← Chapters

အခန်း (၂၂၁-၂၂၅)

Vol. 9 Ch. 221-225

အခန်း (၂၂၁-၂၂၅)

Vol. 9 Ch. 221-225

အပိုင်း ၂၂၁။ နတ်ဘုရားများနှင့်နတ်ဆိုးများကို သုတ်သင်ခြင်းပညာရပ်

သူ့ဘဝနှစ်ခုစလုံးတွင် 'နတ်ဘုရားများနှင့်နတ်ဆိုးများကိုသုတ်သင်ခြင်းပညာရပ်' သည် ဝမ်ချောင်အလိုချင်ခဲ့ဆုံးသော အန္တိမနည်းစနစ်တစ်ခု ဖြစ်သည်။

နေ့တိုင်း စုရှန်ချန်နှင့် လအတန်ကြာ ကျားအတူကစားခဲ့ရခြင်း၏အဓိကအကြောင်းအရင်းမှာ စစ်နတ်ဘုရားဟောင်း၏ အသိအမှတ်ပြုမှုကို ရရှိကာ နတ်ဘုရားများနှင့် နတ်ဆိုးများကို သုတ်သင်ခြင်းပညာရပ်ကို လေ့လာနိုင်ရန်ပင်ဖြစ်သည်။ ဤအန္တိမနည်းစနစ်ကို လွယ်လွယ်ကူကူ ရရှိရန်မှာ မဖြစ်နိုင်သည်ကို ဝမ်ချောင်သိသည်။

သူသည် နတ်ဘုရားများနှင့် နတ်ဆိုးများကို သုတ်သင်ခြင်းပညာရပ်ကို ရရှိရန် ကြိုးစားခဲ့သည့် ပထမဆုံးလူတစ်ယောက် မဟုတ်သကဲ့သို့ နောက်ဆုံးလူလည်းမဟုတ်ပေ။

စုကျန်ချန်သည် သူ့ရှေ့၌ ‌တော်ဝင်နန်းတော်၏ မရေမတွက်နိုင်အောင် များပြားသည့် အဖွဲ့ဝင်များကိုပင်လျှင် ငြင်းပာ်ခဲ့သည်။ သူသည် သူတို့အတွက် သာလွန်သည့်နေရာတွင်ရှိနေသည်မှာ စဉ်းစားရန် အကြောင်းပြချက် မလိုပေ။ ထို့ကြောင့် ဝမ်ချောင်သည် သူ၏ ဤဆန္ဒကို တစ်ချက်တည်း ဖြစ်မြောက်လာလိမ့်မည်ဟု ဘယ်တုန်းကမှ အိပ်မက်မက်ခဲ့ခြင်း မရှိပေ။

သို့သော် အဘယ့်ကြောင့်နည်း။

သူ့ကို စုကျန်ချန်ပေးခဲ့သည့် လက်ဆောင်မှာ ရိုးရှင်းသည့် အဖြူရောင်ကျောက်တုံးတစ်တုံးသာမက နတ်ဘုရားများနှင့် နတ်ဆိုးများကို သုတ်သင်ခြင်းပညာရပ်ကော ပါနေသည်လော။

ဤဖြစ်နိုင်ခြေသည်ပင်လျှင် ဝမ်ချောင်၏နှလုံးသားကို ပြင်းထန်စွာခုန်စေလေသည်။

တာ့ခ်များနှင့် ဂိုဂူလျောတို့၏ မနေ့ကလုပ်ကြံတိုက်လိုက်မှုသည်ပင်လျှင် သူ၏စိတ်ခံစားချက်ကို ဤကဲ့သို့ လှုပ်ခါနိုင်ခြင်း မရှိခဲ့ပေ။ သို့သော် ယခုတွင် သူသည် သူ၏ ယခင်စိတ်တည်ငြိမ်မှုကို ထိန်းသိမ်းရန်ခက်ခဲနေသည်ကို တွေ့ရှိလိုက်ရသည်။

ဟူးးးး

သူသည် သက်ပြင်းရှည်ကြီးမှုတ်ထုတ်လိုက်ပြီးမှသာ သူ့ကိုယ်သူထိန်းချုပ်လိုက်နိုင်သည်။ ထို့နောက် တုန်လှုပ်မှုနှင့် ပြည့်နေသော နှလုံးသားကိုသယ်ဆောင်က ဝမ်ချောင်သည် လက်သည်းအရွယ် ကျောက်တုံးဖြူထဲသို့ မူလစွမ်းအင်ကို ထိုးသွင်းလိုက်သည်။

ဝမြးးးး

ထိုတစ်ခဏသည် ဝမ်ချောင်အတွက် တစ်ကမ္ဘာလောက် ကြာသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် အဖြူရောင်ကျောက်တုံးသည် မည်သည့်တုံ့ပြန်မှုမှ မပြပေ။ လုံးဝမတုံ့ပြန်‌ပေ။

"ငါလွဲမှားစွာ နားလည်ထားတာလား"

ဝမ်ချောင်သည် လက်ကို မြှောက်လိုက်သည်။ သူ့မျက်နှာထက်တွင် မည်သည့်အမူအရာမှ မပေါ်ပေ။ သို့သော် စိတ်ထဲတွင်တော့ မတတ်နိုင်စွာ စိတ်ပျက်မိသွားသည်။

"ထင်ထားသလိုပဲ နတ်ဘုရားများနှင့် နတ်ဆိုးများကို သုတ်သင်ခြင်းပညာရပ်က ရရှိဖို့မလွယ်ဘူး"

စီနီယာဟောင်းစုကျန်ချန်၏ အဖြူရောင်ကျောက်တုံးသည် စေတနာဖြင့် သူ့ကို လမ်းမှားသို့ မရောက်စေရန် သတိပေးချက်တစ်ခုမျှသာဖြစ်သည်။

သူသည် ထိုကျောက်တုံးပေါ်တွင် အတွေးလွန်နေခဲ့ခြင်းဖြစ်သည်။

ဝမ်ချောင်၏မျက်လုံးများသည် စိတ်ပျက်မှုဖြင့် မဲမှောင်သွားသည်။ ထိုအချိန်တွင်

၀ုန်း

အဖြူရောင်ကျောက်တုံးသည် ရုတ်ခြည်းသေးငယ်သောလှိုင်းများကို ထုတ်လွှတ်လာခဲ့သည်။

ထိုသည်မှာ သေးငယ်ပြီးထင်ရှားခြင်းမရှိသောအဖြူရောင်ကျောက်တုံးသည် ကြီးများသည့် ပြောင်းလဲမှုတစ်ခုနှင့် ကြုံတွေ့နေရပုံပေါ်သည်။ ထိုသည်မှာ အဖြူရောင်ကျောက်တုံးမျှသာ မဟုတ်တော့ဘဲ အဆုံးမဲ့နေရာလွတ်များကိုလည်း ဖုံးကွယ်ထားခဲ့သည်။

ထိုနေရာလွတ်၏ အနက်ပိုင်းတွင် ထက်မြိသော၊ အထီးကျန်ဆန်သော နှင့် အထက်စီးဆန်သော အောင်နိုင်သူတစ်ယောက်၏ စိတ်ဆန္ဒများရှိနေသည်။ နတ်ဘုရားများ၏အလိုကို ချေမှုန်းလိုသည့် ရည်ရွယ်ချက်၊ နတ်ဘုရားများနှင့် သက်ရှိအားလုံးတို့၏ ပုံစံသည် ဝမ်ချောင်လက်ချောင်းမှဆင့် စီးဆင်းသွားခဲ့ကာ ဝမ်ချောင်၏ခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။

သူ၏ခန္ဓာကိုယ်သည် အေးစက်သွားခဲ့သည်။ ကျော်လွှား၍ မရနိုင်အောင်ကြီးမားလှသည့် ဓားဆန္ဒအောက်တွင် ဝမ်ချောင်သည် လုံးဝလှုပ်ရှားနိုင်ခြင်းမရှိတော့ပေ။

"သက်ရှိများကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းပညာရပ်"

ဤထက်မြိပြီး အထီးကျန်ဆန်သော ဓားဆန္ဒထွက်ပေါ်လာခြင်းနှင့်အတူ ဝမ်ချောင်ယခင်က မတွေ့ခဲ့ဖူးသော ပုံသေနည်းတစ်ခုသည် သူ့စိတ်ထဲတွင်ပေါ်လာခဲ့သည်။ ဤပုံသေနည်းသည် စကားလုံးတစ်ရာသာ ပါရှိသည်။ ထိုသည်မှာ ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒများဖြင့် ပြည့်နှက်နေလေသည်။ သူ့အရင်ဘဝက တွေ့ခဲ့ဖူးသော အရာအားလုံးထက်ကျော်လွန်နေခဲ့သည်။

သူ မှန်ပေသည်။ သူ့ထင်မြင်ယူဆချက်သည် မှန်ပေသည်။ အကြီးအကဲစုကျန်ချန် သူ့ကိုပေးခဲ့သော အဖြူရောင်ကျောက်တုံးတွင် အမှန်ပင် တစ်စုံတစ်ခုကို ဖုံးကွယ်ထားခဲ့သည်။

ထိုခဏအတွင်း ဝမ်ချောင်သည် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

"ဒါကောင်းတယ်"

သူသည် လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်လိုက်၏။ 'နတ်ဘုရားများနှင့် နတ်ဆိုးများကို သုတ်သင်ခြင်းပညာရပ်' နှင့် 'မဟာယင်ယန်ကောင်းကင်ဘံဖန်တီးခြင်းပညာရပ်' သူသည် ဤအန္တိမပညာရပ်များကို အမှန်တကယ်ပင် ရရှိနိုင်ခဲ့ပြီဖြစ်သည်။ နှစ်ဘဝစလုံးရှိ ဝမ်ချောင်၏ဆန္ဒများသည် ပြည့်မြောက်သွားခဲ့ပြီဖြစ်သည်။

မဟာယင်ယန်ကောင်းကင်ဘုံဖန်တီးခြင်းပညာရပ်သည် သူ့ကို မူလစွမ်းအင်များကို လျင်မြန်စွာ စုဆောင်းနိုင်စေကာ အချိန်တိုအတွင်း ကျင့်ကြံခြင်းအဆင့် ချိုးဖောက်စေနိုင်သည်။ အခြားတစ်ဖက်တွင် နတ်ဘုရားများနှင့် နတ်ဆိုးများကို သုတ်သင်ခြင်းပညာရပ်သည် သူ၏ကျင့်ကြံခြင်းအဆင့်ကို နှစ်ဆင့်တိုးလာစေနိုင်သည်။

ဤအန္တိမနည်းစနစ်နှစ်ခုဖြင့် သိုင်းပညာရပ်များအတွက် သူ၏အစီအစဉ်သည် အခြေခံအားဖြင့် ပြီးမြောက်ခဲ့ပြီဖြစ်သည်။

"ခဏလေး"

ဝမ်ချောင်သည် အပျော်များဖြင့် ပြည့်နှက်နေခဲ့ပြီး ထိုကိစ္စအပေါ်အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူသည် တစ်စုံတစ်ခုလွဲမှားနေသည်ကို ရုတ်တရက် နားလည်လိုက်သည်။

"သက်ရှိများကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းပညာရပ် တဲ့လား အဲဒါက နတ်ဘုရားများနှင့် နတ်ဆိုးများကို သုတ်သင်ခြင်းပညာရပ်မဟုတ်ဘူးလား"

သူတို့သည် 'ပညာရပ်' များဖြင့် အစပြုထားကြသော်လည်း ဝမ်ချောင်သည် ဤပုံသေနည်းမှာ ဒဏ္ဍာရီလာ နတ်ဘုရားများနှင့် နတ်ဆိုးများကို သုတ်သင်ခြင်းပညာရပ် မဟုတ်ကြောင်း သိရှိလိုက်သည်။ ('Art Of God And Demon Obligation' နဲ့ 'Art Of Life Massacre' နှစ်ခုစလုံးက Art နဲ့ အရင်စထားတာကို ဆိုလိုတာပါ။ မြန်မာလိုပြန်ရင်သာ ပညာရပ်ကို နောက်ဆုံးမှာထားတာကြောင့် အတူတူတွေပါပဲ လို့ထင်ရပေမဲ့ 'ယင်ယန်ငယ်ပညာရပ်' ကျတော့ 'Little Yinyang Art' ဆိုပြီး Art နောက်ဆုံးမှာထားပါတယ်။)

နောက်ထပ် နှစ်‌ကြိမ်လောက် ပြန်စစ်လိုက်ပြီးနောက် ထိုသည်မှာ တကယ်ပင် 'သက်ရှိများကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းပညာရပ်' ဖြစ်ပြီး 'နတ်ဘုရားများနှင့် နတ်ဆိုးများကို သုတ်သင်ခြင်းပညာရပ်' မဟုတ်ပေ။

"ဒါက ထူးဆန်းတယ်"

မျက်မှောင်ကြုတ်လိုက်ကာ အတွေးနက်သွားပြီး ဝမ်ချောင်သည် သူ့ခန့်မှန်းချက်မှာ အနည်းငယ် လွဲနေသည်ကို သိလိုက်သည်။ အကြီးအကဲစုကျန်ချန်သည် သူ့ကို နည်းစနစ်တစ်ခု အမှန်တကယ်ပင် ပေးခဲ့သည်။ သို့သော် ထိုသည်မှာ သူထင်နေသည့်တစ်ခုမဟုတ်ပေ။

"သက်ရှိများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းပညာရပ် လား အဲဒါကဘာလဲ"

သူ့ခေါင်းကို ငုံ့လိုက်ကာ သူပို၍တွေးတောလိုက်သည်။ စုကျန်ချန်၏ ဒဏ္ဍာရီများသည် အများအပြားရှိပြီး သူတို့သည်လည်း အလွန်အသေးစိတ်လှသည်။ သူ၏ယခင်ဘဝမှ မှတ်ဉာဏ်ကို အသုံးမပြုလျှင်ပင် ပြည်သူများအကြားပြောဆိုနေသည့် ဇာတ်လမ်းများမှ အလွယ်တကူ သိရှိနိုင်လေသည်။ သို့သော်လည်း သူတို့ထဲတွင် 'သက်ရှိများကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းပညာရပ်' ရှိပုံမပေါ်ပေ။

ဤသည်မှာ မည်သို့သော နည်းစနစ်နည်း။

ဤသည်မှာ စုကျန်ရှန်မကြာသေးခင်ကမှ သဘောပေါက်ခဲ့သော နည်းစနစ်လော။ ဤသည်မှာ ယခင်ကလူအများကြားချမပြခဲ့သော လျှို့ဝှက်နည်းစနစ်လော။

"ခဏလေး"

ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရလိုက်ကာ ဝမ်ချောင်၏ မျက်လုံးထဲတွင် ထူးဆန်းသည့် အလင်းရောင် ထွက်ပေါ်လာလေသည်။

"သက်ရှိများကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းပညာရပ်..နတ်ဘုရားများနှင့် နတ်ဆိုးများကို သုတ်သင်ခြင်းပညာရပ်..သက်ရှိများ၊ နတ်ဘုရားနဲ့နတ်ဆိုးများ၊ ဒါက ဒီနည်းစနစ်နှစ်ခုက တကယ်တော့ တစ်ခုတည်းဖြစ်ပြီး အတူတူဖြစ်နိုင်လား"

'ယင်ယန်ငယ်ပညာရပ်' နှင့် 'မဟာယင်ယန်ကောင်းကင်ဘုံဖန်တီးခြင်းပညာရပ်' ကို သတိရလိုက်ကာ သူ့စိတ်ထဲတွင် အတွေးသစ်တစ်ခုပေါ်လာခဲ့သည်။ မဟာယင်ယန်ကောင်းကင်ဘုံဖန်တီးခြင်းပညာရပ်ကို ကျင့်ကြံနိုင်ရန် လူတစ်ဦးသည် ယင်ယန်ငယ်ပညာရပ်မှ စတင်ရသည်။ ယင်ယန်ငယ်ပညာရပ်သည် အခြေခံပုံသေနည်းဖြစ်ပြီး မဟာကောင်းကင်ဘုံဖန်တီးခြင်းပညာရပ်သည်တော့ တိုးမြင့်လာသော ပုံသေနည်းကာ ပြီးပြည့်စုံသောပုံ စံဖြစ်သည်။

နတ်ဘုရားများနှင့် နတ်ဆိုးများကို သုတ်သင်ခြင်းသည်လည်း အတူတူဖြစ်နိုင်၏လော။

ထိုသို့တွေးလိုက်သည်တွင် ဝမ်ချောင်၏မျက်လုံးများသည် နောက်တစ်ကြိမ် ဖြည်းဖြည်းချင်း တောက်ပလာပြန်သည်။ သူပို၍တွေးလေ ထိုသို့ပို၍ဖြစ်နိုင်လေပင်ဖြစ်သည်။

နတ်ဘုရားများနှင့် နတ်ဆိုးများကို သုတ်သင်ခြင်းပညာရပ်နှင့် မဟာယင်ယန်ကောင်းကင်ဘုံဖန်တီးခြင်းနည်းစနစ်တို့သည် တူညီသောအရည်အသွေးရှိသည့် အန္တိမနည်းစနစ်များ ဖြစ်ကြသည်။ အကယ်၍ မဟာယင်ယန်ကောင်းကင်ဘုံဖန်တီးခြင်းပညာရပ်သည် ထိုကဲ့သို့စည်းမျဉ်းကို လိုက်နာပါက နတ်ဘုရားများနှင့် နတ်ဆိုးများကို သုတ်သင်ခြင်းပညာရပ်သည်လည်း ထိုကဲ့သို့ အတူတူဖြစ်နိုင်ချေများသည်။

ထိုအချိန်တွင် ဝမ်ချောင်သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။ သူ၏ယခင်ဘဝကို သတိရလိုက်ကာ စုကျန်ချန်ထွက်သွားပြီးနောက်(ကွယ်လွန်လို့ယူဆရ) ကောလာဟလတစ်ခုရှိခဲ့သည်။ ထိုသည်မှာ စုကျန်ချန်၏ နတ်ဘုရားများနှင့် နတ်ဆိုးများကို သုတ်သင်ခြင်းပညာရပ်သည် အမှန်တကယ်တွင် မတူညီသော အန္တိမနည်းစနစ်နှစ်ခုပါဝင်နေခဲ့သည်။ တစ်နည်းဆိုရသော် ထိုသည်မှာ အန္တိမနည်းစနစ်နှစ်ခုကို ပေါင်းစပ်ထားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ကောလာဟလသည် သံသယဖြစ်ဖွယ်ဖြစ်ပြီး ဤသဘောတရားအတွက် မည်သည့်သက်သေမျှ မရှိခဲ့ပေ။ ထို့ကြောင့် ထိုအချိန်တုန်းက ထိုသည်ကို မည်သူမျှမယုံခဲ့ကြပေ။

သို့သော်လည်း ယခုတွင် ဝမ်ချောင်သည် ထိုသည်ကို ယုံကြည်နေပြီဖြစ်သည်။

"ဒါနဲ့ပတ်သက်ပြီး မှားစရာမရှိဘူး၊ ဒီလိုပဲဖြစ်ရမယ်..အကြီးအကဲစုကျန်ချန်က ငါ့ကို အဓိပ္ပာယ်မရှိတဲ့ နည်းစနစ်ကို ပေးစရာ အကြောင်းမရှိဘူး"

သူထိုအကြောင်းကိုပို၍တွေးလေ သူ၏ယူဆချက်မှာ မှန်ကန်သည်ဟု ခံစားရလေပင်ဖြစ်သည်။

ဝမ်ချောင်၏ မူလစွမ်းအင်အဆင့် ၇ မှာ အလွန်နိမ့်ကျနေသေးသည်။ ထိုသည်မှာ သူ့မိတ်ဆွေများကြားတွင် လုံလောက်သော်လည်း ဤကဲ့သို့ ထိပ်တန်းနည်းစနစ်ကို ကျင့်ကြံရန် မလုံလောက်သေးပေ။

စုကျန်ချန်သည် နတ်ဘုရားများနှင့် နတ်ဆိုးများကို သုတ်သင်ခြင်းပညာကို သူ့ဆီ ယခုပေးလိုက်ပါက သူသည် ထိုအရာကို ကျင့်ကြံနိုင်မည် မဟုတ်ပေ။ ထိုသည်မှာ သူ့ဆရာ မကောင်းဆိုးဝါးဧကရာဇ်က သူ့ကို မဟာယင်ယန်ကောင်းကင်ဘုံဖန်တီးခြင်းပညာရပ်အစား ယင်ယန်ငယ်ပညာရပ်ကို ပေးလိုက်သကဲ့သို့ပင် ဖြစ်သည်။

