← Chapters

ငွေသုံးစွဲခြင်း နည်းလမ်းများ

Vol. 4 Ch. 32

ငွေသုံးစွဲခြင်း နည်းလမ်းများ

Vol. 4 Ch. 32

မီကိုက နို့လက်ဖက်ရည်ကိုယူပြီး ပိုက်ထည့်ကာ ချက်ချင်း တစ်ငုံသောက်လိုက်သည်။ "မလိုပါဘူး။ ရပါတယ်။ ကျွန်မတို့ အမှားလည်းပါတယ်၊ မြန်မြန် လျှောက်လာလိုက်တာ" ထို့နောက် သူမသည် နို့လက်ဖက်ရည်ကို လက်ထဲတွင် မြှောက်လိုက်သည်။ "ဒါလည်း အစားပြန်ရထားတယ်လေ!"

နေ့လည်ခင်းသည် စာမေးပွဲစာရွက်များ ဝေငှခြင်း၊ ကျောင်းသားများကို ချီးကျူးခြင်းနှင့် စာမေးပွဲစာရွက်များကို ပြန်ကြည့်ခြင်းတို့ဖြင့် ကုန်ဆုံးခဲ့သည်။

ညနေကျောင်းဆင်းပြီးနောက် မီကိုသည် ဝါးကို ဆုပ်ကိုင်ထားသော ပန်ဒါလေး တစ်ကောင်ကဲ့သို့ တန်ယန်၏ လက်မောင်းကို ဆုပ်ကိုင်ကာ ကျောင်းဂိတ်သို့ ခြေလှမ်း တစ်လှမ်းပြီးတစ်လှမ်း လျှောက်သွားသည်။ ဦးလေးကျန်းက ကားထဲတွင် သူတို့ကို စောင့်နေပြီးသားဖြစ်သည်။

တန်ယန်နှင့် သူမ၏အဖော် ချဉ်းကပ်လာသည်ကို မြင်သောအခါ ဦးလေးကျန်းက ကားပေါ်မှ အမြန်ဆင်းကာ တံခါးဖွင့်ပေးလိုက်သည်။ တန်ယန်က ဦးလေးကျန်းကို ကျေးဇူးတင်ကြောင်းပြောပြီး နောက်တစ်ကြိမ်တွင် သူမကိုယ်တိုင် မောင်းနိုင်ကြောင်းနှင့် သူ့ကို အနှောင့်အယှက် မပေးလိုကြောင်း ပြောကြားခဲ့သည်။

ဤမြင်ကွင်းကို ဗီဒီယိုရိုက်ကူးထားပြီး ကျောင်းဝင်းဖိုရမ်တွင် တင်ထားသည်။

အံ့သြစရာပဲ! အမှတ်ပြည့် ရထားသော အလွန်လှပပြီး ပညာရေး ပါရမီရှင်သည် အမှန်တကယ်တွင် ချမ်းသာသော အမွေဆက်ခံသူ ဖြစ်သည်။

1L: ဒီနေ့ ကျောင်းဆင်းခါနီးမှာ ကျောင်းဂိတ်မှာ အရမ်းမိုက်တဲ့ အပြာရောင် Maybach ကားတစ်စီးကို တွေ့လိုက်ရသည်။ ဓာတ်ပုံရိုက်ဖို့ ဖုန်းကိုထုတ်ပြီး WeChat Moments မှာတင်နေတုန်း ကောင်မလေး ချောချေားလေးနှစ်ယောက် ဖြတ်သွားတာကို တွေ့လိုက်ရသည်။

အစကတော့ မိန်းကလေးတွေကို လာကြိုဖို့ ကြိုးစားနေတယ်လို့ ထင်ခဲ့တာ။ "ငါတို့ရဲ့ စမ်းသပ်အထက်တန်းကျောင်းမှာ တကယ်ပဲ အဲ့လိုရှိတာလား" ဟု တွေးနေမိသည်။

ကားမောင်းသူက ကားတံခါးကို ချက်ချင်းဖွင့်ပြီး ကားပေါ်ကဆင်းကာ ကားတံခါးဖွင့်ပေးသည်။ ကားပေါ်ရောက်တဲ့အခါ မိန်းကလေးမတိုက်မိအောင် ကားတံခါးရဲ့ အပေါ်ပိုင်းကို လက်နှင့် ကာလိုက်သည်။

