← Chapters

အခန်း (၁၇၆-၁၈၀)

Vol. 7 Ch. 176-180

အခန်း (၁၇၆-၁၈၀)

Vol. 7 Ch. 176-180

အခန်း ၁၇၆။ ဝမ်ချောင်လွှတ်လာပြီ။

ကျယ်လောင်သောအသံကြောင့် ဝမ်ချောင် အသိဝင်လာခဲ့၏။

ဝမ်ချောင်သည် သတိမေ့နေရာမှ ဖြည်းညှင်းစွာထလိုက်သောအခါ သူ့ရှေ့တွင် ပုံသဏ္ဌာန်အနည်းငယ်ကို မြင်လိုက်ရသည်။ အဝေးရှိ နန်းတော်တံတိုင်းထံမှ ဆူညံစွာ အော်ဟစ်အားပေးသံများ ထွက်ပေါ်လာသည်။ တော်ဝင်အကျဉ်းထောင်၏ ထောင်မှူးကျိုးရှင်းသည် အခြားထောင်စောင့် အမြောက်အမြားနှင့်အတူ သူ့ရှေ့တွင် လက်များကို တရိုတသေ ဆုပ်ကိုင်ထားကြပြီး ခါးကိုညွှတ်ကာ ရပ်နေကြလေသည်။

အစောင့်တစ်ယောက်က အထူးစိုးရိမ်နေပုံရသည်။

တစ်ချက်ကြည့်လိုက်တော့ ဝမ်ချောင်က သူ့ကို ရိုက်ချခဲ့သောသူဖြစ်ကြောင်း မှတ်မိလိုက်သည်။

“သခင်လေး ငါ့တို့ရဲ့အပြစ်အတွက် ခွင့်လွှတ်ပါ။ ဒါပေမဲ့ ဘုရင်မင်းမြတ်ရဲ့အမိန့်ကို မနာခံလို့မရတာမို့ နားလည်ပေးဖို့ တောင်းဆိုပါတယ်။”

ကျိုးရှင်း၏ ကိုယ်ဟန်အနေအထားသည် အလွန်နှိမ့်ချပြီး သူ့လေသံမှာ အလွန်ယဉ်ကျေးလှသည်။ ဧကရာဇ်နန်းတော်မှ အမတ်ကြီး ရောက်လာပြီးကတည်းက ကျိုးရှင်းသည် ဤလူငယ်သည် သေးငယ်သော ဖြစ်တည်မှု မဟုတ်ကြောင်း သဘောပေါက်ခဲ့သည်။

“ကျိုးလူကြီးမင်းက ယဉ်ကျေးလွန်းနေပါပြီ”

ဝမ်ချောင်က ရယ်မောလိုက်ပြီး ထိုကိစ္စအတွက် သူ့ကို အပြစ်မတင်ရန် ရွေးချယ်လိုက်သည်။

“ဟုတ်ပြီ ငါ အခုထွက်သွားလို့ရမလား”

“ရတာပေါ့ အားမနာပါနဲ့”

ကျိုးရှင်းသည် ဘေးနားသို့ အလျင်အမြန် ရွှေ့လိုက်ပြီး ဝမ်ချောင်အတွက် လမ်းဖွင့်ပေးလိုက်သည်။

အမှန်တော့ သူသည် တစ်ဖက်လူ ထွက်သွားရန် အလွန်ဆန္ဒရှိလေသည်။ တော်ဝင်အကျဉ်းထောင်တွင် အကျဉ်းသားအမျိုးမျိုးကို ထားရှိနိုင်သော်လည်း ဤပုဂ္ဂိုလ်သည် ထိုထဲတွင် မပါဝင်ခဲ့ပေ။

ဝမ်ချောင်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။ သူသည် အစောင့်အကြပ်များကို ကျော်ဖြတ်ကာ ရှေ့သို့ ဆက်သွားခဲ့သည်။ သိပ်မဝေးလှသောနေရာတွင် သူ့အတွက် ရထားတစ်စင်း ပြင်ဆင်ထားသည်။

ကျိုးရှင်းက သူ့အတွက် စီစဉ်ပေးထားခြင်းဖြစ်သည်။

ဝမ်ချောင်သည် ရထားပေါ်သို့ တက်သွားကာ အဝေးသို့ ထွက်သွားလိုက်သည်။ ရှုပ်ထွေးလှသော နန်းတော်၏ ဝင်္ကဘာလမ်းကို ဖြတ်သန်းသွားနေစဉ် ဝမ်ချောင်သည် ရှင်းလင်းစွာဖြင့် အမှောင်ရိပ်ထဲတွင် သူ့အား အကဲခတ်နေသော လူအများအပြားကို အာရုံခံစားနိုင်ခဲ့သည်။

— ဒေသဆိုင်ရာတပ်မှူးများ အဖြစ်အပျက်သည် တော်ဝင်တရားရုံးရှိ ပညာရှင်များနှင့် စစ်တပ်အရာရှိများ၏ အာရုံကို ဆွဲဆောင်ခဲ့ရုံသာမက အင်ပါယာတပ်မတော်ကိုပင် ထိတ်လန့်စေခဲ့သည်။ ထို့အပြင် ဝမ်ချောင်သည် ဝုသံမဏိဓားအတွက် ဓားသမားအဖြစ် နန်းတော်အတွင်း ကြီးမားသောကျော်ကြားမှုကို ပိုင်ဆိုင်ထားသည်။

နန်းတော်တံခါးနားသို့ ချဉ်းကပ်လာသောအခါ အော်ဟစ်ပျော်ပါးနေသော အသံများသည် ပိုကျယ်လာခဲ့သည်။ ထိုပျော်ပါးနေသော အသံရှေ့တွင် လေထုသည်ပင် တုန်ခါသွားရသည်။

နောက်ဆုံးတွင် ရထားသည် နန်းတော်တံခါးဝသို့ရောက်ပြီး ရပ်တန့်သွားသည်။

“ဝမ်ချောင်”

“ချောင်အာ”

ဝမ်ချောင် ဆင်းလာသည်နှင့် တစ်ပြိုင်နက် ဝမ်းသာအားရ အော်သံများကို ကြားလိုက်ရသည်။ နန်းတော်တံခါးမှ မီတာငါးဆယ်ခန့်အကွာကို လှည့်ကြည့်လိုက်တော့ သူနှင့် အကျွမ်းတဝင်ရှိလှသော လူနှစ်ယောက် သူ့ဆီကို လမ်းလျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

“သေနာပတိကျောက်”

“ဦးလေး”

ကျောက်ဖန်ချန်းသည် အပြာရောင်ခန်းမမှ အသိအကျွမ်းဟောင်းတစ်ဦးဖြစ်ပြီး ဦးလေးလီလင်း၏ မိတ်ဆွေဖြစ်သည်။ ဤနှစ်ယောက်ကိုမြင်လိုက်သည်နှင့် ဝမ်ချောင်၏မျက်လုံးများ တောက်ပလာသည်။

တော်ဝင်နန်းတော်သည် အများစုကို ကန့်သတ်ထားပြီး သြဇာကြီးမားသော အရာရှိများနှင့် ဘုရင်ခံများကိုပင် တော်ဝင်နန်းတော်ကို လွတ်လပ်စွာ ဝင်ခွင့်မပြုပေ။ သို့သော် ဦးလေးလီလင်းနှင့်ကျောက်ဖန်ချန်းကတော့ မတူချေ။

အစကတည်းက တော်ဝင်နန်းတော်သည် သူတို့၏နယ်မြေဖြစ်သည်။

“ဟား ဟား၊ ကောင်လေး၊ မင်း နောက်ဆုံးတော့ ထွက်လာပြီ”

“ချောင်အာ မင်း ငါတို့ကို စောင့်နေဖို့ ထားခဲ့တာ သေချာတယ်”

နှစ်ယောက်သား တက်လာပြီး ဝမ်ချောင်ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

“အား… လွှတ်ပါ ခင်ဗျားတို့နှစ်ယောက်က အရမ်းသန်မာလွန်းတယ်။ ကျွန်တော် ကျိုးကုန်တော့မှာပဲ”

“ဟာဟားဟား ဒီအင်အားလေး နည်းနည်းလောက်ကို ထည့်တွက်နေတယ်... ခုထိ ငါ အားကုန်မသုံးရသေးဘူး”

နှစ်ယောက်သား ရယ်မောလိုက်ကြသည်။

ဝမ်ချောင်၏ လည်ပင်းသည် ကြီးမားသည့်အင်အားကြောင့် နီရဲသွားသော်လည်း သူ့နှလုံးသားထဲ နွေးထွေးသွားရသည်။ ဤသည်မှာ ဆွေမျိုးတစ်ဦး၏ ပူပန်မှုနှင့် ဂရုစိုက်မှုပင်ဖြစ်သည်။

သုံးလကုန်လွန်ပြီးနောက် နောက်ဆုံးတွင် သူသည် တော်ဝင်အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သည်။

“ဟား ဟား တကယ်တော့ မင်းကို အင်ပါယာစစ်တပ်မှာ တာဝန်ထမ်းဆောင်ဖို့ ဖိတ်ခေါ်မယ်လို့ ငါတွေးထားပေမယ့် အဲဒါကိုကြည့်ပြီးတော့ ဒီနေ့တော့ မဖြစ်နိုင်တော့ဘူး... အပြင်ဖက်မှာ မင်းကို စောင့်နေတဲ့သူတွေ အများကြီးပဲ”

“မြန်မြန်သွား မင်းရဲ့ဦးလေးကျူးယန်နဲ့ တခြားသူတွေက မင်းကိုစောင့်နေတယ်။”

သူတို့နှစ်ယောက်သည် ဝမ်ချောင်ကို မနှောင့်နှေးစေခဲ့ပေ။ သူ့ပခုံးကို ပြင်းထန်စွာ ပုတ်လိုက်ပြီး နန်းတော်တံခါးဆီ ခေါ်သွားကြသည်။။

နန်းတော်တံခါးကို ဖြတ်သန်း၍ နေရောင်ခြည်ဖြာကျနေ၏။ ထိုအချိန်တွင် ဝမ်ချောင် ထွက်လာသောအခါ --

“ဘုန်း”

နန်းတော်အတွင်း၌ ကြားရသော အသံများထက် အဆပေါင်းများစွာ ကျယ်လောင်လှသော မိုးခြိမ်းသံကဲ့သို့ အသံများက သူ့နားထဲတိုးဝင်လာသည်။

“ဝမ်ချောင်”

“ချောင်သခင်လေး ထွက်လာပြီ”

“ချောင်အာ”

“ကြည့် အဲဒါဝမ်သခင်လေးပဲ”

......

နန်းတော်အပြင်ဘက်တွင် လူအုပ်ကြီးက ရွှင်မြူးစွာ တက်ကြွစွာ အော်ဟစ်နေကြသည်။

ဝမ်ချောင်သည် နေရောင်ခြည်နှင့် လိုက်လျောညီထွေဖြစ်အောင် အချိန်အနည်းငယ် ယူလိုက်သည်။ နောက်ဆုံးတွင် သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ ဤနေရာတွင် စူရုံးရောက်ရှိနေသော လူအများအပြားကို တွေ့လိုက်ရသောအခါတွင် သူ အံ့အားသင့် သွားခဲ့သည်။

နန်းတော်ထဲ၌ရှိနေစဉ် ထိုသည်ကို သူသိပ်ပြီး မစဉ်းစားမိခဲ့ဘူး။ နောက်ဆုံး သူထွက်လာမှသာ သူ့အတွက်နှင့် လူအများအပြား စုရုံးရောက်ရှိနေသည်ကို သိလိုက်ရသည်။ နန်းတော်တံခါးမှ မျက်စိဖြင့် မြင်နိုင်သလောက် နေရာတိုင်းနီးပါး လူများဖြင့် ပြည့်နှက်နေသည်။

အိမ်ခေါင်မိုးနှင့် သစ်ပင်များပင်လျှင် ချမ်းသာရာ မရခဲ့ပေ။ ထိုလူများထဲမှ တစ်ယောက်ချင်းစီသည် သူ့ဆီသို့ ဦးတည်ကာ ရွှင်မြူးတက်ကြွသော အကြည့်ဖြင့် စိုက်ကြည့်နေကြသည်။

မည်သို့ပင်ဖြစ်စေ သူ လှမ်းကြည့်ရာတွင် လူဦးရေ ထောင်ချီ ရှိနေ၏။

“ဝမ်ချောင်”

“ဝမ်ချောင်”

“ဝမ်ချောင်”

“ဝမ်ချောင်”

.........

ရုတ်တရက် လူအုပ်ကြားမှ အော်သံတစ်ခု ထွက်ပေါ်လာသည်။ လူတစ်သောင်းလောက်က သူတို့ လေးစားရသည့် လူ၏နာမည်ကို အော်ဟစ်ကြွေးကြော်နေသည့် မြင်ကွင်းမှာ အံ့မခန်းပင်ဖြစ်သည်။

နန်းတော်တံခါးဝတွင် ရပ်နေသော ဝမ်ချောင်သည် ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားခဲ့ရသည်။

နန်းတော်အတွင်းမှ အော်ဟစ်အားပေးသံများကို ကြားနေရသော်လည်း သူ့အား ကြိုဆိုရန် ဤနေရာ၌ လူများစွာ ရှိနေမည်ဟု မထင်ထားခဲ့ပေ။ သူဌေးများ၊ သာမာန်အရပ်သားများ၊ ချမ်းသာသော ကုန်သည်များ၊ သူဖုန်းစားများ သူတို့အားလုံးသည် သူ လွတ်မြောက်လာသည်ကို သူတို့ကိုယ်တိုင် လွတ်မြောက်လာသကဲသို့ အောင်ပွဲဆင်နွဲ နေကြသည်။

သူတို့အများစုသည် ဝမ်ချောင်ကို ယခင်က တစ်ခါမှ မမြင်ဖူး၊ မကြားဖူးပေ။ သို့သော် သူလွတ်မြောက်သည့်နေ့တွင် သူတို့အားလုံးသည် သူနှင့်အတူ ဤပျော်ပွဲရွှင်ပွဲကို ကျင်းပရန် စုစည်းလာခဲ့ကြသည်။

ဝမ်ချောင်အဖို့ သူ့ကို အားပေးသူများနှင့် ဂရုစိုက်သူများ အများကြီးရှိခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

နေရောင်အောက်တွင် ရပ်နေသော ဝမ်ချောင်သည် သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော အနွေးဓာတ်ကို ခံစားလိုက်မိသည်။

ဤသည်မှာ အလယ်ပိုင်းလွင်ပြင်ဖြစ်သည်။ ဤသည်မှာ မဟာထန်ဖြစ်သည်။ မင်းလုပ်ခဲ့သည့်အရာမှာ မှန်ကန်နေသရွေ့ ပြည်သူအများက မင်းကိုထောက်ခံပေလိမ့်မည်။ ချမ်းသာသည့်ကုန်သည်များ၊ ဆင်းရဲသည့်သူတောင်းစားများ၊ မှူးမတ်များ၊ သာမန်အရပ်သားများ သို့မဟုတ် ဂုဏ်ယူထိုက်သော လူငယ်များ.. သူတို့အားလုံးသည် မင်းအတွက် သူတို့၏ထောက်ခံမှုကို စိတ်အားထက်သန်စွာဖြင့် ဖော်ပြကြပါလိမ့်မည်။

ဤကဲ့သို့သော ကြီးမားသည့် အဖြစ်အပျက်များမတိုင်မီ အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်သော ဂုဏ်အယူရဆုံး ပညာရှင်များပင်လျှင် လူတိုင်း၏နှလုံးသားထဲတွင် အတိုင်းအတာတစ်ခုထိ ရှိသည်။

ဝမ်ချောင်သည် တော်ဝင်အကျဉ်းထောင်တွင် သုံးလနေခဲ့ရသော်လည်း ယခုတွင်မူ သူလုပ်သမျှ အရာအားလုံးသည် ထိုက်တန်သည်ဟု ခံစားမိသည်။

“ဒါတွေအားလုံးကို ကောင်းကောင်းခံစားလိုက်ပါ။ ဒီနေ့မှာ သြဇာကြီးတဲ့ အရာရှိတွေ ဒါမှမဟုတ် စစ်သူကြီးတွေအနေနဲ့ သူတို့အားလုံးဟာ မင်းအတွက်နဲ့ ဒီကို ရောက်လာကြတာ... ချောင်အာ မင်းအတွက် ငါဝမ်းသာတယ်”

ဝမ်ချောင်အနားတွင် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။ အရာရှိ၀တ်စုံကို ၀တ်ဆင်ထားသော ဦးကြီးဝမ်ကန်းသည် ခြေလှမ်းကျယ်များဖြင့် သူ့ဆီ လျှောက်လာခဲ့သည်။

သူက ဝမ်ချောင်၏ပုခုံးများကို ပုတ်လိုက်ကာ သူ့မျက်နှာတွင် ဂုဏ်ယူနေပုံပေါ်သည်။

ဝမ်ချောင်သည် သူ့သား မဟုတ်သော်လည်း ယခုအချိန်တွင် ဝမ်ကန်းသည် ဝမ်ကလန်တွင် ထိုသို့သောမျိုးစေ့ ရှိနေသည့်အတွက် ဂုဏ်ယူမိသည်။

“ဦးကြီး”

ဝမ်ချောင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

ဒီနေ့ သူ့ကို ကြိုဆိုတဲ့သူတွေက ဦးကြီးတင်မက လူအုပ်ကြားထဲတွင် ဦးလေးငယ်ဝမ်မိ၊ အဒေါ်ဝမ်ရုရွှမ်း၊ ဝမ်းကွဲဝမ်လျန်းနှင့် ဝမ်းကွဲဝမ်လီတို့ကို တွေ့လိုက်ရသည်။

ဝမ်လီ၏မျက်နှာသည် အေးစက်နေသေးသော်လည်း သူ့မျက်လုံးများက သူ့ကို သစ္စာဖောက်နေသည်။

သူ့ဆွေမျိုးများမှလွဲ၍ ဝမ်ချောင်သည် အခြားလူအုပ်များကြားတွင် ရင်းနှီးသောမျက်နှာများစွာကို မြင်တွေ့လိုက်ရသည်။ အကြီးအကဲယဲ့၊ ဟူမြို့စားမင်း၊ အကြီးအကဲစွန်း၊ အကြီးအကဲမာ… အဘိုးရဲ့ လက်အောက်ငယ်သားဟောင်းတွေ အားလုံးသည်လည်း ဒီနေရာမှာ ရောက်ရှိနေကြပြီး သူတို့သည် သူ့ကို အားပါးတရဝိုင်းပြီး ချီးကျူးလိုက်ကြသည်။

ဝမ်ချောင်မရင်းနှီးသောမျက်နှာဖြင့် အရာရှိများစွာလည်း ရှိသေးသည်။

ဒါပေမယ့် သူတို့မျှဝေလေ့ရှိသည့် တူညီသော အပြုအမူတစ်ခုကတော့ သူတို့အပြုံးပါ။

“ဘန်း”

ရုတ်တရက် လူစုလူဝေးကြားတွင် မီးရှူးမီးပန်းများကို ကောင်းကင်သို့ ပစ်လွှတ်လိုက်ကြပြီး အခြားသူအများအပြားကလည်း ဤသည်ကို လိုက်ကြည့်လိုက်ကြသည်။ ဤမြင်ကွင်းသည် နန်းတော်ဝင်ပေါက်တွင်သာမက ဝမ်ချောင် ရောက်ဖူးသည်ဖြစ်စေ မရောက်ဖူးသည်ဖြစ်စေ ရပ်နီးရပ်ဝေး မြို့တော်တစ်ခုလုံးရှိ လူတိုင်းသည် ဝမ်ချောင်ကိုဂုဏ်ပြုရန် သည်နေ့တွင် သူတို့၏ မီးရှူးမီးပန်းများကို ဖောက်ခွဲလွှတ်တင်ကြကာ ဝမ်ချောင်နှင့်အတူ ပျော်ရွှင်စွာ ဆင်နွဲခဲ့ကြသည်။

