အခန်း (၁၉၆-၂၀၀)
Vol. 8 Ch. 196-200
အပိုင်း ၁၉၆
ဘုန်းးး
ဝမ်ချောင်၏ခြေထောက်များသည် အောက်ဖက်သို့ တရွတ်တိုက်သွားခဲ့ပြီး ဖုန်မှုန့်တိမ်တိုက်ကြီးကို ဖြစ်ပေါ်လာစေကာ သူ့မျက်နှာကို ဖုံးကွယ်စေခဲ့သည်။
ဤလှုပ်ရှားမှုသည် ရုတ်တရက်ဖြစ်ပြီး နည်းပြဆရာ၏မျက်နှာကို အံ့အားသင့်မှုဖြင့် မျက်မှောင်ကြုတ်သွားစေသည်။
ဘန်းးးး
ခဏအကြာတွင် ဖျော့တော့သောအလင်းရောင်တစ်ခုသည် လက်ခနဲဖြစ်သွားကာ ဓားကိုင်ဆောင်ထားသော လူတစ်ဦးသည် ရှေ့သို့ လျင်မြန်စွာတိုးဝင်လာသည်။
"နောက်ထပ် ဒါပဲလား"
နည်းပြဆရာသည် ပေါ့ပါးစွာ ရယ်လိုက်သည်။ ရှောင်တိမ်းရမည့်အစား ဝမ်ချောင်ကို သူ့ဆီသို့ တိုးဝင်လာခွင့် ပေးလိုက်သည်။
သို့သော် ဤတစ်ကြိမ်တွင် အနည်းငယ်ခြားနားသည်။ နည်းပြဆရာ၏ နောက်ကျောမှ တိုက်ခိုက်မည့်အစား ညာဖက်အရှေ့မှတိုက်ခိုက်လိုက်သည်။
ဟောင်းဟောင်းဟောင်း
ဓားနှင့် လက်ချောင်းသည် ထိပ်တိုက်တွေ့ဆုံသွားခဲ့ကာ နားအူသွားစေသည့် ပဲတင်သံထွက်ပေါ်လာသည်။ ဝမ်ချောင်၏ ဓားချီသည် နည်းပြဆရာ၏ 'လားရာဆယ်ဖက်မိုးကြိုးလက်ချောင်း' ကို လုံးဝမချိုးဖောက်နိုင်ခဲ့ပေ။
သို့သော် ဤတစ်ကြိမ်သူ၏တိုက်ခိုက်မှုသည် ရှေ့တစ်ခေါက်ထက် အတော်လေးခြားနားသည်။ အလယ်၊ အပေါ်၊ အောက်၊ ဘယ်၊ ညာ၊ မွှေ့ခြင်း...ဝမ်ချောင်၏ တိုက်ခိုက်မှုသည် တချို့သော စည်းမျဉ်းများကို လိုက်နာနေပုံရသည်။
ကလင်
သတ္တုသံထွက်ပေါ်လာကာ ဝမ်ချောင်၏ဓားနည်းစနစ်သည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ သူ၏ခွန်အားများ အားလုံးကို စုစည်းလိုက်ကာ နည်းပြဆရာ၏ နောက်ကျောဖက်မှ ခါးဆီသို့ ခုတ်ပိုင်းလိုက်သည်။
"ဟားဟား အဲဒါက အသုံးမဝင်ဘူးကွ"
နည်းပြဆရာသည် ပေါ့ပါးစွာ ရယ်လိုက်သည်။
သူသည် လှည့်လိုက်ပြီး လက်တစ်ဖက်သည် ဝမ်ချောင်၏ဓားကို ထိန်းထားရန် လုပ်ဆောင်နေချိန်၌ ကျန်တစ်ဖက်သည် သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ရန် ရှေ့သို့ ဆန့်ထုတ်လိုက်သည်။
သူတို့၏ ခွန်အားခြားနားချက်သည် အလွန်ကြီးမားလှသည်။ ဝမ်ချောင်၏တိုက်ခိုက်မှုက လုံးဝ ဟန်ပြသက်သက်မဟုတ်ပေ။
၀ုန်း...
နည်းပြဆရာသည် ဝမ်ချောင်၏ လှုပ်ရှားမှုကို ချုပ်နှောင်ခါနီးတွင် အပြောင်းအလဲတစ်ခုက ရုတ်ခြည်း ဖြစ်ပေါ်လာသည်။ ခိုင်လုံသည့်အကြောင်းပြချက်မရှိဘဲ နည်းပြဆရာ၏ လက်ချောင်းများသည် ရုတ်တရက် နှေးကွေးသွားခဲ့သည်။ ထိုသည်မှာ လုံးဝမဖြစ်နိုင်သောအခြေအနေ ဖြစ်သော်ငြား သူ၏လှုပ်ရှားမှုများသည် ကြိမ်ဖန်များစွာ အခေါက်များကြောင့် နှေးကွေးသွားခဲ့ရကာ ထိုသည်မှာ သူ၏ မူလစွမ်းအင် ကုန်ဆုံးသွားသကဲ့သို့ပင်ဖြစ်သည်။
ဤဘာမဟုတ်သော အပြောင်းအလဲသည် နည်းပြဆရာ၏ မျက်နှာကို မည်းမှောင်သွားစေသည်။
အခြားတစ်ဖက်တွင် ဝမ်ချောင်သည် ဤကဲ့သို့ဖြစ်မည်ကို သိထားပုံပေါ်သည်။
ချီ
ဤအခွင့်အရေးကို ဆုပ်ကိုင်ကာ သူသည် ဓားကို မြှောက်လိုက်ပြီး သူရှေ့တွင် သုံးချီအကွာမှ လက်ဖျံရိုးကို ဖြတ်၍ ခုတ်ပိုင်းလိုက်သည်။
ဟိုက်ယား...
ကြီးမားသောခွန်အားတစ်ရပ်သည် နည်းပြဆရာ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့ပြီး ဝမ်ချောင်ကို ဓားနှင့်အတူ အဝေးသို့ လွင့်စဉ်စေလိုက်သည်။
ဖုန်မှုန့်တိမ်တိုက်ကြီးသည် တဖြည်းဖြည်းအနည်ထိုင်လာပြီး အေးချမ်းတိတ်ဆိတ်မှုသည် တောင်ပေါ်သို့ ပြန်ရောက်လာသည်။ နည်းပြဆရာ၏ ခါးမှ အဝတ်စ အနည်းငယ် ကျဆင်းလာသည်။
"ကောင်လေး မင်းအဲဒါကို ဘယ်လိုလုပ်လိုက်တာလဲ"
နည်းပြဆရာသည် ဝမ်ချောင်ကို မယှဉ်သာအောင် ဆိုးရွားသည့်အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။ သူသည် တည်ငြိမ်အေးဆေးကာ ပေါ့ပေါ့ပါးပါး နေတတ်သူတစ်ဦးဖြစ်သော်လည်း ဝမ်ချောင်က သူ့ခါးမှ အဝတ်စအချို့ကို ခုတ်ပိုင်းလိုက်သောအခါ ဆက်ပြီး တည်ငြိမ်စွာမနေနိုင်တော့ပေ။
"ပင်ကိုယ်သိစိတ်"
ဝမ်ချောင်သည် စကားလုံးတစ်လုံးတည်းကို ထုတ်ပြောလိုက်ကာ ရယ်လိုက်သည်။
တစ်ဖက်လူဘာပြောချင်နေသည်ကို သူသိသည်။ အမှန်တကယ်တွင် 'လားရာဆယ်ဘက် မိုးကြိုးလက်ချောင်း' သည်လည်း သူ့အားနည်းချက်နှင့်သူ ရှိသည်။ သို့မဟုတ် ပို၍အတိအကျဆိုရလျှင် ဤအန္တိမကျင့်ကြံခြင်းနည်းစနစ်၏ သဘောသဘာဝကိုက ကျင့်ကြံရန် အလွန်ခက်ခဲသည်။ ဤနည်းစနစ်ကို လုပ်ဆောင်ရန် လူတစ်ဦး၏ ခန္ဓာကိုယ်အနှံ့အပြားသို့ ပိုက်ကွန်ကဲ့သို့သော မရီဒျန်(ချီသွေးကြော)များကို ချိတ်ဆက်၍ ဖွင့်နိုင်ရမည်ဖြစ်ပြီး ထိုနည်းစနစ်ကို အပြည့်အဝ မကျွမ်းကျင်ခဲ့လျှင် ဤအန္တိမနည်းစနစ်သည် ဆိုးရွားသော အားနည်းချက်တစ်ခု ရှိနေမည်ဖြစ်သည်။
ပထမဆုံးတိုက်ခိုက်စဥ်တည်းကပင် ဝမ်ချောင်သည် နည်းပြဆရာက 'လားရာဆယ်ခု မိုးကြိုးလက်ချောင်း' နည်းစနစ်ကို အပြည့်အဝ မကျွမ်းကျင်သေးကြောင်း ကောက်ချက်ချနိုင်ခဲ့သည်။ သူသည် သူ့ညာဘက်နောက်ကျောခါး၌ မရီဒျန်ကို မကျင့်ကြံရသေးပေ။ ထို့ကြောင့် မရီဒျန်ကို အခုထိ မဖွင့်နိုင်သေးပေ။
များသောအားဖြင့် ဤကဲ့သို့အားနည်းချက်သည် ပြဿနာကြီးကြီးမားမားမဟုတ်ပေ။ သို့သော်လည်း အကယ်၍ လူတစ်ဦးသည် အထူးနည်းစနစ်ကို အသုံးပြုသည့်အခါ သူ၏ခန္ဓာကိုယ်ရှိ မူလစွမ်းအင်ကို သူ့နောက်ကျောခါး၏ ညာဘက်ဆီသို့ တစ်ခုတည်းသော မရီဒျန်တစ်လျှောက် စီးဆင်းစေလိုက်မည်ဆိုပါက သူ၏မူလစွမ်းအင်စီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။ တစ်ဖက်လူသည် သူ၏မူလစွမ်းအင် ရုတ်တရက်လျော့နည်းသွားသည်နှင့် ကြုံရမည်ဖြစ်ပြီး ဤသည်က တိုက်ပွဲအလယ်တွင် ဟာကွက်တစ်ခု ဖြစ်လာစေမည်ဖြစ်သည်။
သို့သော်လည်း ဤကိစ္စသည် အလွန်အံ့အားသင့်ဖွယ်ကောင်းပြီး မယုံကြည်နိုင်စရာကောင်းသောကြောင့် ဝမ်ချောင်သည် ထိုသည်ကို ထုတ်ပြောမည်မဟုတ်ပေ။
"ပင်ကိုယ်သိစိတ်လား"
နည်းပြဆရာသည် လေးနက်စွာ တွေးလိုက်သော်လည်း သူ၏အဖြေကို လက်ခံလိုက်သည့်အလား သူ့မျက်ခုံးများကို ဖြည်းဖြည်းချင်း ဖြေလျော့လိုက်သည်။ သိုင်းပညာလမ်းကြောင်းတွင် အခြားလူများထက် သာလွန်သော ပင်ကိုယ်သိစိတ်ကို ပိုင်ဆိုင်ထားသည့် ပါရမီရှင်လူအချို့ရှိသည်။ ပြိုင်ဘက်များ၏ လှုပ်ရှားမှုများမှ အားနည်းချက်များကို သူတို့သည် အလိုလိုသိနိုင်ကြသည်။
အကယ်၍ ဝမ်ချောင်သည်လည်း ထိုကဲ့သို့သော အရည်အချင်းများကို ပိုင်ဆိုင်ထားခဲ့ပါက ထိုသည်မှာ ပြီးခဲ့သည့်အခြေအနေများကို ရှင်းပြပြီးဖြစ်လိမ့်မည်။
“ငါ့ရဲ့ ၀တ်ရုံတစ်စိတ်တစ်ပိုင်းကိုတောင် ပင်ကိုယ်သိစိတ်နဲ့ ပိုင်းဖြတ်နိုင်တာက တကယ်ကို အထင်ကြီးစရာပါပဲ၊ မင်း အောင်မြင်ပြီ"
"ကျေးဇူးတင်ပါတယ် ဆရာ"
ပျော်ရွှင်ခြင်း... ဝမ်ချောင်သည် အလျင်အမြန် အရိုအသေပေးလိုက်သည်။
"အင်း အနားမှာ အရင်စောင့်နေဦး၊ အချိန်ကျရင် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းမှာ လိုက်ပြပေးမယ်၊ ငါ မင်းကို မကြာခဏ မလိုက်ပြနိုင်ဘူး၊ ဒါကြောင့် မင်းကိုယ်တိုင် ပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင် လုပ်ရမယ်"
နည်းပြဆရာက ပြောလိုက်သည်။
ဝမ်ချောင်သည် ခေါင်းညိတ်ကာ နောက်ပြန်ဆုတ်လိုက်သည်။ နောက်ဆုံးတွင် ပင်ပန်းမှုကို သူ့ခန္ဓာကိုယ်က ခံစားလိုက်ရပြီး သိသိသာသာ သက်သာရာ ရလာသည်။ ဤသို့ဖြင့် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းတွင် ဝမ်ချောင်၏ အဓိက ရည်မှန်းချက်သည် ပြီးမြောက်အောင်မြင်ခဲ့သည်။
"သခင်လေး အဲဒီပုဂ္ဂိုလ်က အရမ်းသန်မာလွန်းတယ်၊ ကျွန်တော်စမ်းသပ်မှုကို မဖြတ်ကျော်နိုင်မှာကို စိုးရိမ်မိတယ်"
ဝမ်ချောင်ပြန်ရောက်လာခဲ့သည်တွင် ကျောက်ကျင်းတန်သည် မျက်မှောင်ကြုတ်၍ မှတ်ချက်ပေးလိုက်သည်။
သူသည် ဤနေရာမှ မြင်ကွင်းကို ကြည့်နေခဲ့ပြီး ဝမ်ချောင်သည်ပင်လျှင် စမ်းသပ်မှုတွင် အတော် ရုန်းကန်ခဲ့ရသည်။ သူ့အတွက် စမ်းသပ်မှုကိုကျော်ဖြတ်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
"မင်းစိတ်ပူစရာမလိုပါဘူး"
ခဏလောက်စဉ်းစားပြီးနောက် ဝမ်ချောင်ရယ်လိုက်သည်။
"စမ်းသပ်မှုကို ဖြတ်ကျော်ဖို့ မတူညီတဲ့လူတွေအတွက် မတူညီတဲ့ နည်းလမ်းတွေ ရှိတယ်၊ ငါလုပ်တဲ့နည်းလမ်းအတိုင်း လိုက်မလုပ်နိုင်ရုံနဲ့ တခြားနည်းလမ်းတွေ မရှိတော့ဘူးလို့ ဆိုလိုတာ မဟုတ်ဘူး၊ ဒါ့အပြင် မင်းသတိထားမိသလားမသိဘူး၊ အစကနေ အဆုံးအထိ အဲဒီလူက သူရဲ့ခွန်အားနဲ့ ကျင့်ကြံခြင်းအဆင့်ကို မူလစွမ်းအင် အဆင့်မှာ ဖိနှိပ်ထားခဲ့တယ်"
"ဒါက..."
