← Chapters

အခန်း (၁၇၁-၁၇၅)

Vol. 7 Ch. 171-175

အခန်း (၁၇၁-၁၇၅)

Vol. 7 Ch. 171-175

အပိုင်း ၁၇၁

ထိုလူစုကို အေးစက်စွာ ကြည့်လိုက်ပြီး ဝမ်ချောင်က အမိန့်ပေးလိုက်သည်။

ထိုအချိန်တွင် ဧရိယာတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ထောင်စောင့်တွေအားလုံးက ဝမ်ချောင်ကို ကြောက်ရွံ့စွာ စိုက်ကြည့်နေကြသည်။

“ပုပ်စော်နံနေတဲ့ကောင်... ဒါက မင်းဝင်ရောက်စွက်ဖက်ရမယ့် ကိစ္စမဟုတ်ဘူး”

အဖွဲ့ခေါင်းဆောင်က ကျယ်လောင်စွာအော်ဟစ် ကျိန်ဆဲလိုက်သော်လည်း ဝမ်ချောင်၏အကြည့်ကို ရှောင်ရှားရန် ခေါင်းငုံ့လိုက်မိသည်။

“သွားကြရအောင် အဖိုးကြီး ငါတို့ မင်းကို ဒီတကြိမ်လွှတ်ပေးလိုက်မယ်”

သူ၏ဒေါသကိုပြေပျောက်စေဖို့ လူအိုကြီးကို ကြမ်းတမ်းစွာတွန်းထုတ်ရင်း အော်ဟစ်ပြောဆိုလိုက်သည်။

ဝမ်ချောင်သည် ငယ်ရွယ်သော်လည်း ဤတော်ဝင်အကျဉ်းထောင် မှ လူအားလုံးနားလည်ထားသည်မှာ ထိုလူငယ်ကို သွားရှုပ်၍မရ ဟူ၍ပင်။ နောက်ပြီးတော့ ထောင်အစောင့်တွေကလည်း သူ့ကိုမလေးမစား မပြုဝံ့ကြတော့ပေ။

ဤကဲ့သို့သော အသေးအဖွဲကိစ္စအတွက် သူ့လိုလူကိုသွားရှုပ်ရမည်မှာ မတန်ပေ။

ထောင်စောင့်များကို လျစ်လျူရှုကာ ဝမ်ချောင်သည် ညစ်ပတ်ပေရေကာ ဒဏ်ရာရနေသော အရာရှိကို စိတ်ဝင်စားစွာ ကြည့်လိုက်သည်။

“မင်းက ကျန်းမုနျန်လား”

ဝမ်ချောင်သည် အကျဉ်းသားကို ထူးခြားသော အကြည့်ဖြင့် အကဲခတ်လိုက်သည်။

“ဟုတ်ပါတယ် သခင်လေး မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်”

အကျဉ်းသားသည် ယဉ်ကျေးသိမ်မွေ့သောသူတစ်ယောက် ဖြစ်ပုံရပြီး သူသည် အခြေအနေ ဆိုးဝါးနေသော်လည်း ဦးညွှတ်ကာ အလေးအနက် ကျေးဇူးတင်စကားဆိုလိုက်သေးသည်။ သူ့ကိုကြည့်ရသည်မှာ အရိုးနှင့်အရေသာရှိပြီး မျက်နှာတစ်ခုလုံးပေပွနေပေမယ့်လည်း သူ့မျက်လုံးထဲတွင်တော့ စိတ်အားထက်သန်မှုကို တွေ့နေရသည်။

“ကျန့်ဆိုတာက ဦးညွှတ်ခြင်းနှင့်ရှည်ကြာခြင်း၊ မုဆိုတာက ကြည်ညိုခြင်းနှင့် နျန်ကတော့ အသက်အရွယ်”

(ကျန်းမုနျန် အမည်ရဲ့ အဓိပ္ပာယ်ကို ပြောပြနေခြင်းဖြစ်သည်)

ဝမ်ချောင်၏အကြည့်များက ပိုပိုပြီးထူးခြားလာသည်။

“ခင်ဗျားက နန်းလင်ကဖြစ်ပြီး စိုက်ပျိုးရေးအရာရှိတစ်ယောက် ဟုတ်တယ်မလား”

“ဟုတ်ပါတယ်”

ကျန်းမုနျန် စိတ်ဝင်တစားဖြစ်သွားခဲ့သော်လည်း လက်ကိုဆုပ်ထားရင်း ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် ဝမ်ချောင်ကို စတင်အကဲခတ်လိုက်သည်။

“ခင်ဗျားက ရွှေတုံးနှစ်သောင်း အလွဲသုံးစားလုပ်ခဲ့တဲ့အတွက် ဒီနေရာမှာ အဖမ်းခံထားရတာ မဟုတ်လား”

ကျန်းမုနျန်ကို စိုက်ကြည့်ရင်း ဝမ်ချောင် ရုတ်တရက် မေးလိုက်သည်။

“မင်း ဘယ်လိုသိတာလဲ”

ကျန်းမုနျန်သည် အံ့အားသင့်တုန်လှုပ်သွားခဲ့ရကာ သူ၏ပါးစပ်မှ စကားလုံးများ ချက်ချင်းထွက်လာသည်။

ဝှမ်း

ဝမ်ချောင်၏နှလုံးအိမ်သည် ထိတ်ခနဲဖြစ်သွားကာ သူ့စိတ်ထဲသို့ အတွေးများက လှိုင်းလုံးများအလား တိုးဝင်လာသည်။

“တကယ်ကို သူဖြစ်နေတာပဲ”

ဝမ်ချောင်သည် ထိတ်လန့်တကြားနှင့် မယုံကြည်နိုင်စွာ မျက်လုံးများ ပြူးကျယ်သွားရသည်။ စုန့်ဘုရင်ကို ကယ်တင်ရန် တောင်းဆိုခဲ့သည့် ကျန်းမုနျန်သည် သူနှင့်အတူ တူညီသော ထောင်ထဲ၌ ရှိနေမည်ဟု ထင်မထားခဲ့ပေ။

ကျန့်မုနျန်၏ကိစ္စသည် စစ်မှုထမ်းဌာန၏ စီရင်ပိုင်ခွင့်အောက်တွင် ရှိသင့်သည်။ သို့သော် ဘာကြောင့် တော်ဝင်နန်းတော်၏ အကျဉ်းထောင်တွင် ပေါ်လာရသနည်း။ သူသည် စစ်မှုထမ်းဌာန၏ အကျဉ်းထောင်ထဲတွင် ရှိရမည့်အစား တော်ဝင်အကျဉ်းထောင်သို့ ရောက်နေခြင်းမှာ ဖြစ်နိုင်ပါ၏လော။

သို့ပေမယ့် ထိုသည်မှာ မည်သို့ဖြစ်ရပါသနည်း။

ဝမ်ချောင်၏ မျက်လုံးထဲတွင် စိတ်ဝင်စားသည့် အရိပ်အယောင်များ တဖြည်းဖြည်း ပေါ်လာသည်။ သူတွေ့ချင်သောလူသည် ဤနေရာတွင်ရှိနေမည်ဟု ထင်မထားခဲ့ပေ။ ဒါက တိုက်ဆိုင်လွန်းနေသည်။

“သခင်လေး မင်းကဘယ်သူလဲ”

ကျန်းမုနျန်က လေးနက်စွာ မေးလိုက်သည်။ သူ ဘယ်လောက်ပဲ တုံးအနေပါစေ ဝမ်ချောင်က သူ၏ကိစ္စ အတော်များများကို သိနေသည်မှာ ထင်ရှား၏။

“မင်းထွက်သွားချင်လား”

ဝမ်ချောင်က သူ၏အမေးကို အမေးဖြင့် တုန့်ပြန်လိုက်သည်။

“ဟူး.. အဲဒါက ဘယ်လိုလုပ်လွယ်ကူမှာလဲ”

ကျန်းမုနျန်က သက်ပြင်းချလိုက်သည်။

“ဒါက တော်ဝင်အကျဉ်းထောင်ပဲ ဒီကနေ ထွက်သွားဖို့ တစ်ခုတည်းသောနည်းလမ်းက လွှတ်ပေးဖို့ပဲ... ဘယ်သူကမှ သူတို့ ကိုယ်ပိုင်ခြေထောက်နဲ့ ဒီနေရာက ထွက်မသွားနိုင်ဘူး... ဒါပေမယ့် သခင်လေးဆီမှာ နည်းလမ်းရှိရင် ကျေးဇူးပြုပြီး ငါ့ကို အပြင်ထုတ်ပေးပါ”

“ဟဲဟဲ စိတ်မပူပါနဲ့... ငါ မင်းကို အပြင်ထုတ်ပေးဖို့ သေချာပေါက် နည်းလမ်းတစ်ခုရှာမှာပါ”

သူတို့ပြောဆိုနေသည်ကို အခြားသူများက စောင့်ကြည့်နေသည်ကို သတိပြုမိသဖြင့် ဝမ်ချောင် ထိုနေရာတွင် ရပ်ရန် ဆုံးဖြတ်လိုက်သည်။

သူသည် ခေါင်းကို ပြန်လှည့်ကာ သူ၏ 'ယင်ယန်ငယ်စွမ်းရည်'ကို ဆက်လက် ကျင့်ကြံနေသည်။ သူသည် စွမ်းအင်ပင်လယ်မှာ နောက်တစ်ဆင့် တက်တော့မည်ဟု ခံစားနေရသည်။

.....

လသည် ပျောက်ကွယ်သွားပြီး နေထွက်လာသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဝမ်ချောင် တော်ဝင်အကျဉ်းထောင်အတွင်း အချုပ်ကျနေသည်မှာ သုံးရက်မြောက်နေ့သို့ ရောက်ရှိလာသည်။ သို့တိုင် ပညာရှင်ဧကရာဇ်သည် ထိုကိစ္စနှင့် ပတ်သက်၍ သူ၏ရပ်တည်ချက်ကို မကြေငြာခဲ့ပေ။

မရေမတွက်နိုင်သော စာလွှာများသည် တော်ဝင်နန်းတော်အတွင်း ဓားပျံများကဲ့သို့ ပျံဝင်လာခဲ့ပြီး ပညာရှင်ဧကရာဇ်က ၎င်းတို့ကို ငြင်းဆိုခြင်းမရှိပေ။ သို့တိုင် သူက ထိုကိစ္စကို နှုတ်ဆိတ်၍သာနေရန် ရွေးချယ်ဆဲပင်။ ထိုသို့ တုံ့ပြန်မှုမရှိခြင်းက အရာရှိများ အားလုံးကို မွှန်ထူသွားစေခဲ့သည်။

ဝမ်ချောင်ကို ကွပ်မျက်ခြင်းနှင့် ပတ်သက်၍ ထွက်ပေါ်လာသော အသံများက ကျဆင်းမသွားသေးဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူတို့သည် ပို၍ပို၍ပင် ကျယ်လောင်လာသည်။ ဟူစစ်သူကြီးများအားလုံး ထို့အတူ သူတို့အပေါ် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် ဟန်အရာရှိများသည် ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ညှိနှိုင်းမှုကို မလိုလားကြပေ။

အလားတူဝမ်ချောင်ကို ကာကွယ်ပေးကြသည့် ဟန်စစ်သူကြီးကြီးများသည်လည်း ဆုံးဖြတ်ချက် ချခဲ့ကြသည်။ ဝမ်ချောင်ကို ထောက်ခံကြောင်း ဖော်ပြခဲ့သည့် ဟန်စစ်သူကြီးကြီးများသည် ဝမ်ချောင်ကို သူတို့၏စာလွှာတွင် ဖော်ပြခဲ့ကြပြီး ဟူနယ်ခြားစောင့်တပ်များကို ဤပြဿနာနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် စတင်စုစည်းခဲ့ကြသည်။

နယ်စပ်ရှိ စစ်သားအများစုမှာ ဟန်လူမျိုးများဖြစ်ကြပြီး ဟန်စစ်သူကြီးများသည် သူတို့၏ မွန်မြတ်သော ကျင့်ဝတ်သိက္ခာနှင့် သာတူညီမျှမှုကို ပြသသည့်အနေဖြင့် ဟူလူမျိုးတို့ကို ရာထူးတိုးရန် ရွေးချယ်ခဲ့ကြသည်။

သို့သော် ဟူလူမျိုးတို့သည် အခြားဟူများကို မြှင့်တင်ကာကွယ်ရန်သာ ရွေးချယ်ခဲ့ကြသည်။ ထို့ကြောင့် နယ်စပ်ရှိ ဟူတပ်မှူးများ အရေအတွက်သည် တိုးမြင့်လာခဲ့သည်။

ခေါင်းဆောင်တာဝန်ကို ထမ်းဆောင်ရန် အခွင့်အလမ်းမရှိခြင်းကြောင့် မျိုးဆက်သစ် ဟန်စစ်သည်များသည် တိုးတက်ရန် မဖြစ်နိုင်ကြပေ။

ထို့ကြောင့် ဟန်စစ်သူကြီး အရေအတွက်သည် တဖြည်းဖြည်း ကျဆင်းလာသည်။

ဒါသည် ရေရှည်တွင် ဉာဏ်အမျှော်အမြင်ရှိရာ မကျသည့် အမှန်တရားတစ်ခုပင်။ ဝမ်ချောင် ပြောခဲ့သည့်အရာသည် မဟာထန်၌ လက်ရှိဖြစ်ပျက်နေသည့် အမှန်တရားတစ်ခုဖြစ်ပြီး ဥပမာများစွာ ရှိသည်။ ဟန်စစ်သည်များသည် ရန်သူများကို သတ်ဖြတ်ကာ အောင်ပွဲခံရန် စစ်မြေပြင်တွင် သူတို့၏အသက်ကို မြှုပ်နှံထားကြသော်လည်း သူတို့၏ခေါင်းဆောင်သည် ဟူဖြစ်နေလျှင် ကြီးမားလှသော အကျိုးအမြတ်ကို ဟူလူမျိုးက ရရှိမည်ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ ဟန်စစ်သည်များသည် အသားအနည်းငယ်နှင့် ဝိုင်ခွက်အနည်းငယ်သာ ရရှိပေမည်။ တကယ်၍ ဤစက်ဝန်းသည် ထပ်ခါတလဲလဲ ဖြစ်နေခဲ့လျှင် စစ်သားများသည် သူတို့၏ စိတ်ဓာတ်တက်ကြွမှုကို ဆုံးရှုံးစေပြီး သူတို့၏ စွမ်းဆောင်ရည်များ ကျဆင်းသွားကြမည်ဖြစ်သည်။

တစ်နည်းဆိုရသော် သူတို့သည် အောက်ဆုံးအဆင့်၌သာ နေရန် ဆုံးဖြတ်ပေးခဲ့ပြီး ဖြစ်သည်။

ထိုအရာသည် သောက်ကျိုးနည်း လက်ခံနိုင်စရာ အခြေအနေတစ်ရပ် မဟုတ်ပေ။

လက်ရှိအခြေအနေကို ဟန်စစ်သူကြီးများထက်ပို၍ သိသောသူ မဟာထန်နိုင်ငံတွင် မရှိပေ။

မဟာထန်နိုင်ငံ၏ ပိုင်ထင်နှင့် အနောက်ပိုင်းကာကွယ်ရေးစစ်တပ်တို့သည် စစ်ပွဲများ မကြာခဏ တိုက်ခိုက်နေရသဖြင့် လတ်ဆတ်သော ဟန်သွေးစီးကြောင်းများသည် ထိုစစ်စခန်းများသို့ အဆက်မပြတ် သွန်းလောင်းနေရသည်။

မဟာထန်နိုင်ငံတစ်ခုလုံးသည် သူတို့၏အသွေးနှင့်အသားများကို ပြင်ပဟူကို တိုက်ခိုက်ရန် ပေးဆပ်ခဲ့ကြသည်။ သို့တိုင် ထိုတပ်များ၏ ခေါင်းဆောင်အများစုမှာ ဟူသာ ဖြစ်သည်။ ဤအရာသည် အလွန်ပင် သဘာဝမကျသည့်အပြင် စိုးရိမ်စရာလည်း ဖြစ်သည်။

ဟူတို့သည် မိမိတို့၏မြေကို ချုပ်ကိုင်နေသည်ကို ဟန်တို့က မကျေနပ်ကြပေ။

ဟူသည် တိုက်ပွဲတွင် ပိုရဲရင့်၍ ပိုရက်စက်ကြသည်။ ခေါင်းဆောင်ရာထူးကို ပိုအားကောင်းသည့်ဖက်က တာဝန်ယူရသည်မှာ သဘောဝမကျပေဘူးလား။

တော်ဝင်နန်းတွင်း၌ ပညာရှင်ဧကရာဇ်သည် ပလ္လင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေလေသည်။ ပညာရှင်ဧကရာဇ်သည် ထိုအဖွဲ့နှစ်ခုစလုံးကြားမှ ငြင်းခုံမှုများကို အစမှအဆုံးအထိ တိတ်တဆိတ်သာ နားထောင်နေခဲ့သော်လည်း နောက်ဆုံးတွင် ငြင်းခုံမှုများ၏ အရှိန်သည် အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါ ပညာရှိဧကရာဇ်သည် တိတ်တဆိတ် မတ်တပ်ထရပ်ကာ ထွက်ခွာသွားခဲ့သည်။

“ဝမ်ချောင်နဲ့ ပတ်သက်ပြီး မနက်ဖြန်မှာ စီရင်ချက်ချမယ်လို့ ဘုရင်မင်းမြတ်က မိန့်တော်မူတယ်”

ပညာရှင်ဧကရာဇ်ထွက်ခွာသွားသောအခါတွင် တိမ်ပုံများ ရေးဆွဲထားသည့် အဝါရောင်၀တ်မိန်းမစိုးတစ်ဦးသည် တော်ဝင်တရားရုံး၌ ပေါ်လာသည်။ သူ၏စူးရှသောအသံဖြင့် သူသည် ပညာရှင်ဧကရာဇ် ၏ အမိန့်ကို ကြေညာခဲ့သည်။

ဘုန်း..

သူ့အသံက တော်ဝင်နန်းတော်တစ်ခုလုံးကို လောင်ကျွမ်းသွားစေပုံပေါ်ပြီး တင်းမာသည့်လေထုကို နောက်တစ်ဆင့်သို့ မြင့်တက်သွားစေသည်။ ဟန် သို့မဟုတ် ဟူသည် မည်သို့ပင်ဖြစ်စေ မနက်ဖြန်တွင် ကြေညာမည့် ဆုံးဖြတ်ချက်ကြောင့် တုန်လှုပ်သွားကြသည်။

.....

