← Chapters

တံခါးနောက်မှာ ဘာရှိလဲ ခန့်မှန်းကြည့်ပါလား

Vol. 33 Ch. 487

တံခါးနောက်မှာ ဘာရှိလဲ ခန့်မှန်းကြည့်ပါလား

Vol. 33 Ch. 487

ထိုနေရာတွင် အလုပ်လုပ်နေသော လူတစ်ယောက်အနေဖြင့် တုန့်ကောသည် သူမ၏အိမ်ကွင်း၌ ကြောက်ရွံ့ခြင်းကို ခံစားလိုက်ရသည်။သူမသည် တွေဝေမနေတော့ဘဲ ကောင်းမင်ကို စာသင်ခန်းအတွင်းမှ ဆွဲခေါ်လိုက်သည်။ သူမထွက်လာသည်နှင့် တုန့်ကောသည် ထိန်းချုပ်ခန်းမှ နောက်ထပ်မက်ဆေ့တစ်ခု ရလိုက်သည်။ သို့သော် သူမ၏နားကြပ်သည် ရုတ်တရက် လုပ်ဆောင်ချက်ရပ်တန့်သွားသဖြင့် ထိုမက်ဆေ့ကို သူမမသိလိုက်ရပေ။

“လိုင်းကောင်းကောင်းရအောင် ငါနဲနဲလောက် ဆက်တွားသွားရမယ်”

တုန့်ကောက နောက်ပြန်လှည့်ကြည့်လိုက်ရာ ကောင်းမင်သည် ဖြည်းညင်းစွာလျှောက်နေသေးကြောင်း သိလိုက်ရသည်။သူသည် စာသင်ခန်းထဲ ဆက်နေလိုနေသေးခြင်းဖြစ်သည်။

“ဒီခေတ်ကြီးမှာ ငွေရှာရတာ ဘာလို့ ဒီလောက်ခက်နေရတာလဲ”

သူမ လျှို့ဝှက်ကော်ရစ်ဒါမှ ထွက်လာမှသာ ပိုနေလို့ကောင်းသွားသလို ခံစားရသည်။

“ရှင် အိမ်သာကို သွားသင့်တယ် ၊ မလိုအပ်တာ ဘာမှ မလုပ်ပါနဲ့ ၊ ကျွန်မတို့က အန္တရာယ်ရှိတဲ့ အခြေအနေထဲ ရောက်နေတာနော် ၊ ရှင်နားလည်ရဲ့လား”

“နားလည်ပါတယ်”

“ရှင် ဒါကို တစ်ချိန်လုံးပြောနေတာပဲ”

လည်ပတ်သူများကို ခြောက်လှန့်ခြင်းသည် ပထမထပ်ကတည်းက စတင်နေခဲ့ခြင်းဖြစ်သည်။အကယ်၍ ယခု သူတို့သည် နေရာတွင် ပျောက်သွားကြပါက အခြားလူများကိုပါ သက်ရောက်လိမ့်မည်ဖြစ်သည်။ တုန့်ကောသည် ကောင်းမင်အား ဒုတိယထပ်ရှိ အိမ်သာအလွတ်တစ်ခုသို့ ခေါ်သွားရန်ဆုံးဖြတ်လိုက်သည်။ သူ့ဘေးကင်းရေးအတွက် သူမသည် ဆေးအဖွဲ့သားများအတွက် သတ်မှတ်ထားသော အိမ်သာတစ်ခုကို ရောက်သည်အထိ ကောင်းမင်နှင့် ပူးပေါင်းခဲ့သည်။ မဝင်ရဟုပြောထားသော ဆိုင်းဘုတ်ကို ဖြုတ်လိုက်ပြီးနောက် သူမသည် မဲမှောင်နေသော အိမ်သာကို ညွှန်ပြလိုက်သည်။

“မေးခွန်းက မှန်ပေါ်မှာ ပေါ်လာလိမ့်မယ် ၊ ရှင့်နှလုံးသားထဲကအတိုင်း ဖြေလိုက်ရုံပါပဲ”

“ငါ့အဖြေက လုံလုံလောက်လောက် အပြစ်မကင်းစင်ဘူးဆိုရင်ရော”

