ဆင်းရဲဒုက္ခ
Vol. 1 Ch. 369
ညှိနှိုင်းခြင်းသည် ပြီးဆုံးသွားပြီ ဖြစ်သော်လည်း ပြဿနာမှာ ၎င်းကို အကောင်အထည်ဖော်ရန် ဖြစ်သည်။
ရှန်မိနိုင်ငံ၏ ဘုရင်သည် ညကို လီဖေးနန်းဆောင်တွင် ကုန်ဆုံးပြီး စုန်းဧကရီ၏ နန်းဆောင်ထံသို့ မလာလောက်တော့ပေ။ နောက်တစ်နေ့ နံနက်တွင် သူသည် မှူးမတ်အားလုံးကို ဦးဆောင်၍ စုန်းနတ်ဘုရားတောင်သို့ သွားရောက်ကာ စုန်းနတ်ဘုရားကို ဂါရဝပြုပွဲ အခမ်းအနား ကျင်းပပေးလိမ့်မည်။
စုန်းဧကရီသည် နောက်တစ်နေ့တွင် ယွင်ဖေးနှင့် ယွင်ရှန်းကို သတ်ဖြတ်ရန် အစီအစဉ် ချထားခဲ့သည်။ ထို့ကြောင့် သူမသည် လွန်ခဲ့သည့် နှစ်ရက်တည်းက သူမနေမကောင်း၍ နန်းတော်ထဲတွင် အနားယူရန်လိုအပ်သည်ဟု ပြောထားခဲ့သည်။ ယခု မင်းကြီးသည် သူမထံ ကိုယ်တိုင် လာတွေ့သွားခဲ့သည်။ ထို့ကြောင့် ကျန်းရီ၏ 'မင်းကြီးနှင့် ငွေပန်းပွင့် အဘွားအို စုန်းနတ်ဘုရားတောင်သို့ ရောက်နေချိန်တွင် စုန်းဧကရီကို ထိန်းချုပ်၍ ယွင်ဖေးနှင့် ယွင်ရှန်းကို ကယ်တင်ရန်'ဟူသော အစီအစဉ်သည် လုပ်ဆောင်ရန် ဖြစ်နိုင်လေသည်။ ထို့နောက် ရှန်မိမြို့နှင့် ဝေးရာသို့ သူတို့ထွက်သွားကြမည်။
နောက်တစ်နေ့တွင် ရှန်မိမြို့မှ စွမ်းအားမြင့်သူအားလုံး မြို့ပြင်သို့ ထွက်ကြလိမ့်မည်။ ကျန်းရီသည်လည်း စုန်းဧကရီနှင့် ပူးပေါင်းခြင်းဖြင့် ယွင်ဖေးနှင့်ယွင်ရှန်းကို သွေးမြေကျစရာမလိုဘဲ ကယ်တင်နိုင်လိမ့်မည်။ ကျန်းရီသည် ဟဲလောင်အား မြစိမ်းကြည်လင် ပန်းအိုးအတွင်းမှ ထုတ်ပေးလိုက်သည်။ ထို့နောက် စုန်းဧကရီထံမှ အခြေအနေ အချို့ကို စစ်မေးပြီးနောက် နှစ်ယောက်သားမှာ စိတ်လှုပ်ရှားနေကြသည်။ အစီအစဉ်မှာ ထိုမျှ ချောမွေ့နေမည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။
"ဟက်..."
ကျန်းရီနှင့် ဟဲလောင် ပြုံးနေကြသည်ကို မြင်လျှင် စုန်းဧကရီသည် လှောင်ရယ်လိုက်သည်။
"ငါ့ရဲ့ သက်တော်စောင့်တွေက အပြင်မှာ စောင့်နေကြတယ်၊ ကုန်းကုန်းတွေနဲ့ နန်းတွင်းအစေခံလေးတွေရောပဲ။ အချိန်ခဏလေးဆို သံသယ မဝင်လောက်ပေမယ့် ငါဒီမှာ တစ်ညလုံးနေမယ်ဆိုရင် သူတို့ သံသယဝင်လာကြလောက်တယ်။ မင်းတို့ ငါ့ကို ငါ့နန်းဆောင်ဆီ ပြန်ပို့ပေးဖို့ နည်းလမ်းရှာတာ ကောင်းလိမ့်မယ်"
"အမ်..."
