← Chapters

အခန်း (၁၆၆-၁၇၀)

Vol. 6 Ch. 166-170

အခန်း (၁၆၆-၁၇၀)

Vol. 6 Ch. 166-170

အခန်း-၁၆၆ ဟန်လူမျိုးတို့၏အမျက်ဒေသ

ဒေါင်း..

နန်းတော်ထဲတွင် နဂါးခေါင်းလောင်းသံများ နဂါးဗုံတီးသံများ ညီညီညာညာ ပဲ့တင်ထပ်နေသည်။

ဝမ်ချောင် အကျဉ်းချခံရသည့် သတင်းသည် မြို့တော်တစ်ခွင် တောမီးကဲ့သို့ ပျံ့နှံ့သွားပြီး မနက်ခင်းညီလာခံမစမီတွင် ဆံပင်အဖြူဖြင့် အမှုထမ်းဟောင်း နန်းတော်အတွင်း ပေါ်လာတော့၏။ သူ၏ ပိန်ပါးသော ခန္ဓာကိုယ်သည် တုန်ယင်နေပြီး မျက်နှာပေါ်တွင် ဒေါသအမျက်ချောင်းချောင်း ထွက်နေ၏။ သူ၏ ဖြူဖွေးနေသော ဦးခေါင်းသည်

နန်းတော်ထဲတွင် နဂါးခေါင်းလောင်းများနှင့် နဂါးဗုံများ တညီတညွတ်တည်း ပဲ့တင်ထပ်နေသည်။ ခေါင်းလောင်းကို ထပ်ခါတလဲလဲ တီးခတ်နေပြီး နီရဲနေသော သွေးများ ကျဆင်းလာရန် အချိန်သိပ်မကြာလိုက်ပေ။

“တရားရေးအတွင်း မျက်ကန်းဝင်စွက်ဖက်မှု”အတွက် လူတစ်ဦးအား တရားစွဲဆိုရန်မှာ ရှေးကတည်းက ထုံးတမ်းမရှိပါဘူး။ အရှင်မင်းမြတ်..၊ လူတစ်ယောက်ကို သူရဲ့စိတ်ရင်းမှန်နဲ့ တင်ပြချက်အပေါ် စီရင်ချက်ချလို့ ရပါသလား”

အမှုထမ်းဟောင်းဟဲစန်သည် နဂါးခေါင်းလောင်းကို စိတ်အားထက်သန်စွာဖြင့် ဝမ်းနည်းတကြီး သူ့ခေါင်းဖြင့် ထပ်ခါတလဲလဲ တီးခတ်နေခဲ့သည်။

ယခင်မင်းဆက်၏ အမှုထမ်းဟောင်းတစ်ဦးအနေဖြင့် ဟဲစန်သည် သစ္စာစောင့်သိသူ ဖြစ်ကာ ဧကရာဇ်အား အကြောက်တရားကင်းကင်းဖြင့် ပြောဆိုဆုံးမနိုင်သူ ဖြစ်၏။ သူ၏ သမာဓိကို လေးစားသောအားဖြင့် ဧကရာဇ်ဟောင်းသည် သူ့အား လွှတ်ငြိမ်းချမ်းသာခွင့် အမှတ်တံဆိတ်ကို ပေးအပ်ထားခဲ့သည်။ သို့သော် သူသည် ယခုအခါ အသက်(၇၀)ကျော်ပြီ ဖြစ်ကာ အနားယူရန် မွေးရပ်မြေသို့ ပြန်သွားခဲ့ပြီး ဖြစ်၏။

သူသည် တိုင်းပြည်ရေးတွင် ဆယ်စုနှစ်သုံးခုအကြာ ပါဝင်ခဲ့သော်လည်း ဝမ်ချောင် အဖမ်းခံရပြီးနောက် အမှုထမ်းဟောင်းတစ်ဦး၏ စိတ်အားထက်သန်မှုနှင့် ဒေါသများက သူ့ကို လှုံ့ဆော်ပေးခဲ့သည်။ သတင်းရရှိသည်နှင့် တစ်ပြိုင်နက် သူ၏ သားမြေးများအား တရားဝင်အရာထမ်း ဝတ်စုံကို ဝတ်ဆင်စေလျက် ယခင်ဧကရာဇ်ပေးအပ်ခဲ့သော လွှတ်ငြိမ်းချမ်းသာခွင့်တံဆိတ်ပြားကို ယူကာ နန်းတော်တံခါးကို ဖြတ်၍ အတွင်းနန်းတော်သို့ လာခဲ့ခြင်း ဖြစ်၏။

“မဟာထန် မင်းဆက် တည်ဆောက်ပြီး ရာစုနှစ်နှစ်ခုအတွင်းမှာ ဒီလိုအဖြစ်မျိုး မရှိဖူးပါဘူး၊ အရှင်မင်းမြတ်က သူ့ကို တရားစွဲရင် အရှင်မင်းမြတ်က အရည်အချင်းမရှိတဲ့ ဧကရာဇ်အဖြစ် သမိုင်းမှာ မှတ်တမ်းဆိုး ကျန်ခဲ့ပါလိမ့်မယ်”

…

ယင်းမှာ ဝမ်ချောင်ကြောင့် ဖြစ်ပေါ်လာသော ထိတ်လန့်ခြောက်ခြားဖွယ်ရာ၏ အစသာ ရှိသေး၏။

နံနက်ခင်းတွင် နဂါးခေါင်းလောင်းသံကြောင့် တာဝန်ရှိ အမှုထမ်းများသည် ညီလာခံခန်းမအတွင်းသို့ တိုက်ရိုက်ပြေးဝင်လာကြတော့သည်။

“အရှင်မင်းမြတ်ရဲ့ နိမ့်ကျတဲ့ အငယ်သား ကျန့်ယာ့ကန်က ဝမ်ချောင်ကို သက်ညှာပေးဖို့ ဘုရင်မင်းမြတ်ကို တောင်းပန်ပါတယ်”

ခန်းမအတွင်း လူအများဝင်လာသောအခါ သြဇာသက်ရောက်မှုရှိသော အမှုထမ်းတ်စဦးသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက်

ခန်းမထဲသို့ လူတိုင်းဝင်လာသောအခါတွင် ဒုန်း.. သြဇာကြီးမားသော အရာရှိတစ်ဦးသည် မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်တော့သည်။ ထို့နောက် ဒုတိယ၊ တတိယ၊ စတုတ္ထ…

“အရှင်မင်းမြတ်ရဲ့ အငယ်သား လုလင်းက ဝမ်ချောင်ကို သက်ညှာပေးဖို့ တောင်းဆိုပါတယ်”

“အရှင်မင်းမြတ်ရဲ့ အငယ်သား ရွှီဟန်ဝူက ဝမ်ချောင်ကို သက်ညှာပေးဖို့ တောင်းဆိုပါတယ်”

“အရှင်မင်းမြတ်ရဲ့ အငယ်သား စန်းထိုက်ကျားက ဝမ်ချောင်ကို သက်ညှာပေးဖို့ တောင်းဆိုပါတယ်”

“အရှင်မင်းမြတ်ရဲ့ အငယ်သား ကူးထောင်က ဝမ်ချောင်ကို သက်ညှာပေးဖို့ တောင်းဆိုပါတယ်”

…

အမှုထမ်းများအားလုံး၏ မျက်နှာထက်တွင် တုန်လှုပ်ခြောက်ခြားမှုများနှင့် စိတ်အားထက်သန်မှုများ ပေါ်လာတော့သည်။

“ကျန့်ယာ့ကန် လုလင်း ရွှီဟန်ဝူ မင်းတို့ ဘာလုပ်တာလဲ”

ထိုမြင်ကွင်းကို မြင်သည်နှင့် ကျိုးကျန့်နှင့် အခြားသူများ အံ့အားသင့်သွားကြတော့သည်။ သို့သော် ကျိုးကျန့်သည် ထိုစကာများကို ပြောပြီးသည်နှင့် ပို၍ ထိတ်လန့်စရာက ဖြစ်ပွားလာတော့၏။

“အရှင်မင်းမြတ်ရဲ့ အငယ်သား ရှန်းကွမ်းက ကျိုးကျန့်အကြောင်း တင်လျှောက်ဖို့ ရှိပါတယ်”

“အရှင်မင်းမြတ်ရဲ့အငယ်သား လီယွမ်လင်းက လျိုယွီအကြောင်းကို တင်လျှောက်ဖို့ ရှိပါတယ်”

“အရှင်မင်းမြတ်ရဲ့အငယ်သား ကျန့်စုန့်က ကျိုးကျူအကြောင်းကို တင်လျှောက်ဖို့ ရှိပါတယ်”

“အရှင်မင်းမြတ်ရဲ့အငယ်သား လျိုဖုန်းက ကျန့်ခုအိုက်အကြောင်းကို တင်လျှောက်ဖို့ ရှိပါတယ်”

“အရှင်မင်းမြတ်ရဲ့အငယ်သား ကျိုးရမ်က စစ်သူကြီးအားပုရှီအကြောင်းကို တင်လျှောက်ဖို့ ရှိပါတယ်”

ဒုန်း.. ဒုန်း.. ဒုန်း.. တစ်ယောက်ပြီး တစ်ယောက် ကြမ်းခင်းပေါ်တွင် ဒူးထောက်လိုက်ကြ၏။ နောက်ဆုံးတွင် စစ်သူကြီး အားပုရှီပင် မှင်သက်သွားတော့၏။

တစ်ခဏအတွင်း တော်ဝင်နန်းတော်က တိတ်ဆိတ်သွားသည်။

မသိနိုင်သော အကြောင်းပြချက်များဖြင့် ကျိုးကျန့်နှင့် အခြားသူများသည် ပတ်ပတ်လည်ကို ကြည့်လိုက်မိကြပြီးနောက် တစ်စုံတစ်ခုကို မရေမရာ နားလည်သွားကာ နှလုံးသားတစ်ခုလုံး အေးစက်သွားတော့၏။

မထီမဲ့မြင်ပြုခြင်း။

အလွန်အမင်း အထင်အမြင်သေးခြင်း။

ကျိုးကျန့်နှင့် သူ့လူများသည် ပထမဆုံးအကြိမ် အရှက်ကွဲသွားကြတော့သည်။ ရာနှင့်ချီသော တော်ဝင်အမှုထမ်းများ၏ အထင်သေးခြင်းကို ပထမဆုံးအကြိမ် သိနားလည်ခွင့် ရလိုက်ကြသည်။

ဝမ်ချောင်၏ တစ်ချိန်က ဟူလူမျိုးများသည် သူတို့၏မျိုးနွယ်အပေါ်တွင်သာ ကာကွယ်လေ့ ရှိသည် ဆိုသော စကားကို ထိုအမှုထမ်းများက ယင်းအား ဂရုမစိုက်ဘဲ အရွယ်မရောက်သေးသော လူငယ်လေး၏ အဓိပ္ပာယ်မရှိသော ထင်မြင်ချက်ဟုသာ တွေးထားခဲ့ကြသည်။ ရယ်ဖို့ကောင်းသည်မှာ ဟူမျိုးနွယ် စစ်သူကြီးများသည် ဝမ်ချောင်ကို အပြစ်ပေးရန် ပူးပေါင်းလိုက်သောအခါ သူ၏ ပြောဆိုချက်များက မှန်ကန်ကြောင်း သက်သေပြနှင့်ပြီး ဖြစ်လေ၏။

ဂိုဆွန်းကျီသည် ရှီလာမှ ဖြစ်သည်။

ဖုန်းမင်လင်းချာသည် ချန်မျိုးနွယ် ဖြစ်သည်။

ကော်ရှုဟန်သည် တာဂတ်တစ်ယောက် ဖြစ်သည်။

အားပုရှီသည် ထုံလျို့ခြေထောက်ကြီးမျိုးနွယ်မှ ဖြစ်သည်။

အန်းစစ်ဟန်သည် တာ့တစ်ယောက် ဖြစ်သည်။

…

သို့သော် ယခုတစ်ကြိမ်တွင်မူ ထိုလူများသည် ဝမ်ချောင်ကို အပြစ်ပေးစေရန် ဟူမျိုးနွယ်ဟူ၍ ပူးပေါင်းသွားကြသည်။ ထိုသို့သော ကိစ္စသည် ဟန်မှအရာရှိများစွာအာ ဒေါသထွက်စေခဲ့ကြသည်။

ဝမ်ချောင်ကို နံနက်အာရုံတက်ချိန်တွင် ဖမ်းထားကြောင်း ကြားရသောအခါ သူတို့၏ ဒေါသများသည် အမြင့်ဆုံးသို့ ရောက်သွားကြတော့၏။

“ဟူတွေက သူတို့အတွက်ပဲ ဂရုစိုက်တယ်။ ဒါက သက်သေပြနေတာ မဟုတ်ဘူးလား”

…

ဝမ်ချောင်၏ တင်ပြချက်သည် အစပိုင်းတွင် ဆူပူလာနိုင်သော်လည်း လက်ရှိအခြေအနေအရ မည်သူက ဆက်လက် တွေးဝံ့မည်နည်း။ သူတို့ တွေ့နိုင်သောအရာမှာ ကျိုးကျန့်နှင့် သူ့လူများသည် စစ်ဆေးရေးအဖွဲ့ထိပ်သီးအဖွဲ့ဝင်များ ဖြစ်သော်လည်း အပြင်မှ လူများကို စကားပြောဆိုရန် လိုနေဆဲ ဖြစ်သည်။

ရန်သူကို မုန်းတီးသည်မှာ မှန်သော်လည်း အတွင်းလူမှ သစ္စာဖောက်ခြင်းသည် အယုတ်မာဆုံး ညစ်ပတ်သည့်အရာ ဖြစ်သည်။

ကျိုးကျန့်နှင့်သူ့လူများသည် ထိုသူများက တိုင်းခြားမှမျိုးနွယ်စု၏ ထောက်ခံချက်ကို ရရှိထား၍ ရှုတ်ချခံထားရကြောင်းကိုမူ မသိခဲ့ကြပေ။ လက်ရှိတွင် ဟူမျိုးနွယ်အတွက် သတ္တိရှိရှိ ထွက်ပြောဝံ့သူသည် သေချာပေါက် ဟန်အရာရှိများ၏ ရန်သူ ဖြစ်လာပေလိမ့်မည်။

နန်းတော်တစ်ခုလုံးက တိတ်ဆိတ်သွား၏။

ကျိုးကျန့်နှင့်သူ့လူများ၊ အာပုရှီနှင့် အခြားသော ဟူ အရာရှိများမှ လွဲ၍ ဟန်အရာရှိများအားလုံးသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေကြ၏။

“အရှင်မင်းမြတ် ဝမ်ချောင်က အသက်(၁၅)နှစ်ပဲ ရှိသေးတဲ့ ကလေးသာသာလေးပေမဲ့ တိုင်းပြည်အပေါ် သစ္စာစောင့်သိမှုကတော့ ထင်ရှားပါတယ်။ ဒီကိစ္စလေးနဲ့ သူ့ကို တရားစီရင်လိုက်ရင် ပြည်သူအားလုံးရဲ့ နှလုံးသားတွေ အေးခဲကုန်မှာ မဟုတ်ပါလား၊ အရှင်မင်းမြတ် ကျေးဇူးပြုပြီး စီရင်ချက်ကို သေသေချာချာ စဉ်းစားစေချင်ပါတယ်”

ဒေါင်.. ဂိုဆွန်းကျီနှင့် အခြားသူများထက် အဆင့်အတန်းမနိမ့်သော မြို့စားရွှီက ဒူးထောက်ထိုင်ချလိုက်သောအခါ နန်းတော်အတွင်းမှ လူများ၏ စိတ်ခံစားမှုများကလည်း ပို၍ပင် မြင့်တက်လာတော့၏။

ထိုစကားများသည် မြို့စားရွှီ၏ အမြင်တစ်ခုတည်းကိုသာ ကိုယ်စားပြုရုံသာမက ဒူးထောက်နေသော အရာရှိများ၏ အတွေးအမြင်များကိုလည်း ကိုယ်စားပြုထားခြင်း ဖြစ်သည်။

တော်ဝင်နန်းတော်သည် အတိတိတ်ဆိတ်နေဲ ဖြစ်၏။

ထိုမြင်ကွင်းအား လူအုပ်ကြားမှ ကြည့်နေရင်း မထိန်းချုပ်နိုင်သော စိတ်ခံစားချက်များနှင့် ဝမ်ကန်း၏ နှလုံးသားက လှုပ်ခတ်သွား၏။

“ချောင်အာ မင်း ဒါကို သိလား”

ဝမ်ကန်းသည် ဝမ်ချောင်က ထိုတင်ပြချက်ကို မရေးသည်ဟု ထင်မြင်ခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် ဝမ်ချောင်၏ ဆုံးဖြတ်ချက်သည် မှန်ကန်ကြောင်း သူ နောက်ဆုံးတွင် သဘောပေါက်သွားလေပြီ။

ဝမ်ချောင်၏ လွတ်မြောက်ရေးအတွက် တရားရုံး၏ ၈၀ရာခိုင်နှုန်းကျော်သည် နံနက်ခင်း ညီလာခံတွင် ဒူးထောက်ထိုင်နေကြကြောင်း သတင်းများက ပျံ့နှံ့သွားပြီးနောက် မြို့တော်တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားတော့၏။

…

ဝမ်မိသားစုအိမ်တော်။

“လွှတ်.. လွှတ်စမ်း.. ငါ့ကို သွားခွင့်ပေး..”

တတိယမြောက်အစ်ကိုဖြစ်သူ ဝမ်ချောင်ကို ဖမ်းထားပြီး အကျဉ်းချထားကြောင်း ကြားသောအခါ ဝမ်မိသားစုမှ အငယ်ဆုံးညီမလေးမှာ ဒေါသတကြီး ဖြစ်သွားတော့၏။ အစောင့်လေးယောက်၊ အစေခံရှစ်ယောက်နှင့် အမျိုးသမီးအစေခံခြောက်ယောက်တို့က သူ့ကို ဖမ်းမိရန် အသည်းအသန် ကြိုးစားခဲ့သော်လည်း သူမ၏ ကြီးမားလှသော ခွန်အားကို မခုခံနိုင်ကြချေ။

ဖုန်း..

အစောင့်တစ်ဦးသည် နံရံဆီသို့ ပျံတက်သွားစေပြီးနောက် နံရံအား အပေါက်ဖြစ်သွားစေ၏။ ဝမ်ရှောင်းယောင်၏ ကြီးမားသော စွမ်းအားကို သာမန်လူများ သည်းမခံနိုင်ကြပေ။

“ငါ နန်းတော်ထဲကို ဝင်ချင်တယ်။ ငါ့တတိယအစ်ကိုကို ဖမ်းတို့ သတ္တိရှိတယ်ပေါ့ ဒီအသုံးမကျတဲ့ ဧကရာဇ်ကို ငါ သတ်မယ်”

ဝမ်မိသားစုမှ သမီးငယ်လေးက ဟစ်အော်လိုက်၏။

“သခင်မလေး မလုပ်ရဘူး”

“သခင်မလေး ဒီလို မပြောရဘူး”

“တခြားသူတွေ ကြားရင် အသတ်ခံရလိမ့်မယ်”

…

ဝမ်ရှောင်းယောင်၏ စကားကို ကြားသောအခါ အစောင့်များ၊ အစေခံများနှင့် အမျိုးသမီးအစေခံများအားလုံး ဖြူရော်သွားကြသည်။ ထိုသို့ စကားမျိုးက မပြောသင့်ပေ။ တစ်ယောက်ယောက်သာ ကြားသွားပါက ဝမ်မိသားစုတစ်ခုလုံး နှိပ်စက်ခံရနိုင်ပေသည်။

လက်ခြောက်ဖက် သို့မဟုတ် ခုနှစ်ဖက်က ဝမ်မိသားစုမှ သမီးငယ်လေး၏ ပါးစပ်ကို ချက်ချင်း ပိတ်လိုက်ကြ၏။ ထို့နောက် နောက်ထပ် အစောင့်များသည် သူမအား တားဆီးရန် ရှေ့သို့ ပြေးသွားကြတော့သည်။

သခင်မဝမ်သည် မနီးမဝေး သစ်သားကုလားထိုင်တွင် ထိုင်နေသည်။ အကယ်၍ တခြားအချိန်တွင် ထိုစကားကို ကြားပါက သူမသည် သူမလေး၏ပါးကို ရိုက်မည်မှာ အမှန်ပင် ဖြစ်သည်။

သို့သော် လက်ရှိတွင်မူ သခင်မဝမ်သည် ကုလားထိုင်ပေါ်တွင် မလှုပ်မယှက် ထိုင်နေကော ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာ၏။

ဝမ်ချောင် အဖမ်းခံရကြောင်း သိပြီးကတည်းက သူမသည် ရေတစ်ငုံ ထမင်းတစ်လုတ်မျှပင် မစားခဲ့ မသောက်ခဲ့ပေ။

“အိမ်တော်သခင်ကို ရှာဖို့ လူတစ်ယောက်ကို လွှတ်ပြီးပြီလား”

သခင်မဝမ်က ရုတ်တရက် မေးလိုက်၏။

“ကျွန်တော်တို့ လွှတ်လိုက်ပေမဲ့ ခရိုင်လေးခုလုံးက တံခါးတွေက ပိတ်ထားတယ်။ ကျွန်တော်တို့ ဝင်လို့ မရဘူး”

အစောင့်တစ်ဦးက ခေါင်းငုံ့လျက် လေးနက်စွာ ပြန်ဖြေ၏။

သခင်မဝမ်၏ မျက်လုံးများအတွင်း စိတ်ပျက်အားငယ်မှုများ ထင်ဟပ်လာသည်။ အိမ်ရှင်မတစ်ဦး အနေဖြင့် ထိုသို့သော အခြေအနေမျိုးအတွက် သူမတွင် လုပ်နိုင်စွမ်း မရှိချေ။ သူမ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ယောက္ခမဖြစ်သူသာ ဖြစ်သည်။

သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် ရုံးတော်တံခါးများ ပိတ်ထားတာ သူမ၏မတ်ဖြစ်သူ ဝမ်ကန်းပင်လျှင် မဝင်နိုင်ချေ။

သခင်မဝမ်သည် ဘာဖြစ်နေမှန်းကို မသိသော်လည်း ထိတ်လန့်သွားမိ၏။

သူမယောက္ခမသာ ထိုပြဿနာကို မဖြေရှင်းနိုင်ပါက သူတို့သည် အမှန်ပင် ကူကယ်ရာမဲ့ ဖြစ်သွားပေမည်။

သခင်မဝမ်သည် အလွယ်တကူ လက်လျော့တတ်သူ မဟုတ်ချေ။

“ငါတို့ ဘာလုပ်ကြမလဲ၊ သခင်လေးရဲ့ဆရာကို ဒီအကြောင်း ပြောပြကြမလား”

ရှန့်ဟိုင်သည် အခန်းထောင့်တွင် ရပ်နေပြီး ထိုစိတ်ပျက်စရာ အခိုက်အတန့်တွင် မကောင်းဆိုးဝါးအဘိုးအိုကို ရုတ်ခြည်း တွေးလိုက်မိ၏။

“ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး ဒါက ရုံးတော်ကိစ္စ ပြီးတော့ သူ့ကျင့်ကြံဆင့်က လျော့နည်းနေတာ သူ့ကို အနှောင့်အယှက်ပေးဖို့ မလိုဘူး”

မုန့်လုံက ရှန့်ဟိုင်၏ အကြံပြုချက်ကို ချက်ချင်း ငြင်းပယ်လိုက်၏။

သူသည် သခင်ငယ်လေးကို ကယ်တင်လိုသော်လည်း မှန်ကန်သော အဖြေ မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် ဧည့်ခန်းတံခါးအပြင်ဘက်၊ တော်ဝင်ဥယျာဉ်အနောက်ဘက်ရှိ မီးခိုးရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သက်ပြင်းချလိုက်မိသည်။

ဝမ်ချောင်သည် လီကျူရှင်းကို ရွှေသားငါးထောင်ဖြင့် ငှားယမ်းခဲ့ပြီး မည်သည့်အခြေအနေတွင်မဆို ကာကွယ်ပေးမည်ဟု ကတိပြုခဲ့သည်။ သို့သော် ထိုကိစ္စသည် သူ့လုပ်နိုင်စွမ်းထက် သာလွန်နေ၏။

မီယာဆာမိအာရကာ လီကျူရှင်းနှင့် သိပ်မဝေးသော အိမ်တော်၏ နံရံတွင် ထိုင်နေသည်။ သူမသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့ရင်း အလွန်စိတ်ဓာတ်ကျနေပုံရ၏။

သူတို့သည် သန်မာသော လေ့ကျင့်သူများဖြစ်ကြသော်လည်း လက်ရှိအခြေအနေတွင် မည်သို့မျှ မတတ်နိုင်ချေ။

…

မြို့တော်အနောက်ဘက် တရုတ်ကျိုင်းပင်အောက်တွင် စုကျန်းချန်သည် ရွှေရောင်စစ်တုရင်ခုံရှေ့တွင် မတ်တပ်ရပ်လျက် ရှိ၏။

မနက်မိုးလင်းမှ ညအထိ ရွှေရောင်စစ်တုရင်ခုံ၏ တခြားဖက်က လွှတ်နေ၏။ စုကျန်းချန် စောင့်နေသူကတော့ မလာပေ။

ထပ် ထပ်.. ထပ်..

လျင်မြန်သော ခြေသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာ၏။ အစေခံအိုကြီးဖန်းဟောင်သည် အလျင်အမြန် ပြေးလာပြီး စုကျန်းချန်အား စကားအနည်းငယ် တီးတိုးပြောလိုက်သည်။

ဟွမ်း…

ဖန်းဟောင်၏ စကားများကို ကြားသောအခါ စုကျန်းချန်၏ မျက်ခွံများ လှုပ်ခတ်လာပြီး သူ့မျက်နှာက အလိုမကျဟန် တွန့်ကွေးသွား၏။ ဟူး.. လေပြင်းတိုက်ခတ်လာပြီးနောက် တရုတ်ကျိုင်းပင်အောက်ရှိ လောကက တိတ်ဆိတ်သွား၏။

တရုတ်ကျိုင်းပင်အောက်တွင် စုကျန်းချန်သည် မျက်လုံးများကို မှိတ်ထားလျက် အတွေးနက်နေပုံပေါ်၏။

သူ ဘာတွေးနေလဲကိုတော့ မည်သူမျှ မသိနိုင်ချေ။

“ဒီနေ့တော့ ကစားဖို့ မဖြစ်နိုင်တော့ဘူးနဲ့ တူတယ်”

အချိန်တစ်ခု ကြာပြီးနောက် စုကျန်းချန်သည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ စားပွဲပေါ်ရှိ အဖြူအမည်း ကျောက်တုံးများကို ကောက်ထည့်လိုက်ပြီး ရွှေရောင်စစ်တုရင်ခုံကို ကောက်ယူကာ ဖြည်းညင်းစွာ ထွက်ခွာသွား၏။

“အဘိုး.. အစ်ကိုကြီးကို ကယ်ပေးရမယ်”

စုကျန်းချန် ခြေလှမ်းအနည်းငယ်သာ လှမ်းလိုက်သည်နှင့် တစ်စုံတစ်ယောက်က ရုတ်တရက် သူ့ဆီ ပြေးလာပြီး သူ့ခြေထောက်ကို ဆွဲကိုင်ကာ အော်တော့သည်။ စုကျန်းချန် လှည့်ကြည့်လိုက်သောအခါ မျက်ရည်များ စီးကျနေသော ကျန်းကျန်းလေး ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ ကျန်းကျန်းလေးသည် ချိုချဉ်ကို အစဉ်အမြဲ နှစ်သက်ခဲ့ပြီး စုကျန်းချန်ငုံ့ကြည့်လိုက်သောအခါ သူစားနေကျ ထန်ဟုလု(တုတ်ထိုးချိုချဉ်ချောင်း)သည် မြေပြင်ပေါ်တွင် ပြုတ်ကနေကြောင်း တွေ့လိုက်ရ၏။

“ငါတို့ စကားပြောတာကို မင်းကြားရတာလား”

စုကျန်းချန်က မေးလိုက်သည်။ ဖန်းဟောင်သည် အသံကို တိုးဖွဖွသာ ပြောသော်လည်း ကလေးငယ်၏ အကြားအာရုံမှာ အလွန်စူးရှပုံရပေသည်။

“အဘိုး.. အစ်ကိုကြီးက မင်းကို မယုံနိုင်စရာလူတစ်ယောက်လို့ ပြောဖူးတယ်။ အစ်ကိုကြီးက လူဆိုး မဟုတ်ဘူး။ သူ့ကို ကယ်ပေးရမယ်”

ကျန်းကျန်းလေးက ကျယ်လောင်စွာ အော်ငိုတော့သည်။

စုကျန်းချန်က တိတ်ဆိတ်သွားသည်။ ကျန်းကျန်းလေးကို ငုံ့ကြည့်လိုက်ပြီးနောက် သက်ပြင်းလေးလေး ချလိုက်သည်။

သူသည် သူ့ခြေထောက်ကို ဖက်ထားသော ကျန်းကျန်းလေး၏ လက်ကို ဖယ်လိုက်ပြီး ညအမှောင်အတွင်း ပျောက်ကွယ်သွားတော့၏။

ည၏အေးစက်မှုသည် မြို့တော်ရှိ ပူလောင်နေသော အငွေ့အသက်ကို မဖြေဖျောက်နိုင်ပေ။ တစ်ခုခု ဆိုပါက ပိုဆိုးလာနိုင်ပေ၏။

ဝမ်ချောင်၏ အကျဉ်းချထားမှုနှင့် ပတ်သတ်၍ ဝမ်မိသားစု၏ လုပ်နိုင်စွမ်းထက် ကျော်လွန်နေ၏။ ဟူစစ်သူကြီးများ၊ ကာကွယ်ရေးဌာနမှ တာဝန်ခံများနှင့် လက်ထောက်စစ်သူကြီးများသည် ဝမ်ချောင်အား စွပ်စွဲအပြစ်တင်သည့် စာများ တင်ပြခဲ့ကြသည်။ အချိန်ကြာလာသည်နှင့် သူတို့၏ ဒေါသများက ရပ်တန့်သွားမည့်ပုံ မရချေ။ ထိုအစား အခြေအနေက ပို၍ပင် တင်းမာလာခဲ့ပြီး ဝမ်ချောင်အား အကျဉ်းကျစေခဲ့သည်အထိ ဖြစ်ခဲ့သည်။

ထို့နေ့ နံနက်ခင်း ညီလာခံတွင် မရေမတွက်နိုင်သော ဓားသွားများကဲ့သို့ များပြားလှသည့် တင်ပြချက်များသည် နန်းတော်သို့ ရောက်ရှိလာကြကာ ဝမ်ချောင်၏ လွှတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြသည်။ ယင်းသည် ဝမ်ချောင်၏ ကိုယ်ရေးကိုယ်တာ ပြဿနာမဟုတ်တော့ချေ။ ယင်းသည် ဟန်နှင့် ဟူတို့၏ တိုင်ပွဲ ဖြစ်လာတော့၏။

ညမိုးချုပ်လာသည်နှင့် မရေမတွက်နိုင်သော ခိုများသည် နေရာပေါင်းစုံသို့ ပျံသန်းသွားကြသည်။ ဝမ်ချောင်ကို ကာကွယ်ရန်အတွက် ဟန်အရာထမ်း (၈၀)ရာခိုင်နှုန်းကျော်က ဒူးထောက်နေကြသည်ဟု သတင်းကြားရသောအခါ နယ်စပ်ဒေသမှ ဟူလူမျိုးများအကြားတွင် ပို၍ ပြင်းထန်သော တုံ့ပြန်မှု ဖြစ်ပေါ်လာလေတော့၏။

ဟန်လူမျိုးတို့၏ ဒေါသကလည်း ဟူများထက် မသေးချေ။ ထိုအစား ပို၍ပင် ကြီးထွားနေသေး၏။

“မကောင်းတဲ့ကောင်တွေ.. ဒီဟန်လူမျိုးတွေ ဘာလုပ်နေကြတာလဲ”

အနောက်ဘက်ဒေသ ကာကွယ်ရေးအိမ်တော်တွင် ဖုမင်လင်းချာသည် အလွန်တရာ ဒေါသထွက်နေပြီး သူ၏ဒေါသကြောင့် မြေကြီးပင်လျှင် တုန်ခါလုနီးပါး ဖြစ်နေ၏။

“သူတို့ရဲ့နှလုံးသားတွေက အေးတယ် ဒါပေမဲ့ ငါတို့ကရော မအေးဘူးလို့ ထင်နေကြတာလား.. ငါတို့က အင်ပါယာအတွက် မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေတိုက်ပြီးတော့ မဟာထန်မင်းဆက်ရဲ့နယ်မြေကို ကာကွယ်ပေးခဲ့ပြီးတော့ ချဲ့ထွင်ပေးခဲ့တယ်။ ငါတို့က ဒီလိုကောင်စုတ်လေးဆီကနေ အရှက်ခွဲမှုကို သည်းခံနေရတယ်။ ဒီကောင်လေးကို မသတ်ရမချင်း ငါတို့ ဒေါသကို ဘယ်တော့မှ ဖြေဖျောက်နိုင်မှာ မဟုတ်ဘူး။ လာကြစမ်း.. ငါက ပညာရှင်ဧကရာဇ်ဆီကို သွေးစာတစ်စောင် ရေးချင်တယ်။ သူ့ကို သေကိုသေခိုင်းရမယ်”

“အရှင်မင်းမြတ်က အဲဒီကောင်လေးဘက်ကို လိုက်မှာလား.. ငါတို့ ဟူမျိုးနွယ်တွေဘက်ကို လိုက်မှာလား.. ကြည့်ရသေးတာပေါ့”

…

အနောက်ဘက်ဒေသ ကာကွယ်ရေးတပ်၊ အနောက်ဘက်ဒေသ ကာကွယ်ရေးအရံတပ်၊ မြောက်ဘက်ဒေသ ကာကွယ်ရေးအရံတပ်၊ မြောက်ပိုင်းကြယ်တပ်နှင့် တခြားသော ဒေသများမှ ဟူများသည် မြို့တော်သို့ စာများစွာ ပေးပို့ခဲ့ကြသည်။

ဤတစ်ကြိမတွင် ဂိုဆွန်းကျီ၊ ဖုမင်လင်းချာ၊ ကော်ရှုဟန်နှင့် အန်းစီဟန်တို့တင် မကတော့ချေ။ ဟူလူမျိုးများ ရာဂဏန်း၊ ထောင်ဂဏန်းမက ရှိနေ၏။

ပထမစွပ်စွဲချက်နှင့် ကွာခြားသည်မှာ ထိုသူအားလုံးသည် ဝမ်ချောင်ကို ကွပ်မျက်ရန် တောင်းဆိုကြတော့၏။

“ဒီကလေးကို မသတ်ရင် စစ်သည်တော်ရဲ့ဒေါသကို ဖြေဖျောက်နိုင်မှာ မဟုတ်ဘူး”

“အရှင်မင်းမြတ်သာ ဒီကလေးကို မသတ်ရင် ငါတို့ ဟူတွေရဲ့ နှလုံးသားက အေးခဲသွားလိမ့်မယ်”

…

ဤစကားလုံးများသည် ဟူလူမျိုးများ၏ တင်ပြချက်တွင် အသုံးအများဆုံးသော စကားလုံးများ ဖြစ်သည်။ ဝမ်ချောင်အတွက် ၈၀ရာခိုင်နှုန်းကျော်သော ဟန်အရာထမ်းများက အသနားခံစာ ရေးခဲ့ကြသောကြောင့် ဟူများအားလုံးကို ဒေါသထွက်စေခဲ့၏။

ဟူစစ်သူကြီးများသည် မြို့တော်သို့ တင်ပြချက်များ တဖွဲဖွဲ ပို့လိုက်ကြသော်လည်း သူတို့၏ လုပ်ဆောင်ချက်များသည် အခြားသော အင်အားကြီး အမှုထမ်း အရာထမ်းများ၏ အာရုံကိုပါ ဆွဲဆောင်မိသွားကြောင်း သတိမထားလိုက်မိကြချေ။

“ခွေးကောင်.. ဒီကောင်တွေက မဟာထန်ကို ဒီလိုမျိုး ထင်နေတာလား။ မဟာထန်မှာ ကော်ရှုဟန်၊ ဖုမင်လင်းချာနဲ့ ဂိုဆွန်းကျီပဲ ရှိတယ်လို့ ထင်နေတာလား”

…

နှင်းကျနေသော တောင်ခြေတွင် တဲငယ်များကို ဆောက်ထား၏။ စာတစ်စောင်ကို ဖတ်ရင်းဖြင့် ဟန်စစ်သူကြီး၏ မျက်ခုံးများက တွန့်ကွေးလာတော့၏။ ထို့နောက် စားပွဲကို လက်ဝါးဖြင့် ရိုက်ချလိုက်ကာ အော်တော့သည်။

*****

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အခန်း ၁၆၇- တော်ဝင်အကျဉ်းထောင်။

“ဒီကလေးကို မသတ်ရင် စစ်သည်တော်တွေရဲ့ ဒေါသကို မဖြေဖျောက်နိုင်ဘူး.. ဟာသပဲ သူတို့ ဘယ်မှာလို့ ထင်နေတာလဲ တိုင်းပြည်အတွက် နည်းနည်းလောက် လုပ်ပေးရုံနဲ့ သူတို့ရဲ့ ကြိုးပမ်းမှုအတွက် အခကြေးငွေကို တောင်းနေပြီပေါ့”

လှိုင်းလုံးများက ကမ်းရိုးတန်းများကို ရိုက်ခတ်နေသည်။ အနီးအနားရှိ ဆိပ်ခံတံတားအနီးတွင် စစ်သင်္ဘောများက ကျောက်ချထားကြပြီး တိုက်ပွဲအလံက လေနှင့်အတူ လွင့်နေ၏။ အလံပေါ်တွင် စာလုံးနှစ်လုံးကို ရေးထိုးထားသည်။ ဝပ်တွားနေသောလှိုင်း..

သင်္ဘောကုန်းပတ်ပေါ်တွင် အနက်ရောင်မုတ်ဆိတ်မွေးထူထူဖြင့် စစ်သူကြီးတစ်ဦးသည် ကြောက်မက်ဖွယ်ရာ အမူအရာဖြင့် စာတစ်စောင်ကို ဖတ်နေ၏။

“ငါ့အမိန့်ကို ပို့ပေးလိုက်၊ “ဝမ်ချောင်ကို သတ်ဖို့ ဖိအားပေးတဲ့သူတွေက ငါတို့စစ်တပ်ရဲ့ရန်သူပဲ” တင်ပြချက်ကို ရေးလိုက်ပါ”

…

“ဟား ဟား ဟား… ဟာသပဲ တကယ်ရယ်ရတယ်။ ဒီကောင်တွေက အရှင်မင်းမြတ်ကို ခြိမ်းခြောက်ရဲတယ်။ ဒီကလေးမှန်တယ်လို့ ထင်တယ်။ ဒီလူယုတ်မာတွေက တကယ်ပဲ သူတို့က ခွဲထွက်ချင်နေတာလား။ ငါတို့ ဟန်လူမျိုးတွေကို လျော့တွက်တာလား.. ဒီဟူတွေကပဲ ပိုများနေတာလား”

ညသည် တွန့်လိမ်နေသော တောင်တန်းပေါ်တွင် အရိပ်များ ဖြစ်ပေါ်စေပြီး မီးပုံ၏ အလင်းရောင်သည် တောင်တစ်ခုလုံးအား ပြန့်နှံ့စေ၏။ ထွားကျိုင်းသော စစ်သူကြီးတစ်ဦးသည် မှောင်မိုက်သော အမူအရာဖြင့် စာတစ်စောင်ကို စိုက်ကြည့်ရင်း ရယ်မောနေသည်။

“ငါ့အမိန့်ကို ပို့ပေးလိုက်ကြ.. တင်ပြချက်တစ်ခု မြန်မြန်ရေး.. ဝမ်ချောင်ကို ထိတဲ့သူက ငါ လုဟွေ့က သတ်ပစ်မယ်။ ငါတို့ မြောက်ပိုင်းစစ်တပ်က ဝမ်ချောင်ကို ထောက်ခံတယ်လို့”

…………

မြောက်ဖျားမှ တောင်ဘက်စွန်းအထိ အလယ်ပိုင်းလွင်ပြင်တစ်လျှောက်ရှိ စစ်စခန်းများတွင် အလားတူ ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့၏။ မဟာထန်မင်းဆက်၏။ ရှည်လျားသော သမိုင်းတွင် ဟူလူမျိုးစစ်သူကြီးများသည် လူတစ်ဦးကို သတ်ပစ်ဖို့ တောင်းဆိုရန် ထိုမျှ တစ်ညီတစ်ညွှတ်တည်း မပူးပေါင်းခဲ့ဖူးပေ။

ထို့နည်းတူစွာဖြင့် ဟန်စစ်သူကြီးများ၏ ဒေါသကို ဤမျှလောက်သော နှိုးဆွပေးသည့် အဖြစ်အပျက်မျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။

ထစ်ထစ် တာ့တာ့.. ညဉ့်သန်းခေါင်ယံတွင် ဟူစစ်သူကြီးများနှင့် ဟန်စစ်သူကြီးများ၏ ဒေါသများကို ပါဝင်သည့် တင်ပြလွှာများ သယ်ဆောင်လာသော မြင်းများသည် မြို့တော်ဆီသို့ ဦးတည်ပြေးလာကြတော့၏။

…

ဝမ်ချောင်၏ အဖြစ်အပျက်သည် မဟာထန်မင်းဆက်တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားစေပြီး မဟာထန်မင်းဆက်၏ နန်းတော်အတွင်းတွင်မူ အရာအားလုံးသည် သေဆုံးနေသည့်အလား တိတ်ဆိတ်လျက် ရှိ၏။ ထိုနေရာတွင်မူ ဆန့်ကျင်ဘက်အနေဖြင့် ဆူညံပူညံမှုများ ရှိမနေချေ။

“အာ..”

အမှောင်ခန်းတစ်ခုအတွင်း အထီးကျန်သော သက်ပြင်းချသံတစ်ခု ပဲ့တင်ထပ်သွား၏။ အချိန်တစ်ခု ကြာပြီးနောက် ဝမ်ချောင်သည် နောက်ဆုံးတွင် လှုပ်ရှားလာပြီ ဖြစ်သည်။

မြေပြင်ပေါ်သို့ ကျလာသော ရေစက်အသံကြောင့် ဝမ်ချောင်နိုးလာသည်။ ထိုမှောင်မိုက်နေသော မြေအောက်အကျဉ်းထောင်တွင် အသံသည် အထူးတလည် ကြည်လင်ပြတ်သားနေ၏။

“အို..”

ဝမ်ချောင်သည် သူ့ခေါင်းကို ဆုပ်ကိုင်လိုက်ပြီးသည်နှင့် ပြင်းထန်စွာ မူးဝေသွားသည်။ အင်ပါယာ၏ အိမ်တော်ဝန်များသည် သူ၏ အိပ်ပျော်စေသော အပ်စိုက်မှတ်များအား ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြပေသည်။

“ငါက ဘယ်မှာလဲ..”

ဝမ်ချောင်က ခေါင်းယမ်းလိုက်ပြီးနောက် ဖြည်းဖြည်းချင်း ထထိုင်လိုက်သည်။

“ဒါက တော်ဝင်အကျဉ်းထောင်ပဲ”

ဝမ်ချောင်၏ နံဘေးမှာ စကားသံ ပေါ်ထွက်လာ၏။

“မင်းကိုယ်မင်း ဆောင်ကြာမြိုင်ရောက်နေတယ် ထင်နေတာလား”

ရယ်မောသံများက ထွက်ပေါ်လာ၏။

“တော်ဝင်အကျဉ်းထောင်..”