မြို့တော်တစ်ခုလုံး ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။

ဝမ်ချောင်သည် ဤနေရာတွင် အကြာကြီးမနေခဲ့ပါ။ ဦးကြီး၏ ဦးဆောင်မှုအောက်တွင် တော်ဝင်နန်း တွင်းမှ အရာရှိများကို နှုတ်ဆက်လိုက်ပြီးနောက် သူ့အတွက် ပြင်ဆင်ထားသော ရထားပေါ်သို့ တက်သွားလိုက်သည်။

…

“ဖက်”

အချိန်တစ်ခဏ ကြာပြီးနောက် ဝမ်ချောင်သည် ပျော်ရွှင်မှုကြားမှ အသိပြန်ဝင်လာသော်လည်း နောက်တစ်ခဏအတွင်း ဖြူဖျော့ သွေးသွယ်သော ခြေထောက်တစ်ချောင်းသည် ဝမ်ချောင်၏ မြင်ကွင်းသို့ ပေါ်လာပြီးနောက် သူ့မျက်ဝန်းများက ပြူးကျယ်သွား၏။ ထို့နောက် ဘုန်းခနဲ အသံနှင့်အတူ ဝမ်ချောင်သည် ကြမ်းပြင်ပေါ်သို့ လဲချခံလိုက်ရပြီး ရထားကြမ်းပြင်ပေါ်တွင် မလှုပ်နိုင်အောင် ချုပ်ခံထားလိုက်ရသည်။

“ဒုတိယညီမ”

ဝမ်ချောင်က ထိတ်လန့်သွားသည်။ ထိုသို့ မဖြစ်မီ လှမ်းကြည့်လိုက်မိသော်လည်း အနီရောင်ဝတ်ထားပြီး တင်းမာနေသည့် မျက်နှာကိုသာ ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ သူ့ဝမ်းကွဲ ဝမ်ကျူးယန်မှ တစ်ပါး အခြားမရှိ။

လူအုပ်ကြားတွင် သူမကို အဘယ်ကြောင့် မတွေ့ခဲ့ရသနည်း။ သူမသည် ဤနေရာတွင် တလျှောက်လုံး ပုန်းနေခဲ့သည်လော။

ခုနက ဝမ်ချောင်သည် လူအုပ်ကြီး၏ အထင်ကြီးလေးစားမှုကို ခံစားနေရဆဲဖြစ်ပြီး နောက်တခဏတွင် သူသည် မြေပြင်ပေါ်သို့ အရိုက်ခံခဲ့ရသည်။ ဤအပြောင်းအလဲက တကယ့်ကို ရုတ်ခြည်းပင်။

“မကောင်းတဲ့ကောင်စုတ်... နောက်တစ်ခါ ဒီလို ပေါက်ကရစာမျိုးကို ရေးဖို့ သတ္တိရှိခဲ့ရင် မင်းရဲ့ဒုတိယညီမက စိတ်ဆိုးသွားလို့ အပြစ်မတင်လေနဲ့..”

ဝမ်ချောင် စကားမပြောမီတွင် သူ့အပေါ်မှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။

အစပိုင်းတွင်တော့ ဝမ်ချောင်ခန္ဓာကိုယ်ဟာ တင်းမာသွားပြီး သူ့ကို တုပ်နှောင်ထားသည့် ကြီးမားသောအင်အားကို တွန်းလှန်ဖို့ အသင့်ဖြစ်နေခဲ့သည်။ သို့သော် ထိုစကားများအား ကြားလိုက်ရသည်တွင် သူ့နှလုံးသားက နွေးထွေးသွားရပြီး သူ့ခန္ဓာကိုယ်ထဲရှိ တင်းမာမှုများကလည်း ပျောက်ကွယ်သွားသည်။

“ဒုတိယညီမ အဲဒါ ငါ့အမှားလို့ ငါဝန်ခံပါတယ် အနာဂတ်မှာ ငါ ဒီလောက်ထိ ရူးသွပ်တဲ့လုပ်ရပ်မျိုး ထပ်မလုပ်တော့ပါဘူး”

ဝမ်ချောင်က တိုးညင်းစွာ ပြောလိုက်သည်။

“မင်းရဲ့စကားတွေကို မှတ်ထား”

ဝမ်းကွဲဝမ်ကျိုးယန်၏ အသံသည် အေးစက်နေသေးသော်လည်း ခြေထောက်ကို အဝေးသို့ ဖယ်လိုက်သည်။ ထို့နောက် သူမသည် ဘေးနားသို့ လျှောက်သွားပြီး ဝမ်ချောင်ဆီသို့ ခေါင်းကို လှည့်လိုက်သည်။

သို့သော်လည်း ဝမ်ချောင်က သူ့ဝမ်းကွဲ၏ မျက်ဝန်းများတွင် အစိုဓာတ်နှင့် နီရဲနေသည်ကို သတိပြုမိလိုက်သည်။

“တောင်းပန်ပါတယ် ဒုတိယညီမ”

ဝမ်ချောင်က ထိုင်ချလိုက်ပြီး လေးနက်စွာ တောင်းပန်လိုက်သည်။

သူတို့သည် မောင်နှမအရင်းများ မဟုတ်ကြသော်လည်း သူမသည် သူ့အပေါ် ရံဖန်ရံခါ ကြမ်းတမ်းစွာနှင့် မလျော်မကန် ပြုမူတတ်သော်လည်း သူ၏ဒုတိယညီမသည် သူ့ကို အမှန်တကယ်ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။

ဝမ်ချောင်အတွက် သူ၏ဝမ်းကွဲညီမသည် ညီမအရင်းတစ်ယောက်နှင့် မကွာခြားပေ။

သူမသည် သူ့အပေါ် ဂရုစိုက်မှုနှင့် စိုးရိမ်ပူပန်မှုကြောင့်သာ မဟုတ်ပါက သူမသည် ဤမျှအထိ ဒေါသဖြစ်မည်မဟုတ်ပေ။

“မင်းရဲ့ပြဿနာက ဘယ်လောက်ထိကြီးခဲ့သလဲ မင်းသိလား ဒါကရယ်စရာပြောနေတာ မဟုတ်ဘူး... မင်းအမေ၊ ဦးလေး၊ ငါ့အဖေနဲ့ ကျန်တဲ့သူတွေ ဘယ်လောက်ထိ စိတ်ပူနေခဲ့သလဲမင်းသိလား”

ဝမ်းကွဲဝမ်ကျူးယန်၏ မျက်နှာသည် အေးစက်နေသေးသော်လည်း သူမ၏အမူအရာက ပြေလျော့လာခဲ့သည်။

ဤဒေသဆိုင်ရာတပ်မှူးများ ဖြစ်ရပ်သည် ဝမ်ကလန်တစ်ခုလုံးအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်သည်။ နောက်ဆုံးမှာ ဝမ်ချောင် ပြန်လွှတ်လာခဲ့ပြီး ကောင်းမွန်စွာ အဆုံးသတ်ခဲ့သော်လည်း သူတို့အားလုံးသည် သူတို့အန္တရာယ်နှင့် မည်မျှ နီးကပ်ခဲ့မှန်း နားလည်ကြသည်။

နယ်စပ်တပ်နှင့် ကာကွယ်ရေးတပ်ရှိ ဟူစစ်သူကြီးများသည် ဝမ်ချောင်ကို ကွပ်မျက်ရန် တောင်းဆိုခဲ့ကြသည်။ ဝမ်ကလန်ပေါ်ရှိ ဖိအားမှာ တခြားလူများ စိတ်မကူးနိုင်လောက်သည်အထိ ကြီးမားသည်။

ဝမ်ကျူးယန်က ဝမ်ချောင်လုံးဝ သေဆုံးရလိမ့်မည်ဟု တွေးထင်ခဲ့သည်။

ဝမ်ချောင်ဆိုသည်မှာ ပြဿနာကောင်ဖြစ်သော်လည်း ဤတစ်ခေါက်ရှာလိုက်သည့် ပြဿနာကတော့ အတော်လေး လက်လန်သည်။

သူမက ဘာကြောင့် စိတ်မပူဘဲ ရှိမည်နည်း။ သူမက ဘာကြောင့် ဒေါသမထွက်ဘဲ ရှိမည်နည်း။

“ဟား ဟား ဒုတိယညီမ ငါကအဆင်မပြေဘဲ ရှိနေလို့လား.... ဟုတ်သားပဲ ငါနင့်အတွက် လက်ဆောင်တစ်ခု ပြင်ဆင်လာတယ်”

ဝမ်ချောင်သည် မျက်နှာပေါ်တွင် ဖြူစင်သောအပြုံးဖြင့် အရာဝတ္ထုတစ်ခုကို ယူထုတ်လိုက်သည်။

“နင်ငါ့ကို လိမ်လို့ရမယ် ထင်မနေနဲ့...ငါက နင် လွယ်လွယ်နဲ့ လိမ်လို့ရတဲ့လူမဟုတ်ဘူး..အမ် အဲဒါဘာကြီးလဲ ဘယ်လိုတောင်ရုပ်ဆိုးရတာလဲ”

“ဟား ဟား ဒါကို ဆံညှပ်လို့ခေါ်တယ်... ငါအဲဒါကို ပစ္စည်းတချို့နဲ့ ပြုလုပ်ထားခဲ့တာ... အဲဒါက မင်းရဲ့ဆံပင်တွေကို နေရာတစ်ခုတည်းမှာ ထိန်းထားပေးလိမ့်မယ်... တကယ်လို့ မင်းက ဒါကို ရုပ်ဆိုးတယ်ထင်နေရင် ငါပြန်ပြင်ပေးလို့ ရပါတယ်... အဲဒီအပေါ်မှာ လိပ်ပြာတောင်ပံလေး တပ်လိုက်ရင် လှသွားမှာပါ”

ဝမ်ချောင်က ရယ်လိုက်သည်။

ဝမ်ချောင်၏ ဆံညှပ်က U ပုံစံရှိပြီး သတ္တုတချို့ဖြင့် ပြုလုပ်ထားခဲ့သည်။ ဒါက ဆံညှပ်ရဲ့ အခြေခံပုံစံသာ ရှိသေး၏။ သည်အခြေခံပုံစံအပေါ်မှာ လှပတဲ့ဆံညှပ်လေးဖြစ်လာဖို့ သေချာပေါက် လိုသလို ပြုပြင်တည်ဆောက်လို့ ရသည်။

ဤပစ္စည်းက ပင်မထုတ်ကုန်ဖြစ်သည်။

ဝမ်ချောင်က ထိုကိစ္စအပေါ် အရမ်းကြီး စိတ်မဝင်စားပေ။ ပြီးတော့ သူက ဒါကို ပြုလုပ်ရသည်မှာလည်း အရမ်းကြီး မကျွမ်းကျင်ပါ။ ထိုသည်က သူမနှင့် သူမ၏သူငယ်ချင်းများကို ကျေးဇူးတင်ကြောင်းပြသည့်အနေဖြင့် ပြုလုပ်ခဲ့တာဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်း သူ့ဝမ်းကွဲသည် ဆံပင်ညှပ်နည်းကို စမ်းကြည့်ကာ ထိုအရာ၏ အလုပ်လုပ်ပုံကို သိပြီးနောက်တွင် သူမ၏ စိတ်ဝင်စားမှု မြင့်တက်သွားသည်။ သူမ အာရုံလွှဲသွားသဖြင့် ဝမ်ချောင် ထောင်ကျသည့်ကိစ္စကို သူမ ထပ်မပြောတော့ပါ။

ဒါပေမယ့် သူမက ဆံညှပ်ဟာ ရုပ်ဆိုးလွန်းသည်ဟု ညည်းညူပြီး သူ့ကို သူမအတွက် လှလှလေးတွေ ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့သည်။

ဝမ်ချောင်က ဘာပြန်ပြောနိုင်တော့မည်နည်း။ မှန်၏။ သူ အလျင်အမြန် သဘောတူလိုက်တော့သည်။

*******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အခန်း ၁၇၇။ ဝမ်ချောင်လွှတ်လာပြီ ၂။

သူ၏ဝမ်းကွဲဝမ်ကျူးယန်၏ လက်မှ လွှတ်ပြီးနောက် ရထားလုံးသည် နန်းတော်ရှေ့လူအုပ်ကြားမှ ဝမ်အိမ်တော်သို့ ဦးတည်တော့၏။

ဤအချိန်တွင် ဝမ်ချောင် အတွေ့ချင်ဆုံးသူမှာ သူ့မိခင်ပင်။ ထိုအချိန်က သူသည် ပညာရှင်ဧကရာဇ်ထံသို့ စာလွှာပေးပို့ရေးသားခဲ့ခြင်းမှာ သူ့သဘောနှင့်သူ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သူသည် ဤအကြောင်းကို သူ့အမေအား အသိမပေးခဲ့ဘဲ ကြီးမားသောဝဲဂယက်ကြားထဲ ဝင်ပါခဲ့သောကြောင့် သူ့မိခင်က သူ့ကို မည်မျှလောက်ထိ စိတ်ပူနေမည်ကို တွေးကြည့်ရန် မခက်ခဲပေ။

လွန်ခဲ့သော သုံးလက သူ့မိခင်သည် ဤဝေဒနာကို ခါးစည်းခံခဲ့ရပေမည်။

ဝမ်ချောင်သည် သူ့ကို အားပေးနေသည့် လူအုပ်ကြားထဲတွင် သူ့မိခင်ကို မတွေ့ခဲ့ရသော်လည်း သူမက ထိုကဲ့သို့ မလုပ်ချင်၍မဟုတ်ဘဲ သူမ၏ရာထူးဖြင့် သူမ ဒီလိုလုပ်ရန် မသင့်တော်၍ဖြစ်ကြောင်း သူသိသည်။

“တတိယအစ်ကို မင်းပြန်လာပြီ”

ဝမ်ချောင်သည် သူ့ရထားပေါ်မှ ဆင်းသက်လာသည်နှင့် တပြိုင်နက် မိန်းမငယ်လေးတစ်ယောက်၏ မျက်လုံးများသည် တောက်ပသွားခဲ့သည်။ သူမက ရှေ့သို့တက်လာခဲ့ကာ ဝမ်ချောင်၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။ သူမ၏ လှုပ်ရှားမှုမှ ထွက်ပေါ်လာသော ကြီးမားသည့်စွမ်းအင်သည် ဝမ်ချောင်ကို ယိမ်းထိုးစေခဲ့ပြီး ထိုသက်ရောက်မှုကို တွန်းလှန်ရန် သူ၏ မူလစွမ်းအင်ကို ထုတ်ဖော် ချေဖျက်စေလိုက်သော်လည်း သူကိုယ်တိုင်ကတော့ လဲကျလုလုနီးပါး ဖြစ်သွားခဲ့ရသည်။

“ညီမငယ်လေး မင်းက ပိုပြီးသန်မာလာပုံပေါ်တယ်”

သူ၏ညီမငယ်ကို ပွေ့ဖက်ထားလိုက်ရင်း ဝမ်ချောင် ခါးသီးစွာပြုံးလိုက်မိသည်။

ဤကာလအတွင်းတွင် လုံ့လစိုက်ထုတ်ပြီး တတ်နိုင်လောက်ကြိုးစားကာ ကျင့်ကြံခဲ့သောကြောင့် ကျင့်ကြံမှုတွင် သူသည် သိသာထင်ရှားစွာ တိုးတက်လာခဲ့သည်။

သို့သော် သူ့ညီမသည်လည်း ကျန်ခဲ့ပုံမရပေ။ လူအများစုသည် သူတို့၏ ခန္ဓာကိုယ်များကို ပြင်းထန်ကြမ်းတမ်းစွာ ဖိအားပေးကာ ကျင့်ကြံကြသော်လည်း ဝမ်ရှင်းရုန်သည်တော့ အစာစားခြင်းမှတဆင့် ကျင့်ကြံခဲ့သည်။

သူ့ညီမမှလွဲ၍ အခြားမည်သူမျှ ကြီးမားပြင်းထန်သောခွန်အားဖြင့် သူ့ကို ကူကယ်ရာမဲ့ဖြစ်စေသူ မရှိနိုင်တော့ပေ။

“တတိယအစ်ကို မင်းငါ့ကို လှောင်ပြောင်ဖို့ ခွင့်မပြုဘူး... မဟုတ်ရင် ငါ ဒေါသထွက်ရလိမ့်မယ်”

ဝမ်မိသားစု၏ညီမငယ်သည် ခေါင်းကိုမော့ကာ ဝမ်ချောင်မျက်နှာအား ဒေါသတကြီးစိုက်ကြည့်နေသည်။ 'သတ်ဖြတ်လိုသောစိတ်ဆန္ဒ' တစ်ခုသည် သူမ၏ မျက်လုံးလေးများအတွင်းတွင် သိပ်သည်းစွာရှိနေသည်။

ဝမ်ချောင် ရယ်လိုက်သော်လည်း ဘာမှမပြောဝံ့ပေ။

သူ့ညီမငယ်သည် အပြစ်ကင်းစင်သော်လည်း ဒေါသထွက်လာသောအခါတွင် သူမ၏ခွန်အားသည် ကြောက်မက်ဖွယ် ကောင်းလှ၏။ သူ၏ခွန်အားနှင့်ပင်လျှင် သူသည် သူမအတွက် သေချာပေါက်ပြိုင်ဖက် မဟုတ်သေးပေ။

သူ့ညီမငယ်နှင့် လမ်းခွဲလိုက်ပြီးနောက် ဝမ်ချောင်သည် ရှန့်ဟိုင်၊ မုန့်လုံ၊ အားလော်ကျား၊ အာလိုနိုတန်၊ ထောင်ပါးကွေ့ယွမ်၊ လီကျူရှင်း နှင့် မီယာဆာမိတို့ကိုမရှာမီ သူ့မိခင်အား နှုတ်ဆက်ရန် သွားခဲ့သည်။

“သခင်လေး ပြန်လာတာကို ကြိုဆိုပါတယ်”

ထိုလူက မီယာဆာမိပင်။

“ဟဲ ဟဲ မင်းပြန်မလာတော့ဘူးလို့ ထင်နေတာ”

ယင်းမှာ လီကျူရှင်းသာ။

မီယာဆာမိအား ဝမ်ချောင်က ကျေးဇူးတင်သည့်အပြုံးဖြင့် ပြုံးပြလိုက်သည်။ သို့သော် လီကျူရှင်းကိုတော့ မျက်လုံးသာ မှိတ်ပြလိုက်၏။

“လီလူကြီးမင်း နောက်လအတွက် လစာမရမှာကို မစိုးရိမ်ဘူးလား”

“ဟားဟား အဲဒါအမှန်ပဲ... သခင်လေးလို ချမ်းသာတဲ့ အလုပ်ရှင်တွေ အများကြီး မရှိဘူး”

လီကျူရှင်းက ရယ်မောလိုက်သည်။

ပုံမှန်အတိုင်း ဆက်ဆံနေကြသော်လည်း လူတိုင်း၏ ပင်ကိုယ်စရိုက်မှာ အနည်းငယ်ကွဲပြားကြောင်း ဝမ်ချောင် ခံစားသိရှိနိုင်သည်။

သို့သော် ထိုသည်က သူတို့၏ ရင်းနှီးမှုကို မတားဆီးနိုင်ပေ။

ထို့အပြင် ဝမ်ချောင်သည် မဟာထန်အနှံ့အပြားရှိ ဟန်စစ်စစ်သူကြီးများထံမှ စာတိုများကိုလည်း လက်ခံရရှိခဲ့သည်။

