အခန်း (၂၃၁-၂၃၅)
Vol. 10 Ch. 231-235
အပိုင်း ၂၃၁။ အဖက်ဖက်တွင် တိုးတက်ခြင်း
ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းသို့ ပြန်လာပြီးနောက် ဝမ်ချောင်သည် သူ့ကိုယ်သူ သိုင်းပညာရပ်ကျင့်ကြံခြင်းတွင် ချက်ချင်း မနစ်မြုပ်စေခဲ့ပေ။ ထို့အစား သူသည် သူ့မိသားစု၊ ဦးလေးလီလင်း၊ ကျန်းမျိုးနွယ်စုနှင့် လီကျူရှင်းဆီသို့ စာပို့လိုက်သည်။
လီကျူရှင်းသည် ကျန့်မုနျန်ကို ကျိုးရှီသို့ လိုက်ပါပို့ဆောင်ခဲ့ပြီး အချိန်ကိုတွက်ချက်ရပါက ထိုသည်မှာ သူပြန်လာသင့်သည့်အချိန်သို့ ရောက်ပြီဖြစ်သည်။
--
ဟူး လား လား
စာပို့ခိုများသည် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းဝန်းကျင်မှ ပျံထွက်သွားကြသည်။ ဝမ်ချောင်သည် ပြန်စာကို လက်ခံရရှိရန် အချိန်အကြာကြီး မစောင့်လိုက်ရပေ။
ထိုစာလွှာမှာ သူ့မိခင်ဆီမှဖြစ်ကာ အိမ်တွင် အရာအားလုံးအဆင်ပြေနေသည့်အကြောင်း ပြောထားသည်။ မမျှော်လင့်ထားသည့် တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့သည်။ ဝမ်ချောင်၏ညီမငယ် ဝမ်ရှောင်ယောင်သည် သိုင်းပညာရပ်များ လေ့လာရန်အတွက် အိမ်မှ ခိုးထွက်သွားခဲ့သည်။
သူမ၏ဆရာမှာ ဝမ်ချောင်၏ဆရာ ဖြစ်ပုံပေါ်ကာ ဤသည်ကို မျိုးနွယ်စုရှိ အစောင့်များက အတည်ပြုထားခဲ့ခြင်းဖြစ်သည်။
"ဘာတွေဖြစ်နေတာလဲ"
ဤစာကိုတွေ့သည်တွင် ဝမ်ချောင် ကြက်သေသေသွားခဲ့သည်။
ညီမငယ်..။ ဆရာ..။
သူ့တွင် ဆရာတစ်ဦးတည်းသာရှိသည်။ ထိုပုဂ္ဂိုလ်မှာ မကောင်းဆိုးဝါးအဖိုးအိုပင် ဖြစ်သည်။ သို့သော်လည်း မကောင်းဆိုးဝါးအဖိုးအိုနှင့် ပတ်သက်သည့်ကိစ္စရပ်များမှာ အမြဲတမ်း လျှို့ဝှက်ချက်ဖြစ်ပြီး သူသည် သူ့မိသားစုတွင် ဘယ်တုန်းကမှ ထုတ်မပြောခဲ့ပေ။
သူ့မိခင်နှင့် ညီမငယ်သည် မကောင်းဆိုးဝါးအဖိုးအို၏ တည်ရှိမှုကို မသိကြပေ။
"ဘာတွေဖြစ်ခဲ့တာလဲ။ ဘာလို့ ညီမငယ်က ဝိညာဉ်သွေးကြောဆီ ရုတ်တရက် အပြေးအလွှားသွားခဲ့တာလဲ။ သူမက လေ့ကျင့်ရတာကို မမုန်းတော့ဘူးလား။ သူမက ဘာလို့ ရုတ်တရက် အရမ်းလုံလဝီရိယရှိသွားရတာလဲ"
ဝမ်ချောင်သည် လက်ရှိ အလှည့်အပြောင်းကြောင့် အံ့ဩသွားခဲ့သည်။
အကယ်၍ သူ့ညီမငယ်သာ ကြိုးစားအားထုတ်ရန် ဆန္ဒရှိခဲ့လျှင် မြို့အတော်အတွင်း၌ နယ်စားငယ်ရီအပါအဝင် မည်သည့် လူငယ်မျိုးဆက်မဆို သူမ၏ ပြိုင်ဘက်ဟုတ်တော့မည် မဟုတ်ပေ။
သို့သော် ဘဝသည် အမှန်တကယ်ပင် ရယ်စရာ ကောင်းလှသည့် အရာဖြစ်သည်။ ထိုကဲ့သို့ မဟာပါရမီရှင်တစ်ယောက်သည် အလွန်ပျင်းရိကာ ဘဝတွင် ဘာရည်မှန်းချက်မျှမရှိပေ။ သူတို့နှစ်ဦးတွင် သူ့ညီမငယ်သည် သူထက်ပို၍ အချောင်ခိုပုံရသည်။
သို့တိုင် ထိုညီမငယ်လေးသည် သိုင်းပညာရပ်များကို လေ့လာရန် အမှန်တကယ်ပင် စတင်နေသည်လော။
"မျိုးနွယ်စုမှာ ဆရာ့အကြောင်းသိတဲ့သူ သိပ်မများဘူး၊ ပြီးတော့ ငါကလည်း သူတို့ကို ဘာတစ်ခုမှ ထုတ်မပြောဖို့ သတိပေးထားခဲ့တယ်။ သူမက ဒါကို တစ်နည်းနည်းနဲ့ ကြားခဲ့တာလား။ ဒါမှမဟုတ် အဲဒီမိန်းမငယ်လေးက အစောင့်အကြပ်တွေကို သတိပြုမိပြီး သူတို့နောက်ကို လိုက်သွားခဲ့တာလား”
သူ့ညီမငယ်လေး၏ ရမ်းကားကြမ်းတမ်းသည့် ကိုယ်ကျင့်စရိုက်ကို တွေးလိုက်မိသည်တွင် ဝမ်ချောင်သည် ခေါင်းကိုက်သွားရသည်။ ဝိညာဉ်သွေးကြောနယ်မြေသည် တိုးတက်ဖွံ့ဖြိုးဆဲဖြစ်ပြီး မျိုးနွယ်စု၏ အလုပ်သမားအများအပြားနှင့် အစောင့်အကြပ်များကို ထိုနေရာသို့ ပို့ဆောင်ထားခဲ့သည်။
အစောင့်အကြပ်များစွာသည် အိမ်တော်မှ ဝိညာဉ်သွေးကြောဆီသို့ ခရီးထွက်ခဲ့ကြသောကြောင့် သူ့ညီမငယ်လေးသည် တစ်ခုခုလွဲနေသည်ကို သတိပြုမိရန်မှာ ဖြစ်နိုင်ခြေများပေသည်။
"ဒါလည်းကောင်းတာပဲ။ ဘယ်လိုပဲဖြစ်ပါစေ ရှောင်ယောင်ရဲ့ပါရမီက မဆိုးဘူး။ သူ့ကို နောက်ပြန်ဆွဲထားတဲ့ တစ်ခုတည်းသောအရာက သူမရဲ့ ပျင်းရိခြင်းပဲ။ ငါက သူမကို ထိန်းမထားနိုင်ပေမဲ့ ဆရာက အဲဒါကို လုပ်နိုင်လိမ့်မယ်။ ဒါကလည်း သူမကို အကျိုးရှိစေလိမ့်မယ်”
သူ၏အမြင်ကို ပြောင်းလဲလိုက်ကာ ဝမ်ချောင်သည် ရုတ်တရက်ရယ်မောလိုက်သည်။
သူ့ညီမငယ်၏ သာလွန်သောခွန်အားသည် သူ၏မူလစွမ်းအင်အဆင် ၇ ဖြင့်ပင်လျှင် ဝမ်ချောင်သည် သူမ၏ ပြိုင်ဘက် မဟုတ်သေးပေ။ သို့သော်လည်း သူ့ဆရာ မကောင်းဆိုးဝါးလူအိုကြီးသည်တော့ ခြားနားသည်။
သူ့ညီမငယ်၏ သေးငယ်သော လှည့်ကွက်များသည် မကောင်းဆိုးဝါးလူအိုကြီးကို ဆန့်ကျင်ရာတွင် အလုပ်ဖြစ်မှာ မဟုတ်ပေ။ ထို့အပြင် သူ့ဆရာသည် လူကောင်းတစ်ဦးမဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ သူသည် အစဉ်အလာကို ဆန့်ကျင်သောဂိုဏ်းများ၏ အမြင့်ဆုံးခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်ခဲ့ဖူးပြီး သူ့နာမည်သည်ပင် လူ့အသိုင်းအဝိုင်းထဲတွင် အကြောက်တရားများကို ဖြစ်ပေါ်စေခဲ့သည်။
မည်သို့ပင်ဖြစ်ပါစေ ယခုအချိန်တွင် သူ့ညီမ၏ကိစ္စကို ဘေးခဏဖယ်ထားကာ ဝမ်ချောင်သည် ဦးလေးလီလင်းထံမှလာသော ဒုတိယစာစောင်ကို လက်ခံရရှိလိုက်သည်။
သူသည် မကြာသေးမီကမှ တော်ဝင်ရုံးတော်သို့ ပြန်ရောက်ခဲ့သည်။ သူသည် တော်ဝင်စစ်တပ်၏ အဖွဲ့ဝင်တစ်ယောက်အနေဖြင့် မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသော်ငြားလည်း သူ၏ လှုပ်ရှားမှုများသည် အတော်လေးတင်းကြပ်နေသေးကာ အပြင်ဘက်တွင် အချိန်အကြာကြီး နေ၍မရပေ။ ထိုသို့ဖြင့် သူသည် အဆောက်အဦ(ခွန်းဝူအနားက ဝမ်ချောင်ရဲ့အိမ်တော်) ဆောက်လုပ်ခြင်းအလုပ်ကို တစ်စုံတစ်ယောက်ဆီသို့ လက်လွှဲခဲ့သည်။
ထိုသည်မှာလွှဲ၍ သူသည် ဝမ်းကွဲဝမ်လျန်နှင့် ပတ်သက်သည့် ကိစ္စကိုလည်း စာထဲတွင် ဖော်ပြထားခဲ့သည်။
ငွေအမြောက်အမြား သုံးစွဲပြီးနောက် သူတို့သည် သင်္ဘောသုံးစင်းကို ဝယ်ယူနိုင်ခဲ့ပြီး လွန်ခဲ့သည့်လတွင် နောက်ထပ်တစ်စင်းကိုလည်း အပြေးအလွှားဝယ်ယူခဲ့သည်။ မကြာသေးမီကမှပင် သင်္ဘောကြီးလေးစင်းပါဝင်သော သင်္ဘောအုပ်စုသည် တောင်ပိုင်းဆိပ်ကမ်းမှနေ၍ နောက်ဆုံးတွင် ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
ဝမ်လျန်သည် ဤပင်လယ်ရေကြောင်းခရီးတွင် အမှန်တကယ်ပင် ကြိုးစားအားထုတ်ထားခဲ့သည်။ သူသည် ပင်လယ်နှင့်ဆိုင်သော ပုံစံကားချပ်များကို စုဆောင်းထားခဲ့ကာ သူကိုယ်တိုင် အငြိမ်းစားရေတပ် အရာရှိနှစ်ဦးကိုလည်း ရှာဖွေထားခဲ့သည်။
သင်္ဘောသားများ၊ အစောင့်များနှင့် ချောစာအတွက် လင်းယုန်များနှင့်စင်ရော်များနှင့်အတူ ထိုအဖွဲ့သည် ဥက္ကာပျံသတ္တုများအတွက် ပင်လယ်ရေကြောင်းခရီးစတင်ခဲ့သည်။
ဝမ်မျိုးနွယ်စုသည် ကျွမ်းကျင်သူများစွာကို ဝမ်လျန်၏ ပင်လယ်ရေကြောင်းခရီးတွင် ကူညီရန်အတွက် ပို့ဆောင်ခဲ့သည်။ သို့သော် ဦးလေးလီလင်းသည် စိုးရိမ်နေဆဲဖြစ်သည်။ ထို့ကြောင့် သူ့အဆက်အသွယ်များကို အသုံးချကာ အနားယူပြီးသွားသော တော်ဝင်စစ်တပ်ကျွမ်းကျင်သူများကို ထိုအုပ်စုထဲတွင် ထည့်ထားခဲ့သည်။
ဝမ်လျန်သည် သူ့ဘဝတစ်လျှောက်လုံးကို ပျင်းပျင်းရိရိ ငြီးငြီးငွေ့ငွေ့ဖြင့် အခြားသူများနှင့် စကားများရန်ဖြစ်ကာ အသုံးမဝင်သော တီထွင်မှုများစွာဖြင့် ဖြတ်သန်းခဲ့သည်။ ဤသည်မှာ ဦးလေးလီလင်းနှင့် ဒေါ်ကြီးကို ပူပန်စေခဲ့သည်။ ဤသို့ဖြင့် သူတို့သည် သူ၏ ဤကြိုးပမ်းအားထုတ်မှုတွင် တက်ကြွစွာပံ့ပိုးပေးခဲ့ကြသည်။
စာထဲတွင် ဦးလေးလီလင်းသည် ဝမ်ချောင်ကို ကျေးဇူးတင်ကြောင်းလည်း ဖော်ပြထားခဲ့သည်။
သူသည် သူ့ဝမ်းကွဲကို ရွှေတုံးသိန်းအနည်းငယ်ကို မျက်တောင်ပင်မခတ်ဘဲပေးခဲ့သည်။ ထို့ထက်ဝေးကွာသော ဆွေမျိုးမရှိတော့ပေ။
ဒေါ်ကြီးရုရွှမ်နှင့် ဦးလေးလီလင်းတို့သည် စာထဲတွင် သူ၏ထောက်ပံ့မှုအတွက် သူ့ကို လှိုက်လှိုက်လဲလဲ ကျေးဇူးတင်ထားခဲ့သည်။
ဝမ်ချောင်၏ စကားလုံးများ ဥက္ကာပျံသတ္တုရှာဖွေရန်အတွက်မူ သူတို့သည် ထိုသည်ကို အမှန်တကယ် ဖြစ်မည်ဟု မယူဆကြပေ။ သူတို့နှစ်ဦးသည် သူသည် ဝမ်လျန်ကို မှိန်းမောနေရာမှ နိုးထကာ သူ့ကိုစိတ်ဓာတ်မြင့်တင်ရန်အတွက် ဇာတ်လမ်းတစ်ပုဒ်ထွင်နေသည်ဟု ထင်နေကြသည်။
သို့သော် ဤသည်ကပင် သူတို့သည် သူ့ကို အလွန်အမင်းကျေးဇူးတင်စေခဲ့သည်။
"၊ဒါပေမဲ့ ငါက ဒီကိစ္စကို လုံးဝ မလိမ်ညာခဲ့ဘူး။ ဒီပင်လယ်ရေကြောင်းခရီးက အမှန်အကန် အဲဒီဥက္ကာပျံသတ္တုတွေကို ရှာဖွေဖို့ပဲ”
ဒေါ်ကြီးနှင့် ဦးလေးလီလင်းဆီမှ စာကိုဖတ်နေရင်း ဝမ်ချောင်၏ အမူအရာသည် ထူးဆန်းလာခဲ့သည်။ ဝမ်ချောင်သည် သူ့တစ်ဘဝလုံးတွင် ပင်လယ်ရေကြောင်းခရီးကို မသွားခဲ့ဖူးသော်လည်း ဥက္ကာပျံသတ္တုနှင့် ပတ်သက်သည့်ကိစ္စမှာ အမှန်အကန်ဖြစ်သည်ကို ကောင်းကင်ဘုံအား တိုင်တည်နိုင်ပေသည်။
သူသည် ဝမ်လျန်ကို ကူညီလိုသည့် ရည်ရွယ်ချက်မှာ အမှန်ပင်ဖြစ်သော်လည်း ဥက္ကာပျံသတ္တုများကို ရှာဖွေလိုသည့် ရည်ရွယ်ချက်မှာလည်း အမှန်ပင်ဖြစ်သည်။ အားလုံးပြီးနောက် ရွှေတုံးသိန်းအနည်းငယ်သည် ဟာသတစ်ခုမဟုတ်ပေ။ သူသည် ရွှေတုံးသုံးသိန်းကို ဂရုမစိုက်ဘဲ နေနိုင်သည်အထိ မချမ်းသာသေးပေ။
"ပြောရရင် ဝမ်းကွဲက ပင်လယ်ခရီးထွက်သွားပြီမို့ ဒါက မီယာဆာမီးအာရာကာ ပြန်လာရမဲ့အချိန်ပဲ"
ရုတ်တရက်ပင် ဝမ်ချောင်၏ နဖူးကြောများသည် ပြေလျော့သွားခဲ့သည်။
ယခုအချိန်တွင် သူစုစည်းနိုင်သည် ကျွမ်းကျင်သူများ သူ့ဘေး၌ များစွာရှိမနေပေ။ အကယ်၍ မီယာဆာမီးအရာကာသာ သူ့ဘေး၌ ရှိနေပါက သူ၏လက်ရှိအခြေအနေသည် များစွာ တိုးတက်သွားပေလိမ့်မည်ဖြစ်သည်။ အနည်းဆုံးတော့ ထိုသည်မှာ သူ့ဘေးတွင် နောက်ထပ်လက်တစ်စုံတိုးလာသည်ဟု ဆို၍ရသည်။
ထိုအပြင် လုပ်ကြံသူတစ်ဦးအနေဖြင့် မီယာဆာမီးအာရာကာသည် စူးရှသောအာရုံခံစားမှုကို ပိုင်ဆိုင်ထားကာ အန္တရာယ်များကို ကြို၍ အာရုံခံသိနိုင်ပေသည်။
ဤသည်ပြီးနောက် ကျန်းမျိုးနွယ်စုမှအခြေအနေများဖြစ်ပေလိမ့်မည်။ ဝမ်ချောင်တွေးလိုက်သည်။
ကျန်းမျိုးနွယ်စုနှင့် သူ၏ ပူးပေါင်းဆောင်ရွက်မှုသည် ဟိုက်ဒရာဘတ်သတ္တုရိုင်း၊ ကြီးမားသောမိုင်းတွင်းနှင့် ပစ္စည်းကိရိယာများ အမြောက်အမြားဖန်တီးခြင်းတို့နှင့် သက်ဆိုင်သည်။ ဤသည်မှာ ယခုအချိန်တွင် ဝမ်ချောင်အတွက် အစိုးရိမ်ရဆုံးသော စီမံကိန်းလည်း ဖြစ်သည်။ သူ့အစီအစဉ်ထဲတွင် ကျန်းမျိုးနွယ်စုနှင့် သူ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးဆုံးသော ချိန်းကြိုးများထဲမှ တစ်ခုဖြစ်သည်။
--
ပူးလန်လန်
ထိုညနေတွင် ခိုတစ်ကောင်သည် ခေါင်မိုးထက်မှ ဆင်းသက်လာခဲ့သည်။ ကျန်းမျိုးနွယ်စုဆီမှ အချိန်အတော်ကြာစောင့်နေခဲ့ရသော စာတစ်စောင်ကို ဝမ်ချောင်ဆီသို့ ပေးပို့လာခြင်းဖြစ်သည်။
ကျန်းမျိုးနွယ်စုသည်လည်း ဝမ်ချောင်နှင့် အတူ ပူးပေါင်းဆောင်ရွက်မှုသည် မဟာအရေးကြီးကိစ္စတစ်ခုအဖြစ် ရှုမြင်ထားသည်။ ထို့ကြောင့် ဝမ်ချောင်၏စာကို တုံ့ပြန်လာသည့် တုံ့ပြန်စာမှာ အမှန်ပင် ကျန်းမျိုးနွယ်စု၏ ခေါင်းဆောင်ထံမှဖြစ်သည်။
"အရာအားလုံးက အဆင်ပြေနေတာပဲ။ ကောင်းတယ်"
ကျန်းမျိုးနွယ်စု၏ ခေါင်းဆောင်ထံမှ စာကို ဖတ်ပြီးနောက် ဝမ်ချောင်သည် စိတ်သက်သာရာရစွာ သက်ပြင်းရှည်ကြီး ချလိုက်သည်။
စာထဲတွင် မျိုးနွယ်စုခေါင်းဆောင်သည် ပြီးခဲ့သည့်လတွင် သူတို့ပြုလုပ်ခဲ့သော ဆောက်ရွက်ချက်ကို အောင်မြင်နိုင်ခဲ့သည်။ ဝမ်ချောင်၏ သတ္တုတွင်းမှ ထောက်ပံ့မှုဖြင့် ကျန်းမျိုးနွယ်စု၏ ကြီးမားသော ထုတ်လုပ်မှုနှင့် သန့်စင်မှုစွမ်းရည်သည် နောက်ဆုံးတွင် အလုပ်ဖြစ်နိုင်ခဲ့ပြီး မျိုးနွယ်စုတစ်ခုလုံးသည် တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်သန်မာလာခဲ့သည်။
ဝမ်ချောင်ရေးဆွဲခဲ့သည့် တစ်ချီရှည်သည့် ကတ်လ်ထရို(caltrop)နှင့် အမျိုးမျိုးသော ထူးဆန်းသည့်ပုံစံရှိသည့် သတ္တုပြားများကို သူတို့အစီအစဉ် အစကတည်းက အစိတ်အပိုင်းတစ်ခုအဖြစ် ပေါင်းစပ်ခဲ့သည်။
(caltrop ဆိုတာက နင်ဂျာတွေအသုံးပြုတဲ့ လက်နက်ပုန်းလိုဟာမျိုးကို ဆိုလိုတာ ဒါပေမဲ့ ဒီနေရာမှာတော့ တစ်ချီရှည်တာမို့ သတ္တုတုတ်လိုပုံစံမျိုးကို ဆိုလိုတာနေမယ်)
လွန်ခဲ့သည့်လတွင် သူတို့သည် ကတ်လ်ထရိုရှစ်ရာကျော်နှင့် ထိုထူးဆန်းသည့်ပုံစံရှိသည့် သတ္တုပြား သုံးထောင်ကို ဖန်တီးနိုင်ခဲ့သည်။ ထို့အပြင် သူတို့အားလုံးကို ဝမ်ချောင်တောင်းဆိုခဲ့သည့် ထိပ်တန်းသတ္တုများဖြင့် ဖန်တီးထားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူတို့တစ်ခုချင်းစီသည် အားဖြည့်ပေးသည့် အစီအရင် ဆယ်လွှာပါရှိသည်။
ဤစွမ်းရည်ရှိသည့် တစ်စုံတစ်ရာသည် ကမ္ဘာပေါ်တွင် အားအကောင်းဆုံး စစ်ပွဲယန္တရားအဖြစ် သတ်မှတ်ခံရရန် အရည်အချင်းပြည့်မီခဲ့သည်။
အမှန်တွင် ဝမ်မျိုးနွယ်စုသည် အဆက်အသွယ်များအားလုံးကို အသုံးချခဲ့လျှင်ပင် ကတ်လ်ထရိုများနှင့် သတ္တုပြားများ နှစ်ခုစလုံးကို အခုသုံးရာအထိ ဖန်တီးနိုင်သည်မှာ အကန့်အသတ်ဖြစ်သည်။ သို့သော်လည်း ကျန်းမျိုးနွယ်စု၏ အတွေ့အကြုံရှိ ပန်းပဲဆရာများနှင့် ဤသည်ကို အမြောက်အမြား ဖန်တီးရန်မှာ လုံးဝပြဿနာမရှိပေ။ ထို့အပြင် ဤအရာအားလုံးကို သူတို့ဘက်မှ လူအင်အား တစ်စိတ်တစ်ပိုင်းဖြင့်သာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အပြင်ဘက်မှလူများသည် ထိုသည်ကို နှိုင်းယှဉ်ရန် မမျှော်လင့်နိုင်ပေ။ ကျန်းမျိုးနွယ်စု၏ ထုလုပ်နိုင်သည့် စွမ်းရည်သည် အမှန်ပင် ပြောင်မြောက်လှပေသည်။
