← Chapters

သူကဖေဖေလား

Vol. 1 Ch. 2

သူကဖေဖေလား

Vol. 1 Ch. 2

“မင်းက... ဘယ်သူလဲ?”

လုအန်းကျီက ထပ်မေးလိုက်တယ်။

သူ့ရဲ့ မျက်လုံးတွေက အဲဒီမိန်းမ နဲ့ ကလေးလေးအပေါ် စိုက်ကြည့်နေတယ်။ အထူးသဖြင့် သူ၏အာရုံတွေကို ထိုကလေးမလေးက ဖမ်းစားထားလေသည်။

သူ့ဆီကနေ တစ်ခုခုရင်းနှီးကျွမ်းဝင်တဲ့ စိတ်ခံစားချက် ပိုပြီးရှင်းလင်းစွာ ခံစားရသလိုမျိုး သူမကို ပွေ့ဖက်၊ နမ်း၊ ချီပိုက်၊ မြှောက်ထားချင် ရလောက်အောင် ချစ်စရာကောင်းလွန်းသည်။

နည်းနည်းလေး ဝိုင်းနေတဲ့ မျက်နှာလေးက ဖြူဖွေးသန့်ရှင်းပြီး ကြီးမားတဲ့ မျက်လုံး‌လေး

တွေထဲမှာ လူကြီးတွေမှာ ရှားပါးတဲ့ အပြုံးနုနုလေးတွေပေါ်နေသည်။

သေးသွယ်သောနှာခေါင်းလေး၊နုနယ်သော ပါးဖောင်းဖောင်း များသည် ဆော့ကစား ချင်စရာကောင်းလှသည်။

အမျိုးသမီးက အသက်ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်တယ်။

“မစ္စတာလုအန်းကျီ... လွန်ခဲ့တဲ့ သုံးနှစ်က ကျုံ့အမ်းအန်ဟိုတယ်မှာ စားပွဲထိုးအဖြစ် အလုပ်လုပ်ခဲ့တယ်မလား?”

လုအန်းကျီက ခေါင်းညိတ်ပြီး

“ဟုတ်တယ်” လို့ ဖြေလိုက်တယ်။ သူရုတ်တရက် တစ်ခုခုကို သတိရသွားပြီး သူ့မျက်နှာမှာ အနည်းငယ်တွေဝေ မှုများ ထင်ဟပ်နေလေသည်။

သူမရဲ့ နှာခေါင်းစည်းအောက်က နှုတ်ခမ်းတွေကို သွားဖြင့် ဖွဖွကိုက်လိုက်ပြီး စကားကို ဘယ်လိုစပြောရင် ကောင်းမလဲ တွေးရင်း

မရည်ရွယ်ဘဲ အချိန်အနည်းကြာအောင် စကားလုံးများပျောက်ဆုံးနေခဲ့၏။

နောက်ဆုံးတော့ အဆင်အပြေဆုံးဖြစ်မယ့်စကားလုံးများကိုရွေးပြီး “လွန်ခဲ့တဲ့ သုံးနှစ်က ညတစ်ညမှာ ကျွန်မက ကျုံ့အမ်းဟိုတယ်မှာ ကျင်းပတဲ့ အခမ်းအနားတစ်ခု တက်ခဲ့ပြီး ဂုဏ်ပြုတဲ့အ‌နေနဲ့ အနည်းငယ် သောက်ခဲ့တယ်။ စားပွဲထိုးတစ်ယောက်က ကျွန်မကို အခန်းပြန်ပို့ပေးတယ်၊ ကျွန်မက သူ့ကို မတော်တဆ ဆွဲချလိုက်မိတော့ သူ့ခေါင်းကို တိုက်မိသွားတယ်...”

လုအန်းကျီရဲ့ မျက်လုံးတွေ အနည်းငယ် ကျယ်သွားတယ်။

“တကယ်တော့ မင်းလား?!”

