← Chapters

အခန်း (၂၀၆-၂၁၀)

Vol. 8 Ch. 206-210

အခန်း (၂၀၆-၂၁၀)

Vol. 8 Ch. 206-210

အပိုင်း ၂၀၆

သို့သော် ကျောက်ရှန်းကျူ၏ တုံ့ပြန်မှုသည် လိမ်ညာခြင်း မဟုတ်ပေ။ ချီဝေ့စီကို ထိမှန်သောမြားသည်လည်း လိမ်ညာခြင်း မဟုတ်ပေ။ ပျက်စီးပြိုလဲသွားသော တောင်ကို စောင့်ကြပ်နေသည့် တော်ဝင်စစ်သည်၏ နာကျင်စွာ အော်ဟစ်သံမှာလည်း လိမ်ညာခြင်းမဟုတ်ပေ။

သံသယရှိစရာမလိုဘဲ ဤသည်မှာ ကျောက်ရှန်းကျူ သူတို့အတွက် ပြုလုပ်ပေးခဲ့သော စမ်းသပ်မှုတစ်ခု မဟုတ်ပေ။ ရန်သူက အမှန်တကယ် တိုက်ခိုက်ခြင်းဖြစ်သည်။

"ဂရုစိုက်..ပြတင်းပေါက်နဲ့ ဝေးဝေးနေ"

တွေးချိန်ပင်မရလိုက်ဘဲ ဝမ်ချောင် အကျယ်ကြီး အော်ပြောလိုက်သည်။ သူသည် ဆီမီးခွက်ကို ဓားဖြင့် လွှဲခုတ်လိုက်ပြီး မီးစာကို ခုတ်ဖျက်လိုက်သည်။ အခန်းတစ်ခုလုံး မှောင်အတိကျသွားခဲ့သည်။

ရွှီး ရွှီး ရွှီး

ထိုအချိန်တွင် စူးရှသည့် ထိတ်လန့်ဖွယ်အသံသည် လေဟာနယ်ကို ခွင်း၍ ပေါ်လာတော့သည်။ သို့သော်ဤတစ်ကြိမ်တွင် ထိုသည်မှာ တစ်ခုတည်းမဟုတ်တော့ပေ။ ဒါဇင်ထက်ပိုသောမြားများသည် ပြတင်းပေါက်မှနေ၍ ဝှီးခနဲ မြည်သံနှင့်အတူ ဖြတ်သန်းလာခဲ့သည်။

ရွှီး

ထိုထဲမှတစ်‌ခုသည် ဝမ်ချောင်၏ခေါင်းကို ပွတ်တိုက်သွားခဲ့သည်။ မြားထံမှ ပြင်းထန်သည့် လေထုဖိအားသည် သူ၏ဆံပင်များကို ထောင်ထ၍ကျန်နေစေခဲ့သည်။ ထိုသည်မှာ သူသည် သေခြင်းနတ်ဘုရားနှင့် အနီးကပ်ပွတ်တိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ဘုန်းဘုန်းဘုန်း

တစ်ချိန်တည်းတွင်ပင် ဝမ်ချောင်နောက်မှ နားအူမတတ်ပဲ့တင်သံထွက်ပေါ်လာခဲ့သည်။ မြားဆယ်စင်းသည် ချီဝေ့စီမူလကချိတ်ဆွဲခဲ့သောနေရာသို့ သွားရောက်စိုက်ဝင်ခဲ့ကြသည်။ ကျယ်လောင်သော ခပ်အုပ်အုပ်အသံနှင့် ဖုန်မှုန့်လုံးကြီးသည်လည်း လိုက်ပါသွားခဲ့ကာ နံရံတစ်ခုလုံးကို ပြိုလဲကျသွားစေခဲ့သည်။

စုဟန်ရှန်းသည်ပင် ထိုမြားနောက်၌ပါရှိ‌သော ကြောက်မက်ဖွယ်ကြီးမားသည့်ခွန်အားကို သိရှိနားလည်သွားပြီး တုန်လှုပ်စွာ မျက်နှာပျက်သွားခဲ့သည်။

"လူတိုင်း ဝပ်ချ..အခု"

ကျောက်ရှန်းကျူသည် ချီဝေ့စီကို လက်မဝက်မျှသာ စော၍ ကယ်တင်လိုက်နိုင်သည်။ သူသည် ကြမ်းပြင်ပေါ် ဝပ်ချလိုက်ကာ အထိတ်တလန့် အော်ပြောလိုက်သည်။ ဤသည်မှာ လေ့ကျင့်ခြင်း မဟုတ်သည်ကို သူသိသည်။ ဤမြားများကို သူ စီစဉ်ထားခဲ့ခြင်း မရှိပေ။

အနည်းဆုံးတော့ သူသည် သူ့ကျောင်းသားများကို စမ်းသပ်ရန် ခွန်းဝူ၏အစောင့်အကြပ်များကို သတ်ဖြတ်သည်အထိ စီစဉ်ထားခြင်း မရှိပေ။

"ငါ့နောက်လိုက်ခဲ့ကြ၊ အသံမထွက်စေနဲ့"

ကျောက်ရှန်းကျူ၏အသံသည် လူတိုင်း၏နားထဲတွင် ပေါ်လာခဲ့သည်။ သူ၏အသံကိုဖိနှိပ်ထားခဲ့ကာ ထိုထဲတွင် စိုးရိမ်မှုများရောယှက်နေသည်။

သို့သော် ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် ကြားဖြတ်၍ပြောလိုက်သည်။

"အလျင်စလိုမလုပ်နဲ့၊ အပြင်ဖက်မှာ ပိုလုံခြုံဖို့မရှိဘူး၊ တိုက်ခိုက်တဲ့သူတွေက တာ့ခ် လေးသခင်တွေပဲ"

ပြောလိုက်သည့်လူမှာ ဝမ်ချောင် ပင်ဖြစ်သည်။ သူ့အသံသည် အရင်ကနှင့် အလွန်ခြားနားနေသည်။

ထက်ရှသည့် မြားများသည် သူ့အနီးအနားမှ ဖြတ်သန်းသွားသည်တွင် ဝမ်ချောင်သည် သူတို့၏ပုံသဏ္ဌာန်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူတို့သည် ဝံပုလွေသွားစွယ်ပုံ မြားများဖြစ်ကြသည်။

ဤရက်စက်ပုံပေါ်သော မြားများသည် လွှသွားပုံ မြားခေါင်းရှိကာ ဝံပုလွေသွားစွယ်နှင့် ဆင်တူသည်။ လူတစ်‌ယောက်ကို ထိုမြားသာ စိုက်ဝင်သွားခဲ့ပါက ထိုချိတ်များသည် မြားများကို အလွယ်တကူ ဆွဲမနုတ်နိုင်အောင် ကာထားနိုင်မှာ ဖြစ်သည်။

ပြီးတော့ တစ်ယောက်သည် ထိုသည်ကို အတင်းအကျပ်ဆွဲနုတ်ပါက ပြန်မကောင်းနိုင်သည့် ဒဏ်ရာ ရရှိသွားပေလိမ့်မည်ဖြစ်သည်။

ဤကဲ့သို့သော မြားများကို အရှေ့အနောက်တာဂီကာဂနိတ်တွင်သာ တွေ့ရှိနိုင်သည်။

"လေးသခင်တွေက သာမန်ထက်ထူးခြားတဲ့ အမြင်အာရုံကို ပိုင်ဆိုင်ထားတယ်၊ အပြင်ဖက်မှာ ဘာအကာအကွယ်မှ မရှိလို့ ဒီအခန်းကို စွန့်ခွာသွားတာက ပိုပြီးအန္တရာယ်များတယ်၊ ကြမ်းပြင်ပေါ်မှာ ကျားတွေရဲ့ အလောင်း ရှိနေတာကြောင့် သူတို့ကို ပြတင်းပေါက်မှာ ထားပြီး မြားတွေကို ခုခံဖို့ အကာအကွယ်အဖြစ် အသုံးပြုလို့ရတယ်"

အမှောင်ထုထဲတွင် ဝမ်ချောင်၏အသံသည် ခိုင်မာကာ တည်ငြိမ်လျက်ရှိသည်။ ဆယ်ကျော်သက်အရွယ် ကလေးတစ်ဦးအစား သူသည် တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ရသော အတွေ့အကြုံရှိ စစ်မှုထမ်းဟောင်း စစ်သူကြီးတစ်ဦးပုံ ပေါ်နေသည်။

ဤတည်ငြိမ်မှုမျိုးသည် ကျိုးကြောင်းဆီလျော်မှုကို ပေါ်လွင်စေပြီး အခြားသူများထံမှ ယုံကြည်အားကိုးလိုသည့်စိတ်ကို ဖြစ်ပေါ်စေသည်။

"ငါအဲဒါကို ဘယ်လိုလုပ် မေ့နေခဲ့ရတာလဲ၊ ငါတို့သာ ကျားတွေရဲ့အလောင်းနဲ့ မြားတွေကို ခုခံဖို့ အကာအကွယ်အဖြစ် အသုံးပြုလိုက်ရင် ဒီနေရာကို ခံတပ်အဖြစ် အသုံးပြုနိုင်တယ်"

ဝမ်ချောင်၏ သတိပေးချက်သည် ကျောက်ရှန်းကျူကို နိုးထသွားစေခဲ့သည်။ ဝမ်ချောင်နှင့် စုဟန်ချန်သည် သူတို့ကို သတ်ဖြတ်ခဲ့သော်လည်း ကျားများ၏ ကြီးမားသောခန္ဓာကိုယ်နှင့် သန်မာသည့် အရိုးများသည် သူတို့ကို ရန်သူ၏တိုက်ခိုက်မှုများမှ ခုခံကာကွယ်ရန် အကောင်းဆုံး အကာအကွယ်များပင်ဖြစ်သည်။

ထို့အပြင် သူတို့ထဲမှသုံးကောင်သည် ရွှမ်သတ္တုဖြင့်ပြုလုပ်ထား‌သော သံချပ်ကာကို ဝတ်ဆင်ထားသေးသည်။ ထိုကဲ့သို့ အကာအကွယ်များဖြင့် သူတို့သည် လေးသခင်ကို စိုးရိမ်စရာ မလိုတော့‌ပေ။

ကျောက်ရှန်းကျူသည် သူ့ကျောင်းသားများ၏လုံခြုံရေးအတွက်သာ စိုးရိမ်ပူပန်နေခဲ့သည်။ ထိုကဲ့သို့သော အရေးကြီးသည့်အချိန်တွင် သူသည် သူ့ကျောင်းသားများကို ဘေးကင်းရာသို့ မည်သို့ ခေါ်ဆောင်သွားရမည်ကိုသာ တွေးတောနိုင်ခဲ့သည်။ သို့သော်လည်း သူသည် သူတို့လုံ‌ခြုံရာနေရာသို့ ရောက်နေသည့် ဖြစ်နိုင်ခြေကို စဉ်းစားရန်မေ့နေခဲ့သည်။

"ဝမ်ချောင်ရဲ့ စကားကို လိုက်နာကြ၊ ငါတို့ကို ထိခိုက်နိုင်တဲ့နေရာတွေမှာ ကျားအသေကောင်တွေကို ထားလိုက်ကြ"

ကျောက်ရှန်းကျူလှုံ့ဆော်လိုက်သည်။

ဘန်းးး

ကျင်းရှစ်ရာကျော် အလေးချိန်ရှိသည့် ကျားအလောင်းကို မြားများ လာရာနေရာတွင် ထားလိုက်ကြသည်။ အံ့ဩစရာကောင်းသည်မှာ စုဟန်ရှန်းက ပထမဆုံးလှုပ်ရှားလိုက်တာပဲ ဖြစ်သည်။

သူသည် ဝမ်ချောင်ထက် ပိုသန်မာကာ ကျားအလောင်း၏အလေးချိန်သည် သူ့လက်ထဲတွင် ဘာမျှမဟုတ်သည့်ပုံပေါ်နေသည်။

ဘန်းဘန်းဘန်း

စုဟန်ရှန်း၏ ဦးဆောင်မှုနောက်ကိုလိုက်ကာ ကျွမ်းကျန့်ဖျင်၊ ကျောက်ကျင်းတန်နှင့် တခြားသူများသည်လည်း လှုပ်ရှားလိုက်ကြသည်။ ကျားတစ်ကောင်ချင်းစီသည် ၂.၄၅ မီတာ ရှည်လျားကာ သူတို့နှစ်ကောင်သည်ပင် နံရံတစ်ဖက်စီကို ပိတ်ဆို့ရန် လုံလောက်သည်ထက် ပိုပေသည်။

ထို့ကြောင့် သူတို့သည် တစ်လွှာပြီးတစ်လွှာကာလိုက်ကြသည်။

ပူးပူးပူး

သူတို့လုပ်ဆောင်ပြီးနောက်တွင် အခြားမြားမိုးများ ကျဆင်းလာပြန်သည်။

ဝမ်ချောင်၏ မီးများကို ငြိမ်းသတ်သည့် လုပ်ဆောင်ချက်သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ အခန်းအတွင်းမှ အခြေအနေများကို အပြင်ဘက်မှ မမြင်နိုင်တော့ပေ။ ထိုလေးသခင်သည် မမြင်မစမ်းနှင့်သာ ပစ်နိုင်တော့သည်။ မရေမတွက်နိုင်သော မြားများကို ပစ်လွှတ်လိုက်သော်လည်း ကျားအလောင်းများက ပိတ်ဆို့ထားခဲ့သည်။

"ဂရုစိုက်ကြ၊ အဲဒီမြားသခင်က ဝေဟင်(အမြင့်)ကနေ ပစ်ခွင်းခြင်းကိုလည်း လုပ်ဆောင်လာနိုင်တယ်၊ ကျားအလောင်းရဲ့အောက်မှာ ပုန်းခိုကြ"

ဝမ်ချောင်သည် ဂရုမစိုက်ဘဲ မနေရဲပေ။ သူသည် သံချပ်ကာဝတ် ကျားတစ်ကောင်၏ အောက်တွင် ဝင်ပုန်းလိုက်သည်။ ကျား၏ ဧရာမခန္ဓာကိုယ်သည် ယခုအခိုက်အတန့်တွင် အလွန်အသုံးဝင်သော အရာတစ်ခု ဖြစ်လာခဲ့သည်။ ထိုသည်က သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးသွားစေသည်။

ကျောက်ကျင်းတန်၊ ကျွမ်းကျန့်ဖျင်းနှင့် တခြားသူများသည်လည်း ချက်ချင်း သူ့အတိုင်း လိုက်လုပ်လိုက်ကြသည်။

ဤတိုက်ခိုက်မှုသည် ကျောက်ရှန်းကျူက ကျားများကို လွှတ်ပေးလိုက်သည်နှင့်ခြားနားသည်။ ထိုသည်မှာ အစစ်အမှန် ကျွမ်းကျင်သူများဖြစ်ကြပြီး လူတိုင်းသည် သူတို့ခေါင်းပေါ်၌ သေဆုံးနိုင်သည့် ခြိမ်းခြောက်မှုတစ်ခု ရစ်ဝဲနေသည်ကို ခံစားနိုင်ကြသည်။

ရွှီးရွှီးရွှီး

ထက်ရှသည့် မြားများ၏ ထိတ်လန့်ဖွယ်အသံသည် လေထဲတွင် ဝှီးခနဲ ပေါ်ထွက်လာသည်။ ဝမ်ချောင်သတိပေးထားသကဲ့သို့ ငါးဆယ်ထက်ပိုသော မြားမိုးသည် အပေါ်မှကျလာသည်။

ထိုမြားများကို ကောင်းကင်ထက်သို့ ဖြေးညင်းစွာ ပစ်လွှတ်လိုက်ပြီး ပြန်ကျလာချိန်တွင် သူတို့၏ အမြန်နှုန်းကို တိုးလာ‌စေခြင်းဖြစ်သည်။ သူတို့၏ ကြီးမားသောခွန်အားနှင့်အတူ မျက်နှာကျက်ကို ဖြတ်၍ မြေပေါ်သို့ ပြုတ်ကျလာသည်။

မြားများ၏ကြီးမားလှသောခွန်အားကြောင့် မြေပြင်ပေါ်သို့ စိုက်လိုက်သည်နှင့် တုန်ခါ၍ ကျန်နေခဲ့သည်။ ထိုမြင်ကွင်းမှာ လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေသည်။ ဝမ်ချောင်၏ သတိပေးချက်ကြောင့်သာ မဟုတ်လျှင် သူတို့သည် ထိုမြားများ၏ ထိုးဖောက်ခြင်းကို သေချာပေါက်ခံရပေမည်။

သို့သော်လည်း သူတို့၏လက်ရှိ ထူထပ်လှသော အကာအကွယ်များကြောင့် မြားမိုးများမည်မျှရွာချပါစေ သူတို့သည် ကြောက်နေစရာမလိုတော့ပေ။

ကျောက်ရှန်းကျူ သူတို့ကိုတိုက်ခိုက်ရန် အသုံးပြုခဲ့သည့်ကျားများသည် ယခုတွင် သူတို့၏ အကာအကွယ် ဖြစ်လာခဲ့သည်။ ဤသည်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ မျှော်မှန်းထားခြင်း မရှိခဲ့ပေ။

ရွှီးရွှီးရွှီး

ယခင်ကထက် ပို၍များပြားသော တရပ်စပ်ပစ်ခတ်လိုက်သည့်မြားများသည် ကျဆင်းလာပြန်သည်။ အနည်းဆုံး ထက်ရှသည့် မြားအစင်းခြောက်ဆယ်သည် ခေါင်မိုးကို ဖြတ်၍ မြေပြင်ပေါ်သို့ ကျလာကာ အခန်းတစ်ခုလုံးနှင့် အပြင်ဖက်တွင် ဖုံးလွှမ်းသွားခဲ့သည်။

မြားများ၏ အဆက်မပြတ်ကျဆင်းလာသံကို ကြားသောအခါ လူတိုင်းသည် စိတ်သက်သာရာရသွားကြသည်။ ဝမ်ချောင်သာ မတိုက်တွန်းခဲ့လျှင် သူတို့သည် ယခုအချိန်တွင် ဖြူကောင်များ ဖြစ်သွားနိုင်သည်။

တရစပ်ပစ်ခတ်ပြီးနောက် လေးသခင်သည် ထိုအခန်းထဲတွင် အသက်ရှင်ကျန်သူ မရှိနိုင်တော့ဟု သေချာသွားကာ ပစ်မှတ်ကို တခြားနေရာသို့ ပြောင်းလိုက်သည်။

သို့သော် အခန်းထဲရှိအုပ်စု၏ သွင်ပြင်လက္ခဏာသည် အလွန်ဆိုးရွားနေခဲ့သည်။

"တာ့ခ်လေးသခင်...ဘာလို့ တာခ့်လေးသခင်တွေက ဒီနေရာကိုရောက်နေတာလဲ"

သံချပ်ကာဝတ်ကျားအလောင်း၏အောက်တွင် ဝမ်ချောင်၏စိတ်သည် ကသောင်းကနင်း ဖြစ်နေခဲ့သည်။ ခွန်းဝူလေ့ကျင့်ရေး စစ်စခန်းတည်ထောင်သည့် ပထမဆုံးနေ့တွင် ညအချိန်၌ တိုက်ခိုက်ခံရမည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းတွင် တော်ဝင်စစ်တပ်ကျွမ်းကျင်သူအရေအတွက်သည် ပမာဏ အတော်အသင့် ရှိသည်။ ရန်သူသည် များပြားသည့်အင်အားဖြင့် အနိုင်ယူရန် ရည်ရွယ်ချက် ရှိခဲ့လျှင် သူတို့သည်လည်း အသေအပျောက်များမည်မှာ သေချာပေသည်။

သို့တိုင် ဝမ်ချောင်သည် လေးသခင်များကိုအသုံးပြုနိုင်သည့် ဖြစ်နိုင်ခြေကို မေ့နေခဲ့သည်။