ထိုသည်ကလွဲ၍ ဝမ်ချောင်ကို သူတို့ကတိပေးထားသည့်အတိုင်း ကျန်းမျိုးနွယ်စုသည် ကျောက်စိမ်းရိုင်းသံမဏိသတ္တုဓားရှစ်လက်ကို ဖန်တီးခဲ့သည်။ သူတို့သည် နောက်ဆုံးအအေးခံခြင်းလုပ်ဆောင်ချက်အတွက် ဝမ်ချောင်က ဦးဆောင်မည်ကို စောင့်မျှော်နေခဲ့ကြသည်။
စာထဲတွင် မျိုးနွယ်စုခေါင်းဆောင်သည် ဖန်တီးခြင်းဖြစ်စဉ်၏ နောက်ဆုံးအပိုင်းတွင် ကူညီရန်အတွက် ဝမ်ချောင်သည် မည့်သည့်အချိန်တွင် အားမည်ကို ရိုသေလေးစားစွာဖြင့် မေးမြန်းထားခဲ့သည်။
ခိုသည် ကျူးပါးကွမ်းယွမ်(ကျူးဘကွမ်းယွမ်)၏ စာကိုလည်း ယူဆောင်လာခဲ့သည်။
စာထဲတွင် ကျူးပါးကွမ်းယွမ်သည် ကျောက်စိမ်းရိုင်းသံမဏိဓားနှင့်ပတ်သက်သည့် ပြဿနာကိုလည်း ဖော်ပြခဲ့သည်။ လွန်ခဲ့သည့်တစ်လလုံး ဝမ်ချောင်သည် သူ့အချိန်ကို ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းတွင် ကုန်ဆုံးစေခဲ့သည်။ ဤသည်မှာ တော်ဝင်စစ်တပ်အစောင့်အရှောက်များကို ကျောက်စိမ်းရိုင်း သံမဏိသတ္တုဓားရောင်းချပြီးကတည်းက တစ်လကုန်ဆုံးသွားပြီဟု ဆိုလိုပေသည်။
*အချိန်ကျပြီ..သက်ရှိများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း ပညာရပ်ရဲ့ ဓားချီကို အောင်မြင်စွာကျင့်ကြံပြီးတာနဲ့ ဒီကိစ္စနှစ်ခုစလုံးကို ကိုင်တွယ်ရမယ်*
ဝမ်ချောင်သည် စာကို လက်ထဲတွင် ကိုင်ထားလျက် တွေးလိုက်သည်။
လီကျူးရှင်၏ စာကို ဝမ်ချောင်သည် အချိန်အတော်ကြာမှသာ လက်ခံရရှိခဲ့သည်။
သူသည် ကျန်းမုနျန်ကို ကျိုးရှီသို့ ပို့ဆောင်သည့် လမ်းတလျှောက်လုံး အရိပ်ထဲမှနေ၍ ကာကွယ်ခဲ့သည်။
ကျိုးရှီသည် အနည်းငယ်ဝေးကွာသော်လည်း တစ်လဆိုသည့်အချိန်သည် သူတို့ခရီးအတွက် လုံလောက်သည်ထက် ပိုပေသည်။ စာထဲတွင် လီကျူးရှင်သည် အခြေအနေအကြမ်းဖျင်းကို ဖော်ပြထားခဲ့သည်။
ကျိုးရှီတွင် နေရာတစ်နေရာရှာပြီးနောက် ကျန့်မုနျန်သည် ထိုနေရာသို့ ပို့လွှတ်ခဲ့သော မဟာထန်၏ ခရိုင်တရားသူကြီးထံမှ များစွာသောအကူအညီနှင့် အဆင်ပြေမှုများရရှိရန် ပြုလုပ်နိုင်ခဲ့သည်။
ကျိုးရှီ၏ ရာသီဥတုသည် ဆန်စပါးများကို သုံးဆပို၍ လျင်မြန်စွာကြီးထွားစေကာ ကျန့်မုနျန်ကို ဝမ်းသာသွားစေခဲ့သည်။
ဝမ်ချောင်မျှော်လင့်ထားသည့်အတိုင်းပင် ထိုလူသည် ကျိုးရှီသို့ ရောက်သည်နှင့် စိတ်ဓာတ်တက်ကြွမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူသည် ဆန်စပါး၏ သင့်လျော်သော မျိုးရိုးဗီဇကို ရှာဖွေရန် လယ်ကွင်းထဲတွင် နေ့နေ့ညည ကုန်ဆုံးခဲ့သည်။
နေအိမ်တစ်လုံး ဝယ်ယူခဲ့သော်ငြားလည်း ကျန်းမုနျန်သည် ထိုနေရာတွင် တစ်ခါတစ်ရံမှသာ ပေါ်လာခဲ့သည်။ ထို့အစား သူသည် လယ်ကွင်းထဲတွင်သာ သူ့အချိန်အများစုကို ကုန်ဆုံးစေခဲ့သည်။ အမှန်တွင် တစ်ခါတစ်ရံ၌ သူသည် လယ်ကွင်းဘေးတွင်သာ အိပ်စက်ခဲ့သည်။
အိပ်ပျော်နေချိန်၌ပင် လီကျူရှင်းသည် ထိုလူ၏ သာလွန်ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များနှင့် အပင်များ ပြွတ်သိပ်နေသည့်အကြောင်း ယောင်ရမ်းနေသည်ကို ကြားခဲ့ရသည်။ ထိုသည်က လီကျူရှင်းကို စိုးရိမ်စေခဲ့သည်။ အားလုံးပြီးနောက် ထိုလူသည် လူငယ်တစ်ဦးမဟုတ်ပေ။
လီကျူရှင်း လုပ်နိုင်သည့်အရာအားလုံးမှာ သူ့မူလစွမ်းအင်ကို အသုံးပြုကာ တစ်ဖက်လူကို နှိပ်နှယ်ပေးရန်ပင်ဖြစ်သည်။ စာထဲတွင် လီကျူရှင်းသည် ဝမ်ချောင်ကို တစ်ဖက်လူအား အလုပ်အလွန်အကျွံလုပ်ခြင်းမှ တားဆီးရန်အတွက် စာတစ်စောင်ပေးပို့ရန် တောင်းဆိုထားခဲ့သည်။
လီကျူရှင်းသည် ပွင့်ပွင့်လင်းလင်း မဖော်ပြခဲ့သော်လည်း သူ့စာလုံးများမှနေ၍ သူသည် လူအိုကြီးကို အလွန်ရိုသေလေးစားနေကြောင်း ဝမ်ချောင် ခံစားနိုင်ပေသည်။ အမှန်တွင် သူသည် လူအိုကြီးကို ကာကွယ်ရန် ထိုနေရာတွင်သာနေကျန်လိုသည့် ရည်ရွယ်ချက်ကို ဖော်ပြထားခဲ့သည်။
"အစားအစာသည် ပြည်သူများအားလုံး၏ အခြေခံအုတ်မြစ်ဖြစ်သည်” လီကျူရှင်းသည် ကျန့်မုနျန်နှင့် ရှိခဲ့ချိန်တွင် ဤအမှန်တရားကို နားလည်သွားခဲ့သည်။ ကျန့်မုနျန်၏ သုတေသနသည် လူသားများစွာ၏ အသက် ရှင်သန်နိုင်မှုနှင့် သက်ဆိုင်နေခဲ့သည်။ သူ့အကျိူးပြုမှုသည် ယခုတွင် ပြသမည်မဟုတ်ပေ။ သို့သော် အနာဂတ်တွင် မရေမတွက်နိုင်သော လူများသည် ဤသည်မှ အကျိုးအမြတ်များကို ခံစားရပေလိမ့်မည်ဖြစ်သည်။
ထိုသို့ဖြင့် ဝမ်ချောင်သည် လီကျူးရှင်က ထိုနေရာတွင် နေကျန်လိုသည့် ရည်ရွယ်ချက်ကို အရမ်းကြီး အံ့အားသင့်မနေခဲ့ပေ။
ဤသည်မှာလည်း အဆင်ပြေပေသည်။ ထိုနေရာတွင် လီကျူးရှင်စောင့်ကြပ်နေခြင်းနှင့်အတူ စပါးခင်းများတွင် အခက်အခဲရှိမည်ကို စိုးရိမ်စရာမလိုတော့ပေ။ ဝမ်ချောင်သည် တစ်ခဏ စဉ်းစားပြီးနောက် လီကျူးရှင်၏ အမြင်ကို သဘောတူလိုက်သည်။ ကျန့်မုနျန်နှင့်ပတ်သက်သည့် သူ၏စိုးရိမ်ပူပန်မှုသည် လီကျူးရှင်ထက်ပိုပေသည်။
တစ်ခါတစ်ရံတွင် တိုက်ပွဲသည် လူတစ်ဦး၏မျက်စိဖြင့် မမြင်နိုင်သည့် နေရာတွင် ဖြစ်ပွားလေ့ရှိသည်။
ဝမ်ချောင်အတွက် ကျန့်မုနျန်နှင့် သူ၏ သုံးမျိုးစပ်ဆန်စပါးသည် ထိုသို့သော တည်ရှိမှုဖြစ်သည်။ အနာဂတ်စစ်ပွဲများ၏ ရလဒ်သည် မျက်နှာပြင်ပေါ်တွင် မြင်နိုင်သည့် တိုင်းပြည်တစ်ပြည် ပိုင်ဆိုင်သော စစ်တပ်အင်အား၌သာ မူတည်နေတာမဟုတ်ပေ။ လူအများစုက လျစ်လျူရှုထားသော အရေးမပါဘူးဟု ထင်ရသည့် အချက်များအပေါ်တွင်လည်း မူတည်နေပေသည်။
ကျန့်မုနျန်သည် ဝမ်ချောင် ကိုင်ဆောင်ထားသည့် လျှို့ဝှက်လက်နက်ဖြစ်ပြီး အနာဂတ်အတွက် သူချန်ထားခဲ့သည့် ရတနာသိုက်လည်းဖြစ်သည်။
ထို့အပြင် လီကျူးရှင်သည် သတင်းကောင်းကိုလည်း ထည့်ရေးထားသည်။
ကျိုးရှီတွင် ကျန့်မုနျန်၏ ဆယ်ရက်တာ ကြိုးစားခဲ့ခြင်းသည် သူ့ဘဝတစ်လျှောက်လုံး စုဆောင်းမိခဲ့သော အတွေ့အကြုံများနှင့်အတူ ထိုက်တန်သွားခဲ့သည်။ သူသည် နောက်ဆုံးတွင် 'မဖြစ်ထွန်းနိုင်သော အဖိုမျိူး' ကို ပထမဆုံးရှာဖွေတွေ့ရှိလိုက်နိုင်သည်။
လီကျူးရှင်သည် ထိုစကားလုံးများကို ကျန့်မုနျန်ဆီမှ ကိုးကားထားခြင်းဖြစ်သည်။ သူသည် ထိုစကားလုံးများ၏ အရင်းခံမှာ ဝမ်ချောင်ဆီမှ လာခဲ့သည်ကို သိရှိခြင်းမရှိပေ။
မဖြစ်ထွန်းနိုင်သော အဖိုမျိုးကို ရှာဖွေတွေ့ရှိခြင်းသည် သိပ်မများသော်လည်း၊ ကျန့်မုနျန်သည် ပြီးပြည့်စုံသည့် မျိုးစပ်ဆန်စပါးကို ရှာဖွေရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန် လမ်းကြောင်းမှ ဝေးကွာနေသေးသော်လည်း ထိုသို့သော တိုးတက်မှုသည် အပြုသဘောဆောင်သည့် လက္ခဏာတစ်ရပ် ဖြစ်နေဆဲဖြစ်သည်။
သူသည် မဖြစ်ထွန်းနိုင်သော အဖိုမျိုးကို ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် ကျန်တစ်ခုကို ရှာဖွေတွေ့ရှိရန်မှာ အချိန်သိပ်ကြာမှာ မဟုတ်ပေ။ အရာအားလုံးသည် လမ်းကြောင်းအပေါ် ရောက်ရှိနေပြီဖြစ်သည်။ ဝမ်ချောင် ပျော်ရွှင်စွာ တွေးလိုက်သည်။
----------------
******
pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်
Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်
အပိုင်း ၂၃၂။ သတ်ဖြတ်ခြင်း ဓားချီ
အရာအားလုံးသည် လမ်းမှန်ပေါ်သို့ ရောက်နေပြီဖြစ်သည်။
ဝမ်ချောင်သည် သူတို့ကို အရမ်းကြီး စိုးရိမ်နေစရာ မလိုတော့ပေ။ နှင်းဘောလုံးသည် လုံလောက်သည့်အရှိန် ရလာသည့်အခါ သူ့ကို ဘယ်အရာကမျှ တားဆီးနိုင်တော့မည်မဟုတ်ပေ။
နှင်းဘောလုံးသည် ဝမ်ချောင်အတွက် လုံလောက်သည်အထိ ကြီးမားခြင်းမရှိသေးသော်လည်း စတင်ရွေ့လျားနေပြီဖြစ်သည်။
ထို့ကြောင့် ကျောက်ကျင်းတန်နှင့် ဝေ့ဟိုတို့ကို အချိန်အနည်းငယ် တွေ့ဆုံပြီးနောက် ဝမ်ချောင်သည် သူ့လေ့ကျင့်ရေးသို့ ပြန်လာခဲ့သည်။
နေ့ရက်များသည် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့ကာ ဝမ်ချောင်၏ သိုင်းပညာရပ် ကျွမ်းကျင်မှုသည်လည်း ပိုပို၍တိုးတက်လာခဲ့သည်။
-----
ရှစ်ရက်ကြာပြီးနောက်၊
ရှီးးးး
မှောင်မဲနေသည့် အခန်းငယ်ထဲတွင် တောက်ပသည့် အလင်းရောင်တစ်ခုသည် ဝမ်ချောင်၏မှေးမှိန်သောဓားမှ ရှေ့သို့ ပြေးထွက်သွားသည်။
အလင်းရောင်သည် ဆံချည်မျှင်ကဲ့သို့ သေးငယ်လှသည်။ သို့သော် မယှဉ်သာလောက်အောင် တောက်ပနေကာ လူတစ်ဦး၏ မျက်စိဖြင့် စိုက်ကြည့်ရန် အလွန်အမင်း ခက်ခဲစေသည်။ ထို့အပြင် အလင်းရောင်သည် အလွန်သိပ်သည်းပုံရသည်။ တစ်ဆယ်ကျန့် အကွာအဝေးသို့ ရောက်သည့်တိုင် ထိုအရာသည် မှေးမှိန်သွားခြင်း သို့မဟုတ် ပျောက်ကွယ်သွားခြင်းမရှိပေ။
တစ်ဆယ့်နှစ်ကျန့် အကွာအဝေးရှိ နံရံကို ထိမှန်သွားမှသာ အလင်းရောင်သည် ဘာမှမရှိခြင်းအဖြစ်သို့ ပျောက်ကွယ်သွားခဲ့သည်။
"ဒါက...ဓားချီ။ ကောင်းတယ်”
ဝမ်ချောင်သည် စိတ်လှုပ်ရှားစွာဖြင့် ပြေးထွက်သွားသောအလင်းကို စိုက်ကြည့်လိုက်သည်။
ဆယ်ရက်ကြာ စမ်းသပ်လေ့လာကာ နားလည်သဘောပေါက်ပြီးနောက် သူသည် မူလစွမ်းအင်ကို သူ့ခန္ဒာကိုယ်ထဲတွင် အဆုံးစွန်အထိ ဖိသိပ်နိုင်ခဲ့သည်။ ထို့ကြောင့် ဤကြိုးနှင့်တူသော ထက်မြသည့် ဓားချီကို တုပနိုင်ခဲ့သည်။
ထိုအရာမှာ ဆံချည်မျှင်ကဲ့သို့ သေးသွယ်နိုင်သော်လည်း ထိုသည်မှာ မူလစွမ်းအင်ပမာဏ အများအပြားကို ကြိုးတစ်ချောင်းတည်းအဖြစ် ချုံ့လိုက်ခြင်း၏ ရလဒ်ဖြစ်သည်။
*ရက်ပေါင်းများစွာ ကြိုးစားအားထုတ်ပြီးနောက်မှာ ဓားချီကို ကျင့်ကြံတာမှာ အောင်မြင်သွားခဲ့ပြီ*
ဝမ်ချောင် စိတ်လှုပ်ရှားစွာ တွေးလိုက်သည်။
အမှန်တွင် ဓားချီသည် မူလစွမ်းအင်ကို အဆုံးစွန်အထိ ဖိသိပ်ခြင်းပင်ဖြစ်သည်။ ဤအရာကြောင့် ဓားကျွမ်းကျင်သူများသည် သူတို့၏တိုက်ခိုက်မှုများတွင် မယုံနိုင်စရာကောင်းသည့် စွမ်းအားကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။
ထိုခဏတွင် ဝမ်ချောင်သည် သူကြိုးစားခဲ့ရသမျှမှာ ထိုက်တန်သည်ဟု ခံစားလိုက်သည်။
"ဟမ်"
ဝမ်ချောင်၏ နှလုံးသားသည် အလွန်စိတ်လှုပ်ရှားစွာ ခုန်နေချိန်တွင် အခန်းတွင်းသို့ ထူးဆန်းသည့် အလင်းတန်းများ ဖြာထွက်လာသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ ထိုသည်မှာ ဝင်ပေါက်မှ လာခဲ့ခြင်း မဟုတ်ပေ။ သူ့ရှေ့ရှိ ညာဘက်နံရံပေါ်မှ လာခဲ့ခြင်းဖြစ်သည်။
သူရှိနေသည့်နေရာမှာ လုံးဝမည်းမှောင်နေသည့် အခန်းငယ်တစ်ခုဖြစ်ကာ အလင်းရောင် လုံးဝမရှိသည့်နေရာဖြစ်သည်။ သူသည် သူ့အကြားအာရုံနှင့် သူ၏အလိုအလျောက်တုံ့ပြန်နိုင်သည့် စိတ်ကို တိုးတက်အောင် လေ့ကျင့်ရန် ဤနေရာကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အလင်းရောင်သည် အမှန်တကယ်ပင် နေရာပြင်ပမှဖြစ်သည်။
"ဒီနေရာမှာ ဘာအလင်းရောင်မှ မရှိသင့်ဘူးမဟုတ်လား”
ဝမ်ချောင်သည် အလင်းရောင်သို့ လျှောက်သွားလိုက်သည်တွင် မြေပြင်ထက်တစ်မီတာအမြင့်ရှိ နံရံပေါ်တွင် အက်ကွဲကြောင်းတစ်ခုကို တွေ့လိုက်ရသည်။ ထိုထူးဆန်းသည့် အလင်းရောင်သည် ဤအက်ကွဲကြောင်းမှ တောက်ပနေခြင်းဖြစ်သည်။
အစပိုင်းတွင် ဝမ်ချောင်သည် ဤသေးငယ်သောအက်ကွဲကြောင်းကြောင့် လုံးဝ တွေဝေနေခဲ့သည်။ သူသည် ထိုအရာကို သူ့လက်ဖြင့် ထိကြည့်ကာ လေ့လာခြင်းပင် ပြုလုပ်လိုက်သေးသည်။ သို့သော် မကြာမီ သူသည် တစ်စုံတစ်ခုကို နားလည်လိုက်သည်။ ဤအက်ကွဲကြောင်းမှာ ဓားချီဖြင့် သူခုတ်လိုက်သည့် နေရာပင် မဟုတ်လော။
"ဘာတွေဖြစ်နေတာလဲ။ ငါ့ရဲ့ဓားချီက ဒီလေ့ကျင့်ရေးအခန်းငယ်ရဲ့ နံရံကိုတောင် ထိုးဖောက်နိုင်ခဲ့တာ ဖြစ်နိုင်လား”
ဝမ်ချောင် ကြက်သေသေသွားခဲ့သည်။
သူရှိနေသည့် လေ့ကျင့်ရေးအခန်းငယ်သည် သံမဏိဖြင့် ပြုလုပ်ထားခဲ့ခြင်းဖြစ်သည်။ ထိုသို့သော သံမဏိအခန်းငယ်များကို တည်ဆောက်ရန် ခက်ခဲခြင်းကြောင့် အတိအကျပင် ဤလေ့ကျင့်ရေးအခန်းငယ်များကို ပင်မတောင်ထွတ်တွင်သာ တွေ့နိုင်ပေသည်။
အမှန်တွင် ဝမ်ချောင်သည် မူလစွမ်းအင် အဆင့် ၇ နှင့် အထက် ကျင့်ကြံခြင်းနယ်ပယ်အတွက် အထူးပြင်ဆင်ထားသည့်အနေဖြင့် ပို၍ကြံ့ခိုင်သော လေ့ကျင့်ရေးအခန်းငယ်ကို ရွေးချယ်ထားခဲ့သည်။ နံရံများကို စစ်ဆေးခဲ့ချိန်တွင် သူသည် အနည်းဆုံး တစ်ချီထူသည့် နံရံကို အသေအချာ ရွေးချယ်ထားခဲ့သည်။
ကျောက်စိမ်းရိုင်းသံမဏိဓားပင်လျှင် ထိုကဲ့သို့ အထူရှိသည့် သံမဏိနံရံကို ပိုင်းဖြတ်ရာတွင် အခက်အခဲရှိပေလိမ့်မည်ဖြစ်သည်။
သို့တိုင် သူ့ဓားချီဖြင့် နံရံပေါ်တွင် ထိုကဲ့သို့ ကျဉ်းမြောင်းသည့် အက်ကြောင်းကို ချန်ထားခဲ့နိုင်သည်လော။
"ဒီသက်ရှိတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း ဓားချီက တကယ် ထက်လွန်းမနေဘူးလား”
ဝမ်ချောင်သည် သူ၏မှေးမှိန်နေသော ဓားကို တုန်လှုပ်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူသည် ထိုဓားချီကို ထုတ်လွှတ်ခဲ့သူဖြစ်သော်လည်း အခြေအနေသည် သူ့အတွက် ယုံရခက်ဖြစ်နေခဲ့သည်။
ရှီးးးး
