← Chapters

အခန်း (၁၅၁-၁၅၅)

Vol. 6 Ch. 151-155

အခန်း (၁၅၁-၁၅၅)

Vol. 6 Ch. 151-155

အခန်း-၁၅၁ ကျန်းကလန်တွင် ရင်းနှီးမြှုပ်နှံခြင်း၂။

“ရိုးရိုးလေးပါ။ ကျွန်တော့်ရဲ့ ကျောက်စိမ်းသတ္ထုရိုင်းတစ်ခုစာနဲ့ လဲပြီး ကျွန်တော်က ကျန်းကလန်ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်လာမှာဖြစ်တယ်။ ကျန်းကလန်က ကျောက်စိမ်းသတ္ထုရိုင်းတွေကို ကျွန်တော့်ဆီကနေ ရနေတဲ့အချိန်မှာ ကျွန်တော်က ကျန်းကလန်ရဲ့တခြားပိုင်ရှင် ဖြစ်လာမှာဖြစ်တယ်”

ဝမ်ချောင်က သူ၏လက်ညိုးကို မပြီး ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

“မဖြစ်နိုင်တာ”

ကျန်းကလန်မှ အကြီးအကဲနှစ်ဦးက တစ်ပြိုင်နက်ထဲ အံ့အားသင့်စွာ ရေရွတ်လိုက်တယ်။

“ကျွန်တော့်ကို ငြင်းဖို့ မလောပါနဲ့ ကျွန်တော်က ခင်ဗျားတို့ရဲ့ကျန်းကလန်ကို ယူဖို့ မကြံထားပါဘူး။ ကျန်းကလန်က ကျန်းမိသားစုတွေ ပိုင်ပါသေးတယ်။ ပြီးတော့ ခင်ဗျားတို့က စီမံခန့်ခွဲမှုမှာ အာဏာရှိနေဦးမှာပါ။ ဒါပေမဲ့ ကျွန်တော်က ကျန်းကလန်ရဲ့ ကိစ္စတွေမှာ ပြောပိုင်ခွင့်ရှိတယ်။ တခြားနည်းနဲ့ ပြောရရင် ကလန်ခေါင်းဆာင်တစ်ယောက်ရှိမယ့်အစား ကလန်ခေါင်းဆောင်အကြီးနဲ့ ကလန်ခေါင်းဆောင်အငယ်ဆိုပြီး ရှိမှာဖြစ်တယ်”

ဝမ်ချောင်က မထုံတတ်သေးဖြင့် ပြောလိုက်သည်။

“ဒီလိုဆိုရင်တောင်မှ ကျွန်တော်တို့က ဒါကို လက်မခံနိုင်သေးဘူး။ ဒါက ကျွန်တော်တို့ရဲ့နောက်ဆုံး အကန့်အသတ်ကို ကျော်သွားပြီ”

ကျန်းကျန်နှင့် ကျန်းချောင်တို့၏ ရင်ဘတ်များက နိမ့်လိုက်မြင့်လိုက်နှင့် ဖြစ်နေသည်။ သူတို့နှစ်ယောက်လုံးက ဝမ်ချောင်ကို ကျန်းကလန်၏ကိစ္စများတွင် စိတ်ဝင်စားလိမ့်မည်ဟု ထင်မထားပေ။

“အဲလိုလား”

ဝမ်ချောင် သူတို့နှစ်ယောက်ကို ကြည့်လိုက်ပြီး ရယ်လိုက်တယ်။

“မင်းတို့နှစ်ယောက်က အခု သတ္ထုရိုင်းသံမဏိရဲ့ လက်ရှိအခြေအနေကို သတိထားမိကြလိမ့်မယ်လို့ ကျွန်တော်ယုံတယ်။ ဒီလဲလှယ်မှုကရမဲ့ အကျိုးအမြတ်က မမျှော်လင့်ထားနိုင်လောက်အောင် များတယ်။ သတ္ထုရိုင်းသံမဏိ လက်နက်တစ်ခုရဲ့ တန်ဖိုးက ခင်ဗျားတို့ရဲ့ ထိပ်တန်းဓားပေါင်းတစ်ရာလောက်ကို လွယ်လွယ်နဲ့ ရနိုင်တယ်။ ခင်ဗျားတို့က ကျွန်တော့်ဆီကနေ ကျောက်စိမ်းသတ္ထုရိုင်း ဆယ်ခုစာ ရပြီးတော့ အဲဒါတွေကို ထုလုပ်လိုက်မယ်ဆိုရင် အဲဒါတွေက ခင်ဗျားတို့ရဲ့ ထိပ်တန်းဓားပေါင်းတစ်ထောင်နဲ့ ညီမျှတယ်”

“တစ်နှစ်မှာ ၃၆၅ရက်ရှိတယ်။ ခင်ဗျားတို့ ကျန်းကလန်က ထိပ်တန်းဓားကို သုံးရက်နဲ့တစ်ခု ပြုလုပ်နိုင်လား”

ကျန်းချောင်နှင့် ကျန်းကျန်တို့က နောက်ဆုတ်သွားသည်။

မှန်ပေ၏။ ဝမ်ချောင် လျှောက်လှမ်းသည့်လမ်းက အမြင့်ဆုံးလမ်းဖြစ်ပြီး သူ၏ပစ္စည်းများမှရသော အကျိုးအမြတ်က သူ့ကို ကျန်းကလန်၊ ဟွမ်ကလန်၊ ချန်းကလန်နှင့် လုကလန်တို့ မထင်မှတ်ထားသည့် ပမာဏဖြစ်သည်။

ကျန်းကလန်၏ တစ်နှစ်လုံးရသည့် အကျိုးအမြတ်ကပင် သူ့ဆီမှ လက်နက်အချို့၏ဈေးနှုန်းကို မယှဉ်နိုင်ပေ။

အကယ်၍ သူတို့က ဝမ်ချောင်၏တောင်းဆိုချက်ကို လက်ခံလိုက်လျှင် ကျန်းကလန်က သူတို့ မျှော်လင့်သလောက် ဆုံးရှုံးမှာ မဟုတ်ပေ။

တကယ်တော့ သူတို့က ထိုအရာပေါ်မှ အကျိုးအမြတ်များများရမှာ ဖြစ်သည်။ ထိုသဘောတူညီမှုက သူတို့အတွက် ကောင်းသည့်အရာ ဖြစ်သည်။

သို့သော် သူတို့အတွက် ကလန်ခေါင်းဆောင်၏ အာဏာကို အကျိုးအမြတ်အတွက် လဲလှယ်ရမှာက အလွန်ခက်ခဲသည်။

“အဲဒါလည်း မရပါဘူး။ ချန်လူကြီးမင်း ကျွန်တော်တို့ လူကြီးမင်း တောင်းဆိုတာကို လက်မခံနိုင်ပါဘူး”

ကျန်းကျန်၏ အသွင်အပြင်က ဆိုးရွားလှသည်။

“မင်းတို့ရဲ့ မိုင်းတွင်းတွေက ကုန်တော့မှာ ဆိုရင်တောင်လား”

ဝမ်ချောင်သည် စားပွဲပေါ်က လက်ဖက်ရည်ကို မသောက်ခင် မေးခွန်းထုတ်လိုက်သည်။

ဟွမ်.. လောင်…

ဝမ်ချောင်၏အသံက သိပ်မကျယ်သော်လည်း သူတို့နှစ်ယောက်၏ နားထဲတွင် ထိုအသံက မိုးကြိုးပစ်သံနှင့် မခြားပေ။ သူတို့၏ မျက်နှာများက လုံးဝဖြူဖျော့သွားသည်။ သူတို့ ခန္ဓာကိုယ်တစ်လျှောက် အေးစက်သွားပြီး မထိန်းချုပ်နိုင်စွာ တုန်ယင်သွားစေသည်။

သူတို့နှစ်ယောက်သည် ဝမ်ချောင်ကို သရဲတစ်ကောင်ကို မြင်ရသကဲ့သို့ ကြောက်လန့်စွာ ငေးကြည့်နေကြသည်။

သူတို့၏ နှလုံးသားထဲတွင် သိမ်းထားသော လျှို့ဝှက်ချက်ကို သူတို့ မသိစေချင်ဆုံးလူက ပြောပြလိုက်ခြင်းဖြစ်သည်။

“ချောင်လူကြီးမင်း မင်း..”

ကျန်းချောင်သည် ဝမ်ချောင်ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေပြီးနောက် သူ၏တုန်ယင်နေသော နှုတ်ခမ်းမှ စကားများက ထွက်လာဖို့ ငြင်းဆန်နေသည်။

ကျန်းကလန်း၏ မိုင်းတွင်းနှင့် ပတ်သက်သည့် ပြဿနာက မကြာသေးမီကမှ သတိထားမိပြီးနောက် သူတို့က ချက်ချင်းပင် သတင်းကို ပိတ်ရန် ကြိုးစားခဲ့ကြသည်။ သို့သော် ဝမ်ချောင် ထိုအကြောင်းကို သိနေမည်ဟု တွေးမထားပေ။

“ဟဲဟဲ ကျန်းချောင်နဲ့ ကျန်းကျန် တကယ်လို့ ကျွန်တော် မမှားရင် ခင်ဗျားတို့ ကျန်းကလန်က သင့်တော်တဲ့ မိုင်းတွင်းတွေကို ဖွံ့ဖြိုးအောင် လုပ်ဖို့ ရှာမတွေ့သေးဘူးမလား။ တကယ်လို့ ခင်ဗျားတို့ အရည်အသွေးကောင်းတဲ့ သတ္ထုကို မရှာနိုင်ရင် လက်နက်ဈေးထဲမှာ ခင်ဗျားတို့ ကျန်းကလန်ရဲ့ဈေးကွက်နေရာက တခြားသူတွေ ယူသွားတာ ခံရလိမ့်မယ်။ ခင်ဗျားတို့ တခြားကလန်အသေးလေးတွေကနေ သတ္ထုတွေ ဝယ်ပြီး အချိန်ဆွဲလို့ရပေမဲ့ အဲလိုလုပ်နေတဲ့အချိန်မှာ တခြားကလန်တွေက အမြန်လိုက်လာမှာ”

“ဒါဆိုရင် မင်းတို့အားလုံးက မြန်မြန် ကျဆုံးသွားပြီးတော့ မင်းတို့ရဲ့ ငြင်းဆန်မှုကကလည်း မြန်ဆန်လိမ့်မယ်။ အဲဒါ ငါ မှန်တယ်မလား”

ဝမ်ချောင်က လက်ဖက်ရည်ခွက်ကို စားပွဲပေါ်၌ ချလိုက်ပြီးနောက် သူက အခြေအနေကို တည်ငြိမ်စွာဖြင့် ခွဲခြမ်းစိတ်ဖြာလိုက်သည်။

“မင်း ဘယ်လိုသိတာလဲ”

ဖြူဖပ်ဖြူရော် ဖြစ်နေသည့် သူတို့နှစ်ယောက်သည် သူတို့ရဲ့တည်ငြိမ်မှုကို ဆက်၍ မထိန်းနိုင်တော့ပေ။ ယင်းမှာ ကျန်းကလန်၏ အားနည်းချက် ဖြစ်ပြီး ဝမ်ချောင်ယခုပြောလိုက်သည့်အရာက အနှေးနှင့်အမြန် ဖြစ်လာနိုင်ကြောင်း သူတို့က တခြားသူများထက် ပိုသိပေသည်။

သူတို့သည် စျေးမှ ကြီးမားသည့် သတ္ထုရိုင်းပမာဏကို စတင်ဝယ်ယူကတည်းက သူတို့၏ မိုင်းတွင်းသည် တစ်ခုခု မှားယွင်းနေမှန်း တခြားကလန်များကို ပြောသည်နှင့် မခြားပေ။ ယင်းက သူတို့ကို ပြဿနာများစေလိမ့်မည်။

ထို့ကြောင့် သူတို့၏ သတ္ထုတင်သွင်းမှုကို အမြန်လျော့နည်းလာခြင်းလည်း ဖြစ်သည်။ ကျန်းကလန်က အလောတကြီး ဘာမှ မလုပ်ရဲပေ။

ဝမ်ချောင်သည် ရိုးရှင်းစွာ ပြုံးလိုက်ပြီး တိတ်ဆိတ်စွာဖြင့် တစ်ဖက်လူ၏ မေးခွန်းကို တုံ့ပြန်လိုက်သည်။

သူသည် ကျန်းကလန်၏ အကျပ်အတည်းကို သိနေသည်မှာ သေချာ၏။ ဆိုရလျှင် သူသည် ယခင်က ထိုအရာကို ကိုယ်တိုင်မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ အကယ်၍ သူသာ ဝင်မပါလျှင် ကျန်းကလန်၏ ကျဆင်းမှုက ရှောင်ဖယ်နိုင်မည် မဟုတ်ပေ။

သတ္ထုမရှိသည့် ဓားကလန်က အမြစ်မရှိသည့်သစ်ပင်နှင့် မခြားနားပေ။ ဝမ်ချောင်က သူက တစ်ဖက်လူအပေါ် အကျိုးကျေးဇူးယူနေသည်ဟု မထင်ပေ။ ထို့အစား သူက ကျန်းကလန်သို့ အသက်ကယ်ကြိုး ကမ်းလှမ်းနေသည်။

“မင်းတို့ ဒီကိစ္စအတွက် သေချာစဉ်းစားမယ်လို့ ငါထင်တယ်။ တခြားဓားကလန်တွေကလည်း ဒီပိုင်မုန့်ကို လိုချင်နေကြတာပဲ။ တကယ်လို့ ကျန်းကလန်သာ သတ္ထုရိုင်းသံမဏိကို ရနိုင်ခဲ့ရင် တခြားကလန်တွေကို ကျော်ပြီးတော့ နံပါတ်တစ်ဓားကလန် ဖြစ်လာမှာ သေချာတယ်”

“ဒီလို အရာမျိုးက ကမ္ဘာပေါ်မှာ အလကားဆိုပြီး မရှိဘူး။ ငါကလည်း ငါ့ရဲ့သတ္ထုရိုင်းကို မောင်ပိုင်စီးတာကို လက်လွှတ်လိုက်မယ်။ ငါကလည်း အဲဒီကနေ အကျိုးအမြတ်ရဖို့ မျှော်လင့်တာပဲ။ မင်းတို့ကိုယ်မင်းတို့ မေးကြည့်ပေါ့။ ကျန်းကလန်မှာ ငါ စိတ်ဝင်စားတဲ့အရာ ဘာရှိလို့လဲ။ ပိုက်ဆံလား။ ကျန်းကလန်က ငါ့လောက် ဝင်ငွေရှိလို့လား”

“မင်းတို့ နှစ်ယောက်မှာ ဒါကို ဆုံးဖြတ်ဖို့ အာဏာမရှိဘူးဆိုမှတော့ မင်းတို့ ပြန်ပြီးတော့ ကလန်ခေါင်းဆောင်နဲ့ ဆွေးနွေးသင့်တယ်။ မင်းတို့ ဆုံးဖြတ်ပြီးရင် ငါ့ကို လာရှာနိုင်တယ်”

ဝမ်ချောင်သည် တည်ငြိမ်စွာ ပြောလိုက်၏။

ထိုစီးပွားရေးသည် နှစ်ဦးနှစ်ဖက် အတူတူ လုပ်ချင်စိတ်ရှိမှသာ အလုပ်ဖြစ်မည် ဖြစ်၏။ ကျန်းကလန်တွင် အစုရှယ်ယာပါဝင်ခြင်းသည် ဝမ်ကလန်၏ ခွန်အားကို တိုးမြင့်စေနိုင်သော်လည်း ကျန်းကလန်မှ ပူးပေါင်းဆောင်ရွက်မှု မရှိပါက အချည်းနှီးသာ။

ဝမ်ချောင်သည် ထိုစီးပွားဖက်အတွက် မျှော်လင့်ချက်များရှိသည်။ ကျန်းကလန်သည် ကြီးမားသည့် ကပ်ဘေးကို ရင်ဆိုင်နေရပြီး ဖြေရှင်းချက်တစ်ခု အလျင်လိုနေသည်။ တစ်ဖက်တွင်လည်း သူတို့၏ လက်ရှိကပ်ဘေးကို ဖြေရှင်းနိုင်မည့် ကမ်းလှမ်းချက်တစ်ခု ရှိနေသည်။

ထိုအရာသည် သူတို့၏ ဝေစုအတွက် သူတို့အာဏာကို ခွဲဝေမပေးပါက ကျန်းကလန်အတွက် အဆင်မပြေနိုင်ပေ။ ထို့အပြင် သူတို့ကလန်အတွင်း ပြဿနာများကို အပြင်လူကို စွက်ဖက်ခွင့်ပြုတာခြင်းသည် သူတို့ လုံးဝ အပြင်းအထန် တားမြစ်နေစရာ မလိုပေ။ ထို့အပြင် ဝမ်ချောင်သည် အကျိုးရှိသည့် အပေးအယူကို ပြုလုပ်ခြင်းဖြစ်ပြီး သူတို့သည် ဤလဲလှယ်မှုအတွက် ဆုံးရှုံးမှုတစ်ခုမှ မရှိပေ။

ထိုနေ့လည်တွင် ကျန်းကန်၏ခေါင်းဆောင်က ဝမ်ချောင်ရှေ့သို့ ရောက်လာသည်။

“ချောင်လူကြီးမင်း ကျန်းကလန်ရဲ့ ရှယ်ယာဝင်သူ ဖြစ်လာတဲ့ ကိစ္စအတွက် လူကြီးမင်း လုပ်ပိုင်ခွင့် ဘယ်လောက် လိုချင်တယ်ဆိုတာကို ကျွန်တော်သိလို့ ရမလား။ ပြီးတော့ ကျန်းကလန်ရဲ့ ဘယ်အပိုင်းကို ကိုင်ထားချင်ပါသလဲ။ ပြီးတော့ ကျွန်တော်တို့ကို သတ္ထုရိုင်းသံမဏိ ဘယ်လောက် ကမ်းလှမ်းချင်ပါသလဲ”

ကျန်းကလန်ခေါင်းဆောင်က လိုရင်းကို တန်း၍ ပြောလိုက်သည်။

၎င်းသည် ဝမ်ချောင်အနေဖြင့် ကျန်းကလန်ခေါင်းဆောင်နှင့် ပထမဆုံးတွေ့ခြင်း ဖြစ်၏။ သူ၏ ယခင်ဘဝတွင် အသုံးအဖြုန်းကြီးသည့်လူတစ်ယောက် ဖြစ်ခဲ့ပြီး မျိုးနွယ်စုခေါင်းဆောင်များနှင့် တွေ့ရန် အရည်အချင်းမရှိခဲ့ပေ။

ဝမ်ချောင်က အရေးကြီးသည့် အနာဂတ် ပူးပေါင်းဆောင်ရွက်သူကို ဂရုတစိုက် အကဲခတ်လိုက်သည်။ ကျန်းကလန်ခေါင်းဆောင်က အဖြူရောင်ဝတ်စုံကို ဝတ်ထားပြီးနောက် သူ့တွင် သန့်ပြန့်သည့်ပုံစံရှိသည်။ သူက ခွန်အားကြီးသည့် ကလန်ခေါင်းဆောင် ရှိသင့်သည့် ပင်ကိုစရိုက်များ ပြည့်နေသည်။ ထို့ပြင် သူ၏စကားများနှင့် အပြုအမူများသည် တိကျပြတ်သားသည်။

