← Chapters

အဆင်ပြေပါ့မလား?

Vol. 2 Ch. 14

အဆင်ပြေပါ့မလား?

Vol. 2 Ch. 14

ကျန်းစူရှင်း ဒီစကားပြောလိုက်တဲ့အခါ ဆက်ပြောဖို့အတွက် ရုတ်တရက် ရှက်သလို ခံစားလိုက်ရသည်။

လုအန်းကျီက သူမရဲ့ တုံ့ပြန်မှုကို မြင်တော့ တိုက်ရိုက်မေးလိုက်သည်– “ဘယ်နည်းလမ်းလဲ?”

ကျန်းစူရှင်းက

“အဲဒါက… ကျွန်မ စတူဒီယိုတစ်ခု မှတ်ပုံတင်ချင်တယ်၊ ပြီးတော့ ရှင်က ကျွန်မရဲ့ စတူဒီယိုနဲ့ ချိတ်ဆက်ထားလို့ရတယ်။ ဒီသီချင်းကိုတော့ ရှင့် နာမည်နဲ့ပဲ အသိအမှတ်ပြုထားမှာပါ၊ ကျွန်မရဲ့ စတူဒီယိုနာမည်အောက်ကနေ ဖြန့်ချီမယ်။ ဝင်ငွေအားလုံး ရှင့်အပိုင်ပါပဲ။ ကျွန်မကတော့ သီချင်းအပ်နှံမှုကို ပြီးမြောက်အောင် လုပ်ပေးရုံပါပဲ”

“နောက်ပိုင်းမှာ ကျွန်မနဲ့ မသင့်တော်တဲ့ အလုပ်တွေ ရှိလာရင်၊ ဒါမှမဟုတ် ကျွန်မ မရေးနိုင်တဲ့အရာတွေ ရှိလာရင် ရှင် အမြဲတမ်း ကူညီလို့ရတာ‌ပေါ့”

လုအန်းကျီ နားမလည်နိုင်– “ဒါဆိုရင် ခင်ဗျားက ဘာများ ရမှာလဲ?”

ကျန်းစူရှင်းက “ကျွန်မက အလုပ်တွေ ပြီးမြောက်သွားရုံပါပဲ” ဟုဆိုသည်။

သူမ သက်ပြင်းချပြီး ပြောသည်– “ကျွန်မမှာ ဒီလောကမှာ နာမည်သေးသေးလေးတော့ ရှိခဲ့ပါတယ်၊ ဒါပေမဲ့ အဲဒါက လွန်ခဲ့တဲ့ သုံးနှစ်ကပဲလေ။ ဒီသုံးနှစ်လုံးမှာ ကျွန်မရဲ့ အရင်ဂုဏ်သတင်းကို အားကိုးပြီး သီချင်းအပ်နှံမှုတွေ မကြာခဏ ရနေပေမဲ့ သီချင်းရေးတာသက်သက်နဲ့တော့ ရပ်တည်ဖို့ မလုံလောက်ဘူး”

“ကျွန်မ ရေးတဲ့သီချင်းတွေက ကျွန်မ ဆိုဖို့ပဲ သင့်တော်တယ်၊ တခြားသူတွေ ဆိုရင် ခံစားချက်မှန်အောင် ပေးဖို့ ခက်တယ်လို့ တခြားသူတွေက ပြောကြတယ်။ အခုဆိုရင် ကျုံ့‌ပေါ်လိုလူမျိုး‌တွေဆီက သီချင်းအပ်နှံမှုတွေ ရဖို့ ကျွန်မအတွက် တကယ်ကို ခက်ခဲနေပါပြီ။ အများစုက ဒုတိယတန်းစား ဒါမှမဟုတ် တတိယတန်းစား အဆိုတော်တွေ၊ ဒါမှမဟုတ် အနုပညာရှင် အသစ်တွေဆီက ဖြစ်ပါတယ်”