လေးသခင်ဖြင့်ဆိုလျှင် ရန်သူသည် အ‌ဖြူရောင်ကျားတောင်ထွတ်သို့ လာရောက် တိုက်ခိုက်စရာ မလိုတော့ပေ။ သူတို့၏ လီအတော်ဝေးဝေးမှ တိုက်ခိုက်နိုင်စွမ်းဖြင့်ဆိုလျှင် သူတို့သည် သူတို့၏ပစ်မှတ်ကို အဝေးမှပင် လွယ်ကူစွာ တိုက်ခိုက်နိုင်သည်။

တော်ဝင်ရုံးတော်မှ ပို့လွှတ်လိုက်သော အစောင့်များသည် သူတို့ကို လုံးဝခြိမ်းခြောက်ခြင်း မပြုနိုင်ပေ။ လူတိုင်းသည် ရွေ့လျားနေသော ပစ်မှတ်များသာဖြစ်သည်။

သို့သော် ဝမ်ချောင်တွေးနေသည်မှာ ထိုအရာမဟုတ်ပေ။

ဝမ်ချောင်သည် သူ၏အရင်ဘဝတွင် ခွန်းဝူသို့ တာ့ခ်လေးသခင်များလာရောက်တိုက်ခိုက်ခဲ့သည်ဟု တစ်ခါမျှ မကြားဖူးခဲ့ပေ။ ထိုကိစ္စသည် လျှို့ဝှက်ထားခဲ့သည်လော၊ သို့မဟုတ် သူ၏ လုပ်ဆောင်ချက်များသည် အနာဂတ်ကို ပြောင်းလဲသွားခဲ့စေသည်လော သူ မပြောနိုင်ပေ။

"တော်ဝင်ရုံးတော်ရဲ့ အနာဂတ်ပါရမီရှင်တွေကို ပြုစုပျိုးထောင်ဖို့အတွက် အရေးကြီးတဲ့ အခြေခံအုတ်မြစ်နေရာတစ်ခုအနေနဲ့ ပညာရှင်ဧကရာဇ်ရဲ့အမြင်မှာတောင် မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုက အရမ်းအရေးကြီးတယ်၊ ကြည့်ရတာ တာ့ခ်တွေက ဒီကိစ္စကနေ ခြိမ်းခြောက်မှုကို ခံစားရလို့နေမယ်"

ဝမ်ချောင်၏ နှလုံးသားတစ်ခုလုံး တင်းကျပ်သွားခဲ့သည်။

မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုသည် တိုင်းပြည်၏ လက်ရွေးစင်များကို ပြုစုပျိုးထောင်ရန်နှင့် ရွေးချယ်ရန် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ဤသည်မှာ လုံးဝမကြုံခဲ့ဖူးသော အစပျိုးမှုတစ်ခုဖြစ်သည်။ မဟာထန်၏ အလားအလာရှိသော ပြိုင်ဘက်အနေဖြင့် ‌အရှေ့အနောက်တာဂီကာဂနိတ်သည် ဤကိစ္စကို မေ့ထားရန်မဖြစ်နိုင်ပေ။

ဝမ်ချောင်သည် ဤကိစ္စကို သူ လျစ်လျူရှု့ထားမိကြောင်း သိသည်။

သူ ယခုစိုးရိမ်သည့်အရာမှာ ဝူရှန်းနှင့် ဂိုဂူလျောတို့သည်လည်း လှုပ်ရှားလာမည်လား ဆိုသည်ကိုပင် ဖြစ်သည်။

"နည်းပြဆရာ‌ကျောက် ခွန်းဝူမှာ လေးသခင် ဘယ်လောက်များများရှိလဲ"

ဝမ်ချောင်၏ခေါင်းထဲတွင် အတွေးများစွာ ဖြတ်သွားခဲ့ပြီး ရုတ်တရက် လှည့် မေးလိုက်သည်။

"ဒီမှာလေးပစ်သူ တစ်ဒါဇင်လောက်ရှိတယ်၊ ဒါပေမဲ့ သူတို့ထဲမှာ လေးသခင် ဖြစ်တာ ငါးယောက် မပြည့်ဘူး၊ ဒါ့အပြင် သူတို့က စစ်တန်းလျားလေးခုမှာ ပြန့်ကျဲနေကြတယ်"

ကျောက်ရှန်းကျူ ခါးသီးစွာဖြင့် ပြောလိုက်သည်။

သူသည် ဝမ်ချောင်၏ရည်ရွယ်ချက်ကို သဘောပေါက်ပေသည်။ လေးသခင်များကို ရင်ဆိုင်နိုင်သည်မှာ လေးသခင်များသာ ဖြစ်သည်။ သို့သော်လည်း ဤသည်မှာ ခွန်းဝူလေ့ကျင့်ရေးစစ်စခန်း ပထမဆုံးစဖွင့်ရက် ဖြစ်သည်။ လေးပစ်ခြင်းကို အထူးပြုသည့် နည်းပြဆရာတချို့မှလွဲ၍ ဤနေရာတွင် အခြား လေးသခင်လေးများ မရှိတော့ပေ။

ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းသည် ထိုကဲ့သို့ တိုက်ခိုက်မှုအတွက် ပြင်ဆင်ခဲ့ရခြင်း မရှိပေ။

အစကတည်းက လေ့ကျင့်ရေးစခန်းများသည် မကောင်းသည့် ရည်ရွယ်ချက်ရှိသူများ အတွင်းသို့ ခိုးဝင်ခြင်းမှ ကာကွယ်ရန်သာ အာရုံစိုက်ခဲ့သည်။ တာ့ခ်တို့သည် ဆရာသခင်အဆင့် လေးပစ်သူများကို စေလွှတ်လိုက်မည်ဟု မည်သူကများသိမည်နည်း။

ကျောက်ရှန်းကျူ၏ကျင့်ကြံခြင်းသည် ထူးကဲသော်လည်း သူသည် လေးပစ်ခြင်း၌ ပါရမီမရှိပေ။ လီအတော်ဝေးဝေးမှ လေးသခင်ကို သူလုပ်နိုင်သည်မှာ ဘာမျှမရှိချေ။

ရွှီးရွှီးရွှီး

အမှောင်ထုထဲတွင် ပတ်ဝန်းကျင်တစ်ခုလုံး၌ မြားပစ်သံများတရပ်စပ် ထွက်ပေါ်နေသည်။ ထို့အပြင် နာကျင်စွာအော်ဟစ်သံများကိုလည်း ဟိုမှ ဒီမှ ကြားနိုင်သည်။ ဤတာဝန်အတွက် လေးသခင်မည်မျှများများကို စေလွှတ်ခဲ့သည်လဲ ဆိုသည်မှာ ခန့်မှန်းရန်ခက်ခဲသည်။

လေးသခင်တစ်ယောက်သည် လီအတော်ဝေးဝေးမှ တစ်စက္ကန့်အတွင်း မြားအစင်း‌ပေါင်းငါးဆယ်မှ ခြောက်ဆယ်အထိ ပစ်လွှတ်နိုင်သည်။ သူတို့ဆယ်‌ယောက်ရှိခဲ့လျှင် ထိုသည်မှာ ငါးရာမှ ခြောက်ရာ ဖြစ်ပေလိမ့်မည်။ သူတို့အယောက်နှစ်ဆယ်ရှိခဲ့လျှင် ထိုသည်မှာ တစ်ထောင်ထက် ပိုပေလိမ့်မည်။ ထိုသည်မှာ အဖြူရောင်ကျား တောင်ထွက်ပေါ်ရှိ လူများအားလုံးကို ရှင်းလင်းပစ်ရန် လုံလောက်သည်ထက် ပိုပေသည်။

သေခြင်းအငွေ့အသက်သည် ဖြည်းဖြည်းချင်း ကျူးကျော်လာပုံ ပေါ်သည်။ ထိုအချိန်တွင် လူတိုင်း၏ မျက်နှာသည် အလွန်ဆိုးရွားသွားခဲ့သည်။

"ဝေ့ဟို အခုမင်းကိုယ်မင်းပဲ အားကိုးရတော့မယ်"

ဝမ်ချောင် စိုးရိမ်တကြီး တွေးလိုက်သည်။

ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းတွင် ကျောက်ကျင်းတန်မှလွဲ၍ သူအစိုးရိမ်ဆုံးသူမှာ ဝေ့ဟိုဖြစ်သည်။

ခွန်းဝူတွင် မတူညီသော တောင်ထွတ်များပေါ်၌ မတူညီသော စစ်တန်းလျားများရှိကြပြီး ၎င်းတို့မှာ မိုးပြာရောင်နဂါး၊ အဖြူရောင်ကျား၊ အနီရောင်ငှက်နှင့် အနက်ရောင်လိပ်တို့ ဖြစ်ကြသည်။

ဝမ်ချောင်သည် ဝေ့ဟို မည်သည့်တောင်ထွတ်ပေါ်တွင်ရှိနေသသည်လဲ မသေချာပေ။သို့သော် မည်သို့ပင်ဖြစ်စေ တာ့ခ်တို့သည် သူတို့၏တိုက်ခိုက်မှုများကို ကျားဖြူတောင်ထွက်ပေါ်တွင်သာ ကန့်သတ်ထားမည်မဟုတ်သည်မှာ သေချာသည်။

ဝမ်ချောင်သည် ဝေ့ဟိုတစ်ယောက် အန္တရာယ်ကို စောစောသတိပြုမိကာ ပုန်းအောင်နေစေရန်သာ မျှော်လင့်နိုင်သည်။ ဤသည်မှာ တရပ်စပ်ပစ်ခတ်နေသော မြားချက်များအရှေ့ ဝမ်ချောင်လုပ်နိုင်သည့် တစ်ခုတည်းသောအရာဖြစ်သည်။

"အာဝူးးးးးးးးး"

ဝမ်ချောင်ထိုအတွေးကိုတွေးနေစဉ် ကျယ်လောင်သောဝံပု‌လွေအူသံသည် အမှောင်ထုကြားတွင် ပေါ်ထွက်လာခဲ့သည်။ ထိုဝံပုလွေအူသံများသည် တောအုပ်ထဲမှ အဆက်မပြတ်ထွက်ပေါ်လာသည်။ ကျယ်လောင်သော ဝံပုလွေအူသံများကို ကြားသည်တွင် သူ မျက်နှာပျက်သွားသည်။

ထိုသည်မှာ ဝံပုလွေများ၏အူသံဖြစ်သည်။

အသံများအရ ဝံပုလွေတစ်ကောင်တည်းမဟုတ်ပေ။ သူတို့သည် ရာကျော် သို့မဟုတ် တစ်ထောင်ထက်ပိုနိုင်ပေသည်။

ဤခွေးကောင်များသည် သူတို့ကို မြားနှင့် ပစ်ရုံမျှဖြင့် မကျေနပ်ကြပေ။ သူတို့သည် ဤနေရာရှိ လူတိုင်းကို သတ်ဖြတ်ချင်နေပေသည်။

---------------------

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အပိုင်း ၂၀၇

ဝံပုလွေအူသံ ထွက်ပေါ်လာခဲ့ပြီး တုံ့ပြန်သံများစွာ ထွက်ပေါ်လာခဲ့သည်။ သိပ်မကြာမီမှာပင် တောင်တစ်ခုလုံး ဝံပုလွေအူသံများဖြင့် ပြည့်နှက်သွားခဲ့သည်။ အဖြူရောင် ကျားတောင်ထွတ်ဝန်းကျင်တွင် ဝံပုလွေများ မည်မျှရှိသည်ကို ခန့်မှန်းရန်မဖြစ်နိုင်ပေ။

ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းကို မြို့တော်မှ လီနှစ်ဆယ်အကွာအဝေးထက်ပို၍ဝေးသည့် တောင်တန်းများ၏ အနက်ပိုင်းတွင် တည်ဆောက်ထားခဲ့သောကြောင့် ဝံပုလွေအများအပြားသည် ဤနေရာတွင် ပေါ်လာရန်မှာ မဖြစ်နိုင်ပေ။

"တာဂီမြက်ခင်းပြင်ရဲ့ ဒေသခံဝံပုလွေတွေ"

ဝမ်ချောင်၏ မျက်နှာသည် မယုံနိုင်လောက်အောင်ပျက်ယွင်းသွားသည်။ ဝံပုလွေများ၏အူသံသည် ကျယ်လောင်ပြီး အားမာန်ပြည့်ဝလှသည်။ ဤတစ်ကမ္ဘာလုံးတွင် တစ်ချိန်တည်း၌ ဝံပုလွေအများအပြား ပေါ်လာနိုင်သည့်နေရာမှာ တစ်နေရာသာရှိသည်။

တာ့ခ်လူမျိုးများ နေတိုင်သည့် မြက်ခင်းပြင်ဒေသ။

ထိုနေရာရှိ ဝံပုလွေများသည် ထင်ရှားသည့် ကြီးမားသော ခန္ဓာကိုယ် ရှိကြပြီး လွန်ကဲစွာ ရန်လိုကြသည်။ ဝံပုလွေများနှင့်အတူ နှစ်အတော်ကြာ အတူနေထိုင်ခဲ့သောကြောင့် တာ့ခ်ကျွမ်းကျင်သူတချို့သည် ဝံပုလွေများကို ထိန်းချုပ်သည့်ပညာရပ်ကို လေ့လာနိုင်ခဲ့ကြသည်။

သူ၏အရင်ဘဝ၌ ဝမ်ချောင်သည် မဟာထန်နှင့်တာ့ခ်များအကြားမှ တိုက်ပွဲတွင် အကူအညီ ရယူရန်အတွက် တာ့ခ်များသည် ဝံပုလွေများကို ဆင့်ခေါ်နေသည်ကို ကိုယ်တိုင် မြင်တွေခဲ့ရသည်။

ကြီးမားသည့် စစ်တပ်ကြီးကသာ နယ်စပ်ကိုဖြတ်ကျော်ခဲ့လျှင် ထိုသည်ကို တော်ဝင်ရုံးတော်က သတိမထားမိရန်မှာ လုံးဝမဖြစ်နိုင်ပေ။ သို့သော်လည်း ထိုအစား ဝံပုလွေဆိုလျှင်တော့ အစောင့်စစ်သားက သူတို့ကို မြင်ခဲ့လျှင်ပင် ဂရုစိုက်မည်မဟုတ်ပေ။

ရှင်းလင်းစွာပင် ဤသည်မှာ တာ့ခ်များအတွက် အပြတ်အသတ် အောင်မြင်မှုတစ်ခုပင် ဖြစ်သည်။

"ဒါကအတော်ဆိုးတယ်၊ တာ့ခ်တွေက ဝံပုလွေတွေနဲ့ အတူ ဒီတောင်ထွတ်ကို တိုက်ခိုက်ဖို့ စီစဉ်နေပြီ"

ကျောက်ရှန်းကျူ၏ အမူအရာသည် မယုံနိုင်လောက်အောင်ပျက်ယွင်းသွားသည်။ ထိုသည်မှာ ဝံပုလွေများသာဆိုပါက တောင်ပေါ်ရှိအစောင့်များဖြင့် ရင်ဆိုင်နိုင်သေးသည်။ သို့သော်လည်း အမှောင်ထဲတွင် ပုန်းအောင်းနေသည့် လေးသခင်များက ဝံပုလွေများကို ထောက်ပံ့ထားပါက လူတိုင်းသည် အလွန်အန္တရာယ်များသော အခြေအနေသို့ ကျရောက်သွားနိုင်သည်။ ကျားဖြူတောင်ထွတ်တစ်ခုလုံး သုတ်သင်ရှင်းလင်းခံရနိုင်သည်။

မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုစလုံးသည် စတင်ဖွင့်လစ်သည့်နေ့တွင် ထိုကဲ့သို့ပြင်းထန်သော တိုက်ခိုက်မှုကို ခံစားခဲ့ရပါက တိုင်းပြည်၏ ဂုဏ်သိက္ခာအတွက် ကြီးမားသောထိုးနှက်ချက်တစ်ခု ဖြစ်လာမည်မှာ သေချာ‌ပေသည်။

လေ့ကျင့်ရေးစစ်စခန်း၏ နည်းပြဆရာတစ်ယောက်အနေဖြင့် ကျောက်ရှန်းကျူသည် ထိုသည်ကို လက်မခံနိုင်ပေ။

"ငါဒီမှာစောင့်နေလို့မဖြစ်ဘူး..အပြင်ထွက်ရမယ်"

ကျောက်ရှန်းကျူ စိုးရိမ်လျက်ရှိသည်။

အပြင်ဖက်တွင် ပြောင်သလင်းခါနေခြင်းက လူတစ်ယောက်ကို တာ့ခ်လေးသခင်များ အလွယ်တကူ ချောင်းပစ်ခြင်းမှ လွယ်ကူစေသည်။ သို့သော် ဤကဲ့သို့အရေးကြီးသောအချိန်တွင် ကျောက်ရှန်းကျူသည် ထိုသည်ကို အများကြီးဂရုမစိုက်နိုင်တော့ပေ။

"နည်းပြဆရာကျောက်..ခင်ဗျား လူဘယ်လောက်များများကို စုစည်းနိုင်မလဲ"

ထိုအချိန်တွင် တည်ငြိမ်သည့်အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ဝမ်ချောင်၏အသံပင်ဖြစ်သည်။

အတွင်းဖက်တွင်တော့ ဝမ်ချောင်သည် ဤနေရာရှိလူတိုင်းထက် ပို၍စိုးရိမ်ပူပန်လျက်ရှိသည်။ အားလုံးပြီးနောက် ဤနေရာသည် တိုင်းပြည်၏ အနာဂတ်စစ်သူကြီးများ လာရောက်စုစည်းနေသည့်နေရာ ဖြစ်သည်။ သူတို့ထဲမှ လူတစ်ယောက်စီ၏ သေဆုံးမှုသည်ပင် တိုင်းပြည်အတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်။

အလယ်ပိုင်းလွင်ပြင်ဒေသ၏ ကံကြမ္မာကို ပြောင်းလဲရန် ဝမ်ချောင်သည် သူတို့၏အကူအညီကို လိုအပ်ပေသည်။

ယခုအချိန်ထိတိုင်အောင် ဝမ်ချောင်သည် ဤအဖြစ်အပျက်မှာ ကံတရားအရလော သို့မဟုတ် သူ၏ ကြားဝင်လာမှုကြောင့်လော မခန့်မှန်းနိုင်သေးပေ။

ထိုထဲက မည်သည့်တစ်ခုပင် ဖြစ်ပါစေ ဝမ်ချောင်သည် ဤကဲ့သို့ သေရေးရှင်ရေး အခြေအနေအောက်တွင် ထိုင်ကြည့် မနေနိုင်ပေ။

"လူခြောက်ယောက်ကနေ ခုနစ်ယောက်လောက်ကို ငါစုစည်းနိုင်မယ်ထင်တယ်"

ကျောက်ရှန်းကျူသည် ဝမ်ချောင်ဘာလုပ်မည်ကို မသိသော်လည်း ပြန်ဖြေလိုက်သည်။ သူသည် ဝမ်ချောင်ကို အလွန်အကောင်းမြင်နေပြီဖြစ်သည်။ တစ်ဖက်လူသည် အန္တရာယ်များသော အခြေအနေ၌ပင် သူ၏တည်ငြိမ်မှုကို ထိန်းထားနိုင်သည်။ ပြီးတော့ သူ၏ဉာဏ်ပညာကို အသုံးပြုကာ အခွင့်အရေးကိုလည်း ရှာဖွေနိုင်သေးသည်။ သူ၏ကျားအလောင်းများကို အသုံးပြုကာ မြားမိုးကို ရှောင်တိမ်းစေသည့် အကြံပြုချက်သည် အကောင်းဆုံးဥပမာပင်ဖြစ်သည်။

"ခင်ဗျား စစ်စခန်းမှာ တခြားလေးသခင်တွေကို ရှာပေးနိုင်မလား"

ဝမ်ချောင်မေးလိုက်သည်။

"မင်းဘာလုပ်ဖို့ ကြံစည်နေတာလဲ"