ဝမ်ချောင်က မည်သည့်အချိန်လွတ်မည်ကို လူတိုင်းသိနေကြပြီး စာပို့ရမည့်အချိန်ကိုလည်း တွက်ချက်ခဲ့ကြသည်။ ဝမ်ချောင်လွတ်မြောက်ခြင်းအတွက် ချီးကျူးဂုဏ်ပြုခြင်းအပြင် သူတို့၏စစ်တပ်အတွင်းသို့ ဝင်ရောက်ရန် ဖိတ်ခေါ်ခြင်းကိုလည်း ပြုလုပ်ခဲ့ကြသည်။

စစ်သူကြီးချုပ်များ၏ ခန့်အပ်မှုအာဏာအရ သူ့ကို တပ်မှူးရာထူး သို့မဟုတ် တပ်ချုပ်ရာထူးကို ပေးအပ်ရန်မှာ သူတို့အတွက် ရိုးရှင်းလွယ်ကူသော လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ ဤအတိုင်းသာဆိုလျှင် ဝမ်ချောင်သည် ကြီးမားသော ပြယုပ်တစ်ခု ဖြစ်လာပေလိမ့်မည်။

“သခင်လေး ဒီဖိတ်စာတွေအားလုံးထဲက ဘယ်ဟာကို လက်ခံမှာလဲ”

နောက်မှ အသံတစ်ခု ထွက်လာသည်။ ရှန့်ဟိုင်နှင့် မုန့်လုံတို့သည် ဝမ်ချောင်၏ စာကြည့်ခန်းထဲသို့ ဝင်လာကာ စားပွဲပေါ်ရှိ ဖိတ်စာအစုအပုံလိုက်ကြီးကို တွေ့လိုက်ရသောအခါတွင် မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။

သူတို့ နှစ်ယောက်စလုံးသည် စစ်တပ်မှ လာခဲ့ခြင်းဖြစ်ရာ ထိုအရာ၏ အဓိပ္ပါယ်ကို နားလည်ကြသည်။ သူတို့သည် အနည်းငယ် မနာလိုဖြစ်မိသော်လည်း မတတ်နိုင်ပေ။

ထိုအရာက တပ်မှူးနှင့်တပ်ချုပ်ရာထူးများ ဖြစ်ကြသည်။

သူတို့နှစ်ယောက်စလုံးသည် စစ်တပ်ထဲတွင် ဤကဲ့သို့ အဆင့်မြင့်နေရာကို တစ်ခါမျှ မရောက်ရှိဖူးပေ။

စစ်တပ်ထဲဝင်ရောက်ခါစ လူတစ်ယောက်ကို ဤကဲ့သို့ အဆင့်မြင့်ရာထူးပေးဖို့ဆိုသည်မှာ မတွေးဝံ့စရာပင်။ လူများစွာအတွက် ထိုကဲ့သို့သော အဆင့်မြင့်နေရာများသည် သူတို့၏ ဘဝတစ်လျှောက်လုံး၌ မရောက်နိုင်ခဲ့ကြပေ။

သို့တိုင် သူတို့၏သခင်လေးအတွက်မူ ထိုအရာက ခေါင်းညိတ်ရန်သာ လိုအပ်သည်။

အကယ်၍ အခြားသူသာဆိုပါက မကျေနပ်မှုများ ဖြစ်ပေါ်လာမည်မှာ သေချာပါသည်။ သို့သော်လည်း သခင်လေးဆိုပါက တော်ဝင်နန်းတော်မှ စစ်သူကြီးချုပ်များနှင့် တပ်သားများအထိ မည်သူကမျှ မကျေမနပ် ဖြစ်ကြလိမ့်မည် မဟုတ်ပေ။

ဖြစ်နိုင်သည်ကတော့ ပညာရှင်ဧကရာဇ်ကတောင် ထိုမြင်ကွင်းမျိုးကို ဝမ်းမြောက်ကြိုဆိုပေလိမ့်မည်။

မဟုတ်ပါက ဟူတို့၏ကြီးမားသော ဖိအားပေးမှုများအောက်တွင် ဝမ်ချောင်ကို ကာကွယ်လိမ့်မည် မဟုတ်ပေ။

“ဟား ဟား အဲဒါက အရမ်းဆွဲဆောင်မှု ရှိတယ်ဆိုပေမယ့် ငါက သူတို့ထဲက တစ်ယောက်ကိုမှ လက်ခံမှာ မဟုတ်ဘူး”

ဝမ်ချောင်က တစ်ချက်ကြည့်လိုက်ပြီးနောက် ဖိတ်စာများကို စားပွဲပေါ်သို့ ပြန်တင်လိုက်သည်။

“အာ.. ဘာကြောင့်လဲ”

သူတို့ နှစ်ယောက် အံသြသွားကြသည်။

“သခင်လေး ဒါက တပ်မှူးနဲ့ တပ်ချုပ်အဆင့်တွေပါ။ တကယ်လို့ သခင်လေး လက်ခံလိုက်တာနဲ့ သခင်လေးဟာ တပ်မှူး ဒါမှမဟုတ် တပ်ချုပ်ဖြစ်လာရင် သခင်လေးနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ရတာကနေ လွတ်မြောက်လိမ့်မယ်”

ရှန့်ဟိုင်နှင့်မုန့်လုံတို့က ထိတ်လန့်တကြား အော်ပြောလိုက်ကြသည်။

“ဟဲ ဟဲ ဒါဆို ငါမေးပါရစေ... ငါ့ရဲ့လက်ရှိအင်အားအရ ငါက အရည်အချင်း ပြည့်မီတယ်လို့ မင်းတို့ထင်လား.. စစ်တပ်ဟာ အင်အားကြီးသူတို့ အုပ်စိုးတဲ့နေရာဖြစ်တယ်... ဒီရာထူးကို လက်ခံခဲ့ရင်တောင်မှ ငါ့တပ်သားတွေရဲ့ လေးစားမှုကို ရမှာမဟုတ်ဘူး”

ဤမျှကြီးမားသော အခွင့်အရေးကို မြင်နေရသည့်တိုင် ဝမ်ချောင်သည် သူ၏တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်။ ယင်းက အံ့သြစရာ ကောင်းသော်လည်း သူလိုချင်သည့်အရာ မဟုတ်မှန်း ဝမ်ချောင်သိသည်။

“ဒါ့အပြင် လေ့ကျင့်ရေးစခန်းတွေလည်း ဖွင့်တော့မယ်.. အခုလောလောဆယ် တခြားတပ်တွေနဲ့ မပူးပေါင်းနိုင်သေးဘူး”

ပြီးခဲ့သည့် သုံးလအတွင်း အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့သည်။ မဟာလေ့ကျင့်ရေးစခန်း သုံးခုသာမက ဆောက်လုပ်ဆဲ လေ့ကျင့်ရေးကွင်းများသည်လည်း ဆောက်လုပ်ပြီးစီးခဲ့ပါသည်။

သင်ကြားရေးဆရာများ၊ ဝန်ထမ်းများနှင့် လိုအပ်သော စက်ကိရိယာများအားလုံးကို လေ့ကျင့်ရေးစခန်းများသို့ ပို့ဆောင်ခဲ့ပြီးဖြစ်သည်။

—— ဒါက ဦးလေးလီလင်းက သူ့ကို ပြောပြခဲ့ခြင်းဖြစ်သည်။

ဝမ်ချောင်သည် ပြင်ဆင်ရန် နှစ်ရက်၊ သုံးရက်သာ ကျန်တော့သည်။ ထို့ကြောင့် သူ့မှာ အချိန်သိပ်မကျန်တော့ပေ။

သုံးလကြာ အကျဉ်းချခံထားရခြင်းကြောင့် ဤကြီးမားသောကိစ္စရပ်ကို လွတ်သွားရလိမ့်မည်ဟု ဝမ်ချောင်က ထင်ခဲ့သော်လည်း ပညာရှင်ဧကရာဇ်က သူ့ကိုယ်စား ဤကိစ္စကို စဉ်းစားခဲ့ပုံရသည်။

“ဒါပေမယ့် မင်း လေ့ကျင့်ရေးစခန်း ပြီးဆုံးသွားရင် အချိန်တိုအတွင်း မင်းအတွက် တပ်ချုပ်ဖြစ်လာဖို့ ခက်ခဲတယ်”

မုန့်လုံသည် သူ့သခင်လေး၏ ဆုံးဖြတ်ချက်နောက်ကွယ်ရှိ အဓိပ္ပာယ်ကို နားမလည်သောကြောင့် ကန့်ကွက်လိုက်သည်။

“ဟားဟား မုန့်လုံ အခု ဒီကိစ္စကို ရှင်းပြဖို့ ခက်ခဲပေမယ့် နောင်မှာ မင်းနားလည်လာလိမ့်မယ်.. မဟာလေ့ကျင့်ရေး စခန်းသုံးခုဟာ ကြီးကျယ်တဲ့အရာတွေပဲ။ သူ့ရဲ့အစိတ်အပိုင်း ဖြစ်လာတာက မြင့်မားတဲ့နေရာကို လက်ခံတာထက် အကျိုးကျေးဇူး ပိုများလိမ့်မယ်”

ဝမ်ချောင်က ရယ်မောလိုက်သည်။

“ဒါပေမယ့် ဒီလိုဆိုရင်တောင် သခင်လေးက ဖိတ်ခေါ်စာကို ခနဆိုင်းငံ့ထားပြီး လေ့ကျင့်ရေးစခန်းပြီးတာနဲ့ စစ်သူကြီးတစ်ယောက်ရဲ့ လက်အောက်ကို ဝင်လို့ရတယ်”

ရှန့်ဟိုင်က ပြောသည်။

ဝမ်ချောင်၏ဖခင် ဝမ်ယန်သည် မဟာထန်၏စစ်သူကြီးဖြစ်သည်။ သို့သော်လည်း စာပို့သူများတွင် သူ့ထက်သာ၍ ရာထူးကြီးသူ အများအပြား ရှိသည်။

သည်တစ်ကြိမ်တွင်တော့ ဝမ်ချောင်က တိတ်တဆိတ်သာ ခေါင်းယမ်းလိုက်သည်။

သူ့တွင် ကိုယ်ပိုင်အကြောင်းပြချက်များ ရှိသည်။ သူသည် ချည်နှောင်ခံထားရခြင်းကို မနှစ်သက်ဘဲ မဟာထန်ဆီ ကျရောက်လာတော့မည့် ကြီးမားသော ကပ်ဆိုးကြီး မတိုင်မီ အခြားသူများ သတ်မှတ်ထားသော စံနှုန်းအတိုင်း ကိစ္စများကို လုပ်ဆောင်ရန်မှာ သူ့အတွက် မဖြစ်နိုင်ပေ။

ယင်းက ဝမ်ချောင် ရည်မှန်းထားသော နေရာမဟုတ်ခဲ့ပေ။ 'သြဇာကြီးသော အရာရှိ' ဖြစ်လာခြင်းသည် သူ၏ပန်းတိုင် မဟုတ်။

ဝမ်ချောင်သည် စာကြည့်ခန်းမှ ထွက်လာကာ ဧည့်သည်များ၏ ပထမအသုတ်ကို လက်ခံတွေ့ဆုံလိုက်သည်။

“သခင်လေးကို အရိုအသေပေးပါတယ်”

ဝမ်ချောင်ရှေ့တွင် တန်းစီပြီး ရပ်နေသော လူရှစ်ယောက်ရှိသည်။ သူတို့အားလုံးဟာ တော်တင်စစ်တပ်၏ လေ့ကျင့်ရေးမှူးဟောင်းများ ဖြစ်၏။ သူတို့သည် အသက်အရွယ်အားဖြင့် အငယ်ဆုံးကပင် အသက်လေးဆယ်ကျော်ခန့် ရှိသည်။ သူတို့သည် ဩဇာအာဏာကြီးမားပုံပေါ်ပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် အခက်အခဲပေါင်းများစွာကို ဖြတ်သန်းခဲ့ကြကြောင်း ထင်ရှားသည်။

သူတို့သည် တော်ဝင်နန်းတော်၌ပင်လျှင် အရိုအသေပေးခံရမည့် ပုဂ္ဂိုလ်များဖြစ်သည်။ သို့တိုင် ဝမ်ချောင်ရှေ့တွင် သူတို့အားလုံး ခေါင်းကိုငုံ့ပြီး ဦးညွတ်ကာ ရပ်နေကြသည်။

“ဝမ်မိလူကြီးမင်းက ကျွန်တော်တို့ကို စေလွှတ်လိုက်တာပါ... အငြိမ်းစားယူပြီးရင် တခြားသူတွေအတွက် ပေါ့ပေါ့တန်တန် ဂရုမစိုက်ဘဲ နည်းပြလုပ်လို့ မရဘူးလို့ တော်ဝင်စစ်တပ်က ပြဌာန်းထားတယ်... အစကတော့ သခင်လေးက တခြားရည်ရွယ်ချက်တွေရှိမှာကို စိုးရိမ်မိပေမယ့် ခုကြည့်ရတာတော့ ကျွန်တော်တို့ အတွေးလွန်နေပုံရတယ်.. သခင်လေးရဲ့ပုံစံအရ သခင်လေးက ကျွန်တော်တို့ကို ဘာပဲလုပ်ခိုင်းပါစေ အားလုံးကို လုပ်ပေးဖို့ ဆန္ဒရှိပါတယ်”

“ငွေနဲ့ တခြားအရာတွေက အရေးမကြီးတဲ့ ပစ္စည်းဥစ္စာတွေချည်းပါပဲ.. သခင်လေးရဲ့ဂုဏ်ပုဒ်ကြောင့် ကျွန်တော်တို့ အခကြေးငွေမယူဘဲ သခင်လေးအတွက် တာဝန်ထမ်းဆောင်ပေးမှာပါ”

“ကျွန်တော်တို့ ရှစ်ယောက်က ပထမအသုတ်ပဲ... သခင်လေးအတွက် အရည်အချင်းပြည့်မီတဲ့ အခြားနည်းပြ ရှစ်ယောက်နဲ့ ဆွေးနွေးခဲ့ပြီး သူတို့ကလည်း အခကြေးငွေမယူဘဲ သခင်လေးအတွက် တာဝန်ထမ်းဆောင်လိုတယ် လို့ပြောခဲ့တယ်... သူတို့ မနက်ဖြန်ရောက်လိမ့်မယ်”

..........

သူတို့ရှစ်ယောက်က ဝမ်ချောင်ကို လေးစားစွာ ရှင်းပြသည်။

“ကောင်းတယ်”

ဝမ်ချောင်သည် ပျော်ရွှင်မှုများ သူ့ရင်ထဲဝင်ရောက်မလာမီ တခဏလောက် ကြက်သေသေသွားခဲ့သည်။

ဤတော်ဝင်စစ်တပ်မှ နည်းပြများသည် ငှားရမ်းရန် အလွန်ခက်ခဲပြီး တစ်ဦးတစ်ယောက်ချင်းစီဟာလည်း မယုံနိုင်လောက်အောင် ခေါင်းမာကြသည်။

တစ်ယောက်သည် များပြားလှသော တန်ဖိုးဖြင့် မည်မျှ ကမ်းလှမ်းနေပါစေ တစ်ဖက်က မလိုအပ်ပါက ငှားရမ်းရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် အချိန်အတော်ကြာ ဦးလေးငယ်ဆီက မည်သည့်သတင်းမျှမကြားရခြင်းပင်။

ဝမ်ချောင်ဟာ သူလုပ်ခဲ့သော ဒေသဆိုင်ရာတပ်မှူးများ အဖြစ်အပျက် ဂုဏ်သတင်းဟာ ဤကဲ့သို့ အင်ပါယာစစ်တပ်၏ ခေါင်းမာသောနည်းပြများကို သူ့အတွက် တာဝန်ထမ်းဆောင်စေနိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ဝမ်ချောင်၏ ကနဦးအစီအစဉ်မှာ တော်ဝင်စစ်တပ်၏နည်းပြဆရာသုံးဦးကို ငှားရမ်းနိုင်ခဲ့ပါက ကောင်းမွန်နေပြီဖြစ်သည်။ ထို့ကြောင့် သူသည် ထူးချွန်သောကျောင်းသားများကို မွေးထုတ်ကာ နည်းပြဆရာများကို တဖြည်းဖြည်းချင်း စုဆောင်းရန်ပင်။

ထိုသည်က အချိန်အတော်ယူရမည်ဆိုသော်လည်း ဖြစ်နိုင်သေးသည်။

သို့ပေမယ့် အခုအချိန်တွင်တော့ အရည်အချင်းရှိသော တော်ဝင်စစ်တပ်၏ နည်းပြများက သူ့ကို လာရှာနေကြပြီး ထိုသည်က ပထမအသုတ်သာ ရှိသေးသည်။ ယင်းမှာ ဝမ်ချောင် မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့ပြီး သူ့ကို အံ့အားသင့်စေသည်။

ထို့အပြင် ဤခေါင်းမာလှသောသူများက သူ့အတွက် အခကြေးငွေမယူဘဲ တာဝန်ထမ်းဆောင်ပေးမည် ဖြစ်သည်။

ဝမ်ချောင်သည် ဤကဲ့သို့ ဖြစ်လိမ့်မည်ဟု တွေးပင် မတွေးဝံ့ခဲ့ပေ။

ဤအချိန်တွင် ဝမ်ချောင်အတွက် ထိုသည်ထက် ပိုကောင်းသောအရာ မရှိတော့ပေ။

ထိုသည်က ယနေ့တွင် သူ့အတွက် အကောင်းဆုံးသတင်းဟု ဆိုနိုင်သည်။

“အားလုံးပဲ ခင်ဗျားတို့ရဲ့ ကမ်းလှမ်းမှုအတွက် ကျွန်တော် ဝမ်းမြောက်မိပါတယ်.. အခကြေးငွေနဲ့ပတ်သက်ပြီး ခင်ဗျားတို့ရဲ့အတွေးတွေကို ကျေးဇူးတင်မိပါတယ်... ဒါပေမဲ့ ဒါက ကျွန်တော်အစကတည်းက ဆုံးဖြတ်ခဲ့တဲ့ကိစ္စ ဖြစ်တာကြောင့် အရင်သဘောတူညီချက်အတိုင်း ကျွန်တော် ခင်ဗျားတို့ကို အခကြေးငွေပေးမှာပါ”

ဝမ်ချောင်က ပြောလိုက်သည်။

“သခင်လေး ဒါက ကျွန်တော်တို့အားလုံး ကြိုပြီး ဆုံးဖြတ်ထားတဲ့ကိစ္စပါ... အခကြေးငွေမယူဘဲ တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိနေရခြင်းရဲ့ အကြောင်းအရင်းက မင်းအတွက် ချီးကျူးမှုကို ဖော်ပြဖို့ပါ... ဒါကြောင့်လည်း ဝမ်လူကြီးမင်းရဲ့ ဖိတ်ကြားချက်ကို တုံ့ပြန်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်”

“သခင်လေးက ငါတို့ရဲ့ဖော်ပြမှုကို ငြင်းဆန်ခဲ့မယ်ဆိုရင် ငါတို့က အဲဒါကို စော်ကားမှုတစ်ခုအဖြစ် မှတ်ယူရလိမ့်မယ်”

ဝက်ဝံနှင့်တူသော နည်းပြဆရာတစ်ယောက်က တင်းမာသောအမူအရာဖြင့် ပြောလိုက်သည်။

“ဒါက....”