အမျိုးသမီး ပြန်ဖြေပုံသည်

သဘာဝမကျစွာ ခေါင်းခါပြီး “ကျွန်မပါ” လို့ ဖြေသည်။

လုအန်းကျီအနေနဲ့ ခဏလောက် ဘာပြောရမှန်းမသိဖြစ်သွားပြီး တိတ်ဆိတ်မှုသာ သူတို့နှစ်ဦးထံ လွမ်းမိုးလို့နေလေသည်။

နောက်တော့ လုအန်းကျီ တိတ်ဆိတ်မှုကို ဖောက်ထွင်းကာ

“စိတ်မကောင်းပါဘူး... လွန်ခဲ့တဲ့ သုံးနှစ်က...”

သူစကားစပြောလိုက်တာနဲ့ အမျိုးသမီးက သူ့စကားကို ကြားဖြတ်ကာ

“လွန်ခဲ့တဲ့ သုံးနှစ်က မင်းမှာတာဝန်မရှိဘူး...”

လုအန်းကျီ နှုတ်ဆိတ် နေလိုက်မိသည်။

ထိုအမျိုးသမီးသည် ထိုအကြောင်းကို ထပ်မပြောချင်ဟန် ရှိသောကြောင့်

သူကလည်း ယဉ်ကျေးစွာ ဆက်မမေးတော့ပေ။

သူ့ဘေးက ကလေးလေးကို ကြည့်လိုက်တယ်။

“ဒါဆို...”

သူစကားဘယ်လိုစပြောရမှန်း မသိအောင် ဖြစ်သွားလေသည်။

ဒါပေမဲ့ ကလေးလေးက လုအန်းကျီကိုတစ်ချက် ကြည့်ပြီးတော့ အမျိုးသမီးကို ကြည့်ပြီး မေးလိုက်တယ်။

“သူက ဖေဖေလား?

အမျိုးသမီးရဲ့ မျက်လုံးတွေက လုအန်းကျီပေါ်သုိ့ ဆိုက်ရောက်လာလေသည်။သူမဖြေပါ။

ဒါပေမဲ့ လုအန်းကျီကတော့ အဖြေကို သိနှင့်နေပြီးသားဖြစ်လေသည်။ အဲဒီကလေးကို မြင်ဖူးသလို ခံစားရတာ အံ့သြစရာမရှိတော့ပေ။

နံနက်တိုင်း အိပ်ရာထပြီး မှန်ထဲမှာ သူ့ကိုယ်သူ မရေတွက်နိုင်အောင်မြင်အောင် ကြည့်ဖူးတယ်။ ဒီကလေးကလေးက သူနဲ့ အတော်လေးတူ၏။

“ဟုတ်တယ်၊ ငါပါပဲ။”

စိတ်ထဲက တစ်ခုခု တက်ကြွလာပြီး သူမသိလိုက်ဘဲ ကလေး‌လေးကိုဖြေလိုက်မိတယ်။

ထိုအမျိုးသမီးက နောက်ဆုံးတော့ သက်ပြင်းချလိုက်ပြီး နောက်ထပ် ပြောလိုက်သည်။

“သူ့နာမည်က ချန်းချန်းပါ။ အသက်က နှစ်နှစ် နှစ်လနှင့် ရှစ်ရက်ရှိပြီ။ စကားကို အရမ်းပီပီသသတော့ မပြောနိုင်သေးဘူး။”

ဒါက သူမက ကလေးရဲ့ အချက်အလက်တွေကို သူ့ကို ပေးတာ၊ သူ့ကို ယုံကြည်စေဖို့ပေါ့။

လုအန်းကျီရဲ့ စိတ်ခံစားချက်တွေက စိတ်ရှုပ်ထွေးနေပြီး ခဏလောက် ဘာလုပ်ရမှန်း မသိတော့ဘူး။

