← Chapters

ကတိ

Vol. 33 Ch. 495

ကတိ

Vol. 33 Ch. 495

“ရှင် တကယ်ကူညီဖို့ မလိုပါဘူး ၊ ရှင်က ဆေးရုံက ဆင်းလာခါစမို့ သိပ်အများကြီး မလုပ်ပါနဲ့ ၊ ရှင်နားဖို့လိုတယ်”

လျိုယီ့လေသံက ပြောင်းလဲသွားသည်။ သူမသည် ကောင်းမင်အား ရေချိုးခန်းထဲသို့ တွန်းလွှတ်လိုက်သည်။

“ရှင်ကိုယ်ရှင် ဆေးကြောလိုက်ဦး ၊ တစ်ကိုယ်လုံးသွေးပေနေတဲ့ ရှင့်ခန္ဓာကိုယ်နဲ့ လျှောက်သွားနေရင် လူတွေက ရဲခေါ်ကြလိမ့်မယ်”

“ဒါကြောင့် ငါဈေးသွားဝယ်တုန်းက လူတွေ ငါ့ကို ဝိုင်းကြည့်နေကြတာ အံ့ဩစရာမရှိတော့ဘူး “

ကောင်းမင်၏အမူအရာကြောင့် လျိုယီ ရယ်မောလိုက်သည်။

“လျှော်ထားတဲ့ အဝတ်တွေက ကောင်တာထဲမှာနော် ၊ ရှင့်ရဲ့ သွေးပေနေတဲ့ အဝတ်တွေနဲ့ တခြားအဝတ်တွေကို ရောမပစ်နဲ့ဦး”

လျိုယီ သတိပေးလိုက်သည်။တုန့်ကောမှာ မည်သည့်စကားမှ ဝင်မပြောဝံ့ပေ။ သူမသည် အလွန်ရှက်ရွံ့နေလေသည်။ဤနေ့သည် သူမအတွက် ပထမဆုံး အလုပ်စလုပ်သည့်နေ့ဖြစ်သည်။သူမသည် ယင်းအား ပြည့်စုံစွာဖျက်ဆီးပစ်ခဲ့ကြောင်း မတွေးခဲ့မိချေ။ ကံကောင်းသည်မှာ ကောင်းမင်က သူမကို အပြစ်မတင်ခဲ့ခြင်းပင်။ သူသည် သူမဘက်ကပင် ရပ်တည်ပေးခဲ့သေးသည်။သူမသည် ယင်းကို ကျေးဇူးတင်နေမိသည်။ ကောင်းမင်က သူ့ကြောင်လေးကို မတော်တဆကျန်ရစ်ခဲ့သဖြင့် သူမထံတွင် လူကိုယ်တိုင် ကျေးဇူးတင်နိုင်မည့်အခွင့်အရေး ရလာခြင်းဖြစ်သည်။သို့သော်လည်း သူမသည် လျိုယီဖြင့် တည့်တည့်တိုးမိလိမ့်မည်ဟု မမျှော်လင့်ထားချေ။ လျိုယီ၏ မေးခွန်းများအောက်တွင် တုန့်ကောသည် သရဲအိမ်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ဖော်ထုတ်မိသွားတော့သည်။

အရာအားလုံးကို ကြားလိုက်ရပြီးနောက် လျိုယီစိတ်ဆိုးသွားတော့သည်။ သူမသည် ကောင်းမင်တစ်ယောက် သရဲအိမ်သို့ သွားခဲ့ခြင်းကြောင့် စိတ်ဆိုးသည်မဟုတ်ဘဲ ကောင်းမင် သူ့ကိုယ်သူ ထိခိုက်အောင် ထပ်မံလုပ်မိမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။မည်သို့ပင်ဖြစ်စေ သူသည် ကိုမာဝင်ရာမှ နိုးထလာရုံရှိသေးသည်။သူ ဘာလို့ သရဲအိမ်တစ်လုံးဆီကို သွားရတာလဲ။

လျိုယီသည် တုန့်ကောအား မည်သည့်ခက်ခဲသည့် အရာမှမလုပ်ခဲ့ပေ။သူမသည် တုန့်ကောထံတွင် သူမ၏ ငယ်စဉ်ပုံရိပ်ကို မြင်မိသည်။ ထိုအလုပ်ဖိအားများသည် မည်မျှ ခက်ခဲကြောင်း သူမသိပေသည်။သူမသည် မည်မျှနောက်ကျနေသော်ငြား အလွန်ဝေးသည့် ဉာဏ်ပညာမြို့တော်မှ လာခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် လျိုယီသည် သူမအား ညစာစားပြီးမှ အိမ်ပြန်ရန်ပြောပြီး စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