"ကောင်းတယ်၊ ပြီးခဲ့တဲ့လတွေတုန်းက ငါ့ရဲ့ကြိုးစားအားထုတ်မှုက တန်တယ်"

ဝမ်ချောင်သည် ပျော်ရွှင်စွာ တွေးလိုက်သည်။

သူသည် အခြေခံပုံစံကိုသာ ရရှိခဲ့သော်လည်း ထိုသည်မှာ ကြီးမားသည့် ရိတ်သိမ်းမှုတစ်ခုဖြစ်သည်။ စုကျန်ချန်သည် သူ့ကို သက်ရှိများကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းပညာရပ်ကို သင်ပေးရန် ဆန္ဒရှိသဖြင့် နတ်ဘုရားများနှင့်နတ်ဆိုးများကို သုတ်သင်ခြင်းပညာရပ်ကိုလည်း သင်ပေးရန် ဆန္ဒရှိပေလိမ့်မည်ဖြစ်သည်။

"ဒါပေမဲ့လည်း အကြီးအကဲစုဟန်ချန်ရဲ့စိတ်ကို ရုတ်ခြည်းပြောင်းလဲစေခဲ့တဲ့အရာက ဘာများလဲ"

အောင်ပွဲခံပြီးနောက် ဝမ်ချောင်သည် တည်ငြိမ်သွားခဲ့ကာ ပဟေဠိဖြစ်နေသည့် အမူအရာတစ်ခုက သူ့မျက်နှာထက်၌ ပေါ်လာခဲ့သည်။

နတ်ဘုရားများနှင့် နတ်ဆိုးများကို သုတ်သင်ခြင်းပညာရပ်သည် သူ့ယခင်ဘဝတွင် ရရှိရန် မဖြစ်နိုင်သလောက်နီးပါး ခက်ခဲသည်ဟု ကျော်ကြားသည်။ သူသိခဲ့ရသည်ကို အခြေခံရလျှင် စုကျန်ချန်၏ စမ်းသပ်မှုကို ခံယူခဲ့သော အရည်အချင်းနှင့်ဉာဏ်အမြော်အမြင်ရှိသည့် လူများသည် နောက်ဆုံးတွင် စိတ်ပျက်ခြင်းဖြင့်သာ လက်လျှော့ခဲ့ကြရသည်။

အကယ်၍ ထိုအရာသာရရှိရန်လွယ်ကူနေပါက သူ့ယခင်ဘဝတွင် ထိုအရာမှာ စုကျန်ချန်နှင့်အတူ ပျောက်ကွယ်သွားမှာ မဟုတ်ပေ။ တော်ဝင်အမျိုးအနွယ်များ၊ ဆက်ခံသူလူငယ်များ၊ အထက်တန်းမျိုးနွယ်များနှင့် သိုင်းပညာရပ်ပါရမီရှင်များသည်လည်း ထိုအပေါ် ပူပင်သောက ရောက်နေလိမ့်မည်မဟုတ်ပေ။

ဝမ်ချောင်သည် ယခင်စစ်သေနာပတိချုပ်နှင်အတူ လအတန်ကြာ ကျားကစားခြင်းဖြင့် အချိန် ကုန်ဆုံးခဲ့သော်လည်း အခြားသူများ၏ စုကျန်ချန်ကို သိမ်းသွင်းရန် အားထုတ်ခဲ့ခြင်းနှင့်ယှဉ် သူ၏အားထုတ်မှုမှ ဘာမျှမဟုတ်ပေ။ စုကျန်ချန်သည် သူ့ကို ချို့ယွင်းချက်ထား၍ နည်းစနစ်ကို အလွယ်တကူသင်ပေးစရာ အကြောင်းမရှိပေ။

"ဒါက ဒေသဆိုင်ရာတပ်မှူးတွေရဲ့ အဖြစ်အပျက်ကြောင့်ဖြစ်နိုင်လား"

ယခုထိုအကြောင်းကို တွေးကြည့်လိုက်သည်တွင် ထိုအရာကသာ စုကျန်ချန်၏ နှလုံးသားကို လှုပ်ရှားစေခဲ့ခြင်းမှာ ဖြစ်နိုင်လေသည်။

စုကျန်ချန်သည် သူ့ဘ၀တွင် ကြီးစွာသော မတရားမှုများကို ခံစားခဲ့ရသော်လည်း သူ့တိုင်းပြည်အပေါ် သစ္စာစောင့်သိမှုမှာ ဘယ်သောအခါမှ လျော့နည်းခဲ့ခြင်းမရှိပေ။ သူသည် သူချစ်သည့် တိုင်းသူပြည်သားများအတွက် စစ်မြေပြင်တွင်တိုက်ခိုက်ရင်း သူ့ဘဝကိုပင် ပေးခဲ့သေးသည်။

ထိုကဲ့သို့ လေးစားစရာကောင်းသည့် ပုဂ္ဂိုလ်သည် တပည့်လက်ခံရာတွင် ပါရမီတစ်ခုတည်းကိုသာ ကြည့်လိုက်မည်မဟုတ်ပေ။

ဝမ်ချောင်စဉ်းစားနိုင်သည့် တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ သူတင်ပြခဲ့သည့် စာချွန်လွှာပင်ဖြစ်သည်။ ထိုအရာကသာ စုကျန်ချန်က တခြားသူများထဲမှ သူ့ကို လက်ခံခဲ့သည်ကို ရှင်းပြနိုင်ပေလိမ့်မည်ဖြစ်သည်။

"ပြောရရင် ငါရဲ့လုပ်ဆောင်မှုတစ်ခုတည်းက စုကျန်ချန်ရဲ့ အသိအမှတ်ပြုမှုကိုလည်း ရရှိခဲ့တာပဲ"

နားလည်လာသည်နှင့် ဝမ်ချောင်သည် ရှုပ်ထွေးသည့်ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

ထိုအချိန်တုန်းက သူစာလွှာပိုခဲ့ခြင်းအတွက် သူတွေးခဲ့သည့်အရာအားလုံးမှာ အနာဂတ်တွင် ဖြစ်လာမည့်ကပ်ဘေးကို မည်သို့ ဟန့်တားရမည် ဟူ၍သာဖြစ်သည်။ သို့တိုင် ဤလုပ်ဆောင်ချက်တစ်ခုသည် စုကျန်ချန်၏ အသိအမှတ်ပြုမှုကို ရရှိရန် တွန်းအားတစ်ခုဖြစ်ခဲ့သည်။

ထိုအဖြစ်အပျက် မရှိခဲ့လျှင် စုကျန်ချန်နှင့်အတူ နောက်ထပ်နှစ်ဝက်ကာ အချိန်ဖြုန်းခဲ့လျှင်တောင် ဝမ်ချောင်အတွက် ထူးထူးခြားခြား တစ်စုံတစ်ရာ ပြီးမြောက်သွားလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း တစ်ဖက်လူ၏အကြောင်းကိုသိနေသောကြောင့် စမ်းသပ်မှုသည် ဤအရာဖြင့် ပြီးသွားလိမ့်မည် မဟုတ်ပေ။ ပုံသေနည်းတစ်လုလုံးကို ရရှိရန် သူသည် ပို၍အားထုတ်ရပေလိမ့်မည်။

"ဘယ်လိုပဲဖြစ်ဖြစ် နတ်ဘုရားများနှင့်နတ်ဆိုးများကို သုတ်သင်ခြင်းပညာရပ် အပြည့်အစုံကို ငါရမှဖြစ်မယ်"

ဝမ်ချောင်သည် တည်ငြိမ်သွားခဲ့ကာ အဖြူရောင်ကျောက်တုံးကို တင်းကျပ်စွာဆုပ်ကိုင်ထားလိုက်သည်။ မသိစိတ်မှ အခန်းသို့ ဝေ့ကြည့်လိုက်သည်တွင် စုဟန်ရှန်းသည် မနက်စောစော အခန်းထဲမှ ထွက်ခွာသွားခဲ့ကြောင်း သူသိလိုက်သည်။

ကျန်နေခဲ့သည်မှာ သွေးများဖြင့် ပြည့်နှက်နေသည့် သူ၏ဝတ်ရုံပင်ဖြစ်သည်။

"သူက ခွန်းဝူရဲ့အဓိကတောင်ထွတ်မှာရှိတဲ့ ကျင့်ကြံခြင်းအခန်းငယ်မှာပဲဖြစ်ရမယ်"

ဝမ်ချောင်ခန့်မှန်းလိုက်သည်။ ခွန်းဝူလေ့ကျင့်ရေးစစ်စခန်း၏ အဓိကတောင်ထွတ်ပေါ်တွင် ပတ်ပတ်လည်မှ မူလစွမ်းအင်များကို စုစည်းပေးသည့် ဝင်္ကဘာတစ်ခုရှိသည်။ ထို့ကြောင့် ထိုနေရာတွင် လူတစ်ယောက်၏ ကျင့်ကြံခြင်းကို ပို၍မြန်ဆန်စေသည်။

ထိုနေရာမှာ စခန်းတစ်ခုလုံးတွင် အကျော်ကြားဆုံးနေရာဖြစ်ကာ စုဟန်ရှန်းသည်လည်း ထိုနေရာတွင် ရှိနေနိုင်ခြေ များသည်။

---------------

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အပိုင်း ၂၂၂ နောက်ဆက်တွဲရှင်းလင်းခြင်း

အခန်းထဲတွင် သူ့ကို နှောင့်ယှက်မည့်သူ တစ်ဦးမှ မရှိသဖြင့် ဝမ်ချောင်သည် အတွေးများကို လျင်မြန်စွာ တည်ငြိမ်စေလိုက်ကာ ခေါင်းထဲတွင် စကားလုံးတစ်ရာကို စတင်ဖတ်ရှုအဓိပ္ပာယ်ဖော်လိုက်သည်။

သက်ရှိများကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းပညာရပ်သည် အန္တိမနည်းစနစ်တစ်ခု၏ အခြေခံပုံစံ ဖြစ်သည်။ ထိုသည်မှာ စကားလုံးတစ်ရာသာပါဝင်သော်လည်း ရည်ရွယ်ချက်နှင့် နက်နဲသိမ်မွေ့မှုတွင် ဝမ်ချောင်ယခင်ကလေ့လာခဲ့သည့် နည်းစနစ်များထက် သာလွန်ပေသည်။

"သက်ရှိများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းပညာရပ်က လူတစ်ယောက်ရဲ့ လမ်းကြောင်းမှာ ရပ်နေတဲ့ သက်ရှိအားလုံးကို သတ်ဖြတ်တာပဲ၊ အကြီးအကဲစုဖန်တီးခဲ့တဲ့ ဒီနည်းစနစ်က အတော်လေးကို အထက်စီးဆန်တာပဲ၊ သူက ဒါကို တခြားသူတွေကို သင်ပြပေးဖို့ ဘာလို့ဂရုစိုက်နေရသလဲဆိုတာ အံ့ဩစရာ မရှိတော့ဘူး"

ဝမ်ချောင်တွေးလိုက်သည်။

ဤကျင့်စဉ်သည် သက်ရှိများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းပညာရပ်၏ ပထမဆုံးအလွှာသာ ရှိသေးသည်။ အဖြူရောင်ကျောက်တုံးအတွင်း ပါဝင်နေသည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများကို ကြည့်ပြီး ဆုံးဖြတ်ရလျှင် အတွင်း၌ ပို၍မြင့်မားသောအဆင့်မှ ကျင့်စဉ်တစ်ခု ပုန်းကွယ်နေသေးသည်မှာ ဖြစ်နိုင်ခြေများသည်။ သို့သော်လည်း ဤစကားလုံးတစ်ရာမှ ခမ်းနားထည်ဝါမှုနှင့် လွှမ်းမိုးလိုမှု စိတ်ဆန္ဒများသည်ပင် လူတစ်ဦးကို ထိတ်လန့်သွားစေရန် လုံလောက်ပေသည်။

'အကြင်နာတရားကင်းမဲ့သော ကောင်းကင်ဘုံ၏ အမြင်တွင် သက်ရှိများသည် ဖုန်မှုန့်ထက်မပို‌ပေ'

ဤသည်မှာ လောက၏အစစ်အမှန်အနှစ်သာရဖြစ်သည်။

ဤသည်မှာ စုကျန်ချန်၏စကားလုံးတစ်ရာကျင့်စဉ်တွင် စီးဆင်းနေသည့်အစစ်အမှန်စိတ်ဆန္ဒ ဖြစ်သည်။ ထိုကျင့်စဥ်မှာ ခမ်းနားထည်ဝါသည့် အရှိန်အဝါကို သယ်ဆောင်ထားခဲ့သည်။ ထိုကျင့်စဉ်၏ အမြင်တွင် သက်ရှိများအားလုံးသည် ဖုန်မှုန်ထက် ဘာမျှမပိုပေ။

အကယ်၍ ဤသည်မှာ ပထမဆုံးအလွှာသာရှိသေးလျှင် နတ်ဘုရားများနှင့်နတ်ဆိုးများကို သုတ်သင်ခြင်းပညာရပ်နည်းစနစ်၏နောက်ဆုံးအလွှာကို ကျွမ်းကျင်သွားခဲ့ပါက လူတစ်ယောက်သည် မည်မျှအားကောင်းလာမည်ကို စိတ်ကူးကြည့်ရန် ခက်ခဲပေမည်။

ဝမ်ချောင်သည် ငြိမ်သက်တိတ်ဆိတ်သည့်အခြေအနေသို့ ရောက်ရှိရန်အချိန်အကြာကြီးမယူလိုက်ရ‌ပေ။ သူ၏အာရုံတစ်ခုလုံးသည် နည်းစနစ်ကို ဖတ်ရှုဖော်ထုတ်ရန်နှင့် နားလည်သဘောပေါက်ရန် အာရုံစိုက်ထားလိုက်သည်။ သိုင်းပညာရပ်တစ်ခုသည် ပို၍နက်နဲသိမ်မွေ့လေ နားလည်သဘောပေါက်ရန် ပို၍ခက်ခဲလေပင် ဖြစ်သည်။ တခြားရှု့ထောင့်မှကြည့်ရလျှင် ဤသည်မှာ စုကျန်ချန်၏ အခြားစမ်းသပ်မှုဖြစ်နိုင်သည်။

အချိန်သည် တိတ်ဆိတ်စွာ ကုန်ဆုံးသွားခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူ၏အတွေးများသည် ခြေကုန်လက်ပမ်း ကျလာတော့သည်။ သူ့မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။

"ကြည့်ရတာ ငါဒီမှာ ခဏရပ်ရတော့မယ်ထင်တယ်၊ စုကျန်ချန်ရဲ့သိုင်းပညာရပ်က စိတ်အတော် ပင်ပန်းစေတာပဲ"

ဝမ်ချောင် မှတ်ချက်ချလိုက်သည်။

သက်ရှိများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းပညာရပ်သည် သူ့ဆရာ၏ ယင်ယန်ငယ်ပညာရပ်နှင့် ခြားနားသည်။ ထိုအရာသည် နည်းစနစ်အပေါ်အာရုံအများကြီးမစိုက်ပေ။ ထိုအရာသည် လူတစ်ဦး၏ မူလစွမ်းအင်ကို နှိုက်နှိုက်ချွတ်ချွတ် ကျွမ်းကျင်စွာ ထိန်းချုပ်ရခြင်းဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံရန်ပို၍ ခက်ခဲပေသည်။

အနည်းဆုံး ခက်ခဲမှုတွင် သက်ရှိများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းပညာရပ်သည် ယင်ယန်ငယ်ပညာရပ်၏ အထက်တွင် ရှိပေသည်။

တရားထိုင်နေလျက် ဝမ်ချောင်သည် သူ၏ဝိဉာဉ်ပြန်လည် ပြည့်တင်းလာသည်တွင် နောက်ဆုံး၌ သူ့မျက်လုံးများကို နောက်တစ်ကြိမ် ပြန်ဖွင့်လိုက်သည်။

"ဝင်လာခဲ့"

ဝမ်ချောင်သည် သူ့အကြည့်များကို တံခါး၌ကြည့်လိုက်ကာ ပြောလိုက်သည်။

ဟူးလာလာ

များပြားလှသည့် လူရိပ်များသည် ဘာမျှမရှိသည့် တံခါးဝ၌ ပေါ်လာခဲ့ကာ အထဲသို့ ဝင်လာခဲ့ကြသည်။ ကျောက်ကျင်းတန်၊ ကျွမ်းကျန်းဖျင်၊ ချီဝေ့စီ၊ ရွှီချီ၊ ကောင်းဖုန့် နှင့် ချန်းပုရန် သူတို့အားလုံးသည့် ပြီးခဲ့သည့်ညက သူနှင့်အတူတိုက်ခိုက်ခဲ့ကြသည်။ သူတို့၏ မျက်နှာများသည် အနည်းငယ် ဖြူရော်နေကြသေးသည်။ သို့သော် တစ်ညတာ အနားယူပြီးနောက် သူတို့၏အခြေအနေများသည် ယခင်ကထက် ပို၍ ကောင်းလာခဲ့သည်။

"သခင်လေး"

သူတို့ဝင်လာပြီးသည်နှင့် သူတို့သည် သူတို့၏ခေါင်းများကို လေးစားစွာ နှိမ့်ချလိုက်ကြသည်။ သူတို့၏ လေးစားသမှုများသည် သူ၏ဂုဏ်သရေရှိ နောက်ခံကြောင့်မဟုတ်ပေ။ ဝမ်ချောင်၏မနေ့ညက အပြုအမူများကြောင့် ဖြစ်သည်။ သူသည် သူတို့အားလုံး၏ လေးစားသမှုကို သိမ်းပိုက်လိုက်နိုင်ခဲ့သည်။

မနေ့က မြားများ‌ မြေပြင်ပေါ်သို့ သွန်ကျလာသည်တွင် လူတိုင်းသွေးပျက်နေချိန်၌ ဝမ်ချောင်တစ်ဦးတည်းသာ သူ၏တည်ငြိမ်မှုကို ထိန်းထားနိုင်ခဲ့သည်။ သူသည် လူတိုင်းကို စုစည်းကာ ကာကွယ်ရေးအရံအတားများ တည်ဆောက်ခဲ့ပြီး ပြန်လည်တိုက်ခိုက်နိုင်ခဲ့သည်။ ဝမ်ချောင်သည်သာလျှင် ဖြစ်သည်။

သူ့ကြောင့်သာ မဟုတ်လျှင် ပြီးခဲ့သည့်ညက လူဘယ်လောက်များများသေကြေမည်ကို မည်သူ သိနိုင်မည်နည်း။ ယင်းက ချဲ့ကားပြောနေခြင်းမဟုတ်ပေ။ ဝမ်ချောင်သည် သူတို့အားလုံး၏အသက်ကို ကယ်တင်ခဲ့သည်။

"ထိုင်ကြပါ"

ဝမ်ချောင်သည် သူ့ဘေးရှိ နေရာလွတ်သို့ ညွှန်ပြလိုက်သည်။

"ချီဝေ့စီ မင်းရဲ့ဒဏ်ရာဘယ်လိုနေလဲ"

"ကျွန်တော် အဆင်ပြေပါတယ်၊ မနေ့က ကျွန်တော့်ပခုံးကို မြားထိခဲ့ပေမဲ့ ကျွန်တော့်မျိုးနွယ်စုကို အရိုးမြေဆွေးတချို့ပို့ပေးဖို့ ပြောခဲ့တယ်၊ ကျွန်တော့်အရိုးကို ပြန်တည်ဆောက်ပြီး မကြာခင်မှာပဲ ပခုံးက ပြန်ကောင်းလာပါပြီ"

ချီဝေ့စီ ပြန်ဖြေလိုက်သည်။ သူ့အသံထဲတွင် ကျေးဇူးတင်သည့် အသံများ ရောစွက်နေပေသည်။ အကယ်၍ ဝမ်ချောင်သည် နေထိုင်ရာနေရာကို ခံတပ်အဖြစ်တည်ဆောက်ရန် မကြံခဲ့လျှင်၊ သူ့ကို အလယ်ရှိသံလှောင်အိမ်ထဲတွင် ကာကွယ်ခြင်း မရှိခဲ့လျှင် သူသည် ယခုအချိန်၌ အသက်ရှူလျက် ရှိမရှိဆိုသည်မှာ ပြောရန်ခက်ပေသည်။

ဤအကြောင်းပြချက်ကြောင့် ချီဝေ့စီသည် ဝမ်ချောင်ကို အလွန်ကျေးဇူးတင်နေခဲ့ခြင်းဖြစ်သည်။

