← Chapters

စူပါကိရိယာစနစ်

Vol. 5 Ch. 48

စူပါကိရိယာစနစ်

Vol. 5 Ch. 48

တန်ယန်ဆီကနေ ပစ္စည်းကိရိယာတွေ ရရှိလိုက်သည့်အတွက် လောင်ဝေအန်းနဲ့ ရှုရှင်းယန်တို့မှာ အတိုင်းထက်အလွန် ဝမ်းသာသွားကြပါသည်။

လောင်ဝေအန်း: အရှင်မင်းကြီးရဲ့ ချီးမြှင့်မှုကို ကျေးဇူးအထူး တင်ရှိပါတယ်ခင်ဗျာ။ (ရှက်ကိုးရှက်ကန်း အီမိုဂျီ)

ရှုရှင်းယန်: သူဌေးမလေးရဲ့ ခြေထောက်ကိုပဲ ဖက်ထားတော့မယ်၊ သူဌေးမလေးရေ... ကျွန်တော့်ကိုလည်း ပိုကြည့်ပေးပါဦး။

မီကို: နင်တို့နှစ်ယောက်ကတော့ တကယ်ပဲ။ အခု သူဌေးမလေးက ပစ္စည်းတွေ ပေးထားပြီဆိုတော့... နင်တို့ တာဝန်ရှိတဲ့အတိုင်း အလုပ်အကျွေး ပြုကြတော့လေ၊ ဟုတ်ပြီလား။

လောင်ဝေအန်း: ဟုတ်ကဲ့ပါခင်ဗျာ၊ အခုချက်ချင်း သွားပါပြီ။

ရှုရှင်းယန်: အိုကေ

မီကိုဟာ နောက်ဆုံးတော့ စိတ်ကျေနပ်သွားပြီး သူမ အခုလေးတင် ဝတ်ထားသည့် လှပသော ဝတ်စုံကိုပဲ ထိုင်ငေးနေပါတော့သည်။ ယန်ယန်က သူမကို စွမ်းဆောင်ရည်ကောင်းတဲ့ ပစ္စည်းတွေ ပေးထားပေမဲ့ ဘယ်ပစ္စည်းကမှ အခုဝတ်ထားတဲ့ ဖက်ရှင်ဝတ်စုံလောက် မလှဘူးဟု သူမ ခံစားနေရပါသည်။

တစ်ဖက်မှာလည်း တန်ယန်ရဲ့ ကံစမ်းမဲ နှိပ်မှုတွေကြောင့် ဂိမ်းထဲက ကမ္ဘာ့စကားပြောခန်း တစ်ခုလုံးမှာ စနစ်ရဲ့ ကြေညာချက်တွေနဲ့ ပြည့်နှက်နေပါသည်။ ဂိမ်းဆော့နေတဲ့ သူတွေဟာ မိနစ်နှစ်ဆယ် အတွင်းမှာတင် အံ့သြတုန်လှုပ်ရာကနေ အခုဆိုရင် ထုံထိုင်းသွားတဲ့ အဆင့်ကိုတောင် ရောက်နေပါပြီ။

【စနစ်ကြေညာချက်- ကစားသမား “မြေပြင်သို့ ဆင်းသက်လာသော နတ်သမီးလေး” သည် ရတနာရှာဖွေရင်း ဒဏ္ဍာရီလာ နတ်ဘုရားသားရဲ “နဂါးပြာ” အစီးအနင်းကို ရှာဖွေ တွေ့ရှိသွားသည့်အတွက် ဂုဏ်ယူပါသည်။ နဂါးပြာကြီး မြေပြင်ပေါ်သို့ ဆင်းသက်လာခြင်းက ကောင်းကင်နဲ့ မြေကြီးကို တုန်ဟည်းသွားစေပါပြီ】

ရုတ်တရက် ဂိမ်းစခရင်ပေါ်မှာ ခမ်းနားထည်ဝါလှတဲ့ အထူးပြုလုပ်ချက်တစ်ခု ပေါ်လာပါသည်။ တိမ်ပင်လယ်တွေ ကြားထဲမှာ နဂါးကြီးတစ်ကောင် ပျံသန်းလာပြီး ဟိန်းဟောက်သံတွေနှင့်အတူ ပေါ်ထွက်လာတာက ဂိမ်းထဲမှာရှိနေတဲ့ ကစားသမား အားလုံးကို မှင်တက်သွားစေပါသည်။

【ဂိမ်းကမ္ဘာ】 နတ်သမီးကို နားမလည်နိုင်သူ: ဒါ... ဒါက ဒဏ္ဍာရီလာ နဂါးကြီးလား….

