အခန်း (၁၅၆-၁၆၀)
Vol. 6 Ch. 156-160
အခန်း-၁၅၆
အကယ်၍ သူသည် မကောင်းဆိုးဝါးမျိုးနွယ်စုမှ ဆင်းသက်လာခြင်း မဟုတ်ပါက ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါကို ထုတ်ဖော်နိုင်မည် မဟုတ်ချေ။
သို့တိုင် ဝမ်ချောင်သည် မကောင်းဆိုးဝါးအဘိုးအို၏ တခြားဖက်ခြမ်းကို နားလည်သွားနိုင်ပြီ ဖြစ်သည်။
အဘိုးအိုသည် သံသယကြီးတတ်သော်လည်း တစ်စုံတစ်ယောက်သည် သူ့ယုံကြည်မှုကို ရရှိပြီးသည်နှင့် သူသည် သတိရှိမှုကို လျော့ချကာ ယုံကြည်တတ်ပေ၏။
သူ၏ ထိုဒေါသကြီးတတ်သော စရိုက်ကြောင့်သာ မဟုတ်ပါက သူ့တပည့်၏ သစ္စာဖောက်မှုအပေါ် ထိုမျှလောက် ဒေါသတကြီး ဖြစ်လိမ့်မည် မဟုတ်ပေ။
သူ၏ သဘာဝမှာ သူသာ သံသယရှိနေပါက မည်သို့မျှ ယုံကြည်လိမ့်မည် မဟုတ်သလို ထိုကိစ္စအပေါ်တွင်လည်း ထိုမျှ စိတ်တုန်လှုပ်မည် မဟုတ်ချေ။
“ငါ့ကို သူ့တပည့်အဖြစ် မြန်မြန်လက်ခံဖို့ တွေးထားတယ်”
ဝမ်ချောင်သည် ထိတ်လန့်သွား၏။
ပုံမှန်အားဖြင့် သူ့တပည့်များ၏ သစ္စာဖော်ကမှုကြောင့် စိတ်ထိခိုက်ခဲ့ရပြီး ထိုအချိန်တွင် တပည့်အသစ် ထပ်မံခေါ်ယူရန် ငြင်းဆိုမည် ဆိုပါက အံ့သြစရာ မဟုတ်ပေ။
ထို့ကြောင့် ထိုအရေးကိစ္စအတွက် ဝမ်ချောင်သည် တိုက်ပွဲရှည်ကြီး တိုက်ခိုက်ရန် အသင့်ပြင်ထားပြီး ဖြစ်သည်။
သို့သော် မကောင်းဆိုးဝါးအဘိုးအို၏ အပြုအမူကြောင့် ဝမ်ချောင်က အံ့အားသင့်ခဲ့ရသည်။
ဝမ်ချောင်သည် တစ်ဖက်လူ၏အသက်ကို ကယ်တင်နိုင်မည်ဟု ခန့်မှန်းခဲ့ပြီး ဖြစ်သည်။ သူ့အား ကျေးဇူးရှင်အနေဖြင့် မကောင်းဆိုးဝါးအဘိုးအိုက ခြားနားစွာ မြင်နေသည်မှာ အံ့သြဖို့ မရှိပေ။
ဝမ်ချောင်သည် ယင်းက သိုင်းလောကထက် တော်ဝင်မျိုးနွယ်မှ ဖြစ်သောကြောင့်ဟု သံသယရှိနေသည်။ ထိုအရာက မကောင်းဆိုးဝါးအဘိုးအိုသည် သူ့အား သူ၏သစ္စာရှိတပည့်များဖြင့် ကွာခြားသည်ဟု မသိစိတ်မှ ခံစားရခြင်း ဖြစ်နိုင်သည်။
ထို့အပြင် မကောင်းဆိုးဝါးဧကရာဇ်အဘိုးအိုသည် လက်စားချေလိုသေးသည်။ ထိုသစ္စာဖောက်တပည့်ကို လက်စားချေရန် ဝမ်ချောင်၏စွမ်းအားကို အသုံးချလိုခြင်းကြောင့် ခြွင်းချက်အဖြစ် ဝမ်ချောင်ကို တပည့်အဖြစ်သတ်မှတ်ရန် ပြုလုပ်ခြင်း ဖြစ်နိုင်သေးသည်။
“ငါ့တပည့် မှတ်ထား ငါ့နာမည်က ကျန့်ဝမ်ဖူ၊ အခု ငါက ဘာမှလုပ်နိုင်ဘူး။ ငါ့ကျင့်ကြံဆင့်က မူလစွမ်းအင်နယ်ပယ်ကို ပြန်ရောက်သွားပြီ။ ဒါပေမဲ့ အဲဒီတပည့်မိုက်နဲ့ သူ့အဖော်တွေ ငါ့ကို မတိုက်ခိုက်ခင်မှာ ငါက သူတော်စင်အဆင့်ကို ရောက်နေပြီ။ နတ်ဘုရားအဆင့်ကိုတောင် ရောက်နိုင်တယ်။ သိုင်းလောကမှာ ငါ့နဲ့ ယှဉ်တိုက်နိုင်တဲ့ ကျွမ်းကျင်သူတွေ လက်တစ်ဆုပ်စာပဲ ရှိတယ်။
မကောင်းဆိုးဝါးဧကရာဇ်အိုက ဝမ်ချောင်ကို တပည့်အဖြစ် လက်ခံလိုက်သော်လည်း သူ့တပည့်ဖြစ်သူ ဝမ်ချောင်သည် သူ၏ ဘုန်းတန်ခိုးထွန်းတောက်ခဲ့သော သမိုင်းကြောင်းကာလကို မသိမှာ စိုးရိမ်နေဟန် ရှိသည်။ ထို့ကြောင့် ဝမ်ချောင်ကို လျော့တွက်ပြီး အသေးစိတ် ပြောပြတော့၏။
“သိုင်းလောကမှာ ငါ့နာမည်ကို ကြားတာနဲ့ မတုန်လှုပ်တဲ့သူ ဘယ်သူမှ မရှိဘူး။ ဂိုဏ်းအကြီးအကဲတွေနဲ့ ဂိုဏ်းခေါင်းဆောင်တွေတောင်မှ ငါ့အကြောင်း မပြောရဲကြဘူး။ တခြားသူတွေဆိုရင် ပြောဖို့တောင် မလိုတော့ဘူး”
သူ၏ယခင်က ဘုန်းတန်ခိုးထွန်းတောက်နေသည်နှင့် ပတ်သတ်သော အရာများကို ပြောနေရင်း ထောင်လွှားသော အသွင်အပြင်က ပေါ်ပေါက်လာကာ အောင်နိုင်သူ၏ ပုံပန်းသဏ္ဌာန်က အလိုအလျောက် ပေါ်လာတော့၏။
ဝမ်ချောင်သည်ပင် မထိန်းနိုင်ဘဲ တုန်လှုပ်သွားမိရသည်။
ကောင်းကင်တစ်ခွင်လုံးကို ပြန်နှံ့သွားတော့မယောင် သမုဒ္ဒရာတစ်ခုလုံး လှိုင်းထန်တော့မယောင် ဖြစ်နေသော မကောင်းဆိုးဝါးဧကရာဇ်၏ အရှိန်အဝါများက သဘာဝအတိုင်း ပေါက်ထွက်လာတော့သည်။ ယခု အားနည်းသော အခြေအနေတွင်ပင် ထိုအရှိန်အဝါက ထိုမျှအားကောင်းသည် ဖြစ်ရာ အကယ်၍ အထွတ်အထိပ်အခြေအနေတွင်သာ ဖြစ်ပါက မည်မျှအားကောင်းမည်ကို တွေးရန်ပင် မလိုတော့ချေ။
“ဟုတ်သား မင်း ငါ့ရဲ့ဂုဏ်သတင်းနာမည်ကို မသိသေးဘူး မဟုတ်လား”
“မကောင်းဆိုးဝါးဧကရာဇ်အိုကြီး..”
ဝမ်ချောင်သည် ထိုမေးခွန်းကို ကြားသည်နှင့် အလိုအလျောက် ဖြေမိလုနီးပါးဖြစ်သွားခဲ့သည်။ သူသည် တစ်ဖက်လူကို သိရုံသာမက သူ၏နောက်ခံကိုလည်း ကောင်းစွာ သိထားသေး၏။
ကံကောင်းထောက်မစွာဖြင့် ဝမ်ချောင်သည် ထိုစကားကို မပြောထွက်လာနိုင်အောင် အံကြိတ်လိုက်နိုင်ခဲ့သည်။ မဟုတ်ပါက သူ သေချာပေါက် ဒုက္ခရောက်ပေလိမ့်မည်။
“ငါ့နာမည်က.. မကောင်းဆိုးဝါး.. ဟင်း.. မင်းငါ့ကို မကောင်းဆိုးဝါးဧကရာဇ်အိုလို့ ခေါ်သင့်တယ်”
ပြောနေစဉ်အတွင်း မကောင်းဆိုးဝါးအဘိုးအိုသည် တစ်ခုခုကို တွေးလိုက်မိပြီး သက်ပြင်းလေးလေးချကာ စိတ်ပြောင်းသွား၏။ ဤတစ်ကြိမ်တွင် ဝမ်ချောင် အံ့အားသင့်သွားရသည်။
“မကောင်းဆိုးဝါးဧကရာဇ်အိုဆိုတာ သူ့နာမည်အစစ်အမှန် မဟုတ်ဘူး”
ဝမ်ချောင်သည် ယင်းကို မမျှော်လင့်ထားမိပေ။
သူသည် မကောင်းဆိုးဝါးဧကရာဇ်အိုဟူသည့်ဘွဲ့ကို တစ်ဖက်လူ၏ တရားဝင်ဘွဲ့ဟု အစဉ်အမြဲ ယုံကြည်ခဲ့မိသည်။ တွေးကြည့်ပါက ယင်းက မှန်ကန်မနေချေ။ ထိုမကောင်းဆိုးဝါးအဘိုးအိုသည် သူ၏နေရာတွင် ကျပန်းရခဲ့သည့် နာမည်တစ်ခုသာ ဖြစ်ပုံရ၏။
အဘိုးအိုသည် သူ့အတိတ်ကို ထားခဲ့လိုပုံရသည်။
“ငါ့တပည့် ငါမင်းကို မေးခွန်းတစ်ခု မေးမယ်။ မင်း သေသေချာချာ ဖြေရမယ်”
မကောင်းဆိုးဝါးအဘိုးအိုသည် ဝမ်ချောင်အား လေးနက်သော အမူအရာဖြင့် စိုက်ကြည့်နေသည်။
“ဆရာ ကျေးဇူးပြုပြီး ပြောပါ”
ဝမ်ချောင် တုန်လှုပ်သွား၏။ မကောင်းဆိုးဝါးအဘိုးအို ဘာကို ဆိုလိုမှန်း မသိသော်လည်း ချက်ချင်း ပြန်ဖြေလိုက်သည်။
“တပည့်.. လောကကို လှုပ်ခါနိုင်စွမ်းရှိတဲ့ နတ်ဆိုးအတတ်ပညာတစ်ခုကို သင်ပေးမယ် ဆိုရင် မင်း သင်ယူချင်သလား”
ထိုစကားကို ပြောနေစဉ် အဘိုးအို၏ မျက်နှာက တည်ကြည်လေးနက်နေ၏။
တဒင်္ဂအတွင်း အခန်းအတွင်းမှ လေထုသည် သိပ်သည်းလာပြီး လေးလံလာတော့သည်။
“ကျွန်တော် ဆန္ဒရှိပါတယ်”
ဝမ်ချောင်က ခဏမျှ လေးလေးနက်နက် တွေးလိုက်ပြီးနောက် ဖြေလိုက်သည်။
“အဲဒါက အလောင်းတွေ စုပုံသွားစေနိုင်လောက်တဲ့ နတ်ဆိုးအတတ်ပညာမျိုး ဆိုရင်တောင်လား..”
မကောင်းဆိုးဝါးအဘိုးအိုက ထပ်မေးလေသည်။
“ကျွန်တော် ဆန္ဒရှိသေးတယ်”
ဝမ်ချောင်သည် မတုံ့ဆိုင်းဘဲ ပြန်ဖြေလိုက်သည်။ မဟာယင်ယန်ကောင်းကင်ဘုံဖန်တီးခြင်း အတတ်ပညာသည် တခြားသူများ၏ စွမ်းအားများကို စုပ်ယူနိုင်သော အတတ်ပညာတစ်ခု ဖြစ်သည်။ ၎င်းသည် ကောင်းကင်မှ ဖန်တီးမှုတစ်ခုကို ခိုးယူအသုံးပြုရသော နတ်ဆိုးအတတ်ပညာရပ် ဖြစ်ပြီး နတ်ဆိုးအတတ်ပညာများအားလုံးအနက် အဆိုးဆုံးတစ်ခု ဖြစ်သည်။
“မင်းကို နတ်ဆိုးတစ်ကောင်အဖြစ် မထီမဲ့မြင်ပြု ဝေဖန်ကြပြီးတော့ ကြမ်းတမ်းတဲ့လမ်းကို လျှောက်ရမယ် ဆိုရင်တောင် သင်ယူဖို့ ဆန္ဒရှိသေးရဲ့လား”
ထိုအချိန်တွင် မကောင်းဆိုးဝါးအဘိုးအို၏ မျက်နှာသည် အေးစက်သော ဆောင်းညကဲ့သို့ အေးစက်ပြီး လေးနက်နေသည်။
ဝမ်ချောင်က တစ်ခုခု မှားပြောလိုက်မိသလိုပင်။
“ဟား ဟား ဟား.. ဆရာ နောက်နေတာလား။ လူတွေမှာ အကောင်းအဆိုးကို ခွဲခြားဖို့ နည်းလမ်းတွေ ရှိပေမဲ့ သိုင်းပညာနိယာမမှာ ဒီလို ခွဲခြားနိုင်လို့လား။ တရားမျှတမှုဆိုတဲ့ ရည်ရွယ်ချက်နဲ့သုံးရင် တရားမျှတမှုပဲပေါ့။ မကောင်းမှုကတော့ မကောင်းမှုပဲ။ လူတစ်ယောက်ကို နတ်ဆိုးသိုင်းကျင့်ကြံပြီး မကောင်းတာ လုပ်ရင်တော့ မကောင်းတဲ့သူပဲပေါ့ မဟုတ်ဘူးလား”
ထိုအချိန်တွင် ဝမ်ချောင်သည် ကျောကို မတ်မတ်ထားပြီး ရယ်မောလိုက်ခြင်း ဖြစ်သည်။
မကောင်းဆိုးဝါးအဘိုးအိုသည် ဝမ်ချောင် သူ့အား အမှန်တကယ် ပြောနေသလားဟု သိချင်စိတ်ဖြင့် စိုက်ကြည့်နေ၏။
ဝမ်ချောင်သည် မကောင်းဆိုးဝါးအဘိုးအို ဘာတွေးနေမည်ကို နားလည်သည်။
လူအများစုသည် နတ်ဆိုးအတတ်ပညာအား သင်ယူရန် အရည်အချင်း မရှိလျှင်ပင် ဝမ်ချောင်ကဲ့သို့ ပေါ့ပါးမနေကြပေ။ ဆိုရလျှင် နတ်ဆိုးအတတ်ပညာ၏ ကြောက်မက်ဖွယ်ကောင်းသော အကြောင်းအရင်းသည် လူအဖွဲ့အစည်းအတွင်း နက်ရှိုင်းစွာ အမြစ်တွယ်ထားခြင်း ဖြစ်သည်။
သို့သော် ဝမ်ချောင်တွင် ထိုသို့သော အတွေးမျိုး မရှိပေ။
နတ်ဆိုးအတတ်ပညာနှင့် လမ်းစဉ်မှန် အတတ်ပညာဆိုသည်က မည်သို့နည်း။ အဆုံးတွင် ထိုအရာများသည် ထင်မြင်ယူဆချက်များကြောင့် ဖန်တီးထားသော မျိုးကွဲနှစ်ခုသာ ဖြစ်သည်။ အနာဂတ်တွင် ဘေးဆိုးကျရောက်သောအခါ စစ်ပွဲ၏ရိုက်ခတ်မှုသည် တစ်လောကလုံးကို ရိုက်ခတ်မည် ဖြစ်သည်။ မည်သူမျှ မလွှတ်မြောက်နိုင်ပေ။
နတ်ဆိုးအတတ်ပညာ..
လမ်းစဉ်မှန်အတတ်ပညာ..
အဆုံးမှာတော့ လူတိုင်းသည် သံမဏိတပ်သားများ၏ ခွာများအောက်တွင် ဖုန်မှုန့်များသာ ဖြစ်သွားကြသည်။ လူတစ်ယောက်သည် လမ်းစဉ်မှန်အတတ်ပညာကြောင့် ရှင်သန်နိုင်ပါရဲ့လား။
ထို့အပြင် ကပ်ဘေးဆိုးကြီး ကျရောက်လာချိန်တွင် လူတိုင်းသည် သိုင်းပညာရပ်များအား ပေါင်းစည်းရန် အစုအရုံးတစ်ခု ပြုလုပ်ခဲ့ကြသည်။ ထိုစဉ်က ကောင်းမွန်သောအစိတ်အပိုင်းတစ်ခုမှာ နတ်ဆိုးအတတ်ပညာရပ် ဖြစ်ခဲ့သည်။
ထို့ကြောင့် ဝမ်ချောင်သည် လမ်းစဉ်မှန်ခြင်းနှင့် နတ်ဆိုးအတတ်ပညာဖြစ်ခြင်းကြောင့်တော့ အမှန်တကယ်ပင် တုံ့ဆိုင်းမနေချေ။
သိုင်းပညာသည် လမ်းစဉ်မှန် သို့မဟုတ် နတ်ဆိုးအတတ်ပညာဖြင့် မခွဲခြားနိုင်ချေ။ ကောင်းခြင်း ဆိုးခြင်းသည် လူသားတို့၏ နှလုံးသား၌သာ တည်ရှိခြင်း ဖြစ်ပေသည်။
ဝမ်ချောင်သည် မကောင်းဆိုးဝါးဧကရာဇ်၏ မျက်လုံးများကို ထိပ်တိုက်တွေ့လိုက်သည်။
လူကြီးနှင့် လူငယ်တို့သည် တစ်ယောက်နှင့်တစ်ယောက် တိတ်ဆိတ်စွာ ကြည့်နေကြပြီး အချိန်များက တန့်ရပ်သွားသည့်နှယ်။
“ဒီကလေးကတော့..”
သူ့အရှေ့မှ လူငယ်ကို ကြည့်ရင်း မကောင်းဆိုးဝါးအဘိုးအို၏ နှလုံးအိမ်က နင့်နဲသော ခံစားချက်များ ထွက်ပေါ်လာ၏။ သူသည် ရှည်လျားလှသော တစ်သက်တာအတွင်း လူများစွာကို ကြုံတွေ့ခဲ့ဖူးသည်။ တချို့သောသူများသည် မောက်မာစွာ ပြောတတ်သော်လည်း သူတို့၏ စိတ်နှလုံးသည် ဗလာကျင်းနေတတ်သည်။ တချို့သူများသည် ယုံကြည်ချက် ရှိရှိ ပြောတတ်သော်လည်း သူတို့၏နှလုံးသားသည် တုန်လှုပ်နေကြသည်။ တချို့သူများမှာမူ နတ်ဆိုးအတတ်ပညာကို မနှစ်သက်ဟု ဆိုသော်လည်း သူတို့က နတ်ဆိုးအတတ်ပညာကို မနာလိုကြသေးသည်။
သူ၏ သစ္စာဖောက်တပည့်သည်ပင် အစပိုင်းတွင် နတ်ဆိုးအတတ်ပညာကို စိတ်မဝင်စားကြောင်း အခိုင်အမာ ဆိုထားသော်လည်း နောက်ဆုံးတွင်တော့ မကောင်းဆိုးဝါးအဘိုးအိုသည် ထိတ်လန့်တကြား ဖြစ်ခဲ့ရသည်။
သို့သော် ဝမ်ချောင်ကမူ..
