← Chapters

အခန်း (၁၉၁-၁၉၅)

Vol. 8 Ch. 191-195

အခန်း (၁၉၁-၁၉၅)

Vol. 8 Ch. 191-195

အပိုင်း ၁၉၁

ထိုစကားများကို ပြောပြီးနောက် နယ်စားရီသည် အဝေးသို့လျှောက်သွားလိုက်ပြီး ဝမ်ချောင်ကို အတွေးထဲ နစ်မျောနေစေခဲ့ကာ နောက်တွင် ချန်ခဲ့လိုက်သည်။

"လူငယ်သခင်လေး ကျောင်းကျူးက ဘယ်သူလဲ"

ကျောက်ကျင်းတန် မေးလိုက်သည်။ ပြီးခဲ့သည့် အပြန်အလှန်ပြောစကားများမှ သူသိလိုက်သည်မှာ ကျောင်းကျူးဟု အမည်ရသောပုဂ္ဂိုလ်သည် ရှိန်လောက်သည့်လူတစ်ယောက်ဖြစ်ပုံရသည်။

"ကျောင်းကျူးဆိုတာ မြို့တော်မှာရှိတဲ့ သခင်လေးကိုးယောက်ရဲ့ခေါင်းဆောင်ပဲ..သူက ငါ့ ဒုတိယအစ်ကိုနဲ့ အသက်တူတူပဲ၊ တစ်ခါက ငါ့ဒုတိယအစ်ကိုနဲ့သူက လက်သီးချင်းယှဉ်ချခဲ့ဖူးတယ်၊ နောက်ဆုံးမှာ အဲဒီတိုက်ပွဲက သရေနဲ့ပဲ အဆုံးသတ်သွားတာ"

ဝမ်ချောင်‌ ပြောလိုက်သည်။

"အာ"

ကျောက်ကျင်းတန်သည် အံ့ဩသွားပြီး အာမေဋိတ်သံ ပြုလိုက်သည်။ သူသည် ကျောင်းကျူးကို မသိသော်လည်း ဝမ်ချောင်၏ ဒုတိယအစ်ကို ဝမ်ပိုင့် အကြောင်းကိုတော့ ကြားခဲ့ဖူးသည်။

တစ်ချိန်က ဝမ်ပိုင်သည် မြို့စားကြီးကျူး၏ တရားဝင်ဆက်ခံသူအဖြစ် ထင်ကြေးအများဆုံး ပေးခံရသူဖြစ်ပြီး ဉာဏ်ရည်ထက်မြက်မှုဖြစ်စေ သို့မဟုတ် သိုင်းပညာကျွမ်းကျင်မှုဖြစ်စေ သူနှင့် သက်တူရွယ်သူများအကြားတွင် ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့သည်။

မြို့တော်ထဲတွင် ဝမ်ပိုင်၏ဂုဏ်သတင်းသည် အလွန်ကြီးမားသည်။ ယောင်မျိုးနွယ်စု၏ ယောင်ဖန်းပင်လျှင် သူ သင်ခန်းစာပေးတာ ခံခဲ့ရသည်။ မဟုတ်လျှင် ယောင်ဖန်းသည် သူ၏ဒေါသကို ဖြေဖျောက်ရန်အတွက် လူမိုက်မာကျောက်ကို သူ့ဆီ စေလွှတ်ကာ လျှို့ဝှက်ကြံစည်သည်အထိ လုပ်လိမ့်မည်မဟုတ်ပေ။

ဝမ်ပိုင်သည် မြို့တော်တွင် မည်သူမျှ မကျော်ဖြတ်နိုင်သော တည်ရှိမှုတစ်ခုဖြစ်ပြီး သူသည် အနာဂတ်တွင် ကြီးမားသည့်အရာများစွာကို လုပ်ဆောင်နိုင်လိမ့်မည်ဟု လူများစွာက တွေးထင်ထားခဲ့ကြသည်။

မည်သည့်အထက်တန်းမျိုးနွယ်စုများမှ လူငယ်မျိုးဆက်မဆို မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့ကို လျှော့မတွက်ရဲခဲ့ကြပေ။ အကယ်၍ သူသည်သာ စိတ်ဝေဒနာကို မခံစားခဲ့ရလျှင်။

ဝမ်ချောင်သည် ခေါင်းကို တည်ကြည်စွာ ငုံ့လိုက်သည်။

အမှန်တကယ်တွင် ဝမ်ချောင်သည် သူသိထားသမျှ ကျောင်းကျူး၏အကြောင်းကို ကျောက်ကျင်းတန်ဆီသို့ မပြောပြခဲ့ပေ။ ကျောင်းကျူးသည် အပြင်ပန်း၌ ရိုးသားပြီး မှန်ကန်သည့်လူတစ်ယောက်ပုံ ပေါ်သော်လည်း သူ၏ နက်ရှိုင်းသော စိတ်ထဲတွင်မူ အကြင်နာတရားကင်းမဲ့သော စိတ်နှလုံးသားဖြင့် ပြည့်နှက်နေမှန်း သူသိသည်။

ပိုဆိုးသည်မှာ သူသည် အံ့အားသင့်စရာအရည်အချင်းများကို ပိုင်ဆိုင်ထားခြင်းပင်ဖြစ်သည်။

ဒုတိယအစ်မဝမ်ကျူးယန်နှင့် မှူးမတ်ရီတို့သည် မြို့တော်အတွင်း၌ ထိပ်ဆုံးတွင် ရပ်တည်နေကြသော်လည်း ကျောင်းကျူးနှင့် ယှဉ်ကြည့်ပါက အဝေး၌သာ ကျန်နေခဲ့ရမည်ဖြစ်သည်။

ကျောင်းကျူးသည် သူ၏ကိုယ်ပိုင်အတန်း၌သာရှိသည်။

ထို့အပြင် သူသည် ကျောထောက်နောက်ခံ မရှိသော်လည်း ချီဘုရင်၏ မွေးစားသားအဖြစ် သူ့ကို မွေးစားခဲ့သည်ဟူသော ကောလာဟလအချို့လည်း ရှိခဲ့သည်။ ကျောင်းကျူးသည် ထိုကောလာဟလကို ဘယ်တုန်းကမှ အသိအမှတ် မပြုခဲ့သော်လည်း ငြင်းဆိုခဲ့ခြင်းလည်း မရှိပေ။

ဆိုရလျှင် ကျောင်းကျူးသည် ချီဘုရင်၏ အိမ်တော်အတွင်းသို့ လွတ်လပ်စွာ ဝင်ထွက်သွားလာ၍ရသည် ဟူသော သက်သေအထောက်အထားများ ရှိခဲ့သည်။

ထို့အပြင် ချီဘုရင်သည်လည်း သူ့ကို ကောင်းမွန်စွာအထူးအလေးပေးဆက်ဆံပုံပေါ်သည်။ အနည်းဆုံးတော့ ကျောင်းကျူး တတ်မြောက်ထားသော အစွမ်းအထက်ဆုံးသိုင်းပညာရပ်သည် ချီဘုရင်ထံမှ သေချာပေါက်လာခဲ့ခြင်းပင် ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရလျှင် နယ်စားရီ၏ နောက်ခံအရ သူမသည် သူ့ကို ကြောက်နေစရာမလိုအပ်ပေ။

ဒုတိယအစ်ကိုဝမ်ပိုင်၏ နာမည်နှင့်ဘေးချင်းယှဉ်၍ ခေါ်ဆိုခံရသူများမှာ သာမန်မဟုတ်ကြပေ။

"ဟိုအကြောင်းပြောရရင် လူငယ်သခင်လေး ခုနက မိန်းမပျိုရဲ့နောက်ခံက ဘာလဲ..နယ်စားရီလား၊ နယ်စားအဖြစ် အပ်နှင်းခံရတုန်းက သူမအသက်က ဘယ်လောက်ရှိပြီလဲ၊ ကျွန်တော်တို့ မဟာထန်တိုင်းပြည်မှာ အဲလိုဘွဲ့ကို လူငယ်တွေကိုလည်းပေးအပ်တာလား၊ ပြောစရာမလိုအောင် မိန်းက‌လေးတစ်ယောက်လား မိန်းက‌လေးတစ်ယောက်လား"

ကျောက်ကျင်းတန်သည် သူ့ရင်ဘတ်ပေါ်ရှိ ဒဏ်ရာကို ထိလျက် မေးလိုက်သည်။

"ဟီးဟီး ကျင်းတန် မင်းအရင်တုန်းက မြို့တော်မှာမနေခဲ့ရလို့ သတိမထားမိတာပါ၊ သူမကို နယ်စားလေးရီလို့ သိကြတယ် နယ်စားကြီးရီရဲ့ သမီးပေါ့၊ တိုင်းပြည်မှာရှိတဲ့ နယ်စားတွေကြားထဲမှာ နယ်စားရီဟာ နယ်စားနေရာကို ဆက်ခံတဲ့ တစ်ဦးတည်းသော မိန်းကလေးပဲ၊ အဲတုန်းက ဧကရာဇ်ကောင်းကျူဟာ မဟာထန် တည်ရှိနေသရွေ့ နယ်းစားရီရဲ့ဘွဲ့ကို မျိုးဆက်တစ်ခု‌ကနေတစ်ခုကို လွှဲပြောင်းပေးမယ်လို့ အမိန့်ပေးခဲ့တယ် အဲဒီအမိန့်ကို အတည်ပြုဖို့ အမိန့်ပြန်တမ်းတစ်ခုကိုတောင် ပေးအပ်ခဲ့တယ်"

“ဒါကြောင့် အားလုံးက သူမကို နယ်စားရီလို့ ခေါ်နေကြတုန်းဖြစ်ပြီး သူမရဲ့ရာထူးကို အတည်ပြုပြီးသား၊ အဲဒါကသူမ မွေးကတည်းက သတ်မှတ်ခဲ့တာပဲ"

ဝမ်ချောင် ရယ်မောလိုက်သည်။

မဟာထန်တိုင်းပြည်တွင် မျိုးဆက်အလိုက် ဆက်ခံကြသောဘွဲ့အများစုသည် မြို့စားကြီးအဆင့်များ ဖြစ်ကြသည်။ ထို့အပြင် သူတို့အများစုသည် ဧကရာဇ်ကောင်းကျူနှင့်အတူ မဟာထန်ကို တည်ဆောက်ခဲ့ကြသည့် အုပ်စုမှ ဆင်းသက်လာကြသော သားစဉ်မြေးဆက်များဖြစ်ကြသည်။

နယ်စားအဆင့်များသည် မြင့်မြတ်သည့်အမျိုးအနွယ်အဖြစ် သတ်မှတ်ရန် အဆင့်မမီပေ။

မဟာထန်တိုင်းပြည်တွင် မျိုးရိုးအလိုက်ဆက်ခံရသော တစ်ခုတည်းသော နယ်စားဘွဲ့အမည်မှာ နယ်စားရီ ဖြစ်သည်။

"ကျွန်တော်သိပါပြီ"

ကျောက်ကျင်းတန် သဘောပေါက်သွားခဲ့သည်။

ဝမ်ချောင် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ တကယ်တော့ သူသည် ကွမ်းဝူလေ့ကျင့်ရေးစစ်စခန်းတွင် နယ်စားရီ ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အနည်းဆုံး ထိုကဲ့သို့သော ကိစ္စမျိုးသည် သူ့ယခင်ဘဝတွင် မဖြစ်ခဲ့ဖူးပေ။

အရာတော်တော်များများသည် သူ့ယခင်ဘ၀နှင့်မတူ ‌ပြောင်းလဲသွားခဲ့သည်။ သို့ဖြစ်စေကာမူ နယ်စားရီကွမ်းဝူလေ့ကျင့်ရေးစစ်စခန်းသို့ ဝင်ရောက်လာခြင်းသည် ဘာမျှမဟုတ်သော်လည်း သူ့အတွက် အကျိုးရှိလေသည်။

ထို့အပြင် နယ်စားရီ၏ ပေါ်လာခြင်းသည် ဝမ်ချောင်အတွက် အရေးပါသော အမှန်တရားတစ်ခုကို သတိရစေသည်။

မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုကို တည်ထောင်ခြင်းသည် ဂရိတ်တန်အတွက် အထွတ်အထိပ်အရေးကိစ္စ ဖြစ်ပြီး သူက ထိုကိစ္စကို စိတ်ဝင်စားသည့် တစ်ဦးတည်းသောသူ မဟုတ်ပေ။ နယ်စားရီကဲ့သို့သော ကျွမ်းကျင်သူများသည်လည်း ပါဝင်လာခဲ့ကြသည်။

"သွားကြစို့၊ မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုမှာ သင်တန်းသားဦးရေကန့်သတ်ထားပြီး တကယ်လို့ ငါတို့နောက်ကျခဲ့ရင် ထုတ်ပယ်ခံရတာနဲ့ပဲ အဆုံးသတ်သွားနိုင်တယ်"

ဝမ်ချောင်သည် ကျောက်ကျင်းတန်ကို လောလိုက်ပြီး နှစ်ယောက်သားသည် တောင်ပေါ်သို့ နောက်တစ်ခေါက် စတက်ကြလေတော့သည်။

ကွမ်းဝူလေ့ကျင့်ရေးစစ်စခန်းရှိ လူအရေအတွက်သည် အံ့မခမ်းပင်။ တောင်ကြီး၏ အရွယ်အစားသည် အလွန်ကြီးမားသော်လည်း လူများနှင့် ရွက်ဖျင်တဲများကို နေရာတိုင်းတွင် တွေ့မြင်နိုင်သည်။

ပထမနေ့တွင် အမြဲတမ်းလူစည်ကားလေ့ရှိသည်။

"သွားစို့...ငါတို့ စမ်းသပ်စစ်ဆေးခြင်းရဲ့ ပထမအဆင့်ကို အရင်ရှင်းကြစို့"

ဝမ်ချောင် ပြောလိုက်သည်။

တောင်ပေါ်၌ တပ်စွဲထားသော တော်ဝင်တပ်သားများ အများအပြားရှိ၍ ပဏာမရွေးချယ်ခြင်းစမ်းသပ်မှုအတွက် အစောင့်စခန်းများတွင် ပြင်ဆင်ထားခဲ့သည်။

ကွမ်းဝူလေ့ကျင့်ရေးစစ်စခန်းအတွက် အရည်အချင်းပြည့်မီရန် လူတစ်ယောက်၏ ကျင့်ကြံဆင့်နှင့် ခွန်အားသည် အခြေခံလိုအပ်ချက်ပင်ဖြစ်သည်။

အကယ်၍ လူတစ်ယောက်သည် အခြေခံလိုအပ်ချက်နှင့် မပြည့်စုံပါက နောက်စမ်းသပ်စစ်ဆေးမှုများတွင် ပါဝင်ခွင့် မရတော့ပေ။

ပဏာမရွေးချယ်ခြင်းစစ်ဆေးစမ်းသပ်မှုတွင် အဆင့်သုံးဆင့်ပါဝင်သည်။

ပထမအဆင့် ခွန်အားစမ်းသပ်ခြင်း။ ဤစမ်းသပ်မှုတွင် ကျောက်တုံးကြီးများကို မ ရမည်ဖြစ်ပြီး ထိုကဲ့သို့ မပြုလုပ်နိုင်သူသည် တိုက်ရိုက်ဖယ်ထုတ်ခြင်းခံရမည်ဖြစ်သည်။

နောက်တစ်ဆင့် လက်သီးထိုးစမ်းသပ်ခြင်း။ ဤစမ်းသပ်မှုတွင် လူတစ်ယောက်သည် ပုံမှန်လက်သီးထိုးချက်ကို မထုတ်ဖော်နိုင်ပါက တိုက်ရိုက်ဖယ်ထုတ်ခြင်းခံရမည်ဖြစ်သည်။

နောက်ဆုံးအဆင့် အထူးသဖြင့် တတိယအဆင့် စမ်းသပ်ခြင်း။ ဤအဆင့်သည် သိုင်းပညာ၏ စစ်မှန်သည့် တိုက်ခိုက်ခြင်းစွမ်းအားကို ဆုံးဖြတ်ရန် ကြုံရာကျပန်းစမ်းသပ်မှုကို ကျော်ဖြတ်ရပေမည်။

"ခင်ဗျားရဲ့သိုင်းသုံးကွက်ကို ခုခံနိုင်ရင် ကျွန်တော်က ဒီစမ်းသပ်မှုကို ဖြတ်ကျော်နိုင်ပြီ အဲလိုလား"

ဝမ်ချောင်သည် ပထမစမ်းသပ်မှုနှစ်ခုကို အလွယ်တကူ ဖြတ်ကျော်နိုင်ခဲ့ပြီး ယခုနောက်ဆုံးစမ်းသပ်မှု၏ စမ်းသပ်သူရှေ့တွင် ‌ရပ်နေလေသည်။

"ဟုတ်တယ် မင်းငါ့သိုင်းသုံးကွက်ကို ခုခံနိုင်သရွေ ငါမင်းကို ဒီစမ်းသပ်မှုကို ဖြတ်ကျော်နိုင်တယ်လို့ ယူဆပေးမယ်"

စကားပြောလိုက်သည်လူမှ အသက်နှစ်ဆယ့်အရွယ်ရှိအမျိုးသားတစ်ဦး ဖြစ်သည်။ သူ့တွင် မထုံတတ်သေး အမူအရာရှိပြီး သူသည် အင်ပါယာစစ်တပ်မှ ဖြစ်ပုံမပေါ်ပေ။ ထိုအစား သူသည် ဤစစ်ဆေးမှုကို ကြီးကြပ်ရန် တော်ဝင်တရားရုံးမှ ခေါ်ယူထားသည့် လေလွင့်သိုင်းပညာရှင်တစ်ဦး ဖြစ်ပုံရသည်။

"ကျွန်တော်နားလည်ပါပြီ"

ဝမ်ချောင်ရယ်မောလိုက်သည်။ ကြည့်ရသည်မှာ သူ၏နောက်ဆုံးစမ်းသပ်မှုသည် ပေါ့ပါးသည့်စမ်းသပ်မှုတစ်ခု ဖြစ်ပုံရသည်။

"မင်းအဆင်သင့်ပဲလား"

ထိုလူသည် သူ့စကားဆုံးသည်နှင့် သိပ်မကြာခင်မှာပင် သူ၏လက်သီးကို အလျင်အမြန် ရှေ့သို့ ပစ်လွှတ်လိုက်လေသည်။

ဘုန်းးး

ပတ်ဝန်းကျင်တွင် လေများ ပြင်းထန်စွာ တိုက်ခိုက်နေခဲ့ပြီး သူသည် အဝေးသို့ မရောက်မီမှာပင် လက်သီးတစ်လုံးသည် သူ့မျက်နှာ၏ညာဘက်နားတွင် ပေါ်ထွက်လာခဲ့ပြီး သူ့မျက်နှာကို ထိရန် ဆံချည်တစ်မျှင်စာမျှသာ လိုတော့သည်။

ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝတိတ်ဆိတ်သွားခဲ့သည်။ လူတိုင်းသည် ဝမ်ချောင်ကို အလွန်အံ့အားသင့်စွာ ကြည့်လိုက်ကြ၏။ တစ်ဖက်တွင်မူ ထိုလူ၏ မျက်နှာသည် အလွန်ဆိုးရွားနေလေသည်။

"မင်းပဏာမရွေးချယ်ခြင်းအဆင့်ကို အောင်မြင်စွာကျော်ဖြတ်လိုက်နိုင်ပြီ၊ ကျေးဇူးပြုပြီး တောင်ပေါ်ကို ဆက်တက်ပါ"

နီရဲနေသော မျက်နှာဖြင့် ထိုလူသည် ဦးညွှတ်လိုက်ကာ ဘေးဘက်သို့ ကျိုးကျိုးနွံနွံ နောက်ဆုတ်လိုက်သည်။

"ကျွန်တော့်ကို ညှာတာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ဝမ်ချောင်သည် သူ၏ ၀တ်ရုံကို နောက်သို့ ခါထုတ်လိုက်ပြီး အပြုံးဖြင့် လူအုပ်ထဲမှ ထွက်လာခဲ့သည်။

ယခင်ကသာဆိုလျှင် ဤစမ်းသပ်မှုကို ဖြတ်ကျော်ရန် သူ့အတွက် ခက်ခဲနိုင်သော်လည်း လအနည်းငယ်ကြာ ကြိုးစားလေ့ကျင့်ခဲ့ပြီးနောက်တွင် ထိုစမ်းသပ်မှုသည် သူ့အတွက် ပန်းခြံထဲ လမ်းလျှောက်ရသကဲ့သို့ပင် လွယ်ကူလှသည်။