ကျောက်ကျင်းတန် အတွေးနက်သွားသည်။
"အဲဒီလူက အနည်းဆုံး အစစ်အမှန်သိုင်းပညာနယ်ပယ်အဆင့်က ကျွမ်းကျင်သူတစ်ယောက်ပဲ၊ ပြီးတော့ သူသာ ခွန်အားအပြည့် ထုတ်သုံးခဲ့ရင် ငါတို့အတွက် အခွင့်အရေးရှိမယ်လို့ မင်းထင်သလား၊ အခွင့်အရေးသုံးကြိမ်လို့ သူပြောခဲ့တာက တကယ်တော့ သူက ငါတို့ကို အခွင့်အရေးပေးခဲ့တာပဲ၊ တစ်နည်းပြောရရင် သူသာ ဘယ်သူ့ကိုမှ အောင်မြင်ခွင့် မပေးချင်ရင် ဒီလောက်ထိဒုက္ခခံနေစရာမလိုဘူး"
ဝမ်ချောင်ပြောလိုက်သည်။
"ကျွန်တော်နားလည်ပါပြီ"
ကျောက်ကျင်းတန် ခေါင်းညိတ်လိုက်သည်။ စမ်းသပ်မှုသည် ခက်ခဲသော်လည်း မဖြစ်နိုင်သည်တော့မဟုတ်ပေ။
လိုအပ်သည်မှာ ထပ်လောင်းအားထုတ်မှုနှင့် ဉာဏ်အမျှော်အမြင်ဖြစ်သည်။
"ငါပြောတာနားထောင်"
ဝမ်ချောင်သည် ကျောက်ကျင်းတန်ကို ဘေးသို့ဆွဲခေါ်လိုက်ပြီး သူ့နားထဲသို့ တိုးတိုးလေးပြောလိုက်သည်။ ထို့နောက် ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
“ငါ မင်းကို ဒီလောက်ပဲ ပြောနိုင်တယ်။ ကျန်တာ မင်းအပေါ်မှာပဲ မူတည်တယ်”
စမ်းသပ်မှုသည် မလွယ်ကူပေ။ လက်ရှိကျောက်ကျင်းတန်သည် သူ့ယခင်ဘဝကသိခဲ့ရသည့် ကျောက်ကျင်းတန်နှင့် မတူတော့ပေ။ သူ့ရှေ့ရှိလူသည် အတွေ့အကြုံ မရှိသေးသော်လည်း တချို့အရာများက ယခင်အတိုင်းကျန်နေဦးမည်ဟု ဝမ်ချောင်ယုံကြည်ထားသည်။
သူ့စကားလုံးများကို အခြားသူများက နားမလည်နိုင်သော်လည်း ကျောက်ကျင်းတန်သည်တော့ နားလည်နိုင်မည်ဟု ဝမ်ချောင် ယုံကြည်ထားသည်။
"သခင်လေး ကျွန်တော်နားလည်ပါပြီ"
ကျောက်ကျင်းတန် ခေါင်းညိတ်လိုက်သည်။
ထို့နောက် တောင်ပေါ်မှ လမ်းလျှောက်သွားလိုက်ကာ ကျောက်ကျင်းတန်သည် စမ်းသပ်မှုကို အလျင်စလို မလုပ်ခဲ့ပေ။ ထို့အစား သူသည် ဧရိယာနှင့်အလှမ်းဝေးသောနေရာတွင် ရပ်လိုက်ကာ မေးစေ့ကို ပွတ်သပ်ပြီး ပတ်ဝန်းကျင်ကို ဆင်ခြင်စဥ်းစားကာ လေ့လာလိုက်သည်။
"ဆရာဗျ ကျွန်တော်က ကျောက်ကျင်းတန်ပါ၊ ကျွန်တော်ခင်ဗျားရဲ့စမ်းသပ်မှုကို ကြိုးစားကြည့်ချင်ပါတယ်"
ခဏကြာပြီးနောက် ကျောက်ကျင်းတန်သည် နောက်ဆုံးတွင် လျှောက်သွားလိုက်ပြီး လေးနက်စွာ ဦးညွတ်လိုက်သည်။
"ဟီးဟီး မင်းရဲ့ အကွက်တွေကို ငါ့ကို ပြစမ်းပါ"
နည်းပြဆရာက ပေါ့ပေါ့ပါးပါး လှမ်းပြောလိုက်သည်။
ကျောက်ကျင်းတန်သည် စကားနည်းသူဖြစ်ပြီး အနည်းငယ် အကင်းပါးပုံပေါ်သော်လည်း သူသည် အားနည်းခြင်း မရှိပေ။ ဝမ်ချောင်ကဲ့သို့ပင် သူသည်လည်း မူလစွမ်းအင်အဆင့်ခုနစ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ မြိုစားကြီးကျူး၏လက်အောက်ခံ လူငယ်မျိုးဆက်များအကြား၌ပင် ယွဲ့ရင်ပင်းသည်သာ သူ့ကို ဖိနိပ်နိုင်လိမ့်မည် ဖြစ်သည်။
ကျောက်ကျင်းတန်၏ ကျင့်ကြံမှုသည် ထူးချွန်ပြောင်မြောက်လှသောကြောင့် ဝမ်ချောင်သည် သူ့ကို ကြိုးစားကြည့်ရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ဘုန်းးးး
ဖုန်မှုန့်တိမ်တိုက်ကြီး ထွက်ပေါ်လာသည်။ ကျောက်ကျင်းတန်၏ တိုက်ခိုက်ပုံသည် ဝမ်ချောင်နှင့် ကွာခြားသည်။ သူ၏ ထိုးနှက်ချက်များသည် ထိပ်တိုက်ဖြစ်ပြီး အားကောင်းရုံသာမက တစ်ချိန်တည်းမှာပင် သူတို့သည် အသက်ဝင်ခြင်း သို့မဟုတ် လိုက်လျောညီထွေရှိခြင်း၌လည်း ကင်းမဲ့နေခြင်းမရှိပေ။ ထိုအချက်မှ ကျောက်ကျင်းတန်၏ အရည်အချင်းသည် ထိပ်တန်းဖြစ်သည်ကို တွေ့မြင်နိုင်သည်။
အနည်းဆုံး သူသည် ဝမ်ချောင်နှင့် သိပ်မကွာပေ။
ဘုန်းဘုန်းဘုန်း
လူနှစ်ဦးသည် လျင်မြန်စွာ တိုက်ခိုက်နေကြပြီး အသက်ရှူချိန်ခဏကြာပြီးနောက်တွင် လူတစ်ဦးသည် ကြိုးပြတ်သွားသောစွန်ကဲ့သို့ လွင့်ထွက်လာသည်။
ကျောက်ကျင်းတန် ပင်ဖြစ်သည်။
"မင်းဆက်ပြီးတိုက်ခိုက်ချင်သေးလား"
နည်းပြဆရာ ပြုံးလိုက်သည်။ သူ့နောက်ကျောသို့ လက်တစ်ဖက်ပို့ထားလျက် ခမ်းနားထည်ဝါသည့် အသွင်သဏ္ဌာန်ကို ဆောင်နေသည်။ သူ၏လှုပ်ရှားမှုများသည် မြင့်မြတ်သည့်ဟန်ပန်ကို သယ်ဆောင်ထားသည်။
"နောက်တစ်ကြိမ်"
ကျောက်ကျင်းတန်သည် သူ့ပါးစပ်တစ်ဝိုက်ရှိ သွေးအနည်းငယ်ကို သုတ်လိုက်ကာ နောက်တစ်ကြိမ် ထပ်တိုက်ရန် ရှေ့သို့တိုးလိုက်သည်။
သူ၏တိုက်ခိုက်သည့်ပုံစံသည် ခုနကနှင့်ခြားနားသွားသည်မှာ ထင်ရှားသည်။ ထိုသည်မှာ အင်အားနည်းသွားပုံ ပေါ်သော်လည်း ပျော့ပျောင်းမှုနှင့် သွက်လက်မှုကို တိုးစေခဲ့သည်။ သို့သော်လည်း နောက်ပြန်ကန်ထုတ်ခံရခြင်း၏ အန္တိမကံကြမ္မာကို သူ မရှောင်လွှဲနိုင်သေးပေ။
ဘုန်းးးး
ကျောက်ကျင်းတန် လေထဲသို့ လွင့်စဉ်သွားသည်ကို ဘေး၌ ကြည့်နေသည့် ဝမ်ချောင်က မျက်မှောင်ကြုတ်လိုက်သည်။ စမ်းသပ်မှုအတွက် အခွင့်အရေးသုံးကြိမ်သာရှိပြီး ကျောက်ကျင်းတန်သည် နှစ်ကြိမ် ကျရှူံးခဲ့ပြီးဖြစ်သည်။
သူသည် နောက်တစ်ကြိမ်ကျရှုံးခဲ့ပါက သူ့တွင် မည်သည့်အခွင့်အရေးမျှ ကျန်တော့မည်မဟုတ်ပေ။
"အဲအစား ငါ့လုပ်ရပ်က သူ့ကို ထိခိုက်စေတာလား"
ဝမ်ချောင် တွေးလိုက်သည်။
နည်းပြဆရာ အသုံးပြုနေသည့် စွမ်းအားသည် ယခင်ကထက် အနည်းငယ်ပို၍ ကြီးမားလာသည်ဟု သူခံစားနိုင်သည်။
သူသည် ကျောက်ကျင်းတန်ကို ဆန့်ကျင်နေသည်မှာ ထင်ရှားသည်။
သူတို့နှစ်ဦးသည် သူ့ကို ကြည့်နေသည်မှာ တော်တော်ကြာနေပြီဖြစ်ပြီး နည်းပြသည် ထိုသည်ကို အစကတည်းက သတိထားမိပြီးသား ဖြစ်သည်။ ဝမ်ချောင်၏လွှမ်းမိုးမှုကြောင့် ဖြစ်နိုင်သော်လည်း တစ်ဖက်လူသည် ကျောက်ကျင်းတန်ကို ကျော်ဖြတ်ခွင့် မပြုရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့ခြင်းဖြစ်နိုင်သည်။
"ကျောက်ကျင်းတန် တန်းလျားများကိုနင်းနေတဲ့ မြင်း"
ဝမ်ချောင်သည် ရုတ်တရက်အော်လိုက်သည်။
ဝမြးးး
ဝမ်ချောင်၏အသံကိုကြားသည်နှင့် ကျောက်ကျင်းတန်၏ ခန္ဓာကိုယ်သည် ဆတ်ခနဲ တစ်ချက်လှုပ်သွားသည်။ သူသည် လျင်မြန်စွာဖြင့် ဝမ်ချောင်က မယုံနိုင်စရာ တစ်စုံတစ်ခုကို ပြောလိုက်သကဲ့သို့ ဝမ်ချောင်ကို အံ့အားသင့်စွာလှည့်ကြည့်လိုက်သည်။
"အဲဒါကဘာလား"
နည်းပြဆရာသည် မျက်မှောင်ကြုတ်လိုက်သည်။
ဝုန်းခနဲ မြည်ဟည်းလာသောအခါ သူသည် ထိတ်လန့်တကြားဖြင့် ဝမ်ချောင်ကို လှည့်ကြည့်လိုက်သည်တွင် အလင်းရောင်တစ်ခုသည် လက်ခနဲ ဖြစ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသောအားတစ်ခုသည် လေထဲတွင် လှိုင်းဂယက်ထသွားသည်။
မူလစွမ်းအင်သည် ကျောက်ကျင်းတန်၏ ခန္ဓာကိုယ်မှ တလှိမ့်လှိမ့်ထွက်ပေါ်လာကာ ကျားတစ်ကောင်ကဲ့သို့ ခုန်အုပ်လိုက်သည်။
တူညီသော လှုပ်ရှားမှုနှင့် တူညီသော တိုက်ခိုက်မှု နည်းစနစ် သို့သော် နည်းပြဆရာသည် ရင်းနှီးကျွမ်းဝင်မှုကြားတွင် တစ်စုံတစ်ရာ ကွာခြားသွားသည်ဟု ခံစားလိုက်ရသည်။
ဘုန်းးး
ကျောက်ကျင်းတန်သည် နောက်တစ်ခေါက်ရှုံးနိမ့်ခါနီးတွင် ရုတ်ခြည်းအပြောင်းအလဲတစ်ခု ဖြစ်ပျက်သွားသည်။ သူ့ခန္ဓာကိုယ်သည် ယိမ်းထိုးလာပြီး အရှိန်အဝါများကိုထုတ်လွှတ်လိုက်ကာ သူ၏အလျင်သည် ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ တခဏအတွင်း သူသည် နှစ်ယောက်ဖြစ်သွားကာ ထို့နောက် သုံးယောက် ချက်ချင်း ပုံရိပ်များစွာကို နောက်တွင် ချန်ထားခဲ့သည်။
ဘုန်းး
သူသည် နည်းပြ၏လက်သီးကို ရှောင်လိုက်ကာ နည်းပြဆီသို့ ပစ်ဝင်လိုက်သည်။
ဘုန်းးး
ပြင်းထန်သောလက်သီးသည် ကျောက်ကျင်းတန်၏ရင်ဘက်ကို ထိမှန်သွားခဲ့ကာ သူ့ကို အနီးသို့ ရောက်လာခြင်းမှ ဟန့်တားလိုက်သည်။ သို့သော်တစ်ချိန်တည်းမှာပင် ခြေဖဝါးနှစ်ဖက်သည်လည်း နည်းပြဆရာ၏ ရင်ဘက်ကို ထိမှန်သွားခဲ့သည်။
ဟောင်းလောင်းးး
ကျောက်ကျင်းတန်သည် မြေပြင်ပေါ်သို့ လွင့်ထွက်သွားခဲ့ပြီး သွေးတစ်ပွက် အန်လိုက်ရသည်။ သူ၏မျက်နှာသည်လည်း ချက်ချင်းဖြူရော်သွားခဲ့သည်။
တစ်ဖက်တွင် နည်းပြဆရာသည် သူ၏နောက်ဆုံးတိုက်ခိုက်မှုအနေအထား၌သာ ရှိနေသည်။ သူ့ရင်ဘတ်ပေါ်ရှိ ခြေရာနှစ်ခုကို ငုံ့ကြည့်လိုက်သည်တွင် ထူးဆန်းသည့်အမူအရာတစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။
"မင်းနိုင်ပြီ"
အချိန်အတော်ကြာပြီးနောက် နည်းပြဆရာက နောက်ဆုံးတွင် ပြောလိုက်သည်။
ထိုကန်ချက်နှစ်ခုသည် သူ့ကို ကလိထိုးသလဲသို့ပင် မနာကျင်စေသော်လည်း သူရှုံးနိမ့်နေဆဲဖြစ်သည်။
သူသည် ကျောက်ကျင်းတန်က ဤကဲ့သို့ ကိုးယိုကားယားကန်ချက်နှစ်ခုဖြင့် သူ၏ခံစစ်ကို ထိုးဖောက်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထိုသည်မှာ လူလည်ကျသည်ဟု ယူဆ၍ရသော်လည်း တစ်ဖက်လူသည် သူ၏ကိုယ်ပေါ်တွင် ခြေရာနှစ်ခုချန်ထားခဲ့သည်မှာ အမှန်တရားဖြစ်သည်။
စည်းမျဉ်းအရ သူရှုံးသည်။
"အဲဒါက မင်းသူ့ကိုသင်ပေးတဲ့ နည်းလမ်းဆိုတာလား"
"ဟုတ်ကဲ့"
ဝမ်ချောင်မငြင်းပေ။ သူသည် ကျောက်ကျင်းတန်းဆီသို့ လျှောက်လာကာ လက်ခြောက်ချောင်းကျန်းထံမှ ရရှိထားသော ဆေးလုံးကို ထုတ်ပေးလိုက်သည်။
"ရောဒီမှာ ဒီဆေးကိုသောက်လိုက်"
-------
*******
pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်
Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်
အပိုင်း ၁၉၇
ဝမ်ချောင်သည် ကျောက်ကျင်းတန်ကို ဘေးဘက်သို့ ရွှေ့ပေးလိုက်သည်။ သူဆေးသောက်ပြီး ခဏတဖြုတ် အနားယူပြီးနောက် ကျောက်ကျင်းတန်၏ မျက်နှာသည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသည်။
"သခင်လေး ကျွန်တော် မြင်းတန်းလျားများကို နင်းချေခြင်းကို ကျင့်ကြံထားတာ ဘယ်လိုသိတာလဲ"
ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး မည်သူမျှ မကြားနိုင်လောက်သည့် အကွာအဝေးတစ်ခုသို့ ရောက်လာပြီးနောက် ကျောက်ကျင်းတန်သည် သူ့စိတ်ကို အနှောင့်အယှက်ပေးနေသော မေးခွန်းတစ်ခုကို ဝမ်ချောင်အား မေးလိုက်သည်။
မြင်းတန်းလျားများကို နင်းချေခြင်း သည် ကျောက်မျိုးနွယ်စု၏ အန္တိမ(ထိပ်တန်း)နည်းစနစ်တစ်ခုဖြစ်သည်။ ထိုနည်းစနစ်သည် တစ်ဦး၏ အမြန်နှုန်းကို အချိန်တစ်ခုအကြာ တိုးမြှင့်စေသည်။ ထိုသည်က ပြိုင်ဘက်၏ခံစစ်ကို ထိုးဖောက်ရန်နှင့် ပြိုင်ဘက်ကို စိတ်ရှုပ်ထွေးသွားစေရန် လူတစ်ဦးကို နောက်ချန်ပုံရိပ်သုံးခု ဖန်တီးပေးနိုင်သည်။
အများအားဖြင့် ခံစစ်ကို ထိုးဖောက်သည့်အခါ လူတစ်ဦး၏အာရုံသည် ရန်သူ၏ကိုယ်အပေါ်ပိုင်းကို ပစ်မှတ်ထားရသည်။ သို့သော် 'တန်းလျားများကိုနင်းနေသောမြင်း' ၏ အခရာကျသည့်အချက်မှာ အမှန်တကယ်ပင် ခြေဖဝါး၌ ရှိနေသည်။
နည်းပြဆရာသည် ကျောက်ကျင်းတန်၏ လှည့်စားမှုကြောင့် ရင်ဘတ်ကိုအကန်ခံလိုက်ရကာ တခဏအတွင်း အရာအားလုံးကို စီရင်ချက်ချခံလိုက်ရခြင်းဖြစ်သည်။
သို့ရာတွင် ဤအရာသည် တစ်ဖက်လူက ကြိုတင်ပြင်ဆင်မှုမရှိသည့်အချိန်တွင် တစ်ဖက်လူ၏ခံစစ်ကို ထိုးဖောက်ရာ၌ အထူးအသုံးဝင်သောလျှို့ဝှက်ဆန်းကြယ်သည့် လှုပ်ရှားမှုတစ်ခုဖြစ်သော်လည်း ကျင့်ကြံရန် အလွန်ခက်ခဲသည်။ ထို့ကြောင့် ကျောက်မျိုးနွယ်စုအဖွဲ့ဝင်အနည်းငယ်ကသာ ဤအရာကို အောင်မြင်စွာ ကျင့်ကြံနိုင်ကြသည်။
အမှန်တကယ်တွင် ကျောက်ကျင်းတန်သည် 'မြင်းတန်းလျားများကိုနင်းချေခြင်း' ကို လျှို့ဝှက်စွာ ကျင့်ကြံထားခဲ့ခြင်းဖြစ်သည်။ သူ့အဘိုးတောင်မှ သတိမပြုမိခဲ့ပေ။ သူသည် ဤနည်းစနစ်ကို ကျင့်ကြံ၍ မပြီးသေးသောကြောင့် လက်တွေ့တိုက်ပွဲ၌ အသုံးပြုရန် မစဉ်းစားခဲ့ပေ။ အမှန်တကယ်တွင် သူခုနက အန်လိုက်သည့် သွေးအများစုသည် သူ့အတွင်းစွမ်းအင်၏ ဆန့်ကျင်မှုကြောင့်ဖြစ်သည်။
"ဟဲဟဲ ငါ့အဘိုးက ကျောက်မျိုးနွယ်စုရဲ့မြင်းတန်းလျားများကိုနင်းချေခြင်း အကြောင်းကို တစ်ခါက ပြောပြဖူးတယ် မင်းရဲ့ မူလစွမ်းအင်ကျင့်ကြံခြင်းအဆင့် ၇ အရ မင်းက ဒီလျှို့ဝှက်ပညာကို စပြီး ကျင့်ကြံနေတာ ဖြစ်ရမယ်'
ဝမ်ချောင် ပြောသည်။
"ဒါဆို မြို့စားကြီးကျူးပေါ့"
ကျောက်ကျင်းတန်သည် သဘောမပေါက်ခင် တခဏတာမျှ အံ့အားသင့်သွားခဲ့သည်။ မြို့စားကြီးကျူး ဆိုပါက မည်သည့်ထူးဆန်းသည့်အဖြစ်အပျက်ကိုမဆို ရှင်းပြနိုင်သည်။ သူသည် 'မြင်းတန်းလျားများကို နင်းချေခြင်း'ကျင့်ကြံထားခြင်းကို အခြားသူများဆီ ဖုံးကွယ်ထားနိုင်သော်လည်း မြို့စားကြီးကျူး၏ စူးရှသောမျက်လုံးများရှေ့တွင်မူ ဖုံးကွယ်ထားနိုင်မည်ဟု မမျှော်လင့်ထားပေ။
ကျောက်ကျင်းတန်၏အမူအရာကို မြင်လျှင် ဝမ်ချောင်သည် စိတ်ထဲ၌ မရယ်မောဘဲ မနေနိုင်တော့ပေ။
ကျောက်ကျင်းတန်၏ကိစ္စတွင် သူ့အဘိုးကို မေးရန်လိုသေးသလော။ သူ့အရင်ဘဝ၌ သူတို့နှစ်ယောက်သည် အတူတကွ တိုက်ပွဲဝင်ခဲ့ကြပြီး စစ်မြေပြင်များစွာကို အတူတကွ အောင်နိုင်ခဲ့ကြသည်။ သူ့ထက်ပို၍ တစ်ဖက်လူ၏ သိုင်းပညာရပ်များကို သိနိုင်သူ မရှိတော့ပေ။
ကျောက်ကျင်းတန်သည် 'မြင်းတန်းလျားများကိုနင်းချေခြင်း' ကို ကျင့်ကြံထား၊ မထားနှင့် မည့်သည့်အဆင့်ထိ ရောက်နေပြီမှန်း ဝမ်ချောင် တစ်ချက်ကြည့်ရုံဖြင့်ပင် ပြောနိုင်သည်။
