ထူးဆန်းသော ဖုန်းခေါ်ဆိုမှု
Vol. 1 Ch. 1
လုအန်းကျီ သည် ဟိုင်ကျူးရပ်ကွက် မြေအောက်ရထားဘူတာမှ ထွက်လာပြီး လေကို ရှူရှိုက်လိုက်သည်။
သုံးနှစ်ကြာပြီးနောက် နောက်ဆုံးတော့
သူသည် ထိုနေရာသို့ ပြန်ရောက်လာခဲ့သည်။
သုံးနှစ်မတိုင်ခင်က သူသည်ထိုမြို့လေးထဲသို့ ဝန်ထုပ်ဝင်ပိုးမရှိဘဲ ပြောင်းရွေ့နေထိုင်ခဲ့သည်။ ဤမြို့လေးမှပင် သူသည်
ဝတ္ထုရေးသားခြင်းနှင့် ခရီးထွက်ခြင်း ဘဝကို စတင်ခဲ့သည်။
ဝတ္ထုများရေးသားရာမှရသည့် ဝင်ငွေ များကို အားထားကာ ဤကမ္ဘာ့ကုန်းမြေ နေရာတိုင်းကို သူခြေလှမ်းများ စတင်ထွက်ခွာခဲ့သည်။
ကမ္ဘာတစ်ဝှမ်းရှိ ဒေသအသီးသီး၏ ဓလေ့ထုံးတမ်းများကို ခံစားခွင့်ရခဲ့သည်။
ဒါဟာ သူ၏ ယခင်ဘဝတစ်လျှောက်လုံး အိမ်မက် မက်ခဲ့ရသော ခရီးစဉ်တစ်ခု ဖြစ်ခဲ့သည်။
သို့သော် အဲဒီအချိန်က ဘဝလမ်းခရီးဟာရှည်လျားလွန်းပြီး၊ ဓားတစ်လက် ဝယ်ဖို့တောင် ငွေမရှိခဲ့ပါ။
ယခုတော့ ဘဝကူးပြောင်းလာပြီးနောက်၊ ဒီကမ္ဘာမှာ မရှိသေးတဲ့ သူ့ရဲ့ ယခင်ဘဝဝတ္ထု တွေကို စာရေးခြင်းဖြင့် အဲဒီအိမ်မက်ကို တဖြည်းဖြည်း အကောင်အထည်ဖော်လာနိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် သုံးနှစ်တာ ခရီးသည် ကမ္ဘာ့မြေပြင်တစ်လျှောက် အကွာအဝေးတိုင်းကို သူ့ခြေရာချနိုင်ရန် မလုံလောက်သေးပေ။ သူ မြင်တွေ့ခွင့် မရသေးသော ရှုခင်းများ အများအပြားရှိနေသေးသည်။
သို့သော် ခရီးသည် ဘဝကဲ့သို့ပင် ခဏတာ ရပ်နားခြင်းကို လိုအပ်တတ်သည် မဟုတ်ပါလော။
ထို့ကြောင့် သူသည် ခရီးစတင်ခဲ့ရာ ဟိုင်ကျူးသို့ ပြန်လာခဲ့ပြီး ဒီမှာပဲ ခဏနားကာ အခြားအလုပ်တစ်ခုခုလုပ်ကိုင်ရန် ရည်ရွယ်ထား၏။
ထိုစဉ်
ဖုန်းခေါ်သံ မြည်လာ၏။
လုအန်းကျီသည် ဖုန်းထုတ်ကာ ဖုန်းမျက်နှာပြင်မှ ခေါ်ဆိုသူအမည်တွင် “ဆိုင်ရောင်းသူ” ဟု မှတ်သားထားသည်ကို မြင်လိုက်ရသည်။
သူသည် ဖုန်းကိုဖွင့်ပြီး နားဘက်သို့ ကပ်ယူလိုက်၏။