ထိုစကားလုံးများကို ကြားသည်တွင် ကျောက်ရှန်းကျူ၏ခန္ဓာကိုယ်တုန်ခါသွားခဲ့သည်။ သူသည် တစ်စုံတစ်ခုကို တွေးမိသွားပုံ ပေါ်သည်။ ထို့နောက်ဝမ်‌ချောင်ကို အလျင်အမြန်လှည့်ကြည့်လိုက်သည်။

"ကျွန်တော်တို့ လူစုကွဲနေပြီး တစ်ယောက်ချင်းဖြစ်နေခဲ့ရင် ကျွန်တော်တို့ရဲ့ ခုခံကာကွယ်မှုက ချိုးဖောက်ရ ပိုလွယ်နိုင်တယ်၊ အခု ကျွန်တော်တို့ အကောင်းဆုံး လုပ်နိုင်တာက တခြားတောင်တွေမှာ ရှိနေတဲ့ လေးသခင်မျိုးစုံကို စုစည်းဖို့ပဲ၊ အဲဒါကပဲ ကျွန်တော်တို့ ပြန်တုံ့ပြန်နိုင်မဲ့ အခွင့်အရေးတစ်ခုဖြစ်တယ်"

ဝမ်ချောင်သည် တည်ငြိမ်စွာ စိစစ်ပိုင်းခြားလိုက်သည်။

ယခုလောလောဆယ်တွင် လူတိုင်းသည် တောင်ထွတ်နေရာအနှံ့တွင် ပျံ့ကြဲနေလေသည်။ လေးသခင်ထံမှ သန်မာဖိနှိပ်သည့် ပစ်ချက်များအောက်တွင် လက်ရှိ၌သူတို့ကိုယ်သူတို့သာ ကာကွယ်နိုင်သည်။ သို့သော်လည်း သူတို့သာ ဤအတိုင်းဆက်သွားပါက လျင်မြန်စွာ ပျက်စီးသွားပေလိမ့်မည်။

လက်ရှိအကျဉ်းအကျပ်မှ သူတို့ကိုယ်သူတို့ လွတ်မြောက်စေရန် တစ်ခုတည်းသောနည်းလမ်းမှ သူတို့ဖက်မှ လေးသခင်များနှင့် ပူးပေါင်းရန်ပင်ဖြစ်သည်။

"ဒါပေမဲ့ မင်းစဉ်းစားမိရဲ့လား ငါတို့သာ အတူစုနေရင် တာ့ခ် လေးသခင်က ငါတို့ကို အလွယ်တကူ ရှာတွေ့ပြီး သတ်ပစ်လောက်တယ်"

ကျောက်ရှန်းကျူသည် ဝမ်ချောင်၏ ရည်ရွယ်ချက်ကို ရိပ်မိလိုက်သည်။

"တခြားရွေးချယ်စရာမရှိဘူး၊ ကျွန်တော်တို့အတူရှိနေလို့ ကျွန်တော်တို့ကို တိုက်ခိုက်ရ လွယ်ကူသွားမယ်ဆိုရင်တောင် ကျွန်တော်တို့ တကွဲတပြားရှိနေတာက ပိုပြီး မြန်မြန်သေဆုံးရလိမ့်မယ်"

‌ဝမ်ချောင်ပြောသည်။

ကျောက်ရှန်းကျူသည်လည်း အတွေ့အကြုံရှိ အုပ်ချုပ်သူတစ်ဦးဖြစ်သည်။ သို့သော် သူသည် ယခင်ဘဝ၌ ဘဝတစ်ဝက်လောက်ကို သွေးသံတရဲရဲဖြင့် ဖြတ်သန်းခဲ့ရသော ဝမ်ချောင်ကိုတော့ မယှဉ်နိုင်သေးပေ။

"ငါနားလည်ပြီ၊ တော်ဝင်စစ်သည်အစောင့်၊ နည်းပြဆရာ၊ လေးသခင် ငါးယောက်ကနေ ခြောက်ယောက်အထိ အဖြူရောင်ကျားတောင်ထွတ်မှာရှိတယ်၊ ဒီအခြေအနေအောက်မှာ ဒါက ငါစုစည်းနိုင်တဲ့ လူအရေအတွက် အများဆုံးပဲ"

ကျောက်ရှန်းကျူသည် နည်းပြဆရာတစ်‌ယောက် ဖြစ်သော်လည်း ကွဲပြားသော အမိန့်များဖြင့် လုပ်ဆောင်နေကြသော တော်ဝင်စစ်တပ်ကို အတူတကွ တိုက်ခိုက်ရန် မစည်းရုံးနိုင်ပေ။

ထို့ကြောင့် သူသည် သူနှင့်ရင်းနှီးသူများကိုသာ ရှာဖွေစုစည်းနိုင်မည်ဖြစ်သည်။ ဤနည်းလမ်းဖြင့် သူသည် တစ်ဖက်လူကို ခေါ်ဆောင်ရာတွင် အချိန်ကို ချွေတာနိုင်မည်ဖြစ်သည်။

ရှူးး

ကျောက်ရှန်းကျူ ပြေးထွက်သွားခဲ့သည်။ ဝမ်ချောင်သည် သူ့ကို ရိပ်ခနဲသာ မြင်လိုက်၏။ သူသည် အခန်းထဲမှ ပျောက်ကွယ်သွားပြီဖြစ်သည်။

ကျောက်ရှန်းကျူထွက်သွားပြီးနောက် ဝမ်ချောင်၊ ကျောက်ကျင်းတန်၊ ကျွမ်းကျန့်ဖျင်၊ ချီဝေ့စီနှင့် စုဟန်ရှန်းတို့သာ ကျန်ခဲ့‌သည်...ထိုသည်မှာ မဟုတ်သေးပေ။ အခန်းသို့ဝေ့ကြည့်လိုက်သည်တွင် ဝမ်ချောင်သည် သူ မသိလိုက်ဘဲ စုဟန်းရှန်းသည် ကျောက်ရှန်းကျူနောက် လိုက်သွားသည်ကို သိလိုက်သည်။

အခန်းတစ်ခုလုံး တိတ်ဆိတ်နေသည်။ ကျောက်ရှန်းကျူထွက်သွားခြင်းက ဤလူစုကို မလွယ်ကူသည့် ခံစားချက် ဖြစ်ပေါ်စေသည်။

"ဝမ်သခင်လေး..ငါတို့အခုဘာလုပ်သင့်လဲ"

ကျွမ်းကျန့်ဖျင်သည် လှည့်လိုက်ပြီး ဝမ်ချောင်ကို တုန်ယင်နေသည့်အသံဖြင့်မေးလိုက်သည်။ ကျွမ်းမျိုးနွယ်စု၏ အရည်အချင်းရှိ မျိုးဆက်တစ်ယောက်အနေဖြင့် ကျွမ်းကျန့်ဖျင်သည် ကြီးမားသော အဖြစ်အပျက်များနှင့်အန္တရာယ်များကို အတူတကွ မျှဝေခံစားခဲ့ရသည်။

သို့သော် ဤတစ်ကြိမ်၌ ကိစ္စသည် လုံးဝကွဲပြားပေသည်။ အနည်းဆုံး လေးသခင် အယောက်နှစ်ဆယ်၊သုံးဆယ်ခန့် အမှောင်ထဲပုန်းကွယ်နေခြင်းနှင့်အတူ လေ့ကျင့်ရေးစစ်စခန်းသည် သေခြင်းတရားချောက်နက်နှင့် မခြားတော့ပေ။

ကျွမ်းကျန့်ဖျင်သည် သူ့လက်ပင်းထက်တွင် ဓားတင်ထားသကဲ့သို့ ခံစားနေရကာ အချိန်မရွေး ကျဆင်းလာနိုင်သည့်ခြိမ်းခြောက်မှုကိုလည်း ခံစားနေရသည်။

ဤသည်မှာ ကျွမ်းကျင်သူများအကြား တိုက်ပွဲနှင့် မခြားနားပေ။ ဤသည်မှာ စစ်မြေပြင်တစ်ခုဖြစ်သည်။ ကျွမ်းကျန့်ဖျင်သည် မည်မျှအထင်ကြီးစရာကောင်းပါစေ သူသည် ဆယ်ကျော်သက်အရွယ် ပါရမီရှင်လူငယ်မျှသာ ရှိသေးသည်။ သူသည် စစ်မြေပြင်၏ ကြောက်မက်ဖွယ်ကောင်းပုံကို မည်ကဲ့သို့ စိတ်ကူးကြည့်ဖူးမည်နည်း။

"ဒီနေရာမှာ မင်းသိတဲ့တစ်ယောက်ယောက်ရှိလား"

ဝမ်ချောင် မေးလိုက်သည်။

"ရှိတယ်၊ သူတို့က ဂုဏ်သရေရှိမျိုးနွယ်စုတွေရဲ့ လူငယ်မျိုးဆက်တွေပဲ၊ ဒါပေမဲ့လည်း သူတို့အသက်ရှင်လျက် ရှိမရှိဆိုတာ ငါမသိဘူး"

ကျွမ်းကျန့်ဖျင် ပြန်ဖြေလိုက်သည်။

"ကောင်းပြီ ခုချိန်မှာ သူတို့ကို ဒီနေရာခေါ်လာဖို့ မင်းနည်းလမ်းတချို့ ရှာသင့်တယ်၊ ချီဝေ့စီကို ဒီနေရာမှာ စိတ်ချထားလိုက်၊ ခုချိန်မှာသူက အန္တရာယ်ရှိမှာမဟုတ်ဘူး၊ ကျင်းတန် သူ့ကိုဂရုစိုက်လိုက်၊ ငါအပြင်ကို တစ်ချက် သွားကြည့်လိုက်ဦးမယ်"

ထိုသို့ ပြောပြီးနောက် တခြားသူများ တုံ့ပြန်တာကို မစောင့်တော့ဘဲ ဝမ်ချောင်သည် နဂါးအရိုးပညာရပ်၏ 'နဂါး တိမ်ပေါ်သို့တက်သွားခြင်း'ကို ထုတ်ဖော်လိုက်သည်။ ထို့နောက် လေးသခင်၏တိုက်ခိုက်မှုကြောင့် အပေါက်ဖြစ်နေသော နံရံမှ ထွက်သွားလိုက်သည်။

ဟူးးး

တောင်လေ တိုက်နေပေသည်။ အခန်းတွင်းမှ ထွက်ခွာပြီးနောက် ဝမ်ချောင်သည် မတူညီသောကမ္ဘာသို့ ရောက်သွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။ သူ့ပတ်ဝန်းကျင်ရှိ အဆောက်အဦများသည် အပေါက်များဖြင့် ပြည့်နှက်နေသည်။ လရောင်ဖျော့ဖျော့အောက်တွင် ဝမ်ချောင်သည် တောင်ခြေ၌ အောင်ပွဲခံနေသည့် ဝံပုလွေများကို မြင်တွေ့လိုက်ရသည်။

ဝံပုလွေအူသံများ၊ လေချွန်သံများ၊ နာကျင်စွာအော်ဟစ်သံများ၊ လက်နက်ချင်းထိခိုက်သံများ...နှင့် တင်းမာနေသော ကောက်ရိတ်သူ၏ ကောက်ရိတ်ဓားရှည်ကဲ့သို့ ကောင်းကင်တွင် ဝှီးခနဲ ဖြတ်သန်းသွားသော ဝံပုလွေသွားမြားများ..။ ဤအရာများအားလုံးသည် လေ့ကျင့်ရေးစစ်စခန်းကို သေဆုံးခြင်းနယ်မြေအဖြစ်ပြောင်းလဲသွားစေခဲ့သည်။

ဝမ်ချောင်၏ ဆိုးဝါးသောခန့်မှန်းချက်သည် အမှန်တကယ်ဖြစ်လာခဲ့သည်။

ဝံပုလွေများသည် သူတို့ကိုယ်တိုင်သာဆိုလျှင် တောင်ပေါ်၌ တပ်စွဲထားသော တော်ဝင်စစ်သည်အစောင့်များကို ရင်ဆိုင်ရန် မလုံလောက်ပေ။

ဝံပုလွေအုပ်စုထဲတွင် ဝမ်ချောင်သည် ပြေးလွှားနေသည့် အရပ်ပုပုလူအနည်းငယ်ကို မြင်နိုင်သည်။ သူတို့ကို တမူထူးခြားစေသည့်အရာမှာ သူတို့တစ်ယောက်ချင်းစီတွင် အနည်းငယ် ရှည်လျားသည့် ဓားသွားများ သူတို့အပေါ်တွင် ရှိနေခြင်းဖြစ်သည်။

သူတို့သည် ဝံပုလွေများကို လွတ်လပ်စွာ ဖြတ်သန်းသွားကြကာ တချို့သည် ဝံပုလွေကျောပေါ်၌ပင် စီးနင်းနေကြသည်။ သို့တိုင် ဝံပုလွေများသည် သူတို့ကို ဂရုမစိုက်သည့်ပုံရကာ သူတို့စိတ်ကြိုက်ပြုမူခွင့် ပေးထားသည်။

"အိုတိုခါဂျီ အန်ဆန်းဟာရိုး.."

ပြေးလွှားသည့်အသံများ ထွက်ပေါ်လာကာ ဝံပုလွေများကြားမှ အာဏာသံပါသော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုသည်မှာ တာ့ခ်ဘာသာစကား မဟုတ်ပေ။ ထို့အပြင် တာ့ခ်တို့သည် နှစ်ထပ်ဓားသွား သို့မဟုတ် သုံးထပ်ဓားသွားကို အသုံးမပြုကြပေ။

"ဂိုဂူလျောတွေ"

အတွေးတစ်ခုသည် ဝမ်ချောင်စိတ်ထဲဖြတ်သန်းသွားခဲ့သည်။ သူ၏ဆိုးဝါးသော ခန့်မှန်းချက်သည် အမှန်တကယ် ဖြစ်လာခဲ့သည်။ မဟာစစ်စခန်းသုံးခုဖွင့်လှစ်ခြင်းသည် တာ့ခ်တို့၏အာရုံကို ဆွဲဆောင်နိုင်သည်သာမက တိုင်းပြည်၏ မြောက်ဘက်တွင်ရှိနေသော ဂိုဂူလျောတို့ကိုလည်း ကြားဝင်လာစေသည်။

ထိုနှစ်ဖွဲ့သည် မဟာလေ့ကျင့်ရေးစစ်စခန်း သုံးခုတည်ထောင်ခြင်း၏ ခြိမ်းခြောက်မှုကို ခံစားမိပုံ ပေါ်ပေသည်။

တာ့ခ်လေးသခင်များသည် ဂိုဂူလျောစစ်သည်များနှင့် တွဲပြီး မြက်ခင်းပြင်ဝံပုလွေများသည် ခွန်းဝူလေ့ကျင့်ရေးစခန်းတွင် ချောင်ကြိုချောင်ကြားမကျန် မမြင်မရှိပုံစံ ဖြစ်စေခဲ့သည်။

ထိုအချိန်တွင် ဝမ်ချောင်သည် ထိုတိုက်ခိုက်မှုသည် အဖြူရောင်ကျားတောင်ထွက် သို့မဟုတ် ခွန်းဝူတွင်သာ မဖြစ်နိုင်လောက်မှန်း သဘောပေါက်သွားသည်။ အဖြစ်နိုင်ဆုံးမှာ အခြားလေ့ကျင့်ရေး စစ်စခန်းများသည်လည်း တိုက်ခိုက်မှုအောက်ရောက်နေလောက်သည်။

တာ့ခ်များသည် ထိုကဲ့သို့ ကြီးမားသည့်စစ်ဆင်နွှဲမှုကို စီစဉ်ခဲ့ပုံအရ၊ ဂိုဂူလျောနှင့်အတူ ပူးပေါင်းသည်အထိ သွားခဲ့သည်ကို ထောက်ရလျှင်၊ သူတို့၏လှုပ်ရှားမှုသည် မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုတွင် လူအချို့ကို သတ်ဖြတ်ခြင်း သို့မဟုတ် အနည်းငယ် မတည်မငြိမ် ဖြစ်စေခြင်းသာ မဟုတ်တော့ပေ။

သူတို့လိုချင်သည်မှာ မဟာလေ့ကျင့်ရေးစစ်စခန်သုံးခုကို အပြီးတိုင်ဖျက်ဆီးပစ်ရန်ပင်ဖြစ်သည်။

"ဂရုစိုက်...ဂိုဂူလျောတွေ..."

အသံတစ်ခု လေထဲတွင် ထွက်ပေါ်လာခဲ့သည်။ သို့သော် သူ့အသံ‌အဝေးသို့မရောက်မီ ဝံပုလွေသွားမြားတစ်စင်းသည် တော်ဝင်စစ်တပ်အမိန့်ပေးသူ၏ လည်ပင်းသို့ ဖောက်ဝင်သွားခဲ့သည်။ ထို့နောက် မြားသုံးစင်းသည် သူ၏ နဖူး၊ ညာဘက်ရင်ဘတ်၊ ဘယ်ဘက်ရင်ဘတ်သို့ စိုက်ဝင်သွားသည်။

ဘန်းးး

နောက်သို့ လွှင့်ထွက်သွားကာ သူသည် မြေပေါ်သို့ လဲကျသွားခဲ့သည်။

"သူတို့အားလုံးကိုသတ်"

ဝံပုလွေများသည် ရှေ့သို့ပြေးထွက်လာခဲ့သည်။ သူတို့ကြားတွင် ဂိုဂူလျောတို့သည်လည်း ပုန်းခိုကာ လိုက်ပါလာကြသည်။ ဤအချိန်တွင် တောင်ပေါ်တွင် လုံခြုံသည့်နေရာဟူ၍ တစ်နေရာပင်မရှိတော့‌ပေ။

ရွှီးးး

မြားတစ်စင်းသည် သိပ်မဝေးသည့် ဂိုဂူလျောစစ်သည်ထံသို့ ရုတ်တရက်ပြေးဝင်သွားသည်။ ဂိုဂူလျောစစ်သည်သည် လျင်မြန်စွာတုံ့ပြန်လိုက်ကာ မြားကို ဓားသွားဖြင့် လမ်းလွှဲလိုက်သည်။ သို့သော်လည်း မယုံနိုင်စရာတစ်စုံတစ်ခုဖြစ်ပျက်သွားခဲ့သည်။ သူ၏လှုပ်ရှားမှုကို ကြိုသိနေသကဲ့သို့ မြားသည် အဝန်းပိုင်းပုံ ကွေးသွားခဲ့ကာ သူ့လက်မောင်းသို့ စိုက်ဝင်သွားခဲ့သည်။

"မင်း ခွေးကောင်လေး"

ဝမ်ချောင်သည် ဂိုဂူလျောစစ်သည်၏ သူတို့ဘာသာစကားဖြင့် ကျိန်ဆဲသံကိုကြားလိုက်ရသည်။ ရုတ်တရက် သူ့ခေါင်းကို လှည့်လိုက်ကာ မြား၏လာရာကို ကြည့်လိုက်သည်။ သို့သော်လည်း သူသည် အခြေအနေကို အကဲမခတ်နိုင်မီ တော်ဝင်စစ်သည်အစောင့်သည် ဒဏ်ရာရနေသော ဂိုဂူလျောစစ်သည်ထံသို့ ‌ရုတ်ခြည်း တဟုန်ထိုးပြေးဝင်သွားခဲ့သည်။

"ဂရုစိုက်"

ရင်းနှီးနေသောအသံတစ်ခုပေါ်ထွက်လာခဲ့ကာ တော်ဝင်စစ်သည်အစောင့်ကို သတိပေးလိုက်သည်။ ခဏကြပြီးနောက်

ရွှီးရွှီးရွှီး

ဒါဇင်ကျော် ဝံပုလွေခေါင်းမြားများသည် ကောင်းကင်မှကျလာကာ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ဘန်း ဘန်း ဘန်း

တရပ်စပ်ပစ်ခတ်မှုကြောင့်မြေပြင်သည် တုန်ခါသွားခဲ့ကာ ဖုန်မှုန့်များထသွားခဲ့သည်။ ဝမ်ချောင်ဆီမှ ကျန့်နှစ်ဆယ်အကွာအဝေးတွင် မြားများသည် မြေပြင်ပေါ်တွင် ထူထပ်စွာစိုက်ဝင်နေလေသည်။

