← Chapters

အချိန်များစွာကြာပြီးနောက် ဆက်သွယ်မိခြင်း

Vol. 33 Ch. 492

အချိန်များစွာကြာပြီးနောက် ဆက်သွယ်မိခြင်း

Vol. 33 Ch. 492

နီရဲနေသောသွေးများသည် သတင်းစာတစ်လျှောက်ပြန့်နှံ့သွားပြီး ဆောင်းပါးများကို စွေးစွေးနီသွားစေသည်။ သူသည် သူ့သူဌေးအကြောင်းပြောသောအခါ ဒေါက်တာစီ၏အကြည့်များနှင့် သဘောထားများပြောင်းလဲသွားသည်။သူ၏ မထီမဲ့မြင်ဖြစ်နေသော အမူအရာတွင် အန္တရာယ်အရိပ်အယောင်များ စွန်းထင်းလာသည်။သူသည် သူ့သူဌေးအကြောင်းကို နောက်ကွယ်တွင် မကြာခဏမကောင်းပြောလေ့ရှိသော်လည်း သူ့သူဌေးကို စိတ်ရင်းမှန်ဖြင့်လေးစားခြင်းဖြစ်သည်။

“ဒါဆို ကျုပ်တို့ ဂရုစိုက်ရမှာပေါ့”

ကောင်းမင်က အလေးအနက်ပြန်ဖြေလိုက်သည်။

သွေးနီရောင်မြို့တော်ဟု ဒေါက်တာစီပြောလိုက်သောအခါ ယင်းက သူ့အတွက် အဓိပ္ပါယ်တစ်ခုခုရှိသည့်အလား သူ့မျက်လုံးများသည် မသိစိတ်ဖြင့် မှေးကျဉ်းသွားသည်။

“လူသစ်တစ်ယောက်အနေနဲ့ ငါတို့သူဌေးက ဘယ်လောက်စွမ်းအားကြီးတယ်ဆိုတာ မင်းနားလည်နိုင်ဦးမှာ မဟုတ်ဘူး ၊ ငါဆို သူနဲ့အချိန်အကြာကြီး နေခဲ့ရတာ”

ဒေါက်တာစီက စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။

“ငါတို့ရဲ့ ယုံကြည်မှုကြောင့် သူဌေးက ငါ့ကို ဒီလိုအရေးကြီးတာဝန်ကို ပေးဖို့ဆန္ဒရှိနေတာပေါ့”

ကောင်းမင်သည် ဒေါက်တာစီအား အမှန်တရားကို မပြောပြပေ။ သူ့ကို ကယ်တင်ခြင်းသည် သူ့အင်တာဗျူး၏ တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။ သူ့သူဌေးသည် သူ့ကို မေ့နေလောက်ပြီဖြစ်သည်။

“ခင်ဗျား သတင်းအချက်တွေ ရခဲ့လား”

“ရှန်ဟိုင်းစိတ္တဇဆေးရုံရဲ့ တည်ထောင်သူက တစ်ချိန်တုန်းက မသေဆေးမှာ အလုပ်လုပ်ခဲ့ဖူးတယ် ၊ တားမြစ်ပိတ်ပင်ထားတဲ့ မတော်တဆမှုဖြစ်တုန်းက သူအဲ့ဒီမှာ ရှိနေခဲ့တယ်၊ သူနုတ်ထွက်စာ တင်ခဲ့တယ် ၊ ငါတို့သူဌေးက သူကုမ္ပဏီကနေ တစ်ခုခုယူသွားတယ်လို့ သံသယရှိခဲ့တယ်၊ တကယ်လည်း သူဌေးမမှားကြောင်း လက်တွေ့သက်သေပြနိုင်ခဲ့တယ်”