သေချာကြည့်လိုက်! ဒါက ငါတို့ရဲ့ အထက်တန်းပထမနှစ်က ကြယ်ပွင့်ကျောင်းသူ မဟုတ်ဘူးလား။

ပထမနှစ် အထက်တန်းကျောင်းသားတွေရဲ့ ဝင်ခွင့်စာမေးပွဲက ဆရာ၊ ဆရာမတွေက သူတို့ရဲ့ အနာဂတ်သင်ကြားရေး တာဝန်တွေကို စီစဉ်နိုင်အောင် ဖိအားပေးဖို့နဲ့ သူတို့ရဲ့ စွမ်းရည်တွေကို အကဲဖြတ်ဖို့ နည်းလမ်းတစ်ခု ဖြစ်တယ်ဆိုတာ ကြုံဖူးသူတွေ သိကြပါသည်။

ဒီနှစ် ပထမနှစ် အထက်တန်းအတန်းက ထူးချွန်သူ မွေးထုတ်ပေးခဲ့သည်။ သူမဟာ ဘာသာရပ်ငါးခုလုံးမှာ အမှတ်ပြည့်ရခဲ့သည်။ ဒါက တန်ယန်ပါ၊ ကျောင်းစတက်တဲ့ ပထမဆုံးနေ့မှာပဲ ကျောင်းရဲ့ အလှဆုံးအဖြစ် မဲပေးခံခဲ့ရသည်။ ဆရာတိုင်းဟာ တန်ယန်ကို ချီးကျူးခြင်းဖြင့် သူတို့ရဲ့ သင်ခန်းစာတွေကို စတင်လေ့ရှိပြီး တချို့ဆိုရင် ရုံးခန်းထဲမှာ ဆရာတွေ စကားပြောနေတာကို ကြားလိုက်ရသည်မှာ ကောလိပ်ဝင်ခွင့် စာမေးပွဲမှာ အမှတ်အများဆုံး ရလိမ့်မည်ဟု ခန့်မှန်းနေကြခြင်း ဖြစ်သည်။ ဒါကြောင့် သူမက ဘယ်လောက်တောင် အံ့သြစရာ ကောင်းလိုက်သလဲ။

အဓိကအချက်ကို ပြန်ပြောရလျှင် ဇိမ်ခံကားပေါ် တက်သွားသည့် မိန်းကလေး တစ်ယောက်ကတော့ ကျောင်းကအလှမယ်နဲ့ ပညာရေးကြယ်ပွင့် တန်ယန်ပဲ ဖြစ်သည်။

သူမက တကယ်ကို လှတယ်လို့ ပြောရမယ်။ သူမ အရွယ်ရောက်လာတဲ့အခါ ဘယ်လောက်တောင် လှပနေမလဲဆိုတာ ဘယ်သူမှ တွေးကြည့်လို့တောင် မရပါဘူး။

အာရုံစိုက်ထားကြ!!! ဒီထိပ်တန်းကျောင်းသူရဲ့ မိသားစုနောက်ခံက S မြို့တော်ရဲ့ အကောင်းဆုံးတွေထဲက တစ်ခုပါ။

ပုံ ၁.jpg ပုံ ၂.jpg

*

မှတ်ချက်အမျိုးမျိုးကြောင့် ဒီပို့စ်က trending list ရဲ့ ထိပ်ဆုံးကို မြန်မြန်ရောက်သွားပါသည်။

၂L: ပထမဆုံးမှတ်ချက်ကို အရင်ယူမယ်၊ ပြီးရင် ပို့စ်ကိုသေချာဖတ်မယ်။

၃L: LS က ငါ့ကို အနိုင်ယူသွားလို့ ငါမပျော်ဘူး။

၄L: ဒါဆို ဖုန်းထဲက ကင်မရာ pixel တွေကို စားပစ်လိုက်တာလား။ ဘယ်လိုလုပ် ဒီလောက်မှုန်ဝါးနေတဲ့ပုံကို တင်ရတာလဲ။

၅L: ငါက မူရင်းပို့စ်တင်သူပါ။ လက်က နည်းနည်းချော်သွားတယ် သူငယ်ချင်းတို့၊ ခွင့်လွှတ်ပါ...

