အခန်း (၂၁၁-၂၁၅)
Vol. 9 Ch. 211-215
အပိုင်း ၂၁၁ တွန်းအား
ကျောက်ရှန်းကျူသည် ဝမ်ချောင်ကို နောက်တစ်ကြိမ်ပြန်တွေ့လိုက်သည်တွင် အလွန် အံ့အားသင့်သွားခဲ့သည်။ ထိုလူငယ်လေးသည် တောင်ပေါ်တွင် ဒုတိယခံတပ်ကို တည်ဆောက်လိုက်နိုင်သည်ဟု တွေးကြည့်လိုက်လျှင်...။
ရှေးဦးစွာ သူသည် သံမဏိလှောင်အိမ်ကို ဖြည့်ရန် ကျောက်တုံးများအသုံးပြုခဲ့သည်။ ထို့နောက် သူသည် ရန်သူများက သူတို့ကို ဟန့်တားရန်အတွက် ခေါ်ဆောင်လာခဲ့သော ဝံပုလွေအသေကောင်များကို အမှန်ပင် အသုံးပြုခဲ့သည်။ ဝမ်ချောင်၏ အတွေးများသည် တကယ့်ကို ပုံမှန်မဟုတ်ပေ။
သို့သော်လည်း ကျောက်ရှန်းကျူကို အမှန်တကယ် အံ့အားသင့်စေသည်မှာ ဝမ်ချောင်သည် အုပ်စုတစ်ခုကို စုစည်းနိုင်ခဲ့ခြင်းဖြစ်သည်။
အချိန်တစ်ခဏလေးအတွင်းမှာပင် သူသည် တော်ဝင်စစ်တပ်အစောင့်အရှောက်များနှင့် နည်းပြဆရာများ အယောက်နှစ်ဆယ်နီးပါး နှင့် ကျောင်းသားသစ် အယောက်သုံးဆယ်ကို စုစည်းနိုင်ခဲ့သည်။
"လူတွေအများကြီးပဲ"
ကျောက်ရှန်းကျူသည် ဤလုပ်ဆောင်ချက်ကို အလွန်အံ့အားသင့်ဖွယ်ကောင်းကြောင်း တွေ့ရှိလိုက်သည်။
ထို့အပြင် ကျောက်ရှန်းကျူသည် ဝမ်ချောင်စီမံညွှန်ကြားနေသော အုပ်စုသည် သူတို့ကိုယ်ပိုင်တစ်ဦးချင်းစီ တိုက်ပွဲများကို တိုက်ခိုက်နေကြခြင်း မဟုတ်ကြောင်းကိုလည်း သိနားလည်လိုက်သည်။ ထိုအစား သူတို့တစ်ဦးချင်းစီသည် စည်းမျဉ်းတချို့ကို လိုက်နာနေပုံရသည်။
"ဒါက တိုက်ပွဲဖွဲ့စည်းပုံတစ်ခုပဲ"
ကျောက်ရှန်းကျူသည် တခဏအတွင်း မှတ်မိလိုက်သည်။
ဤတိုက်ပွဲဖွဲ့စည်းပုံသည် လူအယောက်ငါးဆယ်အုပ်စုကို တစ်ခုတည်းအဖြစ် ဖြစ်ပေါ်စေသည်။ တစ်ဦးကိုတစ်ဦး ဖြည့်စွက်ခြင်းဖြင့် သူတို့သည် သူတို့၏ တိုက်ပွဲစွမ်းရည်ကို မြှင့်တင်ကာ တစ်ဦးချင်းစီ ရင်ဆိုင်နေရသော အန္တရာယ်များနှင့် ပျက်စီးဆုံးရှုံးမှုများကို နည်းပါးအောင် ပြုလုပ်ပေးသည်။
ပြီးတော့ ဝံပုလွေအလောင်းများနှင့် ဂိုဂူလျောအလောင်းများ၏ အစုလိုက်အပုံလိုက်ကြီးသည် တိုက်ပွဲဖွဲ့စည်းပုံ၏ အကျိုးရှိခြင်းကို အကောင်းဆုံးသက်သေပြနေလေသည်။
"ဒါကို ဝမ်ယန်က သူ့ကိုသင်ပြပေးခဲ့တာပဲဖြစ်ရမယ်"
ကျောက်ရှန်းကျူ၏ စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာခဲ့သည်။ ဝမ်ကလန်သည် ဝန်ကြီးချုပ်များနှင့် စစ်သူကြီးများ၏ ကလန်တစ်ခုဖြစ်သည်။ ဝမ်ချောင်၏ ဖခင်မှာ နယ်စပ်ကို စောင့်ကြပ်နေရသော စစ်သူကြီးအဖြစ် လူသိများသည်။ ဝမ်ချောင်သည် ဤကဏ္ဍတွင် ကျွမ်းကျင်နေခဲ့လျှင် ထိုသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။
"ဝမ်ချောင်"
ကျောက်ရှန်းကျူ လမ်းလျှောက်သွားလိုက်သည်။ တောင်လေများသည် လေချွန်သံထွက်ပေါ်နေသည်။ အမှောင်ထုအတွင်းတွင် အနည်းငယ်ဖြူရော်နေသော လူငယ်တစ်ဦး၏မျက်နှာကို သူမြင်နိုင်သည်။ သို့ဆိုလျှင်တောင်မှာ သူသည် အေးဆေးတည်ငြိမ်လျက်ရှိသည်။
"နည်းပြဆရာ"
အသံကိုကြားသည်တွင် ဝမ်ချောင်သည် လှည့်လိုက်ကာ ပြောလိုက်သည်။
"ဆရာ ရောက်လာပြီပဲ"
"မင်း ငါ့ကို ရှာနေတာလား"
ကျောက်ရှန်းကျူသည် ကွေ့ဝိုက်မနေဘဲ တိုက်ရိုက်ပြောလိုက်သည်။
"ခင်ဗျားတိုက်ပွဲတစ်ပွဲအတွက် လုံလောက်တဲ့ခွန်အား ကျန်နေသေးလား"
ဝမ်ချောင်မေးလိုက်သည်။
"မင်းစိတ်ထဲမှာ အစီအစဉ်တစ်ခုရှိလား"
ကျောက်ရှန်းကျူသည် ဝမ်ချောင် ဆိုလိုချင်သည့်အရာကို ချက်ချင်းနားလည်လိုက်သည်။
"အမ်"
ခေါင်းညိတ်လိုက်ကာ ဝမ်ချောင်ဆက်ပြောလိုက်သည်။
"နည်းပြဆရာ ကျွန်တော်သာ ခင်ဗျားကို တောင်အပြင်ဖက်ကို ခေါ်ထုတ်နိုင်ရင် ခင်ဗျား ရန်သူလေးသခင်တွေကို အနီးကပ် သတ်ဖြတ်ဖို့ ယုံကြည်ချက်ရှိလား"
"မင်း ငါ့ကို လာနောက်နေတာလား၊ လေးသခင်တွေအကြောက်ဆုံးအရာက အနီးကပ်တိုက်ခိုက်မှုပဲ၊ သူတို့ရဲ့တိုက်ခိုက်နိုင်စွမ်းက အရမ်းကြီးမဆိုးရင်တောင် ငါ့လို အနီးကပ်တိုက်ခိုက်တဲ့စစ်သည်တွေကို ယှဉ်နိုင်ဖို့ ဘယ်လိုနည်းနဲ့ မှမဖြစ်နိုင်ဘူး၊ ငါတို့သာ သူတို့နားရှိခဲ့ရင် ငါတို့က ဒီလိုအားနည်းတဲ့ အခြေအနေကို ရောက်နေလိမ့်မယ်လို့ မင်းထင်နေတာလား"
ကျောက်ရှန်းကျူသည် မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ဝမ်ချောင်၏စိတ်ထဲတွင် ပြောင်မြောက်သည့် အစီအစဉ်တစ်ခု ရှိလိမ့်မည်ဟု တွေးထင်ခဲ့သည်။ သို့သော် ထိုသည်မှာ ဤမျှသာဆိုပါက...။
လက်ရှိအခြေအနေမှာ သူတို့သည် လေးသခင်များကို မသတ်နိုင်ခြင်းကြောင့်မဟုတ်ဘဲ သူတို့သည် တောင်မှ ထွက်ခွာ၍ မရသောကြောင့် ဖြစ်သည်။ အခြားတစ်ဖက်သည် သေချာပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့ ယုတ္တိမတန်သော အမှားတစ်ခုကို မည်ကဲ့သို့ပြုမည်နည်း။ ထိုနယ်မြေတွင် လေးသခင်အရေအတွက် များပြားသောကြောင့် သူတို့သည် မည်သူကမျှသူတို့နှင့် နီးကပ်မလာစေရန် ကာကွယ်နိုင်စွမ်းရှိသည်ထက် ကျော်လွန်ပေသည်။
ဤအချိန်တွင် မည်သူကမျှ ကျောက်ရှန်းကျူပင်လျှင် ဤတောင်ပေါ်မှ ဘေးကင်းစွာဆင်းနိုင်ခြင်းမရှိပေ။
"နည်းပြဆရာ... ကျွန်တော်က တောင်ပေါ်ကနေ ဘေးကင်းစွာဆင်းဖို့ နည်းလမ်းရှိတယ်လို့ ပြောရင်ရော"
ဝမ်ချောင်၏ ဆံပင်ရှည်များသည် လေထဲတွင် ကခုန်လျက်၊ မျက်နှာပေါ်တွင်မူ အပြုံးတစ်ပွင့် ရှိနေသည်။
"အဲလိုသာဆိုရင် ငါမင်းကို အာမခံတယ်၊ ငါအဲဒီလေးသခင်တွေကို ရှင်းထုတ်နိုင်တယ်"
ကျောက်ရှန်းကျူသည် သူ၏မျက်လုံးများမှ အေးစက်သည့် သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်မလာမီ ခဏတာမျှ ကြက်သေသေသွားခဲ့သည်။
အဖြူရောင်ကျားတောင်ထွတ်၏ အကြီးမားဆုံးအားနည်းချက်မှာ အကာအကွယ်မဲ့မှုပင် ဖြစ်သည်။ တောင်အောက်သို့ ဆင်းနေချိန်တွင် လူတစ်ယောက်ကို သတ်ဖြတ်ရန် အလွန့်အလွန် လွယ်ကူလှသည်။ သို့သော်လည်း လူတစ်ယောက်သည် တောင်အောက်သို့ ဆင်းနိုင်ခဲ့ပါက သစ်ပင်များ၊ ကျောက်တုံးများ၊ နွယ်ပင်များဖြင့် ပြည့်နေသော သစ်တောထဲသို့ ပြေးဝင်၍ ရသည်။ သူတို့သည် အခြေအနေကို ပြောင်းပြန်လှန်နိုင်မည်ဖြစ်ကာ လေးသခင်များကို အားနည်းသည့်အခြေအနေသို့ ရောက်အောင် လုပ်နိုင်လိမ့်မည် ဖြစ်သည်။
"ဒါပေမဲ့ အဲဒါက မဖြစ်နိုင်ဘူး၊ ဒါတွေအားလုံးက သဘောတရားသက်သက်ပဲ..လက်ရှိအခြေအနေအရ ငါတို့တောင်အောက်ကို ဆင်းဖို့တောင်မဖြစ်နိုင်ဘူး သူတို့နား ရောက်ဖို့ကတော့ ပြောနေစရာတောင် မလိုဘူး"
ကျောက်ရှန်းကျူသည် မကြာမီ သူ့ခေါင်းကို ခါလိုက်သည်။
"ဟီးဟီး အဲဒါက ပုံမှန်အခြေအနေမှာမဖြစ်နိုင်ပါဘူး ဒါပေမဲ့ ဟိုဖက်ကိုကြည့်လိုက်"
ဝမ်ချောင်သည် အမှောင်ထုထဲသို့ လက်ညိုးညွှန်ပြလိုက်ကာ သဘောကျနှစ်ခြိုက်စွာ ရယ်မောလိုက်သည်။
"ချောက်ကမ်းပါးလား"
ကျောက်ရှန်းကျူ ထိတ်လန့်သွားခဲ့သည်။ ဝမ်ချောင် ညွှန်ပြနေသည့် နေရာမှာ ချိုင့်ခွက်ဖြစ်ပြီး သည်ထက်အနည်းငယ်ပို၍ ပြောရလျှင် ကမ်းပါးတစ်ခု ဖြစ်သည်။ တစ်ဖက်လူသည် လေးသခင်အနားသို့ ရောက်ရန်အတွက် သူ့ကို ကမ်းပါးပေါ်မှ ခုန်ချရန် မျှော်လင့်နေသည်လော။
ထိုသည်မှာ မည်သို့သော ဟာသမျိုးနည်း။ သူသည်ချောက်ကမ်းပါးမှ ခုန်ချပြီး မည်သို့ အသက်ရှင်နိုင်မည်နည်း။ သူ၏ကျင့်ကြံခြင်းဖြင့်ပင်လျှင် သူသည် ထိုအမြင့်မှခုန်ချလျှင် သေချာပေါက် သေဆုံးသွားရပေလိမ့်မည်။
"နေ့ဘက်မှာတုန်းက ပတ်ဝန်းကျင်ကို ကျွန်တော်စစ်ဆေးပြီး ဟိုဘက်က ဆင်ခြေလျှောက အချောမွေ့ဆုံးပဲ၊ အဲဒီမှာ နွယ်ပင်တချို့လည်းရှိသေးတယ်"
ဝမ်ချောင်သည် သူ့ယုံကြည်မှုနောက်ကွယ်ရှိ အကြောင်းပြချက်ကို ထုတ်ပြောလိုက်သည်။
ထိတ်လန့်သွားခဲ့ပြီး ကျောက်ရှန်းကျူသည် ဝမ်ချောင်၏ရည်ရွယ်ချက်ကို နားလည်လိုက်သည်။
ကမ်းပါးပေါ်တွင် နွယ်ပင်ရှိနေခြင်းက များစွာခြားနားစေသည်။ ဝမ်ချောင်သည် နေ့ဘက်တွင် ပတ်ဝန်းကျင်ကို လေ့လာခဲ့ပြီး ချောက်ကမ်းပါးသည် အမှောင်ရိပ်ကျနေကြောင်း အတည်ပြုခဲ့သည်။ နေရောင် မရှိခြင်းကြောင့် နွယ်ပင်ကို သိသာသည့်ပမာဏတစ်ခုအထိ ကြီးထွားစေပြီး အထက်မှ အောက်ခြေအထိ ပွားသွားစေခဲ့သည်။
လက်ရှိတွင် အဖြူရောင်ကျားတောင်ထွတ်ကို လေးသခင်ဒါဇင်ခန့်က ပိတ်ဆို့ထားသည်။ တောင်အောက်သို့ ဆင်းရန် အမြန်ဆုံးနည်းလမ်းမှာ နွယ်ပင်မှတဆင့် ဆင်းရန်ပဲ ဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ ထိုနည်းလမ်းမှာ လူတစ်ယောက်သတိပြုမိနိုင်ခြေ အနည်းဆုံး ဖြစ်သည်။
"ဒါပေမဲ့ ဒါက မလုံလောက်သေးဘူး၊ ကမ်းပါးမျက်နှာပြင်ပေါ်က နွယ်ပင်တွေနဲ့ ဆိုရင်တောင်မှ အောက်ကို ဆင်းနေချိန်မှာ ငါ့ရဲ့လှုပ်ရှားနိုင်မှုက အများကြီး ကန့်သတ်ခံထားရလိမ့်မယ်၊ သူတို့ ငါ့ကို သတိထားမိသွားတဲ့အခါ သူတို့ရဲ့မြားတွေကို သေချာပေါက် ငါရှောင်နိုင်မှာ မဟုတ်ဘူး"
ကျောက်ရှန်းကျူသည် ဤကိစ္စကို အလေးအနက် တွေးတောလိုက်ပြီးနောက် ခဏအကြာတွင် ပြန်ဖြေလိုက်သည်။
ဝမ်ချောင်သည် ရယ်ကာမောကာဖြင့် သူ့အစီအစဉ်တစ်ခုလုံးကို ရှင်းပြရန် လာခဲ့လိုက်သည်။
"မင်းရဲ့အစီအစဥ်က ဖြစ်နိုင်တယ်၊ တစ်ခါလောက်ကြိုးစားကြည့်ဖို့ထိုက်တန်တယ်"
ဝမ်ချောင်၏အစီအစဥ်ကို ကြားပြီးနောက် ကျောက်ရှန်းကျူ၏ မျက်ခုံးများသည် စိုးရိမ်မှုကြောင့် ကျုံ့ဝင်သွားခဲ့သည်။
ဝမ်ချောင်၏အစီအစဥ်သည် အန္တရာယ်များသည်ဟု ထင်ရသော်လည်း ထိုသည်က အမှန်တကယ်ပင် ပြီးပြည်စုံသွားစေခဲ့သည်။ ထိုသည်ကိုကြည့်ခြင်းအားဖြင့် ဝမ်ချောင်သည် ဤအကြံအစည်ကို ရုတ်တရက် စိတ်ကူးပေါက်၍ ထလုပ်နေခြင်းမဟုတ်ကြောင်း မြင်နိုင်သည်။ အမှန်တကယ်တွင် သူသည် ထိုကိစ္စကို သူ့ဆီသို့ မရှင်းပြမီ ဘက်ပေါင်းစုံမှ စဉ်းစားခဲ့သည်။
ပို၍အရေးကြီးသည်မှာ ဤသည်က လက်ရှိအခြေအနေကို ချိုးဖျက်ရန် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။ သူတို့သည် ကျောက်ကမ်းပါးဝန်းကျင်ရှိ လေးသခင်များကိုသာ မရှင်းနိုင်ခဲ့လျှင် အခြေအနေများကို ပြောင်းပြန်လှန်ရန် မဖြစ်နိုင်ပေ။
ဤရှု့ထောင့်တွင် ကျောက်ရှန်းကျူသည် ဝမ်ချောင်၏အမြင်နှင့် အတူတူပင် ဖြစ်သည်။
ဟူးးး
ရုတ်တရက် မီးတောက်တစ်ခုသည် သိပ်မဝေးသည့် နေရာတစ်ခု၌ ပေါ်လာခဲ့သည်။ ကြီးမားသည့် မီးတောက်နှစ်ခုသည် ကခုန်ခဲ့ပြီး သူတို့ ပတ်ဝန်းကျင်အတော်ဝေးဝေးသို့ အရိပ်ကျစေခဲ့သည်။
ထိုအချိန်တွင် ဤမျက်စိကွယ်စေသော မီးတောက်တစ်စုံသည် အရပ်မျက်နှာနှစ်ဘက်မှ လေးသခင်များ၏ အမြင်အာရုံကို ပိတ်ဆို့ထားစေခဲ့သည်။
(အလင်းရောင်ကြောင့် အရိပ်ထဲက အရာတွေကို တော်ရုံမမြင်နိုင်တော့တာ နားလည်လားမသိဘူး😆)
၀ုန်း ဒိုင်း ၀ုန်း...