“ဒီအတိုင်း ဆက်သွားရင် ကျွန်မ တကယ်ပဲ ပြန်လည်ဝင်ရောက်ဖို့က လွဲပြီး တခြား ရွေးချယ်စရာ မရှိတော့မှာ စိုးရိမ်ရတယ်”

ကျန်းစူရှင်း တကယ်ကို ပြန်လည်ဝင်ရောက်ဖို့ မလိုချင်ပုံရသည်။

လုအန်းကျီက “ဒါဆိုရင် ကျွန်တော် ခင်ဗျားနာမည်ကို သုံးမယ်၊ ဒါပေမဲ့ ဝင်ငွေအားလုံးကို ကျွန်တော့်ကို ပေးမယ်ဆိုရင် ခင်ဗျားအတွက် အရမ်းကြီး ဆုံးရှုံးမှု မများဘူးလား?”

ကျန်းစူရှင်းက ပြုံးပြီး “ကျွန်မ ရှုံးနေတယ်၊ ရှင် အကျိုးအမြတ်ရနေတယ်လို့ ရှင်ထင်ရင် ချန်းချန်းရဲ့ နို့မှုန့်ဖိုးကို ရှင်ပေးရင် ဘယ်လိုလဲ?” ဟုဆိုသည်။

လုအန်းကျီ ရယ်လိုက်ပြီး “ဒါက ကျွန်တော် လုပ်သင့်တာ မဟုတ်ဘူးလား?” ဟုဆိုသည်။

ချန်းချန်းသည် ချက်ချင်း သော့ချက်စကားလုံးကို ဖမ်းမိပြီး ခေါင်းလှည့်ကာ လုအန်းကျီရဲ့ အင်္ကျီလက်ကို ဆွဲပြီး “ဖေဖေ၊ ချန်းချန်း နို့သောက်ချင်တယ်” ဟုဆိုသည်။

ကျန်းစူရှင်းက “ကျွန်မ သွားဖျော်လိုက်မယ်” ဟုဆိုသည်။

လုအန်းကျီက “အတူတူ သွားရအောင်။ ကျွန်တော်လည်း ချန်းချန်းအတွက် နို့မှုန့် ဖျော်ပေးနိုင်အောင် သင်ယူထားမယ်” ဟုဆိုသည်။

သူသည် ချန်းချန်းကို ပွေ့ချီပြီး ကျန်းစူရှင်းနောက်မှ ဂီတခန်းထဲကနေ မီးဖိုချောင်သို့ လိုက်သွားသည်။ ကျန်းစူရှင်း၏ လုပ်ဆောင်ချက်များကို ကြည့်နေရင်း သူမ၏ ရှင်းပြချက်များကို နားထောင်နေသည်။

ကျန်းစူရှင်းက ပုလင်းထဲကို ရေဘယ်လောက် ထည့်ရမယ်၊ ရေက ဘယ်အပူချိန် ဖြစ်သင့်တယ်၊ နို့မှုန့် ဘယ်လောက် ထည့်ရမယ်ဆိုတာကို ရှင်းပြရင်း နို့ဖျော်ပေးနေသည်။ ထို့နောက် ပုလင်းကို ကိုင်ပြီး နို့မှုန့်များ ရေထဲတွင် ပျော်ဝင်သွားစေရန် ညင်သာစွာ လှုပ်ခါလိုက်ပြီး အဖုံးပိတ်ကာ ပုလင်းကို ချန်းချန်းအား ပေးလိုက်သည်။

သူမ၏ လှုပ်ရှားမှုများသည် ကျင့်သားရပြီး ညင်သာပုံရကာ စိတ်ကို ငြိမ်သက်စေသည့် အလှတစ်မျိုးကို ပိုင်ဆိုင်သည်။ လုအန်းကျီ မသိစိတ်ကပင် စွဲလန်းသွားခဲ့ရသည်။

လုအန်းကျီ တိတ်ဆိတ်စွာ ကြည့်နေသည်။ ကျန်းစူရှင်း တစ်ခုခုကို သတိပြုမိပုံရပြီး အနည်းငယ် ရှက်လာသည်။