ဝမ်ချောင်၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူ့အား ရေအေးတစ်ပုံးဖြင့် လောင်းချလိုက်သည့်နှယ် ငိုက်မျဉ်းနေရာမှ ချက်ချင်းပင် အသိဝင်သွားတော့၏။ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်တွင် မှောင်မဲပြီး စိုစွတ်နေသော နေရာတစ်ဝိုက်အား နံရံပေါ်မှ ဆီမီးတိုင်အနည်းငယ်က အလင်းရောင်ပြပြ ပေးထားသည်ကို တွေ့လိုက်ရသည်။

ဝမ်ချောင်သည် အကျဉ်းခန်းထဲ ရှိနေကြောင်း အတည်ပြုရန် အချိန်တချို့ ကြာသွားခဲ့၏။

အကျဉ်းစခန်းနှင့် ပတ်သတ်၍ ရှည်လျားသော သမိုင်းကြောင်းတချို့ ရှိပုံရသည်။ သတ္ထုတုံးများသည် အနက်ရောင် အစက်အပျောက်များ ပြည့်နှက်နေပြီး အနီးကပ်ကြည့်ပါက အနီရောင်အနည်းငယ်ကို တွေ့နိုင်လေသည်။ လေထုသည် အေးစက်နေပြီး မြူခိုးအမည်းရောင်များက လေထုထဲတွင် ရောယှက်နေ၏။ ဤနေရာတွင် ရှိသော သေခြင်းတရား၏ လေးလံသောအငွေ့အသက်မှ မင်းမူနိုင်စွမ်းသည် ဤနေရာသို့ ရောက်ရှိပြီးသူတိုင်းအား စိတ်နှလုံးကို ထိတ်လန့်စေနိုင်လေသည်။

တော်ဝင်အကျဉ်းထောင်လား..။

တော်ဝင်အကျဉ်းထောင်ပေါ့။

တစ်ခဏ်အတွင်း ဝမ်ချောင်၏ စိတ်ထဲတွင် မရေတွက်နိုင်သော အတွေးများ ဖြစ်ပေါ်လာပြီး အမှန်တရားက တဖြည်းဖြည်း ပုံပေါ်လာ၏။ ဝမ်ချောင်သည် ယင်းအချင်းအရာကို သဘောပေါက်သွားပြီးနောက် ဖြည်းညင်းစွာ ငြိမ်သက်သွားပြီး မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။

“တော်ဝင်အကျဉ်းထောင်လား။ ဟင်း.. တော်ဝင်အကျဉ်းထောင်.. ဒါကို ငါ မျှော်မလင့်ထားမိဘူး”

ယခင်ဘဝတွင် မသေခင် ဖြစ်ပျက်ခဲ့သမျှသည် သူ့စိတ်ထဲတွင် ပေါ်လာ၏။ ဝမ်ချောင်သည် ထိုသူတို့အား ဧကရာဇ်၏ လက်အောက်မှ အမှုထမ်းများမှန်း သိသော်လည်း တော်ဝင်အကျဉ်းထောင်မှ တာဝန်ရှိသူများဟု မထင်ထားခဲ့ပေ။

တင်ပြချက်နှင့် ပတ်သတ်၍ တော်ဝင်တရားရုံးတော်နှင့် ဟူများစွာကို ဒေါသထွက်စေခဲ့ပြီး တော်ဝင်အကျဉ်းထောင်သို့ ပို့ခံခဲ့ရသည်။ ဝမ်ချောင်သည် ယင်းအား လုံးဝ မမျှော်လင့်ထားချေ။

တော်ဝင်အကျဉ်းထောင်သည် ကြိုးတိုက်တွင် အကျဉ်းသားများအား ချုပ်နှောင်ရာ နေရာဖြစ်ပြီး ဤနေရာမှ အကျဉ်းသားအနည်းငယ်သာ အသက်ရှင်လျက် လွှတ်မြောက်ဖူး၏။

ယခုတွင် သူသည် ဤနေရာတွင် ရှိနေမှတော့ ရုန်းကန်ခြင်းက အသုံးမဝင်နိုင်ချေ။

ထို့ကြောင့် ဝမ်ချောင်သည် လျစ်လျူရှုထားရန်သာ ဆုံးဖြတ်လိုက်၏။

“ငါ တစ်ကိုယ်စာ အဆင်ပြေဖို့အတွက် တိုင်းပြည်ရဲ့ ရှင်သန်မှုကို ငါ ဘယ်လို လျစ်လျူရှုနိုင်မလဲ။ မဟာထန်မင်းဆက်က ပြိုလဲမယ် ဆိုရင်လည်း ငါကနေပဲ စတာပေါ့”

ဝမ်ချောင် တွေးလိုက်၏။

သူ့မျက်လုံးထဲတွင် ဝှက်ထားသောအရာမှာ သေခြင်းတရား မဟုတ်ဘဲ နက်နဲသော ဝမ်းနည်းမှုသာ ဖြစ်၏။ တစ်ကြိမ်သေဆုံးပြီးနောက် သူသည် သေဆုံးခြင်းကို အကြောက်အလန့် ကင်းသွားပုံရသည်။ မြင့်မြတ်မှုနှင့် စည်းစိမ်ချမ်းသာကို လိုလားပါက သူသည် ထိုတင်ပြချက်ကို မည်သည့်အခါကမှ လုပ်ခဲ့မည် မဟုတ်ချေ။

ထို့ကြောင့် ဝမ်ချောင်သည် ဝမ်းနည်းခြင်းကိုသာ ခံစားရပေသည်။

ဝမ်ချောင်၊ သူ့အဘိုး၊ သူ့ဦးလေးနှင့် အခြားသူ အများအပြားသည် ဟူလူမျိုးတို့၏ အရည်အချင်းကို အသုံးချသည့် ရည်ရွယ်ချက်ကို ကန့်ကွက်ပြီး သတိပေးခဲ့ကြသည်။ သို့သော် အဆုံးတွင် ထိုသို့ ပြီးဆုံးသွားပုံရလေသည်။

ယင်းက ဝမ်ချောင်အား စိတ်ပျက်ပြီး အားငယ်စေသည်။

“ဟား ဟား ဒီအသစ်လေးကို ကြည့်ပါအုံး သူက ကြောက်နေတာပဲ သူက ရုပ်ထုလိုမျိုး ငြိမ်နေတော့တာပဲ”

ရယ်မောသံက အကျဉ်းထောင်တစ်ခုလုံး ပျံ့လွင့်သွား၏။

သို့သော်လည်း ဝမ်ချောင်သည် ထိုသူတို့၏ လှောင်ပြောင်မှုကို လျစ်လျူရှုထားပြီး မလှုပ်မယှက် ဆက်ရှိနေသည်။

ရယ်မောသံက ပိုကျယ်လောင်လာသော်လည်း ဝမ်ချောင်ထံမှ တုံ့ပြန်မှု မရှိသည်တွင် ငြီးငွေ့လာကြကာ ရယ်သံက တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

ဝမ်ချောင်သည် ထိုနေရာတွင် မလှုပ်မယှက် ဆက်၍ ထိုင်နေဆဲ ဖြစ်သည်။

အချိန်တစ်ခု ကြာပြီးနောက် ခြေသံများ ပဲ့တင်ထွက်လာသည်။ ဝမ်ချောင်သည် သတိအပြည့်ဖြင့် ခေါင်းကို မော့ကြည့်လိုက်ရာ သြဇာရှိ ထက်မြက်သော လူလတ်ပိုင်းအရွယ်တစ်ဦးသည် မြေအောက်ခန်းလမ်းကျဉ်းလေးအတွင်း လျှောက်လာသည်ကို တွေ့လိုက်ရ၏။ သူနောက်တွင်မူ မုန်တိုင်းတစ်ခုကဲ့သို့ အားကောင်းသော အော်ရာများ ပြည့်နေသည့် အကျဉ်းခန့်စောင့် ခြောက်ဦး ခုနှစ်ဦးက လိုက်ပါလာ၏။

ကလန်.. ကလန်..

တဖျပ်ဖျပ် တောက်နေသော ဆီမီးတိုင်အောက်တွင် ဝမ်ချောင်ကို ကာရံထားသော သတ္ထုတိုင်များသည် ထိုသူတို့၏ ခေါက်သံများကြောင့် ပဲ့တင်သံ ထွက်နေ၏။ တင်းမာ အေးခဲနေသော မျက်နှာထားဖြင့် ထိုအရာထမ်းသည် ဝမ်ချောင်၏ ရှေ့တွင် ရပ်နေသော ရေခဲချွန်ကဲ့သို့သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။

“မင်းက ဝမ်ချောင်လား..”

ထိုအေးစက်သောမျက်နှာပိုင်ရှင် အရာထမ်းက သူ့လက်ထဲမှ အမှတ်တံဆိတ်ပြားကို ကြည့်လိုက်ပြီး မေး၏။

“ဟုတ်တယ်..”

ဝမ်ချောက်က မငြင်းပေ။

“ဟမ့်.. ဒါဆိုရင်တော့ မင်း လိမ်လိမ်မာမာနဲ့ ဝန်ခံလိုက်တာ ကောင်းမယ်”

ထိုအမှုထမ်းက အေးစက်စွာ ပြောသည်။

“ဘာကို ဝန်ခံရမှာလဲ”

ဝမ်ချောင်သည် နောက်ဆုံးတွင် ခေါင်းကို မော့လိုက်ပြီးနောက် ထိုအမှုထမ်းကို ကြည့်လိုက်၏။

“ဟမ့်.. သတ္တိကောင်းသားပဲ မင်းက ဒီမှာ အကျဉ်းသား ဖြစ်နေပြီးပြီ မင်းရဲ့အပြစ်ကို ဇွတ်ငြင်းနေတာက အသုံးဝင်တယ်လို့ ထင်နေတာလား။ မင်းသာ အပြစ်မရှိရင် ဒီကို ခေါ်လာမှာတဲ့လား မင်း နာခံမှုရှိရှိ ဝန်ခံသင့်တယ်။ အနည်းဆုံးတော့ မင်း မလိုအပ်ဘဲ နာကျင်မှုကို ခံဖို့ မလိုတော့ဘူးပေါ့”

ရေခဲမျက်နှာနှင့် အမှုထမ်းက ဝမ်ချောင်အား မကျေမချမ်း စိုက်ကြည့်ကာ မျက်လုံးပင့်ပြလိုက်၏။

“ငါ့မှာ ဘာအပြစ်ရှိတာလဲဆိုတာ ငါမသိဘူး ဒါကြောင့်ငါ ဝန်ခံစရာ ဘာမှမရှိဘူး”

ဝမ်ချောင်က တည်ငြိမ်စွာ ပြန်ပြောလိုက်၏။

“ဟား ဟား ဒီကောင်လေးက သူ့ပါးစပ်တွေကို ပိတ်ထားချင်နေတာပဲ”

“ကောင်လေး ဒီနေရာက စစ်ကြောရေးပါ ငြင်းပန်းနှိပ်စက်တာတွေကို မခံရသေးခင် မင်းမြန်မြန် ဝန်ခံသင့်တယ်။ ဒီနေရာမှာ ဝန်မခံတဲ့သူ မရှိဘူး”

“အမှန်ပဲ သခင်ကျိုးရှေ့မှာ အတင့်ရဲသေးတယ်။ ဒါက သေဖို့တောင်းဆိုနေတာပဲ။ သခင်ကျိုးဆီမှာ မင်း ပါးစပ်ကို ဖွင့်ဖို့ နည်းလမ်းတစ်ရာမက ရှိတယ်”

အကျဉ်းထောင်အတွင်း ရုတ်တရက် ရယ်မောသံများ ဆူညံသွားပြီး အကျဉ်းထောင်အစောင့်များသည် ဝမ်ချောင် တစ်ခဏအတွင်း ခံစားရမည့် ဝေဒနာကို မြင်နေရသည့်နှယ် ဝမ်ချောင်အား ထီမထင်ဟန်ဖြင့် ကြည့်နေကြတော့သည်။

အကျဉ်းထောင်ကွပ်ကဲသူ ကျိုးရှင်းသည် စစ်ဆေးရာတွင် အမှန်တကယ်ပင် ဆရာကျသူ ဖြစ်၏။

သူ့လက်အောက်မှ ကိုင်တွယ်ခံရသူတိုင်းသည် သူတို့အသားများကို လှီးဖြတ်ခြင်း ခံကြရသည်။ သူ့ထံတွင် မရေမတွက်နိုင်သော နာကျင်စေမည့် နည်းလမ်းများ ရှိလေသည်။ သတ္ထုဖြင့် လုပ်ထားလျှင်တောင် ခံနိုင်ရည် ရှိနိုင်မည် မဟုတ်ပေ။

သူ့ရှေ့တွင် တင်းတင်းမာမာ ရပ်တည်ပြခြင်းက လူကို ဒုက္ခပိုများစေခြင်းသာ ဖြစ်နိုင်၏။ ထိုသို့ ပြုလုပ်ခြင်းက မထိုက်တန်ပေ။

“ပါးစပ်ပိတ်ထား..”

ဟိန်းဟောက်သံက ထွက်ပေါ်လာသည်။ တစ်ခဏအတွင်း အကျဉ်းထောင်စောင့်အားလုံးသည် ပါးစပ်ပိတ်သွားပြီး တော်ဝင်အကျဉ်းထောင်က တိတ်ဆိတ်သွားတော့၏။

တော်ဝင်အကျဉ်းထောင်သည် သီးသန့်နေရာတစ်ခုဖြစ်ပြီး ဤနေရာတွင် ကျိုးရှင်းက လွှမ်းမိုးနိုင်သူ ဖြစ်သည်။ ဤနေရာရှိ လူတိုင်း၏ အသက်နှင့် သေဆုံးမှုသည် သူ၏ အတွေးတစ်ခုတည်းဖြင့် ဆုံးဖြတ်နိုင်စွမ်း ရှိသည်။

ဤနေရာတွင် သူ့အားမည်သူမျှ မဆန့်ကျင်နိုင်ပေ။

“ဒါက မင်းရဲ့ဆုံးဖြတ်ချက်လား မင်း ဘာမှ မပြောချင်ဘူးပေါ့”

ကျိုးရှင်းသည် ကြောက်မက်ဖွယ် အုံ့မှိုင်းနေသော အမူအရာဖြင့် ဝမ်ချောင်အား စိုက်ကြည့်နေ၏။

“ငါ့မှာ ပြောစရာ မရှိဘူး”

ဝမ်ချောင်က အသာအယာ ခေါင်းယမ်းလိုက်သည်။

“ကောင်းပြီ မင်းက ဒီမှာ ပထမဆုံးအကြိမ် ဖြစ်ပြီးတော့ စည်းမျဉ်းတွေကို မသိသေးလို့ မင်းကို စဉ်းစားဖို့ အချိန်အနည်းငယ်ပေးမယ်။ မိုးလင်းမှ မင်း ငါ့ကို ဒီလိုပဲ အဖြေပေးရင်တော့ ငါက သိပ်ကို စိတ်မကောင်း ဖြစ်မှာပဲ”

ကျိုးရှင်း၏ စကားများသည် ခြိမ်းခြောက်မှုများ ရောထွေးပါဝင်နေ၏။ သူသည် ဤနေရာတွင် အဆုံးမဲ့အာဏာရှိသူ ဖြစ်ပြီး သူ့အား မနာခံသူတိုင်း မည်သူ့ကိုမဆိုး အပြစ်ပေးမည်သာ ဖြစ်သည်။

“သွားကြမယ်”

မကြာခင်တွင် ကျိုးရှင်းသည် သူ့အစောင့်များကို ခေါ်သွားတော့သည်။

ကျိုးရှင်းထွက်သွားပြီးနောက် နေရာအနှံ့မှ မရေမတွက်နိုင်သည့် စာနာသော မျက်လုံးများသည် ဝမ်ချောင်အား အာရုံစိုက်လာကြတော့သည်။ မထွက်ခွာမီတွင် ကျိုးရှင်း၏ အမူအရာအား သူတို့က တွေ့မြင်ဖူးပြီး ဖြစ်၏။

ကျိုးရှင်း၏ မျက်နှာထက်မှ နောက်ဆုံးသော အမူအရာ ပေါ်လာချိန်တွင် တော်ဝင်အကျဉ်းထောင်အတွင်း အကျဉ်းသားသုံးဦး သေဆုံးခဲ့သည်။

“အိုး.. ဒီကလေးက သိပ်သနားဖို့ကောင်းတာပဲ”

အကျဉ်းသားဟောင်းတစ်ဦးက ဝမ်ချောင်အား စိုက်ကြည့်ပြီး သက်ပြင်းလေးလေး ချလိုက်သ်ည။

သို့သော်လည်း ဝမ်ချောင်သည် ပတ်ဝန်ကျင်မှ အရာတိုင်းကို လျစ်လျူရှုထားခဲ့သည်။ အကျဉ်းခန်းအတွင်း တင်ပျဉ်ခွေကာ မလှုပ်မယှက် ထိုင်နေပြီး တိတ်ဆိတ်စွာဖြင့် အချိန်များက ကုန်ဆုံးသွားတော့သည်။

နောက်ထပ် အချိန်တချို့ ကုန်ဆုံးသွားပြီးနောက် ရေစက်လေးများ ကျသည့် အသံက (၂၁၆၀၀)ကြိမ်မြောက် ရောက်သောအခါ ဝမ်ချောင် ရင်းနှီးပြီးသား ခြေသံများကို ထပ်မံ ကြားလိုက်ရသည်။

“မိုးသောက်ပြီ..”

ဝမ်ချောင် သက်ပြင်းချလိုက်သည်။ သူ မျက်လုံး ဖွင့်ကြည့်လိုက်သောအခါ တော်ဝင်အကျဉ်းထောင်ကွပ်ကဲရေးမှုး ကျိုးရှင်းနှင့် သူ့လူများ ရပ်နေသည်ကို တွေ့လိုက်ရသည်။

သို့သော် ကျိုးရှင်းသည် ယခင်နှင့်မတူဘဲ မည်သည့်စကားကိုမျှ မဆိုပေ။ သံတိုင်များ၏ အပြင်ဘက်တွင် သူသည် သူ့ရှေ့မှလူကို အကဲခတ်ဟန်ဖြင့် အလွန်ထူးဆန်းသော အမူအရာဖြင့် ဝမ်ချောင်ကို စိုက်ကြည့်နေ၏။

“မင်းက ဝမ်ချောင်လား..”

ကျိုးရှင်းက မေးလိုက်သည်။

လူတစ်ယောက်တည်းထံမှ စကားလုံးများက အတိအကျ တူညီနေသော်လည်း ခံစားချက်များကတော့ လုံးဝ ကွဲပြားနေ၏။

“ငါပဲ”

ဝမ်ချောင် အံ့သြသွားသော်လည်း ယခင်အတိုင်း တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

သူ ပြောပြီးသည်နှင့် ကျိုးရှင်း၏ အမူအရာက ပို၍ ထူးဆန်းသွားကာ နက်နဲသော အံ့အားသင့်မှု အရိပ်အယောင်များ၊ ကြောက်လန့်စိတ်များ ဖြစ်လာတော့၏။

“သခင်လေးဝမ် မနေ့ညတုန်းက ရိုင်းစိုင်းခဲ့မိတာကို တောင်းပန်ပါတယ်”

ကျိုးရှင်းက ရိုရိုကျိုးကျိုး ဦးညွှတ်လိုက်သည်။

ဝှမ်း..