ရုတ်တရက်အတွေးတစ်ခုသည် ဝမ်ချောင်ကို ရိုက်ခတ်သွားခဲ့ကာ သူသည် ရုတ်ခြည်းသူ့ခေါင်းကို မော့လိုက်သည်။ အတွေးများမနေတော့ဘဲ သူသည် လှည့်လိုက်ပြီး ဓားကိုလွှဲလိုက်သည်။
ရှီးး
တောက်ပသော အခြားအလင်းရောင်တစ်ခုသည် ထွက်ပေါ်လာခဲ့ကာ ထူထဲသည့်နံရံထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။
ဝမ်ချောင်သည် တခဏတာစောင့်နေခဲ့သည်။ သို့သော် အလင်းတန်းပါးပါးလေးမှလွဲ၍ အခန်းတစ်ခုလုံး မည်းမှောင်နေခဲ့သည်။
"ဒါက... ငါများမှားတာလား။ အဲဒီအက်ကြောင်းက ငါ့ဓားချီကြောင့် ပေါ်လာတာမဟုတ်ဘူးလား” အံ့ဩသွားခဲ့ကာ ဝမ်ချောင်သည် သူ့ကိုယ်သူ မသေချာမရေရာဖြစ်သွားသည်။
ဤအရာအားလုံးသည် သက်ဆိုင်မှုသက်သက်လော။
ဝမြးးးး
ဝမ်ချောင် တွေးတောနေစဉ်မှာပင် သေးငယ်သောအလင်းတန်းတစ်ခုသည် ရုတ်ခြည်းနံရံကို ထိုးဖောက်သွားခဲ့ကာ အခန်းထဲတွင် တောက်ပလာခဲ့သည်။
သေးငယ်သည့် အလင်းတန်းနှစ်ခု တစ်ခုသည် သူ့ဘယ်ဘက်တွင်ရှိပြီး နောက်တစ်ခုသည် သူ့ညာဘက်တွင်ရှိကာ တစ်ခုကိုတစ်ခု ဖြတ်နေခဲ့ပြီး တစ်ခုစီသည် ထင်ရှားသော မြင်ကွင်းကို ဖန်တီးနေသည်။
အမှန်ပင်။ ထိုသည်မှာ သက်ရှိများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းပညာရပ်၏ ဓားချီ ဖြစ်ပေသည်။ နံရံပေါ်ရှိ သေးငယ်သည့် အလင်းတန်းနှစ်ခုကို ကြည့်လိုက်ကာ ဝမ်ချောင် တွေးလိုက်သည်။ သူသည် သူ့ထင်မြင်ချက်ကို အတည်ပြုခဲ့ပြီးဖြစ်သော်လည်း လက်ရှိတွင် ဝမ်ချောင်အတွက် ထိုသည်မှာ မယုံနိုင်စရာကောင်းလောက်အောင် လက်ခံရန်ခက်ခဲနေပေသည်။
*အကြီးအကဲစုရဲ့ သက်ရှိများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းဓားချီဟာ အလွန်ထက်ရှတာကို တွေးကြည့်လိုက်ရင်... ငါဟာ ဓားချီရဲ့အခြေခံအကျဆုံးအဆင့်ကို ကျင့်ကြံနိုင်ရုံသာရှိသေးပေမဲ့ တစ်ချီထူတဲ့ သံမဏိကို ပိုင်းဖြတ်နိုင်နေပြီ။ တကယ်လို့ ငါသာ ဒီအခြေခံအကျဆုံးနည်းစနစ်(formula-ပုံသေနည်း) ကို ကျွမ်းကျင်ခဲ့ရင် ငါ့ရဲ့ဓားချီက ဘယ်လောက်အထိကြောက်ဖို့ကောင်းသွားမလဲဆိုတာ တွေးကြည့်လို့မရလောက်တော့ဘူး၊ အဲတုန်းက မြို့တော်မှာ အကြီးအကဲစုက သူ့တစ်ကိုယ်တည်းစွမ်းအားနဲ့ မရေမတွက်နိုင်တဲ့ တိုင်းတစ်ပါးသားမြင်းစစ်သည်တွေကို သတ်ဖြတ်နိုင်ခဲ့တာ အံ့ဩစရာမဟုတ်တော့ဘူးပဲ*
ဝမ်ချောင်သည် သူ့နှလုံးသားထဲမှ စုကျန်းချန်ကို ရိုသေလေးစားလျက် သက်ပြင်းရှိုက်လိုက်မိသည်။
ဤသည်မှာ 'နတ်ဘုရားများနှင့် နတ်ဆိုးများကို သုတ်သင်ခြင်းပညာရပ်' ၏ စွမ်းအားကို သူပထမဆုံး မြင်တွေ့ဖူးခြင်းပင် ဖြစ်သည်။ ထို့အပြင် စုကျန်းချန်၏ ဖော်ပြချက်သက်သက်မဟုတ်ဘဲ သူကိုယ်တိုင် ကြုံတွေ့ရခြင်းဖြစ်သည်။
တစ်ခဏအတွင်း သူ့ယခင်ဘဝမှ အဖြစ်အပျက်များစွာကို ပြန်လည်အမှတ်ရလျက် ဝမ်ချောင်၏ စိတ်ထဲတွင် အတွေးများစွာ ဖြတ်သန်းသွားခဲ့သည်။
ထိုအချိန်တုန်းက ပေါ်လာသည့် တိုင်းတစ်ပါးသား သံချပ်ကာယန္တရားတပ်သားများသည် သန်မာသည်သာမက သူတို့၏ ခုခံကာကွယ်နိုင်စွမ်းသည်လည်း ကြောက်ခမန်းလိလိအဆင့် သို့ရောက်ရှိနေခဲ့သည်။
စစ်မြေပြင်၏ ထုံးတမ်းစဉ်လာများသည် သူတို့အပေါ်သက်ရောက်ပုံမပေါ်ပေ။ သူတို့ကို ဓားများဖြင့် ထိုးသွင်းခဲ့လျှင်ပင် သူတို့သည် ပြဿနာမရှိဘဲ လှုပ်ရှားနိုင်ကြသေးသည်။
သူတို့သည် လူသားတစ်ဦးကို အကြိမ်များစွာ သေဆုံးစေနိုင်သော သိုင်းပညာရပ်များ၏ ဖျက်ဆီးခြင်းမှပင် အသက်ရှင်နိုင်ကြသည်။ နှစ်ဖက်စလုံး၏ ခုခံကာကွယ်မှုနှင့် ခံနိုင်ရည်ရှိမှုတို့သည် ရိုးရှင်းစွာဖြင့်ပင် တူညီသည့်အဆင့်၌ ရှိမနေခဲ့ပေ။
ထို့အတွက်ကြောင့် လူသားများသည် ကပ်ဘေးတွင် ဆုံးရှုံးမှုများစွာ ခံစားခဲ့ရပြီး မဟာထန်နှင့် အခြားတိုင်းပြည်များရှိ ထင်ရှားကျော်ကြားသော ကျွမ်းကျင်သူများစွာတို့သည် သူတို့နှင့် ရင်ဆိုင်ခဲ့ရပြီးနောက် သေဆုံးသွားခဲ့ကြသည်။
လတ်ဆတ်သည့်သွေးများနှင့် သေခြင်းတရားတို့သည် မကြာမီ ဤကျူးကျော်သူများ၏ အမည်နာမကို တုပခဲ့ကြသော်လည်း သူတို့၏ ကြောက်မက်ဖွယ်ကောင်းသည့် ဂုဏ်သတင်းသည်ပင် သူတို့၏ အစစ်အမှန် စွမ်းအားများကို နှိုင်းယှဉ်ရန် ကျရှုံးခဲ့ရသည်။ လူသားများသည် အမှန်ပင် သူတို့ကို ဆန့်ကျင်ရပ်တည်နိုင်ရန် နည်းလမ်းမရှိခဲ့ပေ။
ဝမ်ချောင်သည် တစ်ခါက တစ်ထောင်သာရှိသော တိုင်းတစ်ပါးသံချပ်ကာယန္တရားတပ်သားများသည် လူသားစစ်သည်တစ်သောင်းကို အမြစ်ပြတ်ချေမှုန်းခဲ့သည့်မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရသည်။
ဝမ်ချောင် လေ့ကျင့်ပေးထားသော စစ်တပ်သည်ပင် တပ်ဖွဲ့ဝင်များအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြင့်ကာ တိုက်ပွဲစွမ်းရည်ကို အဆုံးစွန်ဖြစ်သည်အထိ ပူးပေါင်းဆောင်ရွက်ခဲ့သည့်တိုင် သူတို့နှင့် တိုက်ခိုက်နိုင်ရုံသာတိုက်ခိုက်နိုင်ခဲ့သည်။
အဖွဲ့လိုက်လုပ်ဆောင်ခြင်း။ ထိုသည်မှာ သူတို့ကိုကျော်လွှားရန် လူသားများပိုင်ဆိုင်သည့် အကြီးမားဆုံးသောလက်နက် ဖြစ်နိုင်သည်။
သို့သော် ထိုကဲ့သို့အခြေအနေအောက်တွင် စုကျန်းချန်သည် တိုင်းတစ်ပါး သံချပ်ကာယန္တရားတပ်သား တစ်သောင်းနီးပါးကို တစ်ကိုယ်တည်းစွမ်းအားဖြင့် သတ်ဖြတ်နိုင်ခဲ့သည်။
ဝမ်ချောင်သည် ဤအကြောင်းကို ပထမဆုံးအကြိမ်ကြားသည်တွင် စုကျန်းချန်မှာ အံ့မခမ်းဖြစ်သည် ဟု တွေးလိုက်မိသည်။ တစ်ဖက်လူ၏ အစစ်အမှန်ခွန်အားသည် မည်မျှအထိရှိသလဲဆိုသည်မှာ သူ့အတွက် မသိနိုင်သောအရာတစ်ခုအဖြစ် ကျန်ရှိနေဆဲဖြစ်သည်။
စုကျန်းချန်နှင့် အတူရှိခဲ့သည့် လွန်ခဲ့သည့်သုံးလတွင် ဝမ်ချောင်သည် တစ်ဖက်လူအကြောင်းကို များစွာသိရှိခဲ့သည်။ သူသည် ခေါင်းမာကာ ဆုံးဖြတ်ချက်ပြတ်သားသူတစ်ဦးဖြစ်သည်။ သူသည် သွေးသားတော်စပ်ခြင်းကို တန်ဖိုးထားကာ ဤသည်က သူ့ကို ပူပန်သောကရောက်စေခဲ့ပြီး သူ့သေဆုံးခြင်းတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့သည်။ နိဂုံးချုပ်ရသော် သူသည် မပျော်ရွှင်ခဲ့သည့် လူအိုကြီးတစ်ဦးဖြစ်သည်။
သို့သော်လည်း တစ်ဖက်လူထံမှ သူသေချာမသိခဲ့သည့်အရာမှာ တစ်ဖက်လူ၏ ခွန်အားပင်ဖြစ်သည်။ သူတို့နှုတ်ဆက်ခဲ့သည့်အချိန်၌ပင် တစ်ဖက်လူသည် သူ့ခွန်အားကို မထင်မရှားသာ ဖော်ပြခဲ့သည်။
ထို့ကြောင့် ဤသည်မှာ ဝမ်ချောင်သည် အစစ်အမှန်စုကျန်းချန်နှင့် 'နတ်ဘုရားများနှင့် နတ်ဆိုးများကို သတ်ဖြတ်ခြင်းပညာရပ်' ဟု သိကြသော ရေခဲမြစ်အောက်တွင် ရှိနေသည့်အရာကို ပထမဆုံးအကြိမ် ကြည့်ရှု့မိခြင်းပင်ဖြစ်သည်။
ထိုအချိန်က မြို့တော်တွင် ကျဆုံးသွားခဲ့ကြသည့် တိုင်းတစ်ပါးသံချပ်ကာယန္တရားတပ်သားများသည် သေချာပေါက်သနားစရာကောင်းစွာ သေဆုံးသွားရပေလိမ့်မည်ဟု ဝမ်ချောင် တွေးလိုက်မိသည်။
နတ်ဘုရားများနှင့် နတ်ဆိုးများကို သတ်ဖြတ်ခြင်းပညာရပ်၏ စွမ်းအားအရ ထိုတိုင်းတစ်ပါးသံချပ်ကာယန္တရားတပ်သားများသည် သူတို့ကိုယ်ပေါ်တွင်အပေါက်များစွာဖြင့် အဆုံးသတ်သွားရမည်မှာ ဝမ်ချောင် သေချာပေသည်။ ဤကဲ့သို့သော အခြေအနေအောက်တွင် သူတို့၏ ခန္ဓာကိုယ်သည် မည်မျှကြံ့ခိုင်ပြီး သိပ်သည်းကျစ်လျစ်နေပါစေ သူတို့ကို စောင့်နေသည့်အရာမှာ သေခြင်းတရားသာဖြစ်သည်။
"နတ်ဘုရားများနှင့် နတ်ဆိုးများကို သုတ်သင်ခြင်းမပညာရပ်၊ အလယ်ပိုင်းလွင်ပြင်ဒေသမှာ အားအကောင်းဆုံး ဓားပညာရပ်ဆိုသလိုပဲ။ အစစ်အမှန်သိုင်းပညာနယ်ပယ် ကျွမ်းကျင်သူတွေနဲ့ မျက်နှာချင်းဆိုင်တွေ့ရရင်တောင် သူတို့ဝန်းကျင်မှာ ကာကွယ်ထားတဲ့ ချီအလွှာတွေကို ဖြတ်သန်းပြီး ဒဏ်ရာရစေနိုင်မယ် လို့ ငါအခုယုံကြည်မှုရှိပြီ”
ရုတ်တရက် ဝမ်ချောင်သည် စုကျန်းချန် သူ့ကိုပေးခဲ့သော သက်ရှိများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းပညာရပ်သည် နတ်ဘုရားများနှင့်နတ်ဆိုးများကို သုတ်သင်ခြင်းပညာရပ်၏ အခြေခံနည်းစနစ် ဖြစ်သည်ဆိုသည်ကို သေချာလာခဲ့သည်။
ဤအန္တိမနည်းစနစ်၏ စွမ်းအားသည် သူစိတ်ကူးထားသည်ထက် ပိုနေခဲ့သည်။ ဤအရာနှင့်ဆိုလျှင် သူသည် သူ့အစီအစဉ်များကို အကောက်အထည်ဖော်ရန် ယုံကြည်ချက်ရှိပြီဖြစ်သည်။
ထို့ကြောင့် နောက်ရက်အနည်းငယ်အတွင်း ဝမ်ချောင်သည် ဘာမျှမလုပ်ခဲ့ပေ။ သူသည် သူ့အချိန်များကို မှောင်မဲနေသည့်အခန်းငယ်၏ နံရံနောက်၌သာ ဓားချီကို အားဖြည့်ရင်း ကုန်ဆုံးစေခဲ့သည်။
သက်ရှိများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းပညာရပ်ကို ကျင့်ကြံရသည့်နည်းလမ်းသည် သမာရိုးကျသိုင်းပညာရပ်များနှင့် အလွန်ကွဲပြားလှသည်။
သူပြုလုပ်ရမည့်ပထမဆုံးအရာမှာ စုဒြာထဲရှိ နည်းလမ်းမှတဆင့် သူ၏မရီတန်းများကို ဖြတ်သန်းကာ သူ့မူလစွမ်းအင်ကို စီးဆင်းစေပြီး ထိုသည်ကို အဆက်မပြတ်ဖိသိပ်ကာ စုစည်းရမည်၊ သိပ်သည်းရမည်၊ ကြံ့ခိုင်အောင်ပြုလုပ်ရမည်ဖြစ်သည်။ (မူလစွမ်းအင်ကို မရီတန်းကနေ နည်းစနစ်ထဲကအတိုင်း စီးဆင်းစေပြီး စုစည်းရမယ်၊ ဖိသိပ်ရမယ် ပြီးတော့ ကြံ့ခိုင်မာကျောစေရမယ်)
သူသည် ထိုအရာကို နောက်ဆုံးတွင် အဆုံးစွန်အထိဖိသိပ်ပြီးသည့်အချိန်တွင် ထိုအရာမှာ ငွေရောင်လေးသာ ကျန်နေခဲ့ချိန်တွင် သူ့မူလစွမ်းအင်သည် ထိုးဖောက်ကျော်လွှားကာ ဓားချီ ဖြစ်လာမည်ဖြစ်သည်။
ဤသည်မှာ အလွန်ငြီးငွေ့ဖွယ်ကောင်းပြီး ခက်ခဲသည့် ဖြစ်စဉ်ဖြစ်သည်။
သို့သော် ဓားချီဖွဲ့တည်ပြီးနောက် လိုက်လာသည့်အရာမှာ ပို၍ပင်အရေးကြီးသေးသည်။ မူလစွမ်းအင်ကို အဆုံးစွန်ဖိသိပ်ကာ ဓားချီအဖြစ်ပြောင်းလဲပြီးနောက် သူ နောက်ထပ်လုပ်ရမည့်အရာမှာ ဓားချီနှင့် ဓားဆန္ဒကို မွေးမြူ၍ ဖြည်းဖြည်းချင်း သန်မာကြီးထွားလာစေရမည်ဖြစ်သည်။
ဤဖြစ်စဉ်သည် ယခင်ဖြစ်စဉ်ထက်ပင် ပို၍လက်ခဲသေးသည်။ ဓားချီ သို့မဟုတ် ဓားဆန္ဒကို မွေးမြူနေချိန်အတောအတွင်းတွင် စိတ်အာရုံသည် အနည်းငယ်မျှပင် လွင့်သွား၍မရပေ။
အချိန်သည် ဖြည်းညင်းစွာကုန်ဆုံးသွားခဲ့သည်။ ဝမ်ချောင်၏ သူ့ဓားဆန္ဒကို ကျင့်ကြံခြင်းသည် နေ့တိုင်း တိုးတက်လာခဲ့သည်။ ကနဦးငွေရောင်သည် နှစ်ဆဖြစ်လာခဲ့ကာ ပိုပို၍ကြီးထွားလာခဲ့သည်။
ဓားချီကျင့်ကြံခြင်းသည် အတွင်းအားကျင့်ကြံခြင်းမှ သီးခြားဖြစ်သော်လည်း ဝမ်ချောင်သည် နေ့စဥ်ဖြတ်သန်းလာသည်နှင့်အမျှ သူ၏ကျင့်ကြံခြင်းသည် တိုးတက်လာသည်ကို အာရုံခံစားနိုင်သည်။
ဝမ်ချောင်၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းဓားချီသည် ပြုတ်တူအရွယ်အစားသို့ ရောက်လာသောအခါ သူ့တိုးတက်မှုသည် ဖြည်းဖြည်းချင်း နှေးကွေးသွားသည်ကို သူခံစားလိုက်နိုင်သည်။
ထိုခံစားချက်မှာ သူနှင့် စိမ်းကားခြင်းမရှိပေ။ ထိုသည်မှာ ပိတ်ဆို့ခြင်းဖြစ်သည်။
"မူလစွမ်းအင်အဆင့် ၇ မှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းဓားချီကို ဒီအထိပဲသွားလို့ရပုံပေါ်တယ်။ တကယ်လို့ ပိုပြီးတိုးတက်ချင်ရင် မူလစွမ်းအင် အဆင့် ၈ ကို အရင်ရောက်မှရမယ်”
အမှောင်ခန်းထဲတွင် ဓားချီတစ်လှိုင်းသည် သူ့လက်ထဲရှိ ဓားကို ဖုံးလွှမ်းရန် သူ့လက်ထဲမှ ဖြည်းဖြည်းချင်းထွက်လာခဲ့သည်။ ဓားချီမှာ အလွန်တောက်ပကာ နေ၏အလင်းရောင်သည်ပင် မှေးမှိန်သွားပုံပေါ်သည်။
ဖြစ်နိုင်သည်မှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၏ ဓားချီကိုအသုံးပြုနေချိန်တွင် ဝမ်ချောင်သည်သာလျှင် အားကောင်းသည့်ဓားချီကို မူလစွမ်းအင်နယ်ပယ်တွင် ပိုင်ဆိုင်နိုင်ပုံရသည်။
ရှီးးး
ဝမ်ချောင်သည် နံရံတလျှောက် သူ့ဓားကို လွှဲယမ်းလိုက်သည်တွင် တိုဟူးကို ပိုင်းဖြတ်လိုက်ရသကဲ့သို့ နံရံပေါ်တွင် ချက်ချင်းသတ္တုလွှာတစ်ခု ဖြစ်ပေါ်လာသည်။
*ငါရဲ့ကျင့်ကြံခြင်းက ပြီးသွားပြီမို့ အခုပဲ အပြင်ကို ထွက်လိုက်တော့မယ်*
မည်းမှောင်သည့် အခန်းထဲတွင် နောက်ထပ်နှစ်ရက်နေပြီးနောက် ဝမ်ချောင်သည် အဆောက်အဦမှ ထွက်ခွာလိုက်သည်။ ထို့နောက် အတိအကျပင် ဝမ်ချောင်ဆီသို့ ဧည့်သည်တစ်ယောက်လာရောက်လည်ပတ်သည်။
ရက်နှစ်ဆယ်ကြာစောင့်ပြီးနောက် ယန်ကျိုးသည် ထိုင်မနေနိုင်တော့ပေ။ သို့သော် ဦးကြီးဝမ်ကန်းကို ရှာရမည့်အစား ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းသို့ လာကာ ဝမ်ချောင်ကို လာရှာခဲ့သည်။
ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းသည် တင်းကျပ်သည့် စည်းကမ်းများဖြင့် အုပ်ချုပ်သည့်နေရာဖြစ်ပြီး ဝမ်ချောင်၏ ဦးကြီးသည်ပင် ဝမ်ချောင်ကို တွေ့ဆုံရန် စာတစ်စောင်ပေးပို့၍ ခိုးထွက်လာစေခဲ့ရသည်။
သို့သော် ယန်ကျိုးသည်တော့ မတူပေ။
ကြင်ယာတော်ထိုက်ကျန်းမှ ပညာရှင်ဧကရာဇ်ထံ တောင်းဆိုထားသော တံဆိပ်ကို ယူဆောင်ပြီး ပညာရှင်ဧကရာဇ် ကိုယ်စား ကျဆုံးသွားသော တပ်သားများကို အရိုအသေပြုရန်ဟူသည့် အကြောင်းပြချက်ကို အသုံးပြုကာ ဝမ်ချောင်ကို ရှာရင်း ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းသို့ မျက်နှာပြောင်တိုက်၍ ဝင်လာခဲ့သည်။
--------------
******
pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်
Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်
အပိုင်း ၂၃၃။ ယန်ကျိုးရောက်လာခြင်း
ခွန်းဝူလေ့ကျင့်ရေးစစ်စခန်း၏ အဓိကတောင်ထွတ်ပေါ်တွင်...
