← Chapters

အရာအားလုံး အဆင်သင့်

Vol. 28 Ch. 384

အရာအားလုံး အဆင်သင့်

Vol. 28 Ch. 384

ရာထူးမှထုတ်ပယ်ခံရခြင်းမှာပင် ကြီးလေးသောပြစ်ဒဏ်ကြီးတစ်ခု ဖြစ်နေပြီဖြစ်သည်။ အင်္ဂါဂြိုဟ်အစိုးရ၏ အမည်ပျက်စာရင်းသွင်းခြင်းကို ခံလိုက်ရသဖြင့် အင်္ဂါဂြိုဟ်ပေါ်၌ မည်သည့်တာဝန်မှ ထပ်၍ထမ်းဆောင်ခွင့်မရှိတော့သည်မှာ ပို၍ပင် ကြီးလေးသော ပြစ်ဒဏ်ကြီးတစ်ခု ဖြစ်ပေသည်။

ဘုရင်ခံမှာ သူမ၏ မကျေနပ်ချက်များကို ထုတ်ဖော်ပြသနေခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။ ထို့အပြင် ၎င်းမှာ တာအိုကျောင်းများနှင့် အခြားနိုင်ငံရေးအင်အားစုများအား ခက်ထန်တင်းမာစွာ သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။ သူတို့မှာ အင်္ဂါဂြိုဟ်ပေါ်တွင် နေထိုင်လိုပါက သူမ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်သည်။

ထို့အပြင် မရိုးသားသော လှည့်ကွက်များကိုအသုံးပြု၍ တရားမဝင်သောလုပ်ရပ်များကို ဆောင်ရွက်ခြင်မှလည်း ရှောင်ကြဉ်ရမည်ဖြစ်သည်။ သူမသည် လီယီမှာ ထိုက်ထိုက်တန်တန် အပြစ်ပေးခံလိုက်ရခြင်း ဖြစ်သည်ဟု မှတ်ယူထား၏။

ထို့အပြင် ဝမ်ပေါင်လဲ့မှာ စောင့်ကြည့်မှုများ ပိုလုပ်ရန်လိုအပ်ကြောင်း သူမက ယူဆထား၏။ သို့သော် သူသည် သူမကိုယ်တိုင် ခန့်အပ်ကာ အသိအမှတ်ပြုထားသည့် မြို့တော်ဝန် ဖြစ်နေဆဲပင်။ အခြားနိုင်ငံရေးအင်အားစုများအား ကိုယ်စားပြုသည့် လက်ထောက်မြို့တော်ဝန်များ ရောက်ရှိလာရခြင်းကြောင့် ပြဿနာအမျိုးမျိုး ပေါ်ပေါက်လာခဲ့သည်ဖြစ်ရာ သူမသည် အလွန်အင်မတန်မှ မကျေမနပ်ဖြစ်နေရ၏။

အထူးသဖြင့် သူမ၏အမြင်တွင် ကလေးတစ်ယောက်အရွယ်သာ ရှိသေးသော ဝမ်ပေါင်လဲ့မှာအလွန်အင်မတန်မှ ရဲစွမ်းသတ္တိနှင့် ပြည့်စုံပြီး တာဝန်ယူမှုအပြည့်ရှိနေသည် မဟုတ်ပါလော။ ခုန်းတောက် အန္တရာယ်နှင့် ကြုံတွေ့နေခဲ့ရစဉ်တုန်းက သူသည် ထိတ်လန့်ကြောက်ရွံ့နေခြင်း မရှိခဲ့ပေ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို ဦးဆောင်သွားခဲ့သည် ဖြစ်သည်။ သို့သော် လီယီမှာမူ အသက်သေဆုံးရမည်ကို ကြောက်ရွံ့နေသည့် သရဲဘောကြောင်တစ်ယောက် ဖြစ်နေပြီး ထိုကဲ့သို့ အရေးကြီးသော အချိန်များမှာပင် ဝမ်ပေါင်လဲ့ဆီမှ အာဏာလုယူရန်သာ စိတ်ကူးနေခဲ့သည်ဖြစ်သည်။ ထို့ကြောင့် ဘုရင်ခံမှာ သူမအား အမြင်မကြည်ခဲ့ပေ။