တစ်ချိန်တည်းမှာပင် ကျိုးရှင်းကို စောင့်ဆိုင်းရင်း ညှင်းပန်းနှိပ်စက်သော ကိရိယာများ ပြင်ဆင်ထားသည့် ထောင်စောင့်များအားလုံးက နှုတ်ဆိတ်သွားကြတော့သည်။ ဘာတွေ ဖြစ်နေတာလဲ။

ကျိုးရှင်းက ညှင်းပန်နှိပ်စက်မှုတွေကြောင့် နာမည်ကြီးတယ်လေ။

သူက ဘာလို့ ဒီအရေးမပါတဲ့ အကျဉ်းသားအသစ်ကို ဦးညွှတ်နေရတာလဲ။

သူတို့သည် သူတို့ရှေ့မှ မြင်ကွင်းကို နားမလည်နိုင် ဖြစ်သွားကြတော့၏။

“မင်းတို့တွေ သခင်လေးဝမ် စားဖို့ သွားပြင်ဆင်ပေးလိုက် ဒီက စားစရာတွေက သခင်လေးဝမ် ခံတွင်းလိုက်မယ်လို့ ထင်နေတာလား”

ကျိုးရှင်းက သူ့နံဘေးမှ အစောင့်ကို အော်ဟစ်လိုက်ပြီး သံတိုင်များအပြင်ဘက်ရှိ ထမင်းပန်းကန်ကို ကန်ထုတ်လိုက်၏။ သူ ပြောပြီးသောအခါတွင် ဝမ်ချောင်ဘက်သို့ မျက်နှာကို လှည့်လိုက်ပြီးနောက် သတိကြီးကြီးဖြင့် ပြောလိုက်သည်။

“သခင်လေးဝမ် ဒီအကျဉ်းခန်းက စိုစွတ်ပါတယ်။ မင်းရဲ့အခန်းကို သန့်ရှင်းရေး လုပ်ပြီးရင် ဖျာတစ်ချပ် ခင်းပေးဖို့ ကျွန်တော့်လူတွေကို စီစဉ်ခိုင်းလိုက်ပါ့မယ်။ မင်းလိုလူကို ဒီမှာ ဖမ်းပြီးတော့ လှောင်ပိတ်မထားသင့်ပါဘူး။ ဒါပေမဲ့ ဧကရာဇ်ရဲ့အမိန့်ကို လွန်ဆန်လို့ မရဘူး။ ဒီတော့ သခင်လေးဝမ်ကပဲ ငါ့ကို နားလည်ပေးဖို့ မျှော်လင့်ပါတယ်”

ကျိုးရှင်းသည် ဝမ်ချောင်အား ထိတ်လန့်စွာ တိတ်တဆိတ် ငေးကြည့်နေတော့၏။

“ဘာဖြစ်တာလဲ”

ဝမ်ချောင်သည် နောက်ဆုံးတွင် ထုတ်မေးလိုက်တော့သည်။

“ဒါ.. သခင်လေးဝမ် ငါ့ကို ခွင့်လွှတ်ပေးပါ ဒါပေမဲ့ အသေးစိတ်ကိုတော့ ငါ ပြောပြလို့ မရပါဘူး”

ကျိုးရှင်းက တုံ့ဆိုင်းသွားပြီးနောက် ပြန်ပြော၏။

မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ထမင်းစေ့များကို သိမ်းဆည်းလိုက်ပြီးနောက် ကျိုးရှင်းသည် ဝမ်ချောင်၏အသွင်အပြင်ကို ထိတ်လန့်နေသည့်အလား လျင်မြန်စွာ ထွက်သွားတော့သည်။ ထိုကိစ္စကို စုံစမ်းပြီးနောက်တွင် အကျဉ်းသားအသစ်အား မည်သူက ဤနေရာတွင် သော့ခတ်ခိုင်းထားမှန်း သူ သိလိုက်ရသည်။

ကျိုးရှင်းသည် သူ့ဘဝတွင် အာဏာကြီးသူ အမျိုးမျိုးနှင့် ဆုံတွေ့ဖူး၏။ နဝမအဆင့်အမှုထမ်း သို့မဟုတ် ပထမဆင့် အမှုထမ်း၊ ခရိုင်ရုံးတော်တရားရေးအမတ် သို့မဟုတ် ထင်ရှားသော စစ်သူကြီးနှင့် ဝန်ကြီးများ ဖြစ်ပါစေ သူ့အတွက် အရေးမကြီးခဲ့ချေ။

တော်ဝင်အကျဉ်းထောင်အတွင်း အကျဉ်းသားများသာ ရှိသည်။ အကျဉ်းသားအားလုံးသည် သူ့လက်ခုပ်ထဲတွင် ရှိ၏။

သို့သော် ထိုလူငယ်လေးကတော့ ထူးခြား၏။ ကျိုးရှင်းသည် သူ့ဘဝတွင် ထိုသို့သော အရာမျိုးကို မကြုံဖူးပေ။ တစ်ဖက်လူသည် သြဇာရှိ အမှုထမ်း မဟုတ်သလို စစ်သူကြီး သို့မဟုတ် ဝန်ကြီးလည်း မဟုတ်ပေ။

သို့သော်လည်း သူ့အား ထိုသို့သော သေးငယ်သည့် အကျဉ်းခန်းအတွင်း မထားသင့်ချေ။

ကျိုးရှင်းသသည် သူ့အား ညှင်းပန်းနှိပ်စက်ရန် စီစဉ်ထားသော်လည်း ယနေ့နံနက်တွင် တော်ဝင်နန်းတော်အတွင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို သိရှိပြီးနောက် တစ်စုံတစ်ယောက်သည် သူ့အား သတ္တိအကြိမ်တစ်ရာ ရှိစေလျှင်ပင် သူ လက်တင်ရဲလိမ့်မည် မဟုတ်ပေ။

သူလိုလူတစ်ယောက်အား စော်ကားရန်မှာ မဖြစ်နိုင်ပေ။

မနက်ခင်းမှ နေ့လည်တိုင် ရွှေသံချပ်ကာဝတ် အကျဉ်းခန်းစောင့်များ တသုတ်ပြီးတသုန် ဝမ်ချောင်၏ အကျဉ်းခန်းဆီ လမ်းလျှောက်ကြသည်။

ယေဘူယျအားဖြင့် ထိုအကျဉ်းခန်းစောင့်များအား ညှင်းပန်းနှိပ်စက်ခြင်း လုပ်ငန်းစဉ် မရှိပါက တွေ့ဆုံရန် မဖြစ်နိုင်ချေ။

သို့သော် ယနေ့တွင်မူ ဤနေရာတွင် အစောင့်အကြပ် အနည်းဆုံး သုံးဆယ် သို့မဟုတ် လေးဆယ်ကို ကြုံတွေ့နေရသည်။ ယင်းသည် သူတို့သည် အကျဉ်းသားအသစ်လေးအား ကောက်ချက်ချရန် စိတ်ဝင်စားလာကြတော့၏။

စူးစမ်းလိုစိတ်နှင့် ကြောက်ရွံ့မှုတို့က သူတို့၏ မျက်လုံးများတွင် တောက်ပလာသည်။

သို့သော် အစောင့်များက စကားတစ်ခွန်းမျှ မဆိုကြပေ။ သူတို့သည် ဝမ်ချောင်၏ အကျဉ်းခန်းအား အပြင်ဘက်မှသာ ချောင်းကြည့်ပြီး လျင်မြန်စွာ ထွက်သွားကြ၏။

ယင်းသည် အကျဉ်းခန်းအတွင်းမှ အကျဉ်းသားများကို ပို၍ စူးစမ်းလိုစိတ် ဖြစ်စေပြီး ထိုသို့သော ထူးဆန်းသည့် မြင်ကွင်းကိုမည်သူမျှ နားမလည်နိုင်သလို တော်ဝင်အစောင့်တပ်သားများအား ထိုသို့သော ထိတ်လန့်မှုများ ဖြစ်စေရန် ထိုလူငယ်လေး၏ နောက်ခံ မည်မျှ ကြီးကျယ်သည်ကို နားမလည်နိုင်ကြချေ။

ချီ…

အချိန်အတော်ကြာသွားပြီးနောက် နောက်ထပ် အစောင့်တပ်ဖွဲ့က နောက်တစ်ကြိမ် လမ်းလျှောက်လာပြီးနောက် တစ်ယောက်သည် စာရွက်တစ်ရွက်အား ဝမ်ချောင်၏ရှေ့တွင် ဂရုတစိုက် ပစ်ချလိုက်၏။

ထိုအဖွဲ့ ထွက်သွားသောအခါ ဝမ်ချောင်သည် မတ်တပ်ရပ်လိုက်ပြီး စာရွက်ကို ကောက်ယူလိုက်သည်။

ကြွေမွနေသော မှတ်စုစာရွက်ကို ဖွင်ဖတ်လိုက်သည်နှင့် ဝမ်ချောင်၏ မျက်နှာသည့် ထိတ်လန့်အံ့သြသည့် အရိပ်အယောင် ပေါ်လာတော့၏။ တောင်ဝင်အကျဉ်းထောင်ထဲ ရောက်နေစဉ် မည်သို့သော မုန်တိုင်းမျိုး ဖြစ်စေခဲ့မှန်း သဘောပေါက်သွားတော့၏။

သို့နှင့် ဝမ်ချောင်သည် အပြင်ဘက်ရှိ အခြေအနေမှန်သည် ဖော်ပြထားသည်ထက် ပိုမို ပြင်းထန်ကြောင်း ဝမ်ချောင်က စိတ်မကူးကြည့်နိုင်ပေ။

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အပိုင်း ၁၆၈။ ကမ္ဘာကိုတုန်လှုပ်စေခြင်း

တင်ပြလွှာတွင် ဝမ်ချောင်ကို ကွပ်မျက်ရန်အတွက် ဟူစစ်သူကြီးများက တောင်းဆိုလာခဲ့သည်ကို ကြားရသောအခါ ဟန်စစ်သူကြီးများထံမှ ထွက်ပေါ်လာသော အမျက်ဒေါသပမာဏမှာ လူအများစုက စိတ်ကူးနိုင်မည်မဟုတ်ပေ။

သူတို့အားလုံးသည် လက်တွေ့လုပ်ဆောင်ရန် တွန်းအားပေးခဲ့ကြလေသည်။

ထိုကြောင့် နောက်တစ်နေ့နံနက်ခင်းညီလာခံ၌ နန်းတော်တရားရုံးတွင် စာလွှာတစ်ထောင်နီးပါးခန့် ပါဝင်သော တောင်ငယ်လေးတစ်ခု ပေါ်ထွက်လာခဲ့ပြီး မြေပြင်ပေါ်တွင်ရပ်နေသည့် အမှုထမ်းများအားလုံးကို ဆွံ့အသွားစေခဲ့သည်။

ဤစာလွှာများသည် မဟာထန်နိုင်ငံတော်အနှံ့မှ လာခဲ့ကြခြင်းဖြစ်သည်။ သူတို တစ်ခုချင်းစီတွင် စစ်သူကြီးတစ်ဦးစီ၏ ချိပ်တံဆိပ်ကို ရိုက်နှိပ်ထားကြပြီး စကားလုံးတစ်လုံးချင်းစီတိုင်းမှာလည်း ပြင်းထန်သောအမျက်ဒေါသများနှင့် ပြည့်နှက်လျက်ရှိသည်။

စစ်သူကြီးတစ်ထောင်နီးပါး၏ စာလွှာများမှလာသော ဖိအားသည် စိတ်ကူးထက်ပင်ကျော်လွန်နေသည်။

မဟာထန်နိုင်ငံတော်၏ သမိုင်းထဲတွင်ပင် ဤကဲ့သိုသော အခြေအနေမျိုး မကြုံခဲ့ဖူးပေ။ လူတစ်ဦးတစ်ယောက်အတွက် ဟန်စစ်သူကြီး အယောက်တစ်ထောင်ခန့် ထွက်ရပ်လာကြသည်မှာ မယုံကြည်နိုင်လောက်အောင်ပင်ဖြစ်သည်။

ဝမ်ချောင်က ထိုကဲ့သိုဖြစ်စေခဲ့သည်။

"ဝမ်ချောင်ကို သေဒဏ်ပေးဖို့ တိုက်တွန်းတဲ့ ဘယ်သူမဆို ငါတိုနဲ့ ရန်သူဖြစ်ရလိမ့်မယ်" ထိုကဲ့သို အထက်စီးဆန်သော စကားလုံးများဟာ အနီးအနားတွင်ရှိနေသည့် စာလွှာတစ်ခုချင်းစီမှ ထွက်ပေါ်နေသည်။

သူတို့သုံးနှုန်းထားသည့် စကားလုံးများမှာ ကွဲပြားနေကြသော်လည်း အဓိပ္ပာယ်မှာ အတူတူပင်ဖြစ်သည်။

ထို့အပြင် သူတိုသည် လုံးဝအလျှော့ပေးလိုပုံ မရပေ။

ပထမဆုံးအကြိမ်အဖြစ် ဟန်တပ်မှူးများသည် သူတို၏ဆန္ဒကို ဖော်ပြခဲ့ကြသည်။

ထို 'ဆန္ဒထုတ်ဖော်ခြင်း' စာချွန်လွှာသည် တော်ဝင်တရားရုံးထံသို ပေးပို့ခဲ့ကြသည်သာမကပဲ ဟုစစ်သူကြီးများထံသိုလည်း မရေမတွက်နိုင်သော စာများ ပေးပိုခဲ့ကြသည်။

ဟန်တပ်မှူးများ၏ အမျက်ဒေါသတို့နှင့် ပြည့်နှက်နေသော မရေမတွက်နိုင်သည့် စစ်ရေးအစီရင်ခံစာများသည် ဟူစစ်သူကြီးတို့၏ စားပွဲပေါ်သို့ ရောက်ရှိလာသည်။ ဝမ်ချောင်ကို ကွပ်မျက်ရန် တောင်းဆိုထားကြသော ဟူစစ်သူကြီးအားလုံးနီးပါးသည် သူတို့၏စစ်တပ်အတွင်းရှိ ဟန်တပ်မှူးများထံမှ စာများကိုလက်ခံရရှိခဲ့ကြသည်။

ဂိုဆွန်းကျီ ဖုမင်လင်းချာ ကော်ရှုဟန်နှင့် အန်းစီဟန်ကဲ့သိုသော ဟူစစ်သူကြီးများ၏ စားပွဲပေါ်တွင်လည်း အလားတူစာလွှာများ ပေါ်လာခဲ့သည်။

ဤဆူပူမှု၏ အကျိုးသက်ရောက်မှုသည် ဟူစစ်သူကြီးများကို ထိတ်လန့်သွားစေခဲ့သည်။ အကျိုးသက်ရောက်မှုသည် ဟူစစ်သူကြီးများကို ထိတ်လန့် သွားစေခဲ့သည်။ ပထမဆုံးအကြိမ်အဖြင့် ဟန်စစ်စစ်သူကြီးတစ်ခုလုံး၏ ခွန်အားကို သူတို့ခံစားလိုက်ရသည်။

ထိုနေ့မွန်းလွဲပိုင်းတွင် စစ်သူကြီးတစ်ရာ၏ လက်မှတ်ပါဝင်သော ပန်ကြားလွှာများ တော်ဝင်တရားရုံး၌ ထွက်ပေါ်လာသောအခါ အခမ်းအနား၏ ဇာတ်ရှိန်သည် ပို၍မြင့်တက်သွားခဲ့သည်။

ထိုပန်ကြားလွှာများတွင် ဖော်ပြထားသော လက်မှတ်များသည် သာမန်စစ်သူကြီးများထံမှမဟုတ်ဘဲ မဟာထန်နိုင်ငံတော်၏ 'အပ်နှင်းခြင်းခံထားရသော စစ်သူကြီးများ' ထံမှလာခဲ့ခြင်းဖြစ်သည်။

ယခင်ချင်မင်းဆက်၊ အနောက်ဟန်၊ မဟာဟန်တို့၏ သမိုင်းကို ပြန်လှန်ကြည့်လိုက်ပါက နိုင်ငံတော်အတွက် ကြီးကြီးမားမား ပေးဆပ်ထားသော ဩဇာအာဏာကြီးမားသည့် စစ်သူကြီးများသာ ‘အပ်နှင်းခံရသောဘွဲ့’ကို လက်ခံရရှိထားကြပြီး သူတိုကို "အပ်နှင်းခြင်းခံထားရသောစစ်သူကြီး" များဟု သိထားကြသည်။

သာမာန်စစ်သူကြီးများသည် ထိုသူတို့၏ စကားလုံးများမှလာသော ဖိအားကိုပင် ယှဉ်နိုင်မည်မဟုတ်ပေ။

ငြိမ်ဝပ်သောလှိုင်းရေတပ် စစ်သူကြီး၊ သင်္ဘောတစ်ထောင်ရေတပ် စစ်သူကြီး ၊ ချေမှုန်းရေးတပ် စစ်သူကြီး၊ ချိုင့်ဝှမ်းကိုးခု စစ်သူကြီး၊ ဒူးလေးတစ်ထောင်တပ် စစ်သူကြီး၊ ပင်လယ်ပြင်ဒေသ ရေတပ်စစ်သူကြီး၊ အသေခံတပ် စစ်သူကြီး၊ တောင်ပိုင်းကာကွယ်ရေးတပ် စစ်သူကြီး၊ မြောက်ပိုင်းရှင်းလင်းရေးတပ် စစ်သူကြီး၊ တောင်ပိုင်းစစ်ပွဲ စစ်သူကြီး၊ နဂါးစစ်ဆင်ရေးစစ်သူကြီး၊ နဂါးမြင်းတပ်စစ်သူကြီး၊ ရှေ့ပြေးတပ်စစ်သူကြီး..

ထိုစစ်သူကြီးများမှာ မဟာထန်နိုင်ငံအတွင်း အနှံအပြားတွင် ရောက်‌ရှိနေကြသူများဖြစ်သည်။ သိုသော် ဝမ်ချောင်အတွက် ထိုမျက်နှာကြီးများမှာ တစ်ရက်အတွင်း စုစည်းကုန်ကြသည်။ ထိုအရာမှာ မယုံနိုင်စရာပင်ဖြစ်သည်။

မဟာထန်နိုင်ငံတော်တွင် ကျော်ကြားသောစစ်သူကြီးများ အားလုံးနီးပါး၏ အမည်ကို စာရင်းပြုစုထားသည်။ သူတို့အားလုံး၏ ဖိအားမှာ မယုံကြည်နိုင်စရာကောင်းလောက်အောင်ပင် ကြီးမားလှသည်။

စာရွက်စာတမ်း၏ အပေါ်ဆုံး၌ ဝမ်ချောင်အား အာမခံပေးထားသည့် အပ်နှင်းခံထားရသော စစ်သူကြီးတစ်ရာတို့သည် ဂိုဆွန်းကျီ၊ ဖုမင်လင်းချာ၊ ကော်ရှုဟန်၊ အန်းစီဟန်နှင့် အခြားသောဟုစစ်သူကြီးများအား မေးခွန်းထုတ်ခဲ့ပြီး စစ်တပ်တွင်းရှိ ဟူစစ်သူကြီးများနှင့် ဟန်စစ်သူကြီးများ၏ အချိုးအစားကို ဆင်ခြင်သုံးသပ်ရန် ပြောကြားထားသည်။

နယ်စပ်တွင် ဟန်တပ်သား သုံးသိန်းရှိပြီး ဟူတပ်သားတွေနှင့်ယှဉ်ကြည့်ပါက တစ်သိန်းပိုများသည်။ ဟန်တပ်သားအရေအတွက်သည် ဟူထက်သာလွန်ကာ ဟန်စစ်သားတစ်ဦး သေဆုံးသွားးခဲ့ပါက မြိုတော်သည် တစ်စုံတစ်ဦးအား ထိုလူ့နေရာအတွက် ချက်ချင်းစေလွှတ်နိုင်လေသည်။ သိုပေမယ့် နယ်စပ်တွင် မည်သူအာဏာရ ခဲ့သနည်း။

ဟန်အများစုပါဝင်သော စစ်တပ်တစ်ခုတွင် ဟန်တပ်မှူးနှင့် ဟူတပ်မှူး မည်သူက ပိုများသနည်း။

တချို့သောကိစ္စများကို ခွဲခြမ်းစိတ်ဖြာပြီး လူသိရှင်ကြား ထောက်ပြလိုက်သည်နှင့် သူတို၏ သဘောသဘာဝသည် လုံးဝပြောင်းလဲသွားမည်ဖြစ်သည်။

ဟန်နှင့် ဟူတို့၏ ပဋိပက္ခသည် အချိန်အတော်ကြာအောင် ရှိနေခဲ့ကြသည်။ ပိုင်ထင်ကာကွယ်ရေးတပ်၊ အနောက်ပိုင်းကာကွယ်ရေးတပ်၊ အနောက်ဒေသတပ်နှင့် ကော်ရှုဟန်၏မြောက်ပိုင်းကြယ်တပ် ၎င်းတို့အားလုံးကို ဟန်စစ်သားများဖြင့် အဓိက ဖွဲစည်းထားခဲ့သည်။ ဟန်စစ်သားဖြစ်‌စေ၊ ဟူစစ်သားဖြစ်စေ သူတိ့ု၏ အသုံးအဆောင်ပစ္စည်းများဖြစ်သော လေး၊ မြှား၊ ရိက္ခာနှင့် စတီး အားလုံးကို တော်ဝင်နန်းတော်က ထောက်ပံ့ထားခြင်း ဖြစ်သည်။ သိုသော် ဤအရေးကြီးသော စစ်စခန်းလေးခုတွင် သူတို့၏အရေးပါသော စစ်ဗိုလ်ကြီးများမှာ ဟူဖြစ်ပြီး အဆုံးမဲ့အာဏာမှာ သူတို၏လက်ထဲတွင်ဖြစ်သည်။

ထိုသိုသော အခြေအနေကို မကျေမနပ် ဖြစ်နေကြသူများ အများအပြားရှိကြသော်လည်း အထက်မှဖိအားများကြောင့် ထိုကိစ္စကို ထုတ်မပြောရဲခဲ့ကြပေ။

သိုသော်လည်း ဝမ်ချောင်ကြောင့် ထိုအရာများအားလုံးသည် တစိမ့်စိမ့် ယိုစိမ့်နေသော ဆည်တစ်ခုကဲသို ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

တော်ဝင်နန်းတော်ရှိ အရာရှိများသည် တင်ပြလွှာကြောင့် ဖြစ်ပွားခဲ့သော ဝမ်ချောင်၏ကိစ္စရပ်များကို အသေအချာ မသိခဲ့သော်လည်း စစ်တပ်တွင်းရှိ စစ်သူကြီးများအတွက်မူ ဝမ်ချောင့်စကားလုံးများသည် သူတို့၏အတွေးများကို ထင်ဟပ်စေသည်။

ထိုရှုထောင့်မှကြည့်လျှင် သူတို့သည် ဝမ်ချောင်နှင့် တူညီသောမျဉ်းတစ်ကြောင်းတည်းအပေါ်တွင် ရပ်နေကြသည်။ အမှန်တကယ်တွင် ဝမ်ချောင်ပေးပိုခဲ့သည့် တင်ပြလွှာသည် ဟန်စစ်သူကြီးများကို စိတ်ဝင်စားစေပြီး အကျိုးစီးပွားအတွက် ပြိုင်ဆိုင်စေသည်။

သူတို့သည် ထိုကိစ္စအတွက်နှင့် ဝမ်ချောင်အား တော်ဝင်တရားရုံးက ကွပ်မျက်ခဲ့မည်ဆိုပါကလက်ခံလိမ့်မည် မဟုတ်ပေ။

မည်သူကမှ ထိုကိစ္စသည် ဤမျှထိ ကြီးမားလာလိမ့်မည်ဟု ထင်မထားကြပေ။ စစ်မှုရေးရာဌာန၊ ပြစ်မှုရေးရာဌာန၊ စစ်ဆေးရေးဌာန.. တော်ဝင်နန်းတော်တစ်ခုလုံးသည် ကြီးမားသော ပရမ်းပတာအခြေအနေသို ကျရောက်သွားခဲ့သည်။

