← Chapters

ဖေဖေ

Vol. 1 Ch. 9

ဖေဖေ

Vol. 1 Ch. 9

ကျန်းစူရှင်းစိတ်ထဲ နည်းနည်းရယ်စရာလိုလိုဖြစ်ပေမယ့်

ကျေနပ်စရာကောင်းနေသည်။ သူမကြုံခဲ့ရတဲ့ ဒီသေးသေးမွှားမွှားအခက်အခဲလေးကို ချန်းချန်းရဲ့ဖေဖေလည်း အခုတစ်ခါ အရသာခံလိုက်ရပြီလေ။

နောက်ပြီး လုအန်းကျီကလည်း နည်းနည်းတော့ မကျေမနပ်ဖြစ်နေသလိုပဲ။

ခုနကတည်းက သူက “သူမက နှစ်နှစ်ကျော်လေးပဲရှိသေးတယ်” ဆိုပြီး ပြောနေတာ၊ အခုတော့ နှစ်နှစ်ကျော်အရွယ်ကလေးတစ်ယောက်ရဲ့ သဘာဝက ဘာများလဲဆိုတာ သူ့ကို သိခွင့်ပေးလိုက်ရမယ့်အချိန်ပဲ။

“မတ်တတ်ရပ်နေဦး၊ ချန်းချန်းနဲ့ဆော့ပေးထား၊ရေတစ်ခွက်သွားယူဦးမယ်”

ကျန်းစူရှင်း လမ်းလျှောက်သွားရင်း ပြောလိုက်တယ်။

လုအန်းကျီရဲ့ ပီဇကတော့ အမှန်ပဲ ပြစပြုလာပြီ။

ဒီကလေးမလေးက တစ်ကနေ တစ်ဆယ်ထိ ရေတွက်တတ်နေပြီဖြစ်တာနဲ့ ခုနက ခုနစ်၊ ရှစ်၊ ကိုး၊ တစ်ဆယ်ဆိုတာ သူမသိဘူးလို့ ဘယ်ရှိမလဲ။ သူ့အမှားလေးကို ပြင်ပေးလိုက်ရုံပါပဲ။

ဒီကလေးမလေးကို သူ မပြင်နိုင်ဘူးဆိုတာ သူမယုံချင်ဘူး။

သူ ဆိုဖာပေါ်မှာ ထိုင်လိုက်ပြီး ချန်းချန်းကို ကောက်ယူကာ သူ့ပေါင်ပေါ်တင်လိုက်တယ်။

ကလေးမလေးက အိမ်မှာဆိုတော့ ဘောင်းဘီတိုဝတ်ထားတယ်။ လုအန်းကျီက သူမကို ကောက်ယူလိုက်တဲ့အခါ သူ့ရဲ့ ဝိုင်းစွတ်နေတဲ့ တင်ပါးလေးကို ပုတ်ပေးလိုက်မိတယ်။ နှစ်သက်စရာကောင်းလောက်အောင် နူးညံ့ပြည့်ဖြိုးနေတယ်။

“လာ၊ ဖေဖေနဲ့အတူတူ ရေတွက်ကြည့်ရအောင်၊ တစ်...”

လုအန်းကျီက သူ့လက်ကို ချန်းချန်းရဲ့ မျက်လုံးရှေ့မှာ ထားပြီး လက်ချောင်းတစ်ချောင်း ထောင်ပြတယ်။

ချန်းချန်းက နာခံလိုက်ပြီး ရေတွက်တယ်။ “တစ်။”

လုအန်းကျီက လက်ချောင်းနှစ်ချောင်း ထောင်ပြတယ်။ “နှစ်...”

ချန်းချန်းရဲ့ ကြီးမားတဲ့ မျက်လုံးလေးတွေက လုအန်းကျီရဲ့ လက်ချောင်းတွေကို စိုက်ကြည့်နေပြီး လိုက်ပြောတယ်။ “နှစ်။”

လုအန်းကျီက လက်ချောင်းသုံးချောင်း ထောင်ပြတယ်။ “သုံး...”

