← Chapters

ထိန်းမရတဲ့ ခံစားချက်များ

Vol. 1 Ch. 6

ထိန်းမရတဲ့ ခံစားချက်များ

Vol. 1 Ch. 6

စည်းကမ်းရှိတဲ့ ကလေးလေးက တကယ်ကို ချစ်စရာကောင်းသည်ဟု

လုအန်းကျီစဉ်းစားကြည့်မိလိုက်သည်။

ပြီးတော့ အိမ်ရှင်ကို မေးလိုက်၏။

“ဒီပီယာနိုကို ကျွန်တော့်ကို ရောင်းပေးလို့ရမလား။ ဒီအတိုင်းဒီမှာထားလို့ရတယ်၊ ရွှေ့စရာမလိုဘူး။”

အိမ်ရှင်ကလည်း ရှင်းရှင်းလင်းလင်းပဲ သဘောတူပြီး

“ဟုတ်ကဲ့ပါ၊ ဒီပီယာနိုကို ကုန်ကျစရိတ်အတိုင်းပဲ ရောင်းပေးမယ်၊ မိတ်ဖြစ်ဆွေဖြစ်ပေါ့” လို့ ပြောလိုက်သည်။

သူပြောတဲ့စျေးက မနည်းလွန်း၊မများလွန်းပေ။

လုအန်းကျီက ဒီကမ္ဘာက ပီယာနိုအမှတ်တံဆိပ်တွေအကြောင်း သိပ်မသိပါ။ ဒါနဲ့ပဲ ကျန်းစူရှင်းဆီကို လှည့်ကြည့်လိုက်သည်။

ကျန်းစူရှင်က ချက်ချင်းနားလည်သွားပြီး ခေါင်းညိတ်တယ်။ လုအန်းကျီက

“ဟုတ်ကဲ့၊ ကျေးဇူးပါ” လို့ ပြောလိုက်သည်။

အိမ်ပိုင်ရှင်က ရယ်ပြီး

“ဘာမှမဟုတ်ပါဘူး၊ လုအန်းကျီရယ်။ ခင်ဗျားအခုလေးတင် တီးလိုက်တဲ့ ကလေးသီချင်းလေးက နာမည်ဘယ်လိုခေါ်လဲ၊ ဘယ်မှာရနိုင်လဲ ပြောပြနိုင်မလား” လို့ မေးလိုက်တယ်။

လုအန်းကျီက “အခြားဘယ်နေရာမှာမှ ရနိုင်မှာမဟုတ်ဘူး၊ ကျွန်တော် ဒီတိုင်း လက်ထဲရှိရာ တီးလိုက်တာပါ” လို့ ပြန်ဖြေလိုက်တယ်။

“လက်ထဲရှိတာတီးတာ?!”

အိမ်ပိုင်ရှင်က မနေနိုင်တော့ဘဲ အံ့သြသံနဲ့ “ဒီလောက်ကောင်းတဲ့သီချင်းကိုတီးလို့ရတယ်ဆို

တာ လုအန်းကျီရယ်၊ ခဗျားကတကယ်အံ့ဩစရာကောင်းတာပဲ” လို့ ဆိုလေသည်။

လုအန်းကျီက ပြုံးပြီး “အားလုံးက ကလေးကို ပျော်အောင်လုပ်ဖို့ပါ” လို့ ပြောလိုက်သည်။

ချန်းချန်းက ပီယာနိုထိုင်ခုံပေါ်ကနေ ချက်ချင်းဆင်းလာပြီး လုအန်းကျီစကားထဲက “ကလေး” ဆိုတဲ့စကားလုံးကို အတိအကျဖမ်းမိတယ်။

သူလူအန်ကျီကို ငေးကြည့်နေသည်။

လုအန်းကျီက သူအပေါ် အာရုံ‌မရောက်နေတာကို သိတော့ လုအန်းကျီဆီကိုလာပြီး သူ့လက်သေးသေးလေးနဲ့ လူအန်ကျီရဲ့လက်ကြီးကို ဆွဲကိုင်ပြီး သူ့အပေါ်အာရုံစိုက်စေချင်တဲ့ပုံပင်

