← Chapters

သမီးကိုစဉ်းစားပြီးစတင်ခြင်း

Vol. 1 Ch. 4

သမီးကိုစဉ်းစားပြီးစတင်ခြင်း

Vol. 1 Ch. 4

လုအန်းကျီသည် ကျန်စူရှင်းက ချန်းချန်းကို ပွေ့ပြီး စားသောက်ဆိုင်ထဲကနေ ထွက်သွားတာကို ကြည့်ပြီး အတော်ကြာအောင်စဉ်းစားနေမိသည်။

ပြန်မွေးဖွားလာတာ သုံးနှစ်အကြာ ခရီးတစ်ခုကပြန်လာတာနဲ့ ရုတ်တရက်ကြီး သူ့မှာ သမီးတစ်ယောက်ရှိလာသည်။

ဒီအကြောင်းက ပြန်မွေးဖွားလာတာထက်တောင် ပိုပြီး စိတ်ကူးယဉ်ဆန်နေ၏။

သုံးနှစ်အကြာမှာ ပြန်လာပြီးနောက် သူ့ဘဝအသစ်မှာ ဒီလိုတွေ့ကြုံရမယ်လို့ သူလုံးဝမမျှော်လင့်ထားခဲ့ဘူး။

တကယ်ကို မယုံနိုင်စရာပါပဲ။

ဒါပေမယ့် အခုနက သူ့ရင်ခွင်ထဲမှာ ဖက်ထားခဲ့ရတဲ့ သမီးလေးရဲ့ ခံစားချက်က အရမ်းကို အံ့သြဖို့ကောင်းပြီး တကယ့်အဖြစ်အပျက်လို ခံစားခဲ့ရသည်။ ဒါကို လိမ်ညာလို့မရပါ။

ဘဝအသစ်ရဲ့ ဒီလိုပြောင်းလဲမှုကို ဘယ်လိုရင်ဆိုင်ရမလဲ။

“‌ဆရာ..မှာယူဖို့ အဆင်သင့်ဖြစ်ပြီလားရှင့်”

စားသောက်ဆိုင်က စားပွဲထိုးရဲ့အသံက လုအန်းကျီရဲ့တွေးနေတဲ့အတွေးကို ဖြတ်ပြီးဝင်လာသည်။

လုအန်းကျီ အသိပြန်ဝင်လာပြီး ပုံမှန်ခေါက်ဆွဲတစ်ပန်းကန်မှာလိုက်သည်။

မြန်မြန်စားပြီး ကျုံ့အန်း ဟိုတယ်ကိုပြန်လာခဲ့သည်။

ခရီးဆောင်အိတ်ထဲကနေ လက်တော့ပ်ကို ထုတ်လိုက်တယ်။ လက်တော့ပ်က ထူပြီး‌လေးလံတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။

ဒါပေမယ့် တခြားနည်းလမ်းမရှိ၊ ဒီ‌ခေတ်၏

နည်းပညာဖွံ့ဖြိုးမှုက ပါးလွှာပေါ့ပါးတဲ့ လက်တော့ပ်တွေကို မထုတ်လုပ်နိုင်‌သေးပေ။

သုံးနှစ်တာကာလအတွင်း လုအန်းကျီက လက်တော့ပ်လုပ်ငန်း အဆင့်မြှင့်တင်လာတာကို စောင့်နေရင်း ထူထူလေးလေးတွေကို သယ်နေခဲ့ရသည်။

တကယ်တော့ ဒါက သည်းခံလို့ရသေးသည်။ အဆိုးဆုံးကတော့ စမတ်ဖျင်ယင်း (Smart Pinyin) စာရိုက်နည်းများ မရှိခြင်းကြောင့် လုအန်းကျီကို အဆင်မပြေဖြစ်စေခဲ့သည်။

ဒီလောကရဲ့ ရှေးရိုးစွဲ ပင်ရင်းထည့်သွင်းနည်းက သူ့ရှေ့ဘဝက Smart ABC နဲ့တော်တော်ဆင်ပြီး အသုံးပြုရတာ ရှုပ်ထွေးပြီးစာရိုက်နှုန်းကို