၆L: ပထမနှစ် အထက်တန်းကျောင်းသူ မဟုတ်ဘူးလား။ မမြင်ဘူးလား။ သူက လှလား မလှလားတော့ မသိဘူး၊ ဝင်ခွင့်စာမေးပွဲမှာ အမှတ်ပြည့်ရတာတော့ အရမ်းအထင်ကြီးဖို့ ကောင်းတယ်!

၇L: သူ့အတန်းဖော်အနေနဲ့ ဝင်ပြောပါရစေ- ငါတို့အတန်းထဲက တန်ယန်က အရမ်းလှတယ်။ သူမက အရမ်းလှရုံတင်မကဘူး၊ စိတ်နေစိတ်ထားကလည်း အံ့သြစရာကောင်းတယ်။ သူမဟာ သာမန်မိသားစုမှာ ကြီးပြင်းလာတာ မဟုတ်ဘူး။ ဘေးနားက မိန်းကလေးက သူမရဲ့ အကောင်းဆုံး သူငယ်ချင်းပါ။ သူတို့ဟာ နေ့တိုင်း ကျောင်းသွားကျောင်းပြန် အတူတူသွားကြပြီး အရမ်းရင်းနှီးကြပါတယ်။

၈L: အပေါ်ကပုံတင်တဲ့လူက ကြည်ကြည်လင်လင်ရှိတဲ့ ပုံတစ်ပုံ တင်လို့ရမလား။ ငါအရမ်းသိချင်နေလို့...

၉L: ငါမသိလို့ မေးကြည့်တာ။ ဒါက ဘယ်လိုကားမျိုးလဲ။

၁၀L: ပုံထဲကကားဟာ Mercedes-Benz အမှတ်တံဆိပ် တစ်ခုဖြစ်ပြီး ပြီးပြည့်စုံမှုနဲ့ ဈေးနှုန်းမြင့်မားမှုကို ကိုယ်စားပြုတဲ့ အမှတ်တံဆိပ်တစ်ခုပါ။ အနိမ့်ဆုံးမော်ဒယ်က ယွမ် ၅ သန်းကျော်ဖြစ်ပြီး ပုံထဲကကားက အနိမ့်ဆုံးမော်ဒယ်နဲ့ မတူဘူး။

...

၁၈၁L: ပုံထဲကမိန်းကလေး လွယ်ထားတဲ့ ကျောပိုးအိတ်က ကောင်းတယ်လို့ထင်တာ ငါတစ်ယောက်တည်းလား။

၁၈၂L:LS၊ ဈေးနှုန်းကလည်း အရမ်းကောင်းတယ်။

...

၃၀၆L: ဈေးနှုန်းကိုရှာပြီး ပြန်လာခဲ့တာ... ငါရဲ့ ပိုက်ဆံအိတ်ကတော့ ဗလာဖြစ်နေတယ်။

၃၀၇L:LS၊ တစ်ခုခုပြောပါဦး။

၃၀၈L: တံဆိပ်က ဂန္ထဝင်မော်ဒယ် တစ်ခုဖြစ်ပြီး ယွမ် ၃၀,၀၀၀ ဝန်းကျင် ဈေးနှုန်းရှိတယ်။

၃၀၉L: ...

၃၁၀L: ...

၃၁၁L: ...

၃၁၂L: မှတ်ချက်ထဲကလူတွေ ဘာဖြစ်နေကြတာလဲ။

၃၁၃L: LS၊ ၃၀၈L ကိုကြည့်ပါ။

၃၁၄L: ကျွန်မက ၃၁၂L...

*

ကျောင်းဝင်းဖိုရမ်ကို မသိဘဲ တန်ယန်နှင့် သူ့သူငယ်ချင်းက ကားနှင့် အိမ်ပြန်လာပြီးပြီ။

မီကို ဒီည မိသားစုပွဲအတွက် သွားရမှာမလို့ ကားပေါ်က ဆင်းတာနဲ့ အပြေးထွက်သွားသည်။ တန်ယန်က ဦးလေးကျန်းကို နှုတ်ဆက်ပြီး အထဲဝင်သွားသည်။

တန်ယွဲဂျားက ဧည့်ခန်းထဲက ကော်ဖီစားပွဲမှာ အိမ်စာလုပ်နေပြီး တန်ယွီကတော့ မရှိပါ။ သူ့အဒေါ်နဲ့အမေက ပြန်လာပြီး ညစာပြင်ဆင်နေကြသည်။