ဒေါက်တာစီက ရုပ်ပြန်တည်သွားသည်။

“လူတွေ တားမြစ်ဂိမ်းအကြောင်းကို မေ့သွားကြပြီးနောက် ရှန်ဟိုင်းစိတ္တဇဆေးရုံသူဌေးဟာ ရှင်းလုဉာဏ်ပညာမြို့တော်မှာ ဒီစီးပွားရေးကို စတင်ခဲ့တယ်၊ သူတို့ သူဌေးက တစ်ခုခုကို ဒီမှာဖုန်းကွယ်ထားပြီး အရည်အချင်းပြည့်မှီတဲ့ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်ဖို့ ဒီသရဲအိမ်ကို ဟန်ပြသုံးနေခဲ့တယ်”

“အရည်အချင်းပြည့်မီတဲ့ ကိုယ်စားလှယ်လောင်းတွေလား”

“ဟုတ်တယ် ၊ သူက အကြောက်တရားကို ရင်ဆိုင်နိုင်ပြီး အိမ်မက်ဆိုးထဲ ဝင်ရဲမယ့်လူတွေကို ရှာဖို့လိုခဲ့တာလေ ၊ ဒါပေမယ့်လည်း သူဘာလို့ အဲ့ဒီလိုလူမျိုးတွေကို လိုချင်လဲဆိုတာတော့ ငါနားမလည်ဘူး “

ဒေါက်တာစီသည် ကျွမ်းကျင်သူတစ်ဦးကဲ့သို့ ပြောဆိုနေသော်လည်း သူ့သတင်းအချက်အလက်မှာ အကန့်အသတ်ရှိသည်။

“ဒါပဲလား ၊ ခင်ဗျား ဒီမှာအချိန်အကြာကြီး ဘာလုပ်နေခဲ့တာလဲ”

ကောင်းမင် အံ့အားသင့်သွားသည်။ သူသည် ဒေါက်တာစီထံမှ အမှန်တရားတစ်ခုလုံးကို ရနိုင်လိမ့်မည်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။

“ငါက ဒီနေရာမှာ ပိတ်မိနေတာလေ၊ ရှန်ဟိုင်းစိတ္တဇဆေးရုံက သက်ရှိလူသားကိုယ်စားလှယ်လောင်းတွေကိုပဲ ရှာနေတာဆိုတော့ … ငါက အဲ့ဒီစံနူန်းနဲ့ လုံးဝမကိုက်ညီဘူး”

ဒေါက်တာစီက ကောင်းမင်ကို သံသယဖြင့်ကြည့်လိုက်သည်။

“ငါ မင်းကို သဲလွန်စတွေအများကြီး ပေးခဲ့ပြီးပြီ ၊ ကျန်တာတော့ မင်းဘာသာလုပ်ရလိမ့်မယ်”

“ခင်ဗျား ကျုပ်နဲ့မလိုက်ဘူးလား”

ကောင်းမင်သည် အကူညီမဲ့နေသော ဒေါက်တာစီအား ကြည့်လိုက်သည်။

“ထားလိုက်ပါတော့ မင်းကို ဒီနေရာက ထွက်သွားနိုင်အောင် ငါတတ်နိုင်သမျှ အကောင်းဆုံးကြိုးစားပေးမယ်”

ကောင်းမင် အိမ်သာထဲမှ ထွက်လာခဲ့သည်။သူသည် ဒေါက်တာလီပြောခဲ့သည်များကို ပြန်တွေးလိုက်သည်။

“ရှန်ဟိုင်းစိတ္တဇဆေးရုံထဲက အိပ်မက်ကလည်း ဆေးရုံတစ်ခုပေါ်မှာ အခြေခံထားတယ် ၊ အဲ့ဒီအိပ်မက်ကို တည်ထောင်သူက ဒီသရဲအိမ်ကို တည်ထောင်သူလား၊ ဒါမှမဟုတ် တခြားတစ်ယောက်ယောက်လား”

သူ ကော်ရစ်ဒါအတိုင်း လျှောက်သွားလိုက်သည်။ သူ့ပတ်လည်ရှိ နံရံများ ပြောင်းလဲသွား၏။ သူ ပိုမိုနက်ရှိုင်းစွာ သွားလေလေ ပိုကြောက်စရာကောင်းလေလေ ဖြစ်လာသည်။ နံရံများသည် လူ့အရေပြားအရောင် ဖြစ်လာလေသည်။ မျက်နှာကျက်မှ ဆံပင်များ ပေါက်နေကြသည်။ ကွေးနေသော လက်ချောင်းများက ထောင့်များကို လှည့်ပတ်နေကြသည်။ အရိုးအသစ်များသည် ကြမ်းပြင်မှ ထိုးထွက်နေသည်။