“အဘိုး အစ်ကိုကြီးကို ကယ်မှဖြစ်မယ် အစ်ကိုကြီးက လူဆိုးမဟုတ်ဘူး”

တစ်ချိန်တည်းမှာပင် နန်းတော်အပြင်ဘက်တွင် မထင်ရှားသော နေအိမ်တစ်ခု၌ ငါးနှစ်အရွယ်ကလေးတစ်ဦးသည် စုအိမ်တော်တံခါးရှေ့တွင် ဒူးထောက်ကာ ကျယ်လောင်စွာ အော်ဟစ်နေသည်။

ဒါက ကျန်းကျန်းလေးသည် ဤနေရာတွင် ပေါ်လာသည့် သုံးရက်မြောက်နေ့ဖြစ်သည်။ ကလေးတစ်ယောက်အနေဖြင့် သူ့အတွေးတွေက အပြစ်ကင်းစင်သည်။ သူသိထားသည့်အရာ အားလုံးမှာ ဝမ်ချောင်သည် လူဆိုးတစ်ယောက် မဟုတ်ကြောင်း ပြီးတော့ စုကျန်းချန်က ဝမ်ချောင်ကို ကယ်တင်ရန် စွမ်းအားကို ပိုင်ဆိုင်ထားကြောင်းသာ ဖြစ်သည်။ ထို့ကြောင့် နေ့တိုင်း သူ့နဖူးမှ သွေးများ စီးကျလာသည်အထိ ကြမ်းပြင်ကိုတိုက်ကာ တောင်းဆိုခြင်းဖြစ်သည်။

“ဟင်း.. စိတ်မပူပါနဲ့.. မင်း အစ်ကိုကြီး မသေဘူး”

အချိန် အတော်ကြာပြီးနောက် ရှု့အိမ်တော်၏ တင်းကျပ်စွာ ပိတ်နေသော တံခါးများဘက်မှ အသံအိုကြီးတစ်ခု ထွက်ပေါ်လာသည်။

“အဘိုး”

ကျန်းကျန်းလေးသည် ဝမ်းသာအားရဖြင့် ခေါင်းကို ဆတ်ခနဲ မော့လိုက်သည်။ ဒါသည် စုကျန်းချန်က သူ၏ အသနားခံချက်ကို ပထမဆုံးအကြိမ်အဖြစ် တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

“မင်းအစ်ကိုကြီးက အဆင်ပြေတယ်.. မင်းက တကယ်ကို ဦးနှောက်မရှိတဲ့ကလေးပဲ.. အထဲဝင်ခဲ့”

နောက်ဆုံးတွင် စုအိမ်တော်၏ တင်းကျပ်စွာ ပိတ်ထားခဲ့သော တံခါးများမှ အက်ကြောင်းတစ်ခု ပေါ်လာသည်။ စုကျန်းချန်သည် သူ၏ဖျော့တော့သော လက်များကို ဆန့်ထုတ်လိုက်ပြီး ကျန်းကျန်းလေးကို ဆွဲခေါ်လိုက်သည်။

......

“သခင်ကြီးက မင်းကိုခေါ်နေတယ်”

“ဘာ ငါ အခု သွားလိုက်မယ်”

ရုန်ကွမ်ရီ အံ့အားသင့်သွားသည်။

မနက်ဖြန်သည် ဝမ်ချောင်၏ ရှင်သန်မှုနှင့် ပတ်သက်၍ စီရင်ချက်ချမည့်နေ့ ဖြစ်သည်။ သခင်ကြီးက ရုတ်တရက် ဆင့်ခေါ်လိုက်သောအခါ သူက ဒီကိစ္စနှင့်ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးရန် သခင်ကြီးဆီ ထွက်လာလိုက်သည်။

“ဒီအချိန်မှာ စာလွှာပေးပို့ပြီး ဝမ်ကလန်နဲ့ ဝမ်ချောင်ကို ထောက်ခံအားပေးကြောင်း လူသိရှင်ကြား ကြေငြာလိုက်ပါ”

သခင်ကြီးရုန်သည် အလင်းရောင် မှိန်ပျပျ အခန်းထဲတွင် ထိုင်နေသည်။ ရုန်ကွမ်ရီကို တွေ့လိုက်သည်နှင့် ချက်ချင်းပင် သူ၏ရည်ရွယ်ချက်ကို ထုတ်ပြောလိုက်သည်။

“ဘာ”

ရုန်ကွမ်ရီ အံ့သြသွားသည်။

“ဒါပေမယ့် ဝမ်ကလန်က ငါတို့ရန်သူပဲ.. ငါတို့က သူတို့ကို မဆန့်ကျင်ဘူး.. ဒါပေမယ့် ငါတို့က ဘာလို့ သူတို့ကို ထောက်ခံရမှာလဲ”

ရုန်ကွမ်ရီစိတ်ဝင်စားသွားခဲ့သည်။

“ဟမ် ဒါဆို မေးပါရစေ.. ချီဘုရင်ရဲ့ ရည်ရွယ်ချက်အောက်မှာ မင်းက ဟူစစ်သူကြီးတွေနဲ့ ဝမ်ချောင်ကို ကွပ်မျက်ဖို့ ထောက်ခံကြောင်း ကြေညာစေဖို့ လွန်ခဲ့တဲ့ရက်အနည်းငယ်က ငါ့ကိုစည်းရုံးဖို့ လာခဲ့တာပေါ့”

ပြန်ဖြေရမည့်အစား လူကြီးမင်းရုန်က သူ့မေးခွန်းကို ပြန်မေးလိုက်သည်။

“ဒါ.. ဟုတ်တယ် ဒါ တကယ်ပဲ ချီဘုရင်ရဲ့ ရည်ရွယ်ချက်ပါ”

ရုန်ကွမ်ရီက တိတ်သွားပြီးနောက် ခေါင်းငုံ့လိုက်သည်။ ခဏအကြာတွင် နောက်ဆုံးမှာ သူက ခေါင်းညိတ်လိုက်သည်။ သခင်ကြီးသည် ဉာဏ်ကောင်းသောသူဖြစ်၍ သူ့ကို လိမ်ဖို့ မဖြစ်နိုင်ပေ။

“ဒါပေမယ့် ငါတို့ ဒီလိုလုပ်မယ်ဆိုရင် ချီဘုရင်ကို ဆန့်ကျင်ရာမရောက်ဘူးလား”

ရုန်ကွမ်ရီ၏ မျက်နှာပေါ်တွင် အခက်တွေ့နေသည့်ပုံပေါ်လာသည်။

ဟူအား အပြင်းအထန် ထောက်ခံသူဖြစ်သလို ယခုတခေါက် ဝမ်ချောင်ကို အပြင်းထန်ဆုံး ဆန့်ကျင်သူမှာ ချီဘုရင် ဖြစ်သည်။

“မင်း ငါ့ရဲ့စကားတွေကို ချီဘုရင်ကို ပြန်ပြောပြခဲ့တာလား”

“ဟုတ်ကဲ့”

ရုန်ကွမ်ရီက ထိုကိစ္စကို မငြင်းပေ။

“အံ့ဩစရာမရှိပါဘူး”

လူကြီးမင်းရုန်က သူထင်ထားသည့်အတိုင်း ဖြစ်ကြောင်း ပြသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ ဝမ်ချောင်သည် သူ၏အကြံအစည်များကို ဖျက်ဆီးခဲ့သူ ဖြစ်သည်ကို သိရှိပြီးနောက် ချီဘုရင်သည် သူ့အား လွတ်မြောက်အောင် ထားရန် မဖြစ်နိုင်ပေ။

“ကွမ်ရီ မင်းသိထားရမယ်... ဒီကိစ္စက ငါတို့ ချီဘုရင်နဲ့ ဆန်ကျင်ဖက်မှာ ရပ်ချင်တာ မရပ်ချင်တာနဲ့ မဆိုင်ဘူး... ဒါပေမယ့် ချီဘုရင်က ဘုရင်မင်းမြတ်ကို ဆန့်ကျင်ပြီး ရပ်ချင်တာလား မရပ်ချင်တာလားနဲ့ဆိုင်တယ်”

“အာ”

“ကွမ်ရီ မင်း နားမလည်သေးဘူးလား... ငါတို့ထောက်ခံနေတဲ့သူက ဝမ်ကလန် မဟုတ်ဘူး၊ ဘုရင်မင်းမြတ်... ဘုရင်မင်းမြတ်က ဝမ်ချောင်ရဲ့သေခြင်းကို မလိုလားသရွေ့ ဘယ်သူကမှ သူ့ကို မထိနိုင်ဘူး”

သခင်ကြီးရုန် သက်ပြင်းချလိုက်သည်။

“ဒါပေမယ့် ဘုရင်မင်းမြတ်က ဒီကိစ္စကို မစဉ်းစားသေးဘူး မဟုတ်လား”

ရုန်ကွမ်ရီက သံသယစိတ်ဖြင့် မေးလိုက်သည်။

“ဟား ဟား.. ဘုရင်မင်းမြတ်ရဲ့ အကြံအစည်တွေက ခန့်မှန်းရခက်တယ်... သူက တကယ်ပဲ ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ ဧကရာဇ်တစ်ပါးနဲ့ ပိုတူလာတယ်... သူက အရင်တုန်းက အိမ်ရှေ့မင်းသား မဟုတ်တော့ဘူး”

လူကြီးမင်းရုန် ရုတ်တရက် သက်ပြင်းချလိုက်သည်။

“အစကတည်း က ဘုရင်မင်းမြတ်ရဲ့ ရည်ရွယ်ချက်တွေကို ငါသိပ်မသေချာခဲ့ဘူး..အဲဒါက မင်းနဲ့တွေ့ဖို့ ငြင်းဆိုရတဲ့ အကြောင်းရင်းပဲ...ဒါပေမယ့် လွန်ခဲ့တဲ့ သုံးရက်အကြာက ဘုရင်မင်းမြတ်ရဲ့ ရည်ရွယ်ချက်တွေကို ငါ အတည်ပြုလိုက်နိုင်တယ်... ဝမ်ချောင်ကသေမှာမဟုတ်ဘူး”

“အဖေ ကျေးဇူးပြုပြီး ငါ့ကို အလင်းပြပါဦး”

ရုန်ကွမ်ရီ မတ်တပ်ထရပ်လိုက်ပြီး လေးလေးနက်နက် ဦးညွှတ်လိုက်ကာ စိတ်အားထက်သန်ပြီး နှိမ့်ချသော ကျောင်းသားတစ်ဦးကဲ့သို့ ပြုမူလိုက်သည်။

“ဟဲဟဲ နားမလည်သေးဘူးလား ဘုရင်မင်းမြတ်က ပြတ်သားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်... တစ်ခုခုကို ဆုံးဖြတ်ပြီးတာနဲ့ အဲဒီအစီအစဉ်ကို ဘယ်သူကမှ မတားနိုင်ဘူး... ဘုရင်မင်းမြတ် ဝမ်ချောင်ကိုသတ်ချင်ရင် အခုအချိန်အထိ စောင့်ဖို့ လိုမလား”

အဖိုးကြီးက သူ၏ လမ်းလျှောက်တုတ်ကို ပေါ့ပါးစွာ ပုတ်ထုတ်လိုက်ပြီး ထိုအရာက ရုန်ကွမ်ရီရှေ့မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။

တောင်..

ထိုစကားများသည် ရုန်ကွမ်ရီ၏ မျက်လုံးများကို ဖုံးအုပ်ထားသော ပုဝါစကို ဖယ်ရှားပစ်လိုက်သလိုပင်။ တခဏချင်းပင် ရုန်ကွမ်ရီ၏ စိတ်ထဲက ရှုပ်ထွေးနေသည့် ခံစားချက်များ အားလုံး ပျောက်ကွယ်သွားသည်။

“အဖေ့ရဲ့အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော် အခု နားလည်ပါပြီ”

ရုန်ကွမ်ရီက လေးစားစွာ ဦးညွှတ်သည်။ တစ်ခါတရံတွင် အခြားသူ၏စကားများက အခြေအနေတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း ဖြစ်သွားစေနိုင်သည်။

သူ၏ဖခင်သည် ပညာရှင်ဧကရာဇ်ကို ဆယ်စုနှစ် လေးခုကျော် အမှုထမ်းခဲ့သည်။ ရုန်ကွမ်ရီသည် ဤကိစ္စနှင့် ပတ်သက်၍ သူ့အဖေက လွဲမှားရန် မဖြစ်နိုင်ကြောင်း သိသည်။

“ဒါပေမယ့် အဖေပြောတာမှန်ရင် ဧကရာဇ်က နယ်စပ်က ဟူစစ်သူကြီးတွေကို ဘယ်လိုဖြေရှင်းချက်ပေးမှာလဲ”

“ဟား ဟား... အဲဒါကို ဘုရင်မင်းမြတ်က ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။”

သခင်ကြီးရုန် က အေးအေးဆေးဆေး ပြန်ဖြေသည်။

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အပိုင်း ၁၇၂

ဟူး.. လား လား..

ခြေသံများစွာ၏ အသံကြောင့် ဝမ်ချောင် နိုးလာသည်။ ထိုခြေသံများထဲမှ ထူးထူးခြားခြား အားကောင်းပြီး ကြည်လင်ပြတ်သားသော အသံထုတ်လွှတ်နေသည့် ခြေသံတစ်ခုရှိသည်။

သူ့ခေါင်းကို မော့ကြည့်လိုက်သည်တွင် တော်ဝင်အကျဉ်းထောင်၏ မှောင်မဲနေသော လျှောက်လမ်းအဆုံး၌ တောက်ပနေသော အလင်းရောင်ကို မြင်လိုက်ရသည်။

ဝမ်ချောင်သည် ဤကဲ့သို့သော အငွေ့အသက်မျိုးကို အရင်က တစ်ခါမှ မခံစားခဲ့ဖူးပေ။

ခမ်းနားခြင်း၊ အင်အားကြီးခြင်းနှင့် အလင်းရောင်ဖြာထွက်နေခြင်းက ကမ္ဘာပေါ်သို့ အလင်းရောင်ဖြန့်ကျက်နေသော နေတစ်စင်းကဲ့သို့ပင်။

“သူတို့က ဘယ်သူတွေလဲ”

ဝမ်ချောင် အံ့အားသင့်စွာဖြင့် မျက်လုံးပြူးသွားခဲ့သည်။

တစ်ခဏ အတွင်းမှာပင် တိမ်ချယ်ဖိနပ်တစ်ရံ ဝမ်ချောင် ရှေ့တွင် ပေါ်လာသည်။ ဖိနပ်ပိုင်ရှင်မှာ တိမ်ချယ်ထားသော အဝါရောင်၀တ်စုံကို ၀တ်ဆင်ထားကာ ပိန်သွယ်ရှည်လျားသော မိန်းမစိုးတစ်ယောက်ဖြစ်သည်။

သူသည် အလွန်ပိန်သွယ်လှပြီး မေတ္တယျမြတ်စွာကို သတိရစေသည်။

သူ့နောက်တွင် အခြားမိန်းမစိုးများ၊ တော်ဝင်အမှတ်အသားပါ ရဲမတ်များနှင့် ထောင်စောင့်များ အများအပြား ရှိနေသည်။ အားလုံးက သူ့ကို သူတို့ရဲ့ ခေါင်းဆောင်လို့ မှတ်ယူထားပုံရသည်။

“ဒီလူက...”

ဤပိန်ပိန်သွယ်သွယ်နှင့် ဖော်ရွေပုံပေါ်သော မိန်းမစိုးကို ရှုပ်ထွေးစွာ စိုက်ကြည့်ရင်းဝမ်ချောင်၏ မျက်ခုံးများ တွန့်သွားသည်။ သူ့အရင်ဘဝကပဲဖြစ်ဖြစ် လက်ရှိဘဝပဲဖြစ်ဖြစ် ဒီလူကို တစ်ခါမှမတွေ့ဖူးပေ။

မည်သို့ပင်ဆိုစေကာမူ ဝမ်ချောင်၏ မသိစိတ်က ဤလူတွင် ကြီးမားသော နောက်ခံရှိကြောင်းကို ပြောပြနေသည်။

“ဟဲဟဲ ဝမ်သခင်လေး ဝေဒနာတွေခံစားခဲ့ရပြီ... ဘုရင်မင်းမြတ်ရဲ့ ကိုယ်စား မင်းဆီကိုလာတွေ့တာပါ”

ပိန်လှီသော မိန်းမစိုးသည် သူ့မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးဖြင့် ဝမ်ချောင်၏ အချုပ်ခန်းဆီသို့ လျှောက်လာသည်။ သူသည် တစ်ယောက်ကို သူ၏ဆွေမျိုး သို့မဟုတ် အပေါင်းအဖော်ကဲ့သို့ သူနှင့်ရင်းနှီးစွာ ခံစားစေနိုင်သည့် ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်ထားပုံရသည်။

“ကုန်းကုန်းက ယဉ်ကျေးလွန်းနေပါပြီ”

ဝမ်ချောင်က စိတ်တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သော်လည်း ထူးဆန်းသည့် ခံစားချက်တစ်ခုက သူ့နှလုံးသားထဲသို့ တိုးဝင်လာသည်။

“ဟဲဟဲ သခင်လေး ဒီမှာနေရတာဘယ်လိုနေလဲ”

မိန်းမစိုးက မေးလိုက်သည်။

“ကုန်းကုန်းက ဘယ်လိုထင်လဲ”

ဝမ်ချောင်က ခါးသီးစွာ ပြုံးပြလိုက်သည်။

“ဟဲဟဲ... မင်းလိုလူငယ်တွေ အတွက်တော့ ဒီလိုဒုက္ခလေးက ဘာမှမပြောပလောက်ပါဘူး... နာကျင်မှုတချို့ကို ခံစားရပြီးမှသာ ကြီးမားတဲ့တာဝန်တွေကို ယူနိုင်မှာဖြစ်တယ်”

ပိန်ပိန်ပါးပါး မိန်းမစိုးသည် မှောင်မိုက်နေသော တော်ဝင်အကျဉ်းထောင် ပတ်ပတ်လည်ကို ကြည့်ပြီး ရယ်မောလိုက်သည်။

သေချာပေါက် အဲဒီလိုပြောဖို့က မင်းအတွက် လွယ်တာပေါ့။

—— ဒါက ဝမ်ချောင်၏စိတ်ထဲတွင် တွေးလိုက်မိခြင်းပင်။

ဒီလိုဆိုရင်တောင်မှ ဝမ်ချောင်က ဒီမိန်းမစိုးအပေါ် အကောင်းမြင်စိတ်ရှိ၏။

“သခင်လေး အစားအသောက်တွေက အဆင်ပြေရဲ့လား”

မိန်းမစိုးကြီးက ဆက်မေးသည်။

“အစားအသောက်က မဆိုးပါဘူး”

ဝမ်ချောင် ခေါင်းညိတ်လိုက်သည်။ တော်ဝင်အကျဉ်းထောင်ရှိ အကျဉ်းသားများအတွက် သတ်မှတ်ထားသော အစားအစာမှာ စားကြွင်းစားကျန်များသာဖြစ်ပြီး တစ်ခါတစ်ရံတွင် မှိုတက်နေသည့်တိုင် ဝမ်ချောင်သည် ထိုကဲ့သို့ မမျှတမှုကို တစ်ခါမျှ မခံစားခဲ့ရပေ။

ကျိုးရှင်းသည် ဝမ်ချောင်အတွက် အထူးသီးသန့် ဖြစ်သော ဟင်းတစ်နပ် အမြဲပို့ပေးသည်။ ဤသည်မှာ ဝမ်ချောင်က ဤနေရာတွင် ခံနိုင်ရည်ရှိနေရသည့် အဓိကအကြောင်းရင်းထဲကတစ်ခု ဖြစ်သည်။

“အဲဒါကောင်းတယ်”