မီးတောက်နှစ်ခု ပေါ်လာခဲ့ပြီးနောက် အနည်းငယ်ကြီးမားသော ကျောက်တုံးကြီးသည် ကျောက်ကမ်းပါး၏ အစွန်းတစ်ဖက်မှ လိမ့်ဆင်းသွားခဲ့သည်။
ပူးပူးပူး
အရပ်မျက်နှာပေါင်းစုံမှ ဝံပုလွေသွားမြားများသည် လျင်မြန်စွာ တုံ့ပြန်လာကြသည်။
နောက်ထပ် ဝံပုလွေအလောင်းများသည် တောင်အောက်သို့ ကျဆင်းသွားခဲ့သည်။ ထိုအရာနောက်လိုက်၍ အခြားဝံပုလွေအစွယ်မြားများသည် ကျဆင်းလာခဲ့ပြန်သည်။ ထို့နောက် ရန်သူအတော်များများက ငါးစာတွင် လာဟပ်ခဲ့ကြသည်။ တတိယအကြိမ်၊ စတုတ္ထအကြိမ်...
ထိုကဲ့သို့ အကြိမ်တော်တော်များများ ဖြစ်ပြီးနောက် လေးသခင်များသည် တစ်ခုခု လွဲနေမှန်း သဘောပေါက်သွားကြသည်။ ထို့ကြောင့် သူတို့သည် ဤထောင်ချောက်ကို မတုံ့ပြန်ကြတော့ပေ။
"နည်းပြဆရာကျောက် အချိန်ကျပြီ၊ ဆရာ လျှောဆင်းနေတဲ့အချိန်မှာ သေသေချာချာ ဆုပ်ကိုင်ထားပါ။ အရှိန်လျှော့ဖို့ ကျောက်ကမ်းပါးမျက်နှာပြင်ကို မသုံးခင် အချိန်အတိုင်းအတာ တစ်ခုအထိ ခြေလွတ်လက်လွတ် ဆင်းလိုက်၊ ဆရာ ဆင်းနေတဲ့အချိန်မှာ ကျွန်တော်က ရန်သူတွေ စိတ်ရှုပ်ထွေးသွားအောင် ဝံပုလွေအလောင်းနဲ့ ကျောက်တုံးတချို့ကို ပစ်ချလိုက်မယ်၊ ကျွန်တော်တို့ ဒါကို အဆင်ပြေပြေ လုပ်နိုင်သရွေ့ ဆရာ တောင်အောက် ဆင်းဖို့ ပြေမှာပါ"
"နောက်ပြီး အဲဒီကိုရောက်တဲ့အခါ တက်ကြွတဲ့ စစ်မြင်းတချို့ရှိလိမ့်မယ်၊ သူတို့ထဲက တစ်ကောင်ကို ရွေးလိုက်၊ အဲဒီနည်းက လေးသခင်တွေဆီကို မြန်မြန်ရောက်စေဖို့ ဆရာ့ကို အကူအညီ ဖြစ်စေလိမ့်မယ်"
အဖြူရောင်ကျားတောင်ပေါ်ရှိ ကျောင်းသားအချို့သည် စစ်မြင်းများ ရှိနေသည်ကို သိထားကြပြီး သူ့ဆီသို့ တင်ပြခဲ့ကြသည်။ ထို့ကြောင့် ဝမ်ချောင်သည် စစ်မြင်းများကို သူ့အစီအစဉ်ထဲ ထည့်သွင်းခဲ့သည်။ ကျောက်ကမ်းပါးပေါ်တွင် နွယ်ပင်များနှင့် တောင်ခြေတွင် စစ်မြင်းများ... ကျောက်ရှန်းကျူသာ ကောင်းမွန်စွာ ကစားနိုင်သရွေ့ စားပွဲကို ပြောင်းပြန်လှန်နိုင်ဖို့( အခြေအနေ ပြောင်းပြန်လှန်တာ) အလားအလာ ရှိသည်။
"ငါနားလည်ပြီ"
ကျောက်ရှန်းကျူ ခေါင်းညိတ်လိုက်သည်။ မီးတောက်နှစ်ခု၏ ကာကွယ်မှုအောက်တွင် ဝမ်ချောင်သည် ဝံပုခွေအလောင်းများကို ပစ်ချရန် သူ့လူများကို ညွှန်ကြားလိုက်သည်။ ကျောက်ရှန်းကျူသည် လိုက်ရောညီထွေ ခုန်ဆင်းလိုက်ကာ အမှောင်ထုထဲ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားခဲ့သည်။
"နည်းပြဆရာကျောက် ဂရုစိုက်ပါ၊ ကျွန်တော်တို့လက်ရှိဘေးဆိုးကို ကျော်လွှားနိုင်မလား မကျော်လွှားနိုင်ဘူးလားဆိုတာ ဆရာ့အပေါ်မူတည်တယ်"
ကျောက်ရှန်းကျူ ပျောက်ကွယ်သွားသည့်နေရာသို့ ကြည့်လိုက်စဉ် ဝမ်ချောင်သည် လက်ရှိအခြေအနေသို့ပြန်ရောက်လာသည်။
ယခု ကျောက်ရှန်းကျူအတွက် စိုးရိမ်နေရမည့်အချိန် မဟုတ်ပေ။ အဆောက်အဦ၏အလယ်တွင် လူများစွာ စုဝေးနေကြသည်။ ဤသည်က သူတို့ကို ထင်ရှားသည့်ပစ်မှတ်ဖြစ်လာစေနိုင်သည်။ ဝေဟင်ပစ်ခတ်ခြင်းမြားမိုးသာ ဤနေရာသို့ ကျလာပါက သူတို့သည် ပြင်းထန်သည့် ဆုံးရှုံးမှုကို ခံစားရပေလိမ့်မည်။
ဝမ်ချောင်သည် တစ်နေရာတည်းတွင် စုရုံးနေခြင်းသည် ပညာမဲ့ရာကျကြောင်း ရှင်းရှင်းလင်းလင်း သိထားသည်။
"အခု ငါတို့ ဒုတိယနေရာကို ချီတက်ကြရမယ်"
သူ၏ဓားကို ဆွဲကိုင်လျက် ဝမ်ချောင်သည် အဖြူရောင်ကျားတောင်ထွက်၏အကွာအဝေးတစ်ခုရှိ ဗျူဟာမြောက်နေရာကို ညွှန်ပြလိုက်သည်။ သူညွှန်ပြသည့်နေရာသို့ ကြည့်လိုက်ကြရင်း လူတိုင်းသည် အံ့အားသင့်သွားခဲ့ကြသည်။
ဝမ်ချောင်ညွှန်ပြသည့်နေရာမှာ အဖြူရောင်ကျားတောင်ထွတ်၏ ကြီးမားသည့်ကျားဖြူရုပ်ထု တည်ရှိရာနေရာဖြစ်သည်။
ဝမ်ချောင်အတွက် ထိုနေရာသည် လေးသခင်များ၏ဝေဟင်ပစ်ခတ်ခြင်းကို ဆန့်ကျင်နိုင်သည့် သဘာဝအတားအဆီးတစ်ခုပင် ဖြစ်သည်။ သူသာ ဘေးပတ်ပတ်လည်၌ ဝံပုလွေအလောင်းများဖြင့် နံရံပြုလုပ်နိုင်ခဲ့လျှင် ထိုအရာက တတိယခံတပ်ဖြစ်လာနိုင်သည်။
လူအုပ်စုသည် တုံ့ဆိုင်းနေခြင်းမရှိဘဲ ချက်ချင်းလှုပ်ရှားလိုက်ကြသည်။ ခဏအကြာတွင် သူတို့သည် ဒုတိယနေရာကို သိမ်းပိုက်လိုက်နိုင်သည်။ ယခင်က အတွေ့အကြုံများကြောင့် အဖွဲ့လိုက်လှုပ်ရှားမှုသည် ဤတစ်ကြိမ်၌ ပို၍ကျွမ်းကျင်လာကြသည်။
အသက်ရှူချိန်ခဏအတွင်း သူတို့သည် ကာကွယ်မှုများကို တစ်ဝက်ခန့် ပြုလုပ်ပြီးသွားပြီဖြစ်သည်။ ဒုတိယခံတပ် ပြီးမြောက်ရန် အချိန်သိပ် မယူလိုက်ရပေ။ တစ်ချိန်တည်းတွင် ဝမ်ချောင်သည် ယခင်ကဒေသတစ်လျှောက်၌ပျံ့နှံ့နေခဲ့သည့် နောက်ထပ် တော်ဝင်စစ်တပ်အစောင့်အရှောက်များနှင့် နည်းပြဆရာ အယောက်သုံးဆယ်ကိုလည်း စုစည်းလိုက်နိုင်သည်။
သူတို့သည် ယခုတွင် အတော်အားကောင်းသည်အင်အားစုတစ်ခုကို ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။
မဟာထန်၏ တော်ဝင်စစ်တပ်အစောင့်အရှောက်များသည် လုံခြုံသည့်နေရာတွင် ပြန်လည်စုဖွဲ့ရန် အခွင့်အရေး ရှိနေသရွေ့ အဟုန်သည် နှင်းဘောလုံးကဲ့သို့ ဆက်လက် စုပုံနေမည်ဖြစ်သည်။ အမှန်တွင် ဝမ်ချောင်သည် ယခုအချိန်၌ ထိုအကြောင်းနှင့်ပတ်သက်၍ အများကြီး စိုးရိမ်နေစရာမလိုပေ။
ဝမ်ချောင်သည် သိမ်းပိုက်ရန် တတိယနေရာကို ညွှန်ပြလိုက်သည်။ သို့သော် သူကိုယ်တိုင် ဦးမဆောင်တော့ပေ။ ထို့အစား သူသည် ကျားဖြူရုပ်ထုအောက်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။
"ခုလောလောဆယ် ပြင်ဆင်မှုတချို့ လုပ်ရမယ်၊ ငါ့ လှုပ်ရှားမှုတွေပြုလုပ်ဖို့ သိပ်ကြာမှာမဟုတ်ဘူး"
ဝမ်ချောင်၏စိတ်သည် ကသောင်းကနင်းဖြစ်နေသည်။ သူသည် အဖြူရောင် ကျားတောင်ထွက်တစ်ခုလုံးကို ရှာဖွေခဲ့ပြီး ဝေ့ဟိုနှင့် တခြားသူများသည် ဤတောင်၌ မရှိကြောင်း အတည်ပြုလိုက်နိုင်သည်။
"ဝေ့ဟို မင်းအားတင်းထားနိုင်ဖို့ ငါမျှော်လင့်တယ်"
ဝမ်ချောင်သည် ပညာရှင်ဧကရာဇ် ချီးမြှင့်ထားသော ဆေးနှစ်လုံးကို ထုတ်ယူလိုက်ကာ တွေးလိုက်သည်။ အစပိုင်းတွင် သူသည် လက်ခြောက်ဖက်နည်းစနစ်ကို ကျင့်ကြံအောင်မြင်ပြီးမှသာ ဤဆေးလုံးများကို အသုံးပြုရန် ဆုံးဖြတ်ထားခဲ့သည်။
သို့သော်လည်း ယခုအခြေအနေအရ ထိုသည်မှာ သူ့အတွက် အချိန်အတော်ကြာသည်။
ဂလု
ဝမ်ချောင်သည် ဆေးနှစ်လုံးကို မျိုချလိုက်သည်။ ချက်ချင်းပင် များပြားသောဆေးစွမ်းအင်သည် သူခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲထွက်လာခဲ့သည်။
သူ့မျက်နှာသည် နီရဲလာခဲ့ပြီး သူ့ခန္ဓာကိုယ်သည် အလွန်ပူလောင်လာခဲ့သည်။ အဖြူရောင်မြူခိုးများသည် မကြာမီ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ တော်ဝင်နန်းတော်၏ ထိပ်တန်းဆေးဆရာ ပြုလုပ်ခဲ့သော ဆေးလုံး၏ များပြာလှသည့် စွမ်းအင်များသည် သူ့ခန္ဓာကိုယ် တစ်လျှောက် စီးဆင်းသွားခဲ့သည်။
ဝမ်ချောင်သည် ထိုစွမ်းအင်များကို သူ့လက်တစ်လျှောက်ရှိ မရီဒျန်များနှင့် သွေးကြောဆုံမှတ်များသို့ စီးဆင်းစေရန် လမ်းညွှန်လိုက်သည်။
ဘန်း ဘန်း ဘန်း
ဆေးစွမ်းအင်၏ ကျူးကျော်ဝင်ရောက်မှုအောက်တွင် မရေမတွက်နိုင်သောမရီတန်းများနှင့် သွေးကြောဆုံမှတ်များသည် ပွင့်သွားခဲ့သည်။ အချိန်ခဏအတွင် ဝမ်ချောင်သည် လက်ခြောက်ဖက်နည်းစနစ်ကို ကျင့်ကြံအောင်မြင်သွားခဲ့သည်။ ထိုသည်မှာ သာမန်အခြေအနေအောက်တွင် ကျင့်ကြံပါက လပေါင်းများစွာ ကြာပေလိမ့်မည်။
"ဘယ်လိုတောင် သန့်စင်လိုက်တဲ့ဆေးစွမ်းအင်လဲ၊ တော်ဝင်နန်းတော်က ဆေးလုံးဆိုတဲ့အတိုင်းပဲ"
မရီတန်းနှင့်သွေးကြောဆုံမှတ်များသို့ သူ၏မူလစွမ်းအင်ကို ဆေးစွမ်းအင်နှင့်အတူ ဆက်လက် စီးဆင်းစေလျက် ဝမ်ချောင်တွေးလိုက်သည်။
၀ုန်း
မသိရသော အချိန်တစ်ခုကြာပြီးနောက် ဝမ်ချောင်၏ ခန္ဓာကိုယ်သည် တုန်ယင်လာခဲ့သည်။ လင်ခြောက်ဖက်နည်းစနစ်အတွက် လိုအပ်သော နောက်ဆုံးသွေးကြောဆုံမှတ်သည် ပွင့်သွားခဲ့သည်။ထိုအချိန်မှာပင် အဝေးမှ ဝမ်းမြောက်ပျော်ရွှင်စွာ အောင်ပွဲခံနေသော အသံများ ထွက်ပေါ်လာခဲ့သည်။ တော်ဝင်စစ်တပ်အစောင့်အရှောက်များနှင့် နည်းပြဆရာများသည် တတိယဗျူဟာမြောက်နေရာကိုလည်း သိမ်းပိုက်လိုက်နိုင်ပြီဖြစ်သည်။
နောက်ဆုံးတွင် ဝမ်ချောင်၏အစီအစဉ်သည် သူ၏နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
-----------------
အပိုင်း ၂၁၂
ဓားသံထွက်ပေါ်လာခဲ့သည်။ တောင်ထွတ်ပေါ်ရှိ ဧရာမအဖြူရောင်ကျားရုပ်ထုကြီးအောက်တွင် ဝမ်ချောင်သည် တစ်နေရာတည်းသို့ အဆက်မပြတ်ခုတ်ပိုင်းခြင်းကို ထုတ်ဖော်လိုက်သည်။
ရွှတ်
လျင်မြန်စွာ ခုတ်ပိုင်းလိုက်ကာ ဝမ်ချောင်၏လက်နှစ်ဖက်သည် လက်လေးဖက်အဖြစ်သို့ ပြောင်းသွားခဲ့ပြီး နောက်ဆုံးတွင် လက်ခြောက်ဖက်အဖြစ်သို့ ပြောင်းသွားခဲ့သည်။
အာဝူးးးး
ဝမ်းနည်းညိုးငယ်နေသော ဝံပုလွေအူသံများ ထွက်ပေါ်လာခဲ့ကာ ဝမ်ချောင်ပတ်ပတ်လည်တွင် ဝံပုလွေခြောက်ကောင်သည် မြေပြင်ပေါ်သို့ လဲကျသွားသည်။
ရွှတ် ရွှတ် ရွှတ်
တစ်နေရာတည်းသို့ အဆက်မပြတ်ခုတ်ပိုင်းခြင်း၏ ထုတ်ဖော်နိုင်သောစွမ်းရည်သည် အမြင့်ဆုံးသို့ ရောက်သွားသောအခါ ဝမ်ချောင်သည် ဝံပုလွေများအကြား၌ ကလိုက်သည်။ ထို့နောက် အလောင်းများကို တက်တက်ကြွကြွ ချန်ထားခဲ့လိုက်သည်။ သူ၏ ကျောက်စိမ်းသံမဏိဓားကို တစ်ကြိမ် မြှောက်လိုက်တိုင်း ဝံပုလွေခြောက်ကောင် လဲကျသွားပေလိမ့်မည်။
အချိန်ခဏအတွင်းမှာပင် ဝမ်ချောင်ဝန်းကျင်၌ သွေးချောင်းတစ်ခုဖြစ်ပေါ်လာခဲ့သည်။ ဝံပုလွေ၏ ကြီးမားသော ခန္ဓာကိုယ်များသည် ပတ်ပတ်လည်တွင် ပြည့်နှက်နေခဲ့ပြီး တောင်ပေါ်၌ ပြည့်ကျပ်နေမှုသည်လည်း ရုတ်တရက် ရှင်းလင်းသွားခဲ့သည်။
ဤဝံပုလွေများကိုသတ်ဖြတ်ရာတွင် ဝမ်ချောင်သည် ကျောက်ကျင်းတန်၊ ကျွမ်းကျန့်ဖျင်နှင် တခြားသူများထက် ပို၍ကြောက်မက်ဖွယ်ကောင်းသည်။
ဤသည်မှာ လက်ခြောက်ဖက်နည်းစနစ်နှင့် တစ်နေရာတည်းသို့ အဆက်မပြတ်ခုတ်ပိုင်းခြင်းတို့ကို ပူးတွဲအသုံးပြုသည့်အခါ ထွက်ပေါ်လာသော ခွန်အားပင်ဖြစ်သည်။
ရွှီးးး
ဝမ်ချောင်တိုက်ခိုက်နေစဉ် စူးရှသောအသံတစ်ခုသည် ကောင်းကင်ယံ၌ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ညအမှောင်ထုထဲတွင် ဝံပုလွေအစွယ်မြားသည် ဝမ်ချောင်ဆီသို့ ဦးတည်လာခဲ့သည်။
"ဂရုစိုက်"
စိုးရိမ်နေသည့် အသံတစ်သံ ပေါ်လာခဲ့သည်။ ချန်းပုရန်ပင်ဖြစ်သည်။
မျက်စိတစ်မှတ်အတွင်း ဝမ်ချောင်ခေါင်းကိုလှည့်ကြည့်လိုက်သည်တွင် စုတ်ပြတ်နေသည့်အခန်းတစ်ခုမှ ချန်းပုရန်၏ခေါင်းကို မြင်လိုက်သည်။
တစ်ချိန်တည်းမှာပင် လျှပ်စီးလက်သကဲ့သို့ လျင်မြန်လှသော ဝံပုလွေသွားစွယ်မြားတစ်စင်းသည် ကောင်းကင်ပေါ်မှ ကျလာခဲ့သည်။
ကလင် ကလင် ကလင်
တွေးချိန်ပင် မရလိုက်ပေ။ ဝမ်ချောင်၏ ကျောက်စိမ်းရိုင်သံမဏိဓားသည် ခြောက်လက်အဖြစ် ခွဲထွက်သွားခဲ့ကာ သူ့ထံသို့တိုးဝင်လာသော ဝံပုလွေအစွယ်မြားကို အဆက်မပြတ် ခုတ်ပိုင်းလိုက်သည်။
ဟောင်းးး
အခန်းထဲတွင် ရှိစဉ်က ဝမ်ချောင်သည် တိကျစွာခန့်မှန်းရန်မတတ်နိုင်ခဲ့ပေ။ သို့သော်လည်း ယခုမြားကို တိုက်ရိုက်ခုခံလိုက်ချိန်တွင် သူသည် လေးသခင်များသည် မည်မျှအားကောင်းကြောင်း နားလည်လိုက်သည်။
ကျောက်စိမ်းရိုင်းသံမဏိဓားဖြင့် ဝံပုလွေအစွယ်မြားကို တိုက်ခိုက်လိုက်ချိန်တွင် ဝမ်ချောင်သည် သံမဏိတောင်ကြီးတစ်ခုကို တိုက်ခိုက်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ့လက်များသည် ထုံကျင်သွားခဲ့ကာ လက်ချောင်းထဲ၌ ချိုမြသည့် အရသာတစ်ခုကို ခံစားလိုက်ရသည်။ ကျောက်စိမ်းရိုင်းသွမဏိသားသည် ဝံပုလွေအစွယ်မြားကို ခုတ်ဖျက်ရန် ကျရှုံးခဲ့သည်သာမက သူပင်လျှင် တစ်ဖက်လူ၏ ကြီးမားသောခွန်အားကြောင့် ဒုက္ခရောက်သွားသည်။
ဟောင်းးး