တစ်ယောက်တည်း ရပ်တည်နိုင်ရန် မည်သူမဆို လုံလောက်‌သောပမာဏအထိ ကြီးထွားလာကြရသည်။

ဝမ်ချောင်ကို ထောက်ခံပေးကြောင်း ဟန်စစ်သူကြီးများထံမှ စာချွန်တော်များသည် အရပ်မျက်နှာအသီးသီးမှ တော်ဝင်နန်းတော်ဆီသို တန်းတန်းမတ်မတ် ရောက်လာကြသည်။ ထိုအတူ ဝမ်ချောင်‌ကို ကွပ်မျက်ရန် တောင်းဆိုသည့် ဟူများထံမှ စာချွန်တော်များလည်း နန်းတော်ဆီသို ရောက်လာကြသည်။

သူတိုကြားရှိ ပဋိပက္ခများသည် အချိုးအစားကျစွာပင် ကွဲထွက်နေသည်။ ကော်ရှုဟန်၊ ဂိုဆွန်းကျီနှင့် ဖုမင်လင်းချာနှင့် အခြားဩဇာအာဏာရှိသော ဟုစစ်သူကြီးများသည်ပင် ပြဿနာကို မထိန်းချုပ်နိုင်ကြတော့ပေ။ အားလုံးပြီးနောက် ထိုအရာများသည် ဟူတို့၏ အကျိုးစီးပွားနှင့် သက်ဆိုင်သည့်ကိစ္စပင်ဖြစ်သည်။

ဤသည်မှာ ဟူနှင့်ဟန်တို့အကြား မဟာထန်နိုင်ငံတော်၏ ရာစုနှစ်နှစ်ခုသမိုင်းတွင် ပထမဆုံးအကြိမ် တစ်ဖက်နှင့်တစ်ဖက် ထိပ်တိုက်တွေ့ဆုံ ဆန့်ကျင်တိုက်ခိုက်ကြခြင်းပင်။ နှစ်ဖက်စလုံးကလည်း တစ်ဖက်ကို အနိုင်မပေးချင်ကြပေ။

အနောက်ရှုရှိ ကျန်မန်း၏တောင်ဘက်အရပ် တစ်လျှောက်လုံးတွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းနေသည်။ မိုးများကြားတွင် ဆီမီးခွက်မှာ တဟုန်းဟုန်း တောက်လောင်နေသည်။ ကွေ့ကောက်လျက်ရှိသော တောင်တန်းများကို ဖြတ်၍ ရှစ်ရာလီ အကွာအဝေးတွင် တပ်ကြီးတစ်ခု တပ်စွဲထားလေသည်။

(၄၀၀ ကီလိုမီတာ)

တပ်မ၏ အလယ်ဗဟိုတွင် ဧရာမအိမ်ကြီးတစ်ခုတည်ရှိနေပြီး ၎င်း၏ဝင်ပေါက်အထက်တွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်ကြီးပေါ်တွင် ရွှေရောင်စကားလုံးသုံးလုံးရှိသည်။

"တောင်ပိုင်းကာကွယ်ရေးတပ်"

ထိုစကားလုံးများသည် အားမာန်ပြည့်ဝပြီး ကြီးမားလေးလံကာ တဲအိမ်ပိုင်ရှင်၏ အင်အားကြီးမားမှုကို ထင်ဟပ်ပြနေသကဲ့သိုပင် ဖြစ်သည်။

မဟာထန်အင်ပါယာသည် ခမ်းနားကြီးကျယ်သော အကာအကွယ် ခြောက်ခုကို ထူထောင်ခဲ့သည်။ ဟူသည် ကြီးမားသော အင်အားကြီးတပ်များ၏ အရေအတွက်ထက် ကြီးမားသော အခွင့်အာဏာကို ပိုင်ဆိုင်ထားသော်လည်း အထက်တန်းလွှာများအားလုံးကို သူတို့လက်အတွင်း ဆုပ်ကိုင်ထားခဲ့ခြင်း မရှိပေ။

မဟာထန်အင်ပါယာတွင် အနောက်ပိုင်းရှုတို့၏ ကျန်းမန်တောင်ဘက်တစ်လျှောက်တွင် အင်အားတစ်သိန်းရှစ်သောင်းရှိ စစ်တပ်က တပ်စွဲထားလေသည်။ သူတို့သည် အာ့ဟိုင်၏မုန့်ရှီကျောက်နှင့် အနောက်ကုန်းမြင့်ပေါ်တွင်တည်ရှိသော ဝူရှန်းအင်ပါယာတိုကို စောင့်ကြည့်တာဝန်ယူထားကြသည်။

မဟာထန်အင်ပါယာတွင် တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးသည် အလွန်နိမ့်ချစွာနေနေကြသည်။ ပဋိပက္ခများအနေဖြင့် အခြား‌သောဒေသများနှင့် ယှဉ်ပါက ခိုက်ရန်ဖြစ်ပွားမှု မရှိသဖြင့် ဤဒေသတွင် အစီရင်ခံစာများ မရှိသလောက်ပင်။ ထိုကြောင့် တော်ဝင်နန်းတော်အတွင်း သူတို့သည် အတော်လေး အားနည်းသည်။

သို့သော်လည်း ထိုသည်က ဤတစ်သိန်းရှစ်သောင်းသောအင်အားကို လျစ်လျူရှုထား၍ ရသည် ဟု မဆိုလိုပေ။

"ဟမ် အနောက်ပိုင်းကာကွယ်ရေးစစ်သူကြီး၊ အနောက်ပိုင်းဒေသကာကွယ်ရေးစစ်သူကြီးနဲ့ မြောက်ပိုင်းကြယ်စစ်တပ်တွဲဖက်ခေါင်းဆောင် ခင်ဗျားတို့က ခင်ဗျားတို့ကိုယ်ခင်ဗျား မဟာထန်နိုင်ငံတော်မှာ တစ်ခုတည်းသောလို့ တကယ်ကြီး တွေးနေကြတာလား"

အတော်အတန်ကြီးမားသော တဲအိမ်တစ်ခုအတွင်းရှိ မီးတိုင်တွင် မီးတောက်လောင်နေသည်။ ဆံပင်တိုတို၊ ထွားထွားကြိုင်းကြိုင်းနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အနက်ရောင်ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားပြီး ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူ့ရှေ့တွင် သတ္တုပြားတစ်ခု ချထားခဲ့သည်။

ဘုတ်ပေါ်တွင် တော်ဝင်နန်းတော်မှ နောက်ဆုံးရအခြေအနေများကို ရေးသားထားသည်။

"အကြီးအကဲစစ်သူကြီး ကျွန်တော်တို့က မလိုအပ်တဲ့ ပဋိပက္ခတွေကို ရှောင်ရှားဖို အမြဲနိမ့်ချစွာ နေထိုင်ခဲ့တယ်..ဒီတခေါက် တော်ဝင်နန်းတွင်းကိစ္စက အရမ်းကို ဒုက္ခများတယ်..ဒါကြောင့်ကျွန်တော်တို ဝင်ပါဖိုကို ရှောင်မနေသင့်ဘူးလား"

အကြီးအကဲစစ်သူကြီး၏ဘေးတွင် ထိုင်နေသော နှုတ်ခမ်းမွှေးနှင့် ဉာဏ်ကောင်းပုံပေါက်သော လူတစ်ယောက်က စိုးရိမ်တကြီး မေးလိုက်သည်။ သူသည်အကြီးအကဲစစ်သူကြီး၏ လက်ထောက်ဖြစ်သလို တောင်ပိုင်းကာကွယ်ရေးစစ်ဦးချုပ်၏ စစ်ရေးအကြံပေးလည်းဖြစ်သည်။

အနှစ်သုံးဆယ်ကြာအောင် အတူနေခဲ့ပြီးနောက် အကြီးအကဲစစ်သူကြီး၏ ပင်ကိုယ်စရိုက်ကို သူကောင်းကောင်းသိခဲ့ပြီးဖြစ်သည်။ မကြာခင်မှာပင် ဆံပင်တိုတိုနှင့် ကြံ့ခိုင်သန်မာသော အမျိုးသားက စကားစပြောလာသည်နှင့် တခြားတစ်စုံတစ်ယောက်ကလည်း ဤကိစ္စတွင် ဝင်ပါလာပြီကို သူ သိလိုက်သည်။

“ဒီကိစ္စကနေ ငါတို့ ဘာအကျိုးအမြတ်မှ မရနိုင်ဘူး.. တစ်ဖက်မှာလည်း အနောက်ပိုင်းကာကွယ်ရေး စစ်သူကြီး၊ အနောက်ပိုင်းဒေသ ကာကွယ်ရေး စစ်သူကြီး၊ မြောက်ပိုင်းကြယ်စစ်တပ်ဒုခေါင်းဆောင်နဲ့ ဟူစစ်သား သူတို့အားလုံးရဲ့ ရန်လို မုန်းတီးမှုကို ဆွဲဆောင်သလိုဖြစ်လိမ့်မယ်.. ဒါက ပညာမဲ့တဲ့ လှုပ်ရှားမှုတစ်ခုပဲ.. အကြီးအကဲစစ်သူကြီး ခင်ဗျားရဲ့ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားပေးပါ"

နှုတ်ခမ်းမွှေးနှင့်အကြံပေးက စိုးရိမ်တကြီး ဖျောင်းဖျသည်။

ဤတစ်ခေါက် တော်ဝင်နန်းတော်က မုန်တိုင်းသည် အလွန်အမင်း ပြင်းထန်လွန်းတာကြောင့် သူ့ကို တုန်လှုပ်သွားစေခဲ့သည်။ ထိုကိစ္စထဲ ပါဝင်ရန် ဆုံးဖြတ်ချက်မှာ ပညာရှိသော ဆုံးဖြတ်ချက်တစ်ခု မဟုတ်ဟု သူ တွေးထင်လေသည်။

"ဟား ဟား ဟား ကျစ်အန်း မင်း အခြေအနေကို နားမလည်သေးဘူးပဲ.. ဒုက္ခကို ရှောင်တာဟာ ကောင်းပေမယ့် ယောက်ျားတစ်ယောက် လုပ်ရမယ့်အရာတွေ ရှိသေးတယ်.. ငါတို့ဟာ နှိမ့်ချစွာ တစ်ချိန်လုံး နေနေခဲ့ပေမယ့် ဒီကိစ္စကတော့ မတူဘူး.. မင်းအခုထိ သဘောမပေါက်သေးဘူးလား ဒီကိစ္စကို မဆိုင်သလိုနေတဲ့ သူ‌တွေက လူတိုင်းရဲ့ရန်သူ ဖြစ်သွားလိမ့်မယ်”

ကျန့်ချိုးကျင်းချုံးက ခပ်သောသော ရယ်မောလိုက်ပြီး သူ၏ကြမ်းတမ်းသော အပြင်ပန်းပုံသဏ္ဍာန်နှင့် ဆန့်ကျင်စွာ သူ၏မျက်လုံးများက စူးရှထက်မြိလို့နေသည်။ ကျန့်ချိုးသည် မျိုးရိုးပေါင်းစပ် အမည်တစ်ခုဖြစ်ပြီး ၎င်းသည် ဟူကဲ့သို အသံထွက်သော်လည်း သူသည် စစ်မှန်သော အပြာရောင်ဟန်ဖြစ်သည်။

ကျန့်ချိုးသည် နောက်ပိုင်းမှဆင်းသက်လာသော မျိုးရိုးအမည်ဖြစ်ပြီး 'ချိုး' ဟူသောအမည်ကဲ့သိုပင်၊ ၎င်းသည် မူလမိသားစုများ၏ မျိုးရိုးတစ်ရာတွင် မပါပေ။ သို့သော်လည်း ၎င်းသည် ဆင်းသက်လာသော မျိုးရိုးအမည် သိ့ုမဟုတ် ပေါင်းစပ်အမည်ပင်ဖြစ်ပါစေ ကျန့်ချိုးကျင်းချုံးသည် သံသယဖြစ်စရာမလိုဘဲ ဟန်ဖြစ်သည်။ ထို့အပြင် သူသည် အင်အားကြီး တောင်ပိုင်းကာကွယ်ရေးစစ်တပ်၏ ကာကွယ်ရေးစစ်သူကြီး ဖြစ်ပြီး သူ၏ရပ်တည်မှုသည် အနောက်ပိုင်း ကာကွယ်ရေးစစ်တပ်၏စစ်သူကြီးဂိုဆွန်းကျီ၊ အနောက်ပိုင်းဒေသကာကွယ်ရေးစစ်တပ်၏စစ်သူကြီးဖုမင်လင်းချာနှင့် မြောက်ပိုင်းကြယ်တပ်မဟာ၏ ကော်ရှုဟန်တို့၏ လက်အောက်တွင် မရှိပေ။

“စစ်သူကြီးတစ်ရာရဲ့ အသနားခံစာ နောက်ကွယ်က အဓိပ္ပာယ်ကို မင်း အခုထိ နားမလည်သေးဘူးလား.. ကျစ်အန်း ဒါက ဝမ်ချောင်ရဲ့သေတာရှင်တာနဲ့ သက်ဆိုင်တဲ့ကိစ္စ သက်သက်မဟုတ်တော့ဘူး.. ဒါက ဟန်နဲ့ဟူကြားက တိုက်ခိုက်တဲ့ စိတ်ဝင်စားစရာ ကစားပွဲတစ်ခုဖြစ်သွားပြီ.. အဲဒီလို ဒီကိစ္စကနေ ကိုယ်နဲ့မဆိုင်သလို နေနေတဲ့သူတွေဟာ စစ်တပ်မှာ သူတိုရဲ့နေရာ ပျောက်ကွယ်သွားရလိမ့်မယ်"

"ကျစ်အန်း မင်းရဲ့အကြံက မဆိုးပါဘူး.. ဒါပေမယ့် မင်းအခြေအနေ တစ်ရပ်လုံးကို နားမလည်နိုင်သေးဘူး"

ကျန့်ချိုးကျင်းချုံးက ရှင်းပြလိုက်သည်။ မသိလိုက်ဘဲ တောင်တွေနှင့်ပင်လယ်ကို အမှတ်ရစေနိုင်သော စွမ်းအားပြည့် ရောင်ဝါက သူ၏အစွမ်းထက်သော ခန္ဓာကိုယ်မှ စိမ့်ထွက်လာသည်။ ပင်မခန်းမရှိ မီးတောက်များနှင့် နေရာတို့ကိုပင် ကွဲလွဲသွားစေခဲ့သည်။

ကျစ်အန်းဟု အမည်ရသော စစ်ဘက်ဆိုင်ရာ အကြံပေးသည် အံ့အားသင့်သွားသည်။ အချိန်တခဏလောက်အကြာ သူသည် ပြန်လည်ချေပရန် သတိမရတော့ဘဲ သူ့မျက်နှာပေါ်တွင် နားလည်သဘောပေါက်သွားသော အမူအရာပေါ်လာ၏။

ကျန့်ချိုးကျင်းချုံးသည် တိတ်တဆိတ် ရယ်မောလိုက်သည်။ သူ့စိတ်ထဲတွင် မြို့တော်မှ ချာတိတ်လေးအကြောင်း အတွေးများ ပေါ်လာတော့သည်။

ထိုကဲ့သို ထိတ်လန့်စရာကောင်းသော လွမ်းဆွတ်ဖွယ်အမှတ်တရကို ဘယ်လိုလူငယ်မျိုးက အာရုံခံစားနိုင်မှာလဲ။ မြို့စားကြီးကျူးက သူ့ကို ဒီလိုလုပ်ဖို သင်ပေးခဲ့တာလား။

ကျင်းချုံး ခေါင်းယမ်းလိုက်သည်။ မြို့စားကြီးကျူး၏ပင်ကိုစရိုက်အရ သူသည် ထိုသိုသော လှည့်ကွက်များကို သုံးရန်မလိုပါ။ သို့ဆိုလျှင် ဝမ်ကန်း ဖြစ်နိုင်ပါသလော။

ဝမ်ကန်းသည် တော်ဝင်နန်းတွင်း၌ ကြီးမားသော သြဇာအာဏာကို ပိုင်ဆိုင်ထားသည်။ မြို့စားကြီးကျူး မဟုတ်ပါက သူသည် နောက်ထပ် ဖြစ်နိုင်ခြေအရှိဆုံးလူပင်ဖြစ်သည်။

သိုသော် သူသည် ထိုသို့သော သတ္တိရှိသလား။

ကျင်းချုံးက နောက်တစ်ကြိမ် ခေါင်းယမ်းလိုက်သည်။

ဝမ်ကန်းသည် အစောပိုင်းနှစ်များက သူနှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ဖူးသည်။ ဤလူကြီးမင်းဝမ်သည် အမြော်အမြင်ရှိကာ ဉာဏ်ကောင်းသူဖြစ်ပြီး နိုင်ငံရေးတွင် သူ၏အရည်အချင်းသည် မယုံနိုင်စရာကောင်းလောက်အောင်ပင်။

သိုသော်လည်း ထိုသည်ကပင် သူ့အတွက် တင်ပြလွှာ ပြုလုပ်ရန် မဖြစ်နိုင်သည့် တိကျသည့်အကြောင်းပြချက်ပင် ဖြစ်သည်။ သူကိုယ်တိုင်လုပ်ရန် စိတ်ပိုင်းဖြတ်ထားခြင်းမရှိပါက သူ့တူကို ထိုသိုပြုလုပ်ရန် မည်သို့ သွန်သင်မည်နည်း။

ဒီအချိန်တွင် ကျင်းချုံးက မကူညီနိုင်ဘဲ သက်ပြင်းမောကြီးသာ ချလိုက်မိသည်။ ဖြစ်နိုင်သည်မှာ သူ့အတွေးသည် အမှန်တရားသို့ ရောက်လုနီးပါး ရှိလာပြီ ဖြစ်၏။

"မဟာထန်နိုင်ငံထဲမှာ ဒီလို ရဲရင့်တဲ့လူငယ်လေး ရှိတယ်လို့ တွေးလိုက်ရင်.. ငါ ကျန်းချိုးက ငါ့စည်းမျဉ်းတွေကို ကျော်လွန်ရရင်တောင် ငါ မင်းကို အထောက်အပံ့ဖြစ်ပေးမယ်”

ကျန်းချိုးက သက်ပြင်းမောကြီးချလိုက်ပြီး ညာလက်ကို ဆန့်ထုတ်လိုက်သည်။

“ငါ့ကို စုတ်တံ ယူလာပေး..ဒီအမှတ်တရကို ငါကိုယ်တိုင်ရေးချင်တယ်"

ဟူး လား လား

ခဏအကြာတွင် စွန်ရဲနက်တစ်ကောင်သည် အုံ့မှိုင်းနေသောကောင်းကင်နှင့် မည်းမှောင်နေသောတိမ်တိုက်များကြားမှ ဖြတ်ပျံကာ အဝေးက မြို့တော်ဆီသို့ ဦးတည်သွားလေတော့သည်။

…

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အပိုင်း ၁၆၉ လက်ရှိခေတ်၏ စစ်နတ်ဘုရား

ကျန့်ချိုးကျင်းချုံးသည် တော်ဝင်နန်း‌တော်၏ အခြေအနေအရပ်ရပ်ကို စောင့်ကြည့်နေသော တစ်ဦးတည်းသောသူ မဟုတ်ခဲ့ပေ။

ကျန့်ချိုးကျင်းချုံး၏ အနက်ရောင်စွန်ရဲကြီးသည် မြို့တော်ဆီသိ့ု ဦးတည်ပျံသန်းနေချိန်၌ မဟာထန်နိုင်ငံတော်၏အရှေ့မြောက်ဘက်ရှိ တဲကြီးတစ်ခုတွင် ရုန်းရင်းဆန်ခတ် ဖြစ်နေသည်။ ထိုနေရာတွင် ရွှေခွက်၊ ငွေဖလားများဖြင့် ပြည့်နေခဲ့ပြီး ကျားသားရေဖြင့် ပြုလုပ်ထားသည့် ဖျာများကို မြေပြင်ပေါ်တွင် ခင်းထားလေသည်။ ထိုအရာမှာ အလွန်အမင်း ဖြုန်းတီးရာကျလေသည်။

တဲအတွင်းတွင် အသက်လေးဆယ်ကျော်ရှိပုံရသော စိတ်အားထက်သန်သည့် ရုပ်အသွင်ဖြင့် လူတစ်ဦး ရပ်နေသည်။ သူသည် ရယ်မောရင်းဖြင့် ဖလားကျယ်ကြီးထဲရှိ အစားအသောက်များကို စားသောက်နေ၏။ ဆိုရလျှင် သူသည် သူ့ပတ်ဝန်းကျင်က လူအများက သူ့ကို လန့်ဖျပ်ကြောက်ရွံ့ သွားစေနိုင်သည့် အရှိန်အဝါကို သယ်ဆောင်ထားသေးသည်။

"ဟားဟားဟား ကျစ်ယီ မင်း စားပွဲပေါ် က စာလွှာတွေကို တွေ့ခဲ့လား..ဒါက စစ်သူကြီးတစ်ရာရဲ့ အသနားခံစာတွေပဲ..သူတို့ ငါ့ဆီကိုလာပြီး အသနားခံနေကြတာလေ.. မဟာထန်နိုင်ငံတော်ရဲ့ အရန်စစ်သူကြီး အရှေ့ပိုင်းကာကွယ်ရေးဌာနရဲ့ ကာကွယ်ရေးစစ်သူကြီး နန်ယန်ခရိုင်မှာ အပ်နှင်းထားတဲ့ တည်ထောင်သူ မြိုစားတွေထဲက တစ်ယောက်!"