"ချန်းပုရန်"

ဝမ်ချောင်သည် နောက်ဆုံးတွင် သတိပေးလိုက်သူကို မှတ်မိလိုက်သည်။ ထိုသည်မှာ လူငယ်မုဆိုး ချန်းပုရန်ပင်ဖြစ်သည်။

ဘန်းးး

တုံ့ဆိုင်းမနေဘဲ ဝမ်ချောင်သည် အခန်းသို့ ပြန်လိုက်သည်။ ထို့နောက် ကျားအလောင်းကို ယူလိုက်ကာ အပြင်ဘက်သို့ပစ်ထုတ်လိုက်သည်။ ထိုအလောင်းသည် ချန်းပုရန် ရှိရာ ကျောက်တုံးကြီးအနီးသို့ ပြုတ်ကျသွားသည်။

ပူးပူးပူး

ကျားအလောင်းပြုတ်ကျပြီး မကြာမီပင် ထူထပ်သောဝံပုလွေသွားမြားမိုးသည် ချန်းပုရန် ပုန်းခိုရာနေရာတွင် ပေါက်ကွဲသွားခဲ့သည်။

"သူ့ကို တာ့ခ်လေးသခင်တွေက ပစ်မှတ်ထားနေတာပဲ"

ချန်းပုရန်သည် တော်ဝင်စစ်သည်ကို အော်ဟစ်သတိပေးခဲ့သောကြောင့် ပစ်မှတ်ထားခံရခြင်း ဖြစ်ကြောင်း ဝမ်ချောင်နားလည်လိုက်သည်။

ဘုန်း ဘုန်း ဘုန်း

ပထမကျား၊ ဒုတိယကျား၊ တတိယကျား...ဝမ်ချောင်သည် ကျားအလောင်းများကို အသုံးပြုကာ ကျောက်တုံးကြီးမှ အခန်းဆီသို့ လမ်းဖောက်လိုက်သည်။

"ကျင်းတန် စားပွဲနဲ့ ကုလာထိုင်တွေ ဒီကိုယူခဲ့ပေးပါ"

ဝမ်ချောင်ပြောလိုက်သည်။

ထိုပျက်စီးနေသော စားပွဲများနှင့် ကုလားထိုင်များသည် ဝံပုလွေသွားမြားများကို ရပ်တန့်ရန် မလုံလောက်သော်လည်း ဖြစ်နိုင်သေးသည်။ သူတို့သည် လေးသခင်၏ မြင်ကွင်းကို ပိတ်ဆို့နိုင်သည်။

တစ်ဖက်တွင် ချန်းပုရန်သည်လည်း ဝမ်ချောင်၏ ရည်ရွယ်ချက်ကို နားလည်ကာ ကျောက်တုံးကြီးဆီမှ ထွက်ခွာလိုက်သည်။ သူ့အတွက် ဝမ်ချောင်ခင်းပေးထားသောလမ်းမှ သူသည် မြေကြီးနှင့် နီးကပ်စွာ ကပ်လျက် အခန်းဆီသို့ လျင်မြန်စွာ ပြေးလာလိုက်၏။

လူသုံးလေးယောက် သူ့နောက်မှ လိုက်ပါလာခဲ့သည်။

"မင်းကိုး"

သူ့ကို ကူညီလိုက်သည့်လူကို မြင်လိုက်သည်တွင် ချန်းပုရန်၏ မျက်လုံးများသည် ပျော်ရွှင်မှုဖြင့် တောက်ပသွားသည်။

--------------

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အပိုင်း ၂၀၈

ချန်းပုရန် ဝမ်းမြောက်စွာဖြင့် မေးလိုက်သည်။

"မင်းကရော..မင်းကဘာလို့ဒီကိုရောက်နေရတာလဲ"

ဝမ်ချောင်သည် အမေးဖြင့် ပြန်တုံ့ပြန်လိုက်သည်။ သူသည်လည်း ချန်းပုရန် ဒီကိုရောက်နေသည့်အကြောင်းကို စိတ်ဝင်စားနေမိသည်။

"ပြောရရင်အရှည်ကြီးပဲ၊ သူတို့ကိုကယ်တင်ဖို့လုပ်တာ ကြောက်ဖို့ကောင်းတဲ့ လေးသခင်ရဲ့ ပစ်မှတ်ထားခံလိုက်ရတယ်လေ၊ သူ့ရဲ့လေးပစ်စွမ်းရည်က အံ့မခမ်းပဲ ပြီးတော့ သူက မျက်စိတစ်မှိတ်အတွင်း မြားအစင်းပေါင်းရှစ်ဆယ်ကို ပစ်လွှတ်နိုင်တယ်၊ ခုနကငါပုန်းခိုခဲ့တဲ့ ကျောက်တုံးကြီးက သူရဲ့ မရပ်မနားပစ်ခတ်မှုကြောင့် ကြေမွသွားခဲ့ရပြီ၊ မင်းသာ ဝင်မကယ်ခဲ့ရင် ငါအဲဒီမှာပဲ တကယ်ကြီးသေသွားနိုင်တယ်"

ချန်းပုရန်၏မျက်နှာသည် ဖြူဆုပ်နေသည်။ သူသည်လည်း ဤအခက်အခဲတွင် အတော်လေး ကြိုးစားရုန်းကန်ခဲ့ရပုံပေါ်သည်။ သို့သော်လည်း သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသည်ကလွဲ၍ ကြောက်ရွံ့နေခြင်းမရှိပေ။

"မင်းပြောနိုင်နေတာပဲ တစ်စက္ကန့်အတွင်း မြားအရေအတွက် ဘယ်လောက်များများသူပစ်ခတ်သလဲ"

ဝမ်ချောင် စိတ်ဝင်တစား မေးလိုက်သည်။

"တစ်စက္ကန့်အတွင်း ပစ်ခတ်တာလား၊ မင်းဆိုလိုတာက သူအမြန်ကြီးပစ်ခတ်တာကိုပြောတာလား"

ဝမ်ချောင်၏မေးခွန်းကို သဘောမပေါက်စွာဖြင့် သံသယဖြစ်သည့် အရိပ်အယောင်တစ်ခု ချန်းပုရန်၏ မျက်ဝန်းထဲတွင် ဖြတ်ပြေးသွားသည်။ သို့သော်လည်း မကြာမီ သူပြုံးလိုက်သည်။ ထိုအပြုံးသည် တောင်ပေါ်မုဆိုးတစ်ယောက်၏ ရိုးရှင်းသည့်သဘာဝပုံစံကို သယ်ဆောင်ထားကာ အလွန် သက်သောင့်သက်သာ ဖြစ်စေသည်။

"ငါတို့လို မုဆိုးတွေက စူးရှတဲ့အမြင်အာရုံနဲ့ ထက်မြက်တဲ့ အကြားအာရုံရှိရတယ်၊ တစ်ခါတစ်လေ မြက်ခင်းပြင်မှာ ပုန်းအောင်းနေတဲ့ သားကောင်တွေကို မြင်နိုင်ဖို့ မဖြစ်နိုင်တာကြောင့် အကြားအာရုံကလည်း ထက်မြက်ဖို့လိုအပ်တယ်"

"ငါတို့ရဲ့ ရွာသူကြီးက ငါက တခြားသူတွေနဲ့ တမူကွဲပြားပြီး မွေးဖွားလာတယ်လို့ ပြောတယ်၊ ငါကအဲဒီလိုတကယ်ဖြစ်မယ်လို့ ထင်မထားဘူး ဒါပေမဲ့ ငါက တကယ့်ကို လီအတော်ဝေးဝေးမှာပျံဝဲနေတဲ့ ခြင်တစ်ကောင်ရဲ့ တောင်ပံခတ်သံကိုကြားနိုင်တယ်"

(တစ်လီ=၀.၅ကီလိုမီတာ)

ချန်းပုရန်သည် စိတ်အားထက်သန်စွာ ပြောလိုက်သည်။ သူသည် ထိုစွမ်းရည်နှင့်ပတ်သက်၍ ထူးခြားသည်ဟု ထင်နေပုံမရပေ။

"ခြင်တစ်ကောင်ရဲ့ တောင်ပံခတ်သံလား"

ချန်းပုရန်ကို စိုက်ကြည့်လိုက်ကာ ဝမ်ချောင်၏နှလုံးခုန်နှုန်း မြန်သွားခဲ့သည်။ လေးသမားတစ်ယောက်၏ အကြားအာရုံသည် စူးရှသည်မှာ အံ့ဩစရာမဟုတ်ပေ။ အမှန်တကယ်တွင် သူတို့သည် စိတ်ထဲတွင် ထိုကဲ့သို့သောရည်မှန်းချက်ဖြင့် လေ့ကျင့်ခဲ့ကြခြင်းဖြစ်သည်။

သို့သော် ခြင်တစ်ကောင်၏ တောင်ပံခတ်သံကို လီအတော်ဝေးဝေးမှကြားရန်မှာ...

ဝမ်ချောင်၏အရင်ဘဝ၌တွေ့ခဲ့ဖူးသော လေးသခင်များသည်ပင် ထိုကဲ့သို့ မစွမ်းဆောင်နိုင်ကြပေ။ ဝမ်ချောင်သည် ချန်းပုရန်က တော်ဝင်အစောင့်စစ်သည်ပေါ်သို့ ဝံပုလွေသွားမြားများ ကျလာနေသည်ကို ထိုသူပင် မကြားနိုင်သည့်အချိန်တွင် မည်ကဲ့သို့ ကြားနိုင်နေသည်ကို ရုတ်တရက် သတိရသွားလိုက်သည်။

ထိုခဏတွင် ဝမ်ချောင်သည် တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားခဲ့သည်။ သူ၏ ချန်းပုရန်ကို ကြည့်နေသောအကြည့်များသည် ရုတ်ခြည်း လုံးဝပြောင်းလဲသွားခဲ့သည်။

"ဒီလူရဲ့ စွမ်းရည်က တကယ့်ကို ကြောက်ဖို့ကောင်းတာပဲ၊ သူက ဘာကြောင့် လေးပစ်ရာမှာ ကျော်ကြားတဲ့ စစ်သူကြီးတစ်‌ယောက် ဖြစ်လာခဲ့ပြီး မဟာထန်ရဲ့‌လက်ရွေးစင်လေးသည်တော်တွေကို ဦးဆောင်နိုင်ခဲ့တာ အံ့ဩစရာ မဟုတ်တော့ဘူး"

ယခုထိ ‌မဖော်ပြရသေးသည့် ချန်းပုရန်၏‌ဂုဏ်သတင်းများကို ဝမ်ချောင်ထက်ပို၍သိနိုင်သူ မရှိတော့ပေ။ အနာဂတ်တွင် သူသည် တစ်ကမ္ဘာလုံးတွင် ထိပ်တန်းလေးသခင်တစ်ဦး သေချာပေါက် ဖြစ်လာပေလိမ့်မည်။

အားလုံးကို ဘေးဖယ်ထားလိုက်လျှင်ပင် သူ၏အကြားအာရုံ တစ်ခုတည်းကပင် တာ့ခ်လေးသခင်များထက် များစွာသာလွန်ပေသည်။

"အပြင်ဖက်မှာ လေးသခင်ဘယ်လောက်ရှိလဲ မင်းသိလား"

ဝမ်ချောင်မေးလိုက်သည်။ ကောင်းကင်သည် မဲမှောင်နေသောကြောင့် တာ့ခ်လေးသခင်များ၏ တည်နေရာကို မျက်စိဖြင့်မြင်နိုင်ရန် မဖြစ်နိုင်ပေ။ လက်ရှိအရေးကြီးဆုံးမှာ ရန်သူမည်မျှများများရှိသလဲ ဆိုသည်ကို တွက်ချက်ရန်ဖြစ်သည်။

"အဲဒီမှာ စုစုပေါင်းလေးသခင် လေးဆယ့်သုံးယောက်ရှိတယ်၊ သူတို့ အဓိကအဖွဲ့နှစ်ဖွဲ့ ခွဲထားတာ၊ တစ်ဖွဲ့က နှစ်ဆယ့်ရှစ်ယောက်ရှိပြီး ကျန်တစ်ဖွဲ့က တစ်ဆယ့်ငါးဦးရှိတယ်.. သူတို့ထဲက တစ်ဆယ့်တစ်ယောက်က အရှေ့ဘက်မှာ၊ တစ်ဆယ့်လေးယောက်က အနောက်ဘက်မှာ၊ ရှစ်‌ယောက်က တောင်ဘက်မှာ၊ ရှစ်ယောက်က မြောက်ဘက်မှာ အသီးသီး တပ်စွဲထားကြတယ်၊ ကျန်နှစ်ယောက်က တောင်ခြေမှာရှိတဲ့ ကျန့်သုံးရာအကွာအဝေးက တောအုပ်ထဲမှာ ပုန်းအောင်းနေတယ်"

တုံ့ဆိုင်းခြင်းမရှိဘဲ ချန်းပုရန်သည် ရန်သူ၏အရေအတွက်နှင့် တည်နေရာကို ချက်ချင်းပြောပြလိုက်သည်။

ထိုခဏတွင် ဝမ်ချောင်သည် ပြောစရာစကားမဲ့သွားခဲ့ရသည်။

ချန်းပုရန်၏ နားထောင်ခြင်းစွမ်းရည်သည် မယုံနိုင်ဖွယ်အဆင့်တစ်ခုသို့ ရောက်နေခဲ့ပြီးဖြစ်သည်။

"အဖွဲနှစ်ဖွဲ့လား"

ဝမ်ချောင်သည် မကြာမီ ချန်းပုရန်စကားထဲမှထူးခြားချက်ကို သိရှိလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

"သူတို့အားလုံးက တာ့ခ်တွေလား"

"တာ့ခ်တွေလား"

ထိုစကားကိုကြားသည်တွင် လူတိုင်းတုန်လှုပ်စွာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။

သူတို့သည် အရှေ့အနောက်တာဂီကာကနိတ်ကို ကြားဖူးသည်။ သို့သော် သူတို့သည် တစ်ဖက်၏လေးသခင်များက တိုက်ခိုက်လာလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။

"သူတို့က ဘယ်သူတွေလဲ ငါမသိဘူး ဒါပေမဲ့ သူတို့ရဲ့ ပစ်ခတ်ပုံက ကွဲပြားကြတယ်၊ တစ်ဖွဲ့ကဝံပုလွေသွားမြားကို အသုံးပြုနေချိန်မှာ ကျန်တစ်ဖွဲ့က ဝေဟင်ပစ်ခတ်မှုကို အသုံးပြုတယ်၊ ဝေဟင်ပစ်ခတ်မှုကို အသုံးပြုနေတဲ့အုပ်စုက ကြီးမားတဲ့ခွန်အားကို ပိုင်ဆိုင်ထားကြပြီးတော့ သူတို့ရဲ့ပစ်ချက်တွေက အခြားတစ်ဖွဲ့ရဲ့ ပစ်ချက်ထက် ကာကွယ်ဖို့ပိုခက်တယ်"

စကားပြောလိုက်ရင်း ချန်းပုရန်သည် မြားတစ်ချောင်းကို ယူထုတ်လိုက်သည်။ ထိုသည်မှာ ထက်မြပုံပေါ်သော စိန်တုံးပုံစံ မြားဦးရှိသည့် မြားတစ်ချောင်းဖြစ်သည်။

မြား၏ အဖျားနှင့် အဆုံးကို ပိုင်းဖြတ်ထားခဲ့သည်။ သို့သော်မြား၏ကိုယ်ထည်ပေါ်တွင် ဝမ်ချောင်သည် ခြေသုံးချောင်းပါသောကျီး ကို မြင်လိုက်သည်။

"သူတို့ဟာ ဂိုဂူလျောက လင်းတပစ်ခတ်သူတွေပဲ"

ဝမ်ချောင်သည် လေးလံသည့်နှလုံးသားဖြင့် ချန်းပုရန်၏မြားကို ပြန်ပေးလိုက်သည်။

ဂိုဂူလျောတို့သည် လှည့်လည်သွားလာတတ်သည့် လူမျိုးများ မဟုတ်ကြပေ။ ထို့ကြောင့် သူတို့၌ရှိသည့် လေးသခင်အရေအတွက်သည် တာ့ခ်၌ရှိသော လေးသခင်အရေအတွက်အောက်တွင် ရှိသည်။ သို့သော်လည်း ဂိုဂူလျော၏ ပထမတန်း(ထိပ်တန်း) လေးသခင်များသည် တာ့ခ်လေးသခင်များထက် ပို၍ကြောက်ဖို့ကောင်းသည်။

ဂိုဂူလျော၏ ထိုထိပ်တန်းလေးသခင်များကို 'လင်းတပစ်ခတ်သူ' ဟု လူသိများသည်။

လင်းတများသည် အလွန်မြင့်မားသည့် ဝေဟင်၌သာ ပျံသန်းကြသည်။ သူတို့၏တောင်ပံများသည် သန်မာသည်သာမက သူတို့၏ခန္ဓာကိုယ်များသည်လည်း အလွန်အားကောင်းကာ သူတို့၏အမြန်နှုန်းသည် မယုံနိုင်စရာကောင်းလောက်အောင် လျင်မြန်လှသည်။ မြားအများစုသည် လေးသခင်များ ပစ်လွှတ်သော မြားများအပါအဝင် ထိုမြားများသည် သူတို့ဆီမရောက်မီ သူတို့သည် သတိပြုမိကာ အဝေးသို့ ပျံထွက်လွတ်မြောက်သွားလေ့ရှိသည်။

ဤနည်းဖြင့် လေးသမားအများစုသည် သူတို့ကို ခြိမ်းခြောက်နိုင်ခြင်းမရှိပေ။

သို့သော် ဂိုဂူလျောလင်းတပစ်ခတ်သူများသည် မတူတော့ပေ။ လင်းတတစ်ကောင်သည် မည်မျှလျင်မြန်ပြီး မည်မျှ မြင့်မြင့် ပျံသန်းနေစေကာမူ သူတို့သည် ထိအောင်ပစ်ခတ်နိုင်ကြသည်။ ဂိုဂူလျောကို ဆန့်ကျင်တိုက်ခိုက်သော တိုက်ပွဲသမိုင်းတစ်လျှောက်တွင် လက်ရွေးစင်စစ်သည်အများစုသည် လင်းတပစ်ခတ်သူများ၏ လက်ထဲ၌ ကျဆုံးခဲ့ကြရသည်။

"ဂိုဂူလျောက လင်းတပစ်ခတ်သူတွေကိုလည်း ဒီကိုပို့လွှတ်လိုက်တယ်ဆိုရင်"

ဝမ်ချောင်၏ မျက်ခုံးများသည် တစ်ဆက်တည်းဖြစ်သွားခဲ့သည်။

"မင်းတို့အားလုံး အရင်သွားသင့်တယ်ချန်းပုရန် ဒီဆေးလုံးကိုစားလိုက်ပါ"

ဝမ်ချောင်သည် သက်လုံပြန်လည်ဖြည့်တင်းပေးသည့် ဆေးလုံးကို ချန်းပုရန်ဆီသို့ ပေးလိုက်သည်။ ထိုလူ၏ လေးပစ်စွမ်းရည်သည် အလွန်အံ့မခမ်းပင်ဖြစ်သည်။ သူသည် မြားတစ်စင်းကို လမ်းတစ်ဝက်တွင် အခုံးပုံ ကွေးသွားသည်အထိ ပစ်ခတ်နိုင်သည်။ မူလစွမ်းအင်နယ်ပယ်တွင် ဤသည်မှာ လုံးဝ မယုံကြည်နိုင်လောက်သောထူးခြားသည့်လုပ်ဆောင်မှုပင် ဖြစ်သည်။