ယန်ကျိုးသည် အဖြူရောင်၀တ်ရုံကို ၀တ်ဆင်ထားပြီး သူ့ခေါင်းပေါ်တွင် အနက်ရောင် ဦးရစ်တန်ဆာကို ဆောင်ထားသည်။ သူ့ခေါင်းကို မြှင့်ထားကာ သူ့ရင်ဘတ်သည် ပွယောင်းယောင်းဖြစ်နေသည်။ ကောင်းမွန်စွာ ဝတ်ဆင်ထားသော ဘုရင့်အမှတ်အသားပါ ဘုရင်အိမ်တော်ထိန်း လေးဦးသည် သူနှင့်အတူ လိုက်ပါလာခဲ့သည်။ ဤသည်က သူ့ကို ပို၍ ကြီးကျယ်ခမ်းနားသွားစေသည်။
လေပြေလေအေးသည် တောင်ထိပ်တွင် ဖြတ်သန်း တိုက်ခတ်လာပြီး ယန်ကျိုး၏ ဝတ်ရုံသည် လေထဲတွင် ကခုန်နေသည်။
မြို့တော်သို့ဝင်ရောက်ပြီး လအနည်းငယ်အကြာတွင် ယန်ကျိုးသည် ပညာရှိတစ်ဦး၏ ကိုယ်နေဟန်ထားကို မည်သို့ထုတ်ဖော်ရမည်ဆိုသည်ကို လေ့လာခဲ့ပြီးဖြစ်သည်။
အကယ်၍ လူတစ်ဦးသည် အမှန်တရားကို မသိရှိဘဲ ယန်ကျိုးကို အပေါ်ယံသာ ကြည့်ပါက ပညာရှိတစ်ဦးအဖြစ် မှတ်ယူမည်ဖြစ်ကာ သူ့ကို လေးစားမှုအချို့ ပြသကြပေလိမ့်မည်ဖြစ်သည်။
ဝမ်ချောင်သည် ယန်ကျိုး၏နောက်ခံကို သိရှိထားခဲ့ကာ သူ၏အနိမ့်ကျဆုံးအခိုက်အတန့်ကို မြင်တွေ့ခဲ့ရသည်။ သို့ဆိုလျှင်ပင် ယန်ကျိုး၏ ထိုပုံစံကို မြင်လိုက်ရချိန်တွင် သူသည် တစ်ဖက်လူ၏ အလိုက်သင့် ပြောင်းလဲနိုင်သည့် စွမ်းရည်ကို မလေးစားဘဲ မနေနိုင်တော့ချေ။
သူ၏စွမ်းရည်များကို ယခုအချိန်တွင် ဘေးဖယ်ထားလိုက်လျှင်ပင် သူ၏ "လေ့လာမှု" တွင် လုံ့လစိုက်ထုတ်ခြင်းသည် ချီးကျူးရန် ထိုက်တန်ပေသည်။ အားလုံးပြီးနောက် လူတိုင်းသည် နှစ်လ၊ သုံးလတည်းဖြင့် ပညာရှိတစ်ဦး၏ ကိုယ်နေဟန်ထားကို ထုတ်ဖော်နိုင်လိမ့်မည်မဟုတ်ပေ။
ဤတော်ဝင်ဦးရီးတော်သည် တော်ဝင်ရုံးတော်အရာရှိများနှင့် အဆင်ပြေနေသည်ဟု ကောလဟာလများ ရှိခဲ့သည်။
သူသည် အဖတ်ဆယ်၍ မရလောက်အောင် လောင်းကစားလုပ်သူ ဖြစ်သော်လည်း အချိန်တိုအတွင်း ဤကဲ့သို့ ပြောင်းလဲမှုများစွာ ပြုလုပ်နိုင်သောကြောင့် သူ့ကိုလည်း ပါရမီရှင်တစ်ဦးအဖြစ် စဉ်းစားနိုင်ပေသည်။ ဝမ်ချောင်တွေးလိုက်သည်။
ယန်ကျိုးသည် နိမ့်ကျစွာ မွေးဖွားလာခဲ့သော်ငြားလည်း ယခုကဲ့သို့ မြင့်မားသည့် အမြင့်သို့ တက်လှမ်းနိုင်ခဲ့သည်မှာ အကြောင်းပြချက် မရှိပေ။ ဝမ်ချောင်အမြင်တွင် ဤအမြင်တစ်ခုတည်းကပင် အကြောင်းအရာများစွာကို ပြောပြရန် လုံလောက်ပေသည်။
သူ့ကိုယ်သူ တည်ငြိမ်စေလိုက်ကာ နည်းပြဆရာတစ်ဦး၏ ဦးဆောင်မှုအောက်တွင် ဝမ်ချောင်သည် မကြာမီ ယန်ကျိုးရှေ့သို့ ရောက်လာခဲ့သည်။ ထိုလူသည် လက်ရှိတွင် “ကောင်းကင်ကိုယ်စား စစ်ဆေးရန် လာခြင်း” ဖြစ်သောကြောင့် တွေ့ဆုံခြင်းကို ငြင်းပယ်ရန် အခွင့်အရေး သူ့တွင်မရှိပေ။
ဝမြးးး
ကျောက်တုံးကြီး၏ ထိပ်တွင်ရပ်ကာ ယန်ကျိုးသည် သူ့နောက်မှ အသံတချို့ကို ကြားလိုက်ကာ လှည့်လိုက်သည်။
"ဟားဟား ဝမ်ချောင် ငါတို့နောက်ဆုံးတွေ့ခဲ့တာ အချိန်အတော်ကြာပြီ"
ဝမ်ချောင်ကို မြင်သည်တွင် ယန်ကျိုး၏ နဖူးကြောများ ချက်ချင်း ပြေလျော့သွားခဲ့ကာ အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။ ကျောက်တုံးကြီးပေါ်မှ ခုန်ချကာ သူသည် လျင်လျင်မြန်မြန်ဖြင့် စိတ်အားထက်သန်စွာ လျှောက်လာလိုက်သည်။
"လူကြီးမင်းယန်"
ဝမ်ချောင်သည် သူ့ကို အပြုံးတစ်ခုဖြင့်နှုတ်ဆက်လိုက်သည်။
"ကျစ်... ကျစ် ဝမ်ချောင် ငါတို့နောက်ဆုံးတွေ့ခဲ့တာ တစ်လပဲရှိသေးတယ် ဒါပေမဲ့ မင်းက အရင်နဲ့ အရမ်းကွာခြားသွားတာ သေချာတယ်"
ယန်ကျိုးသည် ဝမ်ချောင်ကို ခေါင်းစခြေဆုံး အကဲခတ်လိုက်ကာ ဝမ်ချောင်၏ ကိုယ်နေဟန်ထားသည် ပြောင်းလဲသွားကြောင်း ချက်ချင်း သတိပြုလိုက်မိသည်။ အံ့အားသင့်နေသည့် ပုံစံသည် သူ့မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။
"ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းက တကယ့်ကို လူတစ်ဦးကို တောက်ပြောင်သွားစေတာပဲ။ ငါမင်းကို တကယ်ပဲ မမှတ်မိခဲ့ဘူး”
ဤသည်မှာ ယန်ကျိုးသည် မျက်ကန်းချီးမွမ်းခြင်းမျှသာ မဟုတ်ပေ။
အတိတ်တွင် ဝမ်ချောင်သည် စွမ်းရည်များရှိသော်လည်း သူသည် အတွေ့အကြုံ မရင့်ကျက်သေးသည့် ကလေးငယ်တစ်ဦးကဲ့သို့ပင် ထင်ရသည်။ သို့သော် ယခုတွင် အကြိမ်ကြိမ်အခါခါ အသုံးပြုထားသော ဓားအိမ်မှ ထုတ်လိုက်သည့်ဓားကဲ့သို့ ထက်မြိလှသည်။ မည်သူမျှ သူ့ကို အထင်သေးရဲတော့မှာ မဟုတ်ပေ။
ဤကဲ့သို့ လဝက်အတွင်း ကြီးမားသော ပြောင်းလဲမှုကြောင့် ယန်ကျိုးအံ့အားသင့်သွားခဲ့သည်မှာ အံ့ဩစရာ မဟုတ်ပေ။
"လူကြီးမင်းယန်က မြှောက်ပင့်လွန်းနေပါပြီ။ ကျွန်တော်က ဒီလိုပဲ မဟုတ်ဘူးလား။ ဘာတွေ ဘယ်လိုပြောင်းလဲသွားလို့လဲ”
ဝမ်ချောင်သည် ဤကိစ္စကို ငြင်းဆိုလျက် ရယ်မောလိုက်သည်။ ဤသည်မှာ ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းတွင် လေ့ကျင့်ခြင်းကြောင့် မဟုတ်ကြောင်း သူသိသည်။ ဤသည်မှာ စုကျန်းချန် ကျင့်ကြံသည့် သက်ရှိများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းပညာရပ်မှ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းဓားချီ၏ လွှမ်းမိုးမှုကြောင့်ဖြစ်သည်။
သို့သော် ဝမ်ချောင်သည် ဤကိစ္စကို ထုတ်ပြောမည်မဟုတ်ပေ။
"ဟဲဟဲ မင်းက အဲဒါကို သတိမထားမိပေမဲ့ ငါတို့ ကျန်တဲ့လူတွေအတွက်တော့ ထင်ရှားပါတယ်”
ယန်ကျိုးသည် ဝမ်ချောင်ကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
"အမ် ရပါပြီ။ မင်းတို့အားလုံးသွားလို့ရပြီ။ ငါ ဝမ်သခင်လေးနဲ့ လမ်းလျှောက်ထွက်လိုက်ဦးမယ်”
ယန်ကျိုးသည် ဝမ်ချောင်၏ ဘေးသို့ ရုတ်တရက် လျှောက်သွားလိုက်သည်။ သူသည် ဝမ်ချောင်ကို ခေါ်ဆောင်လာခဲ့သော နည်းပြဆရာနှင့် ဘုရင့်အိမ်တော်ထိန်း လေးဦးကို လက်ဝှေ့ယမ်းပြလိုက်သည်။
"ညီငယ်လေး ငါနဲ့လမ်းလျှောက်မထွက်ချင်ဘူးလား”
လူတိုင်းထွက်သွားပြီးနောက် ယန်ကျိုးသည် သူ့လက်ကို ဝမ်ချောင်ဆီသို့ ဆန့်တန်းရင်း ရုတ်တရက် ပြုံးလိုက်သည်။ အကယ်၍ တစ်စုံတစ်ယောက်သာ ဤနေရာ၌ ရှိနေပါက သူသည် အံ့ဩသွားပေလိမ့်မည်ဖြစ်သည်။ ကြင်ယာတော်ထိုက်ကျန်း၏ ဝမ်းကွဲသည် မြို့စားကြီးကျူးနှင့် သွေးသောက်ညီအစ်ကို ဖြစ်လာသည်ကို တွေးကြည့်လိုက်လျှင်။
"အစ်ကိုကြီး လမ်းပြပါ”
ယန်ကျိုး၏အခေါ်အဝေါ်တွင် ကွဲပြားမှုကို ကြားလိုက်ရလျှင် ဝမ်ချောင်သည် ပြုံးလိုက်ကာ ရှေ့သို့ လျှောက်သွားလိုက်သည်။ ဤသို့ဖြင့် နှစ်ယောက်သားသည် ဘေးချင်းယှဉ်၍ စတင် လမ်းလျှောက်လိုက်ကြသည်။
"အစ်ကိုကြီး ဒီကိုရောက်လာရတဲ့အကြောင်းအရင်းကို သိလို့ရမလား”
ဝမ်ချောင်သည် အဓိကအကြောင်းအရာကို တိုက်ရိုက်မေးလိုက်သည်။
"ဒါက...ပြောရရင်အရှည်ကြီးပဲ”
ယန်ကျိုးသည် ကျဉ်းထဲကျပ်ထဲရောက်နေသကဲ့သို့ တုံ့ဆိုင်းသွားခဲ့သည်။
"အမှန်အတိုင်းပြောရရင် မင်းကို တကယ်ပဲပြောစရာရှိတယ်”
"အိုး"
ဝမ်ချောင်သည် တစ်ဖက်လူကို လေးနက်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။ သို့သော် စိတ်ထဲတွင်တော့ ရယ်မောလိုက်သည်။ ယန်ကျိုးသည် ဦးကြီးက ဤနေရာသို့ လာသွားသည်ကို မသိသေးတာ ဖြစ်နိုင်သည်။
ဝမ်ချောင်သည် တော်ဝင်ရုံးတော်၏ အရေးကိစ္စများကို အလွန်ဂရုမစိုက်သော်လည်း ယန်ကျိုး ဤနေရာ၌ ပေါ်လာခြင်းက ဦးကြီး၏ ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်သည်။
ထိုသည်မှာ ကျန့်ချိုးကျင်းချိုသည် တော်ဝင်ရုံးတော်သို့ ဝင်ရောက်ခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍ အရေးကြီးသည့် အခိုက်အတန့်ဖြစ်နိုင်သည်။ သို့မဟုတ် ပို၍အတိအကျဆိုရလျှင် အခြေအနေသည် "သူတို့ကို မျက်နှာသာ" မပေးပုံရသည်။ ထိုသို့မဟုတ်လျှင် ယန်ကျိုးသည် ဒုက္ခခံပြီး ဤနေရာသို့ ခရီးထွက်လာလိမ့်မည်မဟုတ်ပေ။
ယန်ကျိုးသည် ဤကိစ္စနှင့် စပ်လျဉ်း၍ ကျန့်ချိုးကျင်းချိုထက်ပင် ပို၍ ပူပန်နေသည်မှာ ဖြစ်နိုင်သည်။ ဝမ်ချောင် တွေးလိုက်သည်။
"ညီငယ်လေးက တော်ဝင်ရုံးတော်ရဲ့ ကိစ္စရပ်တွေကို အာရုံစိုက်ထားလား။ တောင်ပိုင်းကာကွယ်ရေးတပ်ရဲ့ ကာကွယ်ရေးစစ်သူကြီး ကျန့်ချိုးကျင်းချိုက တော်ဝင်ရုံးတော်ထဲ ဝင်ရောက်ဖို့ ရည်ရွယ်နေတယ် ပြီးတော့ ဒီကိစ္စက အရာရှိတွေကြားထဲမှာ အုပ်အော်သောင်းတင်း ဖြစ်စေခဲ့တယ်။ မင်းကို အမှန်အတိုင်းပြောရရင် လူကြီးမင်းကျန့်ချိုးကျင်းချိုက ကျင်းနန်မှာတုန်းက ငါ့ကို ကူညီခဲ့တဲ့အချိန်တွေ အများကြီးရှိတယ် သူ့ကြောင့်မဟုတ်ရင် ငါ ကျင်းနန် တောင်ကြားလမ်းမှာ ငတ်ပြတ်ပြီး သေသွားနိုင်တယ်”
"ငါ့ကျေးဇူးရှင်က စစ်မှုထမ်းဌာနကို ဝင်ရောက်လိုတာကြောင့် ဒါဟာ ကျေးဇူးကြွေးကို ပြန်လည်ပေးဆပ်ဖို့ ငါ့အတွက်အခွင့်အရေးကောင်းပဲလို့ ခံစားရတယ်။ ကျန့်ချိုးကျင်းချိုဟာ ငါ့အသက်ကို ကယ်တင်ခဲ့တာကြောင့် ဒီတစ်ကြိမ်မှာ သူ့အိပ်မက်တွေကို ဖြည့်ဆည်းပေးချင်တယ်”
ယန်ကျိုးသည် အားကြိုးမာန်တက်ပြောလိုက်သည်။
သူ့အကြောင်း ကောင်းကောင်းမသိသူများသည် သူသည် အမှန်ပင် ကျေးဇူးကြွေးပြန်ဆပ်ချင်၍ဟု ထင်ကြပေလိမ့်မည်။ သို့သော် ဝမ်ချောင်သည်တော့ ဤကိစ္စတွင် ပါဝင်နေသည့် ရှုပ်ထွေးမှုကို သိပေသည်။
ယန်ကျိုး လာသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ သေချာသည့်အရာတစ်ခု ရှိသည်။ သူသည် သူ့ "လူ" ကျန့်ချိုးကျင်းချိုကို သူလျိုအဖြစ် တော်ဝင်ရုံးတော်ထဲသို့ ထည့်ထားရန် ဆုံးဖြတ်ချက် ချထားခဲ့ပြီးဖြစ်သည်။ ဤသို့ဖြင့် သူမြင့်တက်လာရန်အတွက် လမ်းခင်းပြီးဖြစ်ပေမည်။ နောက်ဆုံးတွင် ကျန့်ချိုးကျင်းချို မြင့်တက်လာမှုမှ အကျိုးအမြတ်အများဆုံးရမည်မှာ သူပင်ဖြစ်ပေလိမ့်မည်။
ကြင်ယာတော်ထိုက်ကျန်သည်လည်း ဤရည်ရွယ်ချက်မျိုး ရှိနိုင်လောက်သည်။ "ကြင်ယာတော်ထိုက်ကျန်းအဖြစ်အပျက်" တွင် သူမသည် မျက်နှာသာရ၍ အဆုံးသတ်သွားခဲ့သော်လည်း သူမသည် တော်ဝင်ရုံးတော်ထဲတွင် တစ်ကိုယ်တည်း ဖြစ်နေဆဲဖြစ်သည်။ သူမကိုယ်သူမ ကာကွယ်ရန် အထူးသဖြင့် တော်ဝင်ရုံးတော်ထဲတွင် ပုန်းကွယ်နေသော ခြိမ်းခြောက်မှုများကို နောက်ဆုံးတွင် နားလည်သွားပြီးနောက် သူမသည် သူ့ရည်မှန်းချက်များတွင် ကျန့်ချိုးကျင်းချိုထက် စိတ်အားထက်သန်မှုနည်းပါးလိမ့်မည် မဟုတ်သည်မှာ ဖြစ်နိုင်သည်။
"အစ်ကိုကြီးက ကျွန်တော့်ကို ဘာလုပ်စေချင်လို့လဲ”
ဝမ်ချောင်သည် ယန်ကျိုးနှင့်အတူ တောင်အောက်သို့ လမ်းလျှောက်ဆင်းရင်း မေးလိုက်သည်။
"ညီငယ်လေး မင်းရဲ့ဦးကြီးက ဩဇာရှိအရာရှိတစ်ဦးဆိုတာ ငါသိတယ် ပြီးတော့ ဝမ်မျိုးနွယ်စုကလည်း တော်ဝင်ရုံးတော်ထဲမှာ ပြောရေးဆိုခွင့်ကြီးကြီးမားမားကိုပိုင်ဆိုင်ထားတယ်။ ငါ့ရဲ့ ဒီတောင်းဆိုမှုက လွန်တာကို ငါသိပါတယ် ဒါပေမဲ့ ငါ လူကြီးမင်းကျန့်ချိုးကို အမှန်တကယ် ကျေးဇူးကြွေးတင်နေခဲ့တာပါ။ ဒါကြောင့် မင်းကို ဖြစ်နိုင်မယ်ဆိုရင်..ရင်.. မင်းရဲ့ဦးကြီးကို မေးပေးဖို့..ဖို့.."