သူ၏လှုပ်ရှားမှုနှင့်အတူ သူ၏ချပ်ဝတ်တန်ဆာက အနည်းငယ် လှုပ်ခတ်သွားသည်က သူ့၏ လှုပ်ရှားမှုတွေကို ရောင်ပြန်ဟပ်နေသကဲ့သိုပင်။ သူသည် အလွန်အမင်း ပျော်ရွှင်နေပုံရသည်။

"ဒီ.. အကြီးအကဲစစ်သူကြီးက ဒီကိစ္စမှာတကယ်ပဲ ဝင်ပါတော့မှာလား.. အဲဒီတုန်းက မြို့စားကြီးကျူးရဲ့ စကားတစ်ခွန်းက မင်းကို စွန့်ပစ်နယ်နိမိတ်မှာ အနှစ်နှစ်ဆယ် အချိန်ကုန်ဆုံးစေခဲ့တယ်"

သိပ်မဝေးလှသောနေရာတွင် လောင်ကျွမ်းနေ‌သော မီးသွေးအိုးကို မျက်နှာချင်းဆိုင်၍ ပညာတတ်ပုံပေါ်သော လူတစ်ယောက်နှင့် သက်လတ်ပိုင်းအရွယ် စစ်သူကြီးတစ်ဦးတို့သည် တင်ပျဉ်ခွေထိုင်နေကြသည်။

သူ၏နှုတ်ခမ်းမွေးများသည် နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်မှ အောက်သို့ကျနေပုံမှာ သူ့အား သိမ်မွေ့သော လူကြီးလူကောင်းတစ်ယောက် ဖြစ်သည်ဟု တခြားသူ‌များကို ထင်မြင်စေသည်။ သူသည် ကျန့်ရှို့ကွေ၏လက်ထောက်ဖြစ်သကဲ့သို သေခြင်းရှင်ခြင်းကို အတူတူဖြတ်ကျော်ခဲ့သော သွေးသောက်ညီအစ်ကို ဝူကျစ်ယီပင်ဖြစ်သည်။

သူတိုနှစ်ဦးစလုံးသည် အတူစစ်မှုထမ်းခဲ့ကြပြီး တစ်ချိန်က မဟာထန်နိုင်ငံတော်၏ လုံရှီပြည်နယ်ရှိ ကွာကျိုးမြို့တွင် ဝူရှန်းများကို တိုက်ခိုက်ခဲ့ကြသည်။ ယနေ့အချိန်ထိ ကျန့်ရှို့ကွေသည် အရှေ့တိုင်းကာကွယ်ရေးတပ်မှုးဖြစ်လာခဲ့ပြီး သူ၏အမည်သည်လည်း ခိုက်ထန်၊ ခူမော့၊ ရှီနှင့် တာတာ တို့ကို ပိုမိုကြောက်ရွံ့စေခဲ့သည်။ သိုဆိုလျှင်တောင်မှ သူတို့နှစ်ယောက်သည် သေခြင်းရှင်ခြင်းတိုက်ပွဲပေါင်းများစွာကို အတူကျော်လွှားခဲ့ကြသည့် တွဲဖက်ကောင်း၊ ညီအစ်ကိုကောင်းအဖြစ် ကျန်ရှိနေဆဲပင်။

ဝူရှန်းကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည့် လက်ရှိနာမည်ကြီး စစ်သူကြီးပင်လျှင် 'ညအခါ ခုနှစ်ဆင့်ကြယ်အလင်းရောင်အောက်မှာ ကော်ရှုဟန်ဟာ သူ့ရဲ့ဓားနဲ့ အလည်လာတယ်' လို့ ချီးမွမ်းခဲ့ရသည်။ မဟာစစ်တပ်၏စစ်သူကြီးကော်ရှုဟန်သည် ယခင်က သူ တစ်ကြိမ်‌တခါ စောင့်ရှောက်ခဲ့ဖူးသော နယ်မြေများကိုသာ ကာကွယ်ရသည်။

အရည်အချင်းအရ ကော်ရှုဟန်သည် အငယ်အဖြစ် ယူဆနိုင်သည်။ ကျန့်ရှို့ကွေကဲ့သိုသော အကြီးအကဲများ မတိုင်မီက သူ့တွင် ကြွားဝါစရာ ဘာမှမရှိခဲ့ပေ။

မဟာထန်နိုင်ငံတော်တွင် ရန်လိုသော စစ်သူကြီးများစွာရှိခဲ့ပြီး ကော်ရှုဟန်ကို အနိုင်ယူနိုင်သူများသည် လူနည်းစုသာရှိသည်။ ထို့အပြင် ကျန့်ရှို့ကွေ သည် ထိုလူနည်းစုထဲမှ တစ်ဦးဖြစ်သည်။

ထိုသည်မှာ အပ်နှင်းခံထားရသော စစ်သူကြီးများစွာသည် အရှေ့ပိုင်းကာကွယ်ရေးတပ်မတော်သို့ သူတို့၏စာလွှာများကို ပေးပို့ရန် ရွေးချယ်ခဲ့သည့် အကြောင်းရင်းလည်းဖြစ်သည်။

တန်မင်းဆက်တွင် ဂိုဆွန်းကျီ၊ ဖုမင်လင်းချာ၊ ကော်ရှုဟန်နှင့် အန်းစီဟန် ကဲ့သို့သော စစ်ဘက်ဆိုင်ရာ အခွင့်အာဏာများကို ကိုင်စွဲထားသည့် ဩဇာအာဏာကြီးမားသော ဟူစစ်သူကြီးများကို ဆန့်ကျင်ဘက်ပြုနိုင်သူ အလွန်နည်းပါးသည်။

သို့သော်လည်း အရန်စစ်သူကြီး ကျန့်ရှို့ကွေသည် သူတိုထဲမှ တစ်ဦးဖြစ်သည်မှာ သေချာ၏။

အပ်နှင်းခံထားရသည့် စစ်သူကြီးများသည် သာမန်စစ်သူကြီးများထက် သိသိသာသာ မြင့်မားသော ရာထူးရှိသော်လည်း သူတို့စကားလုံးများ၏ ဖိအားမှာ အနည်းငယ်လိုနေသေးသည်။

"ဟမ် အဲဒီဝမ်ကျူးလင်က ငါ့ကို ၀န်ကြီးချုပ်ဖြစ်မလာအောင် ဟန့်တားဖို သူ့သက်ကြီးရွယ်အိုအကြီးအကဲတွေကို အသုံးပြုခဲ့တာဆိုတော့.. ငါက အဲဒါကို ဘယ်လိုလုပ်မေ့မှာလဲ"

ဝူကျစ်ယီ စကားကိုကြားသောအခါ ကျန့်ရှို့ကွေ၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားသည်။ ကျန့်ရှို့ကွေသည် ဝူကျစ်ယီက လွန်ခဲ့သော နှစ်ဆယ့်သုံးနှစ်က ပညာရှင်ဧကရာဇ်နှင့် ပတ်သက်သည့်ကိစ္စရပ်ကို ရည်ညွှန်းနေမှန်းသိသည်။

ထိုအချိန်တွင် ကျန့်ရှို့ကွေသည် ရိုကျိုးတွင် တာဝန်ပေးခံခဲ့ရသောအခါ ရိုကျိုးနှင့် မဟာထန်နိုင်ငံတော်၏ အရှေ့မြောက်ဘက်တွင် ကြီးမားသောခြိမ်းခြောက်မှုကို ဖြစ်စေသည့် ခိုင်ထန်မျိုးနွယ်စုများကို ချေမှုန်းနိုင်ခဲ့သည့်အပြင် ကန်ရှုပြည်နယ်ရှိ ဝူရှန်းများကို အောင်မြင်စွာ တားဆီးနိုင်ခဲ့သည်။ ထိုအရာသည် သူ့ကို ကြီးကျယ်ခမ်းနားသည့် ဂုဏ်သိက္ခာကို ရရှိစေခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် ရာထူးတိုးခံရဖွယ်ရှိသည်ဟု ကောလာဟလများ ထွက်ပေါ်လာစေခဲ့တာဖြစ်သည်။

သိုသော်လည်း ဝမ်ကျူးလင်က ကျန့်ရှို့ကွေသည် အလွန်ငယ်ရွယ်သေးပြီး မရင့်ကျက်သေးဟု ထင်ထားခဲ့သည်။ သူသည် နောက်ပိုင်းတွင် စစ်ပွဲ၌ လွှမ်းမိုးနိုင်စွမ်းသော်လည်း တော်ဝင်တရားရုံးကို အုပ်ချုပ်၍ ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ရန်အတွက်မူ အဆင်သင့်မဖြစ်ခဲ့ပေ။

ထိုကြောင့် ပညာရှင်ဧကရာဇ်မင်းမြတ်သည် ထိုကိစ္စကို သူနှင့် တိုင်ပင်သောအခါ ဝမ်ချောင်၏အဖိုး ဝမ်ကျူးလင်က သူ့ကို ချက်ချင်း ငြင်းဆန်လိုက်သည်။ “ကျန့်ရှို့ကွေက ခိုင်ထန်ကို ချေမှုန်းခဲ့တာပဲ ရှိတာ၊ အရှင်မင်းမြတ်က သူ့ကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ဖို ဆန္ဒရှိနေပြီ၊ အကယ်၍ တစ်စုံတစ်ယောက်က ခူမော့ရှီနဲ့ တာတာတွေကို ဖျက်ဆီးခဲ့မယ်ဆိုရင် ဘုရင်မင်းမြတ်က သူတို့ကို ဘယ်လိုရာထူးပေးမှာလဲ' ဤစကားများဖြင့် သူသည် ကျန့်ရှို့ကွေ၏ ဝန်ကြီးချုပ်ဖြစ်လာခြင်းအား ဖျက်ဆီးပစ်လိုက်သည်။

ထိုသို့မဟုတ်ပါက ကျန့်ရှို့ကွေသည် မဟာထန်နိုင်ငံတော်၏ အသက်အငယ်ဆုံး၀န်ကြီးချုပ် ဖြစ်လာနိုင်၏။

တစ်ဖက်လူအပေါ် ကျန့်ရှို့ကွေက ခါးသီးနာကျည်းသော ခံစားချက်ရှိနေမည် ဆိုသည်ကို စဉ်းစားကြည့်နိုင်ပါသည်။

" ဒီဝမ်မျိုးနွယ်စုကောင်လေးက ကယ်တင်ဖို မထိုက်တန်ပေမယ့် ဖုမင်လင်းချာက ပိုလိုတောင် မုန်းစရာကောင်းသေးတယ် လူအများက ငါရဲ့ ရပ်တည်ချက်ကို မေးနေကြတာ ဒါက ဝမ်မျိုးနွယ်စုထဲက အဲဒီလူအိုကြီးကို အရှက်ရစေတဲ့အပြင် ဖုမင်လင်းချာရဲ့ မောက်မာမှုကို နှိမ်နှင်းဖို့ အခွင့်အရေးကောင်းတစ်ခုပဲ.. ဒါဖြင့် ငါက ဘာလို့ အဲဒါကို ရှောင်နေရမှာလဲ"

ကျန့်ရှို့ကွေက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

ဝမ်ကျူးလင်ကို မြို့စားကျူးအဖြစ် လူအများက လေးစားစွာ ခေါ်ဝေါ်ကြပြီး တော်ဝင်နန်းတွင်း၌လည်း ကြီးမားသော ဂုဏ်သိက္ခာကို ပိုင်ဆိုင်ထားသည်။ ကျန့်ရှို့ကွေသည် သူ့အခွင့်အရေးကို ဖျက်ဆီးသည့်အတွက် သူ့ကို မကျေနပ်သော်လည်း သူ့လိုလူကို ထိပ်တိုက်စိန်ခေါ်ခြင်းဖြင့် ဘာမှပြန်မရနိုင်ကြောင်း သူသိသည်။

အဘိုးကြီး၏မြေးကို ကယ်တင်ခြင်းသည် သူ့အတွက် ရှက်စရာအကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ဖုမင်လင်းချာ အတွက်ကတော့..

အရည်အချင်းအရ ကျန့်ရှို့ကွေကို ယှဉ်နိုင်သူ အလွန်နည်းပါးသော်လည်း ဖုမင်လင်းချာသည် ထိုလူနည်းစုထဲမှတစ်ဦးဖြစ်သည်။

ထိုစဉ်က ကျန့်ရှို့ကွေသည် အရှေ့တိုင်းကာကွယ်ရေးတပ်မှုး မဖြစ်သေးသည့်အချိန် ကန်ရှုပြည်နယ်တွင် ဝူရှန်းများကို တိုက်ခိုက်စဉ်က ကွာကျိုးသည် ‌အနောက်ပိုင်းဒေသကာကွယ်ရေးစစ်ဌာနချုပ်နှင့် အနောက်ပိုင်းကာကွယ်ရေးစစ်ဌာနချုပ်တို့၏ နယ်မြေများနှင့် နယ်နိမိတ်ချင်း ထိစပ်နေသောကြောင့် သူတို့အချင်းချင်းကြား ပဋိပက္ခအနည်းငယ်ရှိခဲ့ကြသည်။

ထိုတစ်ကြိမ်တွင် ဖုမင်လင်းချာသည် အလွန်တရာ ရှုပ်ထွေးသော ကိစ္စရပ်ကြီးတစ်ခုကို မွှေနှောက်ခဲ့ပြီး သူ၏လုပ်ရပ်များသည် ကျန့်ရှို့ကွေကို အလွန်စိတ်ပျက်သွားစေခဲ့သည်။ ဖုမင်လင်းချာကို သင်ခန်းစာတစ်ခု ပေးသည်နှင့် နှိင်းယှဉ်ပါက မြို့စားကျူး၏မြေး ဝမ်ချောင်ကို ကယ်တင်ခြင်းသည် ကြီးမားသောကိစ္စ မဟုတ်တော့ပေ။

"ဒါပေမဲ့ အဲဒီကလေးကြောင့် ဟူနဲ့ဟန်က စစ်သူကြီးတွေဟာ တော်ဝင်နန်းတော်မှာ အချင်းချင်း ရန်လိုတဲ့ ဆက်ဆံရေး ဖြစ်သွားပြီ… ငါတိုရဲ့ ရိုကျိုးဟာ အခြားဟန်စစ်သူကြီးတွေ တာဝန်ယူရတဲ့နေရာတွေနဲ့ မတူဘူး.. ငါတို့လက် အောက်မှာ ဟူစစ်သူကြီးတွေနဲ့ ဟူတပ်သားတွေ အများကြီးရှိတယ်.. ဂရုတစိုက်မစဉ်းစားဘဲ ပူးပေါင်းမိရင် အဲဒါက ပုန်ကန်မှုကို ဖြစ်စေနိုင်တယ်.. ဒီလိုမျိုး စွန့်စားဖို့က မထိုက်တန်ဘူး!"

ဝူကျစ်ယီ က စိုးရိမ်တကြီး မျက်မှောင်ကြုတ်လိုက်သည်။ တော်ဝင်နန်းတွင်းတွင် ဖြစ်ပျက်နေသည့် ကိစ္စရပ်တွေကို သူ ပိုသိလာလေလေ၊ သူ ပိုစိုးရိမ်လေလေပင်။ ထိုကဲ့သိုသော ကိစ္စမျိုးကို အသေအချာ မစဉ်းစားဘဲ ပူးပေါင်းတာက ဉာဏ်ရှိရာမကျပေ။

သိုသော် ဝူကျစ်ယီ၏ စကားများကိုကြားသောအခါ

ကျန့်ရှို့ကွေ ရယ်မောသွားသည်။

"ဟားဟားဟား ကျစ်ယီ မင်း တော်ဝင်နန်း‌တော်ကနေ ဒါတွေကို ဘယ်တုန်းကစပြီး သင်ယူခဲ့တာလဲ.. ဘယ်လို ဟူစစ်သူကြီးနဲ့ ဟန်စစ်သူကြီးတွေလဲ ဘယ်လိုတောင် မိုက်မဲလိုက်တာလဲ ငါ့ရဲ့ရိုကျိုးမှာက ငါ ကျန့်ရှို့ကွေရှိနေသရွေ့ ဟူနဲ့ဟန်ဆိုတာ မရှိဘူး.. ငါ့ကို လက်ခံသူနဲ့ ငါ့ကိုလက်မခံသူပဲ ရှိမယ်.. မြင်း မင်းသဘောတူလား"

ကျန့်ရှို့ကွေသည် တချက် ထိတ်ခနဲ ဖြစ်သွားပြီး စူးရှသောအကြည့်ဖြင့် ဘေးသို ရုတ်တရက် ဝေ့ကြည့်လိုက်သည်။ သူ၏အကြည့်သည် အသားဖြူဖျော့ဖျော့ ပြည့်ပြည့်ဝိုင်းဝိုင်းနှင့် ဟူတစ်ယောက်အပေါ် ကျရောက်သွား၏။ ထိုသူမှာ သူ့အစောပိုင်အသက်နှစ်ဆယ်အရွယ်တုန်းက ပုံပန်းသဏ္ဌာန်နှင့် ဆင်တူပြီး မြေပေါ်ရှိ မြက်ပင်ကို ကိုက်ဝါးနေသည်။

"အာ"

ကျန့်ရှို့ကွေ၏အကြည့်ကြောင့် ထိတ်လန့်သွားသည့် အသားဖြူဖျော့ဖျော့၊ ပြည့်ပြည့်ဝိုင်းဝိုင်း ဟူလူငယ်သည် တုန်လှုပ်သွားခဲ့သည်။ သူ့နဖူးမှ ချွေးအေးများ စီးကျလာပြီး ကြောက်ရွံမှုများ သူ့မျက်လုံးထဲတွင် ထင်ဟပ်လာသည်။

"စစ်သူကြီး ခင်ဗျားပြောတာမှန်တယ်.. ငါတို့ဟူတွေက မြင်းတွေပါ.. ငါတို့မြင်းတွေက မင်းကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ.. ဖုမန်လင်ချာနဲ့ ဂိုဆွန်းကျီကလည်း ငါတို့လိုမြင်းပဲ ငါတို့အားလုံးဟာ မြင်းတွေပါ"

သူပြောခဲ့သည့်စကားအတိုင်း သူ၏တင်ပါးများကို မြှောက်လိုက်ကာ မြက်ပင်များစွာကို ဝါးစားလိုက်သည်။ ထို့အပြင် သူသည် ကျန့်ရှို့ကွေကို ဖားရန် ကြိုးစား‌နေသည့် မြင်းတစ်ကောင်ကဲ့သို အနီးစပ်ဆုံး တူညီအောင် အတုယူခဲ့သည်။

"ဟား ဟား ဟား ဟား"

ထိုလူငယ်လေး၏ မျက်နှာပေါ်တွင် ဖားနေသော အကြည့်ကို မြင်လိုက်သည်တွင် ကျန့်ရှို့ကွေ ဟားတိုက်ရယ်လိုက်မိသည်။ ဝူကျစ်ယီပင် မတတ်နိုင်ဘဲ ရယ်လိုက်မိသည်။

“ငါ့လက်အောက်ကို ခိုလှုံလာသူတွေဟာ အသက်ရှင်သန်ခွင့်ရကြပြီး လက်အောက်ခံဖို ငြင်းဆန်သူတွေကို စောင့်ဆိုင်းနေတာကတော့ သေခြင်းတရားပဲ"

ကျန့်ရှို့ကွေက ရယ်မောနေရင်းဖြင့် သူ့ခါးမှ တိုကင်တစ်ခုကို ရုတ်တရက် တွန်းထုတ်လိုက်ပြီး စစ်စခန်းထဲမှ အမြန်လွှင့်ပစ်လိုက်သည်။ တဲအပြင်ဘက်၌ မိုးတဖွဲဖွဲကျနေပြီး လေပြင်းက တိုက်ခတ်‌နေသည်။ ခူမော့ရှီ၊ ခိုင်ထန်နှင့် တာတာများပါ၀င်သော အကျဉ်းသားတစ်ရာခန့်သည် အရိုးခိုက်အောင် အေးစက်စွာ တိုက်ခိုက်နေသည့် လေများအလယ်တွင် ရပ်နေကြပြီး သူတို့တစ်ယောက်ချင်းစီတွင် ကွပ်မျက်သူတယောက်စီ ရပ်နေကြသည်။

"သတ်"

ထိုအသံ ထွက်‌ပေါ်လာသည်နှင့် တပြိုင်နက် ခေါင်းများသည် ကြမ်းပြင်ပေါ်သို လိမ့်ကျလာတော့၏။ နီမြန်းသောသွေးများက လေထုထဲသို့ ဖြာခနဲ ကျဆင်းလာပြီး ငြီးငွေ့ဖွယ် မိုးရေများကို အနီရောင်သန်းသွားစေသည်။ အယောက်တစ်ရာ သို့မဟုတ် ထိုထက်ပိုသော ခူမော့ရှီ၊ ခိုင်ထန်နှင့် တာတာတို့သည် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ ခဏတာ ဆန့်တငင်ငင် လှုပ်နေပြီးနောက် သူတို့ လုံးဝ ရပ်တန့်သွားကြသည်။

သံချပ်ကာဝတ်တပ်သားများသည် အလျင်အမြန် တက်လာကာ သူတို့၏အလောင်းများကို ဆွဲထုတ်ရန် အချိန်ကြာကြာ မယူလိုက်ရပေ။ အလောင်းများကို မြောင်းထဲ ပစ်ချလိုက်ကြပြီး မြုပ်လိုက်ကြသည်။ တဖွဲဖွဲကျလာသော မိုးရေများအကြားတွင် သွေးညှီနံ့များက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ထိုနေရာရှိ မြက်ပင်များသည် အနီရောင်ပြောင်းသွားကြသည်။

ရိုကျိုးအရှေ့ဘက်၊ မဟာထန်၏ အရှေ့မြောက်ဘက်တွင် ကျန့်ရှို့ကွေ၏ဂုဏ်သတင်းမှာ ငိုနေသည့်ကလေးငယ်ကိုပင် တိတ်သွားစေသည်။ သူပြောခဲ့သကဲ့သိုပင် ရိုကျိုးမှာ သူ့ရှေ့၌ ဟူ၊ ဟန် ဟူ၍မရှိပေ။

သူ့ကို လက်ခံသူနှင့် လက်မခံသူသာရှိသည်။

သူ့ကို လက်ခံသူတိုသည် အသက်ရှင်ရမည်ဖြစ်ပြီး သူ့ကို လက်မခံသူတွေအဖိုတော့ ကမ္ဘာကြီးပေါ်ကနေ ပျောက်ကွယ်သွားရမည်သာ။

ဘန်း..