သူ၏ မူလစွမ်းအင်အဆင့် ၇ ဖြင့် သူသည် မည်သည့်အမြန်နှုန်းအမျိုးအစား သို့မဟုတ် လက်သီးအမျိုးအစား လျှို့ဝှက်သိုင်းပညာကိုမျှ မကျင့်ကြံဖူးသော်လည်း သူ၏နဂါးအဆင့်ရှိ အရိုးအရင်းမြစ်သည် သာမန်လူသားများထက် အမြန်နှုန်း၊ ခံနိုင်ရည်ရှိမှု၊ တုံ့ပြန်မှုနှင့် သွက်လက်မှုတို့ကို ပေးစွမ်းခဲ့သည်။

ဤအဆင့်ရှိစမ်းသပ်မှုကို သူ၏ရုပ်ပိုင်းဆိုင်ရာ အမြန်နှုန်းဖြင့်ပင် အလွယ်တကူဖြတ်ကျော်နိုင်လေသည်။

နောက်သို့လှည့်ကြည့်လိုက်သည်တွင် ကျောက်ကျင်းတန်သည် သူ၏စမ်းသပ်မှုအလယ်၌သာ ရှိနေသေးကြောင်း ဝမ်ချောင်တွေ့လိုက်ရသည်။ ထို့ကြောင့် သူသည် တောင်ပေါ်သို့ အရင်တက်ရန် ရွေးချယ်လိုက်သည်။

ပဏာမစမ်းသပ်ရွေးချယ်မှုများကို ကျော်ဖြတ်ပြီးနောက် အဓိကစမ်းသပ်မှုသည် ရှေ့တွင် စောင့်နေလေသည်။

နည်းပြဆရာများကို စိန်ခေါ်ခြင်း

ကွမ်းဝူလေ့ကျင့်ရေးစစ်စခန်း၏ ပထမအသုတ်အတွက် နေရာများသည် အကန့်အသတ်တစ်ခုရှိသည်။ တော်ဝင်တရားရုံးမှ ခေါ်ယူထားသော နည်းပြဆရာများသည် အထွတ်အထိပ်၌ ရပ်တည်နေသူများ ဖြစ်ကြပြီး လူတိုင်း၏ကံကြမ္မာကို သူတို့၏လက်ထဲတွင် ကိုင်ဆောင်ထားကြသည်။

နည်ပြဆရာတစ်ဦးစီတိုင်းတွင် သူတို့လက်ခံမည့် ကျောင်းသားဦးရေကို ကန့်သတ်ထားပြီး ထိုကန့်သတ်ချက်ပြည့်သည်နှင့် သူတို့သည် ချက်ချင်းထွက်ခွာသွားမည်ဖြစ်သည်။ နည်းပြဆရာများအားလုံးသည် သူတို့၏ ကန့်သတ်ထားသောလူအရေအတွက် ပြည့်မီသည်နှင့် ခေါ်ယူရေးလုပ်ငန်းစဉ်သည်လည်း တရားဝင်ပြီးဆုံးသွားမည်ဖြစ်သည်။

စစ်စခန်းသို့လက်ခံရာ၌ လှည့်ကွက်တစ်ခုလည်းရှိသည်။ လူအများစုသည် ထိပ်ဆုံးသို့ ရောက်သည်နှင့် တစ်ပြိုင်နက် နည်းပြဆရာတစ်ဦးကို ကျပန်းရွေးချယ်ကြကာ နည်းပြရွေးချယ်မှုသည် စစ်ဆေးစမ်းသပ်မှု၌ အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်ကြောင်း အများစု မသိရှိကြပေ။

မတူညီသော နည်းပြဆရာများသည် မတူညီသောပုံစံများ ရှိကြသည်။ အချို့က ရန်သူ၏ဖွဲ့စည်းပုံကို ဖြိုခွင်းရန် ရှေ့တန်းမှ တိုက်ခိုက်ရာ၌ ကျွမ်းကျင်ကြသည်၊ အချို့က တိုက်ပွဲကွင်းပြင်တွင် သတ်ဖြတ်ခြင်းပညာ၌ ကျွမ်းကျင်ကြသည်၊ အချို့က တစ်ယောက်ချင်းတိုက်ခိုက်ရာ၌ ကျွမ်းကျင်ကြသည်၊ အချို့က မြင်းစီးတိုက်ခိုက်ရာ၌ ကျွမ်းကျင်ကြသည်....

မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခု၏ နည်းပြဆရာများသည် စစ်တပ်၏လက်ရွေးစင်အရာရှိများကို ခန့်အပ်ထားခဲ့သည်ကို လူအများစုက သတိမပြုမိကြပေ။ ထိုလူများအားလုံးသည် တိုက်ပွဲ၌ တိုက်ခိုက်ခဲ့ဖူးသော စစ်မှုထမ်းဟောင်းများဖြစ်ကြသည်။

နှစ်ပေါင်းများစွာအကြာတွင် မဟာလေ့ကျင့်ရေးစစ်စခန်းသုံခု၏ ကျောင်းသားဟောင်းများသည် တချို့အရာများကို ထုတ်ဖော်သည့်အခါမှသာလျှင် နည်းပြဆရာများ၏ အရေးပါပုံကို နားလည်‌လာကြသည်။

သင်တန်းသားများ၏ အနာဂတ်အတွက် မှန်ကန်သည့် နည်းပြဆရာများကို ရွေးချယ်ခြင်းသည် ထိပ်တန်းကျင့်ကြံခြင်းနည်းစနစ်များကို သင်ယူရာ၌ အလွန်အရေးကြီသည်။

ဝမ်ချောင်သည် ဝေ့ဟိုကို မုတ်ဆိတ်နှင့်ဝဝကစ်ကစ်လူကြီးကို ရှာခိုင်းသည်မှာ ဤအကြောင်းပြချက်ကြောင့် ဖြစ်သည်။ ဝေ့ဟို၏ ကောင်းကင်တောင်သို့တက်လှမ်းခြင်းနည်းစနစ်သည် မုတ်ဆိတ်နှင့်ဝဝကစ်ကစ်လူကြီး၏ တိုက်ပွဲဝင်စွမ်းအားအကောင်းဆုံးစွမ်းရည်နှင့် လိုက်ဖက်လှသဖြင့် သူ၏စွမ်းရည်ကို မြင့်တက်လာစေနိုင်သည်။

ထိုအတူ ဝမ်ချောင်သည်လည်း သူနှင့်လိုက်ဖက်သည့် နည်းပြဆရာတစ်ယောက်ကို ရှာရပေဦးမည်။

"ကွမ်းဝူလေ့ကျင့်ရေးစစ်စခန်းက ငါသိထားခဲ့တာနဲ့ အတော်လေးကွာခြားသွားခဲ့ပြီ...အဲဒီနည်းပြဆရာ ဒီ‌နေရာမှာရှိနေသေးဖို့ ငါမျှော်လင့်တယ်"

ဝမ်ချောင် တွေးလိုက်သည်။

မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုတွင် နည်းပြဆရာအများအပြားရှိသည်။ သို့သော် ဝမ်ချောင်ရှာနေသည့် နည်းပြဆရာသည်တော့ တစ်ဦးတည်းသာရှိသည်။

သူသည် တိုက်ပွဲတွင် မည်သို့တိုက်ခိုက်ရမည်ကို မသင်ပေ၊ မြင်းစီးတိုက်ခိုက်ခြင်းကိုလည်းမသင်ပေးပေ၊ တစ်ဦးချင်း မည်သို့တိုက်ခိုက်ရမည်ကိုလည်း မသင်ပေးပေ...သူသင်ကြားပြသသည့်အရာမှာ အဆင့်မြင့်ဆုံး 'ကွပ်ကဲခြင်းပညာ' ဖြစ်သည်။

တခြားစကားလုံးဖြင့်ဆိုရလျှင် သူသည် နည်းပြများအကြား ပုန်းအောင်းနေသော ကျောက်စိမ်းတုံး ဖြစ်သည်။

ထို့အပြင် ဤတောင်တစ်ခုလုံးရှိလူအားလုံးတွင် ဝမ်ချောင်ကလွဲ၍ ဤအကြောင်းကို မည်သူမျှမသိပေ။

ဝမ်ချောင် မှတ်မိသလောက် ဤနည်းပြဆရာသည် ကွမ်းဝူတွင် နေထိုင်စဉ်ကာလတစ်လျှောက် အလွန်နိမ့်ကျသော ပုံရိပ်ဖြင့်သာ နေထိုင်ခဲ့ပြီး သူသည် ဤနေရာတွင် သုံးနှစ်သာနေထိုင်ခဲ့သည်။ ထို့ကြောင့် ယခုမှစ၍ သုံးနှစ်အတွင်း လေ့ကျင့်ရေးစစ်စခန်းတွင် ဤစွမ်းရည်ကို သင်ကြားပေးမည့်သူ နောက်ထပ်မရှိတော့ပေ။

ထိုလူ၏နောက်ခံကို သိလိုက်ကြသောအခါ မရေမတွက်နိုင်သောလူများသည် နောင်တတရားများဖြင့် ပြည့်နှက်နေခဲ့ကြသည်။

ထိုလူသည် နှိမ့်ချစွာ နေထိုင်ခဲ့သော်လည်း ထိုသည်မှာ သူ့လက်အောက်၌ အလွယ်တကူ သင်ကြား၍ရသည်ဟု မဆိုလိုပေ။

နည်းပြဆရာများအကြားတွင် သူ၏ သင်တန်းသားသစ် လက်ခံခြင်းအတွက် စမ်းသပ်မှုသတ်မှတ်ချက်သည် အရက်စက်ဆုံးဖြစ်သည်။ တခြားသောနည်းပြဆရာများ၏ စမ်းသပ်မှုကို အလွယ်တကူ ဖြတ်ကျော်နိုင်သော ‌ကျောင်းသားများအားလုံးကို သူသည် ပြတ်သားစွာ ငြင်းပယ်ခဲ့သည်။

သို့သော်လည်း ဝမ်ချောင်သည် သူ့လက်အောက်သို့ ဝင်လိုခြင်းမှာ သူ၏ 'ကွပ်ကဲခြင်းပညာ'ကို သင်ယူချင်၍မဟုတ်ပေ။ ထို့အစား ထိုလူ၏ ဩဇာအာဏာသည် နည်းပြဆရာများအကြားတွင် အတော်မြင့်သောကြောင့်ဖြစ်သည်။

အနာဂတ်တွင် ပျောက်ကွယ်သွားမည်ဖြစ်‌သော မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုရှိ အစွမ်းထက် နည်းစနစ်များကို သူ့ကိုဖြတ်ကျော်ပြီးမှသာ ရရှိနိုင်သည်။ ထို့အပြင် မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခု၏ တင်းကျပ်သော စည်းမျဉ်းများကိုလည်း ဝင်ရောက်စွက်ဖက်နိုင်သည်။

တစ်ယောက်သည် သင်တန်းသားဖြစ်လာသည်နှင့် ပုံမှန်သင်တန်းအားလုံးကို တက်ရောက်ရမည်ဖြစ်သည်။ ထိုသည်မှာ တစ်ယောက်သည် နည်းပြဆရာတစ်ဦး၏ လက်အောက်သို့ ဝင်ရောက်လိုက်သည်နှင့် ရှောင်လွဲ၍မရသော ကိစ္စများဖြစ်သည်။

ထိုကဲ့သို့သော စည်းမျဉ်းများသည် သာမန်လူများအတွက် ပြဿနာမဟုတ်သော်လည်း ဝမ်ချောင်သည်တော့ မတူပေ။ သူကျင့်ကြံသော နည်းစနစ်

'မဟာယင်ယန်ကောင်းကင်ဘုံ ဖန်ဆင်းခြင်းပညာရပ်' သို့မဟုတ် 'နတ်ဘုရားများနှင့် နတ်ဆိုးများကို သုတ်သင်ခြင်းပညာရပ်' တို့သည် ဤသင်တန်းများမှ သင်ယူနိုင်သော သို့မဟုတ် သင်ပြနိုင်သော နည်းစနစ်များ မဟုတ်ကြပေ။

ဤသင်တန်းများကို တက်ရောက်ခြင်းဖြင့် ဝမ်ချောင်သည် တိုးတက်နိုင်မည်မဟုတ်ပေ။

ထို့ကြောင့် သူသည် ထိုကဲ့သို့သော စည်းမျဉ်းများ၏ ချည်နှောင်ထားခြင်းကို မခံလိုပေ။

နည်းပြဆရာများအကြားတွင် ထိုပုဂ္ဂိုလ်သည်သာ စည်းမျဉ်းများမှသွေဖယ်နိုင်သည်။ တစ်ဦးသည် သူ၏ စမ်းသပ်မှုကိုဖြတ်ကျော်နိုင်သည်နှင့် ပုံမှန်သင်တန်းများကို တက်ရောက်စရာမလိုတော့ပေ။

နိဂုံးချုပ်ရလျှင် ဝမ်ချောင်သည် ဤနည်းပြဆရာ၏ မူဝါဒသည် သူ့စိတ်ကြိုက်နှင့် အကိုက်ညီဆုံးဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

...

*******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အပိုင်း ၁၉၂။ အနာဂတ်စစ်သူကြီး

တောင်ပေါ်တွင် လူများစွာရှိနေပြီး ဖြေဆိုသူများ သို့မဟုတ် တော်ဝင်အစောင့်စစ်သည်များ ပါဝင်ကြသည်။ ထို့ကြောင့် ဝမ်ချောင်သည် လူအုပ်ကြီးထဲတွင် သူရှာနေသည့် နည်းပြဆရာကို ရှာတွေ့ရန်မှာ မလွယ်ကူပေ။

"မင်း အရူးကောင်..ငါပြောတာမကြားဘူးလား.."

ဝမ်ချောင်သည် လျှိ့ဝှက်နည်းပြဆရာကို ရှာနေစဉ်မှာပင် အနည်းငယ်ကြမ်းတမ်း၍ ချုပ်တည်းထားရသော အသံတစ်ခုကို ကြားလိုက်ရသည်။

"ဒါပေမဲ့သခင်လေး ဒါက ကျွန်တော့်ရဲ့တစ်ခုတည်းသော အခွင့်အရေးမို့ပါ"

အသနားခံနေသည့်အသံက တုံ့ပြန်လိုက်သည်။

"ဟမ် မင်းရဲ့ တစ်ခုတည်းသောအခွင့်အရေးတွေဘာတွေ ငါဂရုမစိုက်ဘူး၊ မင်းအဖေရဲ့စားဝတ်နေရေးကို ငါ့အဖေက ထိန်းချုပ်ထားတာမမေ့နဲ့၊ မင်းငါ့အမိန့်ကိုမလိုက်နာရင် အထုပ်သိမ်းပြီး ရွာကို ပြန်နိုင်ပြီ၊ အဲဒီအချိန်ကျမှ ငါမင်းကို ကြိုတင်ပြီးသတိမပေးဘူးလို့ အပြစ်မတင်နဲ့"

"အဲဒီလူက အရမ်းအားကောင်းတယ် ဒါကြောင့် မင်းဒါကို စိတ်ထဲမှတ်ထားတာ ပိုကောင်းမယ်၊ ဘယ်လိုပဲဖြစ်နေပါစေ ငါ့အတွက်​ မင်းသူ့ကို ပြင်းပြင်းထန်ထန်ဒဏ်ရာရ‌အောင်လုပ်ရမယ်၊ မင်းဘာလုပ်နိုင်သလဲဆိုတာငါသိတယ် ဒါကြောင့် မင်းလုပ်ရမယ်"

ကြမ်းတမ်းသောအသံက ခြိမ်းခြောက်လိုက်သည်။

"ဟမ် နိမ့်ကျတဲ့နောက်ခံက လာတဲ့လူတွေကို အနိုင်ကျင့်နေတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ၊ တခြားနေရာမှာသာဆိုရင် ဒါကတခြားကိစ္စတစ်ခုဖြစ်ပေမဲ့ မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုမှာ ဒါမျိုးလာလုပ်ရဲတယ်ဆိုတော့ သူက အတော်လေး မျက်နှာပြောင်တိုက်နေတာပဲဖြစ်ရမယ်"

ဝမ်ချောင် ရင်ထဲမှ‌နေ၍ အေးစက်စွာ လှောင်ရယ်လိုက်သည်။

စစ်ဆေးစမ်းသပ်မှုတွင် မိမိတို့ သက်သာစေရန်အတွက် မိသားစုအာဏာကို အသုံးပြုကာ အခြားလူများကို ဖိပေးပြီး မိမိတို့စိတ်တိုင်းကျ အသုံးချသည့် လူအချို့ရှိကြောင်း သူကြားခဲ့ဖူးသည်။

ဤနည်းလမ်းကို ခြေရာခံရန်ခက်ခဲပြီး ထို့အတွက် စည်းမျဉ်းများကိုလည်း တရားဝင် ပြဋ္ဌာန်းထားခြင်း မရှိသောကြောင့် နည်းပြဆရာများသည်လည်း ထိုသည်ကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းမရှိပေ။

ဝမ်ချောင်သည် ဤကဲ့သို့သော အဖြစ်အပျက်မျိုးဖြင့် ကြုံတွေ့ရလိမ့်မည်ဟု ‌မမျှော်လင့်ထားခဲ့ပေ။

ဝမ်ချောင်သည် လျင်မြန်စွာလှည့်လိုက်၍ အသံလာရာဆီသို့ လှမ်းကြည့်လိုက်သည်။ ကွမ်းဝူလေ့ကျင့်ရေးစစ်စခန်း၌ လူများဖြင့် စည်ကားလျက်ရှိသော်လည်း ထိုအုပ်စုကို ဂရုစိုက်မိသူ မရှိသလောက်ပင် ဖြစ်သည်။

လူအုပ်ကြားထဲတွင် ဟောင်းနွမ်းစုတ်ပြတ်နေသည့် အဝတ်အစားများကို ဝတ်ဆင်ထားသော ဆယ်ကျော်သက်လူငယ်တစ်ဦး၏ ရှေ့တွင် မောက်မာစွာ ရပ်နေသည့် လူသုံးဦးကို ဝမ်ချောင် တွေ့လိုက်ရသည်။ ဆယ်ကျော်သက်လူငယ်လေးသည် မြေကြီးပေါ်တွင် ဒူးထောက်လျက် အမျိုးသားတစ်ဦး၏ ခြေထောက်ကိုကိုင်ကာ အစွမ်းကုန်တောင်းဆိုနေခဲ့သည်။ သူ၏မျက်လုံးထဲတွင် စိတ်ပျက်အားငယ်မှုကို မြင်နိုင်ပေသည်။

ဝမ်ချောင်သည် အစပိုင်းတွင် သိပ်ဂရုမစိုက်သော်လည်း တစ်ဖက်လူ၏ မျက်နှာကို မြင်တွေ့လိုက်ရသောအခါ ရုတ်တရက် တုန်လှုပ်သွားသည်။

"ဘာလို့လဲ...အဲဒါသူလား"

ဝမ်ချောင်၏စိတ်ထဲတွင် မှတ်ဉာဏ်တချို့ပေါ်လာခဲ့ပြီး ငေးကြောင်ကာ ထိုနေရာတွင်ရပ်နေမိသည်။ သူ၏အရင်ဘဝတွင် ကွမ်းဝူလေ့ကျင့်ရေးစစ်စခန်းသည် မရေမတွက်နိုင်သော စစ်သူကြီးများ၏ မွေးဖွားရာနေရာတစ်ခု ဖြစ်လာခဲ့သည်။

ကွမ်းဝူလေ့ကျင့်ရေးစစ်စခန်းမှ ဘွဲ့ရသွားသော စစ်သူကြီးအရေအတွက်သည် မဟာထန်၏ ကောင်းကင်ယံကို အချိန်အတော်ကြာ လင်းထိန်နေစေရန် လုံလောက်သည်ထက် ပိုခဲ့သည်။ ထိုကာလသည် မဟာထန်၏ အကြီးကျယ်ဆုံးခေတ် ဖြစ်သကဲ့သို့ မဟာထန်သည် သူ၏ ကြီးကျယ်ခမ်းနားမှုကို နောက်ဆုံးပြသခဲ့သည့် ခေတ်လည်းဖြစ်သည်။