ဝမ်ချောင်သည် နောက်သို့ ကျန်းတစ်ဆယ်ကျော် လွင့်ထွက်သွားခဲ့သည်။ သူသည် ချိုင့်ခွက်၏ အောက်ခြေအနက်ပိုင်းသို့ လှိမ့်ဆင်းလိုက်ပြီး ဤကပ်ဘေးမှ အသက်ရှင်လွတ်မြောက်ရုံသာ လွတ်မြောက်သွားခဲ့သည်။
(သုံးမီတာ)
"ဒါက အနီးကပ်ပစ်ခတ်မှုပဲ"
ဝမ်ချောင်၏နှလုံသားသည် ချိုင့်ခွက်အတွင်းသို့ လျှောဆင်းနေစဉ် ပြင်းထန်စွာခုန်ပေါက်နေခဲ့သည်။ ဤသည်မှာ သူ့ဘဝတွင် လေးသခင်နှင့် ပထမဆုံးအကြိမ်တိုက်ရိုက်တိုက်ခိုက်ခြင်းပင်ဖြစ်သည်။ နောက်ပြီး သူသည် မြားကို မချိုးဖောက်နိုင်ခြင်းမှာ မြား၏ သန်မာမှုကြောင့်မဟုတ်ဘဲ ထိုထဲတွင်ပါဝင်သည့် မူလစွမ်းအင်သည် သူ့ထက်ပိုများနေခြင်းကြောင့်ဟု သူပြောနိုင်သည်။
မြားပစ်သူများသည် ပစ်ခတ်သည့်အခါ သူတို့၏မူလစွမ်းအင်များကို မြားထဲတွင် ဖြည့်သွင်းထားကြကာ သာမန်လူများအတွက် မြားကိုဖျက်စီးရန် မဖြစ်နိုင်အောင် ပြုလုပ်ထားကြသည်။
ရွှီးးး
ဝမ်ချောင်ချိုင့်ဝှမ်းထဲ လျှောကျသွားသည့်အချိန်တွင် အကွာအဝေးတစ်ခုရှိ ချန်းပုရန်၏အခန်းအတွင်းမှ မြားများကို ပစ်လွှတ်လိုက်သည်။ ထိုမြားများသည် ယခင်ကလာခဲ့သော လမ်းကြောင်းဆီသို့ ဦးတည်သွားလိုက်ကြသည်။
ဤကဲ့သို့အရေးကြီးသည့်အခြေအနေ၌ ကျိုးရွှမ်လှုပ်ရှားလိုက်လေပြီ။
ခဏအတွင်း ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားသည်။ သူ၏မှန်းဆချက်များဖြစ်မလာခဲ့ပေ။ သို့သော် ဝမ်ချောင်သည် ရန်သူလေးသခင်များထဲမှ နောက်ထပ် တစ်ဦးကျဆုံးသွားကြောင်း အာရုံခံစားမိလိုက်သည်။
သို့သော်လည်း ကျိုးရွှမ်လှုပ်ရှားပြီး သိပ်မကြာမီမှာပင် မရေမတွက်နိုင်သောမြားများသည် ဝှီခနဲ မြည်သံပြုကာ ကောင်းကင်ကိုဖြတ်သန်းလာသည်။ ထိုမြားများသည် ချန်းပုရန်နှင့် ကျိုးရွှမ်တို့ တပ်စွဲထားသော နေရာတဝိုက်လုံးကို ပြည့်နှက်သွားစေခဲ့သည်။
"ဒါက အခွင့်အရေးကောင်းတစ်ခုပဲ"
ဝမ်ချောင်သည် ရန်သူလေးသခင်များက ချန်းပုရန်နှင့် ကျိုးရွှမ်းဆီအာရုံရောက်နေသည့်အခွင့်အရေးကို ယူကာ ချိုင့်ဝှမ်းထဲမှ ပြေးထွက်လိုက်သည်။
သူထွက်ခွာပြီးသည်နှင့် သစ်သားတံခါးရွက်အနည်းငယ်ကို ဓားဖြင့်ထောင်လိုက်သည်။
ဘန်း
ထိုအချိန်တွင် မြားတစ်စင်းက လေထဲဝှီးခနဲဖြတ်သန်းလာကာ ဝမ်ချောင်ခုနကမှ ထောင်ထားလိုက်သော သစ်သားတံခါးရွက်ကို ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားစေခဲ့သည်။ တစ်ဖက်တွင် ဝမ်ချောင်သည် ဤအလျင်ကို အသုံးပြုကာ အဆောက်အဦတစ်ခုထဲသို့ လှိမ့်ဝင်လိုက်သည်။
ဝံပုလွေအလောင်းများသည် ဤအဆောက်အဦတွင် မြင့်မားစွာကာရံထားသည်။
"ဘေးကင်းပြီ"
ကြမ်းပြင်ပေါ်ဒူးထောက်ရင်း ဝမ်ချောင်သည် အပြင်ဘက်သို့လှမ်းကြည့်ကာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းရှည်ကြီးချလိုက်သည်။ သူသည် ပြင်ဆင်မှုများစွာနှင့် တုံပြန်မှုအစီအမံများစွာ ပြုလုပ်ခဲ့သော်လည်း အဖြူရောင်ကျားတောင်ထွတ်ပေါ်တွင် အန္တရာယ်များနေဆဲဖြစ်သည်။
"ရန်သူလေးသခင်တွေရဲ့ ခြိမ်းခြောက်မှုတွေကနေ ငါတို့ လွတ်မြောက်ဖို့အတွက် ကျောက်ရှန်းကျူနဲ့ ကျိုးရွှမ်တို့ အတူလက်တွဲအလုပ်လုပ်နိုင်ဖို့ကိုပဲ မျှော်လင့်ရတော့မယ်"
အပြင်ဖက်သို့ ကြည့်လိုက်ကာ ဝမ်ချောင်တွေးလိုက်သည်။
ဤအချိန်တွင် ကျောက်ရှန်းကျူကို တစ်ဦးတစ်ယောက်မျှ သတိမပြုမိသေးခြင်းက အားသာချက်ကြီးတစ်ခုပင် ဖြစ်သည်။ သူသည် ဝမ်ချောင်ပြောသည့်အတိုင်းအတိအကျလိုက်နာခဲ့ပါက ရန်သူအနားသို့ အလျင်အမြန် ရောက်နိုင်မည်ဖြစ်သည်။
နောက်ပြီး သူသည် အနီးသို့ချဉ်းကပ်နိုင်ခဲ့လျှင် ရန်သူလေးသခင်များကို တစ်ယောက်ချင်း ရှင်းလင်းနိုင်မှာ ဖြစ်သည်။
ကျောက်ရှန်းကျူသည် 'ကွပ်ကဲခြင်းပညာ' ကို သင်ပြပေးသော နည်းပြဆရာဖြစ်သည်။ သူသည် သူ၏အစစ်အမှန်ခွန်အားကို ဝှက်ထားခဲ့လျှင်ပင် သူ့ကို အခွင့်အရေးတစ်ခုပေးသရွေ့ ဤကပ်ဘေးမှ သူတို့ကို လွတ်မြောက်စေနိုင်သည်ထက်ပိုသောခွန်အားကို ပိုင်ဆိုင်ထားကြောင်း ဝမ်ချောင်သိပေသည်။
အပြင်ဖက်မှတိုက်ခိုက်နေသည့်ဆူညံသံများနှင့် ဆန့်ကျင်စွာ ခန်းမထဲတွင် တိတ်ဆိတ်နေပေသည်။
ဝမ်ချောင်သည် လက်ရှိအခြေအနေကို တွေးတောနေစဉ် ထူးဆန်းသည့်ခံစားချက်တစ်ခု ရုတ်တရက် သူ့နှလုံးသားထဲဝင်ရောက်လာခဲ့သည်။ တစ်နည်းနည်းနှင့် ပတ်ဝန်းကျင်သည် အရင်ကထက် ပို၍တိတ်ဆိတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
အချိန်ခဏအတွင်း ဝမ်ချောင်သည် တိုက်ခိုက်သံများ၊ နာကျင်စွာအော်ဟစ်သံများနှင့် လောင်ကျွမ်းနေသောမီးတောက်သံများ ပျောက်ကွယ်သွားသည်ကိုပင် ခံစားလိုက်ရသည်။ အချိန်သည် ရပ်တန့်လာခဲ့ပုံပေါ်ကာ ကမ္ဘာကြီးသည် လုံးဝတိတ်ဆိတ်သွားခဲ့သည်။
"ဒါက..."
ထိတ်လန့်စွာဖြင့် ဝမ်ချောင်မျက်မှောင်ကြုတ်လိုက်သည်။ မသိစိတ်အရ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု သူခံစားရသည်။ သို့သော်လည်း အစစ်အမှန်ခြောက်ခြားစေသည့်အရာသည် အခုထိ ရောက်မလာသေးပေ။
ခန်းမကြီးသည် လုံးဝမဲမှောင်နေသင့်သည်။ သို့သော် ထို့အစား သရဲသဘက်ဆန်သော အစိမ်းရောင် မှိန်ပျပျအလင်းရောင်သည် ရုတ်တရက်မြင်ကွင်းထဲပေါ်လာသည်။
ဤအရောင်အဆင်းရှိသောအလင်းရောင်သည် ဤနေရာ၌ ပေါ်မလာသင့်ပေ။ ဓားဖြင့်တိုက်ခိုက်ရာမှ ငွေရောင်အလင်းများ၊ ဝံပုလွေသွေးမှ ကြေးသွေးရောင်အလင်းများနှင့် တောအုပ်ထဲရှိ မီးပုံများမှ လိမ္မော်ရောင်အလင်းများ ရှိကြသည်။ သို့သော်လည်း ဤကဲ့သို့ အစိမ်းရောင်အလင်းထုတ်လွှတ်နေသည့်အရာ မရှိပေ။
ထိုအလင်း သူ့မျက်လုံးကို ဖြတ်လာသည်တွင် ဝမ်ချောင်သည် မသိစိတ်အရ ခေါင်းငုံ့လိုက်မိသည်။ သူသည် နောက်ဆုံးတွင် ထိုအလင်းရောင်၏ မူလဇစ်မြစ်ကို ရှာတွေ့လိုက်သည်။
အလင်းရောင်သည် ခန်းမ၏အစွန်းတစ်ဖက်မှ ပေါ်လာခဲ့ခြင်းဖြစ်သည်။ ဝမ်ချောင် ဖြတ်သွားပြီးနောက် အခြားတစ်ဖက်တွင် ပျောက်ကွယ်သွားခဲ့သည်။ အနီးကပ်ကြည့်လိုက်သည်တွင် ဝမ်ချောင်သည် အလင်းထဲတွင် မရေမတွက်နိုင်သော ဖောက်၍မြင်နိုင်သည့် ဆူးချွန်ပုံရိပ်များကို မြင်လိုက်ရသည်။
ထိုဆူးချွန်များအကြားတွင် တစ်ပုံတစ်ခေါင်းဖြစ်နေသော ဆေးဘာများနှင့် ဓားများ ညီညီညာညာ ရောယှက်ပါဝင်နေသည်။
"ဆူးချွန်ချီစက်ဝန်း"
ဝမ်ချောင်သည် အစိမ်ရောင်အလင်းက ဘာမှန်း ရုတ်တရက် နားလည်လိုက်သည်။
ဤသည်မှာ အစစ်အမှန်သိုင်းပညာနယ်ပယ်ကျင့်ကြံသူတစ်ယောက်၏ ချီစက်ဝန်းပင် ဖြစ်သည်။
သူ့ဘယ်ဘက် နံရံအကျော်တွင် အစစ်အမှန်သိုင်းပညာနယ်ပယ်ကျင့်ကြံသူတစ်ယောက် သူ့ဆီသို့ လမ်းလျှောက်လာနေသည်။ သူတို့နှစ်ဦးကို နံရံလေးသာခြားထားသည်။
ဝမ်ချောင်သည် ချက်ချင်း စိုးရိမ်ဖွယ်ကောင်းသော အန္တရာယ်ကို အာရုံခံမိလိုက်သည်။ သူ၏ဆံပင်များသည် လေထဲတွင် သေမင်း၏အရှိန်အဝါကို ရလိုက်သကဲ့သို့ ထောင်ထသွားခဲ့သည်။
ဘန်းးးး
သူသည် ချက်ချင်း သူ့ဘယ်ဘက်လက်ဖြင့် ကြမ်းပြင်ကို တွန်းလိုက်ကာ ဆူးချွန်ချီစက်ဝန်း၏ ဆန့်ကျင်ဘက်အရပ်သို့ ဦးတည်လိုက်သည်။
အရာအားလုံး ဖြစ်ပျက်သွားပုံကို စကားလုံးဖြင့် မဖော်ပြနိုင်ပေ။ ဝမ်ချောင်အဝေးသို့ရောက်သည်နှင့်
ဘုန်းးး
ဘယ်ဘယ်ရှိ နံရံသည် ရုတ်ခြည်း တစစီပေါက်ကွဲသွားခဲ့သည်။ ဆူးချွန်ချီစက်ဝန်းသည် ရုတ်တရက် မြင်သာထင်သာ ရှိသွားပုံရသည်။ ထိုသည်မှာ နေရာတိုင်းကို ဖြတ်သွားခဲ့ပြီး ဝမ်ချောင် မတ်တတ် ရပ်နေခဲ့သည့် နေရာကို ထိုးဖောက်သွားခဲ့သည်။
ရှီးးး
လေထုသည် ထောင်ချီသောဓားများဖြင့် ခုတ်ဖြတ်ခံလိုက်ရသကဲ့သို့ ပေါက်ကွဲသွားခဲ့သည်။ ကြီးမားပြင်းထန်သော ပေါက်ကွဲအားသည် ဝမ်ချောင်၏ခြေထောက်အနီး ဆံချည်တစ်မျှင်စာမျှ အကွာအဝေးတွင် ဖြတ်သွားခဲ့သည်။
သူ၏တုံ့ပြန်မှုသာ တစ်စက္ကန့်မျှနှောင့်နှေးသွားခဲ့ပါက ထက်မြလှသောသောချီစက်ဝန်း၏ ထိုးဖောက် ဖျက်ဆီးခြင်းကို သေချာပေါက်ခံရပေလိမ့်မည်။
"ကောင်လေး မင်းရဲ့အလိုအလျောက် တုံ့ပြန်မှုက မဆိုးဘူးပဲ"
ခန်းမ၏အလွန်မှ နက်ရှိုင်းပြီး ပြင်းထန်သော အသံတစ်ခု ပဲ့တင်ထပ်လာသည်။ ထိုအသံမှာ ဝမ်ချောင်တို့ အသုံးပြုနေသော အလယ်ပိုင်းလွင်ပြင်ဒေသ၏ အသံမဟုတ်ပေ။ ဂိုဂူလျောတို့၏ လေယူလေသိမ်း ဖြစ်သည်။
ဘုန်းးး
ဆေဘာဓားရှည်သုံးချောင်းသည် ကောက်ကျစ်သောမြွေကဲ့သို့ နံရံအလွန်မှ ထိုးသွင်းလာခဲ့သည်။ ကောင်းကင်ကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည်အထိ ခြိမ်းခြောက်နိုင်စွမ်းရှိသော ခွန်အားနှင့်အတူ ဝမ်ချောင်ကို သည်းကြီးမည်းကြီး တိုက်ခိုက်တော့သည်။
တုံ့ပြန်ရန် အချိန် အနည်းငယ်သာကျန်ရှိသောကြောင့် ဝမ်ချောင်သည် ဂိုကွားယိုး၏ ဆေဘာဓားရှည်သုံးချောင်းကို ရင်ဆိုင်ရန် ကျောက်စိမ်းရိုင်းသံမဏိဓားကို စောင်းထားရန်သာ တတ်နိုင်တော့သည်။
"သန်မာတယ်"
ဝမ်ချောင်၏ လက်မောင်းမှ သွေးများထွက်လာသည်။ ဂိုဂူလျောထုတ်ဖော်လိုက်သော ခွန်အားသည် သန်မာသည့်ရှေ့ဦးသားရဲနှင့်ဆင်တူကာ သူ့လက်မောင်းရှိ သွေးကြောများကို ပေါက်ပြဲသွားစေသည်။
ဟောင်းလောင်းးး
ဝမ်ချောင်သည် သူ့ဓားနှင့်အတူ အနောက်သို့ လွင့်စင်သွားခဲ့သည်။ သူသည် နံရံများကို ဖောက်ဝင်သွားခဲ့ကာ အဆောက်အဦနောက်ရှိ လမ်းကြားမြေပြင်ပေါ်သို့ ပြင်းထန်စွာကျသွားခဲ့သည်။
"သခင်လေး"
စိုးရိမ်နေသည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ပြိုကျနေသောနံရံနောက်တွင် ကျောက်ကျင်းတန် ပေါ်လာခဲ့သည်။ သူ့နံဘေးတွင် တစ်ဒါဇင်ထက်ပိုသော တော်ဝင်စစ်သည်အစောင့်အရှောက်များနှင့် နည်းပြဆရာများ ရှိနေကြသည်။
ဤအရာသည် ဝမ်ချောင်ဆုံးဖြတ်ခဲ့သော ဒုတိယခံတပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဝမ်ချောင်ကို လွင့်စင်သွားစေသည့် ဂိုဂူလျောကျွမ်းကျင်သူသည်လည်း ခန်းမထဲတွင် ထွက်ပေါ်လာခဲ့သည်။ သူသည်ကျစ်လျစ်သည့်ခန္ဓာကိုယ်ရှိကာ စုပ်ဖွာသောဆံပင်ရှိသည်။ သူ့လက်ထဲ၌ ကိုင်ထားသော လက်နက်သုံးခုက သူ့ကို ဂိုဂူလျောသားဖြစ်ကြောင်း ဖော်ပြနေသည်။
သို့သော်လည် သူ့ကိုနက်ရှိုင်းစွာမှတ်မိနေစေသည့် ထင်ရှားသည့်လက္ခဏာမှာ သူ၏နက်ရှိုင်းပြီး ကြမ်းကြုတ်သည့် မျက်လုံးများ ဖြစ်သည်။ သူတို့သည် ဝံပုလွေတစ်ကောင်နှင့်ဆင်တူပြီး ပြင်းထန်သည့် စိတ်ဆန္ဒနှင့်တိုက်ခိုက်ချင်စိတ်များဖြင့် ပြည့်နက်နေခဲ့သည်။
"အဲဒီလက်နက်က ဘာများလဲ၊ တွေးကြည့်ရင်အဲဒါက အရမ်းရှိန်ဖို့ကောင်းတယ်"
ဂိုဂူလျောကျွမ်းကျင်သူသည် ချက်ချင်းဝင်မတိုက်ပေ။ သူ့လက်တစ်ဖက်စီတွင် ဆေးဘာဓားရှည်တစ်လက်စီ ကိုင်ထားပြီး တတိယတစ်လက်ကို သူညာဖက်ချိုင်းအောက်တွင် ညှပ်ထားခဲ့သည်။
အလယ်ပိုင်းလွင်ပြင်ဒေသတွင် ဤနည်းဖြင့် တိုက်ခိုက်သူအများကြီးမရှိပေ။
သို့သော်လည်း ယခုအချိန်တွင် သူ့လက်နက်သုံးခုသည် အက်ရာများဖြင့်ပြည့်နေခဲ့သည်။ သူတို့သည် ယခင်တိုက်ပွဲတွင် ဝမ်ချောင်၏ ကျောက်စိမ်းရိုင်းသံမဏိဓားဖြင့် ခုတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။
"ဟမ်"
ဂိုဂူလျောကျွမ်းကျင်သူသည် လက်နက်သုံးခုကို ဘေးသို့ပစ်လိုက်ပြီး သူ့ခါးရှိဓားအိမ်မှ နောက်ထပ်လက်နက်သုံးခုကို ဆွဲထုတ်လိုက်သည်။
လူတစ်ဦးသည် တိုက်ခိုက်ရန် လက်နက်ခြောက်ခုယူဆောင်လာခဲ့သည်မှာ ဂိုဂူလျောတို့သာ ထိုကဲ့သို့ ပြုလုပ်ကြသည်။
မကြာခဏဆိုသလို သူတို့၏ ဤသွင်ပြင်လက္ခဏာသည် အလယ်ပိုင်းလွင်ပြင်ဒေသမှ ကျွမ်းကျင်သူများကို သတိပြုမိစေသည်။
"ဒီကောင်လေးကို လျစ်လျူရှုထားလိုက်၊ ဒီနယ်မြေရဲ့ နံရံကို ချိုးဖောက်လိုက်ကြ မဟာထန်ရဲ့တော်ဝင်စစ်တပ်အစောင့်အရှောက်ကို သတ်ဖြတ်ကြ၊ အဲဒီလေးသခင်ကိုလည်း ချေမှုန်းပစ်ရမယ်၊ ငါတို့လမ်းကိုပိတ်တဲ့သူမှန်သမျှ သတ်ပစ်လိုက်..ပြီးတော့အရေးအကြီးဆုံးက ဒီနေရာမှာ တစ်ယောက်မှအသက်ရှင်မကျန်ရစ်ခဲ့စေနဲ့"
ဂိုဂူလျောကျွမ်းကျင်သူက အမိန့်ပေးလိုက်သည်။
ဟိုက်ရား...
