← Chapters

အခန်း (၂၂၆-၂၃၀)

Vol. 9 Ch. 226-230

အခန်း (၂၂၆-၂၃၀)

Vol. 9 Ch. 226-230

အပိုင်း ၂၂၆။ တိန့်မင်ရှင်၏ အပေးအယူ

"ကျေးဇူးတင်ပါတယ် သခင်လေး"

ခွန်းဝူလေ့ကျင့်ရေးစစ်စခန်း၏ အလယ်ဗဟိုရှိ အဓိကတောင်ထွတ်ပေါ်တွင် ဝမ်ချောင်သည် တစ်ယောက်စာ လေ့ကျင့်ရေးအခန်းထဲတွင် သူ၏သိုင်းပညာရပ်များကို လေ့ကျင့်နေခဲ့သည်။ ထိုအချိန်တွင် လူရိပ်တစ်ခုသည် ရုတ်တရက်ဝင်လာခဲ့သည်။

ဒုန်းး

ဤရောက်လာသောသူသည် ကြမ်းပြင်ပေါ် ဒူးထောက်လိုက်ကာ သူ့ကို လေးစားစွာဖြင့် ခခယယ အရိုအသေပေးလိုက်သည်။

"စွန်းကျိမင်လား"

လှည့်လိုက်ကာ ဝမ်ချောင်သည် သူ့ရှေ့ရှိလူကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သို့သော်လည်း အံ့အားသင့်နေမှုသည် မကြာမီ ပျောက်ကွယ်သွားခဲ့ကာ အပြုံးတစ်ခုက အစားထိုးဝင်ရောက်လာခဲ့သည်။

"မတ်တတ်ရပ်ပါ..တခမ်းတနားလုပ်နေဖို့မလိုပါဘူး"

"သခင်လေး ကျေးဇူးတင်ပါတယ်..ခင်ဗျားရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်"

စွန်းကျိမင်သည် ဆက်လက်ဒူးထောက်နေခဲ့ကာ ကျေးဇူးတင်စကား ပြောလိုက်သည်။ တိန့်မင်ရှင် သူ့ဆီ ပစ်ပေးခဲ့သော စာလွှာကို ဖတ်ပြီးနောက် သူသည် ဤနေရာသို့ ချက်ချင်း ပြေးလားခဲ့ခြင်းဖြစ်သည်။

တိန့်မျိုးနွယ်စုသည် ပမာဏတစ်ခုအထိ ဩဇာအာဏာရှိပြီး သာမန်လူတစ်ယောက်က သူတို့ကို ဆန့်ကျင်နိုင်မှာ မဟုတ်ပေ။ အကယ်၍ ဝမ်ချောင်ကြောင့်သာမဟုတ်ခဲ့လျှင် သူ့မျိုးနွယ်စုသည် မနေ့က သူ၏အပြုအမူကြောင့် ဖျက်ဆီးခံလိုက်ရမည်ဖြစ်သည်။

"အဲဒါက ကိစ္စသေးသေးလေးပါ၊ ငါမင်းကို ကတိပေးထားတာကြောင့် ဒီလုပ်ရပ်က မှန်ပါတယ်"

ဝမ်ချောင်သည် အပြုံဖြင့် ရယ်မောကာ ပြန်ဖြေလိုက်သည်။

တိန့်မင်ရှင်နှင့် ကိစ္စသည် အမှန်ပင် သူ့အတွက် သေးငယ်သောကိစ္စဖြစ်သည်။ ဝမ်မျိုးနွယ်စုနှင့် ချီဘုရင်တို့၏ ဩဇာအာဏာကြားတွင် လူမှုဝန်ထမ်းရေးရာဌာနမှ သေးငယ်သည့် လက်ထောက်တစ်ယောက်ကို ရှင်းပစ်ဖို့ ဆိုသည်မှာ ပန်းခြံထဲ လမ်းလျှောက်နေရသကဲ့သို့ပင် လွယ်ကူလှသည်။ ဤဖြစ်ရပ်တစ်ခုလုံးတွင် ဝမ်ချောင်ပြုလုပ်ခဲ့သည့်အရာမှာ စာတစ်‌စောင်ရေးခဲ့ရုံမျှပင် ဖြစ်သည်။

တစ်ဖက်တွင်မူ စွန်းကျိမင်၏ စိတ်အားထက်သန်သော အမူအရာသည် သူ့အား အတော်လေး ထိမိသွားစေသည်။

"အဲဒါက သခင်လေးအတွက် သေးငယ်တဲ့ ကိစ္စပါ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ အဲဒါက အရာအာလုံးပါပဲ၊ ကျွန်တော်စွန်းကျိမင် ဒီကူညီထောက်ပံ့မှုကို တစ်ဘဝလုံးအမှတ်ရနေမှာပါ"

မတ်တတ်ရပ်လိုက်ကာ အရိုအသေပြုလိုက်ရင်း စွန်းကျိမင် ပြောလိုက်သည်။

သူ့ကို ထိန်းချုပ်ရန် တိန့်မင်ရှင်၏ဆုံးဖြတ်ချက်သည် အလွန်သန်မာလှသည်။ အကယ်၍ ဝမ်ချောင်ကြောင့်သာ မဟုတ်ခဲ့လျှင် စွန်းကျိမင်သည် သူ့အတွက် တည်ဆောက်ထားသော တိန့်မျိုးနွယ်စု၏ အကျဥ်ထောင်ထဲတွင် တစ်ဘဝလုံး ပိတ်မိနေမည်မှာ ဖြစ်နိုင်သည်။

တိန့်မင်ရှင်သည် လေ့ကျင့်ရေးစခန်းတွင် စာရင်းသွင်းခဲ့စဉ်က သူ့အား စတေးရန် ကြိုးစားခဲ့သကဲ့သို့ နောက်ထပ် အဖြစ်အပျက်များ ဖြစ်ပေါ်လာမည်မှာ သံသယရှိစရာမလိုပေ။ သို့သော် စွန်းကျိမင်သည် တိန့်မျိုးနွယ်စုကို မည်မျှပင် အကျိုးပြပါစေ တိန့်မင်ရှင်၏ အကျင့်စရိုက်အရ သူ့ကို လွတ်လပ်ခွင့်ပေးရန် ဘယ်တော့မှ လုံလောက်လာမည် မဟုတ်ပေ။ သူတို့သည် သူ့ကိုထိန်းချုပ်ရန် သူ့မိသားစုကို အသုံးချပေလိမ့်ဦးမည်ဖြစ်သည်။

ဤသည်မှာ စွန်းကျိမင်သည် တိန့်မင်ရှင်ကို နောက်တစ်ကြိမ်ငြင်းပယ်ခဲ့ရသည့် အဓိကအကြောင်းအရင်းလည်း ဖြစ်သည်။

ဤသံလှောင်အိမ်မှ သူ့ကို လွတ်မြောက်စေခဲ့သောကြောင့် စွန်းကျိမင်သည် ဝမ်ချောင်ကို ‌ကျေးဇူးတင်နေရခြင်း ဖြစ်သည်။ သံသယရှိစရာမလိုဘဲ ဝမ်ချောင်၏ ဆောင်ရွက်ချက်သည် သူ့ကို လမ်းကြောင်းအသစ်ပေါ်သို့ လုံးဝရောက်ရှိသွားစေခဲ့သည်။ သူ့ဘဝသည် လုံးဝပြောင်းလဲသွားခဲ့ပေပြီ။ ထို့ကြောင့် ရလဒ်အနေဖြင့် သူသည် ဝမ်ချောင်ကို ပို၍ကျေးဇူးတင်လာခဲ့သည်။

"ဟုတ်သားပဲ၊ မင်းက အချိန်ကောင်းမှာမှ ရောက်လာတာပဲ"

ဝမ်ချောင်သည် ထိုကိစ္စကို အကျယ်ချဲ့နေရန် မလိုချင်ခဲ့ပေ။ ထို့ကြောင့် သူသည် ခေါင်းစဉ်ပြောင်းလိုက်သည်။ သူသည် သူ့လက်မောင်းအိုးထဲသို့ နှိုက်လိုက်ကာ စာရွက်အချို့ကို ဆွဲထုတ်လိုက်သည်။

"ဒါက မင်းကို ကတိပေးထားခဲ့တဲ့ တောင်ခြင်္သေ့အရိုးကျင့်ကြံခြင်းနည်းစနစ်ပဲ၊ ကောင်းကောင်းကျင့်ကြံပါ..အနာဂတ်မှာ အဲဒီကနေ အကျိုးကျေးဇူးကြီးကြီးမားမားရလာလိမ့်မယ်"

"တောင်ခြင်္သေ့အရိုး"

စွန်းကျိမင်၏ နှလုံးခုန်သံသည် မြန်ဆန်လာခဲ့ကာ သူသည် ရုတ်ခြည်း ခေါင်းမော့ကြည့်လိုက်သည်။

လူတစ်ဦး၏ အရိုးအရင်းမြစ်သည် ထိုလူ၏ အနာဂတ်အောင်မြင်မှုကို ဆုံးဖြတ်ပေး ပေလိမ့်မည်ဖြစ်သည်။ စွန်းကျိမင်သည် ဤအမှန်တရားကို နားလည်ထားသည်။ ထို့အပြင်သူသည် သူ့အရိုးအရင်းမြစ်သည် သာမန်သာဖြစ်သည်ကိုလည်း နားလည်ထားသည်။ သူသည်မည်မျှပင် ပါရမီရှိပါစေ ကောင်းမွန်သည့် အရိုးအရင်းမြစ်မရှိပါက အလကားပင်ဖြစ်သည်။ သူသည် ဤဘဝတွင် များစွာအောင်မြင်နိုင်လိမ့်မည်မဟုတ်ပေ။

သူသည် လေ့ကျင့်ရေးစစ်စခန်းသို့ ဝင်ခဲ့ရသည့် အကြောင်းရင်းမှာ အရိုးအရင်းမြစ်ကျင့်ကြံခြင်းနည်းစနစ် လမ်းညွှန်စာအုပ်တစ်အုပ်ကို ရရှိရန်ပင် ဖြစ်သည်။

သို့သော်လည်း အရိုးအရင်းမြစ်လမ်းညွှန်စာအုပ်များသည် ဂုဏ်သရေရှိမျိုးနွယ်စုများတွင် ဂရုတစိုက် သိမ်းဆည်းထားခဲ့ကြသည်။ သူသည် တစ်အုပ်ကိုရရှိရန် လွယ်ကူနေလိမ့်မည်ဟု မျှော်လင့်ထားခြင်း မရှိခဲ့ပေ။ သို့တိုင် ဝမ်ချောင်သည် ထိုကဲ့သို့ တန်ဖိုးကြီးသည့် အရာတစ်ခုကို ဘာမျှမဟုတ်သကဲ့သို့ သူ့ကို လွယ်ကူစွာပေးခဲ့သည်။

"ကျေးဇူးတင်ပါတယ် သခင်လေး"

စွန်းကျိမင်သည် စိတ်တည်ငြိမ်သူတစ်ယောက်ဖြစ်သော်လည်း သူသည် စိတ်မလှုပ်ရှားဘဲ မနေနိုင်ပေ။

"ဒါက ပထမခြေလှမ်းပဲရှိသေးတယ်၊ မင်း တောင်ခြင်္သေ့အရိုးကို ကျင့်ကြံပြီးရင် ငါမင်းကို ပိုမြင့်တဲ့အဆင့်က ကျားအရိုးကျင့်ကြံခြင်းနည်းစနစ်ကို သင်ပြပေးမယ်.. စွန်းကျိမင် မင်းက ပြောင်မြောက်တဲ့ ပါရမီကို ပိုင်ဆိုင်ထားတယ်..အဲဒါကို မဖြုန်းတီးလိုက်နဲ့"

ဝမ်ချောင် တိုက်တွန်းလိုက်သည်။

ဝမ်ချောင်၏ စကားလုံးများကိုကြားသည်တွင် စွန်းကျိမင်၏ မျက်လုံးများထဲတွင် မသေချာမရေရာသည့် အရိပ်အယောင်ဖြတ်ပြေးသွားသည်။ တစ်ဖက်လူ၏ စကားလုံးများ၏နောက်ကွယ်တွင် နက်နဲသည့် အဓိပ္ပာယ်တစ်ခုကို သယ်ဆောင်ထားပုံရကာ သူ့ကို ချီတုံချတုံဖြစ်သွားစေသည်။ သူ၏တုံ့ပြန်မှုသည် ဝမ်ချောင်ကို ယောင်ယောင်လေးပြုံးသွားစေခဲ့သည်။

စွန်းကျိမင်သည် အမှန်တကယ်ပင် ပါရမီရှိသော်လည်း သူ၏ ပါရမီသည် သူ့သိုင်းပညာရပ် ကျွမ်းကျင်မှုအပေါ် မူတည်မနေဘဲ ဖျတ်လတ်သော အတွေးအမြင်များအပေါ်၌သာ မူတည်နေသည်။ သူသည် ရှားပါးကာ နည်းပရိယာယ်များကို တီထွင်ကြံဆတတ်သူဖြစ်သည်။

ကံမကောင်းစွာပင် သူ့ခွန်အားက သူ့ကို ဆွဲချထားခဲ့သည်။

ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းမှ ဘွဲ့ရရှိခဲ့သော အနာဂတ်စစ်သူကြီးများတွင် စွန်းကျိမင်သည် ထိုအသုတ်ထဲတွင် အားအနည်းဆုံး ဖြစ်နိုင်သည်။ ထိုသို့မဟုတ်ခဲ့လျှင် သူသည် စစ်မြေပြင်တွင် အစောကြီး ကျဆုံးခဲ့ရမည် မဟုတ်ပေ။ လုပ်ကြံတိုက်ခိုက်သူများသည် သူတို့ရန်သူထက် ခွန်အားအရာတွင် သာလွန်နေရန် လိုအပ်ပေသည်။

စွန်းကျိမင်၏ သေဆုံးမှုတွင် တိန့်မင်ရှင်သည် တစိတ်အပိုင်းပါဝင်ခဲ့သော်လည်း သူ့ကိုယ်ပိုင်ခွန်အား အားနည်းနေခြင်းသည်လည်း အဓိကအစိတ်အပိုင်းတစ်ခုအနေဖြင့် ပါဝင်ခဲ့သည်။

စွန်းကျိမင်သည် ထိုသည်ကို သတိမပြုမိပေ။ ဝမ်ချောင်သည် ယခုအချိန်တွင် ခြေလှမ်းများကို ဖြည်းဖြည်းချင်းလှမ်းကာ သူ့အနာဂတ်ကို ပြောင်းလဲရပေမည်ဖြစ်သည်။

သူသည် တောင်ခြင်္သေ့အရိုးနှင့် ကျားအရိုးနည်းစနစ်ကို သင်ပြပြီးပါက တစ်ဖက်လူ၏ယခင်ဘဝတွင် လိုအပ်ခဲ့သော အန္တိမနည်းစနစ်တချို့ကို သင်ပြပေးဦးမည်ဖြစ်သည်။ သူ၏ အစစ်အမှန်ရည်ရွယ်ချက်မှာ တစ်ဖက်လူကို စစ်မြေပြင်တွင် ကိုယ့်အားကိုကိုးနိုင်သည့် သိုင်းပညာကျွမ်းကျင်သည့် စစ်သူကြီးအဖြစ် ပြုစုပျိုးထောင်ရန်ဖြစ်သည်။

"ကျွမ်းမျိုးနွယ်စုရဲ့ သံမဏိမြင်းတပ်ဟာ ကမ္ဘာတလွှား ကျော်ကြားတယ်၊ တကယ်လို့ တစ်စုံတစ်ယောက်ကသာ သူတို့ရဲ့ သံမဏိမြင်းတပ်ရဲ့ စွမ်းရည်နဲ့ စွန်းကျိမင်ရဲ့စွမ်းရည်ကို စစ်ပွဲမှာ ပေါင်းစပ်အသုံးပြုနိုင်ခဲ့ရင် အနာဂတ်မှာ ကမ္ဘာကြီးဟာ မဟာထန်ရဲ့အပိုင်ဖြစ်လာလိမ့်မယ်"

ဝမ်ချောင် တွေးလိုက်သည်။

သူ့ဘေးရှိလူများထဲတွင် ဝမ်ချောင်သည် လေးပစ်ခြင်းအတတ်၌ ပါရမီမြင့်မားသော ချန်ပုရန်နှင့် စွန်းကျိမင်တို့နှစ်ဦးကို အများကြီး မျှော်လင့်ထားသည်။

လေးပစ်သမားများနှင့် မြင်းတပ်သားများသည် စစ်မြေပြင်တွင် အတောက်ပဆုံးသော လူများဖြစ်ကြသည်။ လေးပစ်သမားများသည် အဝေးမှနေ၍ ထောက်ပံ့ပေးနိုင်ကြကာ မြင်းတပ်သားများသည် လျင်မြန်စွာ ရွှေ့ပြောင်းနိုင်ကြသည်။

ဤသည်မှာ မြင်းတပ်ခေါင်းဆောင်များအတွက် တိုက်ပွဲ၏စီးဆင်းပုံကို ကောင်းမွန်စွာဆုပ်ကိုင်နိုင်ပြီး တစ်ဖက်ရန်သူ၏ ခံစစ်မှ ဖြစ်ပေါ်လာနိုင်သော ယိုပေါက်များကို သတိပြုမိရန် ပြုလုပ်ပေးသည်။ စွန်းကျိမင်သည် ဤစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ ဝမ်ချောင်သည် မဟာထန်တွင် ကျော်ကြားသော အသန်မာဆုံးမြင်းတပ်ကို တည်ဆောက်ရန် တစ်ဖက်လူအပေါ်တွင် အပြည့်အဝမျှော်လင့်ထားသည်။

'ကျယ်ပြန့်သောပင်ကိုယ်သိစိတ်' ဤသည်မှာ သူ၏ယခင်ဘဝ၌ကြားခဲ့ရသော စွန်းကျိမင်အပေါ် နောင်လာနောင်သားများ၏ အကဲဖြတ်မှုဖြစ်သည်။

စွန်းကျိမင်သည် သူ၏ပါရမီကို ယခုအထိသတိပြုမိသေးခြင်းမရှိ‌ပေ။ သို့သော် သံသရှိစရာမလိုအောင်ပင် သူတို့သည် သူ၏သွေးကြောများထဲ၌ စီးဆင်းနေခဲ့ကြပြီဖြစ်သည်။ သူသည် အားကောင်းသော သံမဏိတပ်သားတပ်သားများနှင့် ပူတွဲလုပ်ဆောင်နိုင်ခဲ့လျှင် သူသည် အခြားသူများကို အံ့အားသင့်သွားစေနိုင်သည့် ရလဒ်ကို ထုတ်ဖော်နိုင်‌လိမ့်မည်ဖြစ်သည်။

ထို့ကြောင့် ဝမ်ချောင်သည် စွန်းကျိမင်ကို သူ၏လက်ပါးစေအဖြစ် သိမ်းသွင်းရန် လိုအပ်သည်ဟု မထင်ခြင်းဖြစ်သည်။ တစ်ဖက်လူသည် သန်မာလာသည်နှင့် ဘယ်ကိုရောက်နေသည်ဖြစ်ပါစေ မဟာထန်ကို သေချာပေါက်အကျိုးပြုပေလိမ့်မည်ဖြစ်သည်။

"ဝမ်သခင်လေး ကျွန်တော့်ကို ချမ်းသာပေးဖို့ တောင်းပန်ပါတယ်၊ ကျွန်တော်အခု အမှားကို သိပါပြီ"

ဝမ်ချောင်သည် အတွေးထဲ နစ်မျောနေစဉ်မှာပင် တံခါးမှဖြတ်၍ ဝင်လာခဲ့သော အသံတစ်ခုသည် သူ့ကို နှောင့်ယှက်လိုက်သည်။ ဝမ်ချောင်နှင့် စွန်းကျိမင်တို့ လှည့်ကြည့်လိုက်သည်တွင် ရင်းနှီးနေသည့် ပုံရိပ်တစ်ခုက ဝင်လာခဲ့ကာ ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်သည်။

"ဘယ်သူများလဲလို့ မင်းဖြစ်နေတာကိုး တိန့်မင်ရှင်"