လီယီ၏ ပြစ်ဒဏ်နှင့် ပတ်သတ်၍ တာအိုကျောင်းလေးကျောင်းမှာ စကားတစ်ခွန်းမှ ဝင်မပြောခဲ့ပေ။ သမင်ဖြူတာအိုကျောင်းမှာ နှုတ်ထွက်သွားပြီဖြစ်သည်။ သူတို့မှာ မကျေမနပ်ဖြစ်နေရပါသော်လည်း အရာအားလုံးကို ဆုံးဖြတ်ပြီးသွားပြီဖြစ်သည်။ သူတို့မှာ ဤပြဿနာကြီးကို အေးအေးလူလူ ဖြေရှင်းချင်ပါသော်လည်း ပြည်ထောင်စုကြီးမှာ ဘုရင်ခံ၏ အမိန့်များကို ချက်ချင်းပင် လက်ခံအတည်ပြုလိုက်၏။ သူတို့၏ တုံ့ပြန်ပုံမှာ မြန်ဆန်လွန်းနေသောကြောင့် ပြည်ထောင်စုကြီးမှာ ဤကိစ္စနှင့် ပတ်သတ်၍ မည်မျှအထိ အလေးထားကြောင်း သိနိုင်ပေသည်။

သမင်ဖြူတာအိုကျောင်းမှာ ရွေးချယ်စရာတစ်ခုသာ ရှိတော့သည်ဖြစ်သည်။ ၎င်းမှာ ဝမ်ပေါင်လဲ့အား ကူညီထောက်ပံ့ပေးရန် ဖြစ်၏။ ထိုသို့သာ ထောက်ပံ့ပေးခြင်းမရှိပါက သမင်ဖြူတာအိုကျောင်းမှာ အာဏာလုပွဲမှ ထွက်ခွာသွားရမည်သာဖြစ်ပြီး ကောင်းကင်တာအိုကျောင်းမှာ အလိုလို တန်ခိုးအာဏာကြီးထွားလာမည်ဖြစ်သောကြောင့် အင်္ဂါဂြိုဟ် နယ်မြေအသစ်ထဲတွင် တာအိုကျောင်းလေးကျောင်းအတွက် ပြောရေးဆိုပိုင်ခွင့်ရှိသွားမည် ဖြစ်သည်။

သမင်ဖြူတာအိုကျောင်းမှာ လူများမှာ စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချလိုက်ကြပြီးနောက် ကောင်းကင်တာအိုကျောင်းအား လှမ်း၍ဆက်သွယ်လိုက်၏။ သူတို့မှာ အပြန်အလှန် ဆက်သွယ်ညှိနှိုင်းကာ အကြိမ်ကြိမ် ဆွေးနွေးလိုက်ကြပြီးနောက် နောက်ဆုံးတွင် ဝမ်ပေါင်လဲ့အား အပြည့်အဝ ကူညီထောက်ပံ့ပေးမည်ဟု သဘောတူလိုက်ကြတော့သည်။

သူတို့၏ ကူညီထောက်ပံ့မှုများကို နယ်မြေအသစ်ထဲရှိ တာအိုကျောင်းလေးကျောင်းမှ လူများ၏ သဘောထာများ ပြောင်းလဲသွားပုံကိုကြည့်၍ မြင်နိုင်ပေသည်။ သူတို့မှာ ဝမ်ပေါင်လဲ့၏ အမိန့်အားလုံးကို နာခံနေကြပြီဖြစ်သည်။ တစ်ချိန်ထဲမှာပင် ကျောင်းမှလူများအား မြို့တော်နယ်မြေသစ်ဆီသို့ ပို့ခွင့် မရှိခဲ့သော ကောင်းကင်တာအိုကျောင်းမှာ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့အား ကူညီထောက်ပံ့ပေးရန်အတွက် သူတို့ကျောင်းမှ ကျောင်းသားမြောက်မြားစွာကို စေလွှတ်လိုက်ကြတော့သည်။