【ဂိမ်းကမ္ဘာ】ကြီးလိုက်တာ... ခန့်ညားလိုက်တာ...

【ဂိမ်းကမ္ဘာ】မနက်ဖြန်ဆိုတာ ဘာလဲ: ကြောက်စရာကြီး... နဂါးကိုမြင်ဖူးတာ ဒါ ပထမဆုံးပဲ။

【ဂိမ်းကမ္ဘာ】လူငယ်ဘဝရဲ့ နိဂုံး: ဒီကျင့်စဉ်လောက ဂိမ်းထဲမှာ ပေါ်လာတဲ့ ပထမဆုံး နဂါးပဲထင်တယ်။

.........

ကမ္ဘာ့စကားပြောခန်းထဲမှာ လူတွေ ဘယ်လောက်ပဲ စိတ်လှုပ်ရှားနေပါစေ တန်ယန်ကတော့ စကားပင် မပြောနိုင်အောင် ဖြစ်နေရပါသည်။ အဘယ့်ကြောင့်ဆိုသော်... အစီးအနင်း ပေါက်သွားပေမဲ့ သူမရဲ့အဆင့်က နိမ့်လွန်းနေသေးလို့ အခုလောလောဆယ် အသုံးပြု၍ မရသေးဘူးဟု စနစ်က ပြောနေလို့ပါပဲ။

လောင်ဝေအန်း: အဲဒါ ကျင့်စဉ်လောက ဂိမ်းတွေရဲ့ သဘာဝပဲ ယန်ယန်ရဲ့။ ငါမှတ်မိသလောက်ဆိုရင် အဆင့် (၆၀) ရောက်မှ နန်းမြို့တော်ကိုသွားပြီး အစီးအနင်းအတွက် လိုအပ်တဲ့ မစ်ရှင်ကို အရင်လုပ်ရမှာ။ အဲဒါပြီးမှ သုံးလို့ရတာ။

ရှုရှင်းယန်: (တောက်) ဘယ်လိုတောင် ကံကောင်းတာလဲ၊ ဒါနဲ့ သူဌေးမလေးရေ... သိချင်လို့ မေးပါရစေ၊ ဂိမ်းထဲမှာ ပိုက်ဆံ ဘယ်လောက်တောင် သုံးလိုက်တာလဲ။

တန်ယန်- "ယွမ် ၅ သိန်း (၅၀၀,၀၀၀) ဝန်းကျင်လောက် ဖြစ်မယ်ထင်တယ်"

ဒီဂိမ်းထဲမှာ အသုံးပြုတဲ့ ငွေကြေးက ရွှေဒင်္ဂါးတွေဖြစ်ပြီး ပြင်ပငွေကြေးနဲ့ ဂိမ်းထဲက ရွှေဒင်္ဂါး လဲလှယ်နှုန်းက 1:10 ဖြစ်ပါသည်။ ဒါကြောင့် ဂိမ်းထဲက ၅ သိန်းဆိုတာ ပြင်ပငွေ ယွမ် ၅ သောင်းနဲ့ ညီမျှတာပေါ့။

ရှုရှင်းယန်- "ဝါး... နင်ချမ်းသာတယ်ဆိုတာ သိပေမဲ့ ယွမ် ၅ သောင်းကို ၁ ယွမ်သုံးသလိုမျိုး သုံးနိုင်လိမ့်မယ်လို့ ငါတစ်ခါမှ မတွေးဖူးဘူး။ သူဌေးမလေးအတွက် အစေခံ တစ်ယောက်လောက် လိုသေးလား။ ငါ့ကို ဘယ်လိုသဘောရလဲ။"

လောင်ဝေအန်း- "ဖယ်စမ်းပါ၊ သူဌေးမလေး ယန်ယန်ရေ... ကျွန်တော့်ကိုပဲ ကြည့်ပါ။ ကျွန်တော်က ပိုပြီး ရုပ်ချောတယ်လေ။ ကျွန်တော့်ကို ကြည့်နေရင် ထမင်းတောင် နှစ်ပန်းကန် ပိုဝင်မှာ။"

ရှုရှင်းယန်- "...."