“မင်းကို သူ့လက်အောက်ဝင်ဖို့ ငါတိုက်တွန်းရတာက အကြောင်းရင်းရှိတယ်၊ အနာဂတ်မှာ လေ့ကျင့်ရေးစစ်စခန်းကနေ ဘွဲ့ရသူတိုင်းဟာ အနာဂတ်မှာ ကြီးကျယ်တဲ့အဆင့်ကို ရောက်ကြမှာ ဆိုပေမဲ့ ဒီနည်းပြဆရာကတော့ ခြားနားတယ်၊ အခြားသူတွေက အောက်ခြေအဆင့်ကနေ နှစ်အတော်ကြာ ခက်ခဲပင်ပန်းစွာ စတင်နေချိန်မှာ ငါတို့ကတော့ စစ်သူကြီးတစ်ယောက်ရဲ့တာဝန်ကို ချက်ချင်း ထမ်းဆောင်နိုင်မှာဖြစ်ပြီး စစ်မြေပြင်မှာ စစ်တပ်ကို ဦးဆောင်နိုင်မှာ၊ အဲဒီအချိန်ကျမှ ဒီသွေးတစ်ပွက်ဟာ ထိုက်တန်တယ် ဆိုတာ မင်းနားလည်လာလိမ့်မယ်"
“အာ”
ကျောက်ကျင်းတန်သည် ခေါင်းကို ဆတ်ခနဲ မော့လိုက်ကာ အံ့ဩသွားသည်။
ဝမ်ချောင်သည် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ 'ကွပ်ကဲခြင်းပညာရပ်' ကို သင်ယူသူတစ်ဦးသည် အခြားသူများကဲ့သို့ တူညီသောလမ်းကို လျှောက်လှမ်းရမည်မဟုတ်ပေ။
ရှန်းဝူနှင့်လုံ့ဝေတို့မှ ဘွဲ့ရသူများ အပါအဝင် အခြားသော ဘွဲ့ရသူများသည် အများအားဖြင့် အနိမ့်ဆုံးတပ်မှုးအဆင့်မှ စတင်ကြရမည်ဖြစ်သည်။ တစ်ဖက်တွင်မူ 'ကွပ်ကဲခြင်းပညာရပ်' ကို သင်ယူခဲ့သူများသည် ဘွဲ့ရပြီးသည်နှင့် ဒုစစ်သူကြီးနေရာကို ပေးအပ်ခြင်းခံရမည်ဖြစ်သည်။
ဤသည်မှာ ဤနည်းပြဆရာလက်အောက်သို့ ဝင်ရန် ဝမ်ချောင်တိုက်တွန်းရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။
ဝမ်ချောင်သည် သူ၏ယခင်ဘဝတွင် သူ၏အချိန်အများစုကို အသုံးမကျစွာ နေထိုင်ခဲ့သည်။ ကပ်ဘေး ကျရောက်ပြီးနောက်မှသာ သူသည် အကြီးအကဲများ၏ အာရုံကိုဖမ်းစားနိုင်ခဲ့ပြီး အလယ်ပိုင်းလွင်ပြင်ဒေသ၏ စစ်သေနာပတိချုပ်ချက်ချင်းဖြစ်လာခဲ့သည်။ သို့သော် ထိုသည်မှာ အလွန်နောက်ကျနေခဲ့ပြီဖြစ်သည်။ အခွင့်အရေးများစွာကို လွဲချော်ခဲ့ရပြီးဖြစ်သည်။
ထို့ကြောင့် ဝမ်ချောင်သည် ဤဘဝတွင် အလားတူဖြစ်ရပ်မျိုး ဖြစ်မလာစေရန် ဆုံးဖြတ်ချက်ချခဲ့သည်။ ထို့ကြောင့် သူသည် ထိုနည်းပြဆရာဖက်သို့ လှည့်လိုက်သည်။ 'ဒုစစ်သူကြီး' သည် အလွန်ကောင်းမွန်သော စမှတ်ဖြစ်သည်။ ပုံမှန်အခြေအနေတွင် အရည်အချင်းရှိသည့် ခြေလျင်တပ်သားတစ်ယောက်ပင်လျှင် ဒုစစ်သူကြီးရာထူးသို့တက်ရောက်ရန် အနည်းဆုံး နှစ်ပေါင်းများစွာ အချိန်ယူရမည်ဖြစ်သည်။
ဝမ်ချောင်တွင် အချိန်ကလွဲ၍ မည်သည့်ခြွင်းချက်မှမရှိချေ။ သူဘွဲ့ရပြီးသည်နှင့် ဒုစစ်သူကြီးတစ်ယောက် ဖြစ်လာနိုင်ခဲ့လျှင် ဤခြွင်းချက်မှ အများကြီး သက်သာသွားနိုင်သည်။
“စာမေးပွဲမပြီးခင် အချိန်နည်းနည်း ကျန်သေးတယ်၊ မင်း ဒီမှာ အရင်အနားယူသင့်တယ်၊ ငါ လမ်းသွားလျှောက်လိုက်အုံးမယ်"
ဝမ်ချောင်သည် တောင်ပေါ်တွင် လမ်းမလျှောက်ခင် ပြောလိုက်သည်။
ဝမ်ချောင်၏အမြင်တွင် လက်ရှိ ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းသည် ရတနာသိုက်တစ်ခု ဖြစ်သည်။ ဤနေရာတွင် အနာဂတ်စစ်သူကြီးအများအပြား ရှိနေသည်။
သူသည် သူ၏ဖဲချပ်များကို ကောင်းမွန်စွာ ကစားနေသရွေ့ ဤအနာဂတ်စစ်သူကြီးများ၏ ခွန်အားနှင့်အတူ သူသည် မဟာထန်၏အနာဂတ်ကို လုံးဝပြောင်းလဲလိုက်နိုင်မည်ဖြစ်သည်။
အလယ်ပိုင်းလွင်ပြင်ဒေသ၏ အနာဂတ်စစ်သေနာပတိချုပ်နှင့်အတူ တက်သစ်စ စစ်သူကြီးအများအပြား လက်ချင်းတွဲ၍ အလုပ်လုပ်ကြပါက ထိုသည်မှာ မည်သူမျှ လျစ်လျူရှု၍မရသည့် စွမ်းအားစုတစ်ခု ဖြစ်သည်။ ထိုသည်မှာ အရာများစွာကို ပြောင်းလဲစေနိုင်သည်။
ဝမ်ချောင်သည် မကြာမီ လူအုပ်ကြားတွင် ပျောက်ကွယ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် လူအုပ်ထဲမှ လူအများအပြား ထွက်ပေါ်လာသည်။
"သွားကြရအောင်၊ ငါတို့လည်း စမ်းကြည့်ကြမယ်”
အမှန်တကယ်တွင် ဝမ်ချောင်နှင့် ကျောက်ကျင်းတန်တို့သည်သာ နည်းပြဆရာကို စောင့်ကြည့်နေကြသည် မဟုတ်ပေ။ ဝမ်ချောင်သည် အခြေအနေကို တစ်နာရီမျှသာ စောင့်ကြည့်ခဲ့သော်လည်း ယခုအချိန်ထိ နာရီအတော်ကြာ စောင့်ကြည့်နေသည့် လူအနည်းငယ် ရှိသေးသည်။
ကျောင်းသားတစ်ဦးသည် နည်းပြဆရာကို အနိုင်ယူရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် လူအများစုသည် ထို့အတွက် မျှော်လင့်ချက်များစွာ မထားခဲ့ကြပေ။ သို့သော်လည်း ဝမ်ချောင်နှင့် ကျောက်ကျင်းတန်တို့ကို နမူနာကြည့်၍ အကြောင်းအရာတချို့ကို သူတို့သိရှိခဲ့ကြသည်။
.......
ဝမ်ချောင်သည် တောင်ပေါ်ရှိ အပြောင်းအလဲများကို သတိမပြုမိပေ။ ဤအချိန်တွင် သူ့အာရုံသည် အခြားအရာတစ်ခု၌ လုံးလုံးလျားလျား နစ်မြုပ်နေသည်။
အဖြစ်အပျက်များ များစွာ ဖြစ်ပျက်သွားခဲ့သောကြောင့် အနာဂတ်လမ်းကြောင်းကို လမ်းကြောင်း ပြောင်းစေခဲ့သည်။ လက်ရှိ ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းသည် သူသိရှိခဲ့သည်နှင့် အလွန် ကွာခြားသွားသည်။ အနည်းဆုံး ထိုအချိန်၌ ဤနေရာတွင် လူငယ်မျိုးဆက် အများအပြားမရှိခဲ့ပေ။
ဝမ်ချောင်၏ လွှမ်းမိုးမှုကြောင့် အရာများစွာ ပြောင်းလဲသွားခဲ့သည်။
သို့သော်လည်း ဝမ်းသာစရာကောင်းသည့်အရာတစ်ခုမှာ ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းစုဆောင်းသည့် လူအရေအတွက်သည်လည်း တိုးလာခဲ့သည်။ ထိုသည်မှာ နိမ့်ကျသည့်နောက်ခံမှ ဆင်းသက်လာသော အနာဂတ်စစ်သူကြီးများအပေါ် သူ၏ သက်ရောက်မှုသည် အနည်းငယ်မျှသာ ဖြစ်သည်ဟု ဆိုလိုသည်။
ဤနေရာ၌ ပေါ်လာသင့်သော စစ်သူကြီးများသည် ဤနေရာ၌ ပေါ်လာပေလိမ့်မည်။
ထိုသည်မှာ ဝမ်ချောင်ကို အလွန်စိတ်သက်သာရာရသွားစေသည့် အချက်ဖြစ်သည်။
လူအုပ်ကြီးသည် ဧရာမတောင်ကြီးဆီသို့ လျှောက်လာကြသည်။ သူတို့အများစုသည် စိုးရိမ်တကြီးဖြင့် စမ်းသပ်မှုကိုကျော်ဖြတ်နိုင်ရန် နည်းပြဆရာတစ်ဦးကိုရှာဖွေရင်း သွားလာနေကြသည်။ သူတို့နှင့် မတူသည့်အချက်မှာ ဝမ်ချောင်၏အာရုံစိုက်မှုသည်တော့ လူအုပ်အပေါ်၌သာရှိနေသည်။ သူ၏အကြည့်များသည် သူ့ဘေး၌ဖြတ်သွားသော လူများစွာ၏ မျက်နှာပေါ်သို့ကျရောက်နေသည်။
ဦးတည်ချက်မရှိလျှောက်သွားနေသော ပုံရိပ်တစ်ခုကို ဝမ်ချောင် ရုတ်တရက် သတိပြုမိသွားသည်။ ထိုလူသည် သူ့နောက်ကျောတွင် ကြီးမားသည့်လေးကိုလွယ်ထားကာ တစ်ခုခုကို ဆုံးရှုံးခဲ့ရပုံဖြင့် တော်ဝင်အစောင့်စစ်သည်၏ အနီးအနားတွင် ယောင်ပေယောင်ပေလုပ်နေသည်။
"သူလား"
ဝမ်ချောင် ရုတ်တရက် ရယ်မောလိုက်သည်။ ကြီးမားသောသင်္ကေတလေးကို မြင်လိုက်ရသည်တွင် ဝမ်ချောင်၏ခေါင်းထဲ၌ မှတ်ဥာဏ်တစ်ခု တဖြည်းဖြည်း ပေါ်လာသည်။ ဒဏ္ဍာရီအရ ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းသို့ ပထမအသုတ်တွင် တပ်သားသစ်တစ်ယောက်သည် ကျေးလက်ဒေသမှ ရောက်ရှိလာပြီး မြို့တော်ကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခြင်း ဖြစ်သောကြောင့် တော်ဝင်အစောင့်စစ်သည်များနှင့် နည်းပြဆရာများအကြား မခွဲခြားနိုင်ဘဲ ရှိနေခဲ့သည်။
ထို့ကြောင့် သူသည် တော်ဝင်အစောင့်စစ်သည်များထံ လျှောက်လာခဲ့ကာ အချိန်အတော်ကြာ စမ်းသပ်မှုအတွက် အခွင့်အရေးတစ်ခုပေးရန် တောင်းဆိုခဲ့သည်။
တော်ဝင်အစောင့်စစ်သည်များသည် သူ့ကို သူတို့သည် နည်းပြဆရာများမဟုတ်ကြောင် ထပ်ခါတလဲလဲ ပြောခဲ့ပြီး နည်းပြဆရာများသည် တောင်ပေါ်၌ရှိကြောင်း ပြောခဲ့သော်လည်း ထိုလူ ရှေ့ဆက်တက်ခဲ့ခြင်းမှာ တောင်ပေါ်၌ တပ်စွဲထားသော အခြားတော်ဝင်အစောင့်စစ်သည်များကို ထပ်မံရှာဖွေရန် ဖြစ်နေခဲ့သည်။
ဤကိစ္စသည် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းတွင် ဟာသကြီးတစ် ခုဖြစ်လာခဲ့ပြီး ထိုသည်မှ မွေးဖွားလာသော ဟာသများစွာရှိခဲ့သည်။
ထိုသို့ဆိုလျှင်တောင်မှ ထိုလူ၏ ခွန်အားသည် ဟာသတစ်ခုမဟုတ်ကြောင်း သူ့နောက်တွင် သယ်ဆောင်ထားသော လေးကြီးက သက်သေပြနေခဲ့သည်။
ဤလူသည် လီအတော်ဝေးဝေးရှိ သစ်ပင်ပေါ်မှ ပန်းသီးတစ်လုံးကို တိကျစွာပစ်နိုင်သည်ဟူသော ကောလာဟလများရှိခဲ့ပြီး သူဦးဆောင်ထားသော လေးပစ်တပ်များဖြင့် အားဖြည့်ထားသည့် ခံတပ်သည် စစ်မြေပြင်တွင် အပြင်းထန်ဆုံးခံတပ်တစ်ခုဖြစ်လာခဲ့သည်။
(တစ်လီ=> ၀.၅ ကီလိုမီတာ)
ပျာယာခတ်နေသော ယင်တစ်ကောင်ကဲ့သို့ လျှောက်သွားနေသောထိုလူကိုမြင်သည်တွင် ဝမ်ချောင်သည် ပေါ့ပါးစွာရယ်လိုက်ပြီး လျှောက်သွားလိုက်သည်။
"အစ်ကို ခင်ဗျားကိုဘယ်လိုခေါ်ရမလဲသိနိုင်မလား"
ဝမ်ချောင်သည် အနီးသို့လျှောက်သွားပြီးနောက် တစ်ဖက်လူ၏အသွင်အပြင်ကို ပို၍ရှင်းလင်းစွာ မြင်လိုက်ရသည်။ တစ်ဖက်လူသည် အသက်ဆယ့်ခြောက်နှစ်မှ ဆယ့်ခုနစ်နှစ်ဝန်းကျင်ခန့်ရှိပြီး သားရဲတစ်ကောင်၏ အရေပြားဖြင့် ချုပ်လုပ်ထားသော ဝတ်စုံကိုဝတ်ဆင်ထားသည်။ သူသည် တောင်ပေါ်အမဲလိုက်သူတစ်ယောက်၏ပုံစံနှင့် အလွန်လိုက်ဖက်လှသည်။
“ဒါ..ဒါက… ငါက ချန်ပုရန်ပါ၊ မြောက်ပိုင်းပြည်နယ်အုပ်ချုပ်ရေးမှူးက ဒီနေရာကို အကြံပြုခဲ့တာ"
လူငယ်မုဆိုးသည် အနည်းငယ်ချုပ်တည်းထားရပုံပေါ်သည်။
"တကယ့်ကို သူပဲ"
ဝမ်ချောင်ထိတ်လန့်သွားသည်။ လုံးဝအမှားအယွင်းမရှိ ထိုလူပင်ဖြစ်သည်။ အားလုံးပြီးနောက် နာမည်သည်ပင် အမှန်ဖြစ်၏။ ထိုသည်မှာ သူသည် တစ်ဖက်လူကို မုဆိုးမိသားစုမှ ဖြစ်မည်ဟု မျှော်လင့်ထားခဲ့ပေ။
လူအတော်များများသူ့ဘေး၌ ဖြတ်လျှောက်သွားကြသော်လည်း လမ်းကြောင်းကိုမမေးမြန်းသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။ အများအားဖြင့် သူသည် သာမန်အချိန်များတွင် အခြားသူများနှင့် ဆက်ဆံလေ့မရှိသောကြောင့် လူမှု့ရေးတွင် အနည်းငယ်အဆင်မပြေရှိနိုင်သည်။
“နည်းပြဆရာ ရှာနေတာလား"
ဝမ်ချောင် မေးလိုက်သည်။
"ဟုတ်..ဟုတ်တယ်၊ ဒါပေမဲ့ နည်းပြဆရာတွေ ဘယ်မှာရှိတယ်ဆိုတာ ရှာမတွေ့ဘူး၊ လူသစ်စုဆောင်းရေးအခမ်းအနားက ပြီးသွားပြီလား"
အဆုံးထိပြောပြီးနောက် ချန်ပုရန်သည် ငိုမဲ့မဲ့ဖြစ်လာသည်။
တစ်ဖက်တွင် ဝမ်ချောင်သည် အော်ရယ်လုနီးပါး ရယ်မောလိုက်သည်။ ဤလူသည် အရင်က စစ်ဆေးမှုကို ဖြတ်ကျော်နိုင်ခဲ့သောကြောင့် သူသည် မသိသလိုမနေသင့်ပေ။ ဤကဲ့သို့ ခရီးရှည်ကြီးကို အိမ်ကနေ ထွက်လာရသည်မှာ သူ့အတွက် ပထမဆုံး အကြိမ်ဖြစ်ပေမည်။
“ဟဲဟဲ စိတ်မပူပါနဲ့ စာမေးပွဲက မပြီးသေးဘူး၊ ငါ မင်းကို နည်းပြဆရာဆီ ခေါ်သွားပေးရမလား"
ဝမ်ချောင် ကမ်းလှမ်းလိုက်သည်။
“အာ..အဲဒါကောင်းလိမ့်မယ်"
ဝမ်းသာအားရဖြင့် လူငယ်သည် ဝမ်ချောင်ကို ကျေးဇူးတင်စွာကြည့်လိုက်သည်။ ဤသည်မှာ ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းသို့ သူဝင်ခဲ့ကတည်းက ပထမဆုံးအကြိမ် တစ်စုံတစ်ယောက်က ရှေ့ထွက်လာပြီး အကူအညီပေးခြင်းဖြစ်သည်။
ဤကဲ့သို့ဖြင့် ဝမ်ချောင်သည် သူ့ကို တောင်ထိပ်သို့ ခေါ်ဆောင်လာခဲ့သည်။
“မင်းပြောခဲ့တဲ့ လူတွေအားလုံးက တော်ဝင်အစောင့်စစ်သည်တွေပဲ၊ တကယ့်နည်းပြဆရာတွေအားလုံးက တောင်ထိပ်နားလောက်မှာ.. သူတို့ရဲ့ အနေအထားက အတူတူလို့ခံစားရပေမဲ့ သူတို့ဟာ လုံးဝကွဲပြားတဲ့ လူစုနှစ်ခုပဲ၊ ဒါ့အပြင် သူတို့ရဲ့ ဝတ်စားဆင်ယင်မှုတွေကလည်း ကွဲပြားတယ်၊ သင်တန်းဆရာတွေ ဝတ်ဆင်ထားတဲ့ ချပ်ဝတ်တန်ဆာက တော်ဝင်အစောင့်စစ်သည်တွေ ဝတ်ဆင်ထားတဲ့ သံချပ်နဲ့ တော်တော်ကွာခြားတယ်"
“အာ"
ချန်ပုရန် သဘောပေါက်သွားသည်ကို ကြည့်လျက် ဝမ်ချောင် ရယ်ချင်လာသည်။
လမ်းတစ်လျှောက်တွင် ချန်ပုရန်သည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို စိတ်ဝင်စားနေပုံရသည်။ တစ်ချိန်တုန်းက သူဖန်တီးခဲ့သည် ဟာသများအတွက် အကြောင်းပြချက်ကောင်းတစ်ခုရှိပုံရသည်။
"မင်းက လေးပစ်ကျွမ်းကျင်သူတစ်ယောက်မို့ ငါ မင်းကို နည်းပြဆရာတစ်ယောက်နဲ့ မိတ်ဆက်ပေးနိုင်တယ်၊ အဲဒီလူက လေးပစ်တာကိုလည်း ကျွမ်းကျင်တယ်"
ဝမ်ချောင် ပြောသည်။
"အမ် ကောင်းပါပြီ"
ချန်ပုရန်သည် ထိုသည်ကို မစဉ်းစားနေဘဲ ခေါင်းညိတ်လိုက်သည်။ ထိုသည်မှာ သူ၏အပြစ်ကင်းစင်မှုကြောင့် ဖြစ်နိုင်သော်လည်း သူသည် ဝမ်ချောင်ကို အပြည့်အ၀ ယုံကြည်ထားပုံရသည်။
အနည်းငယ် အပြန်အလှန် ပြောဆိုပြီးနောက် ဝမ်ချောင်သည် တစ်ဖက်လူအပေါ် အကောင်းမြင်လာသည်။ ချန်ပုရန်သည် တောင်ပေါ်မှ လာခဲ့ပြီး သူ့ပတ်ဝန်းကျင်တွင် ရိုးရှင်းသော အရှိန်အဝါများ ရှိနေသည်။
ဤကဲ့သို့သော အရှိန်အဝါသည် အလိုလိုရင်းနှီးမှုကို ဖြစ်စေသည်။
"ဟုတ်သားပဲ ငါမင်းကိုဘယ်လိုခေါ်ရမလဲ"
ချန်ပုရန်သည် ယခုအချိန်အထိ တစ်ဖက်လူ၏အမည်ကို မသိသေးကြောင်း ရုတ်တရက် သတိရသွားပြီး သူ့ခေါင်းသူရိုက်လိုက်သည်။
"ငါက ဝမ်ချောင်ပါ"
"အာ့"
ချန်ပုရန် ရုတ်တရက်ရပ်သွားသည်။ သူသည် ဝမ်ချောင်ကို ပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
"အဲ..အဲဒါကဖြစ်နိုင်တာက...မင်း..မင်းက.."