ချန်းချန်းက ရေတွက်တယ်။ “သုံး။”

လုအန်းကျီ စတုတ္ထလက်ချောင်းကို ထောင်ပြတော့ ချန်းချန်းက သူ့ဘာသာ စဖတ်တော့တယ်။ “လေး။”

ပြီးတော့ ငါး၊ ခြောက်၊ ခုနစ်... လုအန်းကျီက လက်နှစ်ဖက်လုံး သုံးတယ်။ လက်တစ်ဖက်တည်းနဲ့ နံပါတ်တွေ ပြရတဲ့ပုံစံကို ကလေးမလေးနားမလည်မှာစိုးလို့ပါ။

ချန်းချန်းက အရမ်းချောချောမွေ့မွေ့ ရေတွက်နိုင်တယ်၊ “ခုနစ်”ရှေ့မှာ “ရှစ်”လို့ မပြောတော့ပေ။

“ရှစ်။ ကိုး။ တစ်ဆယ်။”

ကျန်တဲ့ နံပါတ်သုံးလုံးကိုလည်း လုအန်းကျီ မြှောက်ပြလိုက်တဲ့ လက်ချောင်းတွေကို လိုက်ပြီး တစ်လုံးချင်းစီ မှန်မှန်ကန်ကန် ရေတွက်တယ်။

လုအန်းကျီ ကျေနပ်သွားတယ်။ ချန်းချန်းရဲ့ခေါင်းလေးကို သပ်သပ်ပေးရင်း ချီးကျူးလိုက်တယ်။ “အရမ်းတော်တာဘဲကွာ!”

“ချန်းချန်းက တော်လိုက်တာ!”

ချန်းချန်းကလည်း သူ့ကိုယ်သူ ချီးမွမ်းလိုက်ပြီး ခေါင်းလေးညိတ်ကာ ထပ်ရေတွက်တယ်။ “တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ရှစ်၊ ခုနစ်။”

လုအန်းကျီ... “...”

“ဘယ်လိုလဲ၊ မခံနိုင်တော့ဘူးလား?”

ကျန်းစူရှင်းက ရေတစ်ခွက်ယူလာပြီး လုအန်းကျီရှေ့မှာ ထားကာ ပြုံးရင်း မေးလိုက်တယ်။

လုအန်းကျီက မျက်နှာငယ်ငယ်နဲ့ ပြုံးလိုက်ပြီး “ဟုတ်ပြီ၊ မင်းပြောတာ မှန်တယ်နဲ့တူတယ်၊ ဒီကလေးမက တမင်လုပ်နေတာဘဲ” လို့ပြောလိုက်တယ်။

ချန်းချန်းက သူ့ရဲ့အပြစ်ကင်းစင်တဲ့ မျက်လုံးကြီးတွေကို မှိတ်တုတ်မှိတ်တုတ်လုပ်ရင်း လုအန်းကျီပြောနေတာ နားမလည်သလိုပင်။

ကျန်းစူရှင်းက သစ်သီးဗန်းကလေးတစ်ဗန်းလည်း ထားပေးလိုက်ပြီး “ရေက နည်းနည်းပူနေသေးတယ်၊ အရင်သစ်သီးလေးစားလိုက်ဦး” လို့ပြောတယ်။

လုအန်းကျီက “ကျေးဇူးပါ” လို့ပြောပြီး ပြုံးရင်း “မင်းက တကယ်ကို အောင်မြင်တဲ့ အနုပညာရှင်ကြီးတစ်ယောက်နဲ့ မတူဘူးနော်” လို့ဆိုလိုက်တယ်။

ကျန်းစူရှင်းက “ဘယ်လိုမျိုးလဲ” လို့မေးတယ်။

လုအန်းကျီက ခဏတော့ ဘာပြောရမှန်းမသိဘူး။ စဉ်းစားပြီး ပြောလိုက်တာက “ဘယ်လိုပဲဖြစ်ဖြစ်ပါ... အိမ်ရှင်မလေးလို ဆိုရင်လည်း... အဆင်ပြေတာပေါ့”

ကျန်းစူရှင်းက ပြုံးလိုက်ပြီး “ကျွန်မကအိမ်မှာ‌နေနေတာ

လေ၊ အိမ်ရှင်မမလုပ်ရင် ဘာလုပ်နေမှာလဲ” လို့ပြောကာ သစ်သီးဗန်းကို လုအန်းကျီဘက်ကို ဆွဲချလိုက်ပြီး “အသီးစား၊ ခုနကဝယ်လာတာတွေ၊ အရမ်းလတ်တယ်” လို့ဆိုတယ်။

သူတို့နှစ်ယောက်အခုချိန်ထိ ဆက်သွယ်နေပုံက လုံးဝ အိမ်ရှင်မနဲ့ ဧည့်သည်ဆက်ဆံရေးပုံစံပါပဲ။ ဒါပေမယ့် ချန်းချန်းကလေးကြားထဲကနေ သူတို့ဆက်ဆံရေးဟာ ပိုရင်းနှီးလာသလို၊ ပိုလည်း အံ့အားသင့်စရာကောင်းလာတယ်။

ချန်းချန်းက လုအန်းကျီရဲ့ ပေါင်ပေါ်ကနေ လျင်မြန်စွာ ထွက်သွားပြီး သစ်သီးဗန်းရှေ့မှာ ရပ်လိုက်တယ်။