မနက်ကတင် ဝမ်ချောင်က ကျန်းကျန်နှင့် ကျန်းချောင်ကို ပြန်လွှတ်လိုက်တာ ဖြစ်ပြီးနောက် နေ့လည်တွင် တစ်ဖက်လူက သူ၏တံခါးကို ခေါက်နေပြီ ဖြစ်သည်။

ကျန်းကလန်ကဲ့သို့ ကလန်များတွင် အမွေအနှစ်များစွာ ရှိပြီးနောက် သူတို့၏လုပ်ပိုင်ခွင့်အား အပြင်လူကို ပေးအပ်ခြင်းက လက်မခံနိုင်စရာ ဖြစ်သည်။ အကယ်၍ တခြားကလန်ဖြစ်လျှင် သူတို့က လက်ခံလျှင်တောင် ထိုအရာက အချိန်အတော်ကြာ လေးလေးနက်နက် စဉ်းစား တုံ့ဆိုင်းပြီးမှ လက်ခံမှာဖြစ်သည်။

သို့သော် ကျန်းကလန်ခေါင်းဆောင်က ဆုံးဖြတ်ချက်ကို အလျင်အမြန် ချလာနိုင်သည်။

ဤပြတ်သားမှုနှင့် ထိုးထွင်းသိမြင်မှုသည် သာမာန်လူတို့ ပိုင်ဆိုင်နိုင်သော အရာမဟုတ်ပေ။ ဤအချက်နှင့် ပတ်သက်၍ ဝမ်ချောင်သည် မှန်ကန်သော ဆုံးဖြတ်ချက်ချခဲ့သည်ဟု ခံစားရသည်။

“ရိုးရိုးလေးပါ”

ဝမ်ချောင်၏ နှုတ်ခမ်းစွန်းများက ကွေးသွားပြီးနောက် သူ၏မျက်ဝန်းထဲတွင် တောက်ပမှု အနည်းငယ် ထွက်ပေါ်လာသည်။ ဤထူးခြားသော ကလန်ခေါင်းဆောင်မဖြစ်မီ ဝမ်ချောင်သည် သူ၏ငယ်ရွယ်စဉ်က ရည်မှန်းချက်များကို တစ်ကြိမ် ထုတ်ဖော်ပြဖူးသည်။

“ကျွန်တော် ဒီနေ့ကစပြီး ကျန်းကလန်က ထုလုပ်တဲ့ လက်နက်တစ်ဝက်ကို လိုချင်တယ်။ တစ်ဝက်ကတော့ ကျွန်တော် ဝယ်မယ်။ ဒါ့အပြင် လက်နက်တွေ အကုန်လုံးကို ကျွန်တော့်ကိုပဲ ရောင်းရမယ်။ တကယ်လို့ ကျွန်တော်တို့ သဘောတူညီချက်တစ်ခုရရင် ကျွန်တော်က ကျန်းကလန်ကို အရင်းအမြစ်တွေ ပေးပြီး နောက်ထပ် နှစ်သုံးဆယ် အလုပ်လုပ်ပေးဖို့ တောင်းဆိုပါတယ်။ နှစ်သုံးဆယ်ပြီးရင် ကျန်းကလန်က သူတို့ရဲ့ နောက်လုပ်မယ့်အရာအတွက် လွတ်လွတ်လပ်လပ် လုပ်နိုင်ပြီ။ အဲဒီတော့ ကျွန်တော်က ကျန်းကလန်ထဲကနေ နှုတ်ထွက်ပြီး ခင်ဗျားကိုပဲ အကုန်ပြန်ပေးဖို့ ဆန္ဒရှိတယ်”

“နှစ်သုံးဆယ်လား”

ကျန်းကလန်ခေါင်းဆောင် လန့်သွားသည်။ သူသည် ဝမ်ချောင် အဘယ့်ကြောင့် လက်နက်များစွာ လိုသည်ကို နားမလည်နိုင်ပေ။ ကျန်းကလန်က သတ္ထုရိုင်းသံမဏိအဆင့် လက်နက်များကို ပြုလုပ်နိုင်စွမ်းရှိသော်လည်း ထိုအရာအပြင် သူတို့၏ အရည်အသွေးနှင့် အရေအတွက်က မြို့တော်ထဲတွင် သေချာပေါက် ထိပ်တွင်ရှိသည်။

ကျန်းကလန်၏ လုပ်ဆောင်နိုင်စွမ်းကို ပေးပြီး နှစ်သုံးဆယ် ဆက်တိုက် ပြုလုပ်ခြင်းက အံ့အားသင့်စရာ ကောင်းသည့် လက်နက်အရေအတွက်များ ရရှိလာမည် ဖြစ်သည်။

ကျန်းကလန်ခေါင်းဆောင်သည် ဝမ်ချောင်၏ ဆုံးဖြတ်ချက်ကို လိုက်မမီနိုင်ပေ။

“ငါ မင်းရဲ့ အခြေအနေတွေကို လက်ခံပေးမယ်”

ကျန်းကလန်ခေါင်းဆောင်က သံသယရှိသော်လည်း တုံ့ဆိုင်းခြင်းမရှိဘဲ လက်ခံလိုက်သည်။ ဝမ်ချောင်၏ တောင်းဆိုချက်က သူ ထင်ထားသည်ထက်ပို၍ နည်းပါးသည်။ ထို့အပြင် အကြောင်းတချို့ကြောင့် သူက သည်လူငယ်သည် အဘယ်ကြောင့် ကျန်းကလန်၏အခွင့်အာဏာကို စိတ်မဝင်စားဘဲ ကျန်းကလန် ပြုလုပ်သော လက်နက်များကိုသာ စိတ်ဝင်စားမှန်း သိသည်။

အဆုံးတွင် ရှယ်ယာအစုဝင်သူ ဖြစ်ရသည်က သူ၏ရည်ရွယ်ချက်ကို အခန့်သင့် ဖြည့်ဆည်းရန်သာဖြစ်သည်။

ကျန်းကလန်ခေါင်းဆောင်၏ ခေါင်းထဲတွင် နားမလည်နိုင်သော ဖော်မပြနိုင်သော ခံစားချက်တစ်ခု ထွက်ပေါ်လာသည်။

“ဒါပေမဲ့ အဲဒါပဲလား။ တခြား အခြေအနေတွေ မရှိဘူးလား”

ကျန်းကလန်ခေါင်းဆောင်က သံသယရှိစွာ မေးလိုက်သည်။ သူက ဝမ်ချောင်၏ရည်ရွယ်ချက်က ထိုမျှလောက် ရိုးရှင်းမှန်း မသိပေ။ ချိန်ဆကြည့်ပါက ကျန်းကလန်ဘက်မှ အလေးသာနေ၍ သူက သံသယဖြစ်ပေါ်လာသည်။

“ခင်ဗျားနဲ့ စကားပြောရတာ တကယ်လွယ်တာပဲ”

ဝမ်ချောင်က ရယ်လိုက်သည်။

“ရှန့်ဟိုင် အဲဒါကို ယူလာခဲ့”

ကျန်းကလန်ခေါင်းဆောင်သည် ရှန့်ဟိုင်က သစ်သားသေတ္တာကို သယ်လာသည်နှင့် သံဿယရှိစွာ ကြည့်လိုက်သည်။ ပြီးနောက် အဖုံးကို ဖယ်လိုက်သည်တွင် စာရွက်အနည်းငယ် ရှိနေတာကို သူ သတိထားမိသည်။

ကျန်းကလန်ခေါင်းဆောင်၏ စိတ်ရှုပ်ခြင်းက ပို၍ပင် ဆိုးဝါးသွား၏။

“ခင်ဗျား သေချာကြည့်သင့်တယ်”

ဝမ်ချောင် လက်ဟန်ခြေဟန် ပြလိုက်သည်။

ကျန်းကလန်ခေါင်းဆောင်က ခေါင်းညိတ်လိုက်သည်။ သူက ပထမဆုံးစာရွက်ကို ဂရုတစိုက် ယူလိုက်၍ ကြည့်လိုက်သည်။ တစ်ချက်ကြည့်ရုံဖြင့် ထိုအရာက သုံးမြှောင့်ချွန် အသွားသုံးခုပါသည့် ဓားပုံစံမှန်း သိလိုက်ရသည်။ သို့သော် ထိုအရာက ရိုးရာသုံးမြှောင့်ချွန် အသွားသုံးခုပါသည့် ဓားနှင့် အနည်းငယ် ကွဲပြားသည်။

ဝမ်ချောင် ဆွဲထားသည့် သုံးမြှောင့်ချွန် အသွားသုံးခုပါသည့် ဓားသည် သူ့ပတ်လည်တွင် အဆူးချွန်များ ရှိနေသည်။ ထိုအရာက ရိုးရာပုံစံမှ အဆင့်မြှင့်ထားမှန်း သိသာသည်။ ကြည့်လိုက်ရုံဖြင့် သူက သူ၏ကျောရိုးတစ်လျှောက်တွင် ကြက်သီးထသွားသည်။

ဒုတိယပုံစံ အတွက်မူ သူသည် ထိုအရာက ဘာမှန်းမသိပေ။ ထိုအရာက ကြီးမားသည့် သံမဏိနံရံနှင့် တူသော်လည်း လေးထောင့်ပုံသဏ္ဌာန်မှာ ၎င်းအနောက်တွင် ထိုသို့ ထပ်ရှိသေးသည့်နှယ်။

တတိယမြောက်ပုံစံက ဒုတိယပုံစံဖြင့် တူသော်လည်း ထိုအရာက သံမဏိနံရံပေါ်တွင် သံမှိုများစိုက်ထားသည်။

လေးခုမြောက်ပုံစံသည် သံမဏိနံရံ ဖြစ်သေးသည့်တိုင် အရွယ်မတူသည့် အပေါက်ငယ်များ ပြည့်နေ၏။

ပြီးနောက် ငါးခုမြောက်က လေးခုမြောက်နှင့် အနည်းငယ်ကွဲပြားသည်။

…

ပုံစံငယ်များကို လေ့လာရင်း ကျန်းကလန်ခေါင်းဆောင်က အံ့အားသင့်သွားသည်။ ဂုဏ်သိက္ခာကြီးမားသည့် ဓားကလန်ခေါင်းဆောင်အနေဖြင့် သူသည် ထူးဆန်းသည့်လက်နက်များနှင့် ပုံစံငယ်များစွာကို မြင်ဖူးသည်။

သို့သော် ပထမဆုံး သုံးမြှောင့်ချွန် အသွားသုံးခုပါသည့်ဓား ပုံစံငယ်ကလွဲ၍ သူ့က တခြားအရာများကို ခွဲခြားနိုင်စွမ်း မရှိပေ။

ထိုအံ့ဩစရာကောင်းသည့် နံရံနှင့်တူသည့် ပုံစံများ။ ကျန်းကလန်၏ခေါင်းဆောင်က ထိုအရာများကို ကြီးမားသည့် စက်ပစ္စည်းများအဖြစ် ခံစားနေရသည်။

ဝမ်ချောင်က သူတို့ကို အပိုင်းအစ အသေးလေးများအဖြစ် ခွဲထားသည်။

ကျန်းကလန်၏ခေါင်းဆောင်က နောက်ဆုံးပစ္စည်းက မည်သည့်ပုံစံမှန်း မသိသော်လည်း သူသိတာ တစ်ခုတော့ ရှိသည်။ ထိုအရာက သာမာန် လက်နက်မဟုတ်ပေ။

“စစ်ယန္တရားတွေ”

ပထမဆုံးပုံစံငယ်ကို ပြန်တွေးရင်း သူ၏စိတ်ထဲ အတွေးတစ်ခု ဖြတ်စီးသွားကာ တစ်ခုခုကို နားလည်သွား၏။ ပြီးနောက် သူ့မျက်နှာက တည်ငြိမ်သွားသည်။

******

paid group ရှိပါတယ်***

အခန်း-၁၅၂ ကို့ရို့ကားယားအခြေအနေ။

“ကျွန်တော့်တောင်းဆိုချက်တွေက ရိုးရှင်းပါတယ်။ တကယ်လို့ ကျွန်တော်တို့ သဘောတူညီမှုရရင် ကျန်းကလန်ကနေ ပုံစံငယ်ပေါ်က လက်နက်တွေကို နှစ်သုံးဆယ် ဆက်တိုက် ပြုလုပ်ပေးရမှာ တစ်ခုပဲ။ လက်နက်တွေကို ပုံစံငယ်ပေါ်မှာ ပြထားတဲ့ တစ်ခုချင်းစီတိုင်းကို ခင်ဗျားတို့ရဲ့ အကောင်းဆုံး အရည်အချင်းတွေနဲ့ ပြုလုပ်ပေးရမယ်။ သံမဏိအပိုင်းအစလေးတွေကို ခံနိုင်ရည်တောင့်ခံနိုင်စွမ်းအလွှာ ၁၀ခုနဲ့ ပြုလုပ်ရမယ်”

ဝမ်ချောင်သည် ကျန်းကလန်ခေါင်းဆောင် မည်သည့်အတွေးများ တွေးနေမှန်း မသိပေ။ သိလျှင်လည်း သူက ဂရုမစိုက်ချေ။

ဝမ်ချောင်သည် စားပွဲကို လက်ညိုးဖြင့် ပေါ့ပါးစွာ ခေါက်ပြီးနောက် စိတ်အေးလက်အေး ခံစားနေရသည်။

“ခံနိုင်ရည်အလွှာ ၁၀ခုတောင်လား၊ ကုန်ကျစရိတ်က သိပ်ကို ကြောက်ဖို့ကောင်းမှာပဲ”

ကျန်းကလန်ခေါင်းဆောင် မျက်မှောင်ကြုတ်သွားသည်။

သူသည် ဝမ်ချောင် ပုန်ကန်တော့မည်ဟု တွေးမိတော့မတတ်ပင်။ သို့သော် ခံနိုင်ရည်အလွှာ ဆယ်ခုကို ကြားလိုက်ရတော့ သူ အတွေးလွန်နေမှန်း သဘောပေါက်သွား၏။

“ခင်ဗျား အဲအတွက် မပူနဲ့၊ အညွှန်းထဲက စရိတ်ကို ကျွန်တော်ပေးမှာပါ”

ဝမ်ချောင်က တည်ငြိမ်စွာ ပြောလိုက်သည်။

ချို့တဲ့မှုများအားလုံးထဲတွင် ငွေအကြောင်းတော့ သူက မပူပေ။ အညွှန်းအတိုင်း စရိတ်က ကြီးမားသော်လည်း ဝမ်ချောင်၏ လက်ရှိငွေရေးကြေးရေ အခြေအနေက ပြဿနာမဟုတ်ပေ။

“ဒါဆို ကိစ္စမရှိပါဘူး။ ကျွန်တော်တို့က အညွှန်းအတိုင်း ပေးဖို့က အဆင်မပြေဘူး။ ဆက်ပြောပါ။ သတ္ထုရိုင်းသံမဏိကရော ဘယ်လိုလဲ”

ကျန်းကလန်ခေါင်းဆောင်က မေးလိုက်သည်။ သူက ဝမ်ချောင်ကို စိတ်ပူပန်မှုအပြည့်ဖြင့် ကြည့်နေသည်။

ယင်းက စာချုပ်တစ်ခုလုံးအနက် သူ အစိုးရိမ်ဆုံးအပိုင်း ဖြစ်၏။

ဝမ်ချောင်သည် ကျန်းကလန်အတွင်း ရှယ်ယာတစ်ခု ပိုင်ဆိုင်ပြီးနောက် နှစ်သုံးဆယ်စာ ထုတ်မပေးခဲ့လျှင်ပင် သူ စိတ်မဝင်စားပေ။ ကျန်းကလန် အစိုးရိမ်ရဆုံးမှာ ဝမ်ချောင် ဆုပ်ကိုင်ထားသော လျှို့ဝှက်ဆန်းကျယ်ပြီး အလွန် ရှာရခက်သည့် သတ္ထုရိုင်းသံမဏိကို ဖြစ်၏။

စာချုပ်တစ်ခုလုံးမှာ ဒါက သူအစိုးရိမ်ရဆုံးပဲ။

သူ့ရှေ့မှလူငယ် မည်မျှ ကြောက်ဖို့ကောင်းမှန်း အတွင်းစည်းမှ လူများသာ သိနားလည်နိုင်ပေမည်။

ငွေသုံးသိန်းသည် သူ စကားဆိုလိုက်ရုံဖြင့် လုံလောက်သောကြောင့် လုပ်ငန်းမှ လူများအားလုံးကို ရူးသွပ်သွားစေရန် လုံလောက်သည်။ ထိုအချိန်တွင် လက်နက်လဲလှယ်သူများ အားလုံးနီးပါးသည် ထိုလူငယ်ကို သူတို့၏ နတ်ဘုရားအဖြစ် သဘောထားကြတော့၏။

သူတို့အထဲမှ အများစုမှာ ထိုလူငယ်နှင့် အလုပ်အတူတူ လုပ်ရစေရန် လူသတ်ရမည် ဆိုလျှင်ပင် လုပ်နိုင်ကြပေသည်။

သို့သော် ထိုလူငယ်သည် လူမြင်ကွင်းတွင် ပေါ်လာသည်က ရှားပြီး ဝမ်ကလန်နှင့် အဆက်အသွယ် လုပ်နိုင်ရန်မှာလည်း မလွယ်ကူပေ။

သို့မဟုတ်ပါက ထိုလူငယ်သည် လက်နက်စျေးကွက်အတွင်း ကျင်လည်ရုံဖြင့် ဂုဏ်သတင်းက ချက်ချင်း တောက်ပလာမှာ အသေအချာပင်။

သတ္ထုရိုင်းသံမဏိနာမည်နှင့် တွဲ၍ ထိုအရှိန်အဝါက ကျန်းကလန် စိတ်ဝင်စားသည့်အရာ ဖြစ်၏။ အကယ်၍ သူတို့သာ အတူတူ အလုပ်လုပ်နိုင်ပါက သူတို့၏ ဂုဏ်သတင်းသည်လည်း သေချာပေါက် မြင့်မားလာပေလိမ့်မည်။ ဝမ်ချောင်ပြောသလိုပင် နံပါတ်တစ်ဓားကလန် ဖြစ်လာမည်က အိပ်မက်မျှသာ မဟုတ်တော့ပေ။

ယင်းမှာ ယနေ့ သူ ဤသို့ ရောက်လာရသည့် အဓိက အကြောင်းအရင်း ဖြစ်၏။

“ရိုးရှင်းပါတယ်။ ကျွန်တော်က ခင်ဗျားကို ကျောက်စိမ်းရိုင်းသတ္ထု အားလုံးအတွက် တစ်ကျင်းကို ရွှေနှစ်ထောင်နဲ့ ရောင်းမယ်။ ခင်ဗျား ဘယ်လောက် ဝယ်နိုင်မလဲ ဆိုတာက ခင်ဗျားကိစ္စပဲ။ ကျွန်တော်နဲ့ မဆိုင်ဘူး။ ဒါပေမဲ့ သတ္ထုရိုင်းသံမဏိဓားကို ရောင်းတဲ့အခါ အခြေအနေ နှစ်ခု ရှိတယ်။ ပထမတစ်ခုက ခင်ဗျားကျွန်တော့နာမည်ကို မသုံးရဘူး”