ပိန်ပိန်ပါးပါး မိန်းမစိုးက ခေါင်းညိတ်လိုက်သည်။ သူက အကြောင်းအရာ အစုံအလင်ကို ဆက်မေးပြီး ဝမ်ချောင်က မလိုလားပေမယ့်လည်း မေးခွန်းတွေကို တစ်ခုပြီးတစ်ခု စိတ်ရှည်လက်ရှည် ဖြေပေးခဲ့သည်။

ယင်းအကြီးအကဲက သူ အရင်တွေ့ဖူးသည့် အခြားသူတွေနှင့် ကွာခြားသည်ဟု သူ ခံစားရသည်။

“ဟဲဟဲ... လုံလောက်ပြီမို့ ဒါတွေကို ဘုရင်မင်းမြတ်ဆီ တင်ပြလိုက်မယ်။ ကောင်လေးတို့”

ပိန်ပိန်ပါးပါး မိန်းမစိုးက ရုတ်တရက် လက်ခုပ်တီးလိုက်ပြီး သူ့နောက်က အစောင့်တွေကြားထဲတွင် ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့သည်။ ဤအခိုက်အတန့်၌ ဝမ်ချောင်က အဖွဲ့နောက်ကွယ်တွင် ပုန်းနေအောင်းနေသည့် နန်းတော် အစေခံနှစ်ယောက်ကို သတိထားမိလိုက်သည်။

သူတို့၏ ပုကွသော အရပ်များဖြင့် အင်ပါယာအမှတ်အသားပါရဲမတ်များ၏ နောက်ကွယ်၌ ပုန်းခိုနေသောကြောင့် ဝမ်ချောင်သည် သူတို့အား အစောပိုင်းတွင် သတိမပြုမိခဲ့ပေ။

“ဒီလူ... သူတကယ်ပဲ နန်းတွင်းအစေခံတွေကို ဒီကိုခေါ်လာခဲ့တာပဲ”

ဝမ်ချောင် သည် သူ့ရှေ့ရှိ မိန်းမစိုးကို အံ့သြစွာ ကြည့်လိုက်မိသည်။ တဖက်လူ၏နောက်ခံအပေါ် သူ၏ စူးစမ်းလိုစိတ်များ ပိုတိုးလာသည်။ ပြစ်ဒဏ်စီရင်ရေးဌာနလက်အောက်ရှိ အကျဉ်းထောင်သည်ပင်လျှင် အမျိုးသမီးများကို ခေါ်ဆောင်ခြင်းမပြုရန် တားမြစ်ထားသည်။

ဒီမိန်းမစိုးက နန်းတော်က နန်းတော်အကူတွေကို ခေါ်ယူနိုင်ခဲ့တာက သူက သာမာန်လူတစ်ယောက် မဟုတ်ဘူးဆိုတာကို ပြနေတာပဲ။

“ဝမ်သခင်လေး တော်ဝင်အကျဉ်းထောင်က အေးတယ်... ဒီဆေးတွေက ဘုရင်မင်းမြတ်ရဲ့ စေတနာတွေပါ... ဒါကြောင့် ရှက်ကြောက်မနေဘဲ အားမနာစတမ်း အသုံးပြုပါ”

မိန်းမစိုးက ပြောသည်။

နန်းတော်အစေခံနှစ်ယောက်သည် လက်ထဲတွင် ငွေပန်းကန်ပြားတစ်ခုစီကိုင်ဆောင်ထားကြကာ ဆေးများသိမ်းဆည်းရာတွင် အသုံးပြုသည့် ပိုးသေတ္တာများကို ငွေပန်းကန်ပြားပေါ် တင်ထားသည်။

အဖုံးများကို တင်းကြပ်စွာပိတ်ထားသော်လည်း အတွင်းမှဆေးများသည် သာမန်မဟုတ်ကြောင်း ဝမ်ချောင်က ခံစားသိနိုင်သည်။

ဝမ်ချောင်၏ အသိဉာဏ်သည် နက်နဲလှသည်။ ဤနောက်ကွယ်ရှိ ပိန်ပိန်ပါးပါးမိန်းမစိုး၏ ရည်ရွယ်ချက်ကို သူ နားမလည်နိုင်တော့ပေ။ ဒီဆေးနှစ်လုံးကို သူ့ဆီပို့ပေးဖို့ သူဒီကိုရောက်လာတာလား။

“ကျေးဇူးတင်ပါတယ်ကုန်းကုန်း”

ဝမ်ချောင်သည် ဟိတ်ဟန် ထုတ်မနေတော့ပေ။ သူ့လက်ကို ဆန့်ထုတ်ကာ ငွေပန်းကန်ပြားပေါ်ရှိ ပိုးသေတ္တာနှစ်လုံးကို ကိုင်လိုက်သည်။

ဒက် ဒက် ဒက်

ဝမ်ချောင်က ပိုးသေတ္တာများကို ယူလိုက်သည်နှင့် တပြိုင်နက် ခြေသံများ ထွက်ပေါ်လာသည်။ လျှောက်လမ်းအဆုံးမှ အင်ပါယာအဆောင်အယောင်များဖြင့် ရဲမတ်တစ်ယောက် ပြေးလာနေသည်။

“ဂိုကုန်းကုန်း…”

ထိုလူက ထောင်ပတ်ပတ်လည်ကို ကြည့်လိုက်ရာ မိန်းမစိုးကို မြင်သည်၌ သူသည် လျင်မြန်စွာ လှမ်းတက်သွားပြီး နားနားသို့ကပ်ကာ တိုးတိုးလေး တီးတိုးပြောလိုက်သည်။

ဝှမ်း

ထိုသူ၏ စကားကိုကြားတော့ ဝမ်ချောင်၏ နှလုံးခုန်သံမြန်သွားခဲ့ပြီး သူ၏ခေါင်းကို မော့ကာ မိန်းမစိုးကို နောက်တစ်ကြိမ် အကဲခတ်လိုက်သည်။

“အဲဒါ သူပဲဖြစ်ရမယ်”

ဝမ်ချောင်၏ စိတ်ထဲတွင် ကြီးမားသော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ နောက်ဆုံးတွင် သူသည် သူ့ရှေ့ရှိ လူ၏အမည်ကို သိလိုက်သည်။ ဘုရင်မင်းမြတ်ကို ကိုယ်စားပြုသည်ဟု ပြောခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။

သူသည် နန်းတွင်းမိန်းမပျိုအစေခံများကို တော်ဝင်အကျဉ်းထောင်သို့ အဘယ်ကြောင့် ခေါ်ဆောင် လာနိုင်သည်မှာလည်း အံ့သြစရာမဟုတ်တော့ပေ။

ဝမ်ချောင်သည် တော်ဝင်အကျဉ်းထောင်တွင် ဤကဲ့သို့ ဒဏ္ဍာရီထဲမှ လူတစ်ယောက်ကို မြင်တွေ့ရမည်ဟု မမျှော်လင့်ခဲ့ပေ။

“ကုန်းကုန်း”

ဝမ်ချောင်အလျင်အမြန်ပြောလိုက်သည်။

“ကျွန်တော် ခင်ဗျားကို တစ်ခုလောက်တောင်းဆိုလို့ရမလား”

လုံးဝ ထင်မထားဘဲ စကားသံထွက်ပေါ်လာသည်။ တစ်ခဏချင်းမှာပဲ လူတိုင်းအကြည့်က ဝမ်ချောင်အပေါ်ကို ကျရောက်သွားသည်။ ယခုလေးတင် အပြေးအလွှား ရောက်လာသည့် နန်းတော်အစောင့်တောင်မှ သူ့ခေါင်းကို တွေဝေစွာဖြင့် လှည့်ကြည့်လာသည်။

“အိုး သခင်လေး အားမနာပါနဲ့ ပြောပါ”

မိန်းမစိုး၏ မျက်ခုံးများ အနည်းငယ် လှုပ်ရှားသွား၏။ သူ့မျက်နှာတွင် အံ့အားသင့်နေသည့် အကြည့်တစ်ခု ပေါ်လာသော်လည်း စိတ်ဝင်စားသည့်ဖက်သို့ တဖြည်းဖြည်း ပြောင်းသွား၏။။

“ကုန်းကုန်း ခင်ဗျား သူ့ကို ကယ်ထုတ်ဖို့ နည်းလမ်းရှာနိုင်မလား”

ထိုစကားကိုပြောနေစဉ် ဝမ်ချောင်သည် မကြာသေးမီက သူ့ဘေးတွင် သော့ခတ်ထားသော ကျန်းမုနျန်ကို လက်ညှိုးထိုးပြသည်။

ဤစကားများသည် ကျန်းမုနျန်ကို အံသြသွားစေသည်။ အခြေအနေကို စောင့်ကြည့်နေသော အခြားအကျဉ်းသားများမှာလည်း ကြက်သေသေသွားကြသည်။

“မလုပ်နဲ့ ငါလည်း ဒီမှာရှိတယ်.. ဝမ်သခင်လေး ငါ့ကိုလည်း လွှတ်ပေးဖို့ တောင်းဆိုပေး”

“သူ့ကို ဘာလို့ လွှတ်ပေးရမှာလဲ သူ့အစား ငါထွက်ပါရစေ... ငါက ပိုထိုက်တန်တယ်”

“သခင် ငါ့ကိုကယ်ပါ... ငါ ဘာအမှားမှမကျူးလွန်ခဲ့ပါဘူး.. ငါက သေဖို့ မထိုက်တန်သေးဘူး... အပြင်ထွက်ချင်တယ်”

.....

အကျဉ်းသားများက ချက်ချင်း ဝုန်းခနဲ ထပြေးလာကာ အရူးအမူး အော်ဟစ်နေကြသည်။

“ဟမ်”

မိန်းမစိုး၏ မျက်ခုံးများ တွန့်ချိုးကာ မျက်လုံးများ အေးစက်သွားခဲ့သည်။ ရုတ်တရက် တော်ဝင်အကျဉ်းထောင် တွင် အပူချိန် ကျဆင်းသွားခဲ့သည်။ ဆူညံအော်ဟစ်နေကြသော အကျဉ်းသားများသည် ရုတ်တရတ် ငြိမ်ကျသွားပြီး သူတို့၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။

“သခင်လေး ငါ သူ့ကို ဘာလို့ကယ်သင့်သလဲဆိုတာ မင်းပြောနိုင်မလား”

မိန်းမစိုးက ဝမ်ချောင်ကို စိတ်ဝင်တစားနဲ့ လှည့်ကြည့်လာသည်။ ဝမ်ချောင်၏ စကားများက သူ၏စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့သည်မှာ ထင်ရှားသည်။

အင်ပါယာအကျဉ်းထောင်တွင် ပိတ်လှောင်ခံထားရသော်လည်း သူ့ကိုယ်သူ ကယ်တင်မည့်အစား အခြားသူတစ်ဦးကို ကယ်တင်ရန် တွေးနေခဲ့သည်။ ဤအရာက သူ၏ သိချင်စိတ်ကို နိုးဆွနိုင်ခဲ့သည်။

“ဒါကဘာကြောင့်လဲဆိုတော့ ဒီလူက တော်ဝင်နန်းတော်ကို အများကြီး အကျိုးပြုလိမ့်မယ်”

ဝမ်ချောင်က အားတက်သရော ပြန်ပြောသည်။

“အိုး”

နောက်ဆုံး၌ ပိန်ပိန်ပါးပါး မိန်းမစိုး၏ မျက်လုံးထဲတွင် လေးနက်မှုများ ပေါ်လာသည်။ ပထမဆုံးအကြိမ်အဖြစ် ကျန်းမုနျန်ကို သေချာအကဲခတ်ကြည့်လိုက်သည်။ နောက်မှ သူ့မျက်လုံးများ ပြူးကျယ်သွားရကာ သူ၏ အံအားသင့်မှုသည် ဤနေရာရှိ အခြားသူများထက် အားနည်းပုံမပေါ်ပေ။

“သခင်လေး မင်းငါ့ကို အကြောင်းပြချက်ပြောပြနိုင်မလား”

မိန်းမစိုးက မေးလိုက်သည်။

အကယ်၍ ထိုစကားများကို အခြားသူတစ်ဦးမှ ပြောလာခဲ့မည်ဆိုလျှင် သူရယ်မိမည်ဖြစ်သည်။ သို့သော် သည်လူငယ်ကတော့.. တစ်ဖက်လူရဲ့ အံ့ဩစရာကောင်းတဲ့ လုပ်ရပ်တွေကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရပြီးနောက်မှာ သူ့စကားများကို သူ လျှော့မတွက်ရဲတော့ပေ။

အထူးသဖြင့် 'ဒီလူက အင်ပါယာကို အများကြီး အကျိုးပြုလိမ့်မယ်' လို့ ဝမ်ချောင် ပြောပြီးနောက်တွင် ဖြစ်သည်။

“အခုတော့ ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်သေးဘူး... ကုန်းကုန်းက ကျွန်တော့်ကို ယုံကြည်လိမ့်မယ်လို့ပဲ မျှော်လင့်မိတယ်... ဒါ့အပြင် သူက ဒီမှာမရှိသင့်ဘူး.. ချီဘုရင်ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရပ်ကြောင့် သူ ဒီနေရာကို ရောက်လာရတာပဲ”

ဝမ်ချောင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

ဝမ်ချောင်နှင့် ကျန်းမုနျန်က ဒီအကြောင်းကို ဆွေးနွေးခဲ့ပြီးဖြစ်သည်။ သူ့ကို ပြစ်ဒဏ်စီရင်ရေးဌာနတွင်သာ အကျဉ်းချသင့်သည်။

အချိန်တချို့ကုန်ဆုံးသွားပြီးနောက်မှာ ကျန်းမုနျန်သည် လွတ်မြောက်ခါနီးဆဲဆဲအချိန်တွင်ပင် အကြောင်းပြချက် တချို့ကြောင့် ထိုဆုံးဖြတ်ချက်မှာ ပြန်လည်ရုတ်သိမ်း ခံလိုက်ရသည်။ နောက်ဆုံးတွင် သူသည် တော်ဝင်အကျဉ်းထောင်သို့ ပို့ဆောင်ခြင်း ခံလိုက်ရလေသည်။

ဤကိစ္စသည် ကျန်းမုနျန်အဖို့ ပဟေဠိတစ်ပုဒ်အဖြစ် ကျန်နေခဲ့ရသည်။ အခြေအနေ၏ ထူးခြားမှုကို သူနားမလည်နိုင်ခဲ့ပေ။ သို့သော် သူသည် အကျဉ်းသားများထဲတွင် ပထမဆုံး ကွပ်မျက်ခံရမည့်သူဖြစ် သောကြောင့် ထိုအကြောင်းကို အများကြီး မစဉ်းစားခဲ့ရပေ။

သို့သော်လည်း ဝမ်ချောင်တွင်တော့ ထိုကိစ္စနှင့် ပတ်သက်၍ လုံးဝကွဲပြားသော အမြင်များရှိလေသည်။

ကျန်းမုနျန်ထံမှ ထိုအချိန်က ဖြစ်ပျက်ခဲ့သည်များကို အသေးစိတ်မေးမြန်းပြီးနောက် ဝမ်ချောင်သည် အဖြစ်အပျက်များကို အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်။

စုန့်ဘုရင်သည် အမှန်တကယ်ပင် သူ့ကို ကူညီပေးခဲ့ပြီး ကျန်းမုနျန်၏ အပြစ်ဒဏ်ကို ဖျက်သိမ်းခဲ့သည်။ သို့သော် စုန့်ဘုရင် ဆောင်ရွက်ခဲ့သမျှတို့ကို နောက်ပိုင်းတွင် တစ်စုံတစ်ယောက်က ပြန်ဖျက်လိုက်ပုံရသည်။

ထိုအချိန်မှစ၍ စုန့်ဘုရင်သည် ရာထူးမှ လျှော့ချခံလိုက်ရကာ ချီဘုရင်က စစ်မှုထမ်းစီရင်ရေးဌာနနှင့် ပြစ်ဒဏ်စီရင်ရေးဌာနတို့ကို လက်လွှဲယူခဲ့သည်။

ချီဘုရင်သည် ကျန့်မုနျန်က မည်သူဖြစ်သည်ကို မသိခဲ့သော်လည်း စုန့်ဘုရင်က ထောက်ခံချက်ပေးသောသူများကို မထောက်ခံဘဲ စုန့်ဘုရင် ထောက်ခံချက်မပေးသောသူများကို ထောက်ခံခဲ့ကာ ကပြောင်းကပြန် ဖြစ်စေခဲ့သည်။

ထို့ကြောင့် သူသည် ဖျက်သိမ်းခြင်းကို ပယ်ဖျက်ခဲ့သည့်အပြင် ကျန်းမုနျန်အား ပိုမိုတင်းကြပ်စွာ စောင့်ကြည့်စေရန် တော်ဝင်အကျဉ်းထောင်သို့ပင် စေလွှတ်ခဲ့သည်။

ထို့ကြောင့် ထိုအကြောင်းကိုပြောရလျှင် ဝမ်ချောင်သည် ထိုသည်မှာ ကျန်းမုနျန်ကို ဤနေရာသို့ ဘာကြောင့် ခေါ်ဆောင်လာရနည်း ဆိုသည့် အဓိကအကြောင်းပြချက်ပင်ဖြစ်သည်။

“ချီဘုရင်”

မိန်းမစိုးက မျက်မှောင်ကြုတ်လိုက်ပြီး တစ်စုံတစ်ခုကို သတိရသွားပုံပေါ်သည်။

“ငါနားလည်ပြီ”

“ဘုရင်မင်းမြတ်က ဒီလူကို အလိုရှိတော်မူတယ်လို့ မင်းရဲ့အရာရှိကို သွားပြောပြီး သူ့ကို အပြင်ထုတ်ပေးလိုက်ပါ”

မိန်းမစိုးက သူ့ခါးဘေးမှ တံဆိပ်ကို လျင်မြန်စွာ တိတ်တဆိတ် လွှင့်ပစ်လိုက်သည်။ ဝမ်ချောင်က ထိုအရာကို ပြတ်ပြတ်သားသား မမြင်လိုက်ရဘဲ အခြားထောင်စောင့်များ၏ မျက်နှာပေါ်တွင် ရိုသေသမှုများ အလျင်အမြန် ပေါ်လာသည် ကို တွေ့လိုက်ရသည်။

ထိုတံဆိပ်သည် မယုံနိုင်စရာ အရာဝတ္ထုတစ်ခု ဖြစ်သကဲ့သို့ပင်။

ထောင်စောင့်များက အချုပ်ခန်းကို သော့ဖွင့်ရန် ချက်ချင်း ရှေ့သို့ ပြေးထွက်လာကြသည်။ သူတို့ ဝင်လာပြီး ကျန့်မုနီယန့်၏ လက်နှစ်ဖက်စလုံးကို ကိုင်၍ အပြင်သို့ဆွဲခေါ်သွားကြသည်။ ကျန်းမုနျန်န်နှင့် အခြားအကျဉ်းသားများကို ခွဲထားလိုက်သဖြင့် ဝမ်ချောင် ကိုယ်တိုင်ပင် အံသြသွားခဲ့သည်။ မိန်းမစိုး၏ နောက်ခံမှာ သူ့အတွက် ပိုသေချာလာခဲ့သည်။

“မတရားဘူး ဒါက မတရားဘူး”

“ငါ့အစား မင်းဘာလို့ သူ့ကိုလွှတ်လိုက်တာလဲ... ငါလည်း အပြင်ထွက်ချင်တယ်”

