← Chapters

ရွေးချယ်မှုသုံးခု

Vol. 33 Ch. 490

ရွေးချယ်မှုသုံးခု

Vol. 33 Ch. 490

ကောင်းမင်၏ လိုက်ဖမ်းခံရခြင်းကြောင့် ဧည့်သည်များသည် မျှော်လင့်ထားသည်ထက် ပိုမိုလုပ်ဆောင်နိုင်ခဲ့ကြသည်။ သူတို့၏ အဒရီနယ်လင်ဓာတ်သည် အမြင့်ဆုံးသို့ ရောက်ရှိသွားကြသည်။

တံခါးကို ဆောင့်တိုက်နေသံများ ရပ်တန့်သွားပြီးနောက် ဧည့်သည်များသည် ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။ အစောပိုင်းက ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်များသည် သူတို့၏ ဦးနှောက်ထဲတွင် စွဲထင်ကျန်ရစ်ခဲ့တော့သည်။သူတို့သည် ထိုအကြောင်းကို စဉ်းစားလိုက်ရုံဖြင့်ပင် တုန်ယင်လာကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် ဤနေ့လယ်ခင်းကို မည်သည့်အခါမျှ မေ့နိုင်တော့မည် မဟုတ်ပေ။

ကောင်းမင်၏လက်မောင်းကို ဖက်ထားရင်း လမ်းဆုံသို့ ပြန်ရောက်လာသော တုန့်ကောသည် ကောင်းမင်အား အနည်းငယ်ကြောက်နေသေးသည်။ ကောင်းမင်သည် အစောပိုင်းက သံဘားတန်းများတစ်လျှောက် တိတိကျကျ တွားသွားခဲ့သည့်ပုံစံသည် သူမ၏ နှလုံးသားအပေါ် ကြီးမားသော သက်ရောက်မှုတစ်ခု ကျန်ရစ်စေသည်။ ဒါပေမယ့် သရဲအိမ်သရုပ်ဆောင်တစ်ယောက်က ဧည့်သည်ကို ဘာလို့ ကြောက်ရမှာလဲ။ ကောင်းမင် ထိခိုက်သွားမည်ကို စိုးရိမ်သောကြောင့် တုန့်ကောသည် ကောင်းမင်အား သူမနှင့်ဝေးရာသို့ လျှောက်သွားခွင့် မပြုရဲပေ။ ဤခံစားချက်နှစ်မျိုးသည် ကောင်းမင်၏လက်မောင်းကို ဖက်တွယ်ထားသည့် တုန့်ကော၏ နှလုံးသားကို ဆုပ်ညစ်ထားသည်။

“လွှတ်ပါဦး၊ ငါတို့ ဒါရိုက်တာရုံးခန်းဆီ သွားသင့်တယ်”

ကောင်းမင် တုန့်ကောကို တွန်းထုတ်လိုက်သည်။ သူသည် ခါးကိုင်း၍ ကြမ်းပြင်ပေါ်ရှိ လူနာများ၏ နောက်ဆုံးပစ္စည်းများကို ကောက်ယူလိုက်သည်။လူသေဓာတ်ပုံများကို သေတ္တာထဲသို့ ဖြည်းညင်းစွာ ပြန်ထည့်လိုက်သည်။ သူသည် အလေးအနက်ဖြစ်နေပုံရသည်။

“အဲဒါတွေက ဇာတ်လမ်းသုံးပစ္စည်းတွေပါပဲ ၊ ရှင့်ကို မလှုံ့ဆော်မိဖို့ မျှော်လင့်ပါတယ်”

တုန့်ကောသည် လေထုကို ဖျက်ဆီးမိမည်ကို နောက်ထပ် မကြောက်တော့ပေ။ ကောင်းမင် ရူးသွပ်သော အပြုအမူတစ်ခုခု ထပ်မံလုပ်ဆောင်လာမည်ကိုသာ သူမကြောက်နေခဲ့သည်။ ဧည့်သည်အားလုံးကို ခြောက်လှန့်၍ ထွက်ပြေးစေပြီးနောက် ကောင်းမင်သည် ကော်ရစ်ဒါအဆုံးဘက်သို့ လျှောက်သွားလိုက်သည်။

