မေးခွန်းတစ်ခု..
Vol. 46 Ch. 690
အချိန်တစ်ချို့ကြာပြီးတဲ့နောက်မှာတော့..ဆန်နီက အခန်းထဲကနေ ထွက်လာခဲ့တယ်..။ပြီးတာနဲ့ ရှည်လျားတဲ့ ကျောက်တိုင်တွေကြားထဲကနေ ဖြတ်သန်းပြီး..မြင့်မြတ်နယ်မြေရဲ့ ဉယျာဉ်ထဲကို ဝင်ရောက်လာခဲ့ပါတယ်..။အဖွဲ့သားတွေက အားလုံးအတူအကွ နိုတစ်ကို သွားပြောကြဖို့ရည်ရွယ်ထားကြပေမယ့်..သူပြောဆိုခဲ့တဲ့ အံ့ဩသင့်စရာ ဖွင့်ဟဝန်ခံချက်တွေကြောင့်..ကျန်နေရစ်ဖို့သာ ဆုံးဖြတ်ခဲ့ကြတယ်..။
‘နားလည်လို့ ရပါတယ်..’
အမှန်တော့..ဆန်နီကိုယ်တိုင်လည်း မိနစ်အနည်းငယ်လောက် တစ်ယောက်တည်းရှိနေချင်ခဲ့တာပါ..။သူက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တယ်လို့ ခံစားရတယ် ဆိုပေမယ့်လည်း..သူ့ရဲ့ လျို့ဝှက်ချက်တွေ အားလုံးကို ထုတ်ဖော်လိုက်ရတာက..မသက်မသာ ဖြစ်စေပါတယ်..။သူက သူ့ရဲ ပုခုံးပေါ်မှာ တင်ထားရတဲ့ မမြင်နိုင်တဲ့ ဖိအားကြီးကို အနည်းငယ် မတင်လိုက်သလို ခံစားလိုက်ရတယ်..။သို့ပေမယ့်..အဝတ်ဗလာ နဲ့ လူတစ်ယောက်လိုပဲ မသက်မသာ ခံစားရစေပါတယ်..။
ဆန်နီက လမ်းလျောက်နေတဲ့ အချိန်ခနလေးမှာ အတွေးတွေကို စုဆောင်းနေခဲ့တယ်..။
အစပိုင်း အံ့ဩသင့်စရာတွေ အပြီးမှာ..သူ သူ့ရဲ့ စွမ်းရည်တွေနဲ့..နတ်ဘုရား အဆင့် ဂဏ္ဍစွမ်းရည်တွေ ဘယ်လို အလုပ်လုပ်ကြလဲဆိုတာကို တစ်ခြားလူတွေကို ထပ်မံရှင်းပြခဲ့ပါသေးတယ်..။ပြီးတော့ သူ ဒီဟာကို ရရှိခဲ့တဲ့ အခြေအနေတွေကိုရောပါပဲ..။သို့ပေမယ့်..သူကိုယ်တိုင်လည်း ဒီအရာနဲ့ ပတ်သက်ပြီး အများကြီး သိထားတာမျိုး မဟုတ်ပေ..။ဒီတော့..သူတို့ပြောဆိုခဲ့တာတွေက သိပ်မကြာခဲ့ပါဘူး..။
ဒါက တစ်ခြားလူတွေအနေနဲ့ သူ နဲ နစ်ဖီ တို့ရဲ့ စွမ်းရည်တွေနဲ့ ပတ်သက်ပြီး နားလည်သွားစေပါတယ်..။ပြီးတော့ ပိုပြီး အရေးကြီးတာက မော်ဒရက်ရဲ့ စွမ်းရည်ပါပဲ..။အခု သူတို့က ဘာမှမရှိတဲ့ မင်းသား နဲ့ ရင်ဆိုင်တွေ့ရတော့မှာ ဆိုတော့..အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်..။ထပ်ပြောရရင်..အားလုံးက ဆန်နီ ရဲ့ စွမ်းအားတွေကို သေချာသိသွားကြပြီ ဆိုတော့..တိုက်ပွဲအတွင်းမှာ ပူးပေါင်းဆောင်ရွက်မူတွေကို ကောင်းကောင်း လုပ်ဆောင်သွားနိုင်ပါလိမ့်မယ်..။