လုအန်းကျီက ပြုံးပြီး ချန်းချန်းကို ကောက်ချီလိုက်သည်။

ဒါမှပဲ ချန်းချန်း ကျေနပ်သွား၏။

အိမ်ရှင်က “ဘယ်လိုပဲဖြစ်ဖြစ်၊ လုအန်းကျီရယ်၊ မင်းတကယ်ပဲ အံ့ဩစရာကောင်းတယ်။ သာမန်လူတစ်ယောက်အနေနဲ့ အဲဒီလောက်အဆင့်ရှိတဲ့သီချင်းကို လက်လွတ်စပယ်တီးလို့ရမှာမဟုတ်ဘူး” လို့ ပြောလေသည်။

ကျန်းစူရှင်းက ဘာမှမပြောပေမယ့် သူ့စိတ်ထဲမှာတော့ အိမ်ရှင်၏စကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်နေသည်။

လုအန်းကျီက တကယ်ပဲ သူ့ကို အလွန်အမင်းအံ့အားသင့်စေခဲ့သည်။

သူက ချန်းချန်းအတွက် အထူးတီးပြဖို့ ရှာထားတဲ့အတွက် စဉ်းစားတတ်တယ်လို့ထင်မိသည်။

သူလုံးဝမမျှော်လင့်ခဲ့တာက ဒီသီချင်းက တကယ်တော့ လုအန်းကျီကိုယ်တိုင်ရေးထားတာဖြစ်နေတယ်ဆို

တာပဲ။

တစ်ကောင်မှာ နားမရှိ၊ တစ်ကောင်မှာ အမြီးမရှိဆိုတဲ့ စာသားတွေ နည်းနည်းထူးဆန်းနေတယ်ဆိုတာ သိပ်အံ့သြစရာမရှိဘူး။ လုအန်းကျီက လက်လွတ်စပယ်ဆိုပြီး စဉ်းစားစရာမလိုဘဲ ဆိုလိုက်တာပဲဖြစ်မယ်။

လွန်ခဲ့တဲ့ ၃ နှစ်က သူမနဲ့ရှောင်လွှဲလို့မရတဲ့ နားလည်မှုလွဲခဲ့တဲ့ ဒီလူက ဘယ်လိုလူမျိုးလဲ။

စာအုပ်ရေးတတ်တယ်၊ ပီယာနိုတီးတတ်တယ်၊ ကလေးသီချင်းတောင် ရေးစပ်နိုင်တယ်... ကျန်းစူရှင်းက သူ့ရဲ့ခံစားချက်တွေ နည်းနည်းတမူထူးခြားနေတယ်လို့ ခံစားမိတယ်။

အရင်ကတော့ လုအန်းကျီဟာ အလောင်းအစားသမား၊လူရမ်းကားတစ်ယောက် ဒါမှမဟုတ် အသုံးမကျတဲ့လူတစ်ယောက်မဟုတ်ရင်ကို ကျေနပ်မိ‌ပေမယ့် ခုမှာတော့ လုအန်းကျီ ကိုချန်းချန်းနဲ့ အတူရှိနေခွင့်ပေးလိုက်ရတာက သူစိတ်သက်သာရာရစေသည်။

မနေ့က တွေ့ဆုံပြီးတဲ့အခါ လုအန်းကျီရဲ့ ဟန်ပန်အမူအရာတွေက သူ့ကို မသက်မသာမဖြစ်စေတာကြောင့် သူစိတ်သက်သာရာရသည်။

ဒါပေမယ့် လူအန်ကျီဟာ တကယ်တော့ “Dragon Raja” ရဲ့စာရေးဆရာ Dora B Dream ဖြစ်နေတယ်ဆိုတာ သူလုံးဝမျှော်လင့်မထားခဲ့ဘူး။

ပြီးတော့ အခု လုအန်းကျီက ကလေးသီချင်းရေးတတ်၊ ပီယာနိုတီးတတ်တယ်ဆိုတာကို

သူတွေ့ရှိလိုက်ရသည်။

အံ့အားသင့်မှုတစ်ခုပြီးတစ်ခု ရောက်လာတာကြောင့် သူ့ခံစားချက်တွေ မတည်ငြိမ်နိုင်ခဲ့ပေ။