ထိုအစိမ်းရောင်ချွန်ထက်သောချီစက်ဝန်းသည် နောက်တစ်ကြိမ်တောက်ပလာကာ ဂိုဂူလျောကျွမ်းကျင်သူ၏ ကျန့်ဒါဇင်ခန့်ပတ်ပတ်လည်ရှိ လေထုများသည် ချက်ချင်း တွန့်လိမ်သွားခဲ့သည်။ တစ်ချိန်တည်းတွင် သူသည်သူ့လက်နက်သုံးခုကို မြှောက်လိုက်ကာ သေဆုံးစေနိုင်သည့် ဓားချီမုန်တိုင်းတစ်ခုကို ထုတ်ဖော်လိုက်ပြီး နံရံတစ်ဖက်ရှိ လူအုပ်ကြီးဆီသို့ ဦးတည်လိုက်သည်။
သူ့နောက်တွင် တစ်ဒါဇင်ထက်ပိုသော ဂိုဂူလျောစစ်သည်များသည် ရှေ့သို့ ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။ သူတို့၏ မျက်လုံးများသည် စိတ်အားထက်သန်ကာ ကြမ်းကြုတ်ကြပြီး သူတို့ခေါင်းဆောင်နှင့် ဆင်တူကြသည်။ သူတို့သည်လည်း ဆေးဘာဓားရှည် နှစ်လက် သို့မဟုတ် သုံးလက်ကို ကိုင်စွဲထားကြသည်။
"သူတို့ကိုသတ်"
ကျယ်လောင်သည့် အော်ဟစ်သံ ထွက်ပေါ်လာကာ ကောင်းကင်ကို တုန်ခါသွားစေသည်။ ဒါဇင် သို့မဟုတ် ထိုထက်ပိုသော ဂိုဂူလျောစစ်သည်များသည် နံရံတစ်ဖက်ရှိ လူစုလူဝေးဆီသို့ ဦးတည်လျက် ဂိုဂူလျောကျွမ်းကျင်သူ၏ဦးဆောင်မှုနောက်တွင် လိုက်ပါလာကြသည်။
တစ်ချိန်တည်းမှာပင် တော်ဝင်စစ်တပ်အစောင့်အရှောက်များနှင့် နည်းပြဆရာများ၏ မျက်နှာများသည် အေးစက်သွားခဲ့သည်။ သူတို့သည် လက်နက်များကို ပြင်ဆင်လိုက်ကြပြီး ရက်စက်ပြင်းထန်သည့် တိုက်ပွဲအတွက် အဆင်သင့်ပြင်လိုက်ကြသည်။
ဒုတိယခံတပ်၌ လေထုသိပ်သည်းမှုသည် ရုတ်တရက် သူ့၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
------------
Paid Group 2 နဲ့ Paid Group 3ရှိပါတယ်နော်။
အပိုင်း ၂၁၃။ အန္တရာယ်
၀ုန်း...
မီးတောင် ပေါက်ကွဲသွားသကဲ့သို့ပင်။
ဂိုဂူလျောလက်ရွေးစင်များနှင့် တော်ဝင်စစ်သည် အစောင့်အရှောက်များနှင့် နည်းပြဆရာများအကြား ကြီးမားသော တိုက်ပွဲကြီးတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။
ဆေဘာဓားရှည်များနှင့် ဓားများအကြား တိုက်ပွဲသည် အမှောင်ထုထဲတွင် လင်းလက်နေခဲ့သည်။
ဟုန်း၊
အစိမ်းရောင်ဆူးချွန် ချီစက်ကွင်းသည် နယ်မြေတစ်လျှောက်ဖြတ်သန်းသွားခဲ့ပြီး အဆောက်အဦ၏ နံရံကို စက္ကူတစ်ရွက်ကဲ့သို့ ပြိုလဲသွားစေခဲ့သည်။
လက်နက်မျိုးစုံကိုင်ဆောင်ထားကြသော ဒါဇင်ထက်ပိုသည့် ဂိုဂူလျောစစ်သည်များသည် အံ့ဩဖွယ်ကောင်းသော ဓားချီမုန်တိုင်းတစ်ခုကို လှုံ့ဆော်လိုက်ကြကာ သူတို့အရေအတွက်ထက် နှစ်ဆရှိသော ခွန်အားကို ထုတ်ဖော်လိုက်ကြသည်။ တစ်ခဏအတွင်းမှာပင် တော်ဝင်စစ်တပ်အစောင့်အရှောက်များနှင့် နည်းပြဆရာများကို နောက်ဆုတ်စေလိုက်သည်။
အာဝူးးးး
ဝံပုလွေများသည် အူသံပေးလိုက်ကာ ဂိုဂူလျောစစ်သည်များ အင်အားသုံး၍ ဖွင့်ခဲ့သော လမ်းကြောင်းမှ လိုက်ဝင်လာကြသည်။ သူတို့သည် အဆောက်အဦနောက်ကွယ်ရှိ လူတစ်စုဆီသို့ အတူ ဝင်တိုက်လိုက်ကြသည်။
"အား"
အခြေအနေတစ်ခုလုံး ပရမ်းပတာဖြစ်သွားသောအခါ နံရံနောက်မှ တုန်လှုပ်နေသည့် အာမေဋိတ်သံများ ထွက်ပေါ်လာခဲ့သည်။
"မင်းတို့ရဲ့ ဖွဲ့စည်းပုံထဲ ပြန်ဝင်၊ ဂိုဂူလျောစစ်သည်တွေကို လျစ်လျူရှုထားပြီး ဒီဝံပုလွေတွေကို အရင်ရှင်းကြမယ်၊ သူတို့ကို တော်ဝင်စစ်တပ်အစောင့်အရှာက်နဲ့ နည်းပြဆရာတွေနား ကပ်မလာစေနဲ့"
အသံတစ်ခုသည် ညကောင်းကင်ယံတွင် ပေါက်ကွဲထွက်ပေါ်လာခဲ့ကာ လူတိုင်း၏ စိတ်တည်ငြိမ်မှုကို အတင်းအကျပ် ပြန်လည်ခေါ်ဆောင်လိုက်သည်။ မြေပြင်ပေါ်တွင်ထိုင်လျက် ဝမ်ချောင်သည် ရင်ဘတ်ကို အုပ်ကိုင်ထားလျက် သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေခဲ့သည်။
ဂိုဂူလျောစစ်သည်က အလွန်သန်မာသည်။ သူသာ မြန်မြန်ဆန်ဆန် မတုံ့ပြန်ခဲ့လျှင် သေချာပေါက် သေဆုံးသွားရပေလိမ့်မည်။ ရှောင်ခဲ့သည့်တိုင် သူသည် ယခင်တိုက်ပွဲမှ ဒဏ်ရာအပြင်းအထန်ရခဲ့ကာ သူ့ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီ ဖြစ်သွားသကဲ့သို့ ခံစားနေရ၏။
သို့သော်လည်း သူသည် ဒဏ်ရာမှ ပြန်လည်သက်သာမလာမီ နောက်ထပ် ခြိမ်းခြောက်နိုင်သည့် အန္တရာယ်တစ်ခုသည် ရုတ်တရက် ပေါ်လာခဲ့ပြန်သည်။ သေမင်းအရှိန်အဝါတစ်ခုသည် သူ့ကိုဖိနှိပ်လာခဲ့ပုံပေါ်သည်။
ဂိုဂူလျောတို့သည် ဉာဏ်ပညာရှိသော စစ်ရေးမဟာဗျူဟာများ ကင်းမဲ့မနေခဲ့ပေ။ အချိန်ခဏလေး အတွင်းမှာပင် သူတို့သည် အခြေအနေကို သုံးသပ်ကာ တန်ပြန်တိုက်ခိုက်ရေး အစီအစဥ်တစ်ခုနှင့်အတူ ချီတက်လာခဲ့သည်။
အဖြူရောင်ကျားတောင်ထွတ်ပေါ်တွင် ဝမ်ချောင်သည် ခံတပ်သုံးခု တည်ဆောက်ထားခဲ့သည်။ ထိုသုံးခုထဲတွင် ချန်းပုရန်နှင့် ကျိုးရွှမ်တို့ တပ်စွဲထားသော ခံတပ်သည် အရေးအကြီးဆုံး ဖြစ်ပြီး လက်ရှိတွင် ဝမ်ချောင်ဂရုအစိုက်ဆုံးတစ်ခု ဖြစ်သည်။
ထိုခံတပ်သာ ပျက်စီးသွားခဲ့ပါက ကျိုးရွှမ်နှင့် ချန်းပုရန်တို့သည် အကာအကွယ် ကင်းမဲ့သွားပေလိမ့်မည်။ သူတို့နှစ်ဦးသာ ဂိုဂူလျောစစ်သည်များနှင့် အနီးကပ်ရင်ဆိုင်ရပါက ဒုက္ခရောက်သွားပေလိမ့်မည်။
ကျိုးရွှမ်၏ ကာကွယ်ပေးမှုသာမရှိတော့ပါက အဖြူရောင်ကျားတောင်ထွတ်ပေါ်တွင် ရန်သူ လေးသခင်များကို ခြိမ်းခြောက်နိုင်သည့်သူ ရှိတော့မည်မဟုတ်ပေ။
ထို့နောက် အဖြူရောင်ကျားတောင်ထွတ်ပေါ်တွင် လူမည်မျှ များပြားစေကာမူ သူတို့အားလုံးကို စောင့်နေသည်မှာ သေခြင်းတရားသာ ရှိပေတော့မည်။
တစ်ဖက်က ဤစစ်ဆင်ရေးကို အောင်မြင်ခဲ့ပါက ဝမ်ချောင်၏ ယခင်အားထုတ်မှုများသည်လည်း အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
ချွင်
အေးစက်သည့်အလင်းရောင်တစ်ခုသည် ညအမှောင်ထုထဲတွင် ဖြတ်သန်းသွားခဲ့ကာ ဝံပုလွေအုပ်စုတစ်ခုဆီသို့ ဦးတည်သွားခဲ့သည်။
ရွှတ်
ဝံပုလွေခြောက်ကောင်သည် နှစ်ပိုင်း ပြတ်သွားခဲ့ကာ သူတို့၏သက်မဲ့အလောင်းများသည် မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။
တစ်နေရာတည်းသို့ အဆက်မပြတ်ခုတ်ပိုင်းခြင်း
ဝမ်ချောင်သည် သူ့ကိုယ်သူ မရပ်တန့်ခဲ့ပေ။ သူသည် ဝံပုလွေတစ်အုပ်မှ နောက်တစ်အုပ်သို့ ချီတက်တိုက်ခိုက်ခဲ့သည်။ သူရောက်သည့်နေရာတိုင်းရှိ ဝံပုလွေများသည် သေဆုံးသွားမှာဖြစ်သည်။
"သူတို့ကို သတ်"
တစ်ချိန်တည်းမှာပင် တခြားတပ်သားသစ်များသည်လည်း သတိပြန်ဝင်လာခဲ့သည်။ ယခင်က သူတို့ကို သင်ကြားပေးခဲသော ဖွဲ့သည်းပုံနောက်လိုက်ကာ သူတို့သည် သူတို့နေရာများသို့ ပြန်လာခဲ့ကြပြီး ပတ်ဝန်းကျင်ရှိ ဝံပုလွေများကို စတင်သတ်ဖြတ်ကြတော့သည်။
တပ်သားသစ်များ ပြန်လာခြင်းနှင့်အတူ သူတို့သည် ဂိုဂူလျောတို့၏ တိုက်ခိုက်မှုများကို ပြန်လည်ခုခံလာနိုင်သည်။
"ကောင်လေး မင်းက သေချင်နေတာပဲ"
အခြေအနေများရှင်းလင်းစွာပြောင်းလဲသွားသည်ကို သတိပြုမိလိုက်ရင်း ဂိုဂူလျော စစ်သည်တစ်ဦးသည် ညအမှောင်ထုထဲတွင် သူ့ဆေဘာဓားရှည်ကို မြှောက်လိုက်ကာ ဝမ်ချောင်ဆီသို့ ထိုးခုတ်လိုက်သည်။
ထိုထိုးခုတ်ချက်သည် ကြီးမားသောခွန်အားကိုသယ်ဆောင်ထားပြီး အကယ်၍ထိုးခုတ်မိပါက ဝမ်ချောင်သည် မသေလျှင်ပင် ဒဏ်ရာအကြီးအကျယ်ရသွားပေလိမ့်မည်။
"တစ်နေရာတည်းသို့ အဆက်မပြတ်ခုတ်ပိုင်းခြင်း"
သို့သော် တစ်ဖက်လူ၏ ဆေဘာဓားရှည်ကျဆင်းမလာမီ ဝမ်ချောင်သည် လှိမ့်လိုက်ပြီး နောက်ပြန်ဆုတ်လိုက်သည်။
"ဟမ် မင်းမြန်မြန်ထွက်ပြေးနိုင်ခဲ့တာပဲ"
လမ်းကြားထဲတွင် လေများ တဟူးဟူးတိုက်ခတ်နေသည်။ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ အသက် အမောတကော ရှူလိုက်ရင်း ဝမ်ချောင်သည် သူ့ရှေ့မှမြင်ကွင်းကို လေ့လာလိုက်သည်။
"နည်းပြဆရာရွှီရဲ့ဘက်မှာ အခြေအနေဘယ်လိုလဲ"
လှည့်မကြည့်ဘဲ ဝမ်ချောင် မေးလိုက်သည်။
"သူတို့စစ်ကူလာနိုင်မှာမဟုတ်ဘူး၊ ဂိုဂူလျောတွေက သူတို့ကို တိုက်ခိုက်နေတယ်၊ အဲဒီမှာ ဂိုဂူလျောတွေနည်းနည်းပဲရှိရင်တောင် သူတို့က ဝံပုလွေအများကြီးကို ရင်ဆိုင်နေရပုံပေါ်တယ်"
လူသစ်တစ်ဦးက ပြန်ဖြေလိုက်သည်။ ဤလူသစ်၏ နာမည်မှာ ရွှီချီဖြစ်သည်။ သူသည် ဂုဏ်သရေရှိမိသားစုမှ မျိုးဆက်သစ်လူငယ်မဟုတ်ပေ။ သို့သော် သူသည် အလွန်ရဲရင့်ပြီး ဆုံးဖြတ်ချက် ပြတ်သားသူတစ်ဦးဖြစ်သည်။ အဖြူရောင်ကျားတောင်ထွတ်သည် ရှုပ်ထွေးသည့် အခြေအနေသို့ ကျရောက်သွားပြီးနောက် သူသည် အခြားသူများကို ကူညီရန် ရှေ့ထွက်ရပ်ခဲ့သည့် လူအနည်းငယ်မှတစ်ဦး ဖြစ်သည်။
ဝမ်ချောင်သည် ကျားဖြူရုပ်တုရှိ ဒုတိယမဟာဗျူဟာနေရာကို ရှင်းလင်းရန် သူ့လူများကို ဦးဆောင်ခဲ့စဉ်က သူသည် ဤနေရာရှိ တပ်သားသစ်များကို ရွှီချီ၏အမိန့်အောက်တွင် ထားခဲ့သည်။
ထိုစဥ်က သူတို့သည် တစ်စုံတစ်ခု ဖြစ်ခဲ့လျှင် တခြားခံတပ်သည် အကူအညီပေးရန် စစ်ကူ စေလွှတ်မည်ဟု သဘောတူခဲ့ကြသည်။
ပထမတွင် ဝမ်ချောင်သည် ဂိုဂူလျောများကို မြင်သည်တွင် တခြားခံတပ်တစ်ခုမှ စစ်ကူတောင်းရန် စဉ်းစားခဲ့သည်။ သို့သော် ကြည့်ရသည်မှာ သူတို့သည်လည်း အားလပ်ပုံမပေါ်ပေ။ ဒုတိယခံတပ် တိုက်ခိုက်ခံရကတည်းက တခြားခံတပ်များသည်လည်း တိုက်ခိုက်ခံရမည်မှာ သေချာပေသည်။
သူတို့၏ရန်သူများသည် တစ်ကျော့ပြန်ဖြစ်လာနိုင်သည့် ဖြစ်နိုင်ခြေအားလုံးကို ရိုက်ချရန် အသေအချာပြုလုပ်ခဲ့သည်။
ဘန်းးး
ဝမ်ချောင်အတွေးနက်နေစဉ်မှာပင် အပြောင်းအလဲတစ်ခုက ရုတ်ခြည်း ဖြစ်သွားခဲ့သည်။ သွေးများဖြင့် ဖုံးလွှမ်းနေသော တော်ဝင်စစ်တပ်အစောင့်အရှောက်တစ်ဦးသည် လေထဲသို့ မြှောက်တက်သွားခဲ့သည်။ ထို့နောက် ဂိုဂူလျောစစ်သည်ဆီမှ ဆေဘာဓားရှည်တစ်ချောင်းသည် ပြေးထွက်လာခဲ့ကာ သူ၏ဘယ်ဘက်ရင်ဘတ်ဆီသို့ ထိုးသွင်းလိုက်သည်။ ထိုဓားက သူ၏နှလုံးသားထဲသို့နစ်ဝင်သွားခဲ့ကာ သူ့ကို နံရံပေါ်သို့ ချိတ်ဆွဲသွားစေသည်။
ထိုအချိန်တွင် လူတိုင်း၏မျက်နှာသည် ထိတ်လန့်စွာဖြင့် ဖြူဆုတ်သွားခဲ့သည်။
