ချန်းချန်းရဲ့တောင်းဆိုမှုလေး
Vol. 1 Ch. 5
လုအန်းကျီ ပြုံးလိုက်သည်။
ကျန်းစူရှင်းသည်လည်း လူအန်းကျီလို ဒီဆက်ဆံရေးကို လက်ခံရန် အဆင်သင့်မဖြစ်သေးပေ။
သူက ချန်းချန်းရဲ့ အဖေဖြစ်ပြီးကျန်းစူရှင်းက ချန်းချန်းရဲ့ အမေဖြစ်သည်။ ဒါပေမယ့် သူနဲ့ ကျန်းစူရှင်းဟာ ရင်းနှီးသူမျှသာ ဖြစ်ပြီး၊ သူစိမ်းတွေနဲ့ သိပ်မကွာလှပေ။
ဒါကြောင့် လုအန်းကျီက အိမ်ရှင်ရဲ့ မေးခွန်းကို မဖြေဘဲ “အိမ်ကို ဆက်ကြည့်ကြရအောင်” လို့ ပြောလိုက်တယ်။
သူက ချန်းချန်းကို ချီယူပြီး ပြုံးရင်း မေးလိုက်တယ်
“ဒီနေ့ အဖေ့မုတ်ဆိတ်က စူးနေသေးလား စမ်းကြည့်ပါဦး”
သူ့ရင်ခွင်ထဲမှက ချန်းချန်းဟာ လက်ကလေးနှစ်ဖက်နဲ့ လုအန်းကျီရဲ့ ပါးပြင်ကို ပွတ်သပ်ကြည့်ရင်း “မစူးဘူး” လို့ ပြောပြီး
“မွ” ဆိုပြီး နမ်းလေသည်။
ဆိုင်ပိုင်ရှင်ကမနေနိုင်တော့ပဲ”သမီးလေးက တော်တော်ချစ်စရာကောင်းတာနော်။”
လုအန်းကျီ ပြုံးပြီး ပြောလိုက်တယ်
“ဟုတ်တယ်မလား၊
ကျွန်တော်လည်း ဒီလိုပဲ ထင်တယ်။”
သူက ချန်းချန်းကို ချထားပြီး အိမ်ကို ဆက်ကြည့်သည်။ ကျန်းစူရှင်းက ချန်းချန်းရဲ့ လက်ကို ကိုင်လာသည်။
ထိုကလေးငယ်သည် ဤနေရာအသစ်ကို အလွန်သိချင်စိတ်ပြင်းပြနေပြီး၊ ကျန်းစူရှင်းကို ဆွဲခေါ်ကာ လုအန်းကျီနောက်မှ လိုက်ရင်း ဘယ်ညာကြည့်ကာ အခြေခံကျသော မေးခွန်းများကို အဆက်မပြတ် မေးမြန်းနေသည်။ ကျန်းစူးရှင်းကလည်း နူးညံ့စွာနှင့် စိတ်ရှည်စွာ ပြန်ဖြေပေးသည်။
“အဲ့ဒါ ဘာလဲ?”
“အဲ့ဒါ ပြတင်းပေါက်လေး။”
“ပြတင်းပေါက်-ဇီ။”
“ပြတင်းပေါက်ပါ။”
“ပြတင်းပေါက်-ဇီ ပါ။”
“...” “အင်း၊ ပြတင်းပေါက်ပေါ့။”
“အဲ့ဒါ ဘာလဲ?”
“အဲ့ဒါ ဗီရိုပါ။”
“ဗီရို-ဇီ။”
“အဲ့ဒါ ဘာလဲ?”
“အဲ့ဒါ အိမ်သာပါ။”
“မေမေ ရှူးရှူးပေါက်။”
“...”