လုအန်းကျီဟာ ချန်းချန်းရဲ့ဖခင်ဖြစ်ဖို့ သင့်လျော်လေသည်။ အစကနဦးတွင် အများကြီးမမျှော်လင့်ထားပေမယ့် အကောင်းဆုံး အမြင့်ဆုံး ဆိုတာကိုသာ ကလေးလေးကို ပေးချင်ခဲ့သည်။

နောက်ပြီး အဲဒါတင်မကသေးပါပဲနှင့်

လုအန်းကျီရဲ့ Dora B Dream ဖြစ်တဲ့အချက်နဲ့ ကလေးသီချင်းနဲ့ ပီယာနိုတေးသွားရေးစပ်နိုင်တဲ့ ပါရမီက သူ့ခံစားချက်တွေကို ပိုမိုရိုက်ခတ်စေခဲ့သည်။

သူမက Dora B Dream ရေးတဲ့ “Dragon Raja” စာအုပ်နှစ်အုပ်ပဲဖတ်ဖူသည်။ ပထမတစ်အုပ်က အချိန်ကုန်ရုံသက်သက်ကောင်းတယ်လို့ထင်ပေမယ့် ဒုတိယတစ်အုပ်မှာပါတဲ့ ရှမီ ကတော့ သူ့ကိုစွဲလန်းစေခဲ့သည်။

ဒါပေမယ့် Dora B Dream က ရှမီ ဇာတ်လမ်းကို ဝမ်းနည်းဖွယ်ဇာတ်လမ်း ရေးဖို့ ဒီလောက်ဆုံးဖြတ်ချက်ခိုင်မာတယ်ဆိုတာ သူမမျှော်လင့်ထားခဲ့ဘူး။

ဒါပေမယ့် စာအုပ်ထဲက ဇာတ်လမ်းဖြစ်တာကြောင့် ကျန်းစူရှင်းက အဲဒီအကြောင်း ဖတ်နေစဉ်မှာ အရမ်းစဉ်းစားမနေခဲ့ဘူး။ စာအုပ်ဖတ်ပြီးပိတ်လိုက်တဲ့အခါမှာ ခနလောက်သာ ဝမ်းနည်းမိခဲ့တယ်။

ဒါပေမယ့် မနေ့က Dora B Dream က သူ့ရှေ့မှာထိုင်နေတယ်၊ သူ့ခံစားချက်တွေက ချက်ချင်းထိန်းချုပ်မရဖြစ်သွားပြီး မနေ့ညတောင် အိပ်မပျော်တဲ့ဒဏ်ခံရတော့မယ်လို့တောင် ခံစားမိသည်။

တကယ်တော့ လုအန်းကျီက သူ့ကို သူက Dora B Dream လို့ ဝါကြွားနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲ။

ဒါပေမယ့် ကျန်းစူရှင်းက သူ့ကိုသံသယမရှိခဲ့ပါ။

မနေ့က လုအန်းကျီရဲ့ ပြောဆိုဟန်အမူအရာတွေကို လေ့လာကြည့်တော့ ကြွားတတ်တဲ့သူမျိုးမဟုတ်သည်ကို သတိထားမိသည်။

ချန်းချန်းကြောင့် လုအန်းကျီနဲ့သူမရဲ့ဆက်သွယ်မှုက ခဏတာမဟုတ်ပါ။ သူက စာရေးဆရာအဖြစ် ဟန်ဆောင်ထားရင် ခဏတော့အဆင်ပြေနိုင်တယ်၊ ဒါပေမယ့် အချိန်ကြာလာတဲ့အခါ ဘယ်လိုမှ မပေါ်ဘဲ မနေနိုင်ပေ။

နောက်ပြီး သူမက သူက Dora B Dream ရေးတဲ့ဝတ္ထုဖတ်ဖူးတယ်ဆိုတာကို အရင်ကြိုတင်ထုတ်ဖော်မပြောခဲ့ဘူး။