ကောင်းမင်သည် ထိုဇာတ်လမ်းသွားအား အမှန်တကယ်ပြီးဆုံးချင်နေပြီ ဖြစ်သည်။

“ဖြေသာ ဖြေလိုက်စမ်းပါရှင်”

တုန့်ကောက ကောင်းမင်အား အိမ်သာထဲတွန်းထည့်လိုက်သည်။ကောင်းမင် ဘာဖြေဖြေ အရေးမကြီးပဲ သူကြောက်ရွံ့ရလိမ့်မည်သာဖြစ်သည်။ သူမအိမ်သာခန်းတံခါးကို ပိတ်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်မှ ကုန်းထလိုက်သည်။သူမသည် နားကြပ်ထံသို့ လေသံဖြင့်ပြောလိုက်သည်။

“ဧည့်သည်က ဒုတိယထပ်အိမ်သာကို ရောက်နေပါပြီ …ဘာ…၊ သရုပ်ဆောင်က ပထမထပ်မှာပဲ ရှိသေးတာလား ၊ ဒါဆို သူ့ကို ဒီမြန်မြန်လာခိုင်းလိုက်”

ပိုးဟပ်များသည် ပြတင်းပေါက်ကို ချိတ်ပိတ်ထားသော တိတ်များတစ်လျှောက် တွားသွားနေကြလေသည်။ကြမ်းပြင်သည် စိုစွတ်လျက်ရှိသည်။ အခန်းတွင် အောက်သိုးသိုးနံ့များ ပြည့်နှက်နေသည်။သံချေးတက် ရေပိုက်များမှာ နပ်များတင်းကျပ်နေခြင်းမရှိချေ။ ရေပိုက်များမှ စိမ့်ထွက်နေသော ရေများသည် နောက်ကျိနေပြီး အနည်းငယ်သွေးရောင်သန်းနေသည်။

အိမ်သာသည် ကျား/မ နှစ်မျိုးသုံးဖြစ်သည်။ အိမ်သာခန်း လေးခုရှိသည်။အခန်းများကို ဟောင်းနွမ်းနေသည့် သစ်သားဘုတ်ပြားများဖြင့် အကန့်ကန့်ထားသည်။ ဘုတ်ပြားများပေါ်တွင် ထူးဆန်းသည့်အရာများကို ရေးဆွဲထားလေသည်။ မျက်လုံးပွင့်နေသည့် မိစ္ဆာများနှင့် လက်သည်းများဖြင့် ခုတ်ပိုင်းနေသည့်ပုံများဖြစ်သည်။ ရပ်နေခြင်းသည်ပင် ခြောက်ခြားဖွယ်ကောင်းလှသည်ဖြစ်ရာ မှန်ဆီသို့သွား၍ မစ်ရှင်ကိုပြီးမြောက်လုပ်ရခြင်းမှာ ပို၍ပင်အခွင့်အရေးနည်းတော့သည်။

“ဒီနေရာက အရမ်းအစစ်အမှန်ဆန်တာပဲ ၊ မသိရင် တကယ်သရဲခြောက်တဲ့နေရာလိုပဲ”

သူ အိမ်သာထဲဝင်လာပြီးနောက် ထိုနေရာသည် အခြားအခန်းများနှင့် ကွဲပြားကြောင်း ကောင်းမင်ခံစားရသည်။ သူသည် စောင့်ကြည့်ခံနေရသကဲ့သို့ သူ့နှလုံးမှာ စတင်၍ တလှပ်လှပ်ခုန်ပေါက်လာလေသည်။ အခြားအကြည့်များနှင့်ကွဲပြားစွာ သူ့အပေါ်ကျရောက်နေသော ထိုအကြည့်သည် သူ့အားအိမ်မက်ဆိုးထဲ ပြန်ဆွဲခေါ်ချင်နေသကဲ့သို့ အေးစက်နေလေသည်။

“ဒီနေရာရဲ့ သူဌေးက တစ်ခုခုတော့ တစ်ခုခုပဲ”

ကောင်းမင်သည် ပထမဘေစင်သို့ သွားလိုက်ပြီး မှန်ပေါ်ရှိ ရေငွေ့များကို သုတ်လိုက်သည်။သူ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသော်လည်း တစ်မိနစ်ကြာပြီးနောက်တွင် မေးခွန်းက ထွက်ပေါ်မလာခဲ့ပေ။

