားမလည်နိုင်ဖြစ်ခဲ့ရပါတယ်..။

သေချာတာကတော့..သူ ဒီလိုလုပ်ဖို့အတွက် သူ့ကိုယ်ပိုင် အကြောင်းပြချက်တွေ ရှိနေသလို..သူက သူ့ရဲ့သူငယ်ချင်းတွေကို ဘယ်တုန်းကမှ မလိမ်ညာခဲ့ပါဘူး..။သူက ရိုးရှင်းစွာပဲ အနည်းငယ် ထိန်ချန်ထားတာ ဒါမှမဟုတ်..သူ့အတွက် လုံခြုံစေမယ့် အချက်အလက်တစ်ချို့ကို ထိန်ချန်ထားတာမျိုးပဲ လုပ်ခဲ့တာပါ..။

သို့ပေမယ့် တစ်ခြားလူတွေက သူ့ရဲ့ အကြောင်းပြချက်တွေကို သိကြတာ မဟုတ်ပေ..။သူတို့သိတာက..သူတို့ပေးအပ်လိုက်တဲ့ ယုံကြည်မူက အပြည့်အဝ ပြန်မရခဲ့ဘူး ဆိုတာပါပဲ..။ပြီးတော့..သူက လျိုဝှက်ချက်တွေ ၊ ရှေ့နောက်မညီမူတွေ ၊ လှည့်စားမူတွေ နဲ့ ပြည့်နှက်နေတဲ့ လူတစ်ယောက်အဖြစ်ပဲ မြင်လာခဲ့ကြပါတယ်..။ဆန်နီကလည်း သူကိုယ်တိုင် ဘယ်တုန်းကမှ မရှင်းပြခဲ့ပေ..။ပြီးတော့ ဖြေရှင်းချက်တွေ မရှိတဲ့ အချိန်မှာ..နားလည်မူလွဲ တယ်ဆိုတဲံ အကြောင်းတရားက မလွဲမရှောင်သာပဲ နေရာယူလာပါတော့တယ်..။

ဘယ်သူသိမှာလဲ..တကယ်လို့ သူသာ နစ်ဖီနဲ့ပိုပြီး ပွင့်လင်းခဲ့မယ်ဆိုရင်..သူမက သူ့ကို လူလိမ်တစ်ယောက်လို့ သတ်မှတ်ထားမှာ မဟုတ်ပါဘူး..။သူမက သူမရဲ့ မှားယွင်းတဲ့ အမြင်တွေကို ဖြစ်တည်ခွင့်ပေးခဲ့မှာ မဟုတ်ပေ..။ဒါဆိုရင် အခြေအနေတွေက ကွဲပြးသွားနိုင်မှာလား..။

ဘာပဲဖြစ်ဖြစ်..လတ်တလောမှတော့ ဆန်နီက အဖွဲ့ဝင်တိုင်းရဲ့ ဂဏ္ဍစွမ်းရည် နဲ့ အားနည်းချက်တွေကို သိထားခဲ့ပါတယ်..။သို့ပေမယ့် သူတို့က တူညီတယ်လို့ ပြောလို့မရပါဘူး..။သူတို့က သူတို့ရဲ့အားနည်းချက်ကို သူ့ကို ပြောပြပြီး သူက ကိုယ့်အားနည်းချက်ကို ထိန်ချန်ထားမယ်ဆိုရင်..ယုံကြည်မူကို အပြည့်အဝ တည်ဆောက်နိုင်တော့မှာ မဟုတ်ပေ..။

အခုချိန်မှာ အရာအားလုံးက အဆင်ပြေနေတယ်ဆိုပေမယ့်..သူတို့ရဲ့ တစ်ဖက်သတ်ဆန်တဲ့ သူငယ်ချင်း ဆက်ဆံရေးက ပြည်တည်နာ တစ်ခုလိုပဲ ရှိနေတော့မှာပါ..။ပြီးတော့ သေးငယ်တဲ့ အက်ကွဲကြောင်းလေးက ကြီးမားလာတဲ့ အချိန်မှာ ကျိန်းသေ ပျက်ဆီးသွားမှာပါပဲ..။