မီကို- "တော်ကြပါတော့ဟာ... နင်တို့ကြည့်ရတာ တစ်ခါမှ မမြင်ဖူးတဲ့ အတိုင်းပဲ။"

မီကိုကတော့ ယန်ယန်နဲ့ အပြင်မှာ ဈေးဝယ်ထွက်ဖူးတာကြောင့် သိပါသည်။ အကယ်၍ ဒီကောင်လေး နှစ်ယောက်သာ ယန်ယန်အပြင်မှာ ဈေးဝယ်သည့်ပုံစံကို မြင်လျှင်တော့ ပါးစပ်အဟောင်းသားနဲ့ မှင်တက်သွားကြမှာ အသေအချာပါပဲ။

လောင်ဝေအန်းနဲ့ သူ့သူငယ်ချင်းတို့ဟာ "လမ်းပြကိရိယာ" အဖြစ် တစ်နာရီလောက် ကူညီပေးခဲ့ကြပါသည်။ တန်ယန်နှင့် မီကိုတို့ဟာ အတွေ့အကြုံ တိုးဆေးတွေနှင့် အရှိန်မြှင့်တင်မှုတွေကို အသုံးပြုပြီး အဆင့် (၆၀) ကို ချောချောမောမော ရောက်ရှိသွားခဲ့ပါသည်။

တန်ယန်ဟာ အစီးအနင်း ရဖို့အတွက် လိုအပ်တဲ့ မစ်ရှင်ကို ပြီးအောင်လုပ်ပြီး နဂါးကြီးကို ဆင့်ခေါ်နိုင်ပြီ ဆိုတာနဲ့ ဂိမ်းထဲက ထွက်လိုက်ပါသည်။ ဂိမ်းဆော့ရတာကလည်း တကယ်တော့ ပင်ပန်းတဲ့ အလုပ်တစ်ခုပဲလေ။

【စနစ်ရှင်... အရှင်မရှိတဲ့ အချိန်မှာ ကျွန်တော် အရှင့်အကောင့်နဲ့ ဂိမ်းဆော့လို့ ရမလား။】

【ရတာပေါ့၊ ဒါဆို နင်သုံးသမျှ ပိုက်ဆံတွေကိုလည်း ငါ့ရဲ့ သုံးစွဲမှု စာရင်းထဲမှာ ထည့်တွက်လို့ ရတာပေါ့နော်】

【အဲဒါကတော့... တကယ်တော့ ကျွန်တော်တို့က တစ်သားတည်းပဲလေ။】

【ဒါဆို အရမ်းကောင်းတာပဲ၊ နောက်ဆို ငါပိုက်ဆံသုံးဖို့ အချိန်မရှိရင် နင်ပဲ သုံးပေးတော့။ လောလောဆယ် ငါ့ရဲ့ အဓိက ပန်းတိုင်က စာသင်ဖို့ပဲလေ။】 တန်ယန်က စနစ်ဟာ အကောင်းဆုံး လက်ထောက်ဖြစ်သည်ဟု ခံစားလိုက်ရပါသည်။ သူမကို အကန့်အသတ်မရှိ ပိုက်ဆံပေးရုံတင် မကဘဲ သူမကိုယ်စား သုံးတောင် သုံးပေးသေးသည်။

【ဟုတ်ကဲ့ပါ စနစ်ရှင်】 ထိုသို့ပြောပြီးနောက် ယီတျန်တျန်ဟာ ပျော်ရွှင်စွာနှင့် တန်ယန်ရဲ့ ဂိမ်းအကောင့်ကို လွှဲပြောင်း ရယူလိုက်ပါသည်။

စနစ်လေးဟာ အပြစ်ကင်းစင်လွန်းတာကြောင့် အရင်းရှင် ဝါဒီတွေရဲ့ ခေါင်းပုံဖြတ်မှုကို တစ်ခါမှ မခံစားဖူးရှာပါ။ တန်ယန်ရဲ့ လှည့်ကွက်ထဲမှာ ပါသွားပြီး သူမအတွက် ပိုက်ဆံတွေကိုတောင် ဝိုင်းကူ ရေတွက်ပေးနေသလို ဖြစ်သွားတာပေါ့။