ကျန်းရီနှင့် ဟဲလောင်၏ အပြုံးများမှာ အေးခဲသွားခဲ့သည်။ သူတို့သည် ထိုကိစ္စကို မေ့သွားကြခြင်းဖြစ်သည်။ အပြင်မှ အစေခံများသည် စိတ်ပူလာကြပြီး မင်းကြီးအား လျှောက်တင်လိုက်လျှင် လက်ရှိကောင်းမွန်နေသည့် အခြေအနေမှာ ပျောက်ကွယ်သွားလိမ့်မည်။
ပြဿနာသည် စုန်းဧကရီအား သူမ၏ နန်းဆောင်ထံ ပြန်ပို့ရန် ဖြစ်သည်။ သူတို့သည် သူမအား ဤကြိုးချည်ထားသည့် ပုံစံအတိုင်း လွှတ်လိုက်ရမည်လော။ ကုန်းကုန်းအချို့သည် မင်းကြီး၏ လူများ ဖြစ်နေကြလျှင် သူတို့၏ အစီအစဉ်၏အား လွှတ်ပစ်လိုက်ရတော့မည်ဖြစ်သည်။
သူမအား ကြိုးချည်မထားပါက အပြင်သို့ ရောက်ရောက်ချင်း သူမ အကူအညီတောင်းလိုက်လျှင် မည်သို့လုပ်မည်နည်း။ စုန်းဧကရီသည် အလွန်ပါးနပ်၍ ဉာဏ်များအား အရာအားလုံး အဆင်ပြေပြေပြီးမြောက်သွားရန် သူတို့မည်သို့လုပ်ရမည်နည်း။ သူမအပေါ် စိတ်ဝိဉာဉ် ရှာဖွေခြင်းသုံး၍ ရုပ်သေးအဖြစ် ပြောင်းလိုက်မည် ဆိုလျှင်ရော...မဖြစ်နိုင်ပေ။ သူမသည် လျှိုမိန်းကလေးနှင့်အတူပေ။ သူမအား စောင့်ကြည့်နေကြသူ အများကြီးရှိသည်။ သူမ၏မျက်လုံးများ ဗလာဖြစ်နေပြီး အသက်မဲ့နေပါက အလွယ်တကူ သတိပြုမိခံရနိုင်သည်။
"သိပြီ"
ဟဲလောင်၏ မျက်ဝန်းများ တောက်ပလာခဲ့သည်။ သူသည် ဝတ်ရုံရင်ဘတ်ထဲမှ ကြည်သယောင်ယောင် ဖြစ်နေသည့် ဆေးတစ်လုံးထုတ်၍ ကျန်းရီအား ပေးလိုက်သည်။
"ဒါက ကျွန်တော်တို့ ဂိုဏ်းကလုပ်ထားတဲ့ အထူးအဆိပ်တစ်မျိုးပဲ။ ကျွန်တော်တို့ဆီက ဖြေဆေးမရရင် ဆေးလုံးသောက်ထားတဲ့သူက သုံးရက်အတွင်း သွေးတွေအဖြစ် ပျော်ကျသွားလိမ့်မယ်။ ဗာဂျရာအဆင့်တောင် အဲ့ဒါကို မကုသနိုင်ဘူး။ သခင်လေးရီ...သူမကို ဒီအဆိပ်တိုက်လိုက်ပါ။ သူမ ကျွန်တော်တို့ကို သစ္စာဖောက်ရင်တောင် ကျွန်တော်တို့ အချည်းနှီး သေသွားစရာမလိုဘူး။ သူမပါ သေလိမ့်မယ်"