ကလစ်ဟူသည့်အသံက တိုးညင်းစွာ ထွက်ပေါ်လာ၏။ အိမ်သာခန်းထဲမှ တစ်ခု၏တံခါးဝင်ရိုးက လှုပ်ရှားသွားခြင်းဖြစ်သည်။ကောင်းမင် နောက်လှည့်ကြည့်လိုက်သည်။ထိုအခိုက်အတန့်တွင် သူ့ပုခုံးကို ပုတ်လိုက်သလို ခံစားလိုက်ရသည်။

“ဘယ်သူလဲ”

ကောင်းမင်သည် အသက်ရှူသံ သို့မဟုတ် ခြေသံကို မကြားခဲ့ရပေ။အိမ်သာထဲတွင် သူမှလွှဲ၍ မည်သူမှ ရှိမနေကြောင်း သူသေချာသည်။ ကောင်းမင်သည် မှန်ကို ပြန်စိုက်ကြည့်လိုက်သည်။ သူ့ပုံရိပ်သည် သူ့ကိုပြုံးပြနေကြောင်း သူသဘောပေါက်လိုက်သည်။ အမူအရာသည် ပျက်ယွင်းနေသည့် လူသတ်သမားတစ်ယောက်ကဲ့သို့ ကြက်သီးထဖွယ်ကောင်းလှသည်။

“သူတို့ ဒါကို ဘယ်လိုလုပ်ခဲ့တာလဲ”

ကောင်းမင်သည် ထိတ်လန့်သွားခြင်းမရှိဘဲ မှန်ကို ထိတွေ့ရန် လက်လှမ်းလိုက်သည်။

“အိမ်မက်ဆိုးထဲမှာ ငါ့ရဲ့နောက်ထပ်ကိုယ်ပွားဗားရှင်းတစ်ခု တကယ်ကြီးရှိနေတာလား၊ သူက ဒီလိုပဲပေါ့ ၊ သူဟာ သတ်ပြီးရင်း သတ်နေတယ် ၊ သူဟာ ရူးသွပ်တယ် ၊ ဖျားနာတယ် ၊ ကိုယ့်ကိုယ်ကို ဖျက်ဆီးတယ် ၊ သူလည်း ငါပဲပေါ့”

ကောင်းမင်၏ရောင်ပြန်ပုံရိပ်သည် မည်သည်ကိုမှ ပြောခဲ့ခြင်းမရှိသော်ငြား ကောင်းမင်သည် အရာအားလုံးကို လက်ခံရရှိလိုက်ပြီဖြစ်သည်။

သူ့ရောင်ပြန်ပုံရိပ်သည် ကောင်းမင်ကြောက်လန့်တကြားဖြင့် မအော်ဟစ်သောကြောင့် အတော်လေးစိတ်ပျက်သွားဟန်ဖြင့် ကြည့်လိုက်သည်။ပုံရိပ်က ဆန်းကြယ်စွာပြောလိုက်သည်။

“ငါက မတည်ရှိဘူး ၊ ငါက မင်းနှလုံးသားရဲ့ ရောင်ပြန်ဟပ်မှုသက်သက်ပဲ ၊ ငါ…”

“မင်းက အစစ်ပဲ ၊ မင်းက ငါပဲ ၊ ဒီကမ္ဘာကြီးမှာ ငါ့ရဲ့ မရေမတွက်နိုင်တဲ့ ဗားရှင်းတွေ ရှိနေတယ် ၊ သူတို့အားလုံးက ငါပဲ”

ကောင်းမင်သည် သူ့ရောင်ပြန်ပုံရိပ်အား အလေးအနက်ပြန်ပြောလိုက်သည်။

သူ့ပုံရိပ်က ခြောက်ကပ်ကပ်ရယ်မောလိုက်သည်။

“ငါမင်းကို မေးခွန်းသုံးခု မေးမယ် ၊ မင်း သုံးခုလုံးဖြေနိုင်ရင် ငါမင်းကိုလက်ဆောင်တစ်ခုပေးမယ် “

“မေးပါ”