ယခုတွင် လျိုယီကြောင့် အမှန်တရားကို သိသွားပြီး တုန့်ကောဆွံ့အသွားသည်။ ကောင်းမင်သည် သရဲအိမ်အင်တာဗျူးတစ်ခုကို သွားခဲ့ကြောင်း သူမကြားလိုက်ရသည်။ဘယ်လို သရဲအိမ်မျိုးက သူတို့ရဲ့ အင်တာဗျူးဖြေသူတွေကို ပြိုင်ဘက်လုပ်ငန်းက ဧည့်သည်တွေကို သွားခြောက်လှန့်ခိုင်းမှာလဲ။

ကောင်းမင် ရေချိုးပြီးသွားပြီးသောအခါ အစားအသောက်များ အဆင်သင့်ဖြစ်သွားပြီဖြစ်သည်။ သုံးယောက်သား ထမင်းဟင်းများကို ကသိကအောက် စားသောက်လိုက်ကြသည်။ ထို့နောက် တုန့်ကောမှာ လစ်ထွက်သွားတော့သည်။

“ဒီနေ့ခေတ်ကြီးမှာ အလုပ်ရှာရတာ တော်တော်ခက်ပါလား ၊ ထိပ်တန်းအနုပညာကျောင်းက အကနဲ့ကျောင်းပြီးလာတဲ့သူက သရဲအိမ်တစ်လုံးမှာ သရဲတစ်ကောင်အဖြစ် သရုပ်ဆောင်နေရသတဲ့လေ”

လျိုယီ သက်ပြင်းချလိုက်သည်။သူမသည် အိမ်ချေးငွေများကြောင့် ဖိအားအများအပြား ခံစားနေရသည်။

“ကောင်းမင် ကျွန်မတို့ အရင်တုန်းက အိမ်တစ်လုံးဝယ်ဖို့ မဆုံးဖြတ်ခဲ့ရင် ပိုပျော်ရွှင်နိုင်မယ်လို့ ရှင်ထင်လား”

“ပျော်ရွှင်မှုဆိုတာ အိမ်တွေနဲ့ မဆိုင်ပါဘူး”

ကောင်းမင်သည် လျိုယီတစ်ယောက် တူကိုင်ထားပုံမှာ ထူးဆန်းနေကြောင်း သတိပြုမိလိုက်သည်။ထို့ကြောင့် သူမ၏လက်ကို လှမ်းဆွဲလိုက်သည်။

“မင်း ဘယ်လိုလုပ် ဒဏ်ရာရတာလဲ”

သူသည် ဆေးသေတ္တာပြေးယူလိုက်ပြီး သူမကို ပတ်တီးစည်းပေးလိုက်သည်။

“ကျွန်မ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီကို အစ်မနည်းနည်းနဲ့ သွားခဲ့တယ် ၊ ကျွန်မတို့ ပိုက်ဆံတွေနဲ့ ထွက်ပြေးသွားတဲ့ သူဌေးကို ခုထိ ဖမ်းမမိသေးဘူးတဲ့”

လျိုယီက သူမ၏ဒဏ်ရာအကြောင်းကို ရှင်းမပြပေ။သူမ ခေါင်းစဉ်ပြောင်းလိုက်သည်။

အိမ်မက်ဆိုးများတွင် သူတို့၏စိတ်ပျက်အားငယ်မှုများရှိပြီး လက်တွေ့ဘဝသည် ၎င်းကိုယ်ပိုင် အကူညီမဲ့မှုများ ရှိလေသည်။နှစ်ဦးသား ညဉ့်နက်သည်အထိ စကားပြောခဲ့ကြသည်။ကောင်းမင်သည် လျိုယီအား မည်သည့်အိမ်မှုကိစ္စကိုမှ မလုပ်ခိုင်းပေ။လျိုယီသည် ဆိုဖာကို မှီ၍ ကောင်းမင်အား ကြင်နာစွာကြည့်နေလေသည်။

“ကောင်းမင်…”

“အင်း”

“မကြာသေးခင်က ကျွန်မတို့ဌာနကို ပြောင်းလာတဲ့ ကောင်မလေးက သူ့ကောင်လေးနဲ့ လက်ထပ်တော့မယ်တဲ့ ၊ သူ့မင်္ဂလာဆောင်ကို လာဖို့ ကျွန်မတို့ကို ဖိတ်သွားတယ်”

“ဒါ ကောင်းတာပေါ့”

ကောင်းမင်သည် သွေးစွန်းနေသော သူ့အဝတ်အစားများကို လျှော်ဖွတ်ရင်း ကောင်တာပေါ်ရှိ စကားပြောစက်ကို စိုက်ကြည့်လိုက်သည်။