ဂိမ်းဆော့ပြီးနောက် တန်ယန်နှင့် မီကိုတို့ဟာ ရေကူးဝတ်စုံလဲကာ၊ ရေချိုးဝတ်စုံ ထပ်ဝတ်ပြီး အောက်ထပ်က ရေပူစမ်းမှာ ရေစိမ်ဖို့ ဆင်းလာခဲ့ကြပါသည်။ မနက်က ကောက်ထားတဲ့ ကံ့ကော်ပန်းလေးတွေကို ယူလာဖို့လည်း မမေ့ခဲ့ကြပါ။

ဒီအချိန်ဟာ ရာသီဥတုက သိပ်မအေးသေးတာကြောင့် အပြင်ဘက်က ရေပူစမ်းမှာ ရေစိမ်တာဟာ အအေးမိစရာအကြောင်း မရှိပါဘူး။ တန်ယန်ဟာ ရေကန်ထဲမှာ နောက်မှီထိုင်ရင်း ဇိမ်ရှိလှတာကြောင့် သက်ပြင်းအေးလေး တစ်ချက်ကို ချလိုက်ပါတော့သည်။

နွေးထွေးလှသော ရေပူစမ်းရေများက ခန္ဓာကိုယ်ကို ပွတ်သပ် နှိုးဆွပေးလိုက်သည့်အခါ ကိုယ်ပေါ်ရှိ ချွေးပေါက်လေးများအားလုံး ပွင့်သွားသလို ခံစားလိုက်ရပြီး နွေးထွေးသော စီးဆင်းမှု တစ်ခုက တစ်ကိုယ်လုံးကို ဖြတ်သန်းသွားသည်။ လေထုထဲတွင်လည်း ကံ့ကော်ပန်းရနံ့ သင်းသင်းလေးက ပျံ့လွင့်နေပြီး တကယ့်ကို နေလို့ကောင်းလှသည်။

ရေပူစမ်းတွင် အချိန်အကြာကြီးစိမ်ရန် မသင့်တော်ပေ။ မိနစ် ၂၀ ခန့်ဆိုလျှင် လုံလောက်ပြီ ဖြစ်သည်။ ရေစိမ်ပြီးနောက် သူတို့နှစ်ဦးသည် ရေကန်ဘေးရှိ အနားယူလို့ရသည့် ကုလားထိုင်များပေါ်တွင် လဲလျောင်းကာ အနားယူကြသည်။ ဗီလာ၏ စားပွဲထိုးလေးသည် သူတို့အတွက် နွေးထွေးသော ကံ့ကော်အူလုံတီး နှစ်ခွက်နှင့် ကြွပ်ရွနေသော ကွတ်ကီးမုန့်များကို အလိုက်တသိ လာရောက်ချပေးသည်။

မီကိုသည် ထိုကွတ်ကီးကို အလွန်ကြိုက်သော်လည်း တန်ယန်ကို တစ်ချက်ကြည့်လိုက်၊ သူမကိုယ်သူမ ပြန်ကြည့်ပြီးနောက် နှစ်ခုသာစားကာ ရပ်လိုက်တော့သည်။ ထို့နောက် လက်ဖက်ရည်ကိုသာ တမြိန်မြိန် သောက်နေတော့သည်။

တန်ယန်သည် ပါးစပ်ထဲက ကွတ်ကီးကို ဝါးမျိုလိုက်ပြီးနောက် မီကိုသည် ပန်းကန်ထဲက မုန့်တွေကိုသာ တမျှော်မျှော် ကြည့်နေပြီး ထပ်မစားသည်ကို သတိထားမိသွားသည်။ ထို့ကြောင့် စပ်စုချင်စိတ်ဖြင့် မေးလိုက်သည် - “ဘာဖြစ်လို့လဲ။ မုန့်က မကောင်းလို့လား။”