“ငါ့ကို အပြင်ထွက်ခွင့်ပေးပါ”

ကျန်းမုနျန်၏လွတ်မြောက်မှုသည် သူတို့ရှေ့တွင်မြင်နေရသော ဆိတ်သုဉ်းနေသည့် အနာဂတ်အတွက် မျှော်လင့်ချက် ရောင်ခြည်တစ်ခုလိုဖြစ်ပြီး သူတို့အားလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သည်။ နီရဲနေသောမျက်လုံးများဖြင့် သူတို့သည် သော့ခတ်ထားသော သံတိုင်းများကို ဆုပ်ကိုင်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

“ပါးစပ်ပိတ်ထား မင်းတို့အားလုံး ပါးစပ်ပိတ်ထား”

ဧကရာဇ်၏ရဲမတ်များက ပြင်းထန်ကျယ်လောင်စွာ ဟောက်လိုက်ကြသည်။

“ကျနော် မှာ လုပ်စရာတွေ ကျန်နေသေးတာမို့ အခုသွားလိုက်တော့မယ်.. လူကြီးမင်းစွန်း ငါကျန်တာကို မင်းအတွက် ထားခဲ့မယ်”

လက်အောက်ငယ်သားအချို့ကို ချန်ထားခဲ့ကာ မိန်းမစိုးက ကျန်းမုနျန်ကို တော်ဝင်အကျဉ်းထောင်မှ ခေါ်ဆောင်သွား၏။ တစ်ချိန်တည်းမှာပင် လူလတ်ပိုင်းအရာရှိတစ်ဦးက သူ့ထံ လှမ်းလာခဲ့သည်။

“လူကြီးမင်းစွန်း”

ဝမ်ချောင်က တစ်ဖက်လူကို အံ့ဩစွာ စိုက်ကြည့်နေမိသည်။ သူ့ရှေ့ကလူကတော့ တော်ဝင်တရားရုံး၏ ဘဏ္ဍာရေးဝန်ကြီး သခင်စွန်းရှင်း ပင်ဖြစ်သည်။

“သခင်လေး ငွေကြေးအဖြစ် ရွှေနေရာမှာ အစားထိုးဖို့အတွက် အကောက်ခွန်ရွှေယူနစ် (jinyuan ငွေစက္ကူ) ကို အသုံးပြုခြင်းအကြောင်း မင်း ပြောခဲ့ဖူးတယ်... ဘုရင်မင်းမြတ်ရဲ့ အမိန့်အရ ဒီကိစ္စနဲ့ ပတ်သက်ပြီး နည်းနည်းလေး ပိုမိုနားလည်စေဖို့ ငါဒီကိုလာခဲ့တာ.. သခင်လေးက ငါနဲ့ ပူးပေါင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်”

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အခန်း ၁၇၃။ ဧကရာဇ်၏တရားစီရင်မှု။

စွန်းရှင်းသည် စုတ်တံနှင့် စာရွက်ကို အဆင်သင့်ပြင်ထားပြီး နံဘေးနားမှ အစေခံမှာမူ မှင်သွေးခွက်နှင့် ရေပါ ကိုင်ထား၏။ ပုံစံအရ ဝမ်ချောင်၏ ရှင်းပြချက်ကို မှတ်သားထားရန်ဖြစ်နိုင်သည်။

စွန်းရှင်းကိုကြည့်ရင်း ဝမ်ချောင် ရင်အတွင်းတွင် ဖော်မပြနိုင်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

ကျင်းယွမ်ငွေစက္ကူနှင့် ပတ်သက်သည့်ကိစ္စမှာ ပညာရှင်ဧကရာဇ်ထံ ပေးပို့ခဲ့သော စာလွှာအဆုံးတွင် သူ ဖော်ပြခဲ့သည့် ပြဿနာတစ်ခု ဖြစ်သည်။ ဝမ်ချောင်သည် အာလိုနိုတန်နှင့် အာလော်ကျားတို့ထံမှ ကျောက်စိမ်းရိုင်း သတ္တုရိုင်းများကို ဝယ်ယူနေစဉ် ဤပြဿနာကို သတိပြုမိခဲ့သည်။ ရွှေချည်ကြိုးပေါင်း သိန်းထောင်ပေါင်းများစွာ ပါဝင်သော ကြီးမားသည့် အရောင်းအဝယ်များကို မျှတစွာ ဘုံအခြေခံဖြင့် ပြုလုပ်ခဲ့ပြီး ထိုသည်က ကျင်းပေါင်းတစ်သောင်းကျော် အလေးချိန်ရှိသည်။

ရွှေချောင်းများ၏ သေးငယ်သော အရွယ်အစားကြောင့် ထိုသည်က နေရာအလွန် မယူသော်လည်း သယ်ယူရန် အဆင်မပြေသေးပေ။

နယ်စပ်ကို ဖြတ်ကျော်၍ ကုန်သွယ်ရသည့် ကြီးမားသော ကုန်သွယ်မှုများအတွက် အလွန့်အလွန် ခက်ခဲစေသည်။

ထိုသို့သာမက သူ၏အနာဂတ် အသိပညာများကို အခြေခံ၍ ရွှေကိုငွေကြေးအဖြစ် အသုံးပြုရာတွင် ဖြစ်နိုင်ခြေရှိသည့် ပြဿနာကို ဝမ်ချောင်သတိပြုမိခဲ့ပါသည်။

ရွှေသည် အကန့်အသတ်ရှိသော သယံဇာတဖြစ်သည်။

ရွှေတူးဖော်မှုနှုန်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အမီလိုက်နိုင်ခြင်း မရှိပါက သူတို့၏တိုးတက်မှုကို ပြင်းထန်စွာ ကန့်သတ်နိုင်သည်။ တစ်နည်းဆိုရသော် မဟာထန်အတွက် လည်ပတ်မှုတွင် ‘ငွေ’ ပြတ်တောက် သွားနိုင်သည်။ အချိန်ကာလကို ဖြတ်ကျော်၍ ရောက်ရှိလာသော ဝမ်ချောင်၏ အသိပညာအပေါ် အခြေခံ၍ မင်းဆက်တွေမှာ ရွှေနှင့်ငွေများ ပြတ်တောက်သွားခဲ့လျှင် ချို့တဲ့မှုကို ပြင်ဆင်ရန် ကြေးနီဒင်္ဂါးပြားများကို ထုတ်လုပ်ရန် ရွေးချယ်ကြရပေမည်။

လည်ပတ်နေသော ရွှေ၊ ငွေနှင့် ကြေးနီဒင်္ဂါးပြားများ၏ ပမာဏ အတက်အကျကြောင့် ငွေကြေးလဲလှယ်မှု နှုန်းထားသည် အလွန်မတည်မငြိမ်ဖြစ်လိမ့်မည်။ တစ်ရက်အတွင်း ငွေဒင်္ဂါးတစ်ပြားသည် ကြေးဒင်္ဂါးပြား တစ်ရာတန်ဖိုး ရှိနိုင်သော်လည်း နောက်တစ်ကြိမ်တွင်မူ တစ်ရာ့တစ်ဆယ်၊ တစ်ရာ့နှစ်ဆယ် သို့မဟုတ် ထိုထက်ပို၍ပင် ရှိလာနိုင်သည်။

ထိုသည်က လူ့အသိုင်းအဝိုင်းကို မတည်မငြိမ်ဖြစ်စေနိုင်သည်။

အချို့သော မင်းဆက်များတွင် တော်ဝင်တရားရုံးများသည် ပုဂ္ဂလိကအဖွဲ့အစည်းများထံသို့ ဒင်္ဂါးများတူးဖော်ခြင်းကို အပ်နှံခဲ့ကြသည်။

ငွေကြေးနှင့်ပတ်သက်သော ပြဿနာမှာ အလယ်ပိုင်းလွင်ပြင်ဒေနှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ သူသည် ကမ္ဘာတစ်ဝှမ်းလုံးနှင့် သက်ဆိုင်သည်။ ဝမ်ချောင် မွေးဖွားရာကမ္ဘာတွင် အင်အားကြီးမားသော ‘အန်ကယ်ဆမ်’(Uncle Sam=US;အမေရိကန်) သည်ပင်လျှင် ဘရီတန်ဝုစနစ်ကို ထူထောင်ရန် ကမ္ဘာတစ်ခုလုံးကို စုရုံးရန်မှတပါး ရွေးချယ်စရာမရှိခဲ့ပေ။

(ဘရီတန်ဝုစနစ်၏ သဘောတူညီချက်တစ်စိတ်တစ်ပိုင်းသည် တစ်ဦး၏ငွေကြေးကို ရွှေတန်ဖိုးနှင့် ချိတ်ဆက်ရန်ဖြစ်သည်)

နောက်ဆုံးတွင် သူတို့သည် ငွေကြေး၏တစ်စိတ်တစ်ပိုင်းအဖြစ် ရွှေကို ဖယ်ရှားပစ်ရန် ပို၍ပင် လုပ်ဆောင်ခဲ့ကြသည်။

ထိုသို့ပြုလုပ်ရခြင်း၏ အကြောင်းပြချက်မှာ ရွှေစံနှုန်းငွေကြေးသည် လူတစ်ဦး၏ စီးပွားရေးတိုးတက်မှုကို ပြင်းထန်စွာ ကန့်သတ်ထားသောကြောင့် ဖြစ်သည်။

‘အန်ကယ်ဆမ်’လို အင်အားကြီးနိုင်ငံတစ်ခုတောင်မှ တခြားနိုင်ငံများကဲ့သို့ ပြောစရာမလိုအောင် ရွှေစံနှုန်းဖြင့် ကန့်သတ်ခြင်း ခံထားရသည်။

အလယ်ပိုင်းလွင်ပြင်ဒေသသည် လက်ရှိတွင် သူ့အင်အား၏ အထွတ်အထိပ်၌ ရောက်ရှိနေပြီး မဟာထန်သည် သာယာဝပြောချမ်းသာလျက် ရှိသည်။ သို့သော် စီးပွားရေးလောကထဲသို့ ဝင်ရောက်ထိတွေ့ပြီး ရွှေပမာဏ အမြောက်အမြားဖြင့် အရောင်းအဝယ် ပြုလုပ်ပြီးနောက် ဝမ်ချောင်သည် တိုင်းပြည်၏ ငြိမ်သက်နေသော မျက်နှာပြင်အောက်တွင် ပုန်းလျှိုးကွယ်လျှိုး ဖုံးကွယ်ထားသော ခြိမ်းခြောက်မှုများကို အထူးအာရုံခံစားမိခဲ့သည်။

ထိုသည်က စာလွှာထဲတွင် ‘ငွေကြေး’ ပြဿနာကို ထည့်သွင်းခဲ့ရခြင်း၏ အကြောင်းရင်းလည်းဖြစ်သည်။

ကျင်းယွမ်ငွေစက္ကူ၏ အစဦးအကောင်အထည်ဖော်မှုအဆင့်တွင် ကျင်းယွမ်ငွေစက္ကူ၏တန်ဖိုးကို ရွှေနှင့် ချိတ်ဆက်ရမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် တော်ဝင်နန်းတော်သည် ၎င်း၏တန်ဖိုးကို ပြည်သူလူထုက ယုံကြည်စိတ်ချစေရန် သူ့အပေါ် လူအများ၏ယုံကြည်ကိုးစားမှုကို အသုံးပြုကာ ရွှေချောင်းများနှင့် ကျင်းယွမ်ငွေစက္ကူများအကြား လဲလှယ်ရာတွင် အဆင်ပြေစေရန်အတွက် နေရာဌာနများကို ထားပေးရမည် ဖြစ်သည်။

ထို့နောက်တွင် ငွေကြေးအပေါ် ယုံကြည်မှုကို တဖြည်းဖြည်း တည်ဆောက်ပြီးနောက် မဟာထန်သည် ကျင်းယွမ်ငွေစက္ကူ အသုံးပြုမှုကို ပိုမိုကျယ်ပြန့်လာစေမည်ဖြစ်သည်။

နောက်ဆုံးတွင် ကျင်းယွမ်ငွေစက္ကူသည် တစ်ဦးချင်းငွေကြေးအဖြစ် အားကောင်းလာချိန်၌ ကျင်းယွမ်ငွေစက္ကူနှင့် ရွှေအကြား ဆက်နွယ်မှုကို တဖြည်းဖြည်းချင်း အားနည်းသွားစေရန် ပြုလုပ်ရမည်ဖြစ်သည်။ နောက်ဆုံးတွင် လူတိုင်းသည် ကျင်းယွမ်ငွေစက္ကူကို အသုံးပြုလာသောအခါ တော်ဝင်နန်းတော်သည် ရွှေများကို ကျင်းယွမ်ငွေစက္ကူဖြင့် ရောင်းဝယ်ဖောက်ကားခြင်းကို တားမြစ်နိုင်မည် ဖြစ်သည်။

ဤနည်းဖြင့် ရွှေများကို တိုင်းပြည်၏ စီးပွားရေးလုပ်ငန်းများမှ ဖယ်ရှားနိုင်မည်ဖြစ်ပြီး ထိုသည်က အင်ပါယာကို အကာအကွယ် ပေးနိုင်မည်ဖြစ်သည်။

နာမည်အရ လူတစ်ယောက်သည် ကျင်းယွမ် ငွေစက္ကူများကို အသုံးပြုကာ ရွှေများကို ဝယ်ယူနိုင်ဆဲဖြစ်သောကြောင့် ကျင်းယွမ်ငွေစက္ကူ၏တန်ဖိုးသည် လျော့နည်းသွားမည်မဟုတ်ပါ။

ထိုကဲ့သို့ အကောင်အထည်ဖော်ခြင်းဖြင့် ကြီးမားသောကုန်သွယ်မှုများကို ပိုမိုအဆင်ပြေလာစေမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အင်ပါယာသည် ရွှေရှားပါးမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကန့်သတ်မှုများမှ လွတ်မြောက်စေနိုင်မည်ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကိုလည်း ပိုမိုတိုးတက်လာစေမည်ဖြစ်သည်။

စိတ်ချယုံကြည်ရသော ငွေကြေးစနစ်သည် တည်ငြိမ်သောလူ့အဖွဲ့အစည်း၏ အခြေခံအုတ်မြစ်ပင်ဖြစ်သည်။ ငွေကြေးတန်ဖိုး တည်ငြိမ်မှသာလျှင် စီးပွားရေးတိုးတက်မည် ဖြစ်ပြီး နိုင်ငံအတွင်း လူမှုဘဝကို တည်ငြိမ်စေနိုင်မည် ဖြစ်သည်။ ဒါသည် ဝမ်ချောင်၏ ယုံကြည်မှုဖြစ်သည်။

ဝမ်ချောင်သည် ထိုကိစ္စအပေါ် မှတ်ချက်ပေးခဲ့ရုံမျှသာ ဖြစ်သောကြောင့် ပညာရှင်ဧကရာဇ်က ထိုသည်ကို သတိပြုမိမည်ဟု မမျှော်လင့်ခဲ့ပေ။ အားလုံးပြီးနောက် ဤပဒေသရာဇ်ခေတ်တွင် ယခုကဲ့သို့ အယူအဆများသည် သမားရိုးကျမဟုတ်ဘဲ လက်ခံဖို့ ခဲယဉ်းလှ၏။

ဝမ်ချောင်ကို အံ့အားသင့်သွားစေခဲ့သည်မှာ ပညာရှင်အင်ပါယာက သူ၏စကားလုံးများအပေါ် ဂရုတစိုက် ရှိရုံသာမက တော်ဝင်တရားရုံး၏ ဘဏ္ဌာရေးဝန်ကြီး သခင်စွန်းရှင်းကဲ့သို့သော လူမျိုးကိုပင် တော်ဝင်အကျဉ်းထောင်သို့ စေလွှတ်ကာ ထိုကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးစေခဲ့သည်ပင်။

“ငါသိပြီ... ဒါက ဂိုကုန်းကုန်း ဒီကိုလာရခြင်းရဲ့ တကယ့်ရည်ရွယ်ချက်ပဲ”

စွန်းရှန်ကိုကြည့်ရင်း ဝမ်ချောင်၏နှလုံးအိမ်သည် လျင်မြန်စွာခုန်နေသည်။ ဤအခိုက်အတန့်တွင် သူသည် အချို့အရာများကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

“လူကြီးမင်း ဘယ်လိုမေးခွန်းကိုမဆို လွတ်လွတ်လပ်လပ်မေးပါ... ငါ အဲဒါကို အစွမ်းကုန်ကြိုးစားပြီး ဖြေပေးမယ်”

ဝမ်ချောင်က တင်ပျဉ်ခွေထိုင်ရင်း လေးနက်စွာ ပြောလိုက်သည်။

စွန်းရှန်က ခေါင်းညိတ်လိုက်၏။ ထို့နောက် သူသည် ကျင်းယွမ်ငွေစက္ကူ အကောင်အထည်ဖော်မှုနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များ အားလုံးကို စတင်မေးမြန်းခဲ့သည်။ ကျင်းယွမ်ငွေစက္ကူကို မည်သို့ပြုလုပ်မည်။ မည်သည့်ပစ္စည်းများကို အသုံးပြုမည်၊ မည်ကဲ့သို့ ဖြန့်ဝေမည်၊ မည်သည့်နေရာတွင် ဖြန့်ဝေမည်၊ မည်မျှ ဖြန့်ဝေမည် စသည်တို့ဖြစ်သည်။ ထိုအတူ ဝမ်ချောင် အရင်က တစ်ခါမှ မစဉ်းစားခဲ့ဖူးသော မေးခွန်းများကိုလည်း မေးမြန်းခဲ့သည်။

ဝမ်ချောင် ကူကယ်ရာမဲ့သွားသော်ငြား သဘောတွေ့စေခဲ့သည်။ ထိုကိစ္စများကို တာဝန်ယူသည့် အရာရှိများက တကယ့်ကို စေ့စပ်ကြသည်။ အတွေးအခေါ်များက ‌ရှေးရိုးဆန်သလိုရှိသော်လည်း သူတို့သည် မူဝါဒနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို မေးမြန်းရာတွင် အလွန်တင်းကျပ်စွာ လုပ်ဆောင်ခဲ့ကြသည်။

“ကျင်းယွမ်ငွေစက္ကူ”နှင့် ပတ်သက်၍ ဝမ်ချောင်သည် သူတို့အကြောင်းကို စကားလုံးပေါင်း ရာဂဏန်းခန့်သာ ရေးသားထားခဲ့သည်။ သို့တိုင် စွန်းရှန်က ထိုကိစ္စကို နှစ်နာရီကြာ မေးမြန်းခဲ့ပြီး ထိုကာလအတွင်း အချက်အလက်များကို စာမျက်နှာနှစ်ရာလောက် ချရေးခဲ့သည်။

“ဝမ်သခင်လေး ကျေးဇူးတင်ပါတယ်... ဒီကိစ္စကို တခြားအရာရှိတွေနဲ့ ဆွေးနွေးဖို့ တော်ဝင်တရားရုံးကို တင်ပြလိုက်မယ်”

စွန်းရှန်၏ မျက်နှာသည် ယခင်ကဲ့သို့ တည်ငြိမ်နေသေးသော်လည်း သူ၏လေသံနှင့်အမူအရာက အနည်းငယ် ယဉ်ကျေးလာသည်ကို ဝမ်ချောင် သတိပြုမိလိုက်သည်။

“စွန်းလူကြီးမင်းက ယဉ်ကျေးလွန်းနေပါပြီ”

ဝမ်ချောင်က ပြုံးလိုက်သည်။

စွန်းရှန် သည် ခေါင်းညိတ်လိုက်ကာ သူ၏ မှတ်စုအထပ်လိုက်ကြီးနှင့် တော်ဝင်အကျဉ်းထောင်မှ ထွက်ခွာခဲ့သည်။

…………..