ချန်ပုရန်သည် ဝမ်ချောင်ကို ထိတ်လန့်စွာ စိုက်ကြည့်ရင်း စကားထစ်သွားသည်။ သူသည် မုဆိုးမျိုးရိုးမှ ဆင်းသက်လာပြီး တောင်ပေါ်တွင် အချိန်အများစုကို ကုန်ဆုံးစေခဲ့သော်လည်း ဝမ်ချောင်၏ နာမည်ကို ကြားဖူးဆဲဖြစ်သည်။
သူသည် သူ့ကို အကူအညီပေးသည့်သူမှာ ဝမ်ချောင်ဖြစ်မည်ဟု မထင်ထားပေ။
“အန်"
ဝမ်ချောင်သည် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ ဒေသဆိုင်ရာတပ်မှူးများ အဖြစ်အပျက်မှ အကျိုးကျေးဇူးများသည် အတော်ကြီးမားပုံပေါ်သည်။
ထိုသည်မှာ ဝမ်ချောင်ကို သူ၏ အစီအစဉ်များအကောင်အထည်ဖော်ရန် ပိုမိုလွယ်ကူစေသည်။
“ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းက သိပ်မကြီးပါဘူး၊ အချိန်ရရင် ငါ့ကို လာရှာဖို့ အားမနာနဲ့..ငါတို့ အမြဲတမ်း စကားစမြည်ပြောလို့ရတာပေါ့"
ဝမ်ချောင်သည် ချန်ပုရန်ကို ဖိတ်ခေါ်လိုက်သည်။
"အန်..အွန်း..ပြဿနာမရှိဘူး.. ပြဿနာမရှိဘူး"
ချန်ပုရန်သည် ကြက်ကလေးတစ်ကောင်ကဲ့သို့ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။
----
******
pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်
Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်
အပိုင်း ၁၉၈
သို့ဆိုလျှင်တောင် သူသည် အရင်ဘဝမှ မြားပစ်နည်းစနစ်မျိုးစုံကို ထိန်းသိမ်းထားခဲ့သည်။ ထိုသည်မှာ ချန်ပုရန်ကို သူ၏စွမ်းရည်များမြှင့်တင်ရာတွင် အထောက်အကူဖြစ်စေနိုင်သည်။
ချန်ပုရန်နှင့် လမ်းခွဲပြီးနောက် ဝမ်ချောင်သည် တောင်ထိပ်သို့ ပြန်မတက်မီ လူအုပ်ကြားတွင် အနည်းငယ်ကြာ လတ်လျားလတ်လျား အချိန်ဖြုန်းနေခဲ့သည်။ သို့သော်လည်း ဝမ်ချောင်ကို အံ့အားသင့်သွားစေသည်မှာ ကျောက်ကျင်းတန်အနီးတွင် နောက်ထပ်ပုံရိပ်အချို့ကို သူ တွေ့လိုက်ရတာပဲဖြစ်သည်။
"ဘာဖြစ်ခဲ့တာလဲ"
ဝမ်ချောင် ခပ်တိုးတိုးမေးလိုက်သည်။
“မင်းထွက်သွားပြီး သိပ်မကြာခင်မှာပဲ ဒီလူတွေ ရောက်လာကြတယ်၊ သူတို့အားလုံးက အရမ်းအားကောင်းကြပြီး ငါ့ရဲ့ခန့်မှန်းမှုအရ သူတို့ကျင့်ကြံဆင့်က အနည်းဆုံး မူလစွမ်းအင်အဆင့် ၇ မှာရှိမယ်၊ ငါ့လိုပဲ သူတို့အားလုံးကလည်း စမ်းသပ်မှု အောင်မြင်ဖို့ အပြန်အလှန်ဖျက်ဆီးခြင်းနည်းလမ်းကို အသုံးပြုခဲ့ကြတယ်"
ကျောက်ကျင်းတန် ပြောသည်။
ဝမ်ချောင် ထွက်သွားကတည်းက သူသည် ဤနေရာတွင် ထိုင်နေခဲ့သောကြောင့် အဖြစ်အပျက် အားလုံးကို မြင်လိုက်ရသည်။
"အိုး"
ကျောက်ကျင်းတန် ပြန်ပြောသည်ကို ကြားသည်တွင် ဝမ်ချောင်မရယ်ဘဲ မနေနိုင်တော့ချေ။
“အဲဒါနဲ့ပတ်သက်ပြီး သိပ်အံ့သြစရာမလိုပါဘူး၊ ဒီမှာလည်း ထက်မြက်တဲ့သူတွေ အများကြီးရှိတာပဲ၊ အများစုကတော့ ငါတို့စမ်းသပ်မှု ကျော်လွှားနေတုန်းက ဘေးကနေ စောင့်ကြည့်နေခဲ့တာ ဖြစ်နိုင်တယ်၊ ဒါကြောင့် သူတို့တွေ နည်းလမ်းအကြောင်း သိနေတာ မထူးဆန်းပါဘူး"
လူတစ်ဦး၏အကြီးမားဆုံးအမှားမှာ အခြားသူများကို လျှော့တွက်ခြင်းပင် ဖြစ်သည်။ ဝမ်ချောင်သည် ထိုလူများက ကျောက်ကျင်းတန်၏နည်းလမ်းကို အတုယူနေကြောင်း ချက်ချင်း ပြောနိုင်သည်။
ထို့အပြင် ရေကို ဦးစွာစမ်းသပ်ရန် အနှောင့်အယှက်ဖြစ်မခံဘဲ သူတို့ပြေးတက်သွားသည်အထိ စိတ်အေးလက်အေး ရှိနေပုံကိုကြည့်ပါက သူတို့တွင် ယုံကြည်ချက်ရှိ၍ ဖြစ်မည်။ ကျောက်ကျင်းတန်၏ တိုက်ပွဲကို မမြင်ခဲ့ရလျှင် ဤမျှအန္တရာယ်များသော တစ်စုံတစ်ရာကို သူတို့ ပြုလုပ်ဝံ့ကြမှာ မဟုတ်ပေ။
(ရေအတိမ်အနက် စမ်းကြည့်စရာမလိုသည် ကို ဆိုလိုသည်။)
“ဒီနှစ်ယောက်က အဆင်ပြေနေသေးတယ်၊ သူတို့ရဲ့ ကျင့်ကြံဆင့်က ငါတို့နဲ့ အဆင့် အတူတူလောက်ပဲ၊ ဒါပေမဲ့ အဲဒီလူ… သူက ဘာကြောင့်မှန်းမသိဘဲ မင်းထက်တောင် သန်မာတယ်လို့ ငါ ခံစားနေရတယ်"
ကျောက်ကျင်းတန်ကြောက်ရွံ့စွာပြောလိုက်သည်။
"အိုး"
ဝမ်ချောင်၏ မျက်ခုံးများ ပင့်တက်သွားပြီး သူ့မျက်နှာပေါ်တွင် တင်းမာသော အမူအရာပေါ်လာသည်။ ကျောက်ကျင်းတန်သည် သူနှင့် နည်းပြဆရာ တိုက်ခိုက်ခဲ့သည်ကို မျက်မြင်တွေ့ခဲ့ရသည်။ သူသည် ချဲ့ကားပြောဆိုတတ်သည့်လူ မဟုတ်ပေ။
ကျောက်ကျင်းတန်သည် တစ်ဖက်လူက သူ့ထက် သန်မာသည်ဟု ပြောလျှင် ထိုသည်မှာ ဟုတ်မှန်၍ ဖြစ်မည်။
"မင်းဘယ်သူ့အကြောင်း ပြောနေတာလဲ"
"ဟိုမှာ အဲဒီလူ"
ကျောက်ကျင်းတန်က နည်းပြဆရာနောက်တွင် ရပ်နေသောလူကို လက်ညှိုးထိုးပြလိုက်သည်။ သည်တော့မှာ ဝမ်ချောင်သည် လူတစ်တစ်ယောက်ကို လျစ်လျူရှုထားမိကြောင်း သိလိုက်ရသည်။
ထိုလူသည် သင်တန်းဆရာ၏နောက်တွင် တစ်ဆယ်ကျန့်ပတ်လည်၌ ရပ်နေသောကြောင့် ဝမ်ချောင်သည် သူ့ကို အားပေးကြည့်ရှု့နေသည့် ကျောင်းသားတစ်ယောက်ဟုသာ ရိုးရိုးလေး တွေးထင်ထားခဲ့သည်။
(မီတာသုံးဆယ်)
ထို့အပြင် ထိုလူသည် အလွန်အေးစက်သော မျက်နှာရှိပြီး သူ ထုတ်လွှတ်နေသော အရှိန်အဝါသည်လည်း ထပ်တူအေးစက်နေသည်။ လူစုလူဝေးကြား ရပ်နေချိန်၌ပင် သူ၏တည်ရှိမှုသည် သူ့ကို အလွန်ပေါ်လွင်စေသည်။ အခြားသူများကို ကြောက်ရွံ့စေပြီး အကွာအဝေးတစ်ခုတွင် ရပ်နေစေရန် သဘာဝအတိုင်းထုတ်လွှတ်နေသည့် ပင်ကိုယ်သဘာဝမျိုး သူ့တွင် ရှိသည်။
သူ့ပတ်ဝန်းကျင်၌ ကျန့်သုံးခုစာ အဝန်းအဝိုင်းတွင် မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေချေ။ သူ့ပတ်ဝန်းကျင်၌ လူအများ ဝန်းရံနေသည်က သူ့ကိုထင်ရှားစေသည်။
(မီတာတစ်ဆယ်)
"သူလား"
ဝမ်ချောင်၏ မျက်ခုံးများ ပင့်တက်သွားကာ အံ့အားသင့်သွားသည်။
“… အဲဒီလူက အရမ်းကြောက်စရာကောင်းတယ်၊ ကျုပ်ထင်တာ မမှားရင် သူ့ကျင့်ကြံဆင့်က မူလစွမ်းအင် အဆင့်ကိုးနဲ့ အရမ်း နီးစပ်နေပြီ၊ ဒါ့အပြင် နည်းပြဆရာနဲ့ လက်ရည်စမ်းတဲ့အခါ နည်းပြဆရာက တကယ့်ကို မခုခံနိုင်ဘဲ ဒဏ်ရာအနည်းငယ် ရသွားတယ်"
ကျောက်ကျင်းတန်သည် အနည်းငယ်စိုးရိမ်ပူပန်နေသော လေသံဖြင့် ပြောလိုက်သည်။
ကျောက်ကျင်းတန်ကို ထိုကဲ့သို့ စိုးရိမ်ပူပန်စေရန်မှာ တစ်ဖက်လူသည် အမှန်တကယ် သာမန်ထက်ထူးခြား၍ဖြစ်ရမည်။
သို့သော်လည်း ထိုအရာကို ဝမ်ချောင် စိုးရိမ်မနေပေ။ ယခုအချိန်တွင် ဝမ်ချောင်၏စိတ်က တခြားအရာတစ်ခု၌ အာရုံရောက်နေသည်။
ထိုလူကို ဝမ်ချောင်သိသည်။
သူသည် စုဟန်ရှန်ပင် ဖြစ်သည်။
ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းရှိ အနာဂတ်စစ်သူကြီးများအကြား၌ပင် ဤပုဂ္ဂိုလ်သည် ထိပ်တန်းအဆင့်တွင် ပါဝင်ခဲ့သည်။ သူသည် စစ်မြေပြင်တွင် အမိမြေအတွက် ရပ်တည်ခဲ့သော အရည်အချင်းရှိသည့် စစ်သူကြီးအဖြစ် လူအများက အသိအမှတ်ပြုခြင်းခံရသော မဟာလေ့ကျင့်ရေးစခန်းသုံးခုရှိ လူအနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။
သို့သော် နောက်ဆုံးအချိန်အထိ သူသည် အလားအလာရှိသော စစ်သူကြီးတစ်ဦးအဖြစ်သာ သတ်မှတ်နိုင်ခဲ့သည်။ ဝမ်ချောင်စီ၊ ဂိုစုန့်ကျီ နှင့် ကျန့်ချိုးကွေ့ တို့ကဲ့သို့ အဆင့် ၁ စစ်သူကြီးများ ဖြစ်မလာနိုင်ခဲ့ပေ။
စုဟန်ရှန်နှင့် ပတ်သက်၍ လူသိများသော သတင်းအနည်းငယ်သာ ရှိခဲ့ပြီး သူ့အကြောင်း သိသမျှ အရာအားလုံးမှာ သူသည် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းမှ လာခဲ့ခြင်းပင် ဖြစ်သည်။
"... သူလည်း ဒီနည်းပြဆရာရဲ့ကျောင်းသားတစ်ယောက်ဖြစ်လာလိမ့်မယ် လို့ တွေးလိုက်ရင်"
ဝမ်ချောင်သည် အသက်ကို ဝဝရှူလိုက်၍ ရေရွတ်လိုက်သည်။
ထိုကျန့်တစ်ဆယ် အကွာအဝေးရှိလူကို လှမ်းကြည့်လိုက်ကာ ဝမ်ချောင်၏မျက်နှာတွင် ရှုပ်ထွေးသည့် အမူအရာတစ်ခု ပေါ်လာသည်။
ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းတွင် စုဟန်ရှန်သည် ထိပ်တန်းစာရင်းတွင် သေချာပေါက် ပါဝင်သည်။
အနာဂတ်တွင် သူကိုယ်တိုင် လေ့ကျင့်သင်ပြပြီး ဦးဆောင်ခဲ့သည့် တပ်ဖွဲ့သည် မဟာထန်တစ်ခုလုံးတွင် ရှေ့တန်းတိုက်ပွဲ၌ အကြီးမားဆုံး ထိုးစစ်စွမ်းရည်ကို ပိုင်ဆိုင်နိုင်လိမ့်မည်ဖြစ်သည်။
တစ်ဖက်လူသည် ကာကွယ်ရေးအလွှာ မည်မျှ ရှိသည်ဖြစ်စေ၊ စုဟန်ရှန်ဦးဆောင်သည့်တပ်ဖွဲ့သည် သူတို့၏ဖွဲ့စည်းပုံကို ချွန်ထက်သောဓားသွားကဲ့သို့ အတွင်းပိုင်းအထိ ထိုးဖောက်နိုင်မည်ဖြစ်သည်။
စစ်မြေပြင်တွင် ရှေ့တန်းတိုက်ပွဲ၌ စုဟန်ရှန်တပ်ဖွဲ့သည် ရန်သူနိုင်ငံများနှင့် တိုင်းတစ်ပါး မျိုးနွယ်စုများအတွက် ကြောက်စရာတစ်ခု ဖြစ်ခဲ့သည်။
သူလေ့ကျင့်ပေးခဲ့သော တပ်သားများသည် နောက်ဆုံးထွက်သက်အထိ တိုက်ပွဲဝင်ခဲ့ကြသည်။ ရန်သူများ မည်မျှအင်အားကြီးမားစေကာမူ၊ အခြေအနေများ မည်မျှဆိုးရွားစေကာမူ သူ့တပ်ဖွဲ့သည် အနည်းငယ်မျှ မတုန်လှုပ်ဘဲ ရပ်တည်ခဲ့ကြသည်။
စုဟန်ရှန်သည် သူ့လက်အောက်ငယ်သားများနှင့်အတူ သေခြင်းတရားကို သတ္တိရှိရှိ ရင်ဆိုင်ခဲ့သည်။ သို့ဖြစ်၍ သူသည် သူတို့၏ဝိညာဉ်ခေါင်းဆောင်လည်း ဖြစ်လာခဲ့သည်။ ယုံကြည်စိတ်ချရမှုတွင် စုဟန်ရှန်၏တပ်ဖွဲ့ကဲ့သို့ စိတ်ဓာတ်ခိုင်မာပြီးစည်းလုံးသည့် တပ်ဖွဲ့မရှိတော့ပေ။
သို့သော် ပြီးပြည့်စုံသည့်အရာဟူ၍ မရှိသည်မှာ နှမြောစရာ ဖြစ်သည်။ စုဟန်ရှန်သည် အဖက်မတန်သည့်စရိုက်ကို ပိုင်ဆိုင်ထားသောကြောင့် နောက်ဆုံးတွင် ကျရှုံးခဲ့ရသည်။
ထိုခဏ၌ မြင်တွေ့ခဲ့ရသကဲ့သို့ပင် စုဟန်ရှန်သည် အေးစက်ကာ မာနကြီးလွန်းသည်။ ထိုသည်က အခြားသူများကို သူနှင့်အလိုလို ဝေးကွာသွားစေခဲ့သည်။
တစ်နည်းဆိုရသော် သူသည် လူဝင်မဆန့်ပေ။
စစ်တပ်တွင် စုဟန်ရှန်နှင့် နီးစပ်သူ တစ်ယောက်မှ မရှိပေ။ ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းမှ ဘွဲ့ရသူများသည်ပင် သူနှင့် ဆက်ဆံရေး သိပ်မရှိကြပေ။
စစ်မြေပြင်တွင်လည်း စုဟန်ချန်သည် စစ်ကူများကို ဘယ်တုန်းကမှ မလိုအပ်ခဲ့၊ သို့မဟုတ် မမျှော်လင့်ခဲ့ပေ။
သူ၏မာနကြီးသော ပင်ကိုယ်စရိုက်သည် အခြားသူများ၏ အကူအညီကို လက်မခံလိုစိတ် ဖြစ်စေခဲ့သည်။
သို့သော်လည်း စစ်မြေပြင်တွင် မိမိကိုယ်တိုင်ချုပ်ကိုင်နိုင်သောလူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။
ထိုအချိန်တုန်းက ဝမ်ချောင်သည် ကျရှုံးခဲ့ရသကဲ့သို့ စုဟန်ရှန်သည်လည်း အတူတူပင်ဖြစ်သည်။
သူ၏ပင်ကိုယ်စရိုက်သည် သူ၏နောက်ဆုံးကံကြမ္မာကို ပုံဖော်ပေးခဲ့ပြီးသားဖြစ်သည်။
သူသည် မဟာကပ်ဆိုးကြီး၏ စစ်မြေပြင်တွင် သူ၏ကြောက်မက်ဖွယ်တပ်ဖွဲ့နှင့်အတူ ပျောက်ကွယ်သွားခဲ့ရသည်။
"ဒီမှာသူနဲ့တွေ့ရလိမ့်မယ်လို့ တွေးကြည့်ရင်.."