“ကျွန်မကို စောင့်ပါဦး”

တုန့်ကောက သူ့နောက်မှ ပြေးလိုက်သွားသည်။ သူမသည် ကြမ်းပြင်ပေါ်တွင် တွားသွားရန်ပင် မကြိုးစားတော့ချေ။ တုန့်ကော စာသင်ခန်းတံခါးတွင် တွေ့ခဲ့သော သော့ကို သုံး၍ ကောင်းမင်သည် ဒါရိုက်တာရုံးခန်း၏တံခါးကို ဖွင့်လိုက်သည်။ အခန်းတွင်းမှ အေးစိမ့်စိမ့် လေတစ်သုတ် တိုက်ခတ်လာခဲ့ရာ အခန်းသည် ကိုယ်ပိုင်လေအေးပေးစနစ် ရှိနေသကဲ့သို့ပင်။

“ဝိုင်ဗီရိုတစ်ခု၊ ဆိုဖာတစ်လုံး၊ ရုံးသုံးစားပွဲ…”

ကောင်းမင်၏အကြည့်များသည် ပစ္စည်းအားလုံးကို စစ်ဆေးကြည့်ရှုပြီးနောက် စာအုပ်စင်ပေါ်သို့ ကျရောက်သွားသည်။ နိုင်ငံခြားဘာသာစာအုပ်များအပြင် လက်ချောင်းအရွယ်ရှိ ရွှံ့ရုပ်တုလေး အခုသုံးဆယ် ရှိနေသည်။ ကလေးတိုင်း၏ ဦးခေါင်းကို သေးငယ်သော ယဇ်ပလ္လင်ငယ်တစ်ခုထဲတွင် ထည့်ထားပြီး သူတို့၏မျက်နှာများသည် ပွင့်နေသော ယဇ်ပလ္လင်တံခါးများမှတဆင့် အပြင်ဘက်သို့ ကြည့်ရှုနေကြသည်။

“ကလေးအများစုက မျက်လုံးတွေ မှိတ်ထားတယ် ၊ ဒီတစ်ယောက်ပဲ ငါ့ကို ပြုံးပြနေတာ”

ကောင်းမင်သည် အပေါ်ဆုံးစင်မှ ရုပ်တုတစ်ခုကို ဖယ်ရှားလိုက်သည်။ ထိုကလေး၏ယဇ်ပလ္လင်တွင် နံပါတ် ၂ ဟု ရေးထားသည်။

“ကလေးတိုင်းမှာ သူတို့ကိုယ်ပိုင် နံပါတ်တွေ ရှိတာလား ၊ ကလေးနံပါတ် ၂ တစ်ယောက်တည်းပဲ ဘာလို့ မျက်လုံးဖွင့်နေတာလဲ”

တစ်ချိန်တည်းမှာပင် ရုံးခန်းထဲ၌ တစ်စုံတစ်ခု ပြောင်းလဲသွားခဲ့သည်။ ကလေးနံပါတ် ၂ ၏ ယဇ်ပလ္လင်သည် စက်ယန္တရားတစ်မျိုးကဲ့သို့ ဖြစ်နေသည်။ ၎င်းကို ဖယ်ရှားလိုက်ပြီးနောက် စာအုပ်စင်မှာ ဘေးသို့ လဲကျသွားလေသည်။ လျှို့ဝှက်တံခါးတစ်ချပ် ပေါ်လာခဲ့သည်။ ၎င်းနောက်တွင် အမှောင်ထုထဲသို့ မြင့်တက်သွားသော လှေကားတစ်စင်း ရှိသည်။ လှေကားတိုင်းကို သွေးဖြင့် ဆေးချယ်ထားလေသည်။ လှေကားထစ်တစ်ခုစီတိုင်းတွင် ကလေးများ၏ နာမည်များကို ရေးထားသည်။

“ဒါက ဒုတိယထပ်ကို သွားတဲ့ လျှို့ဝှက်လမ်းကြောင်းပါ ၊ ဒါပေမယ့် ကျွန်မတို့ အဲဒီကို ရောက်ခဲ့ပြီးသားဆိုတော့ ကျွန်မတို့ အခု လုပ်ရမှာက အနက်ရောင်သေတ္တာကို ရှာဖို့ပဲ”