ထိုယုံကြည်ချက်ကို အမှန်တကယ် ဆုပ်ကိုင်ထားသူ ဖြစ်ပြီး နတ်ဆိုးလမ်းစဉ်အား မှားယွင်းသည်ဟု အနည်းငယ်မျှပင် မသတ်မှတ်ထားသည့်သူ အဖြစ် ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်ပေသည်။
သိုင်းပညာတွင် လမ်းစဉ်မှန်နှင့် နတ်ဆိုးလမ်းစဉ်ဟူ၍ မရှိဟု ယုံကြည်ထားပြီး အကောင်းအဆိုးမှာ လူသားများပေါ်တွင်သာ မူတည်သည်ဟု ယုံကြည်ထားသည်။
ထိုသို့သော တစ်ခါမျှ မကြားဖူးဘဲ သူ့အား တွေဝေမှိန်းမောသွားစေသည်။
“ငါအသက်ကြီးလာရင် နတ်ဆိုးလမ်းစဉ်ကို မမှားယွင်းဘူးလို့ ယုံကြည်တဲ့သူနဲ့ တွေ့မယ်လို့ ငါ တွေးထားဖူးတယ်”
ထိုမကောင်းဆိုးဝါးအဘိုးအို တွေ့ကြုံခံစားခဲ့ရသည့် အရာများ၊ စိတ်ခံစားချက်များကို စကားလုံးဖြင့် ဖော်ပြ၍ မရနိုင်ပေ။
ထိုစဉ်က သူသည် ထိုယုံကြည်ချက်ဖြင့် ဆက်ခံသူကို ရှာဖွေခဲ့သည်။ သို့သော် သူ ကြုံတွေ့ခဲ့ရသမျှသည် စိတ်ပျက်ဖွယ်အတိ ဖြစ်ခဲ့ရသည်။ သူ သေသေချာချာ ဂရုတစိုက် ရှာဖွေတွေ့ရှိခဲ့သော တပည့်သည်ပင် သူ့ရှေ့တွင် ကြောင်သူတော်သဏ္ဌန်ဖြင့် လျှို့ဝှက်သူမျး ဖြစ်သွားခဲ့သည်။
နောက်ဆုံးတွင် မကောင်းဆိုးဝါးဧကရာဇ်အိုသည် စိတ်ပျက်လက်ပျက်ဖြင့် လက်တွေ့ဘဝတွင် ထိုအတွေးကို စွန့်လွှတ်ရန် တွန်းအားပေးခံခဲ့ရသည်။
သစ္စာဖောက်တပည့်ကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိပြီးနောက် အဆိုးဆုံးအခြေအနေတွင် သူ့စိတ်တိုင်းကျ တပည့်တစ်ယောက်ကို ရှာတွေ့ခဲ့ဟု ဆိုနိုင်သည်။
“ဒါက ကောင်းကင်အလိုတော်အတိုင်းပဲ”
သူ့မျက်လုံး၏ စူးရှမှုများ မှေးမှိတ်သွားပြီး အကြည့်များက ပျော့ပြောင်းလာ၏။
မကောင်းဆိုးဝါးအဘိုးအိုသည် သူ၏စိတ်ကျေနပ်မှုအရှိဆုံး တပည့်ကို ယခုမှ ရှာတွေ့နိုင်ကြောင်း သဘောပေါက်သွားတော့သည်။
“ကဲ.. မင်း ဘယ်လောက် အစွမ်းရှိတာလဲ ကြည့်ရအောင်”
မကောင်းဆိုးဝါးဧကရာဇ်အိုက ဝမ်ချောင်ကို ငေးကြည့်ရင်း တွေးလိုက်သည်။
ဟူး..
မကောင်းဆိုးဝါးအဘိုးအို၏ လက်ကောက်ဝတ်က လျှပ်စီးအလင်းတစ်ခုကဲ့သို့ လှုပ်ရှားသွားသည်။ ဝမ်ချောင် မတုံ့ပြန်နိုင်ခင်မှာပင် ဝမ်ချောင်၏ လက်ကောက်ဝတ်ပေါ်သို့ ကျရောက်လာ၏။
“ဆရာ..”
ဝမ်ချောင် အံ့အားသင့်သွားသည်။
မကောင်းဆိုးဝါးအဘိုးအို၏ စွမ်းရည်သည် အမှန်တကယ် အံ့သြဖွယ်ကောင်းပေသည်။ သူသည် မူလစွမ်းအင်အဆင့်အထိ ကျရောက်သွားသော်လည် တစ်ဖက်လူထံမှ မလွှတ်မြောက်နိုင်ကြောင်း ဝမ်ချောင် နားလည်သဘောပေါက်သွားသည်။
တွေးကြည့်လျှင် ဤသည်မှာ မကောင်းဆိုးဝါးအဘိုးအိုမှ သူ့အား တတိယအကြိမ် ပြုမူခြင်း ဖြစ်သည်။
သို့သော် မကြာမီတွင် မကောင်းဆိုးဝါးအဘိုးအိုသည် မကောင်းသော အကြံအစည်များ မရှိကြောင်း ဝမ်ချောင်က သဘောပေါက်ပေသည်။ သူ့လက်များသည် ဝမ်ချောင်၏ အရိုးအဆစ်များကို ဆုပ်ကိုင်ညှစ်နေ၏။
ဝမ်ချောင်သည် ထိုနည်းလမ်းကို မစိမ်းသက်ပေ။ သူ၏ယခင်ဘဝတွင် ရှေးလူကြီးများသည်လည်း သူ့ကို ထိုသို့ စမ်းသပ်ခဲ့ကြသည်။
၎င်းကို အရိုးအာရုံခံအတတ်ပညာဟု ခေါ်ပြီး လူတစ်ဦး၏ အရိုးအဆစ်ကို စမ်းသပ်ရန် အသုံးပြု၏။
ဝမ်ချောင်သည် တည်ငြိမ်စွာထိုင်ရင်း မကောင်းဆိုးဝါးအဘိုးအိုမှ သူ့အရိုးများကို ဖြည်းညင်းစွာ စမ်းသပ်နေသည်ကို ခွင့်ပြုထားသည်။
လူတစ်ယောက်သည် တပည့်တစ်ဦးကို လက်ခံသောအခါ ပထမဆုံး ပြုလုပ်သည့်အရာမှာ တပည့်ဖြစ်သူ၏ အခြေအနေကို သိရှိထားရန် ဖြစ်သည်။ ထိုအတတ်ပညာကို မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းခဲ့ကြပြီး မကောင်းဆိုးဝါးဧကရာဇ်အိုသည်လည်း ထိုနည်းလမ်းကို အလွန်ကျွမ်းကျင်ပေ၏။
လူတစ်ယောက်၏ အရိုးအဆစ်ကို သိရှိပြီးမှသာ သူ၏ဆရာသည် သင့်လျှော်သော အတတ်ပညာကို ရွေးချယ်ပေးနိုင်မည် ဖြစ်သည်။ သို့မဟုတ်ပါက ရည်မှန်းချက်ကြောင့် လူကို ပျက်စီးစေနိုင်ပေ၏။
“ကျားအရိုး..”
မကောင်းဆိုးဝါးအဘိုးအိုသည် သူ၏လက်ဖြင့် ဝမ်ချောင်ကို ထိလိုက်ရုံဖြင့် အံ့သြသွားရပေသည်။
(၁၅)နှစ်အရွယ် လူငယ်လေးတွင် ကျားအရိုး ရှိလိမ့်မည်ဟု သူ မထင်မှတ်ထားပေ။
“နေအုံး.. ကျားအရိုးအဆင့်တစ် မကဘူး.. အဆင့်သုံး.. ကျားအရိုးအထွတ်အထိပ်အဆင့်..”
မကောင်းဆိုးဝါးအဘိုးအိုသည် ပို၍ သတိထားမိလေလေ ပို၍ ထိတ်လန့်လေလေ ဖြစ်လာသည်။
သန့်စင်သောစွမ်းအင်ကို ကျင့်ကြံသူအနေဖြင့် ဝမ်ချောင်သည် အထူးတလည် သီးခြားစွမ်းရည် မရှိပေ။ သို့သော် သူ၏ အရိုးအဆစ်သည် အလွန်ကောင်းမွန်ပြီး လူများကို သေအောင် ထိတ်လန့်နိုင်စေသည်။
လူတစ်ယောက်သည် အရိုးအဆစ်ပိုင်းကို ကျင့်ကြံရန်မှာ အခက်ခဲဆုံးဟု သိနားလည်ထားရန် လိုပေသည်။
သို့သော် ဝမ်ချောင်သည် အကြောင်းတစ်ခုခုကြောင့် ငယ်သေးသည့်တိုင် ကျားအရိုးတတိယအဆင့်ကို အောင်မြင်ပြီးဖြစ်နေသည်။
“မဟုတ်သေးဘူး.. ဒါ မကဘူး နဂါးအရိုးလက္ခဏာတွေ ရှိနေတယ်”
မကောင်းဆိုးဝါးအဘိုးအိုသည် ပို၍ ပို၍ ဆက်တိုက် ထိတ်လန့်တုန်လှုပ်ရပြန်သည်။ အစပိုင်းတွင် ရိုးရိုးကျားအရိုးဟု ထင်မှတ်ထားသော်လည်း ဝမ်ချောင်၏ ခြေဖနောင့်ကို စမ်းသပ်မိသည်နှင့် သူ့အရိုးအတွင်း သိုဝှက်ထားသော နဂါးအရိုး၏ စွမ်းအင်ကို စတင်ခံစားလိုက်မိသည်။
နဂါးစွမ်းအင်နှင့်ကျားအရိုး.. ဆိုလိုသည်မှာ ကျားအရိုးအဆင့်သည် ဝမ်ချောင်၏ အကန့်အသတ် မဟုတ်နေပေ။ နဂါးစွမ်းအင် လက္ခဏာများမှာ ဝမ်ချောင်သည် နောက်ဆုံးအဆင့်သို့ ကျော်ဖြတ်ရန် အလားအလာရှိကြောင်း သိနိုင်သည်။
တစ်နည်းအားဖြင့် သူ၏ အရည်အချင်းသည် ပြိုင်ဘက်ကင်း ဖြစ်စေနိုင်သည်။
ထိုစွမ်းရည်များကြောင့် သိုင်းလောကတွင် မတူညီသော အတတ်ပညာ (၉၉)ရာခိုင်နှုန်းကျော်ကို စိတ်ပူပန်ရန် မလိုဘဲ ကျင့်ကြံနိုင်သည်။ မကောင်းဆိုးဝါးအဘိုးအိုသည် စစ်သူကြီးမျိုးဆက်များတွင် နဂါးစွမ်းရည် ကျားအရိုးပိုင်ရှင် ရှိမည်ဟု မထင်ထားပေ။
လက်ရှိတွင် မကောင်းဆိုးဝါးအဘိုးအိုသည် အံ့သြမှုများဖြင့် နှစ်မြှုပ်နေတော့သည်။
သူသည် အရာအားလုံး ဆုံးရှုံးသွားပြီးနောက် ပေါ့ပေါ့တန်တန် လက်ခံလိုက်သော တပည့်သည် အရည်အချင်းပြည့်ဝပြီး တစ်သောင်းတွင် တစ်ယောက် မရှိနိုင်သော ပထမတန်းစား အရင်းအမြစ်များကို ပိုင်ဆိုင်ထား၏။
သူ၏ယခင် တပည့်သုံးယောင်တွင်ပင် ထိုသို့သော အရည်အချင်းမျိုး မရှိပေ။
ပြီးနောက် ဝမ်ချောင်သည် (၁၅)နှစ်သာ ရှိသေး၏။
ဆိုလိုသည်မှာ သူ၏အရိုးများသည် ပျော့ပျောင်းဆဲ ဖြစ်ပြီး သူ့တွင် အဆုံးမရှိသော အလားအလာများ ပိုင်ဆိုင်ထားသည်။
“မယုံနိုင်စရာပဲ တကယ့်ကို မယုံနိုင်စရာပဲ”
မကောင်းဆိုးဝါးအဘိုးအိုသည် အလွန်အမင်း အံ့အားသင့်နေခဲ့သည်။
ဒါက တကယ့်ကို ဘုရားပေးတဲ့ လက်ဆောင်ပဲ။
…..
ရှင်းလင်းချက်။
နတ်ဆိုးအတတ်ပညာ- (အများအားဖြင့် သိပြီးသားထင်လို့ ရှည်ရှည်လျားလျား မရှင်းပြတော့ဘူး။) ဖြတ်လမ်းနည်းနဲ့ ကျင့်ကြံတယ်လို့ လူအများစုက ယုံကြည်ထားကြတာမျိုးကို ပြောတာပါတဲ့။ သွေးသောက်တာ၊ အလောင်းကနေ စွမ်းအားယူတာ၊ သူများရဲ့စွမ်းအားအရင်းအမြစ်ကို စုပ်ယူတာ စသဖြင့်.. ပုံမှန်အားဖြင့် ရက်စက်တဲ့ အတတ်ပညာရပ်မျိုးတွေ ဖြစ်နိုင်ပါတယ်တဲ့။ ဒါကို ကျင်းရုံရဲ့စာအုပ်တွေမှာတော့ ရှင်းရှင်းလင်းလင်း မပြောပြထားပါဘူးတဲ့။ (အားလုံး သိပြီးသားလို့ ထင်တယ်။ ဒါကို ဒီလောက်ပဲ။ ထားလိုက်တော့မယ်)
အခန်း-၁၅၇
အစောပိုင်းတွင် မကောင်းဆိုးဝါးအဘိုးအိုးသည် အနည်းငယ် စိတ်ပျက်နေခဲ့သော်လည်း ယခုတွင်မူ သူ၏ အဆိုးမြင်စိတ်များအားလုံး ပျောက်ကွယ်သွားပြီ ဖြစ်သည်။
“ချောင်အာ.. ဒီလူယုတ်မာက ဘာလို့ ငါ့ကို သစ္စာဖောက်ခဲ့တာလဲ သိလား”
မကောင်းဆိုးဝါးအဘိုးအိုသည် ဝမ်ချောင်ကို ရုတ်တရက် လှည့်ပြီးနောက် စိုက်ကြည့်လာ၏။
“ကျွန်တော်မသိပါဘူး”
ဝမ်ချောင်သည် ထိုကိစ္စကို အလွန်သိချင်နေခဲ့၏။ မကောင်းဆိုးဝါးအဘိုးအိုသည် သူ၏တပည့်ထံမှ သစ္စာဖောက်ခြင်း ခံရကြောင်း သူသိသော်လည်း အသေးစိတ်အချက်အလက်များကို သူ မသိချေ။
“ကောင်းပြီ ငါက ဒီကောင်ကို သားလိုပဲ ဆက်ဆံခဲ့တယ်။ ငါ ကျန့်ဝမ်ဖူက ငါ့တပည့်တွေကို ဘယ်တော့မှ နှိမ့်ချစေမှာ မဟုတ်ဘူး။ ဒီလူယုတ်မာ အရည်အချင်းမရှိလို့ ငါက ယင်ယန်အတတ်ပညာငယ်လေးကိုပဲ သင်ပေးဖို့ ရွေးချယ်ခဲ့တာ။ ဒါပေမဲ့ သူက ငါ့ဆီက လျှို့ဝှက်သိုင်းပညာတွေကို လုယူချင်လို့ လှည့်ကွက်တွေ သုံးပြီးတော့ အပြင်လူနဲ့ ပူးပေါင်းပြီး ငါ့ကို နောက်ကျောဓားနဲ့ထိုးဖို့ ကြံစည်ခဲ့တယ်”
“အဲဒီလူယုတ်မာက သူ့အခြေခံ မခိုင်မာတာကို ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။ သူ့အရိုးအဆစ်တွေက လေ့ကျင့်ဖို့ အကောင်းဆုံးအချိန်က်ို လွှတ်သွားခဲ့ပြီးသား၊ ငါ့က သူ့ကို အကောင်းဆုံးသိုင်းပညာကို သင်ပေးဖို့က အချိန်တစ်ခုပဲ လိုတာ။ သူ့ကျင့်ကြံမှုက ထွန်းတောက်လာလိမ့်မယ်”
“ငါက သူ့ကို ကောင်းကောင်းဆက်ဆံပြီးတော့ သူ ကောင်းဖို့ကို ဦးစားပေးခဲ့တယ်။ ဒါပေမဲ့ သူက ငါ့ကို သစ္စာဖောက်ခဲ့တယ်”
မကောင်းဆိုးဝါးအဘိုးအိုသည် အတိတ်ကို ပြန်သတိရပြီးနောက် ဒေါသချောင်းချောင်း်ထွက်လာပြန်သည်။
ဝမ်ချောင်သည် တိတ်ဆိတ်စွာ နေနေခဲ့သည်။ မကောင်းဆိုးဝါးအဘိုးအိုသည် လူကောင်းတစ်ယောက် မဟုတ်သော်လည်း သူချစ်သောသူများကို ကြင်နာတတ်မှန်း ဝမ်ချောင် ခံစားမိနေသည်။
မကောင်းဆိုးဝါးအဘိုးအို၏ လက်ရှိအခြေအနေသည် သူ ရင်ဆိုင်ရမည့် ကံတရား ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း သူ့တပည့်ဖြစ်သူကတော့ ဓားကိုင်ထားသူ မဖြစ်သင့်ပေ။ (သစ္စာဖောက်သူ မဖြစ်သင့်ပေ။)
“ဆရာ စိတ်မပူပါနဲ့ ငါ မင်းအတွက် သေချာပေါက် ကလဲ့စားချေပေးမယ်”
ဝမ်ချောင်၏အသံက လေးနက်သွား၏။
“ဟား ဟား ဟား သိပ်ကောင်းတယ်။ ချောင်အာ.. ငါမင်းကို အကြည့်မမှားခဲ့ဘူး။ မင်းရဲ့စကားကြောင့် ငါကျေနပ်သွားပြီ”
မကောင်းဆိုးဝါးအဘိုးအိုသည် အတိတ်ကို ပြန်သတိရပြီးနောက် ဒေါသချောင်းချောင်း်ထွက်လာပြန်သည်။
ဝမ်ချောင်သည် တိတ်ဆိတ်စွာ နေနေခဲ့သည်။ မကောင်းဆိုးဝါးအဘိုးအိုသည် လူကောင်းတစ်ယောက် မဟုတ်သော်လည်း သူချစ်သောသူများကို ကြင်နာတတ်မှန်း ဝမ်ချောင် ခံစားမိနေသည်။
မကောင်းဆိုးဝါးအဘိုးအို၏ လက်ရှိအခြေအနေသည် သူ ရင်ဆိုင်ရမည့် ကံတရား ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း သူ့တပည့်ဖြစ်သူကတော့ ဓားကိုင်ထားသူ မဖြစ်သင့်ပေ။ (သစ္စာဖောက်သူ မဖြစ်သင့်ပေ။)
“ဆရာ စိတ်မပူပါနဲ့ ငါ မင်းအတွက် သေချာပေါက် ကလဲ့စားချေပေးမယ်”
ဝမ်ချောင်၏အသံက လေးနက်သွား၏။
“ဟား ဟား ဟား သိပ်ကောင်းတယ်။ ချောင်အာ.. ငါမင်းကို အကြည့်မမှားခဲ့ဘူး။ မင်းရဲ့စကားကြောင့် ငါကျေနပ်သွားပြီ”
မကောင်းဆိုးဝါးအဘိုးအို၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုဖြင့် လင်းလက်သွား၏။ သူက ပြောလိုက်ရင်း ခါးပတ်ကို ချွတ်လိုက်ရာ ခါးပတ်အတွင်းပိုင်းတွင် ခလုတ်တချို့ ရှိနေကြောင်း ဝမ်ချောင် သိလိုက်ရသည်။
၎င်း၏ မျက်နှာပြင်ပေါ်တွင် ရိုးရှင်းသော်လည်း လျှို့ဝှက်ခန်းများစွာ ရှိနေသည်။
မကောင်းဆိုးဝါးအဘိုးအိုသည် အခန်းတစ်ခုကို ဖွင့်ပြီးနောက် လက်မအရွယ် အနက်ရောင် ဆေးပြားတစ်ပြားကို ထုတ်ယူလိုက်သည်။
“ဒါက ဘာလဲ”
ဝမ်ချောင် ထိတ်လန့်သွား၏။
“ဒါက ငါ့မှာ နောက်ဆုံးကျန်တဲ့ နဂါးစွမ်းအင် ကူးပြောင်းခြင်း ဆေးလုံးပဲ။ ကျားအရိုးအဆင့်သုံး အထွတ်အထိပ်ကို ရောက်တဲ့သူတွေပဲ သုံးလို့ရမှာ။ အရင်ကတော့ ဟိုခွေးကောင်သာ နာနာခံခံနဲ့ ကျားအရိုးအထွတ်အထိပ်ထိ ကျင့်ကြံပြီးရင် ဒီဆေးလုံးကို ပေးလိုက်မလို့ ဒါပေမဲ့ အဲဒီကောင်က အလျင်လိုပြီး အခွင့်အရေးကို လက်လွှတ်သွားတယ်”
ထိုသို့ ပြောပြီးနောက် မကောင်းဆိုးဝါးအဘိုးအိုသည် ထိုနဂါးစွမ်းအင်ကူးပြောင်းဆေးလုံးကို ဝမ်ချောင်အား ရက်ရောစွာ ပေးလိုက်သည်။
“ငါ မင်းကို ဒီဆေးလုံး တရားဝင်လွှဲပေးမယ်။ ချောင်အာ မင်း ဒီဆေးကို စုပ်ယူပြီးတာနဲ့ နဂါးစွမ်းအင်နယ်ပယ်ထဲကို ဝင်သွားနိုင်ပြီ ပြီးရင် မင်းကို သိုင်းပညာတချို့ သင်ပေးမယ်”
“ကျေးဇူးတင်ပါတယ် ဆရာ”
ဝမ်ချောင်သည် အလွန်ပျော်သွားသည်။ နဂါးစွမ်းအင်အဆင့်သို့ ရောက်ရန် အချိန်နှင့် ခွန်အားများစွာ လိုလိမ့်မည်ဟု သူ ထင်ထားခဲ့ပြီး ဤသို့ အခွင့်အရေးမျိုး ရရှိရန် မမျှော်လင့်ထားခဲ့ချေ။ မကောင်းဆိုးဝါးအဘိုးအိုထံမှ ဒဏ္ဍာရီလာ နဂါးစွမ်းအင်ကူးပြောင်းဆေးလုံး ရလိမ့်မည်ဟု တွေးပင် မတွေးထားမိပေ။
ဝမ်ချောင်သည် နဂါးစွမ်းအင်ကူးပြောင်းဆေးလုံးကို မျိုချလိုက်ပြီးနောက် ထူထပ်လှသည့် မြူများသည် သူ့တစ်ကိုယ်လုံး ပြည့်သွားတော့သည်။ ထိုရောင်ဝါသည် မယုံနိုင်လောင်အောင် အားကောင်းပြီး ယင်းတွင် ကြမ်းတမ်းခြင်းနှင့် ဖျက်ဆီးလိုခြင်း အရှိန်အဟုန်များ ပြည့်နှက်နေသလို ခံစားရစေသည်။
“နတ်ဆိုးဆေးလုံးတွေက တကယ်ကို ကွာခြားတာပဲ”
ဝမ်ချောင်၏ ချိုးဖျက်မတက်မီ နောက်ဆုံးအတွေး ဖြစ်သည်။ ခရပ် ခရပ်.. သူ့ခန္ဓာကိုယ်အတွင်း အရိုးကျိုးသံကဲ့သို့သော အသံများသည် ပဲ့တင်ထပ် မြည်ဟီးသွားပြီးနောက် သူ့ခန္ဓာကိုယ်အတွင်း ကလာပ်စည်းတစ်ခုဆီမှ လောင်ကျွမ်းမှု အပူရှိန်ကို ခံစားလိုက်ရသည်။
“မင်း ဝင်သက်ထွက်သက်ကို ပုံမှန်ထိန်းထား.. မင်းရဲ့ဝိညာဉ်ကို ကာကွယ်၊ ဆေးစွမ်းအားကို ဖြည်းဖြည်းချင်း စုပ်ယူပါ မလောနဲ့”
ဝမ်ချောင်၏နားထဲတွင် သြဇာညောင်းသော အသံတစ်ခုက ထွက်ပေါ်လာသည်။
ဝမ်ချောင်၏ နှလုံးခုန်သံနှင့်အတူ လှုပ်ရှားမှုအားလုံးကို လျင်မြန်စွာ ရပ်တန့်လိုက်၏။ ထို့နောက် သူ့အနောက်ဘက်မှ လက်ဖဝါးတစ်ဖက်က ထိကပ်လာပြီး ပူနွေးသော လျှပ်စီးကြောင်းကဲ့သို့ မူလစွမ်းအင်သည် သူ့ခန္ဓာကိုယ်အတွင်း ချက်ချင်းပင် စိမ့်ဝင်လာတော့၏။
အပ်စိုက်အမှတ်..