သူ့ရှေ့ဒူးထောက်နေသူကို မြင်သည်တွင် ဝမ်ချောင်လှောင်ရယ်လိုက်သည်။

"မင်းဒီကိုရောက်လာတာ နောက်ထပ်ငါ့ကို သတိပေးဖို့ပဲလား"

ထိုအချိန်တွင် စွန်းကျိမင်သည် တိန့်မင်ရှင်ကို အထင်သေးစွာ ကြည့်လိုက်သည်။ သူသည် ထိုသူကို ဝမ်ချောင်ရှေ့လာ၍ တောင်းဆိုသည်အထိ အရေထူလိမ့်မည်ဟု ထင်မထားခဲ့ပေ။ အာဏာရှိချိန်တွင် သူ(တိမ့်မင်ရှင်)သည် သူ့(စွန်းကျိမင်)ကို မောက်မာစွာ လှောင်ပြောင်ခဲ့သည်။ အာဏာဆုံးရှုံးသွားချိန်မှာတော့ သူသည် ချက်ချင်း ဝမ်ချောင်ရှေ့လာ၍ ခွင့်လွှတ်ပေးရန် တောင်းပန်နေသည်။

"တိန့်မင်ရှင် မင်း ဒီကိုဘာလာလုပ်တာလဲ"

စွန်းကျိမင်၏ အမူအရာသည် သိပ်မကောင်းပေ။

"စွန်းကျိမင် ဒါတွေအားလုံးက ငါ့အမှားပါ.. မင်းဘယ်သူနဲ့ပေါင်းပါစေ အဆင်ပြေပါတယ် ငါမင်းကို မတားတော့ပါဘူး၊ ဝမ်သခင်လေး ကျွန်တော်မျက်စိကန်းခဲ့တဲ့အတွက် တောင်းပန်ပါတယ်၊ သခင်လေးကို စိန်ခေါ်ခဲ့တာ ကျွန်တော်ရူးမိုက်နေလို့ပဲ ဖြစ်ရမယ်၊ ကျွန်တော့်ရဲ့သေးနုပ်သိမ်ဖျင်းမှုကို ခွင့်လွှတ်ဖို့နဲ့ ကျွန်တော်ရဲ့ဖခင်ကို ကယ်တင်ပေးဖို့ တောင်းဆိုပါတယ်"

တိန့်မင်ရှင်သည် အရှုံးပေးကာ ခေါင်းငို ငုံ့ထားခဲ့သည်။ ဤသည်မှာ တောရိုင်းဥပဒေအတိုင်းဖြစ်ကာ အနိုင်ရသူသာ ဘုရင်ဖြစ်သည်။ ကျန်းရွှမ်သည် သူ့ကို စွန့်လွှတ်လိုက်သောကြောင့် ဝမ်ချောင်သည်သာ သူ့ကိုကယ်တင်နိုင်သော တစ်ဦးတည်းသောသူဖြစ်သည်ကို သူသိသည်။

"တိန့်မင်ရှင် ငါ့ကို တောင်းပန်နေတာက အသုံးမဝင်ဘူး၊ ငါမင်းကို ရှင်းရှင်းလေးပြောလိုက်မယ် ငါမင်းကို ကူညီမှာ မဟုတ်ဘူး"

ဝမ်ချောင်သည် မပြောင်းမလဲဖြေလိုက်သည်။

သူသည် တိန့်မင်ရှင်အပေါ် ကောင်းသည့် ခံစားချက်မရှိပေ။ ဤလူသည် လှည့်စားတတ်ကာ အကြံအစည်များနှင့် ဖြစ်သည်။ စွန်းကျိမင်၏ စွမ်းရည်အရ သူသည် ပို၍ အောင်မြင်နိုင်ပေသည်။ သို့သော် သူသည် လောဘများဖြင့် ပြည့်နေသော အရူးတစ်ကောင်၏ ကြိုးကိုင်ဆွဲချခြင်းကို ခံလိုက်ရသည်။ နောက်ဆုံးတွင် သူသည် အလကား သေဆုံးခဲ့ရသည်။

မဟာထန်ကျဆုံးခြင်းတွင် တိန့်မင်ရှင်သည် တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့သည်ဟု ပြောလျှင် လွန်မည်မဟုတ်ပေ။

ထို့အပြင် သူသည် လက်တွေ့အကျိုးကို မြင်နိုင်သည့် နှလုံးသားရှိသူဖြစ်သည်။ ဝမ်ချောင်သည် သူ့ကို ဒုက္ခပေးခဲ့သူဆိုသည်မှာ ထင်ရှားသည့်တိုင် သူသည် မာနများကို ခဝါချကာ လက်တစ်ဖက်က ချမ်းသာပေးရန် တောင်းဆိုနေချိန်တွင် အခြားတစ်ဖက်က စွန်းကျိမင်ကို ခြိမ်းခြောက်အကျပ်ကိုင်ရန် ကြိုးပမ်းနေခဲ့သည်။

အကယ်၍ ဤကဲ့သို့သော လူမျိုးကို နောက်တစ်ကြိမ် မြင့်တက်ခွင့်ပေးပါက စွန်းကျိမင်သည် သူ့ထိန်းချုပ်မှုအောက်သို့ ကျရောက်ရန် အခွင့်အရေး ရှိနေပေလိမ့်ဦးမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်ပါစေ ဝမ်ချောင်သည် ထိုသည်ကို ခွင့်ပြုမည်မဟုတ်ပေ။

"ကျိမင် ငါသိပါတယ် အဲတုန်းက ငါလွန်ခဲ့တယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ အဆုံးမှာ ငါ့ဆန္ဒက တိုင်းပြည်အတွက် တစ်ခုခုကို ပြီးမြောက်အောင်မြင်စေချင်တာပါ၊ မင်းရဲ့ရည်ရွယ်ချက်ကလည်း အတူတူပဲမလား.. ငါမင်းကိုအရင်တုန်းက ခြိမ်းခြောက်ခဲ့နိုင်တယ် ဒါပေမဲ့ မင်း အဲဒါတွေကို အတည်ယူစရာ မလိုပါဘူး အဲဒါက နောက်ပြောင်ခဲ့တာပါ"

"ဒီတစ်ကြိမ် ငါ့ဖက်က နည်းနည်းလွန်သွားတာကို ငါဝန်ခံပါတယ်၊ ဒါပေမဲ့ ကျိမင် စဉ်းစားကြည့်ပါဦး ငါ့မျိုးနွယ်စုက မင်းကိုဘယ်လိုကောင်းကောင်းဆက်ဆံခဲ့သလဲဆိုတာ.. ငါ့အဖေက မင်းကို တန်ဖိုးထားပြီး ဂျင်ဆင်း တစ်သေတ္တာတောင် လက်ဆောင်ပေးခဲ့တယ်.. မင်းအဲဒါကိုလည်း မေ့သွားပြီလား"

အံကြိတ်လိုက်ကာ တိန့်မင်ရှင်သည် စွန်းကျိမင်ကို လှည့်ကြည့်လိုက်သည်။

"ဒါက"

စွန်းကျိမင် ချီတုံချတုံဖြစ်သွားခဲ့သည်။ တိန့်မျိုးနွယ်စုသည် သူ့ကို သူတို့ဖက်ဆွဲခေါ်နေသည်ကို သူသိသော်လည်း သူ၏ဆုံးဖြတ်ချက်သည် ဝေဝါးနေခဲ့သည်။ သူသည် ရာထူးမှ ဖြုတ်ချခံရခြင်းမှာ မည်မျှကြီးမားသောပြဿနာဖြစ်သည်ကို နားလည်ပြီး တိန့်မင်ရှင်၏ဖခင်သည် သူ့ကြောင့် ဤကဲ့သို့ အခြေအနေမျိုးသို့ ဆင်းသက်ခဲ့ရခြင်းအပေါ် အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားနေရသည်။ ထို့ကြောင့် သူသည် ဝမ်ချောင်ကို လှည့်ကြည့်လိုက်မိသည်။

"တိန့်မင်းရှင် မင်းအခုထိ လက်‌မ‌လျှော့သေးဘူးလား၊ ငါမင်းကိုပြောမယ် တော်ဝင်ရုံးတော်က အမိန့်ဟာ တစ်စုံတစ်ယောက်က ပြန်ပြင်လို့ရတဲ့အရာမဟုတ်ဘူး၊ ဒီနေရာမှာ ငါကတောင် မင်းကို မကူညီနိုင်ဘူး ဒါကြောင့် မင်းရဲ့အချိန်ကို ဖြုန်းတီးမနေနဲ့"

ဝမ်ချောင်သည် အေးစက်စွာ ဖြတ်ပြောလိုက်သည်။

သူပြောသည့်အရာမှာ အမှန်တရားဖြစ်သည်။ သူ့အတွက် တိန့်ကျိုးကဲ့သို့ တစ်စုံတစ်ယောက်ကို ဖြုတ်ချရန်မှာ လွယ်ကူသော်လည်း သူ့ကို ရာထူးပြန်ပေးရန်မှာ ခက်ခဲသည်။

'ပြန့်ကျဲသွားသောရေကို စုစည်းရန်မှာ မလွယ်ကူပေ' ပြုလုပ်ပြီးသွားသောအရာများသည် ပြန်ပြင်ရန် မလွယ်ကူပေ။ ဦးကြီးနှင့် စုန့်ဘုရင်ပင်လျှင် ဤအရာ၌ ပြန်ပြင်ရန် တတ်နိုင်မည်မဟုတ်ပေ။

သူပြောခဲ့သကဲ့သို့ပင် တိန့်မင်ရှင်သည် သူ့အသက်ရှူသံကို ဖြုန်းတီးနေခြင်းပင်ဖြစ်သည်။

"ဝမ်သခင်လေး ကျွန်တော်ခင်ဗျားကို ကျွန်တော့်ဖခင်ကို ရာထူးပြန်ပေးဖို့ မျှော်လင့်နေတာ မဟုတ်ပါဘူး၊ သခင်လေးက ကျွန်တော်နဲ့ ကျွန်တော်ဖခင်ကို သွားခွင့်ပေးဖို့ မျှော်လင့်တာပါ"

တိန့်မင်ရှင်သည် အံကြိတ်လိုက်ကာ ချက်ချင်းပြောလိုက်သည်။ ဤစကားလုံးများသည် ဝမ်ချောင်၏မျက်နှာကို ရှုံ့မဲ့သွားစေသည်။

"မင်းဘာအကြောင်းပြောနေသလဲ ငါမသိဘူး"

ဝမ်ချောင်သည် အေးစက်စွာတုံ့ပြန်လိုက်သည်။

သို့သော်လည်း စွန်းကျိမင်သည် ချက်ချင်းပင် တစ်စုံတစ်ခုကို သဘောပေါက်လိုက်သည်။ သူသည် လှည့်လိုက်ကာ ဝမ်ချောင်ကို ထိတ်လန့်စွာကြည့်လိုက်သည်။ တိန့်မင်ရှင် ပြောစကားအရ ထိုသည်မှာ ဝမ်ချောင်သည် တိန့်မင်ရှင်၏ဖခင်ကို ရာထူးဖြုတ်ချခြင်း၌ပင် ရပ်မည့်ပုံမပေါ်ပေ။

"ဒီကောင်က အရမ်းဉာဏ်ကောင်းလွန်းတာပဲ"

အတွေးတစ်ခုသည် ဝမ်ချောင်စိတ်ထဲ ဖြတ်သွားခဲ့သည်။

တိန့်မင်ရှင် မှန်ပေသည်။ တိန့်ကျိုးကို ရာထူးဖြုတ်ချခြင်းသည် သူ့အစီအစဉ်၏ အဆုံးသတ်မဟုတ်ပေ။ သူသည် ဒီထက်ပို၍ သွားရန် ရည်ရွယ်ထားသည်။ တိန့်ကျိုးနှင့် သူ့သားသည် စွန်းကျိမင်၏ ပျော့ကွက်ဖြစ်သည်။(Sun Zhiming’s Achilles’ heel.) တိန့်ကျိုးကို ရာထူးဖြုတ်ချခြင်းသည် စွန်းကျိမင်၏ ကံကြမ္မာကို ပြောင်းလဲသွားစေရန်မှာ မသေချာပေ။

အကောင်းဆုံးအဖြေမှာ သူတို့ကို ဘယ်တော့မှ ပြန်မလာစေနိုင်ရန် ပြုလုပ်ခြင်းပင်ဖြစ်သည်။

တိုင်းပြည်၏ အနာဂတ်အတွက် ဝမ်ချောင်သည် 'လူဆိုးကြီး' လုပ်ရန် စိတ်ရှိနေမည်မဟုတ်ပေ။ သို့သော်လည်း တိန့်မင်ရှင်သည် သူ့ရည်ရွယ်ချက်ကို ဆုပ်ကိုင်နိုင်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

"ဆိုတော့ အဲတုန်းက တိန့်မင်ရှင်သေဆုံးမှုဟာ တိုက်ဆိုင်တာမဟုတ်ဘူးပေါ့"

ဝမ်ချောင်သည် တွေးလိုက်ကာ သူသည် တိန့်မင်ရှင်ကို လျှော့တွက်ထားကြောင်း သဘောပေါက်လိုက်သည်။ တစ်ဖက်လူသည် သူယခင်က စိတ်ကူးထားသည်ထက် ပို၍ ဉာဏ်နီဥာဏ်နက်များပေသည်။

"ဝမ်သခင်လေး သခင်လေး အဲဒါကို လက်ခံတာ လက်မခံတာနဲ့ ပတ်သက်ပြီး ကျွန်တော်နဲ့ ကျွန်တော့်ဖခင်ကို လွှတ်ပေးဖို့ ကတိတစ်ခုကို လိုချင်တယ်၊ ဒါကို လျှို့ဝှက်ချက်တစ်ခုနဲ့ အပေးအယူလုပ်ချင်ပါတယ်"

တိန့်မင်ရှင်သည် အံကြိတ်လိုက်ကာ ပြောလိုက်သည်။(အံကို ပုံစံမျိုးစုံကြိတ်ထားပါတယ် ကိုယ်တွေကတော့ အံကြိတ်ပဲရေးပါမယ်:3) အားလုံးပြီးနောက် သူသည် အရူးမဟုတ်ပေ။ ဝမ်ချောင်သည် စွန်းကျိမင်နှင့် ဆက်ဆံရေးမရှိခဲ့သော်လည်း သူသည် သူ့ကို ကိုင်တွယ်ရန် သူ့ဦးကြီးနှင့် စုန့်ဘုရင်ကို စည်းရုံးရန် ဆန္ဒရှိနေခဲ့သေးသည်။

တစ်ဖက်လူ၏ လုပ်ဆောင်ချက်မှ တိန့်မင်ရှင်သည် ကြောက်မက်ဖွယ်ခြိမ်းခြောက်မှုတစ်ခုကို ခံစားနေရသည်။

"လျှို့ဝှက်ချက်တစ်ခုလား"

ဝမ်ချောင် အမှတ်တမဲ့ ရေရွတ်လိုက်သည်။

"ဒါက ယောင်မျိုးနွယ်စု၊ ချီဘုရင်နဲ့ စပ်လျင်းတဲ့ကိစ္စပါ၊ ကျွန်တော်စကားလုံးနှစ်လုံးပဲ ကြားခဲ့တယ်၊ ဟိုက်ဒရာဘတ် သတ္တုရိုင်း"

တိန့်မင်ရှင်သည် တစ်ချက်အော်၍ အဆုံးသတ်လိုက်သည်။

ဝမွးးးး

ထိုစကားလုံးများကို ကြားသည်တွင် ဝမ်ချောင်၏ မျက်ခုံးများ တွန့်ချိုးသွားခဲ့သည်။

----------------

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အပိုင်း ၂၂၇။ အခြေခံဓားသိုင်းလေ့ကျင့်ခြင်း

"ယောင်မျိုးနွယ်စုက ဒါကို ဘယ်လိုလုပ်သိတာလဲ"

ဝမ်ချောင်၏ မျက်လုံးထဲတွင် လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်တစ်ချက် လက်ခနဲ ဖြတ်ပြေးသွားခဲ့သည်။ သူသည် ဟိုက်ဒရာဘတ်သတ္တုရိုင်းကို အရေးအကြီးဆုံးအဖြစ် သတ်မှတ်ထားခဲ့ကာ မည်သူ့ကိုမျှ ထုတ်မပြောခဲ့ပေ။

လအတန်ကြာ ကျောက်စိမ်းရိုင်းသံမဏိဓား၏ ဇာစ်မြစ်နှင့် သူ့ကို မည်သည့်သတ္တုဖြင့်ပြုလုပ်သည် သို့မဟုတ် မည်သည့်နည်းလမ်းကို အသုံးပြု၍ ပြုလုပ်သည်ဆိုသည်ကို မည်သူမျှ မသိကြပေ။ သို့တိုင် ယောင်မျိုးနွယ်စုသည် 'ဟိုက်ဒရာဘတ်သတ္တုရိုင်း' ကိစ္စကို အမှန်တကယ် ခြေရာခံနိုင်ခဲ့သည်။

တိန့်မင်ရှင်၏ စကားနှစ်လုံးသည် ပြဿနာများစွာကို ညွှန်ပြခဲ့သည်။

"မင်း ဟိုက်ဒရာဘတ်သတ္တုရိုင်းကို ဘယ်ကနေကြားခဲ့တာလဲ"

ဝမ်ချောင်သည် နောက်ဆုံးတွင် တိန့်မင်ရှင်၏ အာရုံအပြည့်အ၀ စိုက်ကာ ကြည့်လိုက်သည်။

"ကျွန်တော် ဒီကိစ္စကို ကျန်းရွှမ်က တခြားသူနဲ့ စကားပြောနေတုန်း ကြားခဲ့တာပဲ"

တိန့်မင်ရှင် အံကြိတ်လိုက်သည်။ သူသည် ဤအရာကို သာမန်အခြေအနေတွင် ထုတ်ပြောမှာ မဟုတ်ပေ။ သို့သော် ကျန်းရွှမ်သည် သူ့ကို စွန့်လွှတ်လိုက်သောကြောင့် သူသည် တူညီစွာပြုလုပ်ရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။

"ကျန်းရွှမ်လား"

ဝမ်ချောင် မျက်မှောင်ကြုတ်လိုက်သည်။

"ကျွန်တော် ဒီကိစ္စကို အများကြီးမသိပါဘူး၊ ကျွန်တော်ရှာတွေ့သမျှက ချီဘုရင်နဲ့ ယောင်မျိုးနွယ်စုက မင်းကို ရင်ဆိုင်ဖို့ ရည်ရွယ်ထားတယ်ဆိုတာပဲ ပြီးတော့ ဒါက ဟိုက်ဒရာဘတ်သတ္တုရိုင်း၊ ဒါမှမဟုတ် တစ်ခုခု နဲ့ ဆက်စပ်နေလိမ့်မယ်"

တိန့်မင်ရှင်သည် သူသိသမျှအရာအားလုံးကို ဝန်ခံလိုက်သည်။

"ငါနားလည်ပြီ"

ဝမ်ချောင်သည် သူ့လက်ကို ဝေ့ယမ်းလိုက်သည်။

"ငါမင်းကို ကတိပေးတယ်၊ ဒါပေမဲ့ စွန်းကျိမင် ဒါမှမဟုတ် စွန်းမျိုးနွယ်စုကို ထပ်ပြီး နောင့်ယှက်လို့မရတော့ဘူး.. ဒီလိုမှမဟုတ်ရင် မင်းနဲ့မင်းရဲ့အဖေကို ဘာကစောင့်နေမလဲဆိုတာ မင်းသိမယ်လို့ ငါယုံတယ်"

မကြာမီ၌ တိန့်မင်ရှင်ထွက်ခွာသွားတော့သည်။ သူသည် ဝမ်ချောင်မျက်လုံးထဲတွင် ဘာမျှမဟုတ်ချေ။ နောက် သူသည် ဝမ်ချောင်ရှိနေသရွေ့ ဘာမျှလုပ်ရဲမှာမဟုတ်ပေ။ သို့သော်လည်း ဝမ်ချောင်ဆီ ပြောပြခဲ့သော အချက်အလက်များသည် ဝမ်ချောင်ကို အတွေးထဲနစ်မျောသွားစေခဲ့သည်။