“ဟယ်လို၊ ကျုံ့အမ်းလမ်းပေါ်က ဆိုင်ပိုင်ရှင်ပါ။ လူကြီးမင်းနဲ့အတည်ပြုချင်တာလေးရှိလို့ပါကျွန်တော့်ဆိုင်ကို ဝယ်ယူဖို့ စိတ်ဝင်စားနေသေးတာ သေချာလားခင်ဗျာ”
“သေချာတာပေါ့။ အရင်ကတည်းက ပြောပြီးသားပဲ မဟုတ်လား”
“အွန်း... ကျွန်တော်က အတည်ပြုချင်ရုံပါ ဘယ်အချိန်လာကြည့်နိုင်မလဲ။”
“မနက်ကိုးနာရီဆိုရင် ရမလား။”
“အိုကေ ကောင်းပြီ၊ မနက်ကိုးနာရီမှာ ဆိုင်မှာ စောင့်နေမယ်။”
ဖုန်းချလိုက်ပြီးနောက် လုအန်းကျီသည် ကျောပိုးအိတ်ကို ပခုံးပေါ်သို့ တင်ကာ တက်စီတစ်စီးခေါ်ပြီး ကျုံ့အမ်းလမ်းသို့ သွားကာ ဟိုတယ်တစ်ခုတွင် အခန်းယူလိုက်သည်။
စာရေး လာခဲ့သည့် သုံးနှစ်တာအတွင်း
သူသည် ခေတ်ရေစီးကြောင်းကို မှန်ကန်စွာ ဖမ်းဆုပ်နိုင်ခဲ့ပြီး လူကြိုက်များနေသည့် လမ်းကြောင်းများအတိုင်း စာအုပ်အချို့ ထုတ်ဝေခဲ့ရာမှ ငွေကြေးအများအပြား ရရှိလာခဲ့သည်။
အဆိုပါစာအုပ်များအနက် နှစ်အုပ်မှာ မူပိုင်ခွင့်များဖြင့် ရောင်းချနိုင်ခဲ့သဖြင့် နေထိုင်စရိတ်နှင့် ခရီးသွားစရိတ်များကို နုတ်ပြီးနောက် သူ့လက်ထဲတွင် ငွေ အတော်အသင့် ကျန်ရှိနေသေးသည်။
ထို့ကြောင့် ဟိုင်တူးရပ်ကွက်သို့ ပြန်ရောက်လာပြီး ခရီးသွားခြင်းကို ရပ်တန့်ကာ ကျန်ငွေများဖြင့် စာအုပ်ဆိုင်တစ်ဆိုင် ဖွင့်ရန် စီစဉ်ထား၏။
ထိုအချိန် ဟိုင်တူးတွင် အိမ်ခြံမြေဈေးနှုန်းများ မတက်သေးသဖြင့် သူ့လက်ကျန်ငွေသည် လမ်းဘေးဆိုင်ခန်းတစ်ခန်း ဝယ်ယူရန်နှင့် ပြုပြင်ပြောင်းလဲကာ ဆိုင်ဖွင့်ရန် လုံလောက်နေသည်။
ဤသည်မှာလည်း သူ၏ ဘဝတစ်လျှောက်လုံး အမြဲလိုလို
လုပ်ချင်ခဲ့သော အရာပင်ဖြစ်သည်။ သို့သော် အင်တာနက်ခေတ်တွင် ရုပ်ဝတ္ထုစာအုပ်ဆိုင် ဖွင့်ရသည်မှာ မည်မျှလွယ်ကူပါမည်နည်း။ ထို့အပြင် သူသည် ထပ်ဆောင်းသင်ကြားရေးစာအုပ်များလည်း
ရောင်းရန် မလိုလားခဲ့ပေ။
ဘဝနှင့် စီးပွားရေးအခြေအနေများသည် ထိုသို့ စိတ်ကူးယဉ်စရာ ကောင်းလှသည်မဟုတ်၊ သူ့အား စိတ်ကြိုက် လုပ်ကိုင်ခွင့် မပေးခဲ့ပေ။