(၁၂.၅-၁၃ ကီလိုဂရမ်)

“ဒုတိယတစ်ချက်က ကျွန်တော်က ခင်ဗျားကို တစ်လမှာ သတ္ထုရိုင်းသံမဏိဓား ဘယ်နှစ်ချောင်း ရောင်းရမယ်ဆိုတာကို သတ်မှတ်ပေးမယ်။ တစ်လကို သတ္ထုရိုင်းသံမဏိဓား လေးချောင်းပဲ ရောင်းရမယ်။ တကယ်လို့ နောက်ပိုင်း အပြောင်းအလဲ ဖြစ်လာရင် ကျွန်တော် ပြန်အကြောင်းကြားလိုက်တယ်။ ဒီအတောအတွင်း သတ္ထရိုင်းသံမဏိဓားကို အင်ပါယာစစ်တပ်ကိုပဲ ရောင်းရမယ်”

ဝမ်ချောင်က ပြောလိုက်သည်။

“လေးချောင်းလား သိပ်နည်းလွန်းတယ်။ နည်းနည်းလောက် ထပ်တိုးပေးနိုင်မလား”

ကျန်းကလန်ခေါင်းဆောင်က မျက်မှောင်ကြုတ်၍ မေး၏။

“ဟက်.. မလုပ်နိုင်ဘူး”

ဝမ်ချောင် ပြုံးလိုက်သည်။ သူက ဆွေးနွေးရန် ပွင့်လင်းပုံရသော်လည်း သူ၏စကားလုံးများက လုံးဝ တိကျသည်။

“ရှားပါးမှုက ပစ္စည်းတစ်ခုရဲ့တန်ဖိုးကို ဆုံးဖြတ်တယ်။ တကယ်လို့ သတ္ထုရိုင်းသံဓားက ဈေးထဲမှာ သာမာန် ဖြစ်သွားခဲ့ရင် အဲဒါက အခု ဈေးနှုန်းကို ရနိုင်အုံးမယ်လို့ မင်းထင်နေတာလား။ ဒါပေမဲ့ ကျန်းကလန်ရဲ့ တာဝန်မကျေတဲ့သားက သတ္ထုရိုင်းသံမဏိလက်နက် တချို့ကို ဈေးကွက်ထဲကို ရံဖန်ရံဖါ ခိုးထုတ်ရင်လည်း ငါ မအံ့ဩပါဘူး။ မင်း လက်ခံလား”

“ဟဟ လူကြီးမင်းက တကယ် အမြော်အမြင်ကြီးတာပဲ။ စိတ်မပူပါနဲ့ ကျန်းကလန်က သေချာပေါက် ကျွန်တော်တို့ရဲ့ ကတိကို တည်မှာပါ”

ကျန်းကလန်ခေါင်းဆောင်သည် သူ့ရှေ့မှ လူငယ်၏ဉာဏ်ထက်မြက်မှုကို အထင်မကြီးဘဲ မနေနိုင်ပေ။

ဝမ်ချောင် ပြောသည့်အတိုင်း ရှားပါးမှုက ပစ္စည်း၏တန်ဖိုးကို ဆုံးဖြတ်သည်။ အကယ်၍ သတ္ထုရိုင်းသံမဏိဓားက ဈေးထဲတွင် ရုတ်တရက် ပေါ်လာလျှင် ဈေးက သေချာပေါက် ကျဆင်းသွားမှာ ဖြစ်သည်။ သို့သော် အကယ်၍ လက်နက်တစ်ခု သို့မဟုတ် နှစ်ခုက မှောင်ခိုဈေးကွက်တွင် ရံဖန်ရံခါ ပေါ်လာပါက သတ္ထုရိုင်းသံဓား၏ ဈေးနှုန်းကို မထိခိုက်စေရုံသာမက ၎င်းသည် ဈေးကွက်၏ဆန္ဒကိုပင် လှုံ့ဆော်ပေးနိုင်သည်။

တကယ်တော့ မှောင်ခိုးဈေးကွက်မှာ ဈေးနှုန်းတွေက အင်ပါယာစစ်တပ်ထက်တောင် ဈေးက မြင့်နိုင်ချေ ပိုများသည်။

ဒါက သူတို့အတွက် ရေရှည်တွင် သတ္ထုရိုင်းသံ ကုန်သွယ်မှုက အကျိုးအမြတ် အများဆုံးရရှိရန် အကောင်းဆုံး နည်းလမ်းဖြစ်သည်။ ထိုအချက်နှင့် ပတ်သက်ပြီး ထိုလူငယ်က ကိစ္စကို သေချာစဉ်းစားပြီးပြီဖြစ်သည်။

ကလန်အနည်းစုက သူနှင့်အကြံတူ ရှိသည်။

“နောက်ဆုံး ကိစ္စတစ်ခု ရှိတယ်။ ကျွန်တော်တို့ဆီမှာ ဒီအချိန်အတွင်း သုံးစရာ သတ္ထုရိုင်း မရှိဘူးဆိုတာ လူကြီးမင်း သိမယ်လို့ ကျွန်တော် ယုံကြည်တယ်”

ကျန်းကလန်‌ခေါင်းဆောင်က ထိုကိစ္စကို ပြောပြီးသည်နှင့် ခိုးကြည့်လိုက်သည်။

ကျန်းကလန်၏ မိုင်းတွင်းများက ပျက်စီးတော့မည်ဖြစ်ပြီးတော့ ယင်းက သူတို့ စီးပွားဖက်များအတွင်း ကျန်းကလန်၏ အကြီးဆုံး အားနည်းချက်ဖြစ်ပြီး အကြီးဆုံးပြဿနာဖြစ်သည်။ ကျန်းကလန်က ထိုကိစ္စသည် ဝမ်ချောင်၏ ဆုံးဖြတ်ချက်ကို လွှမ်းမိုးသွားမှာ စိုးရိမ်နေသည်။ ထို့ကြောင့် သူက ယင်းကိစ္စကို နောက်ဆုံးမှ ပြောခြင်းဖြစ်သည်။

“ဟ ဟ ဟ ….”

ဝမ်ချောင်က ကျယ်လောင်စွာ ရယ်လိုက်ပြီး စားပွဲနောက်တွင် ရပ်နေသည်။ ကျန်းကလန်ခေါင်းဆောင်ထံမှ ထိုကိစ္စ ပြောထွက်လာမည်ကို သူ မျှော်လင့်ထားပြီးသား ဖြစ်၏။

“ကိစ္စက ဖြေရှင်းဖို့ လွယ်တယ်။ ကျွန်တော်ကလည်း ခင်ဗျားတို့အတွက် သတ္ထုရိုင်းပမာဏတွေကို ပြင်ဆင်ထားပြီးပြီ”

ဝမ်ချောင်က ပြောရင်း လက်ကို ယမ်းလိုက်သည်။ ပြီးနောက် သူ ပြင်ထားသည့် စာရွက်စာတမ်းက သူ့လက်ထဲမှ ထွက်လာ၏။ စားပွဲပေါ်တွင် ချလိုက်ပြီး တစ်ဖက်လူကို ပေးလိုက်သည်။

ထိုစာရွက်များကို မြင်သောအခါ ကျန်းကလန်ခေါင်းဆောင်က ပထမဆုံးအနေဖြင့် အံ့သြသွား၏။ သူတို့ ကျန်းကလန်၏ အကြီးဆုံးပြဿနာ သူတို့၏ အသက်ရှင်မှုကို စိတ်ပူပန်စေသော ကိစ္စရပ်အား ဝမ်ချောင်က ဖြေရှင်းပြီး ဖြစ်နေသည်။

…

ကျန်းကလန်ခေါင်းဆောင်သည် မျက်လုံးမှေးကြည့်ရင်း ဝမ်မိသားဟုအိမ်တော်တံခါးကို တင်းတင်းကြပ်ကြပ် ကိုင်ထားသည်။ ယခုအချိန်မတိုင်မီအထိ ဖြစ်ပျက်ခဲ့သည်များကို ယုံရခက်နေသည့် ခံစားချက်က ကျန်ရှိနေသေးဆဲ ဖြစ်၏။

သူသည် ကလန်ကို ဦးဆောင်ခဲ့သည်မှာ နှစ်များစွာ ကြာပြီဖြစ်ပြီး သူ၏ခံစားချက်များကို ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ စာရွက်များကို ကိုင်ထားပြီး အိပ်မက်မက်နေသည့်နှယ် ခံစားနေရသည်။

“သခင်လေး သတ္ထုရိုင်းသံမဏိက အကျိုးအမြတ် သိပ်များတယ်။ ကျန်းကလန်ကို ဘာလို့ ပေးချင်ရတာလဲ။ ကျွန်တော်တို့ဘာသာ သိမ်းထားလို့ မရဘူးလား”

ဝမ်ချောင် နောက်တွင် ရပ်နေသော ရှန့်ဟိုင်က မေးသည်။

ဝမ်ကလန်ထဲတွင် ရှန့်ဟိုင်နှင့် မုန့်လုံသည် ဝမ်ချောင်၏ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်နိုင်သည့် လူနည်းစု ဖြစ်သည်။

သတ္ထုရိုင်းသံမဏိ လဲလှယ်ရာတွင် ပါဝင်သည့် အကျိုးအမြတ်က ရိုးရှင်း၏။ ရှန့်ဟိုင်သည် ဤလဲလှယ်မှုတွင် မရှုံးဟု မခံစားရဘဲ မနေနိုင်ပေ။

“ဒါက ကျွန်တော်တို့ အကျိုးအမြတ် များများရအောင် လုပ်တဲ့ အကောင်းဆုံးနည်းပဲ”

ဝမ်ချောင်က တည်ငြိမ်စွာ ပြောလိုက်သည်။

သူ ပုံစံငယ်ဆွဲထားသည့် သတ္ထုရိုင်းသံမဏိလက်နက်များသည် များပြားလှသော အကျိုးအမြတ်များ ရစေနိုင်သည်။ သေခြင်းတရားချောက်နက်သည် ဓားရှည်တစ်ချောင်းတည်းဖြင့် များပြားလှသော ရွှေသားသုံးသိန်းကို ရနိုင်ခဲ့သည်။ ယင်းမှာ သူ မတွေးထားခဲ့သည့်အရာ ဖြစ်၏။

သို့သော် အဆုံးတွင် လစဉ်ထုတ်လုပ်နိုင်မှုက နှေးကွေးလွန်းသည်။ အကယ်၍ ဝမ်ချောင်သာ ကိုယ်တိုင် မလုပ်နိုင်ပါက ထိုစျေးနှုန်းကို ရနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ကျောက်စိမ်းရိုင်းသတ္ထုကို ရောင်းချခြင်းအတွက် ကျန်းကလန်သည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။

ထိုနည်းဖြင့် ဝမ်ချောင်သည် သူ့ဂုဏ်သတင်းကို မဆွဲချဘဲ သတ္ထုရိုင်းသံမဏိအတွက် အမျိုးမျိုးသော အဆင့်များကို ဖန်တီးနိုင်သည်။ သူ၏ ကိုယ်ပိုင်လက်နက်များ၏ ရောင်းချမှုကို မထိခိုက်စေရုံသာမက သူသည် အကျိုးအမြတ်များလည်း ရနိုင်ပေမည်။

ထို့ကြောင့် သတ္ထုရိုင်းကျောက်စိမ်းသတ္ထုကို ရောင်းခြင်းဖြင့် ကျန်းကလန်က အကောင်းဆုံးရွေးချယ်ချက်ဖြစ်သည်။

လုံလောက်သည့် ပိုက်ဆံဖြင့်သာ သူက သူ၏ နောက်ထပ်အကြံကို အောင်မြင်အောင် လုပ်နိုင်မှာဖြစ်သည်။

…

ကျန်းကလန်က ဝမ်ချောင်ထင်ထားသည်ထက် ပို၍ ကျွမ်းကျင်သည်။ ထိုစာရွက်စာတမ်းတစ်ခုကပင် ကျန်းကလန်တစ်ခုလုံးကို စိတ်လှုပ်ရှားစေသည်။ ထိုညတွင် သူတို့က ဝမ်ချောင်နှင့်အတူ လျှို့ဝှက်စာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။

ရွှေငါးထောင်အတွက်မူ ကျန်းကလန်က မိုင်းတွင်းကို ကြီးထွားလာအောင် ချဲ့ထွင်ပိုင်ခွင့်ကို ဝယ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် သူတို့က ဝမ်ချောင်ကို ရွှေတစ်သန်း ပေးပြီး ကျောက်စိမ်းသတ္ထုရိုင်းများ၏ ပစ္စည်းများကို ရောင်းပိုင်ခွင့် တစ်စိတ်တစ်ပိုင်းကို ဝယ်ယူခဲ့သည်။

စာချုပ်အတွက် ကုန်ကျငွေက ရွှေတစ်သန်းခွဲကျော်ကုန်သည်။ ကျန်းကလန်၏ သတ္ထုရိုင်း ပြတ်လတ်သောကြောင့် ဝမ်ချောင်က သူတို့ကို သုံးလစာ ပေးလိုက်သည်။

ပြီးနောက် နောက်သုံးနှစ်အတွက်း သူတို့က အရစ်ကျငွေပေးချေရာတွင် နှစ်ဦးနှစ်ဖက် သဘောတူညီထားသည့်အတိုင်း ရွှေ သို့မဟုတ် တခြားနည်းလမ်းဖြင့် ပေးချေရမည်ဖြစ်သည်။

ထိုကိစ္စက မကြေငြာရသေးပေ။ ပြီးနောက် ဝမ်ချောင်နှင့် ကျန်းကလန်မှ အကြီးအကဲတချို့ ကလွဲပြီး မည်သူမှ စာချုပ်၏ အသေးစိတ်ကို မသိပေ။

…

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားပြီးနောက် ရက်များစွာ ကုန်ဆုံးသွားသည်။

တောက်ပနေသောလက ညကောင်းကင်တွင် ရှိနေပြီးနောက် တိတ်ဆိတ်ငြိမ်သက်စွာ အိပ်စက်နေသော မြို့တော်ထဲတွင် စိုးမိုးနေသည်။

မြို့တော်၏ အရှေ့ဘက်တွင် ကျောက်ကျီ ကျောက်မီးသွေးဝိုင်ချက်စက်ရုံမှ ကျန့်တစ်ရာအနီးတွင် သစ်ပင်များက မြေပြင်ပေါ်တွင် ကြောက်စရာကောင်းသော အရိပ်များကို ကျရောက်စေသည်။ ထိုနေရာတစ်ဝိုက်တွင် သရဲများ ဖြတ်သွားသလို ခံသားလိုက်ရသည်။

အပေါ်ကို အနည်းငယ် မော့ကြည့်လိုက်သောအခါ မှောင်မိုက်သည့် ည၏အောက်ရှိ ခေါင်မိုးပေါ်တွင် မှောင်မိုက်သည့် အသွင်သဏ္ဍာန်တစ်ခုက လှုပ်လှုပ်ရွရွ ဖြစ်နေသည်။

“သောက်သုံးမကျတဲ့တပည့် ငါမင်းကို ငါ့သားတစ်ယောက် အနေနဲ့ စောင့်ရှောက်ခဲ့တယ်။ မင်း ဘယ်လိုလုပ်ပြီးတော့ အပြင်လူတွေနဲ့ ပေါင်းပြီး ငါ့ကို သစ္စာဖောက်ရဲတာလဲ”

ခေါင်မိုးပေါ်တွင် တုန်ယင်နေသော အမှောင်ပုံရိပ်မှ ထူထပ်သော အနက်ရောင် မီးခိုးများ ထွက်လာသည်။ ရက်စက်ကြမ်းကြုတ်သည့် သားရဲကဲ့သို့ပင် ၎င်းသည် ရက်စက်သည့် ရောင်ဝါ ထွက်ပေါ်လာသည်။ အနက်ရောင် တိမ်တိုက်များက ပြိုကွဲသွားပြီးနောက် လရောင်အောက်တွင် နက်မှောင်နေသည့် ဆံပင်ဖြင့် အဘိုးအိုက အံကြိတ်နေသည်။

ရင်ဘတ်ကို တင်းကျပ်စွာ ဖိထားသော သူ၏ ညာလက်ကြားမှ သွေးများ စိမ့်ထွက်လာသည်။ သို့သော် ပို၍ ထိတ်လန့်ဖွယ်ကောင်းသည်က ထိုဓားရှည်သည် သူ၏နောက်မှ ချီဖြင့် ထိုးထားခြင်းဖြစ်သည်။

(၃၃.၃စင်တီမီတာ)

“သောက်သုံးမကျတဲ့တပည့်။ ငါမင်းကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး။ ငါမင်းကို ပြန်ခံစားစေရအောင် လုပ်မယ်လို့ ငါကျိန်တယ်”

လရောင်အောက်တွင် အဘိုးအို၏ မျက်လုံးများက နီရဲနေပြီး မျက်ဝန်းများထဲ၌ လူသေအလောင်းတောင်နှင့် သွေးပင်လယ်တစ်ခု ရှိနေသည့်နှယ်။

ဟူး.. ဖလပ် ဖလပ်..

အိမ်ဘေးမှ သစ်ပင်ပေါ်ရှိ ငှက်များသည် အရှိန်အဝါများကြောင့် ကျယ်လောင်စွာ အော်ဟစ်ကြပြီးနောက် အဝေးသို့ ပျံတက်သွားကြ၏။ အနီးအနားရှိ ခြံထဲတွင် ခွေးတချို့ကလည်း ရုတ်တရက် ထူးဆန်းသည့် ပုံရိပ်ကြောင့် စတင်၍ မနားတမ်း ဟောင်နေကြသည်။

“ဘာဖြစ်နေတာလဲ။ ဘာလို့ အဲ့ခွေးတွေက ညလယ်မှာ လာဟောင်နေတာလဲ”

အိမ်ထဲတွင် ရုတ်ရုတ်ရုတ်ရုတ် အသံများကြောင့် နိုးလာသည့် စုံတွဲက မကျေမနပ်ဖြင့် တတွတ်တွတ် ပြောနေသည်။

ဆံပင်နက်အဘိုးအို၏ ခြေထောက်က ရုတ်တရက် ခြေခေါက်သွားသည်။ ပြီးနောက်.. ချပ်။ ခေါင်မိုးအချပ် အနည်းငယ် ပြုတ်သွားပြီးနောက် သူက ခေါင်မိုးပေါ်မှ ပြုတ်ကျလာသည်။ သူသည် အိမ်တော်အနားမှ ခြံစည်းရိုးတွင် ညပ်နေပြီးနောက် လမ်းကြားထဲတွင် သတိမေ့သွားသည်။

လတ်ဆတ်သော သွေးများက သူ့ခန္ဓာကိုယ်တွင် ဆက်တိုက် စီးဆင်းနေပြီးနောက် လှုပ်လိုက်သည့် အချိန်တိုင်း အဘိုးအို၏ အသက်ရှုသံက ပို၍ အားနည်းလာသည်။ သူ၏ ဆံပင်က အရင်းမှစ၍ တဖြည်းဖြည်း ဖြူလာသည်။

တစ်ခဏအတွင်း အဘိုးအို၏ ဆံပင်များက လုံးဝဖြူဖွေးနေပြီဖြစ်သည်။ ထိုကဲ့သို့ သူက မြေပြင်ပေါ်တွင် ခံစားချက်မဲ့စွာ လဲနေသည်။

ဟောင်.. လောင်.. လောင်.. (ဒါလေးလေ ဘာမှန်းကိုယ်လည်း မသိဘူး။ ဟတ်ချလောင်း လိုပုံစံမျိုးလို့ ထင်တယ်။ နည်းနည်း ထူးထူးဆန်းဆန်း ဖြစ်သွားတာ ခံစားချက် ပြင်းထန်သွားတာမျိုးဆိုရင် စာရေးသူက Hong Long Long ဆိုပြီး သုံးတော့တာပဲ။ မိုးကြိုးပစ်လဲ ဟောင် လောင် လောင်၊ တစ်ခုခု ပြုတ်ကျလည်း ဟောင်လောင်လောင်နဲ့ ဘယ်လို အသံထွက် သုံးပေးရမလဲကို မသိတော့တာပါဆို)

ခဏအကြာ အဘိုးအို သတိလစ်သွားပြီးနောက် တောင်တန်းနှင့် ပင်လယ်ပြင်များကဲ့သို့ ဆင်တူသော ရောင်ဝါများက ပုံရိပ်အချို့ထံမှ ထွက်ပေါ်လာသည်။ ထိုပုံရိပ်များသည် အံ့သြလောက်ဖွယ် အလျင်နှုန်းဖြင့် ရွေ့လျားနေကြသဖြင့် ပုံပန်းသဏ္ဌန်ကိုပင် အတိအကျ မမြင်နိုင်ပေ။ မှုန်ဝါးဝါး အရိပ်တချို့ကိုသာ တွေ့နိုင်၏။

ရှပ် ရှပ် ရှပ်..