"မင်းတောင့်ခံနိုင်သေးလား"

"ပြဿနာမရှိလောက်ပါဘူး"

ချီဝေ့စီ ချက်ချင်းပြန်ဖြေလိုက်သည်။ မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုသည် စတင်ခါစဖြစ်ကာ ပညာရှင်ဧကရာဇ်က အနီးကပ် စောင့်ကြည့်နေလေသည်။ စစ်စခန်းဖွင့်ပြီးနောက် သူသည် ပြန်လည်ကုသရန်အတွက် အိမ်ကိုချက်ချင်း ပြန်ခဲ့ပါက သူနှင့် သူ့မျိုးနွယ်စု၏ ပုံရိပ်ကို ဆိုးရွားစေပေလိမ့်မည်ဖြစ်သည်။

ထို့အပြင် ချီမျိုးနွယ်စု၏ စစ်သည်များသည် အခက်အခဲနှင့် မျက်နှာချင်းဆိုင်တွေ့ခဲ့လျှင် နောက်မဆုတ်တတ်ကြပေ။ ချီမျိုးနွယ်စုဝင် တစ်ဦးအနေဖြင့် သဘာဝကျစွာ ချီဝေ့စီသည် သူ့ကိုယ်သူ သတ္တိနည်းသူအဖြစ်ခံမည် မဟုတ်ပေ။

"ကောင်းတယ်"

ဝမ်ချောင်သည် ခိုင်မာစွာဖြင့် သူ့ခေါင်းကို ညိတ်လိုက်သည်။

ကျွမ်းမျိုးနွယ်စုနှင့် ချီမျိုးနွယ်စုတို့သည် မနေ့က သူနှင့်အတူရပ်တည်ကြောင်း ပြသရန်အတွက် သူ့ကို ကြီးမားသည့် 'လက်ဆောင်များ' ပေးခဲ့သည်။ မြို့တော်၏ အစဉ်အလာစည်းမျဉ်းများအရ ထိုသည်မှာ ကျွမ်းကျန်းဖျင်နှင့် ချီဝေ့စီတို့သည် မည်သည့်ပြဿနာမှမရှိခဲ့လျှင် စစ်မြေပြင်တွင် သူ၏အနာဂတ် 'လက်ထောက်များ' ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် ထိုသည်မှာ တစ်ဖက်လူကို စိုးရိမ်ကြောင်းပြသရန် ဝမ်ချောင်အတွက် အခွင့်အရေးပင်ဖြစ်သည်။

"ချီဝေ့စီ မင်းရဲ့မိသားစုကို နောက်တစ်ကြိမ်ဆက်သွယ်ပြီး သံမဏိအစောင့်အရှောက်(ကိုယ်ရံတော်) အနည်းငယ် ပို့လွှတ်ဖို့ တောင်းဆိုပေးနိုင်မလား"

ဝမ်ချောင် မေးလိုက်သည်။

"သခင်လေး အဲဒီလူတွေ နောက်တစ်ခေါက်ပြန်လာမယ်လို့ ဆိုလိုတာလား"

ချီဝေ့စီ၏အမူအရာ မည်းမှောင်သွားခဲ့သည်။ သူသာလျှင်မဟုတ် ဤနေရာရှိ လူများအားလုံး၏မျက်နှာများသည် ရှုံ့မဲ့သွားခဲ့ကြသည်။

အမှန်တကယ်တွင် မနေ့ညအဖြစ်အပျက်များကို ဆွေးနွေးပြောဆိုရန်အတွက် သူတို့ ဤနေရာသို့လာခဲ့ခြင်းဖြစ်သည်။ ဝမ်ချောင်၏ ဦးကြီးသည် ဩဇာရှိအရာရှိတစ်ယောက် ဖြစ်သောကြောင့် သူသည်သာ အကြောင်းအရာတချို့ကို သိနိုင်သူဖြစ်သည်။

သို့သော် ဝမ်ချောင်၏ တုံ့ပြန်မှုသည် အားလုံးကို သတိကပ်သွားစေသည်။ ‌မနေ့ညက တိုက်ခိုက်မှုကို ပြန်တွေးလိုက်သည်တွင် လူတိုင်း ခိုက်ခိုက်တုန်သွားကြသည်။ ထိုအားကောင်းသည့် လေးသခင်များသည် သူတို့လက်ရှိခွန်အား အလွန်တွင်ရှိသည်။

သူတို့တစ်ဦးမျှ ထိုကဲ့သို့အခြားတိုက်ပွဲ ထပ်ဖြစ်လာမည်ကို မလိုလားကြပေ။

"အဲလိုဆိုလိုတာမဟုတ်ဘူး"

ဝမ်ချောင် ခေါင်းခါလိုက်သည်။

"ဒါပေမဲ့ ရှေးဆိုရိုအတိုင်းပဲလေ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်း၏တဲ့၊ တကယ်လို့ ဘယ်သူပဲဖြစ်ဖြစ် သူတို့အိမ်မှာ ကျွမ်းကျင်သူတွေရှိရင် သူတို့ကို ဒီမှာ တပ်စွဲထားစေတာက အမြော်အမြင် ရှိရာကျတယ်၊ အနည်းဆုံး တစ်စုံတစ်ခုဖြစ်ခဲ့ရင် ငါတို့မနေ့ညတုန်းကလို အခြေအနေ မဆိုးနိုင်တော့ဘူးပေါ့၊ ဒါ့အပြင် အဲဒီလူတွေသာ လေ့ကျင့်ရေးစစ်စခန်းကို တိုက်ခိုက်ရဲသေးရင် ဒါက မြို့တော်ကနေ ခြေတစ်ဖက် လှမ်းပြီးသား ဖြစ်တာပေါ့၊ သူတို့က ဒုတိယအကြိမ်ပြန်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ"

အနာဂတ်သည် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်သည် သူ၏အတိတ်က ဗဟုသုတများကို လက်ရှိပစ္စုပ္ပန်တွင် အသုံးမပြုနိုင်တော့ပေ။ မနေ့ကကိစ္စသည် ဝမ်ချောင်ကို နိုးထသွားစေခဲ့သည်။ ခွန်းဝူတွင် ကျွမ်းကျင်သူအများအပြား ရှိသော်လည်း သူသည် သူ့ကိုယ်ပိုင် ကြိုတင်ပြင်ဆင်မှုများကို လုပ်ထားရပေလိမ့်မည်။

ဂရုစိုက်ခြင်းသည် မမှားတတ်ပေ။

"သံမဏိအစောင့်အရှောက်၊ ပြဿနာမရှိပါဘူး၊ ဒါပေမဲ့ မျိုးနွယ်စုအတွက် သူတို့တစ်ဦးချင်းစီက အရမ်းတန်ဖိုးရှိတယ် ဒါကြောင့် သူတို့က အများဆုံး တစ်ယောက် နှစ်ယောက်လောက်ပဲ ပေးပို့နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်"

ဝမ်ချောင်၏ ပြန်ဖြေသံကို ကြားသည်တွင် ချီဝေ့စီသည် စိတ်သက်သာရစွာ သက်ပြင်းချလိုက်သည်။ အတွေးနက်နေသည့် အကြည့်သည် သူ့မျက်နှာပေါ်တွင် ဖြည်းညင်းစွာ ပေါ်ထွက်လာခဲ့သည်။

ချီမျိုးနွယ်စု၏ ပုဆိန်ကိုင်သံမဏိအစောင့်အရှောက်များသည် စစ်မြေပြင်တွင် သူတို့၏ ရဲရင့်မှုကြောင့် ထင်ရှားခဲ့သည်။ သို့သော်လည်း ယင်းက လူတစ်ယောက်ကို လေ့ကျင့်ပေးရန် လွယ်ကူသည်ဟု မဆိုလိုပေ။ (မွေးထုတ်ရန် လွယ်ကူသည်ဟုမဆိုလိုပေ။) သံမဏိအစောင့်အရှောက် တစ်ဦးချင်းစီသည် မျိုးနွယ်စုအတွက် အဖိုးတန်သည့်ကျွမ်းကျင်သူများဖြစ်ကြသည်။

ချီဝေ့စီ၏အဆင့်အတန်းဖြင့် သံမဏိအစောင့်အရှောက်များကို စည်းရုံးရန်မှာ သူ့အတွက် ခက်ခဲပေလိမ့်မည်။ သို့သော်လည်း ဝမ်ချောင်သာ သူ့အနောက်တွင် ရှိနေပါက ထိုသည်မှာ ကွဲပြားသွားပေလိမ့်မည်။ ဝမ်မျိုးနွယ်စု၏ အလားအလာရှိသော အောင်မြင်သူတစ်ယောက်၏ တောင်းဆိုချက်အနေဖြင့် သူတို့သည် ထိုသည်ကို ငြင်းဆန်လိမ့်မည်မဟုတ်ပေ။ အားလုံးပြီးနောက် ဤသည်မှာ သူတို့၏နိုင်ငံရေးအရ မျက်နှာသာပေးခြင်းပင်ဖြစ်သည်။

ချီဝေ့စီအတွက်လည်း အကျိူးရှိပေသည်။ အားကောင်းသည့် သံမဏိအစောင့်အရှောက် အနည်းငယ်သည် သူ့၏အမိန့်အောက်တွင် ရှိနေခြင်းက မျိုးနွယ်စုထဲတွင် သူ၏အဆင့်အတန်းကို သိသိသာသာ မြင့်တက်လာစေပေလိမ့်မည်။ ထို့ကြောင့် သူသည် ဤလုပ်ဆောင်ချက်ကို တက်ကြွစွာ ထောက်ခံပေသည်။

"အမ် နှစ်ယောက်၊ သုံးယောက်ပဲဖြစ်ဖြစ် လုံလောက်ပါတယ်"

ဝမ်ချောင်သည် အများကြီး မပြောခဲ့ပေ။ ချီမျိုးနွယ်စု၏ သံမဏိအစောင့်အရှောက်များသည် အလွန် သန်မာကြသည်။ ဤသည်မှာ သူတို့၏ခွန်အားသာ မကပေ။ သူတို့သည် ရွှမ်သတ္တုဖြင့်ဖန်တီးထားသော အဆင့်မြင့်သံချပ်ကာများကိုလည်း ဝတ်ဆင်ထားကြသေးသည်။ လေးသခင်တစ်ဦးသည်ပင် သူတို့၏ခံစစ်ကို ထိုးဖောက်ရန် ခက်ခဲပေလိမ့်မည်။

"ကျွမ်းကျန်းဖျင် မင်းမျိုးနွယ်စုရဲ့ သံမဏိမြင်းတပ်ကျွမ်းကျင်သူတွေကို စည်းရုံးနိုင်မလား"

ဝမ်ချောင် မေးလိုက်သည်။

တောင်ထူထပ်သော မြေမျက်နှာသွင်ပြင်များတွင် မြင်းတပ်၏စွမ်းဆောင်ရည်များကို အသုံးပြု၍ မရသော်လည်း သူတို့အတွက် ကျွမ်းမျိုးနွယ်စု၏ သံမဏိမြင်းတပ်ကို ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းမှ ထွက်ပြေးရာတွင် အသုံးဝင်နိုင်ပေသည်။

လူတစ်ဦးသည် အနိုင်မရမီ အရှုံးအတွက် ပြင်ဆင်ထားရပေမည်။

"ကိစ္စမရှိဘူး၊ ကျွန်တော့်မျိုးနွယ်စုကို တောင်းဆိုလိုက်မယ်၊ ပြဿနာမရှိလောက်ဘူး"

ကျွမ်းကျန်းဖျင်သည် တုံ့ဆိုင်းမနေဘဲ ပြန်ဖြေလိုက်သည်။ ချီဝေ့စီနှင့် မတူညီစွာ ကျွမ်းကျန်းဖျင်သည် သူ့မျိုးနွယ်စုထဲတွင် ထင်ရှားသည့်အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားခဲ့သည်။ မနေ့က အဖြစ်အပျက် ပြီးနောက် ဝမ်ချောင် ထုတ်မပြောခဲ့လျှင်ပင် သူသည် ထိုကဲ့သို့ လုပ်ပေလိမ့်မည်။

"ဟုတ်သားပဲ သခင်လေး.. တာ့ခ်နဲ့ ဂိုဂူလျောတွေ ချုံခိုတိုက်ခိုက်ခဲ့တာ နာရီအတော်ကြာခဲ့ပြီ၊ တော်ဝင်ရုံးတော်က ဒီကိစ္စကို ဘယ်လိုဖြေရှင်းဖို့ ရည်ရွယ်ထားလဲဆိုတာ သတင်းမရှိဘူးလား"

ကျွမ်းကျန်းဖျင်၏ စကားလုံးများသည် အခန်းတွင်းရှိ လူတိုင်း၏ မျက်လုံးများကို မျှော်လင့်ချက်ဖြင့် ဝမ်ချောင်ဆီသို့ ရွေ့သွားစေသည်။

ဤသည်မှာ ဤအုပ်စုထဲတွင် ဝမ်ချောင်၏ အဆင့်အတန်းကို ထင်ရှားစွာ ဖော်ပြနေပေသည်။

ဝမ်ချောင်၏ ဂုဏ်သရေရှိအဆင့်အတန်းနှင့် သူ၏ထူးချွန်ပြောင်မြောက်သောအပြုအမူများနှင့်အတူ သူသည် သူ၏ပထမဆုံးကိုယ်ရံတော်တပ်ဖွဲ့ကို တည်ထောင်ခဲ့ပြီဖြစ်သည်။ ထိုသည်မှာ ပုံပေါ်ရုံသာရှိပြီး အလွန်အားနည်းနေသေးသော်လည်း အနည်းဆုံး လမ်းကြောင်းပေါ်သို့ ရောက်နေပြီဖြစ်သည်။

"အိုး အဲဒါနဲ့ပတ်သက်ပြီး စိတ်ပူစရာမလိုဘူး၊ တော်ဝင်ရုံးတော်က သင့်တော်သလို ဖြေရှင်းလိမ့်မယ် နောက်ပြီး ဒီကပ်ဆိုးမှာ သေဆုံးသွားခဲ့တဲ့ ကျောင်းသားတွေရဲ့ မိသားစုတွေကိုလည်း လျော်ကြေးတွေ သင့်တော်သလို ခွဲဝေပေးလိမ့်မယ်"

၀ူး...

လူတိုင်း၏ခေါင်းထက်ရှိ ကောင်းကင်မှ တောင်ပံခတ်သံထွက်ပေါ်လာခဲ့ကာ ဤသည်က လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

သူတို့၏ခေါင်းကို မော့ကြည့်သည်တွင် သူတို့သည် ဝမ်ချောင်၏ခေါင်မိုးအထက် လေထဲတွင် ခိုဖြူတစ်ကောင် ပေါ်လာသည်ကို တွေ့လိုက်သည်။ အခန်းသည် နံရံဖြစ်စေ ခေါင်မိုးဖြစ်စေ မနေ့ညက တိုက်ပွဲပြီးနောက် မရေမတွက်နိုင်သောအပေါက်များဖြင့် ပြည့်နှက်နေခဲ့သည်။ ဝမ်ချောင်၏အခန်းသည် လေးသခင်များ၏ အထူးပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်။

ခိုဖြူသည် ထိုအပေါက်များမှ လွတ်လပ်စွာပျံဝင်လာကာ ဝမ်ချောင်၏ လက်ဖဝါးထက်သို့ ဆင်းသက်လာခဲ့သည်။

"ဒါက ဦးကြီးဆီက စာပို့ခိုပဲ"

ခို၏လည်တိုင်ကို ကြည့်လိုက်ကာ သူသည် အားနေသော လက်တစ်ဖက်ဖြင့် ခို၏ ခြေထောက်တွင် သေသပ်စွာ လိပ်ထားသော စာလိပ်ကို ယူလိုက်သည်။

ချောမွေ့စွာ ရေးသားထားသည့် လက်ရေးသည် အားမာန်ပြည့်ဝစွာ ပေါ်လာခဲ့သည်။ ထိုစာထဲတွင် ဩဇာလွှမ်းမိုးသည့် အရိပ်အယောင်များ ရောစွက်ပါဝင်နေပုံရသည်။ တစ်ချက်ကြည့်ရုံမျှဖြင့် ထိုသည်မှာ သာမန်လူတစ်ယောက် ရေးသားထားခြင်းမဟုတ်သည်မှာ ထင်ရှား၏။ လူတိုင်းသည် ဤစာထဲတွင် အရေးကြီးသည့်အကြောင်းအရာ ပါဝင်သည်ကို နားလည်ပုံရသည်။ သူတို့သည် သူတို့၏အကြည့်များကို လျင်မြန်စွာ ရွှေ့လိုက်ကြသည်။

"ဒီမှာ သတင်းအသစ်ပါလာတယ်"

ဦးကြီးဝမ်ကန်း၏စာကို စေ့စေ့စပ်စပ်ဖတ်ရှု့ပြီးနောက် ဝမ်ချောင်သည် စိတ်သက်သာရာရသွားပုံရသည်။

"တော်ဝင်ရုံးတော်က တုံ့ပြန်လာတယ်၊ ကျဆုံးသွားတဲ့ကျောင်းသားတွေရဲ့ မိသားစုတွေနဲ့ ဆွေမျိုးတွေကို သဘောထားကြီးစွာ လျော်ကြေးပေးမယ်၊ ဒါ့အပြင် တော်ဝင်ရုံးတော်က တော်ဝင်စစ်တပ်ရဲ့ ငန်းတောင်တပ်ခွဲကို စေလွှတ်လိုက်ပြီး တောင်ထွတ်တိုင်းမှာ လေးသခင်အယောက်ငါးဆယ်ကို တပ်စွဲစေဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်၊ ဒါပြီးတော့ ကျောင်းသားတွေ အများအပြား ကျဆုံးခဲ့တာကြောင့် ဒုတိယအသုတ်ကျောင်းသားသစ် ခေါ်ယူခြင်းကို ကျင်းပဖို့ ဆုံးဖြတ်လိုက်တယ်"

"အရှေ့အနောက်တာဂီကာဂနိတ်နဲ့ ဂိုဂူလျောတိုင်းပြည်ရဲ့ တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်ပြီး တော်ဝင်ရုံးတော်က အရှေ့ပိုင်းကာကွယ်ရေးတပ်ရဲ့ ကာကွယ်ရေးစစ်သူကြီး ကျန်းရှို့ကွေ့နဲ့ တောင်ပိုင်းကာကွယ်ရေးတပ်သားတွေကိုလည်း စစ်ပွဲဆင်နွဲဖို့ စေလွှတ်လိုက်မယ် လို့ ဆုံးဖြတ်ချက်ချခဲ့တယ်၊ သူတို့ရဲ့လုပ်ဆောက်ချက်အတွက် အပြစ်ပေစရမယ် ဒါမှ ဒီလိုအဖြစ်အပျက် နောက်တစ်ခေါက် ပြန်မဖြစ်ဖို့ ဟန့်တားပြီးသားဖြစ်မှာ"

ဝမ်ချောင်သည် အားလုံးကိုဖတ်ပြလိုက်သည်။

"ကောင်းတယ်"

စာ၏ ပထမအပိုင်းသည် စိတ်လှုပ်ရှားစရာမရှိပေ။ သို့သော် စစ်ပွဲဆင်နွှဲမည်ဟု ကြားပြီးနောက် လူတိုင်း၏သွေးများသည် စိတ်လှုပ်ရှားမှုကြောင့် ဆူပွက်လာခဲ့သည်။

လျော်ကြေးလော။ တပ်သားသစ်လော။ ငန်းတောင်တပ်ခွဲလော။ လူတိုင်း၏ ဒေါသကို ပြေပျောက်စေရန်မှာ အရှေ့အနောက်တာ့ဂီကာဂနိတ်နှင့် ဂိုဂူလျောတိုင်းပြည်ကို လက်တုံ့ပြန်ရန်ပင် ဖြစ်သည်။

ဤသည်မှာ မဟာထန်တိုင်းပြည်၏ သင့်တော်သောအရေးယူမှုဖြစ်သည်။

"အရှေ့အနောက်တာ့ဂီကာဂနိတ်နဲ့ ဂိုဂူလျောတိုင်းပြည်ကတော့ ဒီတစ်ကြိမ်မှာ မျက်လုံးတွေ ညိုမည်းတော့မဲ့ပုံပဲ"