ထိုအချိန်က တောက်ပနေသည့် ကြယ်များအားလုံးသည် ကောင်းကင်ယံ‌၌ တောက်ပနေချိန်တွင် ဝမ်ချောင်သည် သာမန်လူတစ်ဦးသာဖြစ်ခဲ့သည်။

ဝမ်ချောင်၏ ခေတ်သို့ ရောက်လာသောအခါ ထိုလူများအားလုံးသည် ကျဆုံးသွားကြပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်သည် ထိုလူများနှင့် ခင်မင်ရင်းနှီးခြင်း သို့မဟုတ် တွေ့ဆုံခဲ့ရခြင်း မရှိချေ။

ထိုသည်က ဝမ်ချောင်၏ နှလုံးသားအနက်ရှိုင်းဆုံးထဲမှ အကြီးမားဆုံးနောင်တရမှုတစ်ခုလည်း ဖြစ်ခဲ့သည်။

မဟာထန်၏ စစ်သေနာပတိချုပ်ဖြစ်ခဲ့သော်လည်း သူ့တွင် ကိုယ်ပိုင်နယ်မြေများကို ထိန်းချုပ်ထားသည့် စစ်သူကြီးများစွာ မရှိခဲ့ပေ။ ဤသည်မှာ နောက်ဆုံးစစ်ပွဲ၌ ကျရှုံးခဲ့ရခြင်း၏ အကြောင်းရင်းလည်း ဖြစ်ခဲ့သည်။

အခြေအနေများကို သူကိုယ်တိုင် မထိန်းချုပ်နိုင်တော့ဘဲ ဝမ်ချောင်သည် မကျရှုံးမီ ဆယ်စုနှစ်အနည်းငယ်သာ ထိန်းထားနိုင်ခဲ့သည်။

အကယ်၍ သူသည် သမိုင်းကို ပြောင်းပြန်လှန်၍ ဤစစ်သူကြီးများ၏ခေတ်တွင် ထွက်ပေါ်လာခဲ့လျှင် သူ့လက်အောက်၌ စစ်သူကြီးများစွာကို ထိန်းချုပ်ထားခဲ့ရလျှင် အရာအားလုံးသည် ကွဲပြားသွားနိုင်သည်။

ဤသည်မှာ ဝမ်ချောင်သည် မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုမှ အထူးသဖြင့် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းမှ အနာဂတ်စစ်သူကြီးများအား အထူးအာရုံစိုက်နေရသည့် အကြောင်းရင်းလည်း ဖြစ်သည်။

ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းမှ ပေါ်ထွက်လာသော စစ်သူကြီးထဲတွင် အုပ်စုထဲ၌ပင် လုပ်ကြံသတ်ဖြတ်ခြင်းကို အထူးပြုကျွမ်းကျင်သည့် ပုဂ္ဂိုလ်တစ်ဦး ရှိခဲ့သည်။

မဟာထန်တွင် ပေါ်ထွက်လာခဲ့သော စစ်သူကြီးများအကြား၌ပင်လျှင် ထိုကဲ့သို့အရည်အချင်းမျိုးကို ပိုင်ဆိုင်ထားသည့် စစ်သူကြီး အနည်းငယ်သာရှိခဲ့သည်။

မဟာထန်သည် အမှောင်ထုနှင့် ပရမ်းပတာခေတ်သို့ကျရောက်သည့်အခါ မဟာထန်၏စစ်တပ်သည် အခြေအနေမလှသည့် အချိန်သို့ မကြာခဏ ကျရောက်ရသည့်အခါ သူ၏လုပ်ကြံသတ်ဖြတ်ခြင်းသည် သူ့လူများအတွက် အခြေအနေကောင်းများကို မကြာခဏဖန်တီးပေးခဲ့သည်။

ထိုခေတ်၌ လူများစွာတို့သည် သူ့အပေါ်မျှော်လင့်ချက်ထားခဲ့ကြသည်။

သို့သော်လည်း ကြယ်တံခွန်ကဲ့သို့ သူ၏တောက်ပမှုသည် ပျောက်ကွယ်မသွားမီ တစ်ခဏသာ တောက်ပခဲ့သည်။

သူ၏ မနာလိုစရာကောင်းသော သိုင်းပညာရပ်သည် သူ၏ပျော့ကွက် ဖြစ်လာခဲ့သည်။

ထို့နောက် မဆီလျော်သော 'ရှေ့တန်းတိုက်ခိုက်ခြင်း' အတွက် အမိန့်တစ်ခုသည် သူ့ကို ချက်ချင်း သေဆုံးစေခဲ့သည်။ တစ်စုံတစ်ယောက်သည် သူ၏သေဆုံးခဲ့ရခြင်းအတွက် နောက်ကြောင်းပြန် ခြေရာခံလိုက်မည်ဆိုပါက သူသည် မှားယွင်းသောသခင်နောက်သို့ လိုက်ခဲ့သည်ဟူသော အမှန်တရားကို ရှာတွေ့ပေလိမ့်မည်။

ဤကိစ္စကြောင့် လူများစွာတို့သည် ငိုကြွေးခဲ့ကြသည်။

"စွန်းကျိမင်"

ဒူးထောက်နေသည့် ဖြေဆိုသူအားကြည့်လိုက်ရင်း ဝမ်ချောင်၏ခေါင်းထဲတွင် အတွေးတစ်ခု ဖြတ်သွားသည်။

စွန်းကျိမင်အား တခြားသူများကို နင်းခြေကာ ခွန်းဝူသို့ ဝင်ရောက်နိုင်ရန် လမ်းခင်းခိုင်းသူမှာ တိန့်မင်ရှင်း ဖြစ်နိုင်၏။

သူသည် စွန်းကျိမင်သေဆုံးမှုကို ဖြစ်စေသည့် အမှားပါသော အမိန့်ကို ပေးခဲ့သူလည်း ဖြစ်သည်။

"တွေးကြည့်ရင် အဲဒါက သူတို့ပဲ"

ဝမ်ချောင်သာ ဤနေရာ၌ ရှိမနေပါက ကိစ္စမရှိသော်လည်း ယခု သူသည် ဤနေရာတွင် ရှိနေသောကြောင့် လျစ်လျူမရှုနိုင်ပေ။ သူမှတ်မိတာမမှားလျှင် တိန့်မင်ရှင်းကြောင့် စွန်းကျိမင်သည် ပထမအသုတ်တွင် ကျရှုံးပေလိမ့်မည်။

သူသည် နောက်တစ်ခေါက် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းသို့ ဝင်ရောက်ရန် ခြောက်လ စောင့်ရပေလိမ့်မည်။

ဤခြောက်လသည် ဘာမှမဟုတ်ဟု ထင်ရသော်လည်း ဤခြောက်လအတွင်း ကိစ္စများစွာ ဖြစ်ပျက်သွားနိုင်လေသည်။

နည်းပြဆရာအများစုသည် ပထမအသုတ်ကိုသာ သူတို့လက်အောက်၌ လက်ခံသောကြောင့် နောက်အသုတ်များသည် ထိုအခွင့်အရေးကို လွဲချော်ကြရပေလိမ့်မည်။ ထို့အပြင် တခြားအသုတ်များကို လက်ခံသည့် နည်းပြဆရာများသည်လည်း ပထမအသုတ်၌သာ သူတို့၏ အားထုတ်မှုများကို ပုံအောထားသောကြောင့် နောက်အသုတ်များကို လျစ်လျူရှုထားလေ့ ရှိကြသည်။ ထို့အပြင် တစ်ချိန်တည်းတွင် ကောင်းမွန်သော နည်းပြဆရာအချို့ကိုလည်း ရာထူးတိုးပေးခဲ့သည်။ (ရာထူးတိုးတော့ ဆရာအဖြစ်မရှိတော့ဘူး လို့ ဆိုလိုတာ)

ထို့အပြင် မဟာလေ့ကျင့်ရေးစခန်းသုံးခု စတင်နေချိန်တွင် တော်ဝင်တရားရုံးသည် ထိုသည်ကို အထူးအာရုံစိုက်နေသောကြောင့် လေ့ကျင့်ရေးစစ်စခန်းများတွင် အရင်းအမြစ်များစွာကို မြှုပ်နှံထားခဲ့သည်။ နောင်လာမည့် အသုတ်များသည် ထိုကဲ့သို့ ဖြစ်မှာမဟုတ်ပေ။

ထို့ကြောင့် အောင်မြင်လိုသောသူများအတွက် ပထမအသုတ်၌ စစ်စခန်းထဲသို့ဝင်ခြင်းသည် အရေးကြီးဆုံးဖြစ်သည်။

"လုံလောက်ပြီ ထတော့"

ဝမ်ချောင်သည် ဤအတွေးကို တွေးမိပြီးနောက် သူ၏မျက်လုံးများဝင်းလက်လာကာ လမ်း‌လျှောက် သွားလိုက်သည်။

"စွန်းကျိမင် ထစမ်း၊ သူ့ကို အဲလိုတောင်းပန်နေဖို့မလိုအပ်ဘူး၊ ယောက်ျားတစ်ယောက်အနေနဲ့ ဒီလိုရွံရှာဖို့ကောင်းတဲ့ဆန်ကုန်မြေလေးဆီမှာ မင်းဘယ်လိုလုပ်တောင်းပန်နိုင်ရတာလဲ"

ဝမ်ချောင်သည် သူ၏ပခုံးကို ကိုင်ကာ မြေကြီးပေါ်မှ ဆွဲထူလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ"

"ခွေးကောင် မင်းကိုယ်မင်းဘယ်သူလို့ထင်နေတာလဲ..ငါတို့ကိစ္စမှာဝင်စွက်ဖက်ရဲတယ်လား"

"မင်းက ဘယ်သူလဲ၊ ဒါက မင်းနဲ့မဆိုင်ဘူး၊ ဒါကြောင့် မပတ်သက်ဖို့နဲ့ လှည့်ပြန်ဖို့ ငါအကြံပေးတယ်"

စွန်းကျိမင်သည် အဖြစ်အပျက်များကြောင့် မှန်းမောနေစဉ်မှာပင် တိန့်မင်ရှင်းနှင့်အခြားလူများက ဒေါသထွက်လာသည်။ သူတို့သုံးဦးသည် စွန်းကျိမင်ကို သင်ခန်းစာပေးနေဆဲရှိပြီး ဝမ်ချောင်၏ ကြားဝင်လာခြင်းသည် သူတို့ကို မကျေမနပ်ဖြစ်စေသည်။

မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုသည် သူတို့အတွက်လည်း အရေးကြီးပြီး သူတို့၏အကြံအစည်များကို ဖျက်ဆီးရန် ကြိုးစားသူတိုင်းသည် သေရမည်ဖြစ်သည်။

"ငါသာ မင်းဆိုရင် ခုချက်ချင်းထွက်သွားမိမှာပဲ"

တန့်မင်ရှင်းသည် ရှေ့သို့ တိုးလိုက်ပြီး ဝမ်ချောင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူ၏အသံထဲတွင် ရန်လိုမှုများဖြင့်ပြည့်နေသည်။

"တိန့်မင်ရှင်း ငါသာ မင်းဆိုရင် ခုချက်ချင်းထွက်သွားမိမှာပဲ၊ ငါက မင်း လာရှုပ်လို့ရတဲ့လူမဟုတ်ဘူး"

ဝမ်ချောင် အေးစက်စွာ လှောင်ပြုံးပြုံးလိုက်သည်။

"သူတောင်းစား မင်း သခင်လေးတန်ကို ဘယ်လိုတောင်ပြန်ပြောရဲတာလဲကွ"

တိန့်မင်ရှင်း၏အစေခံတစ်ယောက်သည် မထိန်းနိုင်ဘဲ ဝမ်ချောင်ဆီ လက်သီးပစ်သွင်းလိုက်သည်။

ဟောင် ဟောင် ဟောင်

ဖုန်မှုန့်ဖုန်လုံးများသည် ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားသည်။ ဝမ်ချောင် မည်သို့ပြုလုပ်ခဲ့သည်ကို မည်သူတစ်ဦးမျှ မမြင်သော်လည်း တိန့်မင်ရှင်း၏အစေခံသည်တော့ မြေကြီးပေါ် ပြင်းထန်စွာ ပြန်မကျမီ လေထဲ၌ လွင့်သွားသေးသည်။ သူပြုတ်ကျသည့်အရှိန်ကြောင့် မြေပြင်တစ်ခုလုံး တခဏတာ တုန်ခါသွားခဲ့ရသည်။

တိန့်မင်ရှင်းကို ဖယ်ထားလိုက်လျှင် ပတ်ဝန်းကျင်ရှိ ဖြေဆိုသူအားလုံးသည် ကြက်သေသေကုန်ကြသည်။

သို့မှသာ စွန်းကျိမင်သည် နောက်ဆုံးတွင် အံ့အားသင့်နေရာမှ သဘောပေါက်သွားသည်။ သူ့ရှေ့၌ ရပ်နေသည့်လူငယ်သည် ဂုဏ်ရောင်ပြောင်သည့် နောက်ခံမှ လာခဲ့ခြင်းဖြစ်ပေလိမ့်မည်။

"မင်းက ဘယ်သူလဲ"

တိန့်မင်ရှင်း ဒေါသတကြီးဖြင့် မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။

"အစောင့်တွေ အစောင့်တွေ တစ်‌ယောက်ယောက်က ဖြေဆိုသူကို တိုက်ခိုက်နေတယ်"

တိန့်မင်ရှင်း၏ အခြားနောက်လိုက်တစ်ဦးက တောင်ထိပ်ပေါ်သို့ ကျယ်လောင်စွာ အော်ပြောလိုက်သည်။ လေ့ကျင့်ရေးစစ်စခန်း၏ ပထမနေ့တွင် မည်သူမျှ အစောင့်များနှင့် မျက်နှာချင်းမဆိုင်ချင်သောကြောင့် မည်သူမျှ တခြားသူတစ်ဦးကို ရန်မစရဲကြပေ။ အမှန်တကယ်တွင် ထိုသည်မှာ ဖြေဆိုသူအဖြစ်မှ ဖြုတ်ချသည်အထိ ဖြစ်နိုင်သည်။

"မင်းက ဘယ်သူလဲ၊ ဒီနေရာမှာ တိုက်ခိုက်ဖို့တားမြစ်ထားတာမသိဘူးလား"

ရုန်းရင်းဆန်ခတ်ဖြစ်မှုသည် တော်ဝင်စစ်သည်များ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ သူတို့သည် ရက်စက်ကြမ်းကြုတ်သော ကျားများကဲ့သို့ အုပ်စုရှိရာသို့ ပြေးလာကာ ချက်ချင်းပင် ထိုအုပ်စုကို ဝိုင်းထားလိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်ချင်းစီ၏ မျက်နှာများသည် ဒေါသထွက်နေပြီး လိုအပ်လျှင် တိုက်ခိုက်ရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။

"ဟမ် အဲဒါ သူပဲ..သူဘာဖြစ်နေတာလဲမသိဘူး.. သူက ချက်ချင်းပဲ ရှေ့ကိုပြေးလာပြီး ငါတို့ကို တိုက်ခိုက်တယ်”

တော်ဝင်စစ်တပ်သည်များရောက်ရှိလာသည်ကိုမြင်သောအခါ တိန့်မင်ရှင်း၏လက်ပါးစေသည် ဝမ်ချောင်အား လက်ညှိုးထိုးပြပြီး အေးတိအေးစက် လှောင်လိုက်သည်။

တိန့်မင်ရှင်းသည် ဘာမှမပြောသော်လည်း သူ၏မျက်လုံးများသည် ဝမ်းသာအားရနှင့် စိတ်လှုပ်ရှားစွာ တောက်ပနေလေသည်။

"မင်းကို ထွက်သွားဖို့ပြောသားပဲ စိတ်မကောင်းစွာနဲ့ အဲအစားမင်းက ဝင်ပါခဲ့တယ်"

တိန့်မင်ရှင်း အေးစက်စွာ လှောင်လိုက်သည်။

လူအဝမ်ချောင်ကို တိုက်ခိုက်ရန် သူသည် ဘာတစ်ခုမျှ လှုပ်ရှားစရာမလိုပေ။ သူလုပ်ရန်လိုသည်မှာ လှည့်ကွက်တချို့ကို သုံးပြီး သူ့ကို သင်ခန်းစာပေးရန်ပင်။

သူသည် ဦးနှောက်မရှိဘဲ စွန်းကျိမင်ကို နောင်တွင်လက်တုံမပြန်ရဲစေရန် မည်သို့ထိန်းသိမ်းနိုင်မည်နည်း။

"အဲလိုလား..မင်းကို ပြောခဲ့ပြီးပြီ ငါကမင်းလာရှုပ်လို့ရတဲ့လူမဟုတ်ဘူး လို့"

ဝမ်ချောင်သည် လှောင်ပြုံးပြုံးလိုက်ပြီး အားလုံး၏အကြည့်အောက်တွင် သူ၏ခါးမှ တံဆိပ်တစ်ခုကို ဆွဲထုတ်လိုက်သည်။

ထိုတံဆိပ်ပေါ်တွင် စကားလုံးနှစ်လုံးသာ ရေးထိုးထားသော်လည်း ကြည့်ရှု့နေသူ အားလုံး၏ မျက်နှာကို ဖြူဆုပ်သွားစေသည်။

"စုန့်ဘုရင်..ဒါက စုန့်ဘုရင်ရဲ့တံဆိပ်ပဲ"

အံ့ဩ‌တုန်လှုပ်နေသည့်အသံများပတ်ဝန်းကျင်၌ထွက်ပေါ်လာသည်။

မာနကြီးသည့် တိန့်မင်ရှင်းနှင့် အဖွဲ့သည် သူတို့၏ မျက်လုံးများကို အပ်များဖြင့် ထိုးသွင်းခံလိုက်သကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။ သူတို့၏ မျက်နှာသည် လျင်မြန်စွာ ဆိုးရွားလာခဲ့သည်။

"သူဘယ်သူလဲ ငါသိတယ်..သူက ဝမ်ချောင်ပဲ"

"ဘုရားရေ သူတကယ်ပဲ ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းကို လာခဲ့တယ်"

ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ နောက်ဆုံး၌ ဝမ်ချောင်၏ နောက်ခံကို သိရှိသူတစ်ဦးရှိပြီး ထိုသူက ထုတ်ပြောလိုက်သည်။

သူရှေ့ရှိလူမှာ ဝမ်ချောင်ဖြစ်ကြောင်းသိရှိပြီးနောက် တိန့်မင်ရှင်း၏ နှလုံးသားတစ်ခုလုံး အေးစက်သွားခဲ့သည်။

တစ်ဖက်လူသည် သူ၏ ကိစ္စတွင် ဝင်ပါရဲသည့်အကြောင်းကို နောက်ဆုံးတွင် သူနားလည်သွားပြီဖြစ်သည်။ သို့သော် ထိုသည်မှာ အလွန်နောက်ကျသွားပြီဖြစ်သည်။

ထိုသည်မှာ တစ်စုံတစ်ယောက်က သူ၏နှလုံးကို တောင်ဖြင့်ဖိချလိုက်သကဲ့သို့ပင် သူ့ကို စိတ်ဓာတ်ကျသွားစေသည်။

"ဆိုတော့ ဒါက ဝမ်သခင်လေးပေါ့"

"ဝမ်သခင်လေးရဲ့ စရိုက်အရ သူက တခြားဖြေဆိုသူကို တိုက်ခိုက်တယ်ဆိုတာ မဖြစ်နိုင်ဘူး၊ မင်းတို့နဲ့ပတ်သက်ပြီး ဘာများမှားနေတာလဲ..ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းမှာ ဘယ်လိုတောင် တိုက်ခိုက်ရဲတာလဲ..မင်းတို့အားလုံး အရည်အချင်းမပြည့်မီလို့ သေချင်နေတာလား"

“သူ့ကို ဆွဲခေါ်သွားလိုက်ကြစမ်း၊ လေ့ကျင့်ရေးစစ်စခန်းမှာ ဝမ်သခင်လေးကို တိုက်ခိုက်ဖို့ ဘယ်လိုတောင်မိုက်ရူးရဲဆန်ဝံ့သလဲ၊ သူ့ကို ဖြေဆိုသူအဖြစ်ကနေ ဖယ်ထုတ်လိုက်စမ်း"

.....

