ဂျိချန်းဖန်ကို နောက်တစ်ခါ ထပ်တွေ့ရမယ့်အစား ချင်းယီ ဓားအင်မော်တယ် နဲ့ပဲ့ တိုက်ခိုက်လိုက်ချင်တယ်
Vol. 9 Ch. 81
အဆိပ် တစ်သောင်း ဂိုဏ်း မှ ရှန်ကျင်း ကျွမ်းကျင်သူ များ သေဆုံးခြင်း ဒါမှမဟုတ် ထွက်ပြေးခြင်း ဖြစ်သွားသည် နှင့်အမျှ ပတ်ဝန်းကျင်က နတ်ဆိုး ဂိုဏ်း တပည့်များလည်း ပြန့်ကျဲသွားကြ၏။
သူတို့ ကတောင်တန်းများဆီသို့ အဆက်မပြတ် ထွက်ပြေးကြကာ အထက်ဂိုဏ်း(လမ်းမှန် ဂိုဏ်း) တပည့်များ၏ ဝိုင်းရံမှုကို ရှောင်ရှားရန် ကြိုးစားကြ၏။ သို့သော် ဒီ နတ်ဆိုးဂိုဏ်းမှကျင့်ကြံသူများ လမ်းမှန်ဂိုဏ်းများ ၏ ထိပ်တန်း တပည့်များထံမှ ဘယ်လိုလုပ် ထွက်ထွက်ပြေးနိုင်မှာပါလဲ။
“ဝုန်း—"
မှော်ပစ္စည်း နှင့် မှော်မန္တန်များ ၏ အလင်းရောင်သည် သူတို့ ပတ်ပတ်လည်တွင် အဆက်မပြတ် ပေါက်ကွဲသွားကြ၏။
အမှန်တရား ဂိုဏ်း တပည့်များ တစ်ယောက်ပြီးတစ်ယောက် သူတို့၏ မှော်ပစ္စည်း များကို ထုတ်ကာ နတ်ဆိုး ဂိုဏ်း ၏ လက်ကျန်များကို ဝိုင်းရံထားကြကာ သူတို့ထဲမှ အထင်ရှားဆုံးကတော့ ကျင်းယွမ် ဂိုဏ်း မှ တပည့် အနည်းငယ် ဖြစ်သည်။
ထိုနေရာကို ကြည့်လိုက်လျှင်
လုရွှယ်ချီ သည် သူမ၏ ဦးခေါင်းအထက်တွင် လျှိုဟော်ကြေးမုံ နှင့် လက်ထဲတွင် ထျန်းယားဓား ကို ကိုင်ဆောင်ထားကာ အတားအဆီးများ အားလုံးကို ဖြတ်ကျော်သွားကာ သူမထံသို့ ချဉ်းကပ်လာသော မည်သည့် နတ်ဆိုးဂိုဏ်းသားမဆို ချွင်းချက်မရှိ ချက်ချင်း အသတ်ခံလိုက်ရ၏။
သူမ၏ လှပသော မျက်နှာသည် ဆီးနှင်းကဲ့သို့ အေးစက်နေကာ သူမ၏ အဖြူရောင်ဝတ်ရုံက လေထဲ၌လွင့်မျောနေလျှက် ကိုးကောင်းကင်မှနတ်သမီးတစ်ပါး ဆင်းသက်လာသကဲ့သို့ ဖြစ်၏။ ထိုမြင်ကွင်းကို လူအများကြီးက မြင်တွေ့လိုက်၏။သို့သော် ထိုလူများကောင်းကောင်းသိကြသည်ကကျင်းယွမ် ဂိုဏ်း ရဲ့ ထို ရေခဲ နတ်သမီး ကအစွမ်းထက်သောသူတစ်ဦးကို ချစ်မိနေသည်ဟူ၍။
ဟုတ်ပါသည် ထိုသူက နတ်ဆိုး ဂိုဏ်း ရဲ့ ရှန်ကျင်း ကျွမ်းကျင်သူ သုံးယောက်ကို တစ်ခါတည်းဖြင့်ချေမှုန်းခဲ့သော ဂျိချန်းဖန်ဖြစ်၏။
ပတ်ဝန်းကျင်က လူအုပ်ကြီးက သူတို့၏ အကြည့်များကို မသိမသာ ပြန်ရုပ်သိမ်းလိုက်ကြသည်။
ထို့ပြင် အမြင် ထက်မြက်သူများက လုရွှယ်ချီရဲ့ ဦးခေါင်းအထက်မှ လျှိုဟော် ကြေးမုံ ကိုလည်း သတိပြုမိကြ၏။