ကျန်းရီသည် ဟဲလောင်အား ခေါင်းငြိမ့်ပြလိုက်ပြီး စုန်းဧကရီထံ ကြည့်ကာ ပြောလိုက်သည်။
"ခင်ဗျားကိုယ်တိုင်သောက်မလား...ကျုပ် ကူညီပေးရမလား"
စုန်းဧကရီသည် ကိုယ်ကို ကျုံ့လိုက်ပြီး အံကြိတ်၍ ပြောလာခဲ့သည်။
"ငါမင်းတို့ကို ဝေးရာဆီ ပို့ပေးပြီးရင် ငါ့ကိုဖြေဆေးပေးမှာ သေချာလား...မင်းတို့ ငါ့ကို ဘေးကင်းအောင် ထားပါ့မယ်လို့ ကျိန်ဆိုရမယ်။ မဟုတ်ရင် ငါအခုချက်ချင်း သေလိုက်မှာ"
"ကောင်းပြီ"
ကျန်းရီသည် စုန်းဧကရီအား သေစေချင်နေသော်လည်း သေချာစဉ်းစားကြည့်လိုက်သော် ယွင်ဖေးနှင့်ယွင်ရှန်းကို ကယ်တင်ရန်သာ ပိုအရေးကြီးသည်ဟု တွေးမိသွားခဲ့သည်။ သူသည် ချက်ချင်းကျိန်ဆိုပြလိုက်သည်။
"ကျန်းရီ...မင်းငါ့ကို လိမ်ရင် ငါသရဲအဖြစ်နဲ့ မင်းကိုလိုက်နှောင့်ယှက်မှာ"
စုန်းဧကရီသည် ကျန်းရီအား စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး အံကြိတ်၍ အဆိပ်ကို ပါးစပ်ထဲထည့်လိုက်သည်။ ဆေးလုံးသည် သူမပါးစပ်ထဲသို့ ရောက်ရောက်ချင်း အရည်ပျော်သွားခဲ့သည်။ စုန်းဧကရီသည် အမူအရာမဲ့စွာ စကားပြောလာခဲ့သည်။
"အခု ငါ့ကို ကြိုးဖြေပေးတော့...ငါ့ရဲ့ ရှေးဟောင်းနတ်ဘုရားလက်စွပ်ကိုလည်း ပြန်ပေး"
"ခင်ဗျား ဘာလုပ်ဖို့ ကြံနေတာလဲ"
ကျန်းရီသည် ချက်ချင်း သတိအနေအထား ဖြစ်သွားခဲ့သည်။ ရှေးဟောင်းနတ်ဘုရား လက်စွပ်ထဲတွင် ဘာရှိသည်မှန်း သူတို့မသိပေ။ စုန်းဧကရီသည် ပရိယာယ်ဆင်၍ သူ့ကို ပြန်ထိန်းချုပ်လျှင် မည်သို့လုပ်မည်နည်း။
"ငါက ဘာလုပ်နိုင်မှာမို့လဲ"
စုန်းဧကရီသည် မျက်လုံးလှန်ပြရင်း ပြောလာခဲ့သည်။
"မင်းက ငါ့ကို ဒီပုံစံအတိုင်း ထွက်သွားခိုင်းမလို့လား။ ဒီဧကရီက သန့်ရှင်းတဲ့ အဝတ်အစားတွေ လဲရဦးမယ်။ မင်းလည်း လဲဖို့လိုတယ်...မဟုတ်ရင် ငါ့အစေခံတွေ သံသယဝင်ကုန်လိမ့်မယ်"
"အိုး.."