ဆန်နီက သူ့အတွက်လည်း ကိစ္စတစ်ချို့ကို သိမ်းဆည်းထားခဲ့တယ်..။ကွာခြားသွားတာကတော့ အရင်တုန်းက သူတို့ကြားက ဆက်ဆံရေးမှာ..သူငယ်ချင်းတွေက ဆန်နီအနေနဲ့ သူတို့အပေါ် အပြည့်အဝ ရိုးသားမူ ရှိကြောင်း သိနေသည့်တိုင်အောင် မသိချင်ဟန်ဆောင်ပေးထားခဲ့ကြပါတယ်..။ဆန်နီကိုယ်တိုင်ကလည်း သူတို့ သိနေကြတယ်ဆိုတာကို မသိချင်ယောင် ဆောင်နေခဲ့တယ်..။အခုတော့ ဒီလျို့ဝှက်ချက်တွေ တည်ရှိနေတယ်ဆိုတာကို သူကိုယ်တိုင်ပဲ ချပြလိုက်ပါပြီ..။
အယ်ဖီ နဲ့ ကိုင် တို့က သူ့အနေနဲ့ အခုလို မျှဝေဖို့ တွန့်ဆုတ်ပြီး ..ပြောပြဖို့ မဝံ့မရဲဖြစ်နေတာတွေကို နားလည်ပေးခဲ့တယ်..။သူတို့ကြည့်ရတာ သူ့ရဲ့ ဆန္ဒကို အလေးထားကြတဲ့ ပုံပါပဲ..။
အားလုံးခြုံကြည့်လိုက်ရင်တော့..အံ့ဩစရာကောင်းလောက်အောင် အဆင်ပြေချောမွေ့ခဲ့ပါတယ်..။
လပြည့်ညရဲ့ တောက်ပနေတဲ့ အလင်းရောင်အောက်က..လှပတဲ့ပန်းခြံလေးထဲမှာ လမ်းလျောက်ရင်း..ဆန်နီဟာ မြင့်မြတ်နယ်မြေရဲ့ လေထုကို ခံစားနေခဲ့တယ်..။အဲ့အချိန်မှာပဲ စိုးရိမ်စရာ အတွေးတစ်ခုက သူ့စိတ်ထဲကို ဝင်ရောက်လာခဲ့ပါတယ်..။
‘ ငါသိချင်တာက..ငါ့ရဲ့ ဒီဆုံးဖြတ်ချက်က..မျော်လင့်ချက်ရဲ့ အဆိပ်သင့်မူတွေ လွှမ်းမိုးခြင်းခံထားရတာလား ဆိုတာပဲ..။တကယ်လို့ ဒီလို ဆိုရင် သူမက ငါ့စိတ်ထဲမှာ ရှိနေတဲ့ နက်ရှိုင်းတဲ့ စိတ်ဆန္ဒကို ကြီးမားအောင် လုပ်ပြီး သူငယ်ချင်းတွေကို ဝန်ခံဖို့အတွက် တွန်းအားပေးခဲ့တာလား..”
အတွေးတွေများနေတဲ့ ဆန်နီဟာ မှော်ဆရာရဲ့ ခြံဝန်းအနားကို နီးကပ်လာခဲ့ပါတယ်..။သူက သဘော်သားအရုပ်တွေ တံခါးဖွင့်ပေးနေတာကို စိတ်ရှည်စွာ စောင့်ပြီးကာမှ အထဲကို ဝင်ရောက်သွားခဲ့တယ်..။
‘ငါက အမြဲတမ်း လွှမ်းမိုးခံထားရတာ ဖြစ်နိုင်တာပဲ..’