တဲထဲတွင် ကွက်လပ်ကြီးဖြစ်ပေါ်လာပြီး မကြာသေးမီက မြင်းတစ်ကောင်ကဲ့သို ပြုမူနေခဲ့သော ဟူတစ်ယောက်သည် အသားလုံးကဲ့သို တဲအပြင်သို့ ခုန်ထွက်လာသည်။

"ငါရဲ့အကျဉ်းသားနှစ်ယောက် အလုပ်လုပ်ဖို့ အချိန်ကျပြီ.. အားရှင်နကျုကန်ကို မင်းနဲ့အတူ ခေါ်သွားပြီး မင်းတို့နှစ်ယောက် ဒီနေ့‌မှာ ခူမော့ရှီနဲ့ ခိုင်ထန် အယောက်နှစ်ရာကို မဖမ်းမိဘူးဆိုရင် နောက်ထပ်လူနှစ်ယောက် ဒီနေ့ ဒီမြောင်းထဲမှာ လဲလျောင်းနေရလိမ့်မယ်.. ထွက်ပြေးဖို အိပ်မက်တောင် မမက်နဲ့.. လွတ်မြောက်ဖို မဖြစ်နိုင်ဘူးဆိုတာ မင်းတို့သိသင့်တယ်"

ထိုအေးစက်စက်လေသံက သဲသဲမဲမဲ ရွာနေသည့် မိုးရေများကြားတွင် အေးစက်စွာ တိုက်ခတ်‌နေသည့် လေအေးတွေထက် ပိုလို့တောင် အေးစက်သွားသကဲ့သို ခံစားလိုက်ရစေသည်။

ကျား..

ဟူနှစ်ယောက်သည် ကျန့်ရှို့ကွေ၏စစ်စခန်းမှ အလျင်အမြန် ထွက်ခွာလာစဉ် ကျီးကန်းတစ်ကောင်သည် မြှားတစ်စင်းကဲ့သို စခန်းထဲမှ ထွက်သွားသည်။ တိမ်တွေအထက် ပျံသန်းရင်း မဟာထန်မြို့တော်သို့ ဦးတည်သွားခဲ့သည်။

အရန်စစ်သူကြီးကျန့်ရှို့ကွေ၊ အရှေ့တိုင်းစစ်ဌာန၊

ကျန့်ရှို့ကွေ၏ပါဝင်ပတ်သက်လာမှုသည် ဟန်စစ်သူကြီးများဘက်တွင် အရေးကြီးသော နောက်ထပ်ကတ်ပြားတစ်ခုဖြစ်လာမှာ သေချာပါသည်။

မဟာထန်၏စစ်တပ်တွင် ကျန့်ရှို့ကွေသည် ကြီးမားသော သြဇာအာဏာကို ကိုင်စွဲထားသူဖြစ်သည်။ ပညာရှင်ဧကရာဇ်၏ လက်အောက်ရှိ လက်ရှိမျိုးဆက်တွင် သူသည် အလယ်ပိုင်းလွင်ပြင်၏ ဒဏ္ဍာရီလာပုဂ္ဂိုလ်နှစ်ဦးထဲမှ တစ်ဦးဖြစ်သည်။

သိုသော်လည်း စစ်တပ်အတွင်းတွင် ကျန့်ရှို့ကွေ၏အထက်၌ ရပ်တည်နေသူတစ်ဦး ရှိနေဆဲဖြစ်ပြီး သူ၏ပံ့ပိုးကူညီမှုများသည် သူ့ထက် အမြဲသာလွန်ခဲ့သည်။

ရိုကျိုးရဲ့ တပ်မှူး၊ အရှေ့တိုင်း ကာကွယ်စောင့်ရှောက်ရေးစစ်တပ်၏ စစ်ဦးစီးမှူး၊ ကျန့်ရှို့ကွေ စာချွန်လွှာသည် တော်ဝင်နန်းတော်ရှေ့တွင် ပေါ်လာပြီး အားလုံးသော လူများက စစ်တပ်တွင်းရှိ ဟန်ခေါင်းဆောင်ကို ချက်ချင်းကြည့်လိုက်ကြသည်။

မဟာထန် တော်ဝင်နန်းတော် အရှေ့ဘက်ခြမ်းရှိ အင်ပါယာ‌စောင့်ရှောက်သူနန်းဆောင်တွင် ဖျတ်လတ်ပြီး စည်းကမ်းတင်းကြပ်ပုံ ပေါက်သော လေးထောင့်ပုံသဏ္ဍာန် မျက်နှာထားဖြင့် ခမ်းနားထည်ဝါလှသော လူလတ်ပိုင်းအရွယ်ယောက်ျားတစ်‌ယောက်သည် ကုတင်ဘေးတွင် ထိုင်ကာ မျက်မှောင်ကြုတ်လျက်ရှိနေသည်။

လူလတ်ပိုင်းအရွယ် အမျိုးသားထံမှ ပြိုင်ဘက်ကင်း အခွင့်အာဏာကို ကိုင်စွဲထားသူဖြစ်ပြီး အမိန့်ပေးသည့်ကွင်းဆက်၏ ထိပ်ပိုင်းတွင် ရပ်နေသူတစ်ဦး၏ အသွင်အပြင်ပုံသဏ္ဍာန်ကို သဘာဝအတိုင်း ထုတ်လွှတ်နေသည်။

သူ မရည်ရွယ်ဘဲ ပြုမူလိုက်သည့်အမူအရာတိုင်းသည် အခြားသူများ၏ နှလုံးသားထဲသို ကြောက်ရွံ့လေးစားခြင်းများ ဖြစ်ပေါ်စေ၏။

ဤလူလတ်ပိုင်းအရွယ်လူထွက်ပေါ်လာသည်နှင့် ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူတို့ခေါင်းကိုမော့ပြီး သူနှင့်မျက်နှာချင်းဆိုင်ဝံ့မည် မဟုတ်ချေ။

ထိုသူကား အိမ်ရှေ့မင်းသား၏နည်းပြဆရာ ဝမ်ကျုံးစီဖြစ်သည်။

ကျန့်ရှို့ကွေ၊ ဖုမန်လင်းချာ၊ ဂိုဆွန်းကျီ၊ ကော်ရှုဟန်နှင့် အန်းစီဟန်တို့သည် မဟာထန်တွင် သြဇာကြီးမားသော ပုဂ္ဂိုလ်များဖြစ်ပြီး ၎င်းတို့၏ လုပ်ဆောင်ချက်တိုင်းသည် ကြီးမားသောဂယက်ကို အလွယ်တကူ ဖြစ်စေနိုင်သည်။

သို့သော် ဝမ်ကျုံးစီသည် သူတို့အားလုံးကို ဖိနှိပ်နိုင်တဲ့သူတစ်ယောက် ဖြစ်သည်။

အကြောင်းပြချက်မှာ ရိုးရှင်း၏။ မြောက်ပိုင်းကြယ်စစ်တပ်၏ လက်ရှိဒုတပ်မှူး ကော်ရှုဟန်ကို သူကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့တာဖြစ်သည်။

ဝမ်ကျုံးစီသည် စစ်တပ်တွင် မည်သည့်ရာထူးမှ မရှိချေ။ တကယ်တမ်းတွင် သူသည် အင်ပါယာဆရာသခင်အဖြစ်သာ တာဝန်ယူပြီး သူ၏စစ်အာဏာကို စွန့်လွှတ်ခဲ့ပြီးဖြစ်သည်။

သို့သော် သူ တစ်ချိန်ကပြုလုပ်ခဲ့သည့် အခန်းကဏ္ဍတိုင်းတွင် မဟာထန်၌ သူ့ထက်သာလွန်သောသူ တစ်ယောက်မှမရှိပေ။ တိုက်ကျိုးတပ်မှုး၊ ဟဲတုန်းတပ်မှုး၊ ယွမ်မော့စစ်သူကြီး၊ ကျိုးယွီလင်စစ်သူကြီး၊ မြောက်ပိုင်းကာကွယ်ရေး စစ်သူကြီး၊ အနောက်တိုင်းကာကွယ်ရေးစစ်သူကြီး၊ အရှေ့တိုင်း ကာကွယ်ရေး ချုပ်၊ တောင်ပိုင်း ကာကွယ်ရေး ချုပ်.. ထိုအရာ အားလုံးကို သူ အရင်က ပြုလုပ်ခဲ့သည်။

သူ၏ပံ့ပိုးကူညီမှုများနှင့် ပတ်သက်၍ မဟာထန်တွင် သူနှင့် နှိင်းယှဉ်နိုင်သောသူ မည်သူမျှ မရှိပေ။

သူသည် အရှေ့တိုင်းကာကွယ်ရေးတပ်မှုး ဖြစ်သောအခါ၊ ခူမော့ရှီနှင့် ခိုင်ထန်များကို ချေမှုန်းပစ်ခဲ့သည်။ သူသည် မြောက်ပိုင်းကာကွယ်ရေးတပ်မှုး ဖြစ်ခဲ့စဉ်က အရှေ့နှင့်အနောက်ပိုင်း တာတာများကို ချေမှုန်းနိုင်ခဲ့ပြီး ၎င်းတို၏စစ်တပ်ကို လုံးဝ အကူအညီမဲ့ဖြစ်စေကာ ထိုဒေသများသို ဆယ်စုနှစ်နှစ်စုစာ ငြိမ်းချမ်းရေး ယူ‌နိုင်ခဲ့သည်။ သူသည် ကန်ရှုပြည်နယ်တွင်ရှိစဉ်က ဝူရှန်း၏ကုန်းမြင့်များအထိ တပ်များကို အကြိမ်ပေါင်းများစွာ ဦးဆောင်ခဲ့ပြီး နှင်းထူထပ်သော တောင်တန်းကြီးများ၏ မြင့်မြတ်သောဘုန်းတော်ကြီးကို သူ့အား ထွက်တွေ့စေခဲ့သည်။

ဝမ်ကျုံးစီ၏ဘဝတစ်ခုလုံးတွင် အနောက်တိုင်းဒေသများရှိ ရှုယမှလွဲ၍ အခြားသူလက်လှမ်းမီသော ရန်သူအားလုံးနီးပါးကို ရင်ဆိုင်ခဲ့သည်။

သိုသော် သူသည် အခြားစစ်သူကြီးများနှင့် မတူပေ။

ဝမ်ကျုံးစီသည် သူ့လုပ်ရပ်များမှ ဂုဏ်သိက္ခာကို မည်သည့်အခါမှ မလိုချင်ခဲ့ဘဲ စစ်ပွဲတိုင်း ပြီးဆုံးသည့်အခါတွင် သူသည် စစ်တပ်အာဏာကို ပြန်ပေးမြဲဖြစ်သည်။ စစ်မြေပြင်တွင် သူသည် ပြိုင်ဘက်ကင်းသော တပ်မှူးတစ်ဦးဖြစ်သော်လည်း သူပြန်လာသည့်အခါတွင် သူသည် သာမာန် မင်းဆရာသခင်အဖြစ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

တခြားစစ်သူကြီးများနှင့် မတူဘဲ ဝမ်ကျုံးစီက စစ်သားများကို စာနာ၏။ သူသည် စစ်ရေးတွင် ကြီးမားသော ပံ့ပိုးကူညီမှုများ ရှိသော်လည်း စစ်ပွဲများကို စတင်ရန် ဆန္ဒမရှိပေ။ ရှောင်နိုင်လျှင် တတ်နိုင်သမျှ ရှောင်သည်။

တစ်ချိန်တည်းမှာပင် ဝမ်ကျုံးစီသည် အနာဂတ်လူငယ်များအား ဤအခွင့်အရေးများကို ပေးလိုစိတ်ရှိခဲ့သည်။ ဤသည်မှာ သူ့ကို တော်ဝင်နန်းတော်၌ လူအများ အလွန်လေးစားနေရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။

ထို့ထက် အရေးကြီးသည်မှာ သူ၏ ပံ့ပိုးကူညီမှုများနှင့် ရန်သူများစွာကို ဖြတ်ကျော်နိုင်ခဲ့ပြီး ဖြစ်သော်လည်း ဝမ်ကျုံးစီသည် ယခုနှစ်တွင်မှ အသက်ငါးဆယ်သာ ရှိသေးသည်။ မလွှဲမရှောင်သာပဲ သူသည် လက်ရှိခေတ်၏ စစ်နတ်ဘုရားဖြစ်သည်။

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အခန်း ၁၇၀ ဝမ်ချောင်၏ မမျှော်လင့်ထားသော ရှာဖွေထားမှု။

“သခင်ကြီး တစ်ယောက်ယောက်က တွေ့ခွင့်တောင်းနေပါတယ်”

ဝမ်ကျုံးစီ တစ်ယောက် အိပ်ရာအစွန်းတွင် မျက်မှောင်ကြုတ်လျက် လေးနက်စွာ ဆင်ခြင်သုံးသပ်နေစဉ်မှာပင် အစိမ်းရောင်၀တ်ရုံကို ဝတ်ဆင်ထားသော အစေခံအဘိုးအိုသည် ဝင်လာခဲ့ပြီး အလည်အပတ် ရောက်ရှိလာသူများ ရှိကြောင်း အကြောင်းကြားလာသည်။

“ဟင်း သူတို့ကို ထွက်သွားခိုင်းလိုက်ပါ.. ငါသူတို့ကို တွေ့ဆုံမှာမဟုတ်ဘူး”

ဝမ်ကျုံးစီ ရင်ထဲတွင် သက်ပြင်းမောကြီး ချလိုက်မိသည်။

ဝမ်ချောင်၏ကိစ္စသည် သူ့အား ဘေးကျပ်နံကျပ်ဖြစ်စေခဲ့သည်။ အခြားသူများနှင့် မတူဘဲ ဝမ်ကျုံးစီသည် ဟူနှင့်ဟန်ကြားတွင် အခြေခံကျသော ခြားနားချက် တစ်စုံတစ်ရာရှိသည် ဟု တွေးထင်မထားခဲ့ပေ။ သူ့ဘဝတစ်လျှောက်လုံး၌ ဟူနှင့်ဟန်စစ်သည်များနှင့်အတူ ထပ်တူထပ်မျှ တိုက်ပွဲဝင်ခဲ့သည်သာ။

ထိုသို့မဟုတ်ခဲ့လျှင် သူသည် ကော်ရှုဟန်ကို ရာထူးတိုးပေးခဲ့မည် မဟုတ်ပေ။

ယခင်က သူနှင့်အတူ တိုက်ပွဲဝင်ခဲ့ဖူးသော ကော်ရှုဟန်၊ ဟူစစ်သူကြီးများနှင့် တပ်မှူးများကို ငြင်းဆိုရန်မှာ မှန်ကန်သော လုပ်ရပ်တစ်ခုဟု သူ မထင်ပေ။ ထို့အတူ ကော်ရှုဟန်ကို ထောက်ပံ့ပြီး ဟန်စစ်သူကြီးများကို ဆန့်ကျင်ရန်မှာလည်း သူ့အတွက် မဖြစ်နိုင်ပေ။

ထို့ကြောင့် ဝမ်ကျုံးစီသည် အကျပ်ရိုက်နေခဲ့သည်။

“ကျန့်လူအိုကြီး.. ငါ့ကိုကူညီပြီး ဒီစာကိုပို့ပေးပါ.. ဒီကလေးရဲ့နှလုံးသားက မဆိုးပါဘူး.. ဒါပေမယ့် အခု ငါလုပ်နိုင်တဲ့အရာဆိုလို့ ဘုရင်မင်းမြတ်ကို ဖြောင်းဖြပြီး သူ့ကိုခွင့်လွှတ်ပေးဖို့ပဲ”

အတန်ကြာတိတ်ဆိတ်နေပြီးနောက် ဝမ်ကျုံးစီသည် သက်ပြင်းချကာပြောလိုက်သည်။

“ဟုတ်ကဲ့ပါ သခင်ကြီး”

အစေခံအိုကြီးသည် ခေါင်းညိတ်ပြလိုက်ပြီး စာကြည့်ခန်းထဲက ထွက်လာလိုက်သည်။

.......

တောင်ပိုင်းကာကွယ်ရေးတပ်မှူး ကျန့်ချိုးကျင်းချုံးနှင့် အရှေ့ပိုင်းကာကွယ်ရေးတပ်မှူးကျန့်ရှို့ကွေတို့၏ ပါ၀င်လာမှုနှင့်အတူ ဟူနှင့်ဟန်အကြား တင်းမာမှုသည်လည်း မြင့်တက်လာခဲ့ရသည်။

ဤကိစ္စတွင် နှစ်ဖက်စလုံးက အလျှော့ပေးဖို့ ဆန္ဒမရှိကြပေ။ အားလုံးက ရှင်းရှင်းလင်းလင်း သိထားကြသည်မှာ နောက်ဆုံးတွင် ပညာရှင်ဧကရာဇ်၏ ဥပဒေနှင့် တော်ဝင်တရားရုံး၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်ဟူ၍ပင်။

သို့တိုင် မွန်းလွဲပိုင်းမှ နေဝင်ချိန်အထိ တော်ဝင်တရားရုံးက မည်သည့်အကြောင်း တစ်စုံတရာမျှ မတုံ့ပြန်ခဲ့ပေ။ ဟန်နှင့်ဟူတို့သည် သူ့ထက်ငါ အလုအယက် စာများပို့နေခဲ့ကြပြီး တော်ဝင်တရားရုံး၌ တောင်ငယ်တစ်ခုကဲ့သို့ ဖြစ်စေခဲ့သော်လည်း၊ မရေမတွက်နိုင်သော သြဇာတိက္ကမ ရှိသည့် အရာရှိများသည် တစ်ဦးကိုတစ်ဦး လည်ပင်း ညှစ်နေကြသော်လည်း၊ ပညာရှင်ဧကရာဇ်ကတော့ ဆုံးဖြတ်ချက်ချကာ တစ်ဖက်ဖက်တွင်ရပ်ရန် ငြင်းဆန်နေဆဲပင်။

ဝမ်ချောင်ကို ကွပ်မျက်ရန်ကိစ္စတွင် ပညာရှင်ဧကရာဇ်က သဘောတူသည်လည်းမဟုတ် သဘောမတူသည်လည်း မဟုတ်သောကြောင့် သူ့၏သဘောထားကို လူတွေက မခန့်မှန်းနိုင်ကြတော့ပေ။

ဤအရာက လူများကို စိတ်ရှုပ်ထွေးကာ တွန့်ဆုတ်စေသည်။

........

“လူကြီးမင်း ဂုဏ်သရေရှိအကြီးအကဲက ဘယ်သူ့ကိုမှ မတွေ့ဆုံဘူး လို့ ငြင်းဆိုထားတာမို့..ခင်ဗျား ပြန်လိုက်သင့်ပြီ”

ညနေစောင်းခဲ့ပြီ၊ မိုးကုတ်စက်ဝိုင်းဆီမှ နေမင်းကြီး၏ နောက်ဆုံးအလင်းရောင်ကလည်း ပျောက်ကွယ်သွားခဲ့ပြီ။ သံရုံးအပြင်ဘက်ရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် ဧကရာဇ်တပ်မှူးတစ်ဦးသည် အပြင်ဘက်တွင် အချိန်အတော်ကြာစောင့်ဆိုင်းနေခဲ့သော ရုန်ကွမ်ရီအား ကိစ္စရပ်တစ်ခုကိ တင်ပြနေသည်။

“သူ ငါ့ကိုတွေ့ဆုံဖို့ငြင်းလိုက်တာ တကယ်လား”

ရုန်ကွမ်ရီသည် အခြေအနေကို နောက်တစ်ကြိမ် ပြန်လည်သုံးသပ်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။

“ဒါအမှန်ပဲ.. ဂုဏ်သရေရှိအကြီးအကဲက နောက်သုံးရက်အထိ ဧည့်သည်အားလုံးကို မတွေ့ဆုံဘူးလို့ ကျွန်တော်တို့ကို အမိန့်ပေးထားခဲ့ပါတယ်.. အဲဒီလူတွေထဲမှာ ခင်ဗျားလည်း ပါပါတယ်”

တပ်မှူးက လေးနက်စွာ ပြောလိုက်သည်။

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ရုန်ကွမ်ရီ တင်းကျပ်စွာ ပိတ်နေသော တံခါးကို စိတ်ရှုပ်ထွေးစွာ တစ်ချက်ကြည့်လိုက်သည်။ သူ ဒီနေရာကို ရောက်လာသည်မှာ ဒုတိယအကြိမ်ဖြစ်ပြီး ဒုတိယအကြိမ်မှာလည်း တွေ့ဆုံရန် ငြင်းဆိုခံလိုက်ရသည်။

ရုန်ကွမ်ရီသည် သံရုံးသို့ လွတ်လပ်စွာ ၀င်ထွက်သွားလာခွင့် ရှိခဲ့သော်လည်း မနေ့ကပင် ထိုအခွင့်အရေးကို ဆုံးရှုံးလိုက်ရသည်။

“ဘာတွေဖြစ်နေတာလဲ.. အဖေက ဘာလို့ ငါ့ကို မတွေ့ချင်ရတာလဲ”

ရုန်ကွမ်ရီ တွေဝေသွားသည်။

ဝမ်ကလန်၏တတိယသားဖြစ်သူ ဝမ်ချောင်နှင့်ပတ်သက်သည့်ကိစ္စရပ်သည် တော်ဝင်နန်းတော်၏ အတွင်းဖက်မှာရော အပြင်ဖက်မှာပါ အကြီးအကျယ် ရုန်းရင်းဆန်ခတ် ဖြစ်စေခဲ့သည်။ ထိုကိစ္စတွင် ဟူနှင့်ဟန် စစ်သူကြီးများ အားလုံး ပါဝင်လာခဲ့ကြသည်။

ထို့ကြောင့် သူ့ဖခင်၏ အမြင်ကို မေးရန်အတွက် သူဒီနေရာကိုလာခဲ့ခြင်းဖြစ်သည်။ သို့သော် သူ့ကိုလည်း ဝမ်ကန်းနှင့် အခြားသူများကဲ့သို့ သံရုံးကတံခါးပိတ်ထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူ့အဖေက သူနှင့်တွေ့ဆုံရန် တစ်ခါမှ မငြင်းဆိုခဲ့ဖူးပေ။ ဒီလို အဖြစ်အပျက်မျိုးကို ပထမဆုံးကြုံတွေ့ရခြင်း ဖြစ်သောကြောင့် ဖိအားတချို့ကို သူခံစားနေရသည်။

“သခင်ကြီး အခု ငါတို့ ဘာလုပ်ကြမှာလဲ”

သူ့ဘေးမှာ ရပ်နေသည့် လက်အောက်ငယ်သားက သူ့ကို မေးလိုက်၏။

“ကဲ အခုလောလောဆယ် ပြန်ကြရအောင်... မနက်ဖြန်မှ ငါတို့ ထပ်လာကြစို့”

ခဏတာ တိတ်ဆိတ်နေပြီးရောက် ရုန်ကွမ်ရီက သူ့လက်များကို ဝှေ့ယမ်းကာ သံရုံးမှ ထွက်ခွာလာခဲ့သည်။

.....

