← Chapters

ကစားပွဲ

Vol. 5 Ch. 47

ကစားပွဲ

Vol. 5 Ch. 47

【ဘာအတင်းအဖျင်းတွေရှိလဲ၊ ပြောပြပါဦး။】 တန်ယန်က စနစ်လေးကို စနောက်မနေတော့ဘဲ ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်ပါသည်။

【ဟဲဟဲ... ကြယ်တာရာ ကမ္ဘာငယ်လေးက ဗီလိန်မစနစ်လေ၊ သူနဲ့ စာချုပ်ချုပ်ထားတဲ့ အရှင်နဲ့ သဘောထားကွဲလွဲပြီး လမ်းခွဲကြတာ။ အဲဒီမှာတင် စနစ်က အရင်အရှင်ရဲ့ ရှေ့မှာတင် တခြားတစ်ယောက်နဲ့ အသစ်ထပ်ပြီး စာချုပ်ချုပ်လိုက်တာလေ။ အဲဒါနဲ့ အရင်ဗီလိန်မက စိတ်နာပြီး ဗီလိန်ဖြစ်သွားရော၊ ပြီးတော့ စနစ်နဲ့ စာချုပ်သစ် ချုပ်လိုက်တဲ့ ဒုတိယအရှင်ကို ရဲတိုင်ပြီး ဖမ်းခိုင်းလိုက်တာ။ အဲဒီကမ္ဘာငယ်လေးရဲ့ အစီအစဉ်တကျ ဖြစ်မှုတွေ အကုန်လုံး ပြိုလဲသွားတာပေါ့။ နောက်ဆုံး 'မဟာနတ်ဘုရားစနစ်' ဝင်ပါပြီး အဲဒီကမ္ဘာကို ပြန်လည်စတင်ခြင်း ပြုလိုက်မှပဲ ပြဿနာက ပြေလည်သွားတော့တယ်။】

ပြီးတော့လည်း ကျင့်စဉ်လောကက စနစ်တစ်ခုက သူ့အရှင်ကို ချစ်မိသွားလို့ ဇာတ်လမ်း လမ်းကြောင်းကနေ သွေဖယ်သွားတာမျိုးလည်း ရှိသေးတယ်။ အဲဒီမှာတင် အဲဒီလောကရဲ့ စည်းမျဉ်းတွေက စနစ်ကို ငြင်းပယ်လိုက်လို့ မဟာနတ်ဘုရားရဲ့ ရင်ခွင်ထဲကိုပဲ ပြန်သွားရရှာတယ်...။

“ဒါဆို စနစ်တစ်ခုချင်းစီမှာ ကိုယ်ပိုင်တာဝန်တွေ ရှိကြတာပေါ့နော်”

စနစ်လေးက မတော်တဆ တစ်ခုခုကို ပြောမိသွားသလိုမျိုး သူ့ပါးစပ်ကို လက်နှင့် အုပ်လိုက်ပါသည်။

ယီတျန်တျန် နှုတ်ဆိတ်သွားတာကို မြင်တော့ တန်ယန်လည်း ရှေ့ဆက်၍ မမေးသင့်တော့မှန်း သိလိုက်ပါသည်။ စနစ်ဆီကနေ တိကျတဲ့ အဖြေတစ်ခု ရလာလိမ့်မည်ဟုလည်း သူမ မမျှော်လင့်ထားပါ။ လောလောဆယ်တော့ စနစ်ရဲ့ တောင်းဆိုချက်တွေက သူမအတွက် အကျိုးရှိနေသေးတာပဲလေ။

အကယ်၍ တစ်နေ့မှာ စနစ်ရဲ့ လုပ်ရပ်တွေက သူမကိုဖြစ်စေ၊ ကမ္ဘာမြေကိုဖြစ်စေ ထိခိုက်စေခဲ့မယ် ဆိုရင်တော့ သူမအနေနဲ့ မကောင်းမှုမှာ ဘယ်တော့မှ အလိုတူအလိုပါ လုပ်မှာမဟုတ်ဘူး ဆိုတာကတော့ သူမရဲ့ မပြောင်းလဲတဲ့ မူဝါဒပါပဲ။