စကားဆုံးခါနီးတွင် ယန်ကျိုးသည် ဝိရောဓိ ဖြစ်သွားပုံရသည်။ သူ့စကားလုံးများသည် သူ့နှုတ်မှ ထွက်ရန် ငြင်းဆန်နေခဲ့သည်။
"ကောင်းပြီ"
သို့သော် ယန်ကျိုးစကားမဆုံးမီ ဝမ်ချောင်သည် ပြုံးလိုက်ကာ သဘောတူကြောင်းပြောလိုက်သည်။
"အာ"
ယန်ကျိုး ကြက်သေသေသွားခဲ့သည်။
"ကောင်း ကောင်းပြီ ဟုတ်လား။ ညီငယ်လေး ငါမင်းကို ဘာလုပ်ခိုင်းမလဲဆိုတာ သိနေတာလား”
"ခင်ဗျား ကျွန်တော့်ကို တော်ဝင်ရုံးတော်မှာ ကျန့်ချိုးကျင်းချိုကို ထောက်ခံပေးဖို့ ဦးကြီးကို တိုက်တွန်းခိုင်းစေချင်တာမလား”
ဝမ်ချောင် ပြန်ဖြေလိုက်သည်။
ယန်ကျိုးသည် ဝမ်ချောင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်သည်။ တစ်ဖက်လူ၏ တုံ့ပြန်ချက်သည် သူ့ကို ရှုပ်ထွေးသွားစေသည်။ သူသည် တစ်ဖက်လူကို ကျန့်ချိုးကျင်းချိုအား ထောက်ခံပေးဖို့ သူ့ဦးကြီးကို တိုက်တွန်းပေးရန် ဖျောင်းဖျသည့်ကိစ္စမှာ လွယ်ကူလိမ့်မည်မဟုတ်ဟု ထင်ထားခဲ့သည်။ ဆိုရလျှင် ဤတောင်းဆိုချက်သည် အတော်လေး လွန်လွန်းနေသည်။
ထို့ကြောင့် ယန်ကျိုးသည် တစ်ဖက်လူကို ဖျောင်းဖျရန်အတွက် အရာများစွာ ပြင်ဆင်လာခဲ့သည်။ ဤကဲ့သို့ သူသည် ဘာတစ်ခုမျှပင် ထုတ်မသုံးလိုက်ရဘဲ ပြီးဆုံးသွားမည်ဟု မမျှော်လင့်ထားပေ။ အမှန်တွင် သူသည် ဝမ်ချောင်ကို တောင်းဆိုရာတွင် စကားဆုံးအောင်ပင် မပြောလိုက်ရပေ။
သူသည် သတိပြန်ကပ်သည့်အချိန်တွင် အလွန်ပျော်ရွှင်သွားခဲ့ကာ မည်သို့တုံ့ပြန်ရမည်လဲ မသိတော့ပေ။
"ညီငယ်လေး မင်း ဒါကိုလုပ်ဖို့ တကယ်ပဲ သဘောတူလိုက်တာလား”
ယန်ကျိုးသည် သူယခုလေးတင် ကြားခဲ့ရသည့်အရာကို မယုံကြည်နိုင်ဖြစ်နေသေးသည်။
"အင်း"
ဝမ်ချောင် ခေါင်းညိတ်လိုက်သည်။
ဦးကြီးသည် ယန်ကျိုးက သူ့ကို လာရှာလိမ့်မည်ဟု ပြောခဲ့သည်။ ကျန့်ချိုးကျင်းချိုးသည် တော်ဝင်ရုံးတော်ထဲသို့ မဝင်ရောက်မီ အချိန်သာ လိုသောကြောင့် သူသည်လည်း ကျန်းချိုးကျင်းချိုဆီမှ မျက်နှာသာပေးမှုကို အဆင်သင့်ဖြစ်စွာ ရယူရန် သဘောတူရပေလိမ့်မည်ဖြစ်သည်။
"အစ်ကိုကြီးက ဒီကိစ္စကို ထုတ်ပြောလိုက်ပြီမို့ ကျွန်တော်ကိုယ်တိုင် ဦးကြီးဆီသွားပြီး ဒီကိစ္စအတွက် ဖျောင်းဖျလိုက်ပါမယ်”
ဝမ်ချောင် ပြန်ဖြေလိုက်သည်။
"ကောင်းတယ် ညီငယ်လေး ကျန့်ချိုးကျင်းချို ကိုယ်စား ငါမင်းကို ကျေးဇူးတင်ပါတယ်”
ယန်ကျိုး ဝမ်းသာသွားသည်။ ဝမ်မျိုးနွယ်စုတွင် ဝမ်ချောင်၏လက်ရှိအဆင့်အတန်းကို သူသိသည်။ သူထောင်မှ လွတ်လာသည့်နေ့တွင် စုန့်ဘုရင်ကိုယ်တိုင် သူ့အိမ်တော်သို့ ရောက်လာကာ သူ့ကို ကြိုဆိုခဲ့သည်။
အကယ်၍ ဝမ်ချောင်သည်လည်း သူ့ဘက်တွင် ရှိသည်ဆိုပါက ဤကိစ္စအောင်မြင်ရန် ဖြစ်နိုင်ခြေမှာ မြင့်သွားပေလိမ့်မည်ဖြစ်သည်။
"ညီငယ်လေး ဒီကိစ္စသာ အောင်မြင်သွားခဲ့ရင် ကျန့်ချိုးကျင်းချို တိုက်ပွဲဝန်ကြီး ဖြစ်လာတဲ့အခါ သူနဲ့ မင်းကို သေချာပေါက် မိတ်ဆက်ပေးမယ်”
ယန်ကျိုးသည် ပျော်ရွှင်စွာပြောလိုက်သည်။
အမှန်တွင် သူသည် တော်ဝင်ရုံးတော်တွင် လူများစွာကို ဆက်သွယ်ခဲ့ပြီးဖြစ်သည်။ တန်ပြန်အကျိုးသက်ရောက်မှုများကို ကြောက်သောကြောင့် သူတို့တစ်ယောက်မျှ ရှေ့ထွက် မရပ်ဝံ့ခဲ့ပေ။ ထိုအချိန်က သူသည် လုံးဝ အကူအညီမဲ့နေခဲ့သည်။ အကယ်၍ ဝမ်မျိုးနွယ်စုနှင့် ဝမ်ကန်းသာ သူတို့ကိုယ်စား ရှေ့ထွက်ရပ်ပေးပါက သူတို့နှင့် ကြင်ယာတော်ထိုက်ကျန်း၏ ဩဇာလွှမ်းမိုးမှုအရ အောင်မြင်ရန် အခွင့်အလမ်းများပေလိမ့်မည်ဖြစ်သည်။
ဤကိစ္စသည် သူ့အနာဂတ်နှင့် သက်ဆိုင်နေသောကြောင့် ယန်ကျိုးသည် ရွေးချယ်စရာမရှိဘဲ သူကိုယ်တိုင် လုပ်ဆောင်နေရသည်။
"ကျွန်တော်တို့ ဒီအကြောင်းကို ကျန့်ချိုးကျင်းချိုအောင်မြင်ပြီးတော့မှ ပြောကြတာပေါ့။ အစ်ကိုကြီး ခင်ဗျားက တောင်ပိုင်းကလာခဲ့တာကြောင့် လူကြီးမင်းကျန်းချန်ထိုကို ကြားဖူးလား”
ဝမ်ချောင်သည် မပြောင်းမလဲ မေးလိုက်သည်။ သို့သော် သူ့အကြည့်များကို ယန်ကျိုးအပေါ်၌သာ ပို့ထားခဲ့သည်။ သူသည် ဤကိစ္စအပေါ် အလွန်အလေးထားသည်မှာ ထင်ရှားသည်။
"တပ်မှူးချုပ်ကျန်းချန်ထိုလား"
ယန်ကျိုးသည် တွေဝေစွာ မေးလိုက်သည်။
ထိုစကားလုံးများသည် ဝမ်ချောင်ကို နှလုံးခုန်မြန်သွားစေကာ သူ့ရင်ထဲ၌ မုန်တိုင်းထန်သွားစေသည်။ ယန်ကျိူးသည် ကျန်းချန်ထိုကို သိနေသည်ကို တွေးကြည့်လိုက်လျှင်..။
တစ်ခဏအတွင်း အတွေးများစွာသည် ဝမ်ချောင်စိတ်ထဲပေါ်လာခဲ့သည်။
"ညီငယ်လေး ဘာလို့ဒီအကြောင်းကို မေးရတာလဲ။ မင်းရဲ့ဝမ်မျိုးနွယ်စုက ကျန်းချန်ထိုနဲ့ အဆက်အသွယ်တချို့ရှိလို့လား”
ယန်ကျိုး စိတ်ရှုပ်ထွေးသွားသည်။ ကျန်းချန်ထို၏ ရာထူးနေရာသည် အထင်ကြီးစရာ ကောင်းသော်လည်း ခေတ်စနစ်ဟောင်းအောက်တွင် ခေါင်းစဉ်တစ်ခုသာ ဖြစ်သည်။ အမှန်တွင် သူသည် ဂုဏ်သိက္ခာကို သိပ်ဂရုစိုက်ခြင်းမရှိပေ။ မဟာထန်အနှံအပြားတွင် ကျန်းချန်ထိုကဲ့သို့သော တပ်မှူးချုပ်များ အနည်းဆုံး တစ်ရာလောက်ရှိသည်။ ထို့ကြောင့် လူအနည်းငယ်ကသာ ကျန်းချန်ထိုနာမည်ကို သိကြသည်။
ဤသို့ဖြင့် ယန်ကျိုးသည် ဝမ်ချောင်က ကျန်းချန်ထိုနှင့် မည်သို့ ပတ်သက်နေသည်လဲဆိုသည်ကို စိတ်ဝင်စားနေသည်။ သူသည် တစ်ခါက ကျင်းနန်တွင် နေခဲ့ဖူးသော်လည်း ကျင်းနန်၏တပ်မှူးချုပ်များကို အရမ်းကြီးအာရုံမစိုက်ခဲ့ပေ။
သို့တိုင် ဝမ်ချောင်သည် မြို့တော်၏ လူငယ်မျိုးဆက်တစ်ဦးအနေဖြင့် မြို့တော်၏အပြင်ဘက်သို့ ခြေတစ်လှမ်းပင် မထွက်ဖူးသည့်လူအနေဖြင့် နယ်စပ်ရှိ နိမ့်ကျသောလူတစ်ဦး၏ တည်ရှိနေမှုကို အမှန်တကယ် သိနေပေသည်။ ဤသည်မှာ တကယ်ကို စိတ်ရှုပ်ထွေးစရာဖြစ်သည်။
ဝမ်ချောင်သည် တိတ်ဆိတ်နေသော်လည်း သူသည် ယန်ကျိုး၏ တုံ့ပြန်မှုအားလုံးကို မြင်နေရသည်။
တစ်ဖက်လူ ဘာတွေးနေမှန်းလည်း သူသိပေသည်။
ကျန်းချန်ထိုသည် အမှန်တကယ်ပင် ယခုအချိန်၌ နိမ့်ကျသောလူတစ်ဦးဖြစ်သည်။ သို့သော် သူ့နာမည်သည် မကြာမီမှာပင် အလယ်ပိုင်းလွင်ပြင်ဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွားလိမ့်မည်ကို ဝမ်ချောင်သိသည်။ သူသည် တိုင်းပြည်၏ အဆုံးစွန်သော ကံကြမ္မာကို အဆုံးအဖြတ်ပေးသည့် အရင်းခံဖြစ်လာမည်ဖြစ်ပြီး သူ၏တည်ရှိမှုသည် မဟာထန်၏ လက်ရွေးစင် စစ်သည် ၁၈၀၀၀၀ နှင့် နီးကပ်စွာ ဆက်စပ်နေမည်ဖြစ်သည်။
ယခုမှစ၍ နှစ်နှစ်ကြာသော် လက်ရှိတွင် မထင်ရှားသော ကျန်းချန်ထိုသည် မည်သူမျှ လျစ်လျူမရှုနိုင်သည့် လူတစ်ဦး ဖြစ်လာလိမ့်မည်ဖြစ်သည်။
သူသည် မဟာထန်တိုင်းပြည်၏ အနာဂတ်လူသတ်တရားခံဖြစ်သည်။
--------
Lynchpin ကို ဘယ်လိုပြန်ရမလဲမသိလို့ လူသတ်တရားခံလို့ ပြန်လိုက်ပါတယ်။ ဝမ်ချောင်ရဲ့အတိတ်ဘဝမှာ ကျန်းချန်ထိုကြောင့် လက်ရွေးစင်တပ်သား တစ်သိန်းရှစ်သောင်း သေဆုံးခဲ့ရတာ။ သူ့အတိတ်ဘဝမှာ ကျန့်ချိုးကျင်းချိုက Minister of War(တိုက်ပွဲဝန်ကြီး) ဖြစ်လာခဲ့ပြီး နောက်နှစ်နှစ်အကြာမှာ သူတာဝန်ယူခဲ့တဲ့ တောင်ပိုင်းနယ်စပ်က ကျိုးပေါက်ပြီး လက်ရွေးစင်တပ်သား တစ်သိန်းရှစ်သောင်း သေဆုံးရမှာ။ အဲမှာ တနည်းနည်းနဲ့ ကျန်းချန်ထိုက ပါဝင်နေခဲ့တယ်ပေါ့နော။ စာက လိုရင်းကို တော်တော်နဲ့မရောက်တာရယ် ကိုယ့်ရဲ့အရေးအသားကကောင်းလွန်းတာရယ်ကြောင့် နားမလည်ကြမှာစိုးလို့။ 😁
...