ည၏တိတ်ဆိတ်မှုအောက်တွင် ရပ်ကွက်လေးခုသံရုံးတွင် ဖယောင်းတိုင်မီးထွန်းလင်းနေသည်။

“အဖေ”

ဝမ်ကန်းက လေးစားစွာ ဦးညွှတ်လိုက်သည်။ ယင်းသည် ဒီရက်ပိုင်းအတွင်း သခင်ကြီးကို သူ ပထမဆုံးအကြိမ် တွေ့ခွင့်ရခြင်း ဖြစ်သည်။

“ထိုင်ပါ”

သခင်ကြီးက သူ့ဘေးနားက ထိုင်ခုံကို ပုတ်ပြလိုက်သည်။ ဝမ်ကန်းက ရှေ့ကို ခပ်မြန်မြန်သွားလိုက်ပြီး သူ့ဘေးမှာ ဝင်ထိုင်လိုက်သည်။

“ချောင်အာရဲ့ကိစ္စနဲ့ပတ်သက်ပြီး မင်း စိတ်ပူနေသေးလား”

သခင်ကြီးက အေးအေးသက်သာ မေးလိုက်သည်။

“ဟုတ်ကဲ့ မနက်ဖြန်မှာ စီရင်ချက်ချတော့မယ်... ဒီညတော့ အိပ်ပျော်မယ်မထင်ဘူး”

ဝမ်ကန်းကပြောလိုက်သည်။

ထိုသည်မှာ ဝမ်ချောင်က အမျိုးသမီးကို အဓမ္မပြုကျင့်သည့်ကိစ္စနှင့် မတူပါ။ ဤတစ်ကြိမ်တွင် ဝမ်ချောင် တွေ့ကြုံရမည့် ပြဿနာသည် သေးငယ်သောကိစ္စ မဟုတ်ပေ။ ထိုနေရာတွင် ဝမ်ချောင်ကို ကွပ်မျက်ဖို့ တောင်းဆိုသည့် ဟူစစ်သူကြီး အမြောက်အများရှိသည်။ ဝမ်ကန်းသည် ကူကယ်ရာမဲ့စွာ အကူအညီမဲ့မှုကို ခံစားလိုက်ရသည်။

“ဟဲဟဲ စိတ်မပူပါနဲ့.. ချောင်အာ အဆင်ပြေလိမ့်မယ်”

သခင်ဟောင်းက တည်ငြိမ်စွာ ပြုံးပြပြီး ဝမ်ကန်း၏ စိုးရိမ်ပူပန်မှုကို ဖြေလျော့စေလိုက်သည်။

“အာ..”

မနက်ဖြန်စီရင်ချက်ချမှာကို သိပြီး ဝမ်ကန်းဟာ သခင်ကြီးအား ပညာရှင်အင်ပါယာက ဝမ်ချောင်ကို လွှတ်ပေးရန် တောင်းပန်စာပေးပို့ဖို့ ခရိုင်လေးခုသံရုံးသို့ လာခဲ့တာဖြစ်သည်။ ဝမ်ကလန်တစ်ခုလုံးတွင် သခင်ကြီးတစ်ဦးတည်းသာ ဤကဲ့သို့သော သြဇာအာဏာကို ပိုင်ဆိုင်ထားသည်။

သို့ပေမယ့် သခင်ကြီး၏စကားလုံးများကို ကြားလိုက်ရသောအခါ ဝမ်ကန်းသည် တိတ်ဆိတ်သွားခဲ့သည်။

“အဖေ တကယ်ပြောနေတာလား”

ဝမ်ကန်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ သူက တုန်လှုပ်သွားကာ သူ့ဖခင်၏လက်ကို မသိစိတ်က ဆုပ်ကိုင်လိုက်ပြီး မေးလိုက်သည်။

“ဟဲဟဲ တခြားကိစ္စတွေအတွက် မင်းစိုးရိမ်နေစရာမလိုဘူး...‌ ဒီကလေးက ပညာရှင်ဧကရာဇ်ရဲ့ မျက်နှာသာပေးတာကို ခံရတာဟာ ကောင်းချီးမင်္ဂလာတစ်ခုပဲ.. အနာဂတ်မှာ ငါမရှိတော့ရင်တောင် ပညာရှင်ဧကရာဇ် မကျဆုံးသရွေ့ ဝမ်ကလန်က ကျဆုံးမှာ မဟုတ်ဘူး”

မှူးမတ်ကျန်က ပြုံးလိုက်သည်။

“အာ”

ဝမ်ကန်းက သူ့အဖေကို ထိတ်လန့်တကြား စိုက်ကြည့်မိပြီး သူ့ဖခင်၏စကားများကို သဘောမပေါက်ခဲ့ပေ။

ဝမ်ချောင် တော်ဝင်အကျဉ်းထောင် မှာ အကျဉ်းချခံလိုက်ရပြီး အဲဒီအချိန်ကစ၍ ဟူစစ်သူကြီးတွေဟာ ဝမ်ချောင်ကို ကွပ်မျက်ရန် တောင်းဆိုခဲ့ကြသည်။ မနက်ဖြန်မှာ ဝမ်ချောင်သည် သေမည်ရှင်မည်ကို မသေချာသေးချေ။ သို့သော် သခင်ကြီးက ဝမ်ချောင်သည် ဧကရာဇ်၏ အကူအညီ ရထားသည်ဟု အဘယ်ကြောင့် ဆိုနေသနည်း။

ဘာတွေ ဖြစ်နေသည်နည်း။

ဝမ်ကန်းသည် တော်ဝင်တရားရုံးတွင် ဆယ်စုနှစ်များစွာ တိုက်ခိုက်လာရသော်ငြား သူသည် သူ့ဖခင်၏ စကားလုံးများအောက်တွင်မူ အရှုံးပေးလိုက်ရ၏။

“မင်း အခုထိ သဘောမပေါက်သေးဘူးလား ဘုရင်မင်းမြတ်က ဝမ်အာကို တော်ဝင်အကျဉ်းထောင်မှာ ချုပ်ထားတာဟာ သူ့ကို အပြစ်ပေးဖို့မဟုတ်ဘဲ ကာကွယ်ဖို့ပဲ.... ဒါကိုတွေးကြည့် ဝမ်ချောင်က ဘာလို့ အဲဒီအချိန်မှာမှ အကျဉ်းကျရတာလဲ သူ့ရဲ့စာလွှာက အဲတုန်းက ဟူတွေကို မကျေမနပ်ဖြစ်စေခဲ့ပေမယ့် အခုအခြေအနေအထိ မရောက်ခဲ့ဘူး”

“ဒါ့အပြင် ဘုရင်မင်းမြတ်က ဝမ်အာကို အချုပ်မချခဲ့ရင် မင်း ဒီမှာ အေးဆေး ထိုင်နေနိုင်မယ်ထင်လား”

မြို့စားကြီးကျူးက မထုံတတ်သေး ပြန်ဖြေလိုက်သည်။

သူ့မျက်လုံးထဲမှာ ကမ္ဘာကြီးဖောက်ထွင်းပြီး မြင်နေနိုင်‌သကဲ့သော ဉာဏ်ပညာကို တွေ့နိုင်သည်။

ဝမ်ကန်းသည် အချိန်တခနလောက် ကြက်သေသေသွားသည်။

ဝမ်ချောင်သည် တော်ဝင်အကျဉ်းထောင်တွင် အကျဉ်းချလိုက်ရခဲ့ကတည်းက သူ့စိတ်ထဲတွင် သူ့အား ကယ်တင်ရန်အတွက် တတ်နိုင်သမျှ အရာရှိများထံ သွားရောက်တွေ့ဆုံရန်သာ စိတ်ကူးရှိခဲ့သည်။ သူသည် ယင်းအခြေအနေကို မမျှော်လင့်ထားခဲ့ပေ။

ဝမ်ကန်း၏မသိစိတ်က သူ့အဖေ ပြောသမျှ အမှန်ဟု ခံစားနေရသည်။

ဝမ်ချောင်ကို ဖမ်းပြီး နောက်တစ်နေ့တွင် အဖြစ်အပျက်များစွာ ဖြစ်ပွားခဲ့၏။ အကယ်၍ ဝမ်ချောင်သည် တော်ဝင်အကျဉ်းထောင်ထဲတွင် အကျဉ်းမချထားခဲ့ပါက ဝမ်ကလန်သည် ယခုအချိန်တွင် ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေပေလိမ့်မည်။

မရေမတွက်နိုင်သောလူများက သူတို့၏မကျေနပ်မှုများကို ဖော်ပြရန် ဝမ်ကလန်သို့ ရောက်လာကြပေလိမ့်မည်။

သို့ပေမယ့် ဝမ်ချောင် အဖမ်းခံလိုက်ရသောကြောင့် ဝမ်ကလန်သည် ဤမုန်တိုင်း၏အလယ်ဗဟိုမှ ရှောင်လိုက်နိုင်သည်။ ထို့အပြင် ဝမ်ချောင်သည် ဟန်စစ်သူကြီးများ၏ ထောက်ခံမှုကိုလည်း သိမ်းပိုက်လိုက်နိုင်သည်။

အကယ်၍ ဝမ်ချောင်သာ အဖမ်းမခံခဲ့ရပါက သူနှင့်အတူ ရပ်တည်ရန် ဟန်အရာရှိများစွာကို ဆွဲဆောင်နိုင်ရန်မှာ မဖြစ်နိုင်ပေ။

အခြေအနေက ယခုထက် ပိုဆိုးနေနိုင်၏။

“တော်ဝင်အကျဉ်းထောင်မှာ အကျဉ်းကျတာက ဝမ်အာအတွက် ကောင်းချီးတစ်ခုပဲ။ အနာဂတ်မှာ သူ့ကို ပိုတိုးတက်ပြီး အကျိုးရှိစေလိမ့်မယ်.... ဧကရာဇ်ရဲ့မျက်နှာသာပေးမှုဆိုတာက လူတိုင်း လိုချင်နေတဲ့အရာပဲ ဒါပေမယ့် လူအနည်းငယ်ကသာ အဲဒါကို ရရှိကြတယ်... ဒါကို လူနည်းနည်းပဲ သိထားတာ ပိုကောင်းတယ်။ မဟုတ်ရင် ဒါက ဝမ်ချောင်အတွက် ဘေးဒုက္ခဖြစ်သွားစေနိုင်တယ်.. အဲဒါကြောင့် လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ မင်းနဲ့မတွေ့ဖို့ ရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်းပဲ”

မြို့စားကြီးကျူးက တည်ငြိမ်စွာ‌ ပြောလိုက်သည်။

“နားလည်ပါပြီ”

ဝမ်ကန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူ ချုပ်တီးထားခဲ့ရသော အရာကို နောက်ဆုံးတွင် ဖြေလျော့နိုင်ခဲ့သည်။ ဝမ်ချောင်ကို ကွပ်မျက်ရန် ဟူစစ်သူကြီးများက ပြင်းထန်စွာ တောင်းဆို နေကြသော်လည်း သူ့ဖခင်က သူ့ကို ရှောင်ရန် ရွေးချယ်ပြီး နှုတ်ဆိတ်နေခြင်းမှာ အံ့သြစရာမဟုတ်ပေ။

ထိုသည်က မယုံနိုင်စရာကောင်းသော်လည်း သူ့အဖေက ဒီလိုအရေးကြီးသည့်ကိစ္စတွင် မှားမည်မဟုတ်မှန်း ဝမ်ကန်းသိနေသည်။

“ဟဲဟဲ မင်းပြန်ပြီး ကောင်းကောင်း အနားယူသင့်တယ်... မနက်ဖြန်ဟာ ပညာရှင်ဧကရာဇ်ရဲ့စီရင်ချက်ကို ကြေညာမဲ့ရက်ပဲ ငါမမှားရင် ရုန်ကလန်က အဲဒီလူကလည်း ချောင်အာကို ထောက်ပံ့ဖို့ မနက်စောစော စာလွှာပေးပို့မှာ သေချာတယ်”

မြို့စားကြီးကျူးက သူ့မုတ်ဆိတ်မွေးတွေကို သပ်လိုက်ပြီး ပြုံးပြလိုက်သည်။

“အာ သူကဘာကြောင့်လဲ”

ဝမ်ကန်းက အံ့အားသင့်စွာဖြင့် ခေါင်းကို ဆတ်ခနဲ မော့လိုက်သည်။

ဤတစ်ကြိမ်တွင် မြို့စားကြီးကျူးက ရိုးရှင်းစွာ ပြုံးကာ ထိုကိစ္စကို မရှင်းပြရန် ရွေးချယ်ခဲ့သည်။

……

လသည် ပျောက်ကွယ်သွားပြီး နေထွက်လာသည်။ အချိန်ကြာမြင့်စွာ စောင့်ခဲ့ရသည့်အချိန်က ရောက်လာခဲ့သည်။

နယ်ခြားစောင့်တပ်က ဟူစစ်သူကြီးတွေပဲ ဖြစ်ဖြစ်၊ မဟာထန်ရှိ ဟန်စစ်သူကြီးတွေပဲဖြစ်ဖြစ် တော်ဝင်နန်းတွင်းက အရာရှိတွေပဲဖြစ်ဖြစ် အားလုံးသည် ပညာရှင်ဧကရာဇ်ရဲ့ စီရင်ချက်ကို စောင့်မျှော်နေကြပါသည်။

လူအများအတွက် ဤသည်မှာ ဝမ်ချောင်၏ဘဝ သေဆုံးခြင်းနှင့်ရှင်သန်ခြင်း ပြဿနာ မဟုတ်တော့ပါ။ မဟာထန်ရှိ ဟူနှင့်ဟန်တို့ ရပ်တည်မှုနှင့် သူတို့၏ အကျိုးကျေးဇူးများနှင့် သက်ဆိုင်သောကိစ္စဖြစ်သည်။

“ကောင်းကင်ဘုံမှ ဧကရာဇ်မင်း မိန့်တော်မူသည်မှာ–

ဒေသဆိုင်ရာတပ်မှုးများ မူဝါဒကို အစီအစဉ်အတိုင်း အကောင်အထည်စေ ဟန်လူမျိုးဖြစ်စေ ဟူလူမျိုးဖြစ်စေ ရာထူးအတွက် အရည်အချင်းပြည့်မီရမည်။ ဝမ်ချောင်အနေနဲ့ သူ့တင်ပြလွှာက ဘက်လိုက်နေပေမဲ့ သူ့စကားတွေက လက်တွေ့မကျတာ မဟုတ်.. ကျင်းယွမ်ငွေစက္ကူကို အကောင်အထည်ဖော်ဖို့ သူ့အကြံပြုချက်က တိုင်းပြည်နဲ့လူမျိုးအတွက် အကျိုးများတယ်။ ဒါကြောင့် သေဒဏ်ကနေ ကင်းလွှတ်စေမယ်။

ဒါပေမဲ့ အခြားသူတွေကို တင်းကျပ်တဲ့ သတိပေးချက် ဖြစ်စေခဲ့တာကြောင့် ထောင်ဒဏ်သုံးလ ကျခံရမယ်။ အမိန့်တော်မှတ်လိုက်တယ်”

ထိုသတင်း ပျံ့နှံ့သွားသောအခါ တစ်လောကလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ဟန်လူမျိုးဖြစ်စေ၊ ဟူလူမျိုးဖြစ်စေ ဤအမိန့်စာသည် လှိုက်လဲစွာ ကြိုဆိုကြ၏။ ဟူတို့အတွက် ဒေသဆိုင်ရာတပ်မှူးများမူဝါဒသည် ကန့်သတ်မထားတော့ဘဲ ဟူသည်လည်း ရာထူးတိုးနိုင်သည်ဟူသော အချက်သည် ယခင်ကထက် ကြီးမားသော တိုးတက်မှုတစ်ခု ဖြစ်နေပြီဖြစ်သည်။

ထိုသည်က ဟူတို့အပေါ် တော်ဝင်တရားရုံးက မည်မျှတန်ဖိုးထားသည်ကို ပြနေသည်။

ဟန်စစ်စစ်သူကြီးတွေအတွက်တော့ ဟူတော်တော်များများက ဝမ်ချောင်ကို ကွပ်မျက်ဖို့ တောင်းဆိုခဲ့ကြသည့်တိုင် အဆုံးစွန်ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ်သုံးလသာ ချမှတ်ခဲ့သည်။

ထို့ထက် ပို၍အရေးကြီးသည်မှာ ‘ဒေသခံတပ်မှူးများ’ နှင့် ‘ဟူအရည်အချင်းများကို အသုံးချခြင်း’ မူဝါဒများတွင် ဒေသဆိုင်ရာတပ်မှူးများ မူဝါဒကိုသာ အတည်ပြုခဲ့သည်။

သံသယရှိစရာမလိုဘဲ ဤသည်မှာ ကြီးမားသောအောင်ပွဲ ဖြစ်သည်။

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အခန်း ၁၇၄။ ဆန်းကျယ်သောအကျဉ်းသား

နောက်တစ်နေ့တွင် ဧကရာဇ်မင်းထံမှ အမိန့်တော်တစ်ရပ် ထပ်မံ ထွက်လာခဲ့၏။

“ဟူနှင့်ဟန် စစ်စစ်သူကြီးများအကြား ပဋိပက္ခကို ဖြေရှင်းရန် နယ်ခြားစောင့်တပ်တစ်ခုတွင် ဟန်တပ်သားအရေအတွက် ငါးဆယ်ရာခိုင်နှုန်းထက်ပိုခဲ့လျှင် နယ်ခြားစောင့်တပ်မှာ ဟန်တပ်မှူးတွေရဲ့ အရေအတွက်သည် နှစ်ဆယ်ရာခိုင်နှုန်းအောက် ရောက်ခွင့်မရှိစေရ”

ဤအမိန့်စာအား ဖုမင်လင်းချာ၊ ဂိုဆွန်းကျီ၊ ကော်ရှု့ဟန်၊ အန်းစီဟန်နှင့် တခြားသူများထံ ပေးအပ်ခဲ့သည်။ အင်ပါယာအတွင်းရှိ ဟူစစ်သူကြီးများအားလုံးသည် ဤကန့်သတ်ချက်များနှင့် သက်ဆိုင်ပါသည်။

သို့သော်လည်း ဤအမိန့်ကြောင့် နယ်စပ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်မလာခဲ့ပေ။ အားလုံးအပြီးမှာ တပ်ရင်းတစ်ခု၌ ဟန်တပ်သားအရေအတွက် ငါးဆယ်ရာခိုင်နှုန်းထက် ပိုသည့်အခါ တပ်မှူးများ၏ နှစ်ဆယ်ရာခိုင်နှုန်းသည် ဟန်ဖြစ်ဖို့ တောင်းဆိုထားသည်မှာ မလွန်ချေ။

ဟူစစ်သူကြီးများသည် သူတို့၏တပ်မှူးများအားလုံးကို ဟူများကိုသာ ခန့်ထားခြင်းဖြင့် သူတို့၏နယ်နိမိတ်များကို အမှန်ပင် တွန်းတင်ခဲ့သည်။ သို့သော် ပညာရှင်ဧကရာဇ်သည် ဤကိစ္စရပ်များတွင် မည်သည့်အခါမျှ ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့သောကြောင့် ဟူတို့သည် ရိုးရှင်းစွာပင် သူတို့သဘောကျ ပြုလုပ်ခဲ့ကြသည်။

ယခုမူ ပညာရှင်ဧရာဇ်က ထိုအမိန့်ကို ချမှတ်လိုက်သောအခါ သူတို့သည် လိုက်နာရန်မှတပါး တခြားရွေးချယ်စရာ မရှိပေ။

ဖုမင်လင်းချာနှင့် ဂိုဆွန်းကျီဆိုရင်တောင် သူတို့ဟာ ဒူးထောက်ပြီး ဧကရာဇ်မင်းရဲ့ သဘောထားကြီးမားမှုအတွက် ကျေးဇူးတင်ရမည်သာ။

..........