“ဒါကြောင့်၊ ကျွန်မ ဒီသီချင်းအပ်နှံမှု မပျက်သွားဖို့ပဲ မျှော်လင့်တာပါ။ ကျွန်မ အခု ပြန်မဝင်ရင် ကျုံ့ပေါ်လိုလူမျိုးဆီက သီချင်းအပ်နှံမှုမျိုး ရဖို့ ကျွန်မအတွက် အရမ်းခက်ခဲသွားမှာ”

“ဒီသီချင်းအပ်နှံမှုကို ရဖို့ ကျွန်မ သူငယ်ချင်းကလည်း အားထုတ်မှု အများကြီး လုပ်ခဲ့ရတယ်။ ဒါ ပျက်ပြယ်သွားရင် နောက်ပိုင်းမှာ ကောင်းတဲ့ အလုပ်တွေ ရဖို့ ကျွန်မအတွက် ပိုခက်ခဲသွားလိမ့်မယ်”

ကျန်းစူရှင်းသည် သူမ၏ မသက်မသာဖြစ်မှုကို လျော့ပါးစေရန် သူတို့၏ ယခင် စကားဝိုင်းကို အမြန် ဆက်ပြောလိုက်သည်။

အဘယ်ကြောင့်မှန်း မသိသော်လည်း၊ သူမသည် ဤ မသက်မသာ ခံစားချက်ကို မနှစ်သက်ခြင်း မရှိပါ… လုအန်းကျီလည်း သူ့ကိုယ်သူ မရိုးသားတော့ကြောင်း သတိပြုမိပြီး အမြန်ပင် မျက်လုံး လွှဲလိုက်သည်။

ကျန်းစူရှင်း နောက်ဆုံးတော့ မေးလိုက်သည်– “အဲဒါ ရပါ့မလား?”

လုအန်းကျီက “ဘာလို့ မရရမှာလဲ? တကယ်တမ်းကျတော့ ကျွန်တော်က ခင်ဗျားဆီက အကျိုးအမြတ် ရနေတာပါ။ ကျွန်တော် တစ်ယောက်တည်းဆိုရင် ဒီလိုမျိုး အလုပ်မျိုး ရနိုင်မှာ မဟုတ်ဘူး။ သာမန် ဝါသနာရှင်တစ်ယောက်ဆိုရင် ကျွန်တော် ထုတ်တဲ့ သီချင်းတွေက ဈေးကောင်း ရမှာ မဟုတ်ဘူး” ဟုဆိုသည်။

ကျန်းစူရှင်း သက်ပြင်းချလိုက်ပြီး

“ကျေးဇူးတင်ပါတယ်” ဟုဆိုသည်။

လုအန်းကျီက “ကျွန်တော့်ကို ဒီလောက် ကျေးဇူးတင်ဖို့ မလိုပါဘူး။ ကျွန်တော် စိုးရိမ်တာက ကျွန်တော့်မှာ နာမည်မရှိတော့ ခင်ဗျားက သူတို့ကို တင်ပြတဲ့အခါ ကျွန်တော့်ရဲ့ သီချင်းကို သူတို့ လက်မခံမှာ စိုးရိမ်လို့ပါ” ဟုဆိုသည်။

ကျန်းစူရှင်းက ခေါင်းခါလိုက်ပြီး “မလုပ်ပါဘူး၊ သူတို့ လက်ခံမှာပါ။ လူတွေ သီချင်း တောင်းဆိုတဲ့အခါ နောက်ဆုံးမှာ သူတို့ တန်ဖိုးထားတာက သီချင်းရဲ့ အရည်အသွေးပါပဲ။ လူအများစုက ဘယ်သူ ဆိုထားတာလဲ၊ နားထောင်လို့ ကောင်းလားဆိုတာကိုပဲ ဂရုစိုက်တာ မဟုတ်လား? သီချင်းကို ဘယ်သူ ရေးတာလဲဆိုတာကိုတော့ ပညာရှင်တွေမှ မဟုတ်ရင် ဂရုစိုက်ကြမှာ မဟုတ်ပါဘူး” ဟုဆိုသည်။

လုအန်းကျီ ခေါင်းညိတ်ပြီး

“မှန်ပါတယ်” ဟုဆိုသည်။

“ကုန်ပြီ!”