“ဧည့်သည်တွေက ဒီသရဲအိမ်ကိုခန္ဓာနယ်မြေနဲ့ စိတ်ဝိညာဉ်နယ်မြေလို့ နယ်မြေနှစ်ခု ခွဲထားတယ်လို့ ငါကြားခဲ့တယ် ၊ ငါ ခန္ဓာကိုယ်နယ်မြေထဲမှာပဲ ရှိနေသေးတာလား ၊ စိတ်ဝိညာဉ်နယ်မြေထဲကို ဘယ်လို ဝင်ရမလဲ”

ကောင်းမင်သည် ခဏရပ်လိုက်ပြီး သူ့နှလုံးသားပေါ် သို့ လက်ဖြင့် ဖိလိုက်သည်။

“ငါ အိပ်မက်ထဲ ဝင်လာတုန်းက လူ့ဦးနှောက်နဲ့တူတဲ့ အခန်းတစ်ခန်းထဲမှာ ရှိခဲ့တာ ၊ ဝိညာဉ်က လူတစ်ယောက်ရဲ့ ဦးနှောက်ထဲမှာလား ဒါမှမဟုတ် နှလုံးထဲမှာလား”

ကောင်းမင်သည် ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းများစွာကို မြင်တွေ့ခဲ့ရပြီး သန္ဓေပြောင်းသွားသော သတ္တဝါများက သူ့ကိုလိုက်ဖမ်းခဲ့ကြသည်။ သူသည် နောက်ဆုတ်မသွားဘဲ အိပ်မက်ဆိုးထဲတွင် လေ့ကျင့်ခဲ့ရသော သူ၏ ရုပ်ပိုင်းဆိုင်ရာနဲ့ ခံနိုင်ရည်တို့ကို အသုံးပြု၍ ရှေ့သို့ ဆက်လက်တိုးဝင်သွားသည်။ နောက်ဆုံးတွင် သူသည် နှလုံးတစ်ခုနှင့်တူသော ခွဲစိတ်ခန်းတစ်ခုဆီ ရောက်ရှိလာတော့သည်။ ကောင်းမင်သည် တံခါးကို တွန်းဖွင့်လိုက်သောအခါ အံ့အားသင့်သွားသည်။ ဤအခန်းတွင် မည်သည့်ဆေးဘက်ဆိုင်ရာ ကိရိယာများ မရှိပေ။ ၎င်းအစား စာသင်ခန်းတစ်ခန်းကဲ့သို့ ဆင်ယင်ထားလေသည်။ အတွင်းထဲတွင် စားပွဲနှင့်ထိုင်ခုံ ၃၁လုံးသာ ထားရှိသည်။

“ငါ အရင်တုန်းက ဒီကို ရောက်ဖူးတယ်”

ကောင်းမင်သည် လက်တွေ့ဘဝတွင် ဤကဲ့သို့သော နေရာတစ်ခုသို့ သွားခဲ့ဖူးသည်။ အိပ်မက်ထဲတွင်လည်း အလားတူအခန်းတစ်ခုနှင့် ကြုံတွေ့ရမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

“ဟုတ်တယ် ၊ မင်း ဒီကို အရင်က ရောက်ဖူးတယ်”

စားပွဲနံပါတ် ၂ ၏ အံဆွဲမှ အသံတစ်သံ ထွက်ပေါ်လာလေသည်။ ကောင်းမင်သည် စာသင်ခန်းထဲ ဝင်သွားပြီး အံဆွဲထဲမှ လမ်းလျှောက်စကားပြောစက်ဟောင်းတစ်ခုကို ဆွဲထုတ်လိုက်သည်။

“ဟဲလို ကြားလား”