ထို့နောက် နောက်ထပ်လက်ဖဝါးတစ်ဖက်သည် နောက်တစ်နေရာသို့ ထပ်ထိလာပြီး သူ့ခန္ဓာကိုယ်အတွင်း မူလစွမ်းအင်များသည် အရှိန်ဟုန်ဖြင့် စီးဝင်လာတော့သည်။
ပြင်ပလက်ဖဝါးများထံမှ စွမ်းအင် အကူအညီဖြင့် ဝမ်ချောင်၏ ခန္ဓာကိုယ်အတွင်း လောင်ကျွမ်းနေသော မီးပင်လယ်ကဲ့သို့ ပူလာင်မှုသည် အေးမြသော စိမ့်စမ်းရေဖြင့် ငြိမ်းသက်သွားသည့်အလား ပူလောင်မှုကို ပြေငြိမ်းသွားစေသည်။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားပြီးနောက် ဝမ်ချောင်သည် တည်ငြိမ်သောအခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်။
အချိန်ကာလတစ်ခုသည် မသိလိုက်ဘဲ ကျော်ဖြတ်သွားပြီးနောက်..
“ယင်..”
စူးရှသော နဂါးဟောက်သံ ထွက်ပေါ်လာပြီး ဝမ်ချောင်၏ နောက်မှ လေထုသည်လည်း မှုန်ဝါးသွား၏။ ရေနဂါးတစ်ကောင်၏ ကောက်ကြောင်းသည် မသဲမကွဲ ဖြစ်ပေါ်လာ၏။
ရေနဂါးကြီးသည် လေထဲတွင် ခဏတာ တွန့်လိမ်သွားပြီးနောက် ပျောက်ကွယ်သွား၏။
တစ်ချိန်တည်းမှာပင် ဝမ်ချောင်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး စူးရှသော အလင်းတန်းတစ်ခုက ဖြတ်ပြေးသွား၏။
“နောက်ဆုံးတော့ နဂါးအရိုးနယ်ပယ်..”
ဝမ်ချောင်သည် သူ့လက်များကို ဖြေလျော့လိုက်ပြီး အပျော်များပြည့်နေတော့၏။
ဝမ်ချောင်သည် နဂါးအရိုးအဆင့်တစ်သို့သာ ရောက်သေးသော်လည်း သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာ သိသိသာသာ ကောင်းမွန်လာခဲ့သည်။
သူ့ခန္ဓာကိုယ်အတွင်း စွမ်းအားများ တစ်ဟုန်ထိုးတိုးတက်လာသည်ကို ခံစားနိုင်ပြီး သူ၏ ခံနိုင်ရည်၊ သက်လုံနှင့် ခွန်အားတို့သည် အဆများစွာ မြင့်တက်လာခဲ့သည်။ သူ၏ကျင့်ကြံမှုသည် မူလစွမ်းအင်နယ်ပယ် အဆင့်(၇)သာ ရှိသေးသော်လည်း သူ၏ အခြေခံမှာမူ အလွန်ခိုင်မာလာလေသည်။
“နောက်ဆုံးတော့ ငါ အရင်ဘဝက မဖြတ်ကျော်နိုင်ခဲ့တဲ့ နယ်ပယ်တစ်ခုကို ရောက်နိုင်ခဲ့ပြီ”
ဝမ်ချောင် ဝမ်းသာအားရ တွေးလိုက်၏။ ယခင်ဘဝကဲ့သို့ အတုပြုလုပ်ထားခဲ့သော အရိုးအဆစ်သည် အကန့်အသတ်တစ်ခု ဖြစ်နိုင်တော့မည် မဟုတ်ချေ။
“ကောင်းပြီ မင်း အောင်မြင်သွားပြီ မင်းအသက်(၁၅)နှစ်မှာ နဂါးအရိုးနယ်ပယ်ကို တက်နိုင်ခဲ့ပြီ မင်းရဲ့အနာဂတ်မှာ အကန့်အသတ် မရှိတော့ဘူး”
သူ့နောက်မှ အိုမင်းသောအသံက ထွက်ပေါ်လာ၏။ မကောင်းဆိုးဝါးအဘိုးအို၏ မျက်နှာသည် ဖြူဖျော့လျက် သူ့အသံမှာလည်း တုန်ခါနေသည်။
“ကျေးဇူးတင်ပါတယ် ဆရာကြီး”
ဝမ်ချောင်သည် မကောင်းဆိုးဝါးအဘိုးအို၏ ဖြူဖျော့နေသော အခြေအနေကို မြင်သည်နှင့် အလွန်စိတ်လှုပ်ရှားသွား၏။
“ဆရာ စိတ်မပူပါနဲ့ နောင်ကျရင် တစ်ကမ္ဘာလုံးက မင်းကို သစ္စာဖောက်ရင်တောင် ငါတော့ သစ္စာမဖောက်ဘူး”
“ဟား ဟား.. ငါ မင်းစကားကြောင့် ငါမင်းကို ပြောပြလိုက်မယ်။ ဒါက ယင်ယန်ငယ်သိုင်းပညာရဲ့ နည်းလမ်းပဲ။ ဘယ်လို ကျင့်ကြံနည်းပဲ ဖြစ်ဖြစ် အဆက်မပြတ် ကျင့်ကြံရမယ်။ လမ်းစဉ်မှန်အတတ်ပညာဖြစ်စေ နတ်ဆိုးအတတ်ပညာဖြစ်စေ စည်းမျဉ်းကိုတော့ လိုက်နာရမယ်။ နည်းလမ်းကို ကျွမ်းကျင်ပြီးရင်တော့ ယင်ယန်ငယ်အတတ်ပညာကို ကျွမ်းကျင်တဲ့အထိ သင်ပေးမယ်။ ကောင်းပြီ မင်းက ယင်ယန်ငယ်သိုင်းပညာကို ကျွမ်းကျင်ပြီးတာနဲ့ ငါရဲ့အစစ်အမှန် နည်းစနစ်တွေကို ငါ သင်ပေးမယ်”
“ကျေးဇူးတင်ပါတယ် ဆရာ”
ယင်ယန်ငယ်သိုင်းပညာ၏ နည်းလမ်းကို ယူပြီးနောက် ဝမ်ချောင်သည် ရှန့်ဟိုင်နှင့် မုန့်လုံတို့အား ခရမ်းရောင်ဝါးတောတွင် စောင့်ကြပ်ရန် စေခိုင်းလိုက်သည်။
….
“သခင့်ကို အရိုအသေပေးပါတယ်”
ဝမ်ချောင်သည် ခရမ်းရောင်ဝါးတောမှ ထွက်လာစဉ် မြို့တော်အရှေ့ဘက်ရှိ တခြားလူနေအိမ်တစ်ခုတွင် ရာနှင့်ချီသော အနက်ရောင်ဝတ် အမျိုးသားများသည် ရက်စက်ကြမ်းတမ်းသော အငွေ့အသက်များ ထွက်ပေါ်နေသည်။ အိမ်ခေါင်မိုးကို မျက်နှာမူထားပြီး ဒူးထောက်လျက် မျက်နှာပေါ်တွင် သရဲမျက်နှာဖုံး ဝတ်ထားသည့် အနက်ရောင်ဝတ်ရုံဝတ် လူငယ်တစ်ဦးအား အရိုအသေပေးနေကြသည်။
ခြံဝန်းသည် တောအုပ်အတွင်းမှ လျှို့ဝှက်ထားသော နေရာတွင် တည်ရှိသောကြောင့် အပြင်ဘက်မှ မည်သူမျှ သတိမထားမိနိုင်ချေ။
“ကောင်းပြီ နားထောင်..”
မျက်နှာဖုံးစွပ် လူငယ်သည် လက်နှစ်ဖက်ကို ကျောနောက်တွင် ထားပြီး ခေါင်မိုးပေါ်တွင် ရပ်ကာ တခြားသူများကို အထက်စီးမှ အေးစက်စက် စိုက်ကြည့်နေ၏။
“အဲဒီလူအိုကြီးက မသေသေးဘူး။ မင်းတို့အားလုံး မဟာထန်မြို့တော်ထဲကို ဝင်ပြီးတော့ လမ်းကြားတွေထဲကိုပါ လိုက်ရှာကြည့်စေချင်တယ်။ လူအိုကြီး ကျင့်ကြံထားတဲ့ အတတ်ပညာက ပုံပန်းသွင်ပြင်ကို ဖုံးကွယ်ထားနိုင်ပေမဲ့ သူ့ရဲ့အရှိန်အဝါကိုတော့ မဖုံးကွယ်ထားနိုင်ဘူး။ အဲဒီလူအိုကြီးနဲ့ အကွာအဝေးတစ်ခုကို ရောက်တာနဲ့ သူ့ကို ခံစားသိရှိနိုင်တဲ့ အထူးရှာဖွေရေး ကိရိယာ ရှိတယ်”
ရွှတ်…
မျက်နှာဖုံးစွပ် အနက်ဝတ်ရုံဝတ် လူငယ်သည် သူ့အင်္ကျီလက်ကို မတင်လိုက်ရာ သူ့လက်ထဲတွင် အနက်ရောင်မီးတောက်တစ်ခု ထွက်ပေါ်လာ၏။ မီးတောက်သည် လေထုထဲတွင် ပြန့်ကျဲသွားပြီးနောက် ထောင်နှင့်ချီသော အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွား၏။ သရဲငိုသံကဲ့သို့သော အသံနှင့်အတူ အနက်ဝတ်အမျိုးသားများ၏ ခန္ဓာကိုယ်ဆီသို့ ထိုးဆင်းသွားကြတော့သည်။
သူတို့၏ ခန္ဓာကိုယ်များ တုန်ခါသွားကြပြီးနောက် သူတို့၏အရှိန်အဝါများလည်း ချက်ချင်း ပြောင်းလဲသွားတော့သည်။
“သွားတော့..”
“ကောင်းပါပြီ သခင်”
အနက်ဝတ်ရုံဝတ်လူ ရာပေါင်းများစွာသည် ချက်ချင်းပင် နေရာအနှံ့သို့ ဦးတည်ကြတော့၏။
“မင်းတို့ အားလုံးက သတိမရှိလိုက်တာ”
ဝတ်ရုံနက်များ ထွက်သွားပြီးနောက် မကြာမီတွင် မျက်နှာဖုံးဝတ်အနက်ဝတ်လူငယ်ရှေ့တွင် အရိပ်တစ်ခုက ပေါ်ထွက်လာသည်။
“မသေသေးတဲ့မြွေက ပြန်ကိုက်တတ်တယ်။ လူအိုကြီးသာ အသက်ရှိသေးရင် ငါတို့ ဘာဖြစ်သွားမလဲဆိုတာ သိကြလား”
အနက်ရောင်စက်ဝန်းတစ်ခုက သူ့ရှေ့တွင် မှုန်ဝါးဝါး ပေါ်လာပြီး ထူးဆန်းသည့် နတ်ဆိုးအသွင်အပြင်ကို ပြသနေသည်။
“ဒီလူအိုကြီးက လျှို့ဝှက်ထွက်ပြေးတဲ့ အတတ်ပညာကို ကျင့်ကြံထားလိမ့်မယ်လို့ မထင်ထားမိဘူး ငါ သူနဲ့နေလာတာ ကြာပြီ သတိမထားမိဘူး”
အနက်ဝတ်လူငယ်က ဒေါသတကြီး ပြောလိုက်သည်။
“ဒါဆိုရင်တောင် သူက အကြာကြီး လွှတ်မြောက်နေနိုင်မှာ မဟုတ်ဘူး။ သူ့ဝိညာဉ်ပင်လယ်က ကွဲအက်သွားပြီ ရှာဖွေရေးကိရိယာတွေနဲ့ ငါ့မူလစွမ်းအင်နဲ့သာ ဆိုရင် မြေအောက်ထဲမှာ တွင်းတူပြီး ပုန်းနေရင်တောင် ရက်နှစ်ဆယ်အတွင်း သူ့ကို ရှာတွေ့နိုင်တယ်”
“အဲလိုပဲ မျှော်လင့််တာပေါ့”
အရိပ်က မျက်တောင်တစ်ခတ်အတွင်း အိမ်ခေါင်မိုးပေါ်မှ ပျောက်သွားပြီး ပြန်ဖြေလိုက်သည်။
…
မကောင်းဆိုးဝါးအဘိုးအိုကို ရှာတွေ့ပြီး သူ့ဆရာအဖြစ် သတ်မှတ်ပြီးနောက် ဝမ်ချောင်သည် သူ့စိတ်နှလုံးအတွင်းမှ ဝန်ထုပ်ဝန်ပိုးကို ချလိုက်နိုင်ပြီး ပို၍ သက်တောင့်သက်သာ ခံစားလာရသည်။ နောက်ရက်အနည်းငယ်အတွင်းတွင် ဝမ်ချောင်သည် သရဲသစ်ပင်စီရင်စုမှ အဘိုးအို စုကျန်းချန်နှင့် ခရမ်းရောင်ဝါးတောမှ မကောင်းဆိုးဝါးဧကရာဇ်အိုထံ သွားရောင် လည်ပတ်ခြင်းမှလွဲ၍ ယင်ယန်ငယ်အတတ်ပညာရပ်အား လေ့ကျင့်ရန် သူ့အချိန်အားလုံးကို မြှုပ်နှံထားခဲ့သည်။
“မကြာခင်က မင်း တစ်ယောက်ယောက်နဲ့ တွေ့နေတာလား”
တရုတ်ကျိုင်းပင်အောက်တွင် စုကျန်းချန်က ဝမ်ချောင်ကို ရုတ်တရက် စိုက်ကြည့်ကာ မေးလာသည်။
“ဘာလဲ..”
ဝမ်ချောင်၏ နှလုံးက ဒိတ်ခနဲ ခုန်သွားသည်။ စုကျန်းချန်၏ မျက်လုံးများသည် သူ့နှလုံးသားအတွင်းသို့ ထိုးဖောက် မြင်နိုင်ပုံရသည့်အလား ဆိုးဝါးသည့် သတိပေးချက်ကို ခံစားလိုက်မိသည်။
“အဘိုး.. ခင်ဗျားနောက်နေတာလား။ နေ့တိုင်း လမ်းပေါ်မှာ လမ်းလျှောက်နေတဲ့လူတွေ အများကြီးပဲ။ ငါ နေ့တိုင်း လူတွေအများကြီးနဲ့ တွေ့တယ်”
“မှန်တယ်မလား”
စုကျန်းချန်က အေးစက်စက် ပြန်ပြောသည်။ ထို့နောက် ကျောက်တုံးဖြူတစ်လုံးကို ကောက်ကိုင်လိုက်ပြီး ဘာမှမဖြစ်သည့်အလား စစ်တုရင်ကို ဆက်ကစားတော့သည်။
ဟူး..
