← Chapters

ငါ့ဘာသာ ကစားတယ်

Vol. 33 Ch. 488

ငါ့ဘာသာ ကစားတယ်

Vol. 33 Ch. 488

“မင်း ကြောက်နေတာလား ၊ မင်းက ကြောက်စိတ်တွေကို ဝါးစားရတာ ကြိုက်ပြီး အဲဒါကပေးတဲ့ ခံစားချက်ကို သဘောကျတယ်လို့ မပြောခဲ့ဘူးလား”

အမှောင်ထဲက အသံသည် ကောင်းမင်အား ဖြေကြားရန် တိုက်တွန်းနေလေသည်။ စတုတ္ထမြောက် မေးခွန်းကသာ သူတကယ်မေးချင်သည့် မေးခွန်းဖြစ်နေသလို ခံစားရသည်။

“ငါ မကြောက်ပါဘူး ၊ မင်း ဘာလို့ ဒီမေးခွန်းတွေ မေးနေတာလဲဆိုတာကိုပဲ သိချင်တာပါ”

ကောင်းမင်က အသံလာရာကို အတည်ပြုရန် အိမ်သာခန်းလေးခုကို လှည့်ပတ်ကြည့်လိုက်သည်။

“မင်းကို ငါဘယ်လို ခေါ်ရမလဲ”

“မင်း ငါ့ကို ဒေါက်တာစီလို့ ခေါ်နိုင်တယ်”

အသံသည် ကြောက်မက်ဖွယ်ဖြစ်သည်။ သူ အိမ်သာထဲက ထွက်သွားနိုင်ရန် တစ်စုံတစ်ယောက်၏ အဖြေကို လိုအပ်နေပုံရသည်။

“မစဉ်းစားနဲ့ ၊ မင်းရဲ့ ပင်ကိုယ်ဗီဇကို အားကိုးပါ ၊ ငါ့ကို မင်းရဲ့ အမှန်ကန်ဆုံးအဖြေ ပေးပြီး တံခါးနောက်မှာ ဘာရှိတယ်ဆိုတာ ခန့်မှန်းကြည့်”

ထိုတံခါးသည် ပိတ်ဆို့ထားသည့်အရာဖြစ်သကဲ့သို့ အကာအကွယ်လည်း ဖြစ်သည်။ ကောင်းမင်က ထိုတံခါးသည် တံခါးတစ်ချပ်သက်သက်လားဟု စဉ်းစားနေမိသည်။ ကောင်းမင်သည် တံခါးပေါ်က ပုံများကို လေ့လာလိုက်သည်။ သူ့အိပ်မက်ဆိုးထဲက အသေးစိတ်တစ်ခုကို သူသတိရသွားသည်။ သူ့အတွက်တော့ တံခါးတစ်ဖက်သည် အိပ်မက်ဆိုးဖြစ်ပြီး နောက်တစ်ဖက်က အရှိတရားဖြစ်သည်။

“ငါ အရာများစွာကို မေ့လျော့နေတယ် ၊ တံခါးရဲ့ နောက်တစ်ဖက်မှာ တခြားမြို့တစ်မြို့ ဒါမှမဟုတ် လူသေအလောင်းတွေ မြှုပ်နှံထားတဲ့ နေရာတစ်ခုခု ရှိနေတယ်လို့ ထင်တယ် ၊ အဲဒီမှာ လူတွေအများကြီး နေထိုင်ကြတာကို ငါမှတ်မိနေတယ် ၊ ဒါမှမဟုတ် သူတို့က သရဲတွေလား”

ကောင်းမင်က ရှင်းရှင်းလင်းလင်း ပြောလိုက်သော်လည်း သူ့စကားလုံးများကို တွဲဆက်လိုက်သောအခါ နားမလည်နိုင်လောက်အောင် နက်နဲသွားခဲ့သည်။

“မင်း ရှိသေးလား”