******
pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်
Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်
အပိုင်း ၂၃၄။ အဖြေရှာမရသော လျှို့ဝှက်ဆန်းကြယ်မှု
"ဟီးဟီး ဘာမှမဟုတ်ပါဘူး။ ကျွန်တော်က တပ်မှူးချုပ်ကျန်းရဲ့ နာမည်ကို ကျွန်တော့်မိသားစုဆီက ကြားခဲ့ရလို့ပါ။ တပ်မှူးချုပ်ကျန်းက မိန်းမလိုက်စားသူတစ်ယောက်လို့ကြားခဲ့ရတယ် ဟုတ်ရဲ့လား”
ဝမ်ချောင်သည် တည်ငြိမ်စွာ မေးလိုက်သည်။
"ဟားဟားဟား ညီငယ်လေး မင်း ဒီလိုအရာတွေကို ဘယ်ကနေကြားခဲ့ရတာလဲ”
ဝမ်ချောင်၏ ကျီစယ်သည့်စကားများကိုကြားသည်တွင် ယန်ကျိုးသည် သူ့ရည်ရွယ်ချက်ကို မေ့လျော့သွားကာ ရယ်မောလိုက်သည်။
"အရင်က ကျန်းချန်ထိုကို အဝေးကနေ တစ်ခါ တွေ့ခဲ့ဖူးတယ်။ ငါသိတာကတော့ သူဟာ သိုင်းပညာတတ်တဲ့ စစ်သူကြီးတစ်ယောက်ပဲ၊ ပြီးတော့ ရဲရင့်ပြီး ဖြောင့်မတ်သူတစ်ယောက်လည်း ဖြစ်တယ်။ အရက်ဆိုင်၊ ပြည့်တန်ဆာအိမ် နဲ့ တခြားမကောင်းတဲ့နေရာတွေဆီ သူ သွားတာကို ဘယ်သူကမှ မတွေ့ခဲ့ဖူးဘူး။ တော်တော်များများက သူ့ကို ဒီလိုနေရာကနေ ဝေးဝေးရှောင်တဲ့ ရှက်တတ်တဲ့ ဘုန်းကြီးဖြစ်ရမယ်လို့ ကျီစယ်ကြတယ်။ ဒါပေမဲ့လည်း လူကြီးမင်းကျန့်ချိုးဆီက ငါကြားခဲ့ရတာကတော့ တပ်မှူးချုပ်ကျန်းဟာ မိန်းမကြောက်သူတဲ့။ ညီငယ်လေး မင်း ဒီစကားလုံးတွေကို ဘယ်ကနေကြားခဲ့တာလဲ”
"မိန်းမကြောက်သူ တစ်ယောက်လား"
ဝမ်ချောင်၏ စိတ်ထဲတွင် အမှောင်ရိပ်တစ်ခုပေါ်လာခဲ့သည်။
"ဟားဟား ညီငယ်လေး မင်းက မငယ်တော့ဘူးဆိုတာ ငါသိပါတယ်၊ ပြီးတော့ ဒါက မင်းအတွက် လူ့ခန္ဓာကိုယ်ရဲ့ သာယာမှုကိုလည်း နားလည်ဖို့ အချိန်ရောက်ပြီ။ စိတ်မပူပါနဲ့ မင်းအားတဲ့နေ့တွေမှာ မြို့တော်မှာရှိတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ နေရာတွေကို ငါခေါ်သွားပေးမယ်”
ယန်ကျိုးသည် သူသည်လည်း အလားတူ ဖြတ်သန်းခဲ့ဖူးကြောင်း အရိပ်အမြွက်ပြသည့် သဘောထားဖြင့် ပြောလိုက်သည်။ ဝမ်ချောင်သည် ကူကဲရာမဲ့စွာ ခေါင်းကိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤသည်မှာ ဆိုလိုချင်သည့် အဓိပ္ပာယ် လုံးဝလုံးဝမဟုတ်ပေ။ ယန်ကျိုးသည် သူ့စကားလုံးများကို နားလည်မှု လွဲနေလေသည်။
ဝမ်ချောင်သည် ယန်ကျိုး၏ ရည်ရွယ်ချက်ကို ပြောင်းလဲရန် ခေါင်းစဉ် အလျင်အမြန် ပြောင်းလိုက်ရသည်။ ထို့နောက် ကျင်းနန် တပ်မှူးချုပ် ကျန်းချန်ထိုနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်အနည်းငယ်ကို မေးမြန်းပြီးနောက် ယန်ကျိုးကို ထွက်သွားစေရန် အကြောင်းပြချက်တစ်ခု ရှာတွေ့လိုက်သည်။
ကျန်းချန်ထိုသည် မိန်းမကြောက်သူတစ်ယောက်လော။ ဘာတွေဖြစ်နေသနည်း။
ယန်ကျိုးထွက်သွားပြီးနောက် ဝမ်ချောင်သည် တောင်ခြေရှိ ကျောက်တုံးတစ်တုံးပေါ်တွင်ထိုင်ကာ အတွေးနက်နေလေသည်။
ယန်ကျိူးသည် သူ့စကားလုံးများကို နောက်ပြောင်နေသည်ဟုသာ ထင်မြင်ခဲ့သည်။ အကယ်၍ သူသည်သာ ဝမ်ချောင်၏ အတွေးများကို သိခဲ့လျှင်၊ သူသည် ကျန်းချန်ထိုအကြောင်းကို မေးမြန်းရသည့်အကြောင်း သိခဲ့လျှင် ယန်ကျိုးသည် သေချာပေါက်အံ့ အားသင့်ထိတ်လန့်သွားမည်ဟု သူ့ဘဝတစ်ခုလုံးနှင့် လောင်းကြေးထပ်၍ ဝမ်ချောင်ပြောရဲပေသည်။
အမှန်တွင် အနာဂတ်၌ ထိုအဖြစ်အပျက် ဖြစ်ပွားချိန်တွင် ယန်ကျိုးသည် ယနေ့ပြောစကားများကို ပြန်လည်အမှတ်ရကာ လုံးဝထိတ်လန့်သွားမည်ကို ဝမ်ချောင်လောင်းရဲပေသည်။
ဝမ်ချောင်သည် ကျန်းဝမ်ထို(ကျန်းချန်ထို ထင်တယ်)၏အကြောင်းကို သာမန်ကာလျှံကာ မေးခဲ့ခြင်းမဟုတ်ပေ။
နန်ကျိူးတိုက်ပွဲ...။
ထိုသည်မှာ ဝမ်ချောင် ဤမေးခွန်းမေးခဲ့ရခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည်။
အနာဂတ်တွင် မဟာထန်သည် တောင်ပိုင်း၌ အလွန်ဝမ်းနည်းဖွယ်ကောင်းသည့် ရှုံးနိမ့်မှုကို ခံစားရပေလိမ့်မည်ဖြစ်သည်။ ထိုသည်မှာ ရှည်လျားလှသော မကျော်လွှားနိုင်သည့် သူ၏သမိုင်းကြောင်းတွင် အကြီးမားဆုံး ကျရှုံးမှုဖြစ်လာပေလိမ့်မည်ဖြစ်သည်။
မဟာထန်၏ ၁၈၀၀၀၀ သော လက်ရွေးစင်စစ်သည်များသည် မရေမတွက်နိုင်သော တပ်မှူးများနှင့် လက်ထောက်စစ်သူကြီးများနှင့်အတူ ခေါင်းမပါသည့် သက်မဲ့အလောင်းများအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်ဖြစ်သည်။ သူတို့၏သွေးများသည် ရောနှောကာ မိုးကုပ်စက်ဝိုင်းသို့တိုင် စီးဆင်းသွားပေလိမ့်မည်ဖြစ်သည်။
ဤကျရှုံးခြင်းသည် အလယ်ပိုင်းလွင်ပြင်ဒေသတစ်ခုလုံးကို လှုပ်ခါသွားစေမည်ဖြစ်ကာ ဆယ်စုနှစ်များစွာ ကြာပြီးနောက် မဟာထန်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးပေလိမ့်မည်ဖြစ်သည်။
တောင်ပိုင်းကာကွယ်ရေးဦးစီးချုပ် ကျန့်ချိုးကျင်းချို၏ ဆယ်စုနှစ်နှစ်ခုစာ စောင့်ကြပ်ခဲ့မှုသည် ဤအရာကြောင့် လုံးဝ ပျက်စီးသွားရပေလိမ့်မည်ဖြစ်သည်။ မဟာကာကွယ်စောင့်ရှောက်သူငါးဦးသည်လည်း လေးဦးသို့ လျော့ကျသွားပေလိမ့်မည်ဖြစ်သည်။
တောင်ပိုင်းတိုက်ခိုက်မှုတွင် ရှုံးနိမ့်ခြင်းသည် တိုင်းပြည်ရှိ မရေမတွက်နိုင်သောတိုင်းသူပြည်သားများကို စစ်ပွဲမီးတောက်တွင် လောင်မြိတ်စေမည်ဖြစ်ကာ သေဆုံးသူဦးရေသည် နောက်ဆုံးတွင် တစ်သန်းနီးပါးသို့ ရောက်သွားပေလိမ့်မည်ဖြစ်သည်။
ဤဖြစ်ရပ်အားလုံးကို ဖြစ်စေသည်မှာ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးနှစ်ယောက်ဖြစ်သည်။
အမျိုးသားမှာ ကျင်းနန်၏ တပ်မှူးချုပ်ကျန်းချန်ထိုဖြစ်ပြီး အမျိုးသမီးနှစ်ဦးမှာ...
သူတို့နှစ်ဦးစလုံးသည် သာမန်မဟုတ်ပေ။ သူတို့မှာ မန်ရှီကျိုးဧကရာဇ်ကောလော့ဖုန်း၏ ကျော်ကြားလှပသော ဇနီးနှင့် သမီးတို့ဖြစ်ကြသည်။
သို့သော်လည်း ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မျက်မြင်သက်သေ မရှိခဲ့ပေ။ နောက်ဆုံးတွင် ထိုကိစ္စမျိုးသည် မည်သည့်မျက်မြင်သက်သေမျှ မရှိနိုင်ပေ။
ဝမ်ချောင်သည် ကောလဟာလများမှ အမှန်တရားကိုသာ ကြားခဲ့ခြင်းဖြစ်သည်။
ကာမဂုဏ်စွဲလမ်းသူတစ်ဦး အာရပ် မန်ရှီကျိုးဧကရာဇ်ကောလော့ဖုန်း၏ ဇနီးနှင့်သမီးသည် သူ့ထံသို့ လာရောက်လည်ပတ်သောအခါ ကျန်းဝမ်ထိုသည် မြို့သခင်၏အိမ်တော်တွင် သူတို့နှစ်ဦးစလုံးကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့သည်။
ဤသတင်းကိုကြားသည်တွင် ကောလော့ဖုန်းသည် ဒေါသပေါက်ကွဲသွားခဲ့သည်။ သူသည် သူ၏စစ်တပ်ကို မဟာထန်သို့ ချက်ချင်းဦးဆောင်ခဲ့ပြီး သူ့ဇနီးနှင့်သမီးအတွက် လက်စားချေရန် အနီးကပ်ဆုံးခံတပ်ကို ဖြိုခွင်းခဲ့သည်။ နောက်ဆုံးတွင် ကျန်းချန်ထိုသည် စစ်ပွဲ၏ ကနဦးအစတွင်ပင် သေဆုံးသွားခဲ့သည်။
ကာမဂုဏ်ကြောင့် ကျန်းဝမ်ထိုသည် မန်ရှီကျိုးဧကရာဇ်၏ ဇနီးနှင့်သမီးတို့ကို ဘဝပျက်စေကာ ကြီးမားသောစစ်ပွဲကို ဖြစ်ပေါ်စေခဲ့သည်။ မဟာထန်၏ တစ်သိန်းရှစ်သောင်းသော ရဲရင့်သည့် လက်ရွေးစင်စစ်သည်များသည် တောင်ပိုင်းတွင် ထာဝရအိပ်စက်ခြင်းဖြင့် အဆုံးသတ်သွားခဲ့ရသည်။ ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် ရာဇ၀တ်မှုများကြောင့် သူ့အတွက် အလွန်ပြင်းထန်သည့် အပြစ်ဒဏ်ရှိတော့မည်မဟုတ်ပေ။
နန်ကျိုးတိုက်ပွဲအပြီးတွင် တိုင်ပြည်တစ်ခုလုံးသည် ဒေါသအမျက် ထွက်ခဲ့ကြသည်။ မဟာထန်တစ်ခုလုံး၏ ပြင်းထန်သောဒေါသများသည် ကျန်းချင်ထိုကို ပစ်မှတ်ထားခဲ့ကြသည်။ အမှန်တကယ်တွင် သူတို့၏ဒေါသများကို ပြေဖျောက်ရန် သူ့အရိုးကို တူးဖော်ခဲ့ကြသည့် လူအနည်းငယ်ပင် ရှိခဲ့သေးသည်။
ထိုစစ်ပွဲအပြီးတွင် ကျန်းချန်ထိုသည် ရက်စက်ကြမ်းကြုတ်သည့် ရာဇ၀တ်ကောင်အဖြစ် သမိုင်းတွင်သွားခဲ့သည်။
ကျင်းနန်သည် အလွန်ဝေးကွာသောကြောင့် ဝမ်ချောင်သည် ကျန်းချန်ထိုအကြောင်း အများကြီးမသိပေ။ တစ်ဖက်လူသည် နိမ့်ကျသည့်ပုံရိပ်ကို ထိန်းသိမ်းထားသည်ကို ထည့်မပြောသေးပေ။ ပေါင်းသင်းဆက်ဆံရေး ကောင်းသည့် ယန်ကျိုးပင်လျှင် ကျင်းနန်တွင် ကာလအတန်ကြာ နေခဲ့ရသော်ငြားလည်း သူ့အကြောင်းကို အနည်းငယ်သာ သိသည်။
သို့ဆိုလျှင်ပင် ဝမ်ချောင်သည် အပေါ်ယံတွင် မြင်ရသည်ထက် ပို၍နက်နဲသောတစ်စုံတစ်ရာရှိမည်ဟု ခံစားနေရသည်။ နန်ကျိုးတိုက်ပွဲနှင့် ကျင်းနန်အဖြစ်အပျက်တွင် သံသဖြစ်ဖွယ်ရာ အရာများစွာ ရှိနေခဲ့သည်။
အကြောင်းပြချက်မှာ ရိုးရှင်း၏။ ကျန်းချန်ထိုသည် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သည်။
ကောလော့ဖုန်းသည် ကျင်းနန်ကို တိုက်ခိုက်ရန် သူ့စစ်တပ်ကို စုစည်းလိုက်သောအခါ ကျင်းနန်၏ တပ်မှူးချုပ်တစ်ယောက်အနေဖြင့် ကျန်းချန်ထိုသည် သူ့အပြစ် ကြီးလေးပုံကို သဘောပေါက်ကာ ထွက်ပြေးခြင်း သို့မဟုတ် နောက်ဆုတ်ခြင်း မပြုလုပ်ခဲ့ပေ။ ထိုအစား သူသည် သူတိုင်းပြည်အတွက် နောင်တရကာ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့သည်။
ကောလော့ဖုန်းသည်လည်း ဤကိစ္စကို မပိတ်ပင်ခဲ့ပေ။
ထို့အပြင် အကယ်၍ ကျန်းချန်းထိုသည် သူ့ဇနီးနှင့် သူ့သမီးကို ပြန်ပေးဆွဲခဲ့ပါက သတင်းများ ပေါက်ကြားမသွားစေရန် သူသေချာလုပ်ထားမှာပဲ ဖြစ်သည်။
ထိုစဉ်က အမှန်တကယ် ဘာဖြစ်ခဲ့မှန်း မည်သူမှ မသိကြချေ။ အရာအားလုံးက မြို့အရှင်၏ အိမ်တော်အတွင်း ဖြစ်ပွားခဲ့သည်။ အနီးဆုံး လက်ထောက်မှအပ ထိုစဉ်က ဖြစ်ပျက်ခဲ့တာကို မည်သူမှ မသိနိုင်ပေ။
သို့သော် ကျန်းချန်ထို၏ အနီးကပ်လက်ထောက်များသည်တော့ တိုက်ပွဲတွင် ကျဆုံးခဲ့ရသည်။ ထို့ကြောင့် အမှန်တရားသည်လည်း သူတို့နှင့်အတူ မြှုပ်နှံခံလိုက်ရသည်။ သို့ဖြစ်၍ ကမ္ဘာကသိသော အရာအားလုံးမှာ ကောလော့ဖုန်းဆီမှ လာခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုအချိန်တုန်းက ကောလော့ဖုန်းသည် မြို့ထဲ၌ မနေခဲ့ပေ။ မန်ရှီကျိုး၏ဧကရာဇ်တစ်ပါးသည် မဟာထန်နယ်မြေအတွင်း ကိစ္စရပ်များကို အခြားမည်သူမျှ မသိခဲ့ချိန်တွင် သူမည်သို့ သိနိုင်ခဲ့သနည်း။
ဤကိစ္စသည် ကြီးမားသော ပဟေဠိတစ်ခုဖြစ်လာကာ ထိုအချိန်တုန်းက မည်သူမျှ မည်သည့်အရာကိုမျှ အတည်ပြုနိုင်ခဲ့ခြင်း မရှိပေ။
သို့သော် ဝမ်ချောင်သေချာသည့် အရာတစ်ခုရှိသည်။ တဏှာကြီးသည် လူတစ်ယောက် သူ့ဆီသို့ အလည်လာသော တန်ဖိုးရှိဧည့်သည်ကိုပင် မိမိ၏ရမက်စိတ်ကို မထိန်းနိုင်သည့် လူတစ်ယောက်သည် သူ့တိုင်းပြည်အတွက် အရှက်ရကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သည်မှာ မဖြစ်နိုင်ပေ။
သူသည် သူ့အနားမှလူများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည် သို့မဟုတ် တိုက်ပွဲအတွင်းရှိ သူ့ရန်သူများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည် ဟုဆိုလျှင် ဝမ်ချောင်ယုံကြည်နိုင်လေသည်။ သို့သော် မိမိကိုယ်ကိုယ်အဆုံးစီရင်ခြင်းလော။ ထိုသည်မှာ မယုံချင်နိုင်စရာကောင်းလှသည်။ ကာမဂုဏ်၌ မွေ့လျော်သည့် ပုဂ္ဂိုလ်သည် မိမိကိုယ်ကို သတ်သေရန် သတ္တိမရှိနိုင်ပေ။
ထို့အပြင် ယန်ကျိုးသည် ကျန်းချန်ထိုမှာ သူ့ဇနီးကို လေးစားချစ်ခင်သူ ဟုလည်း ပြောခဲ့သည်။ ကျန်းချန်ထိုသည် အမှန်ပင် ကာမဂုဏ်၌ မွေ့လျော်သူဆိုပါက ထိုသည်ကို ဖုံးကွယ်ထားစရာမလိုပေ။ ထို့အပြင် ထိုသို့ဖုံးကွယ်ရန်မှာ သူ့အတွက်ခက်ခဲပေလိမ့်မည်ဖြစ်သည်။
သို့သော် ကောလော့ဖုန်း၏ဇနီးနှင့်သမီးသည် ကျင်းနန်တွင် သေဆုံးခဲ့ရသည်။ ဤသည်မှာ မငြင်းဆန်နိုင်သော အမှန်တရားတစ်ခုဖြစ်သည်။ ကောလော့ဖုန်းသည် ရည်မှန်းချက်ကြီးသူ ဖြစ်သည့်တိုင် သူ့ကိုယ်သူ ဖောက်ပြန်ခံရသည့် နေရာ၌ ဝင်ပါခွင့် ပေးမှာမဟုတ်၊ ဖောက်ပြန်ခံရသူဟူ၍ အသိခံမှာ မဟုတ်ပေ။
"ကျင်းနန်အဖြစ်အပျက်" တစ်ခုလုံးသည် လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ဖုံးကွယ်နေသည်။ ထိုအရာနှင့် ပတ်သက်၍ ဝိရောဓိဖြစ်စေသည့် အချက်များစွာရှိသည်။
သူယခင်ဘဝတွင် ဤအဖြစ်အပျက်မှာ မည်သူမှမဖော်ထုတ်နိုင်သည့် လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ဖြစ်သည်။ သို့သော် ယခုဘဝတွင် ဝမ်ချောင်သည် ဖုံးကွယ်ထားသည့်အရာများကို ဆွဲထုတ်ရန် ဆုံးဖြတ်ထားသည်။ ဤအဖြစ်အပျက်သည် ကျန်းချန်ထိုတစ်ဦးတည်းနှင့် သက်ဆိုင်နေခြင်း မဟုတ်ခဲ့ပေ။ တစ်သိန်းရှစ်သောင်းသော လက်ရွေးစင်တပ်သားများနှင့် တစ်သန်းနီးပါးရှိသော ပြည်သူများ ပါဝင်ပတ်သက်နေခဲ့သည်။ နောက်ဆုံးတွင် မဟာထန်တစ်ခုလုံးသည်လည်း ပါဝင်နေခဲ့သည်။