ဝမ်ပေါင်လဲ့မှာလည်း တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားများအား မြို့နယ်‌မြေအသစ်၏ အစိုးရအဖွဲ့အစည်းထဲရှိ ဌာနအသီးသီး၌ ဌာနမှူးများအဖြစ် ခန့်အပ်ရန် စီစဉ်လိုက်၏။ ထိုသို့ဖြင့် မြို့တော်နယ်မြေအသစ်ထဲ၌ ရာထူးအပြောင်းအလဲပေါင်း မြောက်မြားစွာကို မြင်လိုက်ရတော့သည်။

ကျင့်သိုမင်နှင့် ခုန်းတောက်တို့မှာလည်း ထိုနည်းတူပင်။ သူတို့မှာ လီယီ ထွက်ခွာသွားခဲ့ပြီးနောက် လစ်ဟာနေခဲ့သည့် ရာထူးအသီးသီးကို ခွဲဝေယူလိုက်ကြသည်။ လင်းတျန်ဟောက်လည်း ထိုကဲ့သို့လုပ်ရန် တွေးမိလိုက်ပါသော်လည်း သူ၏ ဖခင်ဖြစ်သူ လင်းယုံနှင့် ဆွေးနွေးတိုင်ပင်လိုက်ပြီးနောက် သူ၏ လူယုံတော်များအား မြို့တော်နယ်မြေအသစ်ထဲသို့ မခေါ်တော့ရန် ဆုံးဖြတ်လိုက်တော့သည်။ သူသည် တစ်ယောက်တည်းသာ နေပြီး ဝမ်ပေါင်လဲ့၏ နောက်လိုက်အဖြစ်သာ ဆက်ရှိနေရမည်ဖြစ်သည်။

လက်ရှိတွင် မည်သူကမှ လီယီအကြောင်းကို စိတ်မဝင်စားကြတော့ပေ။ ဝမ်ပေါင်လဲ့မှာ တစ်ခါတစ်ရံတွင် သူမ၏ စွဲမက်ဖွယ်ရာ ခန္ဓာကိုယ်ကောက်ကြောင်းများကို လွမ်းဆွတ်နေဆဲ ဖြစ်ပါသော်လည်း အချိန်အများစုတွင်မူ လီယီ၏ ဉာဏ်နည်းသော လုပ်ရပ်များအကြောင်းကိုသာ ပြန်လည်တွေးတောသုံးသပ်နေခဲ့သည်ဖြစ်သည်။

လီယီအား မကြာခဏဆိုသလို လွမ်းဆွတ်တမ်းတနေတတ်သည့် နောက်တစ်ယောက်မှာ ကျင့်သိုမင်ပင် ဖြစ်သည်။ ယခုလက်ရှိအချိန်မှာ လီယီအား သိမ်းသွင်းနိုင်ရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း သူက သိထား၏။ သူသည် သူမ၏ အဆိုးရွားဆုံးသော အခြေအနေများထဲမှ သူမအား ကယ်တင်နိုင်လိမ့်မည်ဟု ယုံကြည်ထား၏။ သူသည် လီယီအား အကူအညီ အနည်းငယ်ခန့် ပေးလိုက်ရုံဖြင့် သူမမှာ သူ၏ ရင်ခွင်ထဲသို့ ခိုဝင်လာမည်ဖြစ်ကြောင်း တွေးထား၏။ သို့သော် သူသည် ထိုသို့တွေးမိလိုက်ပြီးနောက် ခပ်ရေးရေးမျှသာ ပြုံးလိုက်တော့သည်။