သူသည် ဤအရည်အချင်းရှိသော တော်ဝင်စစ်တပ်၏နည်းပြများက ခေါင်းမာသောလူမျာ ဖြစ်ကြောင်း သိသည်။ သူတို့သည် ဆုံးဖြတ်ချက်တစ်ခုကို ချပြီးပါက ထိုဆုံးဖြတ်ချက်ကို ပြောင်းလဲရန် ခက်ခဲပေလိမ့်မည်။ သို့သော် သူတို့သည် ထိုကဲ့သို့သော ကိစ္စမျိုးတွင်ပါ ဂွကျလိမ့်မည်ဟု သူ မထင်ခဲ့ပေ။

အခန်း ၁၇၈။ ယန်ကျိုး၏ကဗျာအတွက်တောင်းဆိုချက်။

“လူတိုင်းက လေ့ကျင့်ရေးစခန်းရဲ့ ရေရှည်အကျိုးစီးပွားအတွက် ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ။ တခြားလူတွေအမြင်မှာ ကျွန်တော်က သူတို့ရဲ့ကြိုးစားအားထုတ်မှုအတွက် မပေးဘူးလို့ ထင်သွားရင် အနာဂတ်မှာ ဒီကိုလာဖို့ ဘယ်သူမှ စဉ်းစားမှာမဟုတ်ဘူး။ ဒီလိုဆိုရင်ရော..။ အဲဒါကို လက်ခံဖို့ ခက်နေရင် ဘာလို့ စျေးတစ်ဝက်ကို မချရမှာလဲ”

ဝမ်ချောင် ပြုံးလိုက်သည်။

“ဒါက... ဒါဆိုလည်း ကောင်းပြီလေ”

နည်းပြရှစ်ဦးဟာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဝမ်ချောင်ပြောသည်မှာ သဘာဝကျသည်ဟု ခံစားလိုက်ရသည်။ သူတို့သည် နောက်ဆုံးမှာ သဘောတူညီချက်ကို သဘောတူကာ ခေါင်းညိတ်ပြလိုက်ကြသည်။

ထိုသည်ကို မြင်လိုက်ရသည်တွင် ဝမ်ချောင်ပြုံးလိုက်သည်။

ထို့နောက် သူတို့သည် အသေးစိတ်အချက်အလက်များကို ဆွေးနွေးကြတော့၏။

ဝမ်ချောင်၏ လေ့ကျင့်ရေးစခန်းကို စိတ်ဝိညာဉ်သွေးကြောပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး ယင်းကို အရင်ကတည်းက ကြိုတင်ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ သူ့ဆရာ မကောင်းဆိုးဝါးအဘိုးအိုက ထိုနေရာကို စောင့်ကြပ်မည် ဖြစ်သည်။ ထို့အပြင် ဤအင်ပါယာစစ်တပ်၏ လေ့ကျင့်ရေးဆရာများ ပိုင်ဆိုင်ထားသော အံ့ဖွယ်စွမ်းအားများကိုပါ ထည့်သွင်းစဉ်းစားပါက ထိုအရာ၏ လုံခြုံရေးအတွက် စိတ်ပူစရာ မလိုတော့ပေ။

သာမန်အင်အားစုများက ဝမ်ချောင်၏ဝိညာဉ်သွေးကြောကို ထိရန် အိပ်မက်ပင် မက်ဝံ့လိမ့်မည် မဟုတ်။

လေ့ကျင့်ရေးစခန်း တည်ဆောက်မှုနှင့်ပတ်သက်၍...

ဝမ်ချောင်သည် ယင်းအား ရင်းနှီးမြုပ်နှံထားသည်မှာ ကြာလှပြီဖြစ်သည်။ ထိုသည်က ယခုထိ မပြီးပြတ်သေးသော်လည်း အကြမ်းဖျဉ်းတော့ ရှိပြီး ဖြစ်သည်။

“ကောင်းတယ်.. သခင်လေးက ဝိညာဉ်သွေးကြောကိုတောင် ရှာတွေ့ထားမယ်လို့ ထင်မထားဘူး... ဒါကြောင့် သခင်လေးက တော်ဝင်စစ်တပ်ရဲ့နည်းပြ အများအပြားကို ခေါ်ယူလိုတာ ဖြစ်မယ်... စိတ်မပူပါနဲ့ မနက်ဖြန် ငါတို့ အဲဒီကို ခရီးထွက်ပြီး မင်းပြောတဲ့အတိုင်း လုပ်လိုက်မယ်”

သန်မာသော အင်ပါယာစစ်တပ်၏နည်းပြ ရှစ်ဦးသည် စိတ်လှုပ်ရှားနေကြသည်။ ဝမ်ကလန်သည် ဩဇာညောင်းသော်လည်း ရှုထောင့်များစွာတွင် သူတို့၏စုစည်းမှုနှင့် ခွန်အားသည် လိုအပ်နေသေးသည်။

သူတို့သည် ဝမ်ချောင်၏ဖော်ပြချက်ကို အံ့ဩတကြီး ဖြစ်ရသည်။ ဝမ်ချောင်၏ ပြင်ဆင်မှုများသည် ဤမျှ ထိရောက်နေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

ဝိညာဉ်သွေးကြောသည် မည်သည့်အင်အားစုမျှ အလွယ်တကူ ရရှိနိုင်သောအရာ မဟုတ်ပေ။

အင်ပါယာစစ်တပ်၏ နည်းပြများသည် ယုံကြည်အားထားထိုက်သူများ ဖြစ်ကြသည်။ ဝမ်ချောင်၏တောင်းဆိုချက်ကို သဘောတူ လက်ခံပြီးသည်နှင့် ဝမ်မိသားစုဂေဟာမှ အစောင့်အဖွဲ့၏ ဦးဆောင်မှုအောက်တွင် ဝိညာဉ်သွေးကြောဆီသို့ ချက်ချင်း ထွက်ခွာသွားကြသည်။

......

“ဝမ်သခင်လေး ငါတို့ မတွေ့တာ အတော်ကြာပြီ”

တော်ဝင်စစ်တပ်၏နည်းပြ ရှစ်ဦး ထွက်ခွာသွားပြီး သိပ်မကြာခင်မှာပင် အဝတ်ဖြူဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ပိုးသားဦးထုပ်ကို ဆောင်းထားပြီး သန့်စင်မွန်မြတ်သောပုံစံဖြင့် အခန်းထဲသို့ ဝင်လာခဲ့သည်။

ဝမ်ချောင်၏စာလွှာသည် လောကကို တုန်လှုပ်စေခဲ့သည်။

ထို့ကြောင့် အမျိုးမျိုးသော စွမ်းအားစုများက သူ့ဆီမျက်လုံးများလှည့်လာကြပြီး သူလွတ်မြောက်လာမည့်အချိန်ကို စောင့်မျှော်နေခဲ့ကြသည်။ ထို့ကြောင့် အချိန်ကာလတစ်ခုအထိ အေးအေးချမ်းချမ်းနေရလိမ့်မည်မဟုတ်ကြောင်း သူခန့်မှန်းထားသည်။

“ခင်ဗျားက...”

ဝမ်ချောင်သည် တိုင်းတစ်ပါးသားတစ်ယောက် ဝင်လာသည်ကို မြင်လိုက်ရသောအခါ အံ့အားသင့်စွာ မျက်မှောင်ကြုတ်လိုက်မိသည်။

ဝမ်ချောင်သည် အစောင့်များက သူစိမ်းတစ်ယောက်ကို အလွယ်တကူ ဝင်ခွင့်ပေးမည်ဟု ထင်မထားခဲ့ပေ။ သို့သော်လည်း ဝမ်ချောင်သည် သူ့ရှေ့ကလူကို အမှန်တကယ်ပင် မမှတ်မိခဲ့ပေ။

“ဟားဟားဟား သခင်လေး ငါတို့ လွန်ခဲ့တဲ့ လအနည်းငယ်က တွေ့ဖူးတယ်.. အဲဒီတုန်းက မင်းငါ့ကို ရွှေတုံးတစ်ထောင် လက်ဆောင်ပေးခဲ့တယ်.. မင်း ဒီကိစ္စကို မေ့နေပြီလား”

ထိုဧည့်သည်က ရယ်မောလိုက်သည်။

“ရွှေတုံးတစ်ထောင်လား”

ဝမ်ချောင် ပို၍ အံသြသွားသည်။ သူသည် ယခုချမ်းသာနေသည်မှာ မှန်သော်လည်း ရွှေတုံးတစ်ထောင်သည် သေးငယ်သော ပမာဏမဟုတ်ပေ။ ဝမ်ချောင်က ဤမျှကြီးမားသောငွေပမာဏကို လက်ဆောင်ပေးခဲ့သည်မှာ မဖြစ်နိုင်ပေ။

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ဒီလူက ဘယ်သူလဲ”

ဝမ်ချောင်သည် သံသယဖြစ်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ ဝမ်ချောင်သည် သူ့ကိုယ်သူ မေ့တတ်သူတစ်ယောက်ဟု မထင်ချေ။ သူသည် လူတစ်ယောက်ကို တွေ့ခဲ့ဖူးပါက ထိုလူကို သေချာပေါက် မှတ်မိနေမည်ဖြစ်သည်။

သို့သော်လည်း ဝမ်ချောင်က ဤလူကို သေချာပေါက် လုံးဝမတွေ့ခဲ့ဖူးပေ။

“ဟား ဟား သခင်လေးက အတော်မေ့တတ်တဲ့သူပဲ... အပြာရောင်ခန်းမမှာတုန်းက မင်းကူညီခဲ့တဲ့လူကို မှတ်မိသေးလား”

လူစိမ်းသည် နောက်ဆုံးတွင် သူ၏အပြုံးများကို ရုတ်သိမ်းလိုက်ပြီး ဖြည်းညှင်းစွာမေးလိုက်သည်။

ဘုန်း..

ဝမ်ချောင်သည် လျှပ်စီးတစ်ချက် လက်သွားသလို ခံစားလိုက်ရပြီး ဝတ်ရုံဖြူဝတ်ထားသူကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်ရင်း မျက်လုံးများ ပြူးကျယ်သွားသည်။

“အဲဒါမင်းပဲ..”

ဝမ်ချောင်က နောက်ဆုံးတွင် ဧည့်သည်က မည်သူဖြစ်သည်ကို သိသွားသည်။ သို့သော်လည်း ဤအရာက ဝမ်ချောင်ကို အံ့အားသင့်သွားစေသည်။

ယန်ကျိုး

ထိုလူသည် ယန်ကျိုး ဖြစ်သည်။ အပြာရောင်ခန်းမ၏ အပြင်ဘက်တွင် သူ တွေ့ခဲ့သည့်လူက ဖရိုဖရဲ ဝတ်စားထားပြီး လူမိုက်တစ်ဦးကဲ့သို့ပင်။

မဟာထန်၏ အနာဂတ်ဦးရီးတော်။

ဝမ်ချောင်က သူ့ကို ဤကဲ့သို့ နက်ရှိုင်းစွာမှတ်မိနေရသည့် အကြောင်းရင်းမှာ အနာဂတ်တွင် ထိုသူ၏အခြားအမည်ကို မကြာခဏ ကြားရမည်ဖြစ်သောကြောင့် ဖြစ်သည်။

ယန်ကွေ့ကျုံး

ယန်ကျိုးသည် သူ၏အမည်ရင်းဖြစ်ပြီး 'ယန်ကွေ့ကျုံး'သည် သူ့စွမ်းအားအထွက်အထိပ်သို့ ရောက်လာသောအခါ သူယူမည့် အခြားအမည် ဖြစ်သည်။

သို့သော်လည်း ဒီအချိန်တွင် ဝမ်ချောင်မှလွဲ၍ အခြားမည်သူမျှ ထိုအကြောင်းကို ယန်ကျိုးကိုယ်တိုင်ပင် မသိပေ။

“တကယ့်ကို သူပဲ.. ဒါပေမယ့် လူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်က ဘယ်လောက်ထိ ပြောင်းလဲသွားနိုင်တာလဲ”

ဝမ်ချောင် အံ့အားသင့်နေခဲ့သည်။

ဝမ်ချောင်သည် လူတစ်ဦး၏ ပင်ကိုယ်စရိုက်နှင့်အမူအကျင့် ဤမျှအတိုင်းအတာအထိ ကြီးမားစွာ ပြောင်းလဲသွားသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

သူသည် ယန်ကျိုး၏ အဆိုးဆုံးအခြေအနေကို အရင်က မြင်ခဲ့ဖူးသည်။ ထိုအချိန်က သူသည် လူဆိုးတစ်ယောက်နှင့် မခြားပေ။

သို့သော်လည်း လက်ရှိယန်ကျိုးသည် သန့်စင်မွန်မြတ်သော ပညာတတ်တစ်ယောက်နှင့် မခြားပေ။ သူ၏ လှုပ်ရှားမှုတိုင်းသည် တော်ဝင်နန်းတော်ရှိ သြဇာကြီးမားသော အရာရှိများကိုပင် အရှက်တကွဲ ဖြစ်သွားစေနိုင်သည်။ သူသည် ပညာတတ်များထက်တောင် ပို၍တော်သည်။

“အရင်က တော်ဝင်နန်းတော်မှာ သူက ဘာကြောင့် နာမည်တစ်ခု စိုက်ထူနိုင်ခဲ့သလဲ ဆိုတာ အံ့ဩစရာ မရှိတော့ဘူး... သူ့ရဲ့ရုပ်ရည်သွင်ပြင်နဲ့ စိတ်နေသဘောထားကြောင့်ပဲ.. သူက တခြားအရာရှိတွေထက် မနိမ့်ကျဘူး”

ဝမ်ချောင်သည် ယန်ကျိုး၏နောက်ခံအကြောင်းကို သိထားသည်။

သို့သော် ထိုသို့ဆိုလျှင်ပင် ဤအခိုက်အတန်အတွင်း တစ်ဖက်သားကို မချီးကျူးမိဘဲ မတတ်နိုင်။ သူကိုယ်တိုင်ပင် ထိုသို့ ရုတ်ခြည်းပြောင်းလဲမှု ကြီးကြီးမားမား မပြုလုပ်နိုင်ချေ။

“ဟ ဟ ဟ သခင်လေးက ငါဘယ်သူလဲဆိုတာကို မသိသေးဘူးပဲ မှန်ရဲ့လား... ကြင်ရာတော်ထိုက်ကျန်းက ငါရဲ့ဝမ်းကွဲညီမပဲ”

ယန်ကျိုးက ဦးညွှတ်လိုက်ရင်း အပြုံးဖြင့် သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ရသည့် သူ၏အသွင်သဏ္ဌာန် ပျက်စီးသွားခဲ့ရသည်မှာ သနားစရာကောင်းလှ၏။ အတွင်းဘက်တွင်တော့ ယန်ကျိုးသည် အော့နှလုံးနာနေခဲ့သည်။

“ငါ သိပြီ ဒီတော့ ခင်ဗျားက ကြင်ရာတော်ထိုက်ကျန်းရဲ့ဝမ်းကွဲပေါ့”

ဝမ်ချောင်၏မျက်နှာပေါ်တွင် အံ့သြသွားပုံ ပေါ်သော်လည်း အတွင်းပိုင်းတွင်တော့ သူက ကြိတ်ရယ်နေခဲ့သည်။

ယန်ကျိုး၏နောက်ခံအကြောင်းကို စတွေ့ကတည်းက သူသိပြီး ဖြစ်သည်။ သို့သော် တစ်ဖက်လူကို ထုတ်ပြောရန် အတွက်တော့ မဖြစ်နိုင်ပေ။

“အဲဒီတုန်းက သခင်လေးရဲ့ ရက်ရောတဲ့လက်ဆောင်အတွက် ကျေးဇူးတင်ချင်ပါတယ်.. ဒါကြောင့် အပြင်ဘက်ရထားပေါ်မှာ ရွှေတုံးတစ်ထောင်ကို ပြင်ဆင်ထားခဲ့ပြီး နောက်မှ ငါရဲ့အစောင့်တွေနဲ့ အဲဒါကို ယူခိုင်းလိုက်မယ်”

ယန်ကျိုးက အတည်ပေါက်ပုံစံဖြင့် ပြောလိုက်သည်။

“ငါ မင်းကိုယုံရင် ငါက သောက်ရူးတစ်ကောင် ဖြစ်သွားလိမ့်မယ်”

ဝမ်ချောင် စိတ်ထဲမှ သရော်လိုက်သည်။ သူ့ရှေ့ကလူ၏ ပင်ကိုယ်စရိုက်ကို သိနေသောကြောင့် သူ့ရထားပေါ်မှာ ရွှေတုံးတစ်ထောင်ရှိဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပေ။

သူ၏ယခင်ဘဝတွင် ယန်ကျိုးသည် ကော်တရာကပ်စေးအဖြစ် လောကတစ်ဝှမ်းတွင် နာမည်ကြီးခဲ့သည်။

ယန်ကျိုးသည် အခြားကဏ္ဍအားလုံးတွင် မထူးချွန်သော်လည်း မကြာခဏဆိုသလို လောင်းကစား ပြုလုပ်ခြင်းကြောင့် ငွေကြေးနှင့်ပတ်သက်သော ကိစ္စရပ်များတွင် ထူးခြားသော စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သည်။

သူ၏စွမ်းဆောင်ရည်သည် သူ၏တွက်ချက်မှုအပေါ် မူတည်ပြီး ရရှိခဲ့ပုံပေါ်သည်။

လူတစ်ယောက်သည် သူပိုင်ဆိုင်ထားသော ပင်ကိုယ်စရိုက်ကို စွန့်လွှတ်ရန် မဖြစ်နိုင်ပေ။

“ယန်လူကြီးမင်းက အားနာနေပြန်ပြီ.. အဲဒါက ငါမင်းကို ပေးခဲ့ပြီး ဖြစ်တာကြောင့် အဲဒါက မင်းဥစ္စာပါပဲ.. ပြီးတော့ ဒါက ငါ့ဖက်က ကောင်းမွန်တဲ့ဆက်ဆံရေးကို ပြသဖို့အတွက်ပါ.. ဒါကြောင့် အရမ်းကြီးအားနာနေဖို့ မလိုပါဘူး”

ဝမ်ချောက ပြန်ဖြေလိုက်သည်။

“ဒါဆို အဲဒီကိစ္စအပေါ် ငါ အားမနာတော့ဘူး”

ယန်ကျိုးက ဝတ္တရားအရသာ ပြောလိုက်ရခြင်းဖြစ်သည်။ အကယ်၍ ဝမ်ချောင်သည် သူ့ထံမှ လျော်ကြေးကို အမှန်တကယ် လက်ခံခဲ့ပါက သူ့တွင် ပေးစရာ တပြားမှမရှိပေ။

“ဟုတ်သားပဲ တကယ်တော့ ကျွန်တော် ဒီကို တာဝန်တစ်ခုနဲ့ လာခဲ့တာပါ.. သခင်လေး ဒါက ကြင်ရာတော်ဆီက စာပါ။ ဒါကြောင့် သေချာဖတ်ကြည့်လိုက်ပါ”

“အိုး..”