တန်ယန်က ရှေ့ဆက်ပြီး အတင်းအကျပ် မမေးတော့တာကို တွေ့ရတော့ ယီတျန်တျန် သက်ပြင်းချနိုင်သွားပါသည်။ “ဟူး၊ စနစ်တစ်ခု အနေနဲ့ အလုပ်လုပ်နေချိန်မှာ အရမ်းကြီး ကြွားဝါလို့ မဖြစ်ဘူးပဲ၊ မဟုတ်ရင် လျှို့ဝှက်ချက်တွေ ပေါက်ကြားကုန်တော့မယ်။ ဝတ္ထုပဲ သွားဖတ်တော့မယ်၊ ငါ့ရဲ့ အဖော်စနစ်လေးရေ... လာပြီဟေ့”

တစ်နာရီလောက်ကြာတော့ တန်ယန်က နိုးလာပါသည်။ မီကိုကတော့ ဖုန်းကြည့်ရင်း သူဌေးကြီး တစ်ဦး၏ မိုက်မဲလှသော သားလေးတစ်ယောက်လို တဟီးဟီးနဲ့ ရယ်နေတုန်းပါပဲ။

တန်ယန်က ခေါင်းကိုပွတ်သပ်ရင်း ထထိုင်လိုက်ပါသည်။ တန်ယန်နိုးလာတာကို မြင်တော့ မီကိုက နားကြပ်တစ်ဖက်ကို ဖြုတ်လိုက်ပြီး—

“ယန်ယန်၊ နိုးလာပြီလား! ငါပျင်းနေတာနဲ့ အတော်ပဲ၊ ကုလားအုတ် (လောင်ဝေအန်း) တို့က ဂိမ်းဆော့နေကြတာ၊ ငါတို့ကိုလည်း လာဆော့ဖို့ ခေါ်နေတယ်”

တန်ယန်က မီကို့ကို သံသယမျက်လုံးနှင့် ကြည့်လိုက်ပါသည်- “နင်ခုနကပဲ ဖုန်းကြည့်ပြီး ပျော်နေတာ မဟုတ်ဘူးလား၊ ဘယ်လိုဖြစ်လို့ ပျင်းရတာလဲ။”

တန်ယန်၏ မျက်နှာအမူအရာက အရမ်းကို သိသာလွန်းနေပုံ ပေါက်သည့်အတွက် မီကိုက လိပ်ပြာမလုံသလို ခေါင်းလေးပုသွားပြီး - “လာပါ... ဒီဂိမ်းက အခု အရမ်းနာမည်ကြီးနေတာ၊ ငါတို့ မိန်းကလေးအဖွဲ့ ဖွဲ့ကြမယ်လေ၊ ပြီးတော့ ကောင်ချောလေး တစ်ယောက်လောက်ရှာပြီး အတူတူ ဆော့ခိုင်းရအောင်”

တန်ယန်: “...အဲဒါတွက်က မလိုပါဘူး။”

တန်ယန်က ဘာမှတုံ့ပြန်မှု မရှိတာကိုမြင်တော့ မီကိုက ထပ်ပြီး တိုက်တွန်းလိုက်ပါသည် - “လာပါ ယန်ယန်ရဲ့၊ ကုလားအုတ်တို့က အဆင့်တွေ မြင့်နေပြီဆိုတော့ ငါတို့ကို ဆွဲခေါ်သွားလို့ရတယ်။ ငါတို့က လှလှပပလေး ဓာတ်ပုံရိုက်ရုံပဲလေ”

“ဂိမ်းထဲမှာ ဓာတ်ပုံရိုက်တာလား။ ဂိမ်းထဲမှာလည်း ဓာတ်ပုံရိုက်လို့ ရလို့လားဟင်” တန်ယန်က သူမ၏ ဝိုင်းစက်သော ဗာဒံစေ့ပုံစံ မျက်ဝန်းကြီးများဖြင့် သံသယဖြစ်စွာ မေးလိုက်သည်။ သူမ၏ ရှည်လျားပြီး ကော့ညွှတ်နေသော မျက်တောင်လေးများမှာလည်း လှုပ်ခတ်နေသည်။