ဂိုဂူလျောစစ်သည်များသည် သူတို့မျှော်လင့်ခဲ့သည်ထက် ပို၍သန်မာနေခဲ့ကြသည်။ တိုက်ပွဲအစမှာပင် တော်ဝင်စစ်တပ်အစောင့်အရှောက်တစ်ဦး သေဆုံးသွားခဲ့ရသည်။
ပထမနေရာရှိ လေ့ကျင့်ရေးစစ်စခန်းတွင် တော်ဝင်စစ်တပ်အစောင့်အရှောက်များနှင့် နည်းပြဆရာများ အများအပြား မရှိပေ။ သူတို့တစ်ဉီးချင်းစီ၏သေဆုံးမှုသည် သူတို့၏တိုက်ခိုက်ခြင်းစွမ်းအားကို သိသိသာသာ လျော့ကျစေပေလိမ့်မည်။
လူတိုင်းသည် ဓားတစ်လက်က သူတို့ခေါင်းပေါ်၌ရှိနေသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။
"ရွှီချီ ငါပြောတာနားထောင်"
ဝမ်ချောင်သည် ရွှီချီကို ခေါ်လိုက်ပြီး နားနားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ဝမ်ချောင် မင်းသေချာရဲ့လား"
ဝမ်ချောင်၏စကားများကို ကြားသည်တွင် ရွှီချီသည် အလွန်ထိတ်လန့်သွားခဲ့သည်။ သူ၏မျက်နှာသည် သိသိသာသာ ဖြူရော်သွားခဲ့သည်။
"အဲဒါနဲ့ပတ်သက်ပြီး မမှားဘူး၊ ငါတို့ ဒီမှာ ကြာကြာထိန်းထားနိုင်မှာ မဟုတ်ဘူး.. တခြား ဂိုဂူလျောတွေက သူတို့ကို အားဖြည့်ဖို့ လာတဲ့အခါ ငါတို့က အခွင့်အရေးတစ်ခုမှ ရတော့မှာမဟုတ်ဘူး"
ဝမ်ချောင် အတည်ပြုလိုက်သည်။
ရွှီချီသည် တုံ့ဆိုင်းနေသေးကာ နောက်ဆုံးတွင် ဘာမှမပြောတော့ရန် ဆုံးဖြတ်လိုက်သည်။ လူတစ်စုကို စုစည်းလိုက်ပြီးနောက် သူထွက်ခွာလိုက်သည်။
တောင်လေသည် ပြင်းထန်စွာတိုက်ခတ်နေသည်။ အမှောင်ထုသည် ကခုန်နေသော မီးအလင်းရောင်များနှင့် ရင်တထိတ်ထိတ် ဖြစ်စေသော အစိမ်းရောင်ချီစက်ကွင်းအမြောက်အများတို့ကို ဝတ်ဆင်ထားခဲ့သည်။
သူတို့ထဲက အချို့မှာ နည်းပြဆရာများနှင့် တော်ဝင်စစ်တပ်အစောင့်အရှောက်များမှ လာခဲ့ခြင်း ဖြစ်သည်။ သို့သော် သူတို့၏ ချီစက်ကွင်းများကို ရန်သူများ၏ချီစက်ကွင်းက လွှမ်းမိုးထားသည်မှာ သိသာလှသည်။ ဤအချိန်တွင် သူတို့ထဲ၌ ထိခိုက်ဒဏ်ရာ မရသည့်သူ မရှိတော့ပေ။
"ငါတို့ကြာကြာ ထိန်းမထားနိုင်တော့ဘူး၊ အများဆုံး ဆယ့်ငါးမိနစ်အတွင်း ခံတပ်တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်၊ ဒီအခြေအနေကို ပြောင်းလဲဖို့ ငါနည်းလမ်းတစ်ခု ရှာမှဖြစ်မယ်"
ဝမ်ချောင်၏ကျင့်ကြံမှုမှာ နိမ့်ကျနေသေးသော်လည်း သူသည် ယခင်ဘဝကို သိမြင်နိုင်သည့်မျက်စိနှင့် အတွေ့အကြုံများကို ပိုင်ဆိုင်ထားသေးသည်။ သူသည် ဘာမျှမလုပ်ခဲ့လျှင် ဤနေရာရှိလူတိုင်း သေဆုံးသွားရမည်ဖြစ်ကြောင်း နားလည်သည်။
သူ့အကြည့်သည် တိုက်ပွဲဆီ လျင်မြန်စွာ ရောက်သွားပြီး မကြာမီ၌ ဂိုဂူလျောစစ်သည်များ၏ ခေါင်းဆောင်ဆီသို့ ကျရောက်သွားခဲ့သည်။ ထိုသူသည် ခုနက သူ့ကို အဆောက်အဦထဲတွင် တိုက်ခိုက်ခဲ့သူဖြစ်၏။
ဆူးချွန်ချီစက်ကွင်းသည် သူ့ပတ်ပတ်လည်တွင် ပို၍ရှင်းလင်းနေသည်။ သူ့လက်ထဲရှိ ဆေဘာဓားရှည်သုံးချောင်းသည် တွေ့မြင်ရ ခက်ခဲပြီး ခြေရာခံရန် ခက်ခဲသည်။ ချီစက်ကွင်း၏ထောက်ပံ့ပေးမှုအောက်တွင် သူသည် လမ်းလျှောက်နေသော ကပ်ဘေးကဲ့သို့ပင် ဖြစ်နေချေသည်။
သူတစ်ဦးတည်းဖြင့်ပင် တော်ဝင်စစ်တပ်အစောင့်အရှောက်နှင့် နည်းပြဆရာ သုံးဦးကို ဖိနှိပ်ထားနိုင်ခဲ့သည်။
"ကောင်းဖုန့် ဖွဲ့စည်းပုံကို အသုံးပြုပြီး သူ့ဘယ်ဘက်ပခုံးနဲ့ ဘယ်ဘက်ချိုင်းကြားကို တိုက်ခိုက်ဖို့ အဖွဲ့တစ်ခုကို ဦးဆောင်လိုက်ပါ"
ဝမ်ချောင်သည် ဂိုဂူလျောခေါင်းဆောင်ကို လက်ညှိုးထိုးပြလိုက်ကာ ရုတ်တရက် ပြောလိုက်သည်။
"နားလည်ပါပြီ"
ထက်မြက်သောအသံတစ်ခု အနောက်မှ ထွက်ပေါ်လာခဲ့၏။
"နျန်ယန် သူ့ညာဘက်ကနေ ဝင်တိုက်ဖို့ တခြားအဖွဲ့ကို ဦးဆောင်လိုက်၊ သူ့ပေါင်ခြံနဲ့ အောက်ပိုင်းကို ပစ်မှတ်ထား"
ဝမ်ချောင်ဆက်ပြောလိုက်သည်။
"နားလည်ပြီ"
ဆုံးဖြတ်ချက်ပြတ်သားသော မျက်လုံးများနှင့်အတူ အသက်ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနှစ်နှစ် အရွယ်ခန့် လူငယ်တစ်ဦးသည် ပြန်ဖြေလိုက်သည်။
"လူတိုင်းပဲ ငါ့အမိန့်ကို စောင့်"
ဝမ်ချောင်သည် ရှေ့သို့ စူးစူးစိုက်စိုက်စိုက် ကြည့်လျက် လက်တစ်ဖက်ကို မြှောက်လိုက်သည်။
'ဆေဘာဓားရှည်သုံးလက်ကျောင်း' နှင့် 'ဆေဘာဓားရှည်နှစ်လက်ကျောင်း' ဤနှစ်ခုသည် ဂိုဂူလျောတို့၏ နိုင်ငံကိုယ်စားပြု အထိမ်းအမှတ် ဆေဘာဓားရှည်ပညာရပ်နှစ်ခု ဖြစ်သည်။ သူတို့သည် ဂိုဂူလျောနိုင်ငံအတွင်းတွင် အသုံးတွင်ကျယ်ကာ လူအများ လေ့ကျင့်ကြသည်။
အများအားဖြင့် လူတစ်ယောက်၏ လက်တစ်ဖက်သည် ကျန်လက်တစ်ဖက်ထက် သန်မာပြီး သွက်လက်ကြသည်။ သို့သော်လည်း ဤသဘောတရားသည် ဤပညာရပ်နှစ်ခုကို လေ့ကျင့်ထားကြသူများအပေါ် သက်ရောက်မှု မရှိပေ။ သူတို့၏လက်နှစ်ဖက်စလုံးသည် တူညီစွာ သန်မာပြီး သွက်လက်ကြသည်။ ထို့ကြောင့် သူတို့၏ ရန်သူများကို တစ်ချိန်တည်းတွင် လူနှစ်ယောက်၊ သုံးယောက်နှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားရစေသည်။
ဤကျွမ်းကျင်မှု၏ နောက်ကွယ်ရှိ သဘောတရားသည် ရိုးရှင်းသော်လည်း အလွန်အားကောင်းလှသည်။
သူတို့သည် အားကောင်းသော်လည်း အားနည်းချက်များလည်း ရှိသည်။
လှုပ်ရှားခြင်း မပြုသေးဘဲ ဝမ်ချောင်သည် ဂိုဂူလျောစစ်သည်များ၏ ခေါင်းဆောင်ကိုသာ ရည်ရွယ်ချက်ရှိရှိ စိုက်ကြည့်နေခဲ့၏။
တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်၊ အချိန်ကုန်ဆုံးသွားခဲ့သော်လည်း ဝမ်ချောင်သည် အမိန့်မပေးသေးပေ။ နောက်ဆုံး၌ သူ့ကို ရင်ဆိုင်နေသော တော်ဝင်စစ်တပ်အစောင့်အရှောက်များနှင့် နည်းပြဆရာသုံးဦးတို့သည် သူတို့၏ အကန့်အသတ်သို့ ရောက်သွားသောအခါ ဂိုဂူလျောစစ်သည်များ၏ခေါင်းဆောင်သည် အနိုင်ရတော့မည့် အခြေအနေအတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ကာ တစ်ဖက်လူများကို သေခြင်းတရားဆီသို့ တွန်းပို့ရန် ပြင်းထန်စွာ ထိုးခုတ်လိုက်သည့်အချိန်ကျမှ ဝမ်ချောင်သည် အော်သံ(အမိန့်)ပေးလိုက်သည်။
"အခု"
ဝမ်ချောင်သည် ညာလက်ကို ပြတ်သားထင်ရှားစွာ အောက်သို့ ချလိုက်သည်။
ဘုန်းးး
တုံ့ဆိုင်းခြင်းမရှိဘဲ ကောင်းဖုန့်နှင့် နျန်ယန်ဦးဆောင်သောလူသစ်များသည် ရှေ့သို့ ပြေးဝင်တိုက်ခိုက်ကြတော့သည်။ သိန်းငှက်က ယုန်သူငယ်ကို သုတ်ချီသကဲ့သို့ပင်၊ သူတို့သည် ဂိုဂူလျောစစ်သည်များ၏ ခေါင်းဆောင်ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသည်။
ဘုန်းးး
ဂိုဂူလျောခေါင်းဆောင်၏မျက်နှာသည် ဖြူရော်သွားခဲ့သည်။ ထိုအချိန်တွင် အလင်းတစ်ခုသည် လက်သွားကာ အစိမ်းရောင်ဆူးချွန်ချီစက်ကွင်းသည် အစိမ်းရောင်မုန်တိုင်းအဖြစ်သို့ ပြောင်းသွားခဲ့ပြီး လူအများ၏တိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။
ကောင်းဖုန့်၊ နျန်ယန်နှင့် အခြားတပ်သားသစ်များသည် သူတို့၏လက်နက်များဖြင့် ချီစက်ကွင်းကို တိုက်ခိုက်လိုက်သော်လည်း သတ္တုသံသာ ပဲ့တင်ထပ်လာခဲ့သည်။ ဆူးချွန်ချီစက်ကွင်းက မာကျောသည့်သတ္တုဖြင့် ပြုလုပ်ထားသကဲ့သို့ပင်ဖြစ်နေသည်။
အစစ်အမှန်သိုင်းနယ်ပယ်ကျင့်ကြံသူတစ်ဦး၏ ချီစက်ကွင်းများထဲမှ တစ်ခုဖြစ်သည့် 'ဓားအစွန်းချီစက်ကွင်း'၊။
ဤသည်မှာ ကမ္ဘာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သောခွန်အားများထဲမှ တစ်ခုဖြစ်သည်။
ဤဓားအစွန်းချီစက်ကွင်းကို ပိုင်ဆိုင်ထားသူများသည် မယုံနိုင်လောက်အောင် ထက်ရှသော သဘာဝရှိသည့် မူလစွမ်းအင် ရှိကြသည်။
ကလင်ကလင်ကလင်
လူတိုင်း၏ လက်နက်များသည့် တစ်ခဏတာမျှသာ တောင့်ခံနိုင်ပြီးနောက် ဂိုဂူလျောခေါင်းဆောင်၏ ချီစက်ကွင်းကြောင့် နှစ်ပိုင်းကျိုးသွားခဲ့သည်။
လူတိုင်း၏မျက်နှာသည် ချက်ချင်း ဖြူဆုတ်သွားခဲ့သည်။
"မင်းတို့အခု သေနိုင်ပြီ"
ဂိုဂူလျော၏ ပြင်းထန်သောအသံသည် လေထုထဲတွင် ပေါက်ကွဲသွားခဲ့သည်။
“အချိန်ကျပြီ"
ဂိုဂူလျောသည် ပြန်လည်တိုက်ခိုက်ရန် သူ၏ဆေဘာဓားရှည်သုံးလက်ကို မြှောက်လိုက်သောအချိန်တွင် ဝမ်ချောင်သည် ကြမ်းပြင်ပေါ် ဒူးထောက်လိုက်ကာ ရုတ်တရက် ရှေ့သို့ ထိုးခုတ်တိုက်ခိုက်လိုက်သည်။
တစ်နေရာတည်းသို့ အဆက်မပြတ်ခုတ်ပိုင်းခြင်း၊။
ခဏအတွင်း ဝမ်ချောင်သည် ဂိုဂူလျောစစ်သည်များ၏ ခေါင်းဆောင်ရှေ့တွင် ချက်ချင်းပေါ်လာခဲ့သည်။ ထိုလူ၏ အာရုံသည် လူအများဆီသို့ ရောက်နေသည်ကို အသုံးချကာ လျှပ်စီးကဲ့သို့ လျင်မြန်စွာဖြင့် ဝမ်ချောင်၏ကျောက်စိမ်းရိုင်းသံမဏိသတ္တုဓားသည် တစ်ဖက်လူ၏ ဆေဘာဓားရှည်သုံးချောင်းကြားမှ ဟနေသော နေရာသို့ ထိုးထည့်လိုက်သည်။
ချီ
ဓားသွားကို ဂိုဂူလျောစစ်သည်ခေါင်းဆောင်ကိုယ်ထဲသို့ ထိုးသွင်းလိုက်ပြီး သွေးများသည် လေထဲသို့ ပန်းထွက်လာခဲ့သည်။ ထို့နောက် တုံ့ဆိုင်းမနေဘဲ ဝမ်ချောင်သည် ဓားကို ဆွဲထုတ်လိုက်တော့၏။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ခဏအတွင်း ပေါက်ကွဲနေသော ဓားချီမုန်တိုင်းသည် ရပ်တန့်သွားသည်။ ဂိုဂူလျောစစ်သည်များ၏ခေါင်းဆောင်သည် ဝမ်ချောင်ကို အထိတ်တလန့် စိုက်ကြည့်လိုက်၏။ သူသည် ဝမ်ချောင်က သူ၏ကာကွယ်မှုကို ချိုးဖောက်ကာ သူ့ကို ဓားဖြင့်ထိုးစိုက်လိုက်သည်ကို မယုံနိုင်ခဲ့ပေ။
--------------
Paid Group 2/3ရှိပါတယ်
အပိုင်း ၂၁၄။ ချီစက်ကွင်း-စစ်မြေပြင်ပျက်စီးခြင်း
နာကျင်ခြင်း၊။
မချိမဆံ့နာကျင်ခြင်း၊။
ရက်စက်ကြမ်းကြုတ်သော ဂိုဂူလျောစစ်သည်များ၏ ခေါင်းဆောင်သည် ဝမ်ချောင်က သူ့ကို ဓားဖြင့် ထိုးသွင်းလိုက်သည်ကို မယုံကြည်နိုင်ဖြစ်နေသည်။
ယခုအချိန်တွင် သူတို့၏ ပစ်မှတ်မှာ တော်ဝင်စစ်သည်အစောင့်အရှောက်များနှင့် နည်းပြဆရာများ ဖြစ်သည်။ ဝမ်ချောင်ကဲ့သို့ 'အားနည်းသောသိုင်းကျင့်ကြံသူ' တစ်ယောက်ကို သူတို့စာရင်းထဲတွင် လုံးဝထည့်သွင်းမစဉ်းစားခဲ့ပေ။