ဝမ်ချောင်သည် ရင်တုန်ပန်းတုန်ဖြစ်လျက် တွေးလိုက်သည်။
ကံကြမ္မာသည် အမှန်တကယ်ပင် ကြိုတင်ခန့်မှန်း၍မရသော အရာတစ်ခုဖြစ်သည်။ တစ်ကိုယ်တော် ဝံပုလွေနှစ်ကောင်သည် ဤနေရာ၌ တစ်ကောင်နှင့်တစ်ကောင်လာဆုံမိနေသည်။
ဝမ်ချောင်သည် အကူအညီလိုအပ်ခဲ့သော်လည်း အကူအညီနည်းပါးမှုကြောင့် ထိုကပ်ဆိုးကြီး၌ 'တစ်ကိုယ်တော်ဝံပုလွေ' ဖြစ်ခဲ့ရသည်။ တစ်ဖက်တွင်မူ စုဟန်ရှန်သည် သူ၏စရိုက်ကြောင့် အကူအညီကို လက်မခံခဲ့ပေ။ ထို့ကြောင့် သူသည် 'တစ်ကိုယ်တော်ဝံပုလွေ' ဖြစ်ခဲ့ရသည်။
အရွယ်မတိုင်မီ သေဆုံးသွားရမည့် အရည်အချင်းရှိသော အနာဂတ်စစ်သူကြီးကို ကြည့်လိုက်သည်တွင် ဝမ်ချောင်သည် သူဘာလုပ်ရမည်ကို ရုတ်ခြည်း သဘောပေါက်သွားသည်။
“ကောင်းပြီ"
ကျောက်တုံးပေါ်တွင် ထိုင်လိုက်ပြီး နည်းပြဆရာသည် နောက်ဆုံးတွင် စကားပြောလိုက်ကာ လူတိုင်း၏အာရုံကို ဖမ်းစားလိုက်သည်။
"ငါ စာမေးပွဲကို ကြိုတင်ပြီး ပိတ်သိမ်းလိုက်ပြီ၊ အစတုန်းကတော့ လူ နှစ်ယောက်ကနေ သုံးယောက်လောက်ပဲ လက်ခံဖို့ ရည်ရွယ်ထားပေမဲ့ မင်းတို့ငါးယောက်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်တယ်.. ဒါက လုံလောက်တာထက် ပိုနေသေးတယ်"
"ဒါကိုမှတ်ထားပါ ငါ့နာမည်က ကျောက်ရှန်းကျူ၊ ဒီနေ့ကစပြီး ငါက မင်းတို့ရဲ့ဆရာဖြစ်သွားပြီ.. လောလောဆယ်တော့ စာမေးပွဲက တရားဝင်ပြီးသွားပြီဆိုတော့ ငါ့နောက်လိုက်ခဲ့၊ မင်းတို့အားလုံးကို လေ့ကျင့်ရေးစခန်းနဲ့ ရင်းနှီးအောင် လိုက်ပြပေးမယ်"
ဝမ်ချောင်မှလွဲ၍ အားလုံးသည် သူ့နာမည်ကို ပထမဆုံးကြားဖူးခြင်းဖြစ်သည်။
"ဒါဆို သူ့မျိုးရိုးကလည်း ကျောက်ပေါ့"
ဤနေရာ၌ ရှိနေသောလူများအနက် ကျောက်ကျင်းတန်သည် ကျောက်ရှန်းကျူ၏အမည်ကို သိလိုက်ရသောအခါ အအံ့သြဆုံးဖြစ်သည်။
"အများကြီးမစဉ်းစားနဲ့ သွားကြရအောင်"
ဝမ်ချောင်သည် ကျောက်ကျင်းတန်၏ နောက်ကျောကို ပုတ်လိုက်သည်။ ထွက်ခွာမသွားမီ သူ နောက်ပြန်လှည့်ကြည့်လိုက်သည်။ ယခုဆိုလျှင် တောင်ပေါ်ရှိ ကျောင်းသားများသည် သိသိသာသာ လျော့ပါးသွားပြီဖြစ်သည်။
လူသစ်စုဆောင်းမှုသည် ပြီးဆုံးလုနေပြီဖြစ်သည်။
ရွှီးးး
တောင်ခြေသို့ ရောက်သည်တွင် ဝမ်ချောင် လေချွန်လိုက်သည်။ မကြာမီ မြင်းတစ်ကောင်၏ အော်သံထွက်ပေါ်လာကာ ဖုန်မှုန့်တိမ်တိုက်ကြီး ဖြစ်ပေါ်လာသည်။ သိပ်မကြာမီ မဲနယ်ရောင်အရာတစ်ခု လာနေသည်ကို တွေ့လိုက်ရသည်။
ခဏလေးအတွင်းမှာပင် ဝမ်ချောင်၏အရပ်လောက်ရှိသော နှင်းကဲ့သို့ ဖြူဖွေးနေသည့် ခွာများကို ပိုင်ဆိုင်ထားသည့် မြင်းတစ်ကောင်သည် ဖုန်မှုန့်များကြားမှ ထွက်လာသည်။ သူ၏လည်ဆံမွေးများသည် လေထဲတွင် ခံ့ညားစွာ ပျံဝဲလျက် ဝမ်ချောင်၏မျက်နှာကို လျှာဖြင့် စိတ်လှုပ်ရှားစွာ လျက်လိုက်သည်။
"ကောင်းပြီ..အရိပ်လေး..ငါ့ကို လျှာနဲ့လျှက်နေတာ ရပ်လိုက်တော့"
သူ၏လျှာသည် ကလိထိုးနေသကဲ့သို့ ခံစားရစေသည်။ ဝမ်ချောင်က ခွာဖြူအရိပ်မြင်းကို တွန်းထုတ်လိုက်ကာ မရယ်မောဘဲ မနေနိုင်တော့ပေ။ ထိုသတ္တဝါသည် ဝမ်ချောင်နောက်လိုက်လာသည်မှာ ရက်ပိုင်းသာ ရှိသေးသော်လည်း သူ့ကို အလွန်ချစ်ခင်ရင်းနှီးနေပြီ ဖြစ်သည်။
“ငါသိပြီ မင်းမှာ မင်းရဲ့ကိုယ်ပိုင်စစ်မြင်းရှိနေတာပဲ၊ အဲဒါကောင်းတယ်.. သူ့ကို ဂရုတစိုက် ပြုစုစိုက်ပျိုးထောင်၊ အဲလိုဝိညာဉ်သားရဲစစ်မြင်းကို မဖြုန်းတီးမိစေနဲ့၊ အဲဒါက အနာဂတ်မှာ မင်းရဲ့ ဒုတိယဘဝ ဖြစ်လာလိမ့်မယ်"
အနောက်မှ အသံနက်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ဝမ်ချောင်လှည့်ကြည့်လိုက်သည်တွင် ထူးဆန်းသည့် အကြည့်များဖြင့် သူ့ကို စိုက်ကြည့်နေသော မျက်လုံးငါးစုံကို တွေ့လိုက်ရသည်။
ခုနက စကားပြောခဲ့သူမှာ နည်းပြဆရာကျောက်ရှန်းကျူဖြစ်သည်။
ဤနေရာရှိလူများသည် အရူးများ မဟုတ်ကြပေ။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဝမ်ချောင်၏စစ်မြင်းသည် သာမန် မဟုတ်မှန်း သိသာလှသည်။ ဝမ်ချောင်သည် လေ့ကျင့်ရေးစခန်းထဲကို ဝင်စဥ်ကတည်းက ထိုကဲ့သို့ စစ်မြင်းတစ်ကောင်ကို ပိုင်ဆိုင်နိုင်ထားသည်မှာ အံ့ဩစရာပင်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ကျောင်ရှန်းကျူသည် ထိုအကြောင်းနှင့်ပတ်သက်၍ အလွန်အကျွံ မပြောခဲ့ပေ။ ထိုစကားကို ပြောပြီးနောက် လှည့်ထွက်သွားပြီး ရှေ့သို့ ဆက်သွားလိုက်သည်။
စာမေးပွဲဖြေသည့်နေရာမှ တောင်ထိပ်အထိ ခြံစည်းရိုးခတ်ထားသည်။ တော်အစောင့်စစ်သည်များသည် ခြံစည်းရိုးအနောက်တွင် တပ်စွဲထားသည်။ နည်းပြဆရာများ၏ စာမေးပွဲများကို အောင်မြင်ပြီးသူများသာ နယ်မြေအတွင်း စစ်တန်းလျားများသို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီသည်။
သူ၏တံဆိပ်ကို ပြလိုက်ကာ ကျောက်ရှန်းကျူသည် မည်သည့်ပြဿနာမှမရှိဘဲ လူစုကို အထဲသို့ ခေါ်ဝင်လာနိုင်ခဲ့သည်။ ခဏကြာတွင် စစ်တန်းလျားများသို့ ရောက်သွားသည်။
"ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းကို မိုးပြာရောင်နဂါး၊ အဖြူရောင်ကျား၊ အနီရောင်ငှက်(vermilion bird=ဟင်္သာပဒါးငှက်)နဲ့ အနက်ရောင်လိပ်ဆိုပြီး အသေးစား စစ်စခန်းလေးခုအဖြစ် ထပ်မံခွဲခြားထားတယ်၊ သူတို့ဟာ တောင်ထိပ်လေးခုပေါ်မှာ တည်ရှိတယ်၊ နည်းပြဆရာတစ်ယောက်ရဲ့ လက်အောက်နဲ့ သူတို့ရဲ့ ကျင့်ကြံဆင့်ကို အခြေခံပြီး တပ်သားသစ်တွေကို စစ်စခန်းတစ်ခုစီမှာ ခွဲဝေထားရှိမှာ ဖြစ်တယ်၊ အဲဒီအထဲကမှ အနီရောင်ငှက်အတွက် ခွဲဝေထားရှိမှုကတော့ မိန်းကလေးတွေအားလုံးနေထိုင်တဲ့ နေရာမို့ နည်းနည်းထူးခြားမယ်"
“ဟဲဟဲ ဒီလိုပြောရခြင်းရဲ့ အကြောင်းအရင်းကတော့ မိန်းကလေးတွေကို သွားမချောင်းဖို့ မင်းတို့ကို သတိပေးချင်လို့ပဲ၊ အနီရောင်ငှက် တောင်ထိပ်ပေါ်ကို ခိုးဝင်ဖို့ အိပ်မက်တောင် မမက်လိုက်နဲ့၊ မင်းတို့ထဲတချို့က အနာဂတ်မှာ အဲဒါကို သေချာပေါက် ကြိုးစားကြမယ်ဆိုတာ ငါသိတယ်"
ထိုစကားများကို ကြားသည်တွင် သူတို့အဖွဲ့သည် မရယ်မောဘဲ မနေနိုင်တော့ပေ။
"ဒီဆရာက တကယ်စိတ်ဝင်စားဖို့ကောင်းတယ်"
ဝမ်ချောင် တွေးလိုက်သည်။
“အဲဒီမိန်းကလေးတွေကို သွားချောင်းရင် စစ်စခန်းကနေ သေချာပေါက်ကန်ထုတ်ခံရလိမ့်မယ်၊ ဒါပေမဲ့လည်း အဲဒါက ငါသတိပေးရခြင်းရဲ့ အကြောင်းအရင်းမဟုတ်ဘူး၊ အနီရောင်ငှက်ဌာနက မိန်းကလေးတွေဟာ အလွန်အစွမ်းထက်ကြတယ်၊ မင်းတို့ရဲ့ ကျင့်ကြံဆင့်က မဆိုးပေမဲ့ မင်းတို့အားလုံးက သူတို့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး"
အကြောင်းတစ်ခုခုကြောင့် ကျောက်ရှန်းကျူ ၏စကားများသည် ဝမ်ချောင်နှင့် ကျောက်ကျင်းတန်ကို နယ်စားငယ်အားသတိရစေသည်။
ကျောက်ရှန်းကျူ ၏စကားများသည် ချဲ့ကားပြောဆိုနေတာ မဟုတ်တာ သေချာသည်။
"ကောင်းပြီ၊ ငါမင်းတို့ကို အခု လေ့ကျင့်ရေးကွင်းဆီ ခေါ်သွားပေးမယ်...ဒီနေရာက အနာဂတ်မှာ မင်းတို့ခဏခဏ လာရမဲ့နေရာပဲ"
ထိုသို့ပြောပြီးနောက် ကျောက်ရှန်းကျူသည် လူတစ်စုအား တောင်ထိပ်ပေါ်သို့ ခေါ်ဆောင်သွားလိုက်သည်။
******
pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်
Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်
အပိုင်း ၁၉၉
"ဆိုတော့ မဟာထန်စစ်တပ်နဲ့ ပတ်သက်လို့ မင်းတို့သိထားရမဲ့ အခြေခံဗဟုသုတအချို့ရှိတယ်၊ မင်းတို့ရဲ့ လက်ရှိကျင့်ကြံမှုနယ်ပယ်ကနေ ချင့်ချိန်လိုက်ရင် ဒါကိုထိတွေ့ရမဲ့ အချိန်လည်း ရောက်ပြီ"
ကျောက်ရှန်းကျူသည် ခြံစည်းရိုးဖြင့် ဝန်းရံထားသော လေးပစ်ကွင်းနံဘေးရှိ မြေပြင်ပေါ်တွင် ရပ်နေသည့် လူတစ်စုကို ပြောလိုက်သည်။
"စစ်တပ်ထဲမှာရှိတဲ့ စစ်သည်တွေကို လေးသည်တော်၊ ခြေလျင်စစ်သည်တော် နဲ့ မြင်းစီးစစ်သည်တော် ဆိုပြီး အဓိကအတန်းအစားသုံးမျိုးပိုင်းခြားထားတယ်၊ အနာဂတ်မှာ ဒီသုံးမျိုးထဲက တစ်မျိုးကို မင်းတို့ရွေးချယ်ကြရလိမ့်မယ်၊ အဲဒီအထဲကမှ လေးစစ်သည်တော်တွေဟာ လက်ကျွမ်းကျင်မှုကို လိုအပ်တယ်"
ကျောက်ရှန်းကျူသည် လေးပစ်ကွင်းရှိ အတော်ဝေးဝေးမှ ကျောင်းသားတစ်ဦးကို ညွှန်ပြလိုက်သည်။ ကျောင်းသားသည် ကြီးမားသောလေးကြီးကို ဆွဲတင်လိုက်ပြီး ရုတ်ခြည်းပစ်လွှတ်လိုက်သည်။
ရွှီး ရွှီး ရွှီး
မျက်စိတစ်မှိတ်အတွင်းမှာပင် မြားတစ်ဒါဇင်ကို အချိန်ခဏလေးအတွင်း ပစ်လွှတ်လိုက်သည်။
ခဏလေးအတွင်းမှာပင် ထိုလူသည် မြားတစ်ဆယ့်နှစ်စင်းကို တစ်စင်းချင်း ပစ်လွှတ်နိုင်ခဲ့သည်။ ချွန်ထက်သော မြားတစ်ဆယ့်နှစ်စင်းသည် မတူညီသောလမ်းကြောင်းများမှ ပျံထွက်သွားခဲ့ပြီး မီတာငါးဆယ် အကွာအဝေးရှိ မတူညီသော သစ်သားလူရုပ် တစ်ဆယ့်နှစ်ခုကို တိကျစွာ ထိမှန်သွားခဲ့သည်။
ရွှီး ရွှီး ရွှီး
ချက်ချင်းဆိုသလိုပင် တပ်သားသည် နောက်တစ်ကြိမ် သူ၏မြားကို ဆွဲတင်လိုက်သည်။ ဤတစ်ကြိမ်တွင် လူရုပ်တစ်ခုတည်းကို လမ်းကြောင်းမျိုးစုံမှ ချွန်ထက်သော မြားတစ်ဆယ့်လေးစင်းသည် စိုက်ဝင်သွားခဲ့သည်။
နောက်ပြီး မြားများအားလုံးသည် သစ်သားလူရုပ်၏ သေကွင်းသေကွက်များသို့ တိကျစွာ ထိမှန်သွားခဲ့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည်တွင် အားလုံးကြက်သေသေသွားခဲ့သည်။
"ဒါက လက်ရဲ့ကျွမ်းကျင်မှုပဲ၊ လက်ကျွမ်းကျင်မှုအမျိုးအစား လျှို့ဝှက်ပညာရပ်ကို ကျင့်ကြံတဲ့ သိုင်းပညာရှင်တွေဟာ ပြိုင်ဘက်တွေထက် အဆပေါင်းများစွာ မြန်ဆန်တဲ့ တိုက်ခိုက်မှုကို ပိုင်ဆိုင်ထားကြတယ်၊ တကယ်တော့ ထူးချွန်တဲ့သူတွေဟာ ဆယ်ဆလောက် ပိုမြန်အောင် တိုက်ခိုက်နိုင်ကြတယ်၊ တစ်နည်းပြောရရင် ခန္ဓာကိုယ်ချင်း တိုက်ခိုက်ရတဲ့ တိုက်ပွဲတစ်ခုမှာ မင်းတို့ဟာ မင်းတို့ရဲ့ပြိုင်ဘက်ကို လက်သီးတစ်ချက်တည်းနဲ့ တိုက်ခိုက်နေချိန်မှာ တစ်ဖက်လူကတော့ မင်းတို့ကို နှစ်ချက်၊ သုံးချက် ဒါမှမဟုတ် ဒီထက်ပိုပြီး တိုက်ခိုက်နိုင်လိမ့်မယ်၊ စစ်မြေပြင်မှာ အဲဒီလိုသိုင်းပညာရှင်တစ်ယောက်အနေနဲ့ အသင့်တော်ဆုံးအတန်းကတော့ လေးပစ်ခြင်းအတတ်ပဲ ဖြစ်တယ်၊ မြင့်မားတဲ့တိုက်ခိုက်မှုအမြန်နှုန်းနဲ့အတူ လူတစ်ယောက်ဟာ အချိန်တိုအတွင်း မြားအစင်းပေါင်း မြောက်များစွာကို ပစ်လွှတ်နိုင်မှာဖြစ်တယ်၊ အရှေ့နဲ့အနောက်ပိုင်း တားဂစ်ကားဂနိတ်မှာ ပါရမီအရှိဆုံးလေးသမားဟာ နေရာတစ်ခုတည်းကနေ လီအတော်ဝေးဝေးမှာ ရှိနေတဲ့ ပြေးလွှားနေတဲ့ ယုန်အကောင်ငါးဆယ်ကို တစ်ပြိုင်နက်တည်း ပစ်သတ်လိုက်နိုင်တယ်လို့ ကောလာဟလ ရှိတယ်”