ကောင်းမင်သည် စကားပြောစက်ကို ကိုင်လိုက်သည်။ ထိုကိရိယာတွင် ဘက်ထရီများ ပျောက်ဆုံးနေပြီး ဘက်ထရီထည့်သည့်နေရာတွင် သွေးများ ဖုံးအုပ်ထားသည်ကို သူသတိပြုမိသည်။

“နှစ်ပေါင်းများစွာ ကြာပြီးတော့ မင်းဟာ ငါ့နှလုံးသားထဲ ဝင်နိုင်ခဲ့တဲ့ ဒုတိယမြောက်လူပဲ”

စကားပြောစက်မှ အသံက ကြည်လင်နေသည်။ သူသည် ငယ်ရွယ်ပုံရသော်လည်း အတွေ့အကြုံရှိပုံရသည်။

“ငါကို မင်းကို ဘယ်လို ခေါ်ရမလဲ ၊ ဒီမှာ ဘာတွေ ဖြစ်ခဲ့တာလဲ”

ကောင်းမင်က မေးလိုက်သည်။

ထိုအသံက အချိန်အတော်ကြာ တိတ်ဆိတ်နေလေသည်။ ဆက်သွယ်မှု ပြတ်တောက်ခါနီးမှ ထိုအသံက ဆက်ပြောသည်။

“လွန်ခဲ့တဲ့ အချိန်အကြာကြီးတုန်းက သူတို့ ငါ့ကိုဉာဏ်ပညာမြို့တော်ရဲ့ အလယ်ဗဟိုမှာရှိတဲ့ စူပါကွန်ပျူတာလို့ ခေါ်ခဲ့ကြတယ် ၊ အဲဒီ့ထက် စောသေးရင်တော့ သူတို့က ငါ့ကို နံပါတ် ၂ လို့ ခေါ်ခဲ့ကြတယ်”

“ဆောရီး ငါက ကိုမာဝင်နေတာကနေ အခုမှ နိုးလာတာဆိုတော့ မင်းဘာပြောနေလဲဆိုတာကို ငါနားမလည်ဘူး”

ကောင်းမင်က ကိရိယာကို သူ့နားနား ကပ်လိုက်သည်။

“မင်းက လူသားလား ဒါမှမဟုတ် စက်လား”

“ငါက… ဒီအတန်းက ကျောင်းသားတစ်ယောက် ဖြစ်ခဲ့ဖူးတယ် ၊ ငါ့ဦးနှောက်ဟာ ဖိုတွန်စူပါကွန်ပျူတာရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာဖို့ တူးထုတ်ခံခဲ့ရတာ ၊ မင်း အခု ငါဘာလဲလို့ ထင်သလဲ”

ထိုအသံက အလွန်တည်ငြိမ်နေလေသည်။ သူသည် ခံစားချက်များ၏သက်ရောက်မှု မခံရသည့်အတွက်ကြောင့် ကောင်းမင်နှင့် ဆင်တူသည်။

“အဲဒါ အရေးမကြီးတော့ပါဘူး ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရှင်းလုမှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာကို ငါ သိချင်တယ်”

“အိမ်သာထဲက ကလေးက မင်းကို မပြောပြသေးဘူးလား ၊ ရှင်းလုရဲ့ မပြောသင့်သူဟာ ပိုနက်ရှိုင်းတဲ့ ကမ္ဘာထဲကို ဝင်ရောက်သွားခဲ့တယ် ၊ သူ ကယ်တင်ပေးခဲ့တဲ့သူတွေဟာ သူထွက်သွားပြီးနောက် ကျန်ခဲ့တာအားလုံးကို ဖျက်ဆီးပစ်ခဲ့တယ်”

ထိုအသံက လှောင်ပြောင်သလို ပြောလိုက်သည်။

“ငါ့ဦးနှောက်က အမှောင်ထဲမှာ အမြဲတမ်းချိတ်ပိတ်ခံထားရတယ် ၊ မသေဆေးကို သစ္စာဖောက်ပြီး ငါ့ရဲ့ အသိစိတ်တချို့ကို အပြင်ကိုယူဆောင်ပေးခဲ့တဲ့ ဓာတ်ခွဲခန်းစမ်းသပ်သူတစ်ယောက် မရှိရင် ငါမင်းနဲ့ အခုလို စကားပြောနေနိုင်မှာ မဟုတ်ဘူး”