သိသိသာသာ နှေးစေသည်။

စိတ်ပျက်အားလျော့စွာဖြင့် လုအန်းကျီသည် တစ်ချိန်က ဝူဘီ (Wubi) ကို လေ့လာဖို့ စဉ်းစားခဲ့ဖူးသော်လည်း ဒီကမ္ဘာမှာ ဝူဘီဆိုတာ မရှိဘူးဆိုတာကို သိလိုက်ရသည်။

ဒါကြောင့် သူသည် ဇွဲမလျှော့ဘဲ အင်တာနက်နည်းပညာကုမ္ပဏီအမျိုးမျိုးကို စမတ်ဖျင်ယင်း စာရိုက်နည်းအတွက် အကြံပြုချက်များ ပေးပို့ခဲ့သော်လည်း ချွင်းချက်မရှိဘဲ သူ၏ကြိုးပမ်းမှုအားလုံးသည် ရေထဲနစ်သွားသော ကျောက်တုံးများကဲ့သို့ ဖြစ်ခဲ့ရသည်။

သူ ပါဝါချိတ်ဆက်ပြီး ကွန်ပျူတာကို ဖွင့်ကာ စာတမ်း ကို ဖွင့်လိုက်သည်။

ဖိုင်ရဲ့အမည်က “လနက်ရေတက်” ဖြစ်သည်။ အုစွတ်ဂိ အဲ့ရီ ကို ဝမ်းနည်းဖွယ်ရာ ဇာတ်သိမ်းပေးရမည့် အခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။

လုအန်းကျီရဲ့လက်တွေက ကီးဘုတ်ပေါ်မှာတက်ထားသော်လည်း ရုတ်တရက်စိတ်အနှောင့်အယှက်ဖြစ်ပြီး စာရိုက်ဖို့ခက်နေသည်။

ဒီစကားလုံးတွေက သူ့စိတ်ထဲမှာ ဒီလောက်ထိ ရှင်းနေတာတောင်မှ၊ ရှေ့ဘဝက သူ့ရဲ့နှုတ်ဆက်ခံစားချက်ကို မှတ်ဉာဏ်ထဲမှာ နက်ရှိုင်းစွာအမှတ်ရစေခဲ့သလို ဘာလို့ စာမရိုက်နိုင်တာလဲ။

သူ့စိတ်ထဲမှာ ချန်းချန်းဆိုတဲ့ကလေးမလေးက လွှမ်းမိုးနေသည်။

သူ့ကို “မွ” လို့ပြောပြီး လက်ကလေးနဲ့ တို့လာတဲ့ ကလေးလေး။

လုအန်းကျီက သတိမထားမိဘဲ ဖိုင်အသစ်တစ်ခုဖန်တီးပြီး ဖွင့်လိုက်တယ်၊ သူ့လက်ချောင်းတွေက နောက်ဆုံးမှာ ကီးဘုတ်ပေါ်ကိုကျရောက်လာသည်။

ဖိုင်ထဲမှာ စာသားအသစ်ပေါ်လာသည် - “မင်းသားလေး”

နောက်တော့ လုအန်းကျီက လက်ချောင်းတွေကို ရပ်လိုက်ပြီး ရယ်မောလိုက်သည်။ ချန်းချန်းက မင်းသားလေးကို မသိသေးဘူးမလား။

ဘာပဲဖြစ်ဖြစ်၊ သိပ်မကြာခင်မှာသိလာမှာပါဆိုတဲ့အတွေ့နဲ့

သူအရင်ရေးလိုက်သည်။

ပြီးရင် “ဝက်ကလေးသုံးကောင်,” “ရုပ်ဆိုးသော လယဘဲ‌ကလေး,” မှော်စုတ်တံ မာလျန်,” “မြစ်ဖြတ်ကူးသော မြင်းပုလေး,” အစရှိသော ပုံပြင် တစ်ချို့ကို ရေးဦးမည်။

ဒါပေမယ့် ဒါတွေက စာသားသက်သက်ဆိုရင် ချန်းချန်း စိတ်ဝင်စားမှာ မဟုတ်ဘူး၊ ကလေးက နှစ်နှစ်ပဲရှိသေးတယ်ကိုး။