တိန့်မင်ရှင်သည် ဟိုက်ဒရာဘတ်သတ္တုရိုင်း၏ အရေးကြီးပုံကို မသိချေ။ သို့သော် ဝမ်ချောင် သိသည်။ ဟိုက်ဒရာဘတ်သတ္တုရိုင်းသည် သူနှင့် သူ့မျိုးနွယ်စု၏ 'အသက်သွေးကြော' ဖြစ်သည်။

ထိုသတ္တုရိုင်းကြောင့်သာ ဝမ်မျိုးနွယ်စုသည် သူ၏အကြီးမားဆုံးအားနည်းချက်ကို ကျော်လွှားနိုင်ခဲ့ကာ သူ့ကိုယ်သူ ယောင်မျိုးနွယ်စု သို့မဟုတ် ထို့ထက်ပို၍ မြင့်မားသည့်အဆင့်သို့ မြင့်တက်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုသည်မှာ အကုန်မဟုတ်သေးပေ။

အခြေခံအားဖြင့် စစ်ပွဲများသည် အရင်းအမြစ်များ၏ တိုက်ပွဲဖြစ်သည်။ လုံလောက်သည့် အရင်းအမြစ်မရှိဘဲနှင့် အင်အားစုတစ်စုသည် မည်မျှအားကောင်းပါစေ သူတို့သည် ဘာကိုမျှ ပြောင်းလဲနိုင်မည်မဟုတ်ပေ။

"ငါ့လက်ထဲမှာ ဟိုက်ဒရာဘတ်သတ္တုရိုင်း ဂျန်သုံးရာရှိတယ်? ပြီးတော့ ကျန်းမျိုးနွယ်စုနဲ့လည်း လက်တွဲထားသေးတယ်၊ ယောင်မျိုးနွယ်စုက သတ္တုရိုင်းရဲ့ တည်ရှိနေမှုကို သိသွားရင်တောင် ဒါနဲ့ပတ်သက်ပြီး ရေတိုမှာ သူတို့လုပ်နိုင်တာ နည်းနည်းပဲရှိတယ်.. ဒါပေမဲ့ သူတို့က နာမည်ကို ဖော်ထုတ်နိုင်ခဲ့တာကြောင့် တစ်ခုခုတော့ တစ်ခုခုပဲ"

ဝမ်ချောင်တွေးလိုက်သည်။

သူသည် တော်ဝင်ရုံးတော်နှင့် အဆက်အသွယ်များတည်ဆောက်ခဲ့ပြီဖြစ်သည်။ သူ့ဦးကြီးသည်လည်း သူ့အပေါ်အမြင်ပြောင်းသွားခဲ့ပြီဖြစ်ကာ သူသည် သူ့ဦးကြီးလက်အောက်ရှိ ကျွမ်းကျင်သူများကို လိုအပ်လျှင် ခေါ်ယူနိုင်ပြီ ဖြစ်သည်။ ထို့အပြင် သူသည် တော်ဝင်စစ်တပ်ခေါင်းဆောင် ကျိုးဖန်ရှန်းနှင့် အဆက်အသွယ်ရှိသောကြောင့် ဝမ်မျိုးနွယ်စု၏ ခံစစ်ကို အားကောင်းစေရန် တော်ဝင်စစ်တပ်၏ ညကင်းလှည့်လမ်းကြောင်းကိုပင် ပြောင်းလဲနိုင်ခဲ့ပြီဖြစ်သည်။

ချီဘုရင်နှင့် ယောင်မျိုးနွယ်စုသည် မဟုတ်တရုတ်လုပ်ခဲ့လျှင်ပင် သူတို့လုပ်နိုင်သည်မှာ အနည်းငယ်သာရှိတော့သည်။

"ဒါတောင် ငါ သတိထားရမယ်"

ဝမ်ချောင် ‌တွက်ချက်လိုက်သည်။

ကျေးဇူးတင်နေသည့် စွန်းကျိမင်ကို ထွက်သွားစေပြီးနောက် ဝမ်ချောင်သည် အတွေးများကို စုစည်းလိုက်ကာ ကျင့်ကြံခြင်းထဲ နစ်မြုပ်လိုက်သည်။

သူသည် ပြန်ဝင်စားချိန်မှစ၍ ကြိုတင်ပြင်ဆင်မှုများစွာပြုလုပ်ခဲ့ပြီး လက်ရှိ အရေးတကြီး လုပ်ဆောင်ရမည့်အရာမှာ သူ၏စွမ်းရည်ကို မြှင့်တင်ရန်ပင်ဖြစ်သည်။

ကလင်

အနည်းငယ်လှုပ်ရှားလိုက်ခြင်းနှင့်အတူ ဝမ်ချောင်ခါးတွင် ချိတ်ဆွဲထားသည့် တုံးတိတိဓားသည် ပျံထွက်လာကာ သူ့လက်ထဲရောက်လာသည်။ လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် သူသည် ခြေလှမ်းငါးခုစာ အကွာအဝေးရှိ သစ်သားရုပ်သုံးခုထဲမှ တစ်ခုသို့ ခုတ်ပိုင်းလိုက်သည်။

ရှီးးးး

ဓားကို ကြားခံအဖြစ်အသုံးပြုကာ မူလစွမ်းအင်လှိုင်းလုံးသည် လေထဲ၌ပေါက်ကွဲထွက်လာကာ သစ်သားရုပ်ကို ခုတ်ပိုင်းသွားခဲ့သည်။ သို့သော် ထိုမျှဖြင့် ဝမ်‌ချောင်၏ မူလစွမ်းအင်သည် ရုတ်တရက် နှေးကွေးသွားခဲ့ကာ ရုတ်ခြည်း ပေါက်ကွဲထွက်လာသော ခွန်အားကို လိုက်မမီနိုင်တော့ပေ။ ထိုအခြေအနေအောက်တွင် သူအတွက် ချက်ချင်းဒုတိယခုတ်ချက်ကို ထုတ်ဖော်ရန်မဖြစ်နိုင်တော့ပေ။

"အများကြီးလိုအပ်နေသေးတယ်..နောက်တကြိမ်"

ဤအတွေးနှင့်အတူ ဝမ်ချောင်သည် သူ့ဓားကို နောက်တကြိမ်လွှဲလိုက်သည်။

ဓားကျွမ်းကျင်မှုသည် လူတစ်ဦး၏ အတွင်းစွမ်းအင်ထက် လူတစ်ဦး၏ပုံစံကို ဗဟိုပြုသည်။ ဓားသမားတစ်ယောက်၏ လှုပ်ရှားမှုများသည် တခြားသောသိုင်းပညာရပ်များထက် တိကျမှုကို ပို၍အသားပေးသည်။

မူလစွမ်းအင် ပေါက်ကွဲမှုနှင့် ဓားချီများကို စုဆောင်းခြင်းမှာ ဓားသမားတစ်ယောက်ကျွမ်းကျင်ရမည့် အခြေခံကျွမ်းကျင်မှုများဖြစ်သည်။

ဝမ်ချောင် ယခုလေ့ကျင့်နေသည့် အရာမှာ မကြာသေးမီကမှ ဆည်းပူး‌ခဲ့သော ဓားပညာရပ်ဖြစ်သော သက်ရှိများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းပညာရပ်ဖြစ်သည်။ စာလုံးတစ်ရာကျမ်းအရ သူပထမဆုံးလုပ်ရမည့်အရာမှာ သံမဏိဓားမှတဆင့် မူလစွမ်းအင်ကို ပစ်လွှတ်ကာ သစ်သားရုပ်သုံးခုကို တစ်စက္ကန့်အတွင်း ဖျက်ဆီးနိုင်ရန်ပင်ဖြစ်သည်။

ဤနည်းအတိုင်းပင် သူသည် ဖျက်ဆီးရမည့် သစ်သားရုပ်အရေအတွက်နှင့် အကွာအဝေးကို တိုးမြင့်လာရမည်ဖြစ်သည်။ သစ်သားရုပ်ဆယ့်နှစ်ခုကို ကျန့်တစ်ဆယ်အကွာအဝေးမှ တခဏအတွင်း ဖျက်ဆီးနိုင်မှသာလျှင် သူသည် ဓားချီကို စတင်ကျင့်ကြံနိုင်မည် ဖြစ်သည်။

ပြီးတော့ ဤသည်ကို သက်ရှိများကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းပညာရပ်၏ ပထမဆုံး စာလုံးဆယ်လုံးအဖြစ် ရေတွက်မည်ဖြစ်သည်။

ရှီးးးး

တစ်ချက်၊ နှစ်ချက်၊ သုံးချက်၊

ဓားသံသည် ထပ်ခါထပ်ခါပေါ်ထွက်လာခဲ့သည်။

အချက်တစ်ရာ၊ အချက်တစ်ထောင်၊ အချက်တစ်သောင်း။

ပျင်းစရာကောင်းသော တစ်ယောက်စာလေ့ကျင့်ရေးအခန်းထဲတွင် ဝမ်ချောင်သည် သူ့ဓားကို အဆက်မပြတ် လွှဲယမ်းနေခဲ့သည်။ လေ့ကျင့်ရေးစခန်း တည်ထောင်ခြင်းနှင့် တော်ဝင်စစ်တပ်အစောင့်အရှောက်များစွာ ရောက်ရှိလာခြင်းတို့ကြောင့် ကြီးမားသော ဆူညံပွက်လောရိုက်မှုများ ဖြစ်နေသော်လည်း တောင်တန်းသည် အံ့သြစရာကောင်းစွာ ငြိမ်သက်အေးချမ်းနေခဲ့သည်။

သုံးရက်ကြာပြီးနောက် ဝမ်ချောင်သည် လျင်မြန်စွာ သူ့ဓားကို ဝေ့ယမ်းလိုက်သည်။ မူလစွမ်းအင်လှိုင်းသုံးခုသည် အဆက်မပြတ်ပေါ်ထွက်လာကာ ခြေလှမ်းငါးခုအကွာမှ သစ်သားရုပ်သုံးခုကို တစ်ချိန်တည်းတွင် ဖျက်ဆီးသွားခဲ့သည်။

ထိုရက်များတွင် သစ်သားရုပ်အရေအတွက်သည် လျင်မြန်စွာတိုးလာခဲ့သည်။ ခုနှစ်ရက်မြောက်နေ့တွင် ခုနှစ်ရုပ် သို့သော်ထပ်၍ အရေအတွက်သည် မြင့်တက်လာခဲ့သည်။

ဓားသိုင်းကို လေ့လာရာတွင် ဖြတ်လမ်းမရှိပေ။ အမှန်တရားတစ်ခုမှာ ဝမ်ချောင်သည် သူ့အရင်ဘဝမှ အတွေ့အကြုံများရှိခဲ့သည်။

ဆယ်ရုပ်၊ ဆယ့်တစ်၊ ဆယ့်နှစ်၊ ဆယ့်သုံး၊ ဆယ့်လေး၊။

လဝက်ကြာပြီးနောက် ဝမ်ချောင်ရှေ့တွင် သစ်သားရုပ်သုံးရုပ်မှ ဆယ့်လေးရုပ်အထိ တိုးလာခဲ့သည်။ သူသည် နောက်တစ်ဆင့်သို့ တက်ရန် လိုအပ်သည့် အခြေခံလိုအပ်ချက်ထက် ကျော်လွန်သွားပြီ ဖြစ်သည်။

"အခုနောက်တစ်ဆင့်တက်ဖို့ အချိန်ရောက်ပြီ"

ဝမ်ချောင်တွေးလိုက်သည်။ ထို့ကြောင့် သစ်သားရုပ်အရေအတွက်အစား သူသည် အကွာအဝေးကို တိုးမြှင့်ရန် စတင်လိုက်သည်။

မူလစွမ်းအင်သည်လည်း သူ၏ကန့်သတ်ချက်ဖြစ်သည်။ လူတစ်ဦး၏တိုက်ခိုက်မှုသည် ဝေးကွာလေ သူ၏စွမ်းအင်အသုံးပြုမှုသည်လည်း မြင့်မားလေပင်ဖြစ်သည်။ သက်ရှိများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းပညာရပ်၏ ကျင့်ကြံရမည့် ဒုတိယအဆင့်မှာ လူတစ်ဦး၏ မူလစွမ်းအင်ပစ်လွှတ်နိုင်သည့် အကွာအဝေးကို ဖြည်းဖြည်းချင်း တိုးမြင့်ရန်ဖြစ်သည်။

ဘန်း ဘန်း ဘန်း

ပထမဆုံးအနည်းငယ်ကြိုးစားမှုများသည် ကျဆုံးခြင်းဖြင့် အဆုံးသတ်သွားခဲ့သည်။ ဝမ်ချောင်၏ ဓားမှတဆင့် ပစ်လွှတ်လိုက်သော မူလစွမ်းအင်သည် ခြေလှမ်းငါးခုအကွာအဝေးအတွင်း ပျောက်ကွယ်သွားခဲ့သည်။ သို့သော် လိုအပ်သောလှည့်ကွက်များကို နားလည်ရန်မှာ သူ့အတွက် အချိန်အကြာကြီးမယူခဲ့ရပေ။

"မူလစွမ်းအင်ကို အဝေးကြီးပစ်လွှတ်ဖို့ လူတစ်ယောက်ဟာ မူလစွမ်းအင်ပေါက်ကွဲမှုကို ဖိသိပ်ထားရမယ်၊ သူ့ကို ကျဉ်းမြောင်းစေပြီး သိပ်သည်းနိုင်သလောက် သိပ်သည်းစေရမယ်"

ဝမ်ချောင် တွေးတောလိုက်သည်။ ဤသဘောတရားကို နားလည်ပြီးနောက် သူသည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။

ခြေလှမ်းငါးခု၊ ခြေလှမ်းခြောက်ခု၊ ခြေလှမ်းခုနှစ်ခု..။

သူသည် သူပစ်လွှတ်လိုက်သော မူလစွမ်းအင်သိပ်သည်းမှုကို တိုးမြင့်လိုက်သည်။

ရှစ်လှမ်း၊ ကိုးလှမ်း၊ တစ်ဆယ်လှမ်၊။

ဝမ်ချောင်နှင့် သစ်သားရုပ်ကြားအကွာအဝေးသည် ကြီးထွားလာခဲ့သည်။ ပါရမီထက် ဤနည်းစနစ်ကို ဆုပ်ကိုင်နိုင်ခြင်းသည် ကြိုးစားခြင်းကို ပိုမိုအလေးပေးပုံရသည်။

ဆယ့်တစ်လှမ်း၊ ဆယ့်နှစ်လှမ်း၊ ဆယ့်သုံးလှမ်း၊လေးကျန့်၊ ငါးကျန့်၊ ခြောက်ကျန့်၊။

(၁၂-၁၅-၁၈ မီတာ)

ဝမ်ချောင်၏ မူလစွမ်းအင်ထုတ်လွှတ်ခြင်းသည် ပို၍တိုးလာခဲ့သည်။ ဤအဆင့်တွင် မည်သူကိုမျှမ ထိခိုက်စေနိုင်သေးသော်လည်း သူသည် ထိုသည်ကို ဂရုစိုက်မနေပေ။ အားလုံးပြီးနောက် သူအတွက် ထိုသည်ကို စိတ်ပူနေစရာမလိုပေ။ ဤသည်မှာ ကမ္ဘာတွင် အားအကောင်းဆုံးနည်းစနစ်၏ အခြေခံကို လေ့ကျင့်နေခြင်းဖြစ်သည်။

ရှစ်ကျန့်၊ ကိုးကျန့်၊ တစ်ဆယ်ကျန့်..။

(၂၇-၃၀-၃၃ မီတာ PS/ဒါက လွဲနေသလိုပဲနော ၁ကျန့်မှာ သုံးမီတာရှိရင် ရှစ်ကျန့် ၂၄မီတာ ထင်တယ်)

ဝမ်ချောင်သည် မူလစွမ်းအင် ကျဉ်းမြောင်းမှုနှင့် သိပ်သည်းမှုကို တိုးမြင့်လိုက်သည်နှင့် ထိုသည်မှာ ပို၍တောက်ပစွာ တိုးတက်လာခဲ့ပုံရသည်။

သူသည် နောက်ဆုံးတွင် ဆယ့်နှစ်ကျန့်အကွာအဝေးမှ သစ်သားရုပ်တစ်ဒါဇင်ကို ဖျက်ဆီးနိုင်သည်နှင့် တတိယအဆင့်သို့သွားရန် အဆင်သင့်ဖြစ်ပြီဟု ခံစားလိုက်ရသည်။ ဤအဆင့်တွင် အကူမပါဘဲ ပြီးမြောက်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဝမ်ချောင်သည် အကူတချို့ကို ခေါ်လိုက်သည်။

"မင်းအဆင့်သင့်ဖြစ်ပြီလား"

ကိုယ့်လက်ကိုပင်မမြင်နိုင်သော မည်းမှောင်နေသည့် အခန်းငယ်ထဲတွင် သူတို့သည် အသံဖြင့်သာ ဆက်သွယ်နိုင်ကြသည်။

"အွန်း"

ဝမ်ချောင် အတည်ပြုလိုက်သည်။ ခဏအတွင်း မူညီသည့်ဦးတည်ချက်သုံးခုမှ မရေမတွက်နိုင်သော လေးထောင့်ပုံသစ်သားတုံးများသည် သူ့ဆီသို့ ပျံဝင်လာခဲ့သည်။

ရှီးးးးး

သူသည် မူလစွမ်းအင်လှိုင်းလုံးတစ်လှုံးပြီးတစ်လှုံးကို ထုတ်ဖော်လိုက်ကာ ထိုသစ်သားတုံး တိုက်ခိုက်မှုများကို တရစပ် ဖျက်ဆီးလိုက်သည်။

ပါဒက် ပါဒက်

အားလုံးထဲတွင် သစ်သားတုံးခြောက်ခုသည် လေထဲ၌ဖြတ်သန်းလာနိုင်ခဲ့ကာ ဝမ်ချောင်၏ ဝတ်ရုံကို လာရောက်ထိမှန်သွားသည်။

"ကြည့်ရတာ လက်ရှိမှာ လေထဲကလာတဲ့ အသံကို နားထောင်ပြီး လှုပ်ရှားနိုင်ဖို့ ငါ့အတွက် အနည်းငယ်ခက်ခဲသေးတယ်"

ဝမ်ချောင် အကဲဖြတ်လိုက်သည်။ အားလုံးပြီးနောက် သူသည် ချန်းပုရန်မဟုတ်ပေ။

သက်ရှိများကို အစုလိုက်အပြံလိုက်သတ်ဖြတ်ခြင်း၏ တတိယအဆင့်သည် လူတစ်ယောက်၏ အကြားအာရုံမှနေ၍ ရန်သူကို နားလည်ကာ လှုပ်ရှားရန်ဖြစ်သည်။ ဤသည်မှာ ဆိုးရွားသော အခြေအနေများအောက်တွင် လူတစ်ဦးကို နှိပ်စက်ရန်မဟုတ်ပေ။ ပို၍အရေးကြီးသည်မှာ ထိုသည်က လူတစ်ယောက်၏ ဓားကျွမ်းကျင်မှုကို သန့်စင်စေရန် အခြေခံလိုအပ်ချက်ဖြစ်သည်။

နက်နဲသိမ်မွေ့သောဓားသိုင်းနည်းစနစ်ကို ဆုပ်ကိုင်နိုင်ရန် လူတစ်ဦး၏ ခန္ဓာကိုယ်အပေါ် ထိန်းချုပ်နိုင်မှုသည် ကျွမ်းကျင်မှုနှင့်တိကျမှုတွင် မယုံနိုင်စရာကောင်းသည့် အဆင့်သို့ ရောက်နေရမည်ဖြစ်သည်။

ကမ္ဘာပေါ်တွင် အားအကောင်းဆုံးအန္တိမနည်းစနစ်တစ်ခု၏ အခြေခံပုံသေနည်းအနေဖြင့် သက်ရှိများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းသည် ဤရှု့ထောင်တွင် ပို၍ ကန့်သတ်ထားပေသည်။ တိကျမှု၊ အရှိန်အဟုန်၊ အနုစိတ်ကျမှု ဤသည်များသည် ဓားသိုင်းပညာ၏ အခြေခံများသာဖြစ်ကြသည်။

ထိုအရာများကို ကျွမ်းကျင်မှသာ လူတစ်ယောက်သည် စစ်မှန်သည့် ဓားသိုင်းပညာကို လေ့လာနိုင်မည်ဖြစ်သည်။

...