ချန်းချန်း ရုတ်တရက် သူမ၏ ပုလင်းကို မြှောက်ပြကာ သူတို့၏ စကားဝိုင်းကို ဖြတ်တောက်လိုက်သည်။

ပုလင်းက ဗလာဖြစ်နေပြီး နို့အကြွင်းအကျန် အချို့သာ ဘေးပတ်ပတ်လည်မှာ ကပ်နေသည်။

လုအန်းကျီ မပြောဘဲ မနေနိုင်– “သောက်တာတော်တော်မြန်သာပဲ!”

ချန်းချန်း” ခစ်ခစ်” နှင့် အသံထွက်ကာရယ်သည်။

ကျန်းစူရှင်းသည် ချန်းချန်းလက်ထဲက ပုလင်းကိုယူပြီး ဆေးကြောကာ

“သူမက အစားအသောက်မှာစားတာသောက်တာ တော်တော် မြန်တယ်၊ ဘာမှလည်း ချေမများနေဘူး။ ဒါကြောင့် သူမ ဒီလောက် ဝမနေတာပေါ့” ဟုဆိုသည်။

လုအန်းကျီသည် ချန်းချန်းကို ပွေ့ချီပြီး သူ၏ ပေါင်ပေါ် တင်ထားလိုက်ကာ “ဒါဆိုရင် ကောင်းတာပေါ့၊ စိတ်ပူစရာ မလိုဘူးပေါ့၊ပြီးတော့ ကလေးလေးတွေ ဝတာက ချစ်ဖို့ ကောင်းပါတယ်” ဟုဆိုသည်။

ချန်းချန်းသည် လုအန်းကျီ၏ ပေါင်ပေါ်တွင် ထိုင်နေပြီး လုအန်းကျီ နားမလည်သော ဘာသာစကားတစ်ခုဖြင့် အသံမမှန်သော သီချင်းကို ဆိုနေသည်။

လုအန်းကျီသည် ချန်းချန်း၏ ကျောပြင်လေးကို ညင်သာစွာ ပုတ်ပေးနေသည်။ သူမအတွက် စည်းချက် ပေးနေသကဲ့သို့ပင်။

ချန်းချန်း၏ သီချင်းဆိုသံသည် ကျယ်လောင်ခြင်း မရှိ၊ တေးသွား သို့မဟုတ် သံစဉ်လည်း မရှိသော်လည်း သူမက ငယ်ရွယ်ပြီး ချစ်စရာကောင်းသောကြောင့် နားမခံသာခြင်း မရှိ၊ စိတ်ဝင်စားစရာ ကောင်းသည်ဟုပင် ခံစားရသည်။

ကျန်းစူရှင်းက “ဟုတ်တယ်။ ရပ်ကွက်ထဲက မိဘတွေ တချို့က သူတို့ ကလေးတွေ အစားမစားဘူး၊ ကျန်းမာရေး မကောင်းဘူး၊ အချိန်မရွေး ဆေးရုံသွားရတယ်၊ ဒါမှမဟုတ် အမြဲတမ်း အစားရွေးလွန်းတယ်လို့ ပြောတာ ကြားရတယ်။ ဒီလို အခြေအနေတွေ ချန်းချန်းမှာ မဖြစ်ဘူး။ ဆာရင် စားတယ်၊ ဝရင် ရပ်ရတယ်ဆိုတာ သူသိတယ်။ တကယ်ကို ကောင်းပါတယ်” ဟုဆိုသည်။

ကလေးတစ်ယောက်ရဲ့ ရိုးရှင်းတဲ့ ပြဿနာတွေကို သူမ ပြောပြတဲ့အခါ ဂုဏ်ယူဝမ်းမြောက်မှုတွေနဲ့ ပြည့်နေပုံရပြီး လုအန်းကျီ သူမ၏ အသံက ပေါ့ပါးပြီး ဂုဏ်ယူနေတာကို ကြားရသည်။