" ပစ်မှတ်ပြောင်းရမယ့်အချိန် ရောက်ပြီ။ လီယီမှာ ငါသဘောကျတဲ့အချက်တွေ မရှိတော့ဘူး။ လီရှို့ရဲ့အစ်မ လီဝမ်အာက ပိုးပန်းရတာ ခက်ခဲလောက်တယ်။ သူက အရင်တုန်းက ငါ့ကို သင်းကွပ်ပစ်ဖို့အထိတောင် ကြိုးစားခဲ့ဖူးပေမယ့် သူ့ရဲ့ တုံ့ပြန်ပုံတွေက ပိုပြီးတော့ အစွန်းရောက်လေလေ ငါ့လက်ကလည်း ပိုပြီးတော့ စိတ်ဓာတ်တွေ တက်ကြွလာလေလေပဲ "

မြို့တော်နယ်မြေအသစ်ထဲရှိ ရာထူးအများစု၌ ဝန်ထမ်းများ ခန့်အပ်ပြီးသွားသောအခါ သမင်ဖြူတာအိုကျောင်း တစ်ကျောင်းထဲမှနေ၍ အနောက်ပိုင်းမြို့တော်နယ်မြေအား ပြန်လည်ပြုပြင်ရန် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို ထောက်ပံ့ပေးလိုက်၏။ သူတို့မှာ ဝမ်ပေါင်လဲ့နှင့် အင်္ဂါဂြိုဟ်အစိုးရ အဖွဲ့အစည်းတို့၏ သူတို့အပေါ်ထားရှိသော သဘောထားတင်းမာမှုများကို လျှော့ချရန်ဖြစ်သည်။ ထိုသို့ဖြင့် အသစ်တည်ဆောက်ပြီးစီးသွားသည့် အနောက်ပိုင်းနယ်မြေကြီး၏ အထက်တွင် ဝင်းလက်တောက်ပနေသော ဧရာမ ဒိုင်းကာကြီးတစ်ခု ရှိနေပြီး လှိုဏ်ခေါင်းအသစ်ကြီးကို ပိတ်ဆို့ထားပြီဖြစ်သည်။ ထိုလှိုဏ်ခေါင်းကြီးထဲမှ စွမ်းအားများကို လျှော့ချနိုင်ရန် ထို ဒိုင်းကာကြီးအား အချိန်မှန်မှန် အသုံးပြုနေကြပြီလည်း ဖြစ်သည်။

ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားပြီး တစ်လအကြာတွင် လူသန်းတစ်ရာတိတိမှာ ထိုမြို့တော်နယ်မြေထဲသို့ ပြောင်းရွှေ့လာကြ၏။ သင်္ဘောပျံကြီးများ မြောက်မြားစွာ ရောက်ရှိလာကြပြီး ၎င်းတို့ပေါ်၌ ပါလာကြသည့် လူများမှာ မြို့‌တော်နယ်မြေအသစ်ထဲ၌ အခြေချနေထိုင်လိုက်ကြ၏။ သူတို့မှာ ဌာနအသီးသီးကို ပေါင်းစည်းလိုက်ကြပြီး အင်္ဂါဂြိုဟ်နယ်မြေအသစ်ထဲ၌ သူတို့၏ လုပ်ငန်းများနှင့် ဘဝများကို စတင်လိုက်ကြတော့သည်။

ထိုကိစ္စကြီးတစ်ခုလုံးထဲတွင် လသုံးစင်းမဟာမိတ်အဖွဲ့က အကူအညီအများကြီး ပေးခဲ့၏။ သူတို့မှာ မြို့တော်နယ်မြေအသစ်ထဲ၌ သူတို့၏ အဓိကစီးပွားရေးလုပ်ငန်းများစု၏ ဆိုင်ခွဲများကို ဖွင့်လှစ်လိုက်ကြသဖြင့် ဒေသခံအသစ်များ အများစုကြုံတွေ့နေရသည့် အလုပ်လက်မဲ့ ဖြစ်နေရသော ပြဿနာများကို ဖြေရှင်းပေးနိုင်လိုက်သည်။ အခြားသောနိုင်ငံရေးအင်အားစုများမှာလည်း တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီနေကြသဖြင့် မြို့တော်နယ်မြေအသစ်ကြီးမှာ တဖြည်းဖြည်းနှင့် တိုးတက်လာတော့သည်။