အဖြေပြန်မရခင်ထိ အိမ်သာက အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။

“မင်း တံခါးနောက်ကို ရောက်ခဲ့ဖူးတာလား”

ထိုအသံသည် စိတ်ရှုပ်ထွေးမှု ၊ ထိတ်လန့်မှုများဖြင့် ပြည့်နေလေသည်။

“ဘယ်သူက မင်းကို ဒီကို လာဖို့ ပြောခဲ့တာလဲ”

“မြေကြီးပေါ်မှာ တွားသွားရတာ ကြိုက်တဲ့ အမျိုးသမီးလူနာတစ်ယောက်ပါ”

ကောင်းမင်က ရိုးသားစွာ ဖြေလိုက်သည်။

“သူ မဟုတ်ဘူး ၊ ငါဆိုလိုတာက၊ မင်းကို ဒီသရဲအိမ်ကို လာဖို့ ဘယ်သူက တောင်းဆိုခဲ့တာလဲ ၊ မင်း အနီရောင်နံပါတ်တစ်ခုဆီက ဖုန်းလက်ခံခဲ့တာလား”

အသံက ဂနာမငြိမ် ဖြစ်လာသည်။

ကောင်းမင် ချက်ချင်းမဖြေလိုက်သော်လည်း အသံက အဖြေကို သိနေပုံရသည်။

“သေစမ်း၊ မင်းနောက်ဆုံးတော့ ငါ့ကို မှတ်မိသွားပြီပဲ ၊ မင်း အိပ်မက်ထဲကို အမြန်ဝင်ဖို့ ဆေးကို ရှာဖို့လိုတယ် ၊ ငါ အရေးကြီးတဲ့ တွေ့ရှိမှုတစ်ခုကို မတော်တဆ ခလုပ်တိုက်မိလိုက်ပြီ”

“မင်းဘာလို့ အခုပြောမရတာလဲ ၊ ငါ အိပ်မက်ထဲရောက်တဲ့ထိ ဘာလို့ စောင့်နေရမှာလဲ”

ကောင်းမင်က ထိုအသံသည် တတိယအိမ်သာခန်းက လာသည်ကို အတည်ပြုလိုက်သည်။

“ဘာလို့လဲဆိုတော့ ငါက အိပ်မက်ထဲမှာ ပိတ်မိနေလို့ပဲ”

ထိုအသံ ဟိန်းထွက်လာစဉ် ကောင်းမင်က အိမ်သာခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ တီခနဲ လျှပ်စစ်ပစ္စည်းလှုပ်ရှားသံတစ်ချက် ခပ်မြန်မြန်ထွက်လာသည်။ အိမ်သာခန်းထဲတွင် အမှိုက်များစွာ သိမ်းဆည်းထားသည်။ သတင်းစာဟောင်းများ၊ ဖိနပ်များနှင့် ပျက်စီးနေသည့် ရေဒီယိုတစ်လုံးတို့ ပါဝင်သည်။

ကောင်းမင် ထိုပစ္စည်းများကို ကောက်ယူနေတုန်းချိန်တွင် အိမ်သာတံခါး ပွင့်လာခဲ့သည်။တုန့်ကောသည် ကြမ်းပြင်ပေါ်မှာ တွားသွားလျက်သား ဝင်လာလေသည်။ သူမက စိုးရိမ်တကြီး မေးလိုက်သည်။

“ကျွန်မအသံတွေ ကြားလိုက်ရတယ် ၊ ရှင် အဆင်ပြေရဲ့လား”

“ငါ အဆင်ပြေပါတယ်”

ကောင်းမင် ခေါင်းညိတ်လိုက်သည်။

“ရုတ်တရက် အပြောင်းအလဲတစ်ခုဖြစ်သွားတယ် ၊ ကျွန်မတို့ကို အိမ်သာထဲမှာ မက်ဆေ့တွေ ပို့ပေးနေတဲ့ ကြင်နာတတ်တဲ့ ဆရာဝန် လုပ်ကြံခံလိုက်ရပြီ ၊ ကျွန်မ အခု ဒါရိုက်တာရုံးခန်းကို သွားဖို့လိုတယ်”