ဝမ်ချောင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ စုကျန်းချန်သည် စစ်ပွဲ၏ နတ်ဘုရားဖြစ်ပြီး ထိပ်တန်းအဆင့် ကျွမ်းကျင်သူ ဖြစ်သည်။ သူ၏ စွမ်းရည်များသည် မကောင်းဆိုးဝါးဧကရာဇ်အိုကြီးနှင့် တူညီနိုင်သည်။
ဝမ်ချောင်သည် ထိုလူနှစ်ဦး၏ အစွန်းနှစ်ဖက်တွင် ရပ်နေသည့် ရေနှင့်မီးကဲ့သို့သော ဆက်ဆံရေးကို မေ့သွားခဲ့သည်။
“အကြီးအကဲစုရဲ့ ဖြောင့်မတ်တဲ့စရိုက်ကို ငါ ဘယ်လို မေ့သွားရတာလဲ။ သူက မကောင်းတဲ့သူတွေကို မုန်းတီးတတ်တယ်။ ကံကောင်းလို့ ယင်ယန်ငယ်ကို အခုမှစပြီး လေ့ကျင့်တာကြောင့် သူက တစ်ခုခုတော့ မသိလောက်သေးဘူး”
ဝမ်ချောင်သည် ရုတ်တရက် ဆံပင်များ ထောင်လာတော့သည်။ ယင်ယန်ငယ်အတတ်ပညာရပ်အား လေ့ကျင့်ခြင်းကို ဖမ်းမိသွားခြင်းသည် အသေးအဖွဲ့သာ ဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ စုကျန်းချန်သည် မကောင်းဆိုးဝါးဧကရာဇ်အို၏ တည်ရှိမှုကိုသာ သတိပြုမိသွားပါက ဘေးဆိုးတစ်ခု ဖြစ်လာနိုင်ပေမည်။
“သေပြီ..”
ဝမ်ချောင် တွေးလိုက်မိသည်။
“မင်း စိတ်ပျံ့လွှင့်နေတယ်”
ဝမ်ချောင်၏နားအတွင်း ငြိမ်သက်ကာ မထူးခြားနားသော အသံတစ်ခု ထွက်ပေါ်လာ၏။ အမှန်တကယ်ပင် ဝမ်ချောင်သည် သူ အမှားတစ်ခုခု ပြုလုပ်မိကြောင်း သိလိုက်ရသည်။
“ဟား ဟား ခင်ဗျားက မယုံနိုင်စရာပဲ အခြေအနေကို နားမလည်လောက်ဘူး ထင်နေတာ.. လာ လာ အမဲသားပြုတ်တစ်ပိုင်းစား..”
ဝမ်ချောင်က ပြုံးရယ်လိုက်ပြီး စုကျန်းချန်၏ ပန်းကန်ထဲသို့ ပြုတ်ထားသော အမဲသားတစ်ပိုင်းကို ထည့်ပေးလိုက်၏။
စုကျန်းချန်သည် ရိုးရှင်းသော ပင်ကိုစရိုက်ရှိပြီး ဝမ်ချောင်မှ သူ့ပန်းကန်ထဲသို့ အမဲသားပြုတ်တစ်ပိုင်း ထည့်ပေးလာသည်ကို မြင်သောအခါ သူ့မျက်နှာက အေးခဲသွားတော့၏။
“ဟား.. ဟား လာလာ ဆက်ရအောင်..”
ဝမ်ချောင်သည် အနီးကပ်စိန်ခေါ်မှုတစ်ခုအား ခံစားလိုက်ရသည်။ စုကျန်းချန်၏ အာရုံကို လွှဲနိုင်ရန် သူ အလျင်မြန် လုပ်ဆောင်လိုက်ရသည်။
ပြိုင်ပွဲသည် နေ့လယ်မှ ညဦးပိုင်းအထိသို့ ရောက်ရှိသွားပြီး ထုံးစံအတိုင်း စုကျန်းချန်ကသာ ရှုံးနိမ့်ခဲ့သည်။
“အကြီးအကဲက ရှုံးပြန်ပြီ”
ဝမ်ချောင်သည် ရယ်မောလိုက်ပြီး ယခင်ကအတိုင်း နှုတ်ဆက်ကာ ထွက်ခွာသွား၏။
စုကျန်းချန်သည် တိတ်တဆိတ် ပြုံးလိုက်သည်။ ဝမ်ချောင် အဝေးသို့ ပျောက်ကွယ်သွားပြီးနောက် စုကျန်းချန်၏ မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားပြီး လေးနက်မှုတို့ ပြည့်သွားသည်။
“ဖန်ဟောင်..”
“သခင်.. အဲဒါ ဘာလဲ”
သစ်ပင်နောက်တွင် ဖန်ဟောင်က ပေါ်လာ၏။
“ဒီကလေးက မကြာခင်ကမှ နတ်ဆိုးပညာရပ်ကို စမ်းသပ်နေပုံရတယ်။ မကြာသေးခင်က သူ့ဆီကို နတ်ဆိုးလမ်းစဉ်က လူတစ်ယောက် ချဉ်းကပ်လာပုံရတယ်။ ငါ့ကို စွန်ရဲနက်တစ်ကောင်ပေး.. ငါ လိုအပ်တယ်”
(စွန်ရဲနက်- လေ့ကျင့်ထားသောငှက်တစ်မျိုး)
စုကျန်းချန်သည် အေးစက်စွာ ပြောလိုက်ပြီး သူ့မျက်နှာက သတ်ဖြတ်လိုက်စိတ်များဖြင့် ပြည့်လာတော့၏။
အကယ်၍ မဟာထန်သည် အမြင့်သို့ တက်လိုပါက မျိုးဆက်သစ်လူငယ်များကို ပျိုးထောင်ခြင်းက အရေးအကြီးဆုံး ဖြစ်သည်။ နတ်ဆိုးလမ်းစဉ်နှင့် ရောနှောကျင့်ကြံနေမှန်း ကိုယ်တိုင် သိသော်လည်း ဝမ်ချောင်သည် ဖုံးကွယ်ရန် ကြိုးစားခဲ့သည်။
ဤကလေး၏ ပါရမီသည် လွယ်လွယ်ရရန် မဖြစ်နိုင်သလို စုကျန်းချန်သည် သူ့ပြိုင်ဘက် မဟုတ်ကြောင်း ဝန်ခံရမည်သာ ဖြစ်သည်။ အနာဂတ်တွင် သူသည် တော်ဝင်မိသားစု၏ အရေးကြီးသော အခန်းကဏ္ဍဖြစ်လာမည်မှာ သေချာ၏။ သူ့ကို မည်သူမျှ လမ်းလွဲအောင် ပြုလုပ်ခွင့် မပြုနိုင်ပေ။
“ဆရာ သူက နတ်ဆိုးပညာရပ်ကို ကျင့်ကြံနေတယ်လို့ ပြောတာလား”
အစေခံအိုကြီး ဖန်ဟောင်က ထိတ်လန့်သွား၏။
“အမ်း.. သူ့ရှေ့မှာ ဒီကိစ္စကို မထုတ်ဖော်နဲ့ ငါကိုယ်တိုင် ကိုင်တွယ်မယ်”
စုကျန်းချန်က ပြန်ပြောလိုက်သည်။
“ကောင်းပါပြီ သခင်”
အစေခံအိုကြီး ဖန်ဟောင်က ခေါင်းညိတ်လိုက်၏။
မကြာမီတွင် စွန်ရဲနက်တစ်ကောင်ကို သယ်ဆောင်လာခဲ့သည်။ ယင်းသည် စုအိမ်တော်၏ ထူးခြားသော မျိုးစိတ်ဖြစ်ပြီး ခြေရာခံရာတွင် အလွန်ထူးချွန်၏။ ဝေါ.. စုကျန်းချန်သည် သူ့လည်ပင်းမှ ကော်လာကို ဖယ်လိုက်ပြီး ဝမ်ချောင် ကိုင်ထားခဲ့သော အနက်ရောင် ကျောက်တုံးကို ပစ်ပေးလိုက်သည်။ ဟူး… စွန်ရဲနက်သည် ကောင်းကင်ယံသို့ ထိုးတက်သွား၏။ ပတ်ဝန်းကျင်တွင် တစ်ခဏမျှ ပျံဝဲနေပြီးနောက် ဝမ်ချောင် ထွက်ခွာသွားသော ဦးတည်ရာသို့ ပျံသန်းသွားတော့၏။
********
pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်
Paid Groupမှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်
အခန်း-၁၅၈
ဝမ်ကလန်အမှတ်အသားပါသော ရထားလုံးသည် လမ်းမပေါ်တွင် မောင်းနှင်နေ၏။ ဝမ်ချောင်သည် ရထားလုံးပေါ်တွင် မလှုပ်မယှက် ထိုင်နေပြီး မကောင်းဆိုးဝါးအဘိုးအို သူ့အားပေးထားသည့် ယင်ယန်ငယ်သိုင်းပညာကို တိတ်ဆိတ်စွာ ကျင့်ကြံနေသည်။
၎င်းမှာ အခြေခံနည်းလမ်းတစ်ခုမျှသာ ဖြစ်သော်လည်း ထိုကျင့်ကြံမှုနည်းစနစ်သည် ဝမ်ချောင်စိတ်ထားသလို မရိုးရှင်းချေ။ တကယ်တမ်းတွင် ထိုနည်းလမ်းသည် ဝမ်ချောင်ယခင်ဘဝက ကျင့်ကြံခဲ့သည့်နည်းလမ်းများထက် များစွာ ပိုခက်ခဲ၏။ သို့သော် ကံကောင်းသည်မှာ မကောင်းဆိုးဝါးအဘိုးအိုသည် သူ့အား ကြိုတင်အသိပေးထားပြီး ဖြစ်သည်။ အစောပိုင်းအဆင့်သည် အခက်ခဲဆုံးဖြစ်ကာ ယင်ယန်ငယ်သိုင်းပညာ၏ ကျင့်ကြံမှုကလည်း ပိုလွယ်ကူလာမည် ဖြစ်သည်။ ဝမ်ချောင်သည် ကနဦးပိတ်ဆို့မှုများကို ဖြတ်ကျော်နိုင်ပြီးသည်နှင့် နောက်ပိုင်းတွင် လွယ်ကူသွားလိမ့်မည် ဖြစ်သည်။
ဝမ်ချောင်၏ ထိန်းချုပ်မှုအောက်တွင် မူလစွမ်းအင်သည် ခန္ဓာကိုယ်အတွင်း လှည့်ပတ်နေပြီး တစ်နေရာမှ တစ်နေရာသို့ ရွေ့လျားနေ၏။
ဝမ်ချောင်၏ ယခင်ကျင့်ကြံရေးနည်းလမ်းများ၏ လမ်းကြောင်းများနှင့် ထိပ်တိုက် မတွေ့မိစေဘဲ ထိုလမ်းကြောင်းများကြားမှ လှည့်ပတ်နေခဲ့ပြီး ထူးထူးခြားခြား သီးခြားထားနိုင်ခဲ့သည်။
“ဒီကျင့်ကြံခြင်းနည်းလမ်းကို နတ်ဆိုးအတတ်ပညာလို့ခေါ်တာ အံ့သြဖို့ မရှိဘူး.. မူလစွမ်းအင်သွားရာ လမ်းကြောင်းတွေက တကယ်များပြားတာပဲ”
ဝမ်ချောင်က တိတ်တဆိတ် ရေရွတ်လိုက်၏။
တစ်နာရီခန့် ကြာပြီးနောက် ပြတ်သားကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာ၏။ ဝမ်ချောင်သည် အပ်စိုက်မှတ်နှစ်ခုကြားမှ လမ်းကြောင်းအသစ်တစ်ခုကို ထပ်မံ ဖွင့်ထုတ်နိုင်သွားသည်။
ထိုလမ်းကြောင်းကို ဖွင့်ထုတ်နိုင်သွားသည်နှင့် ဝမ်ချောင်၏ မူလစွမ်းအင်သည် ယခင်ကထက် ပိုသိပ်သည်းလာ၏။
ဝှမ်း..
ဝမ်ချောင်သည် ကျင့်ကြံခြင်း၌ နှစ်မြှုပ်နေစဉ် ရုတ်တရက် အနှောင့်အယှက်တစ်ခု ကြောင့် သူ၏မူလစွမ်းအင်များ ဖရိုဖရဲ ပြန့်ကျဲကုန်တော့၏။
“ဟမ်.. ဒီခံစားချက်က..”
ဝမ်ချောင်၏ မျက်ခုံးများက တွန့်ကွေးသွား၏။ သူသည် ပြတင်းပေါက်ကို ဆွဲဖွင့်လိုက်ပြီး အပြင်သို့ လှမ်းကြည့်လိုက်သည်။ အပြင်ဘက်ရှိ လူအုပ်ကြားမှ အေးစက်သော မျက်နှာထားဖြင့် ဦးတည်ချက်တစ်ခုတည်းသို့သာ စိုက်ကြည့်နေသော ထိုလူကို စိုက်ကြည့်လိုက်မိသည်။
ဝမ်ချောင်သည် ထိုသူထံမှ ရင်းနှီးနေသော အငွေ့အသက်ကို ခံစားနိုင်ပေသည်။
“သူတို့က နတ်ဆိုးလမ်းကြောင်းပေါ်ကလူတွေပဲ”
ဝမ်ချောင်၏ စိတ်အတွင်း အတွေးတစ်ခု ထွက်ပေါ်လာပြီး ဖြစ်နေသည်ကို ရုတ်ချည်း သဘောပေါက်သွားတော့၏။
တစ်ဖက်လူသည် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သော်လည်း ထိုတစ်ခဏအတွင်း တစ်ခုခုမှားနေမှန်း ဝမ်ချောင် နားလည်သွားစေရန် လုံလောက်လေသည်။
“ပြန်လှည့်.. အနောက်တောင်ဘက်ကို သွားမယ်”
ဝမ်ချောင်သည် ရထားလုံးကို ခေါက်လိုက်ပြီး အမိန့်ပေးလိုက်သည်။
ရက်ပေါင်းများစွာ ကြာပြီးနောက် တစ်ယောက်ယောက် သူ့နောက်သို့ လိုက်လာခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်၏။
“တစ်ချက် သွားကြည့်ကြမယ်”
လူအုပ်ထဲမှ လူနှစ်ယောက်သည် ရထားလုံးနောက်မှ အမြန်လိုက်လာ၏။ ရထားလုံးသည် လမ်းသွယ်များကို ဖြတ်သွားသော်လည်း ခရမ်းရောင်ဝါးတောသို့ ဦးတည်မနေပေ။ ထိုအစား အဝေးတစ်နေရာသို့ သွားနေခြင်း ဖြစ်၏။
“ဟက်.. သူ ရှာနေတဲ့အရာ ငါ့အိမ်တံခါးကို လာပို့ပေးရင် ငါ ရိုက်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်နေတာ”
“သူက လူအိုကြီး မဟုတ်ပေမဲ့ ဒီကလေးက သခင်နဲ့ဆင်တူတဲ့ မူလစွမ်းအင်ကို ပိုင်ဆိုင်ထားတယ်။ ဒီတော့ သူတို့က ဆွေမျိုးတွေ ဖြစ်နိုင်တယ်။ သူ့ကို ဖမ်းထားနိုင်ရင် လူအိုကြီးရဲ့နေရာကို သိနိုင်မှာပဲ”
…
နှစ်ယောက်သားသည် ဝမ်ချောင်၏နောက်သို့ ခပ်မြန်မြန် လိုက်သွားကြသည်။ သူတို့သည် ရပ်နေသည်ဟု ထင်ရသော်လည်း ရထားလုံးနောက်သို့ အလွယ်တကူ လိုက်ပါလာနိုင်၏။
မကြာခင်တွင် သစ်ပင်များပြည့်နေသော နေရာသို့ ရောက်သွား၏။ ထိုနေရာတွင် လမ်းသွားလမ်းလာ အနည်းငယ်သာ ရှိပြီး အသတ်ခံနေရသော ဝက်များ၏ အော်ဟစ်သံများကို ဝေဝေဝါးဝါး ကြားနေရသည်။
သားသတ်ရုံတစ်ခု ဖြစ်ပြီး အနံ့ဆိုးများကြောင့် သားသတ်သမားများနှင့် ကုန်သည်များမှ လွဲ၍ မည်သူမျှ ဤနေရာသို့ ရောက်လာကြမည် မဟုတ်ချေ။
ကျား..
သားသတ်ရုံမှ တစ်ကီလိုမီတာအကွာတွင် ဝမ်ချောင်၏ ရထားလုံးက ရပ်သွားသည်။
“မင်းက သေလမ်းရှာတာပဲ”
နတ်ဆိုးလမ်းစဉ် ဂိုဏ်းသားနှစ်ဦးသည် ဓားရှည်များကို ဝမ်းသာအားရ ဆွဲထုတ်လိုက်ကြပြီး ရထားလုံးဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားကြသည်။ သူတို့သည် လျင်မြန်သော်လည်း ဝမ်ချောင်က ပိုမြန်၏။
ဘုန်း..
ရထားပြတင်းပေါက်က ပေါက်ကွဲသွားကာ ဝမ်ချောင်သည် ရထားလုံးအတွင်းမှ အမြောက်ကျည်ဆံကဲ့သို့ ပြေးထွက်လာ၏။ လေထုထဲတွင် သူသည် သွက်လက်တိကျ မြန်ဆန်စွာဖြင့် ဆင့်ချက်တစ်ရာသိုင်းကွက်ကို ထုတ်ဖော်လိုက်သည်။
“ဟာ.. ချီးပဲ”
“သတိထား..”
…
နတ်ဆိုးလမ်းစဉ် ဂိုဏ်းသားနှစ်ယောက်သည် အလင်းတစ်ချက်သာ မြင်လိုက်ရပြီး ဝမ်ချောင်က သူတို့အပေါ်သို့ ရောက်ရှိလာသည်။ ဝမ်ချောင်၏ဓားသည် လျှပ်စီးအလား လေထဲတွင် ပျံတက်သွားပြီးနောက် တဒင်္ဂအတွင်း နှစ်ယောက်လုံးကို တစ်ပြိုင်နက် တိုက်ခိုက်လိုက်ပြီးနောက် ဝမ်ချောင်သည် ခိုင်မြဲစွာ ရပ်တည်နိုင်နေဆဲ ဖြစ်၏။
သူ့လှုပ်ရှားမှုများသည် လေးနက်သည်။ ဘယ်မှညာ အရှေ့မှ အနောက် ထို့အပြင် သူ၏ဓားချက်များသည် လုံးဝ မှန်းဆ၍ မရနိုင်ပေ။ ဝမ်ချောင်သည် တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာအနည်းငယ်မျှပင် မရရှိဘဲ တစ်ဖက်မှ နှစ်ဦးကို နေရာအနှံ့ဒဏ်ရာများ ရရှိစေခဲ့သည်။
ဖန်း..
ရုတ်တရက် တိုက်ခိုက်မှုအပြီးတွင် ဝမ်ချောင်သည် သူ့ကိုယ်သူ ထိုနေရာမှ ပြန်လည် တွန်းထုတ်ရန် အရှိန်တစ်ခုကို အသုံးပြုလိုက်ပြီးနောက် ထိုနှစ်ယောက်နှင့် ဝေးရာသို့ ခုန်ဆုတ်လိုက်တော့သည်။
“မင်း တကယ်သေချင်နေတာပဲ”
နတ်ဆိုးဂိုဏ်းသားနှစ်ယောက်သည် ရှေ့သို့ လျင်မြန်စွာ ပြေးလာ၏။
“မီရာဆာမိ မင်း ဘာကို စောင့်နေတာလဲ”
ဝမ်ချောင်က ရုတ်တရက် အော်လိုက်သည်။
ရွှပ်..