လုအန်းကျီနှင့် အိမ်ရှင်တို့ နှစ်ဦးစလုံး မရည်ရွယ်ဘဲ ခေါင်းလှည့်ကြည့်မိကြသည်။
ကျန်းစူးရှင်းက အနည်းငယ် ရှက်ဟန်ဖြင့် ပြုံးပြီး “အိမ်မှာက စမတ်အိမ်သာမို့ ချန်းချန်းက မကြာသေးမီကပဲ ရီမုတ်နဲ့ ရေဆွဲချတဲ့ ခလုတ်ကို နှိပ်တတ်လာတာ။ ရေဆွဲချတိုင်း သူပဲ လုပ်ချင်လို့ အတင်းလုပ်နေတာ။ သူက ရေဆွဲချချင်တာ” ဟု ပြောပြသည်။
ကလေးလေးကတော့ သူမှာ အနည်းငယ် ရှုပ်ထွေးစေတဲ့ အခြေအနေ ဖန်တီးမိတာကို မသိသေးဘဲ အိမ်သာရီမုကွန်ထရိုးကို ရှာနေဆဲပင်
ဆိုင်ပိုင်ရှင်က ချန်းချန်းကို ပြုံးပြီး ပြောလိုက်တယ်၊ “ကလေးလေး၊ ဒီက ဟာက စမတ်အိမ်သာ မဟုတ်ဘူး၊ ရီမုကွန်ထရိုး မပါဘူး။”
ကလေးလေးက ဆိုင်ပိုင်ရှင်ကို သူ့ရဲ့ အပြစ်ကင်းစင်တဲ့ မျက်လုံးကြီးတွေနဲ့ မျက်တောင်ခတ်ရင်း “ဟုတ်” လို့ ပြောလိုက်တယ်။
လုအန်းကျီက ချန်းချန်းရဲ့ ခေါင်းလေးကို ပွတ်ပေးလိုက်သည်။
ထိုကလေး “ဟုတ်” လို့ ပြောတိုင်း လူတွေကို ချစ်စရာကောင်းပြီး နားထောင်ကောင်းတယ်လို့ ခံစားရစေသည်။
ပြောရရင်၊ သူ့အမေကလည်း ဉာဏ်ရည်ထက်မြက်ပြီး တည်ငြိမ်တယ်၊ ဒါကြောင့် ဒီလို နားလည်တတ်တဲ့ ကလေးလေးကို ပြုစုပျိုးထောင်နိုင်တာ မဆန်းဘူး။
လုအန်းကျီက အိမ်သာ ရေဆွဲကြည့်လိုက်သည်။ ရေတွေ ထွက်ကျလာသည်။
ကလေးလေးမြင်တော့ “အိုး၊ ရေဆွဲချလိုက်ပြီ!” လို့ အော်ပြောလေသည်။
နှစ်နှစ်အရွယ် ကလေးမလေးဟာ တကယ်ပဲ အရာရာကို စူးစမ်းလိုစိတ်နဲ့ စိတ်ဝင်စားမှု ရှိသည်။
ဒီနောက်မှာ လုအန်းကျီက ဒုတိယထပ်က ရေမီးတွေကို စစ်ဆေးပြီး ထောင့်တိုင်းကို ကြည့်ကာ ပြဿနာမရှိကြောင်း အတည်ပြုပြီးနောက် ပထမထပ်ကို ပြန်ဆင်းလာသည်။
ပထမထပ်က ကျယ်ဝန်းပြီး အသေအချာ စစ်ဆေးစရာ နေရာများစွာ မရှိဘူး။ လုအန်းကျီက အဓိက ရေမီးပြဿနာ ရှိမရှိ စစ်ဆေးသည်။
ဤဆိုင်ခန်းပိုင်ရှင်၏ အကြိုက်သည် ကောင်းမွန်ပြီး၊ ဆိုင်၏ အခြေခံပြုပြင်မွမ်းမံမှုများသည် ကောင်းမွန်စွာ ထိန်းသိမ်းထားသည်။ ဖြစ်နိုင်ပါက အကြီးစားပြောင်းလဲမှုများ မလုပ်ဘဲ၊ ပရိဘောဂများကိုသာ ထည့်သွင်းလိုသည်။