“အဲဒီစမ်းသပ်သူက ရှန်ဟိုင်းစိတ္တဇဆေးရုံကို တည်ထောင်တဲ့သူလား ၊ မင်း ဒီသရဲအိမ်ကို တည်ဆောက်ရတဲ့ ရည်ရွယ်ချက်က အနက်ရောင်သေတ္တာကို အမွေဆက်ခံဖို့အတွက် လုံလောက်တဲ့ စိတ်ပျက်အားငယ်မှုရှိတဲ့ တစ်ယောက်ယောက်ကို ရွေးချယ်ဖို့လား”

ကောင်းမင်သည် သူ့ကိုယ်ပိုင်သီအိုရီရှိသည်။

“အနက်ရောင်သေတ္တာက ရှင်းလုမှာ မရှိဘူး ၊ မသေဆေးဟာ အစစ်အမှန် အနက်ရောင်သေတ္တာကို ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး”

ထိုအသံက ပြုံးလိုက်သည်။

“ပိုနက်ရှိုင်းတဲ့ ကမ္ဘာဆီသွားတဲ့ လမ်းကြောင်းဟာ ဖျက်ဆီးခံခဲ့ရပေမယ့် လူတစ်ယောက်ရဲ့ အမှောင်မိုက်ဆုံးအိပ်မက်ဆိုးရဲ့ အနက်ရှိုင်းဆုံးအစိတ်အပိုင်းကတော့ အဲဒီနေရာနဲ့ ဆက်သွယ်နေတုန်းပဲ ၊ ငါက အိပ်မက်ဆိုးထဲမှာ သွားလာနိုင်တဲ့လူတွေကို ပိုမိုမွေးထုတ်ဖို့ ဒါကိုလုပ်နေတာပဲ ၊ ပိုနက်ရှိုင်းတဲ့ ကမ္ဘာမှာ ဘာဖြစ်နေလဲဆိုတာကို ငါသိဖို့လိုတယ်”

“မသေဆေးလည်း နက်ရှိုင်းတဲ့အိပ်မက်အလွှာကို စူးစမ်းနေကြတယ် ၊ သူတို့က အဲဒါအတွက် ဂိမ်းအသစ်တစ်ခုတောင် ဖန်တီးခဲ့ကြတယ်”

ကောင်းမင်သည် သူ့ဘယ်ဘက်လက်ကို မြှောက်လိုက်သော်လည်း လက်ပတ်က အိပ်မက်ထဲတွင် ပေါ်မလာခဲ့ပေ။

“မသေးဆေးလား”

ထိုအသံက လှောင်ပြောင်လိုက်သည်။

“သူတို့ ညရောက်လာမှာကို ကြောက်နေကြပြီး တားမြစ်ချက် ပြန်လာမှာကိုလည်း ကြောက်နေကြတာလေ ၊ ချိတ်ပိတ်ထားတဲ့ ဖိုင်တွေထဲက ခြောက်ခြားဇာတ်လမ်းတွေ အမှန်တရား ဖြစ်လာမှာကို သူတို့ကြောက်နေကြတာ”

“ဒါဆို ငါမင်းကို ကူညီနိုင်မယ့် တစ်ခုခုရှိပါသလား”

ကောင်းမင် စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။

“ရိုးရိုးသားသား ပြောရရင် မင်းပြောခဲ့တဲ့ ပိုနက်ရှိုင်းတဲ့ကမ္ဘာကို ငါစိတ်ဝင်စားတယ်၊ အချိန်တချို့ကြာတုန်းက ကားမတော်တဆမှုကြောင့် ငါ ကိုမာဝင်နေခဲ့တယ် ၊ ငါ သတိမေ့နေတုန်း တခြားကမ္ဘာတစ်ခုကို ရောက်ခဲ့တယ်လို့ ငါယုံကြည်တယ်”

All Chapters