ဝမ်ချောင်သည် ဤကပ်ဘေးတွင် ချန်းပုရန်၏စွမ်းရည်မှာ တန်ဖိုးမဖြတ်နိုင်ဟု ခံစားနေရသည်။

ချန်းပုရန်သည် ဝမ်ချောင်ကို စိတ်မပျက်စေခဲ့ပေ။ သူကယ်လာသည့် လူသုံးဦးနှင့်အတူ အခန်းတွင်းသို့ ဝင်လာခဲ့သည်။ လက်ရှိတွင် ဝမ်ချောင်သည် လူခြောက်ဦးကို စုစည်းနိုင်ခဲ့ပြီဖြစ်သည်။ သူအပါအဝင် ခုနှစ်ဦးရှိနေပြီဖြစ်သည်။

"လူတိုင်းပဲ မင်းတို့အဝတ်အစားတွေကို ချွတ်လိုက်ကြပါ၊ ပြီးတော့ ကြမ်းပြင်ပေါ်မှာခင်းထားတဲ့ ပျဉ်ချပ်တွေနဲ့ ပရိ‌ဘောဂတွေကို ခွဲခြမ်းလိုက်ပြီး လူရုပ်တွေပြုလုပ်ဖို့အသုံးပြုလိုက်၊ ကျင်းတန် မင်းနဲ့အတူလူအချို့ကိုခေါ်ပြီး ဒီကျားအလောင်းတွေနဲ့ ခုခံဖို့စည်းရိုးတွေ မြန်နိုင်သမျှမြန်မြန်လေး တည်ဆောက်လိုက်တော့၊ သိပ်မကြာခင်မှာ ငါတို့တိုက်ခိုက်ရမဲ့အလှည့်ရောက်လာနိုင်တယ်"

အချိန်သည် သူတို့အတွက် အရေးအကြီးဆုံးပင်ဖြစ်သည်။ တော်ဝင်စစ်သည်တပ်ဖွဲ့များသည် သူတို့၏စစ်မြေပြင်ကို ကိုင်တွယ်ထားသော်လည်း ဝမ်ချောင်သည် တိုက်ပွဲကသူတို့ဆီသို့ အချိန်မရွေး ကျလာနိုင်သည်ကို သိသည်။

"လူရုပ်လုပ်တာကို ငါ့ဆီအပ်လိုက်၊ ငါကအဲဖက်မှာကျွမ်းကျင်တယ်"

ဝမ်ချောင်သည် အုပ်စုကို လူရုပ်ပြုလုပ်ရန် တိုက်တွန်းသည်ကို ကြားသည်တွင် ချန်းပုရန်သည် ဝမ်ချောင်၏ ရည်ရွယ်ချက်ကို ချက်ချင်း ကောက်ချက်ချနိုင်လိုက်သည်။ တောင်‌ပေါ်မုဆိုးမိသားစုမှ လာခဲ့သောကြောင့် ထောင်ခြောက်များနှင့် ခြေရာဖျောက်ခြင်းများသည် လူတစ်ဦးတတ်မြောက်ရမည့် အခြေခံအကျဆုံးအရာများဖြစ်ကြသည်။

"အမ်"

ဝမ်ချောင် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် ထိုင်ချလိုက်ကာ လူတိုင်းကို စုစည်းစေလိုက်သည်။

"ရန်သူတွေက သေချာပြင်ဆင်လာခဲ့ပြီး သူတို့အားလုံးကလည်း ကျွမ်းကျင်သူတွေချည်းပဲ၊ တစ်ယောက်ချင်းတိုက်ပွဲမှာ ငါတို့က သူတို့ရဲ့ပြိုင်ဘက်မဟုတ်ဘူး၊ ဒါကြောင့် ခဏနေ ရန်သူတွေနဲ့တွေ့တဲ့အခါ ဒီဖွဲ့စည်းပုံအတိုင်း တိုက်ခိုက်ကြမယ်၊ အခုချိန်မှာ ငါတို့ကိုယ်ငါတို့ပဲ အားကိုးကြရမယ်"

"အမ်"

မည်သူမျှ ဝမ်ချောင်၏ စကားကို မငြင်းဆန်ခဲ့ကြပေ။ ဤကဲ့သို့ မိုးမီးလောင်နေသော အခြေအနေအောက်တွင် လူတိုင်းသည် တစ်စုံတစ်ယောက်ကို ဦးဆောင်စေချင်ကြသည်။

ထို့နောက် ဝမ်ချောင်သည် ဤနေရာကိုတာဝန်ယူရန် ရှေ့ထွက်လာခဲ့သည်။

အခန်းအပြင်ဘက်တွင် သတ်ဖြတ်နေသည့် အသံများအဆက်မပြတ်ထွက်‌ပေါ်နေကာ ဝံပုလွေအူသံများ တောင်တစ်ခုလုံး၌ ဖုံးလွှမ်းနေသည်။ လေထဲတွင် ညှီစို့စို့ သွေးနံများ လွင့်ပျံ့နေသည်။ အချိန်မရှိသောကြောင့် ဝမ်ချောင်သည် အခြေခံအကျဆုံး ဖွဲ့စည်းပုံကိုသာ ရေးဆွဲနိုင်သည်။

ဤသည်မှာ ဝမ်ချောင် အရင်ဘဝ၌ စစ်တပ်တွင် ပြီးစီးအောင်မြင်ခဲ့သော တိုက်ခိုက်ခြင်းဖွဲ့စည်းပုံများထဲမှ တစ်ခုဖြစ်သည်။

မတူညီသော အခြားခေတ်တွင် ထိုအချိန်က ဝမ်ချောင်သည် အလယ်ပိုင်းလွင်ပြင်‌ဒေသ၏ စစ်သေနာပတိချုပ်ဖြစ်ခဲ့သောကြောင့် တိုက်ခိုက်ခြင်းဖွဲ့စည်းပုံသည် သာမညသာဖြစ်လာခဲ့သည်။

ဝမ်ချောင်က ဖွဲ့စည်းပုံကို စိတ်ဝင်စားသောကြောင့် မဟုတ်ခဲ့ပေ။ တကယ်တမ်းတွင် စစ်မြေပြင်၌ သူရင်ဆိုင်တွေ့ခဲ့ရသော ရန်သူများသည် အလွန်သန်မာနေခဲ့ကြသည်။ နှိုင်းယှဉ်ရာတွင် သူ့ကိုယ်ပိုင်စစ်သည်များ၏ ပျော့ကွက်များသည် အလွန်ထင်သာနေခဲ့သည်။ အထူးသဖြင့် တိုင်းတစ်ပါးကျူးကျော်သူများနှင့် ရင်ဆိုင်တွေ့သည့်အချိန်တွင်ဖြစ်သည်။

ထို့ကြောင့် ဝမ်ချောင်တွင် အခြေအနေကိုလိုက်လျောညီထွေဖြစ်စေရန် တိုက်ခိုက်ခြင်းဖွဲ့စည်းပုံကို အကောင်အထည် ဖော်ရန်မှလွဲ၍ တခြားရွေးချယ်စရာမရှိခဲ့ပေ။ သို့သော်လည်း ဤအရာကြောင် ဝမ်ချောင်ဦးဆောင်သော စစ်တပ်သည် တမူထူးခြားစွာ အစွမ်းထက်ခဲ့သည်။

ဝမ်ချောင်စစ်ပွဲသို့ဝင်ပါလိုက်သည်နှင့် ရန်သူကျွမ်းကျင်သူများ၏ သေဆုံးသူ သို့မဟုတ် ထိခိုက်ဒဏ်ရာသူများသည် အလွန်ကြီးမားစွာမြင့်တက်လာပေလိမ့်မည်။ စစ်မြေပြင်တွင် မယုံနိုင်စရာကောင်းသည့် တိုက်ခိုက်နိုင်စွမ်းနှင့် ဖျက်ဆီးနိုင်စွမ်းကို ပိုင်ဆိုင်ထားသည့် ရန်သူကျွမ်းကျင်သူအများစုသည် ဘာမျှမလုပ်လိုက်နိုင်ခင်မှာပင် သေဆုံးသွား‌ပေလိမ့်မည်။

တာ့ခ်နှင့် ဂိုဂူလျောတို့သည် ဤညအတွက် အချိန်အတော်ကြာကတည်းက အစီအစဉ် ရေးဆွဲခဲ့ခြင်းဖြစ်နိုင်သည်။ အားလုံးပြီးနောက် သူတို့သည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ပင် ပူးပေါင်းထားခဲ့ကြသည်။

ထို့ကြောင့် သူတို့သည် ဖြစ်လာနိုင်သည့် ခြိမ်းခြောက်မှုများကို တွက်ချက်ခဲ့ပြီးဖြစ်ပေလိမ့်မည်။

ခွန်းဝူလေ့ကျင့်ရေးစစ်စခန်း၏ တည်နေရာအရ ညအချိန်တွင် မြို့တော်မှ ဤသတင်းကို လျင်မြန်စွာရရှိရန်မဖြစ်နိုင်ပေ။

မြို့တော်က ဤနေရာမှအဖြစ်အပျက်များကို သတိပြုမိခဲ့လျှင်ပင် စစ်ကူများဤနေရာသို့ ရောက်ရှိရန် ယူရသည့်အချိန်သည် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းကို ဖျက်ဆီးရန် သူတို့အတွက် လုံလောက်သည်ထက်ပိုပေလိမ့်မည်။

ဤစစ်စခန်းရှိ တော်ဝင်စစ်သည်အစောင့်များသည် လေးဆယ်ထက်ပိုသော လေးသခင်များ၊ ဂိုဂူလျောစစ်သည်များ နှင့် မရေမတွက်နိုင်သော ဝံပုလွေအုပ်များ၏ တိုက်လိုက်မှုကို ရင်ဆိုင်ရန် မလုံလောက်ပေ။

သူတို့သည် ဤတိုက်ပွဲနည်းဗျူဟာတစ်လျှောက်လုံး သူတို့လေးသခင်များ အသုံးပြုမှုကို အပြည့်အဝ တတ်နိုင်သောကြောင့် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းပတ်ဝန်းကျင်တွင် သေဆုံးခြင်း ပိုက်ကွန်တစ်ခု ရက်လုပ်ထားသည်။

သို့သော် ရန်သူများသည် ကိစ္စတစ်ခုကို လျစ်လျူရှုထားမိကြောင်း ဝမ်ချောင်သိသည်။ သူတို့သည် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်း၏ ထောင်ချီသော ကျောင်းသားများ၏ စွမ်းအားကို လျှော့တွက်ထားခဲ့သည်။

ချန်းပုရန်သည် အကောင်းဆုံးဥပမာပင်ဖြစ်သည်။

ဤအချိန်တွင် ဤတောင်ပေါ်၌ အနာဂတ်စစ်သူကြီးများ အများအပြား ရှိနေကြသည်။ ဝမ်ချောင်သာ သူတို့ကို ဉာဏ်ရှိစွာ အသုံးချခဲ့လျှင် စားပွဲကို ပြောင်းပြန်လှန်ရန်မှာ မဖြစ်နိုင်သည်‌တော့ မဟုတ်ပေ။

"ကောင်းပြီ လူတိုင်း ဖွဲ့စည်းပုံကို သတိရကြပါ၊ ငါတို့ထွက်ခွာဖို့အချိန်သိပ်မလိုတော့ဘူး ဒါကြောင့် စီစဉ်တာတွေကို အမြန်အပြီးသတ်ကြပါ"

ပေါင်မုန့်ခြမ်းကဲ့သို့ပွင့်နေသော နံရံမှ ပြေးထွက်လိုက်ရင်း ဝမ်ချောင်ပြောလိုက်သည်။ အပြင်ဖက်တွင် ဝံပုလွေအူသံများသည် အဆက်မပြတ်ထွက်ပေါ်လျက်ရှိသည်။ သူသည် တာ့ခ်ဝံပုလွေအချို့ သူ့ဆီ ဦးတည်လာနေသည်ကို ခံစားနိုင်သည်။

အာဝူးးးး

ကြီးမားသော တာ့ခ်ဝံပုလွေတစ်ကောက်သည် ဝမ်ချောင်ကို သတိပြုမိလိုက်ကာ သူ၏သွားစွယ်များကို လှစ်ဟပြလိုက်ပြီး တောက်ပစွာစိုက်ကြည့်လိုက်သည်။ ပြင်းထန်စွာအူလိုက်ကာ သူ့ဆီသို့ ဒေါသတကြီး ခုန်ဝင်လာခဲ့သည်။

ချီ

အေးစက်သော အလင်းရောင်တစ်ခု ဖြတ်သွားကာ ထိုတာ့ခ်ဝံပုလွေသည် အနီးသို့ ချဉ်းကပ်မလာနိုင်ခင်မှာပင် နှစ်ပိုင်းပြတ်သွားခဲ့သည်။

ထိုဝံပုလွေများ မည်မျှသန်မာပါစေ ကျားတစ်ကောင်ကိုတော့ ယှဉ်နိုင်မည်မဟုတ်ပေ။ ထိုနှစ်ကောင်၏ ခန္ဓာကိုယ်အရွယ်အစားနှင့် ခွန်အားများသည် တူညီသောအဆင့်၌ရှိမနေပေ။

ဝမ်ချောင်၏ခွန်အားသည် ကျားတစ်ကောင်ကို ဖိနှိပ်ရန် ခက်ခဲစွာ ရင်ဆိုင်ရမည်ဖြစ်သော်လည်း ဝံပုလွေကို သတ်ဖြတ်ရန်အတွက်တော့ သူ့အတွက် ပြဿနာတစ်ခုမဟုတ်ပေ။ ကျောက်စိမ်းသံမဏိသတ္တုရိုင်း၏ ထက်ရှမှုအရ ဝမ်ချောင်မဖြတ်နိုင်သည့် အရာဟူ၍မရှိပေ။

ချန်းပုရန်သည်လည်း အလွန်ကျင်လည်လှသည်။ သိပ်မကြာမိ အပြင်ဖက်သို့ လူရုပ်တချို့ ရောက်ရှိလို့လာခဲ့သည်။

အဝတ်များအပြင် ချန်းပုရန်သည် အိပ်ရာခင်းများကိုလည်း အသုံးပြုခဲ့သည်။ ဤသည်က သူ့ကို လူရုပ်ပမာဏ အများအပြား ဖန်တီးနိုင်စေသည်။ ထို့အပြင် သူတို့တစ်ရုပ်ချင်းစီသည် အသက်ဝင်လှသည်။

ဤနယ်ပယ်တွင် ချန်းပုရန်၏ ပါရမီကို သံသယဖြစ်စရာမလိုပေ။

မကြာမီ လူရုပ်များကို စိုက်ထူလိုက်သည်။

ပူး ပူး

မြားများ၏ အသံသည် လေထဲတွင် ထွက်ပေါ်လာခဲ့သည်။

လေးသခင်တစ်ဦး၏ အမြင်အာရုံသည် ဤနေရာရှိလူများအားလုံးထက် များစွာသာလွန်သော်လည်း သူတို့သည် အမှားမရှိဟု မဆိုလိုပေ။

အဝေးမှ ပစ်ခတ်ခြင်းသည် အနီးကပ်တိုက်ခိုက်မှုကို ကာကွယ်နိုင်သော်လည်း တစ်ချိန်တည်းမှာပင် သူတို့၏ မြင်နိုင်စွမ်းသည်လည်း အကန့်အသတ်ဖြင့်သာရှိတော့သည်။

ထို့အပြင် အမှောင်ထုသည် ဤအခြေအနေကို ပိုမိုဆိုးရွားစေသည်။

ထို့ကဲ့သို့ အကွာအဝေးမှ လေးသခင်သည်ပင်လျှင် လူရုပ်များအကြား လူအစစ်ကို ရှာဖွေရန် ခက်ခဲမည်ဖြစ်သည်။

ဤသို့ဖြင့် သူတို့၏ပြိုင်ဘက်ကင်း အမြင်အာရုံကို ခုခံနိုင်ကာ သူတို့၏မြားများကို ပိုသုံးစွဲစေမည်ဖြစ်သည်။

ချန်းပုရန် သူ၏ပြင်ဆင်မှုများကို ပြီးမြောက်ပြီးနောက် သိပ်မကြာမီပင် ကျောက်ကျင်းတန်နှင့် ကျွမ်းကျန့်ဖျင်တို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

"ဝမ်ချောင်"

အချိန်ခဏကြာပြီးနောက် ပျောက်ကွယ်နေသော ကျောက်ရှန်းကျူသည် နောက်ဆုံးတွင် တော်ဝင်စစ်သည်အစောင့်လေးဦးနှင့် နည်းပြဆရာတစ်ဦးနှင့်အတူ ပြန်လည်ရောက်ရှိလာခဲ့သည်။

တစ်ဦးတည်းသော နည်းပြဆရာသည် ဧရာမလေးကြီးကို သယ်ဆောင်ထားသည်။

လေးသခင်..။

ကျောက်ရှန်းကျူသည် လေးသခင်ကို တကယ်ပင် ခေါ်ဆောင်လာနိုင်ခဲ့သည်။ ထိုခဏတွင် လူတိုင်း၏နှလုံးသားထဲ၌ မျှော်လင့်ချက်ရောင်ခြည်များ သန်းလာခဲ့သည်။

-----------------------

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အပိုင်း ၂၀၉။ လက်တုံ့ပြန်ခြင်း

"ဝမ်ချောင် မင်းရဲ့စိတ်ကူးကဘယ်လိုလဲ"

ကျောက်ရှန်းကျူ၏မျက်နှာသည် ဖြူရော်နေကာ သူ့တစ်ကိုယ်လုံးသွေးများဖြင့် ရွှဲနစ်နေခဲ့သည်။ သူ့နောက်၌ပါလာသော တခြားသူများသည်လည်း ထိခိုက်ဒဏ်ရာရခဲ့ကြသည်။ သူတို့သည် လမ်းတစ်လျှောက်လုံး တိုက်ခိုက်ခဲ့ရပြီး သူတို့ထဲက နှစ်ဦး သေဆုံးခဲ့သေးသည်။

တောင်ပေါ်ရှိအခြေအနေများက လူတိုင်းတွေးထင်ထားသည်ထက် ပို၍အန္တရာယ်များပေသည်။

"ဒါက မင်းပြောခဲ့တဲ့ကျောင်းသားလား"

ထိုအချိန်တွင် လေးသခင်သည် လှည့်လိုက်ကာ ကျောက်ရှန်းကျူကို မေးလိုက်သည်။

သူ၏အသက်ရှူသံသည် အလွန်ပြင်းထန်ပြီး သူ့ခေါင်းနှင့် အဝတ်အစားများသည် ချွေးများဖြင့် ရွှဲစိုနေခဲ့သည်။ သူသည် အတော်လေး ကြိုးစားရုန်းကန်ခဲ့ရပုံပေါ်သည်။ သူသည် သေမင်းနှင့် မည်မျှနီးကပ်ခဲ့ရသလဲဆိုသည်ကို သူသာ သိပေသည်။

ရန်သူလေးသခင်များအားလုံးသည် သူ့ကို မျက်စိစပါးမွေးစူးစရာဟု မြင်ပုံပေါ်သည်။ မြားအားလုံး၏ တစ်ဝက်လောက်သည် သူ့ထံသို့ ဦးတည်လာခဲ့ခြင်းဖြစ်သည်။

သူတွေ့ကြုံခဲ့ရသည့် အခြေအနေကို မည်သူကမျှ သိနိုင်မည်မဟုတ်ပေ။

လေးသခင်တစ်ယောက်သာ အခြားလေးသခင်တစ်ယောက်ကို ရင်ဆိုင်နိုင်ပေသည်။ မြားသခင်အယောက်လေးဆယ်သည် သူကျဆုံးသွားစေရန် ပစ်ခတ်ခဲ့ကြခြင်း ဖြစ်သည်။ သူသည် ဤနေရာရှိ အခြားသူများထက် သေဆုံးနိုင်ခြေပိုများခဲ့သည်။

ကျောက်ရှန်းကျူသည် လေးသခင်၏အမေးကို ခေါင်းညိတ် တုံ့ပြန်လိုက်သည်။

အာဝူးးးးးး

ရက်စက်သော ဝံပုလွေအူသံသည် အခန်းအပြင်ဘက်နားလေးမှ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း တခဏအတွင်း တိတ်ဆိတ်သွားခဲ့သည်။

"မြန်မြန်လေး..ငါတို့မှာအချိန်သိပ်မကျန်တော့ဘူး"