ကျန်းရီသည် ရှက်ရွံစွာ နှာခေါင်းကုတ်လိုက်သည်။ သူသည် တစ်ခဏစဉ်းစားကြည့်ပြီးနောက် ဟဲလောင်အား ပြောလိုက်သည်။
"ငါမင်းကို မြစိမ်းကြည်လင်ပန်းအိုးထဲ အရင်ထည့်ထားမယ်။ တစ်ခုခုဖြစ်လာရင် ငါတစ်ယောက်တည်းက ပိုပြီးဘေးကင်းလိမ့်မယ်"
ဟဲလောင်သည် ခေါင်းငြိမ့်လိုက်သည်။ ကျန်းရီသည် စုန်းဧကရီနှင့် လိုက်သွားပါက အခြေအနေ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်သည်။ သူ ကျန်းရီနောက် လိုက်သွားပါက အကူအညီမဖြစ်သည့်အပြင် ကျန်းရီအား ဆွဲချသလိုပါ ဖြစ်သွားနိုင်သည်။
ကျန်းရီသည် ဟဲလောင်အား မြစိမ်းကြည်လင်ပန်းအိုးထဲတွင် သိမ်းလိုက်ပြီးနောက် စုန်းဧကရီအား ကြိုးဖြေပေးလိုက်ပြီး ရှေးဟောင်းနတ်ဘုရားလက်စွပ်ကိုပါ ပြန်ပေးလိုက်သည်။ သူသည် တိုက်ခိုက်ရန် မီးနဂါးဓားကို အဆင်သင့်ပြင်ထားလိုက်သည်။
ရှေးဟောင်းနတ်ဘုရားလက်စွပ်သည် တောက်ပလာခဲ့ပြီး စုန်းဧကရီသည် လက်စွပ်ထဲမှ သူမ၏ဝတ်စုံနှင့် တစ်ပုံစံတည်းတူသည့် ဝတ်စုံကို ထုတ်ယူလိုက်သည်။ သူမ၏ လက်များမှာ သွေးများ ပေကျံနေသည့်အတွက် ဝတ်စုံအား သွေးများ စွန်းပေသွားခဲ့သည်။ သူမသည် မျက်မှောင်ကျုံ့ရင်း ကျန်းရီအား မေးလာခဲ့သည်။
"မင်းမှာ ရေရှိလား။ ဒီဧကရီရဲ့ တစ်ကိုယ်လုံးမှာ သွေးတွေချည်းပဲ...ဘယ်သူမဆို အနံ့ခံမိနိုင်တယ်"
"အာ..."
ကျန်းရီသည် နှာခေါင်းကုတ်ရင်း မီးဝိဉာဉ်ပုလဲထဲမှ ရေအိတ်အတော်များများ ထုတ်၍ ပစ်ပေးလိုက်သည်။
"မြန်မြန်လုပ်...ဉာဏ်များဖို့ မကြံနဲ့"
စုန်းဧကရီသည် ကျန်းရီအား လှောင်သလို ကြည့်လိုက်ပြီး စတင်၍ အဝတ်ချွတ်လိုက်သည်။ ကျန်းရီ၏ အသက်ရှူသံများမှာ မြန်ဆန်လာခဲ့သည်။ ယခုလေးတွင် သူသည် လျှိုမိန်းကလေး၏ ဖျားယောင်းမှု ခံခဲ့ရသည်။ ယခု နိုင်ငံတစ်ခု၏ ဧကရီသည် သူရှေ့တွင် အဝတ်များ ဖယ်ရှားကာ သူမကိုယ်ကို ဖြည်းဖြည်းချင်း သန့်စင်နေခဲ့သည်။ မြင်ကွင်းမှာ သူ့အား ထိန်းချုပ်မှု လွတ်စေလုနီးပါးပင်။
ပြဿမှာ သူသည် စုန်းဧကရီ တစ်ခုခု ကြံစည်မည်ကို စိုးရိမ်၍ သူမ၏ လှုပ်ရှားမှုတိုင်းကို သေချာစောင့်ကြည့်နေရခြင်းဖြစ်သည်။
စုန်းဧကရီသည် အလွန်လှပသော်လည်း လျှိုမိန်းကလေးလောက် ဆွဲဆောင်မှုမရှိပေ။ သို့သော် သူမတွင်လည်း ပြီးပြည့်စုံသည့် ကိုယ်လုံးကိုယ်ပေါက် ရှိလေသည်။ သူမအသက်သည် သုံးဆယ်ခန့်ဖြစ်သော်လည်း မိန်းမငယ်တစ်ယောက်၏ ခန္ဓာကိုယ်မျိုး ရှိနေသေးသည်။ သူမ၏ သေးသွယ်သောခါး၊ ပြည့်ဖြိုးသည့် ရင်အစုံနှင့် စွင့်ကားသည့် တင်တို့မှာ အကွေ့အကောက်တို့ဖြင့် ဆွဲဆောင်မှုရှိလှသည်။ သူမ၏ လက်ချောင်းသွယ်သွယ်များသည် အရေပြားပေါ်တွင် ခပ်ဖွဖွ ပွတ်သပ်နေသည်မှာ ထိရုံလေးဖြင့် ခြစ်ရာထင်သွားတော့မည့်အလား။ မြင်ကွင်းသည် မည်သည့်အမျိုးသားကိုမဆို ရူးသွပ်သွားစေနိုင်လောက်သည်။
စိတ်အေးအေးထား...ကိုယ့်စိတ်ကိုယ်ထိန်းစမ်း...အာရုံခံစားမှုတွေက ဘာမှမဟုတ်ဘူး၊ ဘာမှမဟုတ်တာက အာရုံခံစားမှု....