မီကိုက လက်ဖက်ရည်ခွက်ကို ချလိုက်ကာ - “အရမ်းကောင်းတာပေါ့၊ ဒါပေမဲ့ ငါဝိတ်ချရတော့မယ်။ ဒီလိုပဲ လျှောက်စား၊ လျှောက်သောက်နေလို့ မဖြစ်တော့ဘူး။” သူမက နှုတ်ခမ်းလေးဆူကာ ဆက်ပြောသည် - “ယန်ယန်... နင်က ဘယ်လောက်ပဲစားစား ဘာလို့ ဝမလာတာလဲ။ ငါကတော့ ရေသောက်ရင်တောင် ဝလာသလို ခံစားနေရတယ်။ ငါက တစ်နေ့ကျရင် မင်းသမီး လုပ်မှာလေ။ လူတွေပြောသလိုမျိုး ပြုတ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေပဲ စားနေရတော့မှာလား။ တွေးကြည့်တာနဲ့တင် ကြောက်စရာကြီး။”

နွေးထွေးလှသော ရေပူစမ်းရေများက ခန္ဓာကိုယ်ကို ပွတ်သပ်နှိုးဆွပေးလိုက်သည့်အခါ ကိုယ်ပေါ်ရှိ ချွေးပေါက်လေးများ အားလုံး ပွင့်သွားသလို ခံစားလိုက်ရပြီး နွေးထွေးသော စီးဆင်းမှုတစ်ခုက တစ်ကိုယ်လုံးကို ဖြတ်သန်းသွားသည်။ လေထုထဲတွင်လည်း ကံ့ကော်ပန်းရနံ့ သင်းသင်းလေးက ပျံ့လွင့်နေပြီး တကယ့်ကို နေလို့ကောင်းလှသည်။

ရေပူစမ်းတွင် အချိန်အကြာကြီး စိမ်ရန်မသင့်တော်ပေ။ မိနစ် ၂၀ ခန့်ဆိုလျှင် လုံလောက်ပြီဖြစ်သည်။ ရေစိမ်ပြီးနောက် သူတို့နှစ်ဦးသည် ရေကန်ဘေးရှိ အနားယူကုလားထိုင်များပေါ်တွင် လဲလျောင်း အနားယူကြသည်။ ဗီလာ၏ ဘတ္တလာ (Butler) သည် သူတို့အတွက် နွေးထွေးသော ကံ့ကော်အူလုံတီး (Osmanthus Oolong Tea) နှစ်ခွက်နှင့် ကြွပ်ရွနေသော ကွတ်ကီးမုန့်များကို အလိုက်တသိ လာရောက်ချပေးသည်။

မီကိုသည် ထိုကွတ်ကီးကို အလွန်ကြိုက်သော်လည်း တန်ယန်ကို တစ်ချက်ကြည့်၊ သူမကိုယ်သူမ ပြန်ကြည့်ပြီးနောက် နှစ်ခုသာစားကာ ရပ်လိုက်တော့သည်။ ထို့နောက် လက်ဖက်ရည်ကိုသာ တမြိန်မြိန် သောက်နေတော့သည်။

တန်ယန်သည် ပါးစပ်ထဲက ကွတ်ကီးကို ဝါးမျိုလိုက်ပြီးနောက် မီကိုသည် ပန်းကန်ထဲက မုန့်တွေကိုသာ တမျှော်မျှော်ကြည့်နေပြီး ထပ်မစားသည်ကို သတိထားမိသွားသည်။ ထို့ကြောင့် စပ်စုချင်စိတ်ဖြင့် မေးလိုက်သည် - “ဘာဖြစ်လို့လဲ။ မုန့်က မကောင်းလို့လား။”

မီကိုက လက်ဖက်ရည်ခွက်ကို ချလိုက်ကာ - “အရမ်းကောင်းတာပေါ့၊ ဒါပေမဲ့ ငါ ဝိတ်ချရတော့မယ်။ ဒီလိုပဲ လျှောက်စား၊ လျှောက်သောက်နေလို့ မဖြစ်တော့ဘူး။” သူမက နှုတ်ခမ်းလေးဆူကာ ဆက်ပြောသည် - “ယန်ယန်... နင်က ဘယ်လောက်ပဲစားစား ဘာလို့ ဝမလာတာလဲ။ ငါကတော့ ရေသောက်ရင်တောင် ဝလာသလို ခံစားနေရတယ်! ငါက တစ်နေ့ကျရင် မင်းသမီးလုပ်မှာလေ။ လူတွေပြောသလိုမျိုး ပြုတ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေပဲ စားနေရတော့မှာလား။ တွေးကြည့်တာနဲ့တင် ကြောက်စရာကြီး။”