စိုးရိမ်နေသည့်အသံသည် တံခါးဝရှိ တော်ဝင်အစောင့်စစ်သည်နှစ်ဦးထံမှ‌ ထွက်ပေါ်လာခဲ့သည်။ သူတို့၏အနားတွင် အခုလေးတင် သတ်ဖြတ်ခဲ့သော ဝံပုလွေခုနှစ်ကောင်ရှစ်ကောင် လဲလျောင်းနေသည်။

ဤနေရာရှိအခြေအနေသည် သူတို့အတွက် အလွန်ဆိုးဝါးလှသည်။ ဝံပုလွေအုပ်လိုက်ကြီးနှင့် ဂိုဂူလျောစစ်သည်များသည် ‌အဖြူရောင်ကျားတောင်ထွက်တစ်ခုလုံးသို့ ဖြတ်သန်း၍ တက်လာနေကြပြီ ဖြစ်သည်။

ထို့အပြင် သူတို့နောက်၌လည်း လေးသခင်များက ကျောထောက်နောက်ခံပြုထားသေးသည်။

အခန်းတွင်းရှိလူများဆီသို့ ဖိအားများ ကျရောက်လာသည်။ လူတိုင်းသည် ဝမ်ချောင်ကို လှည့်ကြည့်လိုက်ကြ၏။

တော်ဝင်စစ်သည်နှင့် လေးသခင်နည်းပြဆရာကို စုစည်းခိုင်းသည့်အကြံအစည်မှာ ဝမ်ချောင်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်လူတိုင်းသည် သူ့ဆီမှ တစ်စုံတစ်ရာကို မျှော်လင့်နေခဲ့ကြသည်။

"ချန်းပုရန် ဒီကိုလာ"

ဝမ်ချောင်သည် ချန်ပုရန်ကို လက်ရပ်ခေါ်လိုက်သည်။ ယခုအရေးကြီးဆုံးကိစ္စမှာ ဝံပုလွေအုပ်နှင့် ဂိုဂူလျောစစ်သည်များကို တိုက်ခိုက်ရန်မဟုတ်ဘဲ တာခ့်လေးသခင်များနှင့် ဂိုဂူလျောလင်းတပစ်ခတ်သူများကို တိုက်ခိုက်ရန်ဖြစ်သည်။

သူတို့ကို ဆက်၍ပစ်ခတ်ခွင့်ပေးလိုက်ပါက တော်ဝင်စစ်သည်အစောင့်များသည် ပြန်တိုက်ရန် အခွင့်အရေးတစ်ခုမျှပင် ရလိမ့်မည်မဟုတ်ပေ။

တာ့ခ်လေးသခင်များနှင့် လင်းတပစ်ခတ်သူ ဒါဇင်ခန့်လောက်သာ လူတစ်ဦးတည်းကို ပစ်မှတ်ထားခဲ့ပါက ကျောက်ရှန်းကျူပင်လျှင် သေဆုံးသွားရပေလိမ့်မည်။

ထိုသည်မှာ လေးသခင်အုပ်စုတစ်ခု၏ မည်မျှ ကြောက်မက်ဖွယ်ကောင်းပုံပင်ဖြစ်သည်။

"အဲဒီလိုအရာက တကယ်ရှိတယ်ပေါ့"

ဝမ်ချောင်ဆီမှ ချန်ပုရန်၏ ပါရမီအကြောင်းကို ကြားသည်တွင် လေးသခင်သည် မှင်သက်သွားခဲ့သည်။ သာလွန်သည့်အာရုံခံစားမှုကို ပိုင်ဆိုင်မထားသော လေးသခင်ဟူ၍ တစ်ယောက်မျှပင်မရှိချေ။ သို့သော် သူတို့အတွက်ပင်လျှင် လီအတော်ဝေးဝေးမှ အသံကို ကြားနိုင်ရန်မှာ မဖြစ်နိုင်သော အရာဖြစ်သည်။ လူတစ်ယောက်၏ တည်နေရာကို သိနိုင်ခြင်းကိုပင် ထည့်မပြောရသေးပေ။

သူပင်လျှင် လေးသခင်တစ်ယောက်အနေဖြင့် အမှောင်ထဲတွင် ရန်သူမည်မျှပုန်းအောင်းနေသည်ကို သေချာမပြောနိုင်ပေ။

ဤအချိန်တွင် ဤလူငယ်သည် သူ့ကို တကယ့်ကို မှင်သက်စေခဲ့သည်။ သို့သော် သေချာပေါက် အံ့ဩမှုနှင့်အတူ ဝမ်းသာခြင်းလည်း လိုက်ပါလာခဲ့သည်။

"ငါမင်းရဲ့ရည်ရွယ်ချက်ကို နားလည်ပြီ၊ ဒါက တကယ့်ကို ခံတပ်ကောင်းတစ်ခုပဲ"

လေးသခင်သည် ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ ချုံခိုတိုက်ခိုက်မှုအစပိုင်းတွင် ဖယောင်းတိုင်မီးမှ လျှပ်တစ်ပြတ်အလင်းရောင်ကြောင့် ဤနေရာသည် လေးသခင်များဆီမှ အပြင်းအထန်တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ ရလဒ်အနေဖြင့် ကြမ်းပြင်ပေါ်တွင် ‌ဝံပုလွေအစွယ်(သွား)မြားအများအပြားစိုက်ဝင်နေခဲ့သည်။

သို့သော် ဤသည်မှ လက်တုံ့ပြန်မှုတစ်ခုပြုလုပ်ရန်အတွက် အရေးကြီးသည့်နေရာမှ ဝင်ကစားရန် ဖြစ်လာခဲ့သည်။ ဤနေရာ၌ များပြားလှသောမြားအရေအတွက်ဖြင့်ဆိုလျှင် သူတို့သည် ကျည်ကုန်သွားမည်ကို စိုးရိမ်နေစရာမလိုတော့ပေ။

"ဒါပေမဲ့လည်း ဒါကအသုံးမဝင်ဘူး၊ ဒီကျားအသေကောင်တွေနဲ့တင် ခုခံကာကွယ်တာက မလုံလောက်ဘူး၊ ငါက မင်းတို့နဲ့ မတူဘူး၊ မင်းတို့ထဲက တစ်ယောက်လောက်ကသာ လှုပ်ရှားခဲ့မယ်ဆိုရင် အဲဒါက သူတို့ရဲ့လေးသည်တော်တစ်ယောက်နှစ်ယောက်လောက်ရဲ့ အာရုံကိုပဲ ဆွဲဆောင်နိုင်လိမ့်မယ်၊ ဒါပေမဲ့လည်း ငါသာ လှုပ်ရှားခဲ့ရင် ရန်သူလေးသခင်ရဲ့ မြားတစ်ချောင်းချင်းစီက ငါ့ဆီ ဦးတည်လာလိမ့်မယ်၊ ဘက်ပေါင်းစုံက ‌ဝံပုလွေအစွယ်မြားတွေသာ ကျလာခဲ့ရင် မင်းတို့အားလုံးအတွက် ဘေးကင်းတဲ့နေရာ ရှိတော့မှာမဟုတ်ဘူး"

လေးသခင်သည် ဝမ်ချောင်၏ အမျှော်အမြင်ကို သဘောမကျဘဲ မနေနိုင်တော့ပေ။ ဤနေရာတွင် လက်စားချေရန်အတွက် ပြင်ဆင်ရာတွင် အကျပ်အတည်းအတွင်း ခံတပ်ကို တည်ဆောက်ခြင်းနှင့် ကျောက်ရှန်းကျူနှင့် တခြားသူများကို သူ့အားစောင့်ရှောက်စေခြင်း၊ ထိုအရာများမှာ အလွန်ထိရောက်သော အစီအစဉ်တစ်ခု ဖြစ်သည်။

'ခံတပ်' အတွက် သူသည် သင့်လျော်သောကြောင့် သူသည် ကျောက်ရှန်းကျူနှင့်တခြားသူများထက် အများကြီး အသုံးဝင်ပေသည်။

သူ ပြန်လည်တိုက်ခိုက်နိုင်ရန်အတွက် အကာအကွယ်တစ်ခုကို ရှာဖွေရန် မတွေးခဲ့တာ မဟုတ်ပေ။ ထိုကဲ့သို့သောနေရာသည် အဖြူရောင်ကျားတောင်ထွက်ပေါ်တွင် မရှိသောကြောင့်ဖြစ်သည်။

"ဒီကျားသေကောင်တွေက အတိအကျကို မလုံလောက်ဘူး၊ ‌ဒါပေမဲ့ အပြင်ဖက်မှာ ရှိနေတဲ့ သတ္တုလှောင်အိမ်တွေကိုပါ ထပ်ပေါင်းလိုက်မယ်ဆိုရင် မတူတော့ဘူးလေ"

ဝမ်ချောင်သည် နောက်ဆုံးတွင် သူ၏အ‌တွေးများကို ထုတ်ပြလိုက်သည်။

ကျောက်ရှန်းကျူ ယခင်က ကျားလှောင်အိမ်အဖြစ် အသုံးပြုခဲ့သည့် လှောင်အိမ်ဆယ့်နှစ်ခုကို အခန်းထဲသို့ လျင်မြန်စွာ ယူဆောင်လိုက်ကြသည်။ ဤသတ္တုလှောင်အိမ်များကို တန်းစီထားလိုက်ပြီး နံရံ၌ မှီကပ်ထားလိုက်ကာ အခန်းတစ်ခန်းလုံးကို ကာကွယ်လိုက်ကြသည်။ ဤဘာမျှမရှိသော လှောင်အိမ်ကို ကျားသေကောင်များ၊ ‌ဝံပုလွေသေကောင်များနှင့် များပြားလှသော မာကျောသည့် ကျောက်ခဲများ၊ ကျောက်စရစ်ခဲများဖြင့် ဖြည့်လိုက်ကြသည်။ တောင်ထွတ်တစ်ခုလုံးတွင် ကြံ့ခိုင်သည့် ခံတပ်တစ်ခုကို တည်ဆောက်လိုက်နိုင်ပြီဖြစ်သည်။

ထိုခဏတွင် လူတိုင်းဝမ်ချောင်ကို ကြည့်နေသော အကြည့်များသည် အလွန်ခြားနားသွားကြသည်။

ချန်းပုရန်သည် တောင်ပေါ်မုဆိုးတစ်ဦးဖြစ်သည်။ သူသည် ထောင်ချောက်များနှင့် ခြေရာဖျောက်ခြင်းများကို အထူးကျွမ်းကျင်သည်။ သို့တိုင် အနီးအနားရှိ အရင်းအမြစ်များကို အသုံးချတတ်ရန် သင်ကြားပေးခြင်း ခံခဲ့ရသော သူသည်ပင်လျှင် လေးသခင်တစ်ဦးကိုကာကွယ်ရန် ခံတပ်တစ်ခုကို တည်ဆောက်ရာတွင် သတ္တုလှောင်အိမ်ကို အသုံးပြုရမည်ဟု ဘယ်တုန်းကမှ မတွေးမိခဲ့ချေ။

လေးသခင်တစ်ဦးအတွက် ဤသည်မှာ သူ၏စွမ်းအားပြည့်ထုတ်ဖော်ရန် အရေးအကြီးဆုံးသော အခြေအနေ ဖြစ်သည်။

"တာ့ခ်လေးသခင်တွေနဲ့ ဂိုဂူလျောလင်းတပစ်ခတ်သူတွေက ဝေဟင်ပစ်ခတ်ခြင်းကိုလည်း ပြုလုပ်နိုင်ကြတယ်၊ သူတို့ထဲကဂိုဂူလျောလင်းတပစ်ခတ်သူတွေက အဲဒီဖက်မှာ ပိုကျွမ်းကျင်ကြတယ်၊ ချန်းပုရန် မင်းက နည်းပြကျိုးကို ကူညီရမယ်၊ ဝေဟင်ပစ်ခတ်သံကို မင်းကြားတဲ့အခါ သူ့ကို အသိပေးလိုက်၊ ဒါဆို သံလှောင်အိမ်ရဲ့အလယ်ဗဟိုမှာ သူအကာအကွယ် ယူနိုင်လိမ့်မယ်"

ဝမ်ချောင်သည် အခန်း၏အလယ်တွင် ဘေးချင်းယှဉ်၍ တည်ထားသော သံလှောင်အိမ်နှစ်ခုကို ညွှန်ပြလိုက်သည်။ ဤသည်မှာ သူ အထူးပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ ထိုသံလှောင်အိမ်အပေါ်ဘက်တွင် ဝံပုလွေအသေကောင်နှင့် ကျောက်ခဲများ ဖြည့်ထားကာ အောက်တွင်တော့ ဘာမျှမရှိဘဲ အလွတ်သာ ကျန်နေခဲ့သည်။

ဤနည်းလမ်းဖြင့် ရန်သူလေးသခင်က ဝေဟင်ပစ်ခတ်ခြင်းကို အသုံးပြုလာသောအခါ ချန်းပုရန်နှင့် လေးသခင်နည်းပြဆရာတို့သည် လျင်မြန်စွာအကာအကွယ်ယူနိုင်ကြမည်ဖြစ်သည်။

ကျားအနေဖြင့် လှောင်အိမ်သည် ထူထဲသောရွှမ်သတ္တုဖြင့်ပြုလုပ်ထားခဲ့ခြင်းဖြစ်သည်။ ဤကဲ့သို့ အရေးကြီးအခြေအနေအောက်တွင် မာကျောကြံ့ခိုင်သောပစ္စည်းများသည် တန်ဖိုးအရှိဆုံးပင် ဖြစ်ကြောင်း သက်သေပြနေလေသည်။

"ဟားဟား ကျောက်ရှန်းကျူ မင်းမှာအထင်ကြီးဖို့‌ကောင်းတဲ့ ကျောင်းသားရှိတာပဲ..ဒီလိုခံတပ်၊ ကြမ်းပြင်ပေါ်က မြားတွေနဲ့ ဒီမှာရှိတဲ့ ကျောင်းသားတွေနဲ့ အတူတူသာဆို ငါသူတို့အားလုံးကို ရင်ဆိုင်ဖို့ ယုံကြည်ချက်ရှိပြီ"

လေးသခင်နည်းပြဆရာကျိုးရွှမ်သည် နှလုံးသားထဲမှ တင်းကျပ်နေမှုများပြေလျော့သွားကာ နှစ်ခြိုက်စွာ ရယ်မောလိုက်သည်။ ကျူးကျော်မှုစတင်ကတည်းက ကျောက်တုံးကြီးတစ်တုံး သူ့နှလုံးသားပေါ်သို့ ပြုတ်ကျလာသကဲ့သို့ပင် ဖြစ်သည်။ သို့သော် ဝမ်ချောင်ပြင်ဆင်ထားသည့် ဤနေရာကို မြင်ပြီးနောက် သူ၏စိုးရိမ်‌နေမှုများ ပပျောက်သွားခဲ့ရသည်။

"ငါတို့ဒီမှာ လူနည်းနည်းပဲလိုအပ်တယ်၊ ငါလှုပ်ရှားလိုက်တာနဲ့ ရန်သူလေးသခင်အားလုံးရဲ့အာရုံကို ဆွဲဆောင်သွားလိမ့်မယ်၊ ဒါကြောင့် မင်းတို့အရင်ထွက်သွားသင့်တယ်"

လေးကို လက်တစ်ဖက်တွင်ဆုပ်ကိုင်လိုက်ကာ ကျန်တစ်ဖက်တွင် မြားလက်တစ်ဆုပ်ကို ကိုင်လိုက်ပြီး ကျိုးရွှမ်သည် သူ့ကိုယ်သူ ပြင်ဆင်လိုက်သည်။

"ကျွမ်းကျန့်ဖျင် အလယ်မှာရှိတဲ့ လှောင်အိမ်ထဲမှာ ချီဝေ့စီကိုထားခဲ့လိုက်ပါ..ကျန်တဲ့သူတွေအနေနဲ့ ငါ့နောက်လိုက်ခဲ့"

ဝမ်ချောင် ပြောလိုက်ပြီး အခန်းအပြင်ဖက်သို့ လူတစ်စုကို ဦးဆောင်သွားလိုက်သည်။

ကျိုးရွှမ်သည် ပတ်ဝန်းကျင်ရှိ ရန်သူလေးသခင်များအားလုံး၏ အာရုံကို မျှားလိုက်သည်နှင့် အခန်းမှ ထွက်သွားခြင်းက အန္တရာယ် သိပ်မများတော့ပေ။

သူတို့သည် ကျိုးရွှမ်ဖန်တီးပေးမည့် ဤအခွင့်အရေးကို ဝံပုလွေအုပ်စုနှင့် ဂိုဂူလျောစစ်သည်များကို ရင်ဆိုင်ရန် ကောင်းကောင်းအသုံးချရပေလိမ့်မည်။

"သွားစို့ အခုလေးတင်မင်းတို့ကိုသင်ပေးခဲ့တဲ့ နည်းဗျူဟာကို သတိရပါ"

လက်ထဲတွင် ကျောက်စိမ်းရိုင်းသံမဏိဓားကို ကိုင်စွဲလျက် ဝမ်ချောင်သည် ဂရုတစိုက် အပြင်သို့ ထွက်သွားလိုက်သည်။ သူ့နောက်ရှိလူများသည်လည်း ဂရုတစိုက် လိုက်လာကြသည်။ ထို့အပြင် သူတို့သည် စစ်တပ် ဖွဲ့စည်းပုံအတိုင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

ဤအုပ်စုနှင့်လိုက်ပါလာသော တော်ဝင်စစ်သည်အစောင့်များသည်ပင် ဤမြင်ကွင်းကို မတတ်နိုင်ဘဲ ချီးကျူးလိုက်မိကြသည်။

အာဝူးးး

ဝံပုလွေတစ်အုပ်စုသည် သူတို့အခန်းမှထွက်လာသည်နှင့် သူတို့ဆီသို့ဦးတည်လာခဲ့သည်။ တစ်ကောင်ချင်းအနေဖြင့် ဤဝံပုလွေများသည် အားမကောင်းကြပေ။ ဤနေရာရှိလူများသည် ဝံပုလွေနှင့် တစ်ယောက်ချင်း တိုက်လျှင် ရှုံးနိုင်မည့်သူ မရှိချေ။

သို့သော်လည်း ထိုပုလွေများသည် တစ်ကောင်ချင်းလုံးဝမတိုက်ကြပေ။ ထို့အပြင် သူတို့သည် သူတို့သားကောင်များကို သတ်ဖြတ်ရန် တစ်ကောင်နှင့်တစ်ကောင် မည်ကဲ့သို့ ပူးပေါင်းရမည်ကိုလည်း သိကြသည်။ ဝမ်ချောင်ဖြစ်စေ၊ ကျောက်ကျင်းတန်ဖြစ်စေ၊ တော်ဝင်အစောင့်စစ်သည်ဖြစ်စေ အုပ်စုမှ တစ်ယောက်တည်း ကွဲထွက်သွားပါက သေချာပေါက်အန္တရာယ်များပေလိမ့်မည်။

ဤသည်မှာ ဝမ်ချောင်သည် ကျောက်ရှန်းကျူကို စစ်ကူခေါ်ရန်တိုက်တွန်းရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။

အဖြူရောင်ကျား တောင်ထွက်ပေါ်ရှိအခြေအနေသည် အလွန်ဆိုးဝါးနေခဲ့သည်။ လူသေအလောင်းများနှင့် သားရဲအလောင်းများသည် မြေပြင်ပေါ်တွင်ပြန့်ကျဲလျက်ရှိသည်။ ဝမ်ချောင်နှင့် တခြားသူများ ခံတပ်တည်ဆောက်နေချိန်တွင် တောင်ထွတ်ပေါ်ရှိအခြေအနေများသည် လျင်မြန်စွာ ဆိုးရွားသွားခဲ့သည်။

"သတ်"

ဝမ်ချောင်သည် ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး လူအုပ်ကိုဦးဆောင်ကာ ဝံပုလွေတစ်သိုက်ကိုသတ်ရန် ရှေ့သို့ လျင်မြန်စွာပြေးသွားလိုက်သည်။