“မင်း မျက်လုံးထဲမှာ အကြောက်တရားဆိုတာ ဘာလဲ ၊တခြားလူတွေအတွက် အကြောက်တရားထဲကို နစ်မွန်းသွားဖို့ မင်းဆန္ဒရှိရဲ့လား”

“ငါပဲ”

ကောင်းမင်သည် တွေဝေခြင်းမရှိဘဲ ခေါင်းငြိမ့်လိုက်သည်။

“ငါ့အတွက်တော့ အကြောက်တရားဆိုတာ အာဟာရတစ်ခုပဲ ၊ အဲ့ဒါကို ဝါးမြိုလိုက်ရင် ခံစားချက်က ဖော်ပြလို့မရနိုင်ဘူး ၊ ဒါက ပျော်ရွှင်မှု ကျေနပ်မှုတို့ထက် ပိုကောင်းတယ်”

ကောင်းမင်၏ ပုံရိပ်က တောင့်တင်းသွားသည်။ သူသည် အဖြေတစ်ခုရှာနေသော စက်ရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်သွားသည်။

“ဒုတိယမေးခွန်း ၊ အပြင်ဘက်က လူနာတွေအားလုံးကို ကယ်တင်ဖို့ မင်းကိုယ်မင်း စတေးဖို့ ဆန္ဒရှိရဲ့လား ၊ တကယ်တော့ လူနာတွေအားလုံးက ဒါရိုက်တာရဲ့ မွေးစားကလေးတွေပဲ ၊ မင်းရဲ့အသက်အပါအဝင် ကလေးအယောက် ၃၀ ရဲ့ အသက်တွေဟာ ဒါရိုက်တာစီစဉ်ထားခဲ့တာပဲ ၊ ပျော်ရွှင်မှု ၊ ချစ်ခြင်းမေတ္တာ နဲ့ စိတ်ပျက်အားငယ်မှုတွေဆိုတာ အားလုံးဇာတ်ညွှန်းတွေပဲ ၊ ဒါရိုက်တာဟာ စိတ်ပျက်အားအငယ်ဆုံးကလေးကို ကြီးထွားလာအောင် ပျိုးထောင်ပေးပြီး အနက်ရောင်သေတ္တာရဲ့ ပိုင်ရှင်အသစ်ဖြစ်လာဖို့ မင်းတို့ရဲ့ ကံကြမ္မာကို ထိန်းချုပ်နေခဲ့တာ “

ကောင်းမင်၏ပုံရိပ်သည် သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာများပေါ်ထွက်လာရာ သွေးများစီးကျလာလေသည်။

“အနက်ရောင်သေတ္တာရဲ့ ပိုင်ရှင်က တစ်ယောက်ပဲဖြစ်လာနိုင်တယ် ၊ ငါ့ကို အခုပြောပြနိုင်မလား ၊ တခြားကလေးတွေ အားလုံးကို ကယ်တင်ဖို့ စိတ်ပျက်အားငယ်မှုတွေအားလုံးကို မင်းပုခုံးကိုထမ်းတင်ဖို့ ဆန္ဒရှိရဲ့လား”

“ကျောင်းသား ၃၁ ယောက်ရဲ့ ကံကြမ္မာတွေက ထိန်းချုပ်ခံထားရတာလား”

ကောင်းမင် သူ့ဘာသာရေရွက်လိုက်သည်။သူသည် ထိုဇာတ်ကောင်ထဲတွင် အမှန်တကယ်စိတ်နစ်နေလေသည်။

“စိတ်ပျက်အားငယ်မှုတွေကို တစ်ကိုယ်တည်းတာဝန်ယူလိုက်တာက မှန်တဲ့အရာတော့ မဟုတ်ဘူး ၊ ကြည့်ရတာ ပိုကောင်းတဲ့နည်းလမ်းတစ်ခုတော့ ရှိနိုင်တယ် ၊ ဒါပေမယ့်လည်း အပြစ်မဲ့သူတွေကို ကယ်တင်မှာကိုတော့ ငါမဆန့်ကျင်ပါဘူး “

ကောင်းမင် ထပ်မံခေါင်းငြိမ့်လိုက်သည်။

“အရမ်းကောင်းတယ် ၊ တတိယမေးခွန်း”