ဝမ်ချောင်သည် ယန်ကျိုးကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

သူကို တွေ့ချင်သူသည် ကြင်ရာတော်ထိုက်ကျန်း ဖြစ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

သူက ယန်ကျိုး၏လက်ထဲက စာအိတ်ကို ယူလိုက်ပြီး ကြည့်လိုက်သည်။ စာအိတ်ပေါ်ရှိ စကားလုံးများသည် အံဝင်ခွင်ကျဖြစ်ပြီး ထူးခြားသည့်တော်ဝင်အငွေ့အသက်တစ်ခုကို ပိုင်ဆိုင်ထားသည်။

“ဒါက ကြင်ရာတော်ထိုက်ကျန်းရဲ့ ကိုယ်ပိုင်လက်ရေးပေါ့”

သဘောပေါက်သွားသည်နှင့်အမျှ ဝမ်ချောင် အံအားသင့်သွားသည်။

ကြင်ရာတော်ထိုက်ကျန်းသည် သူ့နေရာတွင် အခြားသူများကို စာရေးခိုင်းလေ့ရှိသည်။ ထို့ကြောင့် သူ၏ယခင်ဘဝတွင် ကြင်ယာတော်ထိုက်ကျန်း၏ အမှန်တကယ် လက်ရေးစာများကို ကိုင်ဆောင်ထားနိုင်သူ အလွန်နည်းပါးသည်။

ဝမ်ချောင်က ဤကဲ့သို့ရှားပါးအရာတစ်ခုကို ပိုင်ဆိုင်ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ကြင်ရာတော်ထိုက်ကျန်း၏ ရေးသားချက်များသည် အနည်းငယ်ပါးလွှာပြီး စာလုံးများက ကြိုးကြာလည်ဆန့်သကဲ့သို့ ချိတ်ဆွဲနေသည်။ သို့သော် သူ့တွင် မိန်းမဆန်သော အငွေ့အသက်တစ်ခု ရှိသည်။ စာရွက်များကို လှန်လိုက်သောအခါ သိက္ခာရှိသော အမျိုးသမီးတစ်ဦး၏ ရနံ့ကို ခပ်ပျပျ ရှုရှိုက်လိုက်မိပြီး နှလုံးအိမ်ကို လှုပ်ခါသွားစေသည်။

ဝမ်ချောင်၏ နှလုံးသားသည် ခုန်ပေါက်လာခဲ့သည်။ သူ့စိတ်နှလုံးကို ငြိမ်သက်စေလိုက်ပြီးနောက် စာအိတ်ကို ဆုတ်ဖြဲလိုက်တယ်။

ကြင်ရာတော်ထိုက်ကျန်း၏စာပါ အကြောင်းအရာသည် အလွန် သာမန်ဆန်လှသည်။

သူမသည် သူ့ကဗျာကို ချီးကျူးခြင်းမပြုမီ ဝမ်ချောင်သည် ရဲတင်းစွာ စုန့်ဘုရင်အယောင်ဆောင်ခဲ့သဖြင့် ပထမဆုံး ဆူပူခဲ့သည်။

သူမက သူ့ကဗျာဟာ အလွန်လှပပြီး စိတ်နှလုံးကို ရွှင်လန်းစေသည်ဟု ချီးကျူးစကားဆိုခဲ့သည်။

နောက်ဆုံးစာကြောင်းကိုတော့...

“ကဗျာကို ဖြူစင်ခြင်းနှင့် ငြိမ်းချမ်းရေးသီချင်း (၁) လို့ နာမည်ပေးထားလို့ ဒုတိယအပိုင်းလည်း ရှိရမယ်.. သခင်လေးက ထက်မြက်တဲ့ ကဗျာဆရာ ဖြစ်ပြီး လက်ရာက ထူးခြားတယ်... ဒါကြောင့် နောက်ဆုံးအပိုင်းကို မြည်းစမ်းကြည့်ဖို့ တောင်းဆိုချင်ပါတယ်”

“ဖြူစင်ခြင်းနှင့်ငြိမ်းချမ်းရေးသီချင်းက ဒုတိယအပိုင်းပဲ မဟုတ်ဘူး.. စုစုပေါင်း သုံးပိုင်းရှိတယ်”

ဤအချိန်တွင် ဝမ်ချောင်သည် ယန်ကျိုးကို စေလွှတ်ရခြင်း၏ ရည်ရွယ်ချက်ကို ဤနေရာတွင် နားလည်လိုက်သည်။ 'ဖြူစင်ခြင်းနှင့် ငြိမ်းချမ်းရေးသီချင်း'၏ စွမ်းပကားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းပုံရသည်။

၎င်းကို ကြည့်ခြင်းအားဖြင့် ဤအဖြစ်အပျက်သည် ဝမ်ချောင် ထောင်သုံးကျ ကျခဲ့ခြင်းကြောင့် ဖြစ်လာရခြင်း ဖြစ်နိုင်သည်။ ထိုကဲ့သို့မဟုတ်လျှင် ကြင်ရာတော်ထိုက်ကျန်းက ယန်ကျိုးကို တောင်းဆိုဖို့ အလျင်စလို စေလွှတ်မည်မဟုတ်ပေ။

အားလုံးပြီးနောက် ထိုပုဂ္ဂိုလ်သည် ကဗျာကို အရူးအမူးစွဲလမ်းနေသူ ဖြစ်သည်။

“ဟားဟား ငါက ကဗျာတွေ သိပ်မသိဘူး... အဲဒါတွေကို ဘယ်လို တန်ဖိုးထားရမှန်းလည်း မသိဘူး.. ဒါပေမယ့် မင်းရေးခဲ့တဲ့ ကဗျာတွေက ထူးခြားတယ်လို့ ကြင်ရာတော်က ပြောတယ်.. သခင်လေးသာ အချိန်ရမယ်ဆိုရင် ယုကျန်းနန်းတော်ကို အလည်လိုက်ခဲ့ဖို့ မျှော်လင့်ပါတယ်။”

ယန်ကျိုးက နှာခေါင်းကို ပွတ်သပ်ရင်း ရှက်ရွံ့စွာ ပြောလိုက်သည်။

ယန်ကျိုး စိတ်ဝင်စားသည်က ပိုက်ဆံပင်ဖြစ်သည်။ သို့သော် ကြင်ရာတော်ထိုက်ကျန်းက သူ့ကို'ကဗျာ'တောင်းဖို့ ဤနေရာသို့ စေလွှတ်ခဲ့တာဖြစ်သည်။ ယန့်ကျိုးသည် ဤနယ်ပယ်တွင် မည်သည့်အရည်အချင်းမှ မပိုင်ဆိုင်သောကြောင့် သူ့အတွက် ပြောစရာစကားများစွာ မရှိပေ။

ဝမ်ချောင်သာ သူ့အား ကဗျာအကြောင်းကို စပြောလျှင် သူ့အားနည်းချက်များကို ထုတ်ဖော်ပြသနေရသကဲ့သို့ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူ အနည်းငယ် အဆင်မပြေဖြစ်ပြီး ရှက်ရွံ့သလို ခံစားလိုက်ရသည်။

“ယန်လူကြီးမင်းက အားနာနေပြန်ပြီ.. ကြင်ရာတော်ကသာ ဆန္ဒရှိရင် အဲဒါကို အခုရေးလိုက်လို့ ဖြစ်ပါတယ်”

ဝမ်ချောင်သည် တစ်ဖက်လူ၏ ချို့ယွင်းချက်ကို ထိုးနှက်ခြင်းမပြုပေ။ ယင်းအစား သူသည် သန့်စင်ခြင်းနှင့် ငြိမ်းချမ်းရေးကဗျာ ဒုတိယအပိုဒ်ကို ချရေးရန် ပစ္စည်းများအား အသုံးမပြုမီ တစ်ခဏမျှ အချိန်ယူစဉ်းစားလိုက်သည်။

ဝမ်ချောင်သည် ဤကဗျာကို ကြင်ရာတော်ထိုက်ကျန်းထံ ပေးပို့ရန် ချီတုံချတုံ ဖြစ်နေရခြင်း၏ အကြောင်းရင်းမှာ သူမအား တန်းလန်းထားခဲ့ရန် သို့မဟုတ် သူ၏အရည်အချင်းများကို ဂုဏ်ယူဝံ့ကြွားရန် မဟုတ်ပေ။ ယင်းအစား ဤကဗျာကို အန္တရာယ်ကြားထဲတွင် ရေးသားခဲ့ရသောကြောင့် ဖြစ်သည်။

အခြားအချိန်ကာလတစ်ခုတွင် ဒုတိယအပိုင်းရှိ အခန်းငယ်တစ်ပိုဒ်တွင် 'ကျိုးဖေးယန်'ကို ဖော်ပြခဲ့ချိန်တွင် လီပိုင် သေဆုံးလုနီးပါးဖြစ်ခဲ့သည်။ ထိုအကြောင်းပြချက်ကြောင့် ဝမ်ချောင် ဒုတိယအပိုင်းကို ရေးသားရန် အချိန်ယူရခြင်း ဖြစ်သည်။

(လီပိုင်သည် ဖြူစင်ခြင်းနှင့်ငြိမ်းချမ်းရေးကဗျာ၏ မူလရေးသားသူဖြစ်သည်။)

သို့သော်လည်း လွန်ခဲ့သည့်သုံးလတွင် ဝမ်ချောင်သည် အဖြေတစ်ခုကို ရှာဖွေနိုင်ခဲ့သည်။

ဝမ်ချောင်သည် လူသိများသော ဖြူစင်ခြင်းနှင့်ငြိမ်းချမ်းရေးကဗျာ ဒုတိယပိုဒ်ကို အပြီးသတ်ရေးသားရန် အချိန်အတော်ကြာယူခဲ့ရသည်။

“ကြက်သွေးရောင်စွဲမက်ဖွယ် အကိုင်းအခက်တစ်ခု၊ ပန်းတစ်ပွင့်က နှင်းစက်များကြားမှာ ကြွေကျလျက်”

“ဝူတောင်ရဲ့နတ်သမီးနဲ့ ပြန်လည်ဆုံဆည်းခြင်း ပုံရိပ်က ဝမ်းနည်းဖွယ်ကောင်းလှတယ်”

“နွေဦးနဲ့ ဆောင်းဦး ဘယ်သူက သူမရဲ့အလှတရားနဲ့ ယှဉ်ပြိုင်နိုင်မှာလဲ”

“ချစ်စရာကောင်းတဲ့ ရှီရှီရဲ့ ကြွေကျနေတဲ့ ပုံသဏ္ဍာန်က သနားစရာ”

........

စုစုပေါင်း စကားလုံး လေးဆယ့်နှစ်လုံး ပါ၀င်သော စာကြောင်းလေးကြောင်းကို ပြီးမြောက်စေရန် အသက်ရှူချိန် အနည်းငယ်သာ ကြာမြင့်ခဲ့သည်။ ယန်ကျိုးသည် မတတ်နိုင်ဘဲ ချီးကျူးလိုက်မိသည်။ သူသည် ပညာမတတ်သော်လည်း လုံးလုံး မသိနားမလည်သည်တော့ မဟုတ်ပေ။

ပါရမီရှင်တစ်ယောက်ပင်လျှင် ကဗျာတစ်ပုဒ်မရေးမီ သူတို့၏ခံစားချက်များကို စုစည်းကာ စကားလုံးများကို ဖန်တီးရန် အချိန်တစ်ခု လိုအပ်ပေမည်။ ဤကဗျာတွင် စကားလုံးအနည်းငယ်သာ ရှိသော်လည်း အနည်းဆုံး တစ်နာရီခန့်ကြာ အချိန်ယူခဲ့ရသည်။

သို့သော်လည်း ဝမ်ချောင်သည် အသက်အနည်းငယ်ရှူချိန်မျှဖြင့် ရေးပြီးသွားခဲ့သည်။ ဤအံ့သြဖွယ်စွမ်းရည်သည် ယန်ကျိုးကိုပင် အံသြသွားစေသည်။

ဝမ်ချောင် 'ကဗျာစွမ်းရည်'၏ အတိုင်းအဆကို နောက်ဆုံးတွင်သူ နားလည်ခဲ့သည်။

သူ့ရှေ့က လူငယ်သည် သာမန်အသိဉာဏ်ဖြင့် နားလည်နိုင်သောလူ မဟုတ်ခဲ့ပေ။

“မယုံနိုင်စရာပဲ”

ယန်ကျိုးက ချီးကျူးလိုက်သည်။ သူသည် ရိုင်းစိုင်းသော်လည်း ထိုသည်က လေးစားစရာကောင်းသောသူများကို အရိုအသေပြုခြင်းမှ မတားဆီးနိုင်ပေ။

လက်ရေးလှရေးရန် ပုံစံအမျိုးမျိုးရှိပြီး ကြိုးကြာပုံလက်ရေးသည် သူတို့ထဲမှ တစ်ခုဖြစ်သည်။

ကျိုးဖေးယန်သည် ဟန်မင်းဆက်ကာလက ကြင်ရာတော်တစ်ပါး ဖြစ်သည်။

(သူမအမည်သည် ပျံသန်းနေသောကြိုးကြာများဟု အမည်ရသည်)

သူမသည် အလှဘုရင်မဟု လူသိများပြီး “ပိန်သွယ်သော နျန်နှင့် သေးသွယ်သော ယန်” ဟုလူအများက အလှဘုရင်မနှစ်ဦးဖြစ်သည့် ယန်ယုနျန်နှင့် ကျိုးဖေးယန်ကို ရည်ညွှန်းပြောဆိုကြသည်။

ကဗျာအရ ကျိုးဖေးယန်သာလျှင် ကြင်ရာတော်ထိုက်ကျန်း၏ အလှတရားနှင့် ယှဉ်နိုင်သည်ဟု ဆိုလိုသော်လည်း ကျိုးဖေးယန်မှာ ကြောက်စရာကောင်းလောက်အောင် နာမည်ပျက်သွားခဲ့သည်။ ထို့ကြောင့် လူတချို့က ကဗျာကို စော်ကားကြသည်ကို တွေ့ရသည်။

ထို့ကြောင့် ဝမ်ချောင်သည် နွေဦးနှင့် ဆောင်းဦးရာသီကဗျာတွင် တရုတ်နိုင်ငံ၏ အလှဘုရင်မလေးဦးအနက်မှ ရှီရှီ (ရှီဇီ) နှင့် အစားထိုးခဲ့သည်။

“ကြက်သွေးရောင်စွဲမက်ဖွယ် အကိုင်းအခက်တစ်ခု၊ ပန်းတစ်ပွင့်က နှင်းစက်များကြားမှာ ကြွေကျလျက်”

“ဝူတောင်ရဲ့နတ်သမီးနဲ့ပြန်လည်ဆုံဆည်းခြင်း ပုံရိပ်ဟာ ဝမ်းနည်းဖွယ်ကောင်းလှတယ်”

“နွေဦးနဲ့ဆောင်းဦး ဘယ်သူက သူမရဲ့အလှတရားနဲ့ ယှဉ်ပြိုင်နိုင်သလဲ”

“ချစ်စရာကောင်းတဲ့ ရှီရှီရဲ့ ကြွေကျနေတဲ့ ပုံသဏ္ဍာန်က သနားစရာ”

ပထမစာကြောင်းက ပန်းတစ်ပွင့်ကို ရည်ညွှန်းသည်။

ဒုတိယစာပိုဒ်သည် ဝူတောင်ထိပ်တွင် နတ်ဘုရားမနှင့်အတူ ချူဝမ်(ချူဘုရင်)၏ဒဏ္ဍာရီကို ရည်ညွှန်းကာ အရာရာတိုင်းကို လွမ်းဆွတ်နေပုံရသော်လည်း၊

ထိုအရာတိုင်းသည် စိတ်ကူးယဉ်ဖန်တီးမှုတစ်ခုသက်သက်သာဖြစ်နေခဲ့သည်မှာ သနားစရာကောင်းလှ၏။

အခန်း-၁၇၉။ ဝမ်ချောင်၏သွေးသောက်အစ်ကို

ယန်ကျိုး၏ တုံ့ပြန်ချက်များကို သတိမပြုမိဘဲ ဝမ်ချောင်၏ သူ့စုတ်တံအောက်မှ ဖြူစင်ခြင်းနှင့်ငြိမ်းချမ်းရေး ဒုတိယပိုဒ်အတွက် ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။

အခြားအချိန်ကာလတစ်ခု၌ လီပိုင်သည် ဧကရာဇ်မင်းမြတ်၏အမိန့်အရ အရက်မူးမူးနှင့် ဤကဗျာကို ရေးသားခဲ့သည်။ သူ့အလုပ်သည် မြင့်မားသော ပါရမီရှိရန် လိုအပ်သော်လည်း သူသည် မှန်ကန်စွာ မတွေးတောနိုင်ဘဲ 'ကြီးမြတ်သောဟန်လူမျိုးတို့၏ မည်သူက သူမ၏လှပတင့်တယ်မှုနှင့်လိုက်ဖက်ညီမည်နည်း... ဖြစ်နိုင်သည်ကတော့ ပျံလွှားငှက်(ဖေးရမ်)က သူမ၏သွင်ပြင်ကို ဖော်ပြသည့်အချိန်မှသာလျှင် ဖြစ်နိုင်လိမ့်မည်' ဟု ရေးသားခဲ့သည်။

ထိုအချိန်တွင် ဝမ်ချောင်သည် ဤကဗျာကို ဖတ်ပြီးသောအခါ ယန်ထိုက်ကျန်း၏အလှတရားကို ကျိုးဖေးယန် ထက်သာလွန်သည်ဟု လီပိုင်က ချီးကျူးခဲ့ခြင်း ဖြစ်သည်ဟု ထင်မြင်ခဲ့သည်။ သို့သော်လည်း ထိုသည်ကို စူးစမ်းကြည့်ပြီးနောက် ထိုအရာသည် မဟုတ်မှန်ကြောင်း သူသိလိုက်ရသည်။

ကဗျာတွင် 'သနားစရာ'ဟူသော စကားလုံးသည် 'ချစ်စရာ'ဟု အဓိပ္ပာယ်ရပြီး 'ရုပ်သွင်ပြင်'သည် အလှတရား၏ ကျက်သရေကို ရည်ညွှန်းသည်။ သူသည် ယန်ထိုက်ကျန်းကို ဟန်မင်းဆက်၏ 'ကျိုးဖေးယန်'နှင့် ခိုင်းနှိုင်းခဲ့သည်။

ကျိုးဖေးယန်သည် မည်သို့သောသူနည်း။

သူမသည် ဟန်လူမျိုးချန်ဧကရာဇ်၏ ဧကရာဇ်မိဖုရားဖြစ်သည်။

ဒဏ္ဍာရီတွင် ကျိုးဖေးယန်သည် ဟန်လူမျိုးချင်ဧကရာဇ်၏ လက်ဖဝါးပေါ်တွင် ကပြနိုင်ခဲ့ပြီး 'နူးညံ့သောလက်ဖဝါးထက် ကချေသည်'ဘွဲ့ကို ပေးအပ်ခြင်းခံခဲ့ရသည်ဟု ဆိုထားသည်။

သူမ၏အလှတရားသည် လူအများ မကြာခဏ ချီးကျူးပြောဆိုစရာ အကြောင်းအရာတစ်ခုဖြစ်ခဲ့သည်။

ယန်ထိုက်ကျန်းကို ကျိုးဖေးယန်နှင့် နှိုင်းယှဉ်ခြင်းက ချီးကျူးမှုဖြစ်၏။ သို့သော် သူမသည် လျိုပင်းဝမ်ရေးသားခဲ့သော “ရွှီကျင်းယဲ့အတွက်လွမ်းခြင်း ဝူကျိုးကိုဆန်ကျင့်ခြင်း”တွင် ပါဝင်သော “တော်ဝင်သူများ၏လွှမ်းမိုးခြင်း”ဆိုသည့် စကားစု၏ ကနဦးလည်း ဖြစ်ပြီး သေးသွယ်သော သွင်ပြင်နှင့် လက်ဖဝါးထက်တွင် ကပြနိုင်သော စွမ်းရည်ကို တခြားသူက မည်သို့ သိနိုင်အံ့နည်း။ နောက်ဆုံးတွင် ထိုအချင်းအရာကို “သမိုင်းထဲတွင် သူမကို ချန်ခဲ့ကြောင်း” ရှေးမှတ်တမ်းများအတွင်း မှတ်တမ်းတင်ခဲ့သည်။

ကျိုးဖေးယန်သည် ငါးများကိုပင် ရေနစ်သွားစေနိုင်သော၊ ငန်းကိုပင် ခေါင်းငုံ့သွားစေနိုင်သော၊ လရောင်ကိုပင် ဖျော့တော့ သွားစေနိုင်သော၊ ပန်းပွင့်များကိုပင် ရှက်ရွံ့သွားစေနိုင်သော အလှတရားအပြင် သူမသည် လက်ဖဝါးထက်တွင် ကခုန်နိုင်စွမ်းရှိသော မည်သူကမျှ မယှဉ်ပြိုင်နိုင်သည့် လှပတင့်တယ်မှုကို ပိုင်ဆိုင်ထားသူ ဖြစ်သော်လည်း သူမ၏ဆွဲဆောင်မှုရှိသော အပြင်ပန်း ပုံသဏ္ဍန်အောက်တွင် အဆိပ်ရှိသော နှလုံးသားတစ်စုံကို ဖုံးကွယ်ထားခဲ့သည်။