တန်ယန်၏ အကြည့်ကြောင့် မီကိုမှာ ကြက်သီးတောင် ထသွားပြီး မနေနိုင်ဘဲ ညည်းတွားလိုက်သည်။ “ယန်ယန်... နင်ငါ့ကို အဲဒီလိုကြီး မကြည့်ပါနဲ့တော့ဟာ။ ငါက မိန်းကလေး အချင်းချင်းတောင်မှ တောင့်ခံနိုင်ဖို့ ခက်နေပြီ။” နောင်တစ်ချိန်မှာ ဘယ်လို ယောကျာ်းမျိုးကမှ သူမရဲ့ယန်ယန်နဲ့ ထိုက်တန်ပါ့မလဲ ဆိုတာကို မီကိုတကယ်ကို မတွေးတတ်တော့ပေ။

တန်ယန်က မျက်တောင်လေး ခတ်လိုက်ပြီး “ငါက ဘာဖြစ်နေလို့လဲ” ဟု ပြန်မေးသည်။

မီကိုက မျက်လုံးလေး လှန်ပြပြီး ပြောစရာစကားမရှိ ဖြစ်သွားကာ - “နင် လမ်းပေါ်မှာ တခြားလူတွေကို အဲဒီလို လျှောက်မကြည့်နဲ့တော့နော်။ မတော်တဆမှုတွေ အများကြီးဖြစ်ပြီး ယာဉ်ကြောပိတ်ကုန်မှာ ငါစိုးရိမ်လို့ပါ”

တန်ယန်: “...”

နာရီဝက်ခန့် ကြာပြီးနောက် နှစ်ယောက်လုံး ဂိမ်းဒေါင်းလုဒ်ဆွဲခြင်း ပြီးဆုံးသွားကြသည်။

“ယန်ယန်၊ ငါတို့ ညီအစ်မနာမည်လေးတွေ ပေးကြရအောင်။ ဒါမှ လူတွေက တို့နှစ်ယောက်ကို မြင်တာနဲ့ အချစ်ဆုံး သူငယ်ချင်းတွေဆိုတာ ချက်ချင်းသိမှာ” မီကိုက စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး ဘရောက်ဆာတွင် ‘မိုက်ပြီး အရှိန်အဝါရှိတဲ့ ညီအစ်မနာမည်များ’ နှင့် ‘အချစ်ဆုံး သူငယ်ချင်း ဂိမ်းနာမည်များ’ ကို ချက်ချင်းပင် ရှာဖွေတော့သည်။

ခဏအကြာတွင် ရွေးချယ်မှု များစွာထဲမှ သူတို့နှစ်ဦး သဘောကျသည့် နာမည်နှစ်ခုကို ရရှိခဲ့သည်။ တစ်ယောက်တစ်မျိုးစီ ကူးယူကာ ဂိမ်းထဲတွင် မှတ်ပုံတင်လိုက်ကြပါသည်။

သူတို့နှစ်ဦး ဂိမ်းထဲက ‘အစပြုကျေးရွာ’ သို့ ရောက်ရှိချိန်တွင် လောင်ဝေအန်းနှင့် ရှုရှင်းယန်တို့မှာ တလက်လက် တောက်ပနေသော ရွှေရောင်ဝတ်စုံကြီးများ ဝတ်ဆင်ကာ လူအများ၏ ဝိုင်းဝန်းကြည့်ရှုခြင်းကို ခံနေရသည်မှာ ကြာလှပြီဖြစ်သည်။

“ဟေ့မစ္စမီ... မှတ်ပုံတင်တာက ဒီလောက်တောင် ကြာရသလား” လောင်ဝေအန်းက အဖွဲ့ဖွဲ့ရန် ရွေးချယ်ရင်း ညည်းတွားလိုက်သည်။

“ငါ့လိုမမလေး တစ်ယောက်က ဂိမ်းဆော့ရင် မိုက်ပြီးအထာကျတဲ့ နာမည်ရှိဖို့ မလိုဘူးလား။ ကြည့်စမ်း... ငါ့ရဲ့ ထူးခြားပြီး အရှိန်အဝါရှိတဲ့ နာမည်ကို၊ အဲဒီအတွက် ခဏစောင့်ရတာ တန်တယ်မဟုတ်ဘူးလား” မီကိုက ဆိုဖာကုလားထိုင်ပေါ်တွင် တင်ပလ္လင် ခွေထိုင်ကာ ခေါင်းကိုတရမ်းရမ်းဖြင့် ဂုဏ်ယူနေသည်။