တုန့်ကောက သဲလွန်စအများအပြား ပေးနေသည်။

“ကြည့်ပါဦး ၊ ဒီမီးခံသေတ္တာက သံသယဖြစ်စရာ မကောင်းဘူးလား ၊ ဒါရိုက်တာက အရေးအကြီးဆုံးအရာကို ဒီထဲမှာ ထည့်ထားရတာ ကြိုက်တယ်လေ ၊ စကားဝှက်က ဒီအခန်းထဲက တစ်နေရာရာမှာ ဖုံးကွယ်ထားတာဖြစ်မယ် ၊ စာအုပ်တွေကို ကြည့်ပြီး သဲလွန်စတစ်ခု ရှာတွေ့နိုင်မယ် ထင်တယ်”

ကောင်းမင်သည် တုန့်ကော၏ စကားကို နားမထောင်ပေ။ သူသည် လျှို့ဝှက်လမ်းကြောင်းရှေ့တွင် ရပ်နေရင်း ကလေးနာမည်များဖြင့် ပြုလုပ်ထားသော လှေကားထစ်များကို လေ့လာနေသည်။

“ဆရာဝန်တွေရဲ့ နှိပ်စက်တာခံနေရတဲ့ တခြားလူနာတွေ ရှိသေးတယ်နော် ၊ ရှင့်အဖွဲ့သားတွေ ဘယ်အချိန်မဆို ပြန်ရောက်လာနိုင်တယ် ၊ ကျွန်မတို့ အမြန်လုပ်မှရမယ်”

ကောင်းမင် တုံ့ပြန်မှုမရှိသောကြောင့် တုန့်ကောသည် စာအုပ်စင်ဆီသို့ လျှောက်သွားလိုက်ပြီး စာအုပ်များကို လိုက်ကြည့်လိုက်သည်။

“ဟယ် ၊ ကြည့်စမ်း ၊ စာအုပ်တွေထဲမှာ အချိန်တွေပါတဲ့ မှတ်စုတွေ ရှိတယ် ၊ ဒါတွေကို သုံးပြီး ဖြစ်ပျက်ခဲ့တာတွေကို ပြန်စိတ်ကူးလို့ရနိုင်တယ်”

တုန့်ကောသည် ကောင်းမင်အား သဲလွန်စများကို လက်တွေ့ပေးလိုက်သော်လည်း ကောင်းမင်ကတော့ တုံ့ပြန်မှုမရှိပါချေ။ တုန့်ကော၏နားကြပ်ထဲမှ အသံသည် အလွန်ကျယ်လာသောကြောင့် ကောင်းမင်ပင် ကြားနေရသည်။

“ပွင့်နေတဲ့နယ်မြေဆီသွားတဲ့ လမ်းကြောင်းကို ဖွင့်လိုက်ပြီ ၊ ဧည့်သည်တွေအတွက် ဒုတိယထပ်ကို အခုထိ ဖွင့်မထားသေးဘူး ၊ သူ့ကို အမြန်ပြန်ခေါ်လာခဲ့တော့!”

အခြေအနေကို ရှေ့ဆက်တိုးစေရန် တုန့်ကောက ဆက်လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

“ကျွန်မ ဖြေရှင်းလိုက်ပြီ”

သူမသည် မီးခံသေတ္တာ၏ ခလုတ်များကို တို့ထိလိုက်ရာ သေတ္တာသည် အလွယ်တကူ ပွင့်သွား၏။ သူမသည် သတ္တုဖြင့် ပြုလုပ်ထားသော အနက်ရောင်သေတ္တာတစ်ခုကို ထုတ်ယူလိုက်သည်။

“ရှာတွေ့ပြီ”