သူ့ရဲ့ မျက်လုံးတွေက ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့ပြီး လက်တွေက ရက်စက်သောမြင်ကွင်းကို ထုတ်ယူဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်..။မှောင်မိုက်နေတဲ့ ခန်းမထဲမှာ တစ်ခုခုကတော့ မှားယွင်းနေခဲ့ပါပြီ..။မခံမရပ်နိုင်လောက်တဲ့ သွေးညှီနံ့တွေက သူ့ရဲ့ နှာခေါင်းထဲကို ဝင်ရောက်လာခဲ့ပြီး နှလုံးခုန်သံတွေကို မြန်ဆန်သွားစေခဲ့တယ်..။ဒါက မှော်ဆရာရဲ့ အိမ်ထဲမှာ လူတွေ အစုလိုက်အပြုံလိုက် အသတ်ခံထားရသလိုပဲ..မွန့်ကြပ်ဖွယ် အနံ့အသက်တွေကို ရနေခဲ့ပါတယ်..။
..သို့ပေမယ့် ဆန်နီကတော့ ဘာ အလောင်းကိုမှ မမြင်တွေ့ရပေ..။အခန်းက သူ ပြီးခဲ့တဲ့ အခေါက်က တွေ့ခဲ့တဲ့အတိုင်း ရှိနေခဲ့ပါတယ်..။ပရိဘောဂတွေ ဘာတစ်ခုမှ ရှိမနေခဲ့ပဲ..ကျောက်တုံးကြမ်းပြင်ပေါ်က..အဝိုင်း ပုံစံ ရူးစ်တွေကိုသာ တွေ့မြင်နေခဲ့ရတယ်..။အောက်ဘက်က အရာတစ်ခုခုက အပေါ်ကို တွန်းကန်နေခဲ့သလိုမျိုး..ကြမ်းပြင်ရဲ့ တစ်ချို့နေရာတွေမှာ အက်ကွဲမူတွေ ဖြစ်ပေါ်နေခဲ့ပါတယ်..။ဒါက ရှေးဟောင်းကျောက်တုံးတွေကို တစ်ခုခု က ဖိအားပေးထားတဲ့ အတိုင်းပါပဲ…။
နိုတစ်ကတော့..စက်ဝိုင်းရဲ့ အလယ်မှာပဲ ရှိနေခဲ့သေးတယ်..။သူ့ရဲ့ အက်ျီလက်တစ်ဖက်က အပေါ်ကို ခေါင်ထားခဲ့ပြီး..ဘယ်ဘက်လက်မောင်းမှာ နက်ရှိုင်းတဲ့ ပြန်ရှရာကြီးတစ်ခု ရှိနေခဲ့တယ်..။ဒီဒဏ်ရာကနေ သွေးတွေ ဒလဟော စီးကျနေခဲ့တာပါ..။သူ့ရဲ့ လက်တစ်ဖက်မှာတော့..စိန် တံစဉ်တစ်လက်ကို ကိုင်ထားခဲ့တယ်..။မှော်ဆရာက သွေးအိုင်ထဲမှာ ရောက်နေခဲ့တယ် ဆိုပေမယ့်လည်း..ဒါက အကြောင်းပြချက်တစ်ချို့ကြောင့် သူ့ရဲ့ အကျီဝတ်ရုံကိုတောင် ထိတွေ့ခြင်း မရှိပါဘူး..။
ဆန်နီ က သူ့ကို တစ်ခနလောက် ကြည့်နေခဲ့ပြီးကာမှ..ကျောက်တုံးမျက်နှာပြင်က သွေးတွေကို စုပ်ယူနေတယ်ဆိုတာ သတိထားမိလိုက်တယ်..။ယင်းနောက် သူက မြစိမ်းရောင် အဆောင်ကို ဆုပ်ကိုင်လိုက်ပြီး..မေးလိုက်ပါတယ်..။
“..ကိုယ့်ကိုကို သတ်သေဖို့ ကြိုးစားနေတာလား..”
နိုတစ်ရဲ့ မျက်လုံးတွေ ဖြည်းညှင်းစွာပွင့်လာပြီး ဆန်နီကို ကြည့်လိုက်တယ်..။ယင်းနောက်တောက်ပစွာ ပြုံးပြလာခဲ့ပါတယ်..။ပြီးတာနဲ့ ..ဘာမှထူးခြားတာ မဖြစ်ပျက်တဲ့ အတိုင်းပဲ စိန် တံစဉ်ကို သုတ်ကာ သူ့ရဲ့ ပိုးချည်ဝတ်ရုံထဲ ပြန်ထည့်ထားလိုက်ပါတယ်..။
“ဘာလဲ..။ဒါပေါ့ ဒီလိုဘယ်ဟုတ်ပါ့မလဲ..။ငါက သေဖို့အတွက် အတော်လေး ငယ်ရွယ်နေသေးတယ်လေ..”
ဆန်နီ သူ့ကို သံသယဖြစ်စွာ ကြည့်လိုက်ပြီး..
“ငယ်တယ်တဲ့လား..။ခင်ဗျားက အနည်းဆုံးတော့ အသက်တစ်ထောင်လောက် ရှိနေပြီနော်..”
မှော်ဆရာဟာ..စိတ်ဝင်စားသွားခဲ့ပြီး သူ့ရဲ့ မေးစေ့ကို ပြန်ပွတ်သပ်လိုက်တယ်..။ယင်းနောက် တောက်ပစွာ ပြုံးလိုက်ပြီး..