ဝမ်ချောင်သည် ကျင့်ကြံခြင်းတွင် နစ်မျောနေစဉ်မှာပင် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်း၏ အပြင်ဘက်၊ အဖြူရောင်ကျားတောင်ထွတ်၏ အနီးရှိ တောင်ထွတ်တစ်ခုပေါ်တွင် လူတစ်စုသည် အလုပ်ရှုပ်နေကြသည်။

"ဒီလူတွေဘာလုပ်နေကြတာလဲ"

အစပိုင်းတွင် အဖြူရောင်ကျားတောင်ထွတ်ပေါ်ရှိ လူများသည် တွေဝေနေခဲ့သော်လည်း နောက်တွင် သံသယများ ကြီးထွားလာခဲ့ကြသည်။ သူတို့သိချင်နေသည့် အရာကို နားလည်သိရှိရန် အချိန်အကြာကြီး မယူလိုက်ရပေ။

"ဒီလူတွေ... သူတို့က အဆောက်အဦတစ်ခုကို တည်ဆောက်နေကြတာပဲ"

ခွန်းဝူလေ့ကျင့်ရေးစစ်စခန်း ဖွင့်လှစ်ပြီး ရက်အနည်းငယ်အတွင်း၌ ဤပတ်ဝန်းကျင်တွင် ဖွဲ့စည်းပုံအသစ် အုတ်မြစ်ချနေသည်ကို တွေ့လိုက်သည်တွင် လူအုပ်ကြီးသည် လုံးဝအံ့ဩသွားခဲ့ကြသည်။

"တစ်စုံတစ်ယောက်က ခွန်းဝူရဲ့နယ်မြေထဲမှာ လာပြီး နေအိမ်တစ်ခု ဆောက်လုပ်ရဲတယ်၊ အဲဒီလူကဘယ်သူများလဲ"

"သူတို့က တောင်တစ်လုံးကို ဝယ်ယူဖို့ အရမ်းချမ်းသာနေတာပဲဖြစ်ရမယ်"

"'ချမ်းသာ'တယ်လို့ မင်းပြောလိုက်တာလား.. ချမ်းသာရုံနဲ့ ခွန်းဝူရဲ့အနီးဝန်းကျင်မှာ နေအိမ်တစ်ခု ဆောက်လို့ရမယ်လို့ မင်းတကယ်ကြီး ထင်နေတာလား"

ခဏအကြာတွင် ကြောက်ရွံ့နေသည့်အရိပ်အယောင်များသည် ကြည့်နေသူများ၏ မျက်လုံးများ၌ ပေါ်လာခဲ့သည်။ ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းသည် အပြင်လူများကို ကန့်သတ်ထားသည်။ သို့တိုင် တစ်ဖက်လူသည် အနီးအနားနယ်မြေတွင် ထိုကဲ့သို့ ကြီးမားသည့် ဆောက်လုပ်‌ရေးစီမံကိန်းကို အမှန်တကယ်ပင် အကောင်အထည်ဖော်ရဲသည်။ ထိုသည်ကိုကြည့်၍ ဆုံးဖြတ်ရလျှင် ထိုလူသည် အံ့မခမ်း နောက်ခံတချို့ကို ပိုင်ဆိုင်ထားပေမည်။ အဆောက်အဦ ဆောက်လုပ်နေသည်ကို စိတ်ဝင်တစားနှင့် စစ်‌ဆေးချင်နေသည့် တပ်သားသစ်အချို့ အမှန်တကယ်ပင်ရှိသည်။ သို့သော် ထိုစကားလုံးများကို ကြားသည်တွင် သူတို့၏စိတ်များ ချက်ချင်း ပြောင်းလဲသွားကြသည်။ သတိပြုရမည်မှာ တပ်သားသစ်အများစုသည် နိမ့်ကျသည့်နောက်ခံမှ လာခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ပြုလုပ်နိုင်သည့် ပုဂ္ဂိုလ်မှာ သူတို့သွား‌ရှုပ်၍ ရသည့် ပုဂ္ဂိုလ်မဟုတ်ချေ။

...

"တော်ဝင်စစ်တပ် အစောင့်အရှောက်ကိုလည်း ခေါ်ယူထားနိုင်ဖို့ဆိုတာ၊ ဒီလူက ကမ္ဘာပေါ်က ဘယ်သူများလဲ"

အနီရောင်ငှက်တောင်ထွတ်နှင့် မိုးပြာရောင်နဂါးတောင်ထွတ်မှာ တပ်သားသစ်များသည်လည်း ဤမြင်ကွင်းကို မြင်ကြသည်။ သို့သော် သူတို့နေရာမှ သူတို့သည် တော်ဝင်စစ်တပ် အစောင့်အရှောက်များ၏ ပုံရိပ်ကို ရှင်းလင်းစွာ မြင်ကြရသည်။ တော်ဝင်စစ်တပ် အစောင့်အရှောက်များသည် ကောင်းကင်သားတော်၏ သက်တော်စောင့်များ ဖြစ်ကြသည်။ သူတို့ကို ခေါ်ယူထားနိုင်သည်မှာ ဩဇာလွှမ်းမိုးသည့် အရာရှိများထက်ပင် ကျော်လွန်နေသည်ဟု ဆိုလိုပေသည်။

မယုံနိုင်စရာကောင်းသည့် တစ်စုံတစ်ရာသည် သူတို့ရှေ့၌ ဖြစ်ပျက်နေသည်ကို နားလည်လိုက်သည်တွင် သူတို့၏မျက်ဝန်းထဲ၌ နက်ရှိုင်းသည့်ကြောက်ရွံ့မှုများ တိုးဝင်လာခဲ့သည်။

...

"မြန်မြန်လေး.. ငါ ခြံကို အတတ်နိုင်ဆုံး အချိန်တိုအတွင်း ဆောက်စေချင်တယ်"

ထိုအချိန်တွင် လူများစွာကြည့်ရှု့နေသည့် ထိုတောင်ထွတ်ပေါ်တွင် ဦးလေးလီလင်းသည် တော်ဝင်စစ်တပ် အစောင့်အရှောက် အနည်းငယ်နှင့်အတူ ဆောက်လုပ်ရေးထဲရှိ ပန်းရံသမားများကို ကြီးကြပ်နေခဲ့သည်။

သူသည် ဤတောင်ထွတ်ကို ရယူရန် တောင်းဆိုထားသည့် ဝမ်ချောင်ဆီမှ စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။

ခွန်းဝူလေ့ကျင့်ရေးစခန်းတွင် ပြင်ပလူများကို တင်းကျပ်သော စည်းမျဉ်းများဖြင့် ကန့်သတ်ထားသော်လည်း ၎င်းအနီးတစ်ဝိုက်ရှိ မြေနေရာများသည် တော်သင့်ရုံမျှသာ ကန့်သတ်ထားသည်။ ထိုသည်ကို လူအများစုက လက်ခံထားခဲ့ကြသည်။ သို့ဆိုလျှင်ပင် ဤသည်မှာ စည်းမျဉ်းများထဲမှ ယိုပေါက်ဖြစ်သည်။ ထို့ကြောင့် သူသည် လီလင်းကို ဤတောင်ပေါ်တွင် ခြံဝင်းတစ်ခုတည်ဆောက်ရန် ခိုင်းစေခဲ့သည်။

ယခုအချိန်အထိ အခြားမည်သူမျှ ထိုသို့သော လုပ်ရပ်မျိုးကို မစဉ်းစားမိသေးသောကြောင့် ဝမ်ချောင်သည် အတိုက်အခံမရှိဘဲ အကြီးဆုံးအသားကို လုယူနိုင်ခဲ့သည်။

ဤသည်မှာ ယိုပေါက်တစ်ခု ဖြစ်သော်လည်း ဤကိစ္စသည် မဟာလေ့ကျင့်‌ရေးစစ်စခန်းသုံးခု စိုးရိမ်ပူပန်သော ကိစ္စဖြစ်သောကြောင့် တစ်စုံတစ်ယောက်သည် လုံလောက်သည့်နောက်ခံမရှိဘဲ နယ်မြေတစ်ခု ရယူနိုင်ရန် ခက်ခဲသည်။

ကံကောင်းသည်မှာ ဝမ်ချောင်ကတော့ စိုးရိမ်စရာမလိုခဲ့ပေ။ တောင်ကို ရယူရန် သူလုပ်ရန် လိုအပ်သည်မှာ စုန့်ဘုရင်ကို ဦးဆောင်စေကာ ရွှေတုံးရှစ်သောင်း ပေးချေရန်ပင်ဖြစ်သည်။

ထိုသို့ဖြင့် လက်ရှိတွင် တောင်တစ်ခုလုံးသည် ဝမ်ချောင်၏ ကိုယ်ပိုင်ဖြစ်သည်။

-------------------

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အပိုင်း ၂၂၈။ ဦးကြီးက အစည်းအဝေးတစ်ခုခေါ်ယူခြင်း

"မြန်မြန်လေး..မြန်မြန်လေး.. အချိန်မတိုင်မီပြီးရင် မင်းတို့တစ်ယောက်ချင်းစီ ရွှေတစ်တုံးပိုရမယ်"

ခွန်းဝူဘေးရှိ တောင်ထွတ်ပေါ်တွင် လီလင်းသည် လောဆော်လိုက်သည်။

ဝမ်ချောင် တောင်ကို ဝယ်ယူလိုက်ခြင်းသည် တော်ဝင်ရုံးတော်၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး သူတို့သည် နောက်ဆုံးတွင် အရေးယူမှုပြုသည့်အခါ၌ လီတစ်ဒါဇင်အကွာအဝေးရှိ မည်သည့်ဆောက်လုပ်မှုမျိုးကိုမဆို ပြစ်ဒဏ်ချမှတ်မည်မှာ သေချာပေသည်။

ထို့ကြောင့် သူတို့သည် ဆောက်လုပ်ရေးကို အမြန်ဆုံးအဆုံးသတ်ရပေမည်။

ဝမ်ချောင်သည် ဤသည်ကို သူ့စာထဲတွင် အလေးထားဖော်ပြခဲ့သည်။

'နတ်ဆိုးများသည်ပင် ပိုက်ဆံဖြင့် မောင်းနှင်နိုင်သည်။' ဝမ်ချောင်၏ ပိုက်ဆံများသည် သူ့စွမ်းအားကို ပြသနေပြီဖြစ်သည်။ ရွှေတုံးရှစ်သောင်းကို သုံးစွဲခြင်းမှာ မျိုးနွယ်စုအများစုအတွက်ပင် ကြီးလေးသည်။ သို့သော် သူ့အတွက်တော့ မဟုတ်ခဲ့ပေ။ ဝမ်ချောင်အတွက် ငွေရေးကြေးရေးမှာ စိတ်ပူပန်စရာ မဟုတ်ခဲ့ပေ။ သူသည် သူ့အစီအစဉ်အတွက် ထိုကဲ့သို့ပမာဏကို သုံးစွဲနိုင်ပေသည်။

အကယ်၍တစ်စုံတစ်ယောက်သာ ဖြစ်ခဲ့ပါက သူတို့သည် တူညီသည့်ရည်ရွယ်ချက်များရှိလျှင်ပင် သူတို့သည် ဤကဲ့သို့ လျင်မြန်စွာ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ ငွေကြေးစုဆောင်းရင်းဖြင့်ပင် သူတို့သည် အချိန်အတော်ယူရပေမည်။

သူတို့ရှေ့တွင် ရွှေချောင်းများဖြင့် ဆွဲဆောင်မှုနှင့်အတူ တောင်ပေါ်ရှိပန်းရံသမားများသည် လျင်မြန်စွာ လုပ်ဆောင်လိုက်ကြသည်။ ဆယ်ရက်အတွင်းမှာပင် သူတို့သည် လိုအပ်သည့် အခြေခံအုတ်မြစ်ကို ဖန်တီးခဲ့ပြီးဖြစ်သည်။ ရက်နှစ်ဆယ်ကြာပြီးနောက် အဆောက်အဦ၏ ပုံကြမ်းကို မြင်နိုင်ပြီဖြစ်သည်။

ဤသည်မှာ ရိုးရှင်းသည့် အဆောက်အဦမဟုတ်ပေ။

ဝမ်ချောင်သည် တစ်ချိန်တည်းတွင် အနည်းဆုံးလူရာကျော်ဝင်ဆံ့နိုင်သည့် ခမ်းနားကြီးကျယ်သည့် အဆောက်အဦကို တည်ဆောက်ရန် ရည်ရွယ်ထားသည်။ ပန်းခြံများ၊ ရှုမျှော်နန်းများ၊ စင်မြင့်များ၊ စင်္ကြံများ၊ ဧည့်ခန်းများ၊ လေ့ကျင့်ရေးကွင်းများ၊ လက်ဖက်ရည်ခန်းများ၊ အရာအားလုံးကို ဤနေရာတွင် တွေ့နိုင်သည်။

သေချာပေါက်ပင် ကုန်ကျစရိုက်သည်လည်း သေစေနိုင်လောက်သည်။ မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခု၏ သာမန်လူငယ်များသည် ဤကဲ့သို့ ကုန်ကျစရိတ်ကို တတ်နိုင်မှာမဟုတ်ပေ။ ဆောက်လုပ်ရေးအတွက် အတွေ့အကြုံရှိပန်းရံဆရာအမြောက်အများကို ခေါ်ယူခဲ့သည်။ အဝေးမှ ကြည့်လျှင် သူတို့သည် သူတို့အလုပ်လုပ်နေသောပုံရိပ်မှာ အလုပ်ကြိုးစားသော ပုရွက်ဆိတ်များနှင့် ဆင်တူလှသည်။

လုံလောက်သော လူအင်အားဖြင့် အဆောက်အဦ အပြည့်အ၀ ဆောက်လုပ်ပြီးစီးရန် တစ်လသာ ကြာမြင့်ခဲ့သည်။

ထိုသည်မှာ ခမ်းနားလှသည့် အဆောက်အဦတစ်ခုဖြစ်သည်။ လှပခုံးကြွနေသည့် ခေါင်မိုးများဖြင့်...။ ထိုသည်ကို ဖော်ပြရန် သင့်လျော်သည့် စကားလုံးများမရှိတော့ပေ။ လိုအပ်နေသည်မှာ အရောင်တင်ရန်နှင့် ပရိဘောဂများထားရန်သာ ကျန်ရှိတော့သည်။

ဦးလေးလီလင်းသည် လုံးဝအချိန်မဆွဲခဲ့ပေ။ အခြေခံဆောက်လုပ်မှု ပြီးစီးသည်နှင့် တပြိုင်နက် ထိုနယ်မြေကို စောင့်ရှောက်ရန် ကျွမ်းကျင်သူ အဖွဲ့ကို စေလွှတ်ခဲ့သည်။ ဤကျွမ်းကျင်သူများသည် အဓိကအားဖြင့် ဦးကြီးဝမ်ကန်းဆီမှလာခဲ့ခြင်းဖြစ်သည်။

ဝမ်ချောင်လိုအပ်သည့်အရာကို နားလည်ပြီး ဝမ်ကန်းသည် သူ့အိမ်တော်မှ အစောင့်အရှောက်များကို ဝမ်ချောင်နှင့် အဆောက်အအုံကို စောင့်ရှောက်ရန် ခေါ်ယူခဲ့သည်။

ညပိုင်းချုံခိုတိုက်ခိုက်မှုသည် သူ့ကိုလည်း သတိပေးခေါင်းလောင်းမြည်စေခဲ့သည်။ ဝမ်ချောင်ကို အန္တရာယ်ပြုလာခြင်းသည် ဝမ်ကန်းအနေဖြင့် ကုန်ကျစရိတ်အားလုံးကို အသုံးပြုကာ ရှောင်ရှားရမည့် တစ်စုံတစ်ရာ ဖြစ်သည်။

ဤသည်မှာ ယခုအချိန်တွင် ဝမ်မျိုးနွယ်စုသည် ဝမ်ချောင်ကို မည်မျှမြင့်မားစွာ တန်ဖိုးသလဲ ဆိုသည်ပင်ဖြစ်သည်။

သဘာဝကျစွာဖြင့် ဝမ်မျိုးနွယ်စု၏အစောင့်အရှောက်များသည် တောင်ထွတ်ပေါ်တွင် တပ်စွဲထားလိုက်သောကြောင့် အဆောက်အအုံနောက်ကွယ်ရှိ 'လျှို့ဝှက်ဆန်းကြယ်နေမှု' မှာ ဖော်ပြလိုက်ပြီဖြစ်သည်။

"ဝမ်မျိုးနွယ်စုရဲ့ အစောင့်အရှောက်.. ဒီလူတွေက ဝမ်မျိုးနွယ်စုရဲ့ အစောင့်အရှောက်တွေပဲ"

အဖြူရောင်ကျားတောင်ထွတ်ပေါ်ရှိ တပ်သားသစ်များသည် ခြံဝင်း၏အပေါက်ဝ၌ မတ်တတ်ရပ်နေသော အစောင့်အရှောက်များကို အံ့အားသင့်နေသည့် မျက်နှာထားဖြင့် ကြည့်လိုက်ကြသည်။

မြို့တော်အတွင်း မျိုးနွယ်စုကြီးများ၏ အဆောင်အယောင်များသည် ထင်ရှားကျော်ကြားကြသည်။ မြို့တော်အတွင်းတွင် ဝမ်မျိုးနွယ်စုကို မသိသူမရှိသလောက်ဖြစ်သည်။ လက်ရှိတွင် ခွန်းဝူလေ့ကျင့်ရေး စစ်စခန်း၌ ဝမ်မျိုးနွယ်စု၏ကလေးတစ်ဦးသာ ရှိသည်။

ထို့ကြောင့် လူတိုင်းသည် သူတို့၏အကြည့်များကို အနီးရှိ ကျောက်ကျင်းတန်ဆီသို့ ပို့လိုက်ကြသည်။

"ငါ့ကိုမမေးနဲ့၊ ဘာတွေဖြစ်နေသလဲ ငါလည်းမသိဘူး၊ ငါ့အဖို့ သခင်လေးရဲ့အတွေးတွေကို ဖတ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"

ထိုမေးခွန်းထုတ်နေသောအကြည့်များကို သဘောပေါက်ကာ ကျောက်ကျင်းတန်သည် သူ့ခေါင်းကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်သည်။ ရက်အတော်ကြာ သိရှိခဲ့ပြီးနောက် လူတိုင်းသည် တစ်ဖက်လူသည် လိမ်ညာတတ်သူ မဟုတ်ကြောင်း သိရှိထားပြီးဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဤအဖြစ်အပျက်သည် ရွှီးချီ၊ ကောင်းဖုန့်၊ နျန်ယန်နှင့် နိမ့်ကျသည့် နောက်ခံမှလာသည့် လူအနည်းငယ်၏ အမြင်ကို ဖွင့်ပေးခဲ့သည်။

မဟညလေ့ကျင့်ရေးစစ်စခန်းသုံးခုသည် ပညာရှင်ဧကရာဇ်မှ အစပြုခဲ့ခြင်းဖြစ်ကာ နယ်မြေဝန်းကျင်တွင် အဆောက်အဦ ဆောက်လုပ်ရန်မှာ လွယ်ကူသည့်ကိစ္စမဟုတ်ပေ။ ဤသည်မှာ ဝမ်ချောင်၏ ငွေကြေးချမ်းသာမှုနှင့် နိုင်ငံရေးဩဇာလွှမ်းမိုးမှုကို သူတို့ ပထမဆုံး မြင်တွေ့ဖူးခြင်းဖြစ်သည်။

"ဟားဟား ငါ့ညီအစ်ကိုဆိုတဲ့အတိုင်းပဲ၊ငါလည်းပဲ အိမ်ခန်းတစ်ခုကို ပိုင်ဆိုင်တော့မယ်"

အများစု၏ တုံ့ပြန်ပုံနှင့်မတူဘဲ သတင်းကိုကြားသည်တွင် ဝေ့ဟိုသည် အော်ရယ်လိုက်ကာ သူ့မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေသည်။

"ဒီကလေးက နည်းနည်းလေး ထင်ပေါ်လွန်းမနေဘူးလား"

အနီရောင်ငှက်တောင်ထွတ်ပေါ်တွင် နယ်စားငယ်ရီသည် အားကောင်းသည့် သူ့အပေါင်းအဖော်မိန်းကလေးများနှင့် ရှိနေကာ ဤသတင်းကို ကြားသိလိုက်သည်။

"အဲဒီဝမ်ချောင်က ဘာလုပ်ဖို့ကြိုးစားနေတာလဲ"

မိုးပြာရောင်နဂါးတောင်ထွတ်ပေါ်တွင် အားပုတုန်နှင့် ဟူလူမျိုးအနည်းငယ်တို့သည် ဤသည်ကို သတိပြုမိလိုက်ကြသည်။ အားပုစိုင်၏ ညွှန်ကြားမှုအောက်တွင် သူတို့သည် ဝမ်ချောင်၏ လှုပ်ရှားမှုများကို အပြည့်အ၀ အာရုံစိုက်ထားကြသည်။ ထို့ကြောင့် သူတို့သည် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းနှင့် ဆန့်ကျင်ဘက်ရှိ အိမ်အသစ်သည် အမှန်တကယ်ပင် သူပိုင်ဆိုင်ကြောင်း သဘောပေါက်နားလည်သည့် နောက်ဆုံးလူများထဲမှ ဖြစ်ကြသည်။

အားပုတုန်သည် ဝမ်ချောင်က အဓိပ္ပာယ်မရှိသည့် တစ်စုံတစ်ခုကို ပြုလုပ်လိမ့်မည်ဟု မယုံကြည်ပေ။ ထို့ကြောင့် သူသည် မျက်မှောင်ကြုတ်လိုက်သည်။

"ဝမ်ကောင်လေး လှုပ်ရှားတာက နည်းနည်းလေးအရမ်းမြန်မနေဘူးလား၊ သူက ဒီနေရာမှာ အဆောက်အဦတစ်ခုဆောက်လုပ်ပြီး သူ့လွှမ်းမိုးမှုကို ချဲ့ဖို့ အစီအစဉ်ဆွဲနေတာလား"

တူညီသည့်တောင်ထွတ်တစ်ခုပေါ်တွင် ကျန်းရွှမ်သည်လည်း လူအများသိသည့် သတင်းကို ကြားသိလိုက်သည်။

ဟူးလားလား

ခဏအကြာတွင် ခိုနှစ်ကောင်သည် မိုးပြာရောင်နဂါးတောင်ထွန်ပေါ်မှ အကွာအဝေးတစ်ခုဆီသို့ ပျံသန်းသွားခဲ့သည်။ တစ်ကောင်မှာ ချီဘုရင်ထံသို့ဦးတည်ကာ အခြားတစ်ကောင်က ကျောင်းကျူးဆီသို့ ဦးတည်လေသည်။

...