ကောင်းမင်၏ရောင်ပြန်ပုံရိပ်သည် စတင်ပြောင်းလဲသွားပြီး ကောင်းမင်နှင့် မတူတော့ပေ။

“အနက်ရောင်သေတ္တာက မြို့တော်ရဲ့ စိတ်ပျက်အားငယ်မှုတွေ ပြည့်နေတဲ့အရာပဲ ၊ ပိုင်ရှင်အသစ်ကို ရွေးချယ်ဖို့ ဒါရိုက်တာဟာ စိတ်ပျက်အားငယ်မှုကို ဖြည့်ဆည်းဖို့အတွက် အပြစ်မဲ့သူအမြောက်အမြားကို စတေးခဲ့တယ် ၊ မြို့တော်ကို ကယ်တင်ဖို့ မင်းဟာ မင်းအပါအဝင် လူအများအပြားကို စတေးပစ်ဖို့လိုတယ် ၊ မင်းသဘောတူရဲ့လား”

“ငါ့ကံကြမ္မာကို ငါပဲဆုံးဖြတ်နိုင်တယ် ၊ တခြားဘယ်သူမှ လာဆုံးဖြတ်လို့မရဘူး”

ကောင်းမင်သည် တတိယမေးခွန်းကို မဖြေခဲ့ပေ။ သူ့ပုံရိပ်၏ပါးစပ်ကို သူစိုက်ကြည့်လိုက်သည်။ပုံရိပ်သည် စကားများနှင့် ထပ်တူကျမနေချေ။သူသည် မှန်အစွန်းကို ဆွဲကိုင်၍ ၎င်းကို နံရံမှ ဆွဲထုတ်လိုက်သည်။

ထိန်းချုပ်ခန်းမှ လူတစ်ယောက်ယောက်သည် ယင်းကို မြင်ပါက သူ့ကိုတားဆီးရန် လူများစေလွှတ်မည်ဖြစ်သည်။သို့သော်လည်း ဘာမှ မဖြစ်ပျက်နေသလိုပင်။

ဖွာနေသော ဝိုင်ယာကြိုးများကို ကြည့်ရင်း နောက်ဆုံးကောင်းမင်၏အမူအရာက ပြောင်းလဲသွားသည်။အသံသည် မှန်ထဲမှ လာနေခြင်းမဟုတ်ပေ။

“ပတ်ဝန်းကျင်မှာ တွားသွားရတာကြိုက်တဲ့ကောင်မလေးက မေးခွန်းက မှန်မှာပေါ်လာမယ်လို့ ပြောခဲ့တာ ၊ မေးခွန်းတစ်ခုတောင် ရှိမနေဘူး ၊ ဒါဆို ငါ့ကို မေးခွန်းမေးနေတာ ဘယ်သူလဲ”

ကောင်းမင်က ကင်မရာကို လက်ယမ်းပြလိုက်သည်။တုန့်ပြန်မှု မရှိချေ။ သူနောက်လှည့်၍ လေးခုမြောက် အိမ်သာခန်းကို စိုက်ကြည့်လိုက်သည်။

“မင်းက တိုက်ရိုက်မဖြေချင်မှတော့ ငါ နောက်ထပ်မေးခွန်းတစ်ခု ပြောင်းပါရစေ”

အသံသည် အမှောင်ထဲမှ ပဲ့တင်ထပ်လာလေသည်။

“မင်း ရှေ့မှာ တံခါးတစ်ချပ်ရှိတယ် ၊ တံခါးနောက်မှာ ဘာရှိမလဲ ခန့်မှန်းကြည့်ပါ”

ထိုမေးခွန်းအနည်းငယ်သည် သရဲအိမ်က စီစဉ်ထားခြင်းဖြစ်ပုံမရချေ။ အသံသည် အရူးတစ်ယောက်က ကောင်းမင်ကို လှောင်ပြောင်နေသကဲ့သို့ ဖြစ်သည်။ကောင်းမင် မျက်လုံးများ မှေးကျဉ်းသွားသည်။

“ဒါက ဒီကအလုပ်သမားမဟုတ်ဘူး ၊ ဒါက ငါ့အင်တာဗျူးရဲ့ ပစ်မှတ်လား”

All Chapters