(တစ်လီ=>၀.၅ကီလိုမီတာ)
“တစ်နည်းပြောရရင် စစ်မြေပြင်မှာ သူဟာ ငါတို့ရဲ့ လက်ရွေးစင်ခြေလျင်တပ်သားငါးဆယ်ကို မျက်စိတစ်မှိတ်အတွင်း ဖျက်ဆီးပစ်နိုင်တယ်၊ သူ့လိုလူ ဆယ်ယောက်ရှိရင် ငါတို့ခြေလျင်တပ်သား ဘယ်နှစ်ယောက်သေမလဲဆိုတာ မင်းတို့ စိတ်ကူးကြည့်ပေါ့၊ အရေအတွက်က ငါးဆယ် ဒါမှမဟုတ် ဒီထက်မက ပိုပြီးတိုးလာခဲ့ရင် ငါတို့ရဲ့ ရှေ့ပြေးတပ် လုံးဝကို ချေမှုန်းခံလိုက်ရနိုင်တယ်၊ ဒါပေမဲ့လည်း အရှေ့နဲ့အနောက်တာဂီကားဂနိတ်မှာ ရှိနေတဲ့ မြားပစ်သမားတွေဟာ မယုံနိုင်လောက်အောင် ပါရမီရှိပေမဲ့ မဟာထန်အတွင်းမှာ အကောင်းဆုံး လေးသမားတွေ ရှိနေသေးတယ်၊ ဘာလို့လဲ မင်းတို့ သိကြလား"
ထိုအချိန်တွင် ကျောက်ရှန်းကျူသည် ရုတ်တရက် ရပ်တန့်လိုက်ပြီး အဖွဲ့ဆီ လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ပြုံးပြလိုက်သည်။
"လေး၊ ချပ်ဝတ်တန်ဆာ၊ မြား"
ကျောက်ကျင်းတန်သည် ခဏမျှ စဉ်းစားပြီးနောက် ရေရွတ်လိုက်သည်။
"တော်တယ်၊ ဘာကြောင့်လဲဆိုတော့ ငါတို့ထန်တိုင်းပြည်ဟာ ကမ္ဘာ့အကောင်းဆုံးလေးတွေ အချွန်ထက်ဆုံးမြားတွေနဲ့ အကြံ့ခိုင်ဆုံးချပ်ဝတ်တန်ဆာတွေကို ပိုင်ဆိုင်ထားလို့ပဲ"
ကျောက်ရှန်းကျူ ချီးကျူးလိုက်သည်။
တစ်ဖက်တွင် ဝမ်ချောင်သည် မသိမသာမျက်မှောင်ကြုတ်လိုက်သည်။ ထိုအချိန်တွင် သူသည် အကြီးအကဲရီ၊ ဟူ မြို့စားမင်းနှင့် အခြားသူများ ပြောခဲ့သောကိစ္စကို ပြန်လည်သတိရလိုက်သည်။
လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်အတွင်း၌ မဟာထန်နှင့် ကမ္ဘာ့ကျန်နိုင်ငံများအကြား ကုန်သွယ်မှုတွင် အရှေ့နှင့်အနောက်ပိုင်း တာဂီကားဂနိတ်တို့သည် ထိပ်တန်းသတ္တုများ၊ မြားများနှင့် သံချပ်ကာများ စုဆောင်းခဲ့သည်။
ဤမျှရှည်လျားသော အချိန်ကာလသည် သူတို့အတွက် သံချပ်ကာနှင့် ချွန်ထက်သည့် မြားအမြောက်အမြားကို ဖန်တီးစုဆောင်းနိုင်စေရန် လုံလောက်ပေသည်။
ဝမ်ချောင်သည် သတ္တုစီးဆင်းမှုကို ထိန်းချုပ်ရန်အတွက် အခွန်စည်းကြပ်သည့် သွင်းကုန်၊ ထုတ်ကုန်စာရင်းများ အသုံးပြုခြင်းနှင့် ပတ်သက်၍ အကြီးအကဲရီနှင့် အခြားသူများကို အကြံပေးထားခဲ့ပြီး ဖြစ်သော်လည်း မဟာထန်၏ နယ်နိမိတ်အပြင်ဖက်သို့ ကုန်သွယ်မှုပြုပြီးသော သယံဇာတများနှင့် ပတ်သက်၍ သူတို့ ဘာမျှမတတ်နိုင်ကြပေ။
“လူတိုင်းက အခုမှ စစ်စခန်းထဲဝင်လာခဲ့ကြတာ၊ ကျောက်ရှန်းကျူက ကြောက်ရွံ့မှုနဲ့ ထိတ်လန့်မှုတို့ကို မဖြစ်စေဖို့ ဒီကိစ္စကို ရည်ရွယ်ချက်ရှိရှိ ထုတ်ပြောတာဖြစ်နိုင်တယ်"
ဝမ်ချောင် တွေးလိုက်သည်။ အမှန်တကယ်တွင် သူသည် ဤသည်ကို ကောင်းသလား၊ ဆိုးသလားမပြောနိုင်သေးပေ။
“ဒါပေမဲ့ လေးသခင်တွေကို ကိုင်တွယ်နိုင်တဲ့ တစ်ဦးတည်းသောသူတွေကတော့ လေးသခင်တွေ ကိုယ်တိုင်ပဲ၊ ဒါကြောင့် တိုင်းပြည်ဟာ လေးသခင်တွေကို မွေးထုတ်ဖို့ အမြဲတမ်း ရင်းနှီးမြုပ်နှံထားခဲ့တယ်"
ကျောက်ရှန်းကျူ ဆက်ပြောလိုက်သည်။
"ခွန်အား၊ အမြန်နှုန်းနဲ့ လက်ကျွမ်းကျင်မှု.. သူတို့ဟာ သိုင်းပညာရပ်ရဲ့ အဓိကအမျိုးအစား သုံးမျိုး ဖြစ်တယ်၊ လက်ကျွမ်းကျင်မှုက လေးအတတ်အတွက် လိုအပ်တဲ့ပါရမီလို့ဆိုရင် အမြန်နှုန်းက မြင်းတပ်နဲ့ ကိုက်ညီလိမ့်မယ်"
ကျောက်ရှန်းကျူသည် အခြားလေ့ကျင့်ရေးကွင်းသို့ လမ်းလျှောက်သွားလိုက်ရင်း ပြောလိုက်သည်။ အနက်ရောင်သံချပ်ကာအပြည့်ဝတ်ဆင်ထားသော လေ့ကျင့်သူများသည် ရဲစွမ်းသတ္တိရှိသော အနက်ရောင်စစ်မြင်းနှစ်ကောင်ကို ကိုယ်စီကိုယ်ငှစီးနင်းလျက်ရှိသည်။ ကွင်းပြင်အတွင်းတွင် ကဆုန်ပေါက်ပြေးလွှားနေသော လေချွန်သံများကို ကြားနေရသည်။ လေ့ကျင့်ရေးကွင်းအတွင်းတွင် သစ်သားလူရုပ်များနှင့် ဖွဲ့စည်းပုံကဲ့သို့သော အတားအဆီးအမျိုးမျိုးရှိနေခဲ့သည်။
ဤလူအနည်းငယ်သည် သစ်သားလူရုပ်များကြားရှိ ကျဉ်းမြောင်းသောနေရာများတွင် သွားလာနေရသော်လည်း သူတို့၏အရှိန်သည် ကျဆင်းသွားခြင်းမရှိပေ။
မြင်းစီးသူများ၏လက်ထဲတွင် သစ်သားဓားရှည်များကို ကိုင်ဆောင်ထားကြပြီး သစ်သားလူရုပ်များကို မညှာမတာ ဆတ်ခနဲ ထိုးစိုက်သွားကြသည်။ သူတို့၏ ဓားတစ်ချက်စီသည် သစ်သားလူရုပ်ပေါ်ရှိ သေကွင်းသေကွက်များကို မှန်ကန်တိကျစွာ ထိုးစိုက်သွားခဲ့သည်။
"ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းမှာ ထူးချွန်တဲ့တက်သစ်စတွေ အများကြီး ရှိပုံရတယ်"
လေ့ကျင့်ရေးကွင်း၏အပြင်ဘက်နားတွင် ရပ်နေသည့် ကျောက်ရှန်းကျူသည် လေ့ကျင့်သူတစ်ဦးက သစ်သားလူရုပ်တိုင်းကို မှန်ကန်သည့်ရှု့ထောင့်မှ မလွဲစတမ်းထိုးစိုက်သွားခဲ့သည်ကို ကြည့်ရင်း ချီးကျူးလိုက်သည်။
"မြင်းစီးသူတစ်ယောက်အတွက် အဓိကအားသာချက်နှစ်ခုရှိတယ်၊ ကောင်းမွန်မြန်ဆန်တဲ့ လှုပ်ရှားနိုင်မှုနဲ့ တိုက်ခိုက်ချိန်မှာ ထုတ်လွှတ်နိုင်တဲ့ခွန်အားပဲ"
ကျောက်ရှန်းကျူသည် ရုတ်တရက် လေ့ကျင့်ရေးကွင်းရှိ အခြားနည်းပြဆရာတစ်ယောက်ကို လက်ဟန်ခြေဟန် ပြလိုက်သည်။ ထိုသူက ရယ်မောကာ တုံ့ပြန်လိုက်သည်။
"ကျောက်ရှန်းကျူ ငါအရင်ပြောမယ်၊ ဒီကျောက်တုံးက ငါ့ဟာပဲ ဆိုတော့ ဒီညအစားထိုးဖို့ တစ်ခု ယူသွားတာ ပိုကောင်းမယ်"
"ပေါက်ကရပြောနေတာ ရပ်တော့၊ မင်းအဲဒါကို လုပ်မှာလား မလုပ်ဘူးလား"
ကျောက်ရှန်းကျူသည် နောက်ပြောင်လျက် အပြစ်တင်လိုက်သည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ရင်းနှီးကြသည်မှာ ထင်ရှားသည်။
"ကောင်းပြီ မင်းရဲ့ကျောင်းသားတွေကြောင့် ငါမင်းကို ဒီတစ်ခါအလျှော့ပေးလိုက်မယ်"
ထိုသူသည် ကူကယ်ရာမဲ့စွာ လက်ဟန်ပြုလိုက်သည်။ ထို့နောက် ခမောက်ကို ချွတ်လိုက်ကာ လှံကို တိကျသော ဦးတည်ရာတစ်ခုသို့ ဖြည်းညင်းစွာ ချိန်ရွယ်လိုက်သည်။
ထိုအုပ်စုသည် လှံချိန်ရွယ်ထားသောနေရာသို့ လှည့်လိုက်ကြသည်။ ကျန့်ငါးဆယ်ခန့် အကွာအဝေးတွင် လူနှစ်ရပ်ခန့်ရှိ မျှော်စင်ပေါ်တွင် ကျောက်တုံးကြီးတစ်တုံး ရှိနေသည်။
(မီတာ ၁၅၀)
“အရမ်းကြီးတယ်.. ဒါက ရွှမ်းဝူကျောက်ဖြစ်ရမယ်၊ ကျင်းလေးထောင်ကနေ ငါးထောင်အထိ အလေးချိန် ရှိမယ်ထင်တယ်"
(၂၅၀၀-၃၀၀၀ ကီလိုဂရမ်)
ဝမ်ချောင်သည် ကျောက်တုံး၏ အလေးချိန်ကို အကြမ်းဖျင်း ခန့်မှန်းလိုက်သည်။ သူသည် ထိုအရာကို အစောပိုင်း သူတို့ရောက်လာကတည်းက သတိထားမိသော်လည်း ထိုသည်ကို အဆင်တန်ဆာတစ်ခုဟုသာ ထင်မှတ်ခဲ့ပြီး ဂရုမစိုက်ခဲ့ပေ။
သို့သော် ခုကြည့်ရသည်မှာ ထိုသည်က မြင်းစီးလေ့ကျင့်သူတွေအတွက် ဖြစ်ပုံပေါ်သည်။
ဘုန်းးး
သံချပ်ကာအပြည့် စစ်မြင်း၏ ကျောပေါ်တွင် ထိုင်နေသည့် နည်းပြဆရာသည် အနက်ရောင်ထူထပ်သော ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားပြီး ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ထိုအခိုက်အတန့်တွင် သူသည် ငရဲမှ တွားသွားထွက်လာသော နတ်ဆိုးတစ်ကောင်ကဲ့သို့ ခံစားရစေသည်။
စစ်မြင်းသည် မြင်းဟီသံပြုလိုက်ပြီး ရှေ့သို့ ပြေးထွက်သွားလိုက်ကာ မရေမတွက်နိုင်သော နောက်ချန်ပုံရိပ်များကို သူတို့နောက်တွင် ချန်ထားခဲ့သည်။
ဘုန်းးး
လူအုပ်ကြီးသည် ဖြစ်ပျက်နေသည့်အရာများကို မသိလိုက်နိုင်ခင်မှာပင် အဝေးမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ မြေပြင်သည် ပြင်းထန်စွာ တုန်ခါသွားသည်။ ကျင်းလေးထောင်အလေးချိန်ရှိ ရွှမ်းဝူကျောက်တုံးကြီးသည် ရုတ်ခြည်းကွဲကြေသွားရကာ ထောင်ချီသော အပိုင်းအစများအဖြစ် လေထဲသို့ လွင့်စဉ်သွားခဲ့သည်။
ထိုအချိန်တွင် လူတိုင်း အံ့ဩသွားကြသည်။ ရိုက်ခတ်မှုမှ ကြီးမားသောလေသည် ပြင်းထန်စွာ တိုက်ခတ်လာခဲ့ပြီး ကျန့်ဒါဇင်များစွာအကွာအဝေးတွင် ရပ်နေသည့် သူတို့အဖွဲ့သည်ပင် သူတို့၏မျက်နှာပေါ်ရှိ စူးခနဲ နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။
ဟီးးး
စစ်မြင်းသည် ရွပ်ရွပ်ချွံချွံမြည်ကြွေးလိုက်သည်။ ဖုန်မှုန့်များနှင့် ကျောက်မှုန်များအောက်တွင် လျှို့ဝှက်စွာ ရှိနေသည်။ လူတစ်ယောက်နှင့် စစ်မြင်းတစ်ကောင်၏ ပုံသဏ္ဌာန်သည် တဖြည်းဖြည်း ပြန်ပေါ်လာသည်။ ထိုအချိန်တွင် သူသည် ကောင်းကင်မှ ဆင်းသက်လာသော စစ်နတ်ဘုရားနှင့် တူသည်။
"ကျောက်ရှန်းကျူ မင်း ဒါကို အစားထိုးဖို့ ငါမျှော်နေမယ်၊ ဒီနေ့ညမှာ ရွှန်းဝူကျောက်တုံးတစ်တုံးကို ရွှေ့ဖို့ သတိရပါ"
နည်းပြဆရာသည် မြင်းပေါ်မှ ခုန်ဆင်းပြီး ခြံစည်းရိုခုန်ကျော်ကာပြောလိုက်သည်။ ထို့နောက် တောင်ခြေသို့ ဦးတည်ပျောက်ကွယ်သွားခဲ့သည်။
"အဲဒါကို မင်းတို့တွေ့လိုက်လား၊ အဲဒါက မြင်းစီးစစ်သည်တစ်ဦးရဲ့ တိုက်ခိုက်ခြင်းစွမ်းအားပဲ၊ စစ်မြင်းတစ်ကောင်ရဲ့စွမ်းဆောက်မှုနဲ့တူ မူလစွမ်းအင်အဆင့် ၅ သိုင်းပညာရှင်တစ်ဦးဟာ မူလစွမ်းအင်အဆင့် ၈ သိုင်းပညာရှင်တစ်ဦးရဲ့ စွမ်းအားအပြည့်နဲ့ ညီမျှတဲ့ တိုက်ခိုက်မှုတစ်ခုကို အလွယ်တကူ ထုတ်ဖော်နိုင်တယ်၊ ဒါက ရှေးလူကြီးတွေရဲ့ ခန့်မှန်းချက်ဖြစ်တယ်၊ အစစ်အမှန်သိုင်းပညာအဆင့် ၅ မြင်းစီးသူအုပ်စုဟာ အစစ်အမှန်သိုင်းပညာရှင်အဆင့် ၇ ခြေလျင်တပ်သားအုပ်စုကို အလွယ်တကူ အနိုင်ယူနိုင်တယ်၊ အဲဒါက မြင်းစီးတပ်ရဲ့ ခွန်အားပဲ"
"ဘယ်လူမျိုးပဲဖြစ်စေ အရှေ့နဲ့ အနောက်တားဂစ်ကာဂနိတ်၊ ဂိုဂူလျောတိုင်းပြည်၊ ၀ူရှန်းတိုင်းပြည် ဒါမှမဟုတ် အာရေးရဲ့ မန်ရှီကျိုးပြည်နယ်ပဲဖြစ်ပါစေ... ချားရွက်စပါစီညိုနဲ့ အာပစ်ကာလီဖန်တို့ရဲ့ အနောက်ဘက်အဝေးဆုံးထိတိုင်အောင် သူတို့တစ်ဦးစီဟာ အင်အားကြီးမားတဲ့ မြင်းစီးစစ်တပ်ကို ဦးစားပေး ပြင်ဆင်ကြတယ်"
“မြင်းစီးစစ်သည်တစ်ဦးရဲ့စွမ်းအားကို စစ်မြေပြင်မှာ လျစ်လျူရှုထားလို့ရပေမဲ့ အုပ်စုလိုက် ဖြစ်လာရင်တော့ နိုင်ငံတိုင်းရဲ့ အိပ်မက်ဆိုးဖြစ်လာလိမ့်မယ်၊ သူတို့ဟာ အနာဂတ်စစ်မြေပြင်မှာ မင်းတို့အားလုံး ရင်ဆိုင်ရမဲ့ အကြီးမားဆုံး အန္တရာယ်လည်းဖြစ်တယ်"
“မြင်းစီးစစ်သည်တွေရဲ့ ရှေ့တန်းတိုက်ခိုက်မှုဟာ ဘယ်လိုဖွဲ့စည်းပုံကိုမဆို ဖြိုခွင်းနိုင်တယ်၊ လေးပစ်သမားတွေလိုပဲ မြင်းတပ်ကို ရင်ဆိုင်နိုင်တဲ့တစ်ခုတည်းသောအရာက မြင်းတပ်တွေပဲဖြစ်တယ်၊ ဒါကြောင့်မဟာထန်ဟာ မြင်းတပ်ကိုလဲ အထူးအလေးပေး ပြုစုပျိုးထောင်လျက်ရှိတယ်"
ကျောက်ရှန်းကျူ ပြောသည်။