စာကို ချလိုက်ကာ ဝမ်ချောင်သည် ယောင်ယောင်လေး ပြုံးလိုက်သည်။ အနည်းဆုံးတော့ ရန်သူများပတ်ပတ်လည်ဝိုင်းနေသည်ဟူသော မီးမောင်ထိုးပြခဲ့သည့် သူ၏ ယခင်က ကြိုးစားအားထုတ်မှုသည် အလကားမဖြစ်တော့ပေ။ ဝမ်ချောင်သည် ဤနောက်ဆုံး ဆုံးဖြတ်ချက်အပေါ်တွင် စုန့်ဘုရင်၏ 'ကြိုးပမ်းအားထုတ်မှု' အများအပြား ပါဝင်နေတာကို သေချာသိသည်။

ဤလုပ်ကြံတိုက်ခိုက်မှုသည် မဟာထန်အတွက် အရှေ့အနောက်တာ့ဂီကာဂနိတ်နှင့် ဂိုဂူလျောတိုင်းပြည်ကို တိုက်ခိုက်ရန်အတွက် အကြောင်းပြချက်ကောင်းတစ်ခုဖြစ်သည်။

ဝမ်ချောင်သည် ကျန်းရှို့ကွေ့ကို အကောင်း မမြင်သော်လည်း တစ်ဖက်လူသည် စစ်ပွဲဆင်နွဲရာတွင် ကြောက်မက်ဖွယ်အလွန်ကောင်းသည်ကိုတော့ ဝန်ခံရပေမည်။

------------------

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အပိုင်း ၂၂၃။ ကော့ဖုန်းနှင့် ချိုက်ကျစ်ရီ

"ဂိုဂူလျောတိုင်းပြည်နဲ့ အရှေ့အနောက်တာဂီကာဂနိတ်တို့ကို ဆန့်ကျင်တဲ့တိုက်ပွဲက အခုချိန်မှာ ငါတို့အလုပ်မဟုတ်ဘူး၊ လူတိုင်း ဒီကိုရောက်နေတာကြောင့် ငါမင်းတို့အားလုံးကို ပေးစရာတစ်ခုရှိတယ်"

"ဒီမှာခဏစောင့်ကြပါ"

ထိုသည်ကိုပြောပြီးနောက် သူသည် လူတိုင်း၏စိတ်ရှုပ်ထွေးနေသည့် အကြည့်အောက်တွင် မတ်တပ်ရပ်လိုက်ပြီး အနောက်ရှိအခန်းထဲသို့ ဝင်သွားလိုက်သည်။

"ဝမ်သခင်လေးက ဘာသွားယူတာလဲ"

လူတိုင်းသည် မေးခွန်းထုတ်သည့်အကြည့်ဖြင့် ကျောက်ကျင်းတန်ကို ကြည့်လိုက်ကြသည်။ လက်ရှိတွင် ကျောက်ကျင်းတန်သည်သာ ဝမ်ချောင်နှင့်အနီးစပ်ဆုံးလူဖြစ်သည်။ အကယ်၍ ဘာတွေဖြစ်ပျက်နေသည်ကို သိသောသူရှိခဲ့လျှင် ထိုလူမှာ ကျောက်ကျင်းတန်သာဖြစ်ပေလိမ့်မည်။

သို့သော် ကျောက်ကျင်းတန်သည် ရိုးသားစွာ သူ့ခေါင်းကို ခါလိုက်ကာ သူသည်လည်း စိတ်ရှုပ်ထွေးနေပုံရသည်။ သူသည် ဝမ်မျိုးနွယ်စု၏ လက်ပါးစေဖြစ်သော်လည်း ဝမ်ချောင်၏ အပြုအမူများသည် သူ့အတွက် မတွေးနိုင်ဘဲကျန်နေဆဲဖြစ်သည်။

နံရံအပေါက်များမှနေ၍ လူတိုင်းသည် လှုပ်ရှားနေသော ဝမ်ချောင်၏လက်မောင်းများကို သူ့နောက်ကျောမှ မြင်နိုင်သည်။ ဝမ်ချောင်၏လက်မောင်းများသည် အချိန်အတော်ကြာ လှုပ်ရှားနေခဲ့ကာ တဖြည်းဖြည်းနှင့် သူတို့အားလုံးသည် ဝမ်ချောင်မှာ စာရေးနေခြင်းဖြစ်ရမည်ဟု နားလည်လိုက်ကြသည်။

"ကောင်းပြီ ဒါက မင်းတို့အားလုံးအတွက် ငါ့ရဲ့လက်ဆောင်ပဲ.. မင်းတို့တစ်ယောက်ချင်းစီအတွက် စာတစ်အုပ်ရှိတယ်၊ ငါ ဒါကိုချည်ဖို့ ကြိုးမရှိသေးဘူး ဒါပေမဲ့ သူတို့ကိုဂရုစိုက်ပါ ဂရုတစိုက်ဖတ်ပါ"

နောက်ဆုံးတွင် ဝမ်ချောင်သည် သူလုပ်နေသည့်အရာ ပြီးမြောက်သွားခဲ့ကာ စာတစ်ထပ်ကြီးဖြင့် ပြန်ရောက်လာခဲ့သည်။ သူသည် ထိုသည်ကို သူ့ကို စောင့်နေကြသည့်လူအများသို့ ဝေပေးလိုက်သည်။

"ဒါက... ကျင့်ကြံခြင်းနည်းစနစ်လား"

အစပိုင်းတွင် လူတိုင်းသည် သူ့ဆောင်ရွက်ချက်နှင့် ပတ်သက်၍ ခေါင်းစားနေခဲ့ကြကာ ဘာများယူလာမည်လဲ ဟူ၍ မျှော်လင့်နေခဲ့ကြသည်။ သို့သော်လည်း မကြာမီ သူတို့၏မျက်လုံးများသည် သူတို့လက်ခံရရှိထားသော စာရွက်ပေါ်ရှိ အကြောင်းအရာများပေါ်သို့ ကျရောက်သွားခဲ့ကြသည်။ သူတို့ကို ဝမ်ချောင်ပေးခဲ့သည့်အရာမှာ ကျင့်ကြံခြင်းနည်းစနစ်လျှို့ဝှက်အညွှန်းစာအုပ်ဖြစ်သည်။

"ဒါတွေက မင်းတို့ခွန်အားအပေါ် အခြေခံပြီး ရွေးချယ်ထားခဲ့တာပဲ..ဒါကြောင့် ဒါကို မင်းတို့အားတဲ့အချိန်ကျ ဖတ်ကြည့်လိုက်ပါ"

သူ၏ခေါင်းကို ညိတ်လိုက်ကာ ဝမ်ချောင်သည် သူတို့၏ စိတ်လှုပ်ရှားနေမှုများကို မထုံတတ်သေးပြန်ဖြေလိုက်သည်။

မနေ့ညက လုပ်ကြံတိုက်ခိုက်မှုသည် ဝမ်ဆချာင်အပါအဝင် အားလုံးကို သူတို့သည် အားနည်းနေသေးကြောင်း နားလည်သွားစေခဲ့သည်။ သူတို့အသက်ရှင်လျက်လွတ်မြောက်နိုင်ခဲ့သည်မှာ ကံအလွန်ကောင်း၍ပင်ဖြစ်သည်။

ပထမတွင် ဝမ်ချောင်သည် နည်းစနစ်များကို အချိန်တစ်ခုကြာမှ သူတို့ကို ပေးရန်ရည်ရွယ်ထားခဲ့သည်။ ထိုသို့ဖြင့် သူ့ဖက်ကကြည့်လျှင် ပို၍ သဘာဝကျပေလိမ့်မည်။

သို့သော် ယခုတွင် ထိုသို့စောင့်ရန် မလိုအပ်တော့ပေ။

ကြိုတင်ပြင်ဆင်ထားချိန်မရှိလိုက်ဘဲ ဝမ်ချောင်သည် အရာအားလုံးကို လုပ်ဆောင်လိုက်ရသည်။

"သခင်လေး ကျွန်တော်တို့အတွက်လည်း ပါတယ်ပေါ့"

ရွှီချီ၊ ကောင်းဖုန့် နှင့် နျန်ယန်တို့သည် သူတို့၏ လက်ထဲရှိ စာရွက်လေးကို ကြည့်ကာ မယုံကြည်နိုင် ဖြစ်နေကြသည်။ ဝမ်ချောင်၏ ဇစ်မြစ်သည် သူတို့ထက်ပို၍ မြင့်မြတ်သည်။ ထို့ကြောင့် သူဆီမှ လက်ဆောင်သည် သာမန်ဟုတ်မည်မဟုတ်ပေ။

သူတို့သုံးဦးကို ပို၍အံ့အားသင့်သွားစေခဲ့သည့်အရာမှာ သူတို့သည် ဝမ်ချောင်နှင့် သိကျွမ်းခဲ့သည်မှာ မကြာသေးသော်လည်း တစ်ဖက်လူသည် တန်ဖိုးရှိသည့်အရာကို သူတို့အား အမှန်တကယ်ပေးခဲ့ခြင်းဖြစ်သည်။ အားလုံးပြီးနောက် ကျောက်ကျင်းတန်နှင့် တခြားသူများနှင့် မတူညီဘဲ သူတို့သည် သူနှင့် အချိန်ကုန်ဆုံးခဲ့သည်မှာ အကန့်အသတ်ဖြင့်သာ ရှိသေးသည်။

"အာ"

ဝမ်ချောင် ခေါင်းညိတ်လိုက်သည်။ ရွှီချီ၊ ကောင်းဖုန့်၊ နျန်ယန်တို့သည် ကပ်ဆိုးကို ကျော်လွှားနိုင်ခဲ့ပြီး တခြားသူများကိုပင် ကူညီခဲ့သေးသည်ကို ကြည့်ပါက သူတို့၏ တိုက်ခိုက်ခြင်းအင်အားနှင့် လုပ်နိုင်စွမ်းကို အများကြီး ပြောရန်မလိုအပ်ပေ။ အမှန်တကယ်တွင် သူ့တွင် အခြားအကြောင်းပြချက်ရှိသေးသည်။ ဤသည်မှာ သူတို့သည် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းမှ အနာဂတ်မဟာစစ်သူကြီးများလည်း ဖြစ်ကြသည်။

ရွှီးချီ၏ အခြားလုပ်နိုင်စွမ်းများသည် စုဟန်ရှန်းကဲ့သို့ ပြောင်မြောက်ခြင်းမရှိသော်လည်း တပ်သားများကို ကွပ်ကဲသည့် သူ၏ စွမ်းရည်မှာ သာမန်ထက်သာလွန်‌ပေသည်။ ဝမ်ချောင်သည် ဤသည်ကို မနေ့ညက ရှင်းလင်းစွာ မြင်ခဲ့ရသည်။

တစ်ဖက်တွင် ကောင်းဖုန့်နှင့် နျန်ယန်သည် စစ်မြေပြင်တွင် အင်အားကြီးမားသည့် စစ်သူကြီးများဖြစ်လာပေလိမ့်မည်။ သူတို့သည် အနာဂတ်တွင် ဝူတန်နှင့် စစ်ဆင်နွဲရာ၌ အရေးပါသည့်နေရာမှ ပါဝင်ကြပေလိမ့်မည်။

တစ်ယောက်သည် ခုခံ‌ရာတွင်ကျွမ်းကျင်သည့်စစ်သူကြီးဖြစ်လာချိန်တွင် တခြားတစ်ဦးသည် ထိုးစစ်ဆင်ရာတွင် ကျွမ်းကျင်သည့် စစ်သူကြီးဖြစ်လာပေလိမ့်မည်။ သူတို့သည် တစ်ဦး၏ အားနည်းချက်ကို တစ်ဦးက ဖာထေးပေးသည့် တွဲဖက်ညီသူရဲကောင်းများဖြစ်လာပေလိမ့်မည်။

ဝမ်ချောင်ကလွဲ၍ တစ်ယောက်မျှ ဤသည်ကို သတိမပြုမိကြပေ။ အနာဂတ်ကောင်းဖုန့်နှင့် နျန်ယန်သည် သူ့အကူအညီကို မလိုအပ်သော်လည်း လက်ရှိနှစ်ယောက်သည်တော့ ကြီးပြင်းရန်လိုအပ်သေးသည်။ ဤသည်မှာ ရွှီချီအတွက်လည်း အတူတူပင်ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် သခင်လေး"

ဝမ်းသာစွာဖြင့် သူတို့သုံးဦးသည် ဝမ်ချောင်ကို ကျေးဇူးတင်လေးစားစွာ ဦးညွတ်လိုက်ကြသည်။

ဝမ်ချောင်သည် အသာအယာခေါင်းညိတ်လိုက်သည်။ သူတို့ကို သင်ကြားပေးခဲ့သည့် ကြောက်မက်ဖွယ် အန္တိမနည်းစနစ်များသည် သူ့ယခင်ဘဝမှ ပိုင်ဆိုင်ခဲ့သည့် အရာများဖြစ်ကာ သူတို့နှင့်လိုက်ဖက်မည့် နည်းစနစ်များကို ဂရုတစိုက်ရွေးချယ်ထားခဲ့ခြင်းဖြစ်သည်။ ဤနည်းစနစ်များမှာ သူတို့လက်ရှိ လေ့လာနေသည့်အရာများထက် ပို၍အားကောင်းကာ သူတို့ကို ခိုင်မာသည့် အခြေခံအုတ်မြစ် တည်ဆောက်နိုင်ရန် ကူညီပေလိမ့်မည်။

ဤသည်မှာ သူတို့ကို အကြီးအကျယ်မြှင့်တင်ခြင်းဖြစ်သည်။ ဤနှုန်းဖြင့်သာဆိုပါက အနာဂတ်တွင် သူတို့သည် မည်မျှအထိတိုးတက်လာမည်ဆိုသည်ကို ဝမ်ချောင်ပင်လျှင် မခန့်မှန်းနိုင်ပေ။

အနာဂတ်သည် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ဝမ်ချောင်သည် သူ့စိတ်တိုင်းကျ ပုံဖော်ရန် ရည်ရွယ်ထားသည်။ သူသည် အနာဂတ်မဟာစစ်သူကြီးများသည် တိုင်းပြည်အတွက် ထောက်တိုင်ကြီးများ ဖြစ်လာသည်အထိ သန်မာလာစေရန် မျှော်လင့်ထားသည်။

ကျောက်ကျင်းတန်၊ ကျွမ်းကျန်ဖျင်၊ ချီဝေ့စီ၊ ရွှီချီ၊ နျန်ယန်နှင့် ကောင်းဖုန်တို့သည် ကျေနပ်စွာဖြင့် ထွက်ခွာသွားကြသည်။ ချန်ပုရန်သာ ကျန်နေခဲ့သည်။

"ကျေးဇူးတင်ပါတယ် သခင်လေး"

ထိုခြောက်ယောက် ထွက်ခွာသွားပြီးနောက် ချန်ပုရန်သည် ဝမ်ချောင်ကို လေးစားစွာ အရိုအသေပေးလိုက်သည်။ တခြားသူများနှင့် မတူညီဘဲ သူသည် တောင်ပေါ်အမဲလိုက်မိသားစုမှ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။

သူ၏လေးပစ်ခြင်းအတွေ့အကြုံအရ သူ့ကို ဝမ်ချောင်ပေးခဲ့သည့် လေးအတတ်နည်းစနစ်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသည်ကို သူပြောနိုင်သည်။

အရည်အသွေးအရ ဝမ်ချောင် သူ့ကိုပေးခဲ့သည့်နည်းစနစ်မှာ အခြားသူများထက် ပိုကောင်းပေသည်။ အမှန်တကယ်တွင် သူသည် ထိုနည်းစနစ်မှာ အစစ်အမှန်ကျင့်ကြံခြင်းနယ်ပယ်၏အလွန်တွင် ရှိသည်ကို အာရုံခံထားမိသည်။ ထိုသည်က သူ့ကို မယုံနိုင်စရာကောင်းသည့်အဆင့်သို့ ရောက်ရှိသွားစေနိုင်ပေမည်။

ချန်ပုရန်သည် ငယ်ရွယ်သေးသော်လည်း ဤသည်ကို ပြောနိုင်ပေသည်။

"အာ ငါ့ကိုကျေးဇူးတင်စရာမလိုပါဘူး.. ချန်ပုရန် ငါမင်းကို ဒီနည်းစနစ်သင်ပေးရတာက ငါ့အကြောင်းပြချက်နဲ့ငါ ရှိတယ်"

ဝမ်ချောင် သွယ်ဝိုက်၍ပြောလိုက်သည်။

"အိုး"

ချန်ပုရန်သည် တစ်စုံတစ်ခုကို သဘောမပေါက်မီ တစ်ခဏမျှ အံ့အားသင့်သွားသည်။

"သခင်လေး..သခင်လေး အလိုရှိတဲ့ဘယ်အရာကိုမဆို ကျွန်တော့်ကို လွတ်လွတ်လပ်လပ်အမိန့်ပေးပါ"

သူသည် လေးနက်စွာဖြင့်ပြောလိုက်သည်။

"မင်းအထင်လွဲနေပြီ၊ ငါမင်းကို ငါ့ရဲ့လက်အောက်ငယ်သားဖြစ်လာစေဖို့ ဆိုလိုတာမဟုတ်ဘူး.. ဒီလေးပစ်ခြင်းနည်းစနစ်နဲ့ မင်းသန်မာလာရင်ကို လုံလောက်ပါပြီ..တိုင်းပြည်က အနာဂတ်မှာ မင်းအကူအညီကို လိုအပ်လာလိမ့်မယ်"

ဝမ်ချောင်ပြုံးလိုက်ကာ ထုတ်ပြောလိုက်သည်။

ချန်ပုရန်၏ စူးရှသောနားများသည် လီအတော်ဝေးဝေးမှ ရန်သူ၏တည်နေရာကို နားထောင်ကာ အတိအကျပြောနိုင်သည့်စွမ်းရည်မှာ ဝမ်ချောင်ကို အမှန်တကယ်အံ့အားသင့်စေသည်။ ထိုကဲ့သို့ အံ့အားသင့်ဖွယ်ပါရမီသည် ချန်ပုရန်တွင်သာရှိသည်။ ထိုစွမ်းရည်ဖြင့်ပင် သူ့ကို အားကောင်းသည့် နောက်ထပ်ထိပ်တန်းလေးသခင်တစ်ယောက် ဖြစ်လာစေပေလိမ့်မည်။

ဝမ်ချောင်အဖွဲ့ရှိ လူခုနှစ်ဦးတွင် ချန်ပုရန်၏ ပါရမီသည် အထူးချွန်အပြောင်မြောက်ဆုံးဖြစ်သည်။

ဤသည်မှာ ဝမ်ချောင်သည် တစ်ဖက်လူအပေါ် မျှော်လင့်ချက်ကြီးစွာထားနေရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။

လေးသခင်များသည် အဆင့်တစ်ခုသို့ ရောက်သည်နှင့် သူတို့သည် ကြောက်မက်ဖွယ်တိုက်ခိုက်ခြင်းစွမ်းရည်ကို ပိုင်ဆိုင်လာမည် ဖြစ်သည်။ ထိုသည်ကို မဟာလေ့ကျင့်ရေးစစ်စခန်း သုံးခုစလုံးက မနေ့ညက လေ့လာခဲ့ရပြီးဖြစ်သည်။

"မင်းဒီနည်းစနစ်ကို ကျွမ်းကျင်အောင်အရင်လုပ်ပါ၊ မင်းကျွမ်းကျင်ပြီးတာနဲ့ ငါမင်းကို ပေးစရာရှိသေးတယ်"

ဝမ်ချောင်၏ အပြုံးသည် ပိုပီပြင်လာခဲ့သည်။

"ကျေးဇူးတင်ပါတယ် သခင်လေး"

ဝမ်ချောင်၏ စကားလုံးများသည် ချန်ပုရန်ကို အံ့အားသင့်စေသော်လည်း တစ်ဖက်လူသည် သူ့ကို‌ စေသနာဖြင့် ကူညီရန်ဖြစ်ကြောင်း သူသိသည်။ ထို့အပြင် ဝမ်ချောင်သည် အခြားသော မြင့်မြတ်သည့် သခင်လေးများနှင့် မတူညီစွာ သူ့ကို လာတွေ့ခဲ့သည်။

ထို့ကြောင့် လေးပစ်ခြင်းနည်းစနစ်လျှို့ဝှက်စာအုပ်ကို လက်ထဲတွင်ကိုင်ဆောင်ကာ မကြာမီ သူထွက်ခွာသွားခဲ့သည်။ သို့သော် လာရောက်လည်ပတ်သူများသည် ဤနေရာတွင် ရပ်မသွားခဲ့ပေ။

"ဝမ်သခင်လေး တွေ့ရတာဝမ်းသာပါတယ်"