ပို၍အရေးကြီးသည်မှာ 'ဆေဘာဓားရှည်သုံးလက်ကျောင်း' သည် ပြိုင်ဘက်ကင်းလောက်အောင် အားကောင်းလှသည်။ ထိုအရာသည် ရေပက်မဝင်နိုင်အောင် ပိတ်ပင်တားဆီးနိုင်သည့်ခံစစ်ကို ဖန်တီးနိုင်စွမ်း ရှိသည်။ သူသည် သူ့ကို ဆန့်ကျင်နိုင်သောတိုက်ခိုက်မှုအားလုံးကို စောင့်ကြည့်နိုင်ခဲ့သည်မှာ သေချာသည်။ ထို့ကြောင့် ဝမ်ချောင်သည် သူ့ခံစစ်ကို မည်သို့ချိုးဖောက်လိုက်သနည်း။
ဘန်းးး
လေးလံလှသောလက်ဝါးရိုက်ချက်သည် ဝမ်ချောင်၏ခါးသို့ ပြင်းထန်စွာ ကျရောက်လာခဲ့ပြီး သူ့ကို အနောက်ရှိ နံရံသို့ နစ်ဝင်သွားစေသည်။
တစ်ချိန်တည်းမှာပင်
ဟူး လားး
လတ်ဆတ်သည့်သွေးများနှင့် ကိုယ်တွင်းအင်္ဂါများသည် ဂိုဂူလျောစစ်သည်များ ခေါင်းဆောင်၏ ခါးရှိအပေါက်မှ ယိုစီးကျလာသည်။
ထိုသည်မှာ တစ်ခုတည်းသော ထိုးခုတ်ချက်အဖြစ် မြင်နိုင်သည်။ သို့သော် အမှန်တကယ်တွင် လက်ခြောက်ဖက်နည်းစနစ်၏ အားဖြည့်မှုဖြင့် လျင်မြန်သည့် ဓားခုတ်ချက်ခြောက်ချက် ဖြစ်သည်။ ဝမ်ချောင်သည် သူ့အတွင်းအင်္ဂါများကို အပိုင်းအစများ အဖြစ်သို့ ဖျက်ဆီးပစ်လိုက်သည်။ ထို့ကြောင့် အသက်ရှင်သန်နိုင်ခြေ မရှိတော့ပေ။
တော်ဝင်စစ်တပ်အစောင့်အရှောက်များနှင့် နည်းပြဆရာများ၏ ရှေ့တန်းတိုက်ခိုက်မှုနှင့် ကောင်းဖုန့်နှင့်နျန်ယန်အုပ်စုများ၏ အာရုံရှုပ်ထွေးစေမှုတို့အောက်တွင် ဝမ်ချောင်သည် တစ်ဖက်လူ၏ ခံစစ်ကို မထိုးဖောက်နိုင်ခဲ့လျှင် သူသည် ယခင် အလယ်ပိုင်းလွင်ပြင်ဒေသ၏ စစ်သေနာပတိချုပ်နေရာနှင့် မထိုက်တန်သည့်သူ ဖြစ်ပေလိမ့်မည်။
ပူးးး
ဂိုဂူလျောစစ်သည်များ၏ ခေါင်းဆောင် အလောင်းသည် မြေပြင်ပေါ်သို့ လဲကျသွားသည်။ တစ်ချိန်တည်းတွင် ဝမ်ချောင်သည် နံရံပေါ်မှ လျှောကျနေစဉ် သွေးတစ်ပွက် အန်တော့သည်။
သူတို့နှစ်ဦးကြားရှိ အင်အားကွာခြားချက်သည် အလွန်ကြီးမားသည်။ ဝမ်ချောင်သည် ပြင်ဆင်ထားခဲ့ပြီး သူ၏သွေးကြောများကို ကာကွယ်ထားခဲ့သည့်တိုင် သူ့အတွင်းအင်္ဂါများသည် ကြီးမားသည့် ခွန်အားအောက်တွင် တုန်ခါနေခဲ့သည်။
သူ၏နဂါးအရိုးအရင်းမြစ်ကသာ သူ့အရိုးနှင့်ကြွက်သားများဆီ သန်မာမှုနှင့်သိပ်သည်းမှုကို မထောက်ပံ့ထားခဲ့လျှင် သူသည် ရိုက်ချက်တစ်ချက်ကြောင့် သေဆုံးသွားနိုင်ပေသည်။
"အဲလူက အရမ်းသန်မာတာပဲ၊ ငါ အရင်တုန်းက ဂိုဂူလျောကျွမ်းကျင်သူတွေနဲ့ မတိုက်ခဲ့ဖူးရင် ပြီးတော့ ဆေဘာဓားရှည်သုံးလက်ကျောင်းရဲ့ အားနည်းချက်ကိုသာ ရှာမတွေ့ခဲ့ရင် ငါ သူ့ကို သတ်နိုင်မှာ မဟုတ်ဘူး"
ဝမ်ချောင်သည် သူ့ခါးပိုက်မှ ပြန်လည်ဖြည့်တင်းခြင်းဆေးလုံး ထုတ်ယူလိုက်ကာ တုံ့ဆိုင်းမနေဘဲ ချက်ချင်း မျိုချလိုက်သည်။ ထိုအချိန်တွင် အေးစက်သည့်အသံတစ်ခု ရုတ်ခြည်းထွက်ပေါ်လာခဲ့၏။
[ချီစက်ကွင်း 'စစ်မြေပြင်ပျက်စီးခြင်း' ကို အသက်သွင်းလိုက်တဲ့အတွက် ဂုဏ်ယူပါတယ် သုံးစွဲသူ]
အသံသည် လျင်မြန်လှပြီး ရုတ်ခြည်းထွက်ပေါ်လာခဲ့သည်။ ထိုသည်မှာ ထင်ယောင်ထင်မှားဖြစ်နေသကဲ့သို့ ခံစားရစေ၏။
"အာ"
ဝမ်ချောင် ထိတ်လန့်သွားသည်။
"ဘာတွေဖြစ်နေတာလဲ"
ထိုသည်မှာ ကံကြမ္မာကျောက်စာထံမှ အသံဖြစ်သည်။ သူသည် ယခင်က ဤအသံကို အကြိမ်များစွာ ကြားခဲ့ရသည်။ ထို့ကြောင့် သူ မမှားနိုင်ပေ။ သူသည် ထိုအရာကို စတင်စေရန် တစ်စုံတစ်ခု လုပ်ခဲ့မိသည်လော။
ဝမြးးးး
ဤအတွေးသည် ဝမ်ချောင်စိတ်ထဲပေါ်လာသည်နှင့် မရေမတွက်နိုင်သော ပုံရိပ်များသည် သူ့မျက်လုံးထဲ ပေါ်လာခဲ့သည်။ ဝမ်ချောင်သည် ဂိုဂူလျောစစ်သည်များ၏ ခေါင်းဆောင်ကို သတ်ဖြတ်ခဲ့သည့် မြင်ကွင်းမှာ နောက်တစ်ကြိမ်ပေါ်လာခဲ့ပြီး ထိုလူလဲကျသွားသည့်အချိန်တွင် ရပ်တန့်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကံကြမ္မာကျောက်စာမှ အသံသည် နောက်တစ်ကြိမ် ပေါ်လာခဲ့သည်။
[သုံးစွဲသူဟာ ဂိုဂူလျောတိုင်းပြည်က စစ်သားတစ်ယောက်ကို သတ်ဖြတ်ခဲ့တာကြောင့် ကံကြမ္မာစွမ်းအင် တစ်ရာထက်ပိုပြီး လက်ခံရရှိခဲ့ပါတယ်.. စစ်မြေပြင်ပျက်စီးခြင်း ချီစက်ကွင်း စတင်ရန်အတွက် လိုအပ်ချက်များကို စတင်လိုက်ပါပြီ]
ဝမြးးး
ရုတ်တရက် မည်သည့်သတိပေးချက်မျှမရှိဘဲ ကမ္ဘာသည် တွန့်လိမ်သွားခဲ့သည်။ ဝမ်ချောင်သည် အလယ်တည့်တည့်တွင် ရပ်နေကာ ကြီးမားသည့် မုန်တိုင်းတစ်ခု တိုက်ခတ်လာတော့သည်။ ပတ်ဝန်းကျင်မှ မမြင်နိုင်သည့် မူလစွမ်းအင်များ စုဝေးလာခဲ့ကာ ဝမ်ချောင်ခန္ဓာကိုယ်ထဲသို့ တလှိမ့်လှိမ့် တိုးဝင်လာသည်။
ဤစွမ်းအင်များ လှိမ့်ဝင်လာခြင်းနှင့်အတူ သတင်းစကားသည်လည်း မှေးမှိန်သွားခဲ့သည်။
ဤမူလစွမ်းအင် လှိမ့်ဝင်လာခြင်းသည် နောက်ဆုံး၌ ဝမ်ချောင်၏ဒန်တျန်ထဲ စုဝေးမသွားမီ သူ၏ခြေလက်အင်္ဂါများနှင့် အရိုးများတစ်လျှောက် စီးဆင်းသွားခဲ့ကာ ပူနွေးသည့် စွမ်းအင်စက်ကွင်းကို ဖြစ်ပေါ်စေခဲ့သည်။
"ဂိုဂူလျောတိုင်းပြည်က စစ်သည်လား၊ ငါသတ်ခဲ့တဲ့လူက ဂိုဂူလျောတိုင်းပြည်က အရာရှိစစ်သည်လား"
သူ့ခန္ဓာကိုယ်မှ အပြောင်းအလဲများကို အာရုံခံစားလိုက်ရင်း ဝမ်ချောင် အံ့အားသွားခဲ့သည်။ သို့သော်လည်း ဝမ်ချောင်ကို အမှန်တကယ် အံ့အားသင့်စေခဲ့သည့်အရာမှာ ကံကြမ္မာကျောက်စာမှ စကားလုံးတစ်လုံးပင်ဖြစ်သည်။
ချီစက်ကွင်း
ဤသည်မှာ ကမ္ဘာ၏ အကြီးမားဆုံးသော လျှို့ဝှက်ဆန်းကြယ်မှုဖြစ်သည်။ ထို့အတူ ဤကမ္ဘာနှင့် ဝမ်ချောင်သတိရနေခဲ့သော ခေတ်သစ်ကမ္ဘာကြား အကြီးမားဆုံးသော ကွာခြားချက်လည်းဖြစ်သည်။
ဤကမ္ဘာတွင် လူတစ်ဦး၏ကျင့်ကြံခြင်းသည် အစစ်အမှန်သိုင်းပညာနယ်ပယ်သို့ ရောက်သရွေ့ အပြင်ဖက်မှ ကြီးမားသောစွမ်းအားများကို ထိန်းချုပ်စေနိုင်သည့် ချီစက်ကွင်းအမြောက်အများကို ဖြစ်ပေါ်စေရန် လူတစ်ဦး၏အတွင်းစွမ်းအင်များကို စုစည်းနိုင်မည်ဖြစ်သည်။
အစစ်အမှန်သိုင်းပညာနယ်ပယ်၌ အခြေခံအဆင့်မှာ 'ဆူးချွန်ချီစက်ကွင်း' ဖြစ်သည်။ ဤချီစက်ကွင်းသည် အစိမ်းရောင်ဆူးချွန်ပုံရိပ် ရှိသည်။
ဂိုဂူလျောစစ်သည်များ၏ခေါင်းဆောင် အသုံးပြုခဲ့သည်မှာ အစစ်အမှန်သိုင်းပညာနယ်ပယ် သိုင်းပညာရှင်များပိုင်ဆိုင်သည့် သာမန် 'ဆူးချွန်ချီစက်ကွင်း'ဖြစ်သည်။
သို့သော်လည်း သိုင်းပညာရှင်များပိုင်ဆိုင်သည့် ဆူးချွန်ချီစက်ကွင်း၏ဂုဏ်ရည်သည် သူတို့၏ကျင့်ကြံခြင်းနည်းစနစ်အပေါ် မူတည်၍ မတူညီကြပေ။ ဥပမာ- ခွန်အားချီစက်ကွင်း၊ တိုက်ခိုက်ခြင်းချီစက်ကွင်း၊ လျင်မြန်ခြင်းချီစက်ကွင်းနှင့် သံမဏိချီစက်ကွင်း။
ဤသည်များမှာ အခြေခံအကျဆုံးချီစက်ကွင်းများ ဖြစ်ကြသည်။
'ခွန်အားချီစက်ကွင်း'သည် အစစ်အမှန်သိုင်းပညာနယ်ပယ်တစ်ဦး၏ ခွန်အားကို သိသာထင်ရှားစွာ တိုးမြှင့်ပေးသည်။ 'တိုက်ခိုက်ခြင်းချီစက်ကွင်း' သည် အချိန်အတော်ကြာ ထိန်းမထားနိုင်သော်လည်း လူတစ်ဦးကို ကြီးမားသည့်ပေါက်ကွဲမှုအရှိန်ကို အောင်မြင်စေရန် ခွင့်ပြုပေးသည်။ 'လျင်မြန်ခြင်းချီစက်ကွင်း' သည် အဓိကအားဖြင့် လူတစ်ဦး၏ စစ်မြင်းနှင့်အတူ အသုံးပြုရခြင်း ဖြစ်သည်။ 'သံမဏိချီစက်ကွင်း'သည် အခြေခံအကျဆုံးအဆင့် ခုခံကာကွယ်ခြင်း ချီစက်ကွင်း ဖြစ်သည်။
ဤသည်မှာ စစ်မြေပြင်တွင် အဓိကအသုံးပြုကြသည့် ချီစက်ကွင်းများဖြစ်ကြသည်။
အကယ်၍ လူတစ်ဦးသည် နောက်တစ်တင့်သို့တက်လိုက်ပြီး နက်နဲသိမ်မွေ့သော သိုင်းပညာနယ်ပယ်သို့ ရောက်လျှင် ဤအခြေခံချီစက်ကွင်းသည် 'ဆူးချွန်မဟာချီစက်ကွင်း' အဖြစ် တိုးတက်သွားပေလိမ့်မည်။
ချီသက်ကွင်း၏အခြေခံဂုဏ်သတ္တိများသည် ပိုမိုအားကောင်းလာမည်ဖြစ်ပြီး သူ၏အမျိုးမျိုးသော ဂုဏ်ရည်များကို 'မြေကမ္ဘာချီစက်ကွင်း'၊ 'မုန်တိုင်းချီစက်ကွင်း'၊ 'ခံတပ်ချီစက်ကွင်း' နှင့် 'တိုက်တန်ချီစက်ကွင်း' စသည်ဖြင့် ခွဲခြားနိုင်သည်။
ထို့ထက်ပို၍သန်မာသော ချီစက်ကွင်းများ ရှိသေးသည်။ သေချာသည့်အဆင့်တစ်ခုသို့ ရောက်သည်နှင့် လူတစ်ယောက်သည် ချီစက်ကွင်းကို မိုးကောင်းကင်နှင့် ချိတ်ဆက်ကာ နတ်ဘုရားတစ်ပါးနှင့် တူညီသောခွန်အားကို ထိန်းချုပ်နိုင်သည့် စွမ်းအားကို အသုံးပြုနိုင်ပေလိမ့်မည်။
ထို့အပြင် နတ်ဘုရားသိုင်းပညာနယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ ချီစက်ကွင်းသည် ကမ္ဘာ့နတ်ဘုရားများကိုပင် စိန်ခေါ်နိုင်သည်ဟု ဆိုနိုင်သည်။
သူ့ယခင်ဘဝ၌ ဝမ်ချောင်သည် သူတော်စင်သိုင်းပညာနယ်ပယ် အထွတ်အထိပ်သို့ ရောက်နိုင်ခဲ့သည်။ သို့သော်လည်း သံသယရှိစရာ မလိုဘဲ ဤကမ္ဘာတွင် ထိုကဲ့သို့သော စွမ်းအားကို ပိုင်ဆိုင်ထားသူများရှိကြသည်။
--
ချီစက်ကွင်း၏ တည်ရှိနေမှုကို မည်သူတစ်ဦးတစ်ယောက်မျှ နားမလည်နိုင်ခဲ့ကြပေ။ သူ့အရင်ဘဝက ပြောင်းရွှေ့နေထိုင်စဉ်ကတည်းက သိုင်းပညာချီစက်ကွင်းများ၏ သဘောတရားစည် ဤကမ္ဘာပေါ်၌ ရှိနေပြီဖြစ်သည်။
ထို့အပြင် ထိုသည်မှာ ဤကမ္ဘာတွင် အလွန်သဘာဝကျသည့်အရာတစ်ခုဖြစ်ပုံပေါ်ကာ ကမ္ဘာကြီး၏ နိယာမများထဲ၌ ထည့်သွင်းရေးဆွဲထားသကဲ့သို့ပင် ဖြစ်သည်။
ဤကမ္ဘာတွင် ချီစက်ကွင်းသည် စွမ်းအားကို ကိုယ်စားပြုသည်။
အသန်မာဆုံးသောခွန်အားသည် အသန်မာဆုံးသော ချီစက်ကွင်းကို ဆိုလိုသည်။ ဤနှစ်ခုကို တစ်ခုနှင့်တစ်ခု ခွဲခြားရန် မဖြစ်နိုင်ပေ။
သို့သော်လည်း လူတစ်ဦးသည် အစစ်အမှန်သိုင်းပညာနယ်ပယ်သို့ မရောက်မီ အားကောင်းသည့် ချီစက်ကွင်းများကို ထိတွေ့နိုင်မည်မဟုတ်ပေ။
အနည်းဆုံးတော့ ဝမ်ချောင်သည် မူလစွမ်းအင်အဆင့်ကျင့်ကြံသူတစ်ယောက်သည် သိုင်းပညာချီစက်ကွင်းကို ပိုင်ဆိုင်နိုင်သည်ဟု မကြားခဲ့ဖူးပေ။
"စစ်မြေပြင်ပျက်စီးခြင်းလား၊ ငါက မူလစွမ်းအင်နယ်ပယ်မှာ ချီစက်ကွင်းကို ရရှိခဲ့မယ်လို့ ထင်မထားခဲ့ဘူး"
ဝမ်ချောင်သည် သူကြုံတွေ့ခဲ့ရသည့် ပြောင်းလဲမှုများကြောင့် ပျော်ရွှင်နေခဲ့သည်။