အကျဉ်းချုပ်ပြောရရင် Dora B Dream က သူ့ရှေ့မှာရှိနေသည်။ သူကချန်းချန်းရဲ့ဖခင်ဖြစ်တယ်၊ ဒါကြောင့် မနေ့က ကျန်းစူရှင်းဟာ စိတ်အားငယ်မှု၊ အတွေးများစွာနှင့်

စကားလုံး နှုတ်ဖျားမှ မထွက်နိုင် ဖြစ်ခဲ့ရသည်။

ထိုခံစားချက်များသည် ဒီနေ့တိုင် ပျောက်ကွယ်သွားခြင်းမရှိပေ။

ဒီအခြေအနေမျိုးမှာ လုအန်းကျီက ကလေးသီချင်း သီဆိုပြီး တီးလိုက်တော့ ကျန်းစူရှင်းရဲ့ခံစားချက်တွေကို ထပ်မံလှုပ်ခတ်စေခဲ့ပြန်သည်။

ဒါပေမယ့် သူမက ခံစားချက်တွေကို ထိန်းချုပ်ထားနိုင်ခဲ့သည်။

ဒါတွေအားလုံးက အရေးအကြီးဆုံးမဟုတ်ပါ။

အရေးအကြီးဆုံးက လုအန်းကျီက ချန်းချန်းကို ကောင်းကောင်းဆက်ဆံရမယ်ဆိုတာပါပဲ။

“လုအန်းကျီရယ်၊ ဒီသီချင်းကို ကျွန်တော့်ကလေးကို ပြန်တီးပြလို့ရမလား။ စိတ်မပူပါနဲ့၊ ကျွန်တော်ခဗျားရဲ့ခွင့်ပြုချက်မရရင်မမျှဝေဘူး။”

ဟုဆိုင်ရှင်က မေးလိုက်သည်။ သူထင်တာက မထုတ်ဝေရသေးတဲ့တေးသွားတစ်ပုဒ်ရဲ့ ဖန်တီးသူဟာ အဲဒါကို အရမ်းတန်ဖိုးထားမယ်ဆိုတာပါ

ဒီတေးသွားက ရိုးရှင်းတဲ့ကလေးသီချင်းတစ်ပုဒ်သက်သက်ဖြစ်နေရင်တောင်မှပေါ့။

လုအန်းကျီက “အဆင်ပြေပါတယ်။ အဓိကကိစ္စကို အရင်ဆွေးနွေးကြရအောင်။ အိမ်ကိုလည်း ကြည့်ပြီးပြီ၊ ပြဿနာမရှိဘူး။ နောက်တစ်ခုက စာရွက်စာတမ်းတွေပြီးအောင်လုပ်ပြီး၊ သဘောတူထားတဲ့စျေးနဲ့ပေါ့၊ ဒီပီယာနိုကုန်ကျစရိတ်ပါအကုန် တစ်ခါတည်းပေးမယ်။ ဘယ်လိုလဲ” လို့ မေးလိုက်သည်။

ဆိုင်ရှင်က ခေါင်းညိတ်ပြီး “ကောင်းပါပြီ” လို့ ဆိုလိုက်၏။

ပြီးတော့ လေးယောက်စလုံး ဂီတဆိုင်ကထွက်သွားပြီး ပိုင်ဆိုင်ခွင့်လွှဲပြောင်းတာ၊ စာချုပ်ချုပ်တာ၊ လုပ်ထုံးလုပ်နည်းအမျိုးမျိုးပြီးတဲ့အခါ လုအန်းကျီက ပိုက်ဆံပေးချေလိုက်သည်။

သူတို့က သက်ဆိုင်ရာစာရွက်စာတမ်းတွေ ကြိုတင်ပြင်ဆင်ထားပြီးသားမို့လို့ အရာအားလုံးအဆင်ပြေချောမွေ့စွာ ပြီးမြောက်သွားခဲ့သည်။