လူအများကို ဆူညံပွက်လောရိုက်စေသည့် အဓိကဇာတ်ကောင် ဝမ်ချောင်သည်တော့ ထိုသည်ကို သတိမပြုမိချေ။

သူသည် လွန်ခဲ့သည့်လကတည်းက လေ့ကျင့်ရေးအခန်းငယ်ထဲတွင် သက်ရှိများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းပညာရပ်ကို လေ့ကျင့်ရင်းဖြင့် အချိန်ကုန်ဆုံးခဲ့သည်။ ထိုအတောအတွင်းတွင် သူသည် သူအခန်းသို့ တစ်ခါတစ်ရံမှသာ ပြန်ခဲ့သည်။ ကျောက်ကျင်းတန်နှင့် တခြားသူများသည် သူ့ကို တွေ့ရန်ခက်ခဲ‌ပေသည်။

လွန်ခဲ့သည့်လအတွင်း ပြင်းထန်စွာ ကြိုးစားခဲ့မှုသည် ဝမ်ချောင်(မူရင်းမှာ စုဟန်ရှန်း)၏ ကြိုးစားလေ့ကျင့်မှုကို အနည်းငယ်မျှပင် မမှေးမိန်စေခဲ့ပေ။

"ပြီးခါနီးပြီ မကြာမီ ဒီနည်းစနစ်ကို ငါဆုပ်ကိုင်နိုင်တော့မယ်"

မှောင်မည်းနေသည့် အခန်းငယ်အတွင်း ခြေချိတ်ထိုင်ကာ ဝမ်ချောင်တွေးလိုက်သည်။

ပြီးခဲ့သည့်လ လေ့ကျင့်မှုတွင် ဝမ်ချောင်သည် အခြေခံဓားသိုင်းပညာကျွမ်းကျင်မှုတွင် ကြီးစွာတိုးတက်ခဲ့သည်။ အစိတ်အပိုင်းထောင်ကျော် ပိုင်းခြားထားသော သစ်သားတုံးတစ်ခုကို သူသည် သူရည်ရွယ်သည် မည်သည့်သစ်သားတုံးကိုမဆို တိကျစွာတိုက်ခိုက်နိုင်ပြီဖြစ်သည်။

မကြာသေးမီက သူသည် ဓားချီကို အောင်မြင်စွာကျင့်ကြံနိုင်ကာ သက်ရှိများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းပညာရပ်၏ သေးငယ်သော အောင်မြင်မှုသို့ ရောက်ရှိတော့မည်ဟု ခံစားလိုက်ရသည်။

ရှီးးး

လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ဝမ်ချောင်သည် သူ့ဓားကို ဆွဲကိုင်လိုက်ကာ ခုတ်ပိုင်းလိုက်သည်။ ဤခုတ်ပိုင်းချက်နှင့်အတူ သေးငယ်သောငွေရောင်ကဲ့သို့ မူလစွမ်းအင်သည် ပြေးထွက်သွားခဲ့သည်။

ဤမူလစွမ်းအင်ထုတ်လွှတ်မှု၏တစ်ဝက်သည် ထက်မြသည့် သဘောထားကို သယ်ဆောင်ထားကာ ပူ‌လောင်ပြီး ထင်ရှားနေသည်။ တစ်ဖက်တွင် ကျန်တစ်ဝက်သည် ကြည်လင်(ဖောက်မြင်နိုင်တာ ရေလို)နေပြီး တင်းမာမှုမရှိဘဲ ရှိနေသည်။ ဤနှစ်ခုသည် လိမ်ယှက်နေကာ ကျန့်တစ်ဆယ်အကွာအဝေးမှ သစ်သားရုပ်တစ်ခု၏မျက်လုံးသို့ ‌တိုက်ခိုက်လိုက်သည်။

(၃၃မီတာ)

တစ်လလောက် ပြင်းပြင်းထန်ထန် ကြိုးစားပြီးနောက် ဝမ်ချောင်၏ ဓားကျွမ်းကျင်မှုသည် အမှောင်ထုထဲတွင် သစ်သားရုပ်၏ သေစေနိုင်သည့် နေရာသို့ တိကျစွာခုတ်ပိုင်းနိုင်သည့် အဆင့်သို့ ရောက်ရှိနိုင်ခဲ့သည်။ အမှန်တွင် သူသည် အလင်းရောင်မရှိသည့် အခန်းထဲတွင် သူ့ဓားဖြင့် ပုရွက်ဆိတ်တစ်ကောင်ကိုပင် သတ်ဖြတ်နိုင်ပြီဖြစ်သည်။

သူသည် သူ့ဓားကို သစ်သားရုပ်၏ မျက်လုံးထဲသို့ ထိုးစိုက်လိုက်သည်နှင့် လက်ချောင်းအရွယ် အပေါက်ကို ချန်ထားနိုင်မည်ဟု ယုံကြည်သည်။

ဘန်းးးး

ဝမ်ချောင်၏ မျှော်လင့်ချက်များသည် ကြီးမားစွာ ရှိနေသော်လည်း သူမျှော်လင့်ထားသည့် မြင်ကွင်းသည် ဖြစ်ပေါ်လာခဲ့ခြင်း မရှိပေ။ သစ်သားရုပ်သို့မရောက်မီ ကျန့်သုံးလေးခုအကွာတွင် မူလစွမ်းအင်သည် ဖောက်ပြန်သွားခဲ့သည်။ လမ်းတစ်ဝက်တွင် မတူညီသည့် စွမ်းအင်နှစ်ခုသည် တိုက်ခိုက်ခဲ့ကြကာ နောက်ဆုံးတွင် ကျယ်လောင်သည့် ပေါက်ကွဲသံနှင့် ပျောက်ကွယ်သွားခဲ့သည်။

"ကြည့်ရတာ ကျရှုံးနေတုန်းပဲ"

ဝမ်ချောင်သည် သူ့မျက်လုံးရှိအရောင်များ မှေးနှိန်သွားကာ သက်ပြင်းချလိုက်သည်။ စုကျန်းချန်၏ သက်ရှိများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းပညာရပ်သည် သူတွေးထားသည်ထက် ကျင့်ကြံရန် ခက်ခဲနေသည်။

ဤအန္တိမနည်းစနစ်သည် လူတစ်ဦး၏ပါရမီမြင့်မားစွာလိုအပ်ပုံရသည်။

"ဓားချီတစ်ဝက်နဲ့ မူလစွမ်းအင်တစ်ဝက် ငါဒါကိုလုပ်နိုင်တယ် ဒါပေမဲ့ မမှန်သေးဘူးဖြစ်နေတယ်၊ ဓားချီက ရိုးရိုးရှင်းရှင်းနဲ့ အရမ်းလွှမ်းမိုးတယ် ပြီးတော့ မတူညီတဲ့သဘာဝရှိတဲ့ စွမ်းအင်ကို သူ့ဆီကနေ ပိတ်ပင်နေတယ်၊ ဒီအခြေအနေက ဆက်ရှိနေသရွေ့ ငါ့ရဲ့ဓားပညာဟာ အားနည်းနေလိမ့်မယ်၊ ဘာတွေမှားနေတာလဲ၊လငါတစ်နေရာရာမှာ လိုနေသေးတာလား"

ဝမ်ချောင်သည် အမှားကို တွေးတောလိုက်သည်။ ဤသည်မှာ သူ၏ တစ်ဆယ့်တစ်ကြိမ်မြောက် ကျရှုံးခြင်းဖြစ်သည်။ သူသည် သူ၏နည်းစနစ် ကျင့်ကြံခြင်းတွင် တစ်စုံတစ်ခုမှားယွင်းနေသည်ဟု စတင်တွေးတောလိုက်သည်။

"ငါ အခုဒါကို ဘေးခဏဖယ်ထားဦးမယ်"

သက်ပြင်းချလိုက်ကာ ဝမ်ချောင်သည် မတ်တတ်ရပ်လိုက်သည်တွင်

'ဂျိုး.. ဂျွတ်'

သူ့ခန္ဓာကိုယ်မှ အရိုးချိုးသံများထွက်ပေါ်လာခဲ့သည်။ ယခင်ကနှင့်ယှဉ်လျှင် သူ့အရှိန်အဝါသည်လည်း အနည်းငယ်သန်မာလာပုံရသည်။

ဓားနှင့် လေ့ကျင့်ခြင်းသည် တစ်စုံတစ်ဦး၏ အမူအကျင့်ကိုလည်း ပြောင်းလဲသွားစေနိုင်သည်။

လူတစ်ဦး၏ အမူအကျင့်ကို လုံးဝပြောင်းလဲသွားစေသည်။ သက်ရှိများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းပညာရပ်ကို တစ်လတာကျင့်ကြံခြင်းသည် ဝမ်ချောင်၏ အရှိန်အဝါကို အနည်းငယ်ထက်ရှလာစေကာ ထက်ရှသည့် ဓားတစ်ချောင်းကို ဓားအိမ်မှ ဆွဲထုတ်သည်နှင့် ဆင်တူသည်။ ထိုသည်မှာ လေးစားမှု နှင့် ကြောက်ရွံ့မှု နှစ်ခုစလုံးကို ဖြစ်ပေါ်စေပြီး တည်ငြိမ်မှုနှင့် ခမ်းနားထည်ဝါမှု နှစ်ခုစလုံးကို ဖြစ်စေသည်။

ထို့အပြင် ဝမ်ချောင်သည် ဤအတောအတွင်း ချိုက်ကျစ်ယီ သူ့ကိုပေးခဲ့သော နှစ်သုံးရာသက်တမ်းရှိ ဂျင်ဆင်းကိုလည်း အသုံးပြုခဲ့သည်။ သူသည် သူ့အတွင်းစွမ်းအားကို ကျင့်ကြံရန် ကြိုးစားအားထုတ်ခဲ့ခြင်းမရှိသော်လည်း သိသိသာသာတိုးတက်လာခဲ့သည်။

သူသည် မူလစွမ်းအင်အဆင့် ၈ ကို ချိုးဖောက်ခြင်းမရှိသေးသော်လည်း သူ၏တိုက်ခိုက်နိုင်စွမ်းသည် ကြီးစွာတိုးတက်လာခဲ့သည်။

"လူတိုင်းကလည်း ပြီးခဲ့တဲ့လက ကြိုးစားခဲ့ကြပုံပဲ"

လေ့ကျင့်ရေးအခန်းငယ်မှထွက်လာပြီးနောက် ဝမ်ချောင်သည် လူတိုင်းက ပတ်ဝန်းကျင်တွင် ပြေးလွှားကာ အလုပ်ရှုပ်နေကြသည်ကို တွေ့လိုက်ရသည်။

တိုက်ခိုက်မှုပြီးနောက် လူတိုင်းသည် သူတို့၏ဘဝကို သိုင်းပညာလေ့ကျင့်ခြင်း၌သာ အာရုံစိုက်ထားပုံ ရသည်။ သူတို့သည် အသက်ရှင်လွတ်မြောက်ခဲ့သော်လည်း ထိုသည်ကို တကယ့်တိုက်ပွဲကဲ့သို့ သဘောထားခဲ့ကြသည်။

လေးသမားဖြစ်စေ၊ မြင်းတပ်ဖြစ်စေ၊ ခြေလျင်တပ်သားဖြစ်စေ သူတို့သည် အစွမ်းကုန် ကြိုးစားနေကြပုံရသည်။ လေ့ကျင့်ရေးစခန်းရှိ လေထုသည် စတင်ဖွဲ့လှစ်ချိန်နှင့် လုံးဝကွဲပြားသွားသည်ဟု ခံစားလိုက်ရကာ တပ်သားသစ်များ၏ အလုံးစုံအင်အားသည် အံ့သြဖွယ် အရှိန်အဟုန်ဖြင့် တိုးမြင့်လာနေသည်။

ကူးး

ဝမ်ချောင်သည် အဓိကတောင်ထွတ်ပေါ်တွင် လမ်းလျှောင်နေစဉ် စူးရှသည့် အသံတစ်ခုသည် သူ့ခေါင်းထက်မှ ထွက်ပေါ်လာခဲ့သည်။ သူကြည့်လိုက်သည်တွင် စာပို့ခိုများသည် သူ့ခေါင်းထဲကောင်းကင်၌ ကခုန်နေကြသည်။ နောက်ထပ် ခိုများစွာသည်လည်း မြို့တော်မှာ ဤနေရာသို့ ဦးတည်ပျံသန်းလာနေကြသည်။

ကူးး

ဝမ်ချောင်သည် ထိုမြင်ကွင်းကြောင့် ရယ်မောလိုက်သည်။ သို့သော်ထို့နောက် အကွာအဝေးတစ်ခုမှ မတူညီသည့် အသံတစ်ခုထွက်ပေါ်လာခဲ့သည်။ သူကြည့်လိုက်သည်တွင် စာပို့ခိုတစ်ကောင်သည် သု့ဆီပျံသန်းလာသည်ကို တွေ့လိုက်သည်။ သူသည် ထိုခိုမှာ ဘယ်သူ့အတွက် ပျံသန်းလာသည်ကို မခန့်မှန်းနိုင်မီ ထိုခိုမှာ သူ့အတွက် ပျံသန်းလာကြောင်း သဘောပေါက်လိုက်သည်။

"ဟမ်"

သူသည် ထိုခိုကို ကြည့်လိုက်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"ဒါက ဦးကြီးဆီက စာတစ်စောင်လား"

စာပို့ခို၏ ဘယ်ခြေထောက်တွင် ရွှေလက်စွပ်(ရွှေခြေစွပ်လို့ ရေးသင့်လား ခိုခြေထောက်မှာ စွပ်ထားတာဆိုတော့လေ😆)ကို တွေ့လိုက်သည်တွင် ဝမ်ချောင်သည် တွေဝေသွားခဲ့သည်။

ဤခိုသည် အမှန်ပင် ဦးကြီးဆီမှ ဖြစ်ကာ ဤနေရာတွင် ပုံမှန်မဟုတ်တာ မရှိပေ။ သူ့ကို အံ့အားသင့်စေသည်မှာ အမှန်ပင် ရွှေလက်စွပ်ဖြစ်သည်။ ဝမ်မျိုးနွယ်စုတွင် ဤရွှေလက်စွပ်ကို အရေးကြီးကိစ္စများအတွင်သာ အသုံးပြုသည်။(ဖြတ်ပြန်) ဤသို့မဟုတ်လျှင် ထိုသည်မှာ ပေါ်လာမည် မဟုတ်ချေ။

"ဦးကြီးက ငါ့ကိုတွေ့ချင်နေတာလား"

စာထဲမှအကြောင်းအရာကို ဖတ်ပြီးနောက် ဝမ်ချောင်၏ မျက်ခုံးများ မြင့်တက်သွားခဲ့သည်။

---------

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အပိုင်း ၂၂၉။ ကျန့်ချိုးကျင်းချို မြို့တော်သို့ ရောက်လာခြင်း

တော်ဝင်ရုံးတော်၏ သြဇာရှိ အရာရှိတစ်ယောက်အနေဖြင့် ဦးကြီးဝမ်ကန်း သည် တာဝန်များစွာဖြင့် နပမ်းလုံးနေခဲ့ရသည်။ ထိုသည်မှာ အလွန်အရေးကြီးသည့် ကိစ္စမဟုတ်ပါက သူသည် ဝမ်ချောင်ကို ဒုက္ခပေးကာထွက်လာစေမည်မဟုတ်ပေ။ ယခင်အချိန်က ထိုလူ သူ့ကိုလာရှာခဲ့သည်မှာ သူသည် 'ဆိုးရွားသည့်အမှား' ကျူးလွန်ခဲ့ချိန်တွင်ဖြစ်သည်။

ထို့အပြင် ဦးကြီးသည် မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုပတ်ဝန်းကျင်ရှိ တင်းကျပ်သော စည်းကမ်းများကိုလည်း သတိပြုမိပေလိမ့်မည်။ ထိုသည်မှာ အရေးပါသည့်ကိစ္စ မဟုတ်ပါက ဝမ်ချောင်ကို အနှောင့်အယှက်ပေးသည်မှာ ဉာဏ်ရှိရာမကျပေ။

သူသည် "ဘာကြောင့်လဲ"ဟု သူ့ကိုယ်သူမေးခွန်းထုတ်နေခဲ့သော်လည်း တောင်ပေါ်စစ်စခန်းမှ လျင်မြန်စွာ ခိုးထွက်လာခဲ့သည်။

သူသည် အဓိကတောင်ထွတ်၏ မတ်စောက်သည့်လမ်းကျဉ်းလေးအတိုင်း ဆင်းလာခဲ့ကာ လစ်ထွက်လာလိုက်သည်။ သိပ်မဝေးသည့် တောင်ကြားတစ်ခုတွက် အစိမ်းရောင်ရထားလုံးတစ်စင်း ရှိနေကာ ဝမ်မျိုးနွယ်စု၏ အစောင့်အရှောက်များက ပတ်ဝန်းကျင်ကို သတိဖြင့် စောင့်ကြည့်နေကြသည်။

"ဦးကြီး"

သူသည် အစောင့်များကို ဖြတ်ကျော်လိုက်ကာ ရထားလုံးအတွင်းသို့ ဝင်လိုက်သည်။ အတွင်းဖက်တွင် ဦးကြီးဝမ်ကန်းကို သူတွေ့လိုက်သည်။

သူဝတ်ဆင်နေကျ အရာရှိဝတ်စုံအစား ပေါ့ပေါ့ပါးပါး အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း တော်ဝင်ရုံးတော်၏ ဩဇာရှိဝန်ကြီးတစ်ဦးနှင့် လျော်ညီသော အာဏာကို ကိုင်စွဲထားသေးပုံပေါ်ကာ သဘာဝအတိုင်း ကြီးကျယ်ခမ်းနားသည့် သွင်ပြင်ကို ထုတ်လွှတ်နေသည်။