သို့သော်လက်ရှိအချိန်သည် ယခင်ကနဲ့မတူ ကွဲပြားကာ လုပ်ချင်သည့်ကိစ္စများ လုပ်ဆောင်နိုင်ရန် ပိုက်ဆံရှိနေလေပြီ။
လုအန်းကျီသည် စာအုပ်ဆိုင်၏ အမည်ကို ဆုံးဖြတ်ပြီးဖြစ်ကာ “ဆန်းဝေး စာအုပ်ဆိုင်” ဟု အမည်ပေးရန် စီစဉ်ထားသည်။ ဤအမည်ထဲတွင် သူ၏ ယခင်ဘဝက ခံစားချက်များ နက်နက်ရှိုင်းရှိုင်း ထည့်သွင်းထားသော်လည်း ဤကမ္ဘာတွင် မည်သူမျှ နားလည်ကြမည် မဟုတ်ပေ။
ကျုံ့အမ်းလမ်းပေါ်ရှိ ကျုံ့အမ်းဟိုတယ် ရှေ့တွင် လူအန်းကျီသည် ကားခရှင်းပြီး ဆင်းလိုက်သည်။ သုံးနှစ်အတွင်း ပြန်လည်ပြင်ဆင်မွမ်းမံထားသော ဟိုတယ်ကို ကြည့်ရင်း လုအန်းကျီ၏ စိတ်ထဲတွင် ရင်းနှီးမှုနှင့် သစ်လွင်မှု ခံစားချက်များ ဝင်ရောက်လာသည်။
သူ့အရင်ဘဝကလူသည် မိဘမဲ့တစ်ဦး ဖြစ်သည်။ လုအန်းကျီ သည် လွန်ခဲ့သော သုံးနှစ်က ကူးပြောင်းဝင်ရောက်လာချိန်တွင် သူ၏အရင်လူသည် တက္ကသိုလ်မှ ဘွဲ့ရကာစ ဖြစ်ပြီး အရွယ်ရောက်ပြီးသူဖြစ်သည့်အတွက် မိဘမဲ့ဂေဟာတွင် ဆက်လက်နေထိုင်၍ မရတော့ပေ။
အရင်ဘဝကလူသည် သာမန်အဆင့်သာရှိသော အမှတ်များဖြင့် ကျုံ့အမ်းဟိုတယ်တွင် စားပွဲထိုးအဖြစ် အလုပ်ရခဲ့သည်။ တစ်ညတွင် မမျှော်လင့်ဘဲ မေ့လဲသွားခဲ့ပြီး လုအန်းကျီသည် ကူးပြောင်းဝင်ရောက်လာခဲ့သည်။
နောက်ပိုင်းတွင် လုအန်းကျီသည် အလုပ်၌ အားလပ်ချိန်များတွင် ပထမဆုံးဝတ္ထုကို ရေးသားခဲ့ပြီး အလုပ်မှနုတ်ထွက်ကာ ခရီးထွက်ခြင်းကို စတင်ခဲ့သည်။ ယခု သုံးနှစ်အကြာတွင် စတင်ခဲ့ရာမှ စတင်ခဲ့ရာသို့ ပြန်ရောက်လာပြီး ဤနေရာတွင် နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။
သူသည် ဟိုတယ်အတွင်းသို့ဝင်ပြီး အခန်းယူ
လိုက်သည်။ ဟိုတယ်ရှိ ဧည့်ကြိုဝန်ထမ်း နှင့်စားပွဲထိုးများအသစ်လဲထားသောကြောင့် သူ့အား သိကျွမ်းသူ တစ်ဦးတစ်ယောက်မျှ မရှိတော့ပေ။ အခန်းသော့ကို ယူရင်း သူသည် ခဏတာ စိတ်ရှုပ်ထွေးသွားသည်။
သော့ပြားပေါ်ရှိ အခန်းနံပါတ်မှာ “၈၈၀၈” ဖြစ်သည်။