ဝမ်ချောင်၏ အသံကို တုံ့ပြန်လိုက်သည့်နှယ်၊ အနက်ရောင် ပေါ့ပါးသော အရိပ်တစ်ခုက အနီးအနား သစ်ပင်ပေါ်မှ ရုတ်တရက် ပေါ်ထွက်လာပြီး သူတို့သုံးယောက်ထံ ဦးတည်လာ၏။
ချီ..
သတိပေးချက် မရှိဘဲ အာရုံစူးစိုက်မှု ပျံ့လွှင့်သွားသည်နှင့် နတ်ဆိုးဂိုဏ်းသားတစ်ဦး၏ နှလုံးဆီသို့ ဓားတစ်ချောင်းသည် ရှင်းလင်းစွာ လျင်မြန်စွာ ထိုးဖောက်သွားတော့သည်။
ချွမ်..
တစ်ချိန်တည်းမှာပင် ဝမ်ချောင်သည် ရှေ့သို့ ပြေးသွားလိုက်ပြီး တခြားဂိုဏ်းသား၏ ခုခံမှုကို ဖြိုခွဲရန် ဆင့်ချက်တစ်ရာဓားသိုင်းကို ထုတ်သုံးလိုက်သည်။ ထို့နောက် ဝမ်ချောင်သည် တိုက်ပွဲအဟုန်ကို အသုံးပြုကာ တစ်ဖက်လူ၏ နောက်ကျောမှ ညာဘက်ရင်ဘတ်ကို ဓားဖြင့် ထိုးဖောက်လိုက်တော့သည်။
“အား..”
ဒုတိယမြောက် နတ်ဆိုးဂိုဏ်းသားသည်လည်း နာကျင်စွာ အော်ဟစ်ရင်း သူ့ရင်ဘတ်သူ ဆုပ်ကိုင်ကာ မြေပြင်ပေါ်သို့ လဲကျသွားတော့၏။
ဝမ်ချောင်၏ ဓားသိုင်းသည် အလွန်ထူးဆန်းပြီး ယင်းကို သူတို့က လုံးဝ မကာကွယ်နိုင်ခဲ့ပေ။
“ပြော.. မင်း ဘယ်သူလဲ။ မင်း ငါ့နောက်ကို လာလို့ လိုက်နေတာလဲ”
ဝမ်ချောင်သည် ထိုဂိုဏ်းသားကို ခြေထောက်အောက်တွင် နင်းထားပြီး လည်ပင်းကို ဓားဖြင့် ချိန်ရွယ်ထား၏။ အင်အားနည်းငယ်မျှ သုံးရုံဖြင့် ဓားဖျားမှ သွေးများက ချက်ချင်းစီးကျလာသည်။
“ဖီး.. မင်းကို ပြောပြမယ် ထင်နေတာလား”
တစ်ဖက်လူက ပါးစပ်အပြည့် သွေးတစ်လုတ် ထွေးထုတ်လိုက်ပြီးနောက် ပြောသည်။
“ဟက် စိတ်မပူပါနဲ့ မင်း ပြောမှာပါ”
ဝမ်ချောင်သည် တည်ငြိမ်စွာ ပြောလိုက်ပြီးနောက် နောက်သို့ လှည့်ကာ ပြောလိုက်၏။
“မီရာဆာမိ.. သူက မင်းအတွက်ပဲ”
သတင်းအချက်အလက်များ ထုတ်ယူခြင်းစွမ်းရည်သည် လုပ်ကြံရေးသမားများအတွက် မရှိမဖြစ် စွမ်းရည်တစ်ခု ဖြစ်သည်။ ဝမ်ချောင်သည် မီရာဆာမိ၏ တစ်ဖက်လူအပေါ် နှုတ်ခမ်းဖွင့်စေရန် အချိန်ကြာကြာ စောင့်ဆိုင်းဖို့ မလိုခဲ့ချေ။
“သခင် နည်းနည်းတော့ ပြဿနာရှိပါတယ်။ တစ်ဖက်အဖွဲ့က လူအိုကြီးကို ရှာဖို့ လူတစ်အုပ်စာ စေလွှတ်ထားပုံရတယ်။ ဒီနှစ်ယောက်က အဲအဖွဲ့ရဲ့ အစိတ်အပိုင်းလေးတစ်ခုစာပဲ ရှိတယ်။ နောက်ပြီး လူအိုကြီးရဲ့ တည်နေရာကို သိနိုင်ဖို့ လျှို့ဝှက်နည်းလမ်းတစ်ခုခု ရှိပုံရတယ်”
မီယာဆာမိသည် လက်ထဲတွင် သွေးစွန်းဓားတစ်ချောင်းကို ကိုင်လျက် လျှောက်လာ၏။
သူမ ထောက်ပြလိုသော အချက်တချို့ ရှိနေခဲ့သည်။ ထိုသူနှစ်ယောက်သည် လူအိုကြီးကို ရှာဖွေရန် တာဝန်ပေးခံခဲ့ရသော်လည်း ဝမ်ချောင်ကို ခြေရာခံလိုက်နေခြင်းကြောင့် ဝမ်ချောင်သည် ထိုသူတို့ ရှာဖွေနေသူနှင့် ပတ်သတ်မှုတစ်ခုခု ရှိကြောင်း ထင်ရှား၏။
“ငါ သိပြီ မင်းအခု ပြန်တော့ ဒီကိစ္စကို ငါ ဂရုစိုက်လိုက်မယ်”
ဝမ်ချောင်သည် သူ့လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်၏။
မီယာဆာမိသည် ခေါင်းညိတ်လိုက်ပြီး နောက်ဆုတ်ကာ တောအုပ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်အထိ ဝမ်ချောင်က တိတ်ဆိတ်စွာ တွေးတောနေခဲ့၏။
“ဒီကောင်တွေ လှုပ်ရှားတာ မြန်လှချည်လား”
ဝမ်ချောင်သည် အကြည့်ကို ရုတ်သိမ်းလိုက်ပြီးနောက် တွေးလိုက်မိသည်။
ဝမ်ချောင်သည် မီယာဆာမိမှ ရှင်းလင်းစွာ မပြောပြသော်လည်း မကောင်းဆိုးဝါးဧကရာဇ်၏ တပည့်မိုက်ဖြစ်မည်မှာ သေချာသလောက် ရှိ၏။
“လူသုံးရာ.. ပြီးတော့ သူတို့က မကောင်းဆိုးဝါးဧကရာဇ်အိုရဲ့ တည်ရှိမှုကို အရှိန်အဝါကနေတစ်ဆင့် အာရုံခံနိုင်တယ်။ ဒါဆိုရင် ခရမ်းရောင်ဝါးတောက မလုံခြုံတော့ဘူး”
ဝမ်ချောင်သည် မကောင်းဆိုးဝါးအဘိုးအိုအကြောင်းကို တွေးမိပြီးနောက် စိတ်ထဲတွင် မစိုးရိမ်ဘဲ မနေနိုင်ချေ။
“မဖြစ်ဘူး ဆရာနဲ့ တိုင်ပင်မှ ရမယ်”
ဝမ်ချောင်သည် မီယာဆာမိ စစ်မေးထားသည့် နတ်ဆိုးဂိုဏ်းသားကို ချည်နှောင်၍ ရထားလုံးပေါ်သို့ ပစ်ချလိုက်ကာ ခရမ်းရောင်ဝါးတောသို့ ဦးတည်လိုက်တော့၏။
“.. ဒီတော့ အဲလို အခြေအနေပဲ”
တစ်ခဏကြာပြီးနောက် ဝမ်ချောင်သည် ခရမ်းရောင်ဝါးတောအတွင်း နတ်ဆိုးဂိုဏ်းသားကို ပြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီးနောက် အားလုံးကို ရှင်းပြလိုက်သည်။
ထိုနတ်ဆိုးဂိုဏ်းသား ရှိနေခြင်းသည် ဝမ်ချောင် ပြောသမျှကို ပို၍ ယုံကြည်စရာကောင်းစေ၏။
“အဲခွေးကောင်..”
မြေပြင်ပေါ်တွင် လဲကျနေသော နတ်ဆိုးဂိုဏ်းသားကို မြင်ပြီးနောက် မကောင်းဆိုးဝါးအဘိုးအိုသည် ဒေါသတကြီး တုန်လှုပ်သွားသည်။ ထိုဂိုဏ်းသားသည် သူ၏သိုင်းပညာကို ကျင့်ကြံထားခြင်း ဖြစ်ကာ သူ မည်သို့ သတိမပြုမိဘဲ နေမည်နည်း။
ထိုသူများ အသုံးပြုသော ကျင့်ကြံရေးနည်းလမ်းများသည် သူ့ထံမှ ဆင်းသက်လာခြင်း ဖြစ်၏။
“ငါ့ရဲ့ဝိညာဉ်ပင်လယ် ကွဲအပ်သွားလို့ ငါက သူတို့ကို ဘာမှမလုပ်နိုင်တော့ဘူးလို့ ထင်နေတာလား”
မကောင်းဆိုးဝါးအဘိုးအိုသည် သူ၏လက်ကို ဆန့်တန်းလိုက်ရာ နတ်ဆိုးဂိုဏ်းသားထံမှ အနက်ရောင် ရောင်ဝါသည် အဘိုးအို၏ ကိုယ်ထဲသို့ စိမ့်ဝင်သွား၏။
နတ်ဆိုးဂိုဏ်းသားသည် ဖြူရော်သွားပြီး သူ့အသားအရေသည် လျင်မြန်စွာ ဖျော့တော့သွား၏။ ပြီးနောက် သူသည် ငြိမ်သက်သွားတော့သည်။
တစ်ချိန်တည်း၌ ထိုစွမ်းအင်ကို စုပ်ယူပြီးနောက် မကောင်းဆိုးဝါးအဘိုးအို၏ ရောင်ဝါသည် အနည်းငယ် တိုးလာ၏။
“ဆရာ..”
ဝမ်ချောင် အံ့အားသင့်သွားသည်။ သူသည် ယခင်ဘဝက ကျိုးဝမ်၏ မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်း အတတ်ပညာရပ်ကို တွေ့မြင်ဖူးသော်လည်း မကောင်းဆိုးဝါးအဘိုးအိုက ပို၍ သာလွန်သည်မှာ ထင်ရှား၏။
နောက်ဆုံးတွင် ကျင့်ကြံဆင့် နိမ့်ကျသွားသော်လည်း နတ်ဆိုးဂိုဏ်းသားများ၏ မူလစွမ်းအင်ကို အလွယ်တကူ စုပ်ယူနိုင်သေးပေသည်။
“ချောင်အာ ဒါကို သတိရ.. နတ်ဆိုးလမ်းကြောင်းမှာ အဆင့်လေးခု ရှိတယ်။ ပထမဆင့်က မင်းရဲကလက်ရှိအခြေတည်အဆင့်ပဲ ဒုတိယအဆင့်က ယင်ယန်ငယ်အဆင့် ဒီအဆင့်မှာ တခြားသူရဲ့ မူလစွမ်းအင်ကို စုပ်ယူဖို့ ကြားခံတစ်ခုခု လိုအပ်သေးတယ်။ တတိယအဆင့်မှာတော့ ငါ့လိုပဲ အကွာအဝေးတစ်ခုကနေ စုပ်ယူနိုင်လိမ့်မယ်”
“ငါ့ကျင့်ကြံဆင့်က ကျဆင်းသွားပေမဲ့ နည်းလမ်းကျွမ်းကျင်မှုကတော့ ရှိသေးတယ်”
“တတိယအဆင့် ပြီးရင် နောက်ထပ်တစ်ဆင့် ရှိတယ်။ ငါ သိသလောက်တော့ ဒီနည်းလမ်းကို ဖန်တီးခဲ့တဲ့သူကပဲ ဟင်းလင်းပြင်နဲ့ အချိန်နဲ့ သက်ဆိုင်တဲ့ စတုတ္ထအဆင့်ကို ရောက်နိုင်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးအဆင့်ကို ငါ တစ်ခါမှ မရောက်ဖူးလို့ ငါလည်း သိပ်မသေချာဘူး”
“ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အဆင့်တစ်ခုပြီးတစ်ခု ရှေ့ဆက်ရမယ်။ တစ်နေ့ စတုတ္ထအဆင့်ကို ရောက်ရင် မင်းက နတ်ဘုရားအဆင့် ကျွမ်းကျင်သူ ဖြစ်လာလိမ့်မယ်။ အဲဒီအခါ မင်းနဲ့ယှဉ်နိုင်တဲ့သူဆိုတာ ကမ္ဘာမှာ ရှိတော့မှာ မဟုတ်ဘူး”
မကောင်းဆိုးဝါးအဘိုးအိုသည် ပြောနေရင်းဖြင့် သူ့မျက်နှာက တဖြည်းဖြည်း ဖြူဖျော့လာသည်။ ခုနက သူ စုပ်ယူလိုက်သော စွမ်းအားသည် ပေါက်နေသော မီးပုံပျံကဲ့သို့ သူ့ခန္ဓာကိုယ်မှ ထွက်လာတော့သည်။
“ဆရာ..”
ဝမ်ချောင်သည် ဂရုတစိုက် နားထောင်နေရာမှ ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် သူ့မျက်နှာက ဖြူရော်သွားကာ မကောင်းဆိုးဝါးအဘိုးအိုထံသို့ လျင်မြန်စွာ ပြေးသွား၏။
“ဟား ဟား စိတ်မပူပါနဲ့ ငါ့ဝိညာဉ်ပင်လယ်က ကွဲအက်နေတာ ငါက မူလစွမ်းအင်ကို မထိန်းထားနိုင်တော့ဘူး မဟာယင်ယန်ကောင်းကင်ဘုံဖန်တီးခြင်း အတတ်ပညာကို အလွန်အကျွံအသုံးပြုမိရင် ငါက ပြင်းထန်တဲ့ တုံ့ပြန်မှုကို ခံစားရလိမ့်မယ်။ ဒါ တပည့်မိုက်က ငါ့ဆီကို ဘာကြောင့် ဒီလို နတ်ဆိုးဂိုဏ်းသားငယ်လေးကို လွှတ်လိုက်တာလဲ ဆိုတာပဲ”
မကောင်းဆိုးဝါးအဘိုးအိုသည် စားပွဲကို လက်ဖြင့် ထောက်ထားကာ သူ့ခန္ဓာကိုယ်ကို ထိန်းထားသည်။
“ဆရာ.. မူလစွမ်းအင်တွေကို အပ်စိုက်မှတ်တွေထဲ စီးဆင်းစေတာလား”
ဝမ်ချောင်က ရုတ်တရက် မေးလိုက်သည်။
“မင်းက အသင်္ချေဝိညာဉ်ပင်လယ် အတတ်ပညာကို သိနေတာလား”
မကောင်းဆိုးဝါးအဘိုးအိုသည် ဝမ်ချောင်ကို တအံ့တသြ ကြည့်လိုက်သော်လည်း သူက လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။
“ဒါက ငါတို့မျိုးဆက်ရဲ့ အထွတ်အထိပ်သိုင်းပညာပဲ။ ရှေးတုန်းကတည်းက ဂိုဏ်းခေါင်းဆောင်တွေပဲ လေ့ကျင့်ဖို့ အရည်အချင်း ပြည့်မီတယ်။ နောက်ပြီးတော့ ကျင့်ကြံရခက်ခဲတယ်။ အောင်မြင်တဲ့သူလည်း တော်တော်နည်းပါးတယ်။ ငါ့ဝိညာဉ်ပင်လယ်က ကွဲအက်သွားလို့ ငါက ဆက်ကျင့်ကြံဖို့ သုံးလို့မရဘူး ဒီတော့ ငါ့ဒန်တျန်ထဲကို အစားထိုးဖို့ ငါ့ခန္ဓာကိုယ်ထဲက အပ်စိုက်မှတ်တွေကိုပဲ အသုံးပြုလို့ ရလိမ့်မယ်၊ ဒါမှ ငါ့ဝိညာဉ်ပင်လယ်ရဲ့ လုပ်ဆောင်နိုင်စွမ်းအား အပ်စိုက်မှတ်တွေက မူလစွမ်းအင်ကို ထိန်းသိမ်းထားနိုင်လိမ့်မယ်”
မကောင်းဆိုးဝါးအဘိုးအိုသည် ဝမ်ချောင်အား ဘာကိုမှ မဖုံးကွယ်ထားပေ။
ဝမ်ချောင်သည် မှင်တက်နေပြီး စကားတစ်ခွန်းမှ မဆိုနိုင် ဖြစ်နေမိသည်။
အပ်စိုက်မှတ်များကို ဝိညာဉ်ပင်လယ်အဖြစ် အသုံးပြုနိုင်ကြောင်း နည်းလမ်းကို သူ ကြားသိခဲ့ဖူးပြီး ထိုသို့ ပြုလုပ်နိုင်သော သိုင်းပညာရှိကြောင်း သူ သိခဲ့သည်။ သို့သော် ၎င်းကို ဝမ်ချောင်သည် တစ်ကြိမ်မျှ မမြင်ခဲ့ဖူးသော လျှို့ဝှက်နက်နဲသည့် အကြောင်းအရာပင် ဖြစ်ပေသည်။
သူ၏ယခင်ဘဝတွင် အကြီးအကဲများပင်လျှင် ထိုကျင့်ကြံခြင်းနည်းစနစ်ကို ထူးဆန်းပြီး နက်ရှိုင်းသည်ဟု ပြောဆိုလေ့ ရှိကြပြီး သာမန်လူများ ကျင့်ကြံရန်မှာ မဖြစ်နိုင်ပေ။
“လတ်စသတ်တော့ သူက ကျိုးဝမ်ထဲကို စွမ်းအားတွေ ထည့်ပေးသွားနိုင်ခဲ့တာ မထူးဆန်းတော့ပါဘူး”
ဝမ်ချောင်သည် ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားတော့၏။
….
Master အသုံးကို မူရင်း Engသမားမှ ရှင်းလင်းချက်။
I understand that there’s a part which writes Miyasame Ayaka addressing Wang Chong as ‘master’ in the previous chapter is weird and uncommon in the Central Plain. The term she used is 主人, which is (using a not exactly correct example) somewhat how a slave calls his master.
Eng လို မဖျက်ပဲ ထည့်ပေးထားတာက သူ ရှင်းပြထားတဲ့ဆီကို နားလည်အောင်လို့ပါ။ မူရင်းEngသမားက ဒီနေရာမှာ ပြန်ပြီးတော့ ရှင်းပြထားတာပါ။ ကျွန်လိုမျိုး သဘောထားပြီးတော့ (ကျူရိမ်) ဆိုတဲ့အသုံးကို သုံးထားတာပါလို့ ပြောပါတယ်။ ကိုယ်က ဒါကို အရှေ့အပိုင်းမှာ တစ်ခါတည်း ရှင်းပြခဲ့ပြီးပါပြီနော်။ မုန့်လုံနဲ့ ရှန့်ဟိုင်က သခင်လို့ ခေါ်တာနဲ့ မီယာဆာမိအရာကာက သခင်လို့ ခေါ်တဲ့ အခေါ်အဝေါ်က မြန်မာလို ဆင်တူပေမဲ့ တရုတ်လိုဆို ကွာဟချက် အကြီးကြီး ရှိပါတယ်။
On the other hand, usual servants simply call their ‘employers’ as 少爷 or 老爷 (young master and old master)
ဒီစာကြောင်းမှာကတော့ မြန်မာလိုဆိုရင် သခင်ပါပဲ။ ဒါပေမဲ့ တရုတ်လို အရေးအသားမှာ မတူတော့ပါဘူး။ အနက်အရလည်း ကွာခြားပါတယ်။ သူက အစေခံကနေ သခင်ကို ခေါ်တာပေမဲ့ အဲဒီအစေခံတွေက ကျွန် ဒါမှမဟုတ် အိမ်မွေးတိရိစ္ဆာန်လို့ ကိုယ့်ကိုယ်ကိုယ် မသတ်မှတ်ထားပါဘူး။ အလုပ်သမား ဆိုတဲ့သဘောထားမျိုးပါပဲ။ (ရှောင်ရယ်.. လောင်ရယ်) (ရယ်..)