ချန်းချန်းက ကျန်းစူရှင်းနဲ့အတူ ကျယ်ဝန်းတဲ့ အခန်းထဲမှာ ခုန်ပေါက်ပြေးလွှားနေရင်း မကြာခင်မှာပဲ မရွှေ့ရသေးတဲ့ စန္ဒယားကို သတိထားမိသွားသည်။
သူက လုအန်းကျီဆီ ပြေးလာပြီး စန္ဒယားဆိုတာ သူသိသလို လုပ်ကာ စန္ဒယားရှိရာကို ညွှန်ပြရင်း “အဖေ၊ စန္ဒယား” လို့ ပြောလိုက်တယ်။
“အင်း၊ စန္ဒယား။”
လုအန်းကျီက အနည်းငယ်ရှုပ်ပွနေသော ချန်းချန်းရဲ့ ဆံပင်ကို လက်ကလေးများနှင့် ပွတ်သတ်ပေးလိုက်သည်။
ကျန်းစူရှင်းဟာ တစ်ချိန်က နာမည်ကျော် ဂီတဘုရင်မကြီး ဖြစ်ခဲ့တာကြောင့် အိမ်မှာ စန္ဒယားရှိခြင်းက မဆန်းလေ။
ကလေးလေး ချန်းချန်းက စန္ဒယားဆိုတာ သိတာလည်း မထူးဆန်းပေ။
“ဟီး ဟီး။”
ချန်းချန်းက ဂုဏ်ယူဝင့်ကြွားစွာ ရီလိုက်သည်။
လုအန်းကျီ မေးလိုက်တယ်
“ဒါဆို ချန်းချန်း စန္ဒယား တီးတတ်လား?”
ရလဒ်ကတော့ ချန်းချန်းက လုအန်းကျီကို ဆွဲပြီး စန္ဒယားဆီ သွားချင်တဲ့ဟန်နဲ့ “အဖေ တီး” လို့ ပြောသည်။
“အိုကေ၊ အဖေ တီးပေးမယ်။”
လုအန်းကျီက သူ့ရဲ့ ချစ်စရာကလေးလေးကို စိတ်မပျက်စေချင်တော့ အိမ်ပိုင်ရှင်ကို လှည့်ပြီး “ခွင့်ပြုပါဦး၊ ခနလေးပါပဲ ပြီးတော့ ဒီစန္ဒယားလေးကို ခဏလောက် ငှားပြီး တီးကြည့်လို့ရမလား?” လို့ မေးလိုက်တယ်။
အိမ်ရှင်က နားလည်သဘောပေါက်တဲ့ဟန်နှင့် “ပြဿနာမရှိပါဘူး။ ဆရာ စန္ဒယားပါ တီးတတ်သေးတယ်လား? ဒါဆို နားထောင်ကြည့်ကြတာပေါ့”
လုအန်းကျီ ပြုံးပြီး ပြောလိုက်တယ်၊ “တေးသွား တစ်ပုဒ် နှစ်ပုဒ်လောက်ပဲ တီးတတ်တာပါ။”
သူက စန္ဒယားဆီသွားပြီး ခုံကို ဆွဲထုတ်ကာ ထိုင်လိုက်သည်။
ထိုင်လိုက်တာနဲ့ ချန်းချန်းက “ချီ” ဆိုပြီး စန္ဒယားခုံပေါ် တက်ဖို့ ကြိုးစားနေသည်။
ဒါကိုမြင်တော့ လုအန်းကျီက ကလေးလေးကို ကောက်ယူပြီး သူ့နောက်မှာ ထိုင်ခိုင်းလိုက်သည်။
စန္ဒယားခုံက လူနှစ်ယောက် ဘေးချင်းယှဉ်ထိုင်လို့ရလောက်အောင် လုံလောက်တဲ့အလျား ရှိသည်။
ကျန်းစူရှင်းကလည်း စိတ်ဝင်စားဟန်နှင့်စန္ဒယားနားမှာ ရပ်နေသည်။