လူဦးရေတိုးတက်လာမှုကြောင့် မြို့တော်နယ်မြေအသစ်၏ မန္တန်အစီအရင်ကြီးမှာလည်း ပို၍ အားကောင်းလာ၏။ ၎င်း၏ လှိုဏ်ခေါင်းကြီးကို ထိန်းချုပ်နိုင်စွမ်းနှင့် နံရံကြီးအား တိုက်စားနှုန်းများမှာ တည်ငြိမ်စပြုလာကြသောကြောင့် ယန္တရားကြီးမှာ စတင်လည်ပတ်လာပြီဖြစ်သည်။

ထိုသို့ဖြင့် အင်္ဂါဂြိုဟ်မြို့တော်အသစ်ကြီးအား အောင်မြင်စွာ တည်ထောင်နိုင်သွားတော့သည်။ ၎င်းမှာ မြို့တော်နယ်မြေတစ်ခုနှင့် သင့်တော်သည့် အဆောက်အဦများနဲ့ အကျယ်အဝန်း နှစ်မျိုးစလုံးကို ပိုင်ဆိုင်ထား၏။ ထို့ကြောင့် နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ မြို့တော်ဝန်တစ်ယောက်အနေနှင့် သူ ပိုင်ဆိုင်ထားသည့် လုပ်ပိုင်ခွင့်အာဏာများကို အပြည့်အဝ ခံစားနိုင်စွမ်းရှိသွားတော့သည်။

မြို့တော်နယ်မြေအသစ်ထဲတွင် သူ၏ ဆုံးဖြတ်ချက်တစ်ခုမှာ လူပေါင်းမြောက်မြားစွာ၏ ကံကြမ္မာများကို ပြောင်းလဲပစ်နိုင်စွမ်း ရှိနေ၏။ အမြော်အမြင်ရှိသော လူများမှာဆိုလျှင် သူ၏ အကြည့်တစ်ခုချင်းစီကို သေသေချာချာ လိုက်ကြည့်ကာ အကဲခတ်လေ့လာနေကြတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အပျော်လွန်သွားရတော့သည်။ သူ၏ လက်အောက်ငယ်သားအများစုမှာ သူသည် မုန့်ပဲသရေစာများအား အင်မတန်မှ နှစ်ခြိုက်သည်ကို သိရှိထားသောကြောင့် သိပ်မကြာခင်တွင် မြို့တော်နယ်မြေအသစ်ထဲ၌ မုန့်လုပ်ငန်းများ ပေါ်ပေါက်လာကြပြီး ကြီးပွားအောင်မြင်လာကြတော့သည်... ဝမ်ပေါင်လဲ့၏ ရာထူးအဆင့်အတန်းကြောင့် မြည်းလေးအား ဆက်ဆံကြသည့် ပုံစံများမှာလည်း ပြောင်းလဲသွားကြပြီဖြစ်သည်။

၎င်းမှာ မည်သည့်နေရာသို့ရောက်ရောက်၊ မည်သည့်အရာများကို စားစား၊ မည်သူကမှ ၎င်းအား တားဆီးခြင်းမရှိတော့ပေ။ ထို့အပြင် သူတို့မှာ ထိုမြည်းလေး ဝဝလင်လင် မစားရမည်ကိုပင် စိုးရိမ်နေကြသေးသည်...

မည်သူက စလိုက်မှန်းမသိပါသော်လည်း မြည်းမွေးမြူကြသည့် လူအရေအတွက်မှာ တဖြည်းဖြည်းနှင့် များပြားလာ၏။ ထို အိမ်မွေးမြည်း အားလုံးနီးပါးမှာ အမများ ဖြစ်နေကြ၏... ထို့ကြောင့် ထိုမြည်းလေးမှာ အဖိုးတန်သော သတ္တဝါတစ်ကောင်အဖြစ်သို့ ရောက်သွားတော့သည်။ ၎င်းမှာ ထိုကဲ့သို့ ရာထူးအဆင့်အတန်း မြင့်တက်သွားသည့်အတွက် သဘောကျနှစ်ခြိုက်နေရပြီး ပြည်ထောင်စုထဲရှိ လူပေါင်းများစွာမှာလည်း ထိုမြည်းလေးအား စိတ်ဝင်စားလာကြတော့သည်။