“ဒါက ငါခန့်မှန်းထားတဲ့ ရလဒ်မဟုတ်ပေမယ့် ရလဒ်တွေက ကျေနပ်စရာကောင်းနေတုန်းပဲ”

ဝမ်ချောင်သည် “တော်ဝင်အကျဉ်းထောင်”တွင် ရှိနေစဉ် သတင်းများကို ကြားလိုက်ရသည်။ ရလဒ်အပေါ် အတော်အတန် ကျေနပ်မိသော်လည်း 'ဒေသဆိုင်ရာတပ်မှူးများ' မူဝါဒကို အတည်ပြုလိုက်သည့်အတွက် သနားစရာကောင်းသည်ဟု သူ ခံစားနေရသေးသည်။

ဤကိစ္စအတွက် သူသည် တတ်စွမ်းသလောက် အစွမ်းကုန်ပြုလုပ်ခဲ့ရသည်။ သခင်ကြီးသည်လည်း ပညာရှင်ဧကရာဇ်မင်းဆီ စာလွှာပေးပို့ရန် ရေးသားခဲ့သည်။ သူသည် မရေမတွက်နိုင်သော ဟန်စစ်စစ်သူကြီးများ၏ ထောက်ပံ့မှုနှင့် သဘောကျခြင်းကိုတောင် ရရှိခဲ့သည်။

သို့သော် ကံကြမ္မာ၏ ဘီးများသည် ဆက်လက်၍ လည်ပတ်နေသေးသည်။ ကံကြမ္မာကို လွယ်လွယ်နှင့် ပြောင်းလဲ၍ မရပေ။

ဆိုရလျှင် သူ၏ကြိုးစားမှုများသည် လုံးဝအချည်းနှီး မဟုတ်ခဲ့ချေ။

အနည်းဆုံးတော့ 'ဟူစွမ်းရည်များကိုအသုံးချခြင်း' မူဝါဒကို ဖျက်သိမ်းလိုက်ပြီဖြစ်သည်။ ဤသည်မှာ ဟူတို့သည် ဟိုယခင်ကကဲ့သို့ မဟာထန်၏စစ်တပ်အပေါ် သြဇာလွှမ်းမိုးနိုင်စွမ်း ခက်ခဲမည်ဟု ဆိုလိုသည်။

ဤသည်က ဟူတို့၏ မဟာထန်ကို ပုန်ကန်ကာ ဖျက်ဆီးမည့်အရေးမှ ကန့်သတ်လိုက်မည်ဖြစ်သည်။ ထို့အပြင် အမိန့်စာတွင် ဖော်ပြထားသော “နယ်ခြားစောင့်တပ်တစ်ခုတွင် ဟန်တပ်သားအရေအတွက် ငါးဆယ်ရာခိုင်နှုန်း ထက်ပိုခဲ့လျှင် နယ်ခြားစောင့်တပ်မှာ ဟန်တပ်မှူးတွေရဲ့ အရေအတွက်သည် နှစ်ဆယ်ရာခိုင်နှုန်းအောက် ရောက်ခွင့်မရှိစေရ” ဆိုသည်မှာလည်း ကြီးစွာသော တိုးတက်မှုပင်ဖြစ်၏။

အနည်းဆုံး ဟန်တပ်သားများသည် ယခုအခါ ရာထူးတိုးနိုင်သည့် အခွင့်အရေး အမှန်တကယ် ရှိလာပြီဖြစ်သည်။

ထောင်သုံးလ ချမှတ်ခံရသည့်ကိစ္စမှာ ဝမ်ချောင် စိုးရိမ်မှုအနည်းဆုံးဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် သူ၏ ယင်ယန်ငယ်စွမ်းရည်ကို ကျင့်ကြံရင်း ဤအချိန်ကို ကုန်ဆုံးနိုင်သည်။ အကြမ်းဖျင်း ခန့်မှန်းရလျှင် ထိုသည်မှာ အောင်မြင်မှု အနည်းငယ်ရရှိရန် သူ့အတွက် လုံလောက်သောအချိန် ဖြစ်သည်။

ဟူး လာ လာ

သံကြိုးများ တုန်ခါသွားပြီးနောက် ဝမ်ချောင်သည် လျင်မြန်စွာ တည်ငြိမ်သွားသည်။ ပြီးသည်နှင့် ချက်ချင်းပင် အနီရောင်အလင်းလုံးများက သူ၏ခန္ဓာကိုယ်ကို ဖြတ်သန်း စီးဆင်းသွားကြသည်။

............

“သူက ဒီလိုတောင် ရှင်သန်သွားတယ်ပေါ့”

ယုကျန်းနန်းတော်အတွင်းတွင် ပညာရှင်အင်ပါယာ၏စီရင်ချက်ပါ စာတစ်စောင်ကို ကိုင်ဆောင်ထားကာ ယန်ကျိုးက ရေရွတ်လိုက်သည်။ ထိုကိစ္စကို ဂရုတစိုက်စောင့်ကြည့်နေသည့် စွမ်းအားစုတွေ အများကြီးရှိခဲ့ပြီး ယုကျန်းနန်းတော်သည်လည်း ထိုအထဲမှ တစ်ခုဖြစ်သည်။

ဤကိစ္စတွင် ဝမ်ချောင်နှင့် ရင်းနှီးသင့်သည်ဖြစ်စေ၊ ခပ်ခွာခွာ နေသင့်သည်ဖြစ်စေ၊ ဝမ်ချောင်ကို လက်ခံသင့်သည်ဖြစ်စေ၊ သူ့ကို ဆန့်ကျင်သည်ဖြစ်စေ အာဏာရှိသူများက ဝမ်ကလန်ကို မည်သို့ဆက်ဆံရမည်ကို ဆုံးဖြတ်ပေလိမ့်မည်။

ဤကိစ္စတွင် ဟူစစ်သူကြီးအများအပြားက ရှေ့ထွက်လာကြပြီး ဝမ်ချောင်၏ကို ကွပ်မျက်ရန် တောင်းဆိုခဲ့ကြသည်။ ဖုမင်လင်းချာ၊ ဂိုဆွန်းကျီ၊ ကော်ရှု့ဟန်... သူတို့၏အမည်များကပင် ယန်ကျိုး၏ ဆံပင်များကို ထောင်ထသွားစေသည်။

ဤမျှကြီးမားသောဖိအားကြောင့် ဝမ်ချောင်သည် လုံးဝသေဆုံးသွားရလိမ့်မည်ဟု သူထင်ထားခဲ့သည်။ အနည်းဆုံးတော့ ပြင်းထန်တဲ့ ပြစ်ဒဏ် ချမှတ်ခံပေလိမ့်မည်။ သို့တိုင် ထိုသူသည် အဆုံးတွင် အရေးမပါသော ထောင်သုံးလသာ ချမှတ်ခြင်းခံခဲ့ရသည်။

…

“အစ်ကို ကျင်းယွမ်ငွေစက္ကူမူဝါဒကို ကြားဖူးလား”

တဲအတွင်းမှာ ကြင်ရာတော်ထိုက်ကျန်းက ရုတ်တရက် မေးလိုက်သည်။ ဝမ်ချောင်ကို စီရင်ချက်ချခြင်းနှင့်ပတ်သက်၍ ကျင်းယွမ်ငွေစက္ကူ မူဝါဒသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပုံရသည်။

“ဟဲဟဲ ညီမလေး မင်းက မှန်ကန်တဲ့လူကိုမှ လာမေးမိတာပဲ.. တော်ဝင်နန်းတော်မှာရှိတဲ့ သက်ကြီးပိုင်းအဘိုးအိုတွေက အင်ပါယာဟာ ဝမ်ချောင်ကို ကျော့ကွင်းက လွတ်မြောက်အောင် လုပ်ပေးဖို့ ဆင်ခြေရှာတာပဲလို့ ထင်နေကြတယ် ဒါပေမယ့် အဲလိုမျိုး မဟုတ်ဘူးဆိုတာ မင်းကို ငါပြောပြနိုင်တယ်...လူတိုင်းက ဒီကျင်းယွမ်ငွေစက္ကူကို လျှော့တွက်ခဲ့ကြတယ်”

“ဒီမူဝါဒကို အကောင်အထည် ဖော်နိုင်ခဲ့ရင် အဲဒါက မဟာထန်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အများကြီး အထောက်အကူ ဖြစ်စေလိမ့်မယ်... တကယ်တော့ သူဟာ မြင့်မားတဲ့ရာထူးကို အပ်နှင်းခံရတာ ဒါမှမဟုတ် ဒီကိစ္စအတွက် ဝန်ကြီးဖြစ်လာရင်တောင် ငါ အံ့သြမိမှာ မဟုတ်ဘူး”

ယန်ကျိုးက သူ့မျက်နှာပေါ်တွင် အနည်းငယ် မှုန်ကုပ်ကုပ်ဖြင့် ရှင်းပြလိုက်သည်။

ထိုသူသည် မကြာခဏ လောင်းကစား၌ အချိန်ဖြုန်းတတ်သော ညံ့ဖျင်းသူတစ်ဦး ဖြစ်သော်လည်း ငွေကြေးကိစ္စနှင့် ပတ်သက်လာသောအခါတွင် ပင်ကိုယ်စွမ်းရည်နှင့် ပင်ကိုယ်ဉာဏ်ကို ပိုင်ဆိုင်ထားသည်။

ဝမ်ချောင်၏ 'ကျင်းယွမ်ငွေစက္ကူ' မူဝါဒ၏တန်ဖိုးကို တရားရုံးအရာရှိအများစုကပင် ဖောက်မမြင်နိုင်သည့်တိုင် ယန်ကျိုးက ထိုမူဝါဒ၏တန်ဖိုးကို ခန့်မှန်းလိုက်နိုင်သည်။

“အစ်ကိုကြီးက နည်းနည်းချဲ့ကားနေတာ မဟုတ်ဘူးလား ဒီကျင်းယွမ်ငွေစက္ကူက တကယ်ကို မယုံနိုင်စရာပဲလား”

ကြင်ရာတော်ထိုက်ကျန်းက အံ့သြသွားသည်။ သူမက ထိုကိစ္စကို ပေါ့ပေါ့ပါးပါး မေးလိုက်ခြင်းဖြစ်ပြီး သူမ၏အစ်ကိုကြီးက ထိုကဲ့သို့ ချင့်ချိန်တွက်ချက် ထားလိမ့်မည်ဟု ထင်မထားပေ။

“ဟဲဟဲ ညီမလေး မင်းက သက်တောင့်သက်သာနဲ့ ကြီးပြင်းလာခဲ့တာဆိုတော့ အသေးစိတ်ကို သတိမထားမိတာ သဘာဝပါပဲ... မဟာထန်က တစ်နှစ်မှာ ရွှေဘယ်လောက်ရလဲ သိလား”

ယန်ကျိုးက ပြုံးလိုက်သည်။ ကြင်ရာတော်ထိုက်ကျန်း၏ အဖြေကို စောင့်မနေဘဲ ပြန်ဖြေလိုက်သည်။

“ရွှေချောင်းနှစ်သိန်း အဲဒါက အတော်များတဲ့ ပမာဏတစ်ခုလို့ ထင်ရတယ် မဟုတ်လား... ဒါပေမယ့် ငါ ပြောနိုင်တာကတော့ အဲဒါက လွန်ခဲ့တဲ့တစ်နှစ်က သုံးသိန်းဖြစ်ပြီး အဲဒီမတိုင်ခင်တစ်နှစ်မှာ ငါးသိန်းထုတ်ခဲ့တယ်”

“ရွှေဟာ အကန့်အသတ်ရှိတယ်။ ထုတ်နိုင်တဲ့ပမာဏက နှစ်စဉ်နှစ်တိုင်း လျော့နည်းလာတယ်... ဒီနှစ်မှာ နှစ်သိန်း ရှိနိုင်ပေမယ့် နောက်နှစ်မှာ တစ်သိန်း၊ နောက်နှစ်တွေမှာ ရှစ်သောင်း ဒါမှမဟုတ် ခုနစ်သောင်းလည်း ဖြစ်နိုင်တယ်... မဟာထန်လောက် ကျယ်ပြောလှတဲ့ အင်ပါယာတစ်ခုက တစ်နှစ်ကို ရွှေချောင်းတစ်သောင်းစီပဲ ထုတ်နိုင်တော့မယ် ဆိုရင် ဘာဖြစ်နိုင်မလဲ မင်းသိလား”

“အင်ပါယာက ပိုက်ဆံပြတ်တော့မှာပဲ”

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ကြင်ရာတော်ထိုက်ကျန်းက ထိတ်လန့်စွာ အော်လိုက်မိသည်။ သို့မှသာ သူမသည် နောက်ဆုံး၌ ထိုကိစ္စ၏ ပြင်းထန်မှုကို နားလည်လာ၏။ အင်ပါယာတစ်ခုသည် လည်ပတ်မှုတွင် ငွေပြတ်လပ်နေပါက ထိုသည်မှာ ကြီးမားသော ပြဿနာတစ်ခု ဖြစ်သည်။

“ဟဲဟဲ ညီမလေး ဘာမှအံ့သြစရာမရှိပါဘူး... အဲလိုကိစ္စတွေက ရှေးယခင်မင်းဆက်တွေမှာလည်း ဖြစ်ခဲ့ဖူးတယ်... အဲဒီကိစ္စတွေရဲ့ ပြင်းထန်မှုတွေကပဲ ကွဲပြားသွားကြတာ.... လက်ရှိမင်းဆက်ရဲ့ ကြီးပွားတိုးတက်ရေးနဲ့ ပမာဏအရတော့ ကြီးကြီးမားမား ပြဿနာ တစ်စုံတစ်ရာမရှိဘဲ အဲဒါကို ထိန်းသိမ်းသွားဖို့ ထူးခြားချက်ကို ငါရှာတွေ့ခဲ့တယ်”

ယန်ကျိုး ပြုံးလိုက်သည်။ နန်းတော်ထဲဝင်ကတည်းက သူသည် အားနေခဲ့သည်။ ကြင်ရာတော်ထိုက်ကျန်း၏အမည်ကို အသုံးပြုကာ သူသည် မဟာထန်နှင့်ပတ်သက်သည့် အချက်အလက်များစွာကို စုဆောင်းခဲ့ပြီး တတ်နိုင်သမျှ လုံ့လစိုက်ထုတ်ကာ လေ့လာခဲ့သည်။ သူ လေ့လာသင်ယူခဲ့တဲ့အရာအများစုဟာ သေချာပေါက် ငွေနဲ့ပတ်သက်တဲ့ အရာများသာ ဖြစ်၏။

“တော်ဝင်နန်းတော်ရဲ့ နှစ်စဉ်အသုံးစရိတ်က အရမ်းများတယ်.... နန်းတော်ရဲ့ ပြည်တွင်းအသုံးစရိတ်၊ နယ်မြေအသစ် ဖွံ့ဖြိုးတိုးတက်ရေး၊ တပ်မတော်အတွက် ထောက်ပံ့မှု၊ အရာရှိတွေရဲ့လစာ.... ဒါတွေ အကုန်လုံးက များပြားတဲ့ ပမာဏတစ်ခုပဲ။ ရွှေတောင် ငွေတောင်ကို ပိုင်ဆိုင်ထားရင်တောင် ဒီကြီးမားတဲ့အသုံးစရိတ်ကို အမီလိုက်ဖို့ မဖြစ်နိုင်ဘူး... တော်ဝင်နန်းတော်ရဲ့ ဝင်ငွေအများစုဟာ အခွန်ကောက်ခံခြင်းကနေ ဆင်းသက်လာပြီး လူတွေကနေတစ်ဆင့် ရွှေငွေ အမြောက်အမြား စီးဆင်းလာခြင်းမရှိဘဲ အခွန်ကောက်ခံခြင်းကနေရတဲ့ ပမာဏက အကန့်အသတ်ရှိတယိ”

“ဒါပေမယ့် ကျင်းယွမ်ငွေစက္ကူက အရာအားလုံးကို ပြောင်းလဲနိုင်တယ်”

ထိုအချိန်တွင် ယန်ကျိုးက သဘောကျစွာ ပြုံးလိုက်သည်။

“ကျင်းယွမ်ငွေစက္ကူနဲ့ တော်ဝင်နန်းတော်ဟာ လိုအပ်သလောက် ငွေကို ထုတ်ပေးနိုင်မှာဖြစ်ပြီး ရွှေနဲ့ငွေအပေါ် မှီခိုအားထားမှုကို လျှော့ချနိုင်မှာဖြစ်တယ်... အဲဒါက သဘောတရားအရ ရွှေတောင် ငွေတောင်ကို ဘယ်တော့မှ ခြောက်ခမ်းမသွားစေဘဲ ငွေကြေးထောက်ပံ့မှု ဖြစ်လိမ့်မယ်... ဝမ်ချောင်က တကယ့်ကို ဉာဏ်ကြီးရှင်ပဲ”

ယန်ကျိုးက ဝမ်ချောင်ကို ပေးခဲ့သည့် ချီးကျူးစကားများသည် သူ့နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာကနေ ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုသူက အမှန်ပင် ဉာဏ်ကြီးရှင်ဖြစ်ပေ၏။

ယန်ကျိုးသည် စာလွှာနှင့်သတ္ထုရိုင်းသံမဏိဓားကို နားမလည်သောကြောင့် ထိုကိစ္စများနှင့် ပတ်သက်၍ သူဘာမျှ မပြောနိုင်ပေ။ သို့သော်လည်း ကျင်းယွမ်ငွေစက္ကူတစ်ခုတည်းကပင်လျှင် တစ်ဖက်လူမှာ ထူးချွန်ထက်မြက်သူဖြစ်ကြောင်း သူယုံကြည်သည်။

ဝမ်ချောင်သည် ထိုကဲ့သို့ မိမိုက်နေသော အကြံအစည်ကို မည်သို့ရလာမှန်း သူမသိပေ။ ဝမ်ချောင်နှင့် နှိုင်းယှဉ်ပါက ဘဏ္ဍာရေးဝန်ကြီးများအားလုံး ကွမ်းဇီ သို့မဟုတ် တောက်ကျူကုန်းသည် အလွန်ချို့တဲ့သေးသည်။

ယန်ကျိုးသည် တစ်ဖက်လူ၏ အထူးသဖြင့် 'ငွေ' နှင့် ပတ်သက်သောကိစ္စရပ်တွင် အနည်းငယ်ပူပန်ခဲ့သည်။ သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ သူက တစ်ဖက်သားကို တကယ်ပင် လေးစားနေမိသည်။

တဲထဲတွင် ကြင်ယာတော်ထိုက်ကျန်းသည် လေးနက်စွာ ဆင်ခြင်သုံးသပ်နေတော့၏။

..........