သရုပ်ဆောင်သည် ပထမထပ်တွင်သာ ရှိနေသေးသည့်အတွက် ထိန်းချုပ်ရေးစင်တာက တုန့်ကောအား ကောင်းမင်အတွက် မစ်ရှင်ကျော်သွားခိုင်းလိုက်ခြင်းဖြစ်သည်။

“ဆရာဝန်က အသတ်ခံရတယ် ဟုတ်လား”

ကောင်းမင်က ယင်းသည် အကြောင်းပြချက်သက်သက်ဖြစ်ကြောင်း မသိခဲ့ပေ။

“ဒီမှာ မျိုးရိုးနာမည် စီဆိုတဲ့ဆရာဝန် ရှိလား”

“မရှိပါဘူး”

တုန့်ကောသည် ဝန်ထမ်းအသစ်ဖြစ်သောကြောင့် ‘သရဲ’ အားလုံးကို မသိသေးပေ။

“ရှင်နဲ့အတူ ဆေးရုံကို ရောက်လာတဲ့ လူနာတွေကို သူနာပြုတွေက လှည့်စားထားတယ် ၊ သူတို့လည်း ရုံးခန်းထဲ ဝင်ချင်နေကြတယ် ၊ ကျွန်မတို့ သူတို့ကို အနက်ရောင်သေတ္တာနား အရောက်ခံလို့မရဘူး”

သဲလွန်စအားလုံးကို ပေါင်းစပ်ကြည့််ပြီးနောက် ကောင်းမင်သည် သူ့ဇာတ်ကြောင်းမှာ မည်မျှခက်ခဲကြောင်း အကြမ်းဖျင်း သဘောပေါက်သွားသည်။ သူသည် လွန်ခဲ့သည့် နှစ်များစွာက ဒါရိုက်တာ မွေးစားထားသော မိဘမဲ့ကလေးတစ်ယောက် နေရာက ပါဝင်နေရခြင်းဖြစ်သည်။ သူတို့အားလုံးသည် ဒါရိုက်တာ၏ဇာတ်ညွှန်းအတိုင်း ကြီးပြင်းလာကြသည်။ လူတိုင်းသည် စိတ်ပျက်အားငယ်မှုထဲ ပိတ်မိနေကြသည်။ သူတို့ ကြီးပြင်းလာပြီးနောက် အနက်ရောင်သေတ္တာကို ဖွင့်ရန်အတွက် ကိုယ့်ကိုယ်ကိုယ် စတေးရန် ဤစိတ္တဇဆေးရုံကို ပြန်လာခဲ့ကြခြင်းဖြစ်သည်။

စိတ္တဇဆေးရုံတွင် မကောင်းဆိုးဝါးဆန်သည့် ဆရာဝန်များ၏အဖမ်းခံထားရသော ဧည့်သည်များ နှင့် သူနာပြုများကို ယုံကြည်ရန် ရွေးချယ်ထားသည် ဧည့်သည်များ စသဖြင့် အုပ်စုအမျိုးမျိုးလူခွဲခံလိုက်ရသည်။ ကောင်းမင်ကတော့ အားကိုးမရသည့် တုန့်ကောနဲ့သာ ကျန်ရစ်ခဲ့သည်။ မကောင်းဆိုးဝါးများက သူ့အား သတ်ဖြတ်မည်ဖြစ်ပြီး ဝန်ထမ်းများကတော့ သူ အမှန်တရားကို သိနေသောကြောင့် သူ့ကို ထိခိုက်အောင် လုပ်ကြလိမ့်မည်ဖြစ်သည်။ သူသည် သူကိုယ်သူသာ အားကိုးနိုင်တော့မည်။