တန်ယန်က နှုတ်ဆက်ပြီး သူ့အခန်းထဲ ပြန်ဝင်သွားသည်။ ဒီနေ့ အိမ်စာမရှိပေမယ့် ဖတ်စရာ စာအုပ်တွေ ကျန်သေးသည်။

နာရီဝက်လောက်ကြာတော့ နောက်ဆုံးပိုင်းကို ကြည့်ပြီးသွားပြီ။

【Host, ဒီနေ့ check in မလုပ်ရသေးဘူး~】

စနစ်ပေါ်လာတော့ စာအုပ်ကို ချလိုက်သည်။

【Check-in】

【Sign in အောင်မြင်ပါပြီ။ ထီဘူး ၁ ဘူးနဲ့ သုံးစွဲမှုခရက်ဒစ် ၁ သန်း ရရှိပါပြီ။】

【ကံစမ်းမဲသေတ္တာ??】 တန်ယန်အံ့သြသွားသည်။။ သူတို့ ဒီလောက် ကပ်စေးနှဲကြလား။

【Host, နေ့တိုင်း sign in ဝင်ရင် တစ်ခုရနိုင်တယ်~ ၁၀ ရက်စုပြီး ကံစမ်းမဲကြီး ဖောက်လို့ရတယ်။】

【ကောင်းပြီ၊ ဘာမှမရှိတာထက်စာရင် တစ်ခုခုရှိတော့ ပိုကောင်းတယ်။】

【Host, မင်းက ကျောင်းမှာ နာမည်ကြီးနေပြီ။】

【ဘယ်လိုမျိုးလဲ? 】

【ဒီနေ့ ကျောင်းဝင်းဖိုရမ်မှာ မင်းအကြောင်း တင်ထားတာ တစ်ခုရှိတယ်။ မင်းအတွက် ဖျက်ပေးရမလား။】

“【အရင်ကြည့်ပါရစေ။】” ဟု ပြောပြီးတဲ့နောက် တန်ယန်က ကျောင်းဝင်းဖိုရမ်ကိုဖွင့်ပြီး သူ့အကောင့်ကို ဝင်လိုက်သည်။

စမ်းသပ်အလယ်တန်းကျောင်းရဲ့ ကျောင်းဖိုရမ်က အမည်မသိဖြစ်လို့ လူတိုင်းက ဖိအားမရှိဘဲ စကားပြောနိုင်ပါသည်။

တန်ယန်က တင်ထားတာကို ဖတ်ပြီးသွားတဲ့အခါ သူမ စကားမပြောနိုင်တော့ပါ။ အထက်တန်းကျောင်းသူ၊ ကျောင်းသားများအနေနဲ့ Maybach အကြောင်း သိလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး။ သူမကပဲ အရမ်းရိုးရှင်းလွန်းနေတာလား။

သူမရဲ့ အတိတ်ဘဝတုန်းက ကျောင်းသူဘဝတွင် ဇိမ်ခံကားတွေအကြောင်း ဘာမှမသိခဲ့ပါ။ လူ့အဖွဲ့အစည်းမှာ နှစ်ပေါင်းများစွာ ကြီးပြင်းလာမှသာ သူမရဲ့ အသက်မွေးဝမ်းကျောင်းအတွက် ကားလိုဂိုတွေအကြောင်း သိခဲ့ရတာဖြစ်ပြီး သူမသိတာ အဲ့တာအကုန်ပါပဲ။

ဒါပေမယ့် သူမက ခိုးတာမဟုတ်၊ လုယက်တာ မဟုတ်သည့်အတွက် ဘာကိုဖုံးကွယ်ထားရမှာလဲ။ သူမဟာ ဘဝကို ကောင်းကောင်းမွန်မွန် နေထိုင်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး တခြားသူတွေ ဘာထင်ထင် ဂရုမစိုက်ပါဘူး။ သူမရဲ့မိသားစုနဲ့ သူငယ်ချင်းတွေကိုပဲ ဂရုစိုက်ပါသည်။

ငါ့ရှိနေတဲ့ ၁၀ ဘီလီယံတန် အလုပ်တာဝန် ခွဲတမ်းအပြင် နေ့စဉ် check-in ကနေရတဲ့ အသုံးစရိတ် ငွေတွေကို စဉ်းစားကြည့်ရင် ငါ့မှာ ပိုက်ဆံသုံးစရာနေရာ မရှိသေးဘူးဆိုတာက တကယ်စိုးရိမ်စရာပါပဲ။