“ကမ်းပေး..”

ဝမ်မိသားစုဂေဟာတွင် ဦးကြီးဝမ်ကန်း၊ ဒေါ်လေးရုရွှမ်း၊ ဦးလေးငယ်လီလင်း၊ ဝမ်အမေ၊ ညီမလေး၊ ဝမ်းကွဲဝမ်ကျုးရန်နှင့် ဝမ်လျန်း အားလုံးအတူ ရှိနေကြသည်။ သူတို့သည် ခွက်ချင်းတိုက်ကာ အပျော်များပြည့်နေသော မျက်နှာဖြင့် ပျော်ရွှင်စွာ အောင်ပွဲခံနေကြသည်။

ဝမ်ချောင်က စီရင်ချက်ကနေ လွတ်မြောက်သွားသည့်အချိန်တွင် အပျော်ရွှင်ဆုံးလူများမှာ ဝမ်ကလန်သားများပင် ဖြစ်သည်။

ဝမ်ကလန်သည် အတွင်းပိုင်းတွင် အလှမ်းဝေးကွာစွာ ကြီးပြင်းလာကြပြီး မျက်နှာပြင်အောက်တွင် မရေမတွက်နိုင်သော အပေးအယူ ဆက်ဆံမှုများရှိခဲ့သော်လည်း ဤအကျပ်အတည်းတွင် သူတို့သည် အတူတကွစုရုံးကာ ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ဤသတင်းကို ကြားသိရသောအခါတွင်လည်း အတူတကွ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရသည်။

သူတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်ကမှ ထိုအရာကို သေချာမသိရှိသည့်တိုင် ဝမ်ချောင်ကို ကွပ်မျက်ရမည် ဟု ခြိမ်းခြောက်လာသောအခါ ဝမ်ကလန်တစ်ခုလုံးသည် မသိရှိလိုက်ဘဲ တစ်စုတစ်စည်းတည်းအဖြစ် စုစည်းမိသွားကြသည်။

ပုံမှန်အားဖြင့် အမူအရာကင်းမဲ့လျက်ရှိသော ဦးကြီးတောင်မှ ဒီနေ့တွင် အပြုံးများ ဝေဆာနေသည်။ သူဟာ ညီမငယ်အတွက် အနောက်တိုင်းဒေသမှလာသော သလဲသီးဖျော်ရည်ကိုတောင် ယူလာခဲ့သည်။

ထိုမြင်ကွင်းမျိုးကို ယခင်က တွေးပင်မတွေးကြည့်ဖူးပေ။

“အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ် …”

အမျိုးသမီးဝမ်က ဝိုင်အစား လက်ဖက်ရည်ခွက်ကို မြှောက်လိုက်ပြီး နီရဲနေသော မျက်လုံးများဖြင့် လူတိုင်းကို ကျေးဇူးတင်စကား ဆိုသည်။ သူမပြောနေရင်း မျက်ရည်များကို သုတ်လိုက်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သူမ ခံစားခဲ့ရသော စိုးရိမ်ပူပန်မှုများသည် သူမ၏နှလုံးသားကို ကြေကွဲလုနီးပါးဖြစ်စေခဲ့သည်။

“ယောင်းမ မငိုနဲ့... အားလုံးပြီးသွားပြီ အခုအဆင်ပြေသွားပါပြီ”

အဒေါ်ဝမ်ရုရွှမ်းက သူမကို ကမန်းကတန်း ဖြေသိမ့်လိုက်သည်။

အမျိုးသမီးဝမ်က ခေါင်းညိတ်လိုက်ပြီး မျက်ရည်များကို သုတ်ပစ်လိုက်သည်။ တစ်ဖက်တွင် ဉာဏ်ကောင်းသော ဝမ်မိသားစုညီမငယ်က သူမ၏ သလဲသီးဖျော်ရည်ခွက်ကို မြောက်လိုက်ပြီး ကြေငြာလိုက်သည်။

“လာ တတိယအစ်ကိုရဲ့ လွတ်မြောက်မှုအတွက် ဆန္ဒပြုလိုက်ကြရအောင်။”

သူမစကားကြောင့် လူအုပ်ကြားတွင် ရယ်မောသံများ ထွက်ပေါ်လာခဲ့သည်။ အားလုံး မတ်တပ်ရပ်လိုက်ကြသည်။

“လာ...ကမ်းပေး..”

.........

'တော်ဝင်အကျဉ်းထောင်'သည် လောကနှင့် လုံးဝသီးသန့်ဖြစ်နေခဲ့သည်။ ပြင်ပမှ အဖြစ်အပျက်မျိုးစုံကို သတိမမူမိဘဲ ဝမ်ချောင်သည် ငြိမ်သက်စွာ ကျင့်ကြံနေခဲ့သည်။

“ကောင်လေး မင်းကဘယ်သူလဲ”

ဝမ်ချောင် ကျင့်ကြံနေစဉ်အတွင်းမှာပင် ထက်ရှသော အသံတစ်သံကို ရုတ်တရက်ကြားလိုက်ရသည်။

တစ်ချိန်တည်းတွင် ရင်းနှီးနေသော စက်သံတစ်သံသည် သူ၏ခေါင်းထဲ၌ ရုတ်တရက်ပေါ်လာသည်။

【ကံတရား၏ကွဲပြားမှု : လျှို့ဝှက်ဆန်းကြယ်သော အကျဉ်းသား】

【မစ်ရှင်ဆု- 100 ကံကြမ္မာစွမ်းအင်။】

ဝှမ်း

ထိုအသံသည်ဝမ်ချောင်ကို အံ့ဩသွားစေသည်။

“အဲဒါဘယ်သူလဲ”

ဝမ်ချောင် ဆတ်ခနဲ မျက်လုံးဖွင့်လိုက်ပြီး သူ၏ဘေးပတ်ပတ်လည်သို့ ကြည့်လိုက်သည်။ သို့ပေမယ့် သူကလွဲပြီး ဘယ်သူ့ကိုမှမတွေ့ပါဘူး။

အကျဉ်းသားအချို့ကတောင် သူ့ကို ထူးဆန်းသောအကြည့်ဖြင့် လှည့်ကြည့်လာကြသည်။

“ဟမ် ငါမင်းကို ပြောနေတာ... မင်း ဒီကို ဘယ်လိုရောက်လာတာလဲ”

တူညီသည့်အသံသည် နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပြီး ဤတစ်ကြိမ်တွင် ထိုအသံမှာ အနည်းငယ် အလိုမကျ ဖြစ်နေပုံပေါ်သည်။ ထိုအသံသည် လုံးဝကို စိတ်ကြီးဝင်နေသည်။

ဝမ်ချောင်သည် နောက်တစ်ကြိမ် ထပ်ရှာလိုက်သည်။

တော်ဝင်အကျဉ်းထောင်တွင် ဤကဲ့သို့အခြေအနေမျိုးကို ကြုံတွေ့ရမည်ဟု သူထင်မထားပေ။

“အပြစ်ကျူးလွန်သူတွေကိုပဲ တော်ဝင်အကျဉ်းထောင်မှာ အကျဉ်းချထားတာ.... ကျွန်တော်က ပညာရှင်ဧကရာဇ်ကို ဆန့်ကျင်နေတဲ့ စာတစ်စောင်ကို ရေးလိုက်မိတယ်... ဒါကကျွန်တော် ဘာကြောင့် ဒီမှာအကျဉ်းကျနေရသလဲ ဆိုတာရဲ့အကြောင်းအရင်းပဲ... ဘယ်အကြီးအကဲလဲဆိုတာ သိခွင့်ရှိမလား ပြီးတော့ ခင်ဗျားက ဘာလို့ဒီနေရာမှာ အကျဉ်းကျနေရတာလဲ”

ဝမ်ချောင်ကမေးလိုက်သည်။

ထိုလူ၏ အသံသည် သူ၏ခေါင်းထဲတွင် ပေါ်လာခဲ့ခြင်းဖြစ်သည်။ သံသယရှိစရာမလိုဘဲ ထိုသည်မှာ ကြောက်စရာကောင်းသော လျှို့ဝှက်ဝိညာဉ်စွမ်းရည်ပင်ဖြစ်သည်။

တော်ဝင်အကျဉ်းထောင်ထဲတွင် ချုပ်နှောင်ခံထားရသူများသည် အပြစ်ကျူးလွန်ထားသူများသာဖြစ်သောကြောင့် ထိုသူမှာလည်း ပြစ်မှုကျူးလွန်ထားသူဖြစ်ပေမည်။

“တော်ဝင်အကျဉ်းထောင်လား... ဟားဟား မင်းကိုယ်မင်း တော်ဝင်အကျဉ်းထောင်ထဲမှာလို့ ထင်နေတာလား”

မျှော်လင့်မထားစွာနဲ့ပဲ တစ်ဖက်က သူ၏နုံအမှုကို လှောင်ပြောင်ကာ စတင်ရယ်မောလိုက်၏။

*****

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အခန်း ၁၇၅။ ဆန်းကြယ်သောအကျဉ်းသားထံမှလက်ဆောင်

“ဒါက တော်ဝင်အကျဉ်းထောင် မဟုတ်ဘူးလား”

ဝမ်ချောင် အံ့သြသွားသည်။ သူသည် ဤနေရာကို ရောက်နေသည်မှာ ကြာပြီဖြစ်သော်လည်း တော်ဝင်အကျဉ်းထောင်မဟုတ်ဟု ပြောသည်ကို ပထမဆုံး ကြားဖူးခြင်း ဖြစ်၏။

“ဟား ဟား စဉ်းစားကြည့်လိုက်ရင် မဟာရှုရဲ့နန်းတော်ဟောင်းကို တော်ဝင်အကျဉ်းထောင်ကြီးပါလို့ တစ်ယောက်ယောက်က ပြောလိုက်တာဟာ... ဘယ်လို ဇောက်ထိုးစကားကြီးလဲ... ဒါပေမယ့် ဒါကို တော်ဝင်အကျဉ်းထောင်လို့ မင်းထင်တာက လုံးဝမှားနေတာတော့ မဟုတ်ပါဘူး... တော်ဝင်အကျဉ်းထောင်မှာ အထပ်ကိုးထပ်ရှိပြီး မင်းက ဒဿမထပ်မှာ ရှိနေတယ်... တစ်နည်းဆိုရရင် အဲအထပ်ကို တော်ဝင်အကျဉ်းထောင်ရဲ့ တိုးချဲ့မှုတစ်ခုအဖြစ် ယူဆလို့ရတယ်”

လျှို့ဝှက်ဆန်းကြယ်သော အသံသည် အေးစက်စွာ ရယ်မောလိုက်သည်။

“မဟာရှုနန်းတော်လား”

ဝမ်ချောင်၏ နှလုံးအိမ်သည် တစ်ချက်ခုန်သွားသည်။ ရုတ်တရတ် ခေါင်းကို မော့လိုက်ပြီး ပတ်ဝန်းကျင်ကို မယုံကြည်နိုင်စွာ စူးစမ်းကြည့်လိုက်မိသည်။ သူသည် ဤနေရာတွင် နေသည်မှာ ကြာနေပြီ ဖြစ်သော်လည်း မဟာရွှီနန်းတော်မှန်း သူ မည်သည့်အခါကမှ မသိခဲ့ချေ။

မင်းဆက်များသည် မြင့်တက်လာပြီး ပြန်ကျသွားကြသည်။ ထိုသည်မှာ သဘာဝတရား၏ အပြောင်းအလဲ သံသရာတစ်ခုဖြစ်သည်။ မြင့်တက်လာသော မဟာထန်မတိုင်မီကခေတ်သည် ရှုမင်းဆက်ဖြစ်သည်။

ဆိုရလျှင် မဟာထန်တော်ဝင်နန်းတော်သည် ယခင် မဟာရှုတော်ဝင်နန်းတော်၏ အပျက်အစီးများပေါ်တွင် တည်ဆောက်ထားခဲ့သည်။ ထိုသည်ကို ဝမ်ချောင်က ကောင်းကောင်းသိထာ

ဤသို့ဖြင့် တော်ဝင်နန်းတော်အောက်ရှိ မဟာရှုနန်းတော်ကို နဂိုပုံစံအတိုင်း မြင်တွေ့ရမည်ကို သူ မမျှော်လင့်ခဲ့ပေ။

“အကြီးအကဲ ကျွန်တော် ခင်ဗျားကို မယုံတာတော့ မဟုတ်ပါဘူး ဒါပေမယ့် ဒါက တော်ဝင်အကျဉ်းထောင်မဟုတ်ရင် ဒီလူတွေကို ဘာလို့ ဒီမှာ ပိတ်လှောင်ထားရတာလဲ။ ဒါက တော်ဝင်အကျဉ်းထောင်ဟုတ်လား မဟုတ်ဘူးလားဆိုတာကို ငါ မသိနိုင်ဘူးဆိုရင်တောင် သူတို့ကတော့ တစ်ခုခုကို ခံစားနိုင်မယ် မဟုတ်လား”

ဝမ်ချောင်က သံသယစိတ်ဖြင့် မေးလိုက်သည်။

“ဟား ဟား သူတို့လား လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဒီကို ခေါ်ဆောင်လာတဲ့ အကျဉ်းသားတွေကို ပြောတာလား... ဒီအကျဉ်းသားတွေက သူတို့ ဘယ်နေရာမှာရှိတယ်ဆိုတာကို ပြောပြနိုင်မယ်လို့ မင်းထင်သလား... အစောင့်တွေက ဒါက တော်ဝင်အကျဉ်းထောင်ပါလို့ ပြောလိုက်ရင် သူတို့အတွက် ဒါက တော်ဝင်အကျဉ်းထောင်ပဲ”

“ရုတ်တရက် လူတွေအများကြီး ဒီကို ဘာကြောင့် ခေါ်လာရတာလဲဆိုတာကို ငါသိချင်နေခဲ့တာ... အခုနောက်ဆုံးတော့ နားလည်သွားပြီ... အားလုံးက မင်းကြောင့်ပဲ.. မင်းကြောင့် ဒီအကျဉ်းသားတွေကို ဒီကိုပို့လိုက်တာ။”

“အာ..”

တစ်ဖက်လူ၏ အဖြေကြောင့် ဝမ်ချောင် အံ့အားသင့်သွားခဲ့သည်။ တစ်ချိန်လုံး ဝမ်ချောင်သည် ဤအကျဉ်းသားများကို အစကတည်းက ဤနေရာတွင် သော့ခတ်ထားသည်ဟု ထင်မြင်ခဲ့သည်။

သို့သော်လည်း တစ်ဖက်သား၏ စကားကို နားထောင်ပြီးနောက် မကြာသေးမီကမှ ဤအကျဉ်းသားများကို ဤနေရာတွင် ပြောင်းရွှေ့ထားမှန်း သဘောပေါက်ခဲ့သည်။ ဤအချက်သည် ဝမ်ချောင်ကို အံသြသွားစေသည်။

အဓိပ္ပါယ်မဲ့သည်ဟု ထင်ရသော်လည်း တစ်ဖက်က သူ့ကို လိမ်ညာဖို့ အကြောင်းမရှိဟု ဝမ်ချောင် ထင်သည်။

“ဒါက ဘယ်လိုဖြစ်ရတာလဲ”

ခေါင်းကို မော့လိုက်ရင်း ဝမ်ချောင်က တိတ်ဆိတ်စွာ ရေရွတ်လိုက်သည်။ အဖြစ်အပျက်တစ်ခုလုံး၏ အကြောင်းရင်းမှန်ကို သိလိုက်ရသော်လည်း ထိုအရာက သူ လက်ခံရန် ခက်ခဲလွန်းလှသည်။

တစ်ဖက်ကပြောသည့်စကားသာ မှန်ကန်ပါက ဤယာယီအကျဉ်းထောင်ကို ဖွဲ့စည်းရန် အလျင်စလို ဤအကျဉ်းသားများအားလုံးကို ခေါ်ဆောင်လာခဲ့သည်ဟု ဆိုလိုခြင်းဖြစ်သည်။

ထို့အပြင် ကံကြမ္မာကျောက်စာတွင် ဤလျှို့ဝှက်ဆန်းကြယ်သောလူနှင့် တွေ့ဆုံရသည်ကို ဖော်ပြမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ပြန်တွေးကြည့်ရသော် သူအရင်က သူ့ကလန်၏ကံကြမ္မာကို ပြောင်းပြန်လှန်ပြီး ကံကြမ္မာသားတော် ဆိုသည့် ဘွဲ့ကို ရခဲ့တုန်းက ကံကြမ္မာအမှတ်ငါးဆယ်သာ ရခဲ့သည်။

သို့သော် ဤလူ၏အသံကြားရုံမျှဖြင့် ကံကြမ္မာကျောက်စာသည် ချက်ချင်းစတင်ခဲ့ပြီး မစ်ရှင်ဆုကြေး ကံကြမ္မာအမှတ်တစ်ရာနှင့် ပတ်သက်သည့် သတိပေးချက်တစ်ခု သူ့ခေါင်းထဲတွင် ပေါ်လာခဲ့သည်။

ဝမ်ချောင်သည် မည်ကဲ့သို့သော လူမျိုးက ဤကဲ့သို့သောဝန်ကို ဖြစ်စေသည်ကို မတွေးရဲတော့ပေ။

“မင်းကို မေးခွန်းတစ်ခုလောက်မေးပါရစေ... မင်း သူ့ကိုသိတာ ဘယ်လောက်ကြာပြီလဲ”

ဝမ်ချောင်သည် ချက်ချင်း လှည့်ကြည့်ကာ အခြားအကျဉ်းသားတစ်ယောက်ကို ညွှန်ပြရင်း အကျဉ်းသားတစ်ယောက်ကို မေးလိုက်သည်။

“သူ့ကိုလား ငါသိပ်မသေချာဘူး.. ငါသူ့ကို တကယ်မသိဘူး... ငါ ဒီကို လွန်ခဲ့တဲ့ ဆယ်ရက်လောက်က ရောက်လာခဲ့တာ … နေပါဦး တစ်လလောက်ရှိမယ် ဒါမှမဟုတ် သုံးလလား.. ဘယ်လောက်ကြာခဲ့ပြီလဲ ဘယ်လောက်ကြာ…”

အစပိုင်းမှာတော့ အကျဉ်းသားဟာ တိကျစွာဖြေခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူ့စကားတွေဟာ ပိုပိုပြီး ရှုပ်ထွေးလာခဲ့၏။

ထိုလူ၏အခြေအနေကို မြင်လိုက်ရသည်တွင် ဝမ်ချောင်က သူ့ကို ချက်ချင်းရပ်စေလိုက်သည်။ တစ်ဖက်တွင် အခြားအကျဉ်းသားများသည်လည်း ထိုမြင်ကွင်းကို ကျင့်သားရသွားပုံပေါ်၏။