သူ့ခေါင်းထဲမှ ရုတ်ခြည်းထွက်ပေါ်လာသော သတင်းစကားမှနေ၍ သူ အတည်ပြုလိုက်နိုင်သည့် အရာတစ်ခု ရှိသည်။ သူ့ခန္ဓာကိုယ်ထဲတွင် ပေါ်လာခဲ့သောစွမ်းအားသည် ချီစက်ကွင်းအသစ် စစ်မြေပြင်ပျက်စီခြင်းပင် ဖြစ်သည်။
ဤသည်မှာ ရှည်လျားလှသည့် ကမ္ဘာ့သမိုင်းတွင်ပင် လုံးဝမဖြစ်ပေါ်ခဲ့ဖူးသော အရာဖြစ်သည်။
အနည်းဆုံး နှစ်ပေါင်းအတော်ကြာ ဝမ်ချောင်ပါဝင်တိုက်ခိုက်ခဲ့သော တိုက်ပွဲများတွင် သူသည် ထိုကဲ့သို့သော ချီစက်ကွင်းကို မတွေ့ခဲ့ဖူးပေ။
သူ့ခေါင်းထဲရှိသတင်းစကားမှ ဝမ်ချောင်သည် ချီစက်ကွင်း၏ အသုံးပြုပုံကို လေ့လာလိုက်သည်။
[စစ်မြေပြင်ပျက်စီးခြင်း- ရန်သူ့ချီစက်ကွင်းများ၏ သက်ရောက်မှုများကို အသုံးပြုသူ၏ ချီစက်ကွင်း၏ ခွန်အားနှင့် အဆင့်အပေါ်မူတည်၍ လျှော့ကျစေပေလိမ့်မည်။]
[တစ်ဖက်လူသည် ချီစက်ကွင်းကို အသုံးမပြုခဲ့လျှင် သူ၏ကျင့်ကြံခြင်းအဆင့်သည့် နယ်ပယ်တစ်ခုစာ လျော့ကျသွားပေလိမ့်မည်]
[ဤသည်မှာ စစ်စည်များအပေါ်၌သာ အလုပ်လုပ်သည်။ ခေါင်းဆောင်နေရာရှိသူများကို ထိရောက်မှု မရှိပေ]
[လက်ရှိချီစက်ကွင်း၏အဆင့်-၀]
စစ်မြေပြင်ချီစက်ကွင်း
ခဏအတွင်း ဝမ်ချောင်သည် ကံကြမ္မာကျောက်စာမှ အချက်အလက်တချို့ကို လက်ခံရရှိလိုက်သည်။ သံသယဖြစ်စရာမလိုဘဲ ထိုသည်မှာ စစ်မြေပြင်အတွက် တည်ဆောက်ထားခဲ့သည့် ချီစက်ကွင်းဖြစ်သည်။။
ချီစက်ကွင်း၏ အဆင့်အကန့်အသတ်ကြောင့် ထိုသည်မှာ သာမန်စစ်သည်များ သို့မဟုတ် လက်ရွေးစင်စစ်သည်များအပေါ်သာ သက်ရောက်ခြင်းဖြစ်နိုင်သည်။
ဝမ်ချောင်ခုလေးတင် သတ်ဖြတ်ခဲ့သော ဂိုဂူလျောစစ်သည်သည် သံသယဖြစ်စရာမလိုဘဲ ဂိုကွာားယ်ူတိုင်းပြည်၏ လက်ရွေးစင်စစ်သည်တစ်ဦးဖြစ်သည်။ ဝမ်ချောင်သည် စစ်မြေပြင်ပျက်စီးခြင်းကို စတင်လိုက်နိုင်ခြင်းမှာ ဂိုဂူလျောတိုင်းပြည်၏ လက်ရွေးစင်စစ်သည်တစ်ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဝမ်ချောင် ရှင်းလင်းတိကျစွာ သိထားသည်။
"ကံကြမ္မာကျောက်စာက ဒီလိုအကျိုးသက်ရောက်မှုလည်း ရှိတယ်လို့ တွေးကြည့်ရင်"
ဤသည်မှာ ကံကြမ္မာကျောက်စာကို စတင်လိုက်သည့်အချိန်တိုင်း၌ ဝမ်ချောင်ရရှိခဲ့သည့် အကြီးမားဆုံးရရှိမှုပင်ဖြစ်သည်။
ချီစက်ကွင်းသည် ခွန်အားကို ဖော်ပြသည်။ ထို့ကြောင့် ဤချီစက်ကွင်းနှင့်အတူ ဝမ်ချောင်သည် ကြီးမားသည့်ခွန်ကို ရရှိမည်ဖြစ်သည်။
"ဒီ စစ်မြေပြင်ပျက်စီးးခြင်းရဲ့ အကျိုးသက်ရောက်မှုကို ငါစမ်းကြည့်သင့်တယ်"
ထိုအတွေးနှင့်အတူ ဝမ်ချောင်သည် စစ်မြေပြင်ပျက်စီးခြင်းကို ထုတ်ဖော်လိုက်သည်။
ဝမြးးးး
တောင်ထွတ်ပေါ်ရှိ တစ်ဦးတစ်ယောက်မျှ ဘာမျှမခံစားကြရပေ။ သို့သော် ဝမ်ချောင်သည် သူ့ခြေဖဝါးအောက်မှ ပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားသော မမြင်နိုင်သည့် လှိုင်းလုံးများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ထိုအရာသည် ကျန့်တစ်ရာပတ်လည်ရှိ နယ်မြေကို ဖုံးလွှမ်းသွားခဲ့သည်။
ဝမ်ချောင်သည် သက်ရောက်နိုင်သည့် အကျယ်အဝန်းပမာဏကြောင့် အံ့အားသင့်သွားခဲ့ရသည်။
သာမန်အခြေခံအဆင့်ချီစက်ကွင်းတစ်ခုသည် အကျယ်အဝန်း ကျန့်သုံးခုမှ လေးခုအထိသာ သက်ရောက်နိုင်သည်။ သို့သော်လည်း စစ်မြေပြင်ပျက်စီးခြင်းသည် အဆင့်-၀ သာရှိသေးသော်လည်း ဤကဲ့သို့ ကြီးမားသည့် အကျယ်အဝန်းအထိ သက်ရောက်နိုင်သည်။
ထိုသည်မှာ အမြင့်ဆုံးအဆင့်သို့ ရောက်သွားခဲ့လျှင် မည်မျှကျယ်ပြန့်သွားမည်ကို စိတ်ကူကြည့်၍ မရလောက်အောင်ပင်ဖြစ်သည်။
ထိုအချိန်တွင် ဝမ်ချောင်သည် နာမည်ထဲမှ 'စစ်မြေပြင်' ၏ ဆိုလိုရင်းကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
"စစ်မြေပြင်ပျက်စီးခြင်းဟာ ငါထင်တဲ့အတိုင်း အတိအကျ ဖြစ်နေရင် သူဟာ တကယ်ပဲ စိတ်ကူးလို့ မရနိုင်ဘူး"
ဝမ်ချောင်သည် စိတ်လှုပ်ရှားစွာ တွေးလိုက်သည်။
ထိုအချိန်တွင် ထိတ်လန့်စရာတစ်စုံတစ်ရာဖြစ်ပျက်သွားခဲ့သည်။
'စစ်မြေပြင်ပျက်စီးခြင်း' ကို စတင်လိုက်သည်နှင့် ဝမ်ချောင်ပတ်ပတ်လည်တွင် မည်သည့်အစိမ်းရောင်ဆူးချွန်ချီစက်ကွင်းမျှ ရှိမနေတော့ပေ။ သို့သော် ကျန်းတစ်ရာ ပတ်ပတ်လည်အတွင်း မမြင်နိုင်သောလှိုင်းများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ဂိုဂူလျောစစ်သည်များတွင် မယုံနိုင်စရာ တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့သည်။
မှေးမှိန်သောအဖြူရောင်လှိုင်းဂယက်သည် ဂိုဂူလျောစစ်သည်များ၏ ခြေဖဝါးအောက်၌ ပေါ်လာခဲ့သည်။ ထိုသည်မှာ သူတို့အားလုံးတွင် ပေါ်လာခဲ့ခြင်းမဟုတ်ပေ။ သို့သော် ထိုအရာသည် ဂိုဂူလျောစစ်သည်များ၏ သန်မာသည့်စစ်သည်အားလုံးနီးပါး၌ ပေါ်လာခဲ့သည်။
ထိုအရာသည် ချီစက်ကွင်းကို မဖွဲ့စည်းရသေးသော အားနည်းသူတချို့၏ ခြေဖဝါးအောက်၌လည်း ပေါ်လာခဲ့သည်။ ခဏအတွင်း သူတို့၏ ကျင့်ကြံခြင်းအဆင့်သည် ရုတ်တရက် အတော်များများ လျော့ကျသွားသည်။
သူတို့၏ခြေဖဝါးအောက်၌ လှိုင်းလုံးများကို မြင်လိုက်သည်တွင် ဝမ်ချောင်သည် ချက်ချင်းပင် ခန့်မှန်းချက်တစ်ခု ထုတ်လိုက်သည်။
*သူတို့တွေအားလုံးက ဂိုဂူလျောတိုင်းပြည်ရဲ့ အရာရှိစစ်သည်တွေပဲ*
ကျန်လူများသည် ဤတာဝန်အတွက် နောက်ဆုံးအချိန်တွင် စေလွှတ်ခံခဲ့ရသော လေလွင့်ကျွမ်းကျင်သူများ ဖြစ်ပေလိမ့်မည်။
"မယုံနိုင်စရာပဲ"
ဝမ်ချောင်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
အမျိုးအစား မတူညီသော သိုင်းချီစက်ကွင်းများသည် သူတို့ကို အသုံးပြုသူအပေါ်၌သာ သက်ရောက်ကြသည်။
ချီစက်ကွင်းများအားလုံးသည် သူတို့ကို အသုံးပြုသူ၏ ခြေဖဝါးအောက်၌သာ ပေါ်လာလေ့ရှိသည်။
ဤသည်မှာ ချီစက်ကွင်းတစ်ခုက အခြားသူများကို ဝင်ရောက်စွက်ဖက်၍ အကျိုးသက်ရောက်စေသည်ကို ဝမ်ချောင်ပထမဆုံးတွေ့ဖူးခြင်းပင် ဖြစ်သည်။ သမာရိုးကျချီစက်ကွင်းများနှင့် မတူသည်မှာ ဤတစ်ခုက ရန်သူ၏ခွန်အားကို ဖိနှိပ်ရန် အထူးရည်ရွယ်ထားတာ ဖြစ်သည်။
အကယ်၍ လူတစ်ယောက်သာ ထိုအရာကို သုံးသပ်ပါက 'ဖိနှိပ်ခြင်းချီစက်ကွင်း' သို့မဟုတ် 'ထိန်းချုပ်ခြင်းချီစက်ကွင်း' ဖြစ်နိုင်သည်ဟု ဆိုပေလိမ့်မည်။
ကမ္ဘာပေါ်တွင် ချီစက်ကွင်း အမျိုးအစားအသစ်တစ်မျိုး ဖြစ်သည်။
------------
Paid Group 2/3ရှိပါတယ်
အပိုင်း ၂၁၅။ ဂိုဂူလျောတို့၏အရှုံး
"ဘာတွေဖြစ်နေတာလဲ"
"ဘာလို့ ငါ့ရဲ့ခွန်အားက ရုတ်တရက်လျော့နည်းသွားခဲ့ရတာလဲ"
"ဘာလို့ ငါ့ရဲ့မူလစွမ်းအင်စီးဆင်းမှုက နှေးကွေးသွားရတာလဲ"
...
ဝမ်ချောင်သည် စစ်မြေပြင်ပျက်စီးခြင်းကို စတင်လိုက်သည်တွင် ကျန်းတစ်ရာပတ်ပတ်လည်အတွင်းရှိ ဂိုဂူလျောစစ်သည်များသည် သူတို့၏ခွန်အားများ ဖိနှိပ်ခံလိုက်ရသည်ကို ရုတ်တရက် တွေ့ရှိလိုက်ရသည်။
အစစ်အမှန်သိုင်းပညာနယ်ပယ်စစ်သည်များသည် သူတို့၏ ဆူးချွန်ချီစက်ကွင်းတိုးတက်မှုမှာ သိသိသာသာ အားနည်းသွားသည်ကို ခံစားလိုက်ရသည်။ ထိုအချိန်တွင် တခြားသော ဂိုဂူလျောစစ်သည်များသည်လည်း သူတို့၏ကျင့်ကြံခြင်းအဆင် နိမ့်ကျသွားသည်ကို သိရှိလိုက်ကြသည်။ ထိုသည်မှာ သူတို့ကို မမြင်ရသည့် စွမ်းအားစုတစ်ခုက ထိန်းချုပ်ထားသကဲ့သို့ပင်ဖြစ်သည်။ သူတို့၏ မူလစွမ်းအင်စီးဆင်းမှုသည် ကန့်သတ်ခြင်းခံလိုက်ရပြီး နှေးကွေးသွားခဲ့သည်။
ဤခံစားမှုသည် လျင်မြန်စွာ စီးဆင်းနေသော မြစ်ချောင်းတစ်ခုထဲသို့ ရွှံ့နွံများ အလုံးအရင်း ပစ်ချလိုက်သကဲ့သို့ပင် သူတို့ကို အလွန်အမင်း မသက်မသာဖြစ်စေသည်။
ကျွမ်းကျင်သူများအကြား တစ်စက္ကန့်သည်ပင် အလွန်အရေးပါလှသည်။ အထူးသဖြင့် ဤကဲ့သို့ အလွန်ကြီးမားသောစစ်မြေပြင်တွင် ဖြစ်သည်။ ရုတ်တရက်ဆိုသလို ဂိုဂူလျောစစ်သည်များသည် စစ်မြေပြင်ပျက်စီးခြင်း၏ သက်ရောက်မှုကြောင့် ကြောက်စိတ်များ ဝင်လာခဲ့သည်။ ထို့နောက် သူတို့အဖွဲ့တစ်ခုလုံးသည် ဖရိုဖရဲအခြေအနေသို့ ကျရောက်သွားကြသည်။
ဝမ်ချောင်အပါအဝင် လူတိုင်းသည် ဂိုဂူလျောတို့အကြားရှိ ထူးခြားချက်ကို လျင်မြန်စွာ သတိပြုမိလိုက်ကြသည်။
"ကောင်းတယ်"
လက်ရှိတွင် ဝမ်ချောင်ထက် ပို၍ ပျော်နေသည့်သူ ရှိတော့မည်မဟုတ်ပေ။ စစ်မြေပြင်ပျက်စီးခြင်း၏ အကျိုးသက်ရောက်မှုသည် သူစိတ်ကူးထားသည်ထက် ပို၍ကြီးမားနေခဲ့သည်။ အရေးကြီးဆုံးအချက်မှာ ယခုအချိန်ထိတိုင် တစ်ယောက်မှ ဤရုတ်ခြည်းအပြောင်းအလဲကို ဖြစ်စေသူသည် သူဖြစ်ကြောင်းဟု မပြောနိုင်ကြခြင်း ဖြစ်သည်။
"သတ်"
ဝမ်ချောင်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး တစ်နေရာတည်းသို့ အဆက်မပြတ်ခုတ်ပိုင်းခြင်းကို အသုံးပြုလျက် ရှေ့သို့ ပြေးထွက်လိုက်သည်။
ထိုကျန်းတစ်ရာပတ်ပတ်လည်တွင် ဖြစ်ပျက်နေတာကို သူ့အသင်းသားများပင် နားမလည်ကြပေ။ ထိုသည်မှာ အခြေအနေသည် သူတို့ဖက်က အသာစီးရလာသည်မှာတော့ ထင်ရှားသည်။
"သတ်..သူတို့အားလုံးကိုသတ်.. သူတို့တစ်ယောက်မှကို မလွတ်စေနဲ့"
တက်ကြွစွာ အော်ဟစ်သံများ ပေါ်လာသည်။ လက်ကျန်ခွန်အားများကို စုစည်းကာ ကျန်သည့်လူများသည် ဝမ်ချောင်နှင့်အတူ ရှေ့သို့ပြေးဝင်တိုက်ခိုက်လိုက်ကြသည်။ ဆန့်ကျင်ဘက် ဖြစ်နေသည်မှာ ယခင်ကရက်စက်ခဲ့သော ဂိုဂူလျောများသည် သူတို့၏ တိုက်ခိုက်ချင်စိတ်များ ဆုံးရှုံးသွားပုံ ပေါ်သည်။ စစ်မြေပြင်ပျက်စီးခြင်း၏ ရိုက်ခတ်မှုသည် သူတို့၏ ခွန်အားများကို များစွာအားနည်းသွားစေသည်။
တိုက်ခိုက်မှုအောက်တွင် ဂိုဂူလျောစစ်သည်များသည် တစ်ယောက်ပြီးတစ်ယောက် ကျဆုံးခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ..ရုတ်တရက်ငါ့ရဲ့မူလစွမ်းအင်တွေက ထိန်းချုပ်လို့မရတော့ဘူး"
"ဒီတော်ဝင်စစ်တပ်အစောင့်အရှောက်တွေက ငါတို့ကို ဘာလုပ်လိုက်တာလဲ"
"သူတို့ကို ဖယ်ရှားဖို့ လေးသခင်တွေကို အချက်ပြလိုက်ကြတော့"
...