“ဟုတ်ပါပြီ... ဟုတ်ပါပြီ... မမလေးပြောတာ အမှန်ဆုံးပဲ။ ကဲ... အဆင့်တက်ဖို့ သွားလိုက်ရအောင်” ဟု ပြောကာ လောင်ဝေအန်းသည် သူ၏ အစီးအနင်းကို ဆင့်ခေါ်လိုက်ပြီး မီကို့ကို အတူစီးရန် ဖိတ်ခေါ်လိုက်သည်။

“ရို့၊ ကုလားအုတ်လေး! ဒီအစီးအနင်းက တကယ့်ကို အထာကျတာပဲ” မီကိုက ခန့်ညားလှသော ကျားဖြူကြီးပေါ်တွင် ထိုင်ရင်း အစွမ်းကုန် ချီးကျူးလိုက်သည်။

“ဒါပေါ့၊ ဒါကိုရဖို့ ငါအကြာကြီး ကြိုးစားခဲ့ရတာ။ ငါ့ရဲ့ တစ်လစာ မုန့်ဖိုးလေးတွေလည်း အဲဒီထဲမှာ ပါသွားပြီ”

တစ်ဖက်တွင်လည်း တန်ယန်သည် ရှုရှင်းယန်၏ အစီးအနင်းဖြစ်သော ခန့်ညားထက်မြက်သည့် ကြောင်နက်ကြီးပေါ်သို့ တက်ထိုင်လိုက်သည်။

“ယန်ယန်... တို့တွေလည်း တစ်နေ့ကျရင် နဂါး ဒါမှမဟုတ် ဖီးနစ်ငှက်လိုမျိုး အစီးအနင်းတွေ ဝယ်ကြမယ်လေ။ အဲဒီကျရင် ဒီကျားဖြူကြီးကို အပြတ်အသတ် ကျော်တက်ပစ်မယ်၊ ဟုတ်ပြီလား”

“ကောင်းပြီလေ၊ တို့လည်း ကံစမ်းကြည့်ကြတာပေါ့” ဟု တန်ယန်ကပြောရင်း ဂိမ်းအတွင်းရှိ အရောင်းဆိုင်ကို ဖွင့်လိုက်သည်။ ထို့နောက် သူမသည် ယီတျန်တျန်(စနစ်) ကို စကားလှမ်းပြောလိုက်ပါသည်။

【ယီတျန်တျန်... ဂိမ်းထဲမှာ ပိုက်ဆံသုံးတာကရော မစ်ရှင်ဆုကြေးငွေ သုံးစွဲမှုထဲမှာ အကျုံးဝင်လား။】

【ကျိုးကြောင်းဆီလျော်တဲ့ သုံးစွဲမှုဆိုရင် အကျုံးဝင်ပါတယ်】

【ကျိုးကြောင်းဆီလျော်တဲ့ သုံးစွဲမှု ဟုတ်လား】 တန်ယန် နားမလည်နိုင် ဖြစ်သွားသည်။ ဂိမ်းထဲမှာ ကျိုးကြောင်းမဆီလျော်တဲ့ သုံးစွဲမှုဆိုတာ ဘာကိုဆိုလိုတာပါလိမ့်။

【ဟုတ်တယ်၊ ကုန်ကျစရိတ်တွေ တိုးလာအောင် ဈေးကစားတာမျိုး မဟုတ်ဘဲ ပုံမှန်ဝယ်ယူ သုံးစွဲတာမျိုးဆိုရင် ရပါတယ်】

ဒါဆိုရင်တော့ ရှင်းသွားပြီ။ အခြေအနေကို စမ်းကြည့်သည့် အနေနှင့် အရင်ဆုံး ယွမ် ၁ သိန်း (၁၀၀,၀၀၀) ဖြည့်လိုက်မယ်။ တန်ယန်သည် အားဖြည့်ခလုတ်ကို နှိပ်ကာ ဘဏ်ကတ်၏ လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်လိုက်သည်။ သူမ၏ အဆင့် (၁) အကောင့်သည် ချက်ချင်းပင် VIP အဆင့် (၁၂) သို့ ခုန်တက်သွားတော့သည်။