တော်ဝင်စစ်သည်၏ စကားများသည် ထိုနှစ်ဦးကို ပို၍ ထိတ်လန့်သွားစေသည်။ ဤမျှကြီးမားလှသော လူအုပ်ကြီးရှေ့၌ပင် တော်ဝင်စစ်သည်များသည် ဝမ်ချောင်ဘက်သို့ လိုက်ပါနေသည်။ အစောင့်များသည် မြေပြင်ပေါ်၌ သတိလစ်နေသည့် ကောင်လေးကို ဆုပ်ကိုင်ကာ သူ့ကို တောင်အောက်သို့ဆွဲချလိုက်ကြသည်။

ထိုကဲ့သို့ပင် သူသည် ပထမအသုတ်မှ ကန်ထုတ်ခံလိုက်ရသည်။

"သခင်လေး"

တိန့်မင်ရှင်း၏ဘေး၌ရှိနေ‌သော အစေခံနှစ်ဦး၏ မျက်နှာသည် မဲပြာကျသွားသည်။

"ဟုတ်သားပဲ သခင်လေး၊ အချိန်ရမယ်ဆိုရင် ကျေးဇူးပြုပြီး ကျောက်စိမ်းရိုင်းသံမဏိဓားအနည်းငယ်ကို ထုလုပ်ပေးပါဦး၊ တစ်လကို ဓားတစ်ချောင်းက တကယ်တော့အရမ်းနည်းပါတယ်"

ကျန့်တစ်ဒါဇင်ခန့်လမ်းလျှောက်လာပြီးနောက် တော်ဝင်စစ်သည်တစ်ဦးက ရုတ်တရက်လှည့်လာကာ လှိုက်လှိုက်လှဲလှဲပြောလိုက်သည်။

တော်ဝင်စစ်တပ်တွင် မည်သည့်တပ်ဖွဲတွင်ဖြစ်ပါစေ၊ တော်ဝင်နန်းတော်၏ အတွင်း၌ဖြစ်စေ၊ အပြင်၌ဖြစ်စေ ကျောက်စိမ်းရိုင်းသံမဏိဓားကို မသိသူမရှိ‌ပေ။ တော်ဝင်စစ်တပ်၏ စစ်သေနာပတိချုပ်ပင်လျှင် ဝမ်ချောင်၏ 'သေခြင်းချောက်နက်' ကို ဝယ်ယူရန် ပိုက်ဆံအများအပြား သုံးစွဲခဲ့သည်။

"ကျွန်တော်နားလည်ပါပြီ"

ဝမ်ချောင်သည် ပြုံးကာ ခေါင်းညိတ်လိုက်သည်။ သူ၏အခွင့်အာဏာကို ပထမဆုံးအကြိမ် အလွဲသုံးစားလုပ်ခြင်းကြောင့် လန်းဆန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

...

*******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အပိုင်း ၁၉၃

စွန်းကျိမင်သည် ဤအမှန်တရားကို နားလည်လိုက်သည့်အခိုက်တွင် ဆွံ့အသွား၏။ ဟူတို့ဆီမှ ရန်လိုမုန်းတီးမှုကို မမှုဘဲ ဒေသဆိုင်ရာတပ်မှူးများမူဝါဒကို ဆန့်ကျင်ကာ ပြောဆိုခဲ့သည့် ဝမ်ချောင်၏ ရဲ့ရင့်မှု နှင့် သူ၏ထောင်သွင်းအကျဉ်းချခံရခြင်းသည် ထန်နိုင်ငံတွင် မသိသူ မရှိသော ကိစ္စတစ်ခု ဖြစ်လာခဲ့သည်။

စွန်းကျိမင်သည် သူ့အတွက် ရှေ့ထွက်ရပ်ပေးသူက ဝမ်ချောင်ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ ချက်ချင်းပင် စွန်းကျိမင်၏နှလုံးသည် တုန်လှုပ်စွာ ခုန်လာသည်။

"ဝမ်သခင်လေး ငါတို့ကြားမှာ ရန်ငြိုးမရှိပါဘူး ဒါကြောင့် မင်းငါ့ကို ဘာလို့ဆန့်ကျင်ရမှာလဲ"

တိန့်မင်ရှင်းသည် ဝမ်ချောင်ကို သုန်မှုန်သည့်အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။

ဝမ်ချောင်၏ နောက်ခံနှင့် စုန့်ဘုရင်၏ တံဆိပ်ကို မြင်သိပြီးနောက် သူသည် အခုချိန်တွင် ရန်မစသင့်သောလူကို ရန်စလိုက်မိပြီဖြစ်ကြောင်း သိလိုက်သည်။

"မင်းရဲ့ မာနတွေ ဘယ်ရောက်သွားတာလဲ၊ ဘာလို့လဲ.. အရှုံးပေးတော့မလို့လား"

ဝမ်ချောင်သည် သူ့ဝတ်ရုံကို သပ်သပ်ရပ်ရပ်ပြုလုပ်လိုက်ရင်း အေးစက်စွာ ပြောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ငါ့မှာ မင်းအတွက် သတင်းတစ်ခုရှိတယ်၊ စွန်းကျိမင်ရဲ့ကိစ္စဟာ အခုကစပြီး ငါ့ရဲ့ကိစ္စပဲ"

ဤစကားများသည် တိန့်မင်ရှင်း၏မျက်နှာတွင် နှိုင်းယှဉ်မရသော လေးနက်သည့်အမူအရာကို ကျန်ရစ်‌စေခဲ့သည်။

"ဝမ်သခင်လေး မင်းက ဒီလိုမျိုး အတိုင်းအတာအထိ သွားချင်နေတာလား"

တိန့်မင်ရှင် အသက်ပြင်းပြင်းရှူလိုက်သည်။ ဤကိစ္စကို ပြေလည်အောင် ဖြေရှင်းရန် နည်းလမ်း မရှိတော့သည်ကို သိလိုက်သည်တွင် သူသည် အဆုံးထိသွားရန် ဆုံးဖြတ်လိုက်သည်။

"ငါ့ရဲ့နောက်ခံက မင်းထက်နိမ့်ကျနိုင်ပေမဲ့ မင်းဘာမှဝမ်းသာနေစရာမလိုဘူး၊ ဒီခွန်းဝူလေ့ကျင့်ရေးစစ်စခန်းမှာ မင်းကို နင်းနိုင်တဲ့သူတွေ အများကြီးရှိသေးတယ်၊ စုန့်ဘုရင်က ကြီးမားတဲ့ သြဇာအာဏာကို ပိုင်ဆိုင်ထားနိုင်ပေမဲ့ သူ့အထက်မှာ ရှီဘုရင်ရှိနေသေးတယ်၊ စွန်းကျိမင် မင်းသေချာစဉ်းစားပြီး သူ့နောက်လိုက်မလား ငါ့နောက်လိုက်မလားဆုံးဖြတ်ပါ၊ ရှီဘုရင်ကို စော်ကားခြင်းရဲ့ ရလဒ်ကို မင်းက ပိုသိပါလိမ့်မယ်၊ ဒါက မင်းအဖေ ရာထူးက ဖယ်ရှားခံရမဲ့ကိစ္စတင် မကဘူးနော်"

သူသည် စွန်းကျိမင်ကို ခေါ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ ဤသည်မှာ သူသည် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းသို့ ဝင်ခြင်း သို့ မဝင်ခြင်းဟူသည့် ကိစ္စ မဟုတ်တော့ပေ။ ထို့အစား စွန်းကျိမင်သည် သူ့အဖေထံမှ ရရှိခဲ့သော တစ်ဦးတည်းသော အရည်အချင်းရှိသူတစ်ယောက်ဖြစ်သည်။

စွန်းကျိမင်သည် ကြီးမားသော အရည်အချင်းများကို ပိုင်ဆိုင်ထားကြောင်း၊ သူ့ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရန် ညွှန်ကြားထားခဲ့သည်။ စွန်းကျိမင်သည် သူ့လက်အောက်တွင် ရှိနေသရွေ့ အနာဂတ်တွင် ကြီးကျယ်သောအရာများကို ပြီးမြောက်ရန် သူ့အတွက် ခက်ခဲလိမ့်မည်မဟုတ်ပေ။

ထို့အပြင် သူသည် ချီဘုရင်၏ကိစ္စများ၌ ပါဝင်ရန်မှာ စွန်းကျိမင်အပေါ်မူတည်နေသည်။

သူ၏လက်ပါးစေကို ဝမ်ချောင်က ပညာပေးခဲ့သည်ကို သူစိတ်မရှိပေ။ သူ၏မာနကို ထိခိုက်စေသည်ကိုလည်း သူစိတ်မရှိပေ။ သို့သော်လည်း စွန်းကျိမင်ကတော့ သူအလျှော့မပေးနိုင်သော အရာတစ်ခုဖြစ်သည်။

"ဟမ်"

တိန့်မင်ရှင်းသည် စွန်းကျိမင်ကို ခြိမ်းခြောက်အကြပ်ကိုင်နေသည်ကို မြင်တွေ့ရသောအခါ ဝမ်ချောင် ပျာယာခတ်သွားသည်။

စွန်းကျိမင်သည် တိန့်မင်ရှင်း၏နောက်သို့ ဆက်လက် လိုက်နေပါက သူသည် ပျက်စီးဖို့ အချိန်အတိုင်းအတာ တစ်ခုသာ လိုမှာဖြစ်သည်။ တိန့်မင်ရှင်းသည် စွန်းကျိမင်ကို ဖိအားပေးကာ သူ့နောက်လိုက်ရန် သူ၏နောက်ခံနှင့် ရှီဘုရင်၏အမည်ကို အသုံးပြုချင်နေသောကြောင့် ဝမ်ချောင်သည် ရွံရှာဖွယ်ကောင်းသော ထိုဆန်ကုန်မြေလေးကို သင်ခန်းစာတစ်ခုပေးရန် သူ၏ တောက်ပြောင်သောနောက်ခံကို အသုံးမပြုချင်တော့ပေ။

"တိန့်မင်ရှင်း မင်းဘာလို့အဲလောက်ထိ စိတ်ကြီးဝင်ရဲနေသလဲဆိုတာကို နောက်ဆုံးတော့ ငါနားလည်လိုက်ပြီ၊ ငါသိပြီ... ဆိုတော့ မင်းက ရှီဘုရင်ဘက်ကပေါ့၊ ဒါပေမဲ့ အဲဒါက ထူးခြားမယ်လို့ မင်းထင်သလား"

ဝမ်ချောင် အေးစက်စွာ လှောင်ပြုံးပြုံးလိုက်သည်။ တိန့်မင်ရှင်းသည် သူ၏နောက်ခံကို အသုံးပြုကာ စွန်းကျိမင်ကို ဖိအားပေး၍ လက်လွှတ်ရန်မလိုလား‌သောကြောင့် တစ်ဖက်လူသည် သူ့ကို ရက်စက်သည်ဟု အပြစ်မတင်သင့်ပေ။

"ဟမ် တိန့်မင်ရှင်း ငါမမှားရင် မင်းဖားသားနာမည်က တိန့်ကျိုး ဟုတ်ရဲ့လား၊ ကောင်းပြီ မနက်ဖြန်ကစပြီး မင်းနဲ့မင်းအဖေ ရွာကိုပြန်လို့ရပြီ"

ထိုစကားလုံးများသည် တိန့်မင်ရှင်း၏မျက်နှာကို မည်းမှောင်သွားစေသည်။

"ဝမ်ချောင် ဒီနေရာမှာ မင်းရဲ့ကြွားလုံးတွေတော်လိုက်တော့..မင်းခြိမ်းခြောက်နေတဲ့လူက ဘယ်သူလဲဆိုတာရောသိရဲ့လား၊ မင်းအဲလိုလုပ်ဖို့ အာဏာမရှိမှာကိုပဲ ငါစိုးရိမ်မိတယ်"

"ဟီးဟီး ဒါဆိုလည်း မနက်ဖြန်ကို စောင့်ကြည့်ကြတာပေါ့"

ဝမ်ချောင် လှောင်ရယ်လိုက်သည်။

သူ၏ဦးကြီးဝမ်ကန်းသည် ဩဇာအရှိန်အဝါရှိသည့် အရာရှိတစ်ဦးဖြစ်ပြီး စုန့်ဘုရင်သည်လည်း သူ၏နေရာကို ပြန်လည်အပ်နှင်းခံလိုက်ရပြီ ဖြစ်သည်။ ထိုနှစ်ဦးပေါင်းလိုက်ပါက သာမန်အရာရှိတစ်ဦးကို သူ့အိမ်သို့ ပြန်ပို့လိုက်ဖို့ဆိုသည်မှာ ပန်းခြံထဲ လမ်းလျှောက်ရသကဲ့သို့ ဖြစ်ပေလိမ့်မည်။

တိန့်မင်ရှင်း၏ ဖခင်သည် လူမှုဝန်ထမ်းစိစစ်ရေးဌာနမှ အရာရှိတစ်ဦးဖြစ်ပြီး သူ၏သြဇာအာဏာသည် ထိုနေရာ၌ လွှမ်းမိုးသည်။ ဤသြဇာလွှမ်းမိုးမှုကြောင့် တိန့်မျိုးနွယ်သည် စွန်းကျိမင်ကို မြဲမြံစွာ ထိန်းချုုပ်ထားသည်။

တိန်ကျိုး ပြုတ်သည်နှင့် တိန့်မင်ရှင်းသည် စွန်းကျိမင်ကို မည်ကဲ့သို့ခြိမ်းခြောက်ဦးမလဲဆိုသည်မှာ စိတ်ဝင်စားစရာကောင်းလှသည်။

"စွန်းကျိမင် စိတ်မပူပါနဲ့၊ ဘာတွေပဲဖြစ်လာပါစေ ငါမင်းဘေးမှာရှိနေမယ်၊ ဒါကြောင့် စစ်ဆေးစမ်းသပ်မှုအပေါ်မှာပဲ အာရုံစိုက်ထားပါ၊ တိန့်မင်ရှင်းနဲ့ တိန့်ကျိုးလို့အမည်ရတဲ့ သူ့အဖေအတွက်တော့ မနက်ဖြန်ကစပြီး လူမှုဝန်ထမ်းစိစစ်ဆေးဌာနကနေ ပျောက်ကွယ်သွားလိမ့်မယ်၊ ဒီတော့ သူ့ရဲ့ခြိမ်းခြောက်မှုကို မင်းဘာမှစိတ်ပူမနေနဲ့"

ဝမ်ချောင်သည် စွန်းကျိမင်၏ ပခုံးကို ပုတ်လိုက်ရင်း တည်ငြိမ်စွာ ပြန်ဖြေသည်။ သူသည် တစ်စုံတစ်ဦးဆီ သူ့ကိုယုံကြည်စေသည့် အရှိန်အဝါတစ်ခု ထုတ်ဖော်ခဲ့သည်။

ယခုဝမ်ချောင်သည် ပြန်လည်မွေးဖွာလာခြင်းဖြစ်ပြီး သူ၏လူအားလုံးကို ရှေ့၌တစ်စုတည်းတူညီစွာ စုစည်းစေမည် ဖြစ်သည်။ စုန့်ဘုရင်နှင့် ကြင်ယာတော်ထိုက်ကျန်းသည်ပင် သူ၏နောက်၌ ရပ်တည်စေမည် ဖြစ်သည်။ စွန်းကျိမင်ကို ကာကွယ်ပေးခြင်းသည် ဘာမှမဟုတ်ပေ။

"သခင်လေး ကျေးဇူးတင်ပါတယ်"

စွန်းကျိမင် ကျေးဇူးတင်စွာအရိုအသေပေးလိုက်သည်။

'မြို့စားကြီးကျူး'၏ ဂုဏ်သတင်းသည် အထူးထင်ရှားသည်။ အလယ်ပိုင်းလွင်ပြင်ဒေသတွင် ဤနာမည်ကို မကြားဖူးသူမရှိပေ။ ဝမ်ကလန်သာ သူတို့အတွက် ရပ်တည်ပေးလျှင် သူ့ဖခင်၏ကိစ္စအတွက် သူသည် စိတ်ပူနေစရာမလိုတော့ပေ။

"ခွေး‌ကောင် စွန်းကျိမင် ဒီနေ့ မင်းရဲ့ဆုံးဖြတ်ချက်အတွက် နောင်တမရဖို့မျှော်လင့်တယ်"

ဤမြင်ကွင်းကို ကြည်ပြီးနောက် တိန့်မင်ရှင်းသည် စွန်းကျိမင်၏ဆုံးဖြတ်ဖျက်ကို သဘောမပေါက်ဘဲ ဘယ်နေလိမ့်မည်နည်း။ သူ၏မျက်နှာသည် မဲပြာနေပြီး သူ၏ အင်္ကျီလက်မောင်းစကို ပြင်းထန်စွာခါထုတ်လိုက်ကာ ထွက်သွားသည်။

စွန်းကျိမင်သည် ဝမ်ချောင်ကို ရွေးချယ်လိုက်သောကြောင့် သူဘာမှမတတ်နိုင်တော့ပေ။

သူသာဤနေရာတွင်ဆက်နေခဲ့ပါက သူ့ကိုယ်သူအရှက်ခွဲသလိုဖြစ်နေပေလိမ့်မည်။

"သခင်လေး"

တိန့်မင်ရှင်း ထွက်ခွာသွားသည်ကို မြင်လိုက်ရသောအခါ သူ၏လက်ပါးစေသည် မည်းမှောင်သည့်မျက်နှာဖြင့် လျင်မြန်စွာ ပြေးလိုက်သွားသည်။

ဝမ်ချောင်သည် ထွက်ခွာသွားသည့် နှစ်ယောက်ကို ကြည့်လိုက်၍ ရင်ထဲ၌ ရယ်မောလိုက်သည်။

'လူဆိုးတစ်ဦးနှင့်တွေ့လျှင် လူဆိုးတစ်ဦးကဲ့သို့ပြုမူရမည်ဖြစ်သည်' တိန့်မင်ရှင်းကဲ့သို့‌သော လူတစ်ဦးနှင့် ဆက်ဆံရန် လူဆိုးတစ်ဦးကဲ့သို့ပြုမူရမည်ကို ဝမ်ချောင်စိတ်မရှိပေ။

ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းသို့ တက်ရောက်ရန်ရောက်လာကြသော လူအများစုသည် သာမန်အရပ်သားပြည်သူများနှင့် သာမန်အရာရှိများ၏ မျိုးဆက်များဖြစ်ကြသည်။ ဝမ်ချောင်သည် ထိုလူများသို့ သူ၏နောက်ခံကို ကြွားလုံးထုတ်မည်မဟုတ်ပေ။

သို့သော် တစ်စုံတစ်ယောက်သည် တခြားသူများအပေါ် မတရားမှုပြုရန် သူ၏နာမည်ကို အသုံးပြုခဲ့ပါက ဝမ်ချောင်သည် ထိုသူကို သင်ခန်းစာပေးရန်လည်း စိတ်ရှိနေမည်မဟုတ်ပေ။

"စွန်းကျိမင် မင်းက ပါရမီကောင်းကို ပိုင်ဆိုင်ထားတယ်၊ ဒါပေမဲ့ မင်းရဲ့အရိုးအရင်းမြစ်က အနည်းငယ်လိုသေးတယ်၊ စမ်းသပ်မှုပြီးဆုံးတဲ့အခါ ငါ့ကိုလာရှာပါ၊ မင်းကို တောင်ခြင်္သေ့အရိုးနည်းစနစ် သင်ပေးမယ်"

ဝမ်ချောင်ပြောလိုက်သည်။

သိုင်းပညာကို သင်ယူခြင်းသည် တစ်ဆင့်ခြင်းသွားရခြင်းဖြစ်သည်။ ဝမ်ချောင်သည် စွန်းကျိမင်ကို ပိုကောင်းသော နည်းစနစ်ကို မသင်ပေးချင်၍ မဟုတ်ဘဲ သူသည် အခြေခံအကျဆုံးဖြစ်သည့် တောင်ခြင်္သေ့အရိုးနည်းစနစ်အဆင့်သို့ပင် မရောက်သေးသောကြောင့်ဖြစ်သည်။

ကျားအရိုးနည်းစနစ်သည် သူ၏အခြေခံလစ်ဟာနေမှုအတွက် မည်သည့်နေရာမျှ အသုံးဝင်မည်မဟုတ်ပေ။

"ကျေးဇူးတင်ပါတယ် သခင်လေး"

ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း...စွန်းကျိမင်သည် ချက်ချင်းမတ်တပ်ရပ်လိုက်ပြီး လေးနက်စွာ ဦးညွတ်လိုက်သည်။ အရိုးရင်းမြစ်ကျင့်ကြံခြင်းနည်းစနစ်များသည် စစ်သူကြီးမျာနှင့်ဝန်ကြီးများ၏ တံခါးအတွင်း၌ အမြဲတမ်းကန့်သတ်ထားခဲ့သည်။

စွန်းကျိမင်သည် သူ၏ပါရမီသည် သာမန်ထက်သာလွန်ကြောင်းသိသော်လည်း သူ၏သာမန်မျှသာဖြစ်သော အရိုးရင်းမြစ်သည် သူ့ကို ဆွဲချထားခဲ့သည်။ တစ်ခါတုန်းက အကြီးအကဲတစ်ယောက်သည် သူသာ ဤအားနည်းချက်ကို ပြင်ဆင်နိုင်ပါက သူ၏အနာဂတ်သည် အကန့်အသတ်မဲ့ လိမ့်မည်ဟု ပြောခဲ့ဖူးသည်။

ထိုသည်မှာ စွန်းကျိမင်သည် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းသို့ ဝင်ခဲ့ရခြင်း၏အကြောင်းအရင်းဖြစ်သည်။

စွန်းကျိမင်သည် ဝမ်ချောင်က သူ့ကို တောင်ခြင်္သေ့အရိုးကျင့်စဉ်ကဲ့သို့သော လျှို့ဝှက်ကျင့်စဉ်ကို သင်ကြားပေးမည်ဟု မမျှော်လင့်ခဲ့ပေ။

"ဟီးဟီး ငါ့ကိုကျေးဇူးတင်စရာမလိုပါဘူး..ဖြစ်နိုင်ရင် မင်းကို ရွေ့လျားခြင်းနည်းစနစ်ကိုလည်း လေ့လာစေချင်တယ်၊ မြင်းတွေရဲ့ အမြန်နှုန်းက မယုံနိုင်စရာကောင်းပေမဲ့ အဲဒါက လူတစ်ဦးရဲ့လုံခြုံရေးအတွက် စိတ်မချရဘူး၊ အားလုံးပြီးတော့ တိုက်ပွဲမှာ ရန်သူက မြင်းကို အရင်သတ်ဖို့ တွေးနိုင်တယ်"

"ရွေ့လျားခြင်းနည်းစနစ်လား"

စွန်းကျိမင် အံ့အားသင့်သွားသည်။ ဝမ်ချောင်သည် ဤအကြောင်းကို ရုတ်တရက် ထုတ်ပြောလာလိုက်မည်ဟု မထင်ခဲ့ပေ။

ဝမ်ချောင်သည် ထူးဆန်းစွာရယ်မောလိုက်သည်။ စွန်းကျိမင်၏ သေဆုံးခဲ့မှုတွင် အကြောင်ရင်းများစွာရှိသည်။ အထက်မှ ဉာဏ်မရှိ‌သော အမိန့်ပေးမှု၊ သူ၏အားနည်းသောကျင့်ကြံခြင်းအဆင့်...ဤရာများအားလုံးသည် သူ၏သေဆုံးခဲ့ရခြင်း၏ အကြောင်းရင်းများဖြစ်သည်။

ထိုအချိန်တုန်းက စွန်းကျိမင်၏ အကြောင်းကို ဝမ်ချောင်စကြားရသောအခါ အလယ်ပိုင်းဒေသ၏စစ်သေနာပတိချုပ်တစ်ယောက်ဗီဇကိုအခြေခံ၍ စွန်းကျိမင်၏ အခြားသောအားနည်းချက်တစ်ခုကို သူသတိပြုမိခဲ့သည်။ စွန်းကျိမင်သည် ရွေ့လျားခြင်းကျင့်စဉ်ကို အရမ်းအရေးကြီးသည်ဟု မထင်ခဲ့ပေ။

မျှတစေရန်အတွက် တိုက်မြင်း၏အမြန်နှုန်းကိုငှားရမ်းက ဖြုံစေမည်ဖြစ်သည်။ စစ်မြင်းကောင်းကောင်းတစ်ကောင် ပိုင်ဆိုင်ထားသရွေ့ ရွေ့လျားမှုနည်းနစ်ကို လေ့လာသည်ဖြစ်စေ၊ မလေ့လာသည်ဖြစ်စေ အရေးမကြီးပေ။

သို့သော် ထိုစစ်မြင်းသေဆုံးသည်နှင့် ထိုစွမ်းရည်ကို လစ်လပ်စေကာ သေချာပေါက်သေဆုံးခြင်းသို့ ရောက်စေပေလိမ့်မည်။

မဟာထန် စတင်တည်ထောင်ချိန်မှစ၍ ရန်သူအမြောက်အမြားဖြင့် ဝိုင်းရံခံရသော မရေမတွက်နိုင်သည့် စစ်သူကြီးများ ရှိခဲ့သည်။ သို့သော် သူတို့၏ ပြိုင်ဘက်ကင်းသော ကျင့်ကြံမှုဖြင့် သူတို့သည် မကြာခဏ ထိုအခြေအနေမှ ရုန်းထွက်နိုင်ခဲ့သည်။

သို့သော်လည်း စွန်းကျိမင်သည်တော့ ခြားနားသည်။ သူ၏စစ်မြင်းသည် အသတ်ခံလိုက်ရသောအခါ ရန်သူများစွာ၏ ဝိုင်းရံခြင်းကို ခံလိုက်ရပြီး ထိုအချိန်တွင် သူ၏ အသက်ရှင်လွတ်မြောက်ရန် ရာခိုင်နှုန်းမှာ သုညဖြစ်ခဲ့သည်။ ထိုအခြေအနေ၌ သူ့အတွက် စစ်ကူလာသည်အထိ အချိန်ဆွဲရန် မဖြစ်နိုင်တော့ပေ။

စစ်ပွဲ၏အခြေအနေသည် အမြဲတမ်းပြောင်းလဲနေသည်။ ရန်သူများစွာ ဝန်းရံထားမှုကို ကျော်လွှားရန် ခက်ခဲသော်လည်း လူတစ်ဦးသည် ပြောင်မြောက်သော ရွေ့လျားမှုနည်းစနစ်ကို ပိုင်ဆိုင်ထားပါက ဤသိပ်သည်းသော ဝန်းရံထားမှုမှ လွတ်မြောက်နိုင်သည်။

စွန်းကျိမင်၏ ကျွမ်းကျင်မှုသည် လုပ်ကြံသတ်ဖြတ်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် ဝန်းရံခံရခြင်းသို့ ကျသွားနိုင်ချေသည် အခြားတပ်မှူးများနှင့် ယှဉ်လျှင် များစွာ မြင့်မားသည်။

ရွေ့လျားမှုနည်းစနစ်များကို လျှော့တွက်သည့်အကျင့်ဆိုးကို သူကိုယ်တိုင် မဖယ်ရှားပါက အဆုံးတွင် သူသည် တူညီသောလမ်းကြောင်းအတိုင်း လိုက်ပါသွားရမည်ဖြစ်သည်။ စွန်းကျိမင်၏ အရည်အချင်းမျိုးကို အလွန်နည်းပါးသော လူများသာ ပိုင်ဆိုင်နိုင်သည်။ ဝမ်ချောင်သည် ဤပါရမီရှင်ကို ထိုကဲ့သို့ အဆုံးမသတ်စေလိုပေ။

ဝမ်ချောင်သည် အကြာကြီးမနေဘဲ လူအုပ်ကြားတွင် ပျောက်ကွယ်သွားခဲ့သည်။ သူသည် ဤကိစ္စကို ပို၍အလေးပေးပါက ထိုအစား ပြောင်းပြန်အကျိုးသက်ရောက်မှုများရှိလာနိုင်သည်။

"ရွေ့လျားမှုနည်းစနစ်"

နောက်၌ စွန်းကျိမင်သည် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ ဝမ်ချောင်သည် သူ့ကို မယုံနိုင်စရာများ များစွာကို အမှန်တကယ်ပင် ပြသခဲ့သည်။

ပထမအချက် တစ်ဖက်လူသည် သူနှင့်တိန့်မင်ရှင်း အမှန်တကယ်ပင် သိထားသည်။

နောက် ထိုသည်သာမကပေ။ ပို၍အရေးကြီးသည်မှာ တိန့်မင်ရှင်း၏ဖခင်သည် ဝန်ထမ်းစိစစ်ရေးဌာနတွင် အရာရှိတစ်ဦးဖြစ်သည်ကို သူ သိနေသည်။

စွန်းမင်းရှင်သည် ဤသည်မှာ မယုံနိုင်စရာကောင်းသည်ကို တွေ့ရှိလိုက်သည်။ သို့သော်လည်း ဝမ်ချောင်သည် ဤနေရာသို့ သူ့ကိုကူညီရန်ရောက်လာသည်မှာ ထင်ရှားသည်။

"အဲဒီသခင်လေးက တကယ်ကို ခန့်မှန်းရခက်တာပဲ"

စွန်းကျိမင်တွေးလိုက်သည်။ ဝမ်ချောင်သည် သူ့ကို လှုပ်ရှားခြင်စနည်းစနစ်ကို လေ့လာရန် ဘာ့ကြောင့်‌ပြောခဲ့သလဲ သူမသိသော်လည်း ထိုသည်ကို မှတ်ထားလိုက်သည်။

ထိုကဲ့သို့သော အတွေးများကို ထိန်းထားရင်း မကြာမီပင် စွန်းကျိမင်သည် သူ၏ စိတ်ဓာတ်ကို စုစည်းကာ တောင်ပေါ်သို့ စတင် လမ်းလျှောက်တက်လိုက်သည်။

"သခင်လေး အဲလူက ဘယ်သူလဲ"

ကျောက်ကျင်းတန်သည် အံ့ဩသောအကြည့်ဖြင့် စွန်းကျိမင်ကို လှည့်ကြည့်ရင်း လူအုပ်ထဲမှ ထွက်လာသည်။ တစ်ဖက်မှ ဖြစ်စဉ်တစ်ခုလုံးကို သူမြင်ခဲ့ရပြီး ဝမ်ချောင်နှင့် စွန်းကျိမင်တို့သည် အသိအကျွမ်းဟောင်းများဟု သူထင်ခဲ့သည်။ သို့သော်လည်း သူတို့၏ အပြန်အလှန်ပြောစကားအရ ထိုသည်မှာ မဟုတ်ပုံရသည်။

"ဟီးဟီး အဲလူက အနာဂတ်စစ်မြေပြင်မှာ ငါတို့ဖက်က ဖြစ်လာလိမ့်မယ်"

ဝမ်ချောင်ရယ်မောလိုက်သည်။

အနာဂတ်သည် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ဝမ်ချောင်သည် ဘာတွေဖြစ်လာမည်ကို မသိသော်လည်း ထိုသည်မှာ ကောင်းသောအရာတစ်ခုခုဖြစ်မည်ဟု ခံစားမိသည်။

ကျောက်ကျင်းတန်ကို ဆွဲခေါ်လိုက်ကာ ဝမ်ချောင်သည် တောင်ပေါ်သို့တက်လိုက်သည်။ သို့သော်လည်း စွန်းကျိမင်နှင့်ကိစ္စသည် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းရှိ မရေမတွက်နိုင်သော အနာဂတ်စစ်သူကြီးများ ရှိသေးကြောင်း သူ့ကိုသတိရစေသည်။

လူအချို့နှင့် အချို့သောကိစ္စရပ်များကို ပြောင်းလဲရန် သူ၏အနာဂတ်အသိပညာကို အသုံးချကောင်းချနိုင်ပေလိမ့်မည်။ သူသည် ထိုကဲ့သို့ မဟာထန်အတွက် ပါရမီရှင်များကို ထိန်းသိမ်းထားနိုင်ကာ နောင်ကပ်ဘေးတွင် မဟာထန်အတွက် နောက်ထပ်အင်အားအချို့ကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။

"ဒီမှာ ခဏစောင့်ဦး"

ထိုသည်ကိုတွေးမိလျှင် ဝမ်ချောင်သည် လူအုပ်ထဲသို့ တိုး၀င်လိုက်သည်။ ကျောက်ကျင်းတန် ပြန်မတုံ့ပြန်နိုင်ခင်မှာပင် ဝမ်ချောင်သည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

ဝမ်ချောင်၏ အပြုအမူကြောင့် စိတ်ရှုပ်နေသောမျက်နှာဖြင့် သူသည် ရပ်ကျန်နေခဲ့သည်။

နှစ်နာရီဝန်းကျင်ခန့်ကြာပြီးနောက် ဝမ်ချောင်သည် ကျောက်ကျင်းတန်ရှေ့၌ ပြန်ပေါ်လာသည်။ ဤအချိန်တွင် သူ့ပုံစံသည် ရွှင်လန်းနေပုံရသည်။ သူကိုကြည့်ရသည်မှာ ဤတခဏအတွင်း တစ်စုံတစ်ခုကို အောင်မြင်စွာ လုပ်ဆောင်လိုက်နိုင်ပုံပေါ်နေသည်။

"ကျင်းတန် ငါ့နောက်လိုက်ခဲ့ နည်းပြဆရာကို ရှာတွေ့ပြီ"

ဤကဲ့သို့ဖြင့် နှစ်ယောက်သားသည် တောင်ထိပ်ဆီသို့ ပြေးသွားလိုက်ကြသည်။

...

*******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အပိုင်း ၁၉၄

အခြားဆရာများနှင့်မတူဘဲ သူ့ပတ်ဝန်းကျင်တွင် လူအနည်းငယ်သာရှိသည်။ အများစုသည် သာမန်သာ ဖြတ်လျှောက်သွားကြကာ အခြားသင်တန်းဆရာများဆီသို့ ဦးတည်သွားကြသည်။

သို့သော် ထိုဆရာသည် ဤသည်ကို ဂရုမစိုက်ဘဲ ကြည့်နေပုံရသည်။ သူသည် ယဲ့ယဲ့လေး ပြုံးလိုက်ကာ ဆက်ကြည့်နေသည်။

"ဆရာ ကျွန်တော် စမ်းသပ်စစ်‌ဆေးမှုကို ဖြေဆိုချင်ပါတယ်"

အချိန်မည်မျှ ကြာသွားသည်မသိ၊ ဖြေဆိုသူတစ်ဦးသည် တောင်ပေါ်မှ ရုတ်တရက် ရောက်ချလာကာ နည်းပြဆရာရှိရာသို့ ဦးတည်သွားလိုက်ပြီး ရိုသေစွာ ဦးညွတ်လိုက်သည်။

"ဟမ် မင်း ဒီကိစ္စကို ပြန်စဉ်းစားသင့်တယ်၊ ငါ့ စမ်းသပ်မှုက အခြားနည်းပြဆရာတွေထက် ပိုပြီးခက်ခဲမယ်၊ မင်းက တခြားနေရာတွေမှာဆို ဖြေဆိုသူတွေကိုပဲ ရင်ဆိုင်ရမှာ၊ ဒါပေမဲ့ ဒီမှာတော့ မင်းငါနဲ့ တိုက်ခိုက်ရလိမ့်မယ်"

နည်းပြဆရာသည် လက်နောက်ပစ်ကာ ယဲ့ယဲ့လေး ပြုံးလိုက်သည်။

"တိုက်ခိုက်ရမယ်...ဆရာတစ်ယောက်နဲ့လား"

ဦးညွတ်‌နေသော‌ဖြေဆိုသူသည် အံ့အားသင့်သွားခဲ့သည်။ တခြားသော နည်းပြဆရာများ၌ ဖြေဆိုသူများသည် သူတို့၏ ပြိုင်ဘက်‌ဖြေဆိုသူများဖြင့်သာ တိုက်ခိုက်ကြရသည်။ နည်းပြဆရာတစ်ယောက်နှင့် တိုက်ခိုက်ရမည် ဆိုသည်မှာ သူပထမဆုံးကြားဖူးခြင်းပင်ဖြစ်သည်။

ဖြေဆိုသူတစ်ယောက်သည် နည်းပြဆရာတစ်ယောက်ကို မည်သို့တိုက်ခိုက်နိုင်မည်နည်း။ ဤစစ်ဆေးမှုကို ကျော်လွှားရန် မည်သို့ ဖြစ်နိုင်တော့မည်နည်း။

"အဲဒါအမှန်ပဲ..ငါနဲ့တိုက်ရုံသာမကဘူး ငါလက်ခံမဲ့လူအရေအတွက်ကလည်း တခြားဆရာတွေထက် နည်းတယ်၊ ငါနဲ့ အချိန် လာဖြုန်းနေတာဆိုရင် တခြားသင်တန်းဆရာတွေနဲ့ မင်းရဲ့အခွင့်အရေးကို လက်လွတ်သွားနိုင်တယ်၊ မင်းသေချာရဲ့လား"

နည်းပြဆရာသည် ပြုံးရွှင်နေသော မျက်လုံးများဖြင့် ပြောလိုက်သည်။

ဦးညွတ်နေသောဖြေဆိုသူသည် ဆွံ့အ သွားခဲ့ရသည်။ ဖြေဆိုသူများ၏ကောင်းကျိုးချမ်းသာအတွက် ဖြေဆိုသူကို လှည့်ပြန်ခိုင်းနေသည့် ဤကဲ့သို့အတွေးအခေါ်ရှိသည့် နည်းပြဆရာကို သူပထမဆုံး မြင်ဖူးခြင်းပင်။

"ဒါ ဒါက...ကျွန်..ကျွန်တော် တောင်းပန်ပါတယ်..တခြား‌ကိုပဲသွားလိုက်ပါတော့မယ်"

နီရဲနေသောမျက်နှာဖြင့် ဖြေဆိုသူသည် ခေါင်းငုံ့လိုက်ကာ တောင်းပန်စကားအနည်းငယ်ပြောလိုက်ပြီး အခြားတစ်နေရာသို့ အပြေးလေးထွက်သွားခဲ့သည်။

နည်းပြဆရာသည် ဒေါသမထွက်ခဲ့ပေ။ ဖြေဆိုသူ ပြေးထွက်သွားသည်ကို ပြုံးပြုံးလေးသာ ကြည့်နေသည်။

ယင်းနောက်တွင် အခြားဖြေဆိုသူများသည်လည်း သူ့ထံသို့ ချဉ်းကပ်လာကြကာ ထိုကိစ္စနှင့် ပတ်သက်၍ မေးမြန်းခဲ့ကြသော်လည်း သူတို့အားလုံးသည် နောက်ဆုံးတွင် နောက်ပြန်ဆုတ်သွားခဲ့ကြသည်။ ရံဖန်ရံခါတွင် သူတို့၏ကံကို စမ်းသပ်ကြည့်ချင်သူများ အနည်းငယ်ရှိသော်လည်း တစ်ကြိမ်မျှ လေမှုတ်လိုက်ရုံဖြင့် အားလုံးက အဝေးသို့ လွင့်ထွက်သွားကြသည်။ ထိုကဲ့သို့သော အခြေအနေအောက်တွင် မည်သူက သူ့ထံသို့ ချဉ်းကပ်ဝံ့မည်နည်း။

နောက်ဆုံးတွင် တခြားနေရာများ၌ အောင်မြင်သူအများအပြား ရှိလာသော်လည်း ထိုနည်းပြဆရာတွင်တော့ အောင်မြင်သူတစ်ယောက်မျှမရှိပေ။

"လူငယ်သခင်လေးချောင်..ခင်ဗျားရှာနေတာ သူလား"

ခြေလှမ်းတစ်ဒါဇင်ခန့် လျှောက်လာပြီးနောက် ကျောက်ကျင်းတန်သည် နည်းပြဆရာကို လှမ်းကြည့်တာ မျက်မှောင်ကြုတ်လိုက်သည်။

"အမ်းး"

ဝမ်ချောင်သည် ထိုနည်းပြဆရာကို ကြည့်လိုက်ပြီး လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

“ငါတို့ ဒီမှာ ရပ်နေတာကြာပါပြီ ဒါပေမဲ့ သူဘာလုပ်ဖို့ ကြိုးစားနေတယ်ဆိုတာ ငါမသိသေးဘူး၊ ဒီစစ်ဆေးမှုက ပြင်းထန်လွန်းတယ် ဒါကိုကြည့်လိုက်ရင် သူက ဘယ်ကျောင်းသားကိုမှ လက်ခံဖို့ အလျင်လိုပုံမရဘူး"

ကျောက်ကျင်းတန် ပြောလိုက်သည်။ သူဤနည်းပြဆရာကို ပိုကြည့်လေ တစ်ဖက်လူကို သူ ပို၍သံသယ ဖြစ်မိလေပင်။ ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းတွင် ဤနည်းပြဆရာကလွဲ၍ ကျန်သည့် နည်းပြဆရာများအားလုံး၌ သူတို့ပတ်ပတ်လည်တွင် အောင်မြင်သူ အနည်းငယ်ရှိကြသည်။ ထိုသို့တိုင် ထိုနည်းပြဆရာသည် စိုးရိမ်နေပုံမရပေ။

"သေချာပေါက်သူက အလျင်မလိုဘူး၊ စိုးရိမ်ရမှာက ငါတို့ပဲ၊ ဒီတောင်ကိုဖြတ်ပြီးတာနဲ့ ဘုရားကျောင်းကို လွမ်းဆွတ်မိလိမ့်မယ်၊ ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းကို အရင်းအမြစ်အများဆုံး‌ထောက်ပံ့ပေးထားတဲ့လူက သူပဲ"

ဝမ်ချောင်ပြောလိုက်သည်။

"အာ.."