ထိုစကားများကို ကြားသည်တွင် ဝမ်ချောင်သည် မျက်မှောင်ကြုတ်လိုက်သော်လည်း နောက်ဆုံးတွင် ဘာမှမပြောရန် ဆုံးဖြတ်လိုက်သည်။
ဝန်ခံရလျှင် မြင်းတပ်တပ်၏ စွမ်းအားသည် ကြောက်စရာကောင်းသော်လည်း ဝမ်ချောင်အတွက်မူ သူတို့သည် 'ရပ်တန့်၍မရ'ဟု ယူဆရန် အတော်အလှမ်းဝေးနေသေးသည်။
လက်ရှိတိုင်းပြည်သည် မြင်းတပ်ကို မြင်းတပ်သာလျှင် ကိုင်တွယ်ဖြေရှင်းနိုင်သည်ဟူသော အယူအဆဖြင့် ချုပ်နှောင်ထားဆဲဖြစ်သည်။ သို့သော် သူသည် အလယ်ပိုင်းလွင်ပြင်၏ စစ်သေနာပတိချုပ်ဖြစ်ခဲ့သော ခေတ်တွင် မြင်းတပ်တပ်၏တာဝန်မှာ ဖြေရှင်းရန် ခက်ခဲသော ပြဿနာမဟုတ်ခဲ့သည်မှာ သေချာသည်။
အနည်းဆုံး မြင်းတပ်ကို ကိုင်တွယ်ဖြေရှင်းနိုင်သောစွမ်းအားရှိသူများသည် မြင်းတပ်ထက် ပို၍သာလွန်သည်။
“နောက်ဆုံးတစ်ခု ခြေလျင်စစ်သည်တွေ၊ မင်းတို့အားလုံးသိကြတဲ့အတိုင်းပဲ ခြေလျင်တပ်သားတွေဟာ ငါတို့မဟာထန်မှာ အများဆုံးတပ်သားတွေပဲ"
ဝမ်ချောင်၏ အတွေးများကို သတိမပြုမိဘဲ ကျောက်ရှန်းကျူသည် ရှေ့သို့ဆက်သွားလိုက်ကာ မကြာမီမှာပင် သူတို့၏ နောက်ဆုံးပန်းတိုင်သို့ ရောက်ရှိသွားကြသည်။
ကျောက်ရှန်းကျူ၏ အကြည့်ကို လိုက်၍ ကြီးမားသောလေ့ကျင့်ရေးကွင်းအလယ်သို့ ကြည့်လိုက်ရာ လူအများအပြားသည် တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်နေကြသည်။
အဓိကလေ့ကျင့်ရေးကွင်းသုံးခုဖြစ်သည့် လေးပစ်လေ့ကျင့်ရေးကွင်း၊ မြင်းတပ်လေ့ကျင့်ရေးကွင်းနှင့် ခြေလျင်စစ်သည်လေ့ကျင့်ရေးကွင်း၊ ခြေလျင်စစ်သည်လေ့ကျင့်ရေးကွင်းတွင် တပ်သားသစ် စုဆောင်းသူဦးရေ အများဆုံးရှိသည်။ ဤနေရာတွင် လူတိုင်းသည် မတူညီသော လက်နက်များကို ကိုင်ဆောင်ထားပြီး မရေမတွက်နိုင်သော ကိုယ်ခံပညာအမျိုးအစားများနှင့် ပုံစံများစွာကို အသုံးပြုကြသည်။
လေးပစ်သမားများ၏ ပစ်ခတ်မှုများနှင့် မြင်းတပ်များ၏ တိုက်ခိုက်မှုများနှင့် နှိုင်းယှဉ်လျှင် ဤနေရာ၌ လေ့ကျင့်မှုသည် ပိုမိုအသက်ဝင်ပြီး ခြားနားသည်။
“ခြေလျင်တပ်သားတွေရဲ့ အဓိကအချက်က ခွန်အားပဲ၊ မြင်းစီးခြင်းနဲ့လေးပစ်ခြင်းတွေမှာ ကျွမ်းကျင်မှု မရှိရင်တောင်မှ မင်းတို့မှာ လုံလောက်တဲ့ ခွန်အားရှိနေသရွေ့မင်းတို့ဟာ အစွမ်းထက်တဲ့ ခြေလျင်တပ်သားတစ်ဦး ဖြစ်လာနိုင်တယ်၊ အဓိက တပ်သား သုံးမျိုးအနက်မှာ ခြေလျင်တပ်သားတွေအတွက် လိုအပ်ချက်က အနိမ့်ဆုံးဖြစ်ပြီး သေဆုံးသူဦးရေလဲ အများဆုံးဖြစ်တယ်၊ ဒါပေမဲ့လည်း လက်ရှိထန်မင်းဆက်မှာ အပြောင်းအလဲတွေ ရှိခဲ့တယ်၊ ဟန်မင်းဆက်ကနေ ရှု့မင်းဆက်အထိ ငါတို့ထန်မင်းဆက်ရဲ့ ခြေလျင်တပ်သားတွေဟာ သမိုင်းမှာ အားအကောင်းဆုံးလို့ ဆိုနိုင်တယ်"
"ငါတို့ရဲ့ မြင်းတပ်ဟာ ဝူရှန်းထက် နိမ့်ကျပြီး ငါတို့ရဲ့ လေးပစ်ခတ်မှုစွမ်းရည်ဟာ အရှေ့ပိုင်းနဲ့အနောက်ပိုင်း တာဂီကာဂနိတ်တွေထက် နိမ့်ကျပေမဲ့ ငါတို့ရဲ့ ခြေလျင်တပ်သားတွေကတော့ သူတို့အားလုံးထဲမှာ အကောင်းဆုံးဖြစ်တယ်"
"ငါတို့မဟာထန်ရဲ့စစ်သည်တွေဟာ သီးသန့်မလုပ်ဆောင်ကြဘူးဆိုတာကို မင်းတို့သတိပြုရမယ်.. ငါတို့ရဲ့လေးသမားတွေက တခြားလေးသမားတွေကို နှိမ်နှင်းပြီး ငါတို့ရဲ့မြင်းတပ်တွေက တခြားမြင်းတပ်ကို တားတဲ့အခါ ငါတို့ခြေလျင်တပ်သားတွေက ကျန်တာတွေကို အနိုင်ယူဖို့ပဲ ကျန်တော့တယ်"
ထိုစကားများကို ကြားသည်တွင် ပတ်ဝန်းကျင်၌ ကျယ်လောင်သော ရယ်မောသံများ ထွက်ပေါ်လာသည်။ အနားမှဖြတ်သွားသော တပ်သားသည်ပင် ထိုစကားကို မပြုံးနိုင်ဘဲ မနေနိုင်ပေ။
တကယ့်ကိုပင် ကမ္ဘာတစ်ဝှမ်းလုံးတွင် မဟာထန်၏ ခြေလျင်တပ်သားများသည် ထိပ်ဆုံးတွင် သေချာပေါက် ရပ်တည်နေသည်။ ခြေလျင်စစ်သည်များကို လေးပစ်သမားကိုဖြစ်စေ၊ မြင်းစစ်သည်များကိုဖြစ်စေ ရင်ဆိုင်ခိုင်းပါက သူတို့ကိုချေမှုန်းရန် အကွာအဝေးတစ်ခုသာလိုအပ်သည်။
ထို့ကြောင့် ခြေလျင်စစ်သည်များသည် စစ်သားများနှင့် မြင်းတပ်တို့ကို မယှဉ်နိုင်သော်လည်း မဟာထန်သည် ခြေလျင်တပ်သားပမာဏအမြောက်အများကို ထိန်းသိမ်းရန် ရွေးချယ်ခဲ့သေးသည်။
ကမ္ဘာတစ်ဝှမ်းလုံးတွင် မဟာထန်သည် ထိုကဲ့သို့သောအဆင့်အထိ ခြေလျင်တပ်သားများကို အသုံးချနိုင်သည့် တစ်ခုတည်းသော တိုင်းပြည်ဖြစ်သည်။
...
******
pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်
Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်
အပိုင်း ၂၀၀
"ဒီနေရာမှာ လေ့ကျင့်ရေးစစ်စခန်းမှာ ရှိတဲ့ ကျင့်ကြံခြင်းနည်းစနစ်မျိုးစုံ ရှိတယ်၊ မင်းတို့ လွတ်လွတ်လပ်လပ် လေ့လာနိုင်တယ်၊ ဒီသုံးမျိုးထဲက နှစ်မျိုးကိုလေ့လာဖို့ အကြံပေးချင်တယ်၊ ဒါပေမဲ့ တစ်ချိန်တည်းမှာ သုံးမျိုးစလုံး လေ့လာဖို့တော့ ငါအားမပေးဘူး"
"အများကြီးလေ့လာတာက မင်းတို့ကို ဘာမှဖြစ်လာစေမှာမဟုတ်ဘူး၊ တစ်ချိန်တည်းမှာ ကျင့်ကြံခြင်းနည်းစနစ် သုံးမျိုးစလုံးကို လေ့လာသူတွေ ရှိခဲ့ပေမဲ့ အများစုကတော့ တိုးတက်မှု နှေးကွေးသွားခဲ့တယ်"
"ကောင်းပြီ ငါ့နောက်လိုက်ခဲ့ကြ၊ ငါတို့ နောက်တစ်နေရာဖြစ်တဲ့ ကျင့်ကြံခြင်းကွင်းပြင်ကို သွားကြစို့"
ကျောက်ရှန်းကျူသည် အုပ်စုကို ဦးဆောင်ကာ ဆော်ဩလိုက်သည်။ နောက်တစ်နေရာမှာ ကျင့်ကြံခြင်းကွင်းပြင်ဖြစ်သည်။
"ဆိုတော့ ငါတို့တောင်ခြေကနေ မြင်ခဲ့ရတာက ဒီဟာပေါ့"
ကျောက်ကျင်းတန် မှတ်ချက်ပြုလိုက်သည်။
"အမ်"
ဝမ်ချောင် ခေါင်းညိတ်ပြလိုက်သည်။ သူ၏အကြည့်က ကျန့်တစ်ရာနီးပါး ရှည်လျားသည့် အလံတိုင်ပေါ်ရှိ အလံထက်သို့ ရောက်သွားသည်။ ထိုအလံပေါ်တွင် 'ခွန်းဝူ' ဟုရေးထိုးထားသည်။
(မီတာ ၃၃၀)
ထိုအလံ၏အောက်တွင် ကျင့်ကြံခြင်းကွင်းပြင်ရှိသည်။ ထိုပေါ်တွင် ကြီးမားသော နန်းတော်ကဲ့သို့ အဆောက်အဦများဆောက်လုပ်ထားသည်။ သူတို့အားလုံးတွင် ကျင့်ကြံခြင်းအခန်းငယ်များ ပါရှိသည်။
"ငါ့နောက်လိုက်ခဲ့ကြ"
ကျောက်ရှန်းကျူ၏ ဦးဆောင်မှုအောက်တွင် သူတို့သည် ထိုနေရာရှိ ကျင့်ကြံခြင်းအခန်းငယ်များ၏ အတွင်းပိုင်းသို့ ဦးတည်သွားလိုက်ကြသည်။
လမ်းလျှောက်ဝင်လာစဉ် ဝမ်ချောင်သည် ထိုအခန်းငယ်များအားလုံးကို သတ္တုဖြင့် ဆောက်လုပ်ထားကြောင်း သတိပြုမိလိုက်သည်။ နောက်ထပ် သူ၏ အာရုံကို ဆွဲဆောင်သွားသည်မှာ မှန်၏မျက်နှာပြင်ကဲ့သို့ ညီညာချောမွေ့နေသည့် မြေပြင်ပင်ဖြစ်သည်။
မြေပြင်ပေါ်တွင် အကွာအဝေးညီမျှစွာရေးထိုးထားသည့် အစီအရင်စာလုံးများကို တွေ့နိုင်သည်။
ထိုသည်မှာ လူသစ်စုဆောင်းခြင်း၏ ပထမနေ့သာ ဖြစ်သော်လည်း ဤနေရာ၌ လာရောက်ကျင့်ကြံသူများ ရှိကြောင်း ဝမ်ချောင်နားလည်လိုက်သည်။
"ဒီနေရာကို ထိပ်တန်းသတ္တုတွေ အသုံပြုပြီး ဆောက်လုပ်ထားခဲ့တာပဲ၊ အစီအရင်စာလုံးတစ်ခုစီက ဝိညာဉ်စွမ်းအင်ကို ဒီဝင်္ကပါထဲမှာ လာရောက်စုဝေးစေတယ်၊ အနာဂတ်မှာ မင်းတို့ ဒီကိုလာပြီး ကျင့်ကြံနိုင်တယ်၊ ဒီနေရာမှာ လာပြီးကျင့်ကြံတာက တခြားနေရာမှာ ကျင့်ကြံတာထက် မင်းတို့ကို ပိုပြီး အကျိုးရှိစေလိမ့်မယ်"
ကျောက်ရှန်းကျူသည် အုပ်စုကို ဦးဆောင်ကာ ကျင့်ကြံခြင်းအခန်းများကို ဖြတ်သွားလိုက်သည်။
"ကျင့်ကြံခြင်းအခန်းတွေရဲ့အနောက်မှာ ကျင့်ကြံခြင်းကွင်းပြင်ပဲ"
ကျင့်ကြံခြင်းနယ်မြေ၏ အတွင်းပိုင်းတွင် သံချပ်ကာဝတ်စုံပြည့်ဝတ်ဆင်ထားသော တော်ဝင်အစောင့်စစ်သည်များသည် ခမ်းနားကြီးကျယ်သော ခန်းမရှေ့တွေ စောင့်ကြပ်နေကြသည်။ သူတို့သည် ကျင့်ကြံခြင်းကွင်းပြင်၏ ရှေ့ပိုင်းနှင့် နောက်ပိုင်းကို ပိုင်းခြားထားကြသည်။
"ကျင့်ကြံခြင်းကွင်းပြင်မှာရှိတဲ့ သိုင်းပညာရပ်အညွှန်းစာအုပ်တွေကို သူတို့ရဲ့အဆင့်ကို အခြေခံပြီး ပိုင်းခြားထားတယ်၊ မူလစွမ်းအင်အဆင့် ၆ သိုင်းပညာရပ်တွေကို တစ်နေရာ၊ မူလစွမ်းအင်အဆင့် ၇ သိုင်းပညာရပ်တွေကို အခြားတစ်နေရာ စသဖြင့်...အနာဂတ်မှာ မင်းတို့ရဲ့ ကျင့်ကြံခြင်းနယ်ပယ်အလိုက် မင်းတို့နဲ့ သင့်တော်မဲ့ နည်းစနစ်တွေကို ရွေးချယ်ကျင့်ကြံနိုင်တယ်..ဒီနေရာမှာ ထားရှိထားတဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေအကုန်လုံးက ထိပ်တန်းတွေချည်းပဲ သူတို့နဲ့တူညီတဲ့အရည်အသွေးရှိတဲ့ နည်းစနစ်ကို အပြင်ဖက်မှာ တွေ့ရဖို့ခက်ခဲတယ်၊ ဒါပေမဲ့လည်း ငါ့ရဲ့တပည့်တွေအနေနဲ့ မင်းတို့က တခြားသူတွေနဲ့ ကွာခြားလိမ့်မယ်၊ ဒီအကြောင်းနဲ့ပတ်သက်ပြီး မင်းတို့အနာဂတ်မှာ နားလည်လာလိမ့်မယ်"
ဝမ်ချောင်မှလွဲ၍ အခြားသူများ၏ အမူအရာသည် ရှုပ်ထွေးသွားကြသည်။
သို့သော်လည်း ကျောက်ရှန်းကျူသည် ထိုအကြောင်းကို ရှင်းပြမနေပေ။
ဤအတိုင်း ကျောက်ရှန်းကျူသည် ထိုအဖွဲ့ကို ဦးဆောင်ကာ ပတ်ဝန်းကျင်နှင့် ရင်းနှီးအောင် လိုက်ပြနေခဲ့သည်။ ထိုသို့ဖြင့် လေ့လာရေးခရီးသည် ဆုံးခန်းတိုင်သို့ရောက်လာသည်။
“တချို့က သိပြီးသားဖြစ်ပေမဲ့ တခြားသူတွေအတွက် နောက်တစ်ကြိမ်ထပ်ပြောမယ်”
တောင်ထိပ်ရှိ စိမ်းစိုသော တရုတ်ပညာရှိသစ်ပင်အောက်တွင် ကျောက်ရှန်းကျူသည် တစ်နေ့တာ၏ သင်ခန်းစာကို အုပ်စုဆီသို့ ပို့ချလိုက်သည်။
"မူလစွမ်းအင် နယ်ပယ်ကို အဆင့် ၁ ကနေ အဆင့် ၉ အထိ အဆင့်ကိုးဆင့် ပိုင်းခြားထားတယ်၊ မူလစွမ်းအင်အဆင့်ကို ရောက်တာနဲ့ လူတစ်ယောက်ဟာ ခွန်အားအမျိုးအစား၊ လျင်မြန်မှုအမျိုးအစားနဲ့ လက်ကျွမ်းကျင်မှုအမျိုးအစား ကျင့်ကြံခြင်းနည်းစနစ်ကို စပြီးလေ့လာနိုင်မှာ"
"မူလစွမ်းအင်အဆင့် ၉ မှာ လူတစ်ယောက်ဟာ အတွင်းစွမ်းအင်တွေကို ထုတ်လွှတ်နိုင်မှာဖြစ်တယ်..
ဒီလိုမျိုးပေါ့.."
ကျောက်ရှန်းကျူသည် ခြေကို ဆောင့်နင်းလိုက်၏။
ဝမြးးး
နို့နှစ်ရောင်စက်ဝိုင်းပုံစံ မူလစွမ်းအင်လှိုင်းသည် သူ့ခြေထောက်အောက်တွင် ပေါ်လာခဲ့သည်။ ထိုလှိုင်းလုံးသည် လုံးဝပုံမှန်ဖြစ်သော်လည်း ဝမ်ချောင်၊ ကျောက်ကျင်းတန်နှင့်တခြားသူများ၏ မျက်နှာပေါ်တွင် လေးနက်သည့် အမူအရာပေါ်လာခဲ့သည်။
ထိုစက်ဝိုင်းပုံလှိုင်းလုံးထဲတွင် မယှဉ်သာလောက်အောင် ကြီးမားသည့် စွမ်းအားကို လူတိုင်း ခံစားနိုင်သည်။
တစ်ဖက်လူသည် ထိုသည်ကို အစောပိုင်း၌ မထုတ်ဖော်ခဲ့သည်မှာထင်ရှားသည်။
"လူတစ်ယောက်ဟာ ဒီအတွင်းစွမ်းအင်ထုတ်လွှတ်နိုင်တဲ့ စွမ်းရည်ကို ရရှိတာနဲ့ သူတို့ကို ပုံစံမျိုးစုံ အသုံးချနိုင်လာမှာဖြစ်တယ်၊ တိုက်ခိုက်မှုတွေဟာ ပုံမှန်လှုပ်ရှားမှုတွေထက် ကျော်လွန်နေလိမ့်မယ်၊ ဒီလိုမျိုးပေါ့.."