ဘယ်လိုပဲဖြစ်ဖြစ်၊ သူဒါတွေကို အရင်စာစီစာရိုက်လုပ်လိုက်မည်။

သူ ဒါတွေကို စာရိုက်ပြီး မေဘယ်လ်ထရီးထုတ်လုပ်ရေးမှ တည်းဖြတ်သူ ကို ပြမယ်။ အဆင်ပြေရင် ကောင်းမွန်တဲ့ ကလေးပုံပြင် သရုပ်ဖော်ပညာရှင်ကို ငှားရမ်းပြီး စာအုပ်အတွက် ပုံများ ထည့်သွင်းစေပြီးမှ ချန်းချန်းကို ပြမည်။

မင်းသားလေး ပုံပြင် က စာလုံးရေတစ်သောင်းကျော်ရှိသည်။

ထို့ကြောင့် လုအန်းကျီက တစ်ညအတွင်း အပြီးမရိုက်နိုင်ပေ။

သူ့မှာ Harry Potter ထဲကလို အလိုအလျောက်ရွေ့လျားနိုင်တဲ့ မှော်စုတ်တံမျိုး ရှိဖို့ သူ တကယ်ဆန္ဒရှိခဲ့သည်။

ကံမကောင်းစွာဖြင့် သူပြန်လည်မွေးဖွားလာတာ သုံးနှစ်ရှိပြီဖြစ်ပေမယ့် ဒီကမ္ဘာမှာ စုန်းကဝေတွေကို မတွေ့ရှိခဲ့ရသေးပေ။

ညဦးယံချိန်တွင် သူက လက်တော့ပ်ကိုပိတ်ပြီး အနားယူလိုက်သည်။ နောက်နေ့မနက်အိပ်ရာထပြီးရေချိုးပြီး လုအန်းကျီက ဟိုတယ်မှာတင် မနက်စာစားလိုက်သည်။ ဆိုင်ရောင်းသူနှင့်‌တွေ့ဖို့ အချိန်နီးနေ ပြီဖြစ်သောကြောင့် ဟိုတယ်ကထွက်လာခဲ့သည်။

ဟိုတယ်ကမထွက်ခွာခင် သူ့ပါသိုင်းမွေးများကို

သေသတ်နေအောင်ရိတ်လိုက်သည်။

ကျုံ့အမ်းဂီတဆိုင်သည် ကျုံ့အမ်းလမ်းရဲ့ အဆုံးထောင့် တွင်တည်ရှိသည်။

ဂီတဆိုင်ကိုရောက်တဲ့အခါ ကျန်းစူရှင်းနဲ့ ချန်းချန်းတို့ မရောက်သေးပေ။

ဒါက လုအန်းကျီကို နည်းနည်းစိတ်ပျက်စေခဲ့သည်။

သူတစ်ယောက်တည်း ဂီတဆိုင်ထဲဝင်လာသည်။အတွင်းက ပစ္စည်းတွေက အများအားဖြင့် ရှင်းလင်းပြီး မရွှေ့ရသေးသော

စန္ဒရားတစ်လုံးပဲ ကျန်တော့သည်။

အတွင်းမှာ တစ်စုံတစ်ယောက်က စောင့်နေနှင့်ပြီးဖြစ်သည်။ လုအန်းကျီ ဝင်လာသည်ကို မြင်သောအခါ သူက “မင်္ဂလာပါ၊ မနေ့က ဖုန်းနဲ့ စကားပြောခဲ့တဲ့သူက ခင်ဗျားလား” ဟု နှုတ်ဆက်သည်။

ကျူအန်းကျီ ခေါင်းညိတ်ပြီး “ကျွန်တော်ပါ” လို့ပြောလိုက်တယ်။

အဲဒီလူက “ကျွန်တော်က ဒီစီးပွားရေးအမွေအနှစ်ရဲ့ ပိုင်ရှင်ပါ၊ မနက်စောစောကတည်းက ဒီမှာစောင့်နေတာ၊ ခဗျားအရင်ကြည့်လေ” လို့ပြောသည်။