တာအိုသခင် ချန်စုန့်လည်းအနည်းငယ် ထိတ်လန့်သွားသည်၊ သူက ပြောလိုက်သည်- "လျိုဟော် မှန်လား ဒီ မှော်ပစ္စည်း က တူမလေးလု ရဲ့ လက်ထဲ ဘယ်လို ရောက်သွားတာလဲ"
ကျန့်ပူယီ နှင့် စူးရူ တို့သည်လည်း မျက်မှောင်ကြုတ်လိုက်ကြသည်။
သူတို့လည်း အတူတူပင် ဝေခွဲမရ ဖြစ်နေသည်။
လျှိုဟော်မှန် သည် ကျင်းယွမ် ဂိုဏ်း ရဲ့ ဒသမမြောက် ဘိုးဘေး ဝူဖန်းကျီ ၏ မှော်ပစ္စည်း ဖြစ်သည်။
ထိုပစ္စည်းသည် တုန်းထန်းတောင်ထွတ်သခင် ဂိုဏ်းခေါင်းဆောင်၏
လက်ထဲမှာ ရှိသင့်သည်၊ ဒါဆို ဘာလို့ ရှောင်ကျူး တောင်ထွတ် တပည့်တစ်ဦးဖြစ်တဲ့ လုရွှေချီရဲ့ လက်ထဲ ရုတ်တရက် ရောက်လာတာလဲ။
ဂျိချန်းဖန် ရှင်းပြသည်- "လျှိုဟော်မှန် က ဂိုဏ်းခေါင်းဆောင် ကြီးက တပည့်ကို လက်ဆောင်ပေးခဲ့တာပါ၊ ဒါပေမယ့် တပည့်ရဲ့ လက်ရှိ ကျင့်ကြံမှုနဲ့ဆိုရင် ဒါက ကျွန်တော့်အတွက် အသုံးမဝင်တော့ပါဘူး၊ ဒါကြောင့် ကျွန်တော် ရွှယ်ချီကို ပေးလိုက်တာပါ"
ဒါကိုကြားလိုက်ရတော့ချန်စုန့်နှင့်အခြားသူများနားလည်သဘောပေါက်သွားကြသည်။
ထျန်းပုယီ ရယ်မောလိုက်သည်- "ကောင်းတယ်၊ ကောင်းတယ်! တကယ်ကောင်းတဲ့ လက်ဆောင်ပဲ"
သူ၏ အမြင်အရ လုရွှယ်ချီသည် သူတို့တောင်ထိပ်၏ ချွေးမဖြစ်လာမည်မှာသေချာသည်ပင်။ သို့သော် ဂရန်းမာစတာရွှယ်ယွဲ့ကရောသဘောတူပါမည်လော။
စူးရူသည် ကျန့်ပူယီကို စိတ်ပျက်အားငယ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
ရွှယ်ချီက ကောင်းပါတယ်၊ သို့သော် လင်းအာ ကကျန်ခဲ့ပေမည်။
စူးရူ၏ အကြည့်သည် အောက်ဘက်သို့ ရွေ့လျားသွား သောအခါ ကျောက်စိမ်းဖျာ မှော်လက်နက် ကို ကိုင်ဆောင်ထားသော ကျန့်လင်းအာသည် လမ်းမှန်ဂိုဏ်း တပည့်များကြားတွင် တစ်ယောက်တည်းတောက်ပနေသည်ပင်။
သူတို့ ဘေးမှာ လင်ကျင်းရူ ၊ ကျန်းရှောင်ဖန် နှင့် အခြားသူများလည်း ရှိသည်။
ကျန်းရှောင်ဖန်ကို ပြောရလျင်
စူးရူ သူ့ကို တစ်ချက် ကြည့်လိုက်မိသည် ထိုသို့ကြည့်လိုက်သောအခါ၊
ကျန်းရှောင်ဖန်သည် ဝိဉာဏ်ဝါးမြိုတောင်ဝှေးကို ကိုင်ဆောင်ထားကာ လူအုပ်ကြားတွင် သတ်ဖြတ်နေသည်။ သွေး ချီစွမ်းအင်အမျှင်များ သည်ရံဖန်ရံခါ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ အရိပ် ချီ စွမ်းအင်များလည်း မကြာခဏထုတ်လွှတ်နေ၏။