ဝမ်ချောင်ဝင်လာသည်တွင် ထိုလူ၏ မျက်ခုံးများသည် ကိစ္စတစ်စုံတစ်ရာကြောင့် အခက်တွေ့နေပုံရကာ မျက်မှောင်အနည်းငယ်ကြုတ်ထားသည်။

"မင်းရောက်လာပြီပေါ့"

ဝမ်ချောင် ဝင်လာသည်ကို မြင်သည်တွင် ဝမ်ကန်းသည် သူ့ခေါင်းကို မော့လိုက်ကာ သူ့နဖူးပေါ်ရှိ အတွန့်များ တဖြည်းဖြည်း လွင့်ပါးသွားခဲ့သည်။ ရင်းနှီးသည့်အပြုံးတစ်ခုက သူ့မျက်လုံးထဲ ပေါ်လာခဲ့သည်။

"ထိုင်ပါ..ထိုင်ပါ"

ဝမ်ကန်းသည် သူ့ညာဘက်ရှိ သူနှင့်အနီးဆုံး ထိုင်ခုံကို ညွှန်ပြလိုက်သည်။ ဤသည်မှာ သူ့တူလေးအပေါ် နက်ရှိုင်းသည့် ယုံကြည်မှုနှင့်ချစ်ခင်ရင်းနှီးမှုတို့ ရောင်ပြန်ဟပ်နေတာ ဖြစ်ပေသည်။

ထိုကဲ့သို့ ဆက်ဆံပုံသည် အတိတ်တွင် မယုံနိုင်စရာဖြစ်ပေလိမ့်မည်။

"ဦးကြီး"

ဝမ်ချောင်သည် ကမ်းလှမ်းမှုကို ပယ်ချခြင်းမပြုခဲ့ပေ။ လေးစားစွာအရိုအသေပေးပြီးနောက် ညွှန်ပြထားသည့် ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

ဦးကြီး သူ့အပေါ်သဘောထားသည့် အမြင်သည် ယခင်ကနှင့် အလွန်ကွဲပြားသွားပြီဖြစ်သည်။ ဝမ်ချောင်သည် သူ့ယခင်က အပြုအမူများသည် ဦးကြီး၏ ယုံကြည်မှုနှင့် လေးစားမှုကို သိမ်းပိုက်နိုင်ခဲ့သည်ကို သိသည်။ ဦးကြီးသည် သူ့ကို မျိုးနွယ်စု၏ အဓိကအဖွဲ့ဝင်တစ်ဦးအနေဖြင့် ရှုမြင်ထားသည်။

ချစ်ခြင်းမေတ္တာသည် သူ့အမေနှင့် သူ့ညီမငယ်အပေါ်လည်း ဖိတ်စင်ခဲ့ပုံရသည်။ ယခုတွင် သူ့ဦးကြီးသည် သူတို့ကိုလည်း ချစ်ခင်ကြင်နာစွာ ဆက်ဆံလာခဲ့ပြီဖြစ်သည်။ သူ၏ စည်းကမ်းတင်းကြပ်သောပုံစံသည် လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။

"လေ့ကျင့်ရေးစစ်စခန်းက ဘယ်လိုလဲ"

ဝမ်ကန်းသည် အပြုံးဖြင့် မေးလိုက်သည်။ အဓိကကိစ္စကို တည့်တိုး ပြောရမည့်အစား သူသည် အကြီးအကဲတစ်ယောက်၏ ကြင်နာမှုကို ပြသကာ လေ့ကျင့်ရေးစစ်စခန်းရှိ ဝမ်ချောင်၏ ကိစ္စများကို အရင်မေးလိုက်သည်။

"ကောင်းပါတယ် ပထမနေ့တုန်းက ချုံခိုတိုက်ခိုက်ရတာကလွဲလို့ပေါ့"

ဝမ်ချောင်သည် အပြုံးဖြင့် တုံ့ပြန်လိုက်သည်။

သူသည်လည်း ဦးကြီးအပေါ် အမြင်များ ပြောင်းလဲ သွားခဲ့ပြီဖြစ်သည်။ ယခုတွင် ဦးကြီးကို ယုံကြည်အားကိုးထိုက်သော အကြီးအကဲအဖြစ် ရှုမြင်နေပြီဖြစ်သည်။ ပြဿနာသေးသေးလေးများကို ဘေးဖယ်ထားလိုက်လျှင် ဝမ်ချောင်၏မိသားစုနှင့် ဦးကြီး၏မိသားစုသည် အစကတည်းက မပြေလည်နိုင်သည့် ရန်ငြိုးများမရှိခဲ့ပေ။

အဆိုးရွားဆုံးကွဲလွဲမှုမှာပင် အဘိုး၏သြဇာအာဏာကို အမွေဆက်ခံနိုင်ရန်အတွက် အစ်ကိုကြီး၊ ဒုတိယအစ်ကို၊ ဝမ်းကွဲဝမ်လီတို့အကြား ပြိုင်ဆိုင်မှုသာ ဖြစ်ပုံရသည်။

သို့သော်လည်း ဝမ်ချောင်သည် မည်သို့ပင်ဖြစ်ပါစေ ဝမ်းကွဲကို ဆန့်ကျင်တိုက်ခိုက်ခြင်း မပြုရန် ဆုံးဖြတ်ထားသည်။ ထိုအစား သူတို့ကို ပိုမိုတိုးတက်စေပြီး ယခင်ကထက် ပိုမိုကြီးမားသော အောင်မြင်မှုများကို ရရှိရန် ပံ့ပိုးပေးမည်ဖြစ်သည်။

ဝမ်မျိုးနွယ်စုသည် သူတို့ရှိနေသည့် ရေကန်ငယ်ကို တိုက်ခိုက်မှာမဟုတ်၊ သူတို့သည် ပို၍ကြီးမားသည့် ကမ္ဘာကို ပစ်မှတ်ထားမည်ဖြစ်သည်။

"ဟိုး ငါလည်း ဒီသတင်းကို သိလိုက်ရတယ်.. တောင်ပိုင်းကာကွယ်ရေးတပ်ဖွဲ့၊ ‌အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့တို့နဲ့ တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်ပြီးနောက်မှာ ဂိုဂူလျောနဲ့ တာခ့်တို့က အမြောက်အများ ထိခိုက်သေဆုံးခဲ့ကြရတယ်၊ ဒါကြောင့် တစ်နည်းပြောရရင် သူတို့ရဲ့စစ်ဆင်ရေးကို ကြေကွဲဖွယ် ရှုံးနိမ့်မှုတစ်ခုလို့ စဉ်းစားလို့ရတယ်၊ ဒါပေမဲ့လည်း ဒါက နောက်တစ်ကြိမ် ထပ်ဖြစ်ဦးမလားဆိုတာ ပြောဖို့ခက်တယ်၊ ဒါက မင်းကို ကာကွယ်ဖို့နဲ့ မင်းရဲ့လုံခြုံရေးအတွက် မျိုးနွယ်စုရဲ့ကျွမ်းကျင်သူတွေကို စေလွှတ်လိုက်တဲ့ အကြောင်းအရင်းပဲ"

ဝမ်ကန်းပြောလိုက်သည်။

သြဇာကြီးမားသော တော်ဝင်ရုံး‌တော်အရာရှိတစ်ဦးအနေဖြင့် သူ၏အလုပ်သည် သူ့ကို မြို့တော်တွင် လုံးဝနီးပါး ချုပ်နှောင်ထားခဲ့သည်။ သူ့ကိုကာကွယ်ရန် ကျွမ်းကျင်သူအများကြီး မလိုအပ်ပေ။ ထို့ကြောင့် သူသည် ဝမ်ချောင်ကို မျှပေး၍ရသည်။

"ကျေးဇူးတင်ပါတယ် ဦးကြီး"

ဝမ်ချောင်သည် ဝမ်းမြောက်ဝမ်းသာစွာ ခေါင်းညိတ်လိုက်သည်။ ယခုအချိန်တွင် သူ့ဘေး၌ ထိပ်တန်းကျွမ်းကျင်သူများ လိုအပ်နေပေသည်။

ဝမ်ကန်းသည်လည်း ပြုံးလိုက်၏။ သူ့အမြင်တွင် ဝမ်ချောင်သည် မျိုးနွယ်စု ဆက်လက်တည်ရှိရန် မျှော်လင့်ချက်ဖြစ်သည်။

သူ၊ သူ့တတိယညီဝမ်ယန်နှင့် သူ့စတုတ္ထညီဝမ်မင်တို့သည် သူ့ဖခင်၏ ဩဇာအာဏာကို ဆက်ခံရန် မစွမ်းနိုင်ပေ။ သူ့အကြီးဆုံးသား ဝမ်လီ၊ ဝမ်ယန်၏သား ဝမ်ဖူနှင့် ဝမ်ဘိုင်နှင့် အခြားမျိုးဆက်များ သူတို့အားလုံးသည်လည်း အတူတူပင်ဖြစ်သည်။ ယခုတွင် မျှော်လင့်ချက်သည် သူ့အငယ်ဆုံးတူလေးအပေါ်တွင်သာ ကျန်ရှိနေတော့သည်။

သူ့တူလေး ဝမ်ချောင်သာ သူ့ဖခင် မြို့စားကြီးကျူး၏ ဩဇာအာဏာကို ဆက်ခံနိုင်ခဲ့ပါက အနာဂတ်တွင် ဝမ်မျိုးနွယ်စုသည် ပို၍မြင့်မားလာမည်ကို သူ သိသည်။

ဝမ်မျိုးနွယ်စု၏ ကံကြမ္မာသည် သူ့အပေါ်တွင် မူတည်နေသည်။

သူသည် သူ့အပေါ် အရင်းအမြစ်များ မည်မျှသုံးစွဲရပါစေ ကိစ္စမရှိပေ။

"ဟုတ်သားပဲ မကြာသေးမီးက မင်းကို ယန်ကျိုးဆက်သွယ်ခဲ့သေးလား"

ဝမ်ကန်း ရုတ်တရက် မေးလိုက်သည်။

"ယန်ကျိုးလား ဦးကြီးကဘာလို့ ဒီကိစ္စကို မေးတာလဲ"

ဝမ်ချောင် ခေါင်းရှုပ်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။

ယန်ကျိုးနှင့် သွေးသောက်ညီအစ်ကို ဖွဲ့နိုင်ခဲ့သည်မှာ ကြင်ယာတော်ထိုက်ကျန်း၏အဖြစ်အပျက်ကို ကျေးဇူးတင်ရပေမည်။ သူသည် ထိုလူနှင့် တစ်ကြိမ်၊ နှစ်ကြိမ်သာ ဆုံခဲ့ဖူးသည်။ သူတို့၏ဆက်ဆံရေးမှာလည်း တိုးတက်လာပုံမရပေ။ ထို့အပြင် သူသည် လေ့ကျင့်ရေးစစ်စခန်းထဲ ဝင်ခဲ့သောကြောင့် ထိုသည်က သူတို့နှစ်ဦးစလုံးကို ပို၍ပင် အဆင်မပြေ ဖြစ်စေခဲ့သည်။

"မဆက်သွယ်ခဲ့ဘူးလား"

ဝမ်ကန်းသည် မျက်လုံးထဲတွင်သံသယအချို့ဖြင့် သူ့ခါးကို မတ်လိုက်သည်။

"ဒီလိုဆိုရင်တောင် ဒါက ဒီအချိန်လောက်ပဲ ၊ မင်းဒီကိစ္စကို ဂရုပြုပါ..မကြာခင် သူ မင်းကို လာရှာလိမ့်မယ်"

ဝမ်ချောင်၏ အံ့အားသင့်မှုများမှာ နက်ရှိုင်းလာသည်။ ယန်ကျိုးသည် သူ့ကို ဘာကြောင့် လာရှာမည်နည်း၊ ဦးကြီးက ဘာလို့ ဒီလောက်အထိ သေချာနေရသနည်း။

ဝမ်‌ချောင်၏ သံသယအကြည့်ကို လျစ်လျူရှုလိုက်ကာ ဝမ်ကန်းသည် ခေါင်းစဉ်ကို ပြောင်းလဲကာ သူလာခဲ့ရခြင်း၏ အဓိကရည်ရွယ်ချက်ကို ထုတ်မပြောမီ ခဏတာတိတ်ဆိတ်သွားခဲ့သည်။

"ကျန့်ချိုးကျင်ချိုးက မြို့တော်ကိုလာဖို့ ကြံရွယ်နေပုံရတယ်"

"ဘာ၊"

ဝမ်ချောင်သည် သတင်းကြောင့် မျက်လုံးများပြူးကျယ်ကာ ထိတ်လန့်သွားခဲ့သည်။ သူ့မျက်လုံးရှေ့တွင် တောင်များ အစိတ်စိတ်ကွဲကြေသွားသကဲ့သို့ပင်ဖြစ်သည်။

တောင်ပိုင်းကာကွယ်ရေးတပ်ဖွဲ့၏ ကာကွယ်ရေးစစ်သူကြီးတစ်‌ယောက်အနေဖြင့် ကျန့်ချိုကျင်းချိုသည် မဟာထန်၏ စစ်အသိုင်းအဝိုင်းတွင် ကြီးမားသော ဩဇာအာဏာကို ကိုင်စွဲထားသည်။ သူ၏ဩဇာအာဏာအရ သူသည် သာမန်ကြည့်ရန်သက်သက်သာ လာခြင်းဟုတ်ပုံမရပေ။

မျှော်လင့်ထားသည့်အတိုင်း ဦးကြီးဝမ်ကန်းသည် စကားဆက်လိုက်သည်။

"ကျန့်ချိုးကျင်းချိုက ကျင်းနာကို ကာကွယ်လာခဲ့တာ နှစ်ဆယ်ရာစုထက်ပိုခဲ့ပြီ၊ အာဟေးနဲ့ ဝူတန်တို့ကလည်း ပြီးခဲ့တဲ့နှစ်တွေမှာ ငြိမ်နေခဲ့ကြတယ် ရလဒ်ကတော့ ကျန့်ချိုးကျင်းချိုက တိုက်ပွဲအကျိုးကို အများကြီး မရှာနိုင်ခဲ့ဘူး၊ ဒါက သူ မြို့တော်မှာ မတူညီတဲ့နေရာတစ်ခုအတွက် တောင်းဆိုရသလဲ ဆိုတာရဲ့ အကြောင်းပြချက်ပဲ"

ဝမ်ကန်းသည် သူ့မျက်နှာပေါ်တွင် ခံစားချက်တစ်ခုမျှမပြဘဲ မပြောင်းမလဲဖြေလိုက်သည်။

ဝမ်ချောင်၏ မျက်နှာသည် လေးနက်သွားသည်။

ကျန့်ချိုးကျင်းချို၏ တည်ရှိနေမှုသည် ဂိုဆွန်းကျီနှင့် ဖူးမန်လင်းရှ ကဲ့သို့သော မဟာစစ်သူကြီးများ၏ ဩဇာလွှမ်းမိုးမှုနှင့် အတူတူပင်ဖြစ်သည်။ သူ၏ အရည်အချင်းဖြင့် လူတစ်ဦးသည် အသေးအဖွဲရာထူးဖြင့် မည်သို့ ရောင့်ရဲနိုင်မည်နည်း။ သူ၏ ရည်မှန်းချက်များသည် ဒီထက် ပို၍ကြီးသည်။

"ကစားသမားကြီးတစ်ယောက်ဟာ ဒီအတိမ်အနက်မသိရတဲ့ ရေပြင်ထဲကို ဆင်းလာတော့မဲ့ပုံပဲ"

ဝမ်ချောင်တွေးလိုက်သည်။

တော်ဝင်ရုံးတော်အတွင်းရှိ နေရာအများစုသည် သတ်မှတ်ထားခဲ့ပြီးဖြစ်သည်။ လက်ရှိအနေအထားသည် အမှန်တကယ်ပင် မရေမတွက်နိုင်သော အတွင်းရေးတိုက်ပွဲများနှင့် ပြင်းထန်သော တိုက်ပွဲများ၏ ရလဒ်ဖြစ်သည်။ အကယ်၍ ဤအချိန်တွင် ကျန့်ချိုးကျင်းချို ရုတ်တရက် ဝင်လာပါက ထိုသည်မှာ တော်ဝင်ရုံး‌တော်၏ အာဏာခွဲဝေမှုကို အနှောင့်အယှက် ဖြစ်စေလိမ့်မည်ပင်။

အင်အားစုအသစ်ဝင်ရောက်လာခြင်းသည် အခက်အခဲများစွာဖြင့် အောင်မြင်ခဲ့သော တည်ငြိမ်မှုကို ပျက်ပြားစေနိုင်သည်။ လက်ရှိရှိနေသည့်အင်အားစုများ ဝမ်မျိုးနွယ်စုအပါအဝင် ဤရုတ်ခြည်းပြောင်းလဲမှုကြောင့် သက်ရောက်ခံရလိမ့်မည်ဖြစ်သည်။ အားလုံးပြီးနောက် ကျင်လည်ကျက်စားရန် အသားအများအပြားရှိသေးသည်။ အကယ်၍ ပြိုင်ဖက်အရေအတွက် တိုးလာပါက ထို့အတွက် လူတိုင်းအပေါ် သက်ရောက်မှုရှိမည်မှာ ရှင်း‌လင်းပေသည်။

ပို၍အရေးကြီးသည်မှာ ကျန့်ချိုးကျင်းချိုသည် လှုပ်ရှားမှု မရှိသေးသော အင်အားစုအဖြစ်သာ ရှိသေးသည်။

ဝမ်ချောင်သည် ဦးကြီးက သူ့ကို ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းတွင် လာရှာသည့် ရည်ရွယ်ချက်ကို ရုတ်တရက် သဘောပေါက်သွားသည်။ အမှန်တွင် ဤအရေးကိစ္စ၌ အလယ်တွင် ရပ်နေသည့်လူမှာ ဦးကြီးအပါအဝင် ဝမ်မျိုးနွယ်စု၌ အခြားသူများမဟုတ်ပေ။

သူကိုယ်တိုင်သာဖြစ်သည်။

ဒေသဆိုင်ရာတပ်မှူးများအဖြစ်အပျက်တွင် သူ့ကို ထောက်ပံ့ပေးခဲ့သည့် ပုဂ္ဂိုလ်များထဲတွက် ကျန့်ချိုးကျင်းချိုသည် တစ်ယောက်အပါအဝင် ဖြစ်သည်။ ဆိုလိုသည်မှာ ဝမ်ချောင်သည် ကျန့်ချိုးကျင်းချို၏ အကူအညီကို ကြီးကြီးမားမား ပိုင်ဆိုင်ထားပေသည်။

"သူက ဘယ်ထိုင်ခုံအတွက် ရည်ရွယ်ထားတာလဲ"

ဝမ်ချောင် မေးလိုက်သည်။

"တိုက်ပွဲဝန်ကြီး"

အဖြေကို ကြားသည်တွင်

ရှီးးးး

ဝမ်ချောင်၏ မျက်ခုံးများလှုပ်သွားကာ ပင်သက်ရှိုက်လိုက်မိသည်။

"ဒီထိုင်ခုံ၊ သူလိုချင်တာက သေချာပေါက် မသေးဘူး‌ပဲ"

တိုက်ပွဲဝန်ကြီးသည် စစ်ရေးလှုပ်ရှားမှုအားလုံးကို အုပ်ချုပ်ပြီး မဟာထန်၏ နယ်ခြားစောင့်တပ်အားလုံးကို တိုက်ရိုက် ညွှန်ကြားရသည်။ ထိုသည်မှာ တော်ဝင်ရုံးတော်တွင် ကြီးမားသော ဩဇာလွှမ်းမိုးနိုင်သည့် ရာထူးဖြစ်သည်။

အဆင့်အတန်းအရ တိုက်ပွဲဝန်ကြီးသည် ကာကွယ်ရေးစစ်သူကြီးများ၏ အထက်၌ပင် ရှိပေသည်။

တော်ဝင်ရုံးတော်သို့ စတင်ဝင်ရောက်ချိန်တွင် တိုက်ပွဲဝန်ကြီး၏ထိုင်ခုံအတွက် ရည်မှန်းရန်မှာ တစ်ဖက်လူ၏ ခံတွင်းတွေ့မှု ကြီးမားလွန်းသည်ဟုသာ ခေါ်နိုင်တော့သည်။