လုအန်းကျီ ခေါင်းညိတ်ပြီး “ဟုတ်ကဲ့” လို့ပြောလိုက်သည်။

ဆိုင်ပိုင်ရှင်က လုအန်းကျီကို လမ်းညွှန်ပြီး လှည့်ပတ်ကြည့်ရှုခိုင်းသည်။

ဆိုင်က အတော်ကျယ် ပြီး နှစ်ထပ်ရှိသည်။ တစ်ထပ်စီက စတုရန်းမီတာ နှစ်ရာကျော်ကျော်ရှိသည်။

ပထမထပ်သည် လင်းပြီး ပွင့်လင်းကာ ဆိုင်ခန်းအတွက် ရည်ရွယ်သည်။ ဒုတိယထပ်ကို သီးခြားအခန်းများစွာအဖြစ် ပိုင်းခြားထားပြီး ရေချိုးခန်းနှင့် အိမ်သာ အပြည့်အစုံ တပ်ဆင်ထားကာနေထိုင်ရန်အတွက်သင့်လျော်

သည်။

လုအန်းကျီက အွန်လိုင်းကနေ ဓာတ်ပုံတွေကြည့်ပြီး ဒီနေရာတွေကို မြင်ဖူးပြီးသား၊ ဒါပေမယ့် တကယ်ကြည့်ရတော့ ခံစားချက်က လုံးဝကွဲပြားသွားသည်။

“ဘယ်လိုလဲ၊ မဆိုးဘူးမလား။ ကျွန်တော်က လည်ပတ်ငွေအတွက် အရေးတကြီးလို‌နေလို့

မဟုတ်ရင် ဆိုင်ကိုတိုက်ရိုက်မရောင်းဘူး။ အငှားချထားလည်း ကောင်းပါတယ်”

အိမ်ရှင်က လုအန်းကျီကို ဒုတိယထပ်ပြပြီးနောက် ပြောသည်။

“မူလက ဒုတိယထပ်ကို ရောင်းဖို့မစဉ်းစားထားဘူး။”

“ဒီမှာ၊ ကျွန်တော်က ရေနဲ့လျှပ်စစ်ပြင်ဆင်မှု၊ ကြွေပြားခင်းတာ၊ နံရံဆေးသုတ်တာ၊ ဗီရိုတွေဆောက်တာ ဒါတွေပဲလုပ်ထားတာ။ ကျွန်တော့်မှာ နေစရာနေရာတစ်ခုရှိသေးတယ်၊ ဒီမှာတစ်ခါမှမနေဖူးဘူး၊ အတွင်းကအရာအားလုံးက အသစ်အတိုင်းပဲ။”

“နောက်ပြီး ရိုးရှင်းပြီးရှင်းလင်းတဲ့ပုံစံ၊ ကျွန်တော်က အထူးခန့်ထားတဲ့ဒီဇိုင်နာလုပ်ထားတာ။ ဒါပေမယ့် နှစ်ထပ်လုံးကို အတူတူဝယ်ဖို့ ခဗျားကပြောနေတော့ ကျွန်တော် မလွှဲမရှောင်သာလက်ခံလိုက်တာ။ ဒုတိယထပ်ပြင်ဆင်မှုကို ကျွန်တော့်ဆီက လက်ဆောင်အဖြစ်သ‌ဘောထားလိုက်ပါ။”

လုအန်းကျီက ဒုတိယထပ်က အခန်းတစ်ခန်းချင်းစီကို ကြည့်တယ်၊ အိမ်ရှင်ပြောသလိုပဲ၊ တကယ်ပဲ ရိုးရှင်းပြီးရှင်းလင်းတဲ့ပုံစံဖြစ်နေ၏။

အရောင်ဖျော့တဲ့ကြမ်းပြင်က တစ်ပြင်လုံးဖြန့်ကျက်ထားတယ်၊ နံရံတွေက ရိုးရိုးအဖြူရောင်ဖြစ်တယ်၊ နံရံတွေနဲ့ဟန်ချက်ညီစေတဲ့ ရောင်မှိန်ဗီရိုတွေနဲ့ ဂရုတစိုက်ရွေးချယ်ထားတဲ့ ရိုးရှင်းပြီးဟန်ကျတဲ့မီးခိုက်တွေနဲ့ အတော်လှသည်။