ထိုသည်မှာ ကျန်းချိုးကျင်းချို မြို့တော်တွင် ခန့်အပ်ခြင်းမခံရမီ အချိန်သာလိုပေသည်။ ကျင်းနန်၏ တပ်မှူးချုပ်တစ်ယောက်အနေဖြင့် အစဉ်အလာအရ ကျန်းချန်ထိုသည် သုံးနှစ်တစ်ကြိမ် အစီရင်ခံစာတင်သွင်းရန် မြို့တော်သို့ လာရောက်ရမည်ဖြစ်သည်။ ဤကဲ့သို့ ကြီးမားသော ကိစ္စကြီးတစ်ခု ဖြစ်ပွားလာခြင်းကြောင့် သုံးနှစ်တာ သတ်မှတ်ရက်မှာ မပြည့်မီသေးသော်လည်း ကျန်းချန်ထိုသည် မြို့တော်သို့ လာကာ ပညာရှင်ဧကရာဇ်၏ မေးမြန်းမှုကို ခံယူရလိမ့်ဦးမည်ဖြစ်သည်။ ထိုအချိန်အတောအတွင်းတွင် ဝမ်ချောင်သည် ကျန်းချန်ထို၏ တိုင်းပြည်အပေါ် သစ္စာစောင့်သိမှု စစ်မှန်ကြောင်း နှင့် သူ့ယခင်ဘဝက မှားယွင်းခဲ့သည်များရှိမရှိကို ဆုံးဖြတ်နိုင်လိမ့်မည်ဖြစ်သည်။
ဝမ်ချောင်သည် ကောင်းကင်ထက်တွင် လွင့်မျောနေသော တိမ်စိုင်များကို စိုက်ကြည့်ကာ အတွေးများစွာသည် သူ့စိတ်ထဲတွင် ဖြတ်သန်းသွားခဲ့သည်။
မဟာထန်၏ တပ်မှူးချုပ်တစ်ဦးအနေဖြင့် ကျန်းချန်ထိုသည် လူတိုင်းဆက်သွယ်ရန် အခွင့်အရေးမရှိသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
ထိုသည်မှာ ကျန်းချန်ထိုမြို့တော်သို့ မရောက်ရှိမီ အနည်းဆုံး နှစ်လအလိုတွင် ဖြစ်လိမ့်မည်။ ဤကိစ္စအတွက် အလျင်လိုစရာမရှိပေ။ ဝမ်ချောင်သည် တောင်ပေါ်မှ မထွက်ခွာမီ တစ်ခဏ တွေးတောလိုက်သည်။ ယခုတွင် သူ့၌ အရေးကြီးကိစ္စတစ်ခုဖြေရှင်းရန်ရှိနေသည်။
--
"သခင်လေး"
တောင်ခြေရှိ သစ်တောအလယ်တွင် ဝမ်ချောင်သည် ကျွမ်းကျန်ဖျင်နှင့် ချီဝေ့စီတို့ကို တွေ့လိုက်သည်။ ထိုနှစ်ယောက်သည်လည်း ဝမ်ချောင်ကို သတိပြုမိလိုက်သည်။ သူတို့သည် သူ့ခန္ဓာကိုယ်မှ ဓားချီကို ရေးရေးလေး အာရုံခံမိလိုက်ကာ ကြောက်ရွံ့သည့်အရိပ်အယောင်များ သူတို့မျက်လုံးထဲ၌ ပေါ်လာသည်။
"ကျွမ်းကျန်ဖျင်၊ ချီဝေ့စီ မင်းတို့မျိုးနွယ်စုကနေ ကျွမ်းကျင်သူတွေ ခေါ်လာခဲ့ပြီလား”
ဝမ်ချောင်မေးလိုက်သည်။
"သူတို့ရောက်တာ ကြာပါပြီ”
သူတို့နှစ်ဦး ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ဦးသည် ဝမ်ချောင်၏ စာလွှာကို လက်ခံရရှိပြီးနောက် ဤနေရာသို့လာခဲ့သည်။ ဝမ်ချောင်သည် ချီမျိုးနွယ်စုနှင့် ကျွမ်းမျိုးနွယ်စုမှ ကျွမ်းကျင်သူများကို အလိုရှိနေသောကြောင့် ဤကိစ္စသည် ကြန့်ကြာနေ၍မရပေ။
ရွှီးးး
ရုတ်တရက်ပင် စူးရှသည့် အော်ခေါ်သံနှစ်ခု ထွက်ပေါ်လာခဲ့သည်။ အကွာအဝေးတစ်ခုမှ မြေပြင်များတုန်ခါလာကာ ဖုန်လုံးသည် ကောင်းကင်ထက်သို့ လှိမ့်တက်သွားခဲ့သည်။ ထူထဲသည့် သစ်တောထဲမှ ကုန်ဆုန်ပေါက်ပြေးလွှားလာသည့် မြင်းခွာသံများထွက်ပေါ်လာခဲ့သည်။
မြင်းခွာများ နင်းလျှောက်လာသောအခါ သစ်ကိုင်းကျိုးကြေသံများကို ကြားလိုက်ရသည်။ ထိုသည်မှာ သစ်တောထဲမှ ကြီးမားသောဘီလူးတစ်ကောင် ထွက်လာသကဲ့သို့ပင်ဖြစ်သည်။
ဟီးးးး
ရှည်လျားသော မြင်းဟည်သံထွက်ပေါ်လာခဲ့ကာ ကြီးမားကြံ့ခိုင်သော မြင်းတစ်ကောင်သည် သစ်တောထဲမှ ထွက်ပေါ်လာခဲ့သည်။
ဧရာမစစ်မြင်းသည် ခုန်လိုက်ကာ လူစု၏ခေါင်းပေါ်မှ ခုန်ပျံ၍ ကျန့်တစ်ဆယ်အကွာအဝေးသို့ ခုန်ပျံသွားသည်။ ထိုတခဏတွင် ဝမ်ချောင်သည် စစ်မြင်းပေါ်တွင် ကောင်းမွန်စွာဝတ်ဆင်ထားသော ထူထပ်သည့်သံချပ်ကာဝတ်ဆင်ထားသည့် လူတစ်ဦးကို ရှင်းလင်းစွာမြင်လိုက်သည်။ သူ့နောက်မှ ပျံသန်းနေသော ဝတ်ရုံရှည်သည် ကောင်းကင်ကို လွှမ်းမိုးချုပ်ကိုင်နေပုံရသည်။
ဘန်းး
စစ်မြင်း၏ ခြေလေးချောင်းသည် လူစု၏အနောက်ရှိ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ ထိုအချိန်တွင် လူတစ်ယောက်သည် စစ်မြင်း၏ ခွာအောက်ရှိပတ်ပတ်လည်တွင် တောက်ပသည့် ဆူးချွန်အပြာရောင်ချီစက်ကွင်းကို မြင်တွေ့နိုင်သည်။ သံမဏိသံချပ်ကာသည် အလွန်လေးလံပုံရသည်။ သို့တိုင် မြင်းစီးသူသည် ဖြောင့်မတ်သည့်ကိုယ်ဟန်အနေအထားကို ထိန်းထားနိုင်ဆဲဖြစ်သည်။
"သခင်လေး"
ဝမ်ချောင်သည် တစ်ဖက်လူထံမှ အန္တရာယ်ကို ရှင်းလင်းစွာခံစားနိုင်သည်။ သံသယရှိစရာမလိုပင် ဤပုဂ္ဂိုလ်သည် အလွန်အားကောင်းလှသည်။
"ကျွမ်းမျိုးနွယ်စုရဲ့ သံမဏိမြင်းစစ်သည်တွေက နာမည်နဲ့လိုက်ဖက်လှပါတယ်”
ဝမ်ချောင်သည် သံချပ်ကာဝတ်မြင်းစီးသူကို အံ့အားသင့်စွာ အကဲခတ်လိုက်ကာ မှတ်ချက်ပြုလိုက်သည်။
ကျွမ်းမျိုးနွယ်စု၏ သံမဏိမြင်းတပ်သည် ပမာဏအကန့်အသတ်သာရှိသည်။ သူစစ်သေနာပတိချုပ် ဖြစ်လာခဲ့သည့်အချိန်တုန်းက ဤသံမဏိမြင်းစစ်သည်များသည် စစ်မြေပြင်တွင် ကျဆုံးသွားခဲ့ပြီဖြစ်သည်။
ဤသို့ဖြင့် ဝမ်ချောင်သည် သူတို့၏ ခွန်အားကို မျက်မြင်တွေ့ခဲ့ရခြင်း သို့မဟုတ် ကမ္ဘာတစ်လွှားကျော်ကြားသည် ကျွမ်းမျိုးနွယ်စု၏ သံမဏိမြင်းစစ်သည်များကို အမိန့်ပေးခဲ့ရခြင်း မရှိပေ။
ကျွမ်းမျိုးနွယ်စု၏ စစ်မြင်းများသည် သာမာန်စစ်မြင်းများနှင့် ယှဉ်လျှင် သိသိသာသာ မြင့်မားသည်။ သူတို့၏ အရိုးမျာစနှင့် ကြွက်သားများသည် သိပ်သည်းကျစ်လျစ်ကာ အားကောင်းလှသည်။ ဤအရာ၏ အထင်ရှားဆုံးလက္ခဏာမှာ သူ၏ ခြေထောက်လေးချောင်းနှင့် လည်ပင်းရှိ ကြွက်သားများသည် ဖောင်းထွက်နေခြင်းဖြစ်သည်။
ဤကြီးမားလှသောမြင်းများ၏ စစ်မြေပြင်တွင် ဖျက်ဆီးနိုင်သည့်အတိုင်းအတာကို စိတ်ကူးကြည့်ရန် ခက်ခဲပေသည်။
------------
စာရေးသူ၏ အမှာစာ- မန်ရှီကျိုးဟာ ကျင်းနန်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ် တဲ့။ နောက်ပြီး တချို့ခေတ်တွေမှာ မန်ရှီကျိုးဟာ ကျင်းနန်နဲ့ အတူတူပါပဲ တဲ့။
...
အပိုင်း ၂၃၅။ မီယာဆာမီးအာရာကာ ပြန်ရောက်လာခြင်း
"ဒါက တစ်ကယ့်ကို စစ်မြင်းကောင်းတစ်ကောင်ပဲ။"
ဝမ်ချောင်သည် ဝမ်းသာသွားခဲ့သည်။ မြင်းစီးသမားတစ်ယောက်၏ ခွန်အားထက်ဝက်ခန့်သည် စစ်မြင်းမှလာခဲ့ခြင်းဖြစ်သည်။ စစ်သေနာပတိချုပ်ဟောင်းတစ်ယောက်အနေဖြင့် ဝမ်ချောင်သည် ထိုသို့သောမြင်းစီးသူရဲများအပေါ် အထူးနှစ်သက်မြတ်နိုးသည်။
စစ်မြင်းများ၊ မောင်းနှင်သူများ၊ နှင့် သံချပ်ကာများ ဤအရာအားလုံးသည် သာလွန်သောလေ့ကျင့်ခြင်းနှင့် ပုံသွင်းခြင်းနည်းလမ်းအတွက် လိုအပ်ချက်များဖြစ်သည်။ သံသယရှိစရာမလိုပင် ကျွမ်းကလန်သည် ဖွဲ့စည်းပုံတစ်ခုလုံးကို ဖွဲ့စည်းထားပြီးဖြစ်သည်။ မြင်းစီးတပ်သားတစ်ဦးချင်းစီသည် ကလန်အတွက် အရေးအကြီးဆုံးဖြစ်သည်။ ထို့ကြောင့် ကျွမ်းကလန်သည် သူတို့၏ မြင်းစီးတပ်သားများကို တပ်ဖြန့်ချထားခြင်းနှင့်ပတ်သက်ပြီး တင်းကြပ်သည့်စည်းမျဥ်းများထားရှိထားသည်မှာ အံ့ဩစရာမဟုတ်ပေ။ ဝမ်ချောင်တွေးလိုက်သည်။
ခရက်ခရက်
သူ့တွေးနေစဉ်မှာပင် သစ်တောထဲမှာ ကြွပ်ဆတ်ဆတ်အသံထွက်ပေါ်လာခဲ့ပြီး ကြီးမားသောသစ်ပင်များတစ်ပင်ပြီးတစ်ပင် မြေပြင်ပေါ်သို့လဲကျသွားခဲ့သည်။
ရုတ်ရုတ်သဲသဲအသံများကြားတွင် လူတစ်ဦးသည် သစ်သားများခုတ်ဖြတ်နေသံကို ဝိုးတဝါးကြားနိုင်ပေသည်။ သစ်ပင်များမည်မျှထူထပ်နေပါစေ ထိုရုတ်ရုတ်သဲသဲအသံများကို မရပ်တန့်နိုင်ပေ။
ဘုန်းဘုန်းဘုန်း
ခဏကြာပြီးနောက် လူတစ်ဦးပွေ့ဖက်၍ရသော အရွယ်အစားရှိသည့် သစ်ပင်ကြီးသုံးပင်သည် လူတိုင်း၏ မျက်စိရှေ့တွင် ခုတ်ဖြတ်ခံလိုက်ရကာ သစ်တစ်ပင်ချင်းစီသည် မတူညီသည့်ဦးတည်ဖက်သို့ လဲကျသွားခဲ့သည်။ ထိုသစ်ပင်များနောက်တွင် ထွားကြိုင်းသော သံချပ်ကာဝတ်စုံဝတ်လူနှစ်ဦး ပေါ်လာခဲ့သည်။
သူတို့၏ မျက်လုံးများသည် စူးရှကာ သူတို့၏ ခြေလှမ်းများသည် ဟန်ချက်ညီလှသည်။ သို့သော်လည်း လူတိုင်း၏ အာရုံကို ဖမ်းစားသွားသည့်အရာမှာ သူတို့၏လက်ထဲမှာ စစ်သုံးလှံရှည်ပင်ဖြစ်သည်။(ပုဆိန်သွားတပ်ဆင်ထားသည့် လှံရှည်။)
သူတို့ ထုတ်လွှတ်နေသော လွှမ်းမိုးနိုင်သည့် အရှိန်အဝါသည် တောင်များကိုပင် ခုတ်ဖျက်နိုင်သကဲ့သို့ ခံစားရစေသည်။
ချီကလန်၏ သံမဏိအစောင့်အရှောက်များ။
ချီဝေ့စီ မိတ်ဆက်မပေးလျှင်ပင် ဝမ်ချောင်သည် သူတို့ကိုင်ဆောင်ထားသော စစ်သုံးလှရှည်ကိုကြည့်ကာ သူတို့ကို ချက်ချင်းမှတ်မိလိုက်သည်။ ချီကလန်၏ ချီသုံးခုစာရှည်လျားသော စစ်သုံးလှံရှည်များသည် အထူးဖန်တီးထားခဲ့ခြင်းဖြစ်သည်။ သူတို့၏ မျက်နှာပြင်နှစ်ဖက်စလုံးသည် မှန်ကဲ့သို့ ကြည်လင်ချောမွေ့နေကာ နှစ်ဖက်စလုံးတွင် ကြက်သွေးရောင်သန်းနေသော နဂါးတစ်ကောင်စီကို ရေးထိုးထားသည်။ ပြောစရာမလိုလောက်အောင်ပင် သူ၏ခုတ်ဖြတ်နိုင်သည့်စွမ်းရည်သည် မြင်းစီးစစ်သည်တစ်ဦးသည် သူ့မြင်းနှင့်အတူ တွဲသုံးပါက ခုတ်ပိုင်းချက်တစ်ချက်သည်ပင် မည်သည့်ရန်သူကိုမဆို အလွယ်တကူဖျားသွားစေနိုင်သည်။
ကြီးမားသောစစ်မြေပြင်တွင် သူတို့သည် ရှေ့တန်းထိုးဖောက်မှုအတွက် အထက်ရှဆုံးသော လက်နက်များဖြစ်ကြသည်။ ဤကြောက်ရွံ့ဖွယ်ကောင်းသော စစ်သုံးလှံရှည်၏ လမ်းကြောင်းတွင် ပိတ်ဆို့တားဆီးနိုင်သည့်အရာ မရှိသလောက်ပင်ဖြစ်သည်။
"လူငယ်သခင်"
ထိုနှစ်ယောက်သည် အနည်းငယ်ခေါင်းညိတ်ပြလိုက်သည်။ သူတို့အတွက် ဤသည်မှာ နှုတ်ခွန်းဆက်ရန် လုံလောက်ပေသည်။ ကျွမ်းကလန်ဖြစ်စေ ချီကလန်ဖြစ်စေ ဤမြင်းသည်တော်နှင့် အစောင့်အရှောက်များသည် ဗျူဟာမြောက်အဖိုးတန်သည့်လူများဖြစ်ကြသည်။ သူတို့သည် မယှဉ်သာသော အထူးအဆင့်အတန်းကို ပိုင်ဆိုင်ထားကြသည်။
"ဒါက ဝမ်ချောင် ဝမ်သခင်လေး၊ မြို့စားကြီးကျူးရဲ့ မျိုးဆက်ပဲ။ နောက်ရက်အနည်းငယ်လောက် ခင်ဗျားတို့ သူ့နောက်လိုက်ရမယ် ဒါကြောင့် သူ့ကို အပြည့်အဝကူညီပေးပါ။"
ချီဝေ့စီနှင့် ကျွမ်းကျန်းဖျင်သည် မြင်းစစ်သည်နှင့် အစောင့်အရှောက်များဘက်သို့ လှည့်လိုက်ကာ သူတို့၏ အမိန့်များကို အသီးသီးပေးလိုက်ကြသည်။
"ဟုတ်ကဲ့ပါ လူငယ်သခင်"
မြို့စားကြီးကျူး၏ နာမည်ကိုကြားသည်တွင် ကျွမ်းကလန်၏ မြင်းစစ်သည်နှင့် ချီကလန်၏ အစောင့်အရှောက်များ မျက်လုံးထဲ၌ လေးစားသည့် အရပ်အယောင်များပေါ်လာခဲ့သည်။
မဟာထန်တိုင်းပြည်တွင် မြို့စားကြီးကျူးကို လေးစားစရာကောင်းသည့် ပုဂ္ဂိုလ်အဖြစ်သတ်မှတ်ထားကြသည်။ ဤသည်မှာ တော်ဝင်ရုံးတော်နှင့် စစ်တပ်အတွင်း၌လည်း မှန်ပေသည်။ သူတို့ရှေ့ရှိလူငယ်သည် မြို့စားကြီးကျူး၏ မျိုးဆက်တစ်ယောက်ဆိုသည်ကို စဉ်းစားကြည့်လိုက်လျှင် သူဘယ်သူလဲဆိုသည်ကို ကောက်ချက်ချရန် မခက်ခဲတော့ပေ။
ထိုအတွေးများဝင်လာသည်တွင် သူတို့၏ မျက်လုံးထဲရှိ လေးစားသမှုများသည် ပို၍ နက်ရှိုင်းလာခဲ့သည်။
"သခင်လေး ဒီလူတွေက လုံလောက်ရဲ့လား။ ခင်ဗျား ကျွန်တော်တို့ကို ပိုပြီးထပ်ခေါ်စေချင်သေးလား။"
"အမှန်ပဲ။ ကျွန်တော်တို့ရဲ့ အင်အားကို ယူသုံးဖို့ ခက်ခဲပေမယ့် သခင်လေးအတွက်သာဆို ကျွန်တော်တို့ကလန်က ဒါကို သေချာပေါက်သဘောတူလိမ့်မယ်။"
ကျွမ်းကျန်းဖျင်နှင့် ချီဝေ့စီ ပြောလိုက်သည်။ သူတို့ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းသို့ မဝင်ရောက်မီ သူတို့ကိုပေးခဲ့သည့် အမိန့်မှာ ဝမ်ချောင်နှင့် မိတ်ဆွေဖွဲ့ရန်ပင်ဖြစ်သည်။
အပြန်အလှန်အနေဖြင့် ကလန်သည် သူတို့လိုအပ်သမျှကို ဖြည့်ဆည်းပေးမည်ဖြစ်သည်။
"မလိုတော့ဘူး။ ဒီလူတွေနဲ့တင် လုံလောက်နေပါပြီ။"
ဝမ်ချောင်သည် လက်ကိုဝေ့ယမ်းလိုက်ကာ ထိုနှစ်ယောက်၏ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်သည်။ သူရည်ရွယ်ထားသည့်အရာမှာ တိုက်ပွဲတွင် ထိပ်တိုက်ရင်ဆိုင်ရန်မဟုတ်ပေ။
ထို့အပြင် ဤသည်မှာ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းရမည့် ကိစ္စလည်းမဟုတ်ပေ။
ထို့ကြောင့် ဤလူသုံးယောက်သည် သူ့အတွက် လုံလောက်ပေသည်။
"ထွက်ခဲ့"
ကျွမ်းကျန်းဖျင်နှင့် ချီဝေ့စီထွက်သွားပြီးနောက် ဝမ်ချောင်သည် သစ်တောထဲသို့ လမ်းလျှောက်ဝင်ခဲ့ပြီး ရုတ်ချည်းရပ်တန့်လိုက်သည်။
ကလင်
ထိုတခဏအတွင်းမှာပင် ဆေဘာများနှင့် လှံရှည်(စစ်သုံးလှံရှည်) တို့၏ လှုပ်ရှားသံများထွက်ပေါ်လာကာ သံချပ်ကာ၏ သတ္တုမြည်သံထွက်ပေါ်လာခဲ့သည်။ ချီကလန်၏ အစောင့်အရှောက်နှစ်ဦးနှင့် ကျွမ်းကလန်၏ မြင်းစစ်သည်တို့သည် နိုးကြားသွားခဲ့ကာ ပတ်ဝန်းကျင်ကို သတိဖြင့် အဥခတ်ကြည့်လိုက်သည်။
သို့တိုင် ပတ်ဝန်းကျင်သည် လုံးဝတိတ်ဆိတ်နေခဲ့သည်။ လေအနည်းငယ်တိုက်နေသည်ကလွဲ၍ ပတ်ဝန်းကျင်တွင် ဘာမှမရှိပေ။
"သခင်လေး"
ထိုသုံးယောက်သည် ဝမ်ချောင်ကို စိတ်ရှုပ်ထွေးစွာဖြင့် လှည့်ကြည့်လိုက်ကြသည်။ သူတို့သည် အစစ်အမှန်သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူများဖြစ်ကြသော်လည်း သူတို့သည် ဘာကိုမျှသတိမပြုမိကြပေ။