Then, when Wang Chong addresses the Demonic Emperor Old Man, he calls him 师傅, which means teacher, but in usual translations, ‘master’ is used instead.
ဒါကတော့ မကောင်းဆိုးဝါးဧကရာဇ်အိုကြီးကို ဝမ်ချောင်က (ရှီဖူ)လို့ ခေါ်တာပါ။ ဒါကလည်း Eng လိုဆို Master ဆိုတာပဲမို့ သူက ထည့်ရှင်းသွားပေးတာပါ။
******
pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်
Paid Groupမှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်
အခန်း-၁၅၉
စုကျန်းချန်နှင့် မကောင်းဆိုးဝါးအဘိုးအို ထိပ်တိုက်ဆုံတွေ့။
“ဆရာ အသင်္ချေဝိညာဉ်ပင်လယ်အတတ်ပညာကို ကျင့်ကြံလိုက်ရင် မင်းရဲ့အရင်က ကျင့်ကြံမှုကို ပြန်စနိုင်မှာလား”
ဝမ်ချောင်က ရုတ်တရက် မေးလိုက်သည်။
“ဘယ်လိုလုပ် ဒီလောက်လွယ်မှာလဲ အသင်္ချေဝိညာဉ်ပင်လယ်က ကျင့်ကြံဖို့ ခက်ခဲရုံတင်မကဘူး။ ဒါက ဝိညာဉ်ပင်လယ်ကို အစားထိုးဖုိ့ နည်းလမ်းတစ်ခုပဲ။ အစတည်းက လူတစ်ယောက်ရဲ့ ဝိညာဉ်ပင်လယ် ကွဲအက်သွားတာနဲ့ ဒီပြဿနာကို ဖြေရှင်းဖို့က မဖြစ်နိုင်တော့ဘူး။ ပြီးတော့ ဝိညာဉ်ပင်လယ်ကို အစားထိုးဖို့ အပ်စိုက်မှတ်တွေကို အသုံးပြုတယ်ဆိုတာ တွေးကြည့်ရင်တောင် အောင်မြင်ဖို့ ခက်ခဲတယ်။ အနည်းဆုံးတော့ ငါတို့ရဲ့ဘိုးဘေးတွေထဲမှာ အောင်မြင်ခဲ့တဲ့သူဆိုတာ မကြားမိသေးဘူး”
မကောင်းဆိုးဝါးအဘိုးအိုသည် ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီးနောက် ဝမ်ချောင်ဘက်လှည့်ကာ ပခုံးကို ပုတ်ရင်း ပြော၏။
“ကလေး.. မင်းရဲ့ရည်ရွယ်ချက်ကို ငါ နားလည်တယ်။ မင်း ငါ့တကယ်ဖြစ်လာတာ ဆယ်ရက်ပဲ ရှိသေးပေမဲ့ မင်းရဲ့အတွေးတွေကို ငါ လက်ခံနိုင်ပါတယ်”
မကောင်းဆိုးဝါးအဘိုးအိုက ဝမ်ချောင်အား ထိုစကားများကို ပြောသောအခါ သူ၏မျက်ဝန်းမှ အလင်းတန်းများ ဖြတ်ပြေးသွားသည်။
ဝမ်ချောင်သည် ထိုသို့သော အပြုအမူကို မစိမ်းသက်ပေ။ ယင်းမှာ ကိုယ့်ကိုယ်ကိုယ် စတေးရန် ဆုံးဖြတ်ထားသော မျက်နှာဖြစ်၏။
“အသင်္ချေဝိညာဉ်ပင်လယ်က ကျင့်ကြံရခက်ခဲပြီးတော့ အောင်မြင်တဲ့သူက သိပ်ကို နည်းပါးလို့ အရင်က ကျင့်ကြံမှုတွေကို ပြန်ရဖို့ မဖြစ်နိုင်ဘူးလို့ ဆိုလိုတာလား ဒါက မဖြစ်နိုင်ပါ့မလား သူက အသင်္ချေဝိညာဉ်ပင်လယ်ကို အဆင့်တစ်ခုအထိ ကျင့်ကြံပြီးတာနဲ့ အရင်တုန်းက ကျိုးဝမ်လိုမျိုးပဲ ငါ့ဆီကို သူ့စွမ်းအားတွေ လွှဲပေးချင်နေတာလား”
ဝမ်ချောင်၏ စိတ်နှလုံးက ခုန်လှုပ်သွားတော့သည်။
ထိုသို့သော ပေးဆပ်မှုက ကြီးမြတ်လွန်းသည်။ ကိုယ်ပိုင်အသက်ကို စွန့်လွှတ်ပြီး ကျင့်ကြံမှုအားလုံးကို တခြားသူထံသို့ လွှဲပြောင်းပေးမည်။
ဝမ်ချောင်၏ ဝင်ရောက်စွက်ဖက်မှုကြောင် အများအပြား ပြောင်းလဲသွားပုံရသော်လည်း အချို့သောအရာများမှာ မပြောင်းလဲသေးပေ။ အဆုံးတွင် မကောင်းဆိုးဝါးဧကရာဇ်အိုသည် သူ၏တပည့်အတွက် ကျင့်ကြံမှုနှင့် အသက်ကို ပေးအပ်ရန် ရွေးချယ်ထားဆဲ ဖြစ်ပြီး ထိုသူမှာ သူ ဖြစ်သွားရုံသာ ရှိသည်။
ယင်းက ဝမ်ချောင်အား ရောထွေးနေသော ခံစားချက်များ ဖြစ်ပေါ်စေ၏။ သူ၏ အဓိကပန်းတိုင်မှာ မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်း ဖြစ်သော်လည်း မကောင်းဆိုးဝါးအဘိုးအိုသည် သူ့အား သူ့တပည့်အဖြစ် အမှန်တကယ် မှန်ယူကာ သူ့အား ကောင်းကောင်း ဂရုစိုက်ပေသည်။
ယင်းက ဝမ်ချောင်၏ နှလုံးသားကို လှုပ်ခတ်စေလေသည်။
“ဘာပဲဖြစ်ဖြစ် ငါ သူ့ကို တားရမယ်”
ဝမ်ချောင် သူ့စိတ်ကို ထိန်းလိုက်သည်။
ယခင်က မကောင်းဆိုးဝါးအဘိုးအိုအပေါ် သူ၏ နားလည်ထားမှုသည် သူ၏ ပြိုင်ဘက်ကင်းသော ကျင့်ကြံမှုနှင့် ထိပ်တန်းကျင့်ကြံမှု အတတ်ပညာများတွင်သာ အခြေခံထားခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် ဝမ်ချောင်၏ သူ့အပေါ် သဘောထားမှာ ယခင်နှင့် ကွာခြားသွားပြီ ဖြစ်၏။
ဝမ်ချောင်၏ နှလုံးသား နက်ရှိုင်းသော တစ်နေရာတွင် အလိုအလျောက်ဖြင့် သူ့ရှေ့မှလူသည် သူ၏ဆရာဖြစ်ကြောင်း သူ အမှန်တကယ် သဘောပေါက်သွားပြီ ဖြစ်သည်။
“ဆရာ အသင်္ချေဝိညာဉ်ပင်လယ် ကျင့်ကြံဖို့ ဘယ်လိုအခြေအနေတွေ လိုမလဲ”
ဝမ်ချောင် မေးလိုက်သည်။
“ဟား ဟား အခြေအနေတွေ အများကြီး လိုတယ်။ ကျင့်ကြံသူတစ်ယောက်ရဲ့ အရည်အချင်း၊ ပါရမီ၊ စွမ်းအားနဲ့ နားလည်နိုင်စွမ်း တွေက အခြေခံအကျဆုံး အချက်တွေပဲ။ အဲဒါတွေအပြင် များပြားတဲ့ ဝိညာဉ်စွမ်းအင်ထုထည်၊ ကံတရား၊ လျှို့ဝှက်ဆန်းကြယ်တဲ့ ပစ္စည်းတွေ၊ ဆေးလုံးတွေလည်း လိုတယ်။ ချောင်အာ မင်း စိတ်ဝင်စားရင် မင်းကို သင်ပေးမယ်”
မကောင်းဆိုးဝါးအဘိုးအိုသည် ဝမ်ချောင်၏ ရည်ရွယ်ချက်ကို အထင်လွဲသွားခဲ့သည်။
“ဝိညာဉ်စွမ်းအင်..”
ဝမ်ချောင်၏ အတွင်းစိတ်ထဲ တိတ်တဆိတ် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ရေရွတ်လိုက်သည်။
“ကျန်တာတော့ မပြောနိုင်ပေမဲ့ ဝိညာဉ်စွမ်းအင်တော့.. အဲဒါတော့ ကျွန်တော် အဆုံးအစမရှိ ထောက်ပံ့ပေးနိုင်တယ်”
ဝမ်ချောင်သည် ယခင်က သူ ရှာဖွေတွေ့ရှိထားခဲ့သော စိတ်ဝိညာဉ်သွေးကြောကို ရုတ်တရက် သတိရသွား၏။ အသင်္ချေဝိညာဉ်ပင်လယ်နှင့် ပတ်သတ်သော အချက်အလက်များကို သေသေချာချာ မသိသေးသော်လည်း ယင်းက ကမ္ဘာလောကရှိ မူလစွမ်းအားနှင့် ဆက်စပ်နေသော သဘောထားရှိကြောင်းကိုတော့ သိထားနိုင်သေးသည်။
အနိမ့်ဆုံးမှာ လုံလောက်သော ဝိညာဉ်စွမ်းအားနှင့် အသင်္ချေဝိညာဉ်ပင်လယ်ကို ကျင့်ကြံပါက အောင်မြင်နိုင်နှုန်းက အလွန်တရာ တိုးတက်နိုင်ပေလိမ့်မည်။
“ဆရာ ဒီလို ရည်ရွယ်ချက်တော့ မရှိပါဘူး။ အခုအချိန်မှာ အဲလူက သူ့တပည့်တွေကို မြို့တော်မှာ လိုက်ရှာဖို့ စေလွှတ်ထားတာ ဆိုတော့ မြို့တော်က မလုံခြုံတော့ဘူးဆိုတာ ဆရာလည်း သိတယ်။ အခု အဲဒီနေရာက ဆရာ့အတွက် အသင်္ချေဝိညာဉ်ပင်လယ်ကို ကျင့်ကြံဖို့ အထောက်အပံ့ပေးလိမ့်မယ်”
ဝမ်ချောင်က ပြောလိုက်သည်။
“အို..”
မကောင်းဆိုးဝါးအဘိုးအို၏ မျက်ခုံးများ ရုတ်တရက် မြင့်တက်သွား၏။
ဝမ်ချောင်သည် စိတ်ဝိညာဉ်သွေးကြောအကြောင်းကို ရယ်မောရင်း ဖွင့်ပြောပြလိုက်သည်။ ထိုအကြောင်းကို သိပြီးနောက် မကောင်းဆိုးဝါးအဘိုးအိုက အံ့သြသွားသည်။ သူက ဝမ်ချောင်အား သံသယဖြင့် စိုက်ကြည့်လိုက်သည်။
စိတ်ဝိညာဉ်သွေးကြောများသည် အလွန်အဖိုးထိုက်ပြီး ရှာတွေ့ရန် အလွန်ခက်ခဲသည်။ ရာနှင့်ချီသော တောင်များအတွင်း တစ်ခုရှာတွေ့ရန်ပင် မဖြစ်နိုင်ပေ။ သို့သော် ဝမ်ချောင်သည် ငယ်ငယ်ရွယ်ရွယ်ဖြင့် သွေးကြောတစ်ခုကို ရှာတွေ့ခဲ့ပြီး တောင်တစ်ခုလုံးကို ဝယ်ယူထားနိုင်ခဲ့သည်။ ယင်းမှာ မကောင်းဆိုးဝါးအဘိုးအိုအတွက် မယုံနိုင်စရာပင်။
“အဲဒီလို တွေးထားတာလား”
သူ့တပည့်၏ ဆိုလိုရင်းက မကောင်းဆိုးဝါးအဘိုးအိုအား တုန်လှုပ်သွားစေသည်။
ဝမ်ချောင် ပြောသွားသည့်အထဲ တစ်ခုတော့ မှန်၏။ စိတ်ဝိညာဉ်သွေးကြောသည် အသင်္ချေဝိညာဉ်ပင်လယ်ကို ကျင့်ကြံရန် အထောက်အပံ့ ဖြစ်စေသည်။
“ဒါဆို မင်း အစီအစဉ်အတိုင်း လုပ်တာပေါ့”
မကောင်းဆိုးဝါးအဘိုးအိုသည် ဝမ်ချောင်၏ အကြံကို သဘောတူလိုက်သည်။
“ဒါဆို ဆရာ အေးအေးဆေးဆေး အနားယူပါ မနက်ဖြန် မြို့ပြင်ကို လိုက်ပို့ပေးမယ်”
ဝမ်ချောင်က ပြုံးလိုက်သည်။ ဝမ်ချောင်နှင့် မကောင်းဆိုးဝါးအဘိုးအိုသည် အတန်ကြာ စကားစမြည်ပြောပြီးနောက် ထွက်ခွာသွား၏။
ဝမ်ချောင် ရထားလုံးပေါ် တက်ပြီး မကြာမီတွင် မကောင်းဆိုးဝါးအဘိုးအို၏ မျက်နှာမှ အပြုံးသည် ပျောက်ကွယ်သွားပြီး လေးနက်သော အမူအရာ ဖြစ်ပေါ်လာသည်။
မကောင်းဆိုးဝါးအဘိုးအိုသည် အခန်းအတွင်းမှ ထွက်လာပြီး ခေါင်းမော့လျက် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကြီးမားသော အနက်ရောင် စွန်ရဲနက်သည် ကောင်းကင်ထက်တွင် ဝဲပျံနေပြီး မကောင်းဆိုးဝါးအဘိုးအို၏ အကြည့်ကြောင့် ထိတ်လန့်သွားဟန်ဖြင့် ချက်ချင်း အတောင်ပံကို ခတ်ကာ အနောက်သို့ ဆုတ်ရန် ပြင်တော့သည်။
“ဟမ့် သားရဲကောင် မင်းက အခု ဒီကို ရောက်နေပြီ ဆိုမှတော့ ထွက်သွားဖို့ မစဉ်းစားနဲ့”
မကောင်းဆိုးဝါးအဘိုးအိုက အေးစက်စက် ရယ်မောလိုက်သည်။ သူ့လက်ကို မြောက်လိုက်ပြီးနောက် သူ့လက်ချောင်းမှ အနက်ရောင်စွမ်းအင်များ ထွက်ပေါ်လာ၏။ အထူးသဖြင့် မကောင်းဆိုးဝါးအဘိုးအို၏ မူလစွမ်းအင်နယ်မြေမှ ဖြစ်သောကြောင့် စွမ်းအား၏ အရှိန်အဟုန်က မပြင်းထန်သော်လည်း အလွန်တရာ သန့်ရှင်းပြီး သိပ်သည်းသည်။ အတော်အတန် ကွာဝေးသော်လည်း စွမ်းအား၏ အရှိန်သည် အနည်းငယ်မျှပင် မလျော့သွားဘဲ စွမ်းအားအပြည့် ထိန်းသိမ်းထားနိုင်လေသည်။
ဖူး..