“နင်က ဘယ်နားမှာ ဝနေလို့လဲ။ အခုအတိုင်းလည်း ကောင်းနေတာပဲကို၊ ဘာလို့ ဝိတ်ချချင်ရတာလဲ။” တန်ယန်သည် မီကို့ကို သေချာအကဲခတ် ကြည့်မိသည်။ ပါးဖောင်းဖောင်းလေးကလွဲလျှင် သူမကိုယ်ပေါ်တွင် အပိုအဆီ တစ်စက်မှ မရှိပေ။ ထို့အပြင် သူမမျက်နှာလေးမှာ အနည်းငယ် ဖောင်းသည်ဟု ထင်ရသော်လည်း လက်တစ်ဝါးစာခန့်သာ ရှိသည်။

“ဒါပေမဲ့ ကင်မရာထဲမှာဆိုရင် ၁၀ ပေါင်လောက် ပိုဝနေသလို ပေါ်တာလေ။ တီဗွီထဲမှာ နည်းနည်းဝတယ်လို့ ထင်ရတဲ့ သူတွေက အပြင်မှာဆိုရင် တကယ်ကို ပိန်ပိန်လေးတွေ။ ဥပမာ...”

မီကိုသည် သူမ၏ ရင်ထဲက စိုးရိမ်ပူပန်မှုများနှင့် ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်မှုများကို တန်ယန်အား တရစပ်တည်း ပြောပြနေတော့သည်။ တန်ယန်က ကြားဖြတ်မပြောဘဲ သူမစိတ်ထဲ ရှိသမျှကို ရင်ဖွင့်နိုင်အောင် လွှတ်ပေးထားလိုက်သည်။

“ဟူး…ယန်ယန်၊ နင့်ကို ပြောပြလိုက်ရတော့မှ စိတ်ထဲအများကြီး ပေါ့သွားတော့တယ်။ ဗိုက်လည်း တကယ်ဆာလာပြီ၊ နောက်ထပ် ကွတ်ကီးနှစ်ခုလောက် ထပ်စားလိုက်ဦးမယ်” ထိုသို့ ပြောပြီးနောက် မီကိုသည် မြိန်ရည်ယှက်ရည် ပြန်စားပါတော့သည်။

တန်ယန်က ခပ်ဖွဖွလေး ရယ်မောလိုက်ပြီး မီကို့စိတ် ပြန်ကြည်သွားသည်ကို မြင်ရသဖြင့် ဝမ်းသာမိသည်။ “ကိုကို... စိတ်မပူပါနဲ့။ နောင်ကျရင် နင်သရုပ်ဆောင်ချင်တဲ့ ဘယ်ဇာတ်လမ်းမျိုးမဆို ငါက ရင်းနှီးမြှုပ်နှံပေးမယ်။ အဲဒီကျရင်တော့ ဘယ်သူမှ နင့်ရဲ့ ပါးဖောင်းဖောင်းလေးကို အပြစ်ပြောရဲမှာ မဟုတ်တော့ဘူး။”

“ဟဲဟဲ... ဒါဆိုရင်တော့ ငါ သေသေချာချာ ရွေးချယ်ရတော့မှာပေါ့၊ နင့်ကို အရှုံးမပေါ်စေရဘူး။” မီကိုသည် တန်ယန်က သူမကို နှစ်သိမ့်ရုံသက်သက် ပြောသည်ဟု ထင်မှတ်ကာ အတည်မယူခဲ့ပေ။

“ဒါဆိုရင်တော့ အခုခရီးစဉ်က ပြန်ရောက်တာနဲ့ နင် ကြိုးစားရတော့မယ်နော်။ ဘေကျင်းရုပ်ရှင် အကယ်ဒမီကို တက်ဖို့ ဆုံးဖြတ်ပြီးပြီ ဆိုရင်တော့ အားလပ်ချိန်တွေမှာ ဝင်ခွင့်စာမေးပွဲအတွက် လေ့ကျင့်ထားဖို့လိုပြီ။ နင့်ရဲ့ ကျောင်းစာအမှတ်တွေကြောင့် အခက်အခဲ မဖြစ်စေနဲ့လေ။”