သူမသည် ဟန်လူမျိုးချန်ဧကရာဇ်ကို အဆိပ်ခတ်သတ်ဖြတ်ခဲ့ပြီး မရေမတွက်နိုင်သော တော်ဝင်မျိုးနွယ်များကိုလည်း သတ်ဖြတ်ခဲ့သည်။

လီပိုင်သည် ယန်ထိုက်ကျန်းကို ဧကရာဇ်မင်းမြတ်နှင့် တော်ဝင်မျိုးနွယ်များကို အဆိပ်ခတ်ခဲ့သော ရက်စက်သည့် ကျိုးဖေးယန်နှင့် ခိုင်းနှိုင်းခဲ့သည်။ ဒါသည် သေခြင်းတရားကို ဖိတ်ခေါ်နေသည် မဟုတ်ပါလော။

သူ၏သာလွန်သော စာပေအရည်အချင်းကြောင့်သာ မဟုတ်လျှင် သူသေသွားခဲ့ပြီ ဖြစ်သည်။

လီပိုင်နှင့် တုဖူတို့သည် ဤလောကတွင် မရှိကြသော်လည်း ဟန်လူမျိုးချန်ဧကရာဇ်နှင့် ကျိုးဖေးယန်သည်တော့ ဤလောကတွင်ရှိခဲ့သည်။

ကြင်ရာတော်ထိုက်ကျန်းသည် ကဗျာရေးသားနည်းတွင် ကောင်းစွာလေ့လာခဲ့ပြီး ဝမ်ချောင်ရေးသားခဲ့သည့် 'ဖြူစင်ခြင်းနှင့် ငြိမ်းချမ်းခြင်းကဗျာ ဒုတိယပိုဒ်'သည် သူမအား ရက်စက်သော ကျိုးဖေးယန်အဖြစ် ရည်ညွှန်းခဲ့ပါက၊ သူသည် သူမအား အမှန်တကယ်ပင် စိတ်အနှောင့်အယှက် ဖြစ်စေမည်ဖြစ်သည်။

‘ဖြူစင်ခြင်းနှင့်ငြိမ်းချမ်းခြင်းကဗျာ-၁’ကို ရေးသားခဲ့သူအနေဖြင့် ရရှိခဲ့သော ကျေးဇူးတင်ခြင်းအားလုံးသည် ရန်လိုခြင်းအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

ဝမ်ချောင်သာ သူမကို ဤကဲ့သို့တင်ပြလိုက်ပါက သူသည် မိုက်မဲရာကျသွားပေလိမ့်မည်။

သို့သော်လည်း အနည်းငယ်ပြင်ဆင်လိုက်ခြင်းက ထိုအရာကို အဆင်ပြေသွားစေသည်။

'ရှီဇီ'သည် 'ရှီရှီ'ကို ရည်ညွှန်းခြင်းဖြစ်ပြီး သူမသည် ကြီးမြတ်သော အလှပိုင်ရှင်လေးဦးတွင် ပါဝင်သည်။ 'ရေနစ်နေသောငါး၊ ခေါင်းငုံ့နေသောငန်း၊ မှိန်ဖျော့နေသောလ၊ ရှက်ရွံ့နေသောပန်း' တို့သည် သူမဆီမှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။ သူမ၏အလှသည် လောက၏အထွတ်အထိပ်သို့ အမှန်တကယ်ရောက်ရှိခဲ့သည်ဟု ဆိုကြကာ လှပသေသပ်စွာ ဝတ်ဆင်ကာ မြစ်ကမ်းဘေးတွင် ရပ်နေပါက ငါးများသည် သူမ၏အလှကို မြင်ပြီး မြစ်၏အောက်ခြေအထိ နစ်ဆင်း သွားကြရပေမည်။ ပန်းများသည် သူမ ရှိနေလျှင် သူတို့သည် သူတို့၏ ပွင့်ချပ်များကို ပိတ်ထားလိုက်ရပြီး သူမနှင့် မယှဉ်ပြိုင်ရဲကြပေ။

ရှီဇီ၏ အလှတရားသည် အံ့မခန်းပင်။

ပို၍အရေးကြီးသည်မှာ သူမသည် ဧကရာဇ်မင်းတစ်ပါးထံ ခစားခဲ့သည်။ 'ရှီဇီ'ဟူသော အသုံးနှုန်းနှင့် ထိုအရာ၏ ဆက်နွယ်မှုများမှ ဖြစ်ပေါ်လာနိုင်သည့် ရလဒ်နှင့် ပတ်သက်၍ ဝမ်ချောင်အနေဖြင့် စိတ်မပူခဲ့ပေ။

လီပိုင်သည် အကြောက်အရွံ့ကင်းကာ သူသည် ယန်ထိုက်ကျန်းကို ကျိုးဖေးယန် နှင့် ခိုင်းနှိုင်းဖို့ သတ္တိရှိခဲ့သည်။ အခြားတစ်ဖက်တွင်မူ ဝမ်ချောင်သည် သူမအား 'ရှီဇီ'၏အထက်တွင် ထားခဲ့သည်။ ထို့အတွက်ကြောင့် ပြဿနာ မဖြစ်လာနိုင်တော့ပေ။

“ဟား ဟား ကြင်ရာတော်ဟာ နန်းတော်ထဲကို ခေါ်ယူခံရပြီး ကြင်ယာတော်အဖြစ် အပ်နှင်းခံခဲ့ရပေမယ့် ကျွန်တော် ဝမ်ချောင်ကတော့ သူ့ကို ချီးကျူးဂုဏ်ပြုခဲ့ရခြင်း မရှိသေးဘူး... ဒါကြောင့် ဂုဏ်ပြုလက်ဆောင်အနေနဲ့ သူ့အတွက် နောက်ထပ် ကဗျာတစ်ပုဒ် ရေးပေးမယ်”

ဝမ်ချောင် ရုတ်တရက် ပြောလိုက်သည်။ 'ဖြူစင်ခြင်းနှင့် ငြိမ်းချမ်းခြင်းကဗျာ ၂' ကို ရေးခဲ့ပြီးဖြစ်သောကြောင့် သူသည် 'ဖြူစင်ခြင်းနှင့် ငြိမ်းချမ်းခြင်းကဗျာ ၃' ကိုလည်း ရေးနိုင်သည်။

“ကောင်းတယ်.. ကောင်းတယ်.. ကောင်းတယ် ဒါက အကောင်းဆုံးဖြစ်မှာပါ... ကြင်ရာတော်လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်လိမ့်မယ်”

ယန်ကျိုး၏ မျက်လုံးများ တောက်ပလာခဲ့ပြီး ချက်ချင်း လက်ခုပ်တီးကာ အားပေးလိုက်သည်။

ဒါက ဖားနေတာ မဟုတ်ပါဘူး။ တော်ဝင်နန်းတော်ရှိ ကြင်ရာတော်က ကဗျာများကို မည်မျှထိ ကြိုက်နှစ်သက်သည်ကို တော်ဝင်နန်းတော်ရှိလူများသာ အသိဆုံး ဖြစ်သည်။ ဝမ်ချောင်၏ ပဲပင်ပေါက်လက်ရေးဖြင့် ပထမကဗျာကိုပင် သူမသည် ထိုသည်ကို ရတနာတစ်ခုကဲ့သို့ တန်ဖိုးထားကာ အချိန်တိုင်း သူမဘေးတွင် အမြဲသိမ်းထားခဲ့သည်။

ဝမ်ချောင်၏ ကဗျာနှစ်ပုဒ်ကို တစ်ပြိုင်နက်တည်း မြင်လိုက်ရလျှင် သူမ အလွန်အမင်း ပျော်ရွှင်သွားမည်မှာ သေချာသည်။

ထို့အပြင် ဝမ်ချောင်၏ကဗျာများသည် သာမန်မဟုတ်ပေ။ ဝမ်ချောင်ကိုယ်တိုင်က ထိုသည်ကို သတိမပြုမိပေမယ့် သူ့ကဗျာများသည် ကြီးမားသောစွမ်းအားကို ပိုင်ဆိုင်ထားသည်။ သူ အရင်က ရေးခဲ့သည့်ကဗျာကို ဥပမာအဖြစ် ကြည့်လိုက်ပါက ထိုအရာသည် နန်းတော်၏နံပါတ်တစ် အလှအပဂေးအဖြစ် ကြင်ရာတော်၏အမည်ကို သွယ်ဝိုက်စွာ တင်စားထားသည်။

အကယ်၍ သူသာ ထိုကဲ့သို့သော ကဗျာမျိုးကို ထပ်ရေးနိုင်ခဲ့လျှင် တော်ဝင်နန်းတော်၌ ကြင်ရာတော်၏နေရာကို တည်ငြိမ်အောင် ကူညီပေးနိုင်လိမ့်မည် မဟုတ်လော။ ကြင်ရာတော်၏နေရာက တည်ငြိမ်သွားခဲ့လျှင် သူ့နေရာလည်း တည်ငြိမ်ပေလိမ့်မည်။

ယန်ကျိုးသည် ဤသဘောတရားကို နားလည်ထားသည်။

“သူက တကယ်ကို လူတော်လူကောင်းတစ်ယောက်ပဲ”

ဝမ်ချောင်က စုတ်တံကို မလိုက်သည်ကို မြင်လိုက်ရသောအခါ ယန်ကျိုးသည် မတတ်နိုင်စွာ စိတ်လှုပ်ရှားသွားခဲ့သည်။

တစ်ဖက်တွင် စာကြည့်စားပွဲနောက်၌ ထိုင်နေသော ဝမ်ချောင်သည် သူ၏စုတ်တံကို ကိုင်လိုက်ပြီး မဆိုင်းမတွပင် ‘ဖြူစင်ခြင်းနှင့်ငြိမ်းချမ်းခြင်းကဗျာ ၃’ ကို စတင်ရေးသားလိုက်သည်။

ငြင်းခုံမှုများဖြင့် ပြည့်နှက်နေပြီး လီပိုင်၏ခေါင်းကို ဖြတ်လုနီးပါးဖြစ်စေခဲ့သည့် 'ဖြူစင်ခြင်းနှင့် ငြိမ်းချမ်းခြင်းကဗျာ ၂' နှင့် နှိုင်းယှဉ်ပါက ဤကဗျာသည် ပို၍အေးချမ်းပါသည်။

သို့ရာတွင် ဖြူစင်ခြင်းနှင့် ငြိမ်းချမ်းခြင်း ကဗျာ သုံးပုဒ်အတွက် အထူးအမိန့်ရှိခဲ့သည်။

ဒုတိယကဗျာမပါဘဲ ဝမ်ချောင်သည် တတိယကဗျာကို မထုတ်ပြဝံ့ပေ။

“ကြင်ရာတော်ထိုက်ကျန်းကို အခုအချိန်မှာ ကြင်ယာတော်အဖြစ် အပ်နှင်းထားပြီးဖြစ်လို့ ‘ဖြူစင်ခြင်းနှင့်ငြိမ်းချမ်းခြင်းကဗျာ ၃’ ရဲ့ အကြောင်းအရာတွေနဲ့ ကိုက်ညီတယ်...”

ဝမ်ချောင်က စာစတင်ရေးသားကာ တွေးလိုက်မိသည်။

“ပန်းတွေရဲ့ဘုရင်မနဲ့ စွန့်ပယ်ခံထားရတဲ့ အလှတရားအားလုံးဟာ ရွှင်မြူးမှုစွာနဲ့ လိုက်ဖက်လှပါတယ်”

စကားလုံးများသည် ပဲပင်ပေါက်လက်ရေး ဖြစ်သော်လည်း တစ်နည်းတစ်ဖုံဖြင့် ထူးခြားသော လက္ခဏာရှိကာ တစ်မူထူးခြား၍ တင့်တယ်နေသည်။ ဝမ်ချောင်က မတုံ့ဆိုင်းဘဲ ဆက်ရေးလိုက်သည်။

“ထိုအရာက ပြုံးပျော်နေတဲ့ဧကရာဇ်မင်းကို ပျော်ရွှင်စွာ မကြာခဏကြည့်နေတတ်တယ်”

“အဆုံးမရှိတဲ့ နွေဦးလေညင်းများထဲသို့ လွှတ်ချလိုက်တာက သူ့ရဲ့မရေမတွက်နိုင်တဲ့ ပူပန်မှုတွေပါ”

“သူတို့က ရှားစောင်းဥယျာဉ် ရဲ့ မြောက်ဘက် ခုံတန်းလျားမှာ လဲလျောင်းနေကြတယ်”

စကားလုံး လေးဆယ့်နှစ်လုံးပါ စာလေးကြောင်းကို အပြီးသတ်လိုက်ပြီးသောအခါ ဝမ်ချောင်သည် လေးလံသော ဝန်ထုပ်ဝန်ပိုးတစ်ခုကို လွှတ်ချလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

“နန်းတော်ထဲက ရှားစောင်းဥယျာဉ်က အရမ်းလှတယ်လို့ ကြားဖူးတယ်.. လူကြီးမင်းယန် ကြင်ရာတော်က အချိန်ရရင် ရှုခင်းတွေကို ခံစားဖို့ အဲဒီနေရာကို မကြာခဏ သွားရောက်လည်ပတ်ဖို့ အကြံပေးသင့်တယ်”

ထိုစကားများပြောပြီးသောအခါ ဝမ်ချောင်သည် စာရွက်နှစ်ရွက်ကို ကောက်ယူလိုက်ပြီး ယန်ကျိုးထံသို့ ပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

ယန်ကျိုးသည် သူတို့ကို အလျင်အမြန်ယူလိုက်ကာ အင်္ကျီလက်ထဲသို့ မထည့်မီ ဂရုတစိုက် လိပ်လိုက်သည်။

“သခင်လေးက တကယ့်ကိုပါရမီရှင်တစ်ယောက်ပဲ.. သခင်လေးက စီးပွားရေးရော ပညာရေးမှာပါ ထူးချွန်တယ်.. ဒါ့အပြင် မင်းက စုန့်ဘုရင်ရဲ့ယုံကြည်မှုနဲ့ ရာချီတဲ့အရာရှိတွေကို အကာအကွယ်ပေးမှုကို ရရှိထားတယ်... အနာဂတ်မှာ ဒီထက်ပိုပြီး အချင်းချင်း အပြန်အလှန် ဆက်ဆံနိုင်မယ်လို့ မျှော်လင့်ပါတယ်”

“သေချာတာပေါ့ မှန်တာပေါ့ လူကြီးမင်းယန် ဒီကိုလာဖို့ အားမနာပါနဲ့... ကျွန်တော် ဝမ်ချောင်က ခင်ဗျားကို ဒီကနေ အချိန်မရွေး ကြိုဆိုလျက်ပါ”

ဝမ်ချောင်က ယဉ်ကျေးစွာ ပြန်ပြီးဦးညွှတ်လိုက်သည်။

လက်ရှိ ယန်ကျိုးသည် 'ကွေ့ကျုံး' ဖြစ်လာရန် လမ်းကြောင်းပေါ်တွင်ရှိနေပြီဖြစ်သည်။ ဝမ်ချောင်မှတ်မိသလောက် သူသည် ယန်ကျိုးမှ 'ယန်ကွေ့ကျုံး' အဖြစ်မြင့်တက်ပြီး တော်ဝင်ဦးရီးတော် ဖြစ်လာရန် တစ်နှစ်ပင် မလိုတော့ချေ။

တစ်ချိန်တည်းမှာပင် 'ကြင်ရာတော်ထိုက်ကျန်း'၏ ရာထူးကို စင်ကြယ်သောကြင်ယာတော်မှ မြင့်မြတ်သောကြင်ယာတော် အဖြစ် တိုးမြှင့်ပေးမည်ဖြစ်သည်။

သမိုင်း၏ဘီးသည် လှည့်နေပြီဖြစ်၍ ဝမ်ချောင်သည် ထိုသည်ကို ရပ်တန့်ရန် အနည်းငယ်သာ လုပ်ဆောင်နိုင်ခဲ့သည်။ ယခု သူလုပ်နိုင်သမျှ အရာအားလုံးသည် လိုက်လျောညီထွေဖြစ်အောင်လုပ်ကာ ထိုအရာကို အသုံးချရန်ဖြစ်သည်။

“ရှန့်ဟိုင်.. ရွှေတုံးငါးထောင်ကို ယူလာပြီး သခင်ယန်ကို လက်ဆောင်ပေးလိုက်ပါ”

ထိုကဲ့သို့သော အတွေးမျိုးကို တွေးလိုက်မိသည်နှင့် ဝမ်ချောင်က ညွှန်ကြားခဲ့သည်။

“ဟုတ်ကဲ့ အခုလုပ်လိုက်ပါ့မယ်”

ခြေသံများ ထွက်လာကာ ရှန့်ဟိုင် သည် အလျင်အမြန် ပျောက်ကွယ်သွားသည်။

“ဒါ... မင်းလက်ဆောင်ကို ငါဘယ်လိုလက်ခံရမလဲ”

ယန်ကျိုး သည် သူ့မျက်နှာတွင် အပြုံးများ ပေါ်မလာမီ ပထမဆုံး အံ့အားသင့်သွားခဲ့သည်။

“လူကြီးမင်းယန်က ဒီလောက်အားနာနေဖို့ မလိုပါဘူး.. ဒါက ကျွန်တော့်ရဲ့စေတနာကို ပြသတာ ဖြစ်လို့ လူကြီးမင်းယန်က ဒါကို အများကြီး တွေးနေဖို့ မလိုပါဘူး”

ဝမ်ချောင်သည် သူ့လက်များကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။

“ဟား ဟား ငါ့ကို လူကြီးမင်းယန်လို့ ခေါ်စရာ မလိုပါဘူး.. ငါ့ကို ညီကိုယန် လို့ပဲ ခေါ်ပါ... ဝမ်သခင်လေး ငါတို့ရဲ့ကောင်းမွန်တဲ့ တွေ့ဆုံမှု အတွက် ငါတို့တွေ ဘာလို့ သွေးသောက်ညီအစ်ကို မဖွဲ့ရမှာလဲ”

ဝမ်ချောင်ကို စိုက်ကြည့်ရင်း ယန်ကျိုး စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး ရုတ်တရက် အကြံတစ်ခု ပေးလိုက်သည်။

“သွေးသောက်ညီအဟ်ကိုလား”

ဝမ်ချောင် အံ့သြသွားသည်။ သူ၏ပထမဆုံးတုံ့ပြန်မှုမှာ ယန်ကျိုးက သူ့ကို နောက်ပြောင်နေသလား ဆိုသည်ကိုပင်။ အားလုံးပြီးတော့ ယန်ကျိုးသည် အသက်လေးဆယ်ခန့်ရှိပြီး သူသည်တော့ အသက်ဆယ့်ငါးနှစ်သာ ရှိသေးသည်။ အသက်အရွယ် ကွာဟမှုကြောင့် သွေးသောက်ညီအစ်ကိုဖွဲ့ဖို့ မည်သို့ဖြစ်နိုင်မည်နည်း။

ခင်မင်ရင်းနှီးမှုထက် သာလွန်သော ဆက်ဆံမှုမျိုးကို သူကြားချင်သော်လည်း ညီအစ်ကိုဆက်ဆံမှုထက် သာလွန်သော သွေးသောက်ညီအစ်ကို ဆက်ဆံမှုမျိုးကို ကြားရမည်ဟု မထင်ခဲ့ချေ။

သို့သော်လည်း ယန်ကျိုး၏မျက်လုံးများကို စိုက်ကြည့်ရင်း တစ်ဖက်လူက ထိုကိစ္စကို အလေးအနက်ထားကြောင်း သိလိုက်ရသည်။

အစပထမတွင် အံ့ဩသွားပြီးနောက် ပျော်ရွှင်မှုသည် ဝမ်ချောင်၏နှလုံးသားထဲသို့ တဖြည်းဖြည်း ၀င်ရောက်လာသည်။