မျက်တောင်တစ်ခတ်အတွင်း အဘိုးအိုထိုးကျနေသည့် အိမ်ခေါင်မိုးပေါ်တွင် သရဲလို ပုံရိပ်များ ထွက်ပေါ်လာ၏။ ကြီးမားသည့် အန္တရာယ်အငွေ့အသက်ကို ခံစားမိပြီး ခွေးများက ပြင်းပြင်းထန်ထန် စတင်ဟောင်ကြတော့သည်။

“နားညည်းလိုက်တာ”

အရိပ်မည်းတစ်ခုက အေးစက်စက်လှည့်လာပြီး ထိုခွေးများကို ကြည့်လိုက်သည်။ ကျန့်တစ်ဒါဇင်မျှ ဝေးကွာနေသော်လည်း ထိုခွေးများက မြေပြင်ပေါ်သို့ လဲကျကာ တိတ်ဆိတ်သွားတော့၏။ သွေးများက သူတို့၏ ဒွါရခုနှစ်ပေါက်မှ ယိုစီးကျလာတော့သည်။

“အဲ့အဘိုးကြီးက သိပ်ဝေးဝေး ရောက်လောက်မှာ မဟုတ်သေးဘူး”

“တကယ်လို့ သူသာ ပြန်ကောင်းလာရင် သေမယ့်သူက ငါတို့ ဖြစ်သွားလိမ့်မယ်”

“သေချာကြည့်ဦး။ ကျွန်တော်တို့ သူ့ကို ဘာကိစ္စပဲဖြစ်ဖြစ် ရှာမှဖြစ်မယ်”

…

အိမ်ခေါင်မိုးပေါ်တွင် ရပ်နေသည့် ပုံရိပ်သုံးခုသည် အေးခဲနေသော မျက်ဝန်းများဖြင့် သူတို့၏ မျက်စိအောက်မှ အရာရာအတိုင်းကို ဖျက်ဆီးပစ်လိုသည့်အလား ကြည့်ရှုနေ၏။ လေထုကပင် သူတို့၏ အကြည့်များကြောင့် မူမမှန် ဖြစ်လာသည့်နှယ်။

မကြာမီတွင် သူတို့သည် လမ်းပေါ်တွင် လဲကျနေသော အဘိုးအိုထံသို့ ကျရောက်သွား၏။ သို့သော် အဘိုးအို၏ ဖြူဖွေးနေသော ဆံပင်များကို မြင်လိုက်ရပြီးနောက် အကြည့်လွှဲလိုက်ကြသည်။

“ဒါက သူတောင်းစားကြီးဘဲ သွားစို့”

…

ရှပ် ရှပ် ရှပ်..

ထိုသူများ မည်သို့ ရွေ့လျားသည်ကို မည်သူမျှ မမြင်ကြရသော်လည်း သူတို့သည် ဦးတည်ရာသုံးခုသို့ ပျောက်ကွယ်သွားကြတော့သည်။

….

အခန်း-၁၅၃ မကောင်းဆိုးဝါးဧကရာဇ်အဘိုးအိုလား။

မနက်စောစော ဝမ်ကလန်၏ ခြံဝန်းထဲတွင် ဝမ်ချောင်သည် လက်ခြောက်ချောင်းကျန်းဆီမှ ဝယ်လာသော ကျားအရိုးဆေးလုံးကို မြိုချလိုက်သည်။

ဂျွတ်.. ဂျွတ်..

ဝမ်ချောင်၏ တစ်ကိုယ်လုံးရှိ အရိုးများမှ တဂျွတ်ဂျွတ် မြည်သံကို ကြားနေရသည်။ သူ့ခန္ဓာကိုယ်တစ်ဝိုက် ထူထပ်သည့် မြူက ဖုံးလွှမ်းသွား၏။ ဝေါင်း..။ ကျားဟိန်းသံက ပဲ့တင်ထပ်သွားခြင်းနှင့်အတူ နောက်ဆုံးတွင် ဝမ်ချောင်သည် ကျားအရိုးအဆင့်သုံးသို့ ရောက်ရှိသွား၏။

“ဒီဆေးလုံးရဲ့အစွမ်းက အရင်တစ်ခုထက် တကယ် ပိုကောင်းတာပဲ”

ဝမ်ချောင်က ဝမ်းသာသွားသည်။ သူက သူ၏ခွန်အား မြင့်တက်သွားသည်ကို ခံစားလိုက်ရသည်။ ပို၍အရေးကြီးသည်က သူ၏အရိုးအမြစ်ကျင့်ကြံခြင်းက နောက်ဆုံးတွင် ကျားအရိုးအဆင့်သုံးသို့‌ ရောက်ရှိသွားပြီး ကျားအရိုးအဆင့်၏အစွန်းတွင် ရှိနေပြီဖြစ်သည်။ ပြီးနောက် ပေါက်ကွဲအားက ခုန်ပျံကျော်လွှားခြင်းဖြင့် တိုးတက်လာမည် ဖြစ်သည်။

ဘုံး..

ဝမ်ချောင်သည် တောင်အတုတစ်ခုကို လက်ဖဝါးဖြင့် ရိုက်ချလိုက်ပြီးနောက် ဖုန်မှုန့်အဖြစ်သို့ ချေမွလိုက်သည်။ ဖျက်စီးအားက အရင်ကထက် ပို၍ အားကောင်းလာပြီဖြစ်သည်။ ပြီးနောက် ထူထပ်သည့်ဖုန်မှုန့်များက ပတ်ဝန်းကျင်ကို ဖုံးကွယ်သွားသည်။

သို့သော် ဝမ်ချောင်သည် အားအလွန်အကျွံ အသုံးပြုလိုက်သော်လည်း သူ့လက်က နာကျင်မှုကို မခံစားလိုက်ရပေ။ ယင်းသည် အရိုးအမြစ် ကျင့်ကြံခြင်း တိုးတက်လာခြင်းကြောင့် ကိုယ်ခန္ဓာ၏ ခံနိုင်ရည် တိုးတက်လာခြင်းနှင့် နာကျင်မှုအား ခံနိုင်ရည် တိုးမြင့်လာခြင်းသာ ဖြစ်ပေသည်။

“ငါ့ရဲ့အရှိန်ကို စမ်းသပ်ဖို့ အချိန်ရောက်ပြီ”

ဝမ်ချောင်၏မျက်လုံးများ အရောင်တောက်သွားပြီးနောက် ပတ်ဝန်းကျင်အား လျင်မြန်စွာ ဝေ့ဝဲကြည့်ရှုလိုက်သည်။ ဝမ်မိသားစုအိမ်တော်ထဲတွင် သစ်ပင်အနည်းငယ်ရှိပြီးနောက် ရလဒ်အနေဖြင့် ငှက်များက ထိုအရာကို စိတ်ဝင်စားစေသည်။

အစေခံတချို့က အိမ်တော်ထဲမှ ကျန်ရှိသည့် မုန့်များကို သူတို့အား ကျွေးလေ့ရှိကြသည်။ ထို့ကြောင့် ကိန္နရီများစွာကိုပင် ဆွဲဆောင်ထားနိုင်ပေမည်။

မကြာမီ ဝမ်ချောင်၏မျက်လုံးက မလှမ်းမကမ်းရှိ ဇီးပင်ပေါ်တွင် အားရဝမ်းသာ ခုန်ပေါက်နေသော သစ်တောက်ငှက်ကို တွေ့လိုက်သည်။

“ဒါက ငါ့ကို အကူအညီပေးရမယ်”

ဝမ်ချောင်၏ ခန္ဓာကိုယ်ထဲသို့ စွမ်းအင်များက စီးဆင်းသွားသည်။ ဝမ်ချောင် ပြုံးလိုက်ပြီးနောက် နောက်တစ်ခဏအတွင်း ဘုန်း..။ ကြီးမားသည့် တုန်လှုပ်ချောက်ချားဖွယ် လှိုင်းလုံးကြီးက ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားပြီးနောက် ကျားဟိန်းသံကိုပင် ကြားနိုင်သည်။ တောင်ပေါ်မှ ဆင်းလာသည့် ကျားတစ်ကောင်ကဲ့သို့ ဝမ်ချောင်က အလျင်အမြန်ရှေ့ကို ချီတက်လိုက်သည်။

က်လိ က်လိ

အန္တရာယ်ကို ခံစားမိ၍ သစ်တော်ငှက်က ချက်ချင်းပင် တောင်ပံများကို ခတ်၍ ပျံသန်းလိုက်သော်လည်း နောက်ကျသွားပြီဖြစ်သည်။ ပိန်ပါးရှည်လျားသော်လည်း ခွန်အားရှိသည့် လက်တစ်စုံက ရှေ့ကို ရောက်လာပြီးနောက် သူ့အပေါ်သို့ အလျင်အမြန် ရောက်လာသည်။ ပေါ့ပါးသော ထိတွေ့မှုအပြီးတွင် လက်ကို ဆုပ်ထားရာမှ ဖြေလွှတ်လိုက်သည်။

ဖလပ် ဖလပ် ဖလပ်

ဝမ်ချောင်၏လက်ထဲမှ သစ်တောက်ငှက်က ကြောက်လန့်တကြားဖြင့် ကောင်းကင်ပေါ်သို့ ပျံသန်းသွားတော့သည်။

“ဟဲဟဲ ခန္ဓာကိုယ်က ပေါက်ကွဲတာကနေ ဖြစ်တဲ့ မောတာက အရင်ကထက် ပိုနည်းသွားပြီ”

သစ်တောက်ငှက်က ပျံသွားတာကို ကြည့်နေတဲ့ အချိန်တိုအတွင်းမှာ ဝမ်ချောင်၏ ရင်ဘတ်က မြင့်တက်လာပြီး နိမ့်ကျသွားတယ်။ သူ၏နှုတ်ခမ်းပေါ်တွင် ကျေနပ်နေသည့် အပြုံးတစ်ခု ရှိနေသည်။

သူသည် ဤသိုင်းကွက်ကို နောက်ဆုံးတစ်ကြိမ် အသုံးပြုခဲ့သည့် အချိန်က သူ၏ခွန်အားအကုန်လုံးနီးပါးကို အသုံးပြုခဲ့ရသည်။ ဤတစ်ကြိမ်တွင် သူ၏ ခွန်အားပမာဏက သိသိသာသာ လျော့ကျသွားသည့်တိုင် ယခင်ကထက် သုံးပုံတစ်ပုံခန့် နိမ့်ပါးသွားပြီ ဖြစ်၏။

ယင်းသည် ကျားအရိုးနှင့် ပူးမားအရိုး၏ ခြားနားချက် ဖြစ်သည်။ ခံနိုင်ရည်၊ သက်လုံနှင့် မူလစွမ်းရည် အသုံးချမှုသည် မတူညီသော အဆင့်နှစ်ဆင့်တွင် ရှိနေသည်။

“သခင်လေး သခင်လေး….”

ဝမ်ချောင် ဝမ်းသာနေချိန်တွင် မုန့်လုံက ရုတ်တရက် စိုးရိမ်စွာဖြင့် ပြေးဝင်လာပြီး ဟောဟဲလိုက်နေသည်။

“သခင်လေး၊ သခင်လေး သူ ထွက်ပေါ်လာပြီ။ သခင်လေး အရင်က ပြောဖူးတဲ့သူ ထွက်ပေါ်လာပြီ။ သူ့ရဲ့ လက်ရှိနေရာက ကျောက်ကျီဝိုင်ချက်တဲ့ နေရာကနေ သိပ်မဝေးဘူး”

“ဘာ”

ထိုစကားများကို ကြားပြီးနောက် ဝမ်ချောင်၏နှလုံးသားက တစ်မုဟုတ်ချင်း ပြင်းထန်စွာ နာကျင်လာတယ်။ သူက ရုတ်တရက် မုန့်လုံကို ကြည့်လိုက်တယ်။

…

မုန့်လုံသည် တုန်လှုပ်ချောက်ချားစွာဖြင့် စကားထစ်အနေပြီး သူ့စကားက မရှင်းမလင်း ဖြစ်သွားသည်။ သို့တိုင် ဝမ်ချောင်သည် သူ၏ ဆိုလိုရင်းသည် မည်သည်ဖြစ်မှန်း နားလည်နိုင်သေးပေ၏။ ဝမ်ချောင်၏အမိန့်အောက်တွင် ဝမ်အိမ်တော်သည် မြို့အရှေ့ခြမ်း ကျောက်ကျီဝိုင်ချက်သည့် နေရာနှင့် ကျိုးဝမ်အနီးတွင် စောင့်ကြပ်နေကြရသည်။

သူတို့သည် ပတ်ဝန်းကျင်ကို လေ့လာရန် အမိန့်ပေးခံထားရပြီး ထူးဆန်းသည့် အခြေအနေတိုင်းတွင် ဝမ်ချောင်ကို ချက်ချင်း အကြောင်းကြားရမည် ဖြစ်သည်။ သို့သော် ရက်များစွာ ကုန်သွားသည့်တိုင် မည်သည့်သတင်းမျှ မရရှိခဲ့ပေ။

သို့သော် ယနေ့တွင်မူ အမည်မသိ အဘိုးအိုတစ်ဦးသည် ကျောက်ကျီဝိုင်ချက်သည့်နေရာတွင် ရုတ်တရက်ပေါ်လာ၏။ မုန့်လုံနှင့် တခြားသူများသည် ဝမ်ချောင် ရှာဖွေနေသူမှန်း သူတို့ မသိသေးသော်လည်း သူတို့အတွက် တစ်ခုတည်းသော သတင်းဖြစ်သည်။

“မင်းတို့ပြောတာ သူလား”

ဝမ်ချောင်သည် ကျန့်ပေါင်းများစွာ ဝေးကွာသောနေရာမှ ထိုပုံရိပ်ကို လှမ်းကြည့်လိုက်သည်။ သူသည် ဆံပင်အဖြူနှင့် အနက်ရောင်ဝတ်ထားသော အဘိုးအိုတစ်ဦး ဖြစ်ပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေကာ အသက်ရှုသံက ဖျော့တော့နေ၏။

(၃၀မီတာ)

လူအတော်များများသည် သူ့ကို ကျော်သွားကြသော်လည်း မည်သူမျှ သူ့အား သေချာမကြည့်ကြပေ။ သူကို အကူအညီပေးရန်မှာ မေးနေရန်ပင် မလိုတော့ချေ။ လမ်းပေါ်တွင် လဲလျောင်းနေသော အဘိုးအိုသည် တစ်လောကလုံးနှင့် ပြတ်တောက်နေသည့်နှယ်။

“သူပဲ။ ကျွန်တော်တို့ ညီအစ်ကိုတွေ မနေ့က ကိစ္စကို စုံစမ်းပြီးပြီ ပြီးတော့ ဒီနေရာကနေ လီအတော်ဝေးဝေးအတွင်းမှာ ဘယ်သူကမှ ဒီအဘိုးအိုကို မသိကြဘူး။ သူက ဘယ်ကနေမှန်း မသိဘဲ ထွက်လာသလိုပဲ။ ပြီးတော့ သူက ဒဏ်ရာရထားသေးတယ်။ ဒီမနက်မှာ ခဏနိုးလာပေမဲ့ မကြာခင် ပြန်သတိလစ်သွားတယ်”

“ကျွန်တော်တို့ ညီအစ်ကိုထဲက တစ်ယောက်ကို သူ့နား သွားဖို့ ပြောခဲ့ပေမဲ့ သူ့ဆီကနေ သွေးညှီနံ့ရတယ်။ ဒါပေမဲ့ သခင်လေးမှာထားတဲ့ လက်လွှတ်စပယ် မလုပ်နဲ့ ဆိုတဲ့ အမိန့်ကြောင့် ကျွန်တော်တို့ အနားကို မကပ်ရဲခဲ့ကြဘူး”

မုန့်လုံက ဝမ်ချောင်အနောက်တွင် ရပ်နေပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

ဝမ်ချောင်သည် တွေးတောနေရင်း မျက်မှောင်ကြုတ်လိုက်သည်။

ဝမ်ချောင်သည် မြေပြင်ပေါ်တွင် လဲနေသောအဘိုးအိုက မကောင်းဆိုးဝါးအိုကြီး ဟုတ်မဟုတ် မသိပေ။ သူ့တွင် အချက်အလက် အနည်းငယ်သာ ရှိ၏။

သူ၏ ယခင်ဘဝတွင် ကျိုးဝမ်သည် မကောင်းဆိုးဝါးအိုကြီးအကြောင်း ပြောရန် ဝန်လေးခဲ့သည်။ ပြီးနောက် အသွင်အပြင်၊ ထူးခြားသောစရိုက်လက္ခဏာများနှင့် ဝတ်စားဆင်ယူမှုကို ဖော်ထုတ်ရန် နည်းလမ်းမရှိသောကြောင့် ဝမ်ချောင်က အတိအကျ သိရန် ခက်ခဲပေသည်။

ထိုအချက်အလက်များ မရှိလျှင် ဝမ်ချောင်အတွက် အစစ်ဟုတ်မဟုတ် ဝေခွဲရခက်နေပေမည်။

သို့စေကာမူ ဝမ်ချောင်သည် တစ်ဖက်လူ၏ အထောက်အထားကို အတည်မပြုနိုင်သော်ငြား သေချာသည့်အချက်တစ်ခုတော့ ရှိပေ၏။ သူ့ရှေ့မှ အဘိုးအိုသည် သာမန်လူတော့ မဟုတ်ချေ။

အနည်းဆုံးတွင် သာမန်အဘိုးအိုတစ်ဦးသည် ထိုသို့သော အတွင်းဒဏ်ရာရပြီးနောက် အသက်ရှင်နိုင်မည် မဟုတ်ပေ။

“သွားကြစို့ သူ့နေရာကိုပြော.. သူ ကြာကြာ အသက်ရှင်မှာ မဟုတ်ဘူး”