“သိပါတယ်၊ ဒါပေမဲ့ ယန်ယန်... နင်ရှိနေတာပဲ၊ ငါ့ရဲ့ စာမေးပွဲ အမှတ်တွေ နောက်ကျကျန်ခဲ့မှာကို စိုးရိမ်စရာ လိုဦးမှာလား ဟုတ်တယ်မလား။”

“ဟုတ်တယ်၊ ဒါပေမဲ့ ငါက အထက်တန်း ဒုတိယနှစ်မှာ အတန်းကျော်တက်ဖို့ စီစဉ်ထားတယ်၊ အဲဒါကြောင့် ငါက နင့်ထက် တစ်နှစ်စောပြီး ကျောင်းပြီးမှာ သေချာတယ်။”

“ဘာ” မီကိုတစ်ယောက် လန့်ဖျန့်သွားပြီး လက်ထဲက ကွတ်ကီးတွေဟာလည်း ရုတ်တရက် အရသာ မဲ့သွားသလို ခံစားလိုက်ရသည်။ “ဒါဆို ငါဘာလုပ်ရမလဲ။ ဝူးးး... ယန်ယန်၊ နင်သာမရှိရင် ငါ တက္ကသိုလ်ဝင် စာမေးပွဲမှာ ကျရှုံးဖို့ အခွင့်အလမ်းက အဆမတန် များသွားပြီ။”

“စိတ်မပူပါနဲ့၊ ငါနင့်အတွက် အရေးကြီးတဲ့ သင်ခန်းစာတွေကို မှတ်စုထုတ်ပေးမှာပေါ့။ ဒါပေမဲ့ နင်ကိုယ်တိုင် အချိန်ပေးဖို့တော့ လိုလိမ့်မယ်။ အထက်တန်းဝင် စာမေးပွဲတုန်းက ကြိုးစားခဲ့သလိုမျိုး အစွမ်းကုန် ပြန်ကြိုးစားရမယ်နော်”

“ဟူး...” မီကိုသည် စိတ်ပျက်လက်ပျက်ဖြင့် ကုလားထိုင်ပေါ် ပစ်လဲလိုက်သည်။ ကိုယ်ပေါင်းသင်းတဲ့ သူတွေလို ဖြစ်လာတယ်’ ဆိုတဲ့စကားကို အခုမှပဲ ငါ အပြည့်အဝ နားလည်တော့တယ်။ နင့်လို ရည်မှန်းချက်ကြီးတဲ့ သူငယ်ချင်းမျိုး ဘေးမှာ ရှိနေမှတော့ ဘယ်သူပဲဖြစ်ဖြစ် အပျော်အပါးမက်လို့ မရတော့ဘူးပေါ့။”

တန်ယန်က ဘာမှပြန်မပြောဘဲ ပြုံးနေလိုက်သည်။ လေမုန်တိုင်းကို မဖြတ်ကျော်ဘဲနဲ့ သက်တံ့ကို ဘယ်လိုမြင်နိုင်ပါ့မလဲ။ တောက်ပတဲ့ အနာဂတ်ကို လိုချင်တယ်ဆိုရင် အခုအချိန်မှာ ခံစားရတဲ့ ဒုက္ခအနည်းငယ်က ဘာပြောစရာ ရှိလို့လဲ။

သူမရဲ့ အရင်ဘဝတုန်းကလိုပေါ့... အဲဒီတုန်းက သူမဟာ အထက်တန်း နောက်ဆုံးနှစ်ကို ထပ်မံဖြေဆိုရမည့် ဒုက္ခကို မခံချင်ခဲ့ပါ။ ဒါပေမဲ့ လူ့အဖွဲ့အစည်းထဲ ရောက်သွားသည့် အခါကျမှ ထိုအရာအတွက် နောင်တအကြီးအကျယ် ရခဲ့ရသည်။ အချိန်ဆိုတာ အလွန်ရက်စက်တဲ့ အရာပါပဲ... အခုမှ နောင်တရနေလို့လည်း ဘာထူးမှာလဲ။

All Chapters