လုအန်းကျီက “ခင်ဗျားရဲ့ အထောက်အထားကို လူတွေ မှတ်မိမှာ မကြောက်ဘူးလား?” ဟု မေးသည်။

ကျန်းစူရှင်းသည် ပုလင်းဆေးကြောခြင်းကို အပြီးသတ်၊ လက်များကို ခြောက်အောင် သုတ်ပြီး ထွက်လာကာ ပြုံးပြီး ပြောသည်–

“မကြောက်ပါဘူး၊ ကျွန်မ အပြင်သွားရင် မျက်နှာဖုံး တပ်ပါတယ်။ ပြီးတော့ ဒီလို ရပ်ကွက်မျိုးမှာ ကျွန်မ နေမယ်လို့ ဘယ်သူကများ ထင်မှာလဲ? ဒါပေမဲ့ လူတော်တော်များများက ကျွန်မ ကျန်းစူရှင်းနဲ့ တူတယ်လို့ ပြောကြတယ်”

သူမ၏ စကားများသည် နည်းနည်း ပျော်စရာ ကောင်းလာပြန်သည်။ လုအန်းကျီနှင့် ဆက်သွယ်လေလေ၊ သူမ ပို၍ ပေါ့ပါးလာလေလေ ဖြစ်ပုံရသည်။

ထို့နောက် လုအန်းကျီသည် ကျန်းစူရှင်း၏ ကွန်ပျူတာရှေ့တွင် ထိုင်ပြီး ဂီတ မူပိုင်ခွင့် ဝက်ဘ်ဆိုဒ်ကို ဝင်လိုက်သည်။

သူသည် ဦးစွာ ကျန်းစူရှင်း၏ ညွှန်ကြားချက်များကို လိုက်နာကာ အထူးဆော့ဖ်ဝဲလ်ကို အသုံးပြုပြီး “ပန်းပင်လယ်” ၏ သီချင်းစာသားနှင့် တေးသွားစာရွက်ကို စုစည်းကာ စာရွက်စာတမ်းတစ်ခု ထုတ်လုပ်ပြီးနောက် ဝက်ဘ်ဆိုဒ်သို့ တင်လိုက်သည်။

ကျန်းစူရှင်းက ထိုဆော့ဖ်ဝဲလ်သည် ဂီတ မူပိုင်ခွင့် ဝက်ဘ်ဆိုဒ်နှင့်အတူ တွဲဖက်ပါလာသော သီချင်းစာသားနှင့် ဂီတ တည်းဖြတ်သူဖြစ်ပြီး ဂီတ မူပိုင်ခွင့် ဝက်ဘ်ဆိုဒ်နှင့်အတူ စတင်ခဲ့ကာ ဝက်ဘ်ဆိုဒ်မှ ဒေါင်းလုဒ်လုပ်ရကြောင်း ပြောသည်။

ဆော့ဖ်ဝဲလ်၏ အရွယ်အစား သေးငယ်သည်၊ အမ်ဘီအနည်းငယ်သာ ရှိသည်ကို မတွေ့ပါ။ကျန်းစူရှင်း ဒေါင်းလုဒ်လုပ်တုန်းက တစ်နေကုန် ကြာခဲ့သည်။

အခြားရှုထောင့်များတွင် တရားဝင်ဝက်ဘ်ဆိုဒ်က အဘယ်ကြောင့် ဤမျှ စဉ်းစားပေးသော်လည်း အင်တာနက် မြန်နှုန်းအတွက်မူ ဖြေရှင်းချက်ကို ထည့်မစဉ်းစားပုံကို လုအန်းကျီ ကောင်းစွာ နားမလည်နိုင်ခဲ့ပေ။