ထိုအခိုက်အတန့်တွင် ကျန်းရီသည် ငရဲတွင် ဆင်းရဲဒုက္ခ ခံနေရသည့်ပမာ ခံစားနေရသည်။ သူသည် အကြည့်လွှဲလိုက်ချင်နေသော်လည်း အကြည့်မလွှဲရဲပေ။ သူ့ကိုယ်မှ အာရုံခံစားမှုတို့သည် သူ့ရှေ့ရှိ အရသာရှိမည့် သတ္တဝါလေးကို ခုန်အုပ်လိုက်ရန် လှုံ့ဆော်နေသော်လည်း သူ့အသိစိတ်တု့ိက သူ့အား ငြိမ်ငြိမ်ရပ်နေရန် ပြောနေခဲ့သည်။
ဤသို့ဖြင့် ကျန်းရီသည် အလွန့်အလွန် ရှည်လျားလှသည့် ဆယ်မိနစ်ခန့်ကို ဆင်းရဲဒုက္ခ ခံစားရင်း ကျော်ဖြတ်လိုက်ရသည်။ စုန်းဧကရီသည် သူမကိုယ်သူမ ဆေးကြောသန့်စင်ပြီးနောက် ဝတ်စုံအသစ်တစ်ခုကို ဝတ်ဆင်လိုက်သည်။ ထိုအခါမှသာ ကျန်းရီ သက်ပြင်းချနိုင်သည်။ ထိုအချိန်ပိုင်းလေးအား ကျန်းရီမှာ တစ်နှစ်ခန့် ကုန်ဆုံးသွားပြီဟုပင် ခံစားမိလိုက်သည်။ သူ့ကျောပြင်တွင်လည်း ချွေးများ စိုရွှဲနေခဲ့သည်။
စုန်းဧကရီသည် သူမ၏ ကိုယ်ပိုင် ရေချိုးကန်ထဲတွင် ရေချိုးနေသည့်အလား အစမှအဆုံးတိုင် တည်ငြိမ်နေခဲ့သည်။ သူမ၏ ကျန်းရီထံ တစ်ချက်တစ်ချက် လှမ်းကြည့်သော အကြည့်များတွင် လှောင်ရိပ်များ အပြည့်ပါနေခဲ့သည်။
"ဟုတ်ပြီ...မင်းဒါကို ဝတ်လိုက်"
စုန်းဧကရီသည် ရှေးဟောင်းနတ်ဘုရားလက်စွပ်ထဲမှ အနက်ရောင်ဝတ်စုံတစ်ခုအား ထုတ်လိုက်ပြီး လက်စွပ်နှင့် ဝတ်စုံကို ကျန်းရီထံ ပစ်ပေးလိုက်သည်။ သူမသည် အဖမ်းခံထားရပြီး အဆိပ်ပါသောက်ထားရသော်လည်း ထိတ်လန့်ကြောက်ရွံ့ဟန် တစ်စက်လေးတောင် မပြပေ။
ကျန်းရီသည် အလျင်အမြန် ကိုယ်လက်သန့်စင်လိုက်ပြီး အနက်ရောင်ဝတ်စုံကို ဝတ်လိုက်သည်။ ထို့နောက် သူသည် နံရံဘက်သို့ လျှောက်သွားလိုက်ပြီး တံခါးထွက်ပေါ်လာစေသည့် ယန္တရားကို ဖွင့်လိုက်သည်။ ထို့နောက် ခပ်တိုးတိုးပြောလိုက်သည်။
"တစ်ခုခု ကြံစည်ရင် အကျိုးဆက်ကို မင်းသိစေရမယ်"
"ဟက်"
စုန်းဧကရီသည် အေးစက်စွာ လှောင်ပြောင်လိုက်ပြီး ခေါင်းမော့၍ ထွက်သွားခဲ့သည်။ ကျန်းရီသည် သူမနောက်မှ လိုက်သွားလိုက်သည်။ သူတံခါးအပြင်သို့ ခြေလှမ်းလိုက်သည့် ခဏတွင် သူ့မျက်နှာမှာ အရှင်ချောင်၏ မျက်နှာအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထို့နောက် သူသည် တံခါးအား ပြန်ပိတ်လိုက်သည်။