စွမ်းအားသည် တဟုန်ထိုး တိုးဝင်သွားပြီးနောက် စွန်ရဲနက်ကြီး၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားတော့၏။ လေထဲတွင် သွေးစက်များ ကျဆင်းလာပြီး စွန်ရဲနက်က ရုတ်တရက် တိတ်ဆိတ်သွားကာ ကောင်းကင်မှ ပြုတ်ကျလာတော့သည်။
စွန်ရဲနက် ပြုတ်ကျလာသည်ကို မြင်လိုက်ရမှ မကောင်းဆိုးဝါးအဘိုးအို၏ လေးနက်သော ဟန်ပန်က ပြေကျသွား၏။ သူသည် တပည့်ထံမှ သစ္စာဖောက်ခံရပြီးနောက် သူ့ကျင့်ကြံဆင့် များစွာ နိမ့်ကျသွားသော်လည်း ပတ်ဝန်းကျင်အပေါ် အာရုံခံနိုင်မှုက ကျန်ရှိနေပေသည်။
ထူထဲသော ခေါင်မိုးက သူ့အမြင်ကို ပိတ်ဆို့ထားနိုင်သော်လည်း ခရမ်းရောင်ဝါးတောအတွင်း ကောင်းကင်ထက် လေထုထဲရှိ ငှက်၏တည်ရှိမှုကို ညမီးတိုင်ကဲ့သို့ ရှင်းလင်းစွာ သိရှိခံစားနိုင်နေဆဲ ဖြစ်၏။
“ဒီစွန်ရဲနက်က သေချာပေါက် ချောင်အာ လွှတ်ထားတာ မဖြစ်နိုင်ဘူး သူ ဒီလို လုပ်ဖို့ လုံးဝမလိုဘူး။ တစ်ယောက်ယောက်က ငါ့ကို ခြေရာခံဖို့ သုံးထားတား ဖြစ်မယ်”
မကောင်းဆိုးဝါးအဘိုးအို၏ နဖူးမှ အရေးအကြောင်းများ တဖြည်းဖြည်း ပေါ်လာတော့သည်။ တစ်ချိန်တည်းမှာပင် ဝမ်ချောင်၏ ခန္ဓာကိုယ်ကို ရှပ်ထိထားခဲ့သော ဓားအရိပ်၏ အငွေ့အသက်များကို ပြန်သတိရလိုက်မိသည်။ (ဒီမှာက ဇာတ်လမ်းအသွားအရ စွန်ရဲနက်မှာ ရှိတဲ့ ဓားစွမ်းအင်တစ်ချက်ကို ဆိုလိုတာပါ။ ဒါပေမဲ့ Engသမားက ရေးထားတာ ဝမ်ချောင်ဆိုလို့ ကိုယ်ကလည်း ဝမ်ချောင်လို့ ပြန်ရပါတယ်)
ဓားအငွေ့အသက်သည် မယုံနိုင်လောက်သည့်အဆင့်အထိ ရောက်နေပြီး ရည်ရွယ်ချက်တစ်ခုခု ပါမှန်း ဝမ်ချောင်က မသိနိုင်ပေ။ သို့သော် မကောင်းဆိုးဝါးအဘိုးအိုမှ ရှင်းရှင်းလင်းလင်း ခံစားနိုင်ပေသည်။
ဝမ်ချောင် ဝင်လာကတည်းက သူသည် ထိုအချင်းအရာကို သတိပြုမိခဲ့ပြီး ဖြစ်၏။
ထိုဓားတစ်ချက်၏ ရည်ရွယ်ချက်မှာ ဝမ်ချောင်အား ရန်လိုခြင်း မရှိဘဲ သူ့အား ဝမ်ချောင်နှင့် အဝေးတွင် နေရန် ခြိမ်းခြောက်ထားသည့် ပြင်းထန်သော သတိပေးချက် ပါဝင်နေခြင်း ဖြစ်ပေသည်။
“ဓားရှည်ရဲ့လားရာအရဆိုရင် ဒီလူရဲ့ဓားပညာကျွမ်းကျင်မှုက နားမလည်နိုင်လောက်တဲ့ နယ်ပယ်ကို ရောက်နေလောက်ပြီ သူကလည်း သူတော်စင်အဆင့် အထွတ်အထိပ်ကို ရောက်နေပြီးသား၊ သူက ငါ့ရဲ့အရင်က အင်အားထက် နည်းနည်းတောင် မလျော့နိုင်ဘူး။ မဟာထန်မြို့တော်ထဲမှာ ဒီလို လူတစ်ယောက်က ပုန်းကွယ်နေဖို့ တွေးထားတာလား”
မကောင်းဆိုးဝါးအဘိုးအိုသည် သူ့မျက်လုံးများအတွင်း စိုးရိမ်မှုအပြည့်ဖြင့် ရေရွတ်လိုက်သည်။ ဓားပညာကို အတိုင်းအတာတစ်ခုအထိ ကျင့်ကြံပြီးသွားသည်နှင့် ဓား၏ ဖျက်ဆီးနိုင်မှုစွမ်းအားကို အပ်ချည်တစ်မျှင်တည်းဖြင့်ပင် ပြုလုပ်နိုင်မည် ဖြစ်သည်။
သူ၏ အထွတ်အထိပ် အခြေအနေ၌ပင် ထိုသို့သောသူမျိုးရင် ရင်ဆိုင်ရပါက သေချာပေါက် သတိကြီးကြီး ထားရပေမည်။
ထို့အပြင် မဟာယင်ယန်ကောင်းကင်ဘုံဖန်တီးခြင်းအတတ်ပညာသည် ဓားစွမ်းအားကို စုပ်ယူရန် မသင့်လျော်ပေ။
“ငါ့တပည့်ကတော့ ဒီကြောက်စရာလူနဲ့ သိရမယ်”
ထိုဓားပညာရှင်သည် ဝမ်ချောင်အား မည်သို့ ကာကွယ်ခဲ့သည်ကို တွေးမိသောအခါ မကောင်းဆိုးဝါးအဘိုးအိုက ပြုံးလိုက်သည်။ တစ်ဖက်လူ၏ ဓားချက်မှ ရည်ရွယ်ချက်သည် ရိုးရှင်းပြီး သူရဲကောင်းဆန်ကာ သူ၏ လက္ခဏာများအရ လမ်းစဉ်မှန် ကျင့်ကြံသူမှန်း ထင်ရှားစေသည်။
ဖြစ်နိုင်သည်မှာ ယင်းအဖြစ်အပျက်သည် ဝမ်ချောင်အား သူ သင်ပေးလိုက်သော ယင်ယန်ငယ်အတတ်ပညာကြောင့် ဖြစ်လာခြင်း ဖြစ်နိုင်၏။
တစ်ဖက်လူသည် သူ၏ ရည်ရွယ်ချက်ကို အထင်လွဲသွားပုံရပေသည်။
ဝမ်ချောင်၏ အရိုးအဆစ်သည် ပထမတန်းစား ဖြစ်ပြီး အသက်(၁၅)နှစ်တွင်ပင် ကျားအရိုးတတိယအဆင့်သို့ ရောက်ရှိခဲ့သည်။ ထိုအရည်အချင်းမျိုးသည် ကမ္ဘာပေါ်တွင် အလွန်ရှားပါး၏။ တစ်ဖက်လူ၏ မရပ်တန့်နိုင်သော ခွန်အားကို တွေးတောရင်း မကောင်းဆိုးဝါးအဘိုးအိုသည် ယင်းကို တစ်ဖက်လူမှ လျစ်လျူရှုထားရန် မဖြစ်နိုင်ဟု သိနိုင်သည်။
တစ်ဖက်လူသည် ဝမ်ချောင်ကို တပည့်အဖြစ် လက်ခံရန် စိတ်ဝင်စားနေဟန် ရှိသည်။
“ဟုတ်သား.. ငါ့တပည့်က သိပ်ကို လူကြိုက်များတာပဲ။ ဒါပေမဲ့ ငါတော့ လက်မလျော့နိုင်ဘူး။ မင်းက ငါ့ကို ပြိုင်ချင်တယ် ဆိုမှတော့ ဘယ်လို လမ်းကြောင်းကို သွားရမယ်ဆိ်ုတာ ကြည့်ရအောင်”
မကောင်းဆိုးဝါးအဘိုးအိုသည် ရယ်မောလိုက်ပြီးနောက် သူ၏ လွှမ်းမိုးနိုင်စွမ်းရှိသော ရောင်ဝါသည် သဘာဝအတိုင်း ထွက်ပေါ်လာတော့၏။
ယင်းက ဧကန်ပင်။
တစ်ဖက်လူသည် ဓားရေးကျွမ်းကျင်သော်လည် သာမန်လူမဟုတ်ပေ။ အဆုံးမှာတော့ သူ့တပည့်ကို တစ်ယောက်ယောက်က ခိုးယူဖို့ ကြိုးစားနေသည်က ဟာသတစ်ခုနှင့် မခြားနားပေ။
တစ်ဖက်လူသည် ဝမ်ချောင်ကို တပည့်အဖြစ် ရယူလိုပါက သူကိုယ်တိုင် ကြိုးစားသင့်ပေသည်။
မကောင်းဆိုးဝါးအဘိုးအိုသည် လက်ကို နောက်ပစ်လိုက်ပြီးနောက် လှည့်ကာ အိမ်ထဲသို့ ပြန်ဝင်လိုက်တော့သည်။
…
“စွန်ရဲနက် သေပြီ”
မကောင်းဆိုးဝါးအဘိုးအိုသည် သူ၏အိမ်ထဲသို့ ပြန်ဝင်သွားချိန်တွင် မြို့တော်အနောက်ဘက်ရှိ တရုတ်ကျိုင်းပင်အောက်ရှိ စစ်နတ်ဘုရားစုကျန်းချန်သည် မျက်လုံးမှိတ်ကျင့်ကြံနေရာမှ မျက်လုံးပွင့်လာ၏။
“ဘာလဲ..”
စုကျန်းချန်၏ အနားတွင် စောင့်နေသော ဖန်ဟောင်က စုကျန်းချန်၏စကားကြောင့် ထိတ်လန့်သွား၏။
“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ စွန်ရဲနက်တစ်ကောင်ရဲ့ ပျံသန်းနိုင်တဲ့အမြင့်က ပေထောင်ချီတယ်။ မြှားတစ်စင်းတောင် အဲလောက်အထိ မရောက်နိုင်ဘူး။ စွန်ရဲနက်ကို ဘယ်သူက ထိခိုက်အောင် လုပ်နိုင်မှာလဲ”
“စွန်ရဲနက်က တကယ်သေသွားပြီး တစ်ဖက်လူရဲ့ ကျင့်ကြံဆင့်က ကြောက်ဖို့ကောင်းတာ သံသယရှိဖို့ မလိုတော့ဘူး။ သူက စွန်ရဲနက်ကို သတ်ပစ်ရုံတင်မကဘူး။ ငါ ထားထားတဲ့ ဓားရာကို ဖျောက်ပစ်လိုက်တယ်။ အခု ငါတို့မှာ တစ်ဖက်လူရဲ့ ခန့်မှန်းခြေနေရာကိုပဲ ရနိုင်သေးတယ်”
စုကျန်းချန်က အရေးမကြီးသည့်ဟန် ပေါ့ပေါ့ပါးပါး ပြောနေ၏။ သို့သော် နံဘေးရှိ အစေံအိုကြီးမှမူ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ နက်ရှိုင်းစွာ ဖြစ်ပေါ်လာ၏။
“ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ မြို့တော်မှာ သခင်ကြီးရဲ့ဓားသွားရာကို ဘယ်လို ဖျက်နိုင်မှာလဲ”
ဖန်ဟောင်သည် အံ့သြခြင်းကြီးစွာဖြင့် မျက်လုံးများ ပြူးကျယ်လာတော့သည်။
….
သခင်ကြီးသည် အသက်ကြီးပြီဖြစ်၍ တော်ဝင်မိသားစုမှ အနားယူကာ သိုင်းပညာလေ့ကျင့်ပေးခြင်းကို စွန့်လွှတ်ခဲ့သည်။ သို့သော်လည်း ဖန်ဟောင်သည် သခင်ကြီး၏ သိုင်းပညာကျင့်ကြံမှုမှာ မယိုယွင်းရုံသာမက အရှိန်အဟုန်ဖြင့် တိုးတက်နေကြောင်း သိထားသည်။
အကြောင်းမှာ သခင်ကြီး၏ ကျင့်ကြံမှုသည် ဓားချီ မဟုတ်ဘဲ ဓားစွမ်းအား ဖြစ်သောကြောင့် ဖြစ်၏။
ဓားစွမ်းအားကို ကျင့်ကြံခြင်းသည် ဓားချီကို တိုးပွားအောင် လုပ်ခြင်းထက် အဆများစွာ ပိုခက်ခဲသည်။
နှစ်များစွာ ကြာပြီးနောက် သခင်ကြီး၏ ကျင့်ကြံဆင့်သည် သာမန်စစ်သည်တော်များ သိထားသည့် ဓားအတတ်ပညာနယ်ပယ်ကို ကျော်လွန်သွားပြီဖြစ်သည်။ စွန်ရဲနက်တွင် သခင်ကြီး ချန်ထားခဲ့သည်က ဓားချီ မဟုတ်ဘဲ ဓားစွမ်းအား ဖြစ်သည်။
အကြောင်းမှာ ဓားစွမ်းအားသည် ဓားချီထက် ပို၍ ပြတ်ပြတ်သားသား အာရုံခံ၍ ရနိုင်ပြီး ဖျောက်ဖျက်ရန်လည်း ပိုခက်ခဲပေသည်။
သို့သော် တစ်စုံတစ်ယောက်သည် သူ၏ဓားစွမ်းအင်အရာကို ဖယ်ရှားလိုက်ကြောင်း သခင်က ပြောလာသည်။
လောကကြီးအတွင်းဝဝ် ထိုသို့သော စွမ်းဆောင်နိုင်သူ မည်သို့ ရှိနိုင်မည်နည်း။
“ဒါက.. သခင်လေးချောင်က ဒီလို ကြောက်ဖို့ကောင်းတဲ့သူကို ဘယ်လို သိနေတာလဲ”
ဓားချီသည် စွမ်းအားကျင့်ကြံမှုမှ တစ်ဆင့် ဆင်းသက်လာခြင်း ဖြစ်သည်။ ချီသည် မူလစွမ်းအား အရင်းအမြစ် ဖြစ်ပြီး ဓားချီသည် ထိုမူလစွမ်းအားအရင်းအမြစ်ကိုယ်စား အပြင်သို့ ဓားဖြင့် ထုတ်လွှတ် အသုံးချရခြင်းဖြစ်သည်။
တစ်ဖက်တွင်မူ ဓားစွမ်းအားမှာ စိတ်၏သက်ရောက်မှု လားရာအတိုင်း အသုံးချနိုင်သော ဓားကဲ့သို့ စွမ်းအင်ဖြစ်သည်။
အခန်း-၁၆၀ မုန်တိုင်းထန်ခြင်း။
ဝမ်ချောင်၏ တတိယမျက်လုံးများသည် မြို့တော်တစ်ခုလုံးအား ပျံ့နှံ့သွားတော့သည်။ ဝမ်ချောင်၏ဆရာ အဆိုအရ သူ၏ဘိုးဘေးများပင် ထိုအတတ်ပညာအား မပြီးမြောက်နိုင်ခဲ့ကြပေ။
အကယ်၍ သူတော်စင်နယ်ပယ်မှ လူများသာ ပါဝင်လာပါက ဝမ်ကလန်ပင်လျှင် မည်သို့မျှ တတ်နိုင်တော့မည် မဟုတ်ချေ။
ဂိုဏ်းဂဏများသည် မဟာထန်မင်းဆက်၏ မတူညီသော ဥပဒေများဖြင့် အစဉ်အမြဲ လည်ပတ်နေခဲ့ကြခြင်း ဖြစ်သည်။ ဝမ်ချောင်သည် အတိတ်ကဖြစ်စေ လက်ရှိတွင် ဖြစ်စေ ထိုအရာကို မည်သည့်အချိန်ကမှ နားမလည်ခဲ့ချေ။ တည်ရှိနေမှန်းသာ သူ နားလည်ခဲ့ပေသည်။
“ဆရာက မြို့တံခါးကို လုံလုံခြုံခြုံ ဖြတ်သန်းပြီးတော့ စိတ်ဝိညာဉ်သွေးကြောဆီကို ရောက်သွားဖို့ပဲ မျှော်လင့်နိုင်တော့တယ်”
ဝမ်ချောင်သည် စိုးရိမ်စိတ်ဖြင့် စားပွဲကို လက်ညိုးဖြင့် ဆက်တိုက် ခေါက်နေမိ၏။ မြို့တံခါးသည် မြို့တော်မှ တစ်ခုတည်းသော ထွက်ပေါက် ဖြစ်သည်။ ဝမ်ချောင်သည် ဆရာအား ပို့ဆောင်ရန် တစ်ယောက်ယောက် ပို့ပေး၍ မရနိုင်ကြောင်း နားလည်သေးသည်။
မြို့တော်ဂိတ်တံခါးများကို တော်ဝင်အစောင့်တပ်များက စောင့်ကြပ်သည်။
ဝမ်ချောင်သည် ယင်းကိစ္စနှင့် ပတ်သတ်၍ ဦးရီးလီလင်းနှင့် ကျောက်ဖန်ချန်းထံ အကြောင်းကြားခဲ့ပြီး ဖြစ်သည်။ သူတို့၏လက်ရှိအခြေအနေအရ တော်ဝင်အစောင့်တပ်များအား အလွယ်တကူ ဆက်သွယ်နိုင်ပြီး နတ်ဆိုးဂိုဏ်းသားများကို ဖယ်ရှားမည့် ကြီးမားသော ရုန်းရင်းဆန်ခတ်ဖြစ်မှုကို ဖန်တီးစေခဲ့သည်။
“ငါ သူတို့ကို ကူညီဖို့ လီကျူရှင်းနဲ့ မီယာဆာမိအာရာကာကို ပို့ထားတယ်။ တစ်ခုခု မဖြစ်သင့်ဘူး”
သို့တိုင် ဝမ်ချောင်သည် စိုးရိမ်ပူပန်နေဆဲ ဖြစ်သည်။
ဝမ်ချောင်သည် သူတို့အား ကူညီရန် သွားလိုသော်လည်း သူ၏ ယင်ယန်ငယ်အတတ်ပညာရပ်သည် လက်ရှိတွင် ကျင့်ကြံနေဆဲ ဖြစ်သည်။ သူ ရှိနေခြင်းက သူတို့အား ပိုဆိုးသွားစေနိုင်သည်။
….
“တင်ပြပါတယ်”
ဝမ်မိသားစုမှ အစောင့်တစ်ယောက်က ရုတ်တရက် လျင်မြန်စွာ ပြေးဝင်လာ၏။ သူ့နဖူးတွင် ချွေးများရွဲစိုနေသည်။
“သခင်.. ဆရာကြီးကို ပို့ဆောင်ပြီးပါပြီ”
“သိပ်ကောင်းတယ်”
ထိုစကားကို ကြားသည်နှင့် ဝမ်ချောင်သည် စိတ်လှုပ်ရှားမှုဖြင့် ပြည့်သွားတော့သည်။ သူ့ဆရာအား မြို့ပြင်သို့ ပို့ဆောင်လိုက်နိုင်ခြင်းသည် သူ၏ နောက်ထပ် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်သည်။
“လီကျူရှင်းနဲ့ မီယာဆာမိရော ဘယ်မှာလဲ”
ဝမ်ချောင်က မေးလိုက်သည်။
“သခင်လေးရဲ့ ညွှန်ကြားချက်အတိုင်း သူတို့က ဆရာကြီးကို တောင်ပေါ်ထိ လိုက်ပို့ပြီးတော့ ဆယ်လီအကွာမှာ ပြန်ဆင်းလာလိမ့်မယ်”
အစောင့်က လေးစားစွာ ပြန်ဖြေ၏။
ထိုစကားကို ကြားသည်နှင့် ဝမ်ချောင်သည် သက်ပြင်းချက်ရင်း စိတ်သက်သာရာ ရသွားသည်။
ထိုပို့ဆောင်သည့် ဖြစ်စဉ်တွင် ပါဝင်သူများမှာ ဝမ်ကလန်မှ ဆယ်စုနှစ်တခုတိုင် အမှုထမ်းခဲ့သော အမှုထမ်းဟောင်းများ ဖြစ်ကြသည်။ သူတို့၏ သစ္စာရှိမှုကို မေးခွန်းထုတ်ရန် မလိုချေ။
လီကျူရှင်းကိုမူ ဝမ်ချောင်မှ တစ်ဖက်လူအပေါ် နားလည်ထားမှုအရ သူသည် သေချာပေါက် ယုံကြည်လို့ရနိုင်ပေသည်။ သူ၏စကားအတိုင်း ဆိုပါမူ သူ သေရမည် ဆိုလျှင်တောင် အလုပ်ကတော့ ပြီးမြောက်မည် ဖြစ်သည်။
တခြားတစ်ဖက်တွင် မီယာဆာမိသည် တခြားသူများကဲ့သို့ ယုံကြည်ထိုက်သူ မဟုတ်သော်ငြား ထိုကိစ္စနှင့် ပတ်သတ်၍ များများစားစား မသိထားသောကြောင့် ပြဿနာ မရှိနိုင်ပေ။
သူမ သိထားသည်က လီကျူရှင်းနှင့် ပူးပေါင်းဆောင်ရွက်ရန်သာ ဖြစ်ပေသည်။
“အလျင်ခြေလှမ်းရဲ့ ချို့ယွင်းမှုတွေကို ပြင်ဆင်ချင်သေးတယ် ဆိုရင်တော့ သူ ငါ့အပေါ် သစ္စာရှိသင့်တယ်”
ဝမ်ချောင် တွေးလိုက်သည်။
မတူညီသော လူများကို အသုံးပြုရန်မှာ ကွဲပြားသော နည်းလမ်းများ လိုအပ်ပေသည်။ မီယာဆာမိအတွက်မူ သူ၏ ဆိုးဝါးသော ချို့ယွင်းချက်မှာ အလျင်ခြေလှမ်းသိုင်းဖြစ်ပြီး သူမလည်း နားလည်ပေသည်။
ထို့ကြောင့် သူမသည် သူမအသက်ကို အလိုရှိနေတရွေ့ ယုံကြည်ရသော မဟာမိတ် ဆက်ဖြစ်နိုင်လောက်သည်။
“ဆရာ့ရဲ့ကံတရားကို ပြောင်းလဲနိုင်မလားဆိုတာကတော့ ဆရာပဲ သိလိမ့်မယ်”
ဝမ်ချောင်သည် တိုးညှင်းသောလေသံဖြင့် ရေရွတ်လိုက်မိတော့သည်။
သူ့အတိတ်ဘဝတွင် မကောင်းဆိုးဝါးအဘိုးအိုသည် မည်သို့ ဖြတ်သန်းခဲ့မှန်း မသိသော်လည်း ဝမ်ချောင်နှင့် အာဏာမရှိသော ကျိုးဝမ်သည် ကွာခြားချက် ရှိပြီး ကျိုးဝမ်သည် သစ္စာဖောက်တပည့်အား မယှဉ်နိုင်ခဲ့ပေ။
သည်ဘဝတွင် အရာအားလုံးက ပြောင်းလဲသွားချေပြီ။ သူ၏လက်ရှိဘဝတွင် ဝမ်ချောင်သည် သူ၏ပထမဆုံသော ဆရာဖြစ်သူအား တပည့်ဝတ္တရားကျေပွန်စွာဖြင့် စိတ်ဝိညာဉ်သွေးကြောအား ပေးအပ်ခဲ့သည်။
အဆုံးမဲ့သိပ်သည်းသော ဝိညာဉ်စွမ်းအားများ၏ အထောက်အပံ့ဖြင့် အသင်္ချေဝိညာဉ်ပင်လယ် အတတ်ပညာအား ကျင့်ကြံမှုသည် လျင်မြန်သော တိုးတက်မှုဖြင့် ယခင်ဘဝထက် အောင်မြင်သင့်ပေသည်။
ဝမ်ချောင်သည် မကောင်းဆိုးဝါးအဘိုးအို၏ အောင်မြင်မှုကို မျှော်လင့်မိသည်။
ဟူး..