သုံးနှစ်က သူ၏ အရင်လူသည် မူးယစ်နေသော အမျိုးသမီးဧည့်သည် တစ်ဦးအား အခန်းသို့ ပြန်ပို့ဆောင်ပေးနေစဉ် ဧည့်သည်က သူ့အား ဆွဲချလိုက်သဖြင့် မတော်တဆ ဦးခေါင်းထိခိုက်မိပြီး သတိလစ်သွားကာ ‘ဘဝပြီးဆုံးသွားခြင်း’ ဖြစ်သွားခဲ့လေသည်။
သူကိုယ်တိုင်က ကူးပြောင်းဝင်ရောက်လာခဲ့ပြီး ဝေဝါးနေသော စိတ်ဖြင့်ထရပ်ကာထွက်သွား
ရန်ကြိုးစားခဲ့သော်လည်း ထိုဧည့်သည်အမျိုးသမီး
၏အတင်းဆွဲခေါ်ခြင်းကိုခံခဲ့ရသည်။
မှုန်ဝါးဝါးနှင့် တစ်ဝက်တစ်ပျက်
သဘောတူသည့်အခြေအနေဖြင့်ထိုဧည့်သည်
အမျိုးသမီးနှင့် တစ်ညတာအတူနေခဲ့သည်။
ထိုအမျိုးသမီးသည် အလွန်လှပသည်ကိုတော့ သူမှတ်မိသည်။
သို့သော် ထိုအချိန်က သူ ခုမှ ကူးပြောင်းရောက်ရှိလာချိန်ဖြစ်ပြီး စိတ်ရှင်းလင်းမှု မရှိသဖြင့် အသေးစိတ်ကိုသူပြန် မမှတ်မိနိုင်ခဲ့ပေ။
နောက်နေ့မနက် သူနိုးလာသောအခါ ထိုအမျိုးသမီးသည် ထွက်သွားနှင့်ပြီးဖြစ်သည်။ ညဆိုင်းပျက်ကွက်မှုကြောင့် သူ၏ တစ်ရက်စာ လုပ်ခကိုလည်း ဖြတ်တောက်ခံခဲ့ရပြီး၊ အိပ်ရာခင်းဖိုးအတွက်ပါ ပေးဆောင်ခဲ့ရသည်။
တိုက်ဆိုင်မှုဟုပင်ဆိုရမည်လား။ထိုအခန်းသည်
လည်း “၈၈၀၈” ဖြစ်နေ၏။
သို့သော်လည်း အခန်းကို အလှဆင်ပုံ ပြန်လည်ပြင်ဆင်ထားပြီး သူ့အတွက် လုံးဝစိမ်းသက်နေခဲ့သည်။ သတိရစရာ တမ်းတစရာ ဘာတစ်ခုမှ မရှိတော့ပေ။
ကောင်းကင်သည် တဖြည်းဖြည်း မှောင်စပြုလာသည်။ သူသည် ခရီးဆောင်အိတ်ကို ချထားလိုက်ပြီး အပြင်ထွက်ကာ ညစာစားရန်၊ ထို့နောက် ပြန်လာ၍ အိပ်ရန်နှင့် ဆိုင်ကိစ္စကို နောက်နေ့မှ ဆွေးနွေးရန် စီစဉ်လိုက်သည်။
ထွက်ခွာမည့်အချိန်တွင် ဖုန်းပြန်မြည်လာသည်။
သူသည် ဖုန်းထုတ်ယူကြည့်ပြီး မသိသော နံပါတ် တစ်ခုဖြစ်နေသည်ကို တွေ့ရသည်။
လုအန်းကျီသည် ခဏစဉ်းစားပြီးနောက် ဖုန်းကို လက်ခံသည်။
“ဟလို၊ မစ္စတာ လုအန်းကျီ ဟုတ်ပါသလား။”
ဖုန်းတစ်ဖက်ထဲမှ အသံသည် နားထောင်လို့ အလွန်သာယာသော အမျိုးသမီးတစ်ဦး၏ အသံဖြစ်ပြီး အနည်းငယ် ယဉ်ကျေးသည့်