ဤဂိမ်းတွင် အမြင့်ဆုံးအဆင့်မှာ VIP အဆင့် (၁၂) ဖြစ်ပြီး တစ်စုံတစ်ဦးက VIP အဆင့် (၁၂) ရောက်ရှိသွားပါက ဂိမ်းကမ္ဘာတစ်ခုလုံးက သိအောင် ကြေညာပေးလေ့ရှိသည်။

【စနစ်ကြေညာချက်- “မြေပြင်သို့ ဆင်းသက်လာသော နတ်သမီးလေး” သည် VIP အဆင့် (၁၂) သို့ ရောက်ရှိသွားသည့်အတွက် ဂုဏ်ယူပါသည်။ ဤသူဌေးကြီးကို အားလုံးက ကြိုဆိုလိုက်ကြပါဦး 】

【ဂိမ်းကမ္ဘာ】 ဝက်ကိုစီးပြီး နေဝင်ချိန်ကြည့်သူ: ဝါး၊ ဒီသူဌေးကြီးကို ကြည့်စမ်းပါဦး။

【ဂိမ်းကမ္ဘာ】 မုဆိုးမရွာကို ညဘက်ဝင်စီးသူ: ဒီဆာဗာက ဆော့လို့ရသေးရဲ့လား၊ ပိုက်ဆံပုံအောပြီး သုံးတဲ့သူတွေ ဒီလောက်တောင် များနေတာလား။

【ဂိမ်းကမ္ဘာ】 နဂါးမာန်: ဂိုဏ်းဝင်သစ် ခေါ်ယူနေပါသည်။ သူဌေးကြီးများ ကျွန်ုပ်တို့ဂိုဏ်းသို့ ဝင်ရောက်ရန် ဖိတ်ခေါ်ပါသည်။

【ဂိမ်းကမ္ဘာ】 သတ်ဖြတ်သူ: အပေါ်ကလူက မြေခွေးအိုကြီးပဲ၊ သူဌေးကြီးခင်ဗျာ... ကျွန်တော်တို့ ဂိုဏ်းကိုပဲ ကြည့်ပါ၊ ကျွန်တော်တို့က လွတ်လပ်ပေါ့ပါးပါတယ်။

【ဂိမ်းကမ္ဘာ】 သတ်ဖြတ်သူ: ဟားဟားဟား၊ သူဌေးကြီး... ကျွန်တော်တို့ဆီ လာခဲ့ပါ။

【ဂိမ်းကမ္ဘာ】 နဂါးမာန်: အခုပဲဝင်လိုက်ပါ။

【ဂိမ်းကမ္ဘာ】 သတ်ဖြတ်သူ: မင်္ဂလာပါ သူဌေးကြီး၊ ကျွန်တော်က ‘ထျန်းရှ’ ဂိုဏ်းရဲ့ ဒု-ဥက္ကဋ္ဌပါ။

【ဂိမ်းကမ္ဘာ】 သတ်ဖြတ်သူ: ကျွန်တော်တို့ဂိုဏ်းက ကြိုဆိုပါတယ်။ အခုကစပြီး ခင်ဗျားဟာ ကျွန်တော်တို့ရဲ့ ဂိုဏ်းဝင်တစ်ယောက် ဖြစ်သွားပါပြီ။

【ဂိမ်းကမ္ဘာ】 သတ်ဖြတ်သူ: ......

【ဂိမ်းကမ္ဘာ】 တောတွင်းသားရဲလေး…

【ဂိမ်းကမ္ဘာ】 တစ္ဆေသရဲလား....

【ဂိမ်းကမ္ဘာ】 လာဘ်ကောင် ကြောင်လေး၏ဖင်: ဟာ... သွားပြီ၊ ဒါဘာတွေ ဖြစ်ကုန်တာလဲဟ။

.....