သူဘယ်တော့မှ စိတ်ကူးမထားဖူးဘူး။ ရုတ်တရက် သူ့အသက်ပြန်ရှင်လာပြီးနောက် သူ့မှာ ကလေးရှိလာမယ်ဆိုတာ။ ဒါပေမဲ့ သူ့နှလုံးသားထဲမှာ ဖြစ်ပေါ်လာလာတဲ့ ချစ်ခြင်းမေတ္တာနဲ့ ရင်းနှီးမှုတွေက အရမ်းကို အစစ်အမှန်ပါ။ သူ့အတွေးတွေ ရှုပ်ထွေးနေပြီး ဘယ်လိုရင်ဆိုင်ရမှန်း မသိတော့ဘူး။

အဲဒီအမျိုးသမီးရဲ့ စကားတွေကို နားထောင်ရင်း သူအလိုအလျောက် ဖြေလိုက်တယ်။

“သူအခုတင် အတော်လေး ကောင်းကောင်းလုပ်နိုင်နေပြီပဲ။စကားအရမ်းပီပြင်တယ်။”

ထိုအမျိုးသမီးက ပြန်ပြောသည်။

“ဒါက သူ မရေတွက်‌နိုင်‌လောက်အောင်

ဒီစကားကို ထပ်ခါထပ်ခါ လေ့ကျင့်ထားလို့ပါ။”

စကားပြောနေစဉ် သူမကိုယ်တိုင် သယ်ဆောင်လာတဲ့ အိတ်ထဲကနေ ပန်းရောင်ဖုံးအုပ်ထားတဲ့ စာအုပ်ကလေးတစ်အုပ် ထုတ်ယူလိုက်ပြီး လုအန်းကျီကို လက်လှမ်းပေးသည်။

လုအန်းကျီက လက်ဆန့်ပြီး လက်ခံယူလိုက်၏။

အဖုံးပေါ်မှာ နွားကလေးတစ်ကောင် ရေးဆွဲထားတာ တွေ့ရတယ်။ မွေးစာရင်းဟု ရေးသားထားသော ရွှေရောင်စာသားတစ်ကြောင်းလည်း ရှိ၏

ဒါက မွေးစာရင်းအတွက် အကာအကွယ် အဖုံးပါ။

“ချန်းချန်းက နွားနှစ်ဖွားလား?”

လုအန်းကျီက အကာအကွယ်အဖုံးကို ဖွင့်ရင်း မေးလိုက်တယ်။

သူအဲဒီအမျိုးသမီးရဲ့ အဖြေကို ကြားလိုက်ရတယ်။

“ဟုတ်တယ်။”

မွေးစာရင်းမှာ ကလေးရဲ့ နာမည်ကို ချန်းချန်းလို့ ဖော်ပြထားသည်။ နှစ်၊ လ၊ ရက်က အဲဒီအမျိုးသမီးပြောတဲ့ ရက်စွဲနဲ့ ကိုက်ညီနေ၏။

လွန်ခဲ့တဲ့ သုံးနှစ်က ကြွက်နှစ်ဖြစ်တဲ့အတွက် ချန်းချန်က ဒုတိယနှစ်၊ နွားနှစ်မှာ မွေးဖွားသင့်တယ်။

ဖခင်ဆိုတဲ့‌နေရာမှာ ကွက်လပ်လေးဖြစ်နေပေမယ့် မိခင်ဆိုတဲ့‌နေ‌ရာမှာတော့

“ကျန်းစူရှင်း” ဆိုတဲ့ နာမည် ရေးထားသည်။

ကျန်းစူရှင်း?

လုအန်းကျီက အံ့သြသွားပြီး ခေါင်းမော့ကာ ထိုအမျိုးသမီးကို ငေးကြည့်လိုက်သည်။

ကျန်းစူရှင်း၊ ဒီရင်းနှီးတဲ့နာမည်!