“မြန်မြန်လုပ်လေ ကျွန်မတို့ အချိန်ကုန်တော့မယ် ၊ ရှင့်မိတ်ဆွေတွေ ဒါရိုက်တာရုံးခန်းနားကို ရောက်လာနေပြီ ၊ သူတို့ကို ကြောက်ပြီး ထွက်ပြေးအောင် လုပ်နိုင်မယ့် နည်းလမ်းတစ်ခု ရှာဖို့လိုတယ်”

တုန့်ကောသည် ကောင်းမင်ကို ပထမထပ်ဆီ ခေါ်သွားလိုက်သည်။ ထိုနေရာသည် ဒုတိယထပ်ထက် ပိုမို ဆူညံနေလေသည်။ ခြေသံများနှင့်အော်ဟစ်သံများက နေရာအနှံ့ ရှိနေကြသည်။

ဒါရိုက်တာရုံးခန်းသည် ပထမထပ်၏ အနက်ရှိုင်းဆုံးနေရာတွင် ဖုံးကွယ်ထားခြင်းဖြစ်သည်။ ယင်းသည် လမ်းသုံးလမ်း ဆုံရာနေရာတွင် ရှိသည်။ ကျယ်ကျစ်သည် သူ့အတွေ့အကြုံကို သုံး၍ ရုံးခန်းနား ရောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။

“ရှင့်မိတ်ဆွေက နောက်ဆုံး ရွေးချယ်မှု လုပ်နေပြီ ၊ ဒါက လမ်းခွဲတစ်ခုပဲ ၊ ဘယ်ဘက်လမ်းက ရုံးခန်းဆီကို ဦးတည်ပြီး ညာဘက်လမ်းက မကောင်းဆိုးဝါးအခန်းဆီကို ဦးတည်တာ ၊ ရှင်ဘယ်လိုနည်းလမ်းပဲ သုံးသုံး သူတို့ကို မှန်ကန်တဲ့လမ်းကို ရွေးခိုင်းလို့မရဘူး”

တုန့်ကောသည် နားကြပ်ထဲက ကြားလိုက်ရသည့်အတိုင်း ထပ်ပြောလိုက်သည်။

“ဗီရိုထဲမှာ ဆရာဝန်ဟန်ဆောင်ဖို့ အဝတ်အစားတွေ ရှိတယ် ၊ ဧည့်သည်တွေကို ကြောက်ပြီး ထွက်ပြေးအောင် လုပ်နိုင်မှ ရှင်ဒါရိုက်တာရဲ့ လျှို့ဝှက်ချက်တွေကို ရှာတွေ့ဖို့ အခွင့်အရေး ရလိမ့်မယ်”

ကောင်းမင်သည် တုန့်ကော၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်လိုက်သည်။ ညာဘက်လမ်းတွင် မကောင်းဆိုးဝါးများ စောင့်ဆိုင်းနေကြသည်။ သူသည် ဘယ်ဘက်လမ်းမှ ဧည့်သည်များ ကြောက်လန့် ထွက်ပြေးရန် လုပ်ဖို့လိုသည်။

“စိတ်ဝင်စားစရာကောင်းတဲ့ ဒီဇိုင်းပဲ”

ကောင်းမင်သည် ဗီရိုထဲရှိ အစစ်အမှန်ဆန်သော ပစ္စည်းကိရိယာများကို လေ့လာလိုက်သည်။ တခဏအတွင်း သူသည် နှိပ်စက်ညင်းပန်းသည့် ကိရိယာများနှင့် ပတ်သက်၍ ရင်းနှီးကျွမ်းဝင်မှုကို နက်နက်နဲနဲ ခံစားလိုက်ရသည်။ ထိုအရာများက သူ့ကို လက်ပြနှုတ်ဆက်နေသလိုပင်။ သူသည် ဓားများ ဝန်းရံထားသည့် ကုလားထိုင်ပေါ်တွင်ထိုင်နေသော မိမိကိုယ်ကို မြင်လိုက်ရသည်။ အသားတွေကို ဖယ်ရှားရန်အတွက် ဓားအမျိုးအစား ရှစ်မျိုးကျော်တောင် ရှိနေသည်။