ကျောက်ကျင်းတန် ဆွံ့အသွားသည်။ ဝမ်ချောင်၏စကားများသည် အလွန်ဆန်းသစ်ပြီး သူနားလည်ရန် ခက်ခဲသည်။

(တောင်ပေါ်နှင့် ဘုရားကျောင်း စကားပုံကို ကိုးကားသည်။)

"ဘယ်လိုပဲဖြစ်ဖြစ် မင်းသိထားရမှာက ဒီဆရာရဲ့ လက်အောက်ကနေ ရလာမဲ့ အကျိုးအမြတ်တွေက တခြားဆရာတွေထက် ပိုများမယ် ဆိုတာပဲ"

ဝမ်ချောင်ပြောလိုက်သည်။

"အိုး"

ကျောက်ကျင်းတန် ခေါင်းညိတ်လိုက်သည်။ ဤစကားများသည် သူနားလည်ရန် ပိုလွယ်၏။

ဝမ်ချောင်သည် စကားဆက်မပြောတော့ပေ။ အစပိုင်း၌ ထိုသူ၏ လူသစ်စုဆောင်းခြင်း ပြီးဆုံး၍ ထွက်သွားနှင့်မည်ကို ဝမ်ချောင်စိုးရိမ်နေခဲ့သည်။

သို့သော် သူ၏မျက်လုံးများဖြင့် အ‌ခြေအနေကို မြင်လိုက်ရပြီးနောက် ဝမ်ချောင်သည် မလိုအပ်ဘဲ စိုးရိမ်နေခဲ့ကြောင်း နားလည်လိုက်သည်။

'ကွပ်ကဲခြင်းပညာရပ်'ကို သင်ပြပေးမည့် ဤတစ်ဦးတည်းသော နည်းပြဆရာ၏ တပည့်လက်ခံရန် ခက်ခဲမှုအဆင့်သည် တခြား‌သော နည်းပြဆရာများထက် ကြီးမားသည်။ ဤအရာက ထင်ရှားသော ပြဿနာတစ်ရပ်ဖြစ်ပြီး အထူးသဖြင့် ဤပုဂ္ဂိုလ်သည် သူ၏စမ်းသပ်မှုကို မဖြေရန် တခြားသောဖြေဆိုသူများကို သူကိုယ်တိုင် အကြံပေးနေခဲ့သေးသည်။

ဝမ်ချောင်၏ ယခင်ဘဝက စုဆောင်းခဲ့သော အချက်အလက်များအရ ဤနည်းပြဆရာ၏ လက်ခံမည့် လူအရေအတွက်က တခြားသော နည်းပြဆရာများထက် အလွန်နည်းမှာ ဖြစ်သည်။ တခြားသောဆရာများက အယောက်နှစ်ဆယ်၊ အယောက်သုံးဆယ် စုဆောင်းနေချိန်တွင် သူသည်တော့ လေးယောက်၊ ငါးယောက်သာ စုဆောင်းပေလိမ့်မည်။

သို့သော်လည်း ဤဆရာ၏ မည်မျှစိုးရိမ်မှု ကင်းသည်ကို ကြည့်လျှင် သူသည် မှားသွားနိုင်ကြောင်း ဝမ်ချောင် နားလည်သည်။ လူအရေအတွက်သည် ဤနည်းပြဆရာအပေါ် သက်ရောက်မှုမရှိပေ။ သူသည် သူ၏ကံကို စမ်းသပ်ရန် ဤနေရာတွင်ရှိနေခြင်းဖြစ်သည်။ သူ၏စံနှုန်းနှင့်ကိုက်ညီသည့်လူကို ရှာမတွေ့လျှင် သူသည် အဝေးသို့ အေးအေးလူလူ လမ်းလျှောက်ထွက်သွားပေလိမ့်မည်။

"နောက်ဆုံးမှာ ငါကိုယ်တိုင် ကြိုးစားကြည့်ရသေးတာပေါ့"

ဝမ်ချောင်၏ မျက်ခုံးများသည် စိတ်ပျက်မှုဖြင့် ကျုံ့ဝင်သွားသည်။

အမှန်တကယ်တွင် သူသည် တစ်ဖက်သား၏ ခွန်အားကို တခြားသောဖြေဆိုသူများနှင့် တိုက်ခိုက်ခြင်းမှတစ်ဆင့် အဝေးမှ အကဲခတ်ကြည့်ရန် မျှော်လင့်ခဲ့သေးသည်။

သို့သော်လည်း ထိုသည်မှာ အချည်းနှီးသာဖြစ်ကြောင်း ဝမ်ချောင်နားလည်လိုက်သည်။

ထိုနည်းပြဆရာသည် ရိုးရှင်းစွာဖြင့် သန်မာလွန်းသည်။ သူ့ဆီသို့ ရောက်လာသော ဖြေဆိုသူများသည် သူ့ကို ထိုင်ရာမှထသည်အထိပင် မစွမ်းဆောင်နိုင်ကြပေ။

လက်သီးလေးတစ်ချက်ဖြင့်ပင် တိုက်ပွဲသည် ပြီးဆုံးသွားခဲ့သည်။

ကျော်လွှားရန်ခက်ခဲသော ခွန်အား..တိကျခြင်း၊ အမှားကင်းခြင်း နှင့် သေစေနိုင်ခြင်း...။

ဝမ်ချောင်သည် ထိုင်ကြည့်နေ၍ ဘာမှဖြစ်လာမည်မဟုတ်ကြောင်း နားလည်သည်။

"ကျင်းတန်..ဘေးမှာရပ်ကြည့်နေ၊ ငါ ဒါကို တစ်ခါလောက်စမ်းကြည့်မယ်"

ဝမ်ချောင်သည် သူ၏အင်္ကျီလက်များကို ခေါက်တင်လိုက်သည်။

"လူငယ်သခင်လေးချောင်..ကျွန်တော်အရင်သွားပါရစေ၊ သူ့ကို မင်းအတွက် စမ်းကြည့်ပေးမယ်"

ကျောက်ကျင်းတန်ပြောလိုက်သည်။

"မလိုဘူး ငါအရင်သွားမယ်၊ မင်းကျရှုံးခဲ့ရင် မင်းမှာ နောက်တစ်ကြိမ် အခွင့်အရေးမရှိတော့ဘူး ဒါဆို ငါမင်းကို အားနာရလိမ့်မယ်"

ဝမ်ချောင်သည် အေးအေးဆေးဆေးပြန်ဖြေလိုက်သည်။

တကယ်တော့ ဝမ်ချောင်သည် ဤနည်းပြအကြောင်း များများစားစားမသိပေ။ အားလုံးပြီးနောက် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းအတွင်းမှ သတင်းများသည် အပြင်ဘက်ကမ္ဘာသို့ သိပ်ရောက်မလာခဲ့ပေ။

ထို့အပြင် အနာဂတ်သည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဒဏ္ဍာရီလာ နည်းပြဆရာအနားတွင် အောင်မြင်စွာ‌ ကျော်ဖြတ်နိုင်ခဲ့သည့်တပ်သားသစ် တစ်‌ယောက်မျှ ရှိမနေပေ။

ထိုသည်မှာ ဝမ်ချောင်သိခဲ့သည်နှင့် လုံးဝခြားနားနေသည်။

သူသိခဲ့သည့်အပေါ်အခြေခံရလျှင် ဖြေဆိုသူအားလုံးသည် အကြိမ်များစွာကြိုးပမ်းခွင့်ရှိသည်။ သို့သော်လည်း နည်းပြဆရာများက ဖြေဆိုသူတစ်ယောက်စီကို တစ်ကြိမ်သာ ကြိုးပမ်းခွင့်ရှိသည်ဟု ဆုံးဖြတ်ချက် ချထားခဲ့လျှင် ထိုသည်မှာ ပြဿနာဖြစ်လာနိုင်သည်။

ဆိုလိုသည်မှာ ကျောက်ကျင်းတန်သည် နည်းပြဆရာကို စိန်ခေါ်လိုက်ပါက သူ၏ အခွင့်အရေးကို ဆုံးရှုံးသွားမည်ဖြစ်သည်။

ကျွမ်းကျင်မှုနှင့် အတွေ့အကြုံအရ ကျောက်ကျင်းတန်သည် သူ့အောက်တွင် ကျန်နေခဲ့သည်မှာ သိသာ သည်။ သူသာ မယှဉ်ပြိုင်နိုင်ခဲ့လျှင် အနည်းဆုံးကျောက်ကျင်းတန်ကတော့ အခွင့်အရေး ရှိဦးမှာဖြစ်သည်။

ယင်းက ဝမ်ချောင်သည် ဦးစွာ သွားရသည့် အကြောင်းပြချက်ဖြစ်သည်။

"အဲလူပေါ်လာမလားလို့ ငါသိချင်မိတယ်"

ဝမ်ချောင်၏ စိတ်ထဲ၌ အတွေးတစ်ခုဖြတ်သွားသည်။

သူ၏အရင်ဘဝ၌ ဤနည်းပြဆရာတွင် 'ပေါင်'ဟုအမည်ရသော လူတစ်ယောက်ရှိခဲ့သည်။ သို့သော်လည်း ဤအချိန်နှစ်ခုကြားရှိ အဖြစ်အပျက်များသည် ခြားနားသွားပြီဖြစ်သောကြောင့် ဝမ်ချောင်သည် ထိုလူပေါ်လာမည်လော၊ သို့မဟုတ် မပေါ်လာဘူးလော မခန့်မှန်းနိုင်တော့ပေ။

ထိုကိစ္စကို တွေးနေစဉ်မှာပင် ဝမ်ချောင်သည် နည်းပြဆရာရှေ့သို့ရောက်သွားခဲ့သည်။

"နှုတ်ဆက်ပါတယ် ဆရာ"

ဝမ်ချောင် ရိုသေစွာဦးညွတ်လိုက်သည်။

"အချိန်အတော်ကြာ ရပ်ကြည့်နေပြီး နောက်ဆုံးမှာ မင်းရောက်ချလာပြီပေါ့"

နည်းပြဆရာသည် အခြားသူများနှင့်ယှဉ်လျှင် ဝမ်ချောင်ကို တစ်ချက်ပိုကြည့်လိုက်သည်။

ထိုစကားများကို ကြားလိုက်ရသောအခါ ဝမ်ချောင်ရယ်လိုက်သည်။ ဤနည်းပြဆရာသည် သူထင်ထားသည်ထက် ပို၍ စိတ်ဝင်စားစရာကောင်းပုံပေါ်သည်။

"ဟီးဟီး ကျွန်တော့်မှာ ရွေးချယ်စရာမရှိဘူးလေ၊ ဒါကြောင့် ထွက်လာလိုက်တာ၊ ဒီတိုင်းသာဆက်သွားရင် နေဝင်သွားခဲ့ရင်တောင် ဘာမှမလုပ်လိုက်ရဘဲနေမယ်"

ဝမ်ချောင်ပြုံးလိုက်သည်။ ထိုပုဂ္ဂိုလ်သည် သူ့ကို သတိထားမိခြင်းအတွက် သူ မအံ့ဩပေ။

"ဆိုတော့ မင်းအခုယုံကြည်ချက်ရှိပြီလား"

နည်းပြဆရာက ထပ်မေးလိုက်သည်။

"ဟင့်အင်း"

ဝမ်ချောင် ရိုးသားစွာ ခေါင်းခါပြလိုက်သည်။

"ဒါပေမဲ့ မင်းရောက်လာခဲ့တယ်လေ"

နည်းပြဆရာသည် ဝမ်ချောင်ကို စူးစမ်းချင်စိတ်ဖြင့် အကဲခတ်လိုက်သည်။

"ဟီးဟီး ကျွန်တော် လုပ်နိုင် မလုပ်နိုင် ဆိုတာ မသိပေမဲ့ အနည်းဆုံး‌တစ်ခေါက်လောက်တော့ ကြိုးစားကြည့်မလို့ပါ၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်မေးခွန်းတစ်ခုလောက် မေးလို့ရမလား၊ ကျွန်တော်ဘယ်နှစ်ခေါက်လောက် ကြိုးစားခွင့်ရှိသလဲ"

"စိတ်ဝင်စားစရာပဲ ငါဒီမှာထိုင်နေတာကြာပြီဆိုပေမဲ့ မင်းက ဒီမေးခွန်းကို ပထမဆုံးမေးတဲ့လူပဲ၊ ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းကို ဝင်လာတာက အတူတူပဲမို့ မင်းက တခြားလွယ်ကူတဲ့ နည်းပြဆရာတွေကို ဘာလို့ မရွေးချယ်ရတာလဲ၊ ငါ့ဘက်က သေချာတာတစ်ခုကတော့ ငါက မင်းအတွက် လွယ်ကူတဲ့ပြိုင်ဘက်မဟုတ်ဘူးဆိုတာပဲ"

နည်းပြဆရာသည် သူ့ရှေ့ရှိလူငယ်ကို တခြားဖြေဆိုသူများထက် ပို၍ ပို၍ စိတ်ဝင်စားလာသည်။ ဤလူငယ်သည် တခြားလူများနှင့် အလွန်ခြားနားသည်ဟု သူခံစားရသည်။

တချို့သော ဖြေဆိုသူများသည် သူ၏အကြံပေးမှုကို နားထောင်ခဲ့ကြပြီး တချို့သည်တော့ သူတို့ကိုယ်တိုင် ကြိုးစားကြည့်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် သူတို့အားလုံးသည် စမ်းသပ်မှု၏ ကြီးမားသောခက်ခဲမှုကို နားလည်ခဲ့ကြပြီး လှည့်ပြန်ကုန်ကြသည်။ သို့သော်လည်း ဤလူငယ်သည်‌တော့ အဝေးတွင် ရပ်ကြည့်နေခဲ့ပြီး သူ့စမ်းသပ်မှု၏ ခက်ခဲမှုကို နားလည်သော်လည်း ‌သူ့ဆီမှ နေရာတစ်နေရာ ရရန် ရည်ရွယ်ထားသေးပုံပေါ်သည်။

“ဟီးဟီး ကောင်းကင်ဘုံက လုံ့လကို ပေးတယ်၊ အခက်အခဲတွေက ကြီးမားတဲ့ ဆုလာဘ်တွေနဲ့အတူလာတယ်၊ နည်းပြဆရာရဲ့ ခွန်အား၊ စံနှုန်းနဲ့ အခက်အခဲတွေက ဘာလို့ ကြီးမားနေရသလဲဆိုတဲ့ နောက်ကွယ်မှာ အကြောင်းပြချက် မရှိဘူးလို့ ကျွန်တော် မယုံဘူး"

ဝမ်ချောင်သည် စိတ်အားထက်သန်စွာဖြင့် ပြန်ပြောလိုက်သည်။

"ဟာဟားဟား စိတ်ဝင်စားစရာပဲ၊ မင်းတကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်"

နည်းပြဆရာသည် ရယ်မောလိုက်သည်။ သူသည် ဝမ်ချောင်ကို သူ၏မျက်လုံးများတွင် ထူးခြားသည့် အရိပ်အယောင်ဖြင့် အကဲခတ်လိုက်သည်။

“ဒီအကြောင်းနဲ့ ပတ်သက်ပြီး တခြားဖြေဆိုသူတွေကို ငါမပြောခဲ့ဘူး၊ ဒါပေမဲ့ မင်းကတော့ စိတ်ဝင်စားဖို့ကောင်းတာကြောင့် ခြွင်းချက် ထားပေးမယ်၊ ငါနဲ့အတူ မင်းကို သုံးခေါက် ကြိုးစားခွင့်ပေးမယ်၊ မင်းငါ့ကို အနိုင်ယူနိုင်တာ ဒါမှမဟုတ် ငါ့ရဲ့တိုက်ခိုက်မှုသုံးခုကို ခုခံနိုင်သရွေ့ မင်းကို ငါ လက်ခံပေးမယ်"

"သုံးခေါက်လား ခင်ဗျားရဲ့တိုက်ခိုက်မှုကို ရှောင်ရှားနိုင်တာကို‌ရော ထည့်တွက်သေးလား"

ဝမ်ချောင် စိတ်ဝင်တစား မေးလိုက်သည်။

"အဲဒါတွေလည်း ထည့်တွက်တယ်"

နည်းပြဆရာသည် ပြုံးပြုံးရွှင်ရွှင်နှင့် ပြန်ဖြေလိုက်သည်။

“အိုး"

ပွင့်ပွင့်လင်းလင်း ပြန်‌ဖြေသံကို ကြားသည်တွင် ဝမ်ချောင်သည် စိတ်လှုပ်ရှားသွားခြင်းမရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် ပို၍စိုးရိမ်လာသည်။

တစ်ခါတစ်ရံတွင် တစ်ခုခုဖြစ်ရန်ပိုမိုလွယ်ကူလေ သူ၏ ခက်ခဲမှုသည် ပို၍ကြီးမားလေပင်ဖြစ်သည်။

တစ်ဖက်လူသည် သူ့မေးခွန်းကို ပွင့်ပွင့်လင်းလင်း ဖြေကြားထားသောကြောင့် ထိုသည်မှာ အချက်နှစ်ချက်သာ ဖြစ်နိုင်သည်။ ပထမအချက်မှာ အခြားတစ်ဖက်သည် သူ၏ ခွန်အားကို အကြွင်းမဲ့ ယုံကြည်မှုရှိသည်။ ဒုတိယအချက်မှာ တစ်ဖက်လူ၏ လျင်မြန်မှုသည် ထိပ်တန်းဖြစ်ပြီး မည်သူကမျှ သူ့တိုက်ခိုက်မှုကို ရှောင်လွှဲနိုင်မည်ဟု မထင်သောကြောင့်ဖြစ်သည်။

ဒါသည် ဝမ်ချောင်အတွက် သတင်းကောင်း မဟုတ်ပေ။

သို့သော်လည်း ဝမ်ချောင်သည် နောက်ဆုတ်ရန် ရည်ရွယ်ချက်မရှိပေ။ ထို့အစား သူ၏ တိုက်ပွဲဝင်ချင်စိတ်သည် နိုးထလာခဲ့သည်။

"ဆရာ ကျွန်တော် စမ်းကြည့်ချင်ပါတယ်"

ဝမ်ချောင် ရုတ်တရက်ပြောလိုက်သည်။

"ဟားဟား လွတ်လွတ်လပ်လပ်နေစမ်းပါ၊ ဒါပေမဲ့ မင်းကိုသတိမပေးဘူးလို့ ငါ့ကို အပြစ်မတင်နဲ့၊ ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းရဲ့ စာမေးပွဲ စတင်ချိန်ဟာ အတော်လေးကြာနေပြီ၊ ငါနဲ့အချိန်ဖြုန်းလေ တခြားနည်းပြဆရာတွေရဲ့ စမ်းသပ်မှုကို ဖြတ်ကျော်ဖို့ မင်းအတွက်အချိန်နည်းလေပဲ၊ သူတို့ လူအရေအတွက် ပြည့်သွားတဲ့အခါ မင်းဘယ်လောက်ပဲ အစွမ်းထက်နေပါစေ မင်း ငြင်းပယ်ခံရခြင်းနဲ့ပဲ အဆုံးသတ်ရလိမ့်မယ်"

နည်းပြဆရာ ပြောလိုက်သည်။

"ကျွန်တော်နားလည်ပါတယ်"

"မင်းဖက်က အဲလိုဆိုမှတော့... စလိုက်ကြရအောင်"

စိန်ခေါ်သည့်အမူအရာလုပ်လျက် နည်းပြဆရာသည် ပြုံးသည်။ သူ့အမူအရာနှင့် လှုပ်ရှားမှုများတွင် ယုံကြည်မှုများဖြင့် ပြည့်နေသည်။

ချွင်...