ယင်းက သူလိုချင်ခဲ့သည် မဟုတ်လော။

ဤသူသည် အနာဂတ်တွင် ကြီးကျယ်သော လူတစ်ယောက်ဖြစ်လာရန် လျာထားခံရသည်။ ဝမ်ချောင်သည် တစ်ဖက်လူအား သူ၏ ချစ်ခင်ရင်းနှီးမှုကိုရရှိဖို့အတွက် ပိုက်ဆံအနည်းငယ် လက်ဆောင်ပေးရန် ရည်ရွယ်ခဲ့သော်လည်း တစ်ဖက်လူက သွေးသောက်ညီကိုဖွဲ့ရန် အဆိုပြုလာသည်။ ထုံးတမ်းအစဉ်အလာများသည် ယန်ကျိုးအတွက် အရေးမကြီးကြောင်း ရုတ်တရက် သူသဘောပေါက်လိုက်သည်။

ထိုအချိန်တွင် ဝမ်ချောင်သည် အနာဂတ်တော်ဝင်ဦးရီးတော်ကို အလွန်လေးစားသွားသည်။ သူနှင့် နှိုင်းယှဉ်ကြည့်လျှင် သူလုပ်ခဲ့သည့်အရာသည် အလွန်အရှက်မဲ့သည်ကို နားလည်လိုက်ပြီး သူသည် အလွန်လိုနေသေးမှန်း သဘောပေါက်လိုက်သည်။

တစ်ဖက်လူသည် အနာဂတ်တွင် မဟာထန်၏ အင်အားကြီးသော အင်အားစုတစ်ခု ဖြစ်လာနိုင်သည်မှာလည်း အံ့သြစရာမဟုတ်ပေ။

“ဘာကြောင့်လဲ.. ဝမ်သခင်လေးက မလိုလားဘူးလား”

ယန်ကျိုးက မေးသည်။ သူသည် ထိုစိတ်ကူးကို စမ်းကြည့်ရန်သာ ရည်ရွယ်ပြီး အဆိုပြုခဲ့သည်။ ဝမ်ချောင်သာ မလိုလားပါက သူ့ကို အတင်းအကြပ် ဖိအားပေးမည်မဟုတ်ပါ။

“ဟား ဟား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဝမ်ချောင် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

“အစ်ကိုကြီးက ကျွန်တော့်ကို ဒီလောက် အလေးပေးမယ်လို့ မထင်ထားလို့ အရမ်းဝမ်းသာနေတာ.. အဲဒီကိစ္စအတွက် ငါတို့ဘာလို့ အခမ်းအနား မကျင်းပရမှာလဲ”

“ဟားဟား ငါတို့ရဲ့အတွေးတွေက တိုက်ဆိုင်နေသလိုပဲ... ကောင်းတယ် ဒီနေ့ သစ္စာဆိုပြီး သွေးသောက်ညီအစ်ကိုဖွဲ့ကြစို့”

ယန်ကျိုးက သဘောကျစွာ ပြန်ပြောသည်။

ဝမ်ချောင်သည် ထင်ရှားသောမျိုးနွယ်စုဝင် မြို့စားကြီးကျူး၏ မျိုးဆက်ဖြစ်သည်။ ထို့အပြင် သူသည် စုန့်ဘုရင်၏ ယုံကြည်မှုကို ရရှိထားပြီး သူ၏စာလွှာသည် တော်ဝင်နန်းတွင်းအရာရှိများ၏ လေးစားမှုနှင့် နယ်စပ်စစ်သူကြီးများ၏ ကြည်ညိုမှုကို ရရှိစေခဲ့သည်။ သူသည် တော်ဝင်နန်းတွင်းမှ ထိုးတက်လာသော ကြယ်တစ်ပွင့်ဖြစ်ပြီး သူ၏အနာဂတ်မှာ သေချာပေါက် ကြီးကျယ်မည်ဖြစ်သည်။

ရာထူးအရ ဝမ်ချောင်သည် သူ့ထက်သာလွန်သည်။

ရိုးရိုးသားသားပြောရရင် ယန်ကျိုးက သူ့ကံစမ်းဖို့ သွေးသောက်ညီအစ်ကိုဖွဲ့ရန် အဆိုပြုခဲ့ခြင်းဖြစ်သည်။ ဝမ်ချောင်သည် ဤမျှ လိုလားဖြစ်မည်ဟု မထင်ထားခဲ့ပေ။ သူ့အတွက်တော့ ယင်းက မမျှော်လင့်ထားသော အမြတ်တစ်ခုဖြစ်သည်။

ဝမ်ကလန်တွင် အခမ်းအနားအတွက် လိုအပ်သော အနီရောင်ဖယောင်းတိုင်များကို ပြင်ဆင်လိုက်သည်။ ထိုအခွင့်အရေးကို အသုံးချပြီး ယန်ကျိုးက ဝမ်ချောင်ကို နတ်ဘုရားများ၏ယဇ်ပလ္လင်ရှေ့တွင် အဆောတလျင် ဆွဲခေါ်လာပြီး သုံးကြိမ်ချလိုက်ကြသည်။ ထို့နောက် သူတို့လက်ချောင်းကို အနည်းငယ် လှီးဖြတ်ပြီး သွေးများကို ရေအိုးထဲကို ယိုချစေလိုက်သည်။ သူတို့ ယင်းကို သောက်ကာ ကတိသစ္စာပြုပြီးနောက် တရားဝင်ညီအစ်ကိုများအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုလိုက်ကြသည်။

“အစ်ကိုကြီး”

“ညီငယ်လေး”

........

သူတို့နှစ်ဦးသည် မတ်တပ်ရပ်လိုက်ကြပြီး တစ်ဦးကိုတစ်ဦး ကြည့်ကာ ရယ်မောလိုက်ကြသည်။

“ဟား ဟား ဝမ်ချောင် ဒီနေ့ကစပြီး မင်းက ငါ့ညီဖြစ်သွားပြီ.. မင်းကို ဒုက္ခပေးချင်သူတိုင်း ငါ့ရန်သူဖြစ်လိမ့်မယ်.. ကြင်ရာတော်က ငါ့ညီမဖြစ်တာကြောင့် သူမက မင်းရဲ့အစ်မတော်ဖြစ်သွားပြီ.. ငါတို့ကြား ပိုပြီးရင်းနှီးစေဖို့ နန်းတော်ကို မကြာခဏ အလည်လာပါ”

ယန်ကျိုးက ဝမ်ချောင်ပခုံးကို အားပြင်းပြင်းဖြင့် ပုတ်လိုက်သည်။

“ဟားဟား အစ်ကိုကြီး ခင်ဗျားအရမ်းကြီး ယဉ်ကျေးနေစရာမလိုပါဘူး.. ခင်ဗျား အကူအညီ လိုအပ်တာရှိရင် ကျွန်တော်ကို လွတ်လွတ်လပ်လပ် ပြောပါ”

ဝမ်ချောင်လည်း ပြုံးပြီး ပြန်ပြောလိုက်သည်။

“ဟား ဟား တကယ်တော့ ငါက ဒီအချိန်မှာ ပိုက်ဆံနည်းနည်းပြတ်နေတာကြောင့် ဒီနေ့အခမ်းအနားမှာ မင်းအတွက် ဘာမှမပြင်ဆင်လာခဲ့ရဘူး... ဒါပေမယ့် ငါလက်ဗလာနဲ့မလာခဲ့ပါဘူး.. ငါ့ဆီမှာ မင်းအတွက် လက်ဆောင်ရှိတယ်.. အဲဒါကို ငါပြန်ပြီးမှ ဖွင့်ကြည့်လိုက်ပါ”

ယန်ကျိုးဟာ ထူးဆန်းသည့်အမူအရာဖြင့် သေတ္တာတစ်ခုကို အလျင်အမြန် ထုတ်ယူလိုက်သည်။

ဝမ်ချောင်သည် အံ့ဩတကြီး စိတ်ဝင်စားသွားခဲ့သည်။

“ဟား ဟား အဲဒါကို ငါထွက်သွားပြီးမှ ဖွင့်ကြည့်ဖို့ မမေ့ပါနဲ့”

ယန်ကျိုးသည် သေတ္တာအဖုံးကို ဖိချလိုက်ရင်း ရယ်မောလိုက်သည်။

“နောက်တောင်ကျနေပြီ.. ကြင်ရာတော်က ငါ့ကို နန်းတော်မှာ စောင့်နေတယ်.. မင်းက ထောင်ကနေ ထွက်လာတာမကြာသေးတော့ မင်းကို တွေ့ချင်သူတွေရှိဦးမှာပဲ... ဒါကြောင့် ငါမင်းရဲ့အချိန်ကို မဖြုန်းတော့ပါဘူး”

“အစ်ကိုကြီး ကျွန်တော် လိုက်ပို့ပါရစေ”

ဝမ်ချောင်ဟာ ယန်ကျိုးကို တံခါးနားထိ လိုက်ပိုပြီးနောက် အခန်းထဲပြန်ဝင်ခဲ့သည်။ ထိုအချိန်တွင် ဝမ်ချောင်သည် သူ့အတွက် ပြင်ဆင်ပေးထားသော လက်ဆောက်ကို ရထားလုံးအတွင်း အသေအချာ ထည့်ပေးပြီး ဖြစ်၏။ သို့သော် ယင်းမှာ ရွှေတုံးငါးထောင် မဟုတ်ဘဲ ရွှေတုံးငါးသောင်း ဖြစ်၏။

ယင်းက သူ၏ သွေးသောက်အစ်ကိုကြီးအတွက် လက်ဆောင်ပင်။

အခန်း ၁၈၀ - ကျောက်တုံးဖြူ။

ဝမ်ချောင်သည် ဖြစ်ပျက်ခဲ့သမျှကို မယုံနိုင်ဖြစ်နေသေး၏။

“ငါ ဒါကို မမျှော်လင့်ထားခဲ့ဘူး....”

ဝမ်ချောင်သည် ခေါင်းယမ်း၍ ရေရွတ်လိုက်သည်။ ဤအချိန်ခဏလေးသည် မယုံကြည်နိုင်စရာ ကောင်းသည်ဟု သူ ခံစားလိုက်ရသည်။

ယန်ကျိုးက မည်သို့သောသူ ဖြစ်သနည်း။ သူသည် “သခင်လေးကို ကြည့်ရတာ အရည်အချင်းရှိတဲ့သူ တစ်ယောက်လိုပဲ... အနာဂတ်မှာ တိုင်းပြည်ရဲ့အရေးပါတဲ့ လူတစ်ယောက်ဖြစ်လာမှာ သေချာတယ်” ဟုပြောခဲ့သည်ကို ကြည့်ခြင်းအားဖြင့် အလွန်မာန်တက်သောသူဖြစ်ကာ သူနှင့်ဆုံသော သူတိုင်းအပေါ် မရိုးမဖြောင့် ဆက်ဆံတတ်သော တော်ဝင်ဦးရီးတော် ဖြစ်သည်။

သို့သော် ဝမ်ချောင် နှိမ့်ကျနေစဉ်တွင်ပင် သူ၏သွေးသောက်ညီအစ်ကို ဖြစ်လာစေခဲ့သည်။

ထိုကဲ့သို့ ထူးဆန်းသည့် အဖြစ်အပျက်များက ဝမ်ချောင်ကို ထူးခြားသောခံစားချက်တစ်ခု ဖြစ်စေခဲ့သည်။ သို့သော် ဝမ်ချောင် သေချာပေါက် သိသည့်အချက်တစ်ခု ရှိသည်။

သူ၏သွေးသောက်ညီအစ်ကိုယန်ကျိုးသည် တိုင်းပြည်၏ ကံကြမ္မာကို ပြောင်းပြန်လှန်ကာ တော်ဝင်နန်းတော်အတွင်း ပုန်းအောင်းနေသော မြွေများကို ကိုင်တွယ်ဖြေရှင်းရာတွင် သူ့အတွက် မရှိမဖြစ် လိုအပ်သည့် ကျောရိုး ဖြစ်လာပေလိမ့်မည်။

သူ၏သွေးသောက်ညီအစ်ကို ယန်ကျိုးထံမှ အကျိုးအမြတ်ရရှိဖို့သာ ရှိသည်။

“သူ ငါ့ကို ဘယ်လိုအံဩစရာတွေ ယူလာပေးမလဲ..”

ဝမ်ချောင်သည် ယန်ကျိုး၏လက်ဆောင်ကို သတိရလိုက်သည်။ တစ်ဖက်လူက သူထွက်သွားပြီးမှသာ လက်ဆောင်ကို ဖွင့်ကြည့်ရန် အသေအချာ မှာသွားခဲ့သည်။

ယန်ကျိုးက ထွက်ခွာသွားပြီးဖြစ်သောကြောင့် သူသည် ထိုအရာကို ကြည့်ရန် ဖွင့်လိုက်သည်။

ဖတ်..

ဝမ်ချောင်သည် ခရမ်းနီလာရောင် သတ္တာကို ဖွင့်လိုက်သည်။ ဝမ်ချောင်သည် ကျောက်မျက်ရတနာ၊ ဆေးလုံး၊ ကျင့်ကြံခြင်းနည်းစနစ် သို့်မဟုတ် အခြားအံ့အားသင့်စရာများကို ထိုထဲတွင် မတွေ့ရပေ။ ထို့အစား သူတွေ့လိုက်ရသည်ကတော့ စာရွက်တချို့ပင်ဖြစ်သည်။

“ဒါက ဘာလဲ”

ဝမ်ချောင် မျက်မှောင်ကြုတ်လိုက်မိသည်။

ဝမ်ချောင် ပထမစာရွက်ကို ယူလိုက်ပြီး ဖွင့်ကြည့်လိုက်သည်တွင် အစဉ်လိုက်ချရေးထားသော စာလုံးများကိုတွေ့လိုက်ရသည်။ ဝမ်ချောင်၏ သံသယများကြီးထွားလာသည်။

ရှေးပဝေသဏီကတည်းက သွေးသောက်ညီအစ်ကိုများသည် ရတနာများကို လက်ဆောင်ပေးသူရှိကြပြီး တချို့မှာဘာကိုမျှ မပေးခဲ့ကြပေ။ သို့သော် ဝမ်ချောင်သည် သူတို့၏ သွေးသောက်ညီအစ်ကိုဖြစ်ခါစ လူတစ်ယောက်ကို လက်ဆောင်အဖြစ် စာအိတ်များကို သေတ္တာလိုက်ပေးသည့် လူကိုတော့ တစ်ခါမျှမကြားခဲ့ဖူးပေ။

သို့သော်လည်း ဝမ်ချောင်သည် စာရွက်ပေါ်ရှိ တံဆိပ်ကို မြင်လိုက်ရသောအခါ သူ၏ နှလုံးခုန်သံများ ရပ်လုမတတ် ဖြစ်သွားခဲ့ရသည်။ ယန်ကျိုးလက်ဆောင်၏ တကယ့်ရည်ရွယ်ချက်ကို သူနောက်ဆုံးတော့ နားလည်သွားခဲ့သည်။

“ချီဘုရင်”

ဝမ်ချောင်၏ နှလုံးခုန်သံများ မြန်ဆန်သွားသည်။

ခရမ်းနီလာရောင် သေတ္တာအတွင်းရှိ စာရွက်များအားလုံးသည် ချီဘုရင်က ကြင်ရာတော်ထိုက်ကျန်းထံ ပေးပို့ခဲ့သော စာများဖြစ်သည်။

စာပါ အကြောင်းအရာများသည် ရိုးရှင်း၏။ ချီဘုရင်သည် စုန့်ဘုရင်နှင့် အပေးအယူလုပ်ရာတွင် ကြင်ရာတော်ထိုက်ကျန်းကို သူ့ဘက်ကရပ်တည်ရန် သွေးဆောင်ထားသည်။ ထိုထဲတွင် စာစောင်ခြောက်ခုရှိပြီး အကြောင်းအရာမှာ အတူတူပင်ဖြစ်သည်။

ချီဘုရင်က ကြင်ရာတော်ထိုက်ကျန်းကို သူ့ဖက် ရပ်တည်ရန် တောင်းဆိုထားသည်မှာ ထင်ရှားသည်။

သို့သော်လည်း နောက်ဆုံးတွင် ကြင်ရာတော်ထိုက်ကျန်းက စုန့်ဘုရင်ကိုသာ ရွေးချယ်ခဲ့ပုံ ပေါ်သည်။

“ယန်ကျိုးက ဒီတစ်ခါ ငါနဲ့ ကြင်ရာတော်ထိုက်ကျန်း နှစ်ယောက်စလုံးကို ကူညီလိုက်တာပဲ”

ဤစာများကို စုန့်ဘုရင်အား ပေးလိုက်မည်ဆိုပါက ဝမ်ချောင်အတွက် ကြီးမားသော အကူအညီတစ်ခု ဖြစ်လာမည်ဖြစ်သည်။

အနည်းဆုံးတော့ စုန့်ဘုရင်က ဝမ်ကလန်ကို အကြွေးတစ်ခု တင်သွားမည်ဖြစ်သည်။

စာလွှာများကို သစ်သားသေတ္တာထဲသို့ သေချာစွာ ပြန်ထည့်လိုက်ပြီး ဝမ်ချောင်က သူတို့ကို အံဆွဲထဲသို့ ထည့်ထားလိုက်သည်။ အခြားပြဿနာများကို ကိုင်တွယ်ဖြေရှင်းပြီးနောက် ဝမ်ချောင်သည် ဂေဟာမှ တိတ်တဆိတ် ထွက်ခွာလာကာ မြို့အနောက်ဘက်ရှိ သရဲစီရင်စုသို့ ဦးတည်သွားခဲ့သည်။

သရဲစီရင်စုသည် ငြိမ်သက်တိတ်ဆိတ်နေသည်။

မြင့်မားသော တရုတ်ကျိုင်းပင်အောက်တွင် ဝမ်ချောင်သည် အရပ်ရှည်ပြီး ပိန်ပါးကာ အနက်ရောင် အဝတ်အစားကို ရိုးရှင်းစွာ ၀တ်ဆင်ထားသည့်လူတစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူသည် ရွှေရောင်စစ်တုရင်ခုံရှေ့တွင် တင်ပျဉ်ခွေထိုင်ကာ တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေပုံရသည်။

“အဘိုး”

ဝမ်ချောင်သည် လျှောက်သွားလိုက်ပြီး လေးနက်စွာ ဦးညွတ်အရိုအသေ ပြုလိုက်သည်။

“မင်းပြန်လာပြီပေါ့”

စုကျန်ရှန် တည်ငြိမ်စွာ ပြောလိုက်သည်။ သူ၏ ပိန်ပိန်ပါးပါး မျက်နှာက ဘာမှမပြောင်းလဲသော်လည်း ဝမ်ချောင်သည် သူ့လေသံထဲမှ စိုးရိမ်မှုကို ခံစားရသည်။

“ဟုတ်ကဲ့”

ဝမ်ချောင်ခေါင်းညိတ်လိုက်သည်။

“ဆင်းရဲဒုက္ခဆိုတာ ဘဝရဲ့စမ်းသပ်မှုပါ.. တော်ဝင်အကျဉ်းထောင်ထဲမှာ အကျဉ်းချခံရတာက ကြီးမားတဲ့ကိစ္စ မဟုတ်ပါဘူး.. လူငယ်လေး ဒီလိုဆင်းရဲဒုက္ခတွေက မင်းရဲ့အနာဂတ်မှာ အကျိုးရှိလိမ့်မယ်”

စုကျန်းချန်က မထူးခြားစွာ အကြံပေးလိုက်သည်။

“ဟုတ်ကဲ့ ကျွန်တော် အဘိုးရဲ့စကားလုံးတွေကို မှတ်သားထားပါ့မယ်”