တန်ယန်၏ အမည်ပြောင်ဖြစ်သော “မြေပြင်သို့ ဆင်းသက်လာသော နတ်သမီးလေး” ဟူသည့်နာမည်က ဂိမ်းလောက တစ်ခုလုံးကို လှုပ်ခတ်သွားစေသည်။ လောင်ဝေအန်းနှင့် ရှုရှင်းယန်တို့မှာလည်း ဘေးနားမှနေ၍ ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိကြသည်။

ဂိမ်းထဲက ကမ္ဘာ့စကားပြောခန်း တစ်ခုလုံးမှာတော့ နှစ်သစ်ကူး ပွဲတော်ကျနေသလို ဆူညံ ပွက်လောရိုက်နေသည်။ သို့သော် တန်ယန်ကတော့ ဒါတွေကို မမြင်မိပေ။ ထိုအချိန်တွင် သူမသည် ဆိုင်ထဲက ကံစမ်းမဲကို နှိပ်လွန်း၍ လက်ပင်ညောင်းနေပြီး စနစ်၏ အကြောင်းကြားချက် များမှာလည်း မြန်ဆန်လွန်းလှသဖြင့် အပေါ်သို့ တရစပ် တက်သွားကြသည်။ သူမ ဘာပေါက်သည်ကိုပင် သေသေချာချာ မကြည့်ရသေးခင်မှာပဲ နောက်ထပ် စာသားများက ဖုံးလွှမ်းသွားတော့သည်။

【စနစ်ရှင်... အရှင့်ရဲ့ ကံတရားကတော့... တကယ့်ကိုပဲ (တောက်)】 ယီတျန်တျန်က တန်ယန် မဲနှိပ်နေသည်ကို ဘေးကနေ ကြည့်နေသည်။ တန်ယန်မှာ အကြိမ်ပေါင်း နှစ်ရာနီးပါး နှိပ်ပြီးသော်လည်း အစီးအနင်းတစ်ခုမှ မပေါက်သေးပေ။ အရင်က "ကိုယ်ပိုင်သိုလှောင်နေရာ" ရတုန်းကကံတွေ ဘယ်ရောက်ကုန်ပါလိမ့်ဟု စနစ်က တွေးနေမိသည်။

【နင်က နောက်ပြောင်ဖို့ပဲ တတ်တာလားဟင်၊ သတိထားဦးနော်... မဟုတ်ရင် နင့်ကို အမှောင်ခန်းထဲ ပိတ်ထားလိုက်မှာ၊ ဘာမှ မြင်ရတော့မှာ မဟုတ်ဘူး】 တန်ယန်က ခြိမ်းခြောက်လိုက်သည်။

【အင်း... ဒါဆို ကျွန်တော်ပဲ အရှင့်အစား နှိပ်ပေးရမလား။】

【ကောင်းပြီလေ၊ နင်ပဲ ဆက်နှိပ်လိုက်တော့။】 တန်ယန်က လက်ကိုရပ်လိုက်ပြီး ခုနက ပေါက်ထားသည့် ပစ္စည်းများကို ပြန်စစ်ဆေးကြည့်သည်။

မဲနှိပ်ထားသည့်ထဲတွင် "နတ်သမီးပန်းဝတ်စုံ" နှစ်စုံပါလာသည်။ ၎င်းတို့မှာ တစ်ဦးနှင့်တစ်ဦး လွှဲပြောင်းပေး၍ရသော ပစ္စည်းများဖြစ်ရာ တန်ယန်အတွက် တစ်စုံနှင့် မီကိုအတွက် တစ်စုံဖြစ်သည်။ တန်ယန်သည် မဆိုင်းမတွဘဲ ချက်ချင်း ဝတ်ဆင်လိုက်သည်။ ထို့နောက် ကျောပိုးအိတ်ထဲမှ မလိုအပ်သော ပစ္စည်းများကို ရှင်းထုတ်ကာ အသုံးဝင်မည့် ပစ္စည်းသုံးခုကို သူငယ်ချင်းများထံ လွှဲပေးလိုက်ပြီး ကျန်တာများကိုတော့ သိုလှောင်ရုံထဲ ပစ်ထည့်ထားလိုက်သည်။

"ဝါး၊ ယန်ယန်... ဒီဝတ်စုံလေးက အရမ်းလှတာပဲ။ တို့နှစ်ယောက် တစ်ပုံစံတည်း ဝတ်ထားကြတာနော်" မီကိုသည် နတ်သမီး ဝတ်စုံလေးကို ဝတ်ပြီး ဂိမ်းထဲတွင် ပျော်ရွှင်စွာ ပတ်ချာလည် လှည့်ပြနေတော့သည်။

All Chapters