“ကောင်မလေးကလေ ကျွန်မထက် အများကြီးငယ်တယ် သိလား ၊ သူတို့က အိမ်အသစ်တစ်လုံးမဝယ်ခဲ့ဘူး ၊ သူတို့က သူတို့ဇာတိမြို့မှာပဲ လက်ထပ်ဖို့ စီစဉ်ထားကြတာ”

“သူတို့က ဇာတိမြို့က ဘယ်မှာလဲ”

“ရှင်ဘာလို့ ဂရုစိုက်နေတာလဲ ၊ ကျွန်မက ပြောပြနေရုံပဲလေ ၊ ရှင် ရှင့်ကျောင်းသားတွေကို ကျို့ကျန်းက ခေါ်မလာခင်ကလေ ၊ ကျွန်မတို့ ဒါကို ကတိထား…”

လျိုယီသည် ရှက်ရွံ့နေပုံရသည်။သူမ တုန့်ဆိုင်းနေသည်။

“သူတို့ရဲ့ ဇာတိမြို့က ကျို့ကျန်းလား”

ကောင်းမင်က လျိုယီအား စကားဖြတ်ပြောလိုက်သည်။ ကောင်းမင် အာရုံပျံ့လွှင့်နေကြောင်း လျိုယီသတိထားမိသွားသည်။ လျိုယီ နူတ်ခမ်းစူလိုက်ပြီး စကားဆက်မပြောတော့ပေ။ သူမသည် ဖိနပ်ပါးလေးကို စီးလိုက်ပြီး ရေချိုးခန်းထဲလျှောက်သွားးကာ ကောင်းမင်၏ပုခုံးကို ကိုက်ချလိုက်သည်။

“အ…ဘာလို့ ကိုက်နေတာတုန်း”

ကောင်းမင်က စိတ်ရှုပ်ထွေးစွာဖြင့် နောက်လှည့်ကြည့်လိုက်သည်။

“ဘာလို့လဲဆိုတော့ ကျွန်မကိုက်ချင်လို့လေ”

ကောင်းမင်သည် သူမအား အရေးကြီးသည့် တစ်စုံတစ်ခုကို ကတိပေးခဲ့သော်ငြား ယင်းကို သူမေ့သွားခြင်းဖြစ်သည်။

အဝတ်များကို လျှော်ဖွတ်ပြီးနောက် ကောင်းမင်သည် စကားပြောစက်ထည့်ထားမည့် အိတ်တစ်လုံးကို ရှာလိုက်သည်။ထို့နောက် ၎င်းကို ရေစိုခံတိတ်များဖြင့် အထပ်ထပ်ပတ်လိုက်သည်။ ၎င်းအား သူ့လည်းပင်းတွင် ချိတ်ဆွဲထားလိုက်သည်။ကောင်းမင်သည် ညအိပ်ဝတ်စုံလဲလိုက်ပြီး သူ့လက်တော့ပ်ကို ဖွင့်လိုက်သည်။ သူသည် အငှားကြော်ငြာစာများနှင့် သတင်းများကို ဆက်လက်ကြည့်ရှုနေလိုက်သည်။ ည ၁၀နာရီခန့်တွင် ကောင်းမင်သည် ထန်ချင်းထံမှ မက်ဆေ့တစ်ခုရလာသည်။ နောက်နေ့မနက်တွင် နောက်ထပ်ဦးနှောက်ဂိမ်းအသစ်တစ်ခုကို စတင်ကြမည်ဖြစ်သည်။

“ငါ ဒါကို အလျင်လိုလို့မဖြစ်ဘူး ၊ အချိန်ယူဖို့ လိုတယ်”

ပထမအကြိမ်နဲ့ နိုင်းယှဉ်ပါက ကောင်းမင်သည် ပိုတည်ငြိမ်လာသည်။သူ့တွင် အစီအစဉ်တစ်ခုရှိသည်။ သူသည် ဝမ်ကျား၏ဓာတ်ခွဲခန်းအထိ သူ့အဆင့်ကို တိုးမြင့်ရန်လိုအပ်သည်။

ကောင်းမင်အိပ်ရာထဲ ဝင်လာသောအခါ လျိုယီက ဧည့်ခန်းမီးကို ပိတ်လိုက်သည်။ သေးငယ်သော ညလင်းမီးတစ်ခုသာ ကျန်ရစ်ခဲ့သည်။ သူတို့သည် ခွဲခြားထားသော ကုတင်တစ်ဖက်တစ်ချက်စီတွင် အိပ်စက်လိုက်ကြသည်။သူတို့သည် ကောင်းမင်အိပ်ချင်လာပြီး သူ့မျက်လုံးများ မှိတ်လိုက်သည့်အချိန်အထိ ရောက်တတ်ရာရာစကားများ ပြောဆိုနေခဲ့ကြသည်။