ဝမ်ချောင်သည် တက်ကြွပြီးပေါ့ပါးစွာနေလေ့ရှိသော်လည်း စုကျန်းချန် ရှေ့တွင် ယခုအချိန်၌ သူသည် ကျောင်းသားတစ်ယောက်ကဲ့သို့ နှိမ့်ချစွာ ဦးညွှတ်နေလေသည်။

စုကျန်းချန်၏ နောက်ခံအရ သူသည် ဤစကားလုံးများကို ပြောရန်အတွက် အရည်အချင်းများသည် လိုအပ်သည်ထက်ပင် ပိုသည်။

တစ်ဖက်လူ ဖြတ်သန်းခဲ့ရသည့် ဆင်းရဲဒုက္ခများနှင့် ယှဉ်ပါက ဝမ်ချောင်၏ ထောင်သွင်းအကျဉ်းကျမှုဟာ တကယ်တော့ ဘာမှမဟုတ်ပေ။

“အင်း မင်း ဒါကို နားလည်တာ ကောင်းတယ်.. လာ ထိုင်ပါ.. တစ်ပွဲလောက် ကစားရအောင်”

စုကျန်းချန်က သူ့လက်ကို မြှောက်လိုက်ပြီး သူ့ရှေ့က ထိုင်ခုံဆီသို့ ညွှန်ပြလိုက်သည်။

“ဟုတ်ကဲ့ပါ အဘိုး”

ဝမ်ချောင် သက်ပြင်းကို လေးတွဲစွာ ချလိုက်ပြီး စုကျန်းချန်နှင့် မျက်နှာချင်းဆိုင်တွင် ဒူးထောက် ဝင်ထိုင်လိုက်သည်။ ထိုကဲ့သို့ပင် အဘိုးအိုတစ်ဦးနှင့် လူငယ်တစ်ဦးသည် အဖြူအနက်ကျားစေ့များကို အသုံးပြုကာ ကျားစထိုးတော့၏။

စုကျန်းချန်သည် အမြဲတစေ မျက်နှာထား တင်းမာနေသူတစ်ဦးဖြစ်ပြီး ယနေ့တွင်လည်း သူသည် ယခင်ကနှင့် မခြားနားပေ။ တစ်ဖက်တွင် ဝမ်ချောင်သည် စုကျန်းချန်၏စကားများကို တွေးတောနေဆဲဖြစ်ပြီး သူ့စိတ်ထဲတွင် ကမောက်ကမ ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူသည် တစ်ဖက်လူအား အမှတ်များစွာ ဆုံးရှုံးခဲ့ရသည်။

“စိတ်နှလုံးသားထဲက အရာအားလုံးကို ဖယ်ထုတ်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင်ထား.. ဂုဏ်သိက္ခာနဲ့ ကျော်ကြားမှု၊ အရှက်နဲ့ အကြောက်တရားတွေဟာ ရုပ်လောကရဲ့ အမှတ်အသား တစ်ခုသာသာပဲ.. သူတို့ဟာ မင်းရဲ့တစ်စိတ်တပိုင်း မဟုတ်တဲ့အတွက် မင်းရဲ့နှလုံးသားကို ဘာကြောင့် တုန်လှုပ်စေရမှာလဲ”

ခေါင်းကို ခါယမ်းလိုက်ပြီး စုကျန်းချန်သည် မထုံတတ်သေး ပြောလိုက်သည်။

ဝမ်ချောင် လန့်နိုးသွားသည်။ စုကျန်းချန်က သူ့ကို တစ်ခုခုသင်ပေးဖို့ ထောင်ချောက်များကို အသုံးပြုနေသကဲ့သို့ သူ ခံစားလိုက်ရသည်။ ထိုသို့သောဖြစ်ရပ်မျိုးက သူ အရင်က မဖြစ်ခဲ့ဖူးပေ။

ဤအရာက ဝမ်ချောင်ကို စိတ်ရှုပ်ထွေးစေသော်လည်း ထိုသည်ကို သူက ရှက်ရွံ့သလိုမခံစားရပေ။

“ဟုတ်ကဲ့ နားလည်ပါပြီ”

ဝမ်ချောင်သည် အသက်ပြင်းပြင်းရှူကာ အလျင်အမြန် တည်ငြိမ်သွားသည်။

လူတိုင်း လျှောက်လှမ်းရန် မတူညီသောလမ်းကြောင်း ရှိသော်လည်း ဂုဏ်သိက္ခာနှင့် ကျော်ကြားမှုအပေါ် သူတို့၏အမြင်များနှင့် ပတ်သက်၍ သူတို့နှစ်ဦးသည် သူတို့၏အမြင်များကို မျှဝေခဲ့ကြသည်။ စုကျန်းချန်သည် သူ၏ဘဝ အထွတ်အထိပ်သို့ ရောက်သောအခါတွင် သူ၏စစ်တပ်အာဏာကို လွှဲပြောင်းပေးနိုင်ခဲ့သည်မှာ သူ့တွင် အာဏာကို လိုချင်တပ်မက်စိတ် မရှိကြောင်း သက်သေပြနေသည်။

ဝမ်ချောင်အတွက်တော့...

ဝမ်ချောင်သည် အခွင့်အာဏာကို သူ့တာဝန်အား အကောင်အထည်ဖော်ရန်အတွက်သာ လိုအပ်နေခြင်းဖြစ်ကြောင်း ကောင်းစွာ နားလည်ထားသည်။ ဒါသည် သူ့၏ နောက်ဆုံးပန်းတိုင် မဟုတ်ခဲ့ပေ။

ထိုသည်ကို နားလည် သဘောပေါက်လိုက်သောအခါ ဝမ်ချောင်သည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး တည်ငြိမ်သွားသည်။ ထို့နောက် စစ်တုရင်ခုံတွင် စစ်နတ်ဘုရားစုကျန်းချန်ကို အနိုင်ယူရန် အချိန်မယူလိုက်ရပေ။

စုကျန်းချန်၏ မျက်ဝန်းများတွင် ချီးကျူးသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ခုံပေါ်ရှိ ကျောက်တုံးများကို ရှင်းထုတ်ကာ ဝမ်ချောင်နှင့် နောက်ထပ်တစ်ပွဲကစားရန် စတင်လိုက်သည်။

သူတို့သည် တစ်ပွဲပြီးတစ်ပွဲ ကစားခဲ့ကြသော်လည်း စုကျန်းချန်ကတော့ လုံးဝအနိုင်မရခဲ့ပေ။

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွား၏။ သူတို့နှစ်ယောက် အတူမကစားဖြစ်သည်မှာ ကြာနေပြီဖြစ်ရာ စုကျန်းချန်ပင် အချိန်ကို မေ့သွားသည်။ နေဝင်ပြီး ကောင်းကင်က နက်မှောင်သွားသည်ကို မေ့လျော့ပြီး ယနေ့တွင် သူတို့နှစ်ဦးသား အလွန်အမင်း နောက်ကျသည်အထိ ကစားခဲ့ကြ၏။

“ဒီမှာ ငါသူ့ကိုရှာတွေ့ပြီ”

နှစ်ယောက်သား ကစားနေကြစဉ် အနောက်မှ ခြေသံများ ထွက်ပေါ်လာသည်။ ဝမ်ချောင်၏မျက်နှာသည် ချက်ချင်းပင် စိတ်အနှောက်အယှက် ဖြစ်သွားပုံပေါ်သည်။ သို့သော် သူ မတုံ့ပြန်မီပင် အလွန်ရင်းနှီးသည့် အသံတစ်ခုကို ကြားလိုက်ရသည်။

“ဟားဟား ဝမ်သခင်လေး မင်းကို ရှာတွေ့ဖို့က မလွယ်လိုက်တာ... ဒီနေ့က မင်းလွတ်မြောက်တဲ့ ပထမနေ့မို့ ဧကရာဇ်က မင်းကို ကြိုဆိုချင်နေတယ်... ဒါပေမယ့် ဝမ်ကလန်မှာ မင်းကို ငါတို့ ရှာမတွေ့ခဲ့ဘူး... မင်းကတော့ ဒီမှာ လာပုန်းနေတယ်...”

ဝတ်ရုံကိုလျော့တိလျောရဲ ၀တ်ဆင်ထားသော ပုံရိပ်တစ်ခု အရိပ်ထဲမှ ထွက်လာသည်။

နီးကပ်လာသည်နှင့်အမျှ ထိုလူ၏အသွင်အပြင်သည် တဖြည်းဖြည်း ပြတ်သားလာ၏။ စုန့်ဘုရင်၏ လက်ထောက်ဖြစ်သူ လုထင် ဖြစ်သည် ။

သရဲစီရင်စုသည် အများအားဖြင့် တိတ်ဆိတ်ငြိမ်သက်ရာနေရာဖြစ်ပြီး ဝမ်ချောင်သည် မည်သူ့ကိုမျှ မခေါ်ခဲ့ဖူးပေ။ ထို့ကြောင့် ဝမ်ချောင်သည် လုထင် အဘယ်ကြောင့် ဤနေရာတွင် ပေါ်လာရသည်နှင့် တစ်ဖက်လူက သူ ဤနေရာတွင် ရှိနေသည်ကို မည်သို့ သိနေသည်မှန်း နားမလည်နိုင်ခဲ့ပေ။

အကယ်၍များ တခြားအချိန်မျိုးဆိုလျှင် ဝမ်ချောင်သည် လုထင်နှင့် တွေ့ဆုံရသည်ကို သေချာပေါက် ဝမ်းသာနေမည်ဖြစ်သည်။ သို့သော် ဤအချိန်သည်တော့ ကောင်းသောအချိန် မဟုတ်ပေ။

“ဟား ဟား ငါ မင်းကို ရှာမတွေ့တာ မဆန်းပါဘူး... ဒါနဲ့ မင်းတစ်ယောက်ယောက်နဲ့ စစ်တုရင် ကစားနေတာ တစ်ယောက်.. တစ်ယောက်..”

လုထင်သည် လွန်ခဲ့သည့် အခိုက်အတန့်တွင် ပျော်ရွှင်စွာ ရယ်မောနေသေးသော်လည်း နောက်တခဏတွင် ဝမ်ချောင်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့်ပုံရိပ်ကို မြင်လိုက်ရသောအခါတွင် သူ့မျက်လုံးများသည် ထိတ်လန့်စွာဖြင့် ပြူးကျယ်သွားခဲ့သည်။

“ခင်ဗျား... ခင်ဗျား... လုထင်က အကြီးအကဲစုကို အရိုအသေ ပေးပါတယ်”

ပုန်း..

လုထင်၏ ဒူးများအောက်သို့ ညွှတ်ကျသွားခဲ့ပြီး ရုတ်တရက် စုကျန်းချန် ရှေ့တွင် တလေးတစား ဒူးထောက်လျက် အရိုအသေ ပေးလိုက်သည်။ သူ့ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်နေပြီး သူ၏ထိတ်လန့်မှုကို ဖော်ပြနေသည်။

လုထင်ထံမှ အကြီးအကဲစု ဆိုသည့်အသံကို ကြားလိုက်ရသောအခါ ဝမ်ချောင်နှင့် စုကျန်းချန်၏ မျက်နှာများသည် တွန့်လိမ်သွားခဲ့ကြသည်။

ဝမ်ချောင် ယုံကြည်ရသော ရှန့်ဟိုင်နှင့်မုန့်လုံ မှလွဲ၍ အခြားမည်သူကိုမျှ ဤနေရာသို့ ခေါ်ဆောင်လာခြင်း သို့မဟုတ် ဤနေရာတွင် သူ၏လုပ်ဆောင်မှုများ အကြောင်းကို မည်သူ့ကိုမျှ မပြောပြခဲ့ဖူးပေ။ ရည်ရွယ်ချက်မှာ စုကျန်းချန်၏ နောက်ခံကို မည်သူမျှ သတိမပြုမိစေရန်နှင့် တစ်ဖက်လူ၏နောက်ခံကို လျစ်လျူရှုကာ ဆက်လက်ဟန်ဆောင်နိုင်စေရန် ဖြစ်သည်။

ဤကာလအတွင်း ဝမ်ချောင်သည် စုကျန်းချန်နောက်ခံနှင့် ပတ်သက်၍ မည်သည့်အခါမျှ ထုတ်ဖော်မပြခဲ့ပေ။

လုထင် ရောက်လာပြီးသည်နှင့် သူသည် ဝမ်ချောင်၏အစီအစဉ်ကို ဖျက်ဆီးပစ်လိုက်ပြီး တစ်ဖက်လူ၏ နောက်ခံကို ချက်ချင်း ဖော်ထုတ်လိုက်သည်။

“ဝမ်ချောင် ငါတို့ရဲ့ကံကြမ္မာက ပြီးသွားပြီထင်တယ်”

စုကျန်းချန်သည် စစ်တုရင်ခုံနောက်မှ မတ်တပ်ထရပ်လိုက်ပြီး ခမ်းနားထည်ဝါသည့် အရှိန်အဝါတစ်ခုကို ချောင်းရေကဲ့သို့ ထုတ်လွှတ်လိုက်သည်။ စုကျန်းချန်သည် ဝမ်ချောင်ရှေ့တွင် သူ၏ခွန်အားကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်သည်။

ဝမ်ချောင်သည် တစ်မုဟုတ်ချင်း မြေပြင်ထက်မှ မြင့်တက်လာခဲ့ပြီး ကြီးမားသောတောင်တန်းကြီးများကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ထို့အပြင် တိမ်များမှတစ်ဆင့် အဆုံးမဲ့ကောင်းကင်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားကာ ထိုသည်မှာ အရှိန်ပိုမြင့်လာပုံရသည်။

ဤကြီးမားသောအရှိန်အဝါရှေ့တွင် တစ်ယောက်သည် သေးငယ်သွားသကဲ့သို့ ခံစားရမည်ဖြစ်သည်။

လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ် ဧကရာဇ်ထိုက်ကျုံးခေတ်ကတည်းက လောကမှ ပုန်းအောင်းနေခဲ့ပြီး လူတော်တော်များများက သေသွားခဲ့ပြီဟု ထင်ခဲ့ကြသည်။

သရဲစီရင်စု၏ သာမန်နေရာတစ်ခုတွင် စစ်တုရင်ခုံကို ထုတ်ပြထားရသည့် အကြောင်းအရင်းမှာ သူ၏နောက်ခံကို ဖုံးကွယ်ထားရန် ဖြစ်သည်။

သို့သော်လည်း လုထင်က သူ့ကို ဖော်ထုတ်ခဲ့သည်။ ဖြစ်နိုင်သည်မှာ ဤသတင်းသည် မဟာထန်တစ်ခုလုံးသို့ ပျံ့နှံ့သွားရန်မှာ အချိန်တစ်ခုသာ လိုအပ်သည်။

“အကြီးအကဲ”

သာမာန်ဟု ထင်ရသောအဘိုးအိုသည် ဩဇာအာဏာကြီးမားသော စစ်ပွဲနတ်ဘုရားစုကျန်းချန်အဖြစ် ပြောင်းလဲသွားသည်ကို ကြည့်ရင်း ဝမ်ချောင်သည် သူ့အတွက် အရေးကြီးသည့်အရာတစ်ခု ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။

ယနေ့မှစ၍ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် စစ်တုရင်ကစားဖို့ မဖြစ်နိုင်တော့သည်ကို ဝမ်ချောင် သိလိုက်သည်။ တစ်ဦးရှေ့တစ်ဦး လွတ်လပ်ပေါ့ပါးစွာ အမဲသားတုံးများ ကိုက်ဝါးရင်း အရက်အတူ သောက်ဖို့သည်လည်း မဖြစ်နိုင်တော့ပေ။

စုကျန်းချန် ပြောခဲ့သကဲ့သို့ပင် သူတို့၏ကံကြမ္မာသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

“ကောင်လေး တကယ်တော့ ငါ မင်းကို ဒီလိုမျိုး တွေ့ဆုံဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောချင်နေခဲ့တာ.. ဒါပေမယ့် ဒါက မင်းရဲ့ပထမဆုံး လွတ်မြောက်လာတဲ့နေ့မို့ ငါ နောက်တစ်ရက်ကျမှ အဲဒါကို ထုတ်ပြောဖို့ ရည်ရွယ်ထားတယ်”

စုကျန်းချန်က သူ့လက်များကို နောက်ကျော၌ ချထားလိုက်ရင်း မထုံတတ်သေး ပြောလိုက်သည်။ သူသည် လုထင်၏တည်ရှိနေမှုကို လုံးဝ ဂရုမစိုက်ပေ။

“တော်ဝင်နန်းတော်ကနေ ပြုလုပ်တဲ့ မဟာလေ့ကျင့်ရေးစခန်းသုံးခုနဲ့ ပတ်သက်ပြီး မင်းက စာရင်းသွင်းပြီးပြီလို့ ငါ ယုံတယ် ဟုတ်တယ်မလား”

“ဟုတ်ကဲ့”

ဝမ်ချောင် ခေါင်းညိတ်လိုက်သည်။ လေ့ကျင့်ရေးစခန်းကြီးသုံးခုသည် သုံးရက်အတွင်း စတင်မည်ဖြစ်သည်။ ယင်းသည် ဝမ်ချောင်က စုကျန်းချန်ကို အချိန်မီတွေ့ဖို့ အပြေးအလွှား ရောက်လာရသည့် အကြောင်းအရင်းလည်း ဖြစ်သည်။

“ကောင်းပြီ ကြိုးစားပါ.. မင်းမှာ ဉာဏ်ပညာနဲ့ အရည်အချင်းတွေရှိတယ်... အဲဒါတွေကို မဖြုန်းတီးနဲ့”

စုကျန်းချန်က သူ့လက်များကို ရွှေရောင်စစ်တုရင်ခုံပေါ်တွင် တင်ထားလိုက်ပြီး အဖြူရောင် ကျောက်တုံးတစ်တုံးက လေထဲသို့ ပျံတက်သွားသည်။ ထို့နောက် ထိုအရာကို လျင်မြန်စွာ ဖမ်းယူလိုက်သည်။

“ကံကြမ္မာက ဝင်လာပြီး ထွက်ခွာသွားတယ်... ဒီအဖြူရောင်ကျောက်တုံးက မင်းအတွက် ငါ့ရဲ့လက်ဆောင်ပါ.. ကောင်းကောင်းသိမ်းထားပါ... ဒီကျောက်တုံးလိုပဲ မင်းရဲ့အရည်အချင်းကို ထိန်းသိမ်းထားပါ.. အခြေအနေတွေ ဘယ်လိုပဲဖြစ်လာပါစေ မင်းရဲ့ရည်ရွယ်ချက်ကို သတိရပါ”

ရွှတ်..

ဝမ်ချောင်၏ လက်ဖဝါးထဲတွင် အဖြူရောင်ကျောက်တုံး ပေါ်လာခဲ့ပြီး ငြိမ်သက်တိတ်ဆိတ်သော နေရာသည် ရုတ်တရက် တုန်ခါလာသည်။ စုကျန်းချန်သည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး။

“မင်းရဲအရည်အချင်းကို မမေ့ပါနဲ့.. ငါတို့ တစ်နေ့နေ့တော့ ဆုံနိုင်ပါသေးတယ်... မဟုတ်ရင် မင်းကို ဒီမှာပဲ ထာဝရနှုတ်ဆက်လိုက်ဖို့ ငါ တိုက်တွန်းချင်တယ်...”

ထိုစကားလုံးများက ပင်းအပ်ကဲ့သို့ နူးညံ့ပျော့ပျောင်းနေသော်လည်း ထူးဆန်းစွာ ဝမ်ချောင်သည် ထိုစကားလုံးတိုင်းကို ရှင်းလင်းစွာ မှတ်မိနေသည်။ ထိုစကားလုံးများ ရပ်တန့်သွားသည်နှင့် စုကျန်းချန်သည်လည်း ညကောင်းကင်ယံတွင် ပျောက်ကွယ်သွားခဲ့သည်။

*******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

All Chapters