သူ့အကြောင်း မသိ သောသူ မည်သူမဆို သူ့ကို နတ်ဆိုး ဂိုဏ်း ရဲ့ နတ်ဆိုးအိုကြီးတစ်ယောက်လို့ ထင်မိမှာပင်။
ကောင်းကင်ကျမ်းစာ အတွဲတစ် ကိုနားလည်ပြီးနောက်ပိုင်း၊
ကျန်းရှောင်ဖန်၏ ကျင့်ကြံမှုသည် နောက်ထပ် အဆင့်တစ်ခု တိုးတက်လာခဲ့သည်။
သူသည် ယခု ယူကျင်း အဆင့်ခုနစ် တွင် ရှိနေကာသူ၏ မဟာ ဗြဟ္မာ ဉာဏ်ပညာ နှင့်ပေါင်းစပ်၍ တိုက်ခိုက် လိုက်ပါက ယူကျင်းအဆင့်တွင် သူ၏ပြိုင်ဘက်မရှိပါချေ။
သို့သော် ထိုသို့ဖြစ်လင့်ကစား ဝိဉာဏ်ဝါးမြိုတောင်ဝှေး သည်သူ၏ လက်ထဲတွင် အထင်ရှားဆုံး ပစ္စည်း ဖြစ်နေဆဲပင်၊ ရံဖန်ရံခါ အနက်ရောင် ချီ တစ်ခု ထုတ်လွှတ်ကာ နတ်ဆိုးဟုပင်ထင်ရစေ၏။
"ရွှမ်း—"
ထက်ရှသောဓားရောင်တစ်ချက်လင်းလက်သွားကာ လင်ကျင်းရူ သည် အမူအရာကင်းမဲ့စွာ သူ၏ ရှေ့က နတ်ဆိုး ဂိုဏ်း သားကို သတ်ပစ်လိုက်၏။ သူကသူ၏ လက်ထဲမှ ဓားရှည်ကို တင်းတင်းဆုပ်ကိုင်ထားကာ သူ၏ အကြည့်သည် မသိစိတ်ဖြင့် ကောင်းကင်ယံသို့ ရွေ့လျားသွားသည်။ထို နေရာတွင် ပုံရိပ် အနည်းငယ် ရပ် နေ၏။
သူတို့သည် ကျင်းယွမ် ဂိုဏ်း မှ ရှန်ကျင်း ကျွမ်းကျင်သူ များ ဖြစ်ကြသည်၊ ဂျိချန်းဖန်သည်လည်း သူတို့ထဲတွင် ပါဝင်သည်။
ထိုအားနည်းသော နတ်ဆိုး ဂိုဏ်းသားများကို ရင်ဆိုင်ရသောအခါ ရှန်ကျင်း ကျွမ်းကျင်သူ များက မတိုက်ခိုက်တတ်ကြပေ။ ဒါကြောင့် သူတို့ လင်ကျင်းရူကဲ့သို့ ထိပ်တန်း တပည့်များအတွက် လေ့ကျင့်ဖို့ ချန်ထားခဲ့ကြသည်။
လင်ကျင်းရူသည် ထိုအကြောင်းတွေးမိသောအခါအကူအညီမဲ့သကဲ့သို ခံစားရ၏။
သူ ဂျိချန်းဖန်၏ ခြေလှမ်းများကို မည်သည့်အခါမှ မမီခဲ့ဟူ၍သူ သဘောပေါက်လာခဲ့၏။သူက အမြဲတမ်း နောက်မှာသာ ရပ်ပြီး ဂျိချန်းဖန် ၏ နောက်ကျောကို စိုက်ကြည့်နေနိုင်ခဲ့သည်...
ထိုအရာက တောင်ထွတ် ခုနစ်ခု ပြိုင်ပွဲ ချိန်မှကဲ့သို့ ဖြစ်၏။
"ဟူးးးး—" လင်ကျင်းရူ ညင်သာစွာ သက်ပြင်းချလိုက်သည်။
ဂျိချန်းဖန်က နတ်ဆိုး ဂိုဏ်း၏ ရှန်ကျင်း ကျွမ်းကျင်သူ သုံးယောက်ကို တစ်ဦးတည်းဖြင့် ချေမှုန်းလိုက်သည်ကို မြင်လိုက်ရသောအခါ သူနှင့် ဂျိချန်းဖန်ကြားမှ ကွာဟချက်ကို သူ သဘောပေါက်နှင့်ပြီး ဖြစ်သည်...