“ပန်းပင်လယ်” ၏ သီချင်းစာသား၊ ဂီတနှင့် စီစဉ်မှု စာရွက်စာတမ်းများကို ဝက်ဘ်ဆိုဒ်သို့ တင်သွင်းသောအခါ အကြိမ်ကြိမ် မအောင်မြင်မှုများ ကြုံခဲ့ရသည်။

ချန်းချန်းသည် ဘေးမှ ဝင်ပါပြီး မော်နီတာပေါ်တွင် လုပ်ဆောင်နေမှုဘား (progress bar) ပျက်စီးသွားသည်ကို မြင်သောအခါနှင့် “တင်ခြင်း မအောင်မြင်ပါ” (upload failed) ဟူသော စာတန်း ပေါ်လာသောအခါ “ဒါ ဘာဖြစ်တာလဲ?” ဟု မေးသည်။

ကျန်းစူရှင်းက ကလေးမလေးအား “ဒါက တင်ခြင်း မအောင်မြင်တာ” ဟု ပြောပြသည်။

ထို့နောက် ချန်းချန်း၏ အသံသည် ကြီးမားသော စီအာတီ မျက်နှာပြင်ပါသည့် ကွန်ပျူတာရှေ့တွင် ဆက်တိုက် ထွက်ပေါ်နေသည်–

“ဟာ၊ တင်ခြင်း မအောင်မြင်ဘူး”

“ဟာ၊ ထပ်မအောင်မြင်ပြန်ဘူး”

… ကျန်းစူရှင်းက လုအန်းကျီကို ချန်းချန်းကို တခြားနေရာမှာ ခေါ်သွားဆော့ခိုင်းပြီး သူမက တင်တာကို ကြည့်မယ်လို့ ပြောသော်လည်း ချန်းချန်းသည် “တင်ခြင်း မအောင်မြင်ပါ” ဆိုသော မျက်နှာပြင်ကို အလွန် စိတ်ဝင်စားပုံရပြီး ထွက်ခွာဖို့ ငြင်းဆိုသည်။

ဒါကြောင့် ကျန်းစူရှင်းက ချန်းချန်းကို ကွန်ပျူတာ ကြည့်ရင် မျက်လုံးထိခိုက်မယ်၊ ပြီးရင် တီဗီ ဒါမှမဟုတ် ကာတွန်းတွေ ကြည့်လို့ရတော့မှာ မဟုတ်ဘူးလို့ ပြောပြီး ကြောက်အောင် လုပ်သည်။

ကလေးမလေး ကျန်းစူရှင်းရဲ့ စကားကြောင့် ကြောက်သွားသော်လည်း လုပ်ဆောင်နေမှုဘားကို ကြည့်ခြင်းကိုတော့ လက်မလျှော့ခဲ့ပါ။

သူမသည် မော်နီတာကို အဆက်မပြတ် စိုက်ကြည့်မနေတော့ပေ။ တစ်ချက်ကြည့်ပြီး “မအောင်မြင်သေးဘူး” ဟု ပြောသည်။ ထို့နောက် တစ်ဖန် ပြန်လာပြီး “ဟာ၊ ထပ်မအောင်မြင်ပြန်ဘူး” ဟု ပြောသည်။

ဘယ်လောက်ကြာသွားမှန်းမသိ၊ အကြိမ်ရေ မရေမတွက်နိုင်အောင် တင်ပြီးနောက် “ပန်းပင်လယ်” သည် နောက်ဆုံးတွင် တင်ပြီး မှတ်ပုံတင်နိုင်ခဲ့သည်။ ချန်းချန်းပင် အနည်းငယ် စိတ်ပျက်သွားသည်။

ရှာဟွာကျစ်ရွှမ်လန် (Xia Hua Zhi Xuan Lan) နှင့် ရှင်ဖူဒီပေါင်းပေါင်း(Xing Fu de Bao Bao) တို့၏ ရက်ရောသော ကူညီမှုများအတွက် ကျေးဇူးတင်ရှိပါသည်။ တစ်ရက်တည်းမှာ ငါးကြိမ်တောင် ကူညီခံရတာ ဂုဏ်ယူစရာပါပဲ!

All Chapters