ကျန်းစူရှင်းက ချန်းချန်းနဲ့အတူရှိနေတာကြောင့် သူတို့နောက်ကို မလိုက်ခဲ့ပေ။

သူမဂီတဆိုင်ကိုရောက်လာပေမယ့် ခဏပဲနေပြီး လုအန်းကျီက အခြားကိစ္စတွေကိုသွားရောက်ဆောင်ရွက်ဖို့ ထွက်ခွာသွားခဲ့သည်။ ဒါကြောင့် လုအန်းကျီက ကျန်းစုရှင်း အပေါ် အားတုံ့အားနာဖြစ်ခဲ့ရသည်။

ဒါပေမယ့် ကျန်းစူရှင်းက အဆင်ပြေတယ်လို့ပြောပြီး ချန်းချန်းလေးအတွက် လုအန်းကျီက သီချင်း တီးပြလိုက်တာကို ကြားရတာနဲ့တင် သူမအရမ်းကျေနပ်နေပြီလို့ဆိုသည်။

ဒါပေမယ့် ကျန်းစူရှင်းက အဲဒီလိုပြောတဲ့အခါ လုအန်းကျီကပိုပြီးရှက်ကိုးရှက်ကန်းဖြစ်သွားသည်။

ကျုံ့အမ်းဂီတဆိုင်မှာ လုအန်းကျီက ကလေးသီချင်း ကို စိတ်ကူးရှိတုန်း တီးလိုက်တာပါ။ သူက မနေ့ည အိမ်ပြန်ရောက်တဲ့အခါ သမီးလေးအတွက် ရှေးဟောင်းပုံပြင်တွေရေးဖို့ပဲစဉ်းစားမိပြီးချန်းချန်းအတွက် အထူးအစီအစဉ်တစ်ခုခု ပြင်ဆင်ဖို့မစဉ်းစားမိခဲ့ဘူး။

နောက်တစ်ခါပြန်ဆုံရင် ချန်းချန်းကို ဘာပေးရမလဲ စဉ်းစားရလေသည်။

ပိုင်ဆိုင်ခွင့်လွှဲပြောင်းမှုနဲ့ စာချုပ်ချုပ်ဆိုမှုတွေပြီးဆုံးပြီး ပိုင်ဆိုင်မှုလက်မှတ်ရရှိပြီးတဲ့အခါ လုအန်းကျီက ကျုံ့အမ်း ဂီတဆိုင်ရဲ့သော့တွေယူပြီး ဆိုင်ရှင်ကိုနှုတ်ဆက်ကာ ဂီတဆိုင်ဆီပြန်လာသည်။

သူက ဂီတဆိုင်တစ်ခုလုံးကို စစ်ဆေးကြည့် ပြီးတဲ့နောက် ညစာစားဖို့စီစဉ်ပြီး ဟိုတယ်ပြန်ကာ သူ့ဝတ္ထုရေးသည်။ ရုတ်တရက် ဖုန်းမြည်လာသည်။

ကျန်းစူရှင်း ဖုန်းလာတာဖြစ်သည်။

လုအန်းကျီက ကျန်ဆူရှင်ဖုန်းနံပါတ်ကို မှတ်ထားပြီးသားပင်။

ဖုန်းကိုင်လိုက်တော့ ဖုန်းအသံသံထဲကနေ ချန်းချန်းရဲ့အသံ “ဒယ်ဒီ၊ ဒယ်ဒီ” ကို ထပ်ကာထပ်ကာကြားရသည်။

ကလေးလေးက ကျန်ဆူရှင်နဲ့သူ

ဖုန်းဆက်နေတာသိပုံရသည်။

“ချန်းချန်း နေပါ၊ မေမေနဲ့ဒယ်ဒီ စကားပြောဦးမယ် မနက်ဖြန် ဒကဒီအလုပ်မရှိရင် ဒက်ဒီလာပြီး မင်းနဲ့အတူဆော့ပေးမယ်လား?”

ကျန်ဆူရှင်က အရင်ဆုံး ဖုန်းကတဆင့် ကျဲန်ကျဲန်ကို နှစ်သိမ့်ဖို့ကြိုးစားတယ်။

ကျဲန်ကျဲန်ရဲ့နာခံတဲ့အသံက ဖုန်းအသံသံထဲကနေ ထပ်မံလာရောက်တယ်။ “ဟုတ်ကဲ့။”

“အိုခေ”

All Chapters