ရုတ်တရက် မီကိုက အနာဂတ်မှာ ဖျော်ဖြေရေးလောကထဲ ဝင်ချင်တယ်ဆိုတာကို သတိရသွားပြီး ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံဖို့ အရင်လုပ်မယ်လို့ တွေးလိုက်သည်။ အဆက်အသွယ်တွေ၊ အသိအကျွမ်းတွေ မရှိဘူးလား။ ကိစ္စမရှိပါဘူး၊ သူမက ပိုက်ဆံကို သုံးလိုက်ရုံပါပဲ။

ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံမှာ ဖြစ်သည့်အတွက် အဆောက်အဦးတွေကို အရင်ဝယ်ဖို့ လိုပါသည်။ ရုံးခန်းအဆောက်အအုံအပြင် အဆောင်အဆောက်အအုံလည်း ဝယ်ဖို့လိုပါသည်။ နေရာကောင်းရမယ်။ ကျန်းချန် ဒါမှမဟုတ် ဘေကျင်းမှာ ဝယ်ရမယ်။

အခု ကျန်းချန် ဒါမှမဟုတ် ဘေကျင်းမှာ ဝယ်ယူမှုကန့်သတ်ချက် မရှိပါဘူး၊ ဒါကြောင့် သွားရမယ်။ အခုသွားဝယ်ရမယ်။ နောက်နှစ်နှစ်အတွင်းဆို ဝယ်ချင်ရင်တောင် ဝယ်လို့မရတော့ဘူး။

ချက်ချင်း စဉ်းစားကြည့်လိုက်တော့ ကျောင်းသူဘဝကတည်းက သူမရဲ့ အလုပ်အကိုင်ကို စီမံခန့်ခွဲဖို့ လက်ထောက်တစ်ယောက် ရှာရမည်။

【ကျေးဇူးပြုပြီး၊ ငါ့ရဲ့ လက်ထောက်ဖြစ်ဖို့ အရည်အချင်းမြင့်၊ ဘက်စုံထူးချွန်တဲ့ ပါရမီရှင် တစ်ယောက်ကို ရှာပေးပါလား။】

【Host၊ မင်းက စနစ်ဆီက အလကားပြန်ရဖို့ ကြိုးစားနေတာ။】

【မင်းက စကြဝဠာထဲမှာ အစွမ်းထက်ဆုံးနဲ့ အနိုင်မခံနိုင်ဆုံး စနစ်ပဲ၊ ဒီလောက်သေးငယ်တဲ့ကိစ္စကို ၅ မိနစ်အတွင်း ကိုင်တွယ်နိုင်မှာပါ၊ မဟုတ်ဘူးလား။】

【ဟုတ်ပါတယ်! ဒီစနစ်က အနာဂတ်ကလာတဲ့ အလွန်အစွမ်းထက်တဲ့ စနစ်တစ်ခုပါ…】

တန်ယန် မျက်ခုံးပင့်လိုက်သည်။ သူမနှင့် စနစ်၏ စကားပြောဆိုမှုကို တိတ်ဆိတ်စွာ ထားခဲ့သည်။ စနစ်၏ ပရိုဂရမ်းမင်းကို ၎င်း၏ မူလအစကို မဖော်ပြနိုင်စေရန် စီစဉ်ထားပုံရသည်။

【ထို့နောက် ဘက်စုံထူးချွန်သူများကို စုဆောင်းနိုင်သည့် နေရာတစ်ခု ရှာဖွေရန် ကူညီပေးပါ။】

စနစ်: ...အိုး၊ လှည့်စားခံရပြီ။ ကောင်းပြီ၊ Host ကို အလိုလိုက်ရမယ်။

၅ မိနစ်လောက်ကြာသော်....

【Host, ငါပြန်လာပြီ။ ဒီမှာ မင်းရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ လူအတော်များများရဲ့ ပရိုဖိုင်တွေပါ။】

သူမ စကားပြောပြီးတာနဲ့ တန်ယန်ရဲ့စိတ်ထဲမှာ လူသုံးယောက်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ ပြည့်နှက်သွားသည်။

All Chapters