ချန်ပုရန်ထွက်ခွာပြီး မကြာမီမှာပင် လက်မောင်းကျယ်ကြီးဖြင့် ရည်မွန်သည့်လူငယ်နှစ်ဦးသည် အခန်းတွင်းသို့ ဝင်လာခဲ့သည်။

ကျွမ်းကျန့်ဖျင်နှင့် ချီဝေ့စီတို့သည် မြင့်မြတ်သည့်မျိုးနွယ်မှ လူငယ်သခင်လေးများဖြစ်ကြသော်လည်း သူတို့၏ ဟန်ပန်များသည် ဝမ်ချောင်ရှေ့ရှိလူနှစ်ဦးနှင့်ယှဉ်လိုက်လျှင် မှေးမှိန်နေကြသေးသည်။ အကြောင်းပြချက်မှာ ရိုးရှင်းသည်။ သူတို့သည် ကျွမ်းကျန့်ဖျင်နှင့် ချီဝေ့စီတို့၌ မရှိသည့် မြင့်မြတ်ပြီးဩဇာရှိသည့်ဂုဏ်အရှိန်အဝါများကို သယ်ဆောင်ထားကြသည်။ သူတို့သည် အစစ်အမှန်အထက်တန်းကျသူများဖြစ်ကြသည်။

"ကြိုဆိုပါတယ် ကျွန်တော်လည်း တွေ့ရတာဝမ်းသာပါတယ်"

အပြုံးနှင့်အတူ ဝမ်ချောင်သည် ပြန်၍ အရိုအသေပေးလိုက်သည်။

"အကြောင်းမကြားဘဲ ရောက်လာရတဲ့အတွက် ခွင့်လွှတ်ပါ ကျွန်တော့်ကို ကော့ဖုန်းလို့ ခေါ်နိုင်ပါတယ်"

ခရမ်းရောင်ရောင်သရဖူဆောင်းထားသည့်လူငယ်က သူ့ကိုယ်သူမိတ်ဆက်လိုက်ပြီး သူ့ဘေးမှတစ်ယောက်ကို ညွှန်ပြလိုက်ကာ

"သူကတော့ ချိုက်ကျစ်ရီပါ ဖိတ်ခေါ်ခြင်းမရှိဘဲ ရောက်လာတာက သခင်လေးရဲ့ ချီးကျူးဖွယ်ရာသန်မာတဲ့ ကိုယ်ပိုင်စည်းမျဉ်းကို ဆန့်ကျင်‌နေပါတယ်၊ ဝမ်သခင်လေးက ကျွန်တော်တို့နှစ်ယောက်ကို ခွင့်လွှတ်နိုင်ဖို့ မျှော်လင့်မိပါတယ်"

ထိုနှစ်ဦးသည် ယဉ်ကျေးစွာ ပြောလိုက်သည်။ သူတို့၏အပြုအမူများသည်လည်း အလွန် အထက်တန်းကျလှသည်။ သူတို့သည် ထိပ်တန်းလောကဝတ်သင်ခန်းစာကို သင်ယူခဲ့ရသည်မှာ ထင်ရှားသည်။

"မင်းတို့နှစ်ယောက်က အားနာလွန်းနေပါပြီ"

ဝမ်ချောင်သည် လေးစားစွာ ပြန်ပြောလိုက်သည်။

အမှန်တွင် ဝမ်ချောင်သည် သူတို့ကို အရင်က ဆုံတွေ့ခဲ့ဖူးခြင်း မရှိပေ။ သို့သော်လည်း သူတို့၏ အဝတ်အစားများပေါ်မှ အဆင်တန်ဆာများသည် သူနှင့် စိမ်းကားခြင်းမရှိချေ။ သူတို့ထဲမှတစ်ဦးသည် ကော့မြို့စားကြီးအိမ်တော် မှဖြစ်ပြီး အခြားတစ်ဦးသည် ချိုက်မြိုစားကြီးအိမ်တော်မှဖြစ်သည်။

မဟာထန်၏ အခြားမြိုစားများနှင့်မတူဘဲ ဂိုမျိုးနွယ်စုနှင့် ချိုက်မျိုးနွယ်စုတို့သည် မဟာထန်၏ စစ်မှန်သည့် အုတ်မြစ်များဖြစ်ကြသည်။ သူတို့၏ သမိုင်းကို ထန်မင်းဆက်စတင်ကတည်းက နည်းလမ်းပေါင်းစုံဖြင့် ရှာကြည့်နိုင်ပေသည်။ သူတို့သည် တိုင်းပြည်တွင် ကြီးမားသော အင်အားကို ပိုင်ဆိုင်ထားကြသည်။

ဤမျိုးနွယ်စုများကို ဖော်ပြရန် သင့်လျော်သည့်စကားစုမှာ 'တိုင်းပြည်နှင့်တစ်သားတည်း' ဟူ၍ဖြစ်သည်။

မဟာထန်ကျရှုံးခြင်းမရှိသရွေ့ ဤမျိုးနွယ်စုများသည်လည်း တည်မြဲနေပေလိမ့်မည်ဖြစ်သည်။ မဟာထန်တွင် ဤကဲ့သို့သော စွမ်းရည်သည် အမှန်တကယ်ကြီးမားပေသည်။ ထိုမျိုးနွယ်စုများသည် တစ်ခဏတာမျှ ကျဆင်းခဲ့လျှင်ပင် တော်ဝင်ရုံးတော်နှင့် စစ်တပ်ထဲတွင် သူတို့၏ဩဇာအာဏာသည် သာမန်မျိုးနွယ်စုများနှင့် အရာရှိများ ယှဉ်၍ရမည်မဟုတ်ပေ။

"ကျေးဇူးပြုပြီး ထိုင်ကြပါ"

ဝမ်ချောင်သည် သူ့ဘေးသို့ ညွှန်ပြလိုက်သည်။ ကော့ဖုန်းနှင့် ချိုက်ကျစ်ရီပေါ်လာခြင်းအတွက် သူအံ့အားသင့်ခြင်း မရှိပေ။ ဂုဏ်သရေရှိမျိုးနွယ်စုများ၏ မျိုးဆက်သစ်များသည် ခွန်းဝူလေ့ကျင့်ရေး စစ်စခန်းသို့ ဝင်ရောက်လာခဲ့သောကြောင့် သူ့ကိုလာရှာမည်ကို သူ့ မသိစိတ်က သိရှိနေသည်။

"ညီအစ်ကိုဝမ်က ပါရမီမြင့်မားသူတစ်ယောက်ပဲ.. ညီအစ်ကိုချိုင်နဲ့ ကျွန်တော်က ခင်ဗျားနဲ့ မိတ်ဆွေဖွဲ့ချင်ပါတယ်၊ အမှန်တကယ်တော့ ကျွန်တော်တို့က မနေ့က ညီအစ်ကိုဝမ်ကို မိုးပြာရောင်နဂါးတောင်ထွတ်မှာတွေ့ခဲ့တယ် ဒါပေမဲ့ ညီအစ်ကိုက နယ်စားငယ်ရီနဲ့ သာသာယာယာ စကားပြောနေတာကို တွေ့တော့ ကျွန်တော်တို့က ညီအစ်ကိုကို မနှောင့်ယှက်တော့ဖို့ ဆုံးဖြတ်လိုက်တာ"

ကော့ဖုန်းသည် အတည်ပေါက်ပုံစံဖြင့် စကားပြောကောင်းစွာ ပြောလိုက်သည်။

တစ်ဖက်လူထံမှ ဤ'‌အတည်ပေါက်' စကားလုံးများကိုကြားသည်တွင် ဝမ်ချောင်သည် အော်ရယ်မိလုနီးပါး ဖြစ်သွားသည်။ သူသည် မည်သည်ကိုကြည့်၍ နယ်စားငယ်ရီနှင့် 'သာသာယာယာစကားပြော' နေသည်ဟု ပြောရပါသနည်း။ သူတို့သည် အလောင်းများကို တောင်ပေါ်ရှိ ရှင်းလင်းနေခဲ့ကြသည်သာဖြစ်သည်။ သူတို့ကြားတွင် စကားသိပ်မပြောခဲ့ကြပေ။

ကော့ဖုန်းသည် မျက်နှာပြောင်တိုက်ကာ ပြောနေခြင်းဖြစ်သည်။

ဝမ်ချောင်သည် နယ်စားငယ်ရီကို သတိရလိုက်မိကာ စိတ်ထဲတွင် ရယ်မောလိုက်သည်။

"နယ်စားငယ်ရီက မြို့တော်ရဲ့ လူငယ်သခင်လေးတွေအတွက် 'ကပ်ဘေး'လို့ ကျွန်တော်ကြားခဲ့တာကြာပြီ သူမရဲ့နာမည်ကတင် လူတစ်ယောက်ကို ကြောက်ရွံ့သွားစေနိုင်တယ်၊ ဒီကောလဟာလတွေက အမှန်တကယ် ဖြစ်ပုံပဲ.. ကော့မျိုးနွယ်စုနဲ့ ချိုက်မျိုးနွယ်စုလို ရာစုနှစ်များစွာကြာ တည်တံ့ခဲ့တဲ့ မျိုးနွယ်စုတွေကတောင် နယ်စားငယ်ရီကို ကြောက်ရတယ်"

တူညီ‌သော အမွေးအတောင်ရှိငှက်များသည် အတူတကွ ပျံသန်းကြသည်။ ဤ သူ၏ဒုတိယအစ်မ ဝမ်ကျူးယန်နှင့် အတူတကွပေါင်းသင်းနိုင်သူသည် သာမန်လူ မဖြစ်နိုင်ပေ။ သူတို့နှစ်ဦးကြား ကွာခြားချက်သည် သူ့ဒုတိယအစ်မ၏ ထိခိုက်စေသည့် အကျယ်အဝန်းသည် သူ့၌သာ ကန့်သတ်ထားပြီး နယ်စားငယ်ရီ၏ ထိခိုက်စေသည့် အကျယ်အဝန်းသည်တော့ မြို့တော်၏ အထက်တန်းကျသည့် လူငယ်များအကြား ကန့်သတ်ထားခြင်းမရှိပေ။

"အာ ညီအစ်ကိုကော့က နောက်နေတာပဲဖြစ်ရမယ်.. နယ်စားငယ်ရီက တိုင်းပြည်ရဲ့ အမျိုးသမီးသူရဲကောင်းပဲ၊ ကြီးမားတဲ့စွမ်းရည်တွေနဲ့ ပုဂ္ဂိုလ်တစ်ယောက်.. ကျွန်တော်က သူနဲ့အတူ ဘယ်လိုလုပ်ယှဥ်တွဲပြီးရှိနိုင်မှာလဲ"

ဝမ်ချောင်သည် ထိုနှစ်ယောက်၏ သံသယများကို ကိုယ်တိုင်ဖြေရှင်းလိုက်သည်။ သူ့စကားလုံးများ၏နောက်ကွယ်ရှိအဓိပွာယ်မှာ 'ငါလည်း သူ့ကို ကြောက်တာပဲ' ဟူ၍ဖြစ်သည်။

"ဒါက၊ ဝမ်သခင်လေးကလည်း ငါတို့နဲ့ အတူတူပဲထင်တယ်"

ဝမ်ချောင်၏ စကားလုံးများကို ကြားသည်တွင် ကော့ဖုန်းနှင့် ချိုက်ကျစ်ရီတို့၏ အမူအရာသည် ပြေလျော့သွားကြသည်။

တခဏအတွင်း အခန်းတွင်းရှိလေထုသည် နွေးထွေးလာပုံရသည်။ ယခင်က ကိုးရိုကားယားနှင့် ချုပ်တည်းထားပုံရသော အခြေအနေများသည်လည်း ပျောက်ကွယ်သွားခဲ့သည်။

"ဟုတ်သားပဲ ဒါက ကျွန်တော်တို့ရဲ့ ပထမဆုံးတွေ့ဆုံခြင်းဖြစ်လို့ ဒီမှာ ဒါက ကျွန်တော်တို့ရဲ့ လက်ဆောင်ပါ၊ ညီအစ်ကိုဝမ်က လက်ခံဖို့ မျှော်လင့်ပါတယ်"

ကော့ဖုန်းနှင့် ချိုက်ကျစ်ရီသည် ရွှေရောင်သတ္တာကို ထုတ်ယူကာ ထိုသည်ကို ဖွင့်လိုက်ကြသည်။

"ဒါက နှစ်သုံးရာသက်တမ်းရှိ ဂိုဂူလျောဂျင်ဆင်းပါ.. သူ့မှာ မူလစွမ်းအင်ကို တိုးပွားစေတဲ့အာနိသင်ရှိတယ် သူ့ကို ရေနွေးနဲ့ ကြိုသောက်ရင် လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေနိုင်တယ်"

ဂိုဂူလျောတို့သည် အရင်းအမြစ်ရှားပါးသော်လည်း သူတို့၏ ဆေးဆရာများသည် အလယ်ပိုင်းလွင်ပြင်ဒေသထက် ကျွမ်းကျင်မှုတွင်အနည်းငယ်သာနိမ့်ကျသည်။ သူတို့တွင် အလယ်ပိုင်းလွင်ပြင်ဒေသထက် သာလွန်သည့် အားသာချက်တစ်ခုရှိသည်။ ဂိုဂူလျော ဂျင်ဆင်း ပင်ဖြစ်သည်။

ဟိုက်ဒရာဘတ်သတ္တုရိုင်းကဲ့သို့ပင် ဤဂိုဂူလျောဂျင်ဆင်းများသည် ဈေးကြီးသည့် လူသုံးကုန်တစ်ခု ဖြစ်သည်။ ဤဂျင်ဆင်းများသည် သိုင်းပညာရှင်တစ်ယောက်၏ ခွန်အားများကို တိုးတက်အောင် ပြုလုပ်ပေးသည်။

ထို့ကြောင့် ဂိုဂူလျောတို့တွင် ဆေးဖော်စပ်သူများသည် အများအပြား မရှိသော်လည်း သူတို့၏ အရင်းအမြစ်သည် နည်းပါးသော်လည်း ဤဂျင်ဆင်းဖြင့် သူတို့သည် ကျွမ်းကျင်သူအများအပြားကို ပြုစုပျိုးထောင်နိုင်သေးသည်။ အမှန်တွင် ဤသည်က လီယိုတန်ခံတပ်တွင် မဟာထန်ကို ဆန့်ကျင်တိုက်ခိုက်ရာတွင် ညီမျှသည့် အင်အားကို ရရှိစေခဲ့သည်။

အင်အားကြီးမားသည့်မဟာထန်ပင်လျှင် သူတို့ကို တိုက်ခိုက်ရန် တုံ့ဆိုင်းနေပေလိမ့်မည်ဖြစ်သည်။

---------------

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အပိုင်း ၂၂၄။ စာလွှာ

နှစ်တစ်ရာနှင့်အထက် သက်တမ်းရှိသည့် ဂျင်ဆင်းများကို ဂိုဂူလျောတိုင်းပြည်၏ အပြင်ဘက်သို့ ယူဆောင်ခွင့် တားမြစ်ထားခဲ့သည်။ ထို့ကြောင့် ဝမ်ချောင်သည် နှစ်သုံးရာသက်တမ်းရှိသည့် ဂျင်ဆင်းကို ထိုနှစ်ယောက် ယူဆောင်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။

"ကျေးဇူးကြွေးတင်သွားပါပြီ"

ဝမ်ချောင်သည် သူတို့၏ စေတနာကို ငြင်းပယ်ခြင်း မပြုခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ သူသည် မူလစွမ်းအင် အဆင့်၈ သို့ မကြာမီ ချိုးဖောက်တက်ရောက်ရန် ရည်ရွယ်ထားခဲ့သည်။ ဤလူများသည် တကယ့်အချိန်တွင် ရောက်လာခဲ့ခြင်းဖြစ်သည်။

"ညီအစ်ကိုဝမ် အားနာနေစရာမလိုပါဘူး"

ဝမ်ချောင်က လက်ဆောင်ကို လက်ခံသည်ကို တွေ့ရသည်တွင် ကော့ဖုန်းနှင့် ချိုက်ကျစ်ယီတို့သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။ ကော့မျိုးနွယ်စုနှင့် ချိုက်မျိုးနွယ်စုတို့၏ ဘိုးဘေးများသည် တိုင်းပြည်၏ တည်ထောင်သူများ ဖြစ်ခဲ့ကြသော်လည်း ထိုသည်မှာ လွန်ခဲ့သည့် ရာစုနှစ်များစွာကဖြစ်ပြီး မျိုးဆက်ပေါင်းများစွာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

တစ်ဖက်တွင် ဝမ်မျိုးနွယ်စုသည် မဟာထန်၏ မြင့်တက်လာသော ကြယ်တစ်ပွင့်ဖြစ်သည်။ ဝမ်မျိုးနွယ်စု၏လူအိုကြီး မြို့စားကြီးကျူးသည် လက်ရှိဧကရာဇ်ကို ပလ္လင်ပေါ်သို့ တင်မြောက်ခဲ့ပြီး တစ်ချိန်က ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်သာမက၊ သူသည် လက်ရှိတော်ဝင်ရုံးတော်အပေါ် ကြီးမားသည့်ဂုဏ်ကျက်သ‌ရေနှင့် သြဇာလွှမ်းမိုးမှုကိုလည်း ကိုင်စွဲထားသည်။ ထိုသည်မှာ အဆင့်တူ၌ရှိသည့် မျိုးနွယ်စုများကို ခွန်အားတစ်ခု ပြသလိုက်ခြင်း ဖြစ်သည်။

သူတို့သည် ဝမ်ချောင်ကို ပြောဆိုရခက်သည့် လူတစ်ဦးဟု ထင်ထားခဲ့ကြသည်။ အထူးသဖြင့် ဝမ်ချောင်သည် ကြိုးကြာပျံဝဲစံအိမ်၌ ယောင်ဖုန်းကို ရိုက်နှက်ခဲ့သည်ဟူသော ကောလာဟလများကြောင့် ဖြစ်သည်။ ဒေသဆိုင်ရာတပ်မှူးများအဖြစ်အပျက်မှ သူ၏နာမည်ဆိုးများကိုပင် ထည့်မပြောသေးပေ။ သို့သော် ယခုကြည့်ရသည်တွင် မထင်ထားဘဲ ဝမ်ချောင်သည် ပေါင်းသင်းရလွယ်ကူသည့် လူတစ်ယောက်ပုံ ပေါက်သည်။

"ဟုတ်သားပဲ ညီအစ်ကိုဝမ် အချိန်ရရင် မြို့တော်မှာရှိတဲ့ ကျားသစ်ခန်းမကို လာခဲ့ပါဦး၊ ညီအစ်ကိုချိုက်နဲ့ ကျွန်တော်က ခင်ဗျားကို ဧည့်ခံပါ့မယ်၊ ဒါ့အပြင် ကျွန်တော်တို့ ခင်ဗျားကို သူငယ်ချင်းအသစ်တွေနဲ့လည်း မိတ်ဆက်ပေးလို့ရတယ်"

ကော့ဖုန်းပြောလိုက်သည်။

"တကယ်တော့ အဲဒီမှာ ညီအစ်ကိုဝမ်ကို တွေ့ချင်နေတဲ့ လူတွေအများကြီးရှိတယ်"

ချိုက်ကျစ်ယီ ထပ်ဖြည့်ပြောလိုက်သည်။

မြို့တော်၏လူဦးရေကို ရာထူးဂုဏ်သိမ်အဆင့်ဆင့်ဖြင့် ခွဲခြားထားခဲ့ပြီး တူညီသည့်စည်းမျဉ်းများကို လူငယ်မျိုးဆက်တိုင်းကလည်း ကျင့်သုံးကြသည်။ သူတို့သည် သူတို့ကိုယ်ပိုင် ဂိုဏ်းများကိုပင် တည်ထောင်ထားခဲ့ကြသည်။

နတ်ဘုရားရှစ်ပါးစင်မြင့်သည် ဆယ်ကျော်သက်အရွယ်မျိုးဆက်သစ်လူငယ်များ၏ ပျော်ပါးရာနေရာ ဖြစ်နေချိန်တွင် တောင်ခြင်္သေ့စင်မြင့်သည် အမှန်တကယ် တန်ဖိုးထားခံရသည့် မျိုးဆက်များ၊ အားကောင်းသည့် မျိုးနွယ်စုများ၏ဆက်ခံသူများ သို့မဟုတ် ချီးကျူးထိုက်သည့် လူငယ်များကိုသာ ဝင်ခွင့်ပြုသည့် နေရာဖြစ်သည်။