“ဘာလဲ..ဒါပေါ့သတ်သေနေတာ ဘယ်ဟုတ်ပါ့မလဲ..။ငါက သေဖို့အတွက် အရမ်းကို ချောမောလွန်းနေတယ်လေ..”
သူ့ရဲ့အဖြေကို သဘောကျသွားတဲ့ မှော်ဆရာဟာ..လက်မောင်းက ဒဏ်ရာကို ပြန်ပိတ်အောင် လုပ်လိုက်ပြီး..သွေးအိုင်ထဲကနေ ထရပ်ကာ ခုန်ထွက်လိုက်တယ်..။ပြီးတာနဲ့ ဆန်နီ ဆီကို သက်သောင့်သက်သာ လျောက်လာခဲ့ပြီး..
“လာ..ဒီနေရာက သန့်ရှင်းဖို့အတွက် လိုနေသေးတယ်..။ဉယျာဉ်ကတော့ အတော်ကောင်းပြီး အေးချမ်းမယ်ထင်တာပဲ..”
ဆန်နီ ပျောက်ကွယ်သွားတဲ့ သွေးအိုင်ကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်တယ်..။သူပဲ စိတ်ထင်နေတာလား ဒါမှမဟုတ်..ဒီအခန်းကပဲ အနည်းငယ် လှုပ်သွားတာလား..။သူ ခေါင်းခါယမ်းလိုက်ပြီးမှ..တစ်ဖက်ကို လှည့်ကာ နိုတစ်နောက်ကို လိုက်သွားလိုက်ပါတယ်..။
သူတို့နှစ်ယောက်က ယဇ်ပုလ္လင်ရှိတဲ့ ကျွန်းကို သွားနေခဲ့ကြတယ်..။နိုတစ် ကြည့်ရတာ..လရောင်တောက်ပနေတဲ့ ဉယျာဉ်ရဲ့ တိတ်ဆိတ်မူကို အတော်လေး သဘောကျတဲ့ပုံပါပဲ..။တစ်မိနစ် ၊ နှစ်မိနစ် ကြာပြီးတဲ့ နောက်မှာတော့..သူက ပေါ့ပေါ့ပါးပါး မေးခွန်းတစ်ခုကို မေးလာခဲ့ပါတယ်..။
“ဒီတော့..မင်းက ငါ့ကို ဘာပြောပြချင်တာလဲ..။မင်းနဲ့ မင်းရဲ့သူငယ်ချင်းတွေက ဆုံးဖြတ်ချက်ချပြီးပြီလား..”
ဆန်နီ တစ်ခနလောက် တွေဝေနေပြီးကာမှ ပြန်ဖြေလိုက်တယ်..။
“ကျွန်တော်တို့ ဆုံးဖြတ်ပြီးသွားပြီ..။ကျွန်တော်တို့က မျှော်လင့်ချက် လွတ်မြောက်ဖို့အတွက် ခင်ဗျားကို ကူညီပေးမယ်..”
နိုတစ် ပြုံးလိုက်ပြီး..
“အိုး..ကောင်းတာပေါ့..”
ပြီးတာနဲ့ သူက ဘာမှ ထပ်မပြောတော့ပါဘူး..။
ဆန်နီ အနည်းငယ်စိတ်ရှုပ်ထွေးပြီး အချိန်အတော်ကြာအောင် စောင့်နေခဲ့တယ်..။သူတို့က အဖြူရောင် ယဇ်ပုလ္လင် ဆီကို ရောက်လာကြပြီး ခုံတန်းရှည်တစ်ခုမှာ ဝင်ထိုင်လိုက်ပါတယ်..။ပြီးတာနဲ့..လုံးဝန်းနေတဲ့ လရောင်က..ငြိမ်သက်နေတဲ့ ကန်ရေပြင်ပေါ်မှာ အလင်းပြန်နေတဲ့ မြင်ကွင်းကို ခံစားနေခဲ့ကြတယ်..။ပြီးတော့ အခုချိန်ထိတောင်မှ..မှော်ဆရာက စကားတစ်ခွန်းမှ ပြောမယ့်ပုံ မရှိသေးပါဘူး..။
အနည်းငယ်စိတ်ရှုပ်လာတဲ့ ဆန်နီက ခနလောက်တွေဝေနေပြီးကာမှ ရှက်ရွံ့စွာမေးလိုက်တယ်..။
“ဒီတော့…ဓားတွေကို ပေးထားဖို့ လိုအပ်ပြီလား..”