ဝမ်ချောင်က ပြောလိုက်သည်။ သူသည် နံရံတွင် မှီနေသော အဘိုးအိုထံသို့ သွားလိုက်၏။ တစ်ဖက်လူသည် ဆိုးဝါးလွန်းသော အခြေအနေတွင် ရှိနေသည်။ သူသည် မကောင်းဆိုးဝါးအိုကြီး မဟုတ်လျှင်ပင် ဝမ်ချောင်က သူ့အား မထားခဲ့နိုင်ပေ။

သူက ထိုသို့ မလုပ်နိုင်ပေ။

“သခင်လေး နေပါအုံး”

မုန့်လုံသည် လှမ်းတားလိုက်ပြီး ရှေ့သို့ လျင်မြန်စွာ တိုးသွားလိုက်၏။

မလှမ်းမကမ်းမှပင် ဝမ်ချောင်သည် သွေးညှီနံ့ကို ရနေပေသည်။

“ဒီလူရဲ့ဒဏ်ရာက မုန့်လုံနဲ့ တခြားသူတွေ ပြောတာထက် ပိုဆိုးနေတယ်”

ဝမ်ချောင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

အဘိုးအိုသည် သူ၏ဒဏ်ရာကို ဖုံးကွယ်ရန် အကောင်းဆုံး ကြိုးစားလိုက်သော်လည်း ဝမ်ချောင်၏အတွေ့အကြုံနှင့် သူ၏ကျင့်ကြံမှုအရ ဓားဒဏ်ရာများနှင့် ရင်းနှီးသည်။ ထိုအဘိုးအိုသည် အနောက်မှ အထိုးခံထားရမှန်း တစ်ချက်တည်းဖြင့် ပြောနိုင်၏။

“ရင်းနှီးတဲ့သူတစ်ယောက်ဆီကနေ အတိုက်ခံရတာ နေမှာ၊ မဟုတ်ရင် အနောက်ကနေ မလွဲတမ်း ထိုးဖို့ဆိုတာ မဖြစ်နိုင်ဘူး”

ဝမ်ချောင်သည် အဘိုးအိုကို စမ်းသပ်ပြီးနောက် ခေါင်းထဲသို့ အတွေးတစ်စက ဝင်ရောက်လာသည်။ သန်မာသည့် ရန်သူနှင့် ရင်ဆိုင်ရလျှင် မည်သူမဆို လွှတ်အောင် မရှောင်နိုင်သည့်တိုင် ရှောင်ရန် ကြိုးစားကြမည်သာ။ ဓားတစ်ချောင်တည်းဖြင့် ထိုမျှ တိတိကျကျ ချက်ကောင်းကို သေသေချာချာ ထိရန် မဖြစ်နိုင်ပေ။

အနောက်မှ အထိုးခံရမှသာ ထိုသို့သော မြင်ကွင်းမျိုး ဖြစ်မည်ဖြစ်၏။

“ဒီအဘိုးရဲ့နောက်ခံက ဘာလဲဆိုတာ သိချင်လိုက်တယ်။ သာမန်လူသာဆိုရင် ဒီလိုအခြေအနေကို ကျော်လွှားနိုင်မှာ မဟုတ်ဘူး”

ဝမ်ချောင် တွေးလိုက်၏။

ပတ်ဝန်းကျင်တွင် ကျွမ်းကျင်သော ကြေးစားစစ်သားများ စုဝေးရာနေရာ အနည်းငယ်ရှိပြီး ဝမ်ချောင်က သူတို့ထဲမှ အနည်းဆုံး သုံးယောက်ကို သိသည်။ တစ်ဖက်လူက ဤစုဝေးရာနေရာမှ ရောက်ရှိလာတာဖြစ်နိုင်သည်။

သို့သော် သူ၏အသက်ရှူသံက ပရမ်းပတာဖြစ်နေပြီး အားနည်းနေကာ ဝမ်ချောင်ကို တစ်ဖက်လူ၏ မူလစွမ်းအင်ကို တိုင်းတာဖို့ ခက်ခဲစေသည်။

“ရေနဲ့ အစာတချို့ယူလာခဲ့။ ထောက်ပံ့ရေးဌာနက လူတချို့ကိုလည်း ခေါ်လာခဲ့”

ဝမ်ချောင်သည် နောက်ကို လှည့်ကြည့်လိုက်ပြီး ချက်ချင်း ညွှန်ကြားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက သူ၏လက်များကို ဆန့်ထုတ်ကာ တစ်ဖက်လူကို လှည့်ရန်ပြင်လိုက်သည်။

ဝှမ်း..

ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေက စကားလုံးဖြင့် ဖော်ပြရန် ခက်ခဲပေသည်။ ဝမ်ချောင်သည် လှည့်လိုက်တော့မည့် အချိန်တွင် အလှည့်အပြောင်းက ဖြစ်ပေါ်လာ၏။ သတိမေ့နေသော ဆံပင်ဖြူအဘိုးအိုသည် ရုတ်တရက် မျက်လုံးပွင့်လာပြီး အေးစက်သော အကြည့်များအတွင်း သတ်ဖြတ်လိုသောဆန္ဒများ ကိန်းဝပ်နေကာ ဝမ်ချောင်၏ ဝိညာဉ်ကို လှုပ်ခါသွားစေ၏။

အခြေအနေက ရုတ်တရက် ဘယ်လိုဖော်ပြရမှန်း မသိပေ။ ဝမ်ချောင်က သူ့ကို လှည့်လိုက်တော့မည့်အချိန်တွင် ရုတ်တရက် အလှည့်အပြောင်းက ဖြစ်ပေါ်လာသည်။ သတိမေ့နေသော ဆံပင်ဖြူဖြင့် အဘိုးအိုက ရုတ်တရက် မျက်စိပွင်လာပြီးနောက် သူ၏အေးစက်သော အကြည့်အတွင်းတွင် သတ်ဖြတ်ချင်သည့်ဆန္ဒက သူ၏ ဝိညာဉ်ကို လှုပ်ခါစေနိုင်သည်။

“ချီးပဲ”

ဝမ်ချောင်၏နှလုံးသားသည် အေးခဲသွားပြီးနောက် ကြီးမားသောအန္တရာယ်ကို ချက်ချင်း ခံစားလိုက်မိသည်။ သူသည် အဘိုးထံမှ လွှတ်မြောက်ရန် လျင်မြန်စွာ နောက်ဆုတ်လိုက်၏။

သို့သော် သူ အကွာအဝေးတစ်ခုထိ မလှုပ်ရှားနိုင်မီတွင် ခြောက်သွေ့ပြီး သန်မာသည့်လက်တစ်ဖက်က ဝမ်ချောင်၏ လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဖိညှစ်လာ၏။

“မင်း ဘယ်သူလဲ”

အဘိုးအိုက အေးစက်စက် မေးလာသည်။ တစ်ဖက်လူ၏ သန်မာသည့် ချုပ်နှောင်မှုအောက်တွင် ဝမ်ချောင်၏လက်က ထုံကျင်လာသလို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်၏ ခွန်အားက သူ့ထံမှ စိမ့်ထွက်သွားသည့်နှယ်။ သူသည် အဘိုးအိုရှေ့တွင် ခွန်အားအနည်းငယ်မျှပင် မထုတ်နိုင်ချေ။

“မင်း”

ဝမ်ချောင် အံ့သြသွား၏။ သူ့ရှေ့မှ အဘိုးအိုကို စိုက်ကြည့်ရင်း သူ့ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် အားနည်းသွားကာ ပါးစပ်ပင် မဖွင့်နိုင်တော့ပေ။ ထိုအခြေအနေသည် သူ ထင်ထားသည်ထက် ကျော်လွန်နေ၏။

အဘိုးအို၏ ရောင်ဝါသည် အလွန်အားနည်းနေပြီး ဝမ်ချောင်က သူ့အား အလွယ်တကူ တွန်းချနိုင်မည့်ပုံရသည်။ သို့သော် သူသည် ကျင့်ကြံဆင့် မူလစွမ်းအင် အဆင်(၇)သို့ ရောက်ပြီးသည့်တိုင် မည်သည့်ခွန်အားကိုမျှ မထုတ်နိုင်ဘဲ နည်းနည်းမှ မတုံ့ပြန်နိုင်ခဲ့ပေ။

အမည်မသိနိုင်သော နည်းလမ်းအချို့ဖြင့် သူ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားခြင်းသည် သူ၏ခွန်အားနှင့် မူလစွမ်းအားကို ချိတ်ပိတ်ထားလိုက်သည်နှယ်။

ချွမ်း..

တစ်ချိန်တည်းတွင် စူးရှသော သတ္ထုချင်း ထိခတ်သံကို ကြားလိုက်ရ၏။

“ငါတို့ သခင်လေးကို လွှတ်လိုက်..”

“အဘိုးကြီး ခင်ဗျား ဘာလိုချင်တာလဲ”

“မြန်မြန် သခင်လေးကို လွှတ်လိုက်.. မဟုတ်ရင်

တစ်ချိန်တည်းမှာ လေထဲတွင် သံကို ချိုးလိုက်သည့် အသံကြားလိုက်ရသည်။

“ငါတို့ရဲ့ သခင်လေးကို လွှတ်လိုက်”

“အဘိုးကြီး ခင်ဗျား ဘာလိုချင်တာလဲ”

“မြန်မြန် သခင်လေးကိုလွှတ်လိုက်။ မဟုတ်ရင် ငါတို့ကို ရိုင်းတဲ့အတွက် အပြစ်မတင်နဲ့”

…

မုန့်လုံသည် သူ့ဓားကို ဆွဲထုတ်လိုက်ပြီး အစောင့်များကို အဘိုးအိုအား ဝန်းရံထားရန် အချက်ပြလိုက်သည်။ ထိုအချိန်တွင် မုန့်လုံ၏မျက်နှာသည် ရုပ်ဆိုးပြီး ဖော်မပြနိုင်အောင် ဖြစ်နေ၏။ သူတို့သည် အဘိုးအိုအား မကြာသေးမီက ကယ်တင်ရန် တွေးတောခဲ့ကြသည်။ မျက်စိတစ်မှိတ်အတွင်း အဘိုးအိုသည် သူတို့သခင်လေးအား လှုပ်ရှားမှုတစ်ခုတည်းဖြင့် အံ့သြအားသင့် တုန်လှုပ်စေခဲ့သည်။ အကယ်၍ သခင်လေး၏ အသက်ကိုသာ မစိုးရိမ်ခဲ့ပါက သူသည် အဘိုးအိုအား သတ်ပစ်မှာပဲ ဖြစ်သည်။

“အား”

ဘေးနားမှ ဖြတ်သွားသူများသည် ထိုမြင်ကွင်းကို မြင်သည်နှင့် ထိတ်လန့်စွာ အော်ဟစ်ကြတော့သည်။ သူတို့က ကပ်ဘေးကို တိမ်းရှောင်လိုသည့်အလား မြန်မြန် လျှောက်သွားကြတော့၏။

“ဟမ့် မင်းတို့ တိုးလာရဲတယ်ပေါ့။ မင်းတို့သခင်လေးရဲ့အလောင်းကို ကောက်ဖို့ ပြင်ထားလိုက်တော့”

အဘိုးအို၏ မျက်နှာသည် ခက်ထန်လာ၏။ သူ့က လက်ကို အနည်းငယ် အားစိုက်လိုက်သည်နှင့် ဝမ်ချောင်က နာကျင်စွာ ရှုံ့မဲ့သွားရတော့၏။ မရေမတွက်နိုင်သော ပုရွက်ဆိတ်များ သူ့ခန္ဓာကိုယ်အား ကိုက်ဖဲ့နေသည့်နှယ် ခံစားလိုက်ရပြီး နဖူးမှ ချွေးစေးများ စီးကျလာတော့သည်။

“အဘိုး ဘာလုပ်နေတာလဲ”

ဝမ်ချောင်သည် နာကျင်မှုများကြားမှ ခပ်ယဲ့ယဲ့သာ ပြောနိုင်တော့သည်။

“ဟမ့် ကောင်လေး ငါ ကန်းနေတယ်လို့ မင်းထင်နေတာလား၊ မင်းဘေးနားကလူတွေက မင်းရဲ့လူတွေ၊ ပြီးတော့ ဒီလူတွေက အနည်းဆုံး ဒီနားကို လေးကြိမ်ထက်မက လာပြီးပြီ”

“မင်းတို့ တစ်ခုခုကို ရှာနေတာ မဟုတ်လား။ ပြောစမ်း မင်း အဲကောင်တွေကို ပို့လိုက်တာလား”

အဘိုးအို၏လက်က ပို၍ တင်းကျပ်လာပြီး မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များ ပြင်းထန်စွာ ထွက်ပေါ်လာတော့၏။

တစ်ဖက်လူ၏ အကြည့်အရ ဝမ်ချောင်သည် သူ၏လက်ရှိ အကျဉ်းအကျပ်ကို တစ်ခဏအတွင်း နားလည်သွားတော့သည်။

သူ၏အဖြေသာ မှားယွင်းခဲ့ပါက ထိုသူသည် မြို့အလယ် လူအုပ်ရှေ့တွင် ဖြစ်နေသည့်တိုင် သူ့အား တုံ့ဆိုင်းခြင်းမရှိ သတ်ပစ်မှာ ဖြစ်သည်။

အဘိုးအိုကဲ့သို့ ကျွမ်းကျင်သူအတွက် ဝမ်ချောင်သည် ပုရွက်ဆိတ်တစ်ကောင်နှင့် မခြားနားပေ။ ပုရွက်ဆိတ်တစ်ကောင်ကို သတ်ခြင်းက အရေးမပါသော ကိစ္စသာ ဖြစ်ပြီး ထိုသို့ပြုလုပ်ရန် အပြစ်ရှိခြင်း သို့မဟုတ် တုံ့ဆိုင်းခြင်းများ မလိုအပ်ပေ။

“ဒီလူက မကောင်းဆိုးဝါးဧကရာဇ်အဘိုးအိုပဲ”

အေးစက်သော ချွေးစေးများသည် ဝမ်ချောင်၏ ခန္ဓာကိုယ်မှ စိမ့်ထွက်လာတော့သည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဝမ်ချောင်သည် တစ်ဖက်လူ မည်သူမှန်း နားလည်သွားပေပြီ။

အခန်း- ၁၅၄ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း စမ်းသပ်ခြင်း။

ဝမ်ချောင်က ‘မကောင်ဆိုးဝါးဧကရာဇ်အဘိုးအို’ ကို တစ်လျှောက်လုံး ရှာဖွေနေခဲ့သည်။ သို့သော် ထိုအခြေအနေက သေရေးရှင်ရေး အခိုက်အတံ့အောက် ရောက်သွားမည်ဟု သူလုံးဝ မမျှော်လင့်ခဲ့။ ထိုအရာက သူလုံးဝ မမျှော်လင့်ထားခဲ့သည့်အရာ ဖြစ်လာတော့၏။

ထိုအချိန်တစ်ခိုက်၌ ဝမ်ချောင်ရှေ့က အဘိုးအိုသည် သူ တစ်လျှောက်လုံး ရှာဖွေနေသည့် မကောင်းဆိုးဝါး အဘိုးအို ဖြစ်ကြောင်းကို ဝမ်ချောင် အလွန် သေချာနေ၏။ ယုတ်မာသည့် အငွေ့အသက်များကို ထုတ်လွှတ်နေကာ လူ့အသက်များအပေါ် အရေးမပါသကဲ့သို့ သဘောထားသည့် အကြင်နာတရား ကင်းမဲ့ပြီး သူက ပြဿနာကောင်များဟု ပြောလိုက်၏။ ပိုအရေးကြီးသည်က ကျင့်ကြံဆင့် အဆင့်နိမ့်သည့် သူများက ထိုနေရာတွင် သူ့ကို နှိမ်နှင်းနိုင်သူ မရှိဟု သူတွေးခဲ့တာ ဖြစ်၏။

ဝမ်ချောင်သည် တုံ့ပြန်မှုတောင် မပြုရသေးပေ။ အခြားသူ၏ အတွေ့အကြုံ၊ တုံ့ပြန်ခြင်း လျင်မြန်မှုနှင့် ဆုံးဖြတ်ချက် ပြတ်သားခြင်းက ဝမ်ချောင်ထက် ပိုလွန်၏။ ထို့အတွက် အခြားတစ်ဖက်သူ၏ ကျင့်ကြံဆင့်သည် သူ့အစွမ်း၏ အမြင့်ဆုံး ရောက်သည်ထက် ပိုပြီး အဆင့်မြင့်သည့် အံ့အားသင့်ဖွယ်ကောင်းသည့် အဆင့်တစ်ခုကို သေချာပေါက် ရောက်နေမည် ဖြစ်သည်။

ထိုအခြေအနေများ အားလုံးကို ပြီးပြည့်စုံအောင် ဖြည်းဆည်းပေးနိုင်သည့် လူတစ်ယောက်သည် ဆန်းကျယ်သည့် မကောင်းဆိုးဝါးဧကရာဇ်အဘိုးအို တစ်ယောက်သာ ဖြစ်၏။

သူ့ရှေ့ရှိ အဘိုးအို၏ အထောက်အထားများအား အတည်ပြုပြီးနောက် ဝမ်ချောင်သည်လည်း သူက မမှားသင့််သည့် အမှားကြီးကြီးတစ်ခုကို လုပ်လိုက်ပြီ ဖြစ်ကြောင်း နားလည်သွား၏။ သုံးနိုင်သည့် အရင်းအမြစ် အကုန်လုံးက သူ့ကို မကောင်းဆိုးဝါးဧကရာဇ် အဘိုးအိုကို ရှာရန်အတွက် ဖွင့်လိုက်တာ ဖြစ်သည်။ သို့သော် သူ ရှုံးနိမ့်ပြီဟု စဉ်းစား၍ မရသေးပေ။ အကြောင်းမှာ သူ့ရှေ့ရှိ သူက လူ့အသက်များကို ဂရုမစိုက်သည့် မကောင်းဆိုးဝါး တစ်ကောင် ဖြစ်နေသည့် အတွက်ပင်။

မကောင်းဆိုးဝါးဧကရာဇ် အဘိုကြီး ရှာဖွေပြီးနောက် (မဟာယင်ယန်ကောင်းကင်ဘုံ ဖန်တီးခြင်းအတတ်ပညာ) ရရှိရန်က သူတွေးထားသလောက် မရိုးရှင်းပေ။ ပြီးနောက် ကြီးမားသော အန္တရာယ်များကလည်း ထိုကိစ္စတွင် ပါဝင်နေ၏။

လူသားများသည် ပြောင်းလဲနိုင်၏။

မကောင်းဆိုးဝါးဧကရာဇ်အဘိုးအိုသည် အနာဂတ်တွင် တခြားသူတစ်ယောက်အား ဖြည့်ဆည်းပေးရန်အတွက် သူ၏ပြိုင်စံရှား ကျင့်ကြံဆင့်ကို စွန့်လွှတ်ပြီး ကြင်နာတတ်သော လူတစ်ယောက် ဖြစ်လာလိမ့်မည်။