သို့သော် သူတို့မှာ ထိုမြည်းလေးအား ပိုင်ဆိုင်နိုင်မညိတော့ မဟုတ်ပေ။ ထို့ကြောင့် သူတို့မှာ အခြားအစီအစဉ်များကို တွေးတောလိုက်ကြ၏။ ထို့ကြောင့် မြည်းမများ ပို၍ များပြားလာရခြင်းဖြစ်၏။ မြည်လေးမှာ အပျော်လွန်နေသည့်တိုင်အောင် အလွန်အင်မတန်မှ သစ္စာရှိနေဆဲပင်။ သို့သော် ခုန်းဝောာက်မှာမူ သူ၏ ဖီးနစ်ဖြူအား မှည့်တစ်ပေါက်မစွန်းအောင် စောင့်ရှောက်နေပြီး အိမ်အပြင်ဘက်သို့ လုံးဝနီးပါး ထွက်ခွင့်မပေးခဲ့ပေ။ ထို့ကြောင့် ထိုမြည်းလေးမှာ စိတ်မကောင်းဖြစ်နေရတော့သည်။

သို့သော် မြည်းလေးမှာ စိတ်ရှည်ရှည်ထားကာ အခွင့်အရေးများကို မရမက ရှာဖွေနေခဲ့သည်သာ ဖြစ်၏။ ထို့ကြောင့် အမျက်ချောင်းချောင်း ထွက်နေသည့် ခုန်းတောက်တစ်ယောက် သူ၏ အဖွဲ့သားများနှင့်အတူ ထိုမြည်းလေးအား လိုက်လံဖမ်းဆီးနေသည်ကို မြင်လိုက်ရသည့် အကြိမ်တိုင်းတွင် ထိုမြည်းလေးမှာ ခုန်းတောက်၏ ဖီးနစ်ဖြူအား မတော်မတရားလုပ်ရပ်များ ထပ်မံကျူးလွန်ခဲ့ခြင်းသာဖြစ်ကြောင်း လူများက သိနေကြပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာမူ လက်မှိုင်ချနေရတော့သည်။ သူသည် ထိုမြည်းလေးအား အကြိမ်ပေါင်းများစွာ ရိုက်နှက်ဆုံးမခဲ့ပါသော်လည်း ထိုမြည်းလေးမှာ မည်မျှပင် အခြေအနေဆိုးရွားနေစေကာမူ နောက်တစ်ရက်သို့ရောက်လျှင် အကောင်းအတိုင်း ပြန်ဖြစ်သွားသည်သာဖြစ်ပြီး ရဲတင်းသောလုပ်ရပ်များကို ဆက်လက်ဆောင်ရွက်နေဆဲပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်းအား လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်ပြီး သူ၏ ကျင့်ကြံခြင်းပေါ်၌သာ အာရုံစိုက်ထားလိုက်တော့သည်။ ထို့အပြင် သူသည် ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးနှင့် ကျောက်ယမုန့်တို့အား လှမ်း၍ဆက်သွယ်ကာ မန္တန်အစီအရင်ကြီးနှင့် ပတ်သတ်သည့် အချက်အလက်များကိုလည်း မကြာခဏဆိုသလို မေးမြန်နေသေး၏။

ထိုသို့ဖြင့် သုံးလတိတိ ကုန်ဆုံးသွားပြီး မြို့တော်နယ်မြေအသစ်ကြီးမှာလည်း စည်ကားသိုက်မြိုက်ကာ အဘက်ဘက်မှ တိုးတက်လာပြီဖြစ်သည်။ ထိုအချိန်တွင် ကျောက်ယမုန့်၏ ကြိုးစားအားထုတ်မှုများနှင့် ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးတို့၏ ကူညီထောက်ပံ့ပေးမှုကြောင့် နောက်ဆုံးတွင် သူမသည် ရိုးရှင်းအောင်ပြောင်းလဲထားသည့် ချီဝါးမျိုခြင်းပညာရပ်အား မန္တန်အစီအရင်တစ်ခုအဖြစ်သို့ အောင်မြင်စွာ ပြောင်းလဲနိုင်သွားတော့သည်။