ထပ်ပြောရရင် မော်ဒရက်က သူ့ရဲ့ လျို့ဝှက်ချက်တွေ အကုန်လုံးကို သိထားတဲ့အချိန်မှာ..အယ်ဖီ နဲ့ ကိုင် တို့က မသိထားခဲ့ဘူး ဆိုတာ ရူးမိုက်ရာကြပါတယ်..။အန္တရာယ်ရှိတာကိုတော့ ပြောနေစရာတောင် မလိုတော့ပေ..။

ဒီတော့ ဆန်နီက သူ့ရဲ့ သူငယ်ချင်းတွေကို ယုံကြည်ဖို့အတွက်ဆုံးဖြတ်လိုက်တယ်..။ဘာပဲဖြစ်ဖြစ် သူတို့အတူရှိလာတာ အချိန်အတော်ကြာနေခဲ့ပါပြီ…ဒါပေမဲ့…ချီးတဲ့မှပဲ..

ဘာလို့ လူတွေနဲံ ပွင့်ပွင့်လင်းလင်း ပြောရတာက ဒီလောက်တောင် စိတ်ရှုပ်စရာကောင်းနေရတာလဲ..

‘ဘယ်လောက်တောင် မကောင်းတဲ့ ခံစားချက်မျိုးလဲ…ချီး..ငါ တကယ်ယားယံနေသလိုပဲ..’

တစ်မိနစ်လောက် တိတ်ဆိတ်နေပြီးတဲ့နောက်မှာတော့..အယ်ဖီက နောက်ဆုံးမှာ အတော်လေး ယဉ်ကျေးတဲ့ လေသံနဲ့ ပြောလာခဲ့တယ်..။

“အခု…ခနလေး…ခနလေး နေကြပါဦး..’

သူမက သေးငယ်တဲ့လက်ကလေးတွေကို မြှောက်ပြီး လက်တစ်ချောင်း ထောင်ပြလာခဲ့တယ်..။

“ နင့်ရဲ့အားနည်းချက်…နင်နဲ့အချိန်အတော်အကြာအောင် ရှိနေပြီးတဲ့နောက်မှာ ငါတို့က အကြမ်းဖျင်းတော့ ခန့်မှန်းမိကြပါတယ်..။ဒါတောင်မှ…ခနလေး..နင်က လုံးဝ လိမ်ညာလို့မရတာလား..။ဘာ..”

ဆန်နီ ပုခုံးတွန့်လိုက်ပြီး..

“ငါ အလိမ်အညာတစ်ခုကို ထုတ်ပြောလို့မရဘူး..။ငါက မေးခွန်းတိုင်းကို မှန်မှန်ကန်ကန် ဖြေဆိုဖို့ တွန်းအားပေးခြင်း ခံထားရတယ်..။ဒါမှမဟုတ် တတ်နိုင်သလောက် အမှန်အတိုင်းဖြေဖို့ပေါ့..”

သူက ဖြေရခက်တဲ့ မေးခွန်းတစ်ချို့ရောက်လာမယ်လို့ မျှော်လင့်ထားခဲ့ပေမယ့်..အယ်ဖီကတော့ တိတ်ဆိတ်သွားခဲ့ပါတယ်..။ဒါက သူမ ဘယ်လောက်တောင် အံ့ဩသွားလဲ ဆိုတာကို ပြသနေခဲ့တာပါ..။သူမရဲ့ ပုံမှန်လှည့်စားတတ်မူတွေက ပျောက်ကွယ်သွားပြီး..ကလေးမလေးက ဒုတိယလက်ချောင်းကို မြှောက်ပြလိုက်တယ်..။

“..ကောင်းပြီလေ…အစစ်အမှန်နာမည်..ငါတို့က ဒါကိုလည်း သိထားပြီးသားပါ..။နင်က ဒီအရာကို အကြောင်းပြချက်တစ်ချို့ကြောင့် မမျှဝေချင်တာကြောင့်သာ ငါ နဲ့ ကိုင်က ဖိအား မပေးခဲ့တာ..”