အခန်းထဲသို့ လေပြင်းတစ်ချက်တိုက်ခတ်လာပြီး ဝမ်ချောင်သည် မူလအခြေအနေသို့ ပြန်ရောက်သွား၏။ သူသည် စားပွဲပေါ်မှ ယင်ယန်ငယ်အတတ်ပညာကို ဖြည်းညှင်းစွာ ပြန်လည် အာရုံစိုက်လာတော့သည်။
ဤသည်မှာ မကောင်းဆိုးဝါးအဘိုးအို သူ့အား ယနေ့မနက်က ပေးအပ်ခဲ့သော ယင်ယန်ငယ် အတတ်ပညာ ကျင့်ကြံခြင်း နည်းလမ်းဖြစ်၏။
ဝမ်ချောင်သည် အခြားအရာများကို မကျင့်ကြံနိုင်သေးပေ။
မဟာယင်ယန်ကောင်းကင်ဘုံ ဖန်တီးခြင်းကို အဆင့်ဆင့် ကျင့်ကြံရန် လိုအပ်ပေသည်။ ဝမ်ချောင်သည် ယင်ယန်ငယ်အတတ်ပညာ အထွတ်အထိပ်သို့ မရောက်မချင်း ယင်ယန်ကောင်းကင်ဘုံဖန်တီးခြင်း အတတ်ပညာကို မကျင့်ကြံနိုင်သေးချေ။
စားပွဲပေါ်ရှိ လက်စွဲစာအုပ်ကို ကြည့်လိုက်ပြီးနောက် ဝမ်ချောင်သည် ကျင့်ကြံခြင်းအတွင်း လျင်မြန်စွာ နှစ်မြှုပ်သွားတော့သည်။
….
မနက်ခင်းက တိတ်ဆိတ်စွာ ပြီးဆုံးသွားမည်ဟု လူတိုင်းက မှတ်ထင်မိသော်လည်း မြို့တော်၏ တံခါးဝ၌ ရှုပ်ထွေးမှုတစ်ခု ဖြစ်လာခဲ့သည်။
ပရမ်းပတာ အခြေအနေ ဖြစ်လာပြီးနောက် လျင်မြန်စွာ ပျောက်ကွယ်သွားသဖြင့် လူအများစုက သတိမထားမိခဲ့ကြပေ။ အဆုံးတွင်မူ နတ်ဆိုးဂိုဏ်းသားများသည် ဖမ်းဆီးခံလိုက်ရသည်။
ပြီးနောက် ငြိမ်းချမ်းမှုက မြို့တံခါးထံသို့ ပြန်ရောက်လာ၏။
…
“ငါ နောက်ကျသွားတယ်”
မကောင်းဆိုးဝါးဧကရာဇ်အိုကြီး မြို့တံခါးမှ ထွက်သွားပြီး မကြာမီတွင် ခရမ်းရောင်ဝါတောအတွင်း အနက်ပုံရိပ်တစ်ခု ပေါ်လာ၏။ ဓားတစ်ချောင်းက ကောင်းကင်အား တည့်မတ်စွာ ထောင်ထားသည့်နှယ် သူ့ခန္ဓာကိုယ်က ဖြောင့်မတ်တင်းမာနေသည်။
စုကျန်းချန်သည် တိတ်ဆိတ်ပြီး ဗလာကျင်းနေသော ခရမ်းရောင်ဝါးတောကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ ချွန်ထက်သော နှုတ်သီးနှင့် သန်မာသော အတောင်ပံများပိုင်ဆိုင်ထားသော စွန်ရဲနက်တစ်ကောင်သည် သူ့ပခုံးပေါ်တွင် ရှိနေ၏။
သူ့ခြေရင်းတွင် ယမန်နေ့က မကောင်းဆိုးဝါးအဘိုးအို သတ်ဖြတ်ခဲ့သော စွန်ရဲနက်အသေကောင်က ရှိနေသည်။
စုကျန်းချန်သည် ဗလာဖြစ်နေသော ခရမ်းရောင်ဝါးတောကို တိတ်တဆိတ် စိုက်ကြည့်ကာ မနက်ခင်းမြူများအကြား ပြန်လည် ပျောက်ကွယ်သွားတော့သည်။
အချိန်က ဖြည်းညင်းစွာ ကုန်ဆုံးနေသည်။ မကောင်းဆိုးဝါးအဘိုးအို ထွက်ခွာသွားခြင်းသည် မုန်တိုင်း၏ဗဟိုချက်နှင့် ဆင်တူပြီး မြို့တော်မှ မုန်တိုင်းကို သူနှင့်အတူ ယူဆောင်သွားသည့်နှယ်။ ဝမ်ချောင်သည် စိတ်တည်ငြိမ်မှုကို ပြန်လာရရှိလာသည်။
သို့သော် ဝမ်ချောင်ထံသို့ မမြင်ရသည့် ကြီးမားသော မုန်တိုင်းကြီး ရောက်ရှိလာတော့မည်။
ရက်အနည်းငယ် ကြာပြီးနောက်..။
ဖန်း..
ဝမ်ချောင်၏ စာကြည့်ခန်းက အရှိန်ဖြင့် ပွင့်လာသည်။ ထို့နောက် လှပပြီး ချွေးများ ပြည့်နေသော အစေခံတစ်ယောက်က အခန်းအတွင်း ပြေးဝင်လာ၏။
“ရှောင်ကျူး..”
ဝမ်ချောင်သည် လေ့ကျင့်မှုကို ရပ်လိုက်ပြီးနောက် တံခါးဝဆီသို့ အံ့အားသင့်စွာ စိုက်ကြည့်လိုက်သည်။
ထိုအစေခံကို သူ မှတ်မိသွား၏။ သူမသည် သူ့မိခင်အနားတွင် ရှိသော ရှောင်ကျူး ဖြစ်သည်။ သူ မှတ်မိသလောက် သူမသည် ထက်မြက်ပြီး သတိရှိသူ ဖြစ်ကာ သာမန်အခြေအနေများတွုင် သူ့ကို မည်သည့်အခါကမှ အနှောင့်အယှက်မပေးချေ။
ထို့အပြင် ဝမ်ချောင်သည် အိမ်တော်မှ အလုပ်သမားအားလုံးကို သူ့ခွင့်ပြုချက်မရှိဘဲ မနှောင့်ယှက်ရန် ပြောထားမှန်း ရှင်းလင်းစွာ မှတ်မိ၏။
“သခင်လေး အခု ဧည့်ခန်းကို သွားဖို့ လိုပါတယ်။ ဒီကိစ္စက သိပ်ကို အရေးကြီးလို့ မြန်မြန်လုပ်မှ ရမယ် မြန်မြန် လုပ်ရမယ်”
ဝမ်ချောင်စကားမပြောမီတွင် ရှောင်ကျူးသည် မောပန်းနေသော ခန္ဓာကိုယ်ကြောင့် တံခါးဘောင်ကို လှမ်းကိုင်ထားလိုက်ပြီး ခပ်မြန်မြန် ပြောလာသည်။ သူမ၏ လေသံအရ စိုးရိမ်ပြီး အလျင်လိုနေဟန် ရသည်။
ဝမ်ချောင် ထိတ်လန့်သွား၏။
ရှောင်ကျူးသည် ရှောင်ကျူး မဟုတ်သည့်အတိုင်း ကျင့်ဝတ်အမှားတစ်ခုကို ပြုလုပ်နေသည်။ သူမသည် မည်သို့သော အခြေအနေကြောင့် ဤသို့ ဖြစ်ရသနည်း။
“သခင်လေး မြန်မြန်လုပ်ပါ”
ရှောင်ကျူးသည် ဝမ်ချောင်ကို မြန်မြန်သွားရန် တိုက်တွန်းရင်း သူမခြေထောက်ကို သူမပင် တက်နင်းမိလေသည်။
ရှောင်ကျူး စိတ်ပူပန်နေသည်ကို မြင်တော့ သူ့အမေ၏အမိန့်မှန်း တွေးမိပြီး မတုံ့ဆိုင်းရဲတော့ပေ။ သူသည် ချောင်နေသော သူ၏ လေ့ကျင့်ရေးဝတ်ရုံကို အမြန်ချွတ်လိုက်ပြီး သူ့အဆင့်အတန်းနှင့် ကိုက်ညီသော ဝတ်စုံကို ဝတ်ကာ ဧည့်ခန်းသို့ အပြေးသွားတော့၏။
“မွှေးလိုက်တာ..”
ဧည့်ခန်းတံခါးသည် တင်းကျပ်စွာ ပိတ်ထားသော်လည်း ကျန့်၂၀အကွာမှ နေ၍ (၆၆မီတာ) ပြင်းထန်သော မွှေးရနံ့ကို ရလိုက်သည်။
“ဒါက ပထမတန်းစား အမွှေးနံ့သာပဲ။ ဒီလိုအမွှေးနံ့သာကို အသုံးပြုရလောက်အောင် ဝမ်အိမ်တော်ကို ဘယ်လို ဧည့်သည်မျိုး ရောက်လာတာမို့လို့လဲ”
ဝမ်ချောင်သည် အံ့အားသင့်စွာ တွေးလိုက်မိ၏။
မှုးမတ်အိမ်တော်အားလုံးသည် အမွှေးတိုင်များစွာကို စုဆောင်းထားကြသည်။
ပုံမှန်အားဖြင့် အမွှေးတိုင်အဆင့် အမျိုးမျိုး ရှိပြီး ဧည့်သည်များ လာရောက်ခြင်း မရှိပါက အသုံးပြုလေ့ မရှိကြချေ။
စုန့်ဘုရင် လာလည်ခြင်း မဟုတ်လျှင် ထိုထိပ်တန်းအဆင့်အမွှေးတိုင်ကို သုံးမည် မဟုတ်ပေ။ ဝမ်ချောင်သည် သူ့ထင်မြင်ချက် မမှားကြောင်း ကျိန်းသေနေ၏။
“ဘာတွေဖြစ်တာလဲ”
ဝမ်ချောင်ပို၍ စိတ်ရှုပ်ထွေးလာသည်။
ကျွီ့..
တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ဝမ်ချောင်သည် သူ့အမေက ကြမ်းခင်းတွင် လေးစားစွာ ဒူးထောက်နေသည်ကို တွေ့လိုက်ရ၏။ သူမဘေးတွင် အိမ်တော်မှ အစေခံများကလည်း ဒူးထောက်နေကြသည်။
သူတို့ရှေ့တွင် ရပ်နေသူမှာ တိမ်သဏ္ဌာန်ပန်းထိုးထားသော အဝါရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းမစိုးတစ်ဦး ဖြစ်သည်။ ထိုမိန်းမစိုး၏ နောက်တွင် တော်ဝင် ရွှေရောင်တံချပ်ကာများ ဝတ်ဆင်ထားသည့် ဘုရင်အိမ်တော်ဝန် တစ်ဒါဇင်ခန့် ရှိပြီး သူတို့ တစ်ဦးစီကပင် အလွန်အစွမ်းထက်သော ရောင်ဝါများ ထွက်ပေါ်နေ၏။
တံခါးဝသို့ ဝင်သွားသည်နှင့် ဝမ်ချောင်၏ ကျယ်လောင်သော အသံသည် လူတိုင်း၏ အာရုံကို စွဲဆောင်သွားပြီး မျက်လုံးများက သူ့ထံသို့ ရောက်ရှိလာကြသည်။
ဝမ်ချောင်၏ မျက်လုံးများသည် ဘုရင်အိမ်တော်ဝန်ခေါင်းဆောင်ကို တွေ့လိုက်ရသည်နှင့် သူ၏နှလုံးခုန်သံများ ပို၍ မြန်ဆန်လာပြီး သူ့မျက်နှာက လှုပ်ခတ်သွားတော့သည်။
ယင်းသည် နန်းတော်မှ အိမ်တော်ဝန်ဖြစ်၏။
ပြီးလျှင် အဝါရောင်ဝတ်ရုံကိုလည်း ဝတ်ဆင်ထားသေးသည်။
အဝါရောင်သည် နဂါး၏အရောင်ဖြစ်ပြီး ဧကရာဇ်သာလျှင် ဝတ်ရန် သတ်မှတ်ထားပြီး အဝါရောင်တိမ်ပန်းထိုး ဝတ်စုံကို ဝတ်ဆင်နိုင်သူမှာ မိန်းမစိုးအမျိုးအစားတစ်မျိုးသာ ရှိပြီး ထိုသူတို့သည် ဧကရာဇ်၏ အမှေုတော်ထမ်း မိန်းမစိုးများသာ ဖြစ်သည်။
ဝမ်ချောင်သည် လက်ရှိဘဝတွင် ထိုသို့သော အဆင့်မြင့်အရာရှိတစ်ဦးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်၏။
“ဒူးထောက်လေ”
ဝမ်ချောင်၏အဖေသည် အကြီးအကဲမိန်းမစိုးကို စော်ကားမိသည် စိုးသဖြင့် တင်းမာသော လေသံသည် ဧည့်ခန်းအတွင်း ပေါ်ထွက်လာ၏။ ထိတ်လန်မှုမှ ပြန်ရုန်းထွက်လာနိုင်ပြီးနောက် ဝမ်ချောင်၏ အမူအရာသည် ပြောင်းလဲသွားပြီး တံခါးဝနားမှ လျင်မြန်စွာ ဝင်လာတော့သည်။
“ကုန်းကုန်းကို အရိုအသေပေးပါတယ်”
ဝမ်ချောင်၏ နှလုံးသည် ပြင်းထန်စွာ လှုပ်ခုန်နေပြီး ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။ သူအရှေ့မှ သူများသည် မိန်းမစိုးများ ဖြစ်သော်လည်း သူတို့သည် ဧကရာဇ်၏ ကိုယ်စားလှယ်များ ဖြစ်သည်။
မိန်းမစိုးအကြီးအကဲများသည် အကြောင်းပြချက်ကောင်း မရှိပါက နန်းတော်ပြင်သို့ ထွက်ခွင့် မရှိပေ။
“သခင်လေးဝမ် ဘုရင့်အမိန်တော်ကို လက်ခံပေးပါ”
မိန်းမစိုးအကြီးအကဲက ဝမ်ချောင်ကို စိုက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးဟန်ဖြင့် ပြောလိုက်သည်။ သူ့မျက်နှာက တည်ကြည်နေပြီး သူ့ကို အကဲခတ်ရခက်စေသည်။ သူ နားမလည်သလို ခံစားလိုက်ရ၏။
ဝမ်ချောင်သည် သူ့အမေကဲ့သို့ ဒူးထောက်ချလိုက်သည်။ သို့သော် သူ ဒူးထောက်လိုက်သည့်အရာမှာ မိန်းမစိုးအကြီးအကဲ မဟုတ်ဘဲ သူ့လက်ထဲရှိ ထိပ်နှစ်ဖက်တွင် ငွေပြားများ ကပ်ထားသည့် ဧကရာဇ်၏ အဝါရောင်အမိန့်စာ ဖြစ်သည်။
“ကောင်းကင်သားတော် ဧကရာဇ်က မိန့်ဆိုလိုက်သည်။ ဝမ်မိသားစုမှ သား ဝမ်ချောင်သည် ဧကရာဇ်နှင့် တွေ့ဆုံရန် နန်းတော်သို့ ချက်ချင်း အခစားဝင်ရမည်။ အမိန့်တော်..”
မိန်းမစိုးခေါင်းဆောင်သည် အမိန့်ပြန်တမ်းကို ဖွင့်ပြီး လှန်လိုက်ကာ ဝမ်ချောင်နှင့် သူ့အမေရှေ့တွင် ဖတ်ပြလိုက်သည်။ အမိန့်ပြန်တမ်းအတွင်း အကြောင်းအရာတစ်ခုသာ ရှိ၏။
“တခြားမရှိတော့ဘူးလား”
ဝမ်ချောင်သည် အံ့အားသင့်သွားပြီး သူ့ရှေ့မှ မိန်းမစိုးအကြီးအကဲကို စိုက်ကြည့်လိုက်၏။
“သခင်လေး ဘာကို စောင့်နေတာလဲ အမိန့်ကို လက်ခံပါ”
မိန်းမစိုးအကြီးအကဲသည် ဝမ်ချောင်ကို ငုံ့ကြည့်ကာ သူ့မျက်ခုံးမွေးများက တုန်ယင်နေပြီး မကျေမနပ်ဖြစ်နေမှုကို ပြသနေ၏။
“ဝမ်ချောင်က ဧကရာဇ်ရဲ့အမိန့်ကို လက်ခံပါတယ်”
ဝမ်ချောင်သည် အလျင်အမြန် ထရပ်လိုက်ပြီးနောက် ခေါင်းငုံ့ကာ ဧကရာဇ်၏အမိန့်ကို လက်ခံယူလိုက်၏။ ထိုအခါမှ မိန်းမစိုးအကြီးအကဲက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“သခင်လေးဝမ် အရင်ဆုံး ကိုယ်လက်သန့်စင်လိုက်ပါ ပြီးရင် မင်း အရှင်မြတ်ကို တွေ့ဖို့ နန်းတော်ကို လိုက်ရမယ်”
“ဝမ်ချောင် သိပါပြီ ကုန်းကုန်းကို ဒုက္ခများစေမိပြီ”
…
အမွှေးတိုင်တစ်တိုင်စာ အချိန်ကုန်သွားပြီးနောက် ဝမ်ချောင်သည် ကိုယ်လက်သန့်စင်ပြီး ဖြစ်သည်။ သူသည် အဖြူရောင်ဝတ်ရုံဖြင့် နီလာခြယ်မှုးမတ်ခေါင်းဆောင်ကို ဝတ်ဆင်ထား၏။
ခြံဝန်းက တိတ်ဆိတ်နေ၏။ အစေခံအားလုံးက နောက်ဆုတ်သွားပြီး မိန်းမစိုးများနှင့် ဘုရင့်အိမ်တော်ဝန်များသာ ကျန်ရစ်တော့သည်။
ဝမ်ချောင်သည် ကောင်းကင်ကို မော့ကြည့်လိုက်တော့ တိမ်မည်းများက မြေပြင်မှသူများကို ဖိအားတချို့ ပေးချင်သည့်အလား ပြိုကျလာတော့မည့်နှယ် ဖြစ်နေသည်။
“လေတိုက်လိုက်တာ..”
ဝမ်ချောင်သည် ကောင်းကင်ကို မော့ကြည့်ရင်း တိတ်တဆိတ် တွေးလိုက်မိ၏။ တစ်ခဏအတွင်း ဝမ်ချောင်သည် သာမန်မျက်စိဖြင့် မမြင်နိုင်သော အရာကို လေထုထဲတွင် အနံ့ရလိုက်သည်။
ဟူး..
ဝမ်ချောင်၏အတွင်းစိတ်မှ တုံ့ပြန်မှုအတိုင်း လေပြင်းက ပြင်းထန်လာပြီး ကြွေကျနေသော သစ်ရွက်များကို မြေပြင်မှ တူးထုတ်လိုက်သည့်အလား ဝမ်ချောင်၏ ဝတ်ရုံကို ဆွဲယူလိုသည့်အလား။
ပြင်းထန်သော လေပြင်းကြားတွင် ဝမ်ချောင်သည် ခြံဝန်းအတွင်းရှိ ရထားလုံးပေါ်သို့ ခုန်ဆင်းသွားတော့သည်။
ပြီးနောက် တစ်ခဏကြာတွင် ရထားလုံးသည် ဝမ်အိမ်တော်အပြင်ဘက်သို့ ပြေးထွက်သွားတော့၏။
*******
pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်
Paid Groupမှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်