၎င်း၏ နာမည်အတွက် ကျောက်ယမုန့်က စဉ်းစားပေးခဲ့၏။ ၎င်းကို မုယုံကျစ်ဟု ခေါ်တွင်စေလိုက်မည်ဖြစ်သည်။

ဝမ်ပေါင်လဲ့၏ အမြင်တွင်မူ ထိုနာမည်အား ခေါ်ဆိုရသည်မှာ သာယာနာပျော်ဖွယ်မရှိပေ။ ထို့ကြောင့် ကျောက်ယမုန့်မှာ ဓားပျံတစ်လက်ကို စီးနင်း၍ သူ၏နောက်မှ လိုက်လာလျှင်တောင် နာမည်ပေးသည့်နေရာ၌ သူ့အား လုံးဝလိုက်မီဦးမည် မဟုတ်ကြောင်း ဝမ်ပေါင်လဲ့က ‌တွေးလိုက်၏။ ထို့နောက် သူသည် ၎င်းအား မဟာပေါင်လဲ့မန္တန်အစီအရင်ဟု ခေါ်ဆိုရန် ဆုံးဖြတ်လိုက်တော့သည်။

" ဘယ်လိုလဲ။ ငါ စဉ်းစားထားတဲ့နာမည်က တော်တော်လေး ကောင်းတယ်မလား။ ယမုန့်ရာ။ ငါ ကြွားတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ နင်က နာမည်ပေးတဲ့နေရာမှာ ငါ့လောက်မှမတော်ပဲ " ဝမ်ပေါင်လဲ့မှာ ကျေနပ်မှုအပြည့်ဖြင့် ဆိုလိုက်၏။

အသံလွှင့်လက်စွပ်၏ အခြားတစ်ဖက်တွင်ရှိနေသော ကျောက်ယမုန့်မှာမူ နှုတ်ဆိတ်နေမိတော့သည်။ ထို့နောက် သူမသည် ဆက်သွယ်မှုကို ဖြတ်တောက်သွားတော့သည်။

" သူက ရှက်သွားတာလား။ ဒေါသထွက်သွားတာလားဟ " ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျတ်ဖျတ် ခပ်ရင်း ကျန်ရစ်ခဲ့တော့သည်။ ကျောက်ယမုန့်မှာ သူ့အား ကူညီပေးခဲ့သည်ဖြစ်ရာ သူသည် သူမအား ထိုကဲ့သို့ မပြောလိုက်သင့်ကြောင်း ရိပ်မိသွား၏။ ထို့ကြောင့် သူတို့နှစ်ယောက် နောက်တစ်ကြိမ်စကားပြောသည့် အချိန်တွင် လိမ္မာပါးနပ်စွာဖြင့် သူ့ကိုယ်သူ ကြွားဝါနိုင်မည့် နည်းလမ်းများကို စဉ်းစားနေလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် သူ၏ စိတ်လှုပ်ရှားမှုများကို ချုပ်တည်းလိုက်၏။ ထို့နောက် သူသည် မန္တန်အစီအရင်ကြီးအား ထိန်းချုပ်နိုင်စွမ်း ရှိသွားသည်နှင့် မဟာပေါင်လဲ့မန္တန်အစီအရင်ကြီး၏ အသေးစားပုံစံတူတစ်ခုကို ခိုး၍ ဖန်တီးလိုက်ပြီး ၎င်း၏ အစွမ်းများကို အတည်ပြုစစ်ဆေးကြည့်လိုက်တော့သည်။