ဤကိစ္စသည် ဖြစ်ပျက်သွားသည်မှာ ရုတ်တရက်ဆန်လှသည်။ ဦးကြီးနှင့် ကျန်သူများမဆိုထားနှင့် ဝမ်ချောင်ပင်လျှင် သတိလက်လွတ် ဖြစ်သွားသည်။

ဤသည်မှာ တော်ဝင်ရုံးတော်၏ အထက်တန်းလွှာများကြားတွင် ဖဲချပ်များကို အပြောင်းအလဲလုပ်ခြင်း ဖြစ်သည်။ ဦးကြီး၊ စုန့်ဘုရင်၊ ချီဘုရင်၊ ယောင်မျိုးနွယ်စု၊ ဝန်ကြီးချုပ်…လူတိုင်းသည် ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဤကိစ္စတွင် ပါဝင်ပတ်သက်ရပေလိမ့်မည်ဖြစ်သည်။

ရုတ်ခြည်းနားလည်လာခဲ့သည်။ စုန့်ဘုရင်၏ တိုက်တွန်းမှုသည် ဝမ်ကန်း၏ ရုတ်တရက် လာရောက်လည်ပတ်မှုတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်နေပုံရသည်။

"ယန်ကျိုးက ဦးကြီးကို လာရှာသေးလား"

ဝမ်ချောင်မေးလိုက်သည်။

"အခုထိမလာသေးဘူး.. အကယ်၍ သူ့မှာ အဲလိုရည်ရွယ်ချက် ရှိရင်တောင် သူကိုယ်တိုင် လာမှာမဟုတ်ဘူး"

ဝမ်ကန်းသည် တည်ငြိမ်စွာ ပြောလိုက်သည်။ ဝမ်ချောင်သည် သူ့စကားလုံးနောက်ကွယ်မှာ ဆိုလိုရင်းကို သဘောပေါက်သည်။ ဦးကြီးသည် တိုင်းပြည်၏ အနာဂတ်ကို အဆုံးအဖြတ်ပေးသည့် ဩဇာရှိအရာရှိတစ်ဦး ဖြစ်ပြီး တစ်ဖက်လူသည်တော့ လက်ထဲတွင် မည်သည့်အင်အားမျှ မရှိသည့် ဘာမှမဟုတ်သောလူ တစ်ယောက်သာ ဖြစ်သည်။ သူတို့ကြားရှိအဆင့်အတန်းကွာဟချက်သည် ကြီးမားလွန်းသည်။

ဝမ်ချောင်သည် ယန်ကျိုးမှာ မဟာထန်၏ အဓိကအင်အားစုတစ်ခု ဖြစ်လာမည်ကို သိသော်လည်း ထိုသည်မှာ လိုသေးသည်။

"သူက ဒီလိုမလုပ်သေးရင်တောင် သု့ရည်ရွယ်ချက်က မရိုးရှင်းနိုင်ဘူး၊ ယန်ကျိုးက ငါတို့ဂရုမစိုက်ဘဲနေလို့ရတဲ့ သာမညလူတစ်ယောက်ဖြစ်တယ်၊ ဒါပေမဲ့ သူ့ကျောထောက်နောက်ခံ ကြင်ရာတော် ထိုက်ကျန်းကတော့ ငါတို့သွားလှုပ်လို့မရတဲ့ တစ်စုံတစ်ယောက်ပဲ၊ လက်ရှိမှာ ဒါက ကြင်ရာတော် ထိုက်ကျန်းရဲ့ဆန္ဒလား၊ ပညာရှင်ဧကရာဇ်ရဲ့ဆန္ဒလား၊ ဒါမှမဟုတ် ကျန့်ချိုးကျင်းချိုရဲ့ ဆန္ဒလားဆိုတာ ငါတို့မဆုံးဖြတ်နိုင်သေးဘူး"

"ဘယ်လိုပဲဖြစ်ဖြစ် ကိစ္စက ဖြစ်လာပြီမို့ ငါတို့ ဒီကိစ္စအပေါ်မျက်စိမှိတ်ထားလို့မရဘူး၊ အရင်က ကာကွယ်ရေးစစ်သူကြီးတစ်ဦးက တိုက်ပွဲဝန်ကြီးဖြစ်လာတယ်လို့ မရှိခဲ့ဖူးဘူး၊ အရင်ခေတ်မှာတော့ အနောက်ပိုင်းကာကွယ်ရေးစစ်သူကြီးက အဲလိုလုပ်ခဲ့ဖူးပေမဲ့ နောက်ဆုံးမှာ ကျရှုံးခဲ့ရတယ်၊ တူညီတဲ့အဖြစ်အပျက်ကလည်း ဂိုစုန်နဲ့ထန်စုန်ခေတ်မှာ ဖြစ်ပျက်ခဲ့ဖူးတယ်"

ဝမ်ကန်းသည် အတွေးများစွာ တွေးတောရင်း သူသည် တော်ဝင်ရုံးတော်၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသည်။ သူသည် ဆက်‌ပြောသည်။

"ကျန့်ချိုးကျင်းချိုက တိုက်ပွဲဝန်ကြီးအဖြစ် တိုးမြှင့်ခံရတာမှာ ကျရှုံးနိုင်ခြေများတယ်၊ ဒီလိုဆိုရင်တောင် ငါတို့က သူအောင်မြင်နိုင်တဲ့အခွင့်အရေးအတွက် ကြိုတင်ပြင်ဆင်ထားရမယ်၊ ဒါပေမဲ့ ငါတို့က သူ့ကို အရမ်းကြီး ပံ့ပိုးနေရင် ကျန့်ချိုးကျင်းချိုရဲ့ဗဟိုနိုင်ငံရေးမှာ ပါဝင်လာခြင်းနဲ့အတူ ဖြစ်ပေါ်လာမဲ့ ရာထူးအပြောင်းအလဲတွေအရ ဝမ်မျိုးနွယ်စုကို အင်အားစုတော်တော်များများက ရန်သူအဖြစ် ရှုမြင်လာမှာသေချာတယ်"

"နောက်ကျ ငါတို့ရဲ့ရန်သူဟာ ချီဘုရင်နဲ့ ယောင်မျိုးနွယ်စုတင် မကတော့ဘူး၊ ဝန်ကြီးတွေ၊ မြို့စားကြီးတွေ၊ အထက်တန်းလွှာတွေ၊ ကာကွယ်ရေးစစ်သူကြီးတွေနဲ့ မဟာစစ်သူကြီးတွေဟာလည်း ငါတို့ကို ဆန့်ကျင်လာလိမ့်မယ်၊ ပြီးတော့ သူတို့ရဲ့အသက်မွေးဝမ်းကြောင်းအတွက် ကျန့်ချိုးကျင်းချိုကို ဆန့်ကျင့်မဲ့လူအရေအတွက်ဟာ လက်တစ်ဆုပ်စာလောက်ပဲ ရှိတာမဟုတ်ဘူး"

"တစ်ဖက်မှာ ငါတို့က အဲဒါကိုဆန့်ကျင်ခဲ့ရင် သူသာ အောင်မြင်ခဲ့ရင် ချီဘုရင်နဲ့ ယောင်မျိုးနွယ်စုအပြင် ငါတို့ရဲ့ဝမ်မျိုးနွယ်စုဟာ တိုက်ပွဲဝန်ကြီးကိုပါ ရင်ဆိုင်ရလိမ့်မယ်"

"မင်း ငါတို့ရဲ့ လက်ရှိအကျပ်အတည်းကို နားလည်ပြီလား"

ဦးကြီးဝမ်ကန်းသည် လေးနက်စွာပြောလိုက်သည်။

ဝမ်မျိုးနွယ်စုသည် အာဏာ သို့မဟုတ် ကောင်းကျိုး အတွက် လောဘမကြီးပေ။ သို့သော် ဤကိစ္စသည် သူတို့ကို လုံးဝခြိမ်းခြောက်နိုင်သည်။ ကျန့်ချိုးကျင်းချိုကို ထောက်ခံပါက အင်အားစုအားလုံး၏ ရန်သူဖြစ်လာပေမည်။ ထောက်ခံခြင်းမပြုခဲ့ပါကလည်း တိုက်ပွဲဝန်ကြီးနှင့် ရန်သူဖြစ်လာပေလိမ့်မည်။

ဝမ်မျိုးနွယ်စု၏ ဩဇာလွှမ်းမိုးမှုအများစုသည် စစ်တပ်၌သာ တည်ရှိသည်။ ဝမ်ယန်၊ ဝမ်ဖူ၊ ဝမ်လီနှင့် ဝမ်းမိန်၊။ တိုက်ပွဲဝန်ကြီးသည် စစ်ဘက်ဆိုင်ရာ အမှုထမ်းအားလုံးကို ထိန်းချုပ်နိုင်သည့် အခွင့်အာဏာကို ကိုင်စွဲထားသည်။ တိုက်ပွဲဝန်ကြီးသာ ဝမ်မျိုးနွယ်စုအဖွဲ့ဝင်များကို အန္တရာယ်အများဆုံးတာဝန်များ ပေးအပ်လာပါက ထိုသည်မှာ ကျိန်စာတစ်ခုဖြစ်လာနိုင်သည်။

မည်သည့်စစ်မှုထမ်းအတွက်မဆို တိုက်ပွဲဝန်ကြီးကို ဆန့်ကျင်ခြင်းသည် ဟာသတစ်ခုမဟုတ်ပေ။

--------------

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အပိုင်း ၂၃၀။ ပြောင်းလဲ၍မရသော ရေစီးကြောင်းများ

ကျန့်ချိုးကျင်းချိုသည် ကျရှုံးခဲ့လျှင်ပင် သူသည် စစ်တပ်အသိုင်းအဝိုင်းထဲတွင် ကြီးမားသော အင်အားစုတစ်ခုအဖြစ် ကျန်ရှိနေလိမ့်ဦးမည်ဖြစ်သည်။ တောင်ပိုင်းကာကွယ်ရေးတပ်ဖွဲ့၏ ကာကွယ်ရေးစစ်သူကြီးတစ်ဦးအနေဖြင့် သူ့အဆင့်အတန်းသည် တစ်စုံတစ်ဦးက လျစ်လျူရှုထား၍ ရသည့်အရာ မဟုတ်ပေ။

ယောင်မျိုးနွယ်စု၏ လွှမ်းမိုးမှုနယ်ပယ်ထဲ ဆွဲသွင်းခံခဲ့ရပါက ထိုသည်မှာ သူတို့အတွက် ကပ်ဆိုးဖြစ်လာပေလိမ့်မည်ဖြစ်သည်။

"ဒီကိစ္စနဲ့ပတ်သက်ပြီး ချီဘုရင်နဲ့ ယောင်ကွမ်းရီက ဘယ်လိုရပ်တည်လဲ၊ ကျန့်ချိုးကျင်းချိုက သူတို့ဆီ ချဉ်းကပ်ခဲ့သေးလား"

ဝမ်ချောင် မေးလိုက်သည်။

"မသိရသေးဘူး"

ဝမ်ကန်းသည် သူ့ခေါင်းကို ခါလိုက်သည်။ သို့သော် တစ်ချိန်တည်းတွင် သူသည် သူ့တူကို မျက်လုံးဖြင့် စကားပြောလိုက်သည်။ နိုင်ငံရေးတွင် ဝမ်ချောင်၏ နှာခေါင်းသည် အံ့မခမ်းပင်ဖြစ်သည်။ စကားအနည်းငယ်‌ ပြောရုံမျှဖြင့်ပင် သူသည် ပြဿနာ၏ အဖြေကို သဘောပေါက်သွားသည်။

မှန်ပေသည်။ ကျန့်ချိုးကျင်းချိုသည် ဝမ်မျိုးနွယ်စုဖြစ်စေ ယောင်မျိုးနွယ်စုဖြစ်စေ မြို့တော်အတွင်းရှိ အင်အားစုများနှင့် အရမ်းကြီးထိတွေ့ခဲ့ခြင်း မရှိသေးပေ။

တစ်နည်းဆိုရသော် ဤနေရာတွင် မည်သည့်အင်အားစုနှင့်မျှ ရန်ငြိုးဖွဲ့ထားခဲ့ခြင်း မရှိသေးပေ။ သူ၏ လှုပ်ရှားမှုများသည်‌ ‌နှောင်ကြိုးမှ လွတ်လပ်နေပေလိမ့်မည်ဖြစ်သည်။ သူသည် ဝမ်မျိုးနွယ်စုကို ချဉ်းကပ်သည်ဖြစ်စေ ယောင်မျိုးနွယ်စုကို ချဉ်းကပ်သည်ဖြစ်စေ သူ့ကို ဘယ်အရာကမျှ တားဆီးနိုင်မည်မဟုတ်ပေ။

"ယောင်မျိုးနွယ်စုက သူတို့ရဲ့ရပ်တည်ချက်ကို အခုထိမဖော်ပြသေးဘူး၊ဒါက ဒီကိစ္စတစ်ခုလုံးကို ပိုပြီးအခက်တွေ့စေတဲ့အရာပဲ၊ ကျန့်ချိုးကျင်းချိုက ငါတို့ရဲ့ပြိုင်ဘက်နဲ့ ဆက်သွယ်မှာလား မဆက်သွယ်ဘူးလား ဆိုတာ ငါတို့ မဆုံးဖြတ်နိုင်ဘူး"

"ငါတို့သာ ကျန့်ချိုးကျင်းချိုကို ထောက်ခံကြောင်းဖော်ပြလိုက်ရင် ငါတို့နဲ့‌ယောင်မျိုးနွယ်စုရဲ့ ဆက်ဆံရေးအရ သူတို့က သူ့ကိုဆန့်ကျင်ဖို့ အခွင့်အလမ်းများတယ်၊ တစ်ဖက်မှာ ငါတို့က ကျန့်ချိုးကျင်းချိုကို ဆန့်ကျင်လိုက်ရင် ယောင်မျိုးနွယ်စုကလည်း သူ့ကို အစပိုင်းမှာ ဆန့်ကျင်ဖို့ ရည်ရွယ်ထားခဲ့ရင်တောင်မှ သူတို့က အနည်းဆုံး ထောက်ခံကြောင်း နည်းနည်းပြလိမ့်မယ်၊ ဒီနည်းနဲ့ ကိစ္စတွေက ဘယ်လိုပဲဖြစ်လာပါစေ ယောင်မျိုးနွယ်စုက အနိုင်ရဖို့ အလားအလာရှိလိမ့်မယ်"

ဝမ်ကန်းသည် ထိုကိစ္စနှင့်ပတ်သက်ပြီး သူ၏အမြင်ကို ထုတ်ဖော်ပြောဆိုရင်း ပြင်းထန်စွာ မျက်မှောင်ကြုတ်လိုက်သည်။ အကယ်၍ ထိုသည်မှာ အလွန်ခက်ခဲခြင်းမရှိပါက သူသည် ဝမ်ချောင်ကို လာရှာမှာ မဟုတ်ပေ။ နိုင်ငံရေးတွင် ငြိမ်သက်နေသောလေသည်ပင် မုန်တိုင်းကြီးတစ်ခုကို လွယ်ကူစွာ ဖြစ်စေနိုင်သည်။

ခြေတစ်လှမ်း မှားသောကြောင့် ဂုဏ်သရေရှိမျိုးနွယ်စုမည်မျှများများ ပျက်စီးခဲ့ရသည်ကို မည်သူက သိနိုင်မည်နည်း။

ဝမ်မျိုးနွယ်စုအတွက် တခြားသော ရွေးချယ်စရာများမရှိပေ။ သို့သော် သတိထား၍ လျှောက်လှမ်းရပေမည်ဖြစ်သည်။

ထိုအချိန်အတောအတွင်း ဝမ်မျိုးနွယ်စုရှိ လူအနည်းငယ်ကသာ ဤကိစ္စကို သိရှိပြီး ဆွေးနွေးရန် အရည်အချင်း ပြည့်မီပေသည်။ ဝမ်ချောင်သည် သူတို့ထဲမှ တစ်ဦးဖြစ်သည်။

"ဆိုတော့ ကျန့်ချိုးကျင်းချို အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာ ဦးကြီးက မသေချာ‌ဘူးပေါ့.."

တခဏတွေးတောပြီးနောက် ဝမ်ချောင်သည် သူ့ဦးကြီးဆီမှ အတည်ပြုချက်ရယူလိုက်သည်။

"အမှန်ပဲ"

ဝမ်ကန်းသည် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ ဤသူ့တူလေးရှေ့တွင် ဖုံးကွယ်ထားရန် သူ့တွင် ဘာအကြောင်းပြချက်မျှ မရှိပေ။ အမှန်တွင် သူသည် ဤကိစ္စကို အချိန်အတော်ကြာ စဉ်းစားခဲ့ပြီးဖြစ်သည်။

"ဦးကြီး စိတ်ချပါ၊ ကျန့်ချိုးကျင်းချိုဟာ မြို့တော်ရဲ့ နိုင်ငံရေးအခင်းအကျင်းထဲ သေချာပေါက် ဝင်ရောက်လာလိမ့်မယ်"

ဝမ်ချောင် သေချာစွာပြောလိုက်သည်။

"ဘာ.."