ဟန်လည်း ရှိကာ အနည်းငယ် စိုးရိမ်ပူပန်နေပုံလည်း ပေါ်သည်။
လုအန်းကျီက
“ဟုတ်ကဲ့ကျွန်တော်ပါပဲ၊ ဘယ်သူလဲခင်ဗျား” ဟု ပြောသည်။
သူသည် ဖုန်းတစ်ဖက်တွင် ဖြည်းဖြည်းချင်း ပြင်းပြင်းထန်ထန် အသက်ရှူထုတ်သံကို ကြားလိုက်ရသည်၊ ထိုအမျိုးသမီးသည် စိတ်သက်သာရာ ရသလို ဟန်ဆောင်ပြီး “ရုတ်တရက် ဖုန်းခေါ်မိတာ ခွင့်လွှတ်ပါ... ခင်ဗျားက ဘယ်နေရာမှာလဲ။ ခင်ဗျားကို တွေ့ချင်လို့ပါ။” ဟု ပြောသည်။
မိမိကိုယ်ကို မိတ်ဆက်ခြင်း မရှိသောကြောင့်လုအန်းကျီ မျက်ခုံးကျုံ့ပြီး “ဘာကိစ္စလဲ” ဟု မေးလိုက်သည်။
အမျိုးသမီးက “ဖုန်းနဲ့ပြောရင် မသင့်တော်လို့ လူချင်းတွေ့ပြီး အသေးစိတ်ဆွေးနွေးလို့ရမလား။” ဟု ပြောသည်။
သူမ၏ စကားလုံးများသည် အလွန်စိတ်ရင်းမှန်ဟန်ရှိပြီး လိမ်လည်မှုတစ်ခုလို မထင်ရပေ။
သို့သော် လိမ်လည်သူများသည် ခံစားချက်ဖြင့် သရုပ်မဆောင်နိုင်ဟု မည်သူက ပြောနိုင်မည်နည်း။
လုအန်းကျီသည် ခဏတာ စဉ်းစားပြီးနောက် “ကျွန်တော်က ဟိုင်တူးက ကျုံ့အမ်းလမ်းမှာ အခုပဲ အပြင်ထွက်ပြီး ညစာစားမှာပါ။ တကယ်လို့ ကျွန်တော့်ကို ပြောစရာရှိရင် ကျုံ့အမ်းဟိုတယ်ကို လာပါ။ စားသောက်ဆိုင်ရှာပြီးတာနဲ့ ခေါ်လိုက်မယ်။” ဟု ပြောသည်။
“ဟုတ်ကဲ့၊ ရပါတယ်။ တကယ်တော့ ကျွန်မလည်း ကျုံ့အမ်းလမ်းမှာပါပဲ။ ရှင့်ဖုန်းကို စောင့်နေပါ့မယ်။”
အမျိုးသမီးက စိတ်ရင်းမှန်စွာ ပြောသည်။
လုအန်းကျီသည် ဖုန်းချလိုက်ပြီး အနည်းငယ် ရှုပ်ထွေးသွားသည်။
ဖုန်းလိမ်လည်သူများသည် သူနှင့် ကိုယ်တိုင်တွေ့ဆုံရန် သဘောတူမည် မဟုတ်ပေ။ ဖုန်းလိမ်လည်မှုမဟုတ်ပါက မည်သူဖြစ်နိုင်မည်နည်း။
မေပယ်ထရီ ထုတ်ဝေရေးတွင် သူ၏ တည်းဖြတ်သူက သူ့ဆက်သွယ်ရေးအချက်အလက်များကို ပေါက်ကြားစေခဲ့သလား။
ထိုသို့မဖြစ်နိုင်ဟု ထင်ရသည်။
သုံးနှစ်တာ ပူးပေါင်းဆောင်ရွက်ပြီးနောက် လုအန်းကျီသည် တည်းဖြတ်သူ၏ ကျွမ်းကျင်မှုကို ယုံကြည်ထားသည်။