သို့သော ယင်းပြောင်းလဲခြင်းသည် တစ်ရက်တည်းနှင့် လုပ်နိုင်သည့် အရာ မဟုတ်ပေ။ မကောင်းဆိုးဝါးဧကရာဇ်အဘိုးအိုက သစ္စာဖောက်ခြင်းကို ခံခဲ့ရပြီး သူ၏သံသယကြီးတတ်သည့် ပင်ကိုစရိုက်ကိုပါ ထည့်သွင်းတွေးတောပါက ယခုအချိန်တွင် သူ့အနား ချဉ်းကပ်ခြင်းသည် အမှန်ပင် အန္တရာယ်များပေသည်။

ဝမ်ချောင်သည် သူ၏မတည်ငြိမ်သော အခြေအနေနှင့် ရန်လိုခက်ထန်သော အခြေအနေတွင် တွေ့ဆုံခဲ့မိခြင်း ဖြစ်၏။

သူသည် မကောင်းဆိုးဝါးအဘိုးအိုကို လျော့တွက်ခဲ့မိခြင်းက အဆိုးဆုံးဖြစ်မှန်း နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။

တစ်ဖက်လူသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားသည့်တိုင် သူ၏ နားလည်သဘောပေါက်နိုင်စွမ်း၊ ကျွမ်းကျင်လိမ္မာမှု၊ တုံ့ပြန်နိုင်စွမ်းနှင့် သတိရှိမှုတို့ကို ပိုင်ဆိုင်ထားဆဲပင်။

ဝမ်ချောင်သည် သူ့လူများကို မြို့တော်အရှေ့ခြမ်း ကျောက်ကျီဝိုင်ချက်စက်ရုံတွင် မကောင်းဆိုးဝါးအဘိုးအိုကို ရှာရန် တပ်ချထားစေခဲ့သည်။ သို့သော် သူ၏အစီအစဉ်ကို တစ်ဖက်လူမှ သိရှိသွားခဲ့၏။ ယင်းက သူ့လည်ပင်းပေါ် ချွန်ထက်သော ဓားသွားတင်လိုက်သည်နှယ် ဖြစ်သွားတော့၏။

ဝမ်ချောင်သည် အဘိုးအို ယုံကြည်စေမည့် ကောင်းမွန်သော အကြောင်းပြချက် ရှာမတွေ့ပါက သူ့ကို သေခြင်းတရားက စောင့်ကြိုနေမှာ ဖြစ်သည်။

“အင်အားအကြီးမားဆုံး နတ်သိုင်း.. ဒါကို ရဖို့ ဒီလောက် မလွယ်ဘူးဆိုတာ ငါ သိထားသင့်တယ်”

ယင်းကား ဝမ်ချောင်၏ အတွေးမျှသာ ဖြစ်၏။

သိုင်းပညာသည် ပို၍ စွမ်းအားကြီးလေလေ ရရှိရန် ပိုခက်ခဲလေလေ ဖြစ်၏။ ဝမ်ချောင်သည် အနာဂတ်ကို သိနေသည့်တိုင် ထိုနိယာမက ရှိနေဆဲ ဖြစ်သည်။

ပတ်ဝန်းကျင်က လုံးဝ တိတ်ဆိတ်နေပြီး တင်းမာသည့် လေထုက ထိုဧရိယာကို စိုးမိုးလျက်ရှိ၏။

ထိုအချိန်တွင် ထိုနေရာသို့ ရှန့်ဟိုင်က ရောက်ရှိလာပြီး အခြေအနေကို မြင်သည်နှင့် သူ၏တုံ့ပြန်မှုက ဆိုးဆိုးဝါးဝါး ဖြစ်သွားတော့၏။

အဘိုးအိုသာ တစ်ချက်မျှ လှုပ်ရှားလိုက်သည်နှင့် အစိတ်စိတ်အမွှာမွှာ လုပ်ပစ်မည်ဟု ဆုံးဖြတ်ချက် ချထားကြကာ အားလုံးက အဘိုးအိုအား စူးစိုက်၍ ဝိုင်းကြည့်နေကြတော့သည်။

“အဘိုးကြီး မင်းမှားနေပြီ ငါ မင်းပြောသလို မဟုတ်ဘူး”

ဝမ်ချောင်၏ မျက်နှာသည် ဖြူရော်နေပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

ဝမ်ချောင်သည် သေမင်းနှင့် ထိတွေ့ရန် ခြေတစ်လှမ်းသာ လိုတော့သည်ဟု ဒုတိယအကြိမ်မြောက် ခံစားလိုက်ရသည်။ အဘိုးအို၏ သူ့အပေါ် ကြီးမားသော ဖိအားပေးထားခြင်းက ဒီမော့လက်၏ဓားသည် သူ့ခေါင်းပေါ်တွင် တွဲလောင်းကျနေပြီး အချိန်မရွေး ပြုတ်ကျသွားတော့မည့်နှယ် ခံစားနေရသည်။

(Damocles ဆိုတာက ဘီစီ၄ရာစုတုန်းက ရှိခဲ့ဖူးတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပြီးတော့ အာဏာရှိသူတွေ ရင်ဆိုင်ရတာတွေကို သိနားလည်စေနိုင်ခဲ့တဲ့သူပါ။ ပုံပြင်က ဒီမော့လက်က ရှင်ဘုရင်ကို ဘာမှမလုပ်ဘဲ ဇိမ်ယစ်နေတယ်လို့ ပြောလို့ ရှင်ဘုရင်က သူ့ကို ပလ္လင်ပေါ် ပေးတက်စေလိုက်တာပါ။ ဒါပေမဲ့ ပလ္လင်ရဲ့ အပေါ်ထိပ်တည့်တည့်မှာ ဓားကို ပြတ်လုဆဲဆဲ ကြိုးနဲ့ ဇောက်ထိုး ဆွဲချခိုင်းထားပါတယ်။ ဓားက အချိန်မရွေး ဒီမော့လက်ပေါ်ကို ပြုတ်ကျလာနိုင်ပါတယ်။ ဒီမှာ ဆိုလိုထားတာကတော့ ဝမ်ချောင်က သူ့လူတွေကို သုံးပြီးတော့ အဘိုးအိုအနောက်ကို လိုက်ထားခဲ့လို့ အဘိုးအိုက သူ့ကို အပြစ်ပေးတော့မယ်ဆိုပြီး တွေးကြောက်နေတဲ့သဘောပါ)

မကောင်းဆိုးဝါးအဘိုးအိုသည် နောင်အခါတွင် ဆိုးဝါးမှုကို စွန့်ပစ်ကာ ကြင်နာမှုဘက်သို့ ဦးလှည့်သွားမည်ဖြစ်၏။ သို့သော် လက်ရှိအချိန်တွင် သူသည် မကောင်းဆိုးဝါးဧကရာဇ် ဖြစ်နေဆဲပင် ဖြစ်သည်။

ဝမ်ချောင် ဆက်ပြောမည့် စကားများသည် မကောင်းဆိုးဝါးဧကရာဇ် အဘိုးအိုက သူကို ချမ်းသာခွင့် ပေးမည် မပေးမည်ကို ဆုံးဖြတ်မည် ဖြစ်သည်။

“ဟမ့်.. ငါ့ရှေ့မှာ မသိသလို လာဟန်ဆောင်နေတာလား။ မင်း အသက်ရှင်ရတာ ငြီးငွေ့နေပုံပဲ”

မကောင်းဆိုးဝါးအဘိုးအိုသည် အေးစက်စွာ ရယ်မောလိုက်ပြီး သတ်ဖြတ်လိုစိတ်များက သူ့မျက်ဝန်းများမှ နက်ရှိုင်းစွာ တောက်ပလာ၏။ ဤကောင်လေးက သူ့ကို အရူးလုပ်လိုသလော။

ရုတ်တရက် သူ၏လက်က တင်းကျပ်သွား၏။ ခရက်.. ဝမ်ချောင်၏ကိုယ်မှ ကွဲအက်သည့်အသံ ထွက်ပေါ်လာသည်။

“ရပ်လိုက်”

“အတင့်ရဲလိုက်တာ..”

“သခင်လေးကို လွှတ်ပေး..”

…

ထိတ်လန့်အံ့သြ ဒေါသထွက်နေသော လူအုပ်ကြီး၏ မျက်နှာများသည် တုန်လှုပ်သွားကြတော့သည်။ သူတို့သည် အဘိုးအိုအား သတ်ပစ်ချင်သော်လည်း သူတို့သခင်လေးကို တစ်ခုခု လုပ်လိုက်မည်ကို ကြောက်ရွံ့နေလေသည်။

အားလုံးထဲတွင် မုန့်လုံသည်သာ ကြောက်လန့်မှုကို ကျော်လွှားနိုင်သူ ဖြစ်၏။

သူသည် ဝမ်ချောင်အား အဘိုးအိုအကြောင်း သတင်းပေးခဲ့သူ ဖြစ်ပြီး ဝမ်ချောင်နှင့်အတူ လိုက်လာခဲ့သူ ဖြစ်သည်။ ခုနတုန်းက သူတို့သည် အဘိုးအိုအား ဆေးကုသပေးရန် ထောက်ပံ့ရေးဌာနသို့ ခေါ်သွားပေးချင်ခဲ့သော်လည်း ယခုတွင် ဤသို့ ဖြစ်ပျက်သွား၏။

“အဘိုးကြီး ခင်ဗျား အမှားလုပ်မိပြီ။ ငါတို့က ဒီကို တစ်ယောက်ယောက်ကို လာရှာနေတာ ဒါပေမဲ့ မင်း မဟုတ်ဘူး”

ထိုသေရေးရှင်ရေး အခြေအနေတွင် ဝမ်ချောင်သည် တုန်လှုပ်ရမည့်အစား ငြိမ်သက်သွားသည်။

မကောင်းဆိုးဝါးနတ်ဆိုးဘုရင်သည် ကောက်ကျစ်ပြီး ယုံကြည်စရာ မကောင်းသည့်လူတစ်ယောက် ဖြစ်သည်။ ဝမ်ချောင်သည် ထိုအရေးကိစ္စကို ကံတရားပေါ်တွင် ပုံချမထားနိုင်ပေ။ သူသည် ဉာဏ်စွမ်းရှိသလောက် ထိုအခြေအနေမှ လွှတ်မြောက်အောင် လုပ်ရမည် ဖြစ်သည်။

“အမှန်တရားက ငါက တော်ဝင်သက်တော်စောင့်တွေ တိုက်ခိုက်မှုကနေ လွတ်မြောက်သွားတဲ့ လုပ်ကြံသူအဖွဲ့အစည်းက လုပ်ကြံသူတွေကို ရှာနေတာ။ သူတို့က ငါ့နောက်ကို လူတွေ စေလွှတ်ဖူးတယ်။ ဒါပေမဲ့ ငါက တော်ဝင်စစ်တပ်ကို ငှားပြီး သူတို့ရဲ့အသိုက်ကို ဖျက်ဆီးပစ်ဖို့ စီစဉ်ခဲ့တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူတို့တွေက မြို့တော်ရဲ့အရှေ့ပိုင်းမှာ ပုန်းနေတယ်လို့ သတင်းရခဲ့တယ်။ မင်းငါ့ကို မယုံရင် ငါ့ဘေးက လူတွေ မေးလို့ရတယ်”

ဝမ်ချောင်သည် ကိစ္စတိုင်းကို လုပ်ကြံသူအဖွဲ့အစည်းကို စိတ်ငြိမ်စွာဖြင့် ပုံချလိုက်သည်။ သူသည် မကောင်းဆိုးဝါးဧကရာဇ်အဘိုးအို သူ၏လိမ်ညာခြင်းကို သိသွားမည်ကို မစိုးရိမ်ပေ။ ယခု စစ်စင်ရေးတွင် လူများစွာကို တပ်ဖြန့်ထားသော်လည်း အများစု လက်ခံရရှိသည့် အမိန့်များက သံသယ ဖြစ်ဖွယ် လူများကိုသာ သတိပြရန် ဖြစ်သည်။

ဝမ်ချောင်နှင့်ရင်းနှီးသည့်သူများမှ အပါး ကျန်သည့်သူများက ဘာဖြစ်နေသလဲ ဆိုသည်ကို မသိကြပေ။

“ထပ်ပြောရရင်.. အဘိုးပြောတဲ့ မကောင်းတဲ့ကောင်ကို ကျွန်တော်မသိဘူး။ ကျွန်တော်က စစ်သူကြီးအိမ်တော်က လာခဲ့တာ တခြားသူတွေရဲ့အမိန့်ကို နာခံဖို့ အကြောင်းပြချက် လုံးဝမရှိဘူး”

ဝမ်ချောင်သည် ထိုသို့ ပြောပြီးနောက် သူ့ခါးရှိ ဝမ်ကလန်အမှတ်အသားတံဆိတ်ပြားကို တုန်ယင်သောလက်ဖြင့် ယူလိုက်သည်။ ထိုအမှတ်တံဆိတ်ပြားသည် လက်တစ်ဖါးစာခန့် ရှိကာ တိမ်တိုက်များ၏ နောက်တွင် ကြီးမားသော ကျားခေါင်းက ထင်ထင်ရှားရှား ရှိ၏။ တခြားတစ်ဖက်တွင် ဝမ်(王) ဟူသော စာလုံးကို ရေးထွင်းထား၏။

ယင်းသည် အိမ်တော်မှ မိသားစုဝင်များ အပြင်သို့ ယူဆောင်သွားလေ့ ရှိသော သာမန်အမှတ်တံဆိတ်ပြားသာ ဖြစ်၏။

ထိုအရာသည် ဝမ်ချောင် နောက်ဆုံး အားထားခဲ့သည့်အရာ ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ဝမ်ချောင်၏အကြံအစည်သည် အောင်မြင်ခဲ့သည်။ မဟာထန်မင်းဆက် အရာရှိတစ်ဦး၏ အမှတ်သင်္ကေတကို မြင်သောအခါ မကောင်းဆိုးဝါး အဘိုးအို၏ ဒေါသတကြီး သတ်ဖြတ်လိုမှုက လျော့နည်းသွား၏။

“မင်းက ဝမ်ကလန်နဲ့ ပတ်သတ်နေတယ်လို့ ထင်လို့..”

ချက်ချင်းပင် ဝမ်ချောင်၏ လက်က ဗလာဖြစ်သွား၏။ ဝမ်ချောင်သည် ဘာဖြစ်သွားမှန်း မသိသေးမီ မကောင်းဆိုးဝါးအဘိုးအိုသည် ဝမ်ကလန်အမှတ်တံဆတ်ကို ဆတ်ခနဲ ဆွဲယူစစ်ဆေးလိုက်၏။ သူ့ရှေ့ရှိ သခင်လေးကို စိတ်ရှုပ်ထွေးစွာ မကြည့်မီ အမှတ်တံဆိတ်မှ အချက်အလက်များကို ဖြည်းဖြည်းချင်း ကြည့်ရှုစစ်ဆေးနေသည်။

နန်းတော်နှင့် သိုင်းလောကသည် သီးခြားကမ္ဘာနှစ်ခု ဖြစ်သည်။

အကယ်၍ ထိုလူငယ်သည် စစ်သူကြီးမျိုးရိုးမှ ဖြစ်ပါက သူသည် သိမ်ဖျင်းသော သူ့တပည့်နှင့် ပေါင်းစည်းရန် မဖြစ်နိုင်ပေ။ ထိုလူငယ်သည် မဟာထန်မင်းဆက်မှလူများအား အမိန့်ပေးရန် လုံသောက်သော အာဏာမရှိပေ။

သို့သော် မှန်ကန်မှု ရှိမရှိတော့ စစ်ဆေးဖို့ လိုသေး၏။

ရွှီး..

မကောင်းဆိုးဝါးအဘိုးအို၏ လက်မှ လျှပ်စီးကြောင်းကဲ့သို့ အမှောင်ရိပ်တချို့ ပြေးထွက်လာ၏။ တစ်စုံတစ်ခုသည် သူ့လက်ထဲသို့ ပျံသန်း၍ မရောက်သေးမီတွင် ပြင်းထန်သော လှိုင်းတစ်ခု ဖြစ်ပေါ်လာသည်။

ထိုအချိန်တွင် ရှန့်ဟိုင်၊ မုန့်လုံနှင့် အခြားသူများ ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။ ယင်းက ကြေးဒင်္ဂါးတစ်ခု ဖြစ်သည်။

“မင်း ဘာလုပ်တာလဲ”

အစောင့်တစ်ယောက်က ရှေ့သို့ တိုးလာပြီး အော်ဟစ်လိုက်သည်။ သို့သော် ထိုအချိန်တွင် ကြမ်းပြင်ပေါ်သို့ တစ်စုံတစ်ခု ပြုတ်ကျသည့်အသံ ထွက်ပေါ်လာ၏။ တန်.. တန်.. တန်.. ထို့နောက် အော်ဟစ်သံများကြားထဲတွင် အစောင့်များကြားထဲမှ တစ်ဦး၏ ခါးမှ အမှတ်တံဆိတ်တစ်ခု ပြုတ်ကျသွားသည်။

“တကယ်ပေါ့..”

ထိုအမှတ်တံဆိတ်ကို ကြည့်လိုက်ပြီးနောက် အဘိုးအို၏ မျက်လုံးများက အနည်းငယ် ပျော့ပျောင်းသွားသည်။

ဤကိစ္စသည် အမှန်တကယ်ပင် နားလည်မှု လွဲသွားပုံပေါ်၏။

ဟူး..

ဝမ်ချောင်သည် သူ့လက်ကောက်ဝတ်ပေါ်မှ ဖိအားများ သိသိသာသာ လျော့ကျသွားသည်ကို ခံစားမိလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် သက်ပြင်းရှည်ကြီး ချလိုက်မိ၏။

ဝမ်ချောင်သည် မကောင်ဆိုးဝါးအဘိုးအို၏ သိမ်ဖျင်းသောတပည့်သည် မည်သူဖြစ်မှန်း မသိသော်လည်း သူသည် သူ့အတွက် ဤနေရာတွင် ရှိနေရခြင်း ဖြစ်၏။

အနည်းဆုံးတော့ သူသည် ဤစမ်းသပ်မှုကို ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်သည်။

“အဘိုး အဘိုးရဲ့ဒဏ်ရာက ပြင်းထန်ပုံပဲ ကျွန်တော့်ကို ကုသခွင့် ပေးပါ”

ဝမ်ချောင်က ပြောလိုက်သည်။

“ဟား ဟား.. ငါ့ကို ကုသပေးမှာလား”

ဝမ်ချောင်၏စကားကို ကြားသောအခါ မကောင်းဆိုးဝါးအဘိုးအိုက ဝမ်းနည်းစွာ ရယ်မောလိုက်၏။

“အဲဒီဆိုးယုတ်သိမ်ဖျင်းတဲ့တပည့်က ငါ့ဝိညာဉ်ပင်လယ်ကို ဖျက်ဆီးဖို့ အပြင်လူတွေနဲ့ ပူးပေါင်းခဲ့တယ်။ ပြီးတော့ ငါ့ရဲ့မရင်ဒျာန်ခုနှစ်ခုနဲ့ အပ်စိုက်မှတ် နှစ်ဆယ့်သုံးခု၊ ငါ့ရဲ့ရမ်နဲ့တု မရင်ဒျန်တွေ အားလုံး ပျက်စီးသွားပြီ။ ငါ့ရဲ့အရင်လိုခွန်အားပြည့် တစ်ရာရာခိုင်နှုန်းကို ပြန်မရနိုင်တော့ဘူး။ တဖြည်းဖြည်း အားနည်းလာလိမ့်မယ်။ သုံးရက်ကြာရင် ငါ့ခွန်အားတွေ အားလုံး ပျောက်ကွယ်သွားလိမ့်မယ်။ သူတော်စင်အဆင့် ပြန်လည်ထိန်းသိမ်းခြင်းဆေးလုံးသာ မရရင် ငါ နည်းနည်းတောင် ပြန်လေ့ကျင့်နိုင်တော့မှာ မဟုတ်ဘူး”

“ဒါပေမဲ့ တော်ဝင်မိသားစုမှာတော့ အဲဒီအဆင့်ဆေးပြားတွေ ရှိတယ်။ အဲဒါကို ဘယ်လိုလုပ် လွယ်လွယ် ရနိုင်မှာလဲ။ အခုတော့ သိပ်နောက်ကျသွားပြီ။ တပည့်မိုက် ငါ သူ့ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး”

သူ့တပည့်ကို သတိရသွားပြီးနောက် စိတ်လှုပ်ရှားသွားပြီး၊ ဖူး..။ ပါးစပ်အပြည့် သွေးတစ်လုတ် အန်ထုတ်လာသည်။

သူ့တပည့်ဖြစ်သူကို သတိရသွားပြီး သူက စိတ်လှုပ်ရှားသွားကာ၊ ဖူး..။ သူသည် ယခင်က ဒဏ်ရာရထားပြီး ဖြစ်ကာ ပြင်းထန်သော ဒဏ်ရာများဖြင့် လိုက်ရှာသူများထံမှ ထွက်ပြေးခဲ့ရသည်။ စိတ်သက်သာရာ ရသွားသည်နှင့် ဒဏ်ရာအားလုံး ချက်ချင်း ပြန်ပေါ်လာတော့သည်။ သူ့ရှေ့ရှိ မြင်ကွင်းက မည်းမှောင်လာပြီး သတိလစ်သွားတော့သည်။

“သူ့ကိုသတ်”

“ခွေးကောင်”

“သခင်လေးကိုကာကွယ်ကြ”

….