လုအန်းကျီတောင် ပြန်လည်မွေးဖွားလာသူဖြစ်ပေမဲ့ ဒါကို အလွန်ရင်းနှီးတယ်။ လွန်ခဲ့တဲ့ သုံးနှစ်က ဒီနာမည်က ဂီတလောကမှာ ထွန်းတောက်နေတဲ့ ကြယ်ပွင့်တစ်ပွင့်ရဲ့ ပိုင်ဆိုင်မှုဖြစ်၏။

ဒီထွန်းတောက်နေတဲ့ ကြယ်ပွင့်က ပွဲဦးထွက်ကတည်းက ဂီတာလောကရဲ့ထိပ်ဆုံးကို ရောက်ရှိသွားသည်။သူ့ရဲ့ ပထမဆုံး အယ်လ်ဘမ်က ဂီတလောကကို တုန်လှုပ်သွားစေသည်။ အသက်ငယ်ပေမဲ့ သူ့ရဲ့ အယ်လ်ဘမ်သုံးခုက ဂီတလောကရဲ့ ထိပ်ဆုံးမှာ ထားရလောက်သည်အထိ အောင်မြင်‌ခဲ့သည်။

လုအန်းကျီရဲ့ ပုံမှန် သီချင်းစာရင်းမှာ ကျန်းစူရှင်းရဲ့ သီချင်းအများအပြား ပါဝင်၏။

ပြီးတော့ လွန်ခဲ့တဲ့ သုံးနှစ်က ကျန်းစူရှင်းက ကျုံ့အမ်းအန်ဟိုတယ်မှာ ကျင်းပတဲ့ စားသောက်ပွဲအခမ်းအနား တက်ရောက်ခဲ့သည်။

ပြီးတော့ လွန်ခဲ့တဲ့ နှစ်နှစ်ခွဲက တစ်ရက်မှာ ရုတ်တရက် အနားယူသွားသည်။

“မင်း...”

သူမထိန်းနိုင်တော့ဘဲ စကားလုံးတစ်လုံး ထွက်လာသည်။ ဒါပေမဲ့ သိပ်ပြီးစည်ကားလွန်းတဲ့ စားသောက်ဆိုင်ကလေးကို ဝေ့ကြည့်ရင်း သူစကားကို အဆုံးသတ်လိုက်မိသည်။

ဒါပေမဲ့ သူ့နှလုံးသားထဲမှာ မုန်တိုင်းတစ်ခု အမှန်တကယ် တိုက်ခတ်နေပြီ။

လွန်ခဲ့တဲ့ သုံးနှစ်က ငါနဲ့မှားခဲ့တဲ့အမျိုးသမီးက ကျန်းစူရှင်းလား?

တစ်ညတည်းအတူနေခဲ့တဲ့သူက ယခင်က ဂီတဘုရင်မ ကျန်းစူရှင်းလား?

ဒါဆို ကျန်းစူရှင်း လွန်ခဲ့တဲ့ နှစ်နှစ်ခွဲက အနားယူတာက ချန်းချန်းကို ကိုယ်ဝန်ဆောင်ထားလို့လား?

ပြီးတော့ အခုသူ့ရဲ့ ရှေ့တည့်တည့်မှာရှိနေတဲ့ နှာခေါင်းစည်းတပ်ထားတဲ့သူကလည်း ကျန်းစူရှင်းဖြစ်နေတာလား?