တုန့်ကော တခြားဘာမှ မပြောနိုင်သေးမီ ပထမထပ်တစ်လျှောက် ဥဩဆွဲသံများ မြည်ဟည်းသွားသည်။ ကော်ရစ်ဒါတိုင်းတွင် အနီရောင်မီးများ လင်းထိန်လာလေသည်။ ခြေသံများသည် နေရာအနှံ့ထွက်ပေါ်လာတော့သည်။ သူနာပြုများ၊ မကောင်းဆိုးဝါးများနှင့် ဆရာဝန်များသည် ကောင်းမင်ကို လိုက်လံရှာဖွေရန် ရုံးခန်းဆီသို့ ရွေ့လျားလာနေကြခြင်းဖြစ်သည်။ မူရင်းဇာတ်ကြောင်းအရ သူသည် အနက်ရောင်သေတ္တာကို သိမ်းဆည်းပြီး လူတိုင်းကို ရှောင်တိမ်းရမည်ဖြစ်သည်။ သူ၏ စိန်ခေါ်မှုမှာ အနက်ရောင်သေတ္တာကို စိတ္တဇဆေးရုံမှ ထုတ်ယူသွားရန် ဖြစ်သည်။

“ကျွန်မတို့ အချိန်မရှိတော့ဘူး ၊ ကျွန်မ ရှင့်အတွက် တတ်နိုင်သမျှ ဆွဲထားပေးမယ် ၊ ရှင် သွားဖို့လိုပြီ”

တုန့်ကောသည် သူမကိုယ်သူမ သရုပ်ဆောင်ရန် အတင်းအကျပ်တွန်းအားပေးလိုက်ပြီး သေတ္တာကို ကောင်းမင်ထံ ပေးလိုက်သည်။

ကောင်းမင် အားစိုက်လိုက်သောအခါ အပေါက်ပါသော ထိုသေတ္တာသည် ကွဲအက်သွားတော့သည်။

“ဒါက ငါရှာနေတဲ့ အနက်ရောင်သေတ္တာ မဟုတ်ဘူး ၊ ဒီလိုအရာမျိုးက မြို့တော်တစ်ခုလုံးရဲ့ စိတ်ပျက်အားငယ်မှုကို ဘယ်လိုလုပ်ဆံ့နိုင်မှာလဲ”

ကောင်းမင်သည် ပုန်းရှောင်ခြင်းမရှိပေ။ တုန့်ကော၏အထိတ်တလန့်အကြည့်နှင့်အတူ သူသည် သွေးစွန်းနေသော လှေကားထစ်များပေါ် တက်၍ ဒုတိယထပ်၏ ကန့်သတ်ဧရိယာထဲသို့ ဝင်ရောက်သွားတော့သည်။

“စောင့်ဦးလေ”

သူ့အား တားဆီးမရနိုင်သောကြောင့် တုန့်ကောသည် သူ့နောက်သို့ လိုက်ပါသွားရသည်။

သွေးစွန်းနေသော လှေကားများ၏ အဆုံးသည် အလွန်ထူးဆန်းသော အခန်းတစ်ခု ဖြစ်သည်။ တုန့်ကောသည် ထိုနေရာသို့ တစ်ခါမှ မရောက်ဖူးခဲ့ပေ။ နံရံ၊ ကြမ်းပြင်နှင့် မျက်နှာကျက်ပေါ်ရှိ အဆင်တန်ဆာများသည် အခြားနေရာများနှင့် လုံးဝကွာခြားနေသည်။ အခန်းတစ်ခုလုံးကို ထူးဆန်းသော ပုံစံကွက်များဖြင့် ဖုံးအုပ်ထားသည်။ နံရံတစ်လျှောက်တွင် အနက်အမျိုးမျိုးရှိသော မြောင်းများ ရှိနေပြီး ထိုနေရာသည် တစ်စုံတစ်ယောက်၏ဦးနှောက်အတွင်းပိုင်းကဲ့သို့ ပုံပေါ်နေလေသည်။ အခန်းသည် လုံးဝမှောင်မိုက်နေသည်။ သို့သော်လည်း နံရံအား ထိလိုက်ပါက တုံ့ပြန်မှုရှိလာမည်ဖြစ်ပြီး အခန်းသည် သူတို့နှင့် ဆက်သွယ်နေသကဲ့သို့ပင်။

တုန့်ကောသည် ထင်ထင်ရှားရှားကြောက်မက်ဖွယ်ကောင်းသည့် မည်သည့်အရာကိုမျှ မတွေ့ရသော်လည်း သူမ၏ကျောရိုးတစ်လျှောက်တွင် အေးစိမ့်မှုတစ်ခု ပြေးတက်လာသည်။ အခန်းထဲရှိ အရာများသည် အခြားဇာတ်ဝင်ပစ္စည်းများကဲ့သို့ မဟုတ်ဘဲ အစစ်အမှန်များ ဖြစ်နေသကဲ့သို့ ခံစားရသည်။