နိုတစ် သူ့ကိုကြည့်လိုက်ကာ ပေါ့ပေါ့ပါးပါး ပြုံးပြီး ပုခုံးတွန့်လိုက်တယ်..။
“အာ..မလိုပါဘူး..။သိမ်းထားလိုက်..”
ဆန်နီရဲ့ မျက်လုံးတွေ လှုပ်ရှားသွားခဲ့တယ်..။
“သိမ်းထားလိုက်ဆိုတာ ဘာကိုဆိုလိုတာလဲ..။ဓားတွေက ခင်ဗျားလိုချင်နေတဲ့ အရာ မဟုတ်ဘူးလား..”
အင်မော်တယ် မှော်ဆရာဟာ အလင်းပြန်နေတဲ့ လရောင်ကို ကြည့်ရင်း လက်ဝေ့ယမ်းပြလာခဲ့ပါတယ်..။
“အချိန်ကြလာလို့ ရှိရင် ငါတို့ ဓားတွေကို ဖြေရှင်းလို့ရတယ်..။အရာရာတိုင်းက သူ့နည်း သူ့ဟန်နဲ့သူ ဖြေရှင်းပြီးသား ဖြစ်သွားမှာပဲလေ..”
သူ တစ်ခနလောက် ငြိမ်သက်ပြီးကာမှ..ထပ်ပြောလာခဲ့ပါတယ်..။သူ့ရဲ့ မျက်နှာပေါ်က အပြုံးက ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲပြီး..
“အခု မြောက်ဘက်အရှင်မက သေသွားခဲ့ပြီဆိုတော့ ကိစ္စတွေက မြန်ဆန်လာတော့မယ်..။တစ်ခြား ချိန်းအရှင်သခင်တွေလည်း ဒါကို ခံစားမိနေလောက်ပြီ..”
နိုတစ် သက်ပြင်းချလိုက်ပြီး..နောက်ကို မှီလိုက်ကာ ကောင်းကင်ကို မော့ကြည့်လိုက်ပါတယ်..။
“ငါမျှော်လင့်ထားသလိုမျိုး ပြင်ဆင်ဖို့အတွက် အချိန်က သိပ်မရတော့ဘူး..။နှစ်လ..အဲ့ထက် နည်းပါ့းသွားတာလည်း ဖြစ်နိုင်တယ်..။မင်း နဲ့ မင်းသူငယ်ချင်းတွေက ဒီအချိန်ကို အကျိုးရှိရှိ အသုံချသင့်တယ်..။အဆုံးသတ်နားကို ရောက်လာတဲ့ အချိန်ကြရင်..ငါတို့က ဒီအရာကြီးမပြီးဆုံးသေးတဲ့ အချိန်အထိသက်သောင့် သက်သာ နေနိုင်ကြမှာ မဟုတ်ဘူး..”
ဆန်နီ တိတ်ဆိတ်သွားခဲ့ပြီး..တည်ငြိမ်နေတဲ့ ရေကန်ကို ကြည့်လိုက်ပါတယ်..။တစ်ခနလောက် ကြာပြီးသွားတဲ့ နောက်မှာတော့..သူကပြောလာခဲ့တယ်..။
“ကျွန်တော်တို့က ခင်ဗျားကို ကူညီပေးမယ်..။ဒါပေမဲ့ ကျွန်တော့်မှာ မေးခွန်းတစ်ချို့လည်း ရှိနေသေးတယ်လ..”
ဒီစကားကို သဘောကျသွားတဲ့ နိုတစ်က ရယ်မောလိုက်ပြီး..
“ဒီလိုညမျိုးမှာတောင် မင်းအတွက် မေးခွန်းတွေ ရှိနေသေးတာလား..။ဆန်းလပ်စ်..မင်းက တစ်ခါတစ်လေမှာ ကိုယ့်ကိုကို ဘယ်လိုပျော်ရွှင်အောင် ထားမလဲ ဆိုတာကို သင်ယူသင့်တယ်..။ခနလောက် အချိန်ယူပြီး ..ကမ္ဘာကြီးကို ခံစားလိုက်..။မဟုတ်ရင် အသက်ရှင်နေရတာ ဘာများ အဓိပ္ပာယ်ရှိတော့မှာလဲ..”
ဆန်နီသူ့ကို မျက်နှာသေ နဲ့ ပြန်ကြည့်လိုက်ပြီး..