ဝမ်ချောင်ကဲ့သို့သော မူလစွမ်းအင်နယ်ပယ်တစ်ယောက်က သတိပြုမိနိုင်သည်ကို သူတို့သည် မအံ့ဩဘဲမနေနိုင်ချေ။
ဝမ်ချောင်သည် ပတ်ဝန်းကျင်ကို ကြည့်လျက် သူတို့၏ တွေဝေနေသည့် အကြည့်များကို အပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်။ သူ့အပြုအမူအတွက် ရှင်းပြမနေပေ။
ရွှက်
လျှပ်တပြတ်ဆိုသလိုပင် မည်သည့်သတိပေးချက်မျှမရှိဘဲ သူတို့နှင့် အလွန်နီးကပ်သည့် အကွာအဝေးတွင်
ရွှက်
ပရုတ်ပင်၏ သစ်ကိုင်းမှ လှပသေးသွယ်သည့် ပုံရိပ်တစ်ခု ခုန်ဆင်းလာခဲ့ကာ အရေမတွက်နိုင်သော အရိပ်များသည် သူတို့၏ ခေါင်းပေါ်၌ တစ်ပြိုင်နက် ပေါ်လာခဲ့သည်။ ထိုပုံရိပ်၏ အမြန်နှုန်းသက်သက်သည်ပင် မယုံကြည်နိုင်စရာကောင်းလောက်အောင်ပင်ဖြစ်သည်။
"သတိထားကြ ရန်သူတိုက်ခိုက်နေပြီ။"
ထိုသုံးယောက်သည် အထိတ်တလန့်ဖြင့် အော်လိုက်ကြသည်။
ရွှီးးး
ဧရာမလှံရှည်နှစ်ချောင်သည် အပေါ်ရှိပုံရိပ်သို့ လျင်မြန်စွာလွဲရမ်းလိုက်သည်။ တစ်ချိန်တည်းတွင် မြင်းသည်တော်သည်လည်း လှုပ်ရှားလိုက်သည်။ သူ့လက်ထဲရှိလှံသည် ဆတ်ခနဲလှုပ်ရှားသွားကာ အပေါ်ရှိပုံရိပ်သို့ လှံသည်နဂါးတစ်ကောင်ကဲ့သို့ တိုးဝင်သွားခဲ့သည်။
ကလင်
လှပသေးသွယ်သည့် ပုံရိပ်သည် ချီကလန်အစောင့်အရှောက်နှစ်ဦး၏ စစ်သုံးလှံရှည်အစွန်းပေါ်သို့ အသာအယာတက်လှမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ထိုပုံရိပ်၏ခါးမှ ဓားတစ်ချောင်သည် ဆွဲထုတ်ခံလိုက်ရကာ ကျွမ်းကလန်မြင်းသည်တော်၏ လှံအစွန်းကို ညင်သာစွာပုတ်ထုတ်လိုက်သည်။ ဤလှုပ်ရှားမှုများမှ အရှိန်ကို အသုံးချကာ သေးသွယ်သည့်ပုံရိပ်သည် လေထဲသို့ခုန်လိုက်ပြီး မြေပြင်ပေါ်သို့ ညင်သာစွာဆင်းသက်လိုက်သည်။
ဤတုန်လှုပ်စရာကောင်းသော လျင်မြန်ဖျတ်လက်သည့် လှုပ်ရှားများသည် ထိုသုံးယောက်ကို စကားမပြောနိုင်ဖြစ်သွာစေသည်။ ဤပုံရိပ်သည် ဝဲပျံနေသည့် ငှက်မွှေးကဲ့သို့ပင်။ သူတို့၏ အင်အားဖြင့် လုံးဝခြိမ်းခြောက်နိုင်ခြင်းမရှိပေ။
"သူမကိုသတ်"
နိုးဆော်သံထွက်ပေါ်လာခဲ့ကာ ထိုသုံယောက်၏ မျက်ဝန်းထဲ၌ သတ်ဖြတ်ချင်သည့် စိတ်ဆန္ဒများချက်ချင်းထွက်ပေါ်လာခဲ့သည်။ သူတို့သည် အရင်က ဤကဲ့သို့ ကြောက်ရွံ့ဖွယ်ကောင်းသည့် ပြိုင်ဘက်ဖြင့်မတွေ့ခဲ့ဖူးပေ။ စစ်မြင်းသည် ရက်စက်စွာဟည်းလိုက်ကာ လှံတစ်စင်းသည် ပုံရိပ်ကိုထိုးဖောက်ရန် ရှေ့သို့ ထိုးသွင်းလိုက်သည်။
"ရပ်လိုက်"
ထိုအချိန်တွင် သူတို့နောက်မှ အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
"မီယာဆာမီးအရာကာ ထွက်လာပါ။"
သေးသွယ်သည့်ပုံရိပ်သည် သူမ၏ဓားများကို ခါးရှိ ဓားအိမ်သို့ပြန်ထည့်လိုက်ကာ မြေပြင်မှမတ်တပ်ရပ်လိုက်သည်။
"ဆိုတော့ သူမက သခင်လေးရဲ့ အသိအကျွမ်းပေါ့။"
ထိုအချိန်တွင် သံမဏိမြင်းသည်တော်နှင့် သံမဏိအစောက့်အရှောက်တို့သည် သဘောပေါက်သွားသည်။ သူတို့သည် သူတို့လက်နက်များကို ပြန်သိမ်းလိုက်ကာ ချက်ချင်းနောက်ပြန်ဆုတ်လိုက်ကြသည်။ တစ်ချိန်တည်းတွင် သူတို့နှလုံးသားထဲ၌ အကြောက်တရားများပျံ့နှံ့လာခဲ့သည်။
အနက်ရောင်ဝတ်လုပ်ကြံသတ်ဖြတ်သူသည် မိန်းကလေးဖြစ်သော်လည်း သူမ၏ တိုက်ခိုက်နိုင်စွမ်းသည် ကြောက်စရာကောင်းလှသည်။ သူတို့သုံးယောက် ပူးပေါင်းတိုက်ခိုက်သည်ပင် သူမကို အနည်းငယ်မျှပင် ခြိမ်းခြောက်နိုင်ခဲ့ခြင်းမရှိပေ။
"ဘယ်လိုလဲ။ ပြဿနာတွေဖြစ်ခဲ့သေးလား။"
မီယာဆာမီးအာရာကာကို စိုက်ကြည့်ကာ ဝမ်ချောင် မေးလိုက်သည်။ နှစ်လလောက်ပျောက်သွားပြီးနောက် မီယာဆာမီးအရာ၏ ကျွမ်းကျင်မှုများသည် သိသိသာသာတိုးတက်လာခဲ့သည်။ သူမ၏ လှုပ်ရှားမှုများသည် ပို၍ သွက်လက်ကျွမ်းကျင်လာကာ ပြောင်မြောက်လာခဲ့သည်။
"အားလုံးအဆင်ပြေပါတယ်။"
ဝမ်ချောင် ဘာကိုရည်ညွှန်းသည်ကို သိနေသကဲ့သို့ မီယာဆာမီးအရာကာ တင်ပြလိုက်သည်။
"အမှုထမ်းတွေနဲ့ ပတ်သက်ပြီး ပြဿနာမရှိပါဘူး။ မလိုလားအပ်တဲ့ ရည်ရွယ်ချက်တွေကို ဖုံးကွယ်ထားတဲ့ လူတချို့ကို ရှာတွေ့ခဲ့ပေမဲ့ သူတို့ကို ငါကိုယ်တိုင်ရှင်းလင်းလိုက်ပြီ။"
မီယာဆာမီးအရာကာသည် အနက်ရောင်မျက်နှာကာကို မဖယ်ရှားခဲ့ပေ။ တောက်ပသည့် မျက်လုံးတစ်စုံသာ ဖော်ပြထားခဲ့သည်။ အပြင်လူများရှိနေသဖြင့် မီရာဆာမီးအရာကာသည် သူမဘယ်သူဘယ်ဝါဖြစ်သည်ဆိုသည်ကို ဖော်ပြရန် ဆန္ဒရှိမနေပေ။
"သခင်လေး သူတို့က သခင်လေးရဲ့ လက်အောက်ငယ်သားအသစ်တွေလား။"
မီယာဆာမီးအရာကာသည် ထိုသုံးယောက်ကို ကြည့်လိုက်ကာ မေးလိုက်သည်။
"မင်းသူတို့ကို ဘယ်လိုထင်လဲ။"
ဝမ်ချောင် ရယ်မောလိုက်သည်။
"မဆိုးပါဘူး သူတို့က နည်းနည်းကြီးမားလေးလံပြီး ကိုးယိုကားယားနိုင်ရုံလေးပါ။ သူတို့ရဲ့ ခွန်အားနဲ့ သူတို့က သခင်လေးကို ကာကွယ်ဖို့ မလုံလောက်ဘူးဆိုတာ ထင်ရှားတယ်။"
မီယာဆာမီးအရာကာသည် မထုံတတ်သေးပြန်ဖြေလိုက်သည်။
"ခွေးမ နင်ဘာပြောလိုက်တာလဲ။"
သူတို့၏ ခွန်အားများကို မေးခွန်းထုတ်ခံလိုက်ရသည်တွင် ထိုသုံးယောက်သည် ဒေါသထွက်သွားခဲ့သည်။
"ဟမ် ငါကအမှန်တရားကို ပြောရုံလေးပါ။"
မီယာဆာမီးအရာကာသည် ဝမ်ချောင်ဆီသို့ လမ်းလျှောက်မသွားမီ အေးစက်စွာ ခနဲ့လိုက်သည်။ သူမ၏ တစ်မူထူးခြားသောအမူအရာသည် သူတို့သုံးယောက်ကို ပို၍ ဒေါသထွက်သွားစေခဲ့သည်။
ဤမြင်ကွင်းကို ကြည့်ကာ ဝမ်ချောင်သည် ကြိတ်၍ ရယ်မောလိုက်သည်။ ဖြစ်နိုင်သည်မှာ ဝမ်ချောင်သည် ထိုသုံးယောက်နှင့် ညှိနှိုင်းဆွေးနွေးသည်ကို မီယာဆာမီးအရာကာသည် မကျေမနပ်ဖြစ်ကာ သူမ၏မကျေနပ်ချက်ကို ဤကဲ့သို့ဖော်ပြလိုက်ပုံရသည်။
"ကောင်းပြီ။ မင်းနဲ့မတူတာက သူတို့ဟာ စစ်မြေပြင်က စစ်သားတွေပဲ။ ခွန်အားဟာ စစ်မြေပြင်မှာ မရှိမဖြစ်အရေးကြီးတယ် ဒါကြောင့် သူတို့ရဲ့ တိုက်ခိုက်ပုံဟာ မင်းရဲ့လျင်မြန်ဖျတ်လတ်တဲ့ တိုက်ခိုက်ပုံနဲ့ယှဥ်ရင် အရမ်းကြီး ကွဲပြားတယ်။"
ဝမ်ချောင်သည် အပြုံးဖြင့် ပြောလိုက်သည်။
စစ်မြေပြင်သည် သာမန်သိုင်းပညာရှင်တစ်ဦးထက် သိသိသာသာကွာခြားသည့် တိုက်ခိုက်ပုံစံကို လိုအပ်ပေသည်။ အကယ်၍ ကျွမ်းကလန်၏ မြင်းသည်တော်များနှင့် ချီကလန်၏ အစောင့်အရှောက်များကို စစ်မြေပြင်တွင် ပို့ဆောင်လိုက်ပါက သူတို့သည် သတ်ဖြတ်သည့်စက်နှင့် ခြားနားတော့မည်မဟုတ်ပေ။
သူတို့၏ ကြီးမားသည့်ခွန်အားသည် လျင်မြန်ဖျတ်လတ်သည့် လုပ်ကြံသူတစ်ယောက်အပေါ် သက်ရောက်မှုသိပ်မရှိနိုင်သော်လည်း စစ်မြေပြင်တွင်မူ ထိုနေရာ၌ တပ်သားများသည် ထူထပ်စွာစုစည်းနေကြကာ လှုပ်ရှားရန် နေရာအနည်းအကျဉ်းသာရှိပေသည်။ သူတို့၏ အစစ်အမှန်ပြောင်မြောက်သည့် ခွန်အားများသည် ထိုနေရာတွင် လုံးဝတောက်ပနေပေလိမ့်မည်ဖြစ်သည်။
ဝမ်ချောင်၏ စကားများကို ကြားသည်တွင် ထိုသုံးယောက်၏ အမူအရာသည် ကောင်းလာခဲ့သည်။
"သခင်လေး အခုဘယ်လိုသွားမှာလဲ။"
မီယာဆာမီးအာရာကာ မေးလိုက်သည်။
သူမပြန်ရောက်သည်မှာ အချိန်အတော်ကြာပြီဖြစ်သော်လည်း ဝမ်ချောင်သည် တောင်ပေါ်၌ ခြေချုပ်မိထားသောကြောင့် သူမသည် ဝမ်ချောင်နှင့် မဆုံနိုင်တော့ပေ။ ဝမ်ချောင်သည် ရုတ်တရက်တောင်ပေါ်မှထွက်ခွာလာသည်ကို ကြည့်လျှင် သူသည် တစ်စုံတစ်ခုကို ပြုလုပ်ရန်ဖြစ်ပေလိမ့်မည်။
"ဟီးဟီး ငါ့နောက်လိုက်ခဲ့ မကြာခင် မင်းသိလာလိမ့်မယ်။"
ဝမ်ချောင်သည် လက်ဝေ့ယမ်းလိုက်ကာ ရှေ့မှ ဦးဆောင်လိုက်သည်။
-----
မြို့တော်၏အနောက်ဘက်တွင် ကျဆင်းနေသောကျောက်စိမ်းစင်မြင့်အနီးရှိ အဆောက်အဦများကြားတွင် ဧရာမကြီးကျယ်ခမ်းနားသော လောင်းကစားရုံကြီးတစ်ခုကို ထောင်ထားသည်။ သူ၏ရွှေရောင်ခေါင်မိုးထိပ်တွင် တပ်ဆင်ထားသည်မှာ အလယ်ပိုင်းလွင်ပြင်ဒေသ၏ အစဉ်အလာဖြစ်သည့် နဂါးတစ်ကောင်မဟုတ်ပေ။ ရွှေရောင် ခြေသုံးချောင်းနှင့် ကျီးကန်းတစ်ကောင်ဖြစ်သည်။
ထိုသည်မှလွဲ၍ ကျန်သည့် အရာများသည် အလယ်ပိုင်းလွင်ပြင်ဒေသ၏ အဆောက်အဦများနှင့် မခြားပေ။ ဥပမာအားဖြင့် ခေါင်မိုးအစွန်းတွင် အနီရောင်မီးပုံးကြိုးတစ်ချောင်းကိုလည်း ချိတ်ဆွဲထားသည်။
"ရွှေရောင်ကောင်းကင်ဘုံလောင်းကစားရုံ"
ဝမ်ချောင်သည် ရွှေရောင်ကောင်းကင်ဘုံလောင်းကစားရုံ၏ မျက်နှာချင်းဆိုင်ရှိ တည်းခိုခန်းဒုတိယထပ် လက်ရန်းနားတွင် ထိုင်လိုက်ကာ လောင်းကစားရုံကို စိတ်ဝင်တစားအကဲခတ်ရင်း ဝိုင်တစ်ခွက်ကို ဖြည်းဖြည်းချင်းသောက်လိုက်သည်။
"ခြေသုံးချောင်းကျီးကန်း" ဤသည်မှာ ဂိုကွားယိုတို့၏ ယုံကြည်ကိုးကွယ်ရာဖြစ်သည်။ ဤအမှန်တရားသည် ဝမ်ချောင်အတွက် လျှို့ဝှက်ချက်မဟုတ်ပေ။ သို့သော်လည်း ရှင်းလင်းစွာပင် အလယ်ပိုင်းလွင်ပြင်ဒေသ၏ ပြည်သူများသည် ဤသည်ကို မသိရှိကြပေ။
အားလုံးပြီးနောက် ဂိုကွားယိုသည် အလွန်ဝေးကွာသည့် မြောက်ပိုင်းတွင် တည်ရှိသည်။ ထို့အပြင် ဂိုကွားယိုတိုင်းပြည်တွင်လည်း တင်းကျပ်သော နယ်စပ်မူဝါဒများ ချမှတ်ထားသောကြောင့် အလယ်ပိုင်းလွင်ပြင်ဒေသရှိလူများသည် သူတို့နှင့်ပတ်သက်သည့် ဗဟုသုတများ အကန့်အသတ်ဖြင့်သာရှိသည်။
ခြေသုံးချောင်းကျီးကန်းကို မြို့၏အနောက်ဘက်တစ်ခွင်တွင် မြင်တွေ့နိုင်သည်။ သူ့ကိုအိမ်ခေါင်မိုးများပေါ်တွင် ကြီးကျယ်ခမ်းနားစွာ သို့မဟုတ် လူနေအိမ်များအတွင်းတွင် ဝိုးတဝါးပုံရိပ်တစ်ခုအဖြစ် မြင်တွေ့နိုင်သည်။ ဂိုကွားယိုတို့သည် ဤနေရာကို သူတို့၏ လုပ်ဆောင်မှုများအတွက် အခြေစိုက်ရာနေရာအဖြစ်ယူထားသည်မှာ ထင်ရှားသည်။
အမှန်တွင် ဝမ်ချောင်ရှိနေသည့် တည်းခိုခန်းပင်လျှင် ဂိုကွားယိုတို့၏ စီးပွားရေးနေရာတစ်ခုဖြစ်နိုင်သည်။
ဝါရံတာနားတွင်ထိုင်လျက် ဝမ်ချောင်သည် မျက်မှောင်အနည်းငယ်ကြုတ်လိုက်ကာ အတွေးများစွာသည် သူ့ခေါင်းထဲပေါ်လာခဲ့သည်။
ဂိုကွားယိုတို့သည် သူတို့၏ နယ်စပ်များကို ပိတ်ပင်ထားပြီး နိုင်ငံခြားသားများကို တင်းကြပ်စွာတားမြစ်ထားကာ အထူးသဖြင့် မဟာထန်မှလူများကို ဝင်ရောက်ခွင့်တားမြစ်ထားခဲ့သည်။ ထို့ကြောင့် သူတို့နယ်မြေထဲသို့ စိမ့်ဝင်ရန် အလွန်ခက်ခဲပေသည်။
တစ်ဖက်တွင် မဟာထန်သည် လုံးဝမတူညီသည့် လမ်းကြောင်းမှဖြစ်သည်။
ထိုသည်မှာ ရန်သူနိုင်ငံမှဖြစ်လျှင်ပင် မဟာထန်သည် တိုင်းတစ်ပါးလူမျိုးများ၏ဝင်ရောက်မှုကို ဟန့်တားခြင်းမရှိခဲ့ပေ။ သူတို့သည် တိုင်းတစ်ပါးသားများကို လုံးဝလက်ခံပေသည်။
ကုန်သည်များအားလုံးကို မဟာထန်၏ ဥပဒေအောက်တွက် ကာကွယ်ထားသည်။ မဟာထန်သည် သူတို့၏ အကျိုးစီးပွားကို ကာကွယ်ပေးသည့် မူဝါဒများကို ပြဌာန်းထားသည်အထိပင် ပြုလုပ်ထားခဲ့သည်။
ဝမ်ချောင်သည် ထိုမူဝါဒအများအပြားကို မကျေနပ်သော်လည်း မဟာထန်၏ အဖွင့်တံခါးသည် သူ့အတွက် များစွာအကျိုးရှိခဲ့ကြောင်း ဝန်ခံရမည်ဖြစ်သည်။
မဟာထန်သည် သူ၏ လက်ရှိသာယာဝပြောမှုကို ခံစားနေသည်မှာလည်း အဖွင့်တံခါးကြောင့်ဖြစ်သည်။
ဤမူဝါဒသည် ဂိုကွားယိုတိုင်းပြည်နှင့် မဟာထန်အကြား တင်းမာမှုများရှိသော်ငြားလည်း ဂိုကွားယိုတို့ကို မြို့တော်တွင် အေးချမ်းစွာနေနိုင်စေခဲ့သည်။
ဂိုကွားယိုတို့သည် ကာစီနိုများ၊ တည်းခိုခန်းများ၊ လက်ဖက်ရည်ဆိုင်များ၊ မြင်းစောင်းများနှင့် အခြားစီးပွားရေးများကို ဤနေရာတွင် ထူထောင်ထားခဲ့ကြသည်။ မဟာထန်သည် သူတို့ကို ခက်ခဲအောင်ပြုဘုပ်ရန် ဘယ်တုန်းကမှ မကြိုးစားခဲ့ပေ။
သို့သော်လည်း ဤသည်မှာ မဟာထန်သည် သူတို့လုပ်သမျှအရာအားလုံးကို မျက်ကွယ်ပြုထားသည်ဟု မဆိုလိုပေ။ စစ်မှုထမ်းဌာနနှင့် ပြစ်ဒဏ်ဌာနတို့သည် ဂိုကွားယိုများကို စုံစမ်းစစ်ဆေးရန် ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး ထိုဂိုကွားယိုများကို အချိန်တိုင်းစောင့်ကြည့်ထိန်းသိမ်းရန် တပ်ဖွဲ့တစ်ခုကိုပင် ဖန်တီးခဲ့သည်။
သို့သော်လည်း နောက်ဆုံးတွက်ချက်မှုအရ မြို့တော်၌ နေထိုင်သည့် ဂိုကွားယိုများသည် ဘာအမှားအယွင်းမျှမရှိခဲ့ဘဲ သူတို့အားလုံးသည် သာမန်ကုန်သည်များသာ ဖြစ်ခဲ့သည်။
ထိုသို့သော စောင့်ကြည့်မှုကို ဆယ်စုနှစ်တစ်ခုကျော် ထိန်းသိမ်းထားပြီးနောက် စစ်မှုထမ်းဌာနနှင့် ပြစ်ဒဏ်ဌာနတို့သည် နောက်ဆုံးတွင် လက်လျှော့လိုက်ကြသည်။
အားလုံးပြီးနောက် တစ်ဖက်လူများသည် သာမန်ကုန်သည်ဖြစ်နေသရွေ့ သူတို့ကို ဘာမျှလုပ်၍ မရပေ။ တော်ဝင်ရုံးတော်နှင့် ပညာရှင်ဧကရာဇ်တို့သည် ထိုကဲ့သို့သော အရေးယူမှုများကို ပိတ်ပင်ထားခဲ့သည်။
-----------------
******
pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်
Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်