တစ်ယောက်က ကောင်းကင်၊ တစ်ယောက်က မြေကြီး။
သူတို့ ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာပါလဲ။
လင်ကျင်းယွီ စိတ်ပျက်အားငယ်စွာ ခေါင်းခါကာ
သက်ပြင်းချကာ ပြောလိုက်သည်-
"ဂျိချန်းဖန်ကို နောက်တစ်ခါ ထပ်တွေ့ရမယ့်အစား ချင်းယီအင်မော်တယ် နဲ့ တိုက်ခိုက်ရဲတယ်"
ထို မြင်ကွင်းကို လူတော်တော်များများက သတိပြုမိသည်။
ဇူရှုရှုသည်လည်း သူ၏ ရှေ့မှ နတ်ဆိုး ဂိုဏ်းသားတစ်ယောက် ကို ဓားတစ်ချက်တည်းဖြင့် သတ်ပစ်လိုက်သည်၊ ပြီးနောက် သူ၏ အိတ်ကပ်ထဲမှ စာအုပ်ငယ်လေး တစ်အုပ်ကို စိတ်လှုပ်ရှားစွာ ဆွဲထုတ်လိုက်သည်၊ ထိုစာအုပ်သည် သူ၏ နောက်ဆုံးထွက် စာအုပ်ဖြစ်ပြီး ခေါင်းစဉ်က—
“အရှင်သခင် ဂျိ ၏ ဒဏ္ဍာရီ”
ဇူရှုးရှုးက စာအုပ်တွင်အမြန်ချရေးလိုက်၏။
လုံရှိုး တောင်ထွတ် ရဲ့ ပါရမီရှင် တပည့်ဟာ သခင် ဂျိ ရဲ့ နောက်ကျောကို ကြည့်ပြီး သက်ပြင်းချမိတာကို မထိန်းနိုင်ခဲ့ဘူး- သခင် ဂျိ ကို နောက်တစ်ခါ ထပ်တွေ့ရမယ့်အစား ဘိုးဘေး ချင်းယီဓားအင်မော်တယ်နဲ့တိုက်ချင်သည် ဟူ၍ညဉ်းညူခဲ့သည်။
...
...
လီပေါ် တောင် ရဲ့ မြောက်ဘက်၊ ဂူတစ်ခုအတွင်းတွင်
တုန်းမူအဖိုးအိုက ထိုနေရာအထိ လမ်းတစ်လျှောက်လုံး ထွက်ပြေးလာကာ သူ၏ မျက်နှာ ဖြူဖပ်ဖြူလျော် ဖြစ် နေ၏။ သူ သရဲဘုရင် ဂိုဏ်း အဖွဲ့ဝင်များကို တွေ့လိုက်ရသောအခါအကူအညီ တောင်းခံလိုက်သည်။
သရဲဘုရင် ဝမ်ရိန်ဝမ် သည် တုန်းမူ အဖိုးအို ၏ ဆိုးရွားသော အခြေအနေကို ကြည့်၏။ထို့နောက် သူ မျက်မှောင်ကြုတ်မိကာ ပြောလိုက်သည်-
"တာအိုမိတ်ဆွေ တုန်းမူ၊ မင်း ဘာဖြစ်လာတာလဲ?"
"တစ်ခုခု ဖြစ်ခဲ့တာလား"
ထိုအဖြစ်အပျက်က ရုတ်တရက် ဖြစ်သွားလို့ ဝမ်ရိန်ဝမ် အခုထိ ဘာသတင်းအချက်အလက်မှ မရသေးပေ။
တုန်းမူ အဖိုးအို ၏ နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှားသွားကာ
သူ တစ်ခုခု ပြောချင်နေသည်။
သို့သော်
နောက်ဆုံးတော့ သူ တိတ်ဆိတ်နေခဲ့၏။
တုန်းမူ အဖိုးအို သည် ပြတ်သွားသော လက်ကို တိတ်ဆိတ်စွာ ကိုင်ထားကာ သူ၏ မျက်လုံးများ သည်လည်း စိတ်ပျက်အားငယ်ပုံပေါက်နေ၏။
ထိုအရာကိုမြင်လိုက်ရသောအခါ ဝမ်ရိန်ဝမ် မျက်မှောင်ကြုတ်သည်။
"ဂိုဏ်းခေါင်းဆောင်..."