အာဝူးးး

ဝံပုလွေဒါဇင်ခန့်သည် သူတို့၏အူသံကိုပြုလိုက်ပြီးနောက် လူအုပ်ဆီသို့ ရုတ်ချည်းခုန်ဝင်လာခဲ့ကြသည်။ လရောင်ဖျော့ဖျော့အောက်တွင် သူတို့၏ အစိမ်းရောက်မျက်လုံးများထဲ၌ အေးစက်စက်အလင်း‌ရောင်ကို မြင်နိုင်သည်။

ချီ

ဝံပုလွေများခုန်အုပ်သည်ကို ကာကွယ်တားဆီးရန် ဓားချက်များတစ်ချက်ပြီးတစ်ချက ် မြောက်တက်လာခဲ့ပြီး သွေးများအဆက်မပြတ်ဖြာကျလာခဲ့သည်။ ထို့နောက် ဝံပုလွေအသေကောင်များသည် ဝမ်ချောင်နှင့် သူ့လူများ၏အရှေ့ ညာဘက်မြေပြင်ပေါ်တွင် လဲကျသေဆုံးသွားခဲ့ကြသည်။

တစ်ချိန်တည်းတွင် ဝမ်ချောင်အနောက်မှ ဝှီခနဲမြည်သံများထွက်ပေါ်လာခဲ့သည်။ ငါးဆယ်ထက်ပိုသော ချွန်ထက်သည့် မြားများသည် ဝမ်ချောင်နှင့်စုဟန်ရှန်း၏အခန်းမှ ပြေးထွက်လာခဲ့သည်။ သူတို့သည် ညကောင်းကင်ယံတွင် ဖြတ်သန်းသွားကာ အဖြူရောင်ကျား ပတ်ပတ်လည်ရှိ တောအုပ်ထဲသို့ ဦးတည်သွားခဲ့ကြသည်။

အဖြူရောင်ကျားတောင်ထွတ်၏ တစ်ဦးတည်းသော လေးသခင်နည်းပြဆရာသည် တစ်ကွက်ပြလိုက်ပြီ ဖြစ်သည်။ ထိုအချိန်တွင် အချိန်သည် ရပ်တန့်သွားသကဲ့သို့ပင်ဖြစ်သည်။ ဤသည်မှာ တိုက်ပွဲတစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်သည့်အရာတစ်ခု ဖြစ်လောက်သည်။

ဝမ်ချောင်သည် ဇိမ်ခံ၍လှည့်ကြည့်ရန်အားယားမနေခဲ့ပေ။ သို့သော်လည်း သူ့အထက်မှလေထုသည် ပြောင်းလဲသွားခဲ့သည်ကိုတော့ သူအာရုံခံစားမိလိုက်သည်။ ရုတ်တရက်ဆန်စွာ ဝံပုလွေအစွယ်မြားမိုးများသည် အလွန်ထိရောက်ပုံပေါ်ပေသည်။

တိတ်ဆိတ်...။

"ရေးးး သူတို့ထဲကသုံးယောက်၊ ငါတို့ တာ့ခ်လေးသခင်သုံးယောက်ကို သတ်လိုက်နိုင်တယ်"

အခန်းထဲမှ ကျယ်လောင်သော်လည်း အနည်းငယ်တုန်ရီနေကာ ထိန်းမနိုင်သည့် ပျော်ရွှင်နေသည့်အသံထွက်ပေါ်လာခဲ့သည်။

ချန်းပုရန်..။

မည်သူမျှ အခြေအနေများကို အကဲခတ်ရန်လှည့်မကြည့်ကြပေ။ ဤအချိန်တွင် မည်သူကမျှသူတို့၏ အာရုံကို လမ်းကြောင်းလွှဲစေနိုင်သူမရှိပေ။ သို့သော်လည်း ဝမ်ချောင်၏ အစီအစဉ်မှာအလုပ်ဖြစ်ကြောင်း လူတိုင်းနားလည်လိုက်ကြသည်။ တိုက်ပွဲစကတည်းက ပထမဆုံးအကြိမ်အဖြစ် ရန်သူလေးသခင်များအကြား အကျအဆုံးရှိခဲ့ခြင်းဖြစ်သည်။

လူတိုင်း၏ နှလုံးသားများ ပေါ့ပါးသွားခဲ့ကြသည်။ သူတို့သည် သူတို့အပေါ်ရှိ ဖိအားများ သိသိသာသာလျော့ကျသွားသည်ကို ခံစားလိုက်ကြရသည်။

"ဘေးကင်းတဲ့နေရာကိုပြေး"

ချန်းပုရန်၏ အသံကို ကြားပြီးနောက် မကြာမီမှာပင် ဝမ်ချောင်သည် အရေးကြီးညွှန်ကြားချက်တစ်ခုကို ပေးလိုက်သည်။ လူတိုင်းသည် ရှေ့သို့ ပြေးထွက်သွားကြပြီး ကျိုးရွှမ်နှင့် ချန်ပုရန်တို့ဆီမှ ဝေးရာသို့ ရောက်ရှိရန် ကြိုးစားလိုက်ကြသည်။

ရွှီးရွှီးရွှီး

ကြက်သီးထဖွယ် လေခွင်းသံများသည် လေထဲ၌ပေါ်လာခဲ့သည်။ ကျိုးရွှမ်မြားများကို ပစ်လွှတ်လိုက်ပြီးနောက် ထူထပ်သည့် မြားအစင်းပေါင်းတစ်ထောင်ကျော်သည် ဘက်ပေါင်းစုံမှ တစ်နေရာတည်းသို့ ပျံသန်းဝင်လာခဲ့ကြသည်။

ဤအချိန်၌ တာခ့်လေးသခင်နှင့် လင်းတပစ်ခတ်သူ တစ်ယောက်ချင်းစီတိုင်း၏ အာရုံသည် ကျိုးရွှမ်နှင့် ချန်ပုရန်ဆီသို့ ဦးတည်လိုက်ကြပြီဖြစ်သည်။

--------------

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အပိုင်း ၂၁၀။ နှင်းဘောလုံး

ဝမ်ချောင်၏ နည်းဗျူဟာသည် အလုပ်ဖြစ်ခဲ့သည်။

ကျိုးရွှမ်နှင့် ချန်းပုရန်တို့ ရှိနေခဲ့သော အခန်းပေါ်သို့ မြားမိုးများ အဆက်မပြတ်ရွာကျလာသည်။ အလယ်၌ ရှိနေသည့် သံမဏိလှောင်အိမ်အတွင်း ပုန်းခိုနေခြင်းကြောင့် မြားမိုး၏ ပထမလှိုင်းလုံးကြီးကို သူတို့ လွတ်မြောက်နိုင်ခဲ့သည်။

ရွှီးရွှီးရွှီး

ကျိုးရွှမ်သည် ဒုတိယအကြိမ်မြောက် မြားများကိုပစ်လွှတ်လိုက်သည်။

မတူညီသော အဖွဲ့နှစ်ခု၏ လေးသခင်များအကြား တိုက်ပွဲသည် နှစ်ဖက်စလုံးရှိ လူအရေအတွက်နှင့် မသက်ဆိုင်ပေ။ ထို့ထက် ပို၍နက်နဲပေသည်။

ကျိုးရွှမ်သည် 'ခံတပ်'မှနေ၍ သူတို့၏လေးသခင် ခြောက်ယောက်ကို ဆက်တိုက် သတ်ဖြတ်လိုက်သောအခါ ကြောက်ရွံ့မှုသည် ရန်သူလေးသခင်များအကြား စတင်ပျံ့နှံ့လာခဲ့သည်။

ရုတ်တရက် အဖြူရောင်ကျားတောင်ထွက်ပတ်ပတ်လည် လီအတော်ဝေးဝေးရှိ တောင်များအားလုံး တိတ်ဆိတ်သွားခဲ့သည်။

ချန်းပုရန်၏ အလွန်အံ့အားသင့်ဖွယ်ကောင်းသော ပါရမီနှင့် ကျိုးရွှမ်၏ ပြောင်မြောက်လှသော မြားပစ်စွမ်းရည်တို့ကို တွဲဖက်လိုက်သည်တွင် အကောင်းဆုံးတွဲဖက်မှုတစ်ခု ဖြစ်လာခဲ့သည်။ ဘက်ပေါင်းစုံမှ စိတ်ကြီးဝင်နေကြသော တာ့ခ်လေးသခင်များနှင့် ဂိုဂူလျော၏ လင်းတပစ်ခတ်သူများသည် နောက်ဆုံးတွင် လေသံလျှော့လိုက်ကြသည်။

ဝမ်ချောင်သည် ဤသည်မှာ သူတို့အတွက် အခွင့်အရေးတစ်ခု ဖြစ်ကြောင်း သိလိုက်သည်။

"ဟိုဖက်မှာ"

ကျန့်တစ်ဆယ်အဝေးတွင် နည်းပြဆရာတစ်ဦးသည် ဘယ်လက်ပခုံးပေါ်၌ မြားဒဏ်ရာရထားခဲ့ကာ ဖြူဆုတ်နေသောမျက်နှာဖြင့် မြေပြင်ပေါ်၌ ဒူးထောက်နေခဲ့သည်။ ဒါဇင်ချီသော ဝံပုလွေအလောင်းများသည် သူ့ဝန်းကျင်၌ စုပြုံနေခဲ့သည်။ သို့သော် အဆုံး‌မရှိသော တာခ့်ဝံပုလွေများသည် ကျဆုံးသွား‌သောဝံပုလွေများ၏ နေရာ၌ ဝင်ရောက်လာကြသည်။ ရလဒ်အနေဖြင့် အဆုံးမရှိသော အဆက်မပြတ် တိုက်ခိုက်မှုများကို ဖြစ်ပေါ်စေလေသည်။

ဝံပုလွေအစွယ်မြားများကြောင့် ကျဆုံးခဲ့ရသော တော်ဝင်စစ်တပ်အစောင့်အရှောက် အနည်းငယ်မှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မျှ သူ့ဘေးနားတွင် ရှိမနေခဲ့ပေ။

သူသည် ထိုနေရာတွင် ထိုပုံစံအတိုင်း မည်မျှကြာအောင်ရှိနေခဲ့သည်ကို မပြောနိုင်ပေ။ ဖြူဆုတ်နေသော သူ့မျက်နှာနှင့် စီးကျနေသောချွေးအေးများကို ကြည့်ခြင်းအားဖြင့် သူသည် အားကုန်သုံးခဲ့ပြီဖြစ်ကြောင်း သိနိုင်သည်။

ချီ

ဝမ်ချောင်၊ ကျောက်ကျင်းတန်၊ ကျွမ်းကျန့်ဖျင်နှင့် တော်ဝင်စစ်တပ်အစောင့်အရှောက်များသည် အဖွဲ့ငယ်လေးအဖြစ် ဖွဲ့လိုက်ကြကာ အဖြူရောင်ကျားတောင်ထွတ်၏ နည်းပြဆရာကို ကယ်တင်ရန် လမ်းဖောက်လိုက်ကြသည်။

ဝမ်ချောင်တို့အဖွဲ့၏ ကယ်တင်ခြင်းကို ခံလိုက်ရသည်တွင် နည်းပြဆရာ၏ ဆိုးရွားသောအမူအရာသည် ပျောက်ကွယ်သွားခဲ့သည်။

"ခင်ဗျားဆက်ပြီး‌ တောင့်ခံထားနိုင်ပါ့မလား"

ဝမ်ချောင်မေးလိုက်သည်။

"ငါတောင့်ခံထားနိုင်ပါတယ်"

နည်းပြဆရာက ပြန်ဖြေလိုက်သည်။ သူ့ရှေ့ရှိလူငယ်သည် ခန့်မှန်းရန် ခက်ခဲပြီး ဆန်းကြယ်လွန်းလှသည်ဟု သူခံစားနေရသည်။ အဖြူရောင်ကျားတောင်ထွက်၏ ကသောင်းကနင်း အခြေအနေအရ ထိုကဲ့သို့ လှည့်ပတ်သွားလာနေသည့် တပ်စုတစ်ခု ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ခေါင်းညိတ်လိုက်ကာ ဝမ်ချောင်သည် တစ်ဖက်လူကို မတ်တတ်ရပ်စေလိုက်သည်။

ထို့နောက် ပေါင်းထည့်လာသောနည်းပြဆရာနှင့်အတူ လူတစ်စုသည် သူတို့၏ဒုတိယပန်းတိုင်ဆီသို့ ဦးတည်လိုက်ကြသည်။ သူတို့၏ဒုတိယပန်းတိုင်မှာ ကျောက်တုံးကြီး အနောက်ရှိ မြားမိုးကြောင့် ဒဏ်ရာအကြီးအကျယ်ရနေသော တော်ဝင်စစ်တပ်အစောင့်အရှောက်တစ်ဦး ဖြစ်သည်။

သွေးနံ့ရသောကြောင့် ဝံပုလွေအုပ်လိုက်ကြီးသည် လွတ်မြောက်ရန် မဖြစ်နိုင်လောက်အောင် ထူထပ်စွာ သူ့ကို ပိတ်ဆို့ထားခဲ့ကြသည်။

ထိုဝံပုလွေအုပ်ကြီးကို သတ်ဖြတ်ကာ လမ်းဖောက်လိုက်ကြပြီး ဤအုပ်စုသည် တော်ဝင်စစ်တပ်အစောင့်အရှောက်ကို ကယ်တင်လိုက်ကြသည်။ ဤနည်းဖြင့် တော်ဝင်စစ်တပ်အစောင့်အရှောက်များနှင့် နည်းပြဆရာများ၏စုစုပေါင်းအရေအတွက်သည် ဝမ်ချောင်အဖွဲ့တွင် သုံးယောက်အထိတိုးလာခဲ့သည်။

ဝမ်ချောင်၏ တည်ငြိမ်မှုနှင့် ယုံကြည်ချက်သည် သူ့ကို ဤတော်ဝင်စစ်တပ်အစောင့်အရှောက်များနှင့် နည်းပြဆရာများ၏ယုံကြည်မှုကို အလွယ်တကူရရှိစေခဲ့သည်။ ယခုအချိန်တွင် သူတို့အဖွဲ့သည် လက်ရှိအခြေအနေအရ ကြီးမားသောအင်အားကို ဖွဲ့စည်းထားပြီးဖြစ်သည်။

"ငါတို့ရဲ့နောက်ပစ်မှတ်က ဂိုဂူလျောစစ်သည်တွေပဲ"

ဝမ်ချောင်သည် ဝံပုလွေအုပ်ကြားရှိ ဂိုဂူလျောစစ်သည်ကို ညွှန်ပြလိုက်သည်။ ထိုလူသည် ရှည်လျားသောဆံပင်များရှိပြီး သူ၏အရှိန်အဝါမှာ ကြမ်းကြုတ်လှသည်။ သူ့လက်ထဲ၌ ဆုပ်ကိုင်ထားသော ဆေဘာဓားရှည်သုံးချောင်းသည် မုန်တိုင်းကဲ့သို့ လျင်မြန်စွာပတ်ဝန်းကျင်ကို ခုတ်ပိုင်းနေခဲ့သည်။ ဝံပုလွေအုပ်နှင့်အတူ သူသည် မျက်နှာချင်းဆိုင်ရှိ တော်ဝင်စစ်တပ်အစောင့်အရှောက်ကို အဆက်မပြတ်တိုက်ခိုက်ကာ တစ်ဖက်လူကို နောက်သို့ အဆက်မပြတ်ဆုတ်ခွာစေရန် တွန်းအားပေးနေခဲ့သည်။ အခြေအနေသာ ဤအတိုင်းဆက်သွားပါက တော်ဝင်စစ်တပ်အစောင့်အရှောက်သည် မကြာမီ ရှုံးနိမ့်သွားပေလိမ့်မည်။

ဘုန်းး

တော်ဝင်စစ်တပ်အစောင့်အရှောက်နှင့် နည်းပြဆရာများသည် ဦးစွာဝင်တိုက်လိုက်ကြသည်။ ထို့နောက် ဝမ်ချောင်၊ ကျောက်ကျင်းတန်၊ ကျွမ်းကျန့်ဖျင်နှင့် အခြားမျိုးဆက်လူငယ်များသည်လည်း သူတို့ကို ကူညီရန် ဝင်တိုက်လိုက်ကြသည်။

ဝမ်ချောင်၏ အမှည့်ချွေခြင်းနည်းဗျူဟာသည် အလုပ်ဖြစ်ခဲ့သည်။ ခဏအကြာတွင် ဂိုဂူလျောစစ်သည်၏ အတွင်းအင်္ဂါများ ဖျက်ဆီးခံလိုက်ရပြီး မကြာမီ သေဆုံးသွားခဲ့သည်။

ထို့နောက် ဝမ်ချောင်အနားတွင် ကျွမ်းကျင်သူလေးယောက်အထိရှိလာပြီဖြစ်သည်။

"ကျင်းတန်၊ ကျွမ်းကျန့်ဖျင် မင်းတို့နှစ်ယောက် အခြားလူသစ်တွေကို စုစည်းဖို့ လူအချို့ကို ဦးဆောင်သွားလိုက်ပါ..ပြီးတော့ ဘယ်သူမှမရှိတဲ့ တောင်အစွန်းတွေမှာ မီးပုံတွေပြုလုပ်လိုက်ပါ..မီးပုံက ကြီးလေ သူတို့ရဲ့ကျိုးသက်ရောက်မှုက ကောင်းလေပဲ..ဒါက လေးသခင်တွေရဲ့ အမြင်အာရုံကို လျှော့ကျစေလိမ့်မယ်"

ဝမ်ချောင်လှည့်လိုက်ကာ သူ့အုပ်စုကို ညွှန်ကြားလိုက်သည်။

လေးသခင်များသည် မပြိုလဲနိုင်သည်တော့မဟုတ်ပေ။

သူတို့၏ အံ့ဖွယ်အမြင်အာရုံများသည် အဝေးမှ သစ်ပင်ပေါ်ရှိ ပန်းသီးတစ်လုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေလျှင်ပင် ထိုသည်မှာ နေ့အချိန်တွင်သာ ကန့်သတ်ထားသည်။ ညအချိန်တွင် သူတို့၏အမြင်အာရုံကို ကန့်သတ်ရန် နည်းလမ်းပေါင်းများစွာရှိသည်။ မီးအလင်းရောင်သည် ထိုအရားများထဲမှ တစ်ခုဖြစ်သည်။

သဘောတရားအရ တောင်ပေါ်ရှိ မီးအလင်းရောင်ရင်းမြစ်တစ်ခုသည် ရန်သူလေးသခင်များ၏ ခြိမ်းခြောက်မှုကို ပိုတိုးလာစေမည်ဖြစ်သည်။ သို့သော်လည်း အမှန်မှာ မီးအလင်းရောင်သည် အမှောင်ထုနှင့် လိုက်လျောညီထွေဖြစ်နေသော လေးသခင်များ၏ စွမ်းရည်ကို နှောင့်ယှက် လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သူတို့၏ မြင်နိုင်စွမ်းကို လျော့ကျစေ၏။

ထို့အပြင် မီးပုံသည် သူတို့၏အာရုံစူးစိုက်မှုကို သိသိသာသာ သို့မဟုတ် မသိမသာ ထိခိုက်စေမည်မှာ သေချာသည်။ အားလုံးပြီးနောက် လေးသခင်များသည် မည်မျှကြောက်မက်ဖွယ်ကောင်းနေပါစေ သူတို့သည် သေမျိုးသက်ရှိများသာရှိကြသေးသည်။

ဤသို့ပြုလုပ်ခြင်းဖြင့် လေးသခင်များကြောင့် ဖြစ်ပေါ်လာနိုင်သော ပျက်စီးထိခိုက်မှုများကို ကန့်သတ်ထားပေလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် တောင်ပေါ်ရှိလူများ၏ အသက်ရှင်ကျန်ရစ်မှုကို ပိုတိုးလာစေမည်ဖြစ်သည်။

"ဟုတ်ကဲ့ ငါတို့အခုပဲသွားပြီး အဲဒါကိုလုပ်လိုက်ပါ့မယ်"

ကျွမ်းကျန့်ဖျင်သည် တုံ့ဆိုင်းမနေဘဲပြန်ဖြေလိုက်သည်။ ဝမ်ချောင်၏ ညွှန်ကြားချက်အတိုင်း သူတို့ ချက်ချင်း ထွက်ခွာလိုက်ကြသည်။

"ဒါက ကျွန်တော်ဖန်တီးထားခဲ့တဲ့ ဖွဲ့စည်းပုံ တစ်ခုပါ...ခနနေရန်သူတွေနဲ့ မျက်နှာချင်းဆိုင်ရတဲ့အခါ ဒီဖွဲ့စည်းပုံအတိုင်း လှုပ်ရှားကြပါ"

ထိုကိစ္စပြီးနောက် ဝမ်ချောင်သည် ဖွဲ့စည်းပုံ၏ပုံကြမ်းကို မြေပြင်ပေါ်တွင် ရေးဆွဲလိုက်သည်။ ထို့နောက် နည်းပြဆရာများနှင့် တော်ဝင်စစ်တပ်အစောင့်အရှောက်များကို ထိုအရာ၏ အခြေခံအချက်များအား ရှင်းပြလိုက်သည်။

"နားလည်ပြီ"

လူတိုင်းခေါင်းညိတ်လိုက်ကြသည်။ ဝမ်ချောင်သည် ဤဖွဲ့စည်းပုံကို စစ်မြေပြင်အတွက် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ စစ်မှုထမ်းဟောင်းများအနေဖြင့် သူတို့သည် ထိုဖွဲ့စည်းပုံကို ကျောက်ကျင်းတန်နှင့်အခြားသူများထက် ပို၍လျင်မြန်စွာ သဘောပေါက်လွယ်ကြသည်။

ထို့ကြောင့် တော်ဝင်စစ်တပ်အစောင့်အရှောက်လေးဦးနှင့် နည်းပြဆရာကို ဦးဆောင်ရခြင်းသည် ဝမ်ချောင်ကို ပို၍ခရီးတွင်စေခဲ့သည်။

သူသည် မည်သည့်တိုက်ပွဲတွင်မျှ ဝင်မပါခဲ့ပေ။ သူသည် တစ်ယောက်တည်း ဖြစ်နေသော ဂိုဂူလျောစစ်သည်များ နှင့် သူ၏လူများကိုကယ်ဆယ်ရာ၌သာ အာရုံစိုက်ထားခဲ့သည်။

ငါးယောက်မြောက်၊ ခြောက်ယောက်မြောက်...