သူ ကျေနပ်စွာခေါင်းညိတ်လိုက်သည်။

အရင်ကဆို သူအများကြီးစဉ်းစားစရာမလိုဘူး။ ဒါပေမယ့် ကျန်းစူရှင်းနဲ့ ချန်းချန်းလေးကိုတွေ့

ပြီးနောက်ချန်းချန်းနဲ့ပတ်သက်တဲ့မေးခွန်းတိုင်းကို စဉ်းစားဖို့ သူ့ကိုဖိအားပေးခဲ့သည်။

ဥပမာ- ဖော်မလ်ဒီဟိုက်နဲ့ ဘင်ဇင်း၊ အိမ်ပြင်ဆင်မှုကြောင့် ဖြစ်နိုင်တဲ့ အန္တရာယ်ရှိပစ္စည်းတွေ၊ ဒါတွေက ကလေးရဲ့ကျန်းမာရေးအပေါ် သိသိသာသာသက်ရောက်မှုရှိနိုင်တယ်။

ဒုတိယထပ်ပြင်ဆင်မှုက ကျေနပ်စရာကောင်းတော့ သူ့ကို ဒုက္ခအများကြီးသက်သာစေသည်။

သူ့ဖုန်းအသံမြည်သံကြားလိုက်သည်။

လုအန်းကျီကြည့်တော့ ကျန်စူရှင်းဖုန်း ဖြစ်၏။

ဖုန်းကိုကောက်ပြီး ကျုံ့အမ်းဂီတဆိုင်ရဲ့ဒုတိယထပ်မှာရှိတယ်လို့ ကျန်စူရှင်းကိုပြောလိုက်သည်။

မကြာခင်မှာ ကျန်းစူရှင်းက ချန်းချန်းရဲ့လက်ကိုကိုင်ပြီး ဖြည်းဖြည်းချင်း အပေါ်တက်လာသည်။

ကလေးမလေးက ညည်းညူပြီး ညည်းညူရင်း လက်လွတ်ထားတဲ့လက်နဲ့ လှေကားထစ်ကိုမှီပြီး တက်နေသည်။

ကျန်းစူရှင်းကနှာခေါင်းစည်းကိုတပ်ထားဆဲဖြစ်

သည်။လုအန်းကျီကို “မလာနဲ့ သူက ကိုယ့်ဘာသာတက်ချင်တယ်တဲ့။”

လုအန်းကျီ ပြုံးပြီး “ကလေးက တက်တက်ကြွကြွရှိတာကောင်းပါတယ်” လို့ပြောလိုက်သည်။

ကလေးလေးက လုအန်းကျီအသံကြားတော့ မျက်လုံးတွေတောက်ပြီး ချက်ချင်း သူ့ဆီကိုလှမ်းကြည့်၏။

နောက်ဆုံးလှေကားထစ်ပေါ်တက်ရောက်လာတော့ ချက်ချင်း ကျန်းစူရှင်းရဲ့လက်ကိုလွှတ်ပြီး ပျော်ရွှင်စွာ လုအန်းကျီဆီကို ပြေးလာပြီး

“ဖေဖေ” လို့ခေါ်လိုက်သည်။

လုအန်းကျီက ထိုင်ချပြီး ချန်းချန်းကိုဖမ်းလိုက်သည်။

အိမ်ရှင်က သက်ပြင်းချပြီး “ဒါ ခဗျား ရဲ့ဇနီးနဲ့သမီး‌ပေါ့

နှစ်ယောက်စလုံးအရမ်းလှတယ်တာပဲ” လို့ပြောလိုက်သည်။

ချန်းချန်းလေးက တခစ်ခစ် ရီနေသည်။

ကျန်းစူရှင်းရဲ့မျက်နှာက ဘဝင်မကျဖြစ်သွားသည်။ဒါပေမယ့် သူမ မငြင်းပယ်ခဲ့ပါ။

All Chapters