သူ၏လက်ဖဝါးကို အောက်သို့စိုက်ချလိုက်ပြီး ကျောက်ရှန်းကျူသည် လက်ကို ဆုပ်လိုက်သည်။ သူ့ခြေဖဝါးအောက်တွင် ရှိနေသော နို့နှစ်ရောင်စက်လုံးသည် လှုပ်ခါသွားသည်။ အားကောင်းသော မူလစွမ်းအင်တစ်ခုသည် သူ့လက်ဝါးမှ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ထိုအရာက ခြင်္သေ့ပုံစံသို့ ဖြည်းညင်းစွာ အသွင်ပြောင်းသွားခဲ့သည်။
ထိုကဲ့သို့ဖြင့် မူလစွမ်းအင်သည် ကျားတစ်ကောင်၏ပုံစံ၊ ပန်ဒါတစ်ကောင်၏ပုံစံ နောက်ထပ် မြေခွေးတစ်ကောင်၏ပုံစံသို့ ပြောင်းလဲသွားခဲ့သည်။
"မူလစွမ်းအင်ကို ကျွမ်းကျင်စွာ အသုံပြုနိုင်တာက တိုက်ခိုက်ရာမှာ အတိုင်းအတာတစ်ခုအထိ ထပ်ပေါင်းပေးနိုင်တယ်၊ ဒါကြောင့် မူလစွမ်းအင်အဆင့် ၉ ကျွမ်းကျင်သူနဲ့တွေ့ခဲ့ရင် ဂရုစိုက်ရမယ်၊ အဲဒီအဆင့်ကျွမ်းကျင်သူတွေက သာမန်ထက်ပိုပြီး ဒုက္ခပေးနိုင်တယ် ပြီးတော့ မင်းတို့က သူတို့ကို လွယ်လွယ်နဲ့ ယှဉ်တိုက်နိုင်မှာမဟုတ်ဘူး"
ထို့သို့ပြောလိုက်ပြီး ကျောက်ရှန်းကျူသည် လက်ဖဝါးကို သိမ်မွေ့စွာလှုပ်ရှားလိုက်သည်။ မြေခွေးပုံစံ မူလစွမ်းအင်သည် ပြေးထွက်သွားခဲ့ပြီး
ဘုန်းးးး
ကျန့်ဒါဇင်အတော်ဝေးဝေးမှ ကျောက်တုံးကြီးတစ်တုံးပေါက်ကွဲသွားခဲ့သည်။ ပတ်ဝန်းကျင်၌ ဖုန်မှုန့်များ ဖုံးလွှမ်းသွားခဲ့သည်။
ဤလူအုပ်စု၏ နှလုံးခုန်သံသည် တခဏမျှ ရပ်တန့်သွားခဲ့ရသည်။
"မူလစွမ်းအင်အဆင့် ၉ ရဲ့ အထက်မှာ အစစ်အမှန်သိုင်းပညာနယ်ပယ်ပဲ၊ ဒီနယ်ပယ်မှာ လူတစ်ယောက်ဟာ မူလစွမ်းအင်တွေကို သူခန္ဓာကိုယ်ထဲ စုဆောင်းပြီး ဝိညာဉ်ပင်လယ်ကို ဖြစ်ပေါ်လာစေမှာဖြစ်တယ်၊ ဒါပေမဲ့ ဒါက အနာဂတ်မှာဖြစ်လာမဲ့ကိစ္စပါ"
ဤအရာများကို ရှင်းပြပြီးနောက် ကျောက်ရှန်းကျူထွက်ခွာသွားခဲ့သည်။
"ခင်ဗျားက ဝမ်သခင်လေးလား"
ကျောက်ရှန်းကျူ ထွက်ခွာပြီးနောက် ဝမ်ချောင်ဆီသို့ လူအချို့လျှောက်လာပြီး လေးနက်စွာ ဦးညွတ်လိုက်သည်။
"ကျွန်တော်က ကျွမ်းကျန့်ဖျင်ပါ"
"ကျွန်တော်က ချီဝေ့စီပါ"
"သခင်လေးကို အရိုအသေပေးပါတယ်"
....
ထိုနှစ်ယောက်သည် တခြားသူ မဟုတ်ပေ။ ကျောက်ရှန်းကျူ၏ စမ်းသပ်မှုကို အောင်မြင်ခဲ့သူများ ဖြစ်သည်။
"မင်းတို့နှစ်ယောက်က ကျွမ်းမျိုးနွယ်စုနဲ့ ချီမျိုးနွယ်စုကလား"
ဝမ်ချောင်က သူ့ရှေ့ရှိနှစ်ယောက်ကို ကြည့်လိုက်သည်။
"အမှန်ပါပဲ"
ဤနှစ်ယောက်သည် လေးစားစွာ ဦးညွတ်လိုက်သည်။
ဝမ်ချောင်သည် ထိုနှစ်ယောက်ကို ဂရုတစိုက် အကဲခတ်လိုက်သည်။ ကျွမ်းမျိုးနွယ်စုနှင့် ချီမျိုးနွယ်စုတို့သည် မြို့တော်အတွင်း ကြီးမားသောမျိုးနွယ်စုများ ဖြစ်ကြသည်။ ထို့အပြင် သူတို့သည် သာမန်ဂုဏ်သရေရှိ မျိုးနွယ်စုများအပေါ်လည်း ဩဇာလွှမ်းမိုးမှုရှိသည်။
ဤမျိုးနွယ်စုနှစ်ခုသည် စီးပွားရေးလုပ်သည့်နေရာတွင် ကျွမ်းကျင်ကြသည်။ ထို့အပြင် သူတို့၏ လုပ်ငန်းများကို ကမ္ဘာတဝှမ်းလုံးတွင် ဖြန့်ကျက်ထားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူတို့သည် စစ်တပ်အတွင်း ထည့်သွင်းစဉ်းစားရမည့် အင်အားကို ပိုင်ဆိုင်ထားကြသည်။
ကျွမ်းမျိုးနွယ်စု၏ နှစ်တစ်ရာသမိုင်းတွင် သူတို့၏မျိုးဆက်များသည် စစ်တပ်အတွင်းတွင် အရာရှိငယ်များ ရှိကြပြီး အဖွဲ့အစည်းတွင်လည်း နေရာမျိုးစုံကို ရယူထားခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် ပမာဏတစ်ခုအထိ ဩဇာရှိကြသည်။
ကျွမ်းမျိုးနွယ်စု၏ မျိုးဆက်များကို ရဲစွမ်းသတ္တိရှိခြင်းကြောင့် လူသိများသည်။ ထို့အပြင် သူတို့၏ သံမဏိသံချပ်ကာမြင်းတပ်သည်လည်း တိုင်းပြည်အတွင်းတွင် အလွန်ကျော်ကြားလေသည်။
ချီမျိုးနွယ်စုအနေဖြင့်မူ သူတို့၏ဂုဏ်သတင်းသည် ကျွမ်းမျိုးနွယ်စုအောက် အနည်းငယ် နိမ့်ကျသည်။ သို့သော် သူတို့မျိုးနွယ်စုရှိ ကျွမ်းကျင်သူအမြောက်အမြားကြောင့် သူတို့ကို ထည့်သွင်းစဉ်းစားသင့်သော အင်အားစုတစ်ခုအဖြစ် လက်ခံထားကြသည်။ သူတို့၏ ပုံရိပ်များကို စစ်မြေပြင်မျက်နှာစာတွင် နေရာတိုင်း၌ တွေ့မြင်နိုင်သည်။
ချီမျိုးနွယ်စုကို တခြားသူများနှင့် တန်းတူရပ်တည်စေခဲ့သည့်အရာမှာ သူတို့၏ သံမဏိကိုယ်ရံတော်တပ်ဖွဲ့ ဖြစ်သည်။
ချီမျိုးနွယ်စု၏ မျိုးဆက်တစ်ယောက်သည် စစ်မြေပြင်တွင် ထွက်ပေါ်လာပါက သူတို့၏ဘေးတွင် သံမဏိကိုယ်ရံတော် အနည်းငယ် ပါလာကြသည်။ ဤကိုယ်ရံတော်တစ်ယောက်ချင်းစီကို ကျင်းလေးထောင်ခန့် အလေးချိန်ရှိသော ရွမ်သတ္တုဖြင့် ပြုလုပ်ထားသည့် သံချပ်ကာနှင့် လူတစ်ရပ်ခန့်ရှိ စစ်သုံးလှံရှည်ကို တပ်ဆင်ပေးထားသည်။ စစ်မြေပြင်တွင် သူတို့သည် ရန်သူ့ခံစစ်ကို ထိုးဖောက်ပြီး တခြားတပ်သားများအတွက် မကြာခဏ လမ်းဖွင့်ပေးနိုင်ခဲ့သည်။
ထိုမျိုးနွယ်စုနှစ်ခုသည် ဝမ်မျိုးနွယ်စုထက် နိမ့်ကျသော်လည်း သူတို့၏ စွမ်းအားကို လျှော့မတွက်သင့်ပေ။
ဤနှစ်ယောက်သည် ကျောက်ရှန်းကျူ၏ စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ခြင်းကပင် သူတို့မျိုးနွယ်စု၏ စွမ်းအားကို သက်သေပြနေသည်။
"ကျွမ်းမျိုးနွယ်စုနဲ့ ချီမျိုးနွယ်စုရဲ့ လွှမ်းမိုးမှုအရ မင်းတို့နှစ်ယောက် လုံ့ဝေနဲ့ ရှန်းဝေကို သွားသင့်တယ် မဟုတ်လား"
ဝမ်ချောင်သည် မျက်မှောင်အနည်းငယ်ကြုတ်၍ မေးလိုက်သည်။
"အမှန်တော့ သခင်လေးဒီကိုလာမယ် ဆိုတဲ့ သတင်းကြားပြီး ကျွန်တော်တို့ ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းကို လာဖို့ ရွေးချယ်ခဲ့ကြတာပါ၊ သခင်လေးရဲ့ ဖြောင့်မတ်မှုနဲ့ မြင့်မြတ်မှုက ကျွမ်းမျိုးနွယ်စုနဲ့ ချီမျိုးနွယ်စုနှစ်ခုစလုံးရဲ့ လေးစားမှုကို သိမ်းပိုက်လိုက်နိုင်ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ ခင်ဗျားရဲ့အနားမှာ ရပ်တည်နိုင်ဖို့ မျှော်လင့်ပါတယ်"
ကျွမ်းကျန့်ဖျင်နှင့် ချီဝေ့စီတို့သည် လေးစားစွာ ပြောလိုက်ကြသည်။
အမှန်တကယ်တွင် သူတို့၏ ခွန်အားသည် ဝမ်ချောင်နှင့် ကျောက်ကျင်းတန်တို့နှင့် အတူတူပင်ဖြစ်သည်။ သူတို့ကို ဝမ်ချောင်နှင့်ကွာခြားပြီး သူ့အနောက်တွင် ရပ်တည်စေခဲ့သည့်အရာမှာ ဩဇာလွှမ်းမိုးမှုပင် ဖြစ်သည်။
ဝမ်မျိုးနွယ်စုသည် စစ်သူကြီးနှင့် ဝန်ကြီးချုပ်မျိုးနွယ်စုဖြစ်သည်။ ထို့အပြင် မြို့စားကြီးကျူးသည် လက်ရှိဧကရာဇ် ထီးနန်းရယူစဥ်က အရေးကြီးသည့်နေရာမှ ပါဝင်ကူညီခဲ့သောကြောင့် ချီးမြှင့်ခံထားရသော ပုဂ္ဂိုလ်ဖြစ်သည်။ ထို့ကြောင့် ဧကရာဇ်၏ အခွင့်အရေးပေးမှုနှင့် ယုံကြည်မှုကို ရရှိထားခဲ့သည်။
သို့သော် ဝမ်မျိုးနွယ်စု၏ လွှမ်းမိုးမှုသည် ဤမျှ မကပေ။ စုန့်ဘုရင်၊ တော်ဝင်တရားရုံးရှိ အရာရှိများ၊ နယ်စပ်ရှိ ဘုရင်ခံများ နှင့် အပ်နှင်းခံထားရသော စစ်သူကြီးများ...
ပြီးခဲ့သည့် မုန်တိုင်းသည် သူတို့ကို ဝမ်မျိုးနွယ်စုအား အတော်လေး လျှော့တွက်ထားမိကြောင်း နားလည်သွားစေခဲ့သည်။ ထိုလွှမ်းမိုးမှုသည် တော်ဝင်ရုံးတော်ကို ကျော်လွန်သွားခဲ့၍ စစ်တပ်အတွင်းသို့တိုင် ပျံ့နှံ့သွားခဲ့သည်။
ကျွမ်းမျိုးနွယ်စုနှင့် ချီမျိုးနွယ်စုသည် ကြီးမားသော်လည်း သူတို့သည် မလေးမစား မလုပ်ရဲပေ။ ထိုကိစ္စကြောင့် မြို့စားကြီးကျူး ကွယ်လွန်လျှင်တောင်မှ ဝမ်မျိုးနွယ်စုကို နှစ်အတော်ကြာ ချမ်းသာကြွယ်ဝပြီး ဩဇာလွှမ်းမိုးစေနိုင်သည်။
ဤအရာသည် ကျွမ်းမျိုးနွယ်စုနှင့် ချီမျိုးနွယ်စုကဲ့သို့သော ဂုဏ်သရေရှိမျိုးနွယ်စုများသည် သူတို့၏ မျိုးဆက်များကို ရှန်ဝေနှင့် လုံ့ဝေအစား ခွန်းဝူသို့ ပို့လွှတ်လိုက်ရခြင်း၏ အကြောင်းရင်းဖြစ်သည်။
ပညာရှင်ဧကရာဇ် ဆုံးဖြတ်ချက်ချပြီးနောက် ဝမ်ချောင်သည် နိုင်ငံရေးရှု့ထောင့်တွင် 'မြင့်တက်လာသောစွမ်းအားစု' အဖြစ် သတ်မှတ်ခြင်း ခံလိုက်ရသည်။ ပို၍ရှားပါးသည်မှာ သူသည် အလွန် ငယ်ရွယ်သေးပြီး ယခုအချိန်တွင် ဆယ့်ငါးနှစ်သာရှိသေးသည်။ ဆိုလိုသည်မှာ သူ၏သြဇာသည် အပြည့်အဝ ပုံပေါ်မလာသေးပေ။
သူတို့သည် သူနှင့် ကောင်းမွန်သည့်ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ပါက အနာဂတ်တွင် သူတို့မျိုးနွယ်စုအတွက် အကျိုးရှိလာနိုင်သည်။ ဤနေရာသို့ သူတို့၏ မျိုးဆက်များကို ပို့လွှတ်လိုက်သော မျိုးနွယ်စုတိုင်းတွင် ဤကဲ့သို့ အတွေးမျိုး ရှိကြသည်။
ထိုနှစ်ယောက်၏စကားများသည် သူတို့၏ မျိုးနွယ်စုများက ဝမ်မျိုးနွယ်စုနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်နေကြောင်း အရိပ်အမြွက် ဖော်ပြနေသည်။
"မင်းတို့နှစ်ယောက်က ယဉ်ကျေးလွန်းနေပါပြီ"
ဝမ်ချောင် ရယ်မောလိုက်သည်။
"နည်းပြဆရာကျောက်ရဲ့ တပည့်ဆိုတာကို ထည့်မပြောရင်တောင် ငါတို့က ခွန်းဝူလေ့ကျင့်ရေး စစ်စခန်းကမို့ ငါတို့က ညီအစ်ကိုတွေပါပဲ၊ ငါတို့ တကယ့်ကိုကောင်းကောင်းမွန်မွန် ရှိကြသင့်တာပေါ့"
သူတို့နှစ်ယောက် ပျော်သွားကြသည်။ ဝမ်ချောင်၏ စကားများက သူတို့ကို ကျေနပ်စေသည်မှာ ထင်ရှားသည်။
"ဝမ်သခင်လေး ဒါက ကျွန်တော်တို့မျိုးနွယ်စုကနေ ကျေးဇူးတင်ကြောင်း ပြသတဲ့အနေနဲ့ပါ၊ သခင်လေးက လက်ခံမယ်လို့ မျှော်လင့်ပါတယ်"
သူတို့နှစ်ယောက်သည် နီမှိုင်းရောင်သတ္တာတစ်ခုကို အင်္ကျီလက်ထဲမှ ထုတ်ယူလိုက်ကြသည်။ ထို့နောက် ဦးညွတ်ကာ ပေးလိုက်သည်။ သူတို့သည် သူတို့အတွက် လက်ဆောင်ပေးအပ်ခြင်းမဟုတ်ပေ။ သူတို့သည် သူတို့မျိုးနွယ်စုများကိုယ်စား လက်ဆောင်ပေးအပ်ခြင်း ဖြစ်သည်။
အချိန်တခဏ ငြိမ်သက်နေပြီးနောက် ဝမ်ချောင်သည် သူတို့လက်ထဲမှ သေတ္တာကို ယူလိုက်သည်။
"သခင်လေး ကျွန်တော်တို့ ခင်ဗျားကို မနှောင့်ယှက်တော့ပါဘူး၊ ခင်ဗျားလိုအပ်တာရှိရင် ကျွန်တော်တို့ကို အကြောင်းကြားလိုက်ပါ"
ထိုသို့ပြောပြီးနောက် သူတို့နှစ်ဦးထွက်ခွာသွားကြသည်။
"သခင်လေး အဲသလိုဂုဏ်သရေရှိမျိုးနွယ်စုတွေက သူတို့ရဲ့ အကျိုးစီးပွားကိုသာ စိတ်ဝင်စားကြတယ်၊ ကျွမ်းကျန့်ဖျင်နဲ့ချီဝေ့စီက တတိယမျိုးဆက်သာသာပဲ၊ သူတို့ရဲ့စကားတွေက မယုံရမှာကို စိုးရိမ်မိတယ်"
ထွက်သွားသည့်လူနှစ်ယောက်၏ ကျောပြင်ကို ကြည့်ကာ ကျောက်ကျင်းတန် လျင်မြန်စွာ အကြံပြုလိုက်သည်။
"ငါသိတယ်"
ဝမ်ချောင် ညင်သာစွာ ပြန်ဖြေလိုက်သည်။ ဂုဏ်သရေရှိမျိုးနွယ်စုများသည် ယုံကြည်စိတ်ချ၍မရပေ။ ထိုမျိုးနွယ်စုနှစ်ခုသည် သာမန်မျိုးဆက်နှစ်ယောက်ကိုသာ ပို့လွှတ်ရန် ရွေးချယ်ခဲ့သည်။ ထိုနှစ်ဦးသည် သူတို့အတွင်း၌ပင် ဘောင်မဝင်ပေ။
သို့သော်လည်း ဝမ်ချောင်တွင်လည်း သူ့အကြောင်းပြချက်နှင့်သူရှိသည်။
ကျွမ်းမျိုးနွယ်စု၏ မြင်းတပ်နှင့် ချီမျိုးနွယ်စု၏ ခြေလျင်တပ်တို့သည် လက်ရွေးစင်တပ်သားများ ဖြစ်ကြသည်။ အနာဂတ်စစ်မြေပြင်တွင် ဝမ်ချောင်သည် ရသမျှအကူအညီအားလုံးကို ရယူနိုင်ပေလိမ့်မည်။ ဂုဏ်သရေရှိမြင့်မြတ်သည့် မျိုးနွယ်စုများအားလုံး၏ခွန်အားကို စုဆောင်းကာ တစ်စုတစ်စည်းတည်းအဖြစ်စုပေါင်းလိုက်ပါက သူသည် အလယ်ပိုင်းလွင်ပြင်ဒေသ၏ အန္တိမကံကြမ္မာကို ပြောင်းလဲပစ်နိုင်မည်ဖြစ်သည်။
ဤအရာသည် ဝမ်ချောင် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းသို့ ဝင်ရခြင်း၏ အကြောင်းအရင်းလည်းဖြစ်သည်။
ထို့ကြောင့် သူသည် ကျွမ်းမျိုးနွယ်စုနှင့် ချီမျိုးနွယ်စုတို့၏ စေတနာကို ဘာကြောင့်ငြင်းပယ်ရမည်နည်း။
------------
******
pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်
Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်