ဝမ်ကန်းသည် ထိတ်လန့်တကြားဖြင့် အာမေဋိတ်သံပြုလိုက်သည်။ သူသည် ဝမ်ချောင်ကို သေချာ ပြန်ကြည့်လိုက်သည်တွင် ငြိမ်သက်သောအမူအရာနှင့် တည်ငြိမ်အေးဆေးသောအကြည့်တို့ကိုသာ မြင်လိုက်ရသည်။ ထိုကောင်လေးသည် ဤကိစ္စတွင် အလွန်ယုံကြည်ချက် ရှိနေပုံပေါ်ကာ အရာအားလုံးသည် သူ့လက်ထဲ၌ ရှိနေသကဲ့သို့ပင် ဖြစ်သည်။

"ချောင်အာ ဘာကများမင်းကို ဒီလောက်သေချာစေတာလဲ"

ဝမ်ကန်းသည် လေးနက်စွာ မေးလိုက်သည်။ ဝမ်ချောင်သည် ဤမျှကြီးမားသော ကိစ္စကို ဤမျှ ယုံကြည်မှုရှိနေသည်မှာ သူ့အတွက် မယုံနိုင်လောက်အောင်ပင်ဖြစ်သည်။ အနည်းဆုံး ဝမ်ကန်းသည် သူကိုယ်တိုင်ပင် ဤကိစ္စကို အလွန်လျင်မြန်စွာ ဆုံးဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။

"ဦးကြီး ကျွန်တော့်ကို ယုံလား"

ဝမ်ချောင် ရယ်မောလိုက်သည်။

"ကလေး"

ဝမ်ကန်းသည် ထိုစကားများကို ကြားပြီးနောက် မရယ်မောဘဲ မနေနိုင်တော့ပေ။ အကယ်၍ သူသည် ဤသူ့‌တူလေးကို မယုံကြည်ခဲ့လျှင် သူသည် ဤနေရာသို့ ပထမဦးစားပေးကာ လာလိမ့်မည်မဟုတ်ပေ။

"ကျန့်ချိုးကျင်းချိုက တိုက်ပွဲဝန်ကြီး သေချာပေါက် ဖြစ်လာလိမ့်မယ်"

ဝမ်ချောင်သည် သေချာစွာ ‌ပြောလိုက်သည်။

"သူက တိုက်ပွဲဝန်ကြီးဖြစ်လာရင်တောင်မှ အဲဒါက ငါတို့ မျက်နှာသာရတယ်လို့ မဆိုလိုဘူး၊ ကျန့်ချိုးကျင်းချိုက သူကိုယ်တိုင် ဝမ်မျိုးနွယ်စု ဒါမှမဟုတ် ယောင်မျိုးနွယ်စုနဲ့ မဟာမိတ်ဖွဲ့မှာမဟုတ်ဘူး ဒါပေမဲ့ ရှင်းရှင်းပြောရရင် သူ့ကို ပေါ်တင်ငြင်းပယ်တာကလည်း ပညာရှိတဲ့ ဆုံးဖြတ်ချက်တစ်ခု မဟုတ်ဘူး"

"ရာထူးအတွက် သူ့ရဲ့ရည်ရွယ်ချက်ကို ချပြခဲ့ကတည်းက သူ့နောက်မှာ တစ်စုံတစ်ခု ရှိနေလိမ့်မယ်၊ အခြေအနေတွေက မသေချာသေးတာကြောင့် အင်အားစုတွေက ဦးကြီးလိုပဲ တုံ့ဆိုင်းနေကြလိမ့်မယ်.. ဒီကိစ္စမှာ ကျန့်ချိုးကျင်းချိုက တိုက်ပွဲဝန်ကြီးအသစ် ဖြစ်လာမှာကို သိပြီးသားပဲ၊ ဒီတော့ ဦးကြီးက သူ့ကိုထောက်ခံကြောင်းပြသဖို့ စာတစ်စောင် ရေးပါတော့လား။ ဒီနည်းလမ်းနဲ့ ကျန့်ချိုးကျင်းချိုက သူ့အပေါ် ကျွန်တော်တို့ထားတဲ့ စေတနာကို နားလည်လိမ့်မယ်"

"သူ့ရဲ့ပင်ကိုယ်စရိုက်နဲ့သူ့ရဲ့ပန်းတိုင်အရ သူက ဒီကိစ္စကို လူသိရှင်ကြား ချပြမှာသေချာတယ်၊ အားလုံးပြီးရင် သူက ရာထူးရယူဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်၊ ဒါပေမဲ့လည်း ဒီကိစ္စကို စကားတစ်လုံး ဒါမှမဟုတ် စာတစ်ကြောင်းတည်းနဲ့ မဖော်ပြပါနဲ့ အထူးသဖြင့် တော်ဝင်ရုံးတော်ထဲမှာပေါ့"

"ကျန့်ချိုးကျင်းချိုက ဘယ်သူနဲ့ အဆက်အသွယ်ရှိသလဲဆိုတာ ရှာဖွေဖို့ ငါတို့က ဒါကို အသုံးပြုရလိမ့်မယ်၊ ပြီးတော့ သူ့အတွက် ကိစ္စတွေက ဆိုးဝါးလာတဲ့အခါ သူက တစ်စုံတစ်ယောက်ကို ဦးကြီးဆီ စေလွှတ်လာလိမ့်မယ်၊ ဦးကြီးအတွက် သူ့ကို တရားဝင်ထောက်ခံကြောင်း ပြသဖို့ ဒါက အရမ်းကြီး နောက်မကျသေးဘူး"

"ဝမ်မျိုးနွယ်စုအပေါ် ပစ်မှတ်ထားတာကို ရှောင်ရင်းနဲ့ ကျန့်ချိုးကျင်းချိုရဲ့ မျက်နှာသာပေးမှုကို ငါတို့ သိမ်းပိုက်နိုင်တယ်"

သူ့မေးစေ့ကို ဆုပ်ကိုင်ကာ ဝမ်ချောင်သည် ဤသည်ကို ခွဲခြမ်းစိတ်ဖြာလိုက်သည်။ ပုံမှန်အခြေအနေတွင် ဝမ်ချောင်သည် တော်ဝင်ရုံးတော်အရေး၌ ဝင်မပါပေ။ သို့သော် ကျန့်ချိုးကျင်းချိုနှင့်ကိစ္စမှာ အလွန်အရေးကြီးပေသည်။

ထိုသည်မှာ ဝမ်မျိုးနွယ်စု၏ အနာဂတ်အပေါ် သက်ရောက်နိုင်သည်။ ဝမ်ချောင်တွင် ရွေးချယ်စရာ မရှိပေ။ သို့သော် အလေးအနက် ထားရပေမည်။

"ချောင်အာ ကျန့်ချိုးကျင်ချိုက လူသိရှင်ကြားကြေညာတာဟာ သူ့မှာ ယုံကြည်ချက်ရှိတာကြောင့် လို့ မင်းဆိုလိုတာလား၊ ဝမ်မျိုးနွယ်စုကလွဲလို့ သူက အင်အားစုများစွာနဲ့ ဆက်သွယ်ခဲ့ပြီးပြီ ဖြစ်နိုင်တာက ယောင်မျိုးနွယ်စု၊ ချီဘုရင် ဒါမှမဟုတ် ဝန်ကြီးချုပ်တွေနဲ့တောင်မှပေါ့၊ ဒါက မင်း ငါ့ကို သူ့ကို ထောက်ခံကြောင်းပြသဖို့ စာပို့ခိုင်းရတဲ့အကြောင်းအရင်းပဲ ငါမှန်တယ်မဟုတ်လား"

ဝမ်ကန်းသည် တစ်စုံတစ်ခုကို နားလည်သွားသကဲ့သို့ လေးနက်စွာ ပြန်ဖြေလိုက်သည်။

"အင်း"

ဝမ်ချောင် ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း တစ်ချိန်တည်းတွင် သူသည် အခြား အကြောင်းအရာတစ်ခုကို စဉ်းစားနေသည်။

ဝမ်ချောင်သည် ကျန့်ချိုးကျင်းချို တိုက်ပွဲဝန်ကြီးဖြစ်လာမည်ကို သိရှိနေရခြင်း၏ အကြောင်းရင်းမှာ ခွဲခြားစိတ်ဖြာနိုင်၍ မဟုတ်ပေ။ ထိုသည်မှာ ရိုးရှင်းစွာပင် သမိုင်း၏ လမ်းကြောင်းဖြစ်သည်။

ထိုသည်မှာ ဤပုံစံအတိုင်းဖြစ်လာရမည့် ကံကြမ္မာပင်ဖြစ်သည်။

"ဒီလိုဆိုမှတော့ ငါဘာလုပ်ရမလဲ သိပြီ"

ဝမ်ကန်းသည် ညင်သာစွာ ရယ်မောလိုက်သည်။ သူသည် ရက်အတော်ကြာ သူ့ကို ဒုက္ခပေးနေသော ဖိအားသည် ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဝမ်ချောင်နှင့် စကားခဏပြောပြီးနောက် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းကို သတိမပြုမိစေဘဲ သူထွက်ခွာသွားခဲ့သည်။

ဝမ်ချောင်သည် အတော်ဝေးဝေးမှ ဦးကြီး၏ ရထားလုံးပျောက်ကွယ်သွားသည်ကို ကြည့်နေခဲ့သည်။ သူ့နှုတ်ခမ်းပေါ်မှ အပြုံးသည် တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ကာ ထိုနေရာတွင် တင်းမာသည့်ပုံစံက ပေါ်လာခဲ့သည်။

"ဆိုတော့ ကျန့်ချိုးကျင်းချိုက နောက်တစ်ကြိမ် နိုင်ငံရေးစင်မြင့်ထက် ဝင်လာပြီး တိုက်ပွဲဝန်ကြီး ဖြစ်လာတော့မယ်ပေါ့။ ဘယ်လိုတောင်...မမျှော်လင့်ထားခဲ့ဘူး"

ဝမ်ချောင်သည် ကြိတ်၍သက်ပြင်းချလိုက်သည်။ အဝေးသို့ကြည့်နေရင်း သူ စိုးရိမ်စွာ မျက်မှောင်ကြုတ်လိုက်သည်။

ဦးကြီးဝမ်ကန်းမြင်သည့်အရာမှာ ကျန့်ချိုးကျင်းချိုရောက်ရှိလာခြင်းသည် နိုင်ငံရေးလေထုကို ပြောင်းလဲသွားစေမည် ဖြစ်မည်။ ဝမ်ချောင်မြင်သည့်အရာမှာ တိုင်းပြည်၏ အနာဂတ်ဖြစ်သည်။

တချို့သောအရာများသည် ရှောင်လွှဲ၍ရပုံမပေါ်ပေ။

ကျန့်ချိုးကျင်းချိုသည် မြို့တော်သို့ ရောက်လာသည်ဟု ကြားသည်တွင် ဝမ်ချောင်၏ နှလုံးသား မည်မျှတုန်လှုပ်သွားခဲ့သည်ကို ဝမ်ကန်းက သိနိုင်မည်မဟုတ်ပေ။ ကြီးမားသည့်လှည်းဘီးကဲ့သို့ ကံကြမ္မာသည် ရှေ့သို့ ဆက်၍လည်ပတ်နေပုံရသည်။ မည်သူတစ်ဦးတစ်‌ယောက်ကမျှ ရပ်တန့်၍မရပေ။

တောင်ပိုင်းကာကွယ်ရေးတပ်၏ ကာကွယ်ရေးစစ်သူကြီးသည် ရည်မှန်းချက်အပြည့်ဖြင့် တိုက်ပွဲဝန်ကြီးသေချာပေါက်ဖြစ်လာမည်ကို သူသိသည်။

သို့သော်လည်း မည်သူမျှစိတ်ကူးမိမည်မဟုတ်သည်မှာ ကျန့်ချိုးကျင်းချို၏ နယ်စပ်ဒေသမှ ထွက်ခွာလာခြင်းသည် မဟာထန်၏ တောင်ပိုင်းကာကွယ်ရေးတွင် ကြီးမားသည့် ကျိုးပေါက်မှုကို ဖြစ်ပေါ်စေမည်ဖြစ်သည်။

ဝမ်ချောင်သည် သူ့ကို သေချာပေါက် တားရပေလိမ့်မည်ဖြစ်သော်လည်း ထိုသည်မှာ အသုံးမဝင်သည်ကို သူသိသည်။ ထိုလူသည် ရည်မှန်းချက်ကြီးသူဖြစ်ပြီး နယ်စပ်တွင် ဆယ်စုနှစ်နှစ်ခုစာနေခဲ့ပြီဖြစ်ကာ ယခုတွင် သူ၏သည်းခံနိုင်မှုသည် အကန့်အသတ်သို့ ရောက်နေပြီဖြစ်သည်။

အကယ်၍ ကျန့်ချိုးကျင်းချိုသာ သူ့ဆန္ဒကို သွယ်ဝိုက်၍ဖော်ပြခဲ့လျှင် အခွင့်အရေး ရှိလိမ့်ဦးမည်ဖြစ်သည်။ ကံမကောင်းစွာဖြင့်ပင် သူသည် လူသိရှင်ကြားကြေညာခဲ့ပြီးဖြစ်သည်။ သူသည် သူ့ဝှက်ဖဲများအားလုံးကို ချပြရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ကာ သူ့ဆုံးဖြတ်ချက်သည် ပြတ်သား၏။ မည်သည့်အရာကမျှ မည်သူကမျှ ဤ‌အချိန်တွင် သူ့ကို ရပ်တန့်နိုင်မည်မဟုတ်တော့ပေ။

ဝမ်ချောင်သည် အလယ်ပိုင်းလွင်ပြင်ဒေသရှိ မဟာစစ်သူကြီးတစ်ဦး၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို ဘယ်တုန်းကမှ လျှော့မတွက်ခဲ့ပေ။ လက်ရှိသူ့အဆင့်အတန်းဖြင့် တစ်ဖက်လူကို ဖျောင်းဖျရန်မှာ မဖြစ်နိုင်ပေ။

အကယ်၍ ယခုတစ်ကြိမ်တွင် သူသည် သူ့ကို တားနိုင်ခဲ့လျှင်ပင် ကျန့်ချိုးကျင်းချိုသည် ဒုတိယအကြိမ်၊ တတိယအကြိမ် နောက်ဆုံး သူအောင်မြင်သွားသည်အထိ ကြိုးစားမည်ဖြစ်ကာ ဝမ်မျိုးနွယ်စုအတွက် ကြောက်စရာရန်သူတစ်ဦးသာ ထပ်တိုးလာလိမ့်မည်ဖြစ်သည်။

အဘယ်ကြောင့် ဝမ်ချောင်သည် ဝမ်ကန်းမှတဆင့် မဟာစစ်သူကြီးတစ်ဦးကို မလွှမ်းမိုးဘဲနေရမည်နည်း။ ထို့အပြင် ကျန့်ချိုးကျင်းချိုသည် ဒေသဆိုင်ရာတပ်မှူးများကိစ္စတွင် သူ့ကို ထောက်ပံ့ပေးခဲ့သည်။ သူသည် သူဖြတ်သွားခဲ့သော တံတားကို မီးရှို့လိမ့်မည်မဟုတ်ပေ။

ထိုသည်မှာ ယန်ကျိုးသည် ကျန့်ချိုးကျင်းချိုကို တိုက်တွန်းခဲ့ပုံပေါ်သည်။ ဝမ်ချောင်၏ အတွေးများသည် ယန်ကျိုးဆီသို့ ပြန်လည်ရောက်ရှိသွားသည်။

ဝမ်ချောင်သည် ဦးကြီးဝမ်ကန်းကို မပြောခဲ့သည့်အရာတစ်ခုရှိသည်။ ကျန့်ချိုးကျင်းချိုသည် အဘယ်ကြောင့်တိုက်ပွဲဝန်ကြီးဖြစ်လာမည်ကို သူ သေချာနေရသည့်အကြောင်းအရင်းမှာ ကြင်ရာတော် ထိုက်ကျန်း၏ ပံ့ပိုးမှုကြောင့်ဖြစ်သည်။ ဆိုရလျှင် လက်ရှိ၌ သူမ၏ ဩဇာအာဏာမှာ တော်ဝင်ရုံးတော်တွင် အလွန်ချို့တဲ့နေပေသည်။

ကျန့်ချိုးကျင်းချိုပါဝင်လာခြင်းနှင့်သာလျှင် ကြင်ရာတော်ထိုက်ကျန်းသည် အစစ်အမှန်နောက်ခံကို ရှာမှီးနိုင်မည်ဖြစ်ကာ သူမ၏နေရာကို တည်ငြိမ်စေနိုင်မည်ဖြစ်သည်။ ထိုသို့မဟုတ်လျှင် သူမ၏ ပတ်ဝန်းကျင်၌ ရှိနေသည့် ပုန်းလျှိုးကွယ်လျှိုးခြိမ်းခြောက်မှုများအားလုံးကို အလွန် သတိထားနေရပေလိမ့်မည်ဖြစ်သည်။

ဤသို့ဖြင့် ကျန့်ချိုးကျင်းချိုကို ရှေ့သို့ တွန်းတင်ပေးရာတွင် သူမသည် သေချာပေါက် အပြည့်အဝ ပံ့ပိုးပေးလိမ့်မည်ဖြစ်သည်။

ယန်ကျိုး၏ ရည်ရွယ်ချက်သည်လည်း အတူတူပင်ဖြစ်သည်။ အမှန်တွင် သူသည် ကျန့်ချိုးကျင်းချို တိုက်ပွဲဝန်ကြီး ဖြစ်လာမည့်အရေးကို ကျန့်ချိုးကျင်းချိုထက်ပင် ပို၍ စိတ်လှုပ်ရှားနေသေးသည်။

လူတိုင်းသည် ကျန့်ချိုးကျင်းချိုသည် အလွန်ရည်မှန်းချက်ကြီးသည်ဟု တွေးထင်နေပေလိမ့်မည်။ သို့သော် ဝမ်ချောင်အမြင်တွင် ယန်ကျိုးသည်သာ အရာအားလုံး၏နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်နေသူ ဖြစ်သည်။ သူသည် ကြင်ယာတော်ထိုက်ကျန်းကို လှုပ်ရှားစေနိုင်သည့် တစ်ဦးတည်းသော သူဖြစ်ပြီး ကာကွယ်ရေးစစ်သူကြီး၏ စိတ်ဝင်စားမှုကို သူ့နည်းသူ့ဟန်ဖြင့် ချိန်ညှိနိုင်သည့် တစ်ဦးတည်းသော သူလည်း ဖြစ်သည်။

လက်ရှိနိုင်ငံရေးအခင်းအကျင်းတွင် ယန်ကျိုးကို ပုရွက်ဆိတ်တစ်ကောင်ထက်မပိုသောသူအဖြစ် ယူဆထားခဲ့ကြသည်။ သို့သော် လူတိုင်းသည် သူ့ကို လျှော့တွက်ထားကြောင်း ဝမ်ချောင်သိပေသည်။ သူ၏အနာဂတ်အဆင့်အတန်းသည် ယောင်ကွမ်းရီကိုပင် ကျော်လွန်သွားမည်ဖြစ်သည်။ သူသည် ယောင်ချောင်နှင့် မြို့စားကြီးကျူးကိုပင် ယှဉ်နိုင်သည်ဟု ပြော၍ရကာ အတိအကျပင် သူတို့၏အဆင့်နှင့် သိပ်ဝေးမည်မဟုတ်‌ပေ။

ယန်ကျိုးသည် တခြားသူများနားလည်ထားသည်ထက် ပို၍ စိတ်ဝင်စားစရာကောင်းပေသည်။

သူ့တွင် လိုအပ်နေသည့် စွမ်းရည်များကို နားလည်ကာ သူသည် ကျန့်ချိုးကျင်ချိုးကို တိုက်ပွဲဝန်ကြီးရာထူးရယူရာတွင် ထောက်ပံ့ပေးရန် ရွေးချယ်ခဲ့သည်။

"အတွင်းလူတစ်ယောက်နဲ့ဆို အလုပ်အားလုံးဟာ လွယ်ကူလာတယ်"

ကျန့်ချိုးကျင်းချိုကို ခေါ်ယူထားမှသာလျှင် ယန်ကျိုးသည် စင်မြင့်ပေါ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ပြီး သူ၏ ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်မည်ဖြစ်သည်။

ယန်ကျိုးနှင့် ကြင်ရာတော်ထိုက်ကျန်း နှစ်ဦးစလုံး၏ ထက်သန်သော ကျောထောက်နောက်ခံဖြင့် ကျန့်ချိုးကျင်းချို၏ မြင့်တက်လာမှုသည် မရပ်တန့်နိုင်တော့ပေ။

သူ့ယခင်ဘဝတွင် ဦးကြီးသည် ဘက်ရွေးမှားခဲ့သောကြောင့် သူသည် ကြင်ရာတော်ထိုက်ကျန်းကို ရန်သူဖြစ်စေခဲ့သည်။ သို့သော် ဤဘဝတွင် ဝမ်ချောင်၏ လွှမ်းမိုးမှုကြောင့် သူသည် ပို၍ချင့်ချိန်နိုင်လာခဲ့သည်။

ဤသည်မှာ ဝမ်ချောင်ကို စိတ်သက်သာရာရစေသည့် အရာတစ်ခုဖြစ်သည်။

သံသယရှိစရာမလိုဘဲ ထိုသည်မှာ သူထွက်ပေါ်လာသင့်သည့် အချိန်ကျပြီဖြစ်သည်။ သက်ပြင်းတစ်ချက်ချကာ ဝမ်ချောင်၏ စိတ်ထဲတွင် လူတစ်ဦး ပေါ်လာခဲ့သည်။

ကျန့်ချိုးကျင်းချိုသည် မြို့တော်၏ အရေးကိစ္စများတွင် စတင်တင်ပါလာသည်နှင့် ထိုပုဂ္ဂိုလ်သည် တောင်ပိုင်းကာကွယ်ရေးတပ်၏ စစ်သူကြီးရာထူးကို သေချာပေါက်ရယူပေလိမ့်မည်ဖြစ်သည်။

ဤကိစ္စနှစ်ရပ်စလုံးသည် ဝမ်ချောင်၏ လက်ရှိစွမ်းရည်ဖြင့် ရပ်တန့်၍မရပေ။ ဝမ်ချောင်သည် သူသည်ကူကယ်ရာမဲ့နေသည်ဟု ခံစားလိုက်ရသည်။

ကြီးမားသောရေစီးကြောင်းသည် လူတစ်ဦး၏စွမ်းအားမပါဘဲ ပြောင်းပြန်စီးဆင်းစေ၍ မရပေ။ သူ လုပ်နိုင်သည့်အရာအားလုံးမှာ စီးဆင်းနေသည့် လမ်းကြောင်းအတိုင်း ဖြည်းဖြည်းချင်း လျှောက်သွားကာ ထိုသည်ကို မမောမပန်းဘဲ မတူညီသည့်လမ်းကြောင်းသို့ ပြောင်းလွဲရန်ဖြစ်သည်။

"ကြည့်ရတာ ငါ ကိစ္စတွေကို ရှေ့ဆက်တိုးရတော့မယ်"

----------------

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

All Chapters