ပြင်းထန်စွာ သတိပေးနှိုးဆော်နေကြသော ဂိုဂူလျောစစ်သည်များသည် သူတို့၏ ဘာသာစကားဖြင့် ကျိန်ဆဲလိုက်ကြသည်။
ယင်းးးး
အကွာအဝေးတစ်ခုတွင် နဂါးနှင့်ကျားများကို သတိရစေသော ပြင်းထန်သည့် အော်သံတစ်ခုသည် ပတ်ပတ်လည်ရှိတောင်များထဲမှ တစ်တောင်မှ ထွက်ပေါ်လာခဲ့သည်။
"ဒါကျောက်ရှန်းကျူပဲ"
ဝမ်ချောင် ပျော်ရွှင်ဝမ်းမြောက်စွာ တွေးလိုက်သည်။
"ဒါနည်းပြဆရာကျောက်ပဲ၊ နည်းပြဆရာကျောက် အောင်မြင်သွားခဲ့ပြီ၊ ငါတို့လည်း ငါတို့တာဝန်ကို ကျေပွန်ရမယ်"
ဝမ်းမြောက်စွာဖြင့် ဝမ်ချောင်သည် သူ့ဘေးရှိ ဝံပုလွေနှစ်ကောင်ကို သတ်လိုက်ရင်း ရေရွတ်လိုက်သည်။ တစ်နေရာတည်းသို့ အဆက်မပြတ်ခုတ်ပိုင်းခြင်းကို ထုတ်ဖော်ကာ ဝမ်ချောင်သည် သွေးပျက်နေသည့် ဂိုဂူလျောစစ်သည်တစ်ဦးကို ပြေးဝင်တိုက်ခိုက်လိုက်သည်။
စစ်မြေပြင်ပျက်စီးခြင်းသည် ရန်သူစစ်တပ်အဖွဲ့အစည်း၏ အရာရှိအဖွဲ့ဝင်များကိုသာ သက်ရောက်မှု ရှိသည်။ ထို့ကြောင့် ဝမ်ချောင်သည် အဖြူရောင်လှိုင်းဂယက် ထနေသည့် ပစ်မှတ်များဆီသာ သွားလိုက်သည်။
"စုစည်းပြီး သူတို့ကို ပိတ်ဆို့လိုက်ကြ၊ ဒီလိုမှမဟုတ်ရင် ဒီနေ့ ဒီနေရာကနေ တစ်ယောက်မှ အသက်ရှင်လျက် လွတ်မြောက်နိုင်မှာမဟုတ်ဘူး"
ဤအချိန်တွင် ဂိုဂူလျောတို့အတွက် ယာယီခေါင်းဆောင်သည် ရှေ့ထွက်ရပ်လိုက်ကာ အမိန့်များ စထုတ်တော့သည်။ မကြာမီ သူ၏ဦးဆောင်မှုအောက်တွင် ဂိုဂူလျောတို့သည် ဟန်ချက် ထိန်းလာနိုင်ကြကာ ပြန်လည်ခုခံလာနိုင်သည်။
သို့သော် ခဏအကြာတွင် ဖျက်ဆီးလိုသော တိုက်ခိုက်မှုသည် ပတ်ပတ်လည်ရှိ ပြိုကျနေသော နံရံများမှ လာခဲ့သည်။
ရွှီးရွှီးရွှီး
လေထဲတွင် ဖြတ်သန်းလာသော ကျယ်လောင်သည့် မြားသံများသည် နားစည်ကို ဖောက်ခွဲရန် ခြိမ်းခြောက်နေသည်။ ဒါဇင်ချီသောဝံပုလွေအစွယ်မြားများသည် နံရံအပေါက်မှ ပစ်ခတ် ဝင်ရောက်လာကာ ရက်စက်သည့် အလင်းရောင်နှင့်အတူ မှိန်ဖျော့ဖျော့ လင်းလက်နေခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင် ထိုမြားများသည် မဟာထန်၏ စစ်သည်များသို့ ဦးတည်ခြင်းမဟုတ်ပေ။ ဂိုဂူလျောစစ်သည်များသို့ ဦးတည်ခြင်းဖြစ်သည်။
ပူးး ပူးး ပူးး
ဂိုဂူလျောခုနှစ်ယောက်၊ ရှစ်ယောက်သည် သူတို့၏နှလုံးအိမ်ထဲသို့ ထိုးစိုက်ခံလိုက်ရကာ မြေပေါ်သို့ လဲကျသွားခဲ့သည်။ သူတို့၏ရင်ဘတ်နှင့် ပခုံးများကို ထိုးစိုက်သွားခဲ့သည်သာမက ကြီးမားသောခွန်အားသည် သူတို့ကို ကျန့်ရှစ်ခုခန့် အနောက်သို့ အသာလေး လွင့်သွားစေခဲ့သည်။
ဤသို့အရေးကြီးသည့် အချိန်တွင် ရွှီချီသည် နောက်ဆုံးတွင် ဆင့်၍တင်ထားသော ဝံပုလွေအလောင်းများကို ရွှေ့လိုက်နိုင်ပြီ ဖြစ်သည်။ ထိုဝံပုလွေအလောင်းများသည် မူလက ရန်သူလေးသခင်များ၏ တိုက်ခိုက်မှုကို ကာကွယ်ရန် အသုံးပြုခဲ့ခြင်းဖြစ်သည်။
အတိအကျပြောရသော် ဤသို့အခိုင်အခံ့ ပြုခြင်းကြောင့် အဖွဲ့သည် လေးသခင်များ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း တစ်ချိန်တည်းတွင် ဤအဆောက်အဦသည် သူတို့ကို အားဖြည့်ကူညီခြင်းမှ ကျိုးရွှမ်ကိုလည်း တားဆီးခဲ့သည်။
ထို့ကြောင့် ဝမ်ချောင်သည် ရွှီချီကို ကျိုးရွှမ်၏မြားများအတွက် လမ်းကြောင်းတစ်ခုဖွင့်ရန် အဆောက်အဦအတော်များများရှိ ဝံပုလွေအလောင်းများကို ဖယ်ရှားစေခဲ့ခြင်းဖြစ်သည်။
ဤသည်မှာ သူတို့အဖွဲ့ကို ရန်သူလေးသခင်များ၏ တိုက်ခိုက်ခြင်းမှ အလောင်းအစား ပြုခဲ့ခြင်း ဖြစ်သော်လည်း အခွင့်အရေးနှင့် အန္တရာယ်သည် အတူတကွတွဲ၍လာလေ့ရှိသည်။
"ဒါက ကောင်းမွန်တဲ့အခွင့်အရေးပဲ"
ကျိုးရွှမ်၏ ထောက်ပံ့မှုဖြင့် ဝမ်ချောင်သည် ဆုံးဖြတ်ချက်ပြတ်သားစွာ ရှေ့သို့ ပြေးထွက်လိုက်သည်။ အေးစက်သော အလင်းရောင်မှိန်ပျပျနှင့်အတူ ဝမ်ချောင်၏ဓားသည် ကျန်းတစ်ဆယ်အဝေးရှိ ဂိုဂူလျောစစ်သည်၏ နှလုံးအိမ်သို့ ထိုးသွင်းလိုက်သည်။
ထိုဂိုဂူလျောစစ်သည်သည် အစကတည်းက ကျိုးရွှမ်၏ မြားချက်ကြောင့် ဒဏ်ရာ အပြင်းအထန် ရနေခဲ့ပြီးဖြစ်သည်။ ဤသို့ဖြင့် သူသည် ဝမ်ချောင်၏ တိုက်ခိုက်မှုကို တားဆီးရန် တုံ့ပြန်နိုင်ခြင်းမရှိခဲ့ပေ။
[ဂိုဂူလျောတိုင်းပြည်၏ စစ်သည်နှစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သည့်အတွက် သုံးစွဲသူကို ဂုဏ်ပြုပါသည်]
တစ်ချိန်တည်းတွင် ဝမ်ချောင်ရှေ့ရှိမြင်ကွင်းသည် တွန့်လိမ်သွားခဲ့ကာ သတင်းအချက်အလက် အချို့သည် သူ့ခေါင်းထဲ၌ ပေါ်လာခဲ့သည်။ ဝမ်ချောင် အခုလေးတင် သတ်လိုက်သော ဂိုဂူလျောစစ်သည်သည် ဂိုဂူလျောတိုင်းပြည်၏ အရာရှိစစ်သည်တစ်ဦးဖြစ်ကာ အဖြူရောင်လှိုင်းဂယက်၏ သက်ရောက်ခြင်းကို ခံထားရသူလည်းဖြစ်သည်။
ဟူးးးး တိုက်ခတ်လာခဲ့ပြီး ဝမ်ချောင်၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားခဲ့သည်။ ပြောင်လဲမှုများမှာ မမြင်နိုင်သော်လည်း ဝမ်ချောင်သည် သူဒန်တျန်းအတွင်းရှိ စစ်မြေပြင်ပျက်စီးခြင်း စွမ်းအင်အစုအဝေးသည် အရွယ်အစား ကြီးလာခဲ့ကြောင်း အာရုံခံစားမိသည်။
ထိုသည်သာမက ချီစက်ကွင်း၏သက်ရောက်မှုသည်လည်း သိသိသာသာတိုးလာခဲ့ကြောင်း ဝမ်ချောင်အာရုံခံစားနိုင်သည်။ ထိုသည်မှာ ကျန့်တစ်ရာမှ ကျန့်တစ်ရာ့ငါးဆယ်သို့ တိုးသွားခဲ့သည်။ တစ်ချိန်တည်းတွင် ချီစက်ကွင်းသက်ရောက်မှုအောက်ရှိ ဂိုဂူလျောများသည်လည်း သူတို့အပေါ် ထိန်းချုပ်မှုသည် ပို၍တင်းကြပ်လာသည်ကို ခံစားလိုက်ရသည်။
သူတို့၏ ကျင့်ကြံခြင်းကို ပို၍ပိတ်ပင်လာသည်နှင့် သူတို့၏ ပျာယာခတ်မှုသည် ပို၍ဆိုးလာခဲ့သည်။
"ကြည့်ရတာ စစ်မြေပြင်ပျက်စီးခြင်းရဲ့ တိုးတက်များပြားလာခြင်းကလည်း အရေးပါတာပဲ"
ဝမ်ချောင်သည် ပျော်ရွှင်စွာတွေးလိုက်သည်။
သူသည် ကံကြမ္မာကျောက်စာကို စတင်ခဲ့ပြီး စစ်မြေပြင်ပျက်စီးခြင်းကို ရရှိခဲ့ချိန်တွင် ထိုအရာမှာ အဆင့် ၀ သာရှိသေးသည်။ ဤသည်မှာ ချီစက်ကွင်း၏ အခြေခံအကျဆုံးအဆင့်ဖြစ်သည်။
သူလက်ခံရရှိခဲ့သည့် သတင်းအချက်အလင်များအရ စစ်မြေပြင်ပျက်စီးခြင်း အဆင့် ၁ သို့ တရားဝင်ရောက်ရှိကာ လှိုင်းဂယက်များမှ အစစ်အမှန်ချီစက်ကွင်းဆီသို့ ပြောင်းလဲရန် ရန်သူတိုင်းပြည်များမှ အနည်ဆုံးစစ်သည် အယောက်တစ်ရာကို သတ်ဖြတ်ရပေမည်။
သိုင်းပညာရပ်လမ်းစဉ်တွင် မူလစွမ်းအင်အဆင့် ၉ ၏ လှိုင်းဂယက်များနှင့် အစစ်အမှန်သိုင်းပညာနယ်ပယ်၏ သိုင်းချီစက်ကွင်းအကြား ကြီးမားသောကွာခြားချက်ရှိသည်။
ဝမ်ချောင်သည် ဒုတိယဂိုဂူလျောစစ်သည်ကို သတ်ဖြတ်ခြင်းမှာ သူ၏စွမ်းရည်ကို များစွာ ပြောင်းလဲစေနိုင်လိမ့်မည်မဟုတ်ဟု တွေးထင်ခဲ့သည်။ သို့သော်လည်း စစ်မြေပြင်ပျက်စီးခြင်း၏ စွမ်းဆောင်ရည်မြှင့်တင်မှုသည် သူ၏မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့သည်။
"ချီစက်ကွင်းရဲ့ ကျယ်ပြန့်လွန်းတဲ့အကွာအဝေးအရ စစ်မြေပြင်အတွက် ဖြစ်တယ်ဆိုတာ သံသယရှိစရာမလိုဘူး၊ ဒီလိုနေရာကပဲ သူရဲ့စွမ်းအားအပြည့်အဝကို ထုတ်ဖော်နိုင်လိမ့်မယ်"
ဝမ်ချောင်သည် ခြေဖဝါးအောက်တွင်အဖြူရောင်လှိုင်းဂယက်ပေါ်နေသော ဂိုဂူလျောတပ်သားများသို့ မရောက်မီ တွေးလိုက်သည်။
၀ုန်း...
ဝမ်ချောင်၏ စစ်မြေပြင်ပျက်စီးခြင်းနှင့် ကျိုးရွှမ်၏ မြားမိုးအောက်တွင် ဂိုဂူလျောတို့သည် သူတို့ အနိုင်မရနိုင်တော့ကြောင်း မကြာခင်၌ သိရှိသွားကြသည်။
"နောက်ဆုတ်..မြန်မြန် နောက်ပြန်ဆုတ်"
ဝံပုလွေများ၏အကြားတွင် ပုန်းခိုရင်း ဂိုဂူလျောတပ်သားများသည် တောင်အောက်သို့ လျင်မြန်စွာ နောက်ပြန်ဆုတ်လိုက်ကြသည်။
ဂိုဂူလျောတို့၏ ရှုံးနိမ့်မှုသည် ရုတ်တရက်ရောက်လာခဲ့ပြီး အခုအချိန်ထိတိုင်အောင် မည်သူမျှအခြေအနေကို နားမလည်နိုင်ကြသေးပေ။ သို့သော်လည်း လူတိုင်းသိနေသည့်အရာတစ်ခုမှာ ဤသည်မှာ ပြန်ပေးဆပ်စေရန်အကောင်းဆုံးအချိန်ဖြစ်သည်ဟူ၍ပင်။
ထို့ကြောင့် ဂိုဂူလျောတို့ တောင်အောက်သို့ဆုတ်ခွာနေချိန်တွင် အနောက်၌အလောင်းများ တပုံတခေါင်း ကျန်နေခဲ့သည်။
"ဒါက ကောင်းမွန်တဲ့အခွင့်အရေးတစ်ခုပဲ"
အခွင့်အရေးကို အသုံးချကာ ဝမ်ချောင်သည် နောက်ပြန်ဆုတ်နေသော ဂိုဂူလျောတပ်သားများသို့ တိုက်ခိုက်လိုက်သည်။ တစ်ဖက်တွင် တော်ဝင်စစ်တပ်အစောင့်အရှောက်အနည်းငယ်နှင့် နည်းပြဆရာအချို့သည် ကျောက်ရှန်းကျူ၏ 'လမ်းစဉ်' ကိုလိုက်ကာ တောင်ချောက်ကမ်းပါးမှ အောက်သို့ ဆင်းသွားကြသည်။
တောင်များအကြားတွင် လေးသခင်အနည်းငယ်ကျန်ရှိနေသေးသည်။ ကျောက်ရှန်းကျူတစ်ဦးတည်းဖြင့် သူတို့အားလုံးကို ရှင်းလင်းရန် မလုံလောက်ပေ။
လေးသခင်များအားလုံးကို သတ်ဖြတ်ခြင်းကသာ အဖြူရောင်ကျားတောင်ထွတ်ကို လုံခြုံစေပေလိမ့်မည်။
"နည်းပြဆရာတို့ သူတို့အားလုံးဆုတ်ခွာသွားကြပြီ"
ဝမ်ချောင်နှင့် စုဟန်ရှန်း၏အခန်းထဲတွင် ချန်းပုရန်၏နားများသည် သတင်းကောင်းကို ကြေညာခြင်းမပြုမီ လှုပ်ရှားသွားခဲ့သည်။
ကျိုးရွှမ်၏ အဆင်မပြတ်ပစ်ခတ်မှု၊ ကျောက်ရှန်းကျူ၏ လုပ်ကြံမှု၊ နှင့် အရေးအကြီးဆုံးမှာ အဖြူရောင်ကျားတောင်ထွတ်ပေါ်ရှိ ဂိုဂူလျောတပ်သားများ၏ ရှုံးနိမ့်မှုပင်ဖြစ်သည်။ ထိုအရာများက လေးသခင်များကို ဒီရေသည် သူတို့နှင့်အတူ မရှိတော့ကြောင်းနားလည်သွာစေခဲ့သည်။ ဤသို့ဖြင့် ထွက်ပြေးရန်ခံစားချက်များ သူတို့စိတ်ထဲတွင်မွေးဖွားလာခဲ့သည်။
"ဒါက အခွင့်အရေးကောင်းပဲ၊ ချန်းပုရန် တခြားသူတွေကို ဂိုဂူလျောတပ်သားတွေနောက် အနီးကပ်လိုက်သွားဖို့ပြောလိုက်၊ အဖွဲ့နှစ်ခုက ရောနှောသွားခဲ့ရင် ညအမှောင်ထုအောက်မှာ လေးသခင်တွေတောင် ရန်သူလား မိတ်ဆွေလား ခွဲခြားနိုင်တော့မှာမဟုတ်ဘူး၊ ဒါက ငါတို့အတွက် ပြန်တိုက်ဖို့ အကောင်းဆုံးအခွင့်အရေးပဲ၊ နောက်ပြန်ဆုတ်ဖို့ ငြင်းဆန်နေတဲ့ လေးသခင်တွေကိုတော့၊ သူတို့ကို ငါ့ဆီထားခဲ့"
ကျိုးရွှမ်သည် လက်လက်တောက်နေသည့် မျက်လုံးများဖြင့် ပြောလိုက်သည်။
"ဟုတ်ကဲ့"
ချန်းပုရန် မြန်မြန်ဆန်ဆန်ပြန်ဖြေလိုက်သည်။
ဝမ်ချောင်သည်လည်း ချောက်ကမ်းပါးမှတဆင့် ဆင်းလာခဲ့သည်။ အဖြူရောင်ကျားတောင်ထွတ်အတွက် စိုးရိမ်စရာ မလိုတော့ကြောင်း သူသိသည်။ ထို့အစား ဝေ့ဟိုနှင့် နယ်စားငယ်ရီတို့၏ ကံကြမ္မာကို သူပို၍စိတ်ပူပေသည်။
အခြေအနေကို စမ်းသပ်ရန် ကျောက်တုံးအချို့ ပစ်ချပြီးနောက် ဝမ်ချောင်သည် နွယ်ပင်ကို အသုံးပြုကာ တိတ်တဆိတ် ဆင်းလာခဲ့သည်။ အဖြူရောင်ကျားတောင်ထွတ်ပေါ်သို့ ကျရောက်နေသော မြားများသည် ကျဲပါးသွားပြီဖြစ်သည်။ ကြည့်ရသည်မှာ လေးသခင်အများစုသည် ဆုတ်ခွာသွားပုံပေါ်သည်။ ထို့ကြောင့် ဝမ်ချောင်ဆီစို့ ရောက်လာသော လေးသခင်များ၏အာရုံစိုက်မှုသည် အနည်းငယ်သာ ရှိတော့သည်။
ဟီး...
သူမြေပေါ်ရောက်သည်နှင့် မကြာမီ ဝမ်ချောင်သည် မြင်းဟီသံကို ကြားလိုက်ရသည်။ ညအလင်းရောင်မှိန်ပျပျအောက်တွင် ခုပေါက်ပြေးလွှားလာသည်ကို သူတွေ့လိုက်ရကာ ခရမ်းရောင် မြင်းတစ်ကောင်က သူ့ဘေးသို့ ရောက်လာသည်။ သူ့ခွာရှိအဖြူရောင်အမွေးသည် သိသာထင်ရှားလှသည်။
"အရိပ်ငယ်လေး"
ဝမ်ချောင်သည် အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။
"ကောင်းတယ် အရိပ်ငယ်လေး မင်းအသက်ရှင်နေသေးတာပဲ"
ဝမ်ချောင်၏ မြင်းသည် မြင်းကုန်းနှီး မတပ်ရသေးသောကြောင့် လွတ်လွန်လပ်လပ် ကျန်နေခဲ့သည်။ ထို့ကြောင့် တာ့ခ်နှင့်ဂိုဂူလျောများ တိုက်လိုက်သည်တွင် ဝမ်ချောင်ပင်လျှင် သူဘယ်ရောက်နေသလဲ မသိပေ။
ရန်သူများ လာရောက်တိုက်ခိုက်သည်တွင် ခွာဖြူအရိပ်မြင်းသည် အသက်မရှင်နိုင်ဟု ဝမ်ချောင်တွေးထင်ခဲ့သည်။ သို့သော်လည်း ထိုသည်အတွေးမှာ မှားပုံပေါ်ကာ ဤအကောင်လေးသည် ကပ်ဘေးမှ လွတ်မြောက်နိုင်ခဲ့သည်။
"အရိပ်ငယ်လေး မင်းက အချိန်ကောင်းမှာ ရောက်လာခဲ့တာပဲ၊ငါ မင်းရဲ့ ခွန်အားကို အခုလိုအပ်တယ်"
ဝမ်ချောင်သည် သူ့မျက်နှာကို ပွတ်သပ်ပေးလိုက်သည်တွင် ထိုအကောင်လေးက ဟီသံပြုလိုက်သည်။ ထိုအကောင်လေးသည် ငယ်သေးကာ သူ့အသက်အရွယ်အရ စီးနင်းရန်မ သင့်တော်သေးသော်လည်း ယခုအချိန်တွင် ဝမ်ချောင်အများကြီး ဂရုစိုက် မနေနိုင်တော့ပေ။
အခြားတောင်ထွတ်ပေါ်ရှိအခြေအနေများသည် မရှင်းလင်းသေးပေ။ ယခုအချိန်တွင် ဝေ့ဟို အသက်ရှင်သေးသလား သူမသိပေ။ ထို့ကြောင့် သူတတ်နိုင်သည်မှာ ထိုနေရာသို့ အမြန်ဆုံး ပြေးသွားရန်ပင်ဖြစ်သည်။
ဟူးးး
ဝမ်ချောင်သည် မြင်း၏ကျောပေါ်သို့ ခုန်တက်လိုက်ပြီး ခဏအကြာတွင် လေထဲ၌ ပျံသန်းနေသကဲ့သို့ ခံစားလိုက်ရသည်။
"မြန်တယ်"
ဝမ်ချောင်သည် အံ့အားသင့်သွားခဲ့သည်။ ရုတ်တရက်သူသည် ဤကပ်ဘေးမှ ထိုအကောင်လေး လွတ်မြောက်သွားပုံကို နားလည်လိုက်သည်။
ထိုအကောင်လေးသည် ငယ်သေးသော်လည်း အမြန်နှုန်းမှာ အရွယ်ရောက်ပြီးသော စစ်မြင်းထက်ပင် မြန်ဆန်နေသေးသည်။ အမှန်တွင် ဝမ်ချောင်သည် သူ၏စီးတော်ယဉ်က တာခ့်ဝံပုလွေများထက်ပင် မြန်ဆန်နေသေးသည်ဟု ခံစားနေရသည်။
ဤကဲ့သို့ အမြန်နှုန်းဖြင့် ထိုအကောင်လေးသည် ဝံပုလွေများ၏ ရုတ်ခြည်းတိုက်လိုက်မှုမှ လွတ်မြောက်နိုင်သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။
---------------
Paid Group 1ပြီးပါပြီ
Paid Group 2/3ရှိပါတယ်