“နှိပ်စက်ခန်းလား”

ထိုစကားလုံးက သူ့ပါးစပ်က အလိုလို ထွက်သွားသည်။ ဗီရိုထဲက ပစ္စည်းကိရိယာများကို ထိတွေ့ရန် သူလက်လှမ်းလိုက်သည်။ ထိုပစ္စည်းများကို ထိတွေ့လိုက်သောအခါ သူ့၏အထီးကျန်ဆန်မှု အစအနတစ်ခု ပေါ်လွင်လာလေသည်။

သူ အဖြူရောင်ကုတ်အင်္ကျီတစ်ထည်ကို ကောက်ယူ၍ ဝတ်ဆင်လိုက်သည်။ သူ၏ ပုံပန်းသဏ္ဌာန်ဖြစ်စေ တည်ရှိမှုဖြစ်စေ ကောင်းမင်သည် စိတ္တဇဆေးရုံမှ ဆရာဝန်တစ်ယောက်အဖြစ် တစ်စုံတစ်ယောက်ရဲ့ စိတ်ကူးနဲ့ ကိုက်ညီနေလေသည်။

“လူနာတစ်ယောက်ထက်စာရင် ငါက ဆရာဝန်ဖြစ်ဖို့ ပိုသင့်တော်တာပဲ ၊ ငါ့မှာ လူတစ်ယောက်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို ကုစားပေးဖို့ ဆေးဝါးတွေ ရှိတယ်”

“ရှင်က ကျွန်မထက်တောင် ပိုကောင်းနေပါလား”

တုန့်ကောက ညင်သာစွာ ရေရွတ်လိုက်သည်။ သူမက ကောင်းမင်ရဲ့ ပုံပန်းသဏ္ဌာန်ကို လေ့လာလိုက်ပြီး သူမ၏ မျက်လုံးများ လင်းလက်သွားသည်။ ထိုလူသည် အတော်လေး သပ်သပ်ရပ်ရပ် ဖြစ်နေလေသည်။

ကောင်းမင်သည် ပလတ်စတစ်များဖြင့် ပြုလုပ်ထားသည့် ပစ္စည်းများကို ထိတွေ့ရင်း မျက်လုံးကို မှိတ်လိုက်သည်။ သူသည် သူ့စိတ်ထဲရှိ ခံစားချက်များကို ရှာတွေ့နေပုံရသည်။

“အိပ်မက်ဆိုးတွေ ပြန်ရောက်လာတာကို ငါမလိုချင်ပါဘူး၊ ဒါပေမယ့် အိပ်မက်ထဲမှာ ငါဂရုစိုက်တဲ့ အရာတွေ အများကြီး ရှိနေတယ်…”

“ကောင်းပြီ ၊ သူတို့ အခု လာနေကြပြီ”

တုန့်ကောက သူမနားကြပ်မှ အခြေအနေအသစ်ကို ကြားလိုက်ရသည်။ ကော်ရစ်ဒါထဲက လျှို့ဝှက်တံခါး ပွင့်သွားသည်။ နောက်ခံတေးဂီတ ပြောင်းလဲသွားပြီး သရဲအော်သံများနှင့် ဥဩဆွဲသံများ တစ်ချိန်တည်း ပေါက်ကွဲထွက်လာတော့သည်။ လက်များနှင့်ခေါင်းများသည် နံရံအက်ကြောင်းများထဲမှ ထိုးထွက်လာကြသည်။

ကျယ်ကျစ်နဲ့ အန်းယွမ်တို့သည် ဧည့်သည်များကို ကော်ရစ်ဒါနှစ်ခုဆီ ဦးဆောင်ခေါ်လာကြသည်။ သူတို့သည် သူတို့၏ထိတ်လန့်မှုကြောင့် ဘယ်လမ်းကို သွားရမည်မှန်း မပြောနိုင်ကြတော့ပေ။

All Chapters