ဝမ်ချောင်သည် ယဉ်ကျေးမနေတော့ဘဲ သူ့ဓားကို ချက်ချင်းဆွဲထုတ်လိုက်သည်။ ကြည်လင်ပြတ်သားသော သတ္တုသံသည် ပတ်ဝန်းကျင်ရှိ ဖြေဆိုသူအားလုံး၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

ဝမ်ချောင်သည် သူ့ရှေ့မှ နည်းပြဆရာကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။ ဒဏ္ဍာရီလာနည်းပြဆရာဟု ဆိုသည့် သူ၏ပြိုင်ဘက်ကို သူ လျှော့တွက်မှာ မဟုတ်ပေ။

လက်‌မောင်းများ၊ ပခုံးများ၊ ခွကြား၊ ဒူး၊ ခြေထောက်များ... ဝမ်ချောင်၏ မျက်လုံးများသည် တစ်ဖက်လူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်လျှောက် ဖြတ်၍ အားလုံးကို အကဲခတ်ကာ ကြည့်လိုက်သည်။

နည်းပြဆရာက သူ၏ခွန်အားကို ကောင်းကောင်းဖုံးကွယ်ထားသော်လည်း ဝမ်ချောင်၏ တစ်နာရီကြာ စောင့်ကြည့်မှုသည် လုံးဝအချည်းနှီးမဖြစ်ခဲ့ပေ။

အလယ်ပိုင်းလွင်ပြင်ဒေသ၏ စစ်သေနာပတိဟောင်း ဝမ်ချောင်သည် သူ၏အတွေ့အကြုံနှင့် ပိုင်းခြားသိမြင်နိုင်စွမ်းကို ထိန်းသိမ်းထားခဲ့သည်။ အသေးစိတ်အချက်အလက်များကို သတိပြုမိခြင်းဖြင့် အရာများစွာကို ကောက်ချက်ချနိုင်သည်။

“သူ့လက်ဖဝါးမှာ အသားမာတက်နေတဲ့အတွက် လက်ဖဝါးသိုင်းကို ကျွမ်းကျင်ရမယ်၊ ယေဘုယျအားဖြင့် အဲလိုလူတွေက ဓားကျွမ်းကျင်မှုမှာ ပါရမီမရှိကြဘူး၊ သူက ရှားရှားပါးပါး အသုံးပြုခဲ့ရင်တောင် သူ့ရဲ့ ဘယ်ဘက်ပခုံးက သွေးကြောတွေ ဖိအားပေးခံရမယ်၊ ညာဖက်ဒူးကလည်း တုန်ခါလာမယ်၊ သူ့ ဘယ်ဖက်ခြေချောင်းက မသိမသာ အပြင်ကိုထွက်လာမယ်… ဒါက အချိန်အကြာကြီး ကျင့်ကြံခဲ့ခြင်းရဲ့အလေ့အထပဲ"

"သူဘယ်လို လျှို့ဝှက်နည်းစနစ်ကို ကျင့်ကြံထားသလဲ မသိပေမဲ့ ဒီဒေသတွေမှာ တစ်ပြိုင်တည်း တိုက်ခိုက်လို့ရတဲ့ နည်းစနစ်တွေ အများကြီး မရှိဘူး"

ဝမ်ချောင်သည် နည်းပြဆရာက တိုက်ခိုက်ခဲ့သည့် မြင်ကွင်းကို ပြန်မြင်ယောင်လိုက်သည်။ နည်းပြဆရာသည် ဝမ်ချောင်၏စိတ်ထဲ၌ ဖြစ်နေတာကို သိလျှင် သူ အံ့ဩသွားပေလိမ့်မည်။

သေးငယ်သော အသေးစိတ် အချက်အလက်များမှတဆင့် ပိုမိုကြီးမမားသောအရာကို ကောက်ချက်ချနိုင်ခြင်းသည် ဝမ်ချောင်၏အသက်အရွယ်ထက် ကျော်လွန်နေသော ကျွမ်းကျင်မှု ဖြစ်သည်။ စစ်မြေပြင်တွင် မရေမတွက်နိုင်သော ရန်သူများနှင့် ရင်ဆိုင်ခဲ့ရသည့် စစ်မှုထမ်းဟောင်းများပင်လျှင် ထိုသို့သော စွမ်းဆောင်ရည် မရှိနိုင်ပေ။

ဝမ်ချောင်၏ ဤစွမ်းရည်သည် အံ့မခန်းလောက်အောင်ပင်ဖြစ်သည်။

ကလင်

ဓားသံထွက်လာသည်။ ဝမ်ချောင်သည် မျက်လုံးများကိုဖွင့်ကာ လှုပ်ရှားလိုက်သည်။ လူအုပ်ကြီးက မတုံ့ပြန်ခင်မှာပင် သူသည် လူတိုင်းရဲ့အမြင်ကွင်းမှပျောက်ကွယ်သွားခဲ့သည်။

-------

''ဒီတောင်ကို ဖြတ်ပြီးတာနဲ့ ဘုရားကျောင်းကို လွမ်းဆွတ်မိလိမ့်မယ်"

ဆိုလိုသည်မှာ အခွင့်အရေးသည် တစ်ကြိမ်တည်းသာ ရောက်ရှိလာခြင်းဖြစ်သည်။

(ရေးချင်သလိုရေးပြီး ပြန်ရှင်းပြထားတာ အရှည်ကြီးပဲ Zzzz)

...

*******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အပိုင်း ၁၉၅

သူ့ဓားကို သူနှင့်ပေါင်းစည်းလိုက်ပြီး ဝမ်ချောင်သည် ရှေ့သို့ တိုးလိုက်သည်။ သူသည် 'တိတ်ဆိတ်‌နေ‌သော သိမ်မွေ့သည့်သိုးသူငယ်ကဲ့သို့၊ လှုပ်ရှားမှုမြန်ဆန်သော တောယုန်ကဲ့သို့' ဟူသော သဘောတရားကို အပြည့်အဝ ထုတ်ဖော်ထားခဲ့သည်။ ဤလှုပ်ရှားမှုသည်ပင်လျှင် ဤနေရာရှိ ဖြေဆိုသူများ၏ ကိုးဆယ်ရာခိုင်နှုန်းကျော်ထက် သာလွန်နေပြီဖြစ်သည်။

ဝမ်ချောင်သည် ပျောက်ကွယ်သွားခဲ့‌သော်လည်း သူ၏ဓားမြည်သံကြောင့် ဖြေဆိုသူအများစု၏ မျက်လုံးများသည် သူရှိရာနေရာသို့ တိကျစွာ ကြည့်နိုင်နေဆဲဖြစ်သည်။

"ဟဲဟဲ စိတ်ဝင်စားစရာပဲ"

နည်းပြဆရာသည် ကျောက်ဆောင်ထိပ်မှနေ၍ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ ဝမ်ချောင်၏ ဆက်တိုက် ဓားခုတ်ချက်များသည် သာမန်ထက် မြန်ဆန်ပြီး လှည်ကွက်များစွာ ပါရှိသော်လည်း သူ၏မျက်လုံးများကို လှည့်စားရန် မလုံလောက်သေးပေ။

ဝမြးးးး

နည်းပြဆရာသည် သူ၏ညာဖက်လက်ကို မြှောက်လိုက်ပြီး ဝမ်ချောင်၏ဓားသူ့ဆီသို့ ရောက်တော့မည့်အချိန်တွင် လက်ဖဝါးတစ်ချက်ကို ရိုက်ထုတ်လိုက်သည်။

ဤလက်ဖဝါးရိုက်ချက်သည် အခြားသော ဖြေဆိုသူများကို သူအသုံးပြုခဲ့သကဲ့သို့ ရိုးရှင်းစွာ အတူတူပင် ဖြစ်သော်လည်း လျှပ်စီးကဲ့သို့မြန်ဆန်ပြီး တောင်တစ်လုံးကဲ့သို့ လေးလံလှသည်။ ထိုသည်ကို ဤကမ္ဘာပေါ်ရှိ မည်သည့်အရာမျှ မဆန့်ကျင်နိုင်သကဲ့သို့ ခံစားရစေသည်။

သို့သော် နောက်တခဏတွင် မမျှော်လင့်သည့်အရာတစ်ခု ဖြစ်ပွားသွားခဲ့သည်။

ဘန်းးး

မည်သည့်လက္ခာဏမျှမပြဘဲ ဝမ်ချောင်သည် နည်းပြဆရာမှ ခြေလှမ်းအနည်းငယ်အကွာအဝေးတွင် ရောက်ရှိလာခဲ့ကာ ဓားအလင်းသည် ဖြတ်သန်းသွားခဲ့ပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ဝမ်ချောင်သည် နောက်တစ်ကြိမ်ပျောက်ကွယ်သွားခဲ့သည်။

နောက် တစ်ချိန်တည်းမှာပင်

ကလင်..

ကြွပ်ဆတ်သောဓားသံသည် ထွက်ပေါ်လာခဲ့ပြီး ဓားသည် နည်းပြဆရာ၏အနောက်ဖက်မှ အလျားလိုက် တိုးဝင်လာခဲ့သည်။ ဓားသည် မြေပြင်နှင့်အလွန်နီးကပ်ကာ နည်းပြဆရာ၏ အောက်ပိုင်းသို့ ဦးတည်လာခဲ့သည်။ ထိုအချိန်တွင် ဓားသည် နည်းပြဆရာ၏ ညာခြေထောက်သို့ ရောက်ရှိရန် ကန့်အနည်းငယ်သာလိုတော့သည်။

(တစ်ဆယ်စင်တီမီတာအကွာ)

ဤရုတ်ခြည်းအပြောင်းအလဲသည် နည်းပြဆရာ၏ တည်ငြိမ်သောမျက်နှာကို အလွန်အံ့အားတကြီးဖြင့် ပျက်ယွင်းသွားစေသည်။ သာမန်တိုက်ခိုက်မှုထက်ပို၍ လျင်မြန်သော်ငြားလည်း သူ၏တိုက်ခိုက်မှုကို ရုတ်ခြည်းပြောင်းလဲလိုက်နိုင်ရန်မှာ ဝမ်ချောင်၏ ကျွမ်းကျင်မှုသည် ယခင်က ဖြေဆိုသူများထက် သာလွန်ကြောင်း ထင်ရှားလေသည်။

ဘန်းးး

သူ့လက်ဖြင့် အသာအယာ ရိုက်ထုတ်လိုက်ခြင်းနှင့်အတူ ဝမ်ချောင်၏ဓားကို ‌ပျော့ပျောင်းသည့် အင်္ကျီလက်စဖြင့် ပုတ်ထုတ်လိုက်သည်။ အံ့ဩစရာကောင်းသည်မှာ ပျော့ပျောင်းသောအင်္ကျီလက်စနှင့် သန်မာသောဓားတို့အကြား ထိပ်တိုက်တွေ့ဆုံမှုတွင် အင်္ကျီလက်စသည် သတ္တုဖြင့် ပြုလုပ်ထားသကဲ့သို့ သတ္တုသံများကို ပဲ့တင်သံ ထပ်ထွက်ပေါ်လာစေသည်။

တစ်ချိန်တည်းမှာပင် သိန်းငှက်လက်သည်းများနှင့်ဆင်တူသော အသားမာများဖြင့် ပြည့်နေသည့် လက်ဖဝါးသည် ရုတ်တရက် ရှေ့သို့ တိုးဝင်လာသည်။ ပြီးပြည့်စုံသည့် လှုပ်ရှားမှု(ရွေ့လျားမှု) နည်းစနစ်တစ်ခုနှင့်အတူ လက်ဖြင့် ဝမ်ချောင်၏ဓားကို မလုယူလိုက်သော်လည်း ဓားကို ဆုပ်ကိုင်လိုက်သည်။ ထိုသည်က သူ့ကို ကျောက်ဆောင်ပေါ်မှ ပျံထွက်သွားစေသည်။

စာမေးပွဲစတင်ခဲ့သည့် အချိန်ကတည်းက ဤသည်မှာ ကျောက်ဆောင်မှ သူ့ကို ‌ဆုတ်ခွာသွားစေသည်အထိ ဖိအားပေးလိုက်နိုင်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။

ဝမ်ချောင်သည် သူ့ခြေထောက်များကို ဦးတည်ကာတိုက်ခိုက်လာခြင်းဖြစ်သည်။ သူသည်သာ မသန်မစွမ်း မဖြစ်လိုပါက ကျောက်ဆောင်မှ ဆုတ်ခွာရပေလိမ့်မည်။

ကလင်

ဝမ်ချောင်သည် ဓားကိုကိုင်၍ လှုပ်ရှားလိုက်သည်။ ကောင်းကင်တမျှ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူ၏ဓားသည် ချွန်တက်သောမြွေတစ်ကောင်၏ဦး‌ခေါင်းကဲ့သို့ နည်းပြဆရာ၏ အင်္ကျီလက်စတစ်ဝိုက်မှ ဖြတ်သွားကာ နည်းပြဆရာ၏ ညာဖက်အပေါ်သို့ ခုတ်ချလိုက်သည်။

ဘန်းးးး

တင်းမာသည့်အမူအရာသည် နောက်ဆုံး၌ နည်းပြဆရာ၏မျက်နှာတွင် ပေါ်လာခဲ့သည်။ သူ၏အခြားလက်တစ်ဖက်ကို ဆတ်ခနဲပုတ်ထုတ်လိုက်ခြင်းနှင့်အတူ ကြီးမားသည့်ခွန်အားသည် သူ၏အင်္ကျီလက်စမှ ထွက်ပေါ်လာခဲ့ပြီး ဝမ်ချောင်ကို ကောင်းကင်ထက်သို့ လွှင့်စင်သွားစေသည်။

"အာ.."

တုန်လှုပ်နေသည့် အာမေဋိတ်သံများသည် ပတ်ဝန်းကျင်တွင် ထွက်ပေါ်လာခဲ့သည်။ လူတိုင်းသိနေသည်မှာ ကောင်းကင်ထက်တွင် လှုပ်ရှားရန်မဖြစ်နိုင်သလောက်နီးပါးပင်။ နောက်ဆုံး၌ နည်းပြဆရာတစ်ယောက်နှင့် ဖြေဆိုတစ်ယောက်တို့အကြားကွာဟချက်သည် ရိုးရှင်းစွာပင် အလွန်ကြီးမား၏။

သည်အတိုင်း ထုတ်လွှတ်လိုက်သော ခွန်အားသည်ပင်လျှင် နည်းပြဆရာတစ်ယောက်သည် ကျောင်းသားတစ်ယောက်ကို အလွယ်တကူဖိနှိပ်နိုင်ပေသည်။

ဝမ်ချောင်သည် ကောင်းကင်ထက်သို့ ကန်ထုတ်ခံလိုက်ရသည့်အမှန်တရာကြောင့် ရှုံးနှိမ့်တော့မည်မှာ သေချာနေပြီဖြစ်သည်။

"လူငယ်သခင်လေး"

အဝေး၌ ဤမြင်ကွင်းကို ရပ်ကြည့်နေသော ကျောက်ကျင်းတန်သည် မတတ်နိုင်ဘဲ ထိတ်ခနဲ ဖြစ်သွားခဲ့သည်။ အခြေအနေသည် ဝမ်ချောင်ဘက်၌ အလေး မသာနေခဲ့ပေ။

သို့သော်လည်း အံ့အားသင့်စရာ‌ကောင်းသည့် တစ်စုံတစ်ခုဖြစ်ပျက်သွားခဲ့သည်။ ဝမ်ချောင်၏ခန္ဓာကိုယ်သည် လေထဲသို့ ကန်ထုတ်ခံလိုက်ရသည်နှင့် ကမ္ဘာကြီး၏ နိယာမများကို ဆန့်ကျင်ကာ လုံးဝမဖြစ်နိုင်စွာဖြင့် အောက်သို့မတ်မတ်ကြီးကျဆင်းလာသည်။ ကျလာသည့် အရှိန်ကို ယူသုံးကာ လျှပ်စီးကဲ့သို့ လျင်မြန်လှသော ဓားတစ်လက်သည် ကြီးမားသည့်ခွန်အားဖြင့် နည်းပြဆရာ၏လက်သို့ ဦးတည်သွားသည်။

"ဟားဟား ကောင်းတယ်၊ ငါ့စမ်းသပ်မှုကို အတင်းအကြပ်ကျော်လွှားဖို့လုပ်နေတာ မအံ့ဩတော့ပါဘူး၊ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က မူလစွမ်းအင် အဆင့်၇ ကိုရောက်နေပြီ"

နည်းပြဆရာသည် ကျယ်လောင်စွာရယ်မောလိုက်သည်။ ဝမ်ချောင်သည် သူ့ကိုဆန့်ကျင်ရန် ထို့ကဲ့သို့သော အထိမခံသည့် အခြေအနေအောက်တွင်ပင် သူ၏စွမ်းအားကို အသုံးပြုနိုင်ခြင်းသည် သူ့ကို ကျေနပ်နှစ်သိမ့်စေခဲ့သည်။

တစ်နေ့လုံးတွင် သူနှင့် ထို့ကဲ့သို့ ပထမဆုံးထိုးသတ်နိုင်သည့်ဖြေဆိုသူမှာ ဝမ်ချောင်ဖြစ်သည်။

ဘန်းးး

ဝမ်ချောင်၏ မယှဥ်သာ‌အောင် ထက်မြိလှသည့် ဓားကို ရင်ဆိုင်ရန် နည်းပြဆရာသည် သူ၏အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သူ၏ဝတ်ရုံသည် လေထဲ၌လွှင့်နေခဲ့ပြီး အံ့ဩစရာကောင်းစွာဖြင့် ဓား၏ လားရာလမ်းကြောင်း၌ရှိနေသော သူ၏လက်ချောင်းများကို ပြန်မရုပ်သိမ်းခဲ့ပေ။ ထိုအစားသူသည် ဓားသွားကို ရှောင်ရှားရန် လုပ်ဆောင်လိုက်ပြီး သူ၏လက်ဆယ်ချောင်းဖြင့် ဓား၏ကိုယ်ထည်ကို အဆက်မပြတ် ရိုက်ထုတ်လိုက်ည်။

သူ၏လက်ချောင်းများသည် ဓားပေါ်သို့ ပြင်းထန်စွာကျရောက်သွားသည်။ ရိုက်ချက်တစ်ခုစီသည် အပေါ်ယံတွင်ပေါ့ပါးသည်ဟုထင်ရသော်လည်း တောင်တစ်လုံး၏အလေးချိန်ကို သယ်ဆောင်ထားသည်။ ဝမ်ချောင် ခုတ်သည်ဖြစ်စေ၊ ဖြတ်သည်ဖြစ်စေ တစ်ဖက်လူ၏ လက်ချောင်းများကို ရှောင်လွှဲ၍ မရတော့ပေ။ ပြောစရာမလိုအောင်ပင် သူသည် တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို တိုက်ခိုက်လိုက်သည်။

လူတစ်ဦး၏ လက်ချောင်းများကို ဤအတိုင်းအတာအထိ ကျွမ်းကျင်စွာ ထုတ်ဖော်နိုင်သည်မှာ အံ့ဩစရာကောင်းလှသည်။

"မယုံကြည်နိုင်လောက်အောင်ပဲ"

သူ့ရှေ့ရှိမြင်ကွင်းကြောင့် အံ့အားသင့်နေသော အဝေး၌ရပ်နေသည့် ဖြေဆိုသူတစ်ဦးက ရေရွတ်လိုက်သည်။ သူသည် သူ၏ကံကို စမ်းသပ်ဖို့ရာ တခြားနည်းပြဆရာများကို ရှာရန် ဤနေရာသို့ ရောက်လာသည့် ဖြတ်သန်းသွားသူ တစ်ဦးသာဖြစ်သည်။ သူသည် ဤနေရာ၌ ထိုကဲ့သို့သော မြင်ကွင်းမျိုးကို မြင်ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။