လုအန်ကျီက သူ့ကို နောက်ထပ် အံ့အားသင့်စရာ တစ်ခု ပေးပြန်တယ်၊ စန္ဒယားပါ တီးတတ်သေးတယ်။
တကယ်တော့ ဒါက အံ့အားသင့်စရာပဲ၊ မြောက်မြားလှစွာသော အံ့အားသင့်စရာတွေထဲက တစ်ခုဖြစ်လေသည်။
လုအန်းကျီရဲ့ သူ့အတွက် အခုထိ ပေးခဲ့ဖူးသမျှ အံ့အားသင့်မှုတွေထဲမှာ အကြီးမားဆုံးက သူဟာ “ဒိုရာဘီဒရင်း” ဆိုတဲ့ အလွန်အရေးအသွား ပြောင်မြောက်သော ဝတ္ထုကိုရေးသော စာရေးဆရာ ဖြစ်နေတာပဲ ဖြစ်သည်။
သူနဲ့ လုအန်းကျီက သူစိမ်းတွေသာ ဖြစ်ခဲ့ရင်၊ သူ့ရှေ့မှာ ရှိနေသူဟာ “ဒိုရာဘီဒရင်း” ဆိုတာ သိရင် ကျန်းစူရှင်းက ပိုပြီး ထောက်ခံချက်ပေးကာ “ရှမီ”ကို ပြန်ရှင်အောင် လုပ်ပေးနိုင်မလားလို့ မေးကောင်းမေးချင်သည်။
ဒါပေမယ့် အဓိက အချက်က သူနဲ့ လုအန်းကျီမှာ ဖော်ပြလို့မရတဲ့ ဆက်ဆံရေး တစ်ခု ရှိနေတာကြောင့် သူ့အတွက် ပြောဖို့ ပိုခက်ခဲစေသည်။
ဒီလူက ဘာတွေ တီးမှာလဲ?
ကျန်းစူရှင်း စဉ်းစားမိသည်။
လုအန်းကျီက စန္ဒယားအဖုံးကို ဖွင့်ပြီး သူ့လက်ချောင်းတွေကို ကီးဘုတ်ပေါ် တင်ကာ စတက် တီးခတ်လေသည်။
“ဒန်း ဒန်း ဒန်း ဒန်း ...”
ရိုးရှင်းပြီး စည်းချက်ညီကာ ကြည်နူးဖွယ်ကောင်းသော ဂီတသံတွေဟာ လုအန်ကျီရဲ့ လက်ဖျားကနေ စီးထွက်လာသည်။
အိမ်ပိုင်ရှင်နဲ့ ကျန်းစူရှင်နှစ်ယောက်လုံး အနည်းငယ် အံ့အားသင့်သွားသည်။
ဒါက ကလေးသီချင်းတစ်ပုဒ် ဖြစ်နေတာပဲ၊ ပြီးတော့ ရိုးရှင်းပြီး သက်တောင့်သက်သာရှိကာ နားထောင်ကောင်းနေသည်။
ပုံမှန်ဆို ရိုးရှင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ ကလေးသီချင်းတွေက လူကြိုက်များတတ်သည်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ အထူးသဖြင့် ကလေးသီချင်းက သိပ်မများပေမယ့် ကလေးတွေကတော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကာ
သီဆိုချင်ကြသည်။
ဒါပေမယ့် လူအန်ကျီ တီးနေသော
ဒီကလေးသီချင်းကို ကျန်းစူရှင်းနဲ့ အိမ်ပိုင်ရှင်တို့ မကြားဖူးကြပေ။
“ကောင်းလား?”