သူ့လည်းပင်းတွင် ယားကျိကျိခံစားလိုက်ရသည်။ သူ့အပေါ်တွင် တစ်ယောက်အသက်ရှုနေခြင်းဖြစ်သည်။ ကောင်းမင် နောက်လှည့်ကြည့်လိုက်သည်။ လျိုယီသည် သူ့အား ချစ်ရည်ရွှမ်းသော အကြည့်များဖြင့် စိုက်ကြည့်နေလေသည်။သူမ၏ ခန္ဓာကိုယ်က တဖြည်းဖြည်းချဉ်းကပ်လာသည်။သူမ၏လက်ကို သူ့ရင်ဘတ်ပေါ် တင်လိုက်သည်။

ပူလောင်လာသော်လည်း လျိုယီသည် ကောင်းမင်၏ရင်ဘတ်တဝိုက်မှ ထူးဆန်းသည့် အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသလို ခံစားလိုက်ရသည်။

“ဟင်?”

“ဝေါ်ကီတော်ကီပါ”

“?”

လျိုယီ၏ အမူအရာမှာ စကားလုံးများဖြင့် ဖော်ပြရန် မဖြစ်နိုင်ပေ။

“ဒါက ငါ့အတွက် အရမ်းအရေးကြီးတယ်လေ ၊ အလုပ်နဲ့ဆက်စပ်နေတာဆိုတော့ ငါဒါကို နီးနီးကပ်ကပ်ထားဖို့ လိုတယ်”

ကောင်းမင် ပြန်လှည့်သွားသည်။

“မင်းနားသင့်တယ် ၊ ငါတို့ မနက်ကျရင် အလုပ်သွားရဦးမှာ ၊ ဂွတ်နိုက်ပါ”

“အမ်…ဟုတ်ပါပြီ”

လျိုယီမှာ မည်သို့တုန့်ပြန်ရမှန်း မသိတော့။အခြားမိန်းမများမှာ သူတို့၏အမျိုးသားကို သူတို့အပေါ် ဖောက်ပြန်မည်ကို စိုးရိမ်ကြသော်လည်း ကောင်းမင်မှာမူ ဘက်ထရီပင်မရှိသော စကားပြောစက်တစ်လုံးဖြင့် ယင်းကို မည်သို့လုပ်ဆောင်မည်နည်း။

လျိုယီသည် ခါးသီးစွာပြုံးလိုက်ပြီး ထိုကိစ္စများကို ဆက်မတွေးတော့ပေ။ ပင်ပန်းနွမ်းနယ်မှုသည် သူမအပေါ်လွှမ်းခြုံလာသဖြင့် သူမအိပ်ပျော်သွားတော့သည်။ သူမဘေးတွင်ရှိနေသော ကောင်းမင်နှင့်အတူ သူမသည် ညလေးတစ်ညကို ကောင်းမွန်စွာအိပ်စက်ခဲ့ရသည်။

မနက် ၆နာရီတွင် လျိုယီသည် နိုးစက်သံကြောင့် နိုးထလာလေသည်။ ကောင်းမင် အိပ်ရာပေါ်တွင် ရှိနေသေးသော်လည်း လျိုယီသည် အလုပ်အတွက် ထွက်သွားခဲ့သည်။ ကောင်းမင်သည် မနေ့ညက ထူးဆန်းသောအိပ်မက်ကို ထပ်မက်လာသောကြောင့် နိုးလာလေသည်။တရှပ်ရှပ်ခြေသံများကို သူကြားခဲ့ရသည်။၎င်းတို့သည် သူနှင့်ပိုနီးကပ်လာခြင်းဖြစ်သည်။ခြေသံများက သူ့ကုတင်ဘေးတွင် ရပ်တန့်သွားသည်။နောက်တစ်ကြိမ်တွင် ခြေသံများက သူ့မျက်စိရှေ့တွင် ထွက်ပေါ်လာတော့မည်ဖြစ်သည်။

ကောင်းမင်သည်လည်း သူအရင်ကကြည့်ခဲ့သော တိုက်ရိုက်ထုတ်လွှင့်မှုကို ရှာဖွေရင်း တစ်ညတာကုန်ဆုံးခဲ့ရသည်။ ယင်းသည် ထုတ်လွှင့်သူအား သရဲများက အမှန်တကယ်ဆွဲခေါ်သွားပုံရသည်။

ကောင်းမင် ဖချိုင်ကြောင့် နိုးလာသည်။သူ လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်ရာ နေ့လယ်ရောက်နေပြီဖြစ်ကြောင်း နားလည်လိုက်သည်။သူသည် တက္ကစီတစ်စီးခေါ်လိုက်ပြီး မသေဆေးဓာတ်ခွဲခန်းသို့ ဦးတည်လိုက်လေသည်။

All Chapters