မေးခွန်းပေါင်းများစွာဖြင့် ကြက်သေ သေနေမိစဉ်

“ဒါက အရေးမကြီးဘူး။”

ကျန်းစူရှင်းက ပြောလာ၏။

လုအန်းကျီက နက်ရှိုင်းစွာ ရှူလိုက်ပြီး သူ့ကိုယ်သူ အေးဆေးတည်ငြိမ်စေကာ ခေါင်းညိတ်ပြီး

“ဟုတ်တယ်၊ အရေးမကြီးပါဘူး” လို့

ပြောလိုက်၏။ အခု အရေးကြီးတာက ချန်းချန်းပါ။ ဂီတဘုရင်မ ကျန်းစူရှင်းဆိုတာ ကိုယ်ပိုင်လက္ခဏာတစ်ခုပဲ။ ဒါပေမဲ့ ချန်းချန်းကသာ အရေးအကြီးဆုံးပါ။

သူက မွေးစာရင်းရဲ့ ပါဝင်မှုတွေကို နောက်တစ်ကြိမ် ဂရုတစိုက် ဖတ်ကြည့်ပြီး ပြန်ပိတ်လိုက်ကာ ကျန်းစူရှင်းဆီ ပြန်အပ်လိုက်သည်။

“ဖေဖေဆီ သွားချင်တယ်! ဖေဖေဆီ သွားချင်တယ်!”

ချန်းချန်းက ရုတ်တရက် စားပွဲအစွန်းကို ဆွဲဆွဲပြီး အော်လိုက်လေသည်။

ကျန်းစူရှင်းက အနည်းငယ် မလှုပ်ရှားနိုင်တဲ့ အသွင်အပြင်ကို ပြလိုက်ပေမဲ့ သူ့သမီးကို နှစ်ကြိမ်ပဲ တွေ့ဖူးတဲ့သူဆီ ပြေးခွင့်ပေးဖို့ ရှင်းရှင်းလင်းလင်း စိတ်မသက်မသာဖြစ်ရလေသည်။

သူက ကလေးကလေးကို နူးညံ့စွာ ကောက်ယူပြီး နှစ်သိမ့်ပေးလိုက်သည်။

“နေပါ၊ မေမေနဲ့ ဖေဖေ စကားပြောနေတယ်။ ပြောပြီးတာနဲ့ ဖေဖေဆီ သွားလို့ရတယ်၊ ဟုတ်လား?”

ချန်းချန်းက သူ့ရဲ့ ထင်းလင်းတဲ့ မျက်လုံးတွေကို မှိတ်လိုက်ပြီး “ဟုတ်ကဲ့” လို့ ပြောလိုက်၏။

ထို “ဟုတ်ကဲ့” ဆိုတဲ့ စကားကို အရမ်းကို ရှင်းရှင်းလင်းလင်း ပြောလိုက်တာ မကျေမနပ်ဖြစ်တဲ့ ဒါမှမဟုတ် တခြားခံစားချက်တွေရဲ့ ရိပ်လက္ခဏာ လုံးဝမပါဘူး၊ ရိုးရှင်းပြီး လေးနက်တဲ့၊ နာခံတဲ့ အဖြေပဲ။

လုအန်းကျီက သူ့ကိုယ်သူ အရည်ပျော်သွားသလို ခံစားမိသည်။

ကလေးလေးက လုအန်းကျီကို အရမ်းစိတ်ဝင်စားနေသည်။ သူ့ရဲ့ ကြီးမားတဲ့ မျက်လုံးများဖြင့် ကြည့်နေသည်။

လုအန်းကျီက ချန်းချန်းကို ပြုံးပြလိုက်ပြီး ကျန်းစူရှင်းကို ပြောလိုက်သည်။

“ကျွန်တော့် ဖုန်းနံပါတ်ကို ဘယ်လိုရခဲ့တာလဲ?”