"ငါ့နန်းဆောင်ကိုပြန်မယ်။ အရှင်ချောင်...ငါ့နောက်လိုက်ခဲ့...ငါမင်းကို ပြောစရာရှိတယ်"
စုန်းဧကရီသည် မည်သို့မှ မကြံစည်ခဲ့ပေ။ ခန်းမမှ ထွက်ခွာလာခဲ့ပြီးနောက် သူမသည် ခမ်းနားသည့် ရထားလုံးပေါ် တက်လိုက်ပြီး ကျန်းရီကိုပါ ရထားလုံးပေါ် တက်စေလိုက်သည်။ ကုန်းကုန်းများနှင့် နန်းတွင်းအစေခံလေးများမှာ ဒူးထောက်လျက်အတိုင်း ရှိနေကြပြီး ဘာကိုမှ သံသယမဝင်ခဲ့ကြပေ။
ရထားလုံးသည် စုန်းဧကရီ၏ နန်းဆောင်ထံ ရောက်ရှိသွားခဲ့ပြီး သူမ၏ အိပ်ဆောင်အထိပါ ဝင်သွားခဲ့လေသည်။ မူမမှန်သည့်အရာ မတွေ့မှသာ ကျန်းရီမှာ စိတ်အေးသွားခဲ့သည်။ စုန်းဧကရီသည် သူမသေလျှင် ယွင်ချီကို စောင့်ရှောက်မည့်သူ မရှိဟု တွေး၍ သေရမည်ကို ကြောက်နေပုံရသည်။ သူမသည် ကျန်းရီနှင့် စိတ်ပါလက်ပါ ပူးပေါင်းပေးနေခဲ့သည်။
"ငါအခု အိပ်ရာဝင်တော့မယ်"
စုန်းဧကရီသည် အိပ်ခန်းထဲသို့ ဝင်သွားလိုက်ပြီး အစေခံလေးများကို ထွက်သွားခိုင်းလိုက်လေသည်။ ထို့နောက် ကျန်းရီထံ လှည့်ကြည့်၍ ပြောလာခဲ့သည်။
"ကိုယ်စားအုပ်ချုပ်သူ...မနက်ဖြန်မနက် မင်းကြီးထွက်သွားပြီးရင် ငါ့ကိုနှိုးလိုက်၊ ပြီးရင် ယွင်ဖေးနဲ့ ယွင်ရှန်းကို ကယ်ဖို့ ငါကူညီပေးပြီး မြို့ပြင်ရောက်အောင် လိုက်ပို့ပေးမယ်။ ဟက်...ကိုယ်စားအုပ်ချုပ်သူက မကောင်းတဲ့အတွေးတွေ မတွေးဖို့ အကြံပေးပါရစေ။ မင်းက ဒီဧကရီရဲ့ ကိုယ်ကို မတော်မလျော် လုပ်ဖို့ကြံရင် မင်းရဲ့နုပျိုမှုတွေ ဒီဧကရီစုပ်ယူတာ ခံရချင်ခံရနိုင်တယ်"
သေစမ်း...
ကျန်းရီသည် အံကြိတ်၍ အသံတိတ် ဆဲရေးလိုက်သည်။ သူသည် စုန်းဧကရီကို ရိုက်ပစ်ချင်စိတ် တဖွားဖွား ပေါ်လာခဲ့သည်။ သူမသည် သူဘာမှမလုပ်ရဲကြောင်း သိရက်နှင့် တမင်ပြောသွားခဲ့သေးသည်။ သူမသည် သူ့အား တစ်ညလုံး ဒုက္ခခံနေစေချင်ကြောင်း ထင်ရှားသည်။
*****