“..ကျုပ်ပုံစံက..အသက်ရှင်နေရတဲ့ အဓိပ္ပာယ်ကို မသိတဲ့ လူတစ်ယောက်နဲ့ တူနေလို့လား..။အကြံပေးတဲ့ အတွက်တော့ ကျေးဇူးတင်ပါတယ်..။ဒီစကားတွေကို မှတ်ထားပါ့မယ်..။ဒါပေမဲ့ မေးခွန်းတွေကတော့ ရှိနေသေးတယ်လေ..”
မှော်ဆရာက..လက်လျော့လိုက်တဲ့ မျက်နှာနဲ့သက်ပြင်းချလိုက်ပြီး..
“..ကောင်းပြီလေ..မေးခွန်းတစ်ခု..။ငါ မင်းရဲ့ မေးခွန်းတစ်ခုကို ဖြေပေးမယ်..။ဒီတော့ မမေးခင်မှာ သေချာစဉ်းစားပါ..”
ဆန်နီ အချိန်အတော်ကြာတဲ့အထိ ဘာမှပြန်မပြောပဲ..အလင်းပြန်နေတဲ့ လရောင်ကိုသာ စိုက်ကြည့်နေခဲ့တယ်..။သူ့မျက်နှာက လေးနက်နေခဲ့ပြီး..မျက်လုံးထဲမှာ အရိပ်တွေ ရွေ့လျားနေခဲ့ပါတယ်..။
မိနစ်အနည်းငယ်ကြာအောင် တိတ်ဆိတ်နေပြီးတဲ့နောက်မှာတော့..သူက နောက်ဆုံးမှာ နိုတစ်ကို မျက်မှောင်ကျုတ်ပြီး ကြည့်လိုက်တယ်..။
“..ဒါဆိုလည်း ကျွန်တော့်ကို တစ်ခုပဲ ပြောပြတော့..။ဘာလို့ နေနတ်ဘုရားက မျှော်လင့်ချက်ရဲ့ နိုင်ငံတော်ကို ဖျက်ဆီးခဲ့တာလဲ..”
အင်မော်တယ်က မျက်ခုံးပင့်တင်သွားခဲ့ပြီး နောက်ကို မှီကာ ရယ်မောပါတော့တယ်..။
“လနတ်ဘုရားတို့…ကမ္ဘာပေါ်မှာမေးခွန်းတွေ အများကြီး ရှိတဲ့အထဲမှာမှ..မင်းက ဒီမေးခွန်းကိုပဲ မေးချင်နေခဲ့တာပေါ့..။ဟုတ်တယ်မလား..”
သူ ခေါင်းခါယမ်းလိုက်ပြီး..အဝေးကို ကြည့်လိုက်တယ်..။
“ကောင်းပြီလေ..သဘောတူထားတာက သဘောတူထားတာပဲ..။ပြီးခဲ့တဲ့ ရာစုနှစ်တွေ အတွင်းမှာတစ်ခြားလူတွေ ဒီမေးခွန်းကို ဖြေကြတဲ့ အဖြေကိုပဲ ငါမင်းကို ပြန်ဖြေပေးမယ်..။တစ်ချို့က သူမက ဒဲလ်မွန် တစ်ယောက်ဖြစ်နေတာကြောင့်လို့ပြောကြတယ်..။တစ်ချို့က သူမက အရမ်းစွမ်းအားကြီးလွန်းနေလို့လို့ ပြောကြတယ်..။သူမက အရမ်းကို မာနကြီးလို ၊ ဒါမှမဟုတ် အရမ်းကို တောက်ပနေလို့ ၊ နေနတ်ဘုရားထက်တောင် ပိုပြီး ကျော်ကြားနေလို့လို့ ပြောကြတယ်..။ဒါပေမဲ့ သူတို့ အားလုံးက မှားနေကြတယ်လေ..။အမှန်တော့…အနည်းဆုံးတော့ ငါ အမှန်လို့ ထင်တဲ့အရာကပေါ့..။..မျှော်လင့်ချက်က အရမ်းစွမ်းအားကြီးလို့ ၊ အရမ်း မာနကြီးလို့..ဒါမှမဟုတ် အရမ်းတောက်ပနေလို့ အပြစ်ပေးခံရတာ မဟုတ်ဘူး..”
သူ တစ်ခနလောက် ငြိမ်သက်နေပြီးကာမှ..သက်ပြင်းချလိုက်တယ်..။
“..သူမက ကိုးကွယ်ခြင်း ခံခဲ့ရလို့..အပြစ်ပေးခံလိုက်ရတာပဲ..”
အပိုင်း ( ၆၉၀ ) ပြီး၏။