ဆန်နီ လေးလံစွာ သက်ပြင်းချလိုက်တယ်..။သူ တစ်ခနလောက် တွေဝေနေပြီးကာမှ ထပ်ပြောလာခဲ့ပါတယ်..။

“ဒါက..ငါ့ရဲ့ အတွင်းပိုင် ဂဏ္ဍစွမ်းရည်နဲ့ သက်ဆိုင်နေတယ်..။တကယ်လို့ တစ်ချို့အခြေအနေတွေမှာဆိုရင်..ငါ့ရဲ့ အစစ်အမှန်နာမည်ကို သိထားတဲ့ လူက..ငါ့ကို သတ်သွားနိုင်တယ်လေ..။ဒါကြောင့် ငါက လျို့ဝှက်ထားခဲ့တာပဲ..။ပြီးတော့ ငါ့ကိုယ်ငါ အားနည်းပြီး..သနားစရာလူတစ်ယောက် အဖြစ် ကြိုးစားဟန်ဆောင်ခဲ့တယ်..။ငါ့လို အားနည်းတဲ့ လူတစ်ယောက်က အစစ်အမှန်နာမည် ရှိလိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ..”

သူ့မျက်နှာက အနည်းငယ်သုန်မုန်သွားခဲ့ပြီး..

“အားနည်းတဲ့လူတစ်ယောက်အဖြစ် ထင်ခံရတာက အကြမ်းဖျင်းတော့ ကောင်းပါတယ်..။ဘာလို့လဲ ဆိုတော့ ရန်သူတွေက မင်းကို လျော့တွက်ကြတယ်လေ..။ငါက လူတွေငါ့ကို အထင်သေးနေကြတာကိုလည်း ခံစားရတာ အဆင်ပြေတယ်..။ဒါပေမဲ့..အာ..ငါ စတင် ဟန်ဆောင်တဲ့အချိန်ရောက်တော့ အခြေအနေတွေက ထိန်းချုပ်ဖို့ ခက်ခဲသွားခဲ့တယ်လေ..”

အယ်ဖီ အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်ပြီးမှ..တတိယ လက်ချောင်းကို ထောင်ပြလိုက်ပါတယ်..။

“ကောင်းပြီလေ..ဒါက တစ်ချို့အရာတွေကို ရှင်းလင်းသွားစေတယ်..။အခုတော့ အရှင်ခွေးသားပေါ့..။ဒါပေါ့..ဒါကိုတော့ ငါတို့သိထားပြီးသား…ဒါက အရမ်းသိသာနေတာပဲ မဟုတ်ဘူးလား..”

အဲ့အချိန်မှာပဲ ကိုင် နဲ့ ကတ်စီတို့နှစ်ယောက်စလုံးက တစ်ပြိုင်နက်တည်း ပြောလာခဲ့တယ်..။ကိုင် ကိုကြည့်ရတာတော့ ခါတိုင်းထက်ပိုပြီး အံ့ဩသင့်နေတဲ့ ပုံပါပဲ..။

“ဘာလဲ…ငါမသိခဲ့ဘူး..”

အဲ့အချိန်မှာတော့ ကတ်စီက အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့တယ်..။သူမက တုန့်ဆိုင်းစွာ မေးလိုက်ပါတယ်..။

“အာ..ငါတောင်းပန်ပါတယ်…ဒါပေမဲ့ အရှင် ခွေးသား ဆိုတာက ဘယ်သူလဲ..”

အယ်ဖီက သူ့ကို ရယ်ရွင်ဖွယ် အမူအရာနဲ့ ကြည့်လိုက်ပြီး..

“နင် မသိဘူး ဆိုတာက ဘာကို ဆိုလိုတာလဲ..။နင်ပဲ သူ့ကို အဲဒီအကာအကွယ် ဝယ်ပေးခဲ့တာ မဟုတ်ဘူးလား..”

ကိုင်က ပါးစပ်ဖွင့်ပြီး တစ်ခုခု ပြောဖို့ လုပ်ပေ့မယ် ပြန်ပိတ်သွားခဲ့တယ်..။ပြီးတဲ့အချိန်မှ ပြောလာခဲ့ပါတယ်..။

“..ခနလေး..ဘာ အကာအကွယ်လဲ..။ငါက သူ့ကို မှတ်သားမူ စေ◌ျးကနေ ကျောက်တုံး အကာအကွယ်အက်ျီတစ်ခု ဝယ်ပေးခဲ့တယ်လေ..။အဲဒီ ဖုန်တက်ပြီး ရုပ်ဆိုးတဲ့ ဟာကြီးလား..။မဟုတ်ဘူး အဲတာက မတူဘူးနော်..။အဲဒီ အရာက လုံးဝကို ကွဲပြားနေခဲ့တာ..။အရွယ်အစား ၊ ဒီဇိုင်း …မွန်ဂရယ် ရဲ့ အကာအကွယ် အက်ျီက အတော်လေးကို ခေတ်ဆန်နေတယ်..။အဲတာက ငါဝယ်ပေးခဲ့တဲံ ကျောက်တုံး လိုမျိုး မဟုတ်ဘူး..”