လုအန်းကျီက တီးရင်း ချန်းချန်းကို မေးလိုက်၏။
“ကောင်းတယ်။”
ကလေးလေးက ခေါင်းကိုခါရမ်း ရင်း
စည်းချက်နဲ့တောင် အနည်းငယ် လိုက်ကနေလိုက်သေးသည်။
လုအန်းကျီက “ဒါဆို အဖေက သီချင်းလေးပါ ဆိုပေး ရမလား?” လို့ ပြောလိုက်သည်။
ကလေးလေးက ချိုမြတဲ့အသံနဲ့ “ဟုတ်” လို့ ပြောလိုက်သည်။
သီချင်းသွားက မရှည်ပါ။ လုအန်းကျီက နောက်တစ်ကြိမ် ထပ်တီးပြီးသွားပြီ။
တတိယအကြိမ် ထပ်တီးတဲ့အခါ သူက ဂီတနဲ့အတူ သီဆိုလိုက်သည်။ - “မျောက်နှစ်ကောင်၊ မျောက်နှစ်ကောင်၊ ပြေးလွှားလှုပ်ရှား၊ ပြေးလွှားလှုပ်ရှား၊ တစ်ကောင်မှာ နားမရှိ၊ တစ်ကောင်မှာ အမြီးမရှိ၊ ထူးဆန်းလိုက်တာ၊ ထူးဆန်းလိုက်တာ...”
ကျန်းစူရှင်း နားထောင်ရင်း အံ့အားသင့်သွားသည်။
သူက သီချင်းသွားကိုလည်း မကြားဖူးဘူး၊ သီချင်းစာသားကလည်း မရင်းနှီးတဲ့ ကလေးသီချင်းတစ်ပုဒ်ပဲ။
ဘယ်က ရှာလာတာလဲ?
အိမ်ပိုင်ရှင်ကတော့ စာသားများကို နားစဉ် မှတ်သားနေလေသည်။
စန္ဒယားဆိုင်တစ်ဆိုင် လုပ်ကိုင်နိုင်တာနဲ့အညီ သူဟာ စန္ဒယားတီးတတ်တယ်။ သူ့အိမ်မှာလည်း ကလေးရှိတယ်၊ ဒီကလေးသီချင်းလေးနဲ့ သူ့ကလေးကို ဖြေသိမ့်ရင် ကောင်းမှာပဲ။
ကလေးလေး ချန်းချန်းကတော့ ဒီလောက်များများ မစဉ်းစားဘူး၊ သူ့အတွက်တော့ စိတ်ဝင်စားစရာကောင်းပြီး ရီစရာပဲလို့ထင်ပြီး ဆက်ရီနေတယ်- “နားမရှိ၊ အမြီးမရှိ၊ ဟီး ဟီး...”
သူ့အသက်အရွယ်မှာ ဘာလို့ မျောက်တွေမှာ နားမရှိ၊ အမြီးမရှိရတာလဲဆိုတာ မမေးမြန်းဘူး၊ ရိုးရိုးလေးပဲ ပျော်ရွှင်စရာကောင်းပြီး ကစားရတာကောင်းတယ်လို့ထင်သည်။
လုအန်းကျီ သီချင်းတစ်ပုဒ်စာ တီးပြီးသွားတော့ ကလေးလေးက လုအန်းကျီရဲ့ လက်မောင်းကို လှုပ်ရင်း “ထပ်တီး၊ ထပ်တီး” လို့ ပြောလိုက်သည်။
ကျန်းစူရှင်က ချန်းချန်းကို ကောက်ယူပြီး ချော့လိုက်သည်။
“ချန်းချန်း ရပြီလေ သမီး၊ ဖေဖေက အလုပ်ရှုပ်နေတယ်။ အိမ်ပြန်ရင် မေမေ တီးပေးမယ်၊ အိုကေလား?”
ဒါကြောင့် ချန်းချန်းဟာ နားလည်တတ်ပြီး လိမ္မာတဲ့ကလေး ဖြစ်သောကြောင့် “အိုကေ” လို့ ခေါင်းညိတ်လိုက်သည်။