ရှန့်ဟိုင်၊ မုန့်လုံနှင့် ကျန်သော ဝမ်မိသားစု ကိုယ်ရံတော်များသည် အခြေအနေကို သေချာအကဲခတ်နေကြသည်။ မကောင်းဆိုးဝါးအဘိုးအို၏ ဒဏ်ရာများကို မြင်လိုက်သည်နှင့် အဘိုးအို၏ လည်ပင်းကို ဓားဖြင့် ထောက်ထားလိုက်ကြသည်။

“ခဏနေအုံး..”

ဝမ်ချောင်က အမြန်တားလိုက်သည်။

“သခင်လေး ကျွန်တော်တို့ ဒီလူကို အရှင်ထားလို့ မရဘူး။ သူ့ကို စေတနာနဲ့ ကယ်တင်ပေမဲ့ သူက သခင်လေးကို သတ်မိလုနီးပါးပဲ။ ကျေးဇူးကန်းတဲ့သူတွေက သေဖို့ထိုက်တန်တယ်”

မုန့်လုံက အော်ဟစ်လိုက်သည်။ ထိုမတိုင်ခင် အဖြစ်အပျက်သည် အမှန်တကယ် ထိတ်လန့်ဖွယ်ရာ ဖြစ်၏။ ဝမ်ချောင်သာ အနည်းငယ်မျှ ထိခိုက်သွားခဲ့ပါက သူသည် သခင်ကြီးနှင့် သခင်မကြီးကို မျက်နှာပြရန်မှာ မဖြစ်နိုင်တော့ပေ။

“စိတ်မပူနဲ့ သူသာ ငါတို့ကို သတ်ချင်ရင် လုပ်ပြီးတာ ကြာပြီ။ ကြေးနီဒင်္ဂါးကို မှတ်မိကြလား။ မင်းတို့လည်ပင်းမှာသာ အဲဒါကို ဦးတည်လိုက်ရင် အကျိုးဆက်ကို တွေးကြည့်ရဲလား”

ဝမ်ချောင်က ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်သောအခါ လူတိုင်းက ရုတ်တရက် လည်ပင်းထက် အေးစက်စက် ခံစားလိုက်ရပြီး နောက်သို့ အလိုလို ဆုတ်လိုက်မိသည်။ ထိုလူ၏ ကျင့်ကြံမှုအရ သတ်လိုလျှင် ကြေးနီဒင်္ဂါးဖြင့်ပင် လုံလောက်ပြီ ဖြစ်သည်။

ဝမ်ချောင်သည် လူအုပ်ကြီးကို လျစ်လျူရှုလိုက်ပြီး ထုံကျဉ်နေသော သူ့လက်ကို နှိပ်နှယ်လိုက်ပြီးနောက် သတိလစ်နေသော မကောင်းဆိုးဝါး အဘိုးအိုဆီသို့ လျှောက်သွားလိုက်သည်။

ယခုတစ်ကြိမ်တွင် အဘိုးအိုမှာ အမှန်တကယ် သတိလစ်နေကြောင်း သူ ပြောနိုင်ပေသည်။ သို့သော် ဝမ်ချောင် စိုးရိမ်သွားသည်မှာ ထိုအရာ မဟုတ်ပေ။

“ထူးဆန်းတယ်။ သူက ဘာလို့ ဒီလောက် ဒဏ်ရာပြင်းထန်နေရတာလဲ”

ဝမ်ချောင်သည် မကောင်းဆိုးဝါးအဘိုးအိုကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်မိ၏။

မကောင်းဆိုးဝါးအဘိုးအို၏ စကားအရ သူ၏ကျင့်ကြံဆင့်သည် နောက်သုံးရက်နေလျှင် ပျောက်သွားမည် ဖြစ်သည်။ သို့ဆိုလျှင် သူ၏ကျင့်ကြံဆင့်အား ကျိုးဝမ်ထံ အဘယ်သို့ လွှဲပြောင်းပေးခဲ့သနည်း။ ပြီးလျှင် မည်သို့သော ပညာရပ်များနည်း။

မကောင်းဆိုးဝါးအဘိုးအို ခံစားနေရသည့် ဒဏ်ရာများသည် ယခင်ဘဝထက် ပို၍ ပြင်းထန်ပုံရ၏။

ဝမ်ချောင်သည် ကျိုးဝမ်ကို အလိုအလျောက် တွေးလိုက်မိသည်။

ကျိုးဝမ်၏ ကံတရားကို ပြောင်းလဲစေလိုက်ခြင်းသည် ကျိုးဝမ်နှင့် အဘိုးအိုအကြား ကံတရားက ထိုသို့သော ရလဒ်မျိုး ထွက်ပေါ်လာခြင်းပေလော။

သို့သော် ထိုသို့ မေးခွန်းထုတ်နေရမည့် အချိန်မဟုတ်တော့ပေ။ လက်ရှိ အရေးကြီးသည်မှာ မကောင်းဆိုးဝါးအဘိုးအိုကို ကယ်တင်ရန် ဖြစ်၏။ မကယ်တင်နိုင်ခဲ့ပါက မဟာယင်ယန်ကောင်းကင်ဘုံဖန်တီးခြင်းသိုင်းသည် ရာဇဝင်တစ်ခုသာ ဖြစ်သွားပေလိမ့်မည်။

ဝမ်ချောင် ယခင်က အားထုတ်ခဲ့သမျှသည် အချည်းနှီး ဖြစ်သွားပေမည်။

….

အခန်း- ၁၅၅

ဝမ်ချောင် လက်ပြလိုက်၏။

ထိုအချိန်တွင် မျက်စိတစ်ဆုံး လမ်းသွားလမ်းလာများက ထိုနေရာတွင် စုရုံးရောက်လာကြ၏။ ဝမ်ချောင်သည် လူအုပ်ကြီးကို မစိုးရိမ်သော်လည်း မကောင်းဆိုးဝါးအဘိုးအို၏ အသိအကျွမ်းများ အနီးအနားတွင် ရှိနေပါက သူတို့ကို ထိတ်လန့်သွားစေလိမ့်မည်။

ထို့ကြောင့် ယမ်ချောင်သည် ရှန့်ဟိုင်ကို တစ်ချက် ကြည့်လိုက်၏။ ရှန့်ဟိုင်က ခေါင်းညိတ်လိုက်ပြီးနောက် အသံဟိန်းထွက်လာသည်။

“မကောင်းတဲ့ သူတောင်းစားကြီး ငါတို့ သခင်လေးကို စော်ကားဖို့ ဘယ်ကသတ္တိတွေ ရှိလာတာလဲ။ သူ့ကို ရထားလုံးပေါ် ခေါ်သွားပြီး ကောင်းကောင်း အပြစ်ပေးရမယ်။ ပြီးရင် မြို့ရိုးမှာ မြှုပ်နှံပစ်ရမယ်”

ဝမ်မိသားစုမှ အစောင့်များသည် ရှန့်ဟိုင်၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်ကြပြီး မကောင်းဆိုးဝါးအဘိုးအိုအား ဝမ်ချောင်၏ ရထားလုံးထဲသို့ လျင်မြန်စွာ ထည့်လိုက်ကြသည်။

အစပိုင်းတွင် လူအုပ်ကြီးက မည်သို့ဖြစ်သွားသည်ကို သိလိုသေး၏။ သို့သော် မကောင်းသည့် သူတောင်းစားအိုကြီးမှန်း တစ်ဖက်လူက အတည်ပြုပေးလိုက်ပြီးသည်နှင့် စိတ်ဝင်စားမှု ပျောက်ဆုံးသွားကာ တကွဲတပြား ထွက်သွားတော့သည်။

မကောင်းဆိုးဝါးအဘိုးအို၏ အပြုအမူကို မြင်ပြီး ရိုးရှင်းမှုတစ်ခုခု မဟုတ်မှန်း သိလိုက်ကြသော သူများသည်လည်း သူတို့၏ လမ်းအတိုင်း ထွက်သွားရုံသာ တတ်နိုင်တော့သည်။ ထို့အပြင် ထိုကိစ္စသည် သူတို့နှင့် မည်သို့မျှ မသက်ဆိုင်သောကြောင့် အလွန်အမင်း တွေးတောရန် အကြောင်း မရှိပေ။

မကြာမီတွင် ရထားလုံးသည် ကျောက်ကျီဝိုင်ချက်ရုံ အနားမှ တစ်ဟုန်ထိုး ထွက်ခွာသွားတော့၏။

ရထားလုံးတစ်ခုလုံး တိတ်ဆိတ်နေလေသည်။

ပြင်းထန်စွာ ဒဏ်ရာရထားသော မကောင်းဆိုးဝါးအဘိုးအိုသည် ကြမ်းခင်းတွင် မလှုပ်မယှက်လဲလျောင်းနေပြီး အသက်ရှုသံများက အားနည်းနေ၏။ ဝမ်ချာင်သည် သူ့အား စိတ်ရှုပ်ထွေးစွာ ငေးကြည့်နေတော့သည်။

ယခင်ဘဝက လက်လှမ်းမမီခဲ့သော မဟာယင်ယန်ကောင်းကင်းဖန်တီးခြင်းသိုင်းပညာနှင့် အလွန်နီးစပ်နေပြီဟု တွေးမိလိုက်သည်။

ထိုစဉ် သူသည် တစ်နေ့နေ့တွင် ထိုလျှို့ဝှက်ဆန်းကြယ်သော မကောင်းဆိုးဝါးအဘိုးအိုသည် သူ့ရှေ့တွင် ပေါ်လာမည်ဟု မထင်ထားခဲ့ပေ။

သို့တိုင် ထိုအရေးကိစ္စကို အောင်မြင်ပြီဟု သတ်မှတ်၍ မရသေးမှန်း ဝမ်ချောင်က နားလည်သေးသည်။

“ကပ်ဘေးကြီးက နီးလာပြီ။ မကောင်းဆိုးဝါးအဘိုးအိုလို ကျွမ်းကျင်သူတစ်ယောက်က တန်ဖိုးဖြတ်လို့ မရနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် သူ့ကို ကုသဖို့ နည်းလမ်းရှာရမယ်”

ဝမ်ချောင် တိတ်တဆိတ် တွေးလိုက်မိသည်။

ယခင်ဘဝတွင် မကောင်းဆိုးဝါး အဘိုးအိုသည် သူ၏စွမ်းအားအားလုံးကို ကျိုးဝမ်အား လွှဲပြောင်းပေးခဲ့ပြီး ကျိုးဝမ်သည် ညတွင်းချင်း ထိပ်တန်းကျွမ်းကျင်သူ ဖြစ်လာ၏။

သို့သော် ဝမ်ချောင်၏ အမြင်တွင် မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်းပညာကို ထိပ်တန်းအဆင့် ကျွမ်းကျင်သူ ဖြစ်လာစေရန်အတွက် မကောင်းဆိုးဝါးအဘိုးအိုကို စတေးရန် မလိုအပ်ချေ။

အကောင်းဆုံးမှာ အတိတ်နှင့် လက်ရှိ လောကနှစ်ခုအကြား အကောင်းဆုံးကို ရွေးချယ်စစ်ထုတ်ရန်သာ ဖြစ်သည်။

တုနှိုင်းမဲ့ ပညာရှင် ဖြစ်သည့် မကောင်းဆိုးဝါးအဘိုးအိုသည် သူ၏ ကျင့်ကြံဆင့်များ ဆုံးရှုံးသွားသည့်တိုင် သူ့အတွေ့အကြုံ၊ ထိုးထွင်းသိမြင်မှုနှင့် ကျွမ်းကျင်မှုများကတော့ ကျန်ရှိနေဆဲပင်ဖြစ်ကာ သာမန်လူများသည် သူ၏ပြိုင်ဘက် မဟုတ်ချေ။

သူ၏လက်ထဲတွင်သာ ပြိုင်ဘက်ကင်းသော ဆန်းကြယ်သော မဟာယင်ယန်ကောင်းကင်ဘုံသိုင်းပညာ၏ အမြင့်ဆုံးစွမ်းရည်ကို ဖော်ထုတ်နိုင်လိမ့်မည် ဖြစ်၏။

မကောင်းဆိုးဝါးအဘိုးအို၏ ရက်စက်ကြမ်းတမ်းသောစရိုက်သည် သူ၏ ကြီးမားသော ချို့ယွင်းချက်ဖြစ်ပြီး ဝမ်ချောင်သည်လည်း ထိုစရိုက်ကြောင့် သေလုနီးပါး ဖြစ်ခဲ့ရသည်။ သို့သော် တစ်ဖက်လူအား ပြောင်းလဲနိုင်မည်ဟု ယုံကြည်သည်။ ဆိုရလျှင် သူ၏ အတိတ်ဘဝမှ အတွေ့အကြုံများသည် သက်သေဖြစ်လေသည်။

ထိုအရာကပင် ထိုသူကို ကယ်တင်ရန် ကြိုးစားသင့်သည်ဟု ဝမ်ချောင်က ခံစားမိသည်။

ထိုမျှမက ထိုသူ၏ ကျင့်ကြံဆင့်ကို ထိန်းသိမ်းထားနိုင်ရန် နည်းလမ်းရှာမည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။

ဝမ်ချောင်၏ စိတ်ထဲတွင် ထိုအတွေးများ ဆက်တိုက် ဖြစ်ပေါ်လာပြီ ထိတ်ခနဲ ဖြစ်သွား၏။

“သူတော်စင်အဆင့် ဆေးလုံး.. ဒါက အလုပ်ဖြစ်ပါ့မလား”

ဝမ်ချောင်သည် သူ့လက်ဖြင့် သူ့ရင်ဘတ်ကို စမ်းလိုက်ပြီး ကြီးမားလုံးဝိုင်းသည့် ဆေးတစ်လုံးကို ထုတ်ယူလိုက်သည်။ ၎င်းမှာ လက်ခြောက်ချောင်းကျန်းနှင့် နောက်ဆုံးလဲလှယ်ခဲ့သော ဆေးလုံးဖြစ်သည်။ ယင်းသည် သူတော်စင်အဆင့်ဆေးလုံး ဟုတ် မဟုတ် မသေချာသော်လည်း တော်ဝင်နန်းတော်မှ ထွက်လာသောဆေးလုံးဖြစ်သည်။

“ထားလိုက်တော့ ငါ စမ်းကြည့်သင့််တယ်။ ဒီဆေးက သူတော်စင်အဆင့်ဆေးလုံး ဟုတ်မဟုတ် မသေချာပေမဲ့ အနည်းဆုံးတော့ စျေးကွက်ထဲမှာ တခြားဆေးလုံးတွေထက် အရည်အသွေးမြင့်သေးတာပဲ”

ဝမ်ချောင်က တစ်ခဏ တွေးလိုက်ပြီးနောက် အဘိုးအိုအနားတွင် ထိုင်ချလိုက်ကာ အဘိုးအို၏မေးရိုးကို ဖွင့်လိုက်ပြီးနောက် လုံးဝိုင်းသောဆေးလုံးကို ပါးစပ်ထဲသို့ ထည့်ပေးလိုက်၏။ ဆေးလုံးသည် ပါးစပ်ထဲသို့ ရောက်သည်နှင့် ချက်ချင်း အရည်ပျော်သွားတော့သည်။

အချိန်တိုအတွင်း ဆေးလုံးတစ်လုံးလုံးက အရည်ဖြစ်သွားကာ မကောင်းဆိုးဝါးအဘိုးအို၏ အစာအိမ်အတွင်းသို့ စီးဝင်သွားတော့သည်။

အသက်တစ်ရှိုက်စာအချိန်အတွင်း မကောင်းဆိုးဝါးအဘိုးအို၏ မျက်နှာပေါ်တွင် အနီရောင်သန်းလာသည်။

သူ၏ ဖျော့တော့ပြီး အတက်အကျမြန်သော အသက်ရှုသံသည်လည်း တဖြည်းဖြည်း အားကောင်းလာပြီး ပိုတည်ငြိမ်လာသည်။

“အနည်းဆုံးတော့ ရွှေတုံးနှစ်သိန်းက အလကားမဟုတ်ဘူးပဲ”

ဝမ်ချောင်သည် ခေါင်းငုံ့လိုက်ပြီး မကောင်းဆိုးဝါးအဘိုးအို၏ ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးကြည့်ပြီးနောက် သက်ပြင်းချလိုက်သည်။ လက်ခြောက်ချောင်းကျန်းနှင့် နီးစပ်ရန် ငွေများစွာ အကုန်အကျခံပြီး လျှို့ဝှက်အဂ္ဂိရတ်အဖွဲ့အစည်းကို ဝင်နိုင်ရန် ကြိုးပမ်းခဲ့ခြင်းကို ရုတ်တရက် စိတ်ကျေနပ်သွားမိသည်။

ဆိုရလျှင် သူ၏ အရင်းအနှီးများစွာသည် အဆင်ပြေခဲ့သည်ဟု ဆိုနိုင်၏။

အဂ္ဂိရတ်ပညာရှင်ဘုရင်မှ ပြုလုပ်ပေးသော ထိုဆေးလုံးသည် ဝမ်ချောင်မျှော်လင့်ထားသည်ထက် ပို၍ အစွမ်းထက်ပေသည်။ အကယ်၍ ထိုဆေးလုံးသာ မရှိပါက မကောင်းဆိုးဝါးအဘိုးအိုသည် ကျင့်ကြံမှုအားလုံး ဆုံးရှုံးသွားမည် ဖြစ်၏။

“ရှန့်ဟိုင် ကျောက်စိမ်းကြွေခန်းမဆောင်ကို သွားပြီးတော့ လက်ခြောက်ချောင်းကျန်းကို ပြောလိုက် ဘယ်လိုပဲ ဖြစ်ဖြစ် ဒီဆေးသုံးမျိုးကို အမြန်ဆုံး ယူလာပေးရမယ်။ ပိုအစွမ်းထက်လေလေ ပိုကောင်းလေလေပဲ။ သူတို့အတွက် ငါ့ရဲ့ဒီလခွဲတမ်းကနေ သုံးလိုက်”

“ကောင်းပါပြီ သခင်လေး”

ရှန့်ဟိုင်သည် အချိန်မဖြုန်းတော့ဘဲ ရထားလုံးတံခါးကို တွန်းဖွင့်လိုက်ပြီး ကျောက်စိမ်းကြွေခန်းမဆောင်သို့ ချက်ချင်း ဦးတည်သွားလိုက်တော့သည်။

“ခဏစောင့်..”