ကျန်စူရှင်က ပြောလိုက်တယ်။ “ကျွန်မ ကျုံ့အမ်းဟိုတယ်က အသိအကျွမ်းတစ်ယောက်ဆီကို လွန်ခဲ့တဲ့ သုံးနှစ်က စားပွဲထိုးတွေရဲ့ ဓာတ်ပုံနဲ့ အချက်အလက်တွေကို စစ်ဆေးခိုင်းခဲ့တယ်၊ ပြီးတော့ မင်းကို တွေ့ခဲ့တယ်။”

လုအန်းကျီက ခေါင်းညိတ်လိုက်မိသည်။

ကျန်းစူရှင်းမှာ ဒါ‌မျိုးလုပ်နိုင်တဲ့ အရည်အချင်းရှိတယ်။

ဒါပေမဲ့ ဟိုတယ်က အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုတာ၊ ဒါမှမဟုတ် ဟိုတယ်က တစ်ခြားသူတွေဆီ အချက်အလက်တွေ ထုတ်ဖော်ပြောဆိုတာက ယေဘုယျအားဖြင့် မသင့်တော်ဘူး။

ဒါပေမဲ့ လုအန်းကျီအနေနဲ့ အခု ဒါ‌တွေကို ဆက်လက်စဉ်းစားဖို့ အချိန်မရှိပေ။

ကျန်းစူရှင်း ဆက်ပြောနေတာကို နားထောင်ရင်း “မူလကတော့ မင်းနဲ့ ဘယ်တော့မှ ဆက်သွယ်မှာမဟုတ်ဘူး။ ဒါပေမဲ့ ချန်းချန်းကြီးပြင်းလာတာနဲ့အမျှ တခြားကလေးတွေနဲ့ ကစားတဲ့အခါ တခြားကလေးတွေက သူတို့ဖေဖေတွေနဲ့ အတူရှိတတ်တယ်။ သူက ဆက်တိုက်မေးနေတယ်၊

‘ဖေဖေက ဘယ်ရောက်သွားလဲ?

ဖေဖေက ဘယ်ရောက်သွားလဲ?’ ဆိုပြီး

သူက ကျွန်မကို ဆက်တိုက်မေးနေတယ်၊ ကျွန်မစဉ်းစားတာက အရမ်းရိုးရှင်းတယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်မက ကလေးကို ကိုယ်တိုင်ပဲ စောင့်ရှောက်နိုင်တယ်ဆိုပေမဲ့ ကလေးတစ်ယောက်အတွက် ဖေဖေတစ်ယောက် လိုအပ်တယ် ဆိုတာကိုပါပဲ။

“ဒါကြောင့် မင်းကို ရှာကြည့်ဖို့ ကြိုးစားခဲ့တယ်၊ မင်းမှာ ဘယ်လိုအတွေးအမြင်ရှိလဲ၊ သူ့ဖေဖေဖြစ်ဖို့ သင့်တော်လား ဆိုတာကို ကြည့်ဖို့...”

လုအန်းကျီက ကျန်းစူရှင်း၏

စကားရဲ့ အတွင်းသဘောကို နားလည်သွားပြီး တိုက်ရိုက်ပြောလိုက်တယ်။

“ဒါဆို၊ ကျွန်တော် လက်မခံနိုင်သေးဘူး၊ ချန်းချန်းရဲ့ ဖခင် ဖြစ်လာဖို့ မင်းရဲ့ သဘောတူညီချက်ရဖို့ လိုတယ်၊ ဟုတ်လား?”

ကျန်းစူရှင်းကပြောလိုက်သည်။”

စိတ်မကောင်းပါဘူး။”

လုအန်းကျီက ပြုံးပြီး ခေါင်းခါကာ “စိတ်မကောင်းစရာမလိုပါဘူး၊ နားလည်နိုင်ပါတယ်။ ကလေးအတွက် တာဝန်ယူတာကောင်းတယ်” လို့ ပြောလိုက်တယ်။

ကျန်းစူရှင်းက အနည်းငယ် သက်သာရာရသွားပုံပြပြီး အနည်းငယ် ပြုံးပြလိုက်တယ်။

“မင်းနားလည်တာ ကျွန်မ ဝမ်းသာတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် နောက်လာမယ့် ကာလမှာ ချန်းချန်းကို စောင့်ရှောက်ဖို့ အချိန်အနည်းနည်းလောက်

ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။”

All Chapters