လုအန်းကျီက သူမ သစ်သီးစားတော့မယ်လို့ထင်ခဲ့တယ်၊ ဒါပေမယ့် မထင်မှတ်ပဲ ကလေးမလေးက သစ်သီးဗန်းထဲကနေ ပန်းသီးတစ်တုံးကို ကောက်ယူပြီး လုအန်းကျီရှေ့ကို မြှောက်ကာ “ချန်းချန်း ကျွေးမယ်။ ဖေဖေ၊ အား--“ လို့ပြောသည်။

ကလေးမလေးရဲ့ လှုပ်ရှားမှုက အရမ်းအလျင်စလိုဖြစ်နေသလိုပဲ၊ လုအန်းကျီက အရင်ယူပြီး သူ့ဘာသာ သစ်သီးစားသွားမှာကို ကြောက်နေသလိုပေါ့။

မငြင်းဆိုနိုင်တဲ့ ချစ်စရာ ကမ်းလှမ်းမှုကို လုအန်းကျီက ပါးစပ်ဖွင့်ပြီး “အား--“ လို့ပြောလိုက်ရတယ်။

ချန်းချန်းက လျင်မြန်စွာ ပန်းသီးတုံးလေးကို လုအန်းကျီရဲ့ ပါးစပ်ထဲ ထည့်ပေးလိုက်တယ်၊ သူမရဲ့ မျက်လုံးတွေက ပျော်ရွှင်မှုတွေနဲ့ ပြည့်နှပ် နေတယ်။

လုအန်းကျီက ချန်းချန်းရဲ့ ပါးပြင်လေးကို ညင်သာစွာ ဆွဲနယ်ပေးရင်း ဝါးနေတုန်း ကျန်းစူရှင်းကို မေးလိုက်တယ်။ “သူက မင်းကို ဒီလိုပဲ ကျွေးတတ်သလား”

ကျန်းစူရှင်းက “ကျွေးတတ်တယ်၊ ဒါပေမယ့် မကြာခင်ကမှ ဒီထူးခြားဆန်းပြားမှုကို မရတော့ဘူး။ ရှင့်ကို သူက မြင်ပြီးကတည်းက ရှင့်အကြောင်းပဲပြောနေတာ၊ ခုမှ အဲ့လိုလေးတွေ ပြန်လုပ်နေတာ၊ ကျွန်မမအီမသာဖြစ်တဲ့အခါ သူကကျွန်မကို ဆေး‌သောက်ဖူးတယ်”

လုအန်းကျီက ပြုံးပြီး “ဒါဆို ငါမင်းကို ကျေးဇူးတင်ရမယ်။ ဆေးတွေမထုတ်လာတာ ကောင်းတယ်။ မဟုတ်ရင် သူ့ရဲ့စိတ်အတိုင်း ဆေးတွေကို ငါ့လည်ချောင်းထဲ အတင်းတိုးသွင်းလိမ့်မယ်” လို့ပြောလိုက်တယ်။

ချန်းချန်းက နားထောင်ပြီး ပန်းသီးတစ်တုံးထပ်ကောက်ပြီး လုအန်းကျီကို ကျွေးတော့တယ်။ “အဖေ၊ အား--“

လုအန်းကျီက ပါးစပ်ထဲက ပန်းသီးကို မြန်မြန်မျိုချလိုက်ပြီး ချန်းချန်း ပန်းသီးကို သူ့ပါးစပ်ထဲ ထည့်နိုင်အောင် လုပ်ပေးလိုက်တယ်။

ကျန်းစူရှင်းက “မင်း မစားနိုင်တော့ရင် တော်ပြီလို့ ပြောလိုက်ရုံပါပဲ၊ သူက အရမ်းနားလည်တယ်။ မင်းငြင်းရင် သူ ထပ်မကျွေးတော့ဘူး” လို့ပြောတယ်။

သူပြောနေတုန်း ချန်းချန်းက တတိယမြောက် သစ်သီးတုံးကို ရယူဖို့ သွားတော့သည်။

လုအန်းကျီက သူ့ပါးစပ်ထဲကပန်းသီးကို မြန်မြန်ဝါးစားလိုက်သည်။

ကျန်းစူရှင်းက ဟန်ချက်ညီနေတဲ့ လှပသော မြင်ကွင်းကို ကြည့်ရင်း သူ့စိတ်ခံစားချက်က ချက်ချင်းပဲ ပြောင်းလဲသွားတယ်၊ သူမသိတဲ့အကြားမှာ နှုတ်ခမ်းထောင့်က ပြုံးနှုတ်ခမ်းသားလေး ကွေးသွားလေသည်။

All Chapters