ရှန့်ဟိုင် ထွက်သွားသည်နှင့် ဝမ်ချောင်သည် တစ်ခဏအတွင်း စိတ်ပြောင်းသွားတော့၏။

“ခရမ်းရောင်ဝါးဥယျာဉ်ကို သွားမယ်..”

ခရမ်းရောင်ဝါးဥယျာဉ်သည် ဝမ်ချောင်အတွက် ဦးလေးလီလင်း ပြင်ဆင်ပေးထားသည့် လျှို့ဝှက်နေရာ ဖြစ်သည်။ ဝမ်ချောင်သည် ထွက်သွားရန် ငယ်ရွယ်သေးသည်ဟု ယူဆခဲ့၍ ယခုအချိန်အထိ လစ်လပ်နေခြင်း ဖြစ်သည်။

မကောင်းဆိုးဝါးအဘိုးအိုသည် လက်ရှိတွင် ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး ငြိမ်သက်စွာ အနားယူရန် လိုအပ်ပေ၏။ ခရမ်းရောင်ဝါးဥယျာဉ်သည် ထိုသတ်မှတ်ချက်များနှင့် ကိုက်ညီပေ၏။

ရထားလုံးသည် ကွေ့သွားပြီးနောက် မြို့တောင်ဘက်သို့ ဦးတည်သွားတော့သည်။

မကြာခင်တွင် တိတ်ဆိတ်သော တဲအိမ်တစ်ခု ပေါ်လာသည်။ စိမ်းလန်းသော ဝါးတောများဖြင့် ဝန်းရံထားသောကြောင့် အထူးတလည် အေးချန်းနေ၏။

အဝင်ဝတွင် ခရမ်းရောင်ဝါးဥယျာဉ်ဟူသည့် ဆိုင်းဘုတ်ကို ချိတ်ဆွဲထားသည်။

ရထားလုံးသည် အဝင်ဝကို ကျော်သွားပြီးနောက် မကြာခင် ခြံဝန်းအတွင်းသို့ ရောက်လာသည်။

ခရမ်းရောင်ဝါးဥယျာဉ်သည် ကျယ်ဝန်းပြီး အနီးတစ်ဝိုက်ရှိ ပန်းခြံများ၊ ရေကန်များ၊ အဆောက်အဦးများ၊ မဏ္ဍပ်များ၊ လေ့ကျင့်ရေးကွင်းများနှင့် ဧည့်ခန်းဆောင်များကို ဂရုတစိုက် ဖန်တီးထားပြီး နေအိမ်တစ်ခုလုံးသည် ကျက်သရေရှိသော လေထုဖြင့် လွှမ်းခြုံထား၏။

သို့သော် အိမ်အကူဖြစ်စေ အစေခံဖြစ်စေ မည်သူမျှ ရှိမနေချေ။

ဝမ်ချောင်သည် မပြောင်းလာသေးသည့်အတွက် သန့်ရှင်းရေးလုပ်ရန် မည်သူမျှ မငှားထားကြသေးပေ။

“တံခါးမှာစောင့်နေ ခြံဝန်းကို ကာကွယ် အနားကို ဘယ်သူမှ မချဉ်းကပ်လာစေနဲ့”

ဝမ်ချောင်က ညွှန်ကြားလိုက်သည်။

“ကောင်းပါပြီ သခင်လေး”

အစောင့်များက ပြန်ပြော၏။

ဝမ်ချောင်သည် မကောင်းဆိုးဝါးအဘိုးအိုကို အိပ်ရာပေါ် တင်လိုက်သည်။ တစ်နာရီခန့်အကြာတွင် ရှန့်ဟိုင်သည် ချွေးအပြည့်ဖြင့် ပြန်ရောက်လာ၏။ တာဝန်ကို ပြီးမြောက်ပြီးနောက် သူသည် ကြီးမားလုံးဝန်းသော ပြန်လည်နာလန်ထူဆေးသုံးလုံးနှင့် ပြန်လာခဲ့သည်။

လက်ခြောက်ချောင်းကျန်းသည် အမှန်တကယ်ပင် သစ္စာရှိသည်။ ဝမ်ချောင်သည် အရေးတကြီး လိုအပ်နေကြောင်း ကြားသောအခါ အားအကောင်းဆုံး ဆေးလုံးသုံးလုံးကို ဝမ်ချောင်အား ငွေမယူသေးဘဲ ချက်ချင်း ယူသွားစေခဲ့သည်။

နန်းတော်မှ သူတော်စင်အဆင့်ဆေးလုံး သုံးလုံးကို သောက်ပြီးနောက် အဘိုးအို၏ အခြေအနေမှာ သက်သာသွားပုံရပြီး သူ့နောက်ကျောမှ ဒဏ်ရာများသည်ပင် အမာရွတ်အဖြစ်သို့ ပြောင်းလဲလာ၏။

လေးနာရီခန့် ကြာပြီးနောက်..

ခရပ်..

ကုတင်ပေါ်မှ သန်မာသော လက်ချောင်းငါးချောင်းသည် ဆန့်ထွက်လာပြီး ဝမ်ချောင်၏ လည်ပင်းကို ဆုပ်ကိုင်လာ၏။

“လွှတ်ပေး..”

“မင်း ဘာလုပ်နေတာလဲ”

…

အခန်းထဲတွင် ထိတ်လန့်မှုများ ပြန့်နှံ့သွားသည်။ သတိလစ်နေသော မကောင်းဆိုးဝါးအဘိုးအိုသည် ဝမ်ချောင်ကို ရုတ်တရက် တိုက်ခိုက်လာသည်အား မြင်လိုက်ပြီးနောက် အားလုံးက ထိတ်လန့်သွားကြတော့၏။ ဓားရှည်များကို လျင်မြန်စွာ ဆွဲထုတ်လိုက်ကြပြီး အခြေအနေသည် လမ်းမပေါ်တွင် ရှိစဉ်ကကဲ့သို့ လေထုက တင်းမာလာတော့သည်။

“မင်းတို့ ဓားကို ဖယ်လိုက်.. ဒါက တုံ့ပြန်မှုတစ်ခုပဲ”

ဝမ်ချောင်သည် မကောင်းဆိုးဝါးအဘိုးအို ဆုပ်ကိုင်လိုက်သည်က သူ့လည်ပင်း မဟုတ်သည့်အလား ပေါ့ပေါ့ပါးပါး အမိန်ပေးလာသည်။

“သူ့ရဲ့သတိရှိမှုက မယုံနိုင်စရာပဲ”

ဝမ်ချောင်က တွေးလိုက်သည်။

တစ်ခန်းလုံးအနက် ဝမ်ချောင်ကသာလျှင် မကောင်းဆိုးဝါးအဘိုးအို၏ အလိုလို သိစိတ်ကို နားလည်နိုင်ပေသည်။ ပိုအားကောင်းလေလေ သတိထားလေလေ ဖြစ်သည်။ တစ်ယောက်ယောက်ကသာ သူ့ဆီ ချဉ်းကပ်လာပါက သူ့ခန္ဓာကိုယ်က အလိုအလျောက် တုံ့ပြန်ပေလိမ့်မည်။

ဝမ်ချောင်၏ ယခင်ဘဝတွင်လည်း မကောင်းဆိုးဝါးအဘိုးအိုကဲ့သို့ပင် ပြောရန်မလိုအောင် တူညီခဲ့၏။

“လူငယ်လေး မင်း ငါ့ကို ကယ်ခဲ့တာလား”

အိပ်ရာပေါ်မှ မကောင်းဆိုးဝါးအဘိုးအိုသည် နောက်ဆုံးတွင် သတိလစ်နေရာမှ အသိပြန်ဝင်လာပြီး သူ့လက်ကို လွှတ်လိုက်သည်။ ပြီးနောက် ပတ်ဝန်းကျင်ကြောင့် အနည်းငယ် အံ့သြသွား၏။

သို့သော် သူ့ရှေ့မှ လူငယ်လေးကို သူမှတ်မိသည်။ သူသည် လမ်းပေါ်၌ သူ့ကို ကယ်ရန်ကြိုးစားသည့် လူငယ်ဖြစ်သည်။

“ဟုတ်ပါတယ်”

ဝမ်ချောင်က ပြုံးပြီး မငြင်းခဲ့ပေ။

ထို့နောက် အခန်းက ပြန်လည် တိတ်ဆိတ်သွား၏။ မကောင်းဆိုးဝါးအဘိုးအိုသည် ထထိုင်ကာ ပတ်ဝန်းကျင်ကို မျက်လုံးဝေ့ကစား၍ အကဲခတ်လိုက်သည်။ မကြာခင်အတွင်း သူသည် လူနေရပ်ကွက်တစ်ခုအတွင်း ရှိနေမှန်း သိလိုက်တော့သည်။

“ဒါ မင်းအိမ်လား”

မကောင်းဆိုးဝါးအဘိုးအိုက မေးသည်။

“မဟုတ်ဘူး..”

ဝမ်ချောင်က ခေါင်းယမ်းလိုက်၏။ လာနောက်နေတယ်။ မကောင်းဆိုးဝါးအဘိုးအိုက စိတ်ကောင်းပြီလား မကောင်းဘူးလား အတည်မပြုရသေးခင် အိမ်ကို ခေါ်သွားဖို့ ဘယ်လိုသတ္တိရှိမှာလဲ။

မကောင်းဆိုးဝါးအဘိုးအို၏ မျက်လုံးများထဲတွင် လွမ်းဆွတ်တမ်းတရိပ်များ ပေါ်လာသော်လည်း မကြာမီတွင် တုန်လှုပ်ဖွယ်တစ်ခုခုကို သတိပြုမိပုံပေါ်သည်။

“မင်း ငါ့ဒဏ်ရာတွေကို တကယ် ကုသပေးနိုင်တာလား။ မင်းမှာ နန်းတော်က သူတော်စင်အဆင့်ဆေးလုံး ရှိတာလား”

မကောင်းဆိုးဝါးအဘိုးအိုက အံ့အားသင့်သွားသည်။

ယင်းကို သိရှိရန် အချိန်အတန်ကြာသွားသော်လည်း သူ့ဒဏ်ရာအများစုက သက်သာသွားမှန်း သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်၏။

သူ့ကျင့်ကြံဆင့်ကို ဆုံးရှုံးရန် အဆင့်သင့် ဖြစ်နေသော်လည်း သူ၏ မူလစွမ်းအင်များသည် ဝိညာဉ်ပင်လယ်အတွင်း စိမ့်မထွက်တော့တာကို သူ နားလည်သွားကာ တည်ငြိမ်သော အခြေအနေသို့ ရောက်ရှိသွား၏။

ဆိုလိုသည်မှာ သူ၏ အခြေခံတချို့ကို ထိန်းသိမ်းနိုင်ခဲ့ပြီ ဖြစ်၏။

“ကျွန်တော်က စစ်သူကြီးအိမ်တော်က ဆိုတာကို အကြီးအကဲက မေ့သွားတာလား၊ နန်းတော်ကနေ ဆေးလုံးတချို့ရထားတာက အံ့သြဖို့ မလိုပါဘူး”

ဝမ်ချောင်သည် ကုတင်ထောင့်တွင် ထိုင်ရင်း တည်ငြိမ်စွာ ဖြေလိုက်သည်။

မကောင်းဆိုးဝါးအဘိုးအိုသည် အတန်ကြာ တုံ့ဆိုင်းသွားပြီးနောက် သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်၏။ ဝမ်ချောင်၏ စကားများက ဖြစ်နိုင်ပေသည်။

တော်ဝင်နန်းတော်မှ သူတော်စင်အဆင့်ဆေးလုံးများက ရရှိရန် ခက်ခဲသော်လည်း စစ်သူကြီးတစ်ဦး၏အိမ်တော်မှ မျိုးဆက်က ယင်းကို ရရန်မှာ အနည်းငယ် လွယ်ကူနိုင်ပေသည်။

“ဒါက ကောင်းကင်အလိုတော်အတိုင်းပဲ.. တွေးကြည့်ရင် အဆုံးမှာ လူကောင်းတစ်ယောက်က ငါ့ကို ကယ်ပေးခဲ့တာပဲ။ ဒါက ကောင်းကင်က ငါ့ကို စီမံပေးထားတာ ဖြစ်နိုင်တယ်”

မကောင်းဆိုးဝါးအဘိုးအိုသည် မျက်နှာကျက်ကို ငေးကြည့်ရင်း နက်နဲစွာ ပြုံးလိုက်၏။ မရေမတွက်နိုင်သော စိတ်ခံစားချက်များ သူ့မျက်နှာပေါ်အနှံ့ ပျံ့နှံ့သွားပြီးနောက် အချိန်အတန်ကြာသည်အထိ စကားတစ်ခွန်းမှ မထွက်လာတော့ပေ။

“လူငယ်လေး.. မင်း ငါ့ရဲ့နောက်ဆုံးတပည့် ဖြစ်ချင်လား။ မင်း ငါ့ကို ဆရာအဖြစ်သတ်မှတ်ရင် ငါ သိထားသမျှကို သင်ပေးမယ်။ ဒါပေမဲ့ မင်းဆန္ဒအတိုင်း သဘောတူဖို့တော့ ငါ မျှော်လင့်တယ်”

ဝှမ်း..

ထိုစကားကို ကြားသောအခါ ဝမ်ချောင်၏ နှလုံးသားသည် ပြင်းထန်စွာ လှိုက်ခုန်လာ၏။ သူသည် မည်မျှပင် နှေးကွေးနေသည့်တိုင် သူ စိတ်အားထက်သန်စွာ မျှော်လင့်ခဲ့သော အရာက ဖြစ်လာတော့မည်မှာ သိသာသည်။

သူ၏ အရင်းနှီးဆုံး ဆွေမျိုးများထံမှ သစ္စာဖောက်ခံခဲ့ရသော်လည်း မကောင်းဆိုးဝါးအဘိုးအိုသည် လက်စားချေရန် တတ်နိုင်ပုံမရချေ။ ထို့ကြောင့် သူ့ကို သစ္စာဖောက်သော သိမ်ဖျင်းသည့်တပည့်အစား ဆက်ခံရန် နောက်ဆုံး တပည့်တစ်ယောက်ကို လက်ခံရန် ဆုံးဖြတ်လိုက်ပုံရ၏။

နောက်ဆုံးတွင် တုနှိုင်းမဲ့ သိုင်းပညာဖြစ်သော မဟာယင်ယန်ကောင်းကင်ဘုံဖန်တီးခြင်းသိုင်းပညာသည် ဝမ်ချောင်အား အရိပ်အခြေ ပြသလာချေပြီ။ ကြီးမားသော အခွင့်အလမ်းသည် ဝမ်ချောင်ထံသို့ လှမ်းလာပြီ ဖြစ်၏။

“ကျွန်တော် ဆန္ဒရှိပါတယ်”

ဝမ်ချောင်သည် အလွန်ပျော်ရွှင်သွားပြီး မကောင်းဆိုးဝါးအဘိုးအိုရှေ့တွင် ချက်ချင်း ဒူးထောက်လိုက်တော့သည်။

“ဟား ဟား ဟား.. မင်း ငါ့ကို ကယ်တင်တယ်။ ငါက မင်းကို တပည့်အဖြစ် လက်ခံတယ်။ ဒါက ကံတရားပဲနေမှာ။ ငါ ကျန့်ဝမ်ဖူက နောက်ထပ် တပည့်လက်မခံတော့ဘူးလို့ ကျိန်ဆိုခဲ့တယ်။ ဒါပေမဲ့ မင်းကတော့ အဲဒီအထဲမှာ မပါဘူး မင်းနာမည်က ဘာလဲ”

“ဝမ်ချောင်ပါ..”

“ဟား ဟား ကောင်းပြီ မင်းက ငါ့ရဲ့ နောက်ဆုံးတပည့်ပဲ မင်းငါ့ကို သစ္စာရှိတရွေ့ ငါမင်းကို သစ္စာမဖောက်ဘူး”

“ဆရာ..”

…

ဝမ်ချောင်က ခပ်မြန်မြန် နှုတ်ဆက်လိုက်သည်။

“ဟား ဟား ငါ ကျန့်ဝမ်ဖူက တခြားတပည့် ထပ်ရှာတွေ့နိုင်မယ်လို့ မထင်ခဲ့ဘူး”

မကောင်းဆိုးဝါးအဘိုးအိုက ရယ်မောလိုက်သည်။ သေခြင်းတရားကသာ သူ့ကို စောင့်ကြိုနေမည်ဟု မှတ်ထင်ထားခဲ့သော်လည်း တိမ်များ ရှင်းလင်းသွားသည့်အခါ ကောင်းကင်သည် သူ့အတွက် နောက်ထပ် မျှော်လင့်ရောင်ခြည်များဖြင့် တောက်ပစေခဲ့သည်။

သူသည် သိုင်းလောကို စိတ်ကုန်သွားပြီ ဖြစ်သည်။ ထိုနေရာမှ မည်သူကိုမျှ တပည့်အဖြစ် လက်မခံလိုတော့ချေ။

သို့သော် စစ်သူကြီးအိမ်တော်မှ ဆင်းသက်လာသော ဝမ်ချောင်သည် တော်ဝင်မိသားစုနှင့် သွယ်ဝှက်စွာ ပတ်သတ်နေသောသူ တစ်ဦး ဖြစ်ပြီး သိုင်းလောကနှင့် မသက်ဆိုင်ပေ။

သူသည် ယခင်က တော်ဝင်မိသားစုမှ မည်သူ့ကိုမျှ သူ့တပည့်အဖြစ် လက်မခံခဲ့ဖူးပေ။

သို့သော် ယခုတော့ ကြိုးစားခြင်းက မှားယွင်းမည် မဟုတ်ဟု သူ ခံစားမိနေသည်။

မကောင်းဆိုးဝါးအဘိုးအိုသည် သတိထားမှုကို လျော့ချပြီး ရယ်မောနေသည်ကို မြင်ကာမှ ဝမ်ချောင်သည် ထိုသူ၏ တခြားတစ်ဖက်ကို ရှာတွေ့သွားမှန်း ရုတ်တရက် ခံစားမိလိုက်တော့၏။

ဝမ်ချောင်၏နှုတ်ခမ်းတွင် အလိုအလျောက် အပြုံးတစ်ခု ခုန်ဆင်းလာလေတော့သည်။

နောက်ဆုံးတွင် သူ၏ဆရာကို သူ ရှာတွေ့ခဲ့လေပြီ။

All Chapters