နည်းပြဆရာ၏လက်ချောင်းများသည် မြို့ခံတပ်ကဲ့သို့ပင် ဖြစ်သည်။ ဝမ်ချောင်၏ဓားကျွမ်းကျင်မှုသည် မည်မျှသိမ်မွေ့သည်ဖြစ်စေ၊ သူသည် မည်သို့လှုပ်ရှားသည်ဖြစ်စေ၊ သူသည် နည်းပြဆရာ၏ လက်ချောင်းများဖြင့် ဖန်တီးထားသော နံရံကို မကျော်လွှားနိုင်ခဲ့ပေ။

ထိုသည်မှာ သူသည် ထိုကဲ့သို့တစ်မူထူးခြား‌သော တိုက်လိုက်ရေးနည်းစနစ်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်။

သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် တူညီစွာ အံ့အားသင့်နေကြသော အခြားဖြေဆိုသူများသည်လည်း သူ့နံဘေးတွင် ရပ်နေကြသည်။ ဤတခဏ၌ ရုတ်တရက် သူတို့အားလုံး၏ခံစားချက်များသည် ဖရိုဖရဲဖြစ်နေကြသော်လည်း သူတို့ရှေ့ရှိကျောက်ဆောင်ပေါ်၌ တစ်နေကုန် မတ်တတ်ရပ်နေသော ဖော်ရွေပုံရသည့် သက်လတ်ပိုင်းအရွယ်နည်းပြဆရာသည် ယနေ့ခွန်းဝူလေ့ကျင့်ရေးစစ်ခန်း၌ ပေါ်လာခဲ့သော နည်းပြဆရာများကြားတွင် ရှိန်(အထင်ကြီး)စရာအကောင်းဆုံးဖြစ်လောက်သည်။

"ကျောင်းသားတစ်ဦးက နည်းပြဆရာတစ်ယောက်နဲ့ ဘယ်လိုလုပ် ဒီလိုယှဉ်တိုက်နိုင်ရတာလဲ"

"အဲဒါက ဘယ်လိုဓားသိုင်းကျွမ်းကျင်မှုလဲ၊ ပြိုင်ဘက်ရဲ့ခွန်အားကို မရပ်မနား တန်ပြန်ဖို့နဲ့ လိုက်ပါနိုင်ဖို့ဆိုတာ ဒါက ရန်သူအတွက် ဓားကိုရှောင်လွှဲဖို့ မဖြစ်နိုင်အောင်လုပ်နေတာပဲ၊ မယုံနိုင်စရာပဲ"

ထိတ်လန့်နေမှုများဖြင့် လူများစွာတို့သည် ဝမ်ချောင်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ ဤတောင်ပေါ်၌ လူသစ်စုဆောင်းသည့် စမ်းသပ်မှုအများစုသည် တခြားကျောင်းသားများကို တိုက်ခိုက်ရန်သာပါဝင်ပြီး အသန်မာဆုံးတစ်ယောက်သည် လူသစ်စုဆောင်းမှုတွင် ဦးစားပေးခံရမည်ဖြစ်သည်။

သို့သော် ဤလူငယ်သည်တော့ နည်းပြဆရာကို ထိပ်တိုက်စိန်ခေါ်ခဲ့ပြီး ထို့အပြင် သူသည် နည်းပြဆရာနှင့် တန်းတူ ထိုးသတ်နိုင်ပုံရသည်။

ဝမ်ချောင်သည် သူ၏တည်‌နေရာကို လျင်မြန်စွာပြောင်းလဲလိုက်သည်။ တခဏအတွင်း သူသည် ရှေ့သို့ရောက်လာခဲ့ပြီး နောက်တစ်ကြိမ်တွင် နောက်သို့ရောက်သွားသည်။ ခဏအကြာတွင် သူသည်ဘယ်ဘက်၌ပေါ်လာပြီး နောက်တစ်ကြိမ်တွင် ညာဘက်၌ပေါ်လာသည်။ နည်းပြဆရာ၏ လက်ဆယ်ချောင်းရိုက်ချက်မှ ခွန်အားအများစုသည် သူ၏လှုပ်ရှားမှုကြောင့် လျော့ပါးသွားပုံပေါ်သည်။

ဤနေရာ၌ ရှိနေသူ အများစုအတွက် ထိုသည်မှာ စိတ်ကူးကြည့်ရန်မဖြစ်နိုင်‌သော စွမ်းဆောင်မှုဖြစ်သည်။

"သခင်လေးက သူ့သိုင်းပညာမှာ ဒီလိုမယုံနိုင်စရာကောင်းတဲ့ကျွမ်းကျင်မှုအဆင့်ထိရောက်ပြီဆိုတာကို တွေးကြည့်ရင်"

ကျောက်ကျင်းတန်၏နှလုံးအိမ်သည် သွေးရူးသွေးတန်ခုန်လာသည်။ ဤသည်မှာ သူသည် ဝမ်ချောင်၏ အသေသတ်ကွက် 'တစ်‌နေရာတည်းသို့ အဆက်မပြတ်ခုတ်ပိုင်းခြင်း' ကို ပထမဆုံး မြင်တွေ့ဖူးခြင်းဖြစ်သည်။

ထိုအသက်မပြတ်တိုက်ခိုက်မှုသည် သမုဒ္ဒရာ၏ အဆုံးမရှိသော ရေလှိုင်းများကို တုပထားခြင်းဖြစ်သည်။ မည်သူမဆို ဤဓားသိုင်းကျွမ်းကျင်မှုကို မြင်တွေ့လိုက်ရပါက သေချာပေါက်လေးနက်သည့်အမူအရာနှင့် ကျန်ခဲ့မည်ဖြစ်သည်။

"ဒါပေမဲ့ ဒီလောက်လေးနဲ့ သခင်လေးအတွက် အနိုင်ရဖို့ခက်ခဲသေးတယ်"

ကျောက်ကျင်းတန်မျက်မှောင်ကြုတ်လိုက်သည်။ သိုင်းပညာနယ်ပယ်တွင် သူ၏မျိုးနွယ်စုမှ ဆက်ခံရရှိခဲ့သော နက်ရှိုင်းသည့်အသိပညာဗဟုသုတများအရ သူသည် အပေါ်ယံတွင် ဝမ်ချောင်က ကောင်းစွာ လုပ်ဆောင်နိုင်ပုံရသော်လည်း သူ၏ဓားခုတ်ချက်များသည် သူက ကောင်းစွာ မထိန်းချုပ်နိုင်တော့သကဲ့သို့ အနည်းငယ် တုန်ခါနေသည်ကို လျင်မြန်စွာဖြင့် သိမြင်နိုင်ခဲ့သည်။

"သွား"

ရုတ်တရက် နားကွဲလုမတတ်အသံတစ်သံထွက်ပေါ်လာသည်။ နည်းပြဆရာသည် အော်ပြောလိုက်ကာ သူ၏အရှိန်အဝါသည် လိမ့်တက်လာသည်။ သူ၏ခန္ဓာကိုယ်မှ မူလစွမ်းအင်များသည် ကြီးမားသော ဆူနာမီလှိုင်းလုံးကြီးကဲ့သို့ ဒလဟောပေါက်ကွဲထွက်လာသည်။

လေထဲ၌ ဝမ်ချောင်သည် ပေါက်ကွဲထွက်လာသောမူလစွမ်းအင်ကြောင့်လွင့်စဉ်သွားခဲ့သည်။ ကြီးမားသည်စွမ်းအားကို မခုခံနိုင်ဘဲ သူ၏ခန္ဓာကိုယ်သည် တုန်ခါလာကာ လေထဲသို့ လွင့်စဉ်သွားခဲ့သည်။

ဝမြးးးး

ဒီလိုဆိုလျှင်တောင်မှ ဝမ်ချောင်သည် လျင်မြန်စွာတုံ့ပြန်ခဲ့သည်။ သူသည် လေထဲသို့ ကျန့်တစ်ဒါဇင်ခန့် ကန်ထုတ်ခံလိုက်ရချိန်တွင် သူ၏မူလစွမ်းအဆင် အဆင့် ၇ 'ဂျင်ထောင်ချီနိမ့်ဆင်းခြင်း' ကို လျင်မြန်စွာ ထုတ်ဖော်လိုက်ကာ အားလုံး၍ သူ့ကိုယ်သူ မြေပေါ်သို့ ကျစေလိုက်သည်။ ထိုသို့တိုင် သူသည် သူ့ကိုယ်သူ တည်ငြိမ်အောင် မလုပ်နိုင်ခင်တွင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။

"ကောင်လေး မင်းတိုက်ခိုက်မှုစွမ်းရည်က မဆိုးပါဘူး၊ နှစ်တစ်ဒါဇင်လောက် မြို့တော်မှာ ငါနေခဲ့ပြီး သိုင်းပညာများစွာကို ငါတွေ့ခဲ့ဖူးတယ်၊ ဒါပေမဲ့ မင်းရဲ့ဓားသိုင်းကိုတော့ ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးဘူး၊ အဲဒါကို မင်းကိုယ်တိုင်ဖန်တီးခဲ့တာလား"

နည်းပြဆရာသည် ရှေ့သို့ လျှောက်လာကာ မှိန်ဖျော့သောမျက်လုံးများနှင့်အတူ ကျန့်တစ်ဒါဇင်ခန့်၌ ရှိနေသော ဝမ်ချောင်ကို ငုံ့ကြည့်၍မေးလိုက်သည်။ သူ၏ဆံပင်ရှည်များသည် လေထဲ၌လွင့်နေသည်။

"အဲဒါအမှန်ပဲ"

သူ၏ဘယ်လက်ဖြင့် ရင်ဘက်ကို ဆုပ်ကိုင်လိုက်ကာ ဝမ်ချောင်ရယ်မောလိုက်သည်။ သူ၏ 'တစ်နေရာတည်းသို့ အဆက်မပြတ်ခုတ်ပိုင်းခြင်း' သည် ယခင်ဘဝ၌ ကျူးကျော်လာသူ တိုင်းတပါးသားများကို အလွယ်တကူ ချေမှုန်းနိုင်ခဲ့သော်လည်း ဤနည်းပြဆရာကို ယှဉ်ပြိုင်နိုင်ရန်အတွက်တော့ မလုံလောက်သေးပေ။

တိုက်ပွဲတွင် ဝမ်‌ချောင်သည် တစ်ဖက်လူ၏ ခံစစ်ကို မချိုးဖောက်နိုင်ရုံသာမက သူ၏သွေးခုန်နှုန်းများသည်လည်း ပုံမှန်အတိုင်း မစီးဆင်းနိုင်တော့သည့် အခြေအနေသို့ ရောက်သွားသည်။ သူ၏ခံနိုင်ရည်အားသည်လည်း အရေးပါသောအတိုင်းအတာတစ်ခုအထိ ကုန်ဆုံးသွားသည်။

"စိတ်ဝင်စားစရာပဲ"

ဝမ်ချောင်၏ အဖြေကိုကြားသည်တွင် နည်းပြဆရာ၏မျက်လုံးများသည် ပို၍တောက်ပလာသည်။ သူ၏အသက်အရွယ်ဖြင့် ဤကဲ့သို့အထင်ကြီးစရာကောင်းသောဓားနည်းစနစ်ကို ဖန်းတီးနိုင်ရန်မှာ ထိုကောင်လေးသည် မယုံနိုင်စရာကောင်းသော ပါရမီရှင်ဖြစ်ရပေမည်။

"မင်းရဲ့ ပါရမီကတကယ်ကိုအံ့အားသင့်စရာပဲ..ဖြစ်နိုင်ရင် မင်းကို ငါ့တပည့်အဖြစ် ခေါ်ယူချင်တယ်၊ ဒါပေမဲ့လည်း မင်းရဲ့လက်ရှိစွမ်းအားအရ ငါရဲ့စစ်ဆေးမှုကို ဖြတ်ကျော်ဖို့မဖြစ်နိုင်ဘူး၊ အဆုံးမှာ စည်းမျဉ်းက စည်းမျဉ်းပဲ သူတို့ကို ငါတောင်မဖောက်ဖျက်နိုင်ဘူး၊ မင်းငါ့ကိုအနိုင်မယူနိုင်ရင် စမ်းသပ်မှုကို မင်း မဖြတ်ကျော်နိုင်ဘူး၊ ပထမစမ်းသပ်မှုက ပြီးသွားပြီ မင်းဆက်သွားချင်သေးလား"

"ဒါပေါ့ ဘာလို့ဆက်မသွားရမှာလဲ"

ထိုသည်ကိုကြားသည်တွင် ဝမ်ချောင်သည် ယုံကြည်ချက်ရှိစွာ ရယ်လိုက်သည်။ သူ၏ရှုံးနှိမ့်မှုသည် သူ့ကို ဘာတစ်ခုမှ သက်ရောက်ပုံ မပေါ်‌ပေ။

"အိုး"

နည်းပြဆရာ၏ မျက်လုံးများသည် စိတ်ဝင်စားစွာ တောက်ပလာသည်။

"ဒါတိုလည်း ငါသတိမပေးဘူးလို့ အပြစ်မတင်နဲ့၊ အခုလေးတင် မင်းက တိုက်စစ်ကနေတိုက်ခဲ့တယ်၊ ငါ့ဘက်က မတိုက်ခိုက်ခဲ့ရသေးဘူး၊ ဒါ့အပြင်...ငါ့ခွန်အားအပြည့်ကို အခုထိမထုတ်သုံးရသေးဘူး"

"ကျွန်တော်သိပါတယ်"

ဝမ်ချောင် ပြုံးလိုက်သည်။ ထိုသည်မှာ သူသည် မိုက်ရူးရဲဆန်ခြင်းမဟုတ်ဘဲ သူ၏ဓားကို သုံးရန် ရွေးချယ်လိုက်ခြင်းကြောင့်ဖြစ်သည်။ ကျောက်စိမ်းရိုင်းသံမဏိဓား၏ အလွန်ထက်မြိမှုအောက်တွင် တစ်ဖက်လူသည် ရွေးချယ်စရာမရှိဘဲ နောက်ဆုတ်သွားရပေလိမ့်မည်။ ဤနည်းလမ်းဖြင့် သူတို့နှစ်ဦးကြားမှ ကြီးမားသည့် ကွာဟချက်ကို ဖာထေးနိုင်ပေလိမ့်မည်။

အရေးအကြီးဆုံးမှာ ပြီးခဲ့သည့်တိုက်ပွဲတွင် ဝမ်ချောင်သည် ရှုံးနှိမ့်ခဲ့ရသော်လည်း သူလိုချင်သည်ကို ရရှိခဲ့သည်။

"အရပ်ဆယ်မျက်နှာ မိုးကြိုးလက်ချောင်း၊ အရပ်ဆယ်မျက်နှာ သွေဖည်စေခြင်းခွန်အား"

ဝမ်ချောင်တွေးလိုက်သည်။

သူမမှားလျှင် နည်းပြဆရာအသုံးပြုခဲ့သည့် လက်ချောင်းနည်းစနစ်နှင့် အတွင်းအားနည်းစနစ်မှာ

အရပ်ဆယ်မျက်နှာ မိုးကြိုးလက်ချောင်းနှင့် အရပ်ရှစ်မျက်နှာ သွေဖယ်‌ခြင်းခွန်အား နည်းစနစ် ဖြစ်ရပေမည်။

ဤနှစ်ခုသည် အလွန်နက်နဲသိမ်မွေ့သော သိုင်းပညာရပ်များဖြစ်ကြပြီး စစ်တပ်၏ ထိပ်တန်းအဆင့်ရှိ အန္တိမနည်းစနစ်များဖြစ်ကြသည်။ ဤနည်းစနစ်များသည် စစ်သူကြီးများကို ကျင့်ကြံခွင့် ပေးထားသော်လည်း လူအနည်းငယ်ကသာ သူတို့ကို အောင်မြင်သည်အထိ ကျင့်ကြံနိုင်ကြသည်။

'ဦးတည်ချက်ဆယ်ခုမိုးကြိုးလက်ချောင်း'သည် လက်ချောင်းနည်းနစ်သာမကဘဲ အတွင်းအားနှင့် ဆက်စပ်ရသည့် နည်းစနစ်တစ်ခုဖြစ်သည်။

ဤသိုင်းပညာရပ်၏ ရည်ရွယ်ချက်မှာ လူတစ်ဦး၏လက်ချောင်းကို လေ့ကျင့်ရန်သာမကဘဲ ခန္ဓာကိုယ်တစ်လျှောက် အတွင်းအားများကိုလည်း လေ့ကျင့်စေရန်ရည်ရွယ်သည်။ ဤလက်ချောင်းကျင့်စဉ်သည် ဤနည်းစနစ်တွင် လူတစ်ဦးသည် အတိုင်းအတာတစ်ခုအထိ ကျွမ်းကျင်မှသာ တစ်ယောက်၏အတွင်းအားများကိုထုတ်ဖော်ကာ အသုံးပြုနိုင်ပေလိမ့်မည်။

'ဦးတည်ချက်ဆယ်ခုမိုးကြိုးလက်ချောင်း' သည် ထိုးစစ်နှင့်ခံစစ်နှစ်ခုစလုံးအတွက် သင့်လျော်ပြီး တစ်ယောက်သည် ကျွမ်းကျင်အဆင့်သို့ရောက်သွားပါက လက်ချောင်းများသည် သံမဏိကဲ့သို့ မာကျောလာမည်ဖြစ်သည်။ စစ်မြေပြင်တွင် လက်ဗလာဖြင့်ပင်လျှင် ရန်သူများ၏ သံမဏိသံချပ်ကာများကို ထိုးဖောက်နိုင်ပြီး သူတို့ကို ငိုကြွေးသွားစေလို့ရသည်။

လက်ဆယ်ချောင်းသည် မာကျောထက်မြိသည့်ဓားဆယ်ချောင်းနှင့်ညီမျှလာပြီး သံချပ်ကာများကို ထိုးဖောက်ကာ ကျောက်တုံးများကို ခွဲချေကြေစေနိုင်သည်။ ထို့အပြင် တစ်ဦး၏လှုပ်ရှားမှုသည် အတွင်းအား၏ အကူအညီနှင့်အတူ သူ၏လက်ချောင်းများသည် အံ့အားသင့်ဖွယ်ကောင်းသည့် လက်ချောင်းတိုက်ခိုက်မှုကို ထုတ်ဖော်နိုင်ပေလိမ့်မည်။

ထို့ကြောင့် ဤလက်ချောင်းကျင့်စဉ်ကို အောင်မြင်စွာကျင့်ကြံထားနိုင်သူများသည် တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ကြောက်နေစရာမလိုတော့ပေ။

စစ်မြေပြင်တွင် ဤလူများသည် လူသားသတ်ဖြတ်ခြင်းစက်နှင့်မခြားပေ။

'အရပ်ရှစ်မျက်နှာ သွေဖယ်ခြင်းစွမ်းအား' အနေဖြင့် ထိုသည်မှာ ရိုးရှင်းသည့် အတွင်းအား တိုက်ခိုက်ခြင်းနည်းစနစ်ဖြစ်ပြီး သူ့ကိုကြည့်ရသည်မှာ ပေါ့ပါးသည်ဟုထင်ရသော်လည်း အန္တိမစွမ်းအားကို ပိုင်တိုင်ထားသည်။

ဤနည်းစနစ်နှစ်ခုကို အောင်မြင်ထားသူများသည် စစ်‌မြေပြင်တွင် ရန်သူများအတွက် ကြောက်စရာအကောင်းဆုံးလူများ ဖြစ်ကြပြီး ကိုယ့်အသင်းသားများအတွက် ယုံကြည်အားကိုးရသည့်လူများဖြစ်ကြသည်။

လူတစ်ဦးသည် တစ်နေရာသို့သွားလျှင် သွေးစီးကြောင်းတစ်ခုစီးဆင်းလာပေလိမ့်မည်။

နည်းပြဆရာသည် ထိုသည်ကို အကောင်းဆုံးဖုံးကွယ်ထားခဲ့သော်လည်း ဝမ်ချောင်က ထိုနည်းနစ်နှစ်ခုကို မှတ်မိလိုက်သည်။

"ဒီပုဂ္ဂိုလ်က လုံးဝမရိုးရှင်းဘူး"

ထိုသည်ကိုတွေးမိလျှင် ဝမ်ချောင်သည် သူ၏ဓားကို နောက်တစ်ကြိမ်မြှောက်လိုက်သည်။

---------

*******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

All Chapters