ဝမ်ချောင်၏အဖွဲ့သည် အစောင့်အရှောက်များနှင့် နည်းပြဆရာများကို ကယ်တင်ကာ အသင်း၌ လက်ခံခဲ့ခြင်းကြောင့် အဖွဲ့သည် တဖြည်းဖြည်းကြီးမားလာခဲ့သည်။

ခုနှစ်ယောက်မြောက်၊ ‌ရှစ်ယောက်မြောက်၊ ကိုးယောက်မြောက်...

အစပိုင်း၌ အဖွဲ့ထဲတွင် အကြီးအကျယ်ဒဏ်ရာရနေခဲ့သော နည်းပြဆရာနှင့် တော်ဝင်စစ်တပ်အစောင့်အရှောက်အဖွဲ့ဝင်များနှင့် မတူညီစွာ နောက်ပိုင်းတွင် ကယ်တင်ခံရသူ အများစုသည် သူတို့၏ တိုက်ပွဲဝင်စွမ်းစွမ်းရည်များကို ဆက်လက်ထိန်းသိမ်းထားနိုင်သည့် လူများ ဖြစ်ကြသည်။

လက်ရှိအခြေအနေအောက်တွင် ဉာဏ်ပညာသည် ရက်စက်သည့်ခွန်အားထက်ပို၍ ထိရောက်မှုရှိသည်။

"ငါတို့ဒီနယ်မြေကို အရင်သိမ်းပိုက်ရမယ်"

ဝမ်ချောင်သည် အရှေ့သို့ လက်ညိုးညွှန်ပြလိုက်သည်။

အစောပိုင်းတွင် သူ၏ဆန်းစစ်လေ့လာချက်များအရ သူသည် ‌အဖြူရောင်ကျားတောင်ထွတ်ပေါ်တွင် ဗျူဟာမြောက်သည့် မြေအနေအထား သုံးခုရှိကြောင်း သိလိုက်သည်။ ဤတည်နေရာသုံးခုသည် ဆက်စပ်နေခဲ့ကြသည်။ သူတို့သည် ဤနေရာသုံးခုကို ထိန်းချုပ်လိုက်နိုင်သည်နှင့် သူတို့သည် မည်သည့်အချိန်တွင်မဆို ရန်သူအင်အားစုများချဉ်းလာနိုင်သည့် အရေအတွက်ကို ကန့်သတ်ထားနိုင်မည်ဖြစ်သည်။

ဝမ်ချောင်ညွှန်ပြသည့် နေရာသည် ထိုသုံးနေရာထဲမှ တစ်နေရာဖြစ်သည်။ ထိုနေရာသည် တောင်ပေါ်ရှိ အိပ်ဆောင်များ၏အလယ်တွင် တည်ရှိသည်။

သူတို့သည် ထိုနယ်မြေကို သိမ်းပိုက်လိုက်နိုင်သည်နှင့် အသက်ရှင်နိုင်သည့်အခွင့်အရေးမြင့်လာမည်ဖြစ်သည်။ ပထမဦးစွာ လေးသခင်များ၏ မြင်ကွင်းကို အိပ်ဆောင်များဖြင့် ပိတ်ဆို့ရန်အတွက် အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် သူတို့သည် ဖိအားများကို အနည်းဆုံးဖြစ်စေရန် ပတ်ဝန်းကျင်ရှိ နံရံများကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။

ထိုနေရာမှာ ကျိုးရွှမ်နှင့် ချန်ပုရန်၏ ခံတပ်ကလွဲ၍ ဤတောင်တစ်ခုလုံးတွင် အလုံခြုံဆုံးနေရာဟု ဆိုနိုင်သည်။

"လူတိုင်းပဲ သူပြောတဲ့အတိုင်း လုပ်ကြစို့"

ဝမ်ချောင်ကယ်တင်ခဲ့သော နည်းပြဆရာတစ်ဦးက သူ့အား ထောက်ခံလိုက်သည်။

ဝမ်ချောင်၏ တည်ငြိမ်အေးဆေးမှုသည် လူတိုင်း၏ယုံကြည်ကိုးစားမှုကို သိမ်းပိုက်နိုင်ခဲ့သည်။ တုံ့ဆိုင်းမနေဘဲ တော်ဝင်စစ်တပ်အစောင့်အရှောက်များနှင့် နည်းပြဆရာများသည် ဝမ်ချောင်၏ ညွှန်ကြားမှုအတိုင်း အကောင်အထည်ဖော်လိုက်ကြသည်။

အာဝူးးးး

မရေမတွက်နိုင်သော လျင်မြန်ပြီးရက်စက်သည့် ဝံပုလွေများသည် သူတို့ကို ခုန်အုပ်လိုက်ကြသည်။ သို့သော် ဤဝံပုလွေများသည် သူတို့၏ခြေလှမ်းများကို ရပ်တန့်ရန် မတတ်နိုင်ခဲ့ပေ။ ဝံပုလွေများကြား၌ပုန်းအောင်းနေသော ဂိုဂူလျောစစ်သည်သုံးဦးကို သတ်ဖြတ်လိုက်ပြီးနောက် သူတို့သည် ပထမဗျူဟာမြောက်နေရာကို သိမ်းပိုက်လိုက်နိုင်သည်။

ဤနေရာ၏ နှစ်ဘက်စလုံးတွင် မတ်စောက်သော ကျန့်တစ်ဆယ်မြင့်သည့် ချောက်ကမ်းပါးများ ဝိုင်းရံထားသည်။ တော်ဝင်စစ်တပ်အစောင့်အရှောက်နှင့် နည်းပြဆရာ ကိုးဦး ပေါ်လာခြင်းသည် ကျယ်ပြောလှသော သမုဒ္ဒရာထဲတွင် ကျွန်းတစ်ခုပေါ်လာသကဲ့သို့ပင်ဖြစ်သည်။

ဝံပုလွေများသည် တောင်ခြေမှသူတို့ဆီသို့ တဖြည်းဖြည်းပိုပို၍လာရောက်တိုက်ခိုက်နေကြသဖြင့် ထိုသည်က အလိုလိုခြိမ်းခြောက်နေသကဲ့သို့ ခံစားလိုက်ကြရသည်။ သို့သော်လည်း ဤအုပ်စု၏ ခုခံမှုသည်လည်း သန်မာလှသည်။ မည်သည့်ဝံပုလွေက ရှေ့တက်လာသည်ဖြစ်စေ ခုတ်ပိုင်းခံလိုက်ရမည်ဖြစ်ကာ သူတို့၏သက်မဲ့အလောင်းများကို မြေပြင်ပေါ်တွင် စုပြုံရန် ပေါင်းထည့်လိုက်မည်ဖြစ်သည်။

ပထဝီဝင်မြေမျက်နှာသွင်ပြင်သည် သူတို့၏ ခုခံမှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ဤနေရာတွင် မရေမတွက်နိုင်သော ဝံပုလွေများ၏ အပြင်းအထန်တိုက်ခိုက်မှုသည် မြစ်ချောင်းရေထဲသို့ စီးဝင်ရန်ကြိုးစားနေသော သမုဒ္ဒရာရေကဲ့သို့ ပင်ဖြစ်သည်။ နှစ်ဖက်စလုံးမှ တာ့ခ်ဝံပုလွေများသည် မည်သည့်အချိန်တွင်မဆို စုစုပေါင်းနှစ်ဆယ်စီဝင်ရောက်နိုင်သည်။

ဝမ်ချောင်၏ညွှန်ကြားချက်အတိုင်း သုံးဦးသည် အရှေ့၌တပ်စွဲကာ လေးဦးသည် အနောက်၌တပ်စွဲလိုက်ကြသည်။ ကျန်နှစ်ဦးသည် အလယ်၌နေရာယူကာ တစ်ဖက်စီသို့အချိန်မရွေးကူညီရန် အဆင်သင့်ပြင်ထားလိုက်ကြသည်။

ဖွဲ့စည်းမှုနှင့်အတူ ပထဝီဝင်မြေမျက်နှာသွင်ပြင်၏ အားသာချက်သည် ဝင်လာသော ဝံပုလွေများ များပြားနေသော်လည်း ပျမ်းမျှအားဖြင့် လူတိုင်းသည် တစ်ကြိမ်စီတွင် ဝံပုလွေနှစ်ကောင်စီသာရင်ဆိုင်ရစေသည်။ တော်ဝင်စစ်တပ်အစောင့်အရှောက်များနှင့် နည်းပြဆရာများ၏ ခွန်အားအရ တစ်ချိန်တည်းတွင် ဝံပုလွေနှစ်ကောင်ကို ရင်ဆိုင်ရခြင်းမှာ ပန်းခြံထဲသို့ လမ်းလျှောက်ရသကဲ့သို့ပင် ဖြစ်သည်။

တစ်ကောင်ပြီးတစ်ကောင် ဝံပုလွေများသည် မြေပြင်ပေါ်သို့ လဲကျကုန်သည်။ အချိန်အတော်ကြာပြီးနောက် မြေပြင်ပေါ်၌ ဝံပုလွေအလောင်းများ ခြောက်ဆယ်ထက်ပိုပြီး စုပြုံနေပြီဖြစ်သည်။ သို့တိုင် ဝမ်ချောင်တို့အဖွဲ့သည်တော့ ဒဏ်ရာတစ်ခုမျှပင် မရခဲ့ကြပေ။

ဤလူစုသည် ဤနေရာတွင် တိုက်ခိုက်နေစဉ် တောင်ပေါ်ရှိ ဝံပုလွေအရေအတွက်သည် လျော့ကျသွားခဲ့ကာ အဖြူရောင်ကျားတောင်ထွတ်ရှိ တခြားသူများ၏ တာဝန်ကို လျော့ပါးသွားစေခဲ့သည်။ နောက်ဆုံးတွင် သူတို့သည် အသက်ရှူရန်အခွင့်အရေးတစ်ခုကို ရှာတွေ့ခဲ့ပြီဖြစ်သည်။

ရုတ်တရက်ဆိုသလိုပင် အဖြူရောင်ကျားတောင်ထွတ်ရှိ အခြေအနေသည် အကောင်းဘက်သို့ ကူးပြောင်းသွားပုံရသည်။

ဤကဲ့သို့ရိုးရှင်းသော လှုပ်ရှားမှုသည် ကြီးမားသော အကျိုးသက်ရောက်မှုများကို ဖြစ်စေမည်ဟု တွေးကြည့်လိုက်လျှင်..။ တခဏအတွင်းမှာပင် လူတိုင်းသည် ဝမ်ချောင်ကို ပို၍ကြောက်ရွံ့မိသွားကြသည်။

"ဝမ်သခင်လေး နောက်ထပ်ငါတို့ဘာလုပ်ကြမှာလဲ"

နည်းပြဆရာတစ်ယောက်သည် ဝမ်ချောင်ကို ကြည့်ကာမေးလိုက်သည်။

"ငါတို့ ဒီနေရာကို စွန်လွှတ်လို့မဖြစ်ဘူး"

မျက်မှောင်ကြုတ်လိုက်ပြီး ဝမ်ချောင်သည် ညွှန်ကြားချက်အသစ်ကို အမိန့်မပေးခင် တခဏမျှစဉ်းစားလိုက်သည်။

"ငါတို့ ဒီဝံပုလွေရဲ့အလောင်းတွေကို လျှိုမြောင်ကနေ ရှင်းလင်းပစ်ရမယ်..သူတို့ကို နှစ်ဖက်စလုံးမှာရှိတဲ့ အခန်းတွေဆီမှာ ဖြည့်ဖို့အသုံးပြုရမယ် ဒါက ငါတို့အတွက် လေးပစ်သူတွေဆီကနေ ခြိမ်းခြောက်မှုကို လျှော့ကျနိုင်စေလိမ့်မယ်"

ဤနေရာတွင် ပို၍အဆင်ပြေသောကျားသေများမရှိပေ။ ဝံပုလွေအလောင်းများသည် ကျားအလောင်းများကို မယှဉ်နိုင်သော်လည်း သူတို့တွင်လုံလောက်သည့်ပမာဏရှိနေသရွေ့ ဤနေရာကို ခံတပ်အသစ်တစ်ခုအဖြစ်ပြောင်းလဲနိုင်ပေလိမ့်မည်ဖြစ်သည်။

အရေအတွက်သည် အရေအသွေးကို အစားထိုးနိုင်ပေသည်။

"ဝမ်သခင်လေးပြောတဲ့အတိုင်း လုပ်ကြ"

ဤအချိန်၌ လူတိုင်းသည် မျှော်လင့်ချက်ရောင်ချည်ကို မြင်လိုက်ကြသည်။ အချိန်ခဏလေးအတွင်း အဖြူရောင်ကျားတောင်ထွတ်ရှိ တိုက်ပွဲအခြေအနေသည် လုံးဝပြောင်းလဲသွားပုံရသည်။

ကြောက်မက်ဖွယ်ကောင်းသော လေးသခင်များသည် သူတို့ကိုသူတို့ ထိန်းချုပ်ထားရန် တွန်းအားပေးခဲ့ကြသည်။ ကြည့်ရသည်မှာ သူတို့သည် တစ်စုံတစ်ခုကို ကြောက်ရွံ့နေပုံရသည်။ ရလဒ်အနေဖြင့် ကောင်းကင်မှ သွန်ကျလာသော မြားမိုးများသည် ကျဲပါးလာခဲ့ပြီး အကြိမ်ရေမှာ လည်း နည်းပါးလာခဲ့သည်။

ဝံပုလွေများနှင့် လေးသမားများ၏ ကာကွယ်ပေးမှုမရှိဘဲ ဂိုဂူလျောစစ်သည်များ၏ ပြဿနာသည် ဘာမျှမဟုတ်တော့ပေ။

ဤအရာများအားလုံးသည် သူတို့ရှေ့မှလူငယ်ကြောင့်ပင်ဖြစ်သည်။

ဖောင်း ဖောင်း ဖောင်း

လူတိုင်းသည် ဝံပုလွေအလောင်းများကို နီးစပ်ရာအခန်းထဲသို့ ကန်ထုတ်လိုက်ကြပြီး မကြာမီပင် ဘာမျှမရှိသောအခန်းများအားလုံသည် လုံးဝပြည့်သွားခဲ့သည်။

ဟူးး

တစ်ချိန်တည်းမှာပင် မီးတောက်ကြီးတစ်ခုသည် အမှောင်ထုအလယ်တွင် ပေါ်ထွက်လာခဲ့သည်။ ထို့နောက် ဒုတိယတစ်ခု၊ တတိယတစ်ခု၊...

ကျောက်ကျင်းတန်နှင့် ကျွမ်းကျန့်ဖျင်တို့သည် သူတို့၏ တာဝန်ကို ပြီးမြောက်အောင်မြင်ခဲ့ပြီဖြစ်သည်။

ဤမီးတောက်များသည် အဖြူရောင်ကျားတောင်ထွတ်၏ ထောင့်စွန်းတွင် လင်းထိန်သွားသော်လည်း အလင်းတန်းများ မရောက်နိုင်သော ပတ်ဝန်းကျင်၌ အမှောင်ထုများဖုံးလွှမ်းသွားခဲ့ပုံရသည်။

"ကောင်းတယ်"

ဝမ်ချောင်နှင့် စုဟန်ရှန်း၏အခန်းထဲတွင် ချန်းပုရန်သည် မီးတောက်များကိုမြင်လိုက်ပြီး မျက်လုံးများတောက်ပသွားခဲ့သည်။ ဤအခိုက်အတန့်တွင် ချွေးအလွန်ထွက်ကာ ပင်ပန်းနေသော ကျိုးချွမ်ပင်လျှင် ပြုံးသွားခဲ့သည်။

ဤမီးတောက်နှင့်အတူ သူသည် အခြားလေးသခင်များနှင့် ရင်ဆိုင်ရာတွင် ပို၍အားသာချက်ရ‌ပေလိမ့်မည်။

"ဒီကလေးကို ငါသင်ပေးနိုင်တာဘာမှမရှိဘူး"

တောင်နံရံအရိပ်ထဲတွင်ရပ်နေရင်း ကျောက်ရှန်းကျူသည် အဝေးမှမီးတောက်ကိုကြည့်လိုက်ကာ နဖူးမှချွေးများကို သုတ်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် မထင်မရှားအပြုံးတစ်ခု ဖြည်းဖြည်းလေးပေါ်လာခဲ့သည်။

ထိုသည်မှာ လှိမ့်နေသော နှင်းဘောလုံးကဲ့သို့ပင်ဖြစ်သည်။ ကျောက်ရှန်းကျူသည် တော်ဝင်စစ်တပ်အစောင့်အရှောက်တစ်ယောက်နှင့် ကျောင်းသားယောက်၏ အကန့်အသတ်ခွန်အားဖြင့် ဝမ်ချောင်သည် အဖြူရောင်ကျားတောင်ထွတ်၏ အခြေအနေများကို ဤကဲ့သို့ အကြီးအကျယ်ပြောင်းလဲပစ်နိုင်မည်ဟု မမျှော်လင့်ခဲ့ပေ။

"နည်းပြဆရာကျောက် ဝမ်ချောင်က ဖိတ်ခေါ်လိုက်ပါတယ်"

ထိုအချိန်တွင် အသံတစ်ခုသူ့နားထဲပေါ်လာခဲ့သည်။ မသိလိုက်ဘဲ ကျောက်ကျင်းတန်သည် အမှောင်ထုထဲမှ လမ်းလျှောက်ထွက်လာခဲ့ပြီး သူ့ရှေ့၌ ပေါ်လာခဲ့သည်။

---------------------

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

All Chapters