ထိုသည်မှာ နတ်ဘုရားရှစ်ပါးစင်မြင့်ထက် ပို၍အထက်တန်းကျသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သူတို့၏ ဝန်းကျင်ဓလေ့စရိုက်များသည် ဤသည်ကို ရောင်ပြန်ဟပ်နေပေသည်။ သာမန်အခြေအနေအောက်တွင် ကျားသစ်ခန်းမသို့ ဝင်ရောက်ရန်ဝမ်ချောင်အတွက် ခက်ခဲပေလိမ့်မည်ဖြစ်သည်။ သို့သော် ကော့ဖုန်းနှင့် ချိုက်ကျစ်ယီတို့၏ စကားလုံးများသည် ဝမ်ချောင်အတွက် တံခါးသစ်ဖွင့်ပေးခဲ့သည်။ ထို့ကြောင့် ဝမ်ချောင်ကို သူတို့၏အဝန်းအဝိုင်းထဲ ဆွဲသွင်းလိုက်ကြသည်။

မြို့တော်ရှိ အားကောင်းသည့်မျိုးနွယ်စုများ၏ မျိုးဆက်များအတွက်ပင်လျှင် ကျားသစ်ခန်းမသည် ဝင်ရောက်ရန် ခက်ခဲသည့် နေရာတစ်ခု ဖြစ်နေဆဲဖြစ်သည်။

"အိုး တောင်းပန်ပါတယ် ကျွန်တော် မူလစွမ်းအင်စင်မြင့် လို့ခေါ်တဲ့ သိုင်းပညာရှင်တွေ တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်းဖလှယ်လို့ရတဲ့ နေရာတစ်ခုကို ဖွင့်လှစ်ဖို့ပြင်ဆင်နေတာ၊ တကယ်လို့ ညီအစ်ကိုကော့နဲ့ ညီအစ်ကိုချိုက်တို့က စိတ်ဝင်စားရင် အချိန်ကျရင် လာခဲ့ပါ"

ဝမ်ချောင်သည် ရုတ်တရက် ကြားဖြတ်၍ ပြောလိုက်သည်။

"မူလစွမ်းအင်စင်မြင့်လား"

ကော့ဖုန်းနှင့် ချိုက်ကျစ်ယီတို့သည် အံ့အားသင့်စွာတစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။

"ညီအစ်ကိုဝမ်က ဒီမူလစွမ်းအင်စင်မြင့်ကို ဘယ်မှာတည်ထောင်ဖို့ ရည်ရွယ်ထားတယ်ဆိုတာ သိလို့ရမလား"

"တကယ်တော့ အဲဒါက ဒီမှာပါ"

ဝမ်ချောင်သည် အပြင်ဘက်သို့ ညွှန်ပြလိုက်သည်တွင် ကော့ဖုန်းနှင့် ချိုက်ကျစ်ယီတို့သည် တစ်ဦးနှင့်တစ်ဦး တွေဝေစွာ စိုက်ကြည့်လိုက်ကြသည်။ ပထမဆုံးအကြိမ်အဖြစ် သူတို့သည် ဝမ်ချောင်၏ အတွေးများကို နားမလည်နိုင်သေးကြောင်း တွေ့ရှိလိုက်ကြသည်။

"ညီအစ်ကိုဝမ် စိတ်ချပါ၊ အချိန်ကျရင် ကျွန်တော်တို့ ဒီကို သေချာပေါက်လာခဲ့ပါမယ်"

သူတို့နှစ်ဦးသည် ပြန်ဖြေရုံသာတတ်နိုင်လိုက်သည်။

ဝမ်ချောင်၏ အခန်းထဲတွင် အချိန်တစ်ခဏဖြုန်းပြီးနောက် သူတို့သည် ထွက်ခွာရန် ဆုံးဖြတ်လိုက်ကြသည်။ ဝမ်ချောင်သည် သူတို့ကို လိုက်ပို့လိုက်သည်။ ထို့နောက် အခန်းထဲသို့ တစ်ယောက်တည်း ပြန်ဝင်လာခဲ့ကာ သူသည် အတွေးထဲသို့ လျင်မြန်စွာ နစ်မြောသွားသည်။

'မူလစွမ်းအင်စင်မြင့်' နှင့် ပတ်သက်သည့် ကိစ္စသည် သာမန်ကာလျှံကာပြောလိုက်ခြင်းမဟုတ်ပေ။

ကော့ဖုန်းနှင့် ချိုက်ကျစ်ယီတို့သည် သူ့ကို သူတို့အဝန်းအဝိုင်းထဲ ဆွဲသွင်းရန် ကြံရွယ်ခဲ့ကြသည်။ သို့သော် သူသည် ထိုသည်ကို မည်သို့ သဘောတူမည်နည်း။ သူ၏ရည်မှန်းချက်သည် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းရှိ အားကောင်းသည့် အဖွဲ့အစည်းတချို့သို့ ဝင်ရန်မဟုတ်ပေ။

ဤသည်မှာ မရေမတွက်နိုင်သော မဟာစစ်သူကြီးများ မြင့်တက်လာရာနေရာ ဖြစ်သည်။ ဤနေရာရှိ ဝမ်ချောင်၏ အန္တိမရည်မှန်းချက်သည် ထိုသူများအားလုံးကို တစ်ခုတည်းအဖြစ်စုစည်းရန်ဖြစ်သည်။ ထို့နောက် သူ၏ယခင်အသိပညာများ၊ သူ၏အတွေ့အကြုံနှင့် စုဆောင်းထားသော သူ၏ ကျင့်ကြံခြင်းနည်းစနစ်များကို အသုံးပြုကာ သူတို့ကို ယခင်ကန့်သတ်ချက်များထက် ကျော်လွန်ကာ ပိုမြင့်သည့်အဆင့်များသို့ ရောက်ရန် သူကူညီပေလိမ့်မည်ဖြစ်သည်။

ပထမအချက် သူသည် သူတို့ကို စုစည်းရန် နည်းလမ်းတစ်ခု ရှာရမည်ဖြစ်ကာ မူလစွမ်းအင်စင်မြင့်သည် သက်ရောက်မှုအရှိဆုံး နည်းလမ်းတစ်ခုဖြစ်သည်။

"ဒီကိစ္စအတွက် ဦးလေးလီလင်းကို ဒုက္ခပေးရဦးမယ်"

ဝမ်ချောင် တွက်ချက်လိုက်သည်။

မကြာသေးမီက သူ့ဘေးနားရှိ လူအများစုကို အခြားရည်ရွယ်ချက်များဖြင့် စေလွှတ်ခဲ့သည်။ ရှန့်ဟိန်၊ မုန့်လုံ၊ လီကျူရှင်း၊ နှင့် မီယာဆာမီးအာရကာတို့သည် ယခုအချိန်တွင် ဤနေရာ၌မရှိပေ။ ကျူးဘကွေ့ယန်သည် ကျန့်မျိုးနွယ်စုနှင့် အလုပ်ရှုပ်နေသည်။ သူသည် သူ့မျိုးနွယ်စု၏လက်ရှိကိစ္စများကို မသိပေ။ ထို့ကြောင့် သူတို့သည် သူ့အစီအစဉ်များကို အတိုင်းအတာတစ်ခုအထိသာ ထောက်ပံ့နိုင်သည်။ အားလော်ကျားနှင့် အားလိုနိုတန်တို့ကမူ သတင်းရပါက အကြောင်းကြားမည်ဟု သူ့ကိုပြောခဲ့ကြသည်။

ထို့ကြောင့် ဝမ်ချောင်သည် သူ့တွင် လူအင်အားနည်းပါးနေသည်ကို တွေ့ရှိလိုက်သည်။ လေ့ကျင့်ရေးစခန်းသည် ပြင်ပလူများကို ကန့်သတ်ထားသောကြောင့် သူ၏ကာကွယ်ရေးမှာ ကြီးမားသည့် ကွာဟချက်ပေါ်လာခဲ့သည်။

ဤစိုးရိမ်မှုများအားလုံးသည် ဝမ်ချောင်၏အသိစိတ်ကို ဖိနှိပ်နေခဲ့သည်။

ယောင်မျိုးနွယ်စု၊ ရှီဘုရင်၊ နှင့် ဟူလူမျိုးတို့၏ ခြိမ်းခြောက်မှုကို စဉ်းစားလိုက်ကာ သူသည် သူ့အင်အားကို မစုဆောင်းရသေးခင် သူသည် အားနည်းသည့် အနေအထားတွင် ရှိနေပေလိမ့်မည်။

"အဲဒီလူကို ဒီနေရာမှာရရင်ကောင်းမယ်"

ဝမ်ချောင်၏အတွေးထဲတွင် လူတစ်ဦးပေါ်လာသည်။ မကျော်လွှားနိုင်သောမဟာစစ်သူကြီးလီစစ်ယဲ့၊။

သူသည် မဟာထန်၏သမိုင်းတွင် ထင်ရှားသောသမိုင်းကို ချန်ထားခဲ့သူဖြစ်သည်။ ထိုခေတ်တွင် မရေမတွက်နိုင်သော မဟာစစ်သူကြီးများသည် မဟာထန်၏ကောင်းကင်ယံ၌ပြည့်နှက်နေချိန်တွင် သူသည် အတောက်ပဆုံးသူတစ်ဦးဖြစ်ခဲ့သည်။ သူသည် သူ့ရဲဘော်ရဲဘက်များနှင့် အများပြည်သူလူထုတို့၏ လေးစားမှုကို သိမ်းပိုက်နိုင်ခဲ့သည်။

အလယ်ပိုင်းလွင်ပြင်ဒေသရှိ မဟာစစ်သူကြီးများထဲတွင် သူသည် စစ်ရေးနည်းပရိယာယ် သို့မဟုတ် နည်းဗျူဟာကို မသိသည့် တစ်ဦးတည်းသောသူ ဖြစ်ပေလိမ့်မည်။ သို့တိုင် သူ၏ကိုယ်ပိုင်အောင်မြင်မှုများကို အခြေခံ၍ သူသည် 'မဟာစစ်သူကြီး'ဘွဲ့အပ်နှင်းခြင်းခံခဲ့ရသည်။ စစ်တပ်နှင့် မဟာထန်၏သမိုင်းထဲရှိ သူ၏အဆင့်အတန်းသည် တပ်ဖွဲ့ကို ဦးဆောင်ခဲ့ခြင်း မရှိသော်လည်း ကျန်းရှို့ကွေ့၊ ဂိုဆွန်းကျီ၊ ဖူးမန်လင်းချနှင့် အခြားပထမအဆင့်စစ်သူကြီးများနှင့် ယှဉ်ပြိုင်နိုင်ခဲ့သည်။

လွှမ်းမိုးနိုင်စွမ်းရှိသော ကိုယ်ပိုင်ခွန်အား၊ နောက်ခံ၊ အရည်အချင်းနှင့် အထူးသဖြင့် အားကောင်းသည့် တပ်ဖွဲ့ကို ကွပ်ကဲနိုင်ခြင်း မရှိဘဲ လူတစ်ယောက်အတွက် ထိုကဲ့သို့ ဘွဲ့ကို အပ်နှင်းခံရရန် မဖြစ်နိုင်ပေ။ ထိုကိစ္စနှင့်စပ်လျင်း၍ ဝမ်ယန်ဖြစ်စေ၊ ယောင်ကွမ်းရီဖြစ်စေ သို့မဟုတ် အခြားအပ်နှင်းခံရသည့် စစ်သူကြီးများဖြစ်စေ သူတို့သည် 'မဟာစစ်သူကြီး' အဆင့်ကို ရောက်ရှိရန် ကျရှုံးခဲ့ကြသည်။ ရဲစွမ်းသတ္တိနှင့် ခွန်အားတစ်ခုတည်းဖြင့် 'မကျော်လွှားနိုင်သောမဟာစစ်သူကြီး' အဖြစ် ခန့်အပ်ခံရရန် လီစစ်ယဲ့၏ စွမ်းပကားသည် တွေးကြည့်ရန် မဖြစ်နိုင်သလောက်နီးပါးပင်ဖြစ်သည်။

မဟာထန်တွင် ဤနေရာ၌ သူ့အပေါ် သမိုင်းအကဲဖြတ်မှုသည် အောက်ပါအတိုင်း ဖြစ်လာပေလိမ့်မည်။ ကြီးမားသောတိုက်ပွဲတိုင်းတွင် သူ၏ရဲစွမ်းသတ္တိနှင့် တစ်ဦးချင်းခွန်အားဖြင့်ပင် တိုက်ပွဲ၏နောက်ဆုံးရလဒ်ကို ဆုံးဖြတ်နိုင်ပေလိမ့်မည်ဖြစ်သည်။

နောက်တစ်မျိုး အကဲဖြတ်ချက်မှာ၊

လီစစ်ယဲ့ တိုက်ခိုက်သည့်ပုံစံသည် သူ့လမ်းကြောင်းတွင် ရပ်နေသည့် ရန်သူများသည် မည်မျှအားကောင်းပါစေ နောက်ဆုတ်မသွားဘဲ ရှေ့တိုး၍ တိုက်ခိုက်ရန်ဖြစ်သည်။ ဤသည်ကို သူ၏ ရဲစွမ်းသတ္တိအဖြစ် ရှုမြင်နိုင်သည်။ သို့သော် သူ့ခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သော အမာရွတ်များသည် သူ၏ အောင်နိုင်ခြင်းအတွက် ဆုတံဆိပ်အဖြစ် ကျန်နေခဲ့သည်။

စစ်မှန်သောသူရဲကောင်း၊။(A true man!)

သူသည် မဟာထန်၏ လူအများအသိအမှတ်ပြုထားသော နံပါတ်တစ်ဦးစီးခေါင်းဆောင် ဖြစ်လာပေလိမ့်မည် ဖြစ်သည်။

အနာဂတ်မဟာစစ်သူကြီးများအကြားတွင် သူသည် ဝမ်ချောင်အလိုချင်ဆုံးသော လက်အောက်ခံတစ်ယောက် ဖြစ်သည်။ သို့သော် အောင်မြင်ရန်မှာ မလွယ်ကူပေ။

ပထမဆုံးအနေဖြင့် လီစစ်ယဲ့၏ မူလဇာစ်မြစ် သို့မဟုတ် စစ်တပ်တွင် စစ်မှုမထမ်းမီ သူ၏လုပ်ဆောင်မှုများအကြောင်းကို လူသိနည်းခဲ့သည်။ ထိုသည်မှာ သူသေဆုံးသည့်တိုင် လျှို့ဝှက်ချက်အဖြစ် ကျန်နေခဲ့သည်။ ပြဿနာမှာ သူသည် သူ၏ကိုယ်ပိုင်ကိစ္စများကို အခြားသူများသို့ ပြောပြချင်ခဲ့ပုံမရပေ။ ဝမ်ချောင်သည် သူ့နာမည်ကိုသိသော်လည်း သူသည် ဘယ်က စရှာရမည်လဲမသိပေ။

ထို့အပြင် အနာဂတ် 'ကျော်လွှား၍မရသော မဟာစစ်သူကြီး' အနေဖြင့် သူ၏ တိုးတက်မှုသည်လည်း အလွန်မြန်ဆန်သည်။ သူ့ဘဝတလျှောက်လုံးတွင် သူသည် 'လွတ်လပ်' ရန် နှစ်ဝက်သာလိုအပ်သည်။ အကယ်၍ ဝမ်ချောင်သည် သူ့ကိုစည်းရုံးချင်ပါက သူသည် ထိုသို့လုပ်ဆောင်ရန် နှစ်ဝက်သာ အချိန်ရသည်။ ထိုသို့မဟုတ်ပါက တစ်ဖက်လူကို အခြားမဟာစစ်သူကြီးအချို့က သိမ်းယူထားပြီး ဖြစ်ပေလိမ့်မည်။ ထိုသို့သာဆိုလျှင် ဝမ်ချောင်သည် ထိုလူကို သူ့‌လှေပေါ်သို့ ဆွဲခေါ်ရန် ခက်ခဲပေလိမ့်မည်။

ယခုမှစ၍ နှစ်နှစ်အကြာတွင် လိစီယိသည် သူ၏ ချွန်ထက်သည့်အစွန်းကို ထုတ်ပြလိုက်သည့်အချိန်တွင် မည်သူမျှသူ့ကို ထိန်းနိုင်တော့မည်မဟုတ်ပေ။

ထို့ကြောင့် ဝမ်ချောင်သည် ဤအခွင့်အရေးကို တင်းကြပ်စွာဆုပ်ကိုင်ရပေလိမ့်မည်ဖြစ်သည်။ အကယ်၍ သူကျရှုံးခဲ့ပါက ဒုတိယအခွင့်အရေးရှိလိမ့်မည်မဟုတ်ပေ။

"တကယ်လို့ ဘာမှမမှားရင် သူက စစ်တပ်ထဲဝင်ပြီးလောက်ပြီ"

ဝမ်ချောင်တွေးလိုက်သည်။

ဤသည်မှာ လီစစ်ယဲ့သည် သမိုင်းဇာတ်ခုံပေါ်တွင် ပထမဆုံးအကြိမ်ပေါ်ထွက်လာခြင်းဖြစ်သည်။ ယခုတွင် သူသည် ထင်ရှားခြင်း မရှိသော သာမန်စစ်သားတစ်ဦးသာဖြစ်ပေလိမ့်မည်။ အင်အားဖြည့်တင်းရန် အန်းရှီသို့ ဦးတည်သွားနေသော တပ်သားများထဲမှ တစ်ဦးဖြစ်နေပေလိမ့်မည်။ ဤအချိန်သည် သူ့ဘဝတစ်လျှောက်လုံး အနိမ့်ကျဆုံးအချိန်ဖြစ်ပေသည်။

နိမ့်ကျသည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ လီစစ်ယဲ့ကို သူ့ဘက်သို့ ခေါ်ရန်မှာ လွယ်ကူသည့်ကိစ္စမဟုတ်ပေ။ ဟိုစကားပုံကဲ့သို့ပင် 'စစ်အမိန့်သည် တောင်ကဲ့သို့ ခိုင်မြဲသည်'။ တစ်ဖက်လူ၏ နေရာချထားခြင်းသည် မှတ်တမ်းတင်ပြီးဖြစ်ကာ ဝမ်ချောင်သည် သူ့ကိုယ်ပိုင်ရည်ရွယ်ချက်အတွက် သူ့ကို ခေါ်ယူရန် မဖြစ်နိုင်တော့ပေ။

အန်းရှီမှ ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းသို့ အမိန့်အောက်တွင် ပြန်လည်နေရာချထားရန်ကိစ္စမှာ မလွယ်ကူပေ။ သူ့ဖခင် ဝမ်ယန်သည်ပင် ထိုကဲ့သို့ အခွင့်အာဏာမရှိချေ။

"ကြည့်ရတာ စုန့်ဘုရင်ကို အကူအညီတောင်းရတော့မယ်ထင်တယ် သူက စစ်မှုထမ်းရေးရာဌာနကို အုပ်ချုပ်သူဖြစ်ပြီး တခြားသူတွေကို လွတ်လပ်စွာ ရွေ့ပြောင်းနိုင်တဲ့ အာဏာရှိတယ်.. သူက ဒီကိစ္စအတွက် ငါ့ရဲ့မျှော်လင့်ချက်ပဲ"

ဝမ်ချောင် စမြုံပြန်လိုက်သည်။

သူ၏အတွေးများကို စုစည်းလိုက်ကာ စာတစ်စောင်ချရေးလိုက်ပြီး စာပို့ခိုဖြင့် ပို့လွှတ်လိုက်သည်။

ဤကိစ္စပြီးနောက် ဝမ်ချောင်သည် ဧည့်သည်တချို့ကို တွေ့ဆုံလိုက်ပြီး ခွန်းဝူ၏ အလယ်ဗဟို(တောင်ထွတ်)သို့ ဦးတည်လိုက်သည်။ သူသည် စုကျန်ချန်သင်ပြပေးခဲ့သည့် သက်ရှိများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းကို အဓိပ္ပာယ်ဖော်ရဦးမည်ဖြစ်သောကြောင့် တိတ်ဆိတ်သည့် နေရာလိုအပ်သည်။

...