တော်ဝင်အကျဉ်းထောင်တွင် နေ့ဖက်မရှိသောကြောင့် ဤနေရာ၌ အချိန်စီးဆင်းမှုကို ဆုံးဖြတ်ရန် မဖြစ်နိုင်လုနီးပါး ဖြစ်သည်။ ဤနေရာတွင် အကြာကြီးနေခဲ့ရသည့်လူတစ်ယောက်သည် သူ၏ဆင်ခြင်တုံတရားများကို အလွယ်တကူ ဆုံးရှုံးသွားနိုင်သည်။

အကြည့်တစ်ချက်ဖြင့် ဆုံးဖြတ်ရန် ခက်ခဲနိုင်သော်လည်း မှန်ကန်သောတွန်းအားဖြင့် သူတို့၏ ရူးသွပ်မှုလမ်းကြောင်းကို ရောက်သွားနိုင်လေသည်။ ဝမ်ချောင်သည်ပင် မြေပြင်ပေါ်သို့ကျလာသော ရေစက်အရေအတွက်ကို ရေတွက်ခြင်းဖြင့် အချိန်ကို ခြေရာခံနိုင်ခဲ့ခြင်းဖြစ်၏။

“သူ ပြောတာ မှန်ပုံရတယ်”

ဝမ်ချောင် တွေးလိုက်သည်။ တစ်ဖက်သား၏အဖြေတွင် အနည်းငယ် မှားယွင်းနိုင်သော်လည်း သူတို့သည် လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ ဤနေရာသို့ ပြောင်းရွှေ့ခံခဲ့ရကြောင်း ထင်ရှားသည်။

သို့သော်လည်း တော်ဝင်အကျဉ်းထောင်တွင် အကျဉ်းချခံထားရသည့် ကာလကြာရှည်မှုကြောင့် သူတို့သည် အချိန်နှင့် နေရာဒေသဆိုင်ရာ အယူအဆများကို ကျင့်သားရလာမည် ဖြစ်သည်။

“အကြီးအကဲ ခင်ဗျားပြောတာက တော်ဝင်အကျဉ်းထောင်မှာ အထပ် ကိုးထပ်ရှိပြီး ငါ့ကို ဒဿမထပ်မှာ အကျဉ်းချထားတယ်.. ဒီလိုဆိုရင် အကြီးအကဲက ဘယ်အထပ်မှာ ရှိပါသလဲ”

ဝမ်ချောင် က မေးကြည့်လိုက်သည်။

ဤလူဟာ သမာရိုးကျဆန်ပြီး ဆန်းကြယ်လွန်းသည်။

“ငါလား ဟား ဟား ဟား မင်းက ဆယ်ထပ်မှာဆိုရင် ငါက နှစ်ဆယ်ပေါ့... မဟာရှုနန်းတော်ရဲ့အောက်ခြေမှာ အကျဉ်းချခံထားရတဲ့သူက ငါပဲ”

ထိုလူက ရယ်နေသော်လည်း သူ့ရယ်သံထဲရှိ ခံပြင်းနာကျည်းမှုများကို ဝမ်ချောင်ခံစားလိုက်ရသည်။

“ဒါဆို လူကြီးမင်းက ဘာလို့ ဒီမှာ အကျဉ်းချခံထားရသလဲ သိလား”

ဝမ်ချောင်က မေးလိုက်သည်။

ရယ်မောသံက ရုတ်တရက် ရပ်တန့်သွားသည်။ တခဏချင်းမှာပင် မြေအောက်လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ဝမ်ချောင်သည် အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့သော်လည်း အကြောင်းပြန်မလာခဲ့ပေ။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် ဝမ်ချောင်ဘက်တွင်သာ ဖြစ်ပျက်သွားခဲ့သည့်အလားပင်။

“အကြီးအကဲ”

မျက်မှောင်ကြုတ်လျက် ဝမ်ချောင်က နောက်တစ်ကြိမ်ထပ်မေးသည်။

“လူငယ်လေး သိပ်အများကြီး မမေးနဲ့... တစ်ခါတရံမှာ အလွန်အကျွံ သိတာဟာ ကောင်းတဲ့ကိစ္စမဟုတ်ဘူး... မကြာခင် အပြင်ထွက်ရတော့မှာ မဟုတ်ဘူးလား... နောက်တစ်ခါ မင်းဒီကို ပြန်လာရင် မင်းမေးခွန်းကို ငါဖြေပေးမယ်”

“ဒါပေမယ့် ငါက တခြားသူတွေဆီက အကျိုးအမြတ်ယူပြီး စကားပြောရတာမကြိုက်ဘူး အထူးသဖြင့် ငါ့ထက် ငယ်တဲ့သူတွေနဲ့ပေါ့... ဒါကြောင့် ငါနဲ့စကားပြောလို့ လျော်ကြေးပေးလိုက်မယ်”

ထို့နောက် ဝမ်ချောင်က မတုံ့ပြန်နိုင်ခင်မှာပင် သူ့အောက်ရှိ မြေပြင်က တုန်လှုပ်သွားသည်ကို ခံစားလိုက်ရသည်။ ကြီးမားသော အရှိန်အဟုန်တစ်ခုက မြေပြင်ပေါ်သို့ ပျံတက်လာပြီး ဝမ်ချောင် ခန္ဓာကိုယ်နှင့် ဆက်သွယ်သွားသည်။

ဝမ်ချောင်၏ 'ယင်ယန်ငယ်စွမ်းရည်' သည် တစ်ဆို့မှုတစ်ခုနှင့် ကြုံနေရသည်။ ထပ်ခါတလဲလဲ ကြိုးစားခဲ့သော်လည်း သူ မဖွင့်နိုင်ခဲ့ပေ။ သို့သော် ဤစွမ်းအင်၏ သက်ရောက်မှုအောက်တွင် ချက်ချင်းပင် ပွင့်ထွက်သွား၏။

ကြီးမားသောစွမ်းအားသည် ထိုနေရာတွင် မရပ်တန့်ခဲ့ပေ။ ဘုန်း ဘုန်း ဘုန်း ၎င်းသည် 'ယင်ယန်ငယ်စွမ်းရည်' အတွက် လိုအပ်သော လမ်းကြောင်းအမျိုးမျိုးကို ဆက်တိုက်ဖွင့်ပေးခဲ့ပြီး ဝမ်ချောင်၏ ခန္ဓာကိုယ်အနှံ့အပြား တစ်ကြိမ် လှည့်ပတ်လိုက်ပြီးနောက် နောက်ဆုံးတွင် သဲလွန်စမကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။

မူလစွမ်းအင်၏ ကြီးမားသော အရှိန်အဟုန်သည် နောက်ဆုံးတွင် ပျောက်ကွယ်သွားသောအခါ ဤမြေအောက်လောကသည် သူ၏ငြိမ်သက်မှုကို ပြန်လည်ရရှိခဲ့သည်။ ဝမ်ချောင်၏ ဦးခေါင်းအတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်သည်လည်း မှိန်ဖျော့သွားခဲ့သည်။

ဝမ်ချောင်သည် ထိုနေရာကွက်လပ်တွင် အချိန်အတော်ကြာသည်အထိ ထိုင်နေခဲ့ပြီး အံ့ဩထိတ်လန့်နေမှုကို တခဏတွင်း မဖြေဖျောက်နိုင်ခဲ့ပေ။

အခြားတစ်ဖက်မှ လူသည် ဤကဲ့သို့ ကြီးမားလှသော ခွန်အားကို ပိုင်ဆိုင်ထားခဲ့သည်။ ထိုသူ၏ မူလစွမ်းအင်သည် သူနှင့်ထိုလူကြားရှိ မြေပြင်ကို ဖြတ်သန်းလာခဲ့ပြီး သူ့ခန္ဓာကိုယ်ဆီသို့ ကူးပြောင်း လာနိုင်သည်။

ဝမ်ချောင်ကို အံ့အားသင့်သွားစေသည့်အချက်မှာ တစ်ဖက်လူက 'ယင်ယန်ငယ်စွမ်းရည်' ကို အမှန်တကယ် သိနေခြင်းပင်ဖြစ်သည်။

ထိုသည်က 'မဟာယင်ယန်ကောင်းကင်ဘုံဖန်ဆင်းခြင်းစွမ်းရည်’မှ ဆင်းသက်လာခဲ့ပြီး မကောင်းဆိုးဝါးအဘိုးအို၏ သီးသန့်နည်းပညာ ဖြစ်သည်။ ထို့ကြောင့် ဤစွမ်းရည်ကို သိသူ အလွန်နည်းပါးလှသည်။

ထိုလူသည် ဤစွမ်းရည်ကို အရင်ကတွေ့ဖူးခဲ့ပါသလော သို့မဟုတ် ဝမ်ချောင်ကျင့်ကြံနေသည်ကို ကြည့်ရှုခြင်းဖြင့် 'ယင်ယန်ငယ်စွမ်းရည်'၏ ကျင့်ကြံခြင်းနည်းစနစ်ကို ဆင်ခြင်နိုင်ခဲ့ပါသည်လော။

သို့ပေမယ့် မည်သို့ပင်ဖြစ်စေကာမူ ထိုအရာသည် ဝမ်ချောင်အတွက် ကြောက်စရာကောင်းသည့် စွမ်းဆောင်မှုတစ်ခု ဖြစ်သည်။

“အကြီးအကဲ”

“အကြီးအကဲ”

“အကြီးအကဲ...”

ဝမ်ချောင်က သုံးကြိမ်တိုင်တိုင် အော်ခေါ်ခဲ့သော်လည်း ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။ လုံးဝ ဘာမှမဖြစ်ခဲ့သည့်အတိုင်းပင်။

သို့သော်လည်း ဝမ်ချောင်၏ ခန္ဓာကိုယ်အတွင်း ပြည့်လျှံနေသော မူလစွမ်းအင်က ဤတွေ့ဆုံမှုသည် ပုံရိပ်ယောင်မဟုတ်ကြောင်း ပြောပြနေသည်။

“အဲဒီလူက ဘယ်သူလဲ... သူ့ခွန်အားနဲ့တောင်မှ ထောင်ထဲမှာ ချုပ်နှောင်ခံထားရဆဲဖြစ်တယ်... နောက်ပြီး သူ့ကြည့်ရတာ ဒီကိုရောက်နေတာ တော်တော်ကြာပြီထင်တယ်”

ဝမ်ချောင်သည် ထိုကိစ္စကို မစဉ်းစားဘဲ နေနိုင် ဖြစ်နေမိ၏။

သူ၏အရင်ဘဝတွင် အလယ်ပိုင်းလွင်ပြင်ဒေသ၏ စစ်သူကြီးတစ်ယောက်အနေဖြင့် ဝမ်ချောင်သည် စုကျန်းချန်နှင့် မကောင်းဆိုးဝါးအဘိုးအို ကဲ့သို့သော ကျွမ်းကျင်သူများစွာ၏အကြောင်းကို သိရှိခဲ့သည်။

သို့ပေမယ့် ဝမ်ချောင်ဟာ တော်ဝင်အကျဉ်းထောင်၏ နက်နဲသော အကျဉ်းခန်းထဲတွင် ကျွမ်းကျင်ပညာရှင်တစ်ယောက် အကျဉ်းချခံထားရသည်ဟု မကြားခဲ့ပေ။ သူသိသည့် ပညာရှင်တစ်ယောက်ကမှ ထိုလူကြီး၏အချက်အလက်များနှင့် ကိုက်ညီမှုမရှိခဲ့ပါ။

“သူက လောကပေါ်က ဘယ်သူများလဲ”

ဝမ်ချောင်က ရေရွတ်လိုက်သည်။ စူးစမ်းလိုစိတ်က သူ့ရင်ထဲသို့ နက်နှိုင်းစွာ တိုးဝင်လာသည်။

သို့သော် သူမည်မျှ စိတ်ဝင်တစားရှိစေကာမူ ထိုလျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုသည် အမှန်တကယ်ပင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

ဝမ်ချောင်က တစ်ဖက်လူကို မည်မျှပင် ကြိုးစားခေါ်နေသော်လည်း တုံ့ပြန်မှု မရှိတော့ချေ။

နောက်ထပ်အနည်းငယ် ကြိုးစားပြီးနောက်တွင် ဝမ်ချောင် လက်လျှော့လိုက်သည်။

ယင်ယန်ငယ်စွမ်းရည်အတွက် လည်ပတ်ရမည့်လမ်းကြောင်းများကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သဖြင့် ဝမ်ချောင်၏ အချိန်နှင့် ကြိုးစားအားထုတ်မှုများကို သက်သာစေခဲ့သည်။

ထို့ကြောင့် သူသည် ကျင့်ကြံခြင်းအစား သူ၏အခြေခံအုတ်မြစ်ကို အားဖြည့်ရန် အာရုံစိုက်လိုက်သည်။

နောက်သုံးလသည် လျင်မြန်စွာ ကုန်ဆုံးသွား၏။ မသိလိုက်ဘဲ ဝမ်ချောင်သည် တော်ဝင်အကျဉ်းထောင်မှ ထွက်ခွာရန် အချိန်ရောင်လာခဲ့သည်။

【ဂုဏ်ယူပါတယ် သုံးစွဲသူ။ ကြင်ရာတော်ထိုက်ကျန်းရဲ့ အဖြစ်အပျက်မှာ ဝင်ရောက်စွက်ဖက်ခြင်းဖြင့် သင်သည် စုန့်ဘုရင်၏ ကံကြမ္မာကို အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့သည်။ မစ်ရှင်အောင်မြင်မှု သုံးဆယ်ရာခိုင်နှုန်း၊ ဆုလာဘ် ကံကြမ္မာစွမ်းအင် နှစ်ဆယ်】

【ဂုဏ်ယူပါတယ် သုံးစွဲသူ။ ဒေသဆိုင်ရာ တပ်မှူးများ မူဝါဒကို ဆန့်ကျင်ခြင်းဖြင့် သင်သည် မဟာထန်၏ ကံကြမ္မာကို ပြောင်းလဲစေခဲ့သည်။ မစ်ရှင်အောင်မြင်မှု သုံးဆယ်ရာခိုင်နှုန်း၊ ဆုလာဘ်ကံကြမ္မာစွမ်းအင် သုံးဆယ်】

.....

အကျဉ်းကျခြင်း၏ နောက်ဆုံးနေ့ရောက်လာသောအခါ ကံကြမ္မာကျောက်စာမှ အသံသည် ဝမ်ချောင်၏နားထဲတွင် ရုတ်ခြည်း ထွက်ပေါ်လာပြီး သူ့ခေါင်းထဲတွင် သတိပေးချက်နှစ်ခုပေါ်လာသည်။

ဝမ်ချောင် ထိတ်လန့်သွားသည်။ ပျော်ရွှင်မှုက သူ့နှလုံးသားထဲတွင် ပြည့်နှက်နေသည်။

“ကံကြမ္မာစွမ်းအင် ငါးဆယ် ငါ တကယ်ကံကြမ္မာစွမ်းအင် ငါးဆယ်ကို ရခဲ့တယ်”

ဝမ်ချောင် ပျော်ရွှင်အံ့အားသင့်စွာ စိတ်လှုပ်ရှားသွားသည်။

ဤဆုလာဘ်သည် ဝမ်ချောင်၏မျှော်လင့်ချက်ကို ကျော်လွန်နေခဲ့သည်။

ယခင်အချိန်က ဝမ်ချောင်သည် မျိုးနွယ်စုတစ်ခုလုံး၏ ကံကြမ္မာကို ပြောင်းလဲခဲ့ပြီး ထိုမှတစ်ဆင့် စုန့်ဘုရင်၏ကံကြမ္မာကိုပါ ပြောင်းလဲစေခဲ့သည်။ ထို့အပြင် 'ကံကြမ္မာသားတော်'ဘွဲ့ကို ရရှိမှ နောက်ထပ်ဆုများ ရှိသေးသည်။ သူတို့အားလုံးပေါင်းမှ သူသည် ကံကြမ္မာအမှတ်ငါးဆယ်ကိုသာ ဆုချီးမြှင့်ခြင်းခံရသည်။

ဤတစ်ကြိမ်မှာတော့ သူသည် မစ်ရှင်နှစ်ခုကို သုံးဆယ်ရာခိုင်နှုန်းသာ ပြီးမြောက်ခဲ့ပေမယ့် ကံကြမ္မာအမှတ်ငါးဆယ်ကို ချီးမြှင့်ခြင်းခံခဲ့ရသည်။ အကယ်၍ သူသည် အလုံးစုံကို ပြီးမြောက်စေခဲ့မည်ဆိုလျှင် သူသည် ကံကြမ္မာအမှတ် တစ်ရာ့ငါးဆယ် ထက်ပိုသော ဆုချီးမြှင့်ခံရမည် မဟုတ်ပါလား။

ဒါသည် ဝမ်ချောင် စိတ်ထဲရှိ သီအိုရီတစ်ခုကို မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

“နိုင်ငံတစ်ခုရဲ့ကံကြမ္မာကို ပြောင်းလဲခြင်းက လူတစ်ဦးတစ်ယောက်ရဲ့ကံကြမ္မာကို ပြောင်းလဲခြင်းထက် ပိုပြီး ဆုချီးမြှင့်ခြင်းဖို့ ထိုက်တန်တာ ဖြစ်နိုင်တယ်”

ဝမ်ချောင် တွေးလိုက်သည်။

သူ ခံစားရသည့်တစ်ခုတည်းသော နောင်တမှာ ကြင်ရာတော်ထိုက်ကျန်းသည် နောက်ဆုံးအချိန်ထိ ပညာရှိဧကရာဇ်နှင့် အတူရှိနေခဲ့ခြင်းပင် ဖြစ်သည်။ သူ၏ ကြိုးပမ်းမှုများကြောင့် အဓိကအဖြစ်အပျက်များဟာ ဆက်ဖြစ်နေခဲ့သော်လည်း အရင်ကထက် နှေးသွားပြီဖြစ်သည်။

ပြီးတော့ 'ဒေသဆိုင်ရာတပ်မှူးများ' မူဝါဒကိုလည်း နောက်ဆုံးမှာ ချမှတ်နိုင်ခဲ့သည်။ ဝမ်ချောင်၏ အဓိကရည်မှန်းချက်သည် 'ဟူစွမ်းရည်များကို အသုံးချခြင်း' မူဝါဒကို ဖျက်သိမ်းပစ်ရန် ဖြစ်သည်။

မဟုတ်လျှင် သူ၏ဆုလာဘ်များက ပိုများမှာ သေချာနေ၏။

ထိုကိစ္စကို ဘေးဖယ်လိုက်ရင်း ဝမ်ချောင်ဟာ ကျိုးရှင်းက ထောင်အစောင့်အနည်းငယ်နှင့်အတူ သူ့ဆီ ဦးတည်နေတာကို တွေ့လိုက်ရသည်။

အကျဉ်းထောင်တံခါးများကို သော့ဖွင့်ရင်း ဝမ်ချောင်က စကားတစ်ခွန်းမှ မပြောမီတွင်ပင် ထောင်စောင့်တစ်ဦးသည် ဝမ်ချောင်ထံ လှမ်းတက်လာကာ သူခေါင်းနောက်ဘက်ရှိ အကြောကို ဖိချလိုက်သည်။

“ထပ်ပြီးတော့လား...”

သူ့မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခုဖြင့် ဝမ်ချောင်ဟာ သတိမေ့သွားခဲ့သည်။

*******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

All Chapters