ဆန်နီသူ့ရဲ့ မျက်နှာကို အုပ်ထားလိုက်ရင်း..

“မှော်စွမ်းအားကြောင့် ကျောက်တုံးတွေက ကျောက်တုံးပုံစံသတ္တုအဖြစ် ပြောင်းလဲသွားခဲ့ကြတာလေ..။အဲတာက သူ့ရဲ့ ပြင်လည်ပြန်ဆင်နိုင်မူတွေကို အသက်သွင်းဖို့အတွက် နိုးထသူတစ်ယောက်ကို လိုအပ်နေခဲ့တာ..။အရွယ်အစားအတွက်ကတော့..မှတ်သားမူတွေက ပိုင်ရှင်ရဲ့ ခန္တာကိုယ်အလိုက် ပြောင်းလဲပေးနိုင်ကြတာပဲ မဟုတ်ဘူးလား..။ငရဲလိုပဲ…ငါက အခု အမြီးတစ်ချောင်းပါ ရှိနေတော့..ငါ အကာအကွယ်ကို ဝတ်လိုက်တဲ့ အချိန်မှာ အမြီးကိုပါ ကာကွယ်ပေးထားခဲ့တာ..”

လူငယ်လေးက သူ့ကို ဆွံ့အစွာ ကြည့်လိုက်ပြီးကာမှ..ထိုင်ခုံကို ပြန်မှီသွားခဲ့ပါတယ်..။

“အိုး..အာ…ငါသိပြီ..။ဒါပေမဲ့..ငါ ဆိုလိုတာက…ထားလိုက်ပါတော့..”

ဆန်နီသူ့နှာဖူးကို နိုပ်နယ်ရင်း..

“ငါလည်း မွန်ဂရယ် က ကျော်ကြားသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..။ငါက ဒီတိုင်း အိပ်မက်ရူခင်းထဲမှာ ဓားရေးကိုပဲ လေ့ကျင့်ချင်ခဲ့တာ..။အဲဒီ သောက်ကျိုးနဲ ထုတ်လွင့်သူတွေက..ငါ့ရဲ့ ဗီဒီယိုတွေကို နေရာတိုင်းမှာ တင်ပြီး ..သူပါလို့ ပြောနေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ..။အိုး..ဘုရားသခင်တို့..အဲတာပြီးတဲ့နောက်မှာ အခြေအနေတွေက ပိုဆိုးကုန်တာပဲ..”

အယ်ဖီက သူ့ကို ကြည့်လိုက်ပြီး သူမရဲ့ လက်ချောင်း သုံးချောင်းကနေ လက်သီးပုံစံအဖြစ် ပြောင်းလဲလိုက်ပါတယ်..။

“ဒါပေမဲ့ ကျန်တာတွေကရော..နတ်ဘုရားစွမ်းရည် ..လား..။ဘာလဲ..အဲတာမျိုးက ရှိရော ရှိလို့လား..။ဝိဉာဉ်အမြုတေ သုံးခု..တဲ့လား..။ဒဲလ်မွန်တစ်ယောက် ရဲ့ အမွေအနှစ်..အဲတာကရော ဘာကြီးလဲ..။ပြီးတော့..နင့်မှာ နတ်ဘုရားအဆင့် မှတ်သားမူ ဒါမှမဟုတ် တစ်ခြား အရာတစ်ခုခု ရှိတယ်လို့တော့ ထပ်ပြောမှာ မဟုတ်ပါဘူးနော်..”

ကလေးမလေးက ကြောက်ရွံ့တဲ့အမူအရာနဲ့ တခစ်ခစ် ရယ်လိုက်ပြီး ခေါင်းခါယမ်းကာ လှောင်ပြောင်နေခဲ့ပါတယ်..။

“အာ..ကောင်းပြီလေ…တကယ်တော့..ငါ့မှာ နှစ်ခု ရှိတယ်..”

အပိုင်း ( ၆၈၉ ) ပြီး၏။

All Chapters