ထိုအချိန်တွင် သရဲဘုရင် ဂိုဏ်း တပည့်တစ်ဦး ဂူအပြင်ဘက်မှ ရုတ်တရက် လျှောက်ဝင်လာ၏။ သူသည် မူလက ဝမ်ရိန်ဝမ်ကို တစ်ခုခု အစီရင်ခံချင်သည် သို့သော် သူ၏ ဘေးက တုန်းမူ အဖိုးအို ကို မြင်လိုက်ရသောအခါ သူ ချက်ချင်း သူ၏ ပါးစပ်ကို ပိတ်လိုက်သည်။
ဝမ်ရိန်ဝမ် သူ၏ နှလုံးသားထဲမှာ နားလည်သည်။ သူ တုမ်းမူ အဖိုးအို ထူးဆန်းသူ ကို ကြည့်လိုက်သည်၊ သူက ပြောလိုက်သည်-
"တာအိုမိတ်ဆွေ တုန်းမူ၊ ကျွန်တော့် ဂိုဏ်းရဲ့ တစ္ဆေလက်သမားတော် က ထူးဆန်းတဲ့ အတတ်ပညာများစွာကို သိပါတယ်။ သူက တာအိုမိတ်ဆွေရဲ့လက်ကို ပြန်ဆက်ပေးနိုင်မှာပါ၊ တပည့်တစ်ယောက်ကိုခေါ်သွားခိုင်းလိုက်ပါ့မယ်"
"ကျေးဇူးတင်ပါတယ်၊ တာအိုမိတ်ဆွေသရဲဘုရင်" တုန်းမူ အဖိုးအို ဖြူဖပ်ဖြူလျော်သော မျက်နှာဖြင့် ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး" ဝမ်ရိန်ဝမ် သူ၏ လက်ကို ဝှေ့ယမ်းသည်၊ ပြီးနောက် တပည့်တစ်ဦးကို ခေါ်လိုက်၏။ထို့နောက် တပည့်တစ်ဦးကို တစ္ဆေလက်သမားတော် ကို ရှာခိုင်းလိုက်သည်။
ထိုအရာအားလုံးကို ပြီးစီးပြီးနောက်
သူ ဂူထဲကို ခုလေးတင် ဝင်လာသော သရဲဘုရင် ဂိုဏ်း တပည့်ဆီသို့ သူ၏ အကြည့်ကို လှည့်လိုက်သည်၊ သူက ပြောလိုက်သည်- "အဲဒီမှာ ဘာဖြစ်ခဲ့တာလဲ"
ထိုအရာကို ကြားလိုက်ရတော့ သရဲဘုရင် ဂိုဏ်း တပည့် အမြန် အစီရင်ခံလိုက်သည်- "ဂိုဏ်းခေါင်းဆောင်ကို သတင်းပို့ပါတယ်၊ မကြာခင်က အဆိပ် တစ်သောင်း ဂိုဏ်း က တုန်းမူ အဖိုးအို၊ ပိုင်ကျူးကျီ နဲ့ သွေးနတ်ဆိုး တို့ သူတို့၏ နောက်လိုက်များကို ဦးဆောင်ပြီး အထက်လမ်း လမ်းမှန် ဂိုဏ်းများ နဲ့ တိုက်ပွဲ ဖြစ်ခဲ့ပါတယ်..."
ထို့ နောက် သူ အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှ အားလုံးကို ပြန်ပြောပြလိုက်သည်။
ခဏအကြာတွင်၊
ဝမ်ရိန်ဝမ်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားကာ သူ၏ ရှေ့က တပည့်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သူ၏ အသံ လေးနက်နေကာသူက ပြောလိုက်သည်- "မင်း သွေးနတ်ဆိုး နဲ့ ပိုင်ကျူးကျီ နှစ်ယောက်လုံး သေသွားပြီဆိုတာ သေချာလား"
"လုံးဝ သေချာပါတယ်" သရဲဘုရင် ဂိုဏ်းတပည့်၏ မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာသည်။ ထို့နောက်သူက ပြောလိုက်သည်-
"တပည့် ကိုယ်တိုင် မြင်ခဲ့ပါတယ် သွေး နတ်ဆိုး က ကျင်းယွမ် ဂိုဏ်း က အဲဒီလူရဲ့ ဓားတစ်ချက်တည်းနဲ့ ခေါင်းဖြတ်ခံလိုက်ရတာပါ ပြီးတော့ ပိုင်ကျူးကျီ က သူ့ရဲ့ မိုးကြိုးဓား ပညာနဲ့ ပြာဖြစ်သွားတာပါ."
"ဂျိချန်းဖန်"
ဝမ်ရိန်ဝမ်၏ မျက်လုံးများ အနည်းငယ် လင်းလက်သွား၏။ သူ ထိုနာမည်ကို ဖြည်းညှင်းစွာ ရေရွတ်လိုက်သည်။ သူ၏ စိတ်ထဲတွင် ဘယ်အရာများတွေးနေသနည်းကို မည်သူမျှမသိနိုင်ပေ။
...
...