သူသည် အလုပ်သမားများကို ခေါ်ယူ၍ သူ၏အိမ်ရာထဲ၌ ထိုမန္တန်အစီအရင်ကြီးကို တပ်ဆင်လိုက်၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ သူတို့အား ထွက်သွားခွင့်ပေးလိုက်ပြီးနောက် ချက်ချင်းပင် တင်ပျဥ်ခွေထိုင်ချလိုက်ပြီး မန္တန်အစီအရင်ကြီးအား အသုံးပြုလိုက်တော့သည်။ သူ၏ ကျင့်ကြံခြင်းစွမ်းအားများ ထွက်ပေါ်လာပြီး မန္တန်အစီအရင်ကြီး စတင်လည်ပတ်သွားသောအခါ တားဆီး၍မရနိုင်သော စုပ်ယူအားတစ်မျိုးမှာ မြေပြင်ကြီးဆီသို့ စတင်ပျံ့နှံ့လာ၏။ ၎င်းမှာ နတ်ဘုရားလက်နက်လှိုဏ်းခေါင်းကြီးထဲရှိ အမှောင်ချီများအပေါ် အကျိုးသက်ရောက်မှုရှိနေသည်မှာ သိသာထင်ရှားနေသောကြောင့် ဝမ်ပေါင်လဲ့မှာ အပျော်လွန်သွားရတော့သည်။

" ဒီ မန္တန်အစီအရင်ကြီးနဲ့ဆိုရင် ပဏာမအဆင့်‌သုံးရာထူးက ငါ့အတွက် လက်တစ်ကမ်းအလိုမှာပဲ ရှိတော့မှာ " ဝမ်ပေါင်လဲ့မှာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ချက်ချင်း မတ်တတ်ထလာ၏။ ထို့နောက် သူ၏ အိမ်ရာထဲ၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင် ဦးနှောက်တစ်ခုလုံးကို အိတ်သွန်ဖာမှောက် စဉ်းစားတွေးတောနေလိုက်တော့သည်။

" ဒါက မြို့တော်နယ်မြေအသစ်ထဲမှာ နေထိုင်နေတဲ့ လူတိုင်းအတွက် သတင်းကောင်းတစ်ခုပဲ... အဲ့ဒါမလို့ ငါ သူတို့အားလုံးကိုပါ ငါနဲ့အတူ ဆွဲခေါ်လာသင့်တယ်။ ငါတို့တွေအားလုံး ပူးပေါင်းလိုက်ကြမယ်ဆိုရင် ဒီ မြို့တော်နယ်မြေအသစ်ကြီးက မြို့တော်တစ်ခုအသွင် ပြောင်းလဲသွားမှာ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောလိုက်ပြီးနောက် ဆုံးဖြတ်ချက်ချလိုက်တော့သည်။ ထို့နောက် သူသည် လင်းတျန်ဟောက်၊ ခုန်းတောက်နှင့် ကျင့်သိုမင်တို့အား ချက်ချင်းပင်ဆင့်ခေါ်လိုက်၏။

ထိုသုံးယောက်မှာ သူ၏ အကြောင်းကြားစာကို ရရှိလိုက်ပြီးနောက် သူ၏ ရုံးခန်းထဲသို့ ရောက်လာကြ၏။ သူတို့မှာ စကားမပြောနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ မျက်နှာအမူအရာ တည်ကြည်နေပါသော်လည်း သူ၏ မျက်ဝန်းများထဲရှိ စိတ်လှုပ်ရှားမှု အရိပ်အယောင်များမှာ ဖုံးကွယ်၍ မရနိုင်လောက်အောင် အထင်းသားပေါ်နေသည်ကို မြင်လိုက်ရသည်။ ထို့နောက် သူက အလျင်အမြန် ဆိုလိုက်၏။

" ညီအစ်ကိုတို့။ ငါ မင်းတို့အားလုံးကို ဝေမျှပေးမဲ့ ရှားမှာရှား အခွင့်ရေးကောင်းကြီးတစ်ခုကို ရှာတွေ့ထားတယ်။ မင်းတို့‌တွေ ရာထူးနောက်ထပ်တစ်ဆင့်တိုးသွားဖို့ သေချာတယ်။ ဘယ်လိုလဲ။ လိုချင်ကြလား "

All Chapters