ညသည် နေ့၏အပူရှိန်ကို တဖြည်းဖြည်း ဝါးမြိုလာခဲ့သည်။

အရိပ်များ၏ ဖုံးလွှမ်းမှုအောက်တွင် ညအမှောင်ထုသည် ပို၍ပင် အားကောင်းလာခဲ့သည်။

“အကြီးဆုံးအစ်ကို ဒါက လူကြီးမင်းကျောက်ဖန်ချန်းပါ”

တော်ဝင်နန်းတော်အတွင်းတွင် ည၏ အမှောင်ထုအောက်၌ ဝမ်ချောင်၏ဦးလေးလီလင်း သည် သူ့အနားရှိ ကျောက်ဖန်ချန်းနှင့်အတူ လမ်းလျှောက်လာခဲ့သည်။ ကင်းလှည့်နေသော အင်ပါယာတပ်အဖွဲ့ဝင်များကို အဝေးတွင် တပ်စွဲထားစေခဲ့ပြီး ဤဧရိယာတစ်ခုလုံးကို လီလင်းနှင့်ရှိုးဖန်ရှန် တို့၏ လက်အောက်ငယ်သားများနှင့် အစားထိုးခဲ့သည်။

“သခင်ကြီးဝမ်”

ကျောက်ဖန်ချန်း လမ်းလျှောက်သွားလိုက်သည်။ ဒါက သူ့အတွက် တော်ဝင်တရားရုံး၏ အပြင်ဘက်တွင် ဝမ်ကလန်၏အကြီးဆုံးသားဖြစ်သူ ဝမ်ကန်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။

“ခင်ဗျားကို ဒုက္ခပေးမိပြီ”

ကျောက်ဖန်ချန်းကို ကြိုဆိုရန် ရှေ့သို့လမ်းလျှောက်ထွက်လာရင်း ဝမ်ကန်းသည် စိုးရိမ်ပူပန်မှုများကို သူ့မျက်လုံးထဲတွင် ဖုံးကွယ်ထားခြင်းမရှိပေ။

နန်းတော်တံခါးများက ညဘက်တွင် ပိတ်ထားသော်လည်း အင်ပါယာ၏ အုပ်ချုပ်မှုပိုင်းတွင် ပါဝင်နေကာ တော်ဝင်တရားရုံး၌ ဩဇာရှိပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် ဝမ်ကန်းသည် တော်ဝင်နန်းတော်သို့ ဝင်ထွက်နိုင်သည့် အခွင့်အရေးကို ပိုင်ဆိုင်ထားသောကြောင့် ထိုအရာက သူ့အလုပ်ကို ပိုမိုလွယ်ကူအဆင်ပြေစေသည်။

ဝမ်ကန်းသည် ဤအခွင့်ထူးကို တော်ဝင်နန်းတော်ထဲသို့ ဝင်ရန် အသုံးပြုခဲ့သည်။

သို့ဆိုလျှင်တောင်မှ သူသည် တော်ဝင်နန်းတော်ထဲတွင် အချိန် အကြာကြီးနေလို့မရပေ။

“အရာရှိကျောက် ငါ့တူဝမ်ချောင်နဲ့ပတ်သက်တဲ့ သတင်းတစ်ခုခု ပါလာသေးလား”

ဝမ်ကွမ်းက စိုးရိမ်တကြီး မေးလိုက်သည်။

ဝမ်ချောင်သည် တော်ဝင်အကျဉ်းထောင်တွင် နှစ်ရက်ကြာ အကျဉ်းကျနေခဲ့ပြီး ဝမ်မိသားစုမှ ထွက်ခွာသွားသည့်အချိန်မှစ၍ သူ့နှင့်ပတ်သက်သည့် သတင်းတစ်စုံတစ်ရာမှ မရရှိခဲ့ပေ။ ဝမ်ကန်း ကိုယ်တိုင်တောင်မှ ဤကိစ္စနှင့် ပတ်သက်သော သတင်းအချက်အလက်များကို မစုဆောင်းနိုင်ခဲ့ပေ။

ဒါက သူ့ကို ကြံရာမရဖြစ်စေသည်။

ဦးလေးလီလင်းသည် အင်ပါယာစစ်တပ်တွင် အလုပ်လုပ်ခဲ့ပြီး ကျောက်ဖန်ချန်းနှင့် ရင်းနှီးခဲ့သည်။

တော်ဝင်အကျဉ်းထောင်သည် အင်ပါယာစစ်တပ်နှင့် ဆက်စပ်နေသောကြောင့် နောက်ပိုင်းတွင် ထိုနေရာနှင့် အဆက်အသွယ်တချို့ရှိရန်မှာ အတော်လေးကို ဖြစ်နိုင်ချေရှိသည်။ ထို့ကြောင့် ဝမ်ကန်းသည် သူ၏အကူအညီကို တောင်းခံရန် ဆုံးဖြတ်ခဲ့သည်။

“မရှိဘူး”

မမျှော်လင့်စွာဘဲ ကျောက်ဖန်ချန်းက သူ့ခေါင်းကို ခါလိုက်ကာ ရက်စက်စွာပြန်ဖြေသည်။

“ငါတို့ရဲ့ အင်ပါယာစစ်တပ်ဟာ ထောင်စောင့်တွေနဲ့ နီးစပ်တာကြောင့် ပုံမှန်အားဖြင့် သူတို့ဆီကနေ အတွင်းသတင်းတချို့ကို ရယူဖို့ မခက်ခဲဘူး..ဒါပေမယ့် ဒီတစ်ခေါက် အခြေအနေက နည်းနည်းလေး ထူးခြားပုံပေါ်တယ်..ငါတို့ထဲက ဘယ်သူကမှ တော်ဝင်အကျဉ်းထောင်ကို ချဉ်းကပ်ခွင့်မရှိသလို ထောင်စောင့်တွေကလည်း မြေအောက်အကျဉ်းထောင်ကနေ ထွက်ခွာလာခွင့်မရှိဘူး.. အဆင့်အတန်း ဒါမှမဟုတ် နောက်ခံမခွဲခြားဘဲ ဒီအမိန့်ကို ဖီဆန်သူအားလုံးကို ကွပ်မျက်မယ်လို့ အမိန့်ထုတ်ထားတယ်.. ငါက တော်ဝင်နန်းတော်ထဲ ရောက်နေတာ ဆယ်စုနှစ်များစွာ ရှိနေပြီဆိုပေမယ့် ဒီလိုအခြေအနေမျိုးကို ပထမဆုံးကြုံဖူးတာပဲ.. ဒီကိစ္စနဲ့ ပတ်သတ်ပြီး ထူးခြားတာတစ်ခုခုရှိလိမ့်မယ်”

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ဝမ်ကန်းက ထိတ်လန့်တကြား အော်လိုက်သည်။

ဝမ်ကန်း၏ အမူအရာကိုမြင်တော့ ကျောက်ဖန်ချန်းသည် မတတ်နိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ သူသည် ဝမ်ချောင်အပေါ် အလွန်အကောင်းမြင်စိတ်ရှိပြီး လီလင်းကို သူနှင့်စကားပြောခွင့်ရရန်အတွက် တော်ဝင်နန်းတော်အတွင်းသို့ ခေါ်သွားပေးရန် တစ်ခါက တောင်းဆိုခဲ့ဖူးသည်။ ထို့ကြောင့် သူသည် ဝမ်ချောင်ကို အလွန်အမင်း စိုးရိမ်နေခြင်းပင်။

သို့ပေမယ့် အကြောင်းတစ်စုံတရာကြောင့် ကျောက်ဖန်ချန်းဟာ သြဇာရှိပေမယ့် ဒီတစ်ကြိမ်တွင်တော့ တော်ဝင်အကျဉ်းထောင်ဟာ သူလက်ထဲမှာ မရှိကြောင်း တွေ့လိုက်ရသည်။ တော်ဝင်အကျဉ်းထောင်ဟာ မည်သည့်သတင်းအစအနမျှ ထွက်မလာဘဲ ထိုနေရာတစ်ခုလုံးက တွင်းနက်ကြီးတစ်ခုကဲ့သို့ဖြစ်နေ၏။

“ဒါပေမယ့် အဲဒါက ဖြေရှင်းချက် လုံးဝမရှိတာတော့ မဟုတ်ပါဘူး”

ကျောက်ဖန်ချန်းက ရုတ်တရက် အံကြိတ်ကာ ပြောလိုက်သည်။

“ငါ့ဆီမှာ လက်အောက်ခံ အမှုထမ်းဟောင်းတစ်ဦး ရှိခဲ့ပြီး လက်ရှိ အကျဉ်းထောင်မှာ အစောင့်အဖြစ် တာဝန်ထမ်းဆောင်နေတယ်.. အဲဒီတုန်းက အင်ပါယာစစ်တပ်ရဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်ခဲ့လို့ အသတ်ခံရခါနီးတုန်းက သူ့ကို ငါကယ်တင်ခဲ့တာ... နည်းလမ်းရှာပြီး ငါ့ဆီသတင်းပို့ပေးဖို့ သူ့ဆီ ငါတောင်းဆိုထားပြီးပြီ... အခု ငါတို့ကတိပေးထားတဲ့အချိန်ကို ရောက်တော့မယ်”

“ဂွက်”

ထိုအချိန်တွင် သူတို့အပေါ်မှ အော်သံတစ်ခု ထွက်ပေါ်လာသည်။ အပေါ်ကို မော့ကြည့်လိုက်သည်နှင့် ကွဲပြဲနေသော အတောင်ပံများဖြင့် သူတို့ဆီကို အရိပ်ကြီးတစ်ခု ကျဆင်းလာတာကို တွေ့လိုက်ရသည်။

“အဲဒါက ဇီးကွက်တစ်ကောင်ပဲ”

ဝမ်ကန်းသည် ထိုငှက်ကို ချက်ချင်းမှတ်မိလိုက်သည်။

မဟာထန် တော်ဝင်နန်းတော်သည် ယခင် ရှုတော်ဝင်နန်းတော်၏ အပျက်အစီးနေရာတွင် တည်ဆောက်ထားသည်။ ရှု့မင်းဆက် ပြိုကွဲပြီးနောက် နန်းတော်ဟောင်း၏ အပျက်အစီးများထဲတွင် ကြွက်အများအပြား စုဝေးလာသည်ဟု ဆိုကြသည်။

မဟာထန်တော်ဝင်နန်းတော် စတင်တည်ဆောက်စဉ်က ထိုကြွက်များကို ချေမှုန်းရန် နည်းလမ်းပေါင်းများစွာကို အသုံးပြုခဲ့သော်လည်း အချို့မှာ အသက်ရှင်ကျန်ရစ်နေခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ ဤကြွက်များသည် တော်ဝင်နန်းတော်ထဲတွင် တဖြည်းဖြည်း ကျင့်သားရလာသည်။ သူတို့သည် ပိုကြီးလာပြီး ရဲတင်းလာကာ သိုင်းပညာရှင်တို့၏ ကြီးမားသော ဖိအားများရှေ့တွင်ပင် ပုန်းအောင်း မနေကြတော့ပေ။

ကောင်းကင်သားတော် နေထိုင်ရာ နန်းတော်အလယ်ဗဟိုသို့ မသွားရဲကြသော်လည်း တော်ဝင်နန်းတော်၏ ကြီးမားလှသော အရွယ်အစားကြောင့် သူတို့အတွက် နေရာအလုံအလောက် ရှိပါသေးသည်။

ထို့ကြောင့် ဤကြွက်ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်အတွက် တော်ဝင်နန်းတော်သည် ဇီးကွက်များကို မွေးမြူခဲ့သည်။

ဝမ်ကန်းသည် ဤကောလာဟလကို ကြားသိခဲ့ရသော်လည်း အမှန်တကယ် ဖြစ်လိမ့်မည်ဟု သူ မထင်ခဲ့ပေ။

ဖလက်..

ဇီးကွက်သည် ကောင်းကင်ကို ဖြတ်ပျံသွားကာ သူ၏ခြေသည်းများက ရုတ်တရက် ပြေလျော့သွားသည်။

အနက်ရောင် သွေးစွန်းနေသော တစ်စုံတစ်ခုက မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။ အနီးကပ်မြင်လိုက်ရသည်တွင် ထိုအရာက ကြောင်တစ်ကောင် အရွယ်အစားလောက်ရှိသော ဧရာမ ကြွက်တစ်ကောင်ဖြစ်ကြောင်း တွေ့လိုက်ရသည်။

“အဲဒါ တော်ဝင်အကျဉ်းထောင်က ကြွက်ပဲ”

ကျောက်ဖန်ချန်းသည် ရှေ့သို့ ပြေးထွက်လိုက်ပြီး ကြွက်၏ ဗိုက်ကို လှီးဖြတ်လိုက်သည်။ မျှော်လင့်ထားသကဲ့သို့ပင် အတွင်းထဲ၌ စာလိပ်တစ်ခုရှိနေသည်။ စာပါအကြောင်းအရာများကိုဖတ်ရင်း ကျောက်ဖန်ချန်း ၏မျက်နှာသည် ရုတ်တရက် မည်းမှောင်သွားခဲ့သည်။

“ဒါက ဘယ်လိုဖြစ်ရတာလဲ”

ကျောက်ဖန်ချန်း၏ အမူအရာကိုမြင်သောအခါ ဝမ်ကန်း၏စိတ်နှလုံးတစ်ခုလုံး တင်းကျပ်လာခဲ့သည်။

“ငါ့ရဲ့လက်အောက်ငယ်သားဟောင်းက ထောင်ဧရိယာတခုလုံးကို ရှာဖွေခဲ့ပေမယ့် ဝမ်ချောင်ကို တော်ဝင် အကျဉ်းထောင်ထဲမှာ လုံးဝရှာမတွေ့ခဲ့ဘူး”

“ဘာ”

ဝမ်ကန်း၏မျက်နှာသည် ရုတ်ခြည်း သွေးဆုပ်ဖြူရော်သွားခဲ့သည်။

....

ဝမ်ချောင်သည် တော်ဝင်အကျဉ်းထောင်အတွင်းရှိ အခြေအနေများနှင့် လိုက်လျောညီထွေ ရှိနေပြီဖြစ်သည်။

သူ့လက်များကို ချည်နှောင်ခံထားရပြီး ထိုချည်နှောင်ထားမှုကြောင့် သူ လွတ်လွတ်လပ်လပ်လှုပ်ရှားရန် မဖြစ်နိုင်သော်လည်း သူ့ခန္ဓာကိုယ်အတွင်းရှိ စီးဆင်းနေသော မူလစွမ်းအင်ကိုမူ လုံးဝမဖိနှိပ်နိုင်ကြောင်း သူ နားလည်ထားသည်။

ထို့ကြောင့် ဝမ်ချောင်သည် ဤနေရာတွင် 'ယင်ယန်ငယ်စွမ်းရည်' ကို ဆက်လက်ကျင့်ကြံရန် ရွေးချယ်ခဲ့ပြီး မူလစွမ်းအင်ကို အရှိန်အဟုန်မြင့်စွာ သူ၏ ဂျီဒန်နှင့်စွမ်းအင်ပယ်လယ် ကို ဖြတ်သန်းစေလိုက်သည်။

သူသည် 'ကမ္ဘာကြီးနှင့်တသီးတခြား' ဖြစ်နေသော်လည်း ဝမ်ချောင်သည် 'စစ်သူကြီးတစ်ရာ၏ အသနားခံစာ' ကဲ့သို့သော ထောင်အစောင့်များထံမှ ပြင်ပအခြေအနေနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို လက်ခံရရှိခဲ့သည်။ အရှေ့ပိုင်းကာကွယ်ရေးစစ်သူကြီးနှင့် တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးတို့က သူ့အား ထောက်ခံကြောင်း ဖော်ပြခြင်း၊ တော်ဝင်နန်းတွင်းအရာရှိများအကြားပြင်းထန်သောအငြင်းပွားမှု၊ အငြိမ်းစားအရာရှိများ တော်ဝင်တရားရုံး၌ ရုတ်တရက်ပေါ်လာပြီး ဝမ်ချောင်အား 'တရားရုံးကိစ္စများကို မျက်ကန်းဝင်စွက်ဖက်သည်' ဟုစွပ်စွဲသည့် ကျိုးကျန့်နှင့် အခြားအရာရှိများအား သောက်ခွက်ဖြတ်ရိုက်လိုက်ခြင်းနှင့် မည်သူတစ်ဦးတစ်ယောက်ကမှ သူတို့ကို လက်တုံ့ပြန်ဖို့ လုံးဝ သတ္တိမရှိခြင်း...

ထိုသည်တို့ကိုကြည့်ပြီး ဝမ်ချောင်ဟာ စိတ်သက်သာရာရစွာ သဘောကျရယ်မောမိလိုက်သည်။

လူတော်တော်များများက သူ့အတွက် မတ်တပ်ရပ်ခဲ့ကြသည်လေ။ အနည်းဆုံးတော့ သူယူခဲ့သည့် အန္တရာယ်က အချည်းနှီးမဖြစ်ခဲ့ပေ။

ဤ 'နန်းတော်စောင့်များ' သည်လည်း သူ့ဖက်တွင် ရပ်နေသည်ကို သူမြင်နိုင်သည်။

ဝမ်ချောင်သည် သူဘေးကင်းသည့်အကြောင်းကို သူ့မိသားစုထံ သတင်းပို့ရန် ဤအစောင့်များမှတစ်ဆင့် ကြိုးစားခဲ့သော်လည်း အဆိုပါအစောင့်များက ကြောက်လန့်တကြား ကမန်းကတန်း ခေါင်းယမ်းလိုက်ကြသည်။

နောက်ဆုံးတွင် ဝမ်ချောင်သည် ဤနေရာက သတင်းများသည် တစ်လမ်းသွားသာဖြစ်ကြောင်း နားလည်လိုက်သည်။

“အာ့”

သူ ကျင့်ကြံမှုထဲနစ်မြောနေစဉ်မှာပင် နာကျင်မှုကြောင့် အော်ဟစ်လိုက်သည့်အသံက နံရံမှ ထွက်ပေါ်လာသည်။ ဝမ်ချောင်သည် မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်ရာ သက်ကြီးရွယ်အိုတစ်ဦးကို အမဲဖျက်နေသည့် လူတစ်စုကို တွေ့လိုက်ရသည်။

“မင်း အမှန်အတိုင်းပြောဖို့ ငြင်းဆန်နေတုန်းလား ဟမ်း.. ကောင်းပြီ”

ထိုလူတစ်စုက ရိုက်ပုတ်ကန်ကျောက်လျက် အော်ဟစ်ဆဲဆိုနေကြသည်။

တော်ဝင်အကျဉ်းထောင်သည် မှောင်မိုက်အုံ့မှိုင်းသောနေရာဖြစ်ပြီး ဤနေရာ၌ အချိန်အကြာကြီး ကုန်ဆုံးပြီးနောက်တွင် တစ်ယောက်၏ အမူအကျင့်သည် တဖြည်းဖြည်း ပျက်စီးလာသည်။ ဝမ်ချောင်သည် ထိုကဲ့သို့သော ရက်စက်ကြမ်းကြုတ်သည့်မြင်ကွင်းမျိုးကို အကြိမ်ပေါင်းများစွာ မြင်ဖူးပြီးဖြစ်သည်။

သူလှည့်ကြည့်လိုက်တော့ နာကျင်စွာ ငိုကြွေးသံကို ရုတ်တရက် ကြားလိုက်ရသည်။

“ငါမလိမ်ပါဘူး...ငါတကယ် ကျန်းမုနျန်ပါ...ငါက နန်လင်းမှာ စိုက်ပျိုးရေးအရာရှိတစ်ယောက် သက်သက်ပါပဲ”

ဝမ်း

ထိုအသံသည် တိုးတိုးလေးသာဖြစ်သော်လည်း ဝမ်ချောင်၏ နားထဲတွင်တော့ အလွန်ကျယ်လောင်လှသည်။ သူ့ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ခါလာကာ ခေါင်းကို အမြန်လှည့်လိုက်သည်။

“ဟမ် မင်း ဘယ်လို သောက်ရူးစကားတွေ ပြောဝံ့တာလဲ တော်ဝင်အကျဉ်းထောင်ကို ဘယ်လိုနေရာလို့ မင်းထင်နေတာလဲ.. အဲလို အရာရှိငယ်တစ်ယောက်ကို ဒီနေရာမှာ ချုပ်နှောင်ထားဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. သူ့ကို ရိုက်ကြစမ်း”

ထိုလူအုပ်စုသည် သက်ကြီးရွယ်အိုကို မိုးသီးမိုးပေါက်များကဲ့သို့ ဆက်တိုက်ရိုက်နှက်နေကြသည်။

“ရပ်”

ဝမ်ချောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ မိုးခြိမ်းသံကဲ့သို့သော ကျယ်လောင်သော အသံကြောင့် မြေအောက်အကျဉ်းထောင်ကို တုန်ခါသွားစေခဲ့သည်။ အားလုံးက ခေါင်းကိုလှည့်ပြီး သူ့ကို အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

All Chapters