တစ်ချိန်တည်းတွင် မိုးပြာရောင်နဂါးတောင်ထွတ်တစ်နေရာတွင်

"ဟမ် စွန်းကျိမင် မင်းငါ့ကို သစ္စာဖောက်လို့ရမယ်လို့ တကယ်ကြီးထင်နေတာလား"

တိန့်မင်ရှန်သည် လူအချို့ကို ဦးဆောင်ကာ စွန်းကျိမင် နေထိုင်ရာနေရာသို့ တရကြမ်းဝင်လာခဲ့သည်။

မိုးပြာရောင်နဂါးတောင်ထွတ်သို့ ဝင်နိုင်ခဲ့သောကြောင့် သူသည် ပြီးခဲ့သည့်ည၏ကပ်ဆိုးတွင် အသက်ရှင်ရန် လုပ်ဆောင်ခဲ့ရသည်။

"တိန့်သခင်လေး မင်းဘာတွေပြောနေတာလဲ ငါနားမလည်ဘူး၊ ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းထဲ ဝင်ရောက်တာက ငါ့လက်နဲ့ငါကိုယ်တိုင်ယူခဲ့တဲ့ အခွင့်အရေးပဲ..မင်းပြောခဲ့တဲ့ သစ္စာဖောက်ခြင်းဆိုတာဟာ ဒီမှာကျင့်သုံးလို့ရပုံ မပေါ်ဘူး"

လူများ တရကြမ်းဝင်လာသည်ကို မြင်သည်တွင် စွန်းကျိမင်သည် ဖြူရော်သွားခဲ့သည်။ သူသည် လက်သီးကို တင်းနေအောင်ဆုပ်ထားသော်လည်း ညှိနှိုင်းခြင်း သို့မဟုတ် နောက်ဆုတ်ခြင်း ပြုလုပ်မည့်ပုံမပြပေ။

စွန်းကျိမင်ပြန်ခံပြောသည်ကို ကြားသောအခါ တိန့်မင်ရှင် ဒေါသထွက်သွားခဲ့သည်။ အတိတ်တွင် စွန်းကျိမင်သည် သူပြောသမျှလိုက်နာခဲ့ကာ လုံးဝ ပြန်လှန်မပြောရဲခဲ့ပေ။ သူသည် ဤမြင်ကွင်းကို ယခင်က မမြင်ခဲ့ဖူးပေ။ သို့သော် ယခုတွင် တစ်ရက်သာကုန်လွန်သေးသော်လည်း စွန်းကျိမင်သည် သူ့ကို လူအများရှေ့တွင် ပြန်ခံပြောရဲနေသည်။

"စွန်းကျိမင် မင်းကိုယ်မင်း အထင်ကြီးမနေနဲ့၊ မင်းက ငါတို့တိန့်မျိုးနွယ်စုရဲ့ မထင်မရှားအစေခံသာသာပဲ.. မင်းငါ့ကို ရိုင်းရိုင်းစိုင်းစိုင်း ပြန်ခံပြောရဲတယ်ပေါ့"

တိန့်မင်ရှင်၏မျက်နှာသည် နီရဲလာခဲ့သည်။ ဤနေရာတစ်ဝိုက်တွင် မုန်တိုင်းထန်တော့မည်ကို အာရုံခံစားနိုင်သည်။

"မင်းကို နောက်ဆုံးအခွင့်အရေးပေးမယ်၊ အကျိုးအမြတ်အတွက် မင်းရဲ့သခင်ကို‌ ဆန့်ကျင်ပြီး မင်းရဲ့ကျောထောက်နောက်ခံကို ပြောင်းမလား ဒါမှမဟုတ် ငါ့ဖက်ပြန်လာမလား"

"တိန့်မင်ရှင် မင်းဘာပဲပြောပြော ငါမင်းရဲ့အစေခံ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး"

စွန်းကျိမင်သည် အံကြိတ်ကာ ပြန်ဖြေရှင်းလိုက်သည်။

တိန့်မင်ရှင်၏ လက်အောက်မှ လွတ်မြောက်ရန် သူ့အတွက် မလွယ်ကူခဲ့ပေ။ မည်သို့ပင်ဖြစ်လာပါစေ သူ့ကိုယ်သူ ပြန်ခွင့်ပြုမည်မဟုတ်ပေ။ ထိုသို့မဟုတ်ပါက တိန့်မင်ရှင်၏ အကျင့်စရိုက်အရ သူ့ဆီ ဘာတွေဖြစ်လာမည်ကို မည်သူသိနိုင်မည်နည်း။

"တိန့်သခင်လေး သူ့အတွက် ယဉ်ကျေးနေဖို့ မလိုတော့ဘူး"

"ဒီကောင်တော့ အသားနာချင်နေပြီ၊ မင်းဒီပုံစံနဲ့ တိန့်သခင်လေးကို ပြန်ခံပြောရဲတယ်လား"

"သူ့ကို သင်ခန်းစာတစ်ခုပေးလိုက်ကြ၊ အကြောက်တရားဆိုတာ ဘာမှန်း နားလည်လာလိမ့်မယ်"

...

နောက်မှ တိမ့်မင်ရှင်၏ အစေအပါးနှစ်ကောင်က ဟိန်းဟောက်လိုက်သည်။

"စွန်းကျိမင် မင်းရဲ့အပြုအမူက မင်းနောင်တမရသေးဘူး ဆိုတာကို ပြနေတာကြောင့် ငါ့ကိုရက်စက်တယ်လို့ အပြစ်မတင်နဲ့၊ မင်းရဲ့အဖေက ဝန်ထမ်းရေးရာဌာနမှာ ရှိနေဖို့ အိပ်မက်မက်စရာမလိုတော့ဘူး၊ သူက အနားယူပြီး သူ့မွေးရပ်မြေကို ပြန်လောက်ပြီ"

"မင်းက ဝမ်ချောင်ကို တွယ်ကပ်နေတာကြောင့် မင်းကိုယ်မင်း ကြီးကြီးမားမားတစ်စုံတစ်ရာလို့ မထင်လိုက်နဲ့၊ သူကမင်းကို ကူညီနိုင်မှာမဟုတ်ဘူး၊ အခုကစပြီး မင်းရဲ့စွန်းမျိုးနွယ်စုကလည်း ဆက်ပြီးကြီးထွားလာဖို့ အိပ်မက်မက်မနေနဲ့၊ လယ်ထွန်ရင်း မင်းဘဝကို ကုန်ဆုံးလို့ရပြီ"

တိန့်မင်ရှင်သည် အေးစက်သည့်အမူအရာဖြင့် ‌လက်မောင်းကို ခါလိုက်သည်။

"ငါမင်းကို ပြောလိုက်မယ် စွန်းကျိမင် မင်းရဲ့မျိုးနွယ်စုကျဆုံးရတာက မင်းကြောင့်ပဲ"

"တိန့်မင်ရှင် မင်းလုပ်ရဲလား"

စွန်းကျိမင်၏ မျက်နှာသည် ပို၍ဖြူဖျော့သွားသည်။

စွန်းမျိုးနွယ်စုသည် လယ်သမားမိသားစုဖြစ်သည်။ သူတို့သည် ဆင်းရဲသော အန်နာဒေသမှ လာခဲ့ကြပြီး မျိုးဆက်ပေါင်းများစွာအကြာတွင် သူတို့သည် သူတို့၏ လုံ့လဝီရိယကြောင့်သာ ဝေးလံခေါင်သီသော တောင်ပေါ်မှ ရုန်းထွက်နိုင်ခဲ့ကြသည်။ ဤတစ်လျှောက်လုံးတွင် စွန်းမျိုးနွယ်စုသည် ပြင်ပအကူအညီ မရခဲ့ပေ။ ထိုသည်မှာ သူတို့ကိုယ်ပိုင် ကြိုးစားအားထုတ်မှုဖြစ်သည်။

ဤသည်မှာ တိန့်မင်ရှင်သည် သူ့ကို ဤစကားလုံးများဖြင့် ပထမဆုံးအကြိမ် ခြိမ်းခြောက်လာခဲ့ခြင်းဖြစ်သည်။ ယခုအခြေအနေအရ တိန့်မင်ရှင်သည် ထိုမျှအထိသွားမည်လား ဆိုသည်ကို သူ မပြောနိုင်ပေ။

တိန့်မင်ရှင် ဖခင်၏ လုပ်ပိုင်ခွင့်အာဏာဖြင့် စွန်းမျိုးနွယ်စုတစ်ခုလုံး၏ ကြိုးစားအားထုတ်မှုအားလုံးကို ဖျက်ပစ်ရန် လွယ်ကူပေသည်။ စကားလုံးတစ်လုံးသာလိုအပ်သည်။ တိန့်မျိုးနွယ်စုအတွက် စွန်းမျိုးနွယ်စုသည် သေးငယ်သည့်ပုရွက်ဆိတ်သာဖြစ်ပြီး ခြေဖဝါးဖြင့် အလွယ်တကူ နင်းခြေနိုင်ပေသည်။

"ဟမ် မင်းမကြာခင်သိလာပါလိမ့်မယ်"

တိန့်မင်ရှင် လှောင်ရယ်လိုက်သည်။

ဟူးလာလာ

သူပြန်ဖြေနေဆဲမှာပင် သူတို့ခေါင်းထက်မှအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုသည်မှာ အနက်ရောင်စွန်ရဲတစ်ကောင်ဖြစ်ပြီး တိန့်မင်ရှန်လက်မောင်းပေါ်သို့ ဆင်းသက်လာခဲ့သည်။ ထိုစွန်ရဲမှာ သူ့ဖခင်ဆီသို့ ယခင်က သူစာပို့ရန် လွှတ်လိုက်သည့် တစ်ကောင်အတူတူပင်ဖြစ်သည်။

"စွန်းကျိမင် မင်းက ကိုင်းအကြီးကြီးမှာ ကပ်တွယ်နေရတာကြောင့် စိတ်ကြီးဝင်ပြီလား၊ ငါ့ကို ဆန့်ကျင်တဲ့အတွက် ရလဒ်ကို မင်းကိုပြမယ်"

ရွှက်

သူသည် အနက်ရောင်စွန်ရဲ၏ ခြေထောက်မှ စာရွက်ကို ယူကာ စွန်းကျိမင် ဆီသို့ ပစ်လွှတ်လိုက်သည်။

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အပိုင်း ၂၂၅။ စိတ်အနှောင့်အယှက်ဖြစ်နေသောကျန်းရွှမ်

စွန်းကျိမင်၏ ခန္ဓာကိုယ်သည် တုန်ခါလျက် သူ့မျက်နှာသည် သွေးဆုတ်ဖြူရော်နေခဲ့ကာ သူသည် တိန့်မင်ရှင် ပစ်လွှတ်လိုက်သော စာလိပ်ကို ကောက်ယူလိုက်သည်။ သူ ကံဆိုးတာကို ပျော်ရွှင်နေကြသည့် လူတစ်ခုက သူ့ကို လှောင်ရယ်နေကြသည်။

"အရူး၊ မင်းရဲ့သခင်ကို ဘယ်တော့မှသစ္စာမဖောက်သင့်ဘူး၊ ဝမ်မျိုးနွယ်စုက တိန့်သခင်လေးရဲ့မျိုးနွယ်စုထက် သာလွန်တယ်ဆိုပေမဲ့ မင်းလည်း အတူတူပဲလို့ထင်နေတာလား"

"ဒါက ကိုယ့်ကိုယ်ကို ပိုတွက်လွန်းတဲ့အရူးတစ်ယောက် ကြုံတွေ့ရမဲ့အရာပဲ"

...

ပတ်ပတ်လည်ရှိ လူတိုင်းသည် လှောင်ရယ်လိုက်ကြသည်။ သူတို့သည် တိန့်မင်ရှင်က သူဖခင်ထံသို့ သစ္စာဖောက်၏ဖခင်ကို ရာထူးမှဖယ်ရှားရန် တောင်းဆိုလိုက်သည်ကို သိကြသည်။ ဝန်ထမ်းရေးရာဌာန၏ လက်ထောက်တစ်ယောက်သည် အဆင့်အတန်း မြင့်မားခြင်း မရှိသော်လည်း စွန်းမျိုးနွယ်စုကို ရင်ဆိုင်ရန် လုံလောက်သည်ထက် ပိုပေသည်။

စွန်းကျိမင်၏ကံကြမ္မာသည် လုံးဝပြီးဆုံးပြီဖြစ်သည်။

လှောင်ပြောင်ရယ်မောမှုများကို ကြံ့ကြံ့ခံကာ စွန်းကျိမင်၏ မျက်နှာသည် ပို၍ ဖြူရော်သွားခဲ့သည်။ သူသည် စာလိပ်ကို တုန်ခါနေသောလက်ဖြင့် ဖြည်းဖြည်းချင်း ဖြည်လိုက်သည်။

ရုတ်တရက်ဆိုသကဲ့သို့ ပထမစာကြောင်းကို မြင်လိုက်သည်တွင် သူသည် သူ့အမူအရာသည် မယုံနိုင်မှုကြောင့် အေးခဲသွားသည်။ သူသည် မတတ်နိုင်စွာဖြင့် သူ့ခေါင်းကို မော့လိုက်ကာ တိန့်မင်ရှင်ကို ကြည့်လိုက်မိသည်။

"မင်းဘာကြည့်နေတာလဲ၊ နောင်တရနေပြီလား..အဲဒါက အရမ်းနောက်ကျသွားပြီ"

တိန့်မင်ရှင်သည်လည်း သူ့အစေအပါးများနည်းတူ လှောင်ရယ်လိုက်သည်။ စွန်းကျိမင်၏ တစ်ခုတည်းသော တုံ့ပြန်မှုသည် ထူးဆန်းသော အကြည့်ဖြင့် သူ့ကို ပြန်ကြည့်လာခြင်းဖြစ်သည်။

စွန်းကျိမင်သည် သူ့အကြည့်ကို စာရွက်ပေါ်သို့ ပြန်ရွှေ့လိုက်ကာ ဆက်ဖတ်လိုက်သည်။ အစပိုင်းတွင် သူ့မျက်နှာသည် လူသေကောင်ကဲ့သို့ ဖြူဆုပ်နေခဲ့ကာ သူ့နှုတ်ခမ်းပါးများသည် တုန်ယင်နေခဲ့သည်။ သို့သော် စာပါအကြောင်းအရာများကို ဆက်ဖတ်လိုက်သည်တွင် သူမျက်နှာသည် ကျန်းမာသူတစ်ယောက်ကဲ့သို့ ဖြည်းဖြည်းချင်း ပြန်လည်တောက်ပလာခဲ့သည်။ နောက်ဆုံးတွင် သူသည် အပြည့်အ၀ ပြန်လည်အသက်ဝင်လာခဲ့ပုံရသည်။

"တိန့်မင်ရှင် ဒါကမင်းခေါ်လိုက်တဲ့ နတ်ဆိုးက‌နေ နတ်ဆိုးမွေးဖွားလိုက်တာပဲ၊ မင်းကိုယ်တိုင် စာကို ကြည့်လိုက်တော့"

မတ်မတ်ရပ်လိုက်ကာ စွန်းကျိမင်သည် တိန့်မင်ရှင်ထံသို့ စာကိုပြန်လည် ရွှင်မြူးစွာ ပစ်ထုတ်လိုက်သည်။ ထိုသည်မှာ သူသည် သူ့ကိုချည်နှောင်ထားသော ကြိုးများ ပြေလျော့သွားသကဲ့သို့ပင်ဖြစ်သည်။

"ခွေးကောင် မင်းရူးနေတာပဲဖြစ်ရမယ်၊ တိန့်သခင်လေးကို ဒီလိုပုံစံနဲ့စကားပြောရဲတယ်"

တိန့်မင်ရှင်နံဘေးတွင် ရပ်နေသော အသက်ဆယ့်ငါးနှစ်အရွယ်လူငယ်တစ်ဦးသည် စွန်းကျိမင်ကို လက်ညိုးငေါက်ငေါက်ထိုးကာ ဒေါသတကြီးဖြင့် အော်လိုက်သည်။

"တိန့်သခင်လေး ကျွန်တော်တို့ကို သခင်လေးကိုယ်စား သင်ခန်းစာပေးခွင့်ပြုပါ"

အခြားအစေအပါးတစ်ယောက်သည် စွန်းကျိမင်၏ ကိုယ်ဟန်အနေအထားကို မကျေမနပ် ပြောလိုက်သည်။

"ဟမ် စာကို သေချာကြည့်ဖို့ မင်းကို ငါတိုက်တွန်းတယ်.. တိန့်မင်ရှင် မင်းငါ့ကို တစ်ကြိမ်ပြီးတစ်ကြိမ် ခြိမ်းခြောက်ခဲ့ပေမဲ့ အဲဒါတွေကို ငါခွင့်လွှတ်လိုက်မယ်၊ မင်းလမ်းမင်းလျှောက်ပါ"(you're on your own now.:))

ဤစကားများကို ချန်ထားခဲ့ကာ စွန်းကျိမင်သည် ထွက်သွားလိုက်သည်။ သူသည် ယခင်ကနှင့် ကွဲပြားသွားပုံရသည်။

"အတင့်ရဲလိုက်တာ"

နောက်လိုက်များသည် စွန်းကျိမင်၏ စကားကြောင့် ဒေါသထွက်သွားကြကာ စွန်းကျိမင်ကို လိုက်လံသတ်ဖြတ်ချင်နေပုံရသည်။ တစ်ဖက်တွင် ဤဖြစ်စဉ်တစ်ခုလုံး၏ အဓိကဇာတ်ကောင် တိန့်မင်ရှင်သည်တော့ နိမိတ်မကောင်းသည့် ခံစားချက်များသည် သူ့ရင်ကို ဖိနှိပ်လာခဲ့သည်။

သူသည် စွန်းကျိမင်ကို အချိန်အကြာကြီး သိရှိလာခဲ့ပြီး တစ်ဖက်လူ၏ အကျင့်စရိုက်ကိုလည် သေချာသိပေသည်။ စွန်းကျိမင်သည် လက်တွေ့သမားဖြစ်ကာ သူသည် ဟန်ဆောင်တတ်ခြင်းသို့မဟုတ် လိမ်ညာတတ်ခြင်း မရှိပေ။

စောစောက အမူအရာများသည် အစစ်အမှန်ဖြစ်ပုံရကာ သူစိတ်ထဲကို သံသယမြူခိုးများ ဖုံးလွှမ်းသွားစေသည်။

"အဲဒါက ဘာများဖြစ်နိုင်မလဲ"

စိုးရိမ်ပုပန်ခြင်း တိန့်မင်ရှင်သည် နဖူးကျောများကို တွန့်လိုက်သည်။ တွေးမနေတော့ဘဲ သူသည် ငုံ့လိုက်ကာ စွန်းကျိမင် သူ့ဆီသို့ပစ်ထုတ်လိုက်သော စာရွက်ကို ကောက်လိုက်သည်။

"မင်း တိရစ္ဆာန်ကောင် အခုချက်ချင်း ပြန်လာတာကောင်းမယ်"

စာရွက်ပေါ်ရှိ ပထမစာကြောင်းကို မြင်လိုက်သည်တွင် တိန့်မင်ရှင်သည် ကောင်းကင်မှ မိုးကြိုးပစ်သံများကို ရုတ်တရက် ကြားလိုက်ပုံပေါ်သည်။ သူသည် မှင်သက်သွားခဲ့သည်။

"မဖြစ်နိုင်တာ"

သူသည် မယုံနိုင်စွာ မျက်နှာသည် ဖြူရော်သွားခဲ့ကာ မျက်လုံးများသည် ပြူးကျယ်လာခဲ့သည်။ သူသည် စာကို ဆက်ဖတ်လိုက်သည်။ သို့သော် သူ့မျက်နှာသည် ပို၍ ဖြူရော်သွားခဲ့သည်။ သူ့နှုတ်ခမ်းများသည် တုန်ယင်နေကာ သူ့နဖူးမှ ချွေးအေးများ စီးကျလာခဲ့သည်။

"မဖြစ်နိုင်ဘူး၊ ဒါကမဖြစ်နိုင်ဘူး"

တိန့်မင်ရှင်သည် စိုးရိမ်တကြီးဖြင့် စွမ်းကျိမင်ထွက်သွားသည့်ဖက်သို့ ကြည့်လိုက်သည်။ ဤတစ်ကြိမ်တွင် သူ့မျက်နှာသည် မာန်မာနထောင်လွှားမနေတော့ဘဲ ထို့အစား ကြောက်ရွံ့မှုက အစားထိုးနေခဲ့သည်။

"မဟုတ်ဘူး ဒါမဖြစ်နိုင်ဘူး၊ ငါ သခင်လေးနဲ့တွေ့ရမယ်.. သခင်လေးနဲ့တွေ့ရမယ်"

သူသည် ရုတ်ခြည်းလှည့်လိုက်ကာ တခြားတစ်ဖက်သို့ ပြေးထွက်သွားလိုက်သည်။ သူသည် သူ့လက်များအကြားမှ စာရွက်ပြုတ်ကျသွားသည်ကိုပင် သတိမပြုမိတော့ချေ။ စာရွက်သည် မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။

"တိန့်သခင်လေး ဘာဖြစ်သွားတာလဲ"

ကျန်နေခဲ့သည့် လူများသည် တစ်ဦးကိုတစ်ဦး ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။ သူတို့သည် စွန်းကျိမင်ကို ပညာပေးရန်အတွက် တိန့်သခင်လေး၏ အမိန့်ကို စောင့်နေခဲ့ကြသည်။ သို့သော် ထိုအစား တိမ့်မင်ရှင်သည် စိုးရိမ်ပူပန်စွာ ပြေးထွက်သွားခဲ့သည်။

"စာထဲမှာ ဘာရေးထားတာလဲ"

လူအုပ်ထဲမှတစ်ယောက်သည် စာရွက်ကို ကောက်ယူလိုက်သည်။ လူတိုင်းသည် ချက်ချင်း စုဝေးလာကြကာ ဖတ်ကြည့်လိုက်ကြသည်။

"ဖယ် ဖယ်... ရာထူးကနေ ဖယ်ရှားခံရတာလား၊ တိန့်မင်ရှင့်အဖေကို ဝန်ထမ်းရေးရာဌာနကနေ ဖယ်ထုတ်လိုက်တာလား"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"မနေ့တုန်းက စွန်းကျိမင်ဖခင်ကို ဖယ်ရှားပစ်မယ်လို့ သခင်လေးပြောခဲ့တယ်မဟုတ်လား"

...