အဖြေရှာမရသဖြင့် လုအန်းကျီသည် စဉ်းစားတာကိုရပ်တန့်လိုက်သည်။
သူသည် အခန်းမှထွက်ပြီး ဟိုတယ်မှ ထွက်ခွာကာ အနီးအနားရှိ လူအများစုသွားလာနေသော ဒေသခံစားသောက်ဆိုင်တစ်ခုကို ရွေးချယ်ပြီး ထောင့်တစ်နေရာတွင် ထိုင်လိုက်သည်။
တစ်ဖက်လူက မည်သူပင် ဖြစ်စေကာမူ ဤကဲ့သို့ လူအုပ်ဆိုင်ရာနေရာတွင် မသင့်လျော်သော အရာတစ်စုံတစ်ရာ လုပ်ကိုင်မည် မဟုတ်ဟု ထင်သည်။
ထိုအတွေးဖြင့် လုအန်းကျီသည် ဖုန်းပြန်ခေါ်လိုက်သည်။
“ကျွန်တော်က ကျုံ့အမ်းဟိုတယ် အရှေ့ဘက်က ‘စူး မိသားစု စားသောက်ဆိုင်မှာ ပြတင်းပေါက်ဘေးက ထောင့်နေရာ၊ အဖြူရောင် အားကစား တီရှပ်ဝတ်ထားတယ်။”
တစ်ဖက်မှ “အိုကေ” ဟု အမြန်ဖြေကြားပြီး ဖုန်းချလိုက်သည်။
လုအန်းကျီသည် လက်ဖက်ရည် နှစ်ခွက် မှာယူပြီး တစ်ဖက်လူကို စောင့်နေခဲ့သည်။ ခဏအကြာတွင် အရွယ်အစား တစ်ခုကြီးတစ်ခုငယ်သော ပုံရိပ်နှစ်ခုသည် သူ့ရှေ့တွင် ဝင်ထိုင်လိုက်ကြသည်။
လုအန်ကျစ်သည် မော့ကြည့်လိုက်ရာ တောင့်ခနဲ ဖြစ်သွားသည်။
သူ့တစ်ဖက်တွင် ပိန်သွယ်သောကိုယ်လုံး၊ ဖြူဖွေးချောမွေ့သော လက်မောင်းများဖြင့် အနက်ရောင် ဂါဝန်ရှည်ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ရှိနေသည်။
သူမ၏ ဆံပင်ရှည်များသည် ပခုံးပေါ်သို့ တွဲလျားကျနေပြီး မျက်နှာတစ်ဝက်ကို ဖုံးအုပ်ထားသော နှာခေါင်းစည်းတစ်ခု ဝတ်ဆင်ထားသော်လည်း နဖူးဖြူစင်ချောမွတ်ခြင်းနှင့်ကြီးမားတောက်ပနေသော မျက်လုံးများသည် အံ့ဩဖွယ်ကောင်းသော အလှကို မြင်တွေ့နိုင်စေသည်။
သူမ၏ ဘေးတွင် မိန်းကလေးငယ်တစ်ယောက်က သူမကို တင်းတင်းကြပ်ကြပ် ကပ်နေပြီး မျက်လုံးကြီးများကို မှိတ်တုတ်မှိတ်တုတ်လုပ်ကာ လုအန်းကျီကို စူးစမ်းကြည့်ရှုနေသည်။
လုအန်းကျီသည် စိတ်ရှုပ်ထွေးမှု လှိုင်းတစ်ခု ကို ခံစားလိုက်ရသည်။
အဘယ်ကြောင့် ဤအမျိုးသမီးနှင့် မိန်းကလေးငယ်လေး နှစ်ယောက်စလုံးက သူ့အား ဤမျှပင် ရင်းနှီးကျွမ်းဝင်နေသည့် ခံစားချက်ကို ပေးနေရပါသနည်း။