ကောင်းမင်သည် ထောင့်တစ်နေရာတွင် ရပ်နေပြီး သူ့လက်ချောင်းများက နံရံပေါ်ရှိ မြောင်းပေါက်များကို ပွတ်သပ်နေလေသည်။ ပုံစံကွက်အားလုံး ဆုံစည်းသွားသည့်နေရာတွင် ခွဲစိတ်စားပွဲကဲ့သို့ ပုံသဏ္ဌာန်ရှိသော စမ်းသပ်ခန်းတစ်ခုရှိသည်။

ကောင်းမင်သည် ဤအရာကို သူ့အိပ်မက်ဆိုးထဲမှ မဟုတ်ဘဲ မသေဆေးဦးနှောက်နယ်ပယ် ဂိမ်းဓာတ်ခွဲခန်းတွင် ပုံစံတူတစ်ခုကို မြင်ဖူးသောကြောင့် မှတ်မိနေသည်။

“ဒီက သူဌေးက မသေဆေးအကြောင်း အချို့ကိစ္စတွေကိုတော့ တကယ်သိတာပဲ ၊ ဒါပေမယ့် သူက ဘာလို့ ဒီလိုတွေလုပ်နေတာလဲ”

ကောင်းမင်သည် စမ်းသပ်ခန်းတံခါးကို ဖွင့်လိုက်သည်။ အတွင်းထဲတွင် လူ့ဦးခေါင်းထက် ပိုကြီးသော အနက်ရောင်သေတ္တာသုံးလုံးနှင့် ဆေးပုလင်းသုံးပုလင်း ရှိနေသည်။

“အိပ်မက်ထဲ ဝင်ဖို့ ဆေးတွေလား”

ကောင်းမင်သည် ကျပန်းသေတ္တာတစ်လုံးကို ကောက်ယူလိုက်သည်။ ၎င်းပေါ်တွင် စာကြောင်းတစ်ကြောင်း ရေးသားထားသည်။

“အနက်ရောင်ဆေးကို သောက်ပြီး ငါမင်းအတွက် ပြင်ဆင်ထားတဲ့ သေတ္တာထဲ တွားဝင်လိုက်ပါ ၊ မင်းဟာ အကြီးမားဆုံးသော စိတ်ပျက်အားငယ်စရာအိပ်မက်ဆိုးထဲ ဝင်ရောက်သွားလိမ့်မယ် ၊ အနက်ရောင်သေတ္တာကို ရရှိနိုင်ခြေက ၅၀ရာခိုင်နူန်း ဖြစ်တယ်”

“အနက်ရောင်က ဆေးလား”

ကောင်းမင်သည် အလယ်သေတ္တာကို ကောက်ယူလိုက်သည်။ ၎င်းပေါ်တွင်လည်း စာကြောင်းတစ်ကြောင်း ရေးသားထားသည်။

“အဖြူရောင်ဆေးကို သောက်ပြီး ငါမင်းအတွက် ပြင်ဆင်ထားတဲ့ သေတ္တာထဲ တွားဝင်လိုက်ပါ၊ မင်းဟာ အလှပဆုံးအိပ်မက်ထဲ ဝင်ရောက်သွားလိမ့်မယ် ၊ အနက်ရောင်သေတ္တာကို ရရှိနိုင်ခြေက ၅၀ ရာခိုင်နှုန်း ဖြစ်တယ်”

ကောင်းမင်သည် နောက်ဆုံးသေတ္တာဆီသို့ လှည့်ကြည့်ရင်း တုံ့ဆိုင်းသွားသည်။

“အနီရောင်ဆေးကို သောက်ပြီး ငါမင်းအတွက် ပြင်ဆင်ထားတဲ့ သေတ္တာထဲ တွားဝင်လိုက်ပါ ၊ မင်းဟာ ငါ့အိပ်မက်ဆိုးထဲ ဝင်ရောက်သွားပြီး အမှန်တရားကို မြင်ရလိမ့်မယ်”

All Chapters