လူအုပ်သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ စာပါအကြောင်းအရာများသည် သူတို့ကို ဆွံ့အသွားစေသည်။ သူတို့သည် တိန့်မင်ရှင်၏ မိုးမီးလောင်နေသည့် အမူအရာဖြင့် ပြေးထွက်သွားသည်ကို နောက်ဆုံးတွင် နားလည်လိုက်ကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် စွန်ူကျိမင်သည် ယုံကြည်မှုအပြည့်ဖြင့် အေးဆေးသက်သာစွာ ထွက်သွားခဲ့သည်။

သို့သော် ဤအပြောင်းအလဲသည် ရုတ်တရက်ဆန်လှသည် မဟုတ်လော။

ခုနကပင် တိန့်မင်ရှင်သည် စွန်းကျိမင် ဖခင်၏ အသက်မွေးဝမ်းကျောင်းကို လက်ထဲတွင် ဆုပ်ကိုင်ထားခဲ့သည်။ သို့သော် ခဏအကြာတွင် သူ့ဖခင်သည် အလုပ်ထုတ်ခံလိုက်ရသည်။

"ဒါက ရုတ်တရက်ဆန်လွန်းမနေဘူလား"

အုပ်စုထဲမှ တစ်ယောက်သည် တုန်လှုပ်စွာ မှတ်ချက်ချလိုက်သည်။

ဝန်ထမ်းရေးရာဌာန၏ လက်ထောက်အဆင့်အတန်းသည် စစ်သူကြီးများနှင့် ဝန်ကြီးများ၏အဆင့်အတန်းကို နှိုင်းယှဉ်နိုင်ခြင်း မရှိသော်လည်း ထိုသည်မှာ သေးငယ်သည့် အဆင့်အတန်း မဟုတ်ပေ။ ဝန်ထမ်းရေးရာဌာန၏ လက်ထောက်တစ်ယောက်ကို ရာထူးမှဖယ်ရှားရန်မှာ မလွယ်ကူပေ။ အနည်းဆုံး ဤကဲ့သို့လုပ်ဆောင်ရန် ဩဇာလွှမ်းမိုးသည့် အရာရှိ အများအပြားလိုအပ်မည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်သည်မှာ လဝက်ခန့် ကြာမြင့်မည်ကိုပင် ထည့်မပြောရသေးပေ။

သို့သော် ယခုတွင် တိန့်မင်ရှင်၏ဖခင်သည် တစ်ရက်အတွင်း ဖယ်ရှားခံလိုက်ရသည်။ ဤအမြန်နှုန်းမှာ စိတ်ကူး၍ပင် မရပေ။

တိန့်မင်ရှင်၏ဖခင်သည် သူ့ကို "တိရစ္ဆာန်" ဟု သုံးနှုန်းသည်အထိ ဒေါသထွက်နေသည်မှာ အံ့ဩစရာမရှိ‌ပေ။ သူသည် ဤကိစ္စတစ်ခုလုံး၏ အဓိကတရားခံမှာ သူ့ကလေးဖြစ်သည်ကို တစ်နည်းတစ်ဖုံဖြင့် သိရှိထားပုံရသည်။

"ဝမ်ချောင် အဲဒါသူပဲဖြစ်ရမယ်၊ ဒါကို ဖယ်ရှားဖို့ လုံလောက်တဲ့ သြဇာကို သူပဲ ကိုင်စွဲထားနိုင်တယ်"

ရုတ်တရက် တစ်စုံတစ်ယောက်က အာမေဋိတ်သံပြုလိုက်သည်။ ထိုအသံနှင့်အတူ လူအားလုံး တိတ်ဆိတ်သွားကြသည်။

လက်ထောက်တစ်ယောက်ကို တစ်ရက်အတွင်း အလုပ်ပြုတ်စေရန်မှာ လူအများစုအတွက် မဖြစ်နိုင်သော်လည်း သူတို့သိနေသည့် ထို့သို့တတ်နိုင်သူတစ်ယောက် ရှိသည်။ ဝမ်ချောင်။

သူ၏မယုံနိုင်စရာအကြံဉာဏ်များနှင့် အံ့ဩစရာလုပ်နိုင်စွမ်းနှင့်အတူ သူသည် စုန့်ဘုရင်ကို ကြင်ရာတော်ထိုက်ကျန်း အဖြစ်အပျက်တွင် ဒီရေကို ပြောင်းလဲပြီး တုံ့ပြန်စေနိုင်ခဲ့ကာ တော်ဝင်ရုံးတော်သို့ ပြန်ဝင်စေနိုင်ခဲ့သည်။ ဤအဖြစ်အပျက်ကြောင့် ဝမ်ချောင်သည် နောက်ပိုင်းတွင် မြင့်မားစွာ စောင့်ကြည့်ခံခဲ့ရသည်။ ထို့အပြင် ဝမ်ချောင်၏ ဦးကြီးဝမ်ကန်းသည် တော်ဝင်ရုံးတော်တွင် ဩဇာလွှမ်းမိုးသည့် အရာရှိတစ်ဦးဖြစ်သည်။

သူတို့နှစ်ဦးသာ လက်တွဲအလုပ်လုပ်ပါက လက်ထောက်တစ်ယောက်ကို ဖယ်ရှားရန်မှာ ခက်ခဲသည့်အလုပ် မဟုတ်တော့ပေ။

ထိုသည်ကို နားလည်သွားသည်တွင် ဤအုပ်စုသည် စိတ်သက်သာရာ ရမသွားခဲ့ကြပေ။ ထို့အစား သူတို့ခေါင်းပေါ်ရှိ ဖိအားမှာပို၍ ကြီးမားလာခဲ့သည်။ အကယ်၍ဝမ်ချောင်သည် တိန့်မင်ရှန်ကို အလွယ်တကူ ရင်ဆိုင်နိုင်ပါက သူ့အတွက် သူတို့ကို ကိုင်တွယ်ရန်မှာလည်း ခက်ခဲမည်မဟုတ်ပေ။

"စစ်သူကြီးနဲ့ဝန်ကြီးချုပ်မျိုးနွယ်စုက လူတစ်ယောက်ကို သွားရှုပ်လို့မရဘူးပဲ"

အကြောက်တရားသည် သူတို့နှလုံးသားကို ဆုပ်ကိုင်လာခဲ့သည်။

...

"တိန့်မင်ရှင် ငါ့ကိုလာရှာတာ နည်းနည်းနောက်ကျတယ် လို့မထင်ဘူးလား"

မိုးပြာရောင်နဂါးတောင်ထွတ်ပေါ်တွင် ကျန်းရွှမ်သည် မည်းမှောင်သောမျက်နှာဖြင့် တိန့်မင်ရှင်၏ တောင်းပန်တိုးလျိုးနေသော လက်များကို ဘေးသို့ပုတ်ထုတ်လိုက်သည်။

စူးရှသည့် မျက်လုံးနှင့် လခြမ်းပုံမျက်ခုံးရှိသော အနက်ရောင်ဝတ်ရုံဝတ်ကျန်းရွှမ်သည် အသက်ဆယ့်ရှစ်နှစ် ဆယ့်ကိုးနှစ်သာ ရှိသေးပုံပေါ်သည်။

ဂိုဂူလျောတို့၏ ချုံခိုတိုက်ခိုက်မှုတွင် ကျန်းရွှမ်၏ ကြီးမားသည့် အကျိုးဆောင်မှုသည် လေ့ကျင့်ရေးစစ်ခန်းရှိ အဖွဲ့ဝင်များ၏ ထောက်ခံမှုကို သူ့အား ရရှိစေခဲ့သည်။ ယခုအချိန်အထိ သူ၏ ကြီးထွားလာသော သြဇာလွှမ်းမိုးမှုကို သတိပြုမိသူ အလွန်နည်းပါးနေသေးသည်။

ပို၍နည်းပါးသည့် လူများသိထားသည်မှာ သူသည် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းတွက် ဩဇာလွှမ်းမိုးရန် ချီဘုရင်က စေလွှတ်ထားသည့် ကျောင်းသားဖြစ်သည်။

"သခင်လေး ခင်ဗျားကျွန်တော့်ကို ကူညီရမယ်၊ ကျွန်တော် ဒါကို သခင်‌လေးဆီမတင်ပြခဲ့တာက သခင်လေးကို အနှောင့်အယှက်မဖြစ်စေချင်လို့ပါ၊ ဒါက ဒီလောက်အထိဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်မထားခဲ့ဘူး"

တိန့်မင်ရှင်သည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေကာ သူ့မျက်နှာသည် စိုးရိမ်မှုဖြင့် ဖြူရော်နေခဲ့သည်။

"ကျန်းသခင်လေး သခင်လေးက ချီဘုရင်ရဲ့ ကူညီထောက်ပံ့မှုကိုရထားသူပဲ၊ ကျွန်တော့်ကို ချီဘုရင် ကယ်တင်ပေးဖို့ သခင်လေးဆီ တောင်းပန်ပါတယ်၊ သူ့ဆီမှာ အဖြေတစ်ခုရှိရမယ်"

"အတင့်ရဲလိုက်တာ၊ အဲဒီစကားလုံးကို မင်းဘယ်လိုပြောရဲရတာလဲ..မင်းအတွက် သူ့ကိုတောင်းဆိုရမယ် ချီဘုရင်ကို မင်းက ဘယ်သူလို့ထင်နေတာလဲ"

ကျန်းရွှမ်၏ မျက်နှာသည် ရုတ်တရက် မည်းမှောင်သွားခဲ့ရာ တိန့်မင်ရှင် ထိတ်လန့်သွားခဲ့သည်။ သူသည် စကားပြောမှားသွားသည်ကို ချက်ချင်းနားလည်လိုက်သည်။ သို့သော် လက်ရှိအခြေအနေသည် သူ့ကို လက်လျှော့ရန် ခွင့်မပြုခဲ့ပေ။

"ကျန်းသခင်လေး ဘာပဲဖြစ်​ဖြစ်​ ကျွန်​​တော့်​ကို ကူညီပေးဖို့ ​တောင်းဆိုပါတယ်​..ချီဘုရင်ကို စိတ်သက်သာရာရစေဖို့ ဝမ်ချောင်ကို ဖိနှိပ်ဖို့ကြိုးစားခဲ့တာကြောင့် ဒီကိစ္စက ကြီးထွားလာခဲ့ရတာပါ"

အသနားခံသည့် နည်းလမ်းသည် အလုပ်မလုပ်သည်ကို သိလိုက်သည်တွင် သူသည် အခြားနည်းလမ်းကို ပြောင်းလိုက်သည်။ လက်တွေ့မှာမူ သူသည် အရည်အချင်းရှိပြီး လွယ်ကူစွာ ကြိုးကိုင်ခြယ်လှယ်လို့ရသည့် လက်အောက်ငယ်သားကို အဆုံးရှုံးမခံနိုင်၍ စွန်းကျိမင်နှင့် ရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

သူသည် အရာအားလုံးကို ဝမ်ချောင်အပေါ်ပုံချလိုက်သည်။

"မင်း ထပ်ပြောစရာမလိုတော့ဘူး၊ ငါမင်းကို မကူညီနိုင်ဘူး..မင်းထွက်သွားလို့ရပြီ"

ကျန်းရွှမ်သည် ပြတ်သားစွာ ပြောလိုက်သည်။

တိန့်မင်ရှင်၏ မျက်နှာသည် ပြာဝေသွားသည်။ နောက်ဆုံးတွင် သူသည် ကြမ်းပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။ ကျန်းရွှမ်သည် သူ၏တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်ပြီး ယခု နောက်ဆုံးမျှော်လင့်ချက်မှာလည်း ငြိမ်းသွားခဲ့ပြီဖြစ်သည်။ နှုတ်ခမ်းများကို လှုပ်လိုက်ကာ သူသည် ကျန်းရွှမ်ကို ထပ်၍ တောင်းဆိုချင်သော်လည်း ကျန်းရွှမ်သည် ခေါင်းကို တစ်ဖက်သို့ လှည့်သွားတော့သည်။ သူ၏စကားလုံးများကို နားထောင်ရန် စိတ်မဝင်စားတော့သည်မှာ ထင်ရှားသည်။

သူ၏မျက်နှာရှိသွေးများသည် ခမ်းခြောက်သွားခဲ့ကာ စိတ်အားငယ်ခြင်းက သူ့မျက်လုံး၌ ပေါ်လာခဲ့သည်။ ကျန်းရွှမ်သည် အကြင်နာတရားကင်းမဲ့စွာ သူ့ကို ငြင်းဆန်မည်ဟု သူ ထင်မထားခဲ့ပေ။

သူ့မျိုးနွယ်စုသည် ပြီးသွားပြီဖြစ်သည်။

တုန်ယင်နေသည့် ခြေလှမ်းများဖြင့် တိန့်မင်ရှင်သည် သူ့ကိုယ်သူ သယ်ဆောင်ကာ တောင်ပေါ်မှ ဆင်းလိုက်သည်။ ထိုသည်မှာ သူသည် သူ့ဝိညာဉ်ဆုံးရှုံးသွားသကဲ့သို့ပင်ဖြစ်သည်။

"သခင်လေး ခင်ဗျားသူ့ကို တကယ်ပဲ ကူညီဖို့စိတ်ကူးမရှိဘူးလား"

တိန့်မင်ရှင်၏ အထီးကျန်ဆန်သည့် နောက်ကျောကိုကြည့်ကာ ကျန်းရွှမ် ရှေ့ရှိ ဉာဏ်ကောင်းပုံပေါ်သော လူငယ်တစ်ဦးက မေးလိုက်သည်။

"မင်းရဲ့ အတွေးတွေကလည်း ကမောက်ကမ ဖြစ်ကုန်ပြီးလား၊ ငါသာသူ့ကို ကူညီနိုင်ရင် သူ့ကို မကူညီဘဲ နေလိမ့်မယ်လို့ မင်းထင်နေတာလား၊ ငါမကူညီချင်တာမဟုတ်ဘူး ငါ မတတ်နိုင်တာ"

ကျန်းရွှမ်သည် အသက်ပြင်းပြင်း ရှူလိုက်သည်။ သို့သော် သူ့မျက်နှာမှာ ကြောက်ရွံ့ဖွယ်ကောင်းနေသေးသည်။

"ဝန်ထမ်းရေးရာဌာနက လူတစ်ယောက်ကို ဖိနှိပ်ဖို့ဆိုတာ စုန့်ဘုရင်နဲ့ ဝမ်ကန်းက ဒီကိစ္စမှာ ပါဝင်နေလိမ့်မယ်၊ ချီဘုရင်က စုန့်ဘုရင်နဲ့ ဝမ်ကန်းကို တိန့်ကျိုးအတွက် ရင်ဆိုင်ဖို့ မရည်ရွယ်ထားရင် သူ့ကို ကူညီဖို့ နည်းလမ်းမရှိဘူး"

"စုန့်ဘုရင်က သူ့နေရာကို ပြန်ရလာခါစပဲ ရှိသေးတယ် ဒါကြောင့် လက်ရှိမှာ သူက သူ့ရဲ့အထွတ်အထိပ်အခြေအနေမှာရှိတယ်၊ ရာထူးကဖြုတ်ချခံထားရတဲ့တိန့်ကျိုးအတွက် ချီဘုရင်က စုန့်ဘုရင်ကို ရင်ဆိုင်ဖို့ဆိုတာ ချီဘုရင်အတွက် တန်တယ်လို့ မင်းထင်လား"

"တိန့်မင်ရှင်က ဒီကိစ္စကို စောစောက ပြောပြခဲ့မယ်ဆိုရင် ပြန်လည်သင့်မြတ်ဖို့အတွက် အကြောင်းပြချက်တွေ ရှိကောင်းရှိနိုင်‌သေးတယ်၊ အခုတော့ အရာအားလုံးကို ဆုံးဖြတ်ပြီးပြီ ချီဘုရင်တောင်မှ ဒီကိစ္စကို တတ်နိုင်မှာမဟုတ်ဘူး"

ကျန်းရွှမ်သည် သူ့မျက်လုံးထဲတွင် နက်ရှိုင်းသည့် ဉာဏ်အမြောအမြင်ဖြင့် ပိုင်းခြားလိုက်သည်။

တိန့်မင်ရှန်သည် ကျန်းရွှမ်က သူ့ကို မကူညီချင်၍ ဟု ‌ထင်ကောင်းထင်ပေလိမ့်မည်။ သို့သော် အမှန်တွင် ကျန်းရွှမ်သည် ကောင်းကျိုးနှင့် ဆိုးကျိုးများကို သုံးသပ်ခဲ့ပြီးဖြစ်သည်။ သူသည် ဤကိစ္စမှာ ပြန်လည်ပြုပြင်ရန် မဖြစ်နိုင်လုနီးပါး ဖြစ်သည်ကို နားလည်သည်။

"ဒါပေမဲ့ တိန့်မင်ရှင်က ငါတို့ဖက်ကပဲ၊ တခြားလူတွေသာ ငါတို့က သူ့ကို စွန့်လွှတ်လိုက်တာကိုသိရင် သူတို့ရဲ့နှလုံးသားတွေက အေးစက်သွားလိမ့်မယ်"

ဉာဏ်ရည်ထက်မြက်ပုံရသည့် လူငယ်သည် ဖျောင်းဖြလိုက်သည်။

"ဟူးး အဲဒါက ဒီအခြေအနေနဲ့ ပတ်သက်ပြီး ငါ့ကိုစိတ်အနှောင့်အယှက်အဖြစ်စေဆုံးပဲ"

ကျန်းရွှမ်သည် မည်းမှောင်သည့် အမူအရာဖြင့် ပြန်‌ဖြေလိုက်သည်။

"ကျောင်းကျူးက ဝမ်ချောင်ကို ရင်ဆိုင်ဖို့ ငါ့ကို ပြောခဲ့တုန်းကတောင် ဒီအရှုပ်အထွေးကနေ ရုန်းထွက်ဖို့ စီစဉ်ခဲ့တယ်၊ ဒါပေမဲ့ ဒါက မဖြစ်နိုင်တော့တဲ့ပုံပဲ၊ သူ့ရဲ့ရိုက်ချက်က ငါ့မျက်နှာကို လာမှန်သွားခဲ့ပြီ"

သူသည် ထိုစကားလုံးများပြောနေချိန်တွင် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားခဲ့ကာ သူ့မျက်လုံးထဲ၌ ရက်စက်သည့် အရိပ်အယောင်များပေါ်လာခဲ့သည်။ ဝမ်ချောင်ထုတ်လိုက်သည့် ဤရိုက်ချက်သည် တိန့်မင်ရှင်ကို ရည်ရွယ်ခြင်းဖြစ်နိုင်သည်။ သို့သော် ထိုသည်မှာ ကျန်းရွှမ်ကိုပါ ထိခိုက်စေခဲ့သည်။

"ဝမ်ချောင် မင်းက ဒါကို ရွေးချယ်လိုက်တဲ့လူပဲ၊ ဒါအတွက် ငါ့ကို အပြစ်မတင်နဲ့"

ကျန်းရွှမ်သည် အဝေးရှိ ဝဲပျံနေသော တိမ်များကို ကြည